အပိုင္း ၂၄
ေသာက္ထားသည့္အျပင္ မိုးကလည္း ရြာေနေသာေၾကာင့္ ေနာက္တစ္ရက္တြင္ လူတိုင္းက အိပ္ယာထ ေနာက္က်သြားသည္။ က်ိဳင္ရွင္းခ်န္က အရင္ဆံုးထျပီး အခ်ိန္ကို ၾကည့္လိုက္ကာ တိုက္ရိုက္ပင္ ေန႕လည္စာကိုသာ အသင့္ျပင္ေတာ့သည္။
အျပင္တြင္ မိုးက ဆက္ရြာေနေသးသည္။ ထို႕ေနာက္ တစ္ေယာက္ျပီးတစ္ေယာက္ နိုူးလာၾကသည္။
“ မိုးတိတ္ျပီး တိ္မ္ရွင္းသြားေလာက္ျပီလို႕ထင္ေနတာ ဒါေပမဲ့ မိုးက ဆက္ရြာေနတုန္းပဲ”
ဟူရင္းက သမ္းရင္းေျပာသည္။ထို႕ေနာက္ ေရတစ္ခြက္ ေသာက္ျပီးမီးဖိုခန္းထဲ ၀င္ကာ ေမးသည္။
“ ငါတို႕ ေန႕လည္စာ ဘာစားၾကမွာလဲ”
“ မေန႕က ကၽြန္ေတာ္ ၀ယ္လာတာေတြ မကုန္ေသးေတာ့ အဲဒါပဲ ဆက္ျပင္လိုက္မလို႕ပါ”
“ မင္း အဆင္ေျပတာ လုပ္လိုက္လို႕ရတယ္၊ ဘာပဲျဖစ္ျဖစ္ အရသာ ရွိမွာပဲေလ”
ဟူရင္းက ၀က္ဗိုက္သား တစ္တံုး ယူကာ ပါးစပ္ထဲ ထည့္သည္။ ေဖးရႊီကို ျမင္လိုက္သျဖင့္ ရယ္ကာ လွမ္းေျပာလိုက္သည္။
“ ေဖးေကာ နိးျပီပဲ”
ေဖးရႊ႔ီက အင္းအသံျပဳသည္။ သူ၏ ပံုစံက ႏြမ္းနယ္ေနသည္။
“ ေဖးေကာ မေန႕က အမ်ားၾကီး ေသာက္လိုက္မိတာကို သိရဲ႕လား”
ဟူရင္းက ရယ္လ်က္ ေျပာသည္။
ေဖးေကာကလည္း ေျပာသည္။
“ ငါ ခြက္ကို မထိန္းလိုက္နိုင္ဘူး”
“ အခု ေနလို႕ေကာင္းရဲ႕လား”
က်ိဳင္ရွင္းခ်န္က ေမးသည္။
“ ေကာ အရင္ဆံုး ဆန္ျပဳတ္ နည္းနည္း ေသာက္ထားမလား၊ ဆန္ျပဳတ္ေတာ့ က်က္ေနျပီ”
ေဖးရႊီက ေခါင္းညိတ္သျဖင့္ က်ိဳင္ရွင္းခ်န္က သူ႕အတြက္ ဆန္ျပဳတ္ နည္းနည္း ထည့္ေပးလိုက္သည္။
သူ အခု ေဖးရႊီအေပၚ မိခင္တစ္ေယာက္ရဲ႕ ခ်စ္ျခင္းကို ေဖာ္ျပေနသလိုပဲ
မဟုတ္ေသးပါဘူး ဖခင္ အခ်စ္ပါ…
“ ေဖးေကာက မူးသြားရင္ ဘယ္လိုပံုစံ ျဖစ္သြားလဲ သိလား”
ဟူရင္းက ေမးသည္။
ေဖးရႊီက သူ႕ကို တခ်က္လွည့္ၾကည့္သည္။
“ ေဖးေကာက ငါတို႕ကို အံ့ၾသေစတဲဲ့ စကားေတြအမ်ားၾကီး ထိုင္ေျပာေနခဲ့တာေလ”
ဟူရင္းက ေဖးရႊီကို စခ်င္ေနေၾကာင္း ျမင္ေသာအခါ က်ိဳင္ရွင္းခ်န္၏ ႏႈတ္ခမ္းက ေကာ့တက္သြားလ်က္ ေဖးရႊီကို ဆန္ျပုတ္ပန္းကန္ ေပးလိုက္သည္။ ေဖးရႊီက ပန္းကန္ကို စားပြဲဆီ ယူသြားျပီး ထိုင္ခ်ကာ ေျပာသည္။
“ ငါ့ကို အရူးလာမလုပ္နဲ႕ ငါက မူးသြားရင္ ရိုးသားသြားတယ္”
ဟူရင္းက ရယ္ကာ ေဘးနားတြင္ ၀င္ထိုင္သည္။
“ ေကာင္းျပီေလ ရိုးရိုးသားသား ေျပာရရင္ ငါ့အေနနဲ႕ ပထမဆံုးအၾကိမ္ မူးသြားရင္ ရိုးသားလိမၼာသြားတဲ့လူမ်ိဳးကို ျမင္ဖူးတာပဲ။ မူးသြားရင္ ျငိမ္သြားတဲ့အျပင္ မူးေနတဲ့အေတာအတြင္းလည္း ေတာက္ေလွ်ာက္ျငိမ္ေနတာ ရွင္းခ်န္ေၾကာင့္သာ မဟုတ္ရင္ ေဖးေကာ မူးေၾကာင္းေတာင္ ငါတို႕ သိၾကမွာ မဟုတ္ဘူး”
ေဖးရႊီက က်ိဳင္ရွင္းခ်န္ကို ျပန္ၾကည့္သည္။
က်္ိဳင္ရွင္းခ်န္က မုန္ညင္းရြက္ေၾကာ္ကို ပန္းကန္ေလးထဲ ထည့္ျပီး ေဖးရႊီ၏ အေ၇ွ႕သို႕ ခ်ေပးသည္။
“ ဆန္ျပဳတ္ခ်ည္းပဲက အရသာ မရွိဘူးထင္ရင္ ဒါနဲ႕ အတူ စားသင့္တယ္”
“ ေက်းဇူးတင္ပါတယ္”
ထိုစကားေၾကာင့္ က်ိဳင္ရွင္းခ်န္က ေအာ္ရယ္လိုက္မိသည္။ သူ၏ စိတ္ထဲတြင္လည္း ညက ဆက္တိုက္ ေက်းဇူးတင္ေနသည့္ ေဖးရႊီကို သတိရသြားသည္။
ေဖးရႊီက သူ႕ကို ေမာ့ၾကည့္သည္။
“ ဘာရယ္တာလဲ”
က်ိဳင္ရွင္းခ်န္က ေခါင္းခါသည္။
“ ဘာမွမဟုတ္ပါဘူး”
က်ိဳင္ရွင္းခ်န္က အလြန္အမင္း ေခ်ာေမာလြန္းေသာေၾကာင့္ ျဖစ္ေလာက္သည္၊သူက ရယ္လိုက္ေသာအခါ ပန္း၀တ္ရည္ကို သယ္ေဆာင္လာသည့္ ေႏြဦး ေလေျပလိုမ်ိဳး ေဖးရႊီ၏ ႏွလံုးသားထဲ တိုး၀င္လာသည္။
“ မင္း ဒီေန႕ အခ်ိန္ရလား”
က်ိဳင္ရွင္းခ်န္က ေျပာသည္။
“ မနက္ပိုင္းနဲ႕ ေန႕လည္ကို ေျပာတာလား၊ ေန႕လည္ဆိုရင္ေတာ့ ကၽြန္ေတာ္ ေက်ာင္းကို ေရာက္ေနမွာ၊ ညပိုင္းဆိုရင္ေတာ့ ယန္ေကာနဲ႕အတူ ညေနစာ အတူ စားဖို႕ရွိတယ္”
ေဘးနားမွ ဟူရင္းက ခ်က္ခ်င္း ၀င္ေမးလာသည္။
“ မင္းက ဘာလို႕ ယန္က်စ္နဲ႕ ေန႕လည္စာ အတူ စားမွာလဲ”
“ သူ႕မွာ ကၽြန္ေတာ္နဲ႕ ေက်ာင္းတူတဲ့ ညီမေလး ရွိတယ္မဟုတ္လား၊ အဲဒီ ေကာင္မေလးက ကၽြန္ေတာ္နဲ႕ ရင္းႏွီးခ်င္လို႕ ညစာ စားဖို႕ ဖိတ္တာပါ”
“ ေၾသာ္”
အရင္တေခါက္ စူပါမားကတ္ကို အတူသြားတုန္းက က်ိဳင္ရွင္းခ်န္ရဲ႕ ေကာင္းကြက္ေတြကို ရွာေတြ႕သြားလို႕ထင္တယ္၊ ဟူရင္းက နည္းနည္းေတာ့ သ၀န္တိုသြားတယ္
ေဖးရႊီက ဆန္ျပဳတ္သာ ဆက္ေသာက္ေနသည္။
က်ိဳင္ရွင္းခ်န္က သူ႕ကို ၾကည့္သည္။
“ ေကာက ဘာလုပ္မလို႕လဲ”
ေဖးရႊီ:” ေမးၾကည့္ရံုပဲ”
က်ိဳင္ရွင္းခ်န္က ျပန္ေမးသည္။
“ ေကာတို႕ ဒီေန႕ ဘာအစီအစဥ္ရွိၾကလဲ”
ေဖးရႊီ:” ဘာမွမရွိဘူး”
ဟူရင္း:” ငါက သူငယ္ခ်င္းတစ္ေယာက္နဲ႕ သြားေတြ႕မွာ”
ဒီေန႕ လူေတြအမ်ားၾကီး သူငယ္ခ်င္းေတြကို သြားေတြ႕ေနၾကတာပဲ
လင္းခ်င္နင္ ဟူရင္း သြမ့္ရီဟြား ၀မ္ေနာ့ ေဟာ့ခ်န္း နဲ႕ သူ ကိုယ္တိုင္အပါအ၀င္ လူတိုင္းက သူငယ္ခ်င္းေတြ သြားေတြ႕ၾကမွာ
သူငယ္ခ်င္းေတြနဲ႕ ေတြ႕ျပီး အခ်စ္စံအိမ္က အေၾကာင္းအရာေတြကို ရင္ဖြင့္မယ္… ဘယ္သူ႕ကို ၾကိဳက္တယ္ ဘယ္လို ဒုကၡေရာက္တယ္ ဘယ္လိုခ်ိဳျမိန္မႈေတြ ခံစားရတယ္ဆိုတာကို ေျပာျပမယ္
ဒီလိုဆိုရင္ ေဖးရႊီပဲ မရွိတာေပါ့
ဒီလူမွာ သူငယ္ခ်င္းေရာ ရွိရဲ႕လား
က်ိဳင္ရွင္းခ်န္က သူ႕ကို သနားသြားသည္ေန႕လည္စာ စားျပီးေနာက္ လူတုိင္းက ထြက္ခြာသည္။
က်ိဳင္ရွင္းခ်န္က ေဟာ့ခ်န္းကို ေျပာျပီး ၀မ္ေနာ့ကို ေခၚသြားခိုင္းသည္။ ဟူရင္းက ယန္က်စ္ကို ေမးသည္။
“ မင္းတို႕ ညေနစာ ဘယ္မွာ စားမွာလဲ”
ယန္က်စ္က ေၾကာင္သြားသျဖင့္ ဟူရင္းက ရွင္းျပရသည္။
“ မင္းပဲ ရွင္းခ်န္ကို ေခၚျပီး ေကာင္မေလးနဲ႕ ေတြ႕ေပးမွာ မဟုတ္လား”
ယန္က်စ္က အင္းအသံေပးျပီး ေျပာသည္။
“ က်ံဳး၀ူနားမွာ”
“ တိုက္ဆိုင္လိုက္တာ ငါလည္း အဲဒီနားကို သြားမွာပဲ၊ ငါ သူငယ္ခ်င္းနဲ႕ ေတြ႕ျပီးရင္ မင္းတို႕နဲ႕အတူ လာစားလို႕ရမလား၊ ငါက အျမဲတမ္း မိတ္ေဆြ အသစ္ေတြ လိုခ်င္ေနတာေလ”
သူရဲ႕အေတြးေသးေသးေလးကို က်ိဳင္ရွင္းခ်န္က ဘယ္လို မသိဘဲ ေနမွာလဲ
ထိုေၾကာင့္ သူက ျပံဳးမိသြားသည္။
ဟူရင္းက က်ိဳင္ရွင္းခ်န္ကို ၾကည့္သည္။
“ ရလား”
က်ိဳင္ရွင္းခ်န္က ရယ္သည္။
“ မင္း ယန္က်စ္ကို ေမးသင့္တယ္”
ဟူရင္းက ယန္က်စ္ကို ျပန္ၾကည့္သည္။
“ မရဘူးလား ဟင္”
ဟူရင္းက သနားစရာပံုစံ လုပ္ျပသည္။ မည္သည့္အမ်ိဳးသားကမွ် ထိုမွ်လွပလြန္းေသာ အလွေလး၏ သနားကမားပံုကို မေတာင့္ခံနိုင္ေခ်။
မိန္းမေတြရဲ႕ ဆႏၵက အေရးအၾကီးဆံုးပဲ
ယန္က်စ္က ႏႈတ္ခမ္းကို ခပ္တင္းတင္းေစ့သည္။ ကင္မရာေရွ႕တြင္ သူက သေဘာမက်စိတ္ကို ျပ၍မရေခ်။ထိုေၾကာင့္ အင္းဟု တုန္႕ျပန္လိုက္ရသည္။
“ သူမကို ေမးတဲ့အခါ သူငယ္ခ်င္းႏွစ္ေယာက္ ထပ္ပါလာရင္ အဆင္ေျပလားလို႕ အရင္ေမးလိုက္ပါ”
က်ိဳင္ရွင္းခ်န္က ေဖးရႊီအတြက္လည္း ထည့္ေမးလိုက္သည္။
ဟူရင္းအတြက္မူ ေပ်ာ္သြားသည္။
တစ္ သံုးေယာက္ကေတာင္ သူ႕ကို အေဖာ္ျပဳမွာေလ သူ ဘာေျပာရမွာလဲ
ဒါမ်ိဳးကို ဘုရင္မေတြေတာင္ ခံစားခြင့္ မရွိဘူး မဟုတ္လား
တိတိက်က်ေျပာရရင္ က်ားစီးဖို႕က ခက္ခဲလိမ့္မယ္
ေျပာရလ်င္ ယန္က်စ္အေနျဖင့္ ျငင္းရခက္ေနသည္။ သူ၏ ၀မ္းကြဲကလည္း ေသြဖယ္သြားေသာ အေၾကာင္းအရာကို ဆႏၵရွိဟန္မရေခ်။မည္သို႕ပင္ဆိုေစ သူတို႕၏ ရည္ရြယ္ခ်က္အရ သာမန္သူငယ္ခ်င္းႏွင့္ ေတြ႕ဆံုေပးရန္သာျဖစ္ကာ ဘလိုင္းဒိတ္မဟုတ္ေခ်။
ေဖးရႊီကမူ အေရးမၾကီးေခ်။ သူက ဂရုကို မစိုက္သလို ေနေနေသာေၾကာင့္ ျဖစ္ေလာက္သည္။ ေဟာ့ခ်န္းႏွင့္ယန္က်စ္၏ ေဖးရႊီအေပၚ အျမင္ကတူသည္။
ဒီအိမ္က လူတိုင္းက အခ်စ္ျပိဳင္ဘက္ဆိုရင္္ေတာင္ ေဖးရႊီေတာ့ ပါမွာမဟုတ္ဘူး
ဘာလို႕လဲဆိုရင္ တဖက္သူကို ၾကည့္ရံုနဲ႕တင္’ ငါက ခ်စ္ဖို႕ကို စိတ္မ၀င္စားဘူး’ ဆိုတဲ့ စကားကို အရင္ျမင္ေနရလို႕လဲ
ဟူရင္းကမူ မတူေခ်။ ဟူရင္းက အလြန္ တက္ၾကြသည္။ သူက ဟူရင္းက ေခၚရမည္ဆိုလ်င္ ေဖးရႊီကိုပါ ေခၚသြားရေပလိမ့္မည္။
ေဖးရႊီက ေျပာသည္။
“ ငါ မလိုက္ဘူး”
က်ိဳင္ရွင္းခ်န္:” ဘာလို႕လဲ ဟူရင္းလည္း လိုက္မွာပဲေလ”
“ မင္း အရင္ဆံုး ယန္က်စ္ကို ေမးသင့္တယ္။ သူ ငါ့ကို ေခၚခ်င္ရဲ႕လား”
“ ဘာမွမျဖစ္ပါဘူး တစ္ေယာက္ပိုတာ ဘာမ်ား ထူးျခားသြားမွာလဲ၊ လူမ်ားေတာ့ ေပ်ာ္ဖို႕ေကာင္းတာေပါ့”
သူ႕အထင္ ေဖးရႊီက လူ၀င္မဆံ့ဘူး ျဖစ္ေနတယ္။ ဒီအတိုင္းသာ ဆက္ျဖစ္ေနရင္ သူ ဘယ္အခ်ိန္မွမ်ား လွပတဲ့ အမ်ိဳးသားကို ေထြးေပြ႕နိုင္မွာလဲ
ရွိဳးပြဲစတဲ့အခ်ိန္ပဲျဖစ္ေနေသးလို႕ လူတိုင္းက စမွတ္မွာပဲ ရွိေသးတယ္။ ဒါကို အခြင့္အေရးယူျပီး ခပ္ျမန္ျမန္ ၾကိဳးစားရမယ္ မဟုတ္ရင္ ေန႕ရက္တိုင္းက ေအးစက္ေနလိမ့္မယ္
ဘာသာျပန္သူမွာ ေျပာစရာ ရွိပါတယ္
ေၾကြက အလုပ္နဲ႕ သင္တန္းနဲ႕ တအားရႈပ္လာေတာ့ေလ စာေရးဖို႕ မအားဘူးျဖစ္ေနတာ ဟိုတခါ အကူအညီေတာင္းထားတဲ့ ညီမေလးကလည္း မအားေတာ့လို႕ရမယ္
ျပီးေတာ့ေလ စာရိုက္ေနက်သူ အခ်ိန္ပံုမွန္ေပးနိုင္သူ မဟုတ္ရင္ ဆက္လုပ္ရမွာေလးေတြနဲ႕ သိပ္မထူးဘူး ျဖစ္ေနလို႕ရမယ္
ေၾကြ ေတြးမိတာေပါ့ေလ ေၾကြတို႕နယ္ပယ္ထဲကပဲ စာရိုက္အဆင္ေျပမယ့္လူတစ္ေယာက္ကို ဌားမလားလို႕
ေၾကြက အသံဖိုင္ ပို႕ေပးမယ္ သူက ရိုက္ေပါ့ ေၾကြလည္း ျပန္စစ္စရာမလိုေအာင္ စိတ္ခ်ရမွာမ်ိဳးဆို အဆင္ေျပမလားလို႕
အျပင္ေစ်းအရ စာရိုက္ခက တစ္ပိုင္းကို တစ္ေထာင္သို႕ ၁၅၀၀ ရွိတယ္။
အခု အရင္ဆံုး က်ိဳင္ရွင္းခ်န္ကို ၁၀၀အထိ အရင္ဌားမလားလို႕ တစ္ေန႕ တစ္ပိုင္းေပါ့…
အခုက ၇၅ပိုင္းေက်ာ္ေက်ာ္ေလာက္လိုုေသးတာဆိုေတာ့ တစ္ေထာင္နဲ႕တြက္ရင္ေတာင္ အနည္းဆံုး ၇၅၀၀၀ေတာ့ ေက်ာ္မွာပဲ
ဒါေၾကာင့္ ျမန္ျမန္ဖတ္ခ်င္တဲ့လူေတြမ်ား ရွိမလားလို႕ပါ ရွိရင္ ေပါင္းျပီးလုပ္လိုက္မယ္ေလ။ တစ္ေယာက္ ၁၀၀၀ဆိုရင္ အနည္းဆံုး ၇၅ေယာက္နဲ႕မွ အဆင္ေျပမွာ ဒါေတာင္ ၁၀၀၀နဲ႕ပဲ တြက္ထားတာရယ္ ေၾကြ အသံဖိုင္ေၾကးဘာညာ မယူဘူးေနာ္ က်ိဳင္ရွင္းခ်န္က ေၾကြရဲ႕ လေရာင္ျဖဴပါ။သူ႕ကို ႏွလံုးသားတစ္ခုလံုးနဲ႕ခ်စ္တာ…
ဒါက ေျပာျပၾကည့္တာပါ ၇၅ေယာက္ မျပည့္ရင္ေတာ့ မလုပ္ျဖစ္ေလာက္ဘူး ေၾကြလည္း ေၾကာင္ေစ်းထိုးထားရတာနဲ႕ ေနာက္၂လေလာက္ထိ ဆက္မြဲေနေလာက္ေသးလို႕ရယ္ အဟား
အပိုင်း ၂၄
သောက်ထားသည့်အပြင် မိုးကလည်း ရွာနေသောကြောင့် နောက်တစ်ရက်တွင် လူတိုင်းက အိပ်ယာထ နောက်ကျသွားသည်။ ကျိုင်ရှင်းချန်က အရင်ဆုံးထပြီး အချိန်ကို ကြည့်လိုက်ကာ တိုက်ရိုက်ပင် နေ့လည်စာကိုသာ အသင့်ပြင်တော့သည်။
အပြင်တွင် မိုးက ဆက်ရွာနေသေးသည်။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် နိုူးလာကြသည်။
“ မိုးတိတ်ပြီး တိမ်ရှင်းသွားလောက်ပြီလို့ထင်နေတာ ဒါပေမဲ့ မိုးက ဆက်ရွာနေတုန်းပဲ”
ဟူရင်းက သမ်းရင်းပြောသည်။ထို့နောက် ရေတစ်ခွက် သောက်ပြီးမီးဖိုခန်းထဲ ဝင်ကာ မေးသည်။
“ ငါတို့ နေ့လည်စာ ဘာစားကြမှာလဲ”
“ မနေ့က ကျွန်တော် ဝယ်လာတာတွေ မကုန်သေးတော့ အဲဒါပဲ ဆက်ပြင်လိုက်မလို့ပါ”
“ မင်း အဆင်ပြေတာ လုပ်လိုက်လို့ရတယ်၊ ဘာပဲဖြစ်ဖြစ် အရသာ ရှိမှာပဲလေ”
ဟူရင်းက ဝက်ဗိုက်သား တစ်တုံး ယူကာ ပါးစပ်ထဲ ထည့်သည်။ ဖေးရွှီကို မြင်လိုက်သဖြင့် ရယ်ကာ လှမ်းပြောလိုက်သည်။
“ ဖေးကော နိးပြီပဲ”
ဖေးရွှ့ီက အင်းအသံပြုသည်။ သူ၏ ပုံစံက နွမ်းနယ်နေသည်။
“ ဖေးကော မနေ့က အများကြီး သောက်လိုက်မိတာကို သိရဲ့လား”
ဟူရင်းက ရယ်လျက် ပြောသည်။
ဖေးကောကလည်း ပြောသည်။
“ ငါ ခွက်ကို မထိန်းလိုက်နိုင်ဘူး”
“ အခု နေလို့ကောင်းရဲ့လား”
ကျိုင်ရှင်းချန်က မေးသည်။
“ ကော အရင်ဆုံး ဆန်ပြုတ် နည်းနည်း သောက်ထားမလား၊ ဆန်ပြုတ်တော့ ကျက်နေပြီ”
ဖေးရွှီက ခေါင်းညိတ်သဖြင့် ကျိုင်ရှင်းချန်က သူ့အတွက် ဆန်ပြုတ် နည်းနည်း ထည့်ပေးလိုက်သည်။
သူ အခု ဖေးရွှီအပေါ် မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းကို ဖော်ပြနေသလိုပဲ
မဟုတ်သေးပါဘူး ဖခင် အချစ်ပါ…
“ ဖေးကောက မူးသွားရင် ဘယ်လိုပုံစံ ဖြစ်သွားလဲ သိလား”
ဟူရင်းက မေးသည်။
ဖေးရွှီက သူ့ကို တချက်လှည့်ကြည့်သည်။
“ ဖေးကောက ငါတို့ကို အံ့သြစေတဲ့ စကားတွေအများကြီး ထိုင်ပြောနေခဲ့တာလေ”
ဟူရင်းက ဖေးရွှီကို စချင်နေကြောင်း မြင်သောအခါ ကျိုင်ရှင်းချန်၏ နှုတ်ခမ်းက ကော့တက်သွားလျက် ဖေးရွှီကို ဆန်ပြုတ်ပန်းကန် ပေးလိုက်သည်။ ဖေးရွှီက ပန်းကန်ကို စားပွဲဆီ ယူသွားပြီး ထိုင်ချကာ ပြောသည်။
“ ငါ့ကို အရူးလာမလုပ်နဲ့ ငါက မူးသွားရင် ရိုးသားသွားတယ်”
ဟူရင်းက ရယ်ကာ ဘေးနားတွင် ဝင်ထိုင်သည်။
“ ကောင်းပြီလေ ရိုးရိုးသားသား ပြောရရင် ငါ့အနေနဲ့ ပထမဆုံးအကြိမ် မူးသွားရင် ရိုးသားလိမ္မာသွားတဲ့လူမျိုးကို မြင်ဖူးတာပဲ။ မူးသွားရင် ငြိမ်သွားတဲ့အပြင် မူးနေတဲ့အတောအတွင်းလည်း တောက်လျှောက်ငြိမ်နေတာ ရှင်းချန်ကြောင့်သာ မဟုတ်ရင် ဖေးကော မူးကြောင်းတောင် ငါတို့ သိကြမှာ မဟုတ်ဘူး”
ဖေးရွှီက ကျိုင်ရှင်းချန်ကို ပြန်ကြည့်သည်။
ကျိုင်ရှင်းချန်က မုန်ညင်းရွက်ကြော်ကို ပန်းကန်လေးထဲ ထည့်ပြီး ဖေးရွှီ၏ အရှေ့သို့ ချပေးသည်။
“ ဆန်ပြုတ်ချည်းပဲက အရသာ မရှိဘူးထင်ရင် ဒါနဲ့ အတူ စားသင့်တယ်”
“ ကျေးဇူးတင်ပါတယ်”
ထိုစကားကြောင့် ကျိုင်ရှင်းချန်က အော်ရယ်လိုက်မိသည်။ သူ၏ စိတ်ထဲတွင်လည်း ညက ဆက်တိုက် ကျေးဇူးတင်နေသည့် ဖေးရွှီကို သတိရသွားသည်။
ဖေးရွှီက သူ့ကို မော့ကြည့်သည်။
“ ဘာရယ်တာလဲ”
ကျိုင်ရှင်းချန်က ခေါင်းခါသည်။
“ ဘာမှမဟုတ်ပါဘူး”
ကျိုင်ရှင်းချန်က အလွန်အမင်း ချောမောလွန်းသောကြောင့် ဖြစ်လောက်သည်၊သူက ရယ်လိုက်သောအခါ ပန်းဝတ်ရည်ကို သယ်ဆောင်လာသည့် နွေဦး လေပြေလိုမျိုး ဖေးရွှီ၏ နှလုံးသားထဲ တိုးဝင်လာသည်။
“ မင်း ဒီနေ့ အချိန်ရလား”
ကျိုင်ရှင်းချန်က ပြောသည်။
“ မနက်ပိုင်းနဲ့ နေ့လည်ကို ပြောတာလား၊ နေ့လည်ဆိုရင်တော့ ကျွန်တော် ကျောင်းကို ရောက်နေမှာ၊ ညပိုင်းဆိုရင်တော့ ယန်ကောနဲ့အတူ ညနေစာ အတူ စားဖို့ရှိတယ်”
ဘေးနားမှ ဟူရင်းက ချက်ချင်း ဝင်မေးလာသည်။
“ မင်းက ဘာလို့ ယန်ကျစ်နဲ့ နေ့လည်စာ အတူ စားမှာလဲ”
“ သူ့မှာ ကျွန်တော်နဲ့ ကျောင်းတူတဲ့ ညီမလေး ရှိတယ်မဟုတ်လား၊ အဲဒီ ကောင်မလေးက ကျွန်တော်နဲ့ ရင်းနှီးချင်လို့ ညစာ စားဖို့ ဖိတ်တာပါ”
“ သြော်”
အရင်တခေါက် စူပါမားကတ်ကို အတူသွားတုန်းက ကျိုင်ရှင်းချန်ရဲ့ ကောင်းကွက်တွေကို ရှာတွေ့သွားလို့ထင်တယ်၊ ဟူရင်းက နည်းနည်းတော့ သဝန်တိုသွားတယ်
ဖေးရွှီက ဆန်ပြုတ်သာ ဆက်သောက်နေသည်။
ကျိုင်ရှင်းချန်က သူ့ကို ကြည့်သည်။
“ ကောက ဘာလုပ်မလို့လဲ”
ဖေးရွှီ:” မေးကြည့်ရုံပဲ”
ကျိုင်ရှင်းချန်က ပြန်မေးသည်။
“ ကောတို့ ဒီနေ့ ဘာအစီအစဉ်ရှိကြလဲ”
ဖေးရွှီ:” ဘာမှမရှိဘူး”
ဟူရင်း:” ငါက သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့မှာ”
ဒီနေ့ လူတွေအများကြီး သူငယ်ချင်းတွေကို သွားတွေ့နေကြတာပဲ
လင်းချင်နင် ဟူရင်း သွမ့်ရီဟွား ဝမ်နော့ ဟော့ချန်း နဲ့ သူ ကိုယ်တိုင်အပါအဝင် လူတိုင်းက သူငယ်ချင်းတွေ သွားတွေ့ကြမှာ
သူငယ်ချင်းတွေနဲ့ တွေ့ပြီး အချစ်စံအိမ်က အကြောင်းအရာတွေကို ရင်ဖွင့်မယ်… ဘယ်သူ့ကို ကြိုက်တယ် ဘယ်လို ဒုက္ခရောက်တယ် ဘယ်လိုချိုမြိန်မှုတွေ ခံစားရတယ်ဆိုတာကို ပြောပြမယ်
ဒီလိုဆိုရင် ဖေးရွှီပဲ မရှိတာပေါ့
ဒီလူမှာ သူငယ်ချင်းရော ရှိရဲ့လား
ကျိုင်ရှင်းချန်က သူ့ကို သနားသွားသည်နေ့လည်စာ စားပြီးနောက် လူတိုင်းက ထွက်ခွာသည်။
ကျိုင်ရှင်းချန်က ဟော့ချန်းကို ပြောပြီး ဝမ်နော့ကို ခေါ်သွားခိုင်းသည်။ ဟူရင်းက ယန်ကျစ်ကို မေးသည်။
“ မင်းတို့ ညနေစာ ဘယ်မှာ စားမှာလဲ”
ယန်ကျစ်က ကြောင်သွားသဖြင့် ဟူရင်းက ရှင်းပြရသည်။
“ မင်းပဲ ရှင်းချန်ကို ခေါ်ပြီး ကောင်မလေးနဲ့ တွေ့ပေးမှာ မဟုတ်လား”
ယန်ကျစ်က အင်းအသံပေးပြီး ပြောသည်။
“ ကျုံးဝူနားမှာ”
“ တိုက်ဆိုင်လိုက်တာ ငါလည်း အဲဒီနားကို သွားမှာပဲ၊ ငါ သူငယ်ချင်းနဲ့ တွေ့ပြီးရင် မင်းတို့နဲ့အတူ လာစားလို့ရမလား၊ ငါက အမြဲတမ်း မိတ်ဆွေ အသစ်တွေ လိုချင်နေတာလေ”
သူရဲ့အတွေးသေးသေးလေးကို ကျိုင်ရှင်းချန်က ဘယ်လို မသိဘဲ နေမှာလဲ
ထိုကြောင့် သူက ပြုံးမိသွားသည်။
ဟူရင်းက ကျိုင်ရှင်းချန်ကို ကြည့်သည်။
“ ရလား”
ကျိုင်ရှင်းချန်က ရယ်သည်။
“ မင်း ယန်ကျစ်ကို မေးသင့်တယ်”
ဟူရင်းက ယန်ကျစ်ကို ပြန်ကြည့်သည်။
“ မရဘူးလား ဟင်”
ဟူရင်းက သနားစရာပုံစံ လုပ်ပြသည်။ မည်သည့်အမျိုးသားကမျှ ထိုမျှလှပလွန်းသော အလှလေး၏ သနားကမားပုံကို မတောင့်ခံနိုင်ချေ။
မိန်းမတွေရဲ့ ဆန္ဒက အရေးအကြီးဆုံးပဲ
ယန်ကျစ်က နှုတ်ခမ်းကို ခပ်တင်းတင်းစေ့သည်။ ကင်မရာရှေ့တွင် သူက သဘောမကျစိတ်ကို ပြ၍မရချေ။ထိုကြောင့် အင်းဟု တုန့်ပြန်လိုက်ရသည်။
“ သူမကို မေးတဲ့အခါ သူငယ်ချင်းနှစ်ယောက် ထပ်ပါလာရင် အဆင်ပြေလားလို့ အရင်မေးလိုက်ပါ”
ကျိုင်ရှင်းချန်က ဖေးရွှီအတွက်လည်း ထည့်မေးလိုက်သည်။
ဟူရင်းအတွက်မူ ပျော်သွားသည်။
တစ် သုံးယောက်ကတောင် သူ့ကို အဖော်ပြုမှာလေ သူ ဘာပြောရမှာလဲ
ဒါမျိုးကို ဘုရင်မတွေတောင် ခံစားခွင့် မရှိဘူး မဟုတ်လား
တိတိကျကျပြောရရင် ကျားစီးဖို့က ခက်ခဲလိမ့်မယ်
ပြောရလျင် ယန်ကျစ်အနေဖြင့် ငြင်းရခက်နေသည်။ သူ၏ ဝမ်းကွဲကလည်း သွေဖယ်သွားသော အကြောင်းအရာကို ဆန္ဒရှိဟန်မရချေ။မည်သို့ပင်ဆိုစေ သူတို့၏ ရည်ရွယ်ချက်အရ သာမန်သူငယ်ချင်းနှင့် တွေ့ဆုံပေးရန်သာဖြစ်ကာ ဘလိုင်းဒိတ်မဟုတ်ချေ။
ဖေးရွှီကမူ အရေးမကြီးချေ။ သူက ဂရုကို မစိုက်သလို နေနေသောကြောင့် ဖြစ်လောက်သည်။ ဟော့ချန်းနှင့်ယန်ကျစ်၏ ဖေးရွှီအပေါ် အမြင်ကတူသည်။
ဒီအိမ်က လူတိုင်းက အချစ်ပြိုင်ဘက်ဆိုရင်တောင် ဖေးရွှီတော့ ပါမှာမဟုတ်ဘူး
ဘာလို့လဲဆိုရင် တဖက်သူကို ကြည့်ရုံနဲ့တင်’ ငါက ချစ်ဖို့ကို စိတ်မဝင်စားဘူး’ ဆိုတဲ့ စကားကို အရင်မြင်နေရလို့လဲ
ဟူရင်းကမူ မတူချေ။ ဟူရင်းက အလွန် တက်ကြွသည်။ သူက ဟူရင်းက ခေါ်ရမည်ဆိုလျင် ဖေးရွှီကိုပါ ခေါ်သွားရပေလိမ့်မည်။
ဖေးရွှီက ပြောသည်။
“ ငါ မလိုက်ဘူး”
ကျိုင်ရှင်းချန်:” ဘာလို့လဲ ဟူရင်းလည်း လိုက်မှာပဲလေ”
“ မင်း အရင်ဆုံး ယန်ကျစ်ကို မေးသင့်တယ်။ သူ ငါ့ကို ခေါ်ချင်ရဲ့လား”
“ ဘာမှမဖြစ်ပါဘူး တစ်ယောက်ပိုတာ ဘာများ ထူးခြားသွားမှာလဲ၊ လူများတော့ ပျော်ဖို့ကောင်းတာပေါ့”
သူ့အထင် ဖေးရွှီက လူဝင်မဆံ့ဘူး ဖြစ်နေတယ်။ ဒီအတိုင်းသာ ဆက်ဖြစ်နေရင် သူ ဘယ်အချိန်မှများ လှပတဲ့ အမျိုးသားကို ထွေးပွေ့နိုင်မှာလဲ
ရှိုးပွဲစတဲ့အချိန်ပဲဖြစ်နေသေးလို့ လူတိုင်းက စမှတ်မှာပဲ ရှိသေးတယ်။ ဒါကို အခွင့်အရေးယူပြီး ခပ်မြန်မြန် ကြိုးစားရမယ် မဟုတ်ရင် နေ့ရက်တိုင်းက အေးစက်နေလိမ့်မယ်
ဘာသာပြန်သူမှာ ပြောစရာ ရှိပါတယ်
ကြွေက အလုပ်နဲ့ သင်တန်းနဲ့ တအားရှုပ်လာတော့လေ စာရေးဖို့ မအားဘူးဖြစ်နေတာ ဟိုတခါ အကူအညီတောင်းထားတဲ့ ညီမလေးကလည်း မအားတော့လို့ရမယ်
ပြီးတော့လေ စာရိုက်နေကျသူ အချိန်ပုံမှန်ပေးနိုင်သူ မဟုတ်ရင် ဆက်လုပ်ရမှာလေးတွေနဲ့ သိပ်မထူးဘူး ဖြစ်နေလို့ရမယ်
ကြွေ တွေးမိတာပေါ့လေ ကြွေတို့နယ်ပယ်ထဲကပဲ စာရိုက်အဆင်ပြေမယ့်လူတစ်ယောက်ကို ဌားမလားလို့
ကြွေက အသံဖိုင် ပို့ပေးမယ် သူက ရိုက်ပေါ့ ကြွေလည်း ပြန်စစ်စရာမလိုအောင် စိတ်ချရမှာမျိုးဆို အဆင်ပြေမလားလို့
အပြင်ဈေးအရ စာရိုက်ခက တစ်ပိုင်းကို တစ်ထောင်သို့ ၁၅၀၀ ရှိတယ်။
အခု အရင်ဆုံး ကျိုင်ရှင်းချန်ကို ၁၀၀အထိ အရင်ဌားမလားလို့ တစ်နေ့ တစ်ပိုင်းပေါ့…
အခုက ၇၅ပိုင်းကျော်ကျော်လောက်လိုုသေးတာဆိုတော့ တစ်ထောင်နဲ့တွက်ရင်တောင် အနည်းဆုံး ၇၅၀၀၀တော့ ကျော်မှာပဲ
ဒါကြောင့် မြန်မြန်ဖတ်ချင်တဲ့လူတွေများ ရှိမလားလို့ပါ ရှိရင် ပေါင်းပြီးလုပ်လိုက်မယ်လေ။ တစ်ယောက် ၁၀၀၀ဆိုရင် အနည်းဆုံး ၇၅ယောက်နဲ့မှ အဆင်ပြေမှာ ဒါတောင် ၁၀၀၀နဲ့ပဲ တွက်ထားတာရယ် ကြွေ အသံဖိုင်ကြေးဘာညာ မယူဘူးနော် ကျိုင်ရှင်းချန်က ကြွေရဲ့ လရောင်ဖြူပါ။သူ့ကို နှလုံးသားတစ်ခုလုံးနဲ့ချစ်တာ…
ဒါက ပြောပြကြည့်တာပါ ၇၅ယောက် မပြည့်ရင်တော့ မလုပ်ဖြစ်လောက်ဘူး ကြွေလည်း ကြောင်ဈေးထိုးထားရတာနဲ့ နောက်၂လလောက်ထိ ဆက်မွဲနေလောက်သေးလို့ရယ် အဟား