ကျတော့်ရဲ့ နဂါးကောင်လေး(MM tr...

By mizzle69

218K 39.2K 1.1K

ကျတော့ရဲ့ gongက အမြီးအကြီးကြီးနဲ့ နဂါးကြီး More

ဇာတ်လမ်း အကျဥ်း
chapter 1
chapter 2
chapter 3
chapter 4
chapter 5
chapter 6
chapter 7
chapter 8
chapter 9
chapter 10
chapter 11
chapter 12
chapter 13
chapter 14
chapter 15
chapter 16
chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28 ( Uni)
Chapter 28 (Zawgyi)
Chapter 29 (part 1)
Chapter 29 (Part 2)
Chapter 30 (Part 1)
Chapter 30 ( Part 2)
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 60
Chapter 61
Chapter 62
Request !! Please..🫶
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72

Chapter 59

2.4K 457 16
By mizzle69

နန်ဟွိုင်လင် မုန့်သွားစားချင်တဲ့ကွမ်ချန်းလမ်းကိုရောက်တော့ ဖေ့ချန်က သူ့ထက်တောင် အစားတွေပိုစားနေပြီး တစ်လမ်းလုံးက မုန့်တွေအကုန်လုံးကို စားချင်နေတော့သည်။ ဖေ့ချန်မှာ ဘာထည့်ထည့်မပြည့်တဲ့အစာအိမ်ရှိမှန်းတော့ နန်ဟွိုင်လင် သိပေမယ့် အစာမကြေဖြစ်မှာစိုးရိမ်တာကြောင့် 'ထောင်လွှားမှုမရှိတဲ့အုပ်ချုပ်ရေးမှူး ဥယျာဥ်'ဆီကို လည်ပတ်ဖို့ ဆွဲခေါ်လာခဲ့သည်။

'ထောင်လွှားမှုမရှိတဲ့အုပ်ချုပ်ရေးမှူး ဥယျာဥ်'က ကွမ်ချန်းလမ်းရဲ့ မြောက်ဘက်စွန်းစွန်းအပိုင်းမှာ တည်ရှိတာကြောင့် ငါးမိနစ်လောက်ထပ်လမ်းလျှောက်လိုက်ရသည်။ ဥယျာဥ်ကိုကြည့်ဖို့လုပ်ထားတဲ့အဆောင်တွေရယ်၊ ရေထဲမှာဆောက်ထားတဲ့အဆောင်တွေရယ်၊ ပန်းပွင့်တွေရယ်၊ သစ်ပင်တွေရယ်နဲ့ပြည့်နေတာကြောင့် ရှေးခတ်ကို ပြန်ရောက်သွားသလို ခံစားရစေသည်။ ခေါင်ရမ်းပန်းတွေကြည့်လို့ရတဲ့အဆောင်ကနေ ရေကျသံတွေနားထောင်ရင်း ကြာပန်းတွေရှိတဲ့နေရာကို အဆောင်လေးခုလောက်ထိ ဖြတ်သန်းကာ ရောက်ရှိလာခဲ့သည်။
ထို့ကြောင့် နန်ဟွိုင်လင် အနည်းငယ်မောပန်းလာတာကြောင့် အနီးနားကအဆောင်မှာ အနားယူဖို့ ထိုင်ချလိုက်သည်။


ယခုအဆောင်က ရေအလယ်မှာဆောက်လုပ်ထားပြီး ဘေးပတ်လည်မှာကြာပန်းများဖြင့် ဝန်းရံထား၏။ လေတစ်ချက်အဝေ့ ကြာပန်းရနံ့က မျက်နှာဆီကို ထိခက်လာချိန်မှာ အေးမြလန်းဆန်းမှုကို တစ်ဖန်ပြန်လည် ခံစားလာရသည်။

" ကျတော် ရုတ်တရက် အတွေးတစ်ခုဝင်လာတယ် " နန်ဟွိုင်လင် ပြုံးကာဆိုလိုက်သည်။ " ဒါက ကျတော်တို့ရဲ့ ပထမဆုံးတရားဝင်ဒိတ် လိုမျိုးပဲနော် "

ဖေ့ချန်က ပြန်လည်ပြုံးပြလာခဲ့သည်။ " အချစ်က မြန်မြန်ကြီး ရောက်ရှိလာတာလေ..လေဆင်နှာမောင်းလိုမျိုး "

" ဒါပေမယ့် ဒါက ကျတော်ဖြစ်လာစေချင်သလိုမျိုးလေးပါပဲ "

သူ နဂါးဥတစ်သိုက်ကို မွေးဖွားလိုက်တဲ့အချိန်တုန်းက သူတို့ကြားမှာ ဘယ်လိုရေရေရာရာပတ်သက်မှုမျိုးမှ ရှိမနေသေးပေ။ ဒီလိုနဲ့ သူတို့က ဘာမှန်းမသိဘဲ အဖေနေရာတွေကိုရောက်ရှိတာတယ်...မထင်မှတ်ဘဲ အတွဲဆိုတဲ့ဆက်ဆံရေးတစ်ခုကို အစပြုခဲ့ကြတယ်။ သူတို့ရဲ့ပထမဆုံးအတွဲဖြစ်တဲ့နေမှာပဲ ခွဲခွာကြရပြန်တယ်။ ခြောက်လကြာပြီးပြန်ဆုံတဲ့အချိန်မှာလည်း အခု သူတို့ လက်ထပ်ဖို့ လုပ်နေကြပြန်ပြီ။

ခြောက်လကြာတဲ့ခွဲခွါမှုကို ထည့်မတွက်ရင် သူတို့က သူငယ်ချင်းအဆင့်ကနေ ချစ်သူတွေအဖြစ် လက်ထပ်ကြတာကို သုံးရက်လောက်နဲ့ ရောက်ရှိလာခဲ့တာလို့ ပြောလို့ရတယ်...ဆိုတော့ ဒါက အရမ်းကို မြန်လွန်းနေခဲ့ပါတယ်

ဒါပေမယ့် နန်ဟွိုင်လင် ဘယ်လိုနေသားမကျမှုမျိုးကိုမှ မခံစားရပါ..တစ်ဖက်မှာလည်း သူ ဘာလုပ်နေတာလဲ၊ သူဘယ်လိုအနာဂတ်မျိုးကို လိုချင်တာလဲဆိုတာ ပိုပြီးတော့တောင် ကောင်းကောင်းကြီး နားလည်နေသေးသည်။

နန်ဟွိုင်လင် ဖေ့ချန်ပခုံးပေါ် ခေါင်းကို ခပ်ဖွဖွလေးမှီလိုက်သည်။ " ပြီးရင် ရုပ်ရှင်သွားကြည့်ရအောင် နော်..တခြားပုံမှန်အတွဲတွေ လုပ်နေကြအရာမှန်သမျှ လုပ်ကြည့်ရအောင် "

ဖေ့ချန်က သူ့ဖုန်းကို ဆွဲထုတ်လိုက်၏။ " ဒီနေ့ ဘာရုပ်ရှင်တွေရှိသေးလဲ ကိုယ်ကြည့်လိုက်ဦးမယ် "

နန်ဟွိုင်လင်ကလည်း သူနဲ့အတူ ဖုန်းကိုကြည့်နေရင်း ရုတ်တရက် ဖုန်းမှန်ကို ထောက်ပြလာ၏။ " ဒီဟာကြည့်ရအောင် "

ဇာတ်ကားနာမည်က 'အဖြူရောင်ညလေး'ဖြစ်ပြီး ကျန်းဟန်ရိုက်ကူးထားကာ ရှန်ချုန်းက သရုပ်ဆောင်ထားတာဖြစ်၏။

ထိုဇာတ်ကားက နန်ဟွိုင်လင် အလောတကြီးနဲ့အလုပ်ကိုသွားတဲ့အချိန် ရထားပေါ်မှာ သူ ဖေ့ချန် ပထမဆုံးတွေ့ခဲ့တဲ့နေ့မှာ ရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားပဲဖြစ်သည်။ ဖေ့ချန်က လက်မှတ်ကို တခါတည်းဖြတ်လိုက်သည်။ နှစ်နာရီခွဲမှာ စတင်ပြသမှာဖြစ်တာကြောင့် ထိုနေရာသို့ အခုအချိန်သွားမှသာ ရမည်ဖြစ်သည်။

နန်ဟွိုင်လင် သွားဖို့ မတ်တပ်ထရပ်လိုက်တဲ့အချိန်မှာ သူတို့နဲ့ မျက်စောင်းထိုးနေရာလောက်မှာ ထိုင်နေတဲ့ အတွဲတစ်တွဲက ရုတ်တရက် အနားရောက်လာ၏။ ထို့နောက် ကောင်မလေးက သူ့ရဲ့စိတ်လှုပ်ရှားနေမှုကို ထိန်းချုပ်ကာ မေးမြန်းလာခဲ့သည်။ " ဟိုလေ...နန်ဟွိုင်လင်လား မသိဘူး? "

" ကျတော် ဒီလိုလုပ်ထားကို မှတ်မိတယ်လား?" နန်ဟွိုင်လင်က ဦးထုပ်ဆောင်းပြီး နေကာမျက်မှန်တပ်ထားတာဖြစ်၍ မျက်နှာတစ်ခုလုံးနီးပါးက ဖုံးကွယ်နေတာဖြစ်သည်။ " အံ့သြစရာပဲဗျာ "

ကောင်မလေးက သူမ ပါးစပ်ကို လက်ဖြင့်အုပ်ကာ တအီအီနဲ့အသံတွေထွက်နေပြီး စိတ်လှုပ်ရှားလွန်းလို့ ငိုချချင်လုနီးပါးဖြစ်နေတော့သည်။ ဘေးမှာရပ်နေတဲ့ သူမကောင်လေးက အကူအညီမဲ့ပြီး တုန်နေအောင်ချစ်တဲ့မျက်နှာနဲ့ သူ့ကောင်မလေးကို ငေးကြည့်နေကာ အသံတိုးတိုးဖြင့် သတိလှမ်းပေးနေ၏။ " သူ့ကို ယောက်ျားလို့ မခေါ်နဲ့နော် "

ကောင်မလေးက သူ့ကောင်လေးစကားကို လျစ်လျူရှုထားကာ နန်ဟွိုင်လင်ကို တောက်ပတဲ့မျက်လုံးတွေနဲ့ကြည့်နေပြီး စိတ်ထဲကအတိုင်းပြောလာခဲ့သည်။ " ကျမ ရှင့်ကို အရမ်းအရမ်း ချစ်တယ်! ကျမလေ..'ကြယ်နိုင်ငံ'နှင့် Swimming Beyond My lifeကိုလည်း ဆယ်ကြိမ်မက အခေါက်ခေါက်အခါခါကြည့်ပြီးပြီ! ရှင်က အရမ်းကောင်းတာပဲ..ကျမ ရှင့်ကို တကယ်ချစ်တာ! "

ကောင်မလေးရဲ့ ကောင်လေးမျက်နှာက အမည်းရောင်အငွေ့အသက်တွေ စွန်းထင်းလာခဲ့သည်။

ထို့အတူပဲ နန်ဟွိုင်လင်ရဲ့ကောင်လေးကလည်း စိတ်မသာမယာဖြစ်နေတော့သည်။

" ချစ်ပေးလို့ ကျေးဇူးပါဗျ " နန်ဟွိုင်လင် ပြုံးကာပြောလိုက်ပြီး မျက်မှန်ကိုချွတ်ကာ လျှာထိုးဦးထုပ်ကို နောက်ပြန်စောင်းလိုက်သည်။ " ဓာတ်ပုံအတူရိုက်ချင်လား? "

" ဟုတ်..ဟုတ်..ဟုတ်! " ကောင်မလေးက သူမဖုန်းကို သူ့ကောင်လေးဆီ အမြန်လှမ်းပေးကာ " ပုံတွေ အများကြီးရိုက်နော် "

ကောင်မလေးက နန်ဟွိုင်လင် ဘေးကိုလာရပ်တော့ ဖေ့ချန် အလိုက်တသိ ဘေးကိုရွေ့ပေးလိုက်၏။

ကောင်မလေးရဲ့ကောင်လေးက ဓာတ်ပုံ ခုနစ်ပုံ၊ ရှစ်ပုံလောက်ရိုက်ပြီး "ပြီးပြီ"လို့ မပြောခင်ထိ နန်ဟွိုင်လင်က ကင်မရာကို ပြုံးကာကြည့်နေခဲ့သည်။

ကောင်မလေးကတော့ နန်ဟွိုင်လင်ကို တောက်ပတဲ့မျက်ဝန်းတွေဖြင့်ကြည့်နေဆဲဖြစ်သည်။ " ကျမ...ကျမ ရှင့်ကို ခနလေးဖက်ထားလို့ရလား? "

" မရဘူး! " ချစ်သူကောင်လေးနှစ်ယောက်လုံးက အလောကြီးစွာ ပြန်ဖြေလာကြသည်။

ထို့ကြောင့် နန်ဟွိုင်လင် ပြုံးလိုက်မိပြီး လက်ကမ်းပေးလိုက်၏။ " လက်ဆွဲနှုတ်ဆက်လို့ရပါတယ် "

ကောင်မလေးက နန်ဟွိုင်လင်လက်ကို လက်နှစ်ဖက်လုံးဖြင့် အမြန်ကိုင်လာ၏။ " ကျမ ရှင့်ရဲ့ဖန်တစ်ယောက်အဖြစ် အမြဲရှိနေမှာပါ "

" ပျော်ရွှင်ပါစေ " နန်ဟွိုင်လင် သူ့လက်ကို ပြန်ဆွဲယူလိုက်သည်။ " ဘိုင် "

" ဘိုင်! "

နန်ဟွိုင်လင်က မျက်မှန်ပြန်တပ်ကာ ဖေ့ချန်လက်ကို ပြုမူနေကြပုံစံတစ်ခုလိုမျိုး ဆွဲကိုင်လာပြီး လှည့်ထွက်လာခဲ့သည်။

ထို့ကြောင့် ဖေ့ချန်အာရုံတွေ တုန့်ဆိုင်းသွားရသည်။ " မင်းရဲ့ဖန်တွေက မင်းကိုဓာတ်ပုံရိုက်ထားမှာ မစိုးရိမ်ဘူးလား? "

" ဓာတ်ပုံရိုက်ခံရတော့ရော ဘာဖြစ်လဲ? "

" ဓာတ်ပုံတွေ လိုင်းပေါ်ရောက်သွားရင် သတင်းတွေထွက်လာမှာလေ...'ထိတ်လန့်ဖွယ်သတင်း!' လက်ရှိကျော်ကြားနေတဲ့သရုပ်ဆောင် နန်ဟွိုင်လင်နှင့် အမည်မသိလူတစ်ယောက်က ရင်းနှီးပြီးအတွင်းရေးဆန်တဲ့တွေ့ဆုံမှုမျိုး ရှိနေ..သတင်းခိုင်လုံကြောင်း ဓာတ်ပုံတွေနှင့်အတူ ထွက်ပေါ်လာ! "

ဖေ့ချန်စကားတွေကြောင့် သူရယ်လိုက်မိသည်။ " ကျတော် ခင်ဗျားကို အင်တာနက်နဲ့ ဝေးဝေးနေဖို့ ပြောထားတယ်လေ "

ထိုအခါ ဖေ့ချန်က သူ့နားကပ်လာပြီး အနမ်းပေးလာခဲ့သည်။ " မိန်းမ..မင်းက သိပ်ကောင်းတာပဲ "

တစ်ချိန်တည်းမှာပဲ သူတို့နောက်က မိန်းကလေးရဲ့ စိတ်လှုပ်ရှားသွားတဲ့ အသံဆာဆာလေးက ထွက်ပေါ်လာတော့သည်။

ဖေ့ချန်, " ကိုယ်သာ မင်းကို ပြင်သစ်အနမ်းပေးလိုက်ရင် သူမ စိတ်လှုပ်ရှားလွန်းလို့ မူးမေ့သွားမလားပဲ "

" အဲ့တာဆို ကျတော်က ခင်ဗျားကို အရင်မေ့လဲသွားအောင် ရိုက်မှာ "

'ထောင်လွှားမှုမရှိတဲ့ အုပ်ချုပ်ရေးမှူး ဥယျာဥ်'ထဲကနေ လမ်းလျှောက်ထွက်လာလိုက်ပြီး တက်ဆီငှားကာ ကျောက်တုံးလမ်းမှာရှိတဲ့ 'ပျော်ရွှင်ဖွယ် ပင်လယ်ပြာ ရုပ်ရှင်ရုံ'ဆီကို ထွက်လာခဲ့ကြသည်။ ရုပ်ရှင်ရုံရောက်တော့ နန်ဟွိုင်လင်က လက်မှတ်သွားထုတ်လိုက်ပြီး ဖေ့ချန်ကတော့ ပြောင်းဖူးပေါက်ပေါက်နှင့်အချိုရည်ဝယ်ဖို့ ထွက်သွားသည်။

စနေနေ့ဖြစ်သော်လည်း ဒီအချိန်မှာ ရုပ်ရှင်လာကြည့်တဲ့သူ အများကြီးမရှိပေ..ဒါမှမဟုတ် ဒီရုပ်ရှင်က နာမည်မကြီးတာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကြီးမားတဲ့ရုပ်ရှင်ရုံကြီးထဲမှာ လူဆယ်ယောက်ကျော်ကျော် ဒါမှမဟုတ် အယောက်နှစ်ဆယ်လောက်ပဲ ရှိသည်။

ဖေ့ချန်က သူ့ကို နောက်ဆုံးတန်းမှာ ထိုင်စေချင်နေပေမယ့် ဖေ့ချန်ရဲ့အကြံဆိုးကြီးကို သူ မသိပဲရှိမလား။ ဟုတ်တာပေါ့..အဲ့တာကြောင့် သူငြင်းဆိုလိုက်ပြီး အလယ်တန်းမှာ ထိုင်ဖို့ ရွေးချယ်လိုက်သည်။ ထို့ကြောင့် ဖေ့ချန်မှာ သူ့နောက်ကလိုက်ပြီး ထိုင်ဖို့ကလွဲရင် တခြားရွေးချယ်စရာမရှိတော့ပေ။

" ကျတော် ပြောဦးမယ် " နန်ဟွိုင်လင် အသံတိုးကာ ပြောလိုက်သည်။ " ဒီရုပ်ရှင်ရုံထဲမှာ မှောင်နေတာတောင်မြင်ရတဲ့စောင့်ကြည့်ရေးကင်မရာရှိတယ်..အဲ့တာက 360ဒီဂရီမို့လို့ ကွယ်နေတဲ့နေရာလည်း မရှိဘူး...ခင်ဗျားလုပ်တဲ့ အရာမှန်သမျှကို သူတို့က စောင့်ကြည့်ရေးအခန်းထဲကနေ အကုန်မြင်နေရတယ် "

ဖေ့ချန်က အချိန်အတော်အကြာ တိတ်ဆိတ်သွားပြီးမှ ဆိုလာ၏။ " မင်းကိုကြည့်ရတာ အတွေ့အကြုံအများကြီးရှိတဲ့ပုံပဲ "

နန်ဟွိုင်လင် ဖေ့ချန်ကိုကြည့်ရင်း ပြုံးကာပြောလိုက်သည်။ " ဒီအချိန်လွန်နေတဲ့ ရှာလကာရည်ကြီးကို မသောက်လို့ မရဘူးလား? "

" ကိုယ် ဂရုမစိုက်ပါဘူး ... မင်း အခြားတစ်ယောက်နဲ့လုပ်ခဲ့ဖူးတယ်ဆိုရင်တောင်မှပဲ အခုတော့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်နဲ့ပဲ ထပ်လုပ်ရတော့မှာလေ "

" ကလေးဆန်လိုက်တာ " နန်ဟွိုင်လင် ပြောင်းဖူးပေါက်ပေါက်တစ်ခုကို ယူပြီး သူ့ပါးစပ်ထဲ ထည့်ဖို့ပြင်လိုက်သည်။ " အ့...."

ဖေ့ချန်က ပါးစပ်ကိုဖွင့်ကာ ပေါက်ဖူးပေါက်ပေါက်ကိုင်ထားတဲ့နန်ဟွိုင်လင်လက်ကို ယူလိုက်ပြီး သူ့လျှာထိပ်ဖျားလေးကိုထုတ်ကာ ညင်သာစွာ လျက်လိုက်သည်။

ဖေ့ချန်လျက်လိုက်တဲ့နေရာတစ်ဝိုက်က တရွရွဖြစ်လာတာကြောင့် သူ့လက်ကို အမြန်ဆွဲယူပြီး  မပွင့်တပွင့်ပြုံးကာဆိုလိုက်သည်။ " ကျတော် အပေါ့သွားပြီးတော့ လက်ဆေးဖို့မေ့သွားတယ်"

" ကိုယ်က မင်းတစ်ကိုယ်လုံးကို ငုံထားဖူးပြီးသားလေ...ဒီကိစ္စလောက်ကို ဘာလို့စိတ်ထဲထားနေရဦးမှာလဲ? ဟန်နီ...မင်းက အရိုင်းလေး(အဖြူထည်)ပဲ "

နန်ဟွိုင်လင် လက်အပြည့်ဖြင့် ပေါက်ပေါက်တစ်ချို့ကို အမြန်ကုတ်ယူကာ ဖေ့ချန်ရဲ့ ပေါက်တက်ကရစကားတွေပဲထွက်နေတဲ့ပါးစပ် ပိတ်သွားစေဖို့ ထိုးထည့်ပေးလိုက်သည်။

ထိုအခါ သူတို့ရှေ့က နှစ်တန်းမြောက်လောက်မှာထိုင်နေတဲ့ ကောင်လေးတစ်ယောက်က သူတို့ကို ခေါင်းလှည့်ကာကြည့်လာလေ၏။ ထို့ကြောင့် နန်ဟွိုင်လင် လျှင်မြန်စွာ ခန္ဓာကိုယ်အားအောက်ကို လျှောချလိုက်ပြီး သူ့ရှေ့က ခုံနှင့်ကွယ်ထားကာ ဖေ့ချန်ဘက်လှည့်ကြည့်လိုက်တော့ ဖေ့ချန်က အိမ်မွေးဟမ်းစတား(ကြွက်မျိုးနွယ်ဝင်)ပေါက်စလေးလို ပါးနှစ်ဖက်နဲ့အပြည့် ပြောင်းဖူးပေါက်ပေါက်တွေ ဝါးစားနေရတာကြောင့် သူ ထပ်မံပြီး ရယ်လိုက်မိပြန်သည်။

ရုပ်ရှင်က တိုတောင်းတဲ့အချိန်အတွင်းမှာပဲ စတင်ပြသလာခဲ့သည်။

ရုပ်ရှင်က မှုခင်းဇာတ်ကားမျိုးဖြစ်ပြီး ဇာတ်လမ်းအစမှာတော့ တော်တော်ကို စိတ်လှုပ်ရှားဖို့ကောင်းနေ၏။ သိုပေမယ့် ဟီးရိုးက ချစ်မိသွားတဲ့အချိန်မှာ ဇာတ်လမ်းအရသာက ပေါ့ပျက်လာခဲ့ပြီး ရှစ်နာထိုးမှာပြသတဲ့ ဒရမ်မာဇာတ်ကားများနှင့် တဖြေးဖြေးဆင်တူလာခဲ့သည်။ ကားအက်စီးဒင့်တွေဖြစ်တယ်၊ အတိတ်မေ့တယ်၊ ဟီးရိုးက အရက်တွေသောက်တယ် ပြီးတော့ ဘားမှာ ယောက်ျားလေးပြည့်တန်ဆာပေါက်စလေးနဲ့ဆုံတယ်....ထိုအချိန်ခနတွင်းမှာပဲ ရုပ်ရှင်ရုံထဲမှာ ဇာတ်ရှိန်တက်တဲ့လှိုင်းအနည်းငယ် ကျရောက်သွားတော့သည်။

" ချီးပဲ...ယောက်ျားလေးညငှက်လေးအဖြစ် သရုပ်ဆောင်တာ နန်ဟွိုင်လင် မလား "

" စောက်ရမ်းများသွားပြီနော်! နတ်ဘုရားက သူ့ရဲ့ဖင်တွေကိုပြနေတယ်..ဗီဒီယိုရိုက်ထားကြ! "

" ငါ နှာခေါင်းသွေးယိုတော့မယ်..နတ်ဘုရားရဲ့ဖင်က ဖြူဖွေးပြီး လုံးဝန်းနေတာပဲဟ! "

နန်ဟွိုင်လင်, "....."

ကြည့်ရတာ ဒါကို သူ့ရဲ့ အနက်ရောင်ရာဇဝင်တစ်ခုအဖြစ်မှတ်ယူသင့်ပြီထင်တယ်။

ဖေ့ချန်က သူ့နားကပ်ကာ တိုးဖွဖွပြောလာသည်။ " ကိုယ် မင်းဖင်လေးကိုကြည့်မိလိုက်လို့..ပထမဆုံးညနှစ်ညမှာ နွေဦးအိပ်မက်တွေမက်ခဲ့ပြီး တတိယညမှာတော့ မင်းနဲ့တကယ်အိပ်ခဲ့ရတယ်..ကိုယ်က အရမ်းကံကောင်းတဲ့လူပဲနော် "

" ပါးစပ်ပိတ်ထား " နန်ဟွိုင်လင် အသံထိန်းကာပြောလိုက်သည်။

" အခုမှောင်နေတယ်..မင်း ကိုယ့်ကိုတစ်ခုခု မလုပ်သင့်ဘူးလား? "

" ဒါဆို အဆင်ပြေလား? " နန်ဟွိုင်လင် ဖေ့ချန်ကို ဖြတ်ကတက်ဆန်းနိုင်စွာ အနမ်းတစ်ခုပေးလိုက်သည်။

ဖေ့ချန်က အဖြေတောင် ပြန်မပေးတော့ဘဲ သူ့ကို ထိုင်ခုံပေါ်အတင်းဖိကာ နက်နက်ရှိုင်းရှိုင်း နမ်းလာတော့သည်။

ဘေးက တခြားသူတွေရဲ့အာရုံကို ပိုပြီးဆွဲဆောင်မိသလိုဖြစ်သွားမှာ စိုးရိမ်တာကြောင့် နန်ဟွိုင်လင် ပြန်ပြီးတော့ မခုခံရဲပေ။ ထို့အပြင် နမ်းနေတာကြောင့် မျက်နှာတွေက ကွယ်နေပြီး စောင့်ကြည့်ခန်းထဲက ကြည့်ရင်တောင် မမြင်နိုင်တာကြောင့် သူ ဖေ့ချန်နမ်းတာကို ခွင့်ပြုထားလိုက်သည်။

မကြာခင်မှာပဲ ဖေ့ချန်က သူ့ကို လွတ်ပေးလိုက်ပြီး ပင့်သက်ရှိုက်ကာ ပြောလာသည်။ " ဘေဘီ..ကိုယ် အပူမိသွားပြီထင်တယ်..ကိုယ် မင်းကို တစ်ချိန်လုံး အရသာခံလို့မရဘူးလေ..အခု ဘယ်လိုလုပ်ရမလဲ? "

" အေးအောင် ပြန်လုပ် " နန်ဟွိုင်လင် သွားကြိတ်ကာ ပြောလိုက်သည်။

ဖေ့ချန်က အရမ်းအနှောက်အယှက်ပေးတာကြောင့် ဇာတ်လမ်းရဲ့အဓိက ဇာတ်ကွက်ကိုလွတ်သွားတော့သည်။ ဇာတ်လမ်းသဘောတရားကို အများကြီးနားမလည်လိုက်ပေမယ့် နောက်ဆုံးအပိုင်းမှာ ရှန်ချုန်းနှင့် ဗီလိန် ယှဥ်ပြီး အသေအကြေတိုက်ခိုက်ကြတဲ့ ဇာက်ကွက်က အရမ်း ဟော့နေပြီးကြည့်​ကောင်းလွန်းကြတာကြောင့် လက်မှတ်ဖိုးပိုက်ဆံအတွက် တန်တယ်လို့ ပြောလို့ရသည်။

ရုပ်ရှင်ရုံကနေ ထွက်လာကြတော့ ဖေ့ချန်ကမေးလာသည်။ " နောက်ထပ် ဘယ်နေရာသွားကြမလဲ? "

" အိမ်ပဲပြန်မယ်..ခင်ဗျားက ယောက္ခမတွေရှေ့ဆို ဘာမှမလုပ်ဘူးလေ  "

အံ့သြစရာကောင်းစွာပဲ ဖေ့ချန်က မငြင်းဆိုလာခဲ့ပေ။ " အိုကေလေ..ကိုယ်ကတော့ မင်းသဘောပဲ "

သူတို့ အိမ်ကိုရောက်ရောက်ချင်းပဲ နန်ဟွိုင်လင်ကို သူ့ရဲ့ဖန်တွေက ဝန်းရံထားကြတော့သည်။

အောက်ထပ်မှာ အန်တီကျန်းရဲ့သမီး ရှောင်ရှောင်က သူ့သူငယ်ချင်းအုပ်လိုက်ကြီးကို အိမ်သို့ခေါ်ချလာပြီး နန်ဟွိုင်လင် တံခါးကဖြတ်ပြီး ဝင်လာလာချင်းပဲ သူတို့က စုပြုံတိုးကြတော့သည်။

ဖေ့ချန် နန်ဟွိုင်လင်ကို ထားခဲ့လိုက်ပြီး အပေါ်ထပ်သို့ ပြေးတက်လာခဲ့သည်။

ကန်းရှောင်ရုံက မီးဖိုချောင်ထဲမှာ ညစာချက်နေတာကြောင့် ဖေ့ချန် သူမဆီသွားလိုက်သည်။ " အမေ...ကျတော် ကူလုပ်ပေးမယ် "

" တော်ပါပြီကွယ် " ကန်းရှောင်ရုံက ပြုံးကာဆိုလာသည်။ " ဒီနေရာက လူနှစ်ယောက်ရပ်ဖို့ ကျဥ်းလွန်းတယ်ကွဲ့  ...မင်းအခန်းကိုပဲပြန်တော့ ဒီမှာနေရင် ဆီနံ့တွေ မီးခိုးနံ့တွေစွဲလိမ့်မယ် "

တကယ်တော့ ဖေ့ချန်က အဆီနှင့်မီးခိုးနံ့တွေကို ကြိုက်ပါတယ် ဘာလို့လဲဆိုတော့ မီးခိုးတွေ၊ အခိုးအငွေ့တွေပြည့်နေတာကပဲ လူသားတွေရဲ့ ပင်ကိုဘဝပဲလေ

ဖေ့ချန်က နံရံကိုမှီကာ ခြံဝင်းထဲမှာ ဖန်တွေနဲ့အတူ ဓာတ်ပုံရိုက်ပေးနေတဲ့ နန်ဟွိုင်လင်ကို ကြည့်နေရင်း သူ့ နှုတ်ခမ်းထောင့်စွန်းများကြားမှာ ညင်သာလှသောအပြုံးနုနုလေးက ထွက်ပေါ်လာခဲ့သည်။

" မင်း လင်းလင်းနဲ့ ဘယ်လိုဆုံခဲ့တာလဲ? " ကန်းရှောင်ရုံက မေးလာသည်။

ဖေ့ချန်က ပြုံးကာဆိုလာသည်။ " ကျတော်တို့ မြေအောက်ရထားပေါ်မှာ ဆုံကြတာ...သူက ကျတော့်ရှေ့မှာ မတ်တပ်ရပ်နေတာလေ..ဒါပေမယ့် သူ့ကို လူတစ်ယောက်က တိုက်သွားတာကြောင့် မတော်တဆ ကျတော့်လက်မောင်းကြားထဲကို လဲကျလာတာ...အဲ့လိုနဲ့ ကျတော်တို့တွေ့ခဲ့ကြတာ...အဲ့ဒီနောက်လည်း မကြာခနဆုံဖြစ်ကြတယ်..ပြီးတော့ ကျတော် သူ့နောက်ကို တောက်လျှောက်မရပ်မနားလိုက်ရာကနေ ကျတော်ကို ချစ်သူတွေဖြစ်သွားကြတာ "

" ဒါက ဇာတ်လမ်းတွေထဲမှာပဲ ဖြစ်ပျက်တာမျိုးနဲ့ တူနေတာပဲ "

ဖေ့ချန်က ခနရပ်တန့်သွားပြီး ပြုံးကာ ဆိုလာသည်။ " ကျတော် အခုစဥ်းစားကြည့်တော့..ကျတော် သူ့ကို မြင်မြင်ချင်းပဲ ချစ်ခဲ့မိတယ်ထင်တယ် "

သူတို့ရဲ့ ပထမဆုံးတွေ့ဆုံမှုမှာ ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှုသေးသေးလေးက အနာဂတ်မှာ လှုပ်လှုပ်ရွရွနဲ့ လျင်မြန်စွာပျံ့နှံ့လာခဲ့တာဖြစ်သည်။ သူ နန်ဟွိုင်လင်ကို အရူးအမူး ဖက်တွယ်ချင်ခဲ့အချိန်၊ ပိုင်ဆိုင်ချင်ခဲ့တဲ့အချိန်၊ သူ့ရဲ့ကျန်ရှိတဲ့ဘဝအချိန်တွေမှာ အတူပါဝင်စေချင်ခဲ့တဲ့အချိန်၊ သူ့ကို ကမ္ဘာပေါ်မှာရှိတဲ့ အနက်ရှိုင်းဆုံးအချစ်တွေကို ပေးချင်ခဲ့တဲ့အချိန်မှာ ဒါတွေအားလုံးက သတိမထားမိလိုက်တဲ့အချိန်အတွင်းမှာပဲ အချစ်ဆိုတဲ့ခေါင်းစဥ်တစ်ခုအဖြစ် ပြောင်းလဲသွားတာဖြစ်မယ်...

ကန်းရှောင်ရုံက ညစာစားဖို့အတွက် မခေါ်ခင်လေးမှာပဲ နန်ဟွိုင်လင်က လူအုပ်ကြားထဲက လွတ်မြောက်လာခဲ့သည်။ ဓာတ်ပုံရိုက်နေတဲ့အချိန်အတွင်းမှာ သူက ပြုံးရလွန်းလို့ မျက်နှာတစ်ခုလုံးတောင့်တင်းနေတော့သည်။

" ဒီနေ့ ဘယ်တွေသွားခဲ့ကြလဲ? " ကန်းရှောင်ရုံက မေးလာခဲ့သည်။

" ရှန်ထန်းလမ်းရယ်၊ ကွမ်ချန်းလမ်းရယ်၊ ထောင်လွှားမှုမရှိတဲ့ အုပ်ချုပ်ရေးမှုးဥယျာဥ်ရယ် သွားခဲ့တယ် " ဖေ့ချန်က ပြန်ဖြေလာခဲ့သည်။ " ပြီးတော့ ကျတော်တို့ 'ရှိလု'မှာလည်း ရုပ်ရှင်သွားကြည့်ခဲ့တယ် "

နန်ဇွင်းရှန်က ထိုစကားကို ထုတ်မပြောမိဖို့ ထိန်းမထားနိုင်ခဲ့ပေ။ " ကြည့်ရတာ မင်းတို့သွားတဲ့နေရာတွေ အကုန်လုံးက ခရီးသွားတွေ လည်ပတ်တဲ့နေရာတွေပါလား "

ထိုအခါ နန်ဟွိုင်လင်က ရယ်မောကာ ပြောလာသည်။ " သူက နိုင်ငံခြားကလာတဲ့ ခရီးသွားလေ...ကျတော်က တိုးဂိုက် "

ညစာစားပြီးနောက် နန်ဟွိုင်လင်နှင့်ဖေ့ချန်က ပန်းကန်တွေ အတူတူဆေးနေကြသည်။

နန်ဇွင်းရှန်နှင့် ကန်းရှောင်ရုံက ဧည့်ခန်းထဲမှာထိုင်ပြီး တီဗွီကြည့်နေကြပေမယ့် သူတို့ရဲ့စိတ်ကတော့ တီဗွီပေါ်တွင် ရှိမနေကြပေ။ အပြင်ဘက်မှာ ပန်းကန်ဆေးရင်း ဆော့နေကြတဲ့ လူနှစ်ယောက်က တီဗွီပေါ်ကအကြောင်းအရာထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းနေ၍ ဖြစ်သည်။

ပန်းကန်တွေဆေးကြောပြီးနောက် သူတို့နှစ်ယောက်က မိဘတွေနဲ့အတူ တီဗွီကြည့်ဖို့ ဧည့်ခန်းထဲကို ဝင်လာလိုက်ကြသည်။

ယောက္ခမတွေရဲ့ မျက်လုံးထဲမှာတော့ ခနလောက်လက်လေးသွားကိုင်လိုက်၊ ခါးသေးသေးလေးကို ဖက်လိုက်လုပ်နေတဲ့ ဖေ့ချန်ရဲ့ ကျီစယ်နေမှုတွေကို ကွက်ကွက်ကွင်းကွင်းကို မြင်လာရတာကြောင့် သူတို့က ဖေ့ချန်တို့ကို မကြည့်ချင်ကြတော့ပေ။ ထို့ကြောင့် သူတို့လည်း အခန်းဆီကို ပြန်လာလိုက်ကြသည်။

ဒီနေ့ တစ်နေကုန်အပြင်မှာ လျှောက်လည်ခဲ့ကြတာကြောင့် နန်ဟွိုင်လင် ပင်ပန်းနေပြီး မအိပ်ခင် ရေချိုးချင်လာသည်။ ထိုကြောင့် သူ ရေအရင်ချိုးလိုက်ပြီး ဖေ့ချန်က သူရေချိုးပြီးမှ ရေချိုးခန်းထဲဝင်သွားသည်။ ဖေ့ချန် ရေချိုးပြီးပြန်ထွက်လာတော့ သူက အနည်းငယ် အိပ်ပျော်လုနီးပါးတောင် ဖြစ်နေတော့သည်။

ဖေ့ချန်က ကုတင်ပေါ်တက်လာပြီး သူ့ဖုန်းနဲ့ ဂိမ်းဆော့နေတာကြောင့် နန်ဟွိုင်လင် မေးလိုက်သည်။ " ခင်ဗျား မအိပ်ချင်ဘူးလား? "

" အင်း...မင်းကတော့ စောစောအိပ်တော့ "

" အင်း " နန်ဟွိုင်လင် ပြန်ဖြေလိုက်ပြီး ဖေ့ချန်ဘက်ကို ကျောပေးကာ မျက်လုံးတွေမှိတ်ပြီး အိပ်လိုက်သည်။

ဒါပေမယ့် ဘာလို့လဲမသိ သူအိပ်လို့မရတော့ပေ။

တစ်ခုခုလိုအပ်နေတယ်လို့ ခံစားနေရသည်။

သူ ခန္ဓာကိုယ်ကို ပြန်လှိမ့်ကာ ဖေ့ချန် ရင်ဘက်ပေါ် မှီလိုက်ပြီး " ခင်ဗျား ဂိမ်းဆော့နဲ့တော့ "

ဖေ့ချန်က သူ့ဖုန်းကိုပဲ ကြည့်နေ၏။ " ဒါပြီးအောင် ဆော့လိုက်ဦးမယ် "

နန်ဟွိုင်လင် ခနလောက် စောင့်နေပေမယ့်လည်း ဖေ့ချန်က ဂိမ်းဆော့တာ မရပ်သေးတာကြောင့် သူ ဖေ့ချန်ကို ထပ်ခေါ်လိုက်သည်။

" ဖေ့ချန် "

" ဟမ်? " ဖေ့ချန်က သူ့ကို ဂရုတောင်မစိုက်ဘဲ ပြန်ဖြေလာသည်။

နန်ဟွိုင်လင် လက်မြောက်လိုက်ပြီး ဖေ့ချန်နားကို အုပ်ကိုင်ကာ သာသာလေး ဆွဲပွတ်လိုက်သည်။ " ရပ်တော့ "

သူလုပ်တာ အောင်မြင်ခါနီးမှာ ဖေ့ချန်က ဖုန်းကို ဘေးသို့ ပစ်ချလိုက်ပြီး ခန္ဓာကိုယ်ကိုလှိမ့်ကာ နန်ဟွိုင်လင်ကို သူ့ကိုယ်အောက်မှာ ဖိထားကာ နှုတ်ခမ်းပါးပေါ်က အပြုံးသဲ့သဲ့နှင့်အတူ မေးမြန်းလာသည်။ " မင်းဘာလိုချင်လို့လဲ? "

နန်ဟွိုင်လင် ဘာမှမပြောဘဲ ဖေ့ချန် လည်ပင်းကို လက်နှစ်ဖက်ဖြင့် သွယ်ဖက်လိုက်ကာ အနမ်းပေးဖို့ ရှေ့တိုးလာလိုက်သည်။ ထိုအခါ ဖေ့ချန်ကလည်း သူ့ကို ညင်သာစွာ ပြန်နမ်းလာပေမယ့် တခြားဘာမှ ထပ်မလုပ်လာခဲ့ပေ။ ထို့ကြောင့် နန်ဟွိုင်လင် ရပ်လိုက်ပြီး ဖေ့ချန်ကို ဇဝေဇဝါဖြင့် ပြန်ကြည့်လိုက်သည်။

ဖေ့ချန်ကလည်း သူ့ကိုကြည့်လာပြီး အနည်းငယ် သြရှတဲ့အသံဖြင့် ဆိုလာသည်။

" ကိုယ့်ကို ရှင်းရှင်းလင်းလင်းပြော...မင်း ဘာလိုချင်တာလဲ? "

ထိုအခါမှ ဒီလူကြီးက သူ့ကို ရည်ရွယ်ချက်ရှိရှိ လှည့်စားနေတယ်ဆိုတာ နန်ဟွိုင်လင် သိသွားတော့သည်။ ဘာလို့လဲဆိုတော့ နေ့လည်တုန်းက သူ ဖေ့ချန်ကို မပေးခဲ့ဘူးလေ..ဆိုတော့ အခု ဖေ့ချန်က သူ့အပေါ် တူညီအရာပြန်လုပ်နေတာလား?

နန်ဟွိုင်လင် အရင်ကတည်းကစ သူ့ဘက်နေကစပြီး လိင်ကိစ္စအတွက်တောင်းဆိုတာမျိုး တခါမှမလုပ်ဖူးခဲ့ပေ။ ထို့ကြောင့် တစ်ခုခုပြောဖို့အတွက် သူ အနည်းငယ်တော့ ရှက်နေမိသည်။ မကြာခင်မှာပဲ နန်ဟွိုင်လင်ရဲ့ မျက်တောင်မွှေးအရှည်ကြီးတွေက ငုံ့ဆင်းသွားပြီး အချိန်အတော်အကြာကြီး မသဲမကွဲစကား​တွေပြောနေကာ နောက်ဆုံးမှ တိုးဖွသော စကားတစ်ခွန်း ထွက်ပေါ်လာတော့သည်။

" ကျတော် ခင်ဗျားကို လိုချင်တယ် "

ဖေ့ချန်က သူ့မေးစေ့ကို လက်နှစ်ဖက်ဖြင့် ပင့်မထားကာ အနမ်းပေးလာပြီး ညို့အားပြင်းတဲ့အသံနိမ့်နိမ့်ဖြင့် ပြောလာသည်။ " မင်း..'အမေတစ်ခု၊ သားတစ်ခု'ရဲ့ခံစားချက်ကို နားလည်ထားရမယ်...ကိုယ်က အခု မင်းရဲ့တစ်ကိုယ်လုံးကို စားလို့ရတဲ့နေရာမှာရောက်နေပြီ...ကိုယ့်ရဲ့ခေါင်းထဲမှာ မင်းကိုလုပ်ချင်တဲ့အတွေးကလွဲပြီး ဘာမှမရှိတော့ဘူး...ဒီကမ္ဘာမှာ ကိုယ်တို့နှစ်ယောက်ပဲ ရှိရင် သိပ်ကောင်းမယ်..မင်းနှင့်ကိုယ်ပဲ...ဘယ်သူမှ ကိုယ်တို့ကို အနှောင့်အယှက်လာပေးလို့မရဘူး...အဲ့လိုဆို ကိုယ် မင်းကို ကြိုက်သလောက် နမ်းလို့လည်းရတယ်၊ ချစ်လို့လည်း ရတယ်...ကိုယ် မင်းနားကနေ တစ်စက္ကန့်လေးတောင် ခွဲမနေချင်ဘူး "

{ TN/ 'အမေတစ်ခု သားတစ်ခု' = မင်းမှာ ကိုယ်ပဲရှိသလို ကိုယ့်မှာလည်း မင်းပဲရှိတယ်(ဒီသဘောပြောချင်တာ ဖြစ်ပါလိမ့်မယ် }

နန်ဟွိုင်လင် အံ့သြသွားရသည်။ " ဒါဆို အဲ့ဒီညက....ခင်ဗျားရဲ့ ပထမဆုံးအကြိမ်လား? "

ဖေ့ချန် အနည်းငယ် အရှက်ရပြီး မျက်နှာပူသလို ခံစားလိုက်ရသည်။ " အမ်...."

နန်ဟွိုင်လင်က ဘာမှမပြောဘဲ ဖေ့ချန်ကို မျက်တောင်မခက် စိုက်ကြည့်နေ၏။

ဖေ့ချန်က နန်ဟွိုင်လင် အကြည့်တွေကြောင့် အနည်းငယ် စိတ်ဒုက္ခဖြစ်လာပြီး ထိုသူ့အား ပြင်းထန်စွာ ပြန်စိုက်ကြည့်လိုက်၏။ " အဲ့လိုဆက်ကြည့်နေရင်..ကိုယ် မင်းကို စားတော့မှာ!"

" စားလေ " နန်ဟွိုင်လင်က ခပ်ဖွဖွရယ်ကာ ဆိုလာ၏။

ထိုကြောင့် ဖေ့ချန် လှုပ်ရှားမှုတွေ ရပ်တန့်သွားပြီး " ယောက္မကြီးတွေ​ ကြားမှာ မင်း မကြောက်ဘူးလား? "

နန်ဟွိုင်လင်က ဖေ့ချန်အင်္ကျီအောက် လက်လျှိုဝင်ကာ သွားစလိုက်ပြီး " သူတို့က တီဗွီကြည့်နေတာ ကြားမှာ မဟုတ်ဘူး "

ဖေ့ချန်က သူ့ကို ခေါင်းငုံ့ကာ နမ်းလာပြီး ခနကြာတော့ ပြန်ရပ်သွားကာ အငြိုးထားစွာမေးလာသည်။

" မင်း နောက်ခါ ကိုယ့်ကိုရှောင်ဦးမှာလား? "

နန်ဟွိုင်လင်က ခေါင်းကို အသာအယာ လှုပ်ယမ်းလိုက်ပြီး ရှက်ရွံ့စွာပြောလာ၏။

" ခင်ဗျားကြိုက်သလို လုပ်လို့ရတယ်....ခင်ဗျား သဘော "

ထိုသို့ဖြင့် လူနှစ်ယောက်က အိပ်ယာထဲမှာ အချိန်အတော်အကြာ လူးလှိမ့်နေကြပြီး တီဗွီကလာတဲ့အသံတွေ ရပ်တန့်သွားတော့ ရေချိုးခန်းထဲကို နေရာပြောင်းလိုက်ကြပြီး ထို့နောက်မှ အိပ်ယာပေါ်သို့ ပြန်ရောက်လာကြ၏။ နန်ဟွိုင်လင်က စိတ်ကျေနပ်သွားတဲ့ကြောင်လေးတစ်ကောင်လို ဖေ့ချန်လက်မောင်းထဲမှာ ခွေလှဲရင်း လျင်မြန်စွာ အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့တွင် နန်ဟွိုင်လင်က သူ့မိဘတွေကို ဖေ့ချန်အား အပြင်လိုက်ပို့မယ်လို့ ​​ခွင့်တောင်းထားခဲ့ပြီး တကယ့်လက်တွေ့တွင်တော့ ဟိုတယ်သို့ တက်ဆီဖြင့် သွားကာ အဆင့်မြင့်အခန်းတစ်ခုကို ငှားပြီး တစ်နေကုန် အခန်းထဲမှာပဲ အချိန်ကုန်ကာ အိမ်ကို ညစာစားချိန်အမှီမှပဲ ပြန်လာကြတော့သည်။

ညစာစားပြီးနောက် သူတို့က မိဘတွေနှင့်အတူ တီဗွီရှိုးနှစ်ခုကို စိတ်အေးချမ်းစွာထိုင်ကြည့်ပြီးမှ သူတို့အိပ်ခန်း အသီးသီးဆီကို ဝင်လာခဲ့ကြသည်။

နန်ဟွိုင်လင်က မကြာခင်မှာပဲ အိပ်ပျော်သွားပေမယ့် ဖေ့ချန်ကတော့ စိတ်လှုပ်ရှားနေတာကြောင့် ညတစ်ဝက်လောက်ထိ အိပ်မပျော်နိုင်ခဲ့ပေ။ သူ နန်ဟွိုင်လင်ကို မနက် ခုနှစ်နာရီထိုးမှာ နိုးလိုက်ပြီး အောက်ထပ်သို့ သယ်လာကာ ရေချိုး၊ အဝတ်အစားလဲပေးလိုက်ပြီး မိသားစု မှတ်ပုံတင်ကဒ်ကို ယူကာ အိမ်ကနေ အလောတကြီး ထွက်လာခဲ့သည်။

သူတို့ လက်ထပ်မှတ်ပုံတင်ရုံးကို အမြန်ဆုံးအချိန်နဲ့ ရောက်ရှိသွားချိန်မှာ ရုံးက ဖွင့်တောင် မဖွင့်သေးပေ။ ဒါပေမယ့် သူတို့ဘေးမှာရှိတဲ့ မိတ္တူဆိုင်နှင့် ဓာတ်ပုံစတူရီယိုက ဖွင့်နေပြီဖြစ်သည်။

ထို့နောက် ဖေ့ချန်က လုပ်စရာရှိတာတွေကို ရှင်းလင်းစွာ လုပ်ဆောင်တော့သည်။ သူက နန်ဟွိုင်လင်ကို မိသားစုမှတ်ပုံတင်စာအုပ် မိတ္တူကူးဖို့နဲ့ ဓာတ်ပုံရိုက်ဖို့ ဆွဲခေါ်သွားတော့သည်။

ထို့ကြောင့် လက်ထပ်မှတ်ပုံတင်ရုံးထဲကို လမ်းလျှောက်ပြီး အနီရောင်စာအုပ်နှစ်အုပ်ယူကာ ပြန်ထွက်လာတော့ စုစုပေါင်းအချိန်က ဆယ်မိနစ်ထပ်တောင် လျော့နည်းနေသေး၏။ ၎င်းက အရမ်းကို မြန်ဆန်လွန်းတာကြောင့် ဖေ့ချန် အစစ်လို့တောင် မမှတ်ယူရဲကာ ကိုယ့်ကိုကိုယ် အိပ်မက်ထဲကနေ မနိုးထသေးတာလားလို့ သံသယတောင် ဝင်သွားခဲ့၏။

ဖေ့ချန်က အရူးတစ်ယောက်လို အရမ်းပျော်နေတာကြောင့် နန်ဟွိုင်လင်ကလည်း သူ့ဘေးကနေ တိတ်တိတ်လေး တခစ်ခစ်နဲ့ လိုက်ရယ်နေမိသည်။

" လာပါဦး " ဖေ့ချန်က သူ့ရဲ့ စိတ်လှုပ်ရှားနေမှုကို ထိန်းမထားနိုင်တော့ပေ။ " ကိုယ့်ကို ယောက်ျားလို့ခေါ် "

သူ ဖေ့ချန်ကို ဘယ်တုန်းကမှ ထိုကဲ့သို့ မခေါ်ဖူးပေ။ ဒါက ပြောရမှာ နဲနဲတော့ ခက်ပေမယ့် သူတို့က အခုတရားဝင် လက်ထပ်ပြီးသွားပြီဖြစ်တာကြောင့် နာမည်တွေကို ပြောင်းခေါ်သင့်နေပြီဖြစ်သည်။ နန်ဟွိုင်က ခနအချိန်ယူကာ အခြားတစ်မျိုးပြောင်းခေါ်လာ၏။ " လင်...အိုကြီး "

ဒီ" လင် "ဆိုတဲ့ စကားလုံးကို သုံးလိုက်ချိန်မှာ ယခုဖြစ်ပေါ်အနေတဲ့အခြေအနေအစစ်အမှန်ကို နန်ဟွိုင်လင် ပြန်လည်သုံးသပ်မိသွား၏။ ဒီနေ့ကစပြီး ဖေ့ချန်က သူ့ကောင်လေးမဟုတ်တော့ဘူး...သူ့ဘဝတစ်လျှောက်လုံးမှာ သူနဲ့အတူတူဖြတ်သန်းစေချင်တဲ့ သူ့ယောက်ျားဖြစ်သွားပြီ...

ရုတ်တရက် နန်ဟွိုင်လင် ငိုချင်လာ၏။ ဒါပေမယ့် ပြန်ထိန်းထားကာ ဖေ့ချန်ကိုဖက်လိုက်ပြီး တိုးဖွစွာပြောလိုက်သည်။

" ယောက်ျားကိုချစ်တယ် "

" ကိုယ်လည်း မင်းကိုချစ်တယ်...ဒီကမ္ဘာပေါ်မှာ မင်းကို အချစ်ဆုံးပဲ "

သူတို့နှစ်ယောက်က Suzhouမှာ နောက်တစ်နေ့ ထပ်နေလိုက်ပြီး ညနေခင်းမှာ သူတို့မိဘတွေနှင့် ဝမ်းကွဲအစ်ကိုရဲ့ မိသားစုတွေကို  Deyue Houseမှာ ခမ်းနားတဲ့ညစာစားပွဲတစ်ခု ကျင်းပလိုက်ကြသည်။

" ခင်ဗျား ကျတော့်ကို ဘယ်ကို ခေါ်လာတာလဲ?" နန်ဟွိုင်လင် မေးလိုက်သည်။

" ဘယ်သူမှ မရှိတဲ့နေရာ " ဖေ့ချန်က လျှို့ဝှက်စွာ ပြန်ဖြေလာသည်။

ညက တဖြေးဖြေးနက်လာခဲ့ပြီး လမင်းကြီးက ထိန်ထိန်သာလျက်ကာ ကြယ်များက တလက်လက်တောက်ပနေကြသည်။ နန်ဟွိုင်လင် ကားပြတင်းမှန်ကို ဆွဲချလိုက်ရာ အေးမြတဲ့ညလေပြေတွေက သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုချင်းဆီကို ဝင်ရောက်လာခဲ့သည်။ ဒီအချိန်မှာ ဖေ့ချန်က သူ့ကို ကမ္ဘာမြေအဆုံးကိုခေါ်သွားမယ်ဆိုရင်တောင် သူပျော်ပျော်ကြီး လိုက်သွားဦးမှာ ဖြစ်သည်။

တစ်နာရီလောက် အရှိန်ကုန်မောင်နှင်လာပြီးနောက် ကားက လူသူအရောက်အပေါက်နည်းလွန်းတဲ့ နေရာတစ်ခုမှာ ရပ်တန့်သွားခဲ့သည်။

ဖေ့ချန်, " ကားပေါ်က ဆင်းလာခဲ့ "

နန်ဟွိုင်လင် ကားတံခါးဖွင့်ကာ ပတ်ဝန်းကျင်ကို လှည့်ကြည့်ပြီးနောက် ဖေ့ချန်ကို မေးလိုက်သည်။ " ခင်ဗျား ဘာလို့ကျတော့်ကို ဒီနေရာခေါ်လာတာလဲ? "

ဖေ့ချန်က ပြန်မဖြေပဲ အဝတ်တွေချွတ်နေ၏။

ထို့ကြောင့် နန်ဟွိုင်လင် သိချင်လာပြီး " မဟုတ်ဘူးမလား......ခင်ဗျား ဒီနေရာမှာ လိင်ဆက်ဆံချင်တာတော့..ဟမ်? "

" ဟဟ! မင်း ဘာတွေ တွေးနေတာလဲ? "

" ဒါဆို ခင်ဗျားက ဘာလို့ အဝတ်တွေချွတ်နေတာလဲ..အေးတယ်လေ "

ဖေ့ချန်က အဆင့်သုံးဆင့်အပြီးမှာ အဝတ်ချွတ်လို့ပြီးသွားတော့ နန်ဟွိုင်လင်ဆီ လမ်းလျှောက်လာခဲ့သည်။ " ကိုယ် မင်းကို ကြယ်စုံတဲ့ကောင်းကင်ကြီးရဲ့ အလှတရားကို ပြချင်လို့ "

ထိုစကားရဲ့ အဓိပ္ပါယ်ကို နန်ဟွိုင်လင် နားမလည်နိုင်ခင်မှာပဲ ဖေ့ချန်က မျက်စိတစ်မှတ်အတွင်းမှာ မူလပုံစံကနေ အတောင်အကြီးကြီးပါတဲ့ အဖြူရောင် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

နဂါးကြီးက မြေပြင်ပေါ်မှာ လှဲကာ ခေါင်းကိုစောင်းပြီး နန်ဟွိုင်လင်ကို သူ့ကျောပေါ်တက်ဖို့ အချက်ပြနေ၏။

ထိုအခါမှ နန်ဟွိုင်လင် နားလည်သွားပြီး ကောင်းကင်ကိုမော့ကြည့်ကာ နဂါးကြီးကို ပြန်ငုံ့ကြည့်လိုက်သည်။ ထို့နောက် သွားကြိတ်ကာ အ​ဖြူရောင် နဂါးကြီးရဲ့ ကျောပေါ်ကို တက်လိုက်ပြီး ထူထဲလွန်းတဲ့ နဂါးကြီးရဲ့ လည်ဇံမွေးတွေကို ဆွဲကိုင်ကာ စိတ်လှုပ်ရှားစွားဖြင့်ပြောလိုက်သည်။

" ဖြေးဖြေးပျံနော်! "

သူ့စကား ဆုံးဆုံးချင်းပဲ အဖြူရောင် နဂါးကြီးရဲ့အတောင်ပံတွေက လှုပ်ခက်သွားပြီး လေးကပစ်လိုက်တဲ့မြားလို တစ်ဟုန်ထိုး ကောင်းကင်ကို ပြေးတက်သွားတော့သည်။

နန်ဟွိုင်လင်ရဲ့ နှလုံးက တုန်ယင်သွားပြီး သူ နဂါးကြီးရဲ့ကျောပေါ်မှာပဲ တစ်ချိန်လုံး မှီထားလိုက်ကာ မျက်လုံးတောင် ဖွင့်မကြည့်ရဲတော့ပေ။ နားထဲတွင် ဘေးနားက လေတိုးသံနှင့် နဂါးကြီး၏ ဟိန်းသံသဲ့သဲ့ကို ကြားနေရ၏။

ခနအကြာတွင် နဂါးကြီး၏ပျံသန်းနှုန်းက ချောမွေ့သွားတာကို ခံစားရတာကြောင့် နန်ဟွိုင်လင် မျက်လုံးကို ဖြေးဖြေးချင်း ဖွင့်ကြည့်လိုက်၏။ ရုတ်တရက် အမြင်အာရုံထဲ ဝင်ရောက်လာတဲ့ အလှတရားက သူ့ကို မှင်တက်သွားစေခဲ့သည်။

အဖြူရောင် နဂါးကြီးက လဆီကို ဦးတည်ပျံသန်းသွားနေ၏။ လနဲ့ အကွာအဝေးက များပြားလွန်းပေမယ့် လက်တစ်ကမ်းအကွာလောက် ပိုနီးလာတယ်လို့ ခံစားနေရပြီး သူတို့သာ သတိမထားရင်း အဲ့ဒါကို ဝင်တိုက်တော့မယ်လို့တောင် ထင်လာရသည်။

ကြယ်တွေဆီကိုလည်း သွားနေသလို ဖြစ်နေတာကြောင့် အများကြီးဝေးတယ်ဆိုပေမယ့် တစ်ချိန်တည်းမှာပဲ နီးလာတယ်လို့ ခံစားနေရသည်။ သူ့လက်နဲ့ ကြယ်နှစ်လုံး၊ သုံးလုံးလောက်ကို လှမ်းယူပြီး သူ့အိပ်ကပ်ထဲထည့်ကာ အိမ်ပြန်ယူသွားချင်စိတ်တောင် ပေါက်လာရသည်။

လရောင်က ကန်ရေပြင်ပေါ်မှာ ဖြာကျနေပြီး ကန်ထဲက အပျော်စီး သင်္ဘောတွေရဲ့ မီးရောင်မှိန်မှိန်ကို အပေါ်စီးကနေ ဝိုးတဝါး မြင်နေရသည်။

နန်ဟွိုင်လင် လဆီကို ခေါင်းမော့ကာ အကျယ်ကြီး အော်လိုက်၏။

" အားးးးးးးးးးးး! "

သူ အရမ်းပျော်ရွှင်နေပြီး ကမ္ဘာကြီးတစ်ခုလုံးက သူ့ပျော်ရွှင်မှုကိုကြားအောင်ကို အော်ပစ်လိုက်ချင်သည်။

စိတ်ကျေနပ်သွားတဲ့အထိ အော်ပြီးမှ နန်ဟွိုင်လင် အ​ဖြူရောင်နဂါးကြီးရဲ့ ကျောပေါ်ကို မှီတွယ်ထားလိုက်သည်။ မျက်စိထဲမှာ မြင်နေရတဲ့ ကြယ်တွေနဲ့ပြည့်နေတဲ့ကောင်းကင်ကြီးက သူ့အတွက် ရတနာတစ်ခုလို အဖိုးတန်လှပါ၏။ သူ ဒီလို ပျော်ရွှင်ဖွယ်ကောင်းတဲ့အခိုက်အတန့်လေးကို အခုကစပြီး သူ့ဘဝရဲ့နေဝင်ချိန်ထိ သတိတရရှိနေတော့မည်ဖြစ်သည်။ အရမ်းကို လေးနက်မှုရှိပြီး ထူးကဲလွန်းတဲ့ ဒီအချိန်လေးက အမြဲတမ်း ပြိုင်ဆိုင်ရှားအမှတ်တရလေး ဖြစ်နေတော့မှာ မလွဲပေ....

______________

22. 4. 23 (Sat)

TN- စာများတာကြောင့် စားလုံးပေါင်းအမှားတွေ များနိုင်ပါတယ်...

Spoiler ပေးရမယ်ဆိုရင်တော့.........

နဂါးပေါက်လေးတွေနဲ့ မတွေ့ခင်မှာ စပရိုက်အကြီးကြီးက သင့်ကိုစောင့်နေပါတယ်

---------

Zawgyi

နန္ဟြိုင္လင္ မုန္႔သြားစားခ်င္တဲ့ကြမ္ခ်န္းလမ္းကိုေရာက္ေတာ့ ေဖ့ခ်န္က သူ႔ထက္ေတာင္ အစားေတြပိုစားေနၿပီး တစ္လမ္းလံုးက မုန္႔ေတြအကုန္လံုးကို စားခ်င္ေနေတာ့သည္။ ေဖ့ခ်န္မွာ ဘာထည့္ထည့္မျပည့္တဲ့အစာအိမ္ရိွမွန္းေတာ့ နန္ဟြိုင္လင္ သိေပမယ့္ အစာမေၾကျဖစ္မွာစိုးရိမ္တာေၾကာင့္ 'ေထာင္လႊားမႈမရိွတဲ့အုပ္ခ်ဳပ္ေရးမွဴး ဥယ်ာဥ္'ဆီကို လည္ပတ္ဖို႔ ဆြဲေခၚလာခဲ့သည္။

'ေထာင္လႊားမႈမရိွတဲ့အုပ္ခ်ဳပ္ေရးမွဴး ဥယ်ာဥ္'က ကြမ္ခ်န္းလမ္းရဲ့ ေျမာက္ဘက္စြန္းစြန္းအပိုင္းမွာ တည္ရိွတာေၾကာင့္ ငါးမိနစ္ေလာက္ထပ္လမ္းေလ်ွာက္လိုက္ရသည္။ ဥယ်ာဥ္ကိုၾကည့္ဖို႔လုပ္ထားတဲ့အေဆာင္ေတြရယ္၊ ေရထဲမွာေဆာက္ထားတဲ့အေဆာင္ေတြရယ္၊ ပန္းပြင့္ေတြရယ္၊ သစ္ပင္ေတြရယ္နဲ႔ျပည့္ေနတာေၾကာင့္ ေရွးခတ္ကို ျပန္ေရာက္သြားသလို ခံစားရေစသည္။ ေခါင္ရမ္းပန္းေတြၾကည့္လို႔ရတဲ့အေဆာင္ကေန ေရက်သံေတြနားေထာင္ရင္း ၾကာပန္းေတြရိွတဲ့ေနရာကို အေဆာင္ေလးခုေလာက္ထိ ျဖတ္သန္းကာ ေရာက္ရိွလာခဲ့သည္။
ထို႔ေၾကာင့္ နန္ဟြိုင္လင္ အနည္းငယ္ေမာပန္းလာတာေၾကာင့္ အနီးနားကအေဆာင္မွာ အနားယူဖို႔ ထိုင္ခ်လိုက္သည္။


ယခုအေဆာင္က ေရအလယ္မွာေဆာက္လုပ္ထားၿပီး ေဘးပတ္လည္မွာၾကာပန္းမ်ားျဖင့္ ဝန္းရံထား၏။ ေလတစ္ခ်က္အေဝ့ ၾကာပန္းရနံ႔က မ်က္ႏွာဆီကို ထိခက္လာခ်ိန္မွာ ေအးျမလန္းဆန္းမႈကို တစ္ဖန္ျပန္လည္ ခံစားလာရသည္။

" က်ေတာ္ ရုတ္တရက္ အေတြးတစ္ခုဝင္လာတယ္ " နန္ဟြိုင္လင္ ၿပံဳးကာဆိုလိုက္သည္။ " ဒါက က်ေတာ္တို႔ရဲ့ ပထမဆံုးတရားဝင္ဒိတ္ လိုမ်ိဳးပဲေနာ္ "

ေဖ့ခ်န္က ျပန္လည္ၿပံဳးျပလာခဲ့သည္။ " အခ်စ္က ျမန္ျမန္ႀကီး ေရာက္ရိွလာတာေလ..ေလဆင္ႏွာေမာင္းလိုမ်ိဳး "

" ဒါေပမယ့္ ဒါက က်ေတာ္ျဖစ္လာေစခ်င္သလိုမ်ိဳးေလးပါပဲ "

သူ နဂါးဥတစ္သိုက္ကို ေမြးဖြားလိုက္တဲ့အခ်ိန္တုန္းက သူတို႔ၾကားမွာ ဘယ္လိုေရေရရာရာပတ္သက္မႈမ်ိဳးမွ ရိွမေနေသးေပ။ ဒီလိုနဲ႔ သူတို႔က ဘာမွန္းမသိဘဲ အေဖေနရာေတြကိုေရာက္ရိွတာတယ္...မထင္မွတ္ဘဲ အတြဲဆိုတဲ့ဆက္ဆံေရးတစ္ခုကို အစျပဳခဲ့ၾကတယ္။ သူတို႔ရဲ့ပထမဆံုးအတြဲျဖစ္တဲ့ေနမွာပဲ ခြဲခြာၾကရျပန္တယ္။ ေျခာက္လၾကာၿပီးျပန္ဆံုတဲ့အခ်ိန္မွာလည္း အခု သူတို႔ လက္ထပ္ဖို႔ လုပ္ေနၾကျပန္ၿပီ။

ေျခာက္လၾကာတဲ့ခြဲခြါမႈကို ထည့္မတြက္ရင္ သူတို႔က သူငယ္ခ်င္းအဆင့္ကေန ခ်စ္သူေတြအျဖစ္ လက္ထပ္ၾကတာကို သံုးရက္ေလာက္နဲ႔ ေရာက္ရိွလာခဲ့တာလို႔ ေျပာလို႔ရတယ္...ဆိုေတာ့ ဒါက အရမ္းကို ျမန္လြန္းေနခဲ့ပါတယ္

ဒါေပမယ့္ နန္ဟြိုင္လင္ ဘယ္လိုေနသားမက်မႈမ်ိဳးကိုမွ မခံစားရပါ..တစ္ဖက္မွာလည္း သူ ဘာလုပ္ေနတာလဲ၊ သူဘယ္လိုအနာဂတ္မ်ိဳးကို လိုခ်င္တာလဲဆိုတာ ပိုၿပီးေတာ့ေတာင္ ေကာင္းေကာင္းႀကီး နားလည္ေနေသးသည္။

နန္ဟြိုင္လင္ ေဖ့ခ်န္ပခံုးေပၚ ေခါင္းကို ခပ္ဖြဖြေလးမွီလိုက္သည္။ " ၿပီးရင္ ရုပ္ရွင္သြားၾကည့္ရေအာင္ ေနာ္..တျခားပံုမွန္အတြဲေတြ လုပ္ေနၾကအရာမွန္သမ်ွ လုပ္ၾကည့္ရေအာင္ "

ေဖ့ခ်န္က သူ႔ဖုန္းကို ဆြဲထုတ္လိုက္၏။ " ဒီေန့ ဘာရုပ္ရွင္ေတြရိွေသးလဲ ကိုယ္ၾကည့္လိုက္ၪီးမယ္ "

နန္ဟြိုင္လင္ကလည္း သူနဲ႔အတူ ဖုန္းကိုၾကည့္ေနရင္း ရုတ္တရက္ ဖုန္းမွန္ကို ေထာက္ျပလာ၏။ " ဒီဟာၾကည့္ရေအာင္ "

ဇာတ္ကားနာမည္က 'အျဖဴေရာင္ညေလး'ျဖစ္ၿပီး က်န္းဟန္ရိုက္ကူးထားကာ ရွန္ခ်ဳန္းက သရုပ္ေဆာင္ထားတာျဖစ္၏။

ထိုဇာတ္ကားက နန္ဟြိုင္လင္ အေလာတႀကီးနဲ႔အလုပ္ကိုသြားတဲ့အခ်ိန္ ရထားေပၚမွာ သူ ေဖ့ခ်န္ ပထမဆံုးေတြ့ခဲ့တဲ့ေန့မွာ ရိုက္ကူးခဲ့တဲ့ရုပ္ရွင္ကားပဲျဖစ္သည္။ ေဖ့ခ်န္က လက္မွတ္ကို တခါတည္းျဖတ္လိုက္သည္။ ႏွစ္နာရီခြဲမွာ စတင္ျပသမွာျဖစ္တာေၾကာင့္ ထိုေနရာသို႔ အခုအခ်ိန္သြားမွသာ ရမည္ျဖစ္သည္။

နန္ဟြိုင္လင္ သြားဖို႔ မတ္တပ္ထရပ္လိုက္တဲ့အခ်ိန္မွာ သူတို႔နဲ႔ မ်က္ေစာင္းထိုးေနရာေလာက္မွာ ထိုင္ေနတဲ့ အတြဲတစ္တြဲက ရုတ္တရက္ အနားေရာက္လာ၏။ ထို႔ေနာက္ ေကာင္မေလးက သူ႔ရဲ့စိတ္လႈပ္ရွားေနမႈကို ထိန္းခ်ဳပ္ကာ ေမးျမန္းလာခဲ့သည္။ " ဟိုေလ...နန္ဟြိုင္လင္လား မသိဘူး? "

" က်ေတာ္ ဒီလိုလုပ္ထားကို မွတ္မိတယ္လား?" နန္ဟြိုင္လင္က ၪီးထုပ္ေဆာင္းၿပီး ေနကာမ်က္မွန္တပ္ထားတာျဖစ္၍ မ်က္ႏွာတစ္ခုလံုးနီးပါးက ဖံုးကြယ္ေနတာျဖစ္သည္။ " အံ့ၾသစရာပဲဗ်ာ "

ေကာင္မေလးက သူမ ပါးစပ္ကို လက္ျဖင့္အုပ္ကာ တအီအီနဲ႔အသံေတြထြက္ေနၿပီး စိတ္လႈပ္ရွားလြန္းလို႔ ငိုခ်ခ်င္လုနီးပါးျဖစ္ေနေတာ့သည္။ ေဘးမွာရပ္ေနတဲ့ သူမေကာင္ေလးက အကူအညီမဲ့ၿပီး တုန္ေနေအာင္ခ်စ္တဲ့မ်က္ႏွာနဲ႔ သူ႔ေကာင္မေလးကို ေငးၾကည့္ေနကာ အသံတိုးတိုးျဖင့္ သတိလွမ္းေပးေန၏။ " သူ႔ကို ေယာက္်ားလို႔ မေခၚနဲ႔ေနာ္ "

ေကာင္မေလးက သူ႔ေကာင္ေလးစကားကို လ်စ္လ်ူရႈထားကာ နန္ဟြိုင္လင္ကို ေတာက္ပတဲ့မ်က္လံုးေတြနဲ႔ၾကည့္ေနၿပီး စိတ္ထဲကအတိုင္းေျပာလာခဲ့သည္။ " က်မ ရွင့္ကို အရမ္းအရမ္း ခ်စ္တယ္! က်မေလ..'ၾကယ္ႏိုင္ငံ'ႏွင့္ Swimming Beyond My lifeကိုလည္း ဆယ္ႀကိမ္မက အေခါက္ေခါက္အခါခါၾကည့္ၿပီးၿပီ! ရွင္က အရမ္းေကာင္းတာပဲ..က်မ ရွင့္ကို တကယ္ခ်စ္တာ! "

ေကာင္မေလးရဲ့ ေကာင္ေလးမ်က္ႏွာက အမည္းေရာင္အေငြ့အသက္ေတြ စြန္းထင္းလာခဲ့သည္။

ထို႔အတူပဲ နန္ဟြိုင္လင္ရဲ့ေကာင္ေလးကလည္း စိတ္မသာမယာျဖစ္ေနေတာ့သည္။

" ခ်စ္ေပးလို႔ ေက်းဇူးပါဗ် " နန္ဟြိုင္လင္ ၿပံဳးကာေျပာလိုက္ၿပီး မ်က္မွန္ကိုခြၽတ္ကာ လ်ွာထိုးၪီးထုပ္ကို ေနာက္ျပန္ေစာင္းလိုက္သည္။ " ဓာတ္ပံုအတူရိုက္ခ်င္လား? "

" ဟုတ္..ဟုတ္..ဟုတ္! " ေကာင္မေလးက သူမဖုန္းကို သူ႔ေကာင္ေလးဆီ အျမန္လွမ္းေပးကာ " ပံုေတြ အမ်ားႀကီးရိုက္ေနာ္ "

ေကာင္မေလးက နန္ဟြိုင္လင္ ေဘးကိုလာရပ္ေတာ့ ေဖ့ခ်န္ အလိုက္တသိ ေဘးကိုေရြ့ေပးလိုက္၏။

ေကာင္မေလးရဲ့ေကာင္ေလးက ဓာတ္ပံု ခုနစ္ပံု၊ ရွစ္ပံုေလာက္ရိုက္ၿပီး "ၿပီးၿပီ"လို႔ မေျပာခင္ထိ နန္ဟြိုင္လင္က ကင္မရာကို ၿပံဳးကာၾကည့္ေနခဲ့သည္။

ေကာင္မေလးကေတာ့ နန္ဟြိုင္လင္ကို ေတာက္ပတဲ့မ်က္ဝန္းေတျြဖင့္ၾကည့္ေနဆဲျဖစ္သည္။ " က်မ...က်မ ရွင့္ကို ခနေလးဖက္ထားလို႔ရလား? "

" မရဘူး! " ခ်စ္သူေကာင္ေလးႏွစ္ေယာက္လံုးက အေလာႀကီးစြာ ျပန္ေျဖလာၾကသည္။

ထို႔ေၾကာင့္ နန္ဟြိုင္လင္ ၿပံဳးလိုက္မိၿပီး လက္ကမ္းေပးလိုက္၏။ " လက္ဆြဲႏႈတ္ဆက္လို႔ရပါတယ္ "

ေကာင္မေလးက နန္ဟြိုင္လင္လက္ကို လက္ႏွစ္ဖက္လံုးျဖင့္ အျမန္ကိုင္လာ၏။ " က်မ ရွင့္ရဲ့ဖန္တစ္ေယာက္အျဖစ္ အၿမဲရိွေနမွာပါ "

" ေပ်ာ္ရႊင္ပါေစ " နန္ဟြိုင္လင္ သူ႔လက္ကို ျပန္ဆြဲယူလိုက္သည္။ " ဘိုင္ "

" ဘိုင္! "

နန္ဟြိုင္လင္က မ်က္မွန္ျပန္တပ္ကာ ေဖ့ခ်န္လက္ကို ျပဳမူေနၾကပံုစံတစ္ခုလိုမ်ိဳး ဆြဲကိုင္လာၿပီး လွည့္ထြက္လာခဲ့သည္။

ထို႔ေၾကာင့္ ေဖ့ခ်န္အာရံုေတြ တုန္႔ဆိုင္းသြားရသည္။ " မင္းရဲ့ဖန္ေတြက မင္းကိုဓာတ္ပံုရိုက္ထားမွာ မစိုးရိမ္ဘူးလား? "

" ဓာတ္ပံုရိုက္ခံရေတာ့ေရာ ဘာျဖစ္လဲ? "

" ဓာတ္ပံုေတြ လိုင္းေပၚေရာက္သြားရင္ သတင္းေတြထြက္လာမွာေလ...'ထိတ္လန္႔ဖြယ္သတင္း!' လက္ရိွေက်ာ္ၾကားေနတဲ့သရုပ္ေဆာင္ နန္ဟြိုင္လင္ႏွင့္ အမည္မသိလူတစ္ေယာက္က ရင္းႏွီးၿပီးအတြင္းေရးဆန္တဲ့ေတြ့ဆံုမႈမ်ိဳး ရိွေန..သတင္းခိုင္လံုေၾကာင္း ဓာတ္ပံုေတြႏွင့္အတူ ထြက္ေပၚလာ! "

ေဖ့ခ်န္စကားေတြေၾကာင့္ သူရယ္လိုက္မိသည္။ " က်ေတာ္ ခင္ဗ်ားကို အင္တာနက္နဲ႔ ေဝးေဝးေနဖို႔ ေျပာထားတယ္ေလ "

ထိုအခါ ေဖ့ခ်န္က သူ႔နားကပ္လာၿပီး အနမ္းေပးလာခဲ့သည္။ " မိန္းမ..မင္းက သိပ္ေကာင္းတာပဲ "

တစ္ခ်ိန္တည္းမွာပဲ သူတို႔ေနာက္က မိန္းကေလးရဲ့ စိတ္လႈပ္ရွားသြားတဲ့ အသံဆာဆာေလးက ထြက္ေပၚလာေတာ့သည္။

ေဖ့ခ်န္, " ကိုယ္သာ မင္းကို ျပင္သစ္အနမ္းေပးလိုက္ရင္ သူမ စိတ္လႈပ္ရွားလြန္းလို႔ မူးေမ့သြားမလားပဲ "

" အဲ့တာဆို က်ေတာ္က ခင္ဗ်ားကို အရင္ေမ့လဲသြားေအာင္ ရိုက္မွာ "

'ေထာင္လႊားမႈမရိွတဲ့ အုပ္ခ်ဳပ္ေရးမွဴး ဥယ်ာဥ္'ထဲကေန လမ္းေလ်ွာက္ထြက္လာလိုက္ၿပီး တက္ဆီငွားကာ ေက်ာက္တံုးလမ္းမွာရိွတဲ့ 'ေပ်ာ္ရႊင္ဖြယ္ ပင္လယ္ျပာ ရုပ္ရွင္ရံု'ဆီကို ထြက္လာခဲ့ၾကသည္။ ရုပ္ရွင္ရံုေရာက္ေတာ့ နန္ဟြိုင္လင္က လက္မွတ္သြားထုတ္လိုက္ၿပီး ေဖ့ခ်န္ကေတာ့ ေျပာင္းဖူးေပါက္ေပါက္ႏွင့္အခ်ိဳရည္ဝယ္ဖို႔ ထြက္သြားသည္။

စေနေန့ျဖစ္ေသာ္လည္း ဒီအခ်ိန္မွာ ရုပ္ရွင္လာၾကည့္တဲ့သူ အမ်ားႀကီးမရိွေပ..ဒါမွမဟုတ္ ဒီရုပ္ရွင္က နာမည္မႀကီးတာလည္း ျဖစ္ခ်င္ျဖစ္ႏိုင္တယ္။ ဘယ္လိုအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ ႀကီးမားတဲ့ရုပ္ရွင္ရံုႀကီးထဲမွာ လူဆယ္ေယာက္ေက်ာ္ေက်ာ္ ဒါမွမဟုတ္ အေယာက္ႏွစ္ဆယ္ေလာက္ပဲ ရိွသည္။

ေဖ့ခ်န္က သူ႔ကို ေနာက္ဆံုးတန္းမွာ ထိုင္ေစခ်င္ေနေပမယ့္ ေဖ့ခ်န္ရဲ့အႀကံဆိုးႀကီးကို သူ မသိပဲရိွမလား။ ဟုတ္တာေပါ့..အဲ့တာေၾကာင့္ သူျငင္းဆိုလိုက္ၿပီး အလယ္တန္းမွာ ထိုင္ဖို႔ ေရြးခ်ယ္လိုက္သည္။ ထို႔ေၾကာင့္ ေဖ့ခ်န္မွာ သူ႔ေနာက္ကလိုက္ၿပီး ထိုင္ဖို႔ကလြဲရင္ တျခားေရြးခ်ယ္စရာမရိွေတာ့ေပ။

" က်ေတာ္ ေျပာၪီးမယ္ " နန္ဟြိုင္လင္ အသံတိုးကာ ေျပာလိုက္သည္။ " ဒီရုပ္ရွင္ရံုထဲမွာ ေမွာင္ေနတာေတာင္ျမင္ရတဲ့ေစာင့္ၾကည့္ေရးကင္မရာရိွတယ္..အဲ့တာက 360ဒီဂရီမို႔လို႔ ကြယ္ေနတဲ့ေနရာလည္း မရိွဘူး...ခင္ဗ်ားလုပ္တဲ့ အရာမွန္သမ်ွကို သူတို႔က ေစာင့္ၾကည့္ေရးအခန္းထဲကေန အကုန္ျမင္ေနရတယ္ "

ေဖ့ခ်န္က အခ်ိန္အေတာ္အၾကာ တိတ္ဆိတ္သြားၿပီးမွ ဆိုလာ၏။ " မင္းကိုၾကည့္ရတာ အေတြ့အႀကံဳအမ်ားႀကီးရိွတဲ့ပံုပဲ "

နန္ဟြိုင္လင္ ေဖ့ခ်န္ကိုၾကည့္ရင္း ၿပံဳးကာေျပာလိုက္သည္။ " ဒီအခ်ိန္လြန္ေနတဲ့ ရွာလကာရည္ႀကီးကို မေသာက္လို႔ မရဘူးလား? "

" ကိုယ္ ဂရုမစိုက္ပါဘူး ... မင္း အျခားတစ္ေယာက္နဲ႔လုပ္ခဲ့ဖူးတယ္ဆိုရင္ေတာင္မွပဲ အခုေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ္နဲ႔ပဲ ထပ္လုပ္ရေတာ့မွာေလ "

" ကေလးဆန္လိုက္တာ " နန္ဟြိုင္လင္ ေျပာင္းဖူးေပါက္ေပါက္တစ္ခုကို ယူၿပီး သူ႔ပါးစပ္ထဲ ထည့္ဖို႔ျပင္လိုက္သည္။ " အ့...."

ေဖ့ခ်န္က ပါးစပ္ကိုဖြင့္ကာ ေပါက္ဖူးေပါက္ေပါက္ကိုင္ထားတဲ့နန္ဟြိုင္လင္လက္ကို ယူလိုက္ၿပီး သူ႔လ်ွာထိပ္ဖ်ားေလးကိုထုတ္ကာ ညင္သာစြာ လ်က္လိုက္သည္။

ေဖ့ခ်န္လ်က္လိုက္တဲ့ေနရာတစ္ဝိုက္က တရြရျြဖစ္လာတာေၾကာင့္ သူ႔လက္ကို အျမန္ဆြဲယူၿပီး  မပြင့္တပြင့္ၿပံဳးကာဆိုလိုက္သည္။ " က်ေတာ္ အေပါ့သြားၿပီးေတာ့ လက္ေဆးဖို႔ေမ့သြားတယ္"

" ကိုယ္က မင္းတစ္ကိုယ္လံုးကို ငံုထားဖူးၿပီးသားေလ...ဒီကိစၥေလာက္ကို ဘာလို႔စိတ္ထဲထားေနရၪီးမွာလဲ? ဟန္နီ...မင္းက အရိုင္းေလး(အျဖဴထည္)ပဲ "

နန္ဟြိုင္လင္ လက္အျပည့္ျဖင့္ ေပါက္ေပါက္တစ္ခ်ိဳ႕ကို အျမန္ကုတ္ယူကာ ေဖ့ခ်န္ရဲ့ ေပါက္တက္ကရစကားေတြပဲထြက္ေနတဲ့ပါးစပ္ ပိတ္သြားေစဖို႔ ထိုးထည့္ေပးလိုက္သည္။

ထိုအခါ သူတို႔ေရ႔ွက ႏွစ္တန္းေျမာက္ေလာက္မွာထိုင္ေနတဲ့ ေကာင္ေလးတစ္ေယာက္က သူတို႔ကို ေခါင္းလွည့္ကာၾကည့္လာေလ၏။ ထို႔ေၾကာင့္ နန္ဟြိုင္လင္ လ်ွင္ျမန္စြာ ခႏၶာကိုယ္အားေအာက္ကို ေလ်ွာခ်လိုက္ၿပီး သူ႔ေရ႔ွက ခံုႏွင့္ကြယ္ထားကာ ေဖ့ခ်န္ဘက္လွည့္ၾကည့္လိုက္ေတာ့ ေဖ့ခ်န္က အိမ္ေမြးဟမ္းစတား(ႂကြက္မ်ိဳးႏြယ္ဝင္)ေပါက္စေလးလို ပါးႏွစ္ဖက္နဲ႔အျပည့္ ေျပာင္းဖူးေပါက္ေပါက္ေတြ ဝါးစားေနရတာေၾကာင့္ သူ ထပ္မံၿပီး ရယ္လိုက္မိျပန္သည္။

ရုပ္ရွင္က တိုေတာင္းတဲ့အခ်ိန္အတြင္းမွာပဲ စတင္ျပသလာခဲ့သည္။

ရုပ္ရွင္က မႈခင္းဇာတ္ကားမ်ိဳးျဖစ္ၿပီး ဇာတ္လမ္းအစမွာေတာ့ ေတာ္ေတာ္ကို စိတ္လႈပ္ရွားဖို႔ေကာင္းေန၏။ သိုေပမယ့္ ဟီးရိုးက ခ်စ္မိသြားတဲ့အခ်ိန္မွာ ဇာတ္လမ္းအရသာက ေပါ့ပ်က္လာခဲ့ၿပီး ရွစ္နာထိုးမွာျပသတဲ့ ဒရမ္မာဇာတ္ကားမ်ားႏွင့္ တေျဖးေျဖးဆင္တူလာခဲ့သည္။ ကားအက္စီးဒင့္ေတျြဖစ္တယ္၊ အတိတ္ေမ့တယ္၊ ဟီးရိုးက အရက္ေတြေသာက္တယ္ ၿပီးေတာ့ ဘားမွာ ေယာက္်ားေလးျပည့္တန္ဆာေပါက္စေလးနဲ႔ဆံုတယ္....ထိုအခ်ိန္ခနတြင္းမွာပဲ ရုပ္ရွင္ရံုထဲမွာ ဇာတ္ရိွန္တက္တဲ့လိႈင္းအနည္းငယ္ က်ေရာက္သြားေတာ့သည္။

" ခ်ီးပဲ...ေယာက္်ားေလးညငွက္ေလးအျဖစ္ သရုပ္ေဆာင္တာ နန္ဟြိုင္လင္ မလား "

" ေစာက္ရမ္းမ်ားသြားၿပီေနာ္! နတ္ဘုရားက သူ႔ရဲ့ဖင္ေတြကိုျပေနတယ္..ဗီဒီယိုရိုက္ထားၾက! "

" ငါ ႏွာေခါင္းေသြးယိုေတာ့မယ္..နတ္ဘုရားရဲ့ဖင္က ျဖဴေဖြးၿပီး လံုးဝန္းေနတာပဲဟ! "

နန္ဟြိုင္လင္, "....."

ၾကည့္ရတာ ဒါကို သူ႔ရဲ့ အနက္ေရာင္ရာဇဝင္တစ္ခုအျဖစ္မွတ္ယူသင့္ၿပီထင္တယ္။

ေဖ့ခ်န္က သူ႔နားကပ္ကာ တိုးဖြဖြေျပာလာသည္။ " ကိုယ္ မင္းဖင္ေလးကိုၾကည့္မိလိုက္လို႔..ပထမဆံုးညႏွစ္ညမွာ ေနြၪီးအိပ္မက္ေတြမက္ခဲ့ၿပီး တတိယညမွာေတာ့ မင္းနဲ႔တကယ္အိပ္ခဲ့ရတယ္..ကိုယ္က အရမ္းကံေကာင္းတဲ့လူပဲေနာ္ "

" ပါးစပ္ပိတ္ထား " နန္ဟြိုင္လင္ အသံထိန္းကာေျပာလိုက္သည္။

" အခုေမွာင္ေနတယ္..မင္း ကိုယ့္ကိုတစ္ခုခု မလုပ္သင့္ဘူးလား? "

" ဒါဆို အဆင္ေျပလား? " နန္ဟြိုင္လင္ ေဖ့ခ်န္ကို ျဖတ္ကတက္ဆန္းႏိုင္စြာ အနမ္းတစ္ခုေပးလိုက္သည္။

ေဖ့ခ်န္က အေျဖေတာင္ ျပန္မေပးေတာ့ဘဲ သူ႔ကို ထိုင္ခံုေပၚအတင္းဖိကာ နက္နက္ရိႈင္းရိႈင္း နမ္းလာေတာ့သည္။

ေဘးက တျခားသူေတြရဲ့အာရံုကို ပိုၿပီးဆြဲေဆာင္မိသလိုျဖစ္သြားမွာ စိုးရိမ္တာေၾကာင့္ နန္ဟြိုင္လင္ ျပန္ၿပီးေတာ့ မခုခံရဲေပ။ ထို႔အျပင္ နမ္းေနတာေၾကာင့္ မ်က္ႏွာေတြက ကြယ္ေနၿပီး ေစာင့္ၾကည့္ခန္းထဲက ၾကည့္ရင္ေတာင္ မျမင္ႏိုင္တာေၾကာင့္ သူ ေဖ့ခ်န္နမ္းတာကို ခြင့္ျပဳထားလိုက္သည္။

မၾကာခင္မွာပဲ ေဖ့ခ်န္က သူ႔ကို လြတ္ေပးလိုက္ၿပီး ပင့္သက္ရိႈက္ကာ ေျပာလာသည္။ " ေဘဘီ..ကိုယ္ အပူမိသြားၿပီထင္တယ္..ကိုယ္ မင္းကို တစ္ခ်ိန္လံုး အရသာခံလို႔မရဘူးေလ..အခု ဘယ္လိုလုပ္ရမလဲ? "

" ေအးေအာင္ ျပန္လုပ္ " နန္ဟြိုင္လင္ သြားႀကိတ္ကာ ေျပာလိုက္သည္။

ေဖ့ခ်န္က အရမ္းအေနွာက္အယွက္ေပးတာေၾကာင့္ ဇာတ္လမ္းရဲ့အဓိက ဇာတ္ကြက္ကိုလြတ္သြားေတာ့သည္။ ဇာတ္လမ္းသေဘာတရားကို အမ်ားႀကီးနားမလည္လိုက္ေပမယ့္ ေနာက္ဆံုးအပိုင္းမွာ ရွန္ခ်ဳန္းႏွင့္ ဗီလိန္ ယွဥ္ၿပီး အေသအေၾကတိုက္ခိုက္ၾကတဲ့ ဇာက္ကြက္က အရမ္း ေဟာ့ေနၿပီးၾကည့္​ေကာင္းလြန္းၾကတာေၾကာင့္ လက္မွတ္ဖိုးပိုက္ဆံအတြက္ တန္တယ္လို႔ ေျပာလို႔ရသည္။

ရုပ္ရွင္ရံုကေန ထြက္လာၾကေတာ့ ေဖ့ခ်န္ကေမးလာသည္။ " ေနာက္ထပ္ ဘယ္ေနရာသြားၾကမလဲ? "

" အိမ္ပဲျပန္မယ္..ခင္ဗ်ားက ေယာကၡမေတြေရ႔ွဆို ဘာမွမလုပ္ဘူးေလ  "

အံ့ၾသစရာေကာင္းစြာပဲ ေဖ့ခ်န္က မျငင္းဆိုလာခဲ့ေပ။ " အိုေကေလ..ကိုယ္ကေတာ့ မင္းသေဘာပဲ "

သူတို႔ အိမ္ကိုေရာက္ေရာက္ခ်င္းပဲ နန္ဟြိုင္လင္ကို သူ႔ရဲ့ဖန္ေတြက ဝန္းရံထားၾကေတာ့သည္။

ေအာက္ထပ္မွာ အန္တီက်န္းရဲ့သမီး ေရွာင္ေရွာင္က သူ႔သူငယ္ခ်င္းအုပ္လိုက္ႀကီးကို အိမ္သို႔ေခၚခ်လာၿပီး နန္ဟြိုင္လင္ တံခါးကျဖတ္ၿပီး ဝင္လာလာခ်င္းပဲ သူတို႔က စုၿပံဳတိုးၾကေတာ့သည္။

ေဖ့ခ်န္ နန္ဟြိုင္လင္ကို ထားခဲ့လိုက္ၿပီး အေပၚထပ္သို႔ ေျပးတက္လာခဲ့သည္။

ကန္းေရွာင္ရံုက မီးဖိုေခ်ာင္ထဲမွာ ညစာခ်က္ေနတာေၾကာင့္ ေဖ့ခ်န္ သူမဆီသြားလိုက္သည္။ " အေမ...က်ေတာ္ ကူလုပ္ေပးမယ္ "

" ေတာ္ပါၿပီကြယ္ " ကန္းေရွာင္ရံုက ၿပံဳးကာဆိုလာသည္။ " ဒီေနရာက လူႏွစ္ေယာက္ရပ္ဖို႔ က်ဥ္းလြန္းတယ္ကြဲ႔  ...မင္းအခန္းကိုပဲျပန္ေတာ့ ဒီမွာေနရင္ ဆီနံ႔ေတြ မီးခိုးနံ႔ေတြစြဲလိမ့္မယ္ "

တကယ္ေတာ့ ေဖ့ခ်န္က အဆီႏွင့္မီးခိုးနံ႔ေတြကို ႀကိဳက္ပါတယ္ ဘာလို႔လဲဆိုေတာ့ မီးခိုးေတြ၊ အခိုးအေငြ့ေတျြပည့္ေနတာကပဲ လူသားေတြရဲ့ ပင္ကိုဘဝပဲေလ

ေဖ့ခ်န္က နံရံကိုမွီကာ ၿခံဝင္းထဲမွာ ဖန္ေတြနဲ႔အတူ ဓာတ္ပံုရိုက္ေပးေနတဲ့ နန္ဟြိုင္လင္ကို ၾကည့္ေနရင္း သူ႔ ႏႈတ္ခမ္းေထာင့္စြန္းမ်ားၾကားမွာ ညင္သာလွေသာအၿပံဳးႏုႏုေလးက ထြက္ေပၚလာခဲ့သည္။

" မင္း လင္းလင္းနဲ႔ ဘယ္လိုဆံုခဲ့တာလဲ? " ကန္းေရွာင္ရံုက ေမးလာသည္။

ေဖ့ခ်န္က ၿပံဳးကာဆိုလာသည္။ " က်ေတာ္တို႔ ေျမေအာက္ရထားေပၚမွာ ဆံုၾကတာ...သူက က်ေတာ့္ေရ႔ွမွာ မတ္တပ္ရပ္ေနတာေလ..ဒါေပမယ့္ သူ႔ကို လူတစ္ေယာက္က တိုက္သြားတာေၾကာင့္ မေတာ္တဆ က်ေတာ့္လက္ေမာင္းၾကားထဲကို လဲက်လာတာ...အဲ့လိုနဲ႔ က်ေတာ္တို႔ေတြ့ခဲ့ၾကတာ...အဲ့ဒီေနာက္လည္း မၾကာခနဆံုျဖစ္ၾကတယ္..ၿပီးေတာ့ က်ေတာ္ သူ႔ေနာက္ကို ေတာက္ေလ်ွာက္မရပ္မနားလိုက္ရာကေန က်ေတာ္ကို ခ်စ္သူေတျြဖစ္သြားၾကတာ "

" ဒါက ဇာတ္လမ္းေတြထဲမွာပဲ ျဖစ္ပ်က္တာမ်ိဳးနဲ႔ တူေနတာပဲ "

ေဖ့ခ်န္က ခနရပ္တန္႔သြားၿပီး ၿပံဳးကာ ဆိုလာသည္။ " က်ေတာ္ အခုစဥ္းစားၾကည့္ေတာ့..က်ေတာ္ သူ႔ကို ျမင္ျမင္ခ်င္းပဲ ခ်စ္ခဲ့မိတယ္ထင္တယ္ "

သူတို႔ရဲ့ ပထမဆံုးေတြ့ဆံုမႈမွာ ျဖစ္ေပၚလာတဲ့ ေပ်ာ္ရႊင္မႈေသးေသးေလးက အနာဂတ္မွာ လႈပ္လႈပ္ရြရြနဲ႔ လ်င္ျမန္စြာပ်ံ့ႏွံ႔လာခဲ့တာျဖစ္သည္။ သူ နန္ဟြိုင္လင္ကို အရူးအမူး ဖက္တြယ္ခ်င္ခဲ့အခ်ိန္၊ ပိုင္ဆိုင္ခ်င္ခဲ့တဲ့အခ်ိန္၊ သူ႔ရဲ့က်န္ရိွတဲ့ဘဝအခ်ိန္ေတြမွာ အတူပါဝင္ေစခ်င္ခဲ့တဲ့အခ်ိန္၊ သူ႔ကို ကမ႓ာေပၚမွာရိွတဲ့ အနက္ရိႈင္းဆံုးအခ်စ္ေတြကို ေပးခ်င္ခဲ့တဲ့အခ်ိန္မွာ ဒါေတြအားလံုးက သတိမထားမိလိုက္တဲ့အခ်ိန္အတြင္းမွာပဲ အခ်စ္ဆိုတဲ့ေခါင္းစဥ္တစ္ခုအျဖစ္ ေျပာင္းလဲသြားတာျဖစ္မယ္...

ကန္းေရွာင္ရံုက ညစာစားဖို႔အတြက္ မေခၚခင္ေလးမွာပဲ နန္ဟြိုင္လင္က လူအုပ္ၾကားထဲက လြတ္ေျမာက္လာခဲ့သည္။ ဓာတ္ပံုရိုက္ေနတဲ့အခ်ိန္အတြင္းမွာ သူက ၿပံဳးရလြန္းလို႔ မ်က္ႏွာတစ္ခုလံုးေတာင့္တင္းေနေတာ့သည္။

" ဒီေန့ ဘယ္ေတြသြားခဲ့ၾကလဲ? " ကန္းေရွာင္ရံုက ေမးလာခဲ့သည္။

" ရွန္ထန္းလမ္းရယ္၊ ကြမ္ခ်န္းလမ္းရယ္၊ ေထာင္လႊားမႈမရိွတဲ့ အုပ္ခ်ဳပ္ေရးမႈးဥယ်ာဥ္ရယ္ သြားခဲ့တယ္ " ေဖ့ခ်န္က ျပန္ေျဖလာခဲ့သည္။ " ၿပီးေတာ့ က်ေတာ္တို႔ 'ရိွလု'မွာလည္း ရုပ္ရွင္သြားၾကည့္ခဲ့တယ္ "

နန္ဇြင္းရွန္က ထိုစကားကို ထုတ္မေျပာမိဖို႔ ထိန္းမထားႏိုင္ခဲ့ေပ။ " ၾကည့္ရတာ မင္းတို႔သြားတဲ့ေနရာေတြ အကုန္လံုးက ခရီးသြားေတြ လည္ပတ္တဲ့ေနရာေတြပါလား "

ထိုအခါ နန္ဟြိုင္လင္က ရယ္ေမာကာ ေျပာလာသည္။ " သူက ႏိုင္ငံျခားကလာတဲ့ ခရီးသြားေလ...က်ေတာ္က တိုးဂိုက္ "

ညစာစားၿပီးေနာက္ နန္ဟြိုင္လင္ႏွင့္ေဖ့ခ်န္က ပန္းကန္ေတြ အတူတူေဆးေနၾကသည္။

နန္ဇြင္းရွန္ႏွင့္ ကန္းေရွာင္ရံုက ဧည့္ခန္းထဲမွာထိုင္ၿပီး တီဗြီၾကည့္ေနၾကေပမယ့္ သူတို႔ရဲ့စိတ္ကေတာ့ တီဗြီေပၚတြင္ ရိွမေနၾကေပ။ အျပင္ဘက္မွာ ပန္းကန္ေဆးရင္း ေဆာ့ေနၾကတဲ့ လူႏွစ္ေယာက္က တီဗြီေပၚကအေၾကာင္းအရာထက္ ပိုၿပီး စိတ္ဝင္စားဖို႔ေကာင္းေန၍ ျဖစ္သည္။

ပန္းကန္ေတြေဆးေၾကာၿပီးေနာက္ သူတို႔ႏွစ္ေယာက္က မိဘေတြနဲ႔အတူ တီဗြီၾကည့္ဖို႔ ဧည့္ခန္းထဲကို ဝင္လာလိုက္ၾကသည္။

ေယာကၡမေတြရဲ့ မ်က္လံုးထဲမွာေတာ့ ခနေလာက္လက္ေလးသြားကိုင္လိုက္၊ ခါးေသးေသးေလးကို ဖက္လိုက္လုပ္ေနတဲ့ ေဖ့ခ်န္ရဲ့ က်ီစယ္ေနမႈေတြကို ကြက္ကြက္ကြင္းကြင္းကို ျမင္လာရတာေၾကာင့္ သူတို႔က ေဖ့ခ်န္တို႔ကို မၾကည့္ခ်င္ၾကေတာ့ေပ။ ထို႔ေၾကာင့္ သူတို႔လည္း အခန္းဆီကို ျပန္လာလိုက္ၾကသည္။

ဒီေန့ တစ္ေနကုန္အျပင္မွာ ေလ်ွာက္လည္ခဲ့ၾကတာေၾကာင့္ နန္ဟြိုင္လင္ ပင္ပန္းေနၿပီး မအိပ္ခင္ ေရခ်ိဳးခ်င္လာသည္။ ထိုေၾကာင့္ သူ ေရအရင္ခ်ိဳးလိုက္ၿပီး ေဖ့ခ်န္က သူေရခ်ိဳးၿပီးမွ ေရခ်ိဳးခန္းထဲဝင္သြားသည္။ ေဖ့ခ်န္ ေရခ်ိဳးၿပီးျပန္ထြက္လာေတာ့ သူက အနည္းငယ္ အိပ္ေပ်ာ္လုနီးပါးေတာင္ ျဖစ္ေနေတာ့သည္။

ေဖ့ခ်န္က ကုတင္ေပၚတက္လာၿပီး သူ႔ဖုန္းနဲ႔ ဂိမ္းေဆာ့ေနတာေၾကာင့္ နန္ဟြိုင္လင္ ေမးလိုက္သည္။ " ခင္ဗ်ား မအိပ္ခ်င္ဘူးလား? "

" အင္း...မင္းကေတာ့ ေစာေစာအိပ္ေတာ့ "

" အင္း " နန္ဟြိုင္လင္ ျပန္ေျဖလိုက္ၿပီး ေဖ့ခ်န္ဘက္ကို ေက်ာေပးကာ မ်က္လံုးေတြမိွတ္ၿပီး အိပ္လိုက္သည္။

ဒါေပမယ့္ ဘာလို႔လဲမသိ သူအိပ္လို႔မရေတာ့ေပ။

တစ္ခုခုလိုအပ္ေနတယ္လို႔ ခံစားေနရသည္။

သူ ခႏၶာကိုယ္ကို ျပန္လိွမ့္ကာ ေဖ့ခ်န္ ရင္ဘက္ေပၚ မွီလိုက္ၿပီး " ခင္ဗ်ား ဂိမ္းေဆာ့နဲ႔ေတာ့ "

ေဖ့ခ်န္က သူ႔ဖုန္းကိုပဲ ၾကည့္ေန၏။ " ဒါၿပီးေအာင္ ေဆာ့လိုက္ၪီးမယ္ "

နန္ဟြိုင္လင္ ခနေလာက္ ေစာင့္ေနေပမယ့္လည္း ေဖ့ခ်န္က ဂိမ္းေဆာ့တာ မရပ္ေသးတာေၾကာင့္ သူ ေဖ့ခ်န္ကို ထပ္ေခၚလိုက္သည္။

" ေဖ့ခ်န္ "

" ဟမ္? " ေဖ့ခ်န္က သူ႔ကို ဂရုေတာင္မစိုက္ဘဲ ျပန္ေျဖလာသည္။

နန္ဟြိုင္လင္ လက္ေျမာက္လိုက္ၿပီး ေဖ့ခ်န္နားကို အုပ္ကိုင္ကာ သာသာေလး ဆြဲပြတ္လိုက္သည္။ " ရပ္ေတာ့ "

သူလုပ္တာ ေအာင္ျမင္ခါနီးမွာ ေဖ့ခ်န္က ဖုန္းကို ေဘးသို႔ ပစ္ခ်လိုက္ၿပီး ခႏၶာကိုယ္ကိုလိွမ့္ကာ နန္ဟြိုင္လင္ကို သူ႔ကိုယ္ေအာက္မွာ ဖိထားကာ ႏႈတ္ခမ္းပါးေပၚက အၿပံဳးသဲ့သဲ့ႏွင့္အတူ ေမးျမန္းလာသည္။ " မင္းဘာလိုခ်င္လို႔လဲ? "

နန္ဟြိုင္လင္ ဘာမွမေျပာဘဲ ေဖ့ခ်န္ လည္ပင္းကို လက္ႏွစ္ဖက္ျဖင့္ သြယ္ဖက္လိုက္ကာ အနမ္းေပးဖို႔ ေရ႔ွတိုးလာလိုက္သည္။ ထိုအခါ ေဖ့ခ်န္ကလည္း သူ႔ကို ညင္သာစြာ ျပန္နမ္းလာေပမယ့္ တျခားဘာမွ ထပ္မလုပ္လာခဲ့ေပ။ ထို႔ေၾကာင့္ နန္ဟြိုင္လင္ ရပ္လိုက္ၿပီး ေဖ့ခ်န္ကို ဇေဝဇဝါျဖင့္ ျပန္ၾကည့္လိုက္သည္။

ေဖ့ခ်န္ကလည္း သူ႔ကိုၾကည့္လာၿပီး အနည္းငယ္ ၾသရွတဲ့အသံျဖင့္ ဆိုလာသည္။

" ကိုယ့္ကို ရွင္းရွင္းလင္းလင္းေျပာ...မင္း ဘာလိုခ်င္တာလဲ? "

ထိုအခါမွ ဒီလူႀကီးက သူ႔ကို ရည္ရြယ္ခ်က္ရိွရိွ လွည့္စားေနတယ္ဆိုတာ နန္ဟြိုင္လင္ သိသြားေတာ့သည္။ ဘာလို႔လဲဆိုေတာ့ ေန့လည္တုန္းက သူ ေဖ့ခ်န္ကို မေပးခဲ့ဘူးေလ..ဆိုေတာ့ အခု ေဖ့ခ်န္က သူ႔အေပၚ တူညီအရာျပန္လုပ္ေနတာလား?

နန္ဟြိုင္လင္ အရင္ကတည္းကစ သူ႔ဘက္ေနကစၿပီး လိင္ကိစၥအတြက္ေတာင္းဆိုတာမ်ိဳး တခါမွမလုပ္ဖူးခဲ့ေပ။ ထို႔ေၾကာင့္ တစ္ခုခုေျပာဖို႔အတြက္ သူ အနည္းငယ္ေတာ့ ရွက္ေနမိသည္။ မၾကာခင္မွာပဲ နန္ဟြိုင္လင္ရဲ့ မ်က္ေတာင္ေမႊးအရွည္ႀကီးေတြက ငံု႔ဆင္းသြားၿပီး အခ်ိန္အေတာ္အၾကာႀကီး မသဲမကြဲစကား​ေတြေျပာေနကာ ေနာက္ဆံုးမွ တိုးဖြေသာ စကားတစ္ခြန္း ထြက္ေပၚလာေတာ့သည္။

" က်ေတာ္ ခင္ဗ်ားကို လိုခ်င္တယ္ "

ေဖ့ခ်န္က သူ႔ေမးေစ့ကို လက္ႏွစ္ဖက္ျဖင့္ ပင့္မထားကာ အနမ္းေပးလာၿပီး ညို႔အားျပင္းတဲ့အသံနိမ့္နိမ့္ျဖင့္ ေျပာလာသည္။ " မင္း..'အေမတစ္ခု၊ သားတစ္ခု'ရဲ့ခံစားခ်က္ကို နားလည္ထားရမယ္...ကိုယ္က အခု မင္းရဲ့တစ္ကိုယ္လံုးကို စားလို႔ရတဲ့ေနရာမွာေရာက္ေနၿပီ...ကိုယ့္ရဲ့ေခါင္းထဲမွာ မင္းကိုလုပ္ခ်င္တဲ့အေတြးကလြဲၿပီး ဘာမွမရိွေတာ့ဘူး...ဒီကမ႓ာမွာ ကိုယ္တို႔ႏွစ္ေယာက္ပဲ ရိွရင္ သိပ္ေကာင္းမယ္..မင္းႏွင့္ကိုယ္ပဲ...ဘယ္သူမွ ကိုယ္တို႔ကို အေနွာင့္အယွက္လာေပးလို႔မရဘူး...အဲ့လိုဆို ကိုယ္ မင္းကို ႀကိဳက္သေလာက္ နမ္းလို႔လည္းရတယ္၊ ခ်စ္လို႔လည္း ရတယ္...ကိုယ္ မင္းနားကေန တစ္စကၠန္႔ေလးေတာင္ ခြဲမေနခ်င္ဘူး "

{ TN/ 'အေမတစ္ခု သားတစ္ခု' = မင္းမွာ ကိုယ္ပဲရိွသလို ကိုယ့္မွာလည္း မင္းပဲရိွတယ္(ဒီသေဘာေျပာခ်င္တာ ျဖစ္ပါလိမ့္မယ္ }

နန္ဟြိုင္လင္ အံ့ၾသသြားရသည္။ " ဒါဆို အဲ့ဒီညက....ခင္ဗ်ားရဲ့ ပထမဆံုးအႀကိမ္လား? "

ေဖ့ခ်န္ အနည္းငယ္ အရွက္ရၿပီး မ်က္ႏွာပူသလို ခံစားလိုက္ရသည္။ " အမ္...."

နန္ဟြိုင္လင္က ဘာမွမေျပာဘဲ ေဖ့ခ်န္ကို မ်က္ေတာင္မခက္ စိုက္ၾကည့္ေန၏။

ေဖ့ခ်န္က နန္ဟြိုင္လင္ အၾကည့္ေတြေၾကာင့္ အနည္းငယ္ စိတ္ဒုကၡျဖစ္လာၿပီး ထိုသူ႔အား ျပင္းထန္စြာ ျပန္စိုက္ၾကည့္လိုက္၏။ " အဲ့လိုဆက္ၾကည့္ေနရင္..ကိုယ္ မင္းကို စားေတာ့မွာ!"

" စားေလ " နန္ဟြိုင္လင္က ခပ္ဖြဖြရယ္ကာ ဆိုလာ၏။

ထိုေၾကာင့္ ေဖ့ခ်န္ လႈပ္ရွားမႈေတြ ရပ္တန္႔သြားၿပီး " ေယာကၼႀကီးေတြ​ ၾကားမွာ မင္း မေၾကာက္ဘူးလား? "

နန္ဟြိုင္လင္က ေဖ့ခ်န္အက်ႌေအာက္ လက္လ်ိႈဝင္ကာ သြားစလိုက္ၿပီး " သူတို႔က တီဗြီၾကည့္ေနတာ ၾကားမွာ မဟုတ္ဘူး "

ေဖ့ခ်န္က သူ႔ကို ေခါင္းငံု႔ကာ နမ္းလာၿပီး ခနၾကာေတာ့ ျပန္ရပ္သြားကာ အၿငိဳးထားစြာေမးလာသည္။

" မင္း ေနာက္ခါ ကိုယ့္ကိုေရွာင္ၪီးမွာလား? "

နန္ဟြိုင္လင္က ေခါင္းကို အသာအယာ လႈပ္ယမ္းလိုက္ၿပီး ရွက္ရြံ႔စြာေျပာလာ၏။

" ခင္ဗ်ားႀကိဳက္သလို လုပ္လို႔ရတယ္....ခင္ဗ်ား သေဘာ "

ထိုသို႔ျဖင့္ လူႏွစ္ေယာက္က အိပ္ယာထဲမွာ အခ်ိန္အေတာ္အၾကာ လူးလိွမ့္ေနၾကၿပီး တီဗြီကလာတဲ့အသံေတြ ရပ္တန္႔သြားေတာ့ ေရခ်ိဳးခန္းထဲကို ေနရာေျပာင္းလိုက္ၾကၿပီး ထို႔ေနာက္မွ အိပ္ယာေပၚသို႔ ျပန္ေရာက္လာၾက၏။ နန္ဟြိုင္လင္က စိတ္ေက်နပ္သြားတဲ့ေၾကာင္ေလးတစ္ေကာင္လို ေဖ့ခ်န္လက္ေမာင္းထဲမွာ ေခြလွဲရင္း လ်င္ျမန္စြာ အိပ္ေပ်ာ္သြားေတာ့သည္။

ေနာက္တစ္ေန့တြင္ နန္ဟြိုင္လင္က သူ႔မိဘေတြကို ေဖ့ခ်န္အား အျပင္လိုက္ပို႔မယ္လို႔ ​​ခြင့္ေတာင္းထားခဲ့ၿပီး တကယ့္လက္ေတြ့တြင္ေတာ့ ဟိုတယ္သို႔ တက္ဆီျဖင့္ သြားကာ အဆင့္ျမင့္အခန္းတစ္ခုကို ငွားၿပီး တစ္ေနကုန္ အခန္းထဲမွာပဲ အခ်ိန္ကုန္ကာ အိမ္ကို ညစာစားခ်ိန္အမွီမွပဲ ျပန္လာၾကေတာ့သည္။

ညစာစားၿပီးေနာက္ သူတို႔က မိဘေတြႏွင့္အတူ တီဗြီရိႈးႏွစ္ခုကို စိတ္ေအးခ်မ္းစြာထိုင္ၾကည့္ၿပီးမွ သူတို႔အိပ္ခန္း အသီးသီးဆီကို ဝင္လာခဲ့ၾကသည္။

နန္ဟြိုင္လင္က မၾကာခင္မွာပဲ အိပ္ေပ်ာ္သြားေပမယ့္ ေဖ့ခ်န္ကေတာ့ စိတ္လႈပ္ရွားေနတာေၾကာင့္ ညတစ္ဝက္ေလာက္ထိ အိပ္မေပ်ာ္ႏိုင္ခဲ့ေပ။ သူ နန္ဟြိုင္လင္ကို မနက္ ခုႏွစ္နာရီထိုးမွာ ႏိုးလိုက္ၿပီး ေအာက္ထပ္သို႔ သယ္လာကာ ေရခ်ိဳး၊ အဝတ္အစားလဲေပးလိုက္ၿပီး မိသားစု မွတ္ပံုတင္ကဒ္ကို ယူကာ အိမ္ကေန အေလာတႀကီး ထြက္လာခဲ့သည္။

သူတို႔ လက္ထပ္မွတ္ပံုတင္ရံုးကို အျမန္ဆံုးအခ်ိန္နဲ႔ ေရာက္ရိွသြားခ်ိန္မွာ ရံုးက ဖြင့္ေတာင္ မဖြင့္ေသးေပ။ ဒါေပမယ့္ သူတို႔ေဘးမွာရိွတဲ့ မိတၲူဆိုင္ႏွင့္ ဓာတ္ပံုစတူရီယိုက ဖြင့္ေနၿပီျဖစ္သည္။

ထို႔ေနာက္ ေဖ့ခ်န္က လုပ္စရာရိွတာေတြကို ရွင္းလင္းစြာ လုပ္ေဆာင္ေတာ့သည္။ သူက နန္ဟြိုင္လင္ကို မိသားစုမွတ္ပံုတင္စာအုပ္ မိတၲူကူးဖို႔နဲ႔ ဓာတ္ပံုရိုက္ဖို႔ ဆြဲေခၚသြားေတာ့သည္။

ထို႔ေၾကာင့္ လက္ထပ္မွတ္ပံုတင္ရံုးထဲကို လမ္းေလ်ွာက္ၿပီး အနီေရာင္စာအုပ္ႏွစ္အုပ္ယူကာ ျပန္ထြက္လာေတာ့ စုစုေပါင္းအခ်ိန္က ဆယ္မိနစ္ထပ္ေတာင္ ေလ်ာ့နည္းေနေသး၏။ ၄က အရမ္းကို ျမန္ဆန္လြန္းတာေၾကာင့္ ေဖ့ခ်န္ အစစ္လို႔ေတာင္ မမွတ္ယူရဲကာ ကိုယ့္ကိုကိုယ္ အိပ္မက္ထဲကေန မႏိုးထေသးတာလားလို႔ သံသယေတာင္ ဝင္သြားခဲ့၏။

ေဖ့ခ်န္က အရူးတစ္ေယာက္လို အရမ္းေပ်ာ္ေနတာေၾကာင့္ နန္ဟြိုင္လင္ကလည္း သူ႔ေဘးကေန တိတ္တိတ္ေလး တခစ္ခစ္နဲ႔ လိုက္ရယ္ေနမိသည္။

" လာပါၪီး " ေဖ့ခ်န္က သူ႔ရဲ့ စိတ္လႈပ္ရွားေနမႈကို ထိန္းမထားႏိုင္ေတာ့ေပ။ " ကိုယ့္ကို ေယာက္်ားလို႔ေခၚ "

သူ ေဖ့ခ်န္ကို ဘယ္တုန္းကမွ ထိုကဲ့သို႔ မေခၚဖူးေပ။ ဒါက ေျပာရမွာ နဲနဲေတာ့ ခက္ေပမယ့္ သူတို႔က အခုတရားဝင္ လက္ထပ္ၿပီးသြားၿပီျဖစ္တာေၾကာင့္ နာမည္ေတြကို ေျပာင္းေခၚသင့္ေနၿပီျဖစ္သည္။ နန္ဟြိုင္က ခနအခ်ိန္ယူကာ အျခတစ္မ်ိဳးေျပာင္းေခၚလာ၏။ " လင္...အိုႀကီး "

ဒီ" လင္ "ဆိုတဲ့ စကားလံုးကို သံုးလိုက္ခ်ိန္မွာ ယခုျဖစ္ေပၚအေနတဲ့အေျခအေနအစစ္အမွန္ကို နန္ဟြိုင္လင္ ျပန္လည္သံုးသပ္မိသြား၏။ ဒီေန့ကစၿပီး ေဖ့ခ်န္က သူ႔ေကာင္ေလးမဟုတ္ေတာ့ဘူး...သူ႔ဘဝတစ္ေလ်ွာက္လံုးမွာ သူနဲ႔အတူတူျဖတ္သန္းေစခ်င္တဲ့ သူ႔ေယာက္်ားျဖစ္သြားၿပီ...

ရုတ္တရက္ နန္ဟြိုင္လင္ ငိုခ်င္လာ၏။ ဒါေပမယ့္ ျပန္ထိန္းထားကာ ေဖ့ခ်န္ကိုဖက္လိုက္ၿပီး တိုးဖြစြာေျပာလိုက္သည္။

" ေယာက္်ားကိုခ်စ္တယ္ "

" ကိုယ္လည္း မင္းကိုခ်စ္တယ္...ဒီကမ႓ာေပၚမွာ မင္းကို အခ်စ္ဆံုးပဲ "

သူတို႔ႏွစ္ေယာက္က Suzhouမွာ ေနာက္တစ္ေန့ ထပ္ေနလိုက္ၿပီး ညေနခင္းမွာ သူတို႔မိဘေတြႏွင့္ ဝမ္းကြဲအစ္ကိုရဲ့ မိသားစုေတြကို  Deyue Houseမွာ ခမ္းနားတဲ့ညစာစားပြဲတစ္ခု က်င္းပလိုက္ၾကသည္။

" ခင္ဗ်ား က်ေတာ့္ကို ဘယ္ကို ေခၚလာတာလဲ?" နန္ဟြိုင္လင္ ေမးလိုက္သည္။

" ဘယ္သူမွ မရိွတဲ့ေနရာ " ေဖ့ခ်န္က လ်ိႈ႔ဝွက္စြာ ျပန္ေျဖလာသည္။

ညက တေျဖးေျဖးနက္လာခဲ့ၿပီး လမင္းႀကီးက ထိန္ထိန္သာလ်က္ကာ ၾကယ္မ်ားက တလက္လက္ေတာက္ပေနၾကသည္။ နန္ဟြိုင္လင္ ကားျပတင္းမွန္ကို ဆြဲခ်လိုက္ရာ ေအးျမတဲ့ညေလေျပေတြက သူ႔ခႏၶာကိုယ္ အစိတ္အပိုင္းတစ္ခုခ်င္းဆီကို ဝင္ေရာက္လာခဲ့သည္။ ဒီအခ်ိန္မွာ ေဖ့ခ်န္က သူ႔ကို ကမ႓ာေျမအဆံုးကိုေခၚသြားမယ္ဆိုရင္ေတာင္ သူေပ်ာ္ေပ်ာ္ႀကီး လိုက္သြားၪီးမွာ ျဖစ္သည္။

တစ္နာရီေလာက္ အရိွန္ကုန္ေမာင္ႏွင္လာၿပီးေနာက္ ကားက လူသူအေရာက္အေပါက္နည္းလြန္းတဲ့ ေနရာတစ္ခုမွာ ရပ္တန္႔သြားခဲ့သည္။

ေဖ့ခ်န္, " ကားေပၚက ဆင္းလာခဲ့ "

နန္ဟြိုင္လင္ ကားတံခါးဖြင့္ကာ ပတ္ဝန္းက်င္ကို လွည့္ၾကည့္ၿပီးေနာက္ ေဖ့ခ်န္ကို ေမးလိုက္သည္။ " ခင္ဗ်ား ဘာလို႔က်ေတာ့္ကို ဒီေနရာေခၚလာတာလဲ? "

ေဖ့ခ်န္က ျပန္မေျဖပဲ အဝတ္ေတြခြၽတ္ေန၏။

ထို႔ေၾကာင့္ နန္ဟြိုင္လင္ သိခ်င္လာၿပီး " မဟုတ္ဘူးမလား......ခင္ဗ်ား ဒီေနရာမွာ လိင္ဆက္ဆံခ်င္တာေတာ့..ဟမ္? "

" ဟဟ! မင္း ဘာေတြ ေတြးေနတာလဲ? "

" ဒါဆို ခင္ဗ်ားက ဘာလို႔ အဝတ္ေတြခြၽတ္ေနတာလဲ..ေအးတယ္ေလ "

ေဖ့ခ်န္က အဆင့္သံုးဆင့္အၿပီးမွာ အဝတ္ခြၽတ္လို႔ၿပီးသြားေတာ့ နန္ဟြိုင္လင္ဆီ လမ္းေလ်ွာက္လာခဲ့သည္။ " ကိုယ္ မင္းကို ၾကယ္စံုတဲ့ေကာင္းကင္ႀကီးရဲ့ အလွတရားကို ျပခ်င္လို႔ "

ထိုစကားရဲ့ အဓိပၸါယ္ကို နန္ဟြိုင္လင္ နားမလည္ႏိုင္ခင္မွာပဲ ေဖ့ခ်န္က မ်က္စိတစ္မွတ္အတြင္းမွာ မူလပံုစံကေန အေတာင္အႀကီးႀကီးပါတဲ့ အျဖဴေရာင္ နဂါးတစ္ေကာင္အျဖစ္ ေျပာင္းလဲသြားခဲ့သည္။

နဂါးႀကီးက ေျမျပင္ေပၚမွာ လွဲကာ ေခါင္းကိုေစာင္းၿပီး နန္ဟြိုင္လင္ကို သူ႔ေက်ာေပၚတက္ဖို႔ အခ်က္ျပေန၏။

ထိုအခါမွ နန္ဟြိုင္လင္ နားလည္သြားၿပီး ေကာင္းကင္ကိုေမာ့ၾကည့္ကာ နဂါးႀကီးကို ျပန္ငံု႔ၾကည့္လိုက္သည္။ ထို႔ေနာက္ သြားႀကိတ္ကာ အ​ျဖဴေရာင္ နဂါးႀကီးရဲ့ ေက်ာေပၚကို တက္လိုက္ၿပီး ထူထဲလြန္းတဲ့ နဂါးႀကီးရဲ့ လည္ဇံေမြးေတြကို ဆြဲကိုင္ကာ စိတ္လႈပ္ရွားစြားျဖင့္ေျပာလိုက္သည္။

" ေျဖးေျဖးပ်ံေနာ္! "

သူ႔စကား ဆံုးဆံုးခ်င္းပဲ အျဖဴေရာင္ နဂါးႀကီးရဲ့အေတာင္ပံေတြက လႈပ္ခက္သြားၿပီး ေလးကပစ္လိုက္တဲ့ျမားလို တစ္ဟုန္ထိုး ေကာင္းကင္ကို ေျပးတက္သြားေတာ့သည္။

နန္ဟြိုင္လင္ရဲ့ ႏွလံုးက တုန္ယင္သြားၿပီး သူ နဂါးႀကီးရဲ့ေက်ာေပၚမွာပဲ တစ္ခ်ိန္လံုး မွီထားလိုက္ကာ မ်က္လံုးေတာင္ ဖြင့္မၾကည့္ရဲေတာ့ေပ။ နားထဲတြင္ ေဘးနားက ေလတိုးသံႏွင့္ နဂါးႀကီး၏ ဟိန္းသံသဲ့သဲ့ကို ၾကားေနရ၏။

ခနအၾကာတြင္ နဂါးႀကီး၏ပ်ံသန္းႏႈန္းက ေခ်ာေမြ့သြားတာကို ခံစားရတာေၾကာင့္ နန္ဟြိုင္လင္ မ်က္လံုးကို ေျဖးေျဖးခ်င္း ဖြင့္ၾကည့္လိုက္၏။ ရုတ္တရက္ အျမင္အာရံုထဲ ဝင္ေရာက္လာတဲ့ အလွတရားက သူ႔ကို မွင္တက္သြားေစခဲ့သည္။

အျဖဴေရာင္ နဂါးႀကီးက လဆီကို ၪီးတည္ပ်ံသန္းသြားေန၏။ လနဲ႔ အကြာအေဝးက မ်ားျပားလြန္းေပမယ့္ လက္တစ္ကမ္းအကြာေလာက္ ပိုနီးလာတယ္လို႔ ခံစားေနရၿပီး သူတို႔သာ သတိမထားရင္း အဲ့ဒါကို ဝင္တိုက္ေတာ့မယ္လို႔ေတာင္ ထင္လာရသည္။

ၾကယ္ေတြဆီကိုလည္း သြားေနသလို ျဖစ္ေနတာေၾကာင့္ အမ်ားႀကီးေဝးတယ္ဆိုေပမယ့္ တစ္ခ်ိန္တည္းမွာပဲ နီးလာတယ္လို႔ ခံစားေနရသည္။ သူ႔လက္နဲ႔ ၾကယ္ႏွစ္လံုး၊ သံုးလံုးေလာက္ကို လွမ္းယူၿပီး သူ႔အိပ္ကပ္ထဲထည့္ကာ အိမ္ျပန္ယူသြားခ်င္စိတ္ေတာင္ ေပါက္လာရသည္။

လေရာင္က ကန္ေရျပင္ေပၚမွာ ျဖာက်ေနၿပီး ကန္ထဲက အေပ်ာ္စီး သေဘၤာေတြရဲ့ မီးေရာင္မိွန္မိွန္ကို အေပၚစီးကေန ဝိုးတဝါး ျမင္ေနရသည္။

နန္ဟြိုင္လင္ လဆီကို ေခါင္းေမာ့ကာ အက်ယ္ႀကီး ေအာ္လိုက္၏။

" အားးးးးးးးးးးး! "

သူ အရမ္းေပ်ာ္ရႊင္ေနၿပီး ကမ႓ာႀကီးတစ္ခုလံုးက သူ႔ေပ်ာ္ရႊင္မႈကိုၾကားေအာင္ကို ေအာ္ပစ္လိုက္ခ်င္သည္။

စိတ္ေက်နပ္သြားတဲ့အထိ ေအာ္ၿပီးမွ နန္ဟြိုင္လင္ အ​ျဖဴေရာင္နဂါးႀကီးရဲ့ ေက်ာေပၚကို မွီတြယ္ထားလိုက္သည္။ မ်က္စိထဲမွာ ျမင္ေနရတဲ့ ၾကယ္ေတြနဲ႔ျပည့္ေနတဲ့ေကာင္းကင္ႀကီးက သူ႔အတြက္ ရတနာတစ္ခုလို အဖိုးတန္လွပါ၏။ သူ ဒီလို ေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့အခိုက္အတန္႔ေလးကို အခုကစၿပီး သူ႔ဘဝရဲ့ေနဝင္ခ်ိန္ထိ သတိတရရိွေနေတာ့မည္ျဖစ္သည္။ အရမ္းကို ေလးနက္မႈရိွၿပီး ထူးကဲလြန္းတဲ့ ဒီအခ်ိန္ေလးက အၿမဲတမ္း ၿပိဳင္ဆိုင္ရွားအမွတ္တရေလး ျဖစ္ေနေတာ့မွာ မလြဲေပ....

______________

22. 4. 23 (Sat)

TN- စာမ်ားတာေၾကာင့္ စားလံုးေပါင္းအမွားေတြ မ်ားႏိုင္ပါတယ္...

Spoiler ေပးရမယ္ဆိုရင္ေတာ့.........

နဂါးေပါက္ေလးေတြနဲ႔ မေတြ့ခင္မွာ စပရိုက္အႀကီးႀကီးက သင့္ကိုေစာင့္ေနပါတယ္

Continue Reading

You'll Also Like

7.6K 638 6
This is just a fan translation.I don't own this novel.All credit to original author and Eng Translator. Title - Totally marked by the alpha who's no...
344K 27.3K 29
Mini Story Uni Life Style Sweet Romance
168K 22.3K 41
♥Complete♥ system bl All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေမဲ့ သူကမ္ဘာတွေများစွာ ကူးပြောင်းပြီးနောက...
572K 56.8K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...