နှောင်ကြိုးလေးတစ်မျှင်

By SweSoe4

1.6K 127 13

ရှေးရှေးတုန်းက ဇာတ်လမ်းတိုလေးတစ်ပုဒ်ပါပဲ More

အပိုင်း တစ်
အပိုင်း နှစ်
အပိုင်း လေး
အပိုင်း ငါး
အပိုင်း ခြောက်
အပိုင်း ခုနှစ်

အပိုင်း သုံး

153 14 2
By SweSoe4

နှောင်ကြိုးလေးတစ်မျှင်

အပိုင်းသုံး
˜˜˜˜˜˜˜˜

hyung ကျနော့်ကို ခေါ်တယ်ဆို

အင်း

ဘာလုပ်မို့လဲ မြေဆွနေတာမပီးသေးဘူးဗျ

အဲတာထားလိုက် မြေဩဇာသွားဝယ်

ကျနော်တစ်ယောက်ထဲလား

အေးပေါ့ဟ မင်းတစ်ယောက်ထဲ မသွားလို့ ဂျီမင်းကို ခေါ်သွားမို့လား

အင်း ခေါ်သွားမယ်

ဟမ် hyung က စကားအရပြောတာလေကွာ

ဂျောင်ဂုရဲ့ အချိန်မနှောင်းပဲ ဖြေချလိုက်တဲ့ အဖြေကြောင့် တွေးဆဆနဲ့ ခြံထဲက အလုပ်သမားတွေနဲ့ တူတူရှိနေသေးတဲ့ ဂျီမင်းကို ယွန်းဂီကြည့်နေလိုက်သည်။

ရတယ်မလား

နေတော့ပူပေမယ့် သူလိုက်ချင်ရင် ခေါ်သွားလေ

ကျေးဇူး

အင်း

ပြောပီးတာနဲ သူ့အပြောတောင် မစောင့်ပဲ လှည့်ထွက်သွားတဲ့ ညီဖြစ်သူကို ယွန်းဂီဘာမှ ဆက်မပြောတော့ပဲ ဖတ်လက်စ စာအုပ်ကိုသာ ဆက်ဖတ်နေလိုက်သည်။

အာဂျီမား

nae

ဒီမှာ အလုပ်လုပ်ရတာ ပျော်လား

ပျော်တာပေါ့ သူဌေးက စိတ်ကောင်းတယ်လေ

ဟုတ်လား

ဂျီမင်းရှီး

nae

လိုက်မလား

လိုက်မယ်

ဒါဆိုသွားမယ်လာတော့

ဘယ်သွားမှာလဲဆိုတာ တစ်ခွန်းတောင် မမေးပဲ လိုက်မလားဆိုတာနဲ့ လိုက်မယ်ဟု တန်းဖြေခဲ့သူ အသေးလေးက ကျနော့်အပေါ် ဘယ်လောက်တောင် ယုံကြည်နေခဲ့လဲ

* မဖြစ်သေးပါဘူး တခြားသူတွေနောက်ကို စစ်ဆေးမေးမြန်းပီးမှ လိုက်ဖို့ သင်ပေးရအုံးမှာပဲ *

ဂျောင်ဂုကီး စောင့်အုန်းလို့

ရှေ့ကနေ ခပ်မြန်မြန်သွားနေတဲ့ ဂျောင်ဂုနောက်ကို ထိုင်နေရာကနေ ဖုန်တွေ ဖုတ်ဖန့်ခါလိုက်ကာ ပြေးလိုက်သွားတဲ့ အသေးလုံးလေးကို အလုပ်သမားတွေရော ယွန်းဂီပါ ပြုံးပြုံးလေး ကြည့်နေတော့သည်။

ခါးပါတ် ပတ်ပီးပီလား

အင်း

မြေဩဇာအိတ်တွေ ဝယ်ရန် ကားတစ်စီးနဲ့အတူ ထွက်သွားတဲ့ လူနှစ်ယောက်ဟာ အနာဂတ်မှာ ဘာတွေဖြစ်မလဲ စိတ်လည်း မဝင်စားသလို သိလည်းသိချင်ခဲ့ဟန်မရှိပေ။

ဈေးထဲသို့ တရွေ့ရွေ့မောင်းနှင်လာတဲ့ ကားကြီးက အပင်အတွက် မြေဩဇာတွေ သီးသန့်ရောင်းတဲ့ ဆိုင်ရှေ့ကို ရောက်တဲ့အခါ ဘေးဘီဘယ်ညာကို သေချာကြည့်လိုက်ပီး ကားကို နေရာတကျထိုးရပ်လိုက်သည်။

ဆင်းလို့ရပီ

ရောက်ပီလား

အင်း ဒီဆိုင်ပဲ

ဘာဝယ်ရမှာလဲ

အခင်းသစ်အတွက် မြေဩဇာလေ

အော်

ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ပီး ကားထဲက ဆင်းလာတဲ့ သူ့တို့ကို ဧည့်ဝတ်ကျေပွန်စွာ စောင့်ဆိုင်းနေကျတဲ့ အလုပ်သမားလေးနှစ်ယောက်ဟာ သူတို့ကို အပြေးအလွှားလာကြိုကျသည်။

ဘယ်မြေဩဇာကို လိုသလဲဗျ

တခြားတော့ မဟုတ်ပါဘူး NPK 4-5-5 လိုချင်လို့

စတော်ဘယ်ရီအတွက်ထင်တယ်ဗျ
4-5-5 ကကုန်နေတယ်ဗျ
3-1-2 ကိုစမ်းသုံးကြည့်ပါလားဗျ

ဒါလည်းရပါတယ် ဖြစ်နိုင်ရင် ရှာပေးလို့ရမလား ဘယ်နှစ်အိတ်ရရ

ဟုတ်ကဲ့ 4-5-5 ကို ထပ်ရှာကြည့်လိုက်ပါ့မယ်

အမျိုးမျိုးသော မြေဩဇာအိတ်တွေ အမြှောက်အမြှားရှိတဲ့ ကြားမှာမှ သူလိုအပ်မယ်ထင်တဲ့ မြေဩဇာကို လိုက်ပြပေးတဲ့ ဝန်ထမ်းဟာ စိတ်ရှည်လက်ရှည်ပါပဲ

ဝန်ထမ်းကောင်လေးနောက်ကို လိုက်လာနေတဲ့ သူတို့နှစ်ယောက်ကို ဝန်ထမ်းကောင်မလေးတွေက ကြည့်လိုက်ရှုံ့မဲ့လိုက်လုပ်နေတဲ့အခါ ဂျောင်ဂုစိတ်ရှုပ်လာမိသည်။

* ဘာတွေလဲ ဒီဟာတွေက *

ဒါတွေပဲ ရှိတော့တယ်အကိုဗျ
တကယ်လို့ အကိုလိုတဲ့ မြေဩဇာတွေ ရောက်လာလို့ရှိရင် ကျတော်တို့ ဆက်သွယ်ဖို့ ဖုန်းနံပါတ်လေးချန်ထားပေးခဲ့လို့ရတယ်ဗျ
ကျတော်တို့ ဆက်ဆက် ဆက်သွယ်လိုက်ပါ့မယ်

ဒါဆိုလည်း 3-1-2 ကို အိတ်တစ်ရာတင်ပေးပါ
ငွေတစ်ခါထဲချေမယ်
ဒီမှာ လိပ်စာကဒ် အဲဖုန်းနံပါတ်ကို ဆက်သွယ်လိုက်လို့ရတယ်

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျ
နောက်လည်းလာအားပေးပါအုံးနော်

အင်း

ငွေရှင်းကောင်တာမှာ ငွေကို အကျေချေပီး ကားပေါ်တင်နေကျတဲ့ မြေဩဇာအိတ်တွေကို ရေတွက်နေလိုက်သည်။

ဂျီမင်းရှီး
ပြန်ရအောင်

ဂျောင်ဂုကီး

အင်း

ငါ တော့ပိုကီစားချင်လို့ ဝယ်ကျွေးပါလား

တော့ပိုကီလား

အင်း

နေပူနေတယ်လေ

ဘာဆိုင်လို့လဲ

ဘာမှတော့မဆိုင်ပေမယ့် အစပ်အရမ်းမစားနဲ့

အစပ်ကြိုက်တာသိသိကြီးနဲ့

သိလို့ပြောတာပေါ့ ပီးကျစားနိုင်တာလဲ မဟုတ်ပဲနဲ့

ထားပါ ပြန်ရအောင်

သိပီမို့လို့ ကားထဲဝင်တော့ သွားဝယ်ပေးမယ်

အဟီး မင်းဝယ်ပေးမယ်ဆိုတာသိသားပဲ

ကားထဲမှာကျန်ခဲ့ ဝယ်လာခဲ့မယ်

လိုက်မယ်လေ

မလိုက်နဲ့ လိုက်ရင် အစပ်တွေချည်း ဝယ်မှာသိတယ် ကြည့်ပီးဝယ်ခဲ့မယ်

nae

ဝင်တော့

အပြောမချိုသလို အပြုံးလည်းနဲတဲ့ ထိုကောင်လေးက အလိုမလိုက်တတ်ပေမယ့် ပြောလိုက်ရင်တော့ အကုန်လုပ်ပေးတာပါပဲ 
ကားထဲဝင်ထိုင်လိုက်ပီး ခါးပါတ်ပတ်ကာ တဖက်လမ်းက မုန့်ဝယ်ဖို့သွာနေတဲ ဂျောင်ဂုကိုကြည့်နေလိုက်သည်။

* ချောလိုက်တာ နောက်ကျောပဲ မြင်နေရတာတောင် ချောနေတုန်းပဲ *

နေပူပူထဲ ကျောပြင်ကျယ်ကျယ်ဟာ ချွေးတွေစိုနေတာကြောင့် ထိုကျောပြင်ကျယ်ကြီးက မြင်သမျှလူကိုဆွဲဆောင်နေပြန်သည်။

* မနာလိုလိုက်တာ မင်းကျတော့ ကြီးပီး ငါကျတော့ ဘာလို့သေးသေးလေးဖြစ်နေတာလဲ *

ယွန်းဂီနဲ့ဆို သူဟာပုံမှန်ဆိုပေမယ့် ဂျောင်ဂုနဲ့ယှဥ်လိုက်ရင် သူဟာ အမြဲလိုလို သေးကွေးသွားရတော့သည်။ အဆိုးဆုံးက သူ့ရဲ့သေးသေးကွေးကွေးလက်ချောင်းတွေက ဂျောင်ဂုလက်တွေနဲ့ တိုင်းလိုက်ရင် ခလေးလက်တွေလိုမျိုး သေးငယ်လွန်းနေသည်။

ဟပ်ချိုး ဟပ်ချိုး

သူများအကြောင်းပြောရင် အပြောခံရတဲ့သူက နာချေတယ်တဲ့ ခုကျတော့ ငါကိုယ်တိုင် နာချေနေပါလား

နှာခေါင်းကို လက်သေးသေးလေးနှစ်ဖက်နဲ့ အုပ်ကာ နာထပ်ချေတဲ့အသေးလေးက တစ်ကိုယ်လုံးတုန်သွားသည်အထိ

ဂျီမင်းရှီး

ဟပ်ချိုး

သွေးတွေ

သွေးတွေ???

ဂျောင်ဂုပြောတာကို နားမလည်ဟန် အမေးပြုနေတဲ့ သူဟာ ဘာမှမသိတဲ့ အူတူတူခလေးတစ်ယောက်နှယ်

ငြိမ်ငြိမ်နေ

ရုတ်တရက်အနားတိုးကပ်လာတဲ့ ဂျောင်ဂုကြောင့် နောက်ကို ဆုတ်သွားတဲ့ ထိုလူသားငယ်ကို ဂျောင်ဂုဘာမှပြောဖို့ မထွက်နိုင်သေးပေ

ဘာလုပ်တာလဲ နောက်ဆုတ်

သွေးတွေလို့ သွေးလျှံနေတာမသိဘူးလား

ဟင်

ခုမှသူ့လက်ကို သူပြန်ကြည့်မိတာမို့ သွေးတွေနဲ့ ရဲတောက်နေတဲ့ လက်သေးသေးလေးနှစ်ဖက်ဟာ သွေးအပြည့်ပေ။ နာချေလို့ နာရည်တွေထင်ခဲ့ပေမယ့် သွေးဖြစ်နေလိမ့်မယ် မထင်ခဲ့တာမို့ လက်နဲ့သာ ဆက်အုပ်ရင်း နာချေနေမိသည်မှာ ယခုတော့ဖြင့် သွေးချင်းချင်းရဲနေသည်တဲ့။

ဘာလို့သွေးမတိတ်တာလဲ ခေါင်းမော့ထား ဂျီမင်းရှီိး

သူ့နှာခေါင်းကို လက်ခုံနဲ့ ဖိသုတ်ပေးနေတဲ့ သူဟာ သက်ရှူးယူဖို့လည်း သတိမရသလို ဘာလုပ်ရမှန်းလဲ သိပုံမပေါ်သေးပေ။

အရင်က ဖြစ်ဖူးလား နေအုံး ကျတော် ရေခဲသွားဝယ်လိုက်အုံးမယ်

ဘာလုပ်........ဗြုန်း!!!!!...........မို့ ................

ဘာလုပ်မို့ဆိုတဲ့ စကားတောင်ဆုံးအောင်မပြောရသေးခင် ကားတံခါးပိတ်သံ ဗြုန်းဆိုတဲ့အသံကြောင့် ပြောလက်စ စကားလေးပင် အဆက်ပြတ်သွားရသည်။

ဘာလို့ဒီအချိန်မှ ဖြစ်ရတာလဲကွာ တော်တော်ဒုက္ခပေးတာပဲ

ခုံကို ကျောမှီကာခေါင်းမော့ထားတဲ့ ဂျီမင်းဟာ တကိုယ်တည်း ညည်းညူနေလိုက်ပီး မျက်လုံးကို မှိတ်ထားလိုက်သည်။

စိတ်ပျက်လိုက်တာ

ဒီမှာဗျ ကျတော့်ကို ရေခဲရောင်းပေးလို့ရမလား

ရေခဲရောင်းတဲ့ဆိုင်မဟုတ်တာမို့ ဆိုင်ရှင်ဟာ ဂျောင်ဂုရဲ့ အလောတကြီး အမေးကြောင့် ကြောင် အသွားရသည်

လုပ်ပါဗျာ ကျနော့် ခလေး နှာခေါင်းသွေးလျှံနေလို့

ဟေ နှာခေါင်းသွေးလျှံတယ် နေနေ ပေးလိုက်မယ် ရေခဲတော့ မရောင်းပေမယ့် ခဲထားတဲ့ ရေရှိတယ်

ဆော့ဂျင်တို့အမေရေ ခဲထားတဲ့ရေတွေယူလာချည်စမ်း ဒီမှာခလေးတစ်ယောက် နှာခေါင်းသွေးလျှံနေလို့တဲ့

ဆော့ဂျင်တို့အမေ!!!!

လာပီဟေ လာပီ ဒီမှာ ဒီမှာ ခဲထားတာသိပ်တော့မရှိဘူး ဆောဂျင်းနီးလေး ယူစားထားလို့ ဒီလောက်ပဲကျန်ပီ ရပါ့မလား

ရတယ်အန်တီ

လက်တစ်ဆုတ်အရွယ် ရေခဲတုန်း ၃ တုန်းကို အိတ်တစ်လုံးထဲ ကောက်ထည့်ပေးလိုက်တဲ့ ဆိုင်ရှင်တွေကို ဂျောင်ဂုဟာ ကျေးဇူးတင်စကားပြောဖို့ သတိမရပေ။
ရေခဲရတာနဲ့ ကားရှိရာကိုလေအဟုန်နဲ့အတူ ပြေးသွားတဲ့ ဂျောင်ဂုက်ို စိတ်ပူစွာ ကျန်ခဲ့သူဟာ ဆိုင်ပိုင်ရှင်ဦးလေးကြီးပါပဲ။

ကောင်လေးကြည့်ရတာ သူ့ခလေးကို အရမ်းစိတ်ပူနေတယ်ထင်တယ် ယောင်္ကျား

စိတ်မပူပဲနေမလား ဆော့ဂျင်တို့အမေရဲ့ မင်းလည်း မင်းရဲ့သားကို စိတ်ပူသလို သူလည်းသူ့သားကို စိတ်ပူတာပေါ့ဟ ဒါက မိဘတိုင်းမှာ ရှိတဲ့ စိုးရိိမ်စိတ်လေးပဲလေ

( #Khat - သားအဖ ဇာတ်သွင်းလိုက်ပီ ကျေနပ်ကျရဲ့လား ပျိုတို့ )

အိုမား သားရေခဲတွေ တစ်ခုမှ မရှိတော့ဘူးရော

အိုမား ပြန်ခဲပေးမယ်နော်

ပူပါတယ်ဆို ရေခဲက မရှိပြန်ဘူးရော်

တိတ်စမ်း ကင်ဆော့ဂျင် ပျော့တိပျော့ဖတ်နဲ့ ဒီလောက်အပူလေးတောင် မခံနိုင်ဘူးလား

အာပါး

ပြန်မပြောနဲ့ ခုနကလာတဲ့ မင်းအရွယ်ကောင်လေးတောင် ခလေးနဲ့ဖြစ်နေပီ ဘယ်မှာလဲ ငါ့ချွေးမလောင်း ငါ့ချွေးမလောင်းကို ဘယ်တော့ အိမ်ခေါ်လာမှာလဲ

သား မိန်းမ မယူချင်သေးဘူးလို့

ပြောလိုက်ရင်ဒါပဲ

ဟွန့်

နှာတစ်ချက်မှုတ်ကာ မျက်စောင်းကလေးထိုးလိုက်တဲ့ ကင်ဆော့ဂျင်လေးက ရာသီဥတုပူလို့ ထင်ပါရဲ့ ပေါင်လယ်လောက်ပဲ ရှိတဲ့ ဘောင်းဘီတိုတိုလေးကို အသားဖြူဖြူတွေထက်မှာ လိုက်ဖက်ညီစွာ ဝတ်ဆင်ထားသည်။ လက်ထဲမှာလည်း အခုမှ Oven ထဲက ထုတ်လာတဲ့ ပူပူလွန်းလွန်း မှုန့်တစ်ခုကို ကိုင်ကာ ဟိုနေရချရမလို ဒီနေရာချရမလိုနဲ့ ဘယ်နေရာချရမှန်းမသိပဲ တစ်ယောက်ထဲ ယောက်ယက်ခတ်ကာ အလုပ်ရှုပ်နေတော့သည်။

ဝါသနာပါရာကို လုပ်ချင်သေးလို့ပါနော် မုန့်ဖှုတ်တာ ဘယ်လောက်ကောင်းလိုက်လဲ
အာပါး ဒါတွေမသိဘူး မိန်းမယူပီးရင် ဒါတွေ မလုပ်ရတော့ဘူး ဆော့ဂျင်းနီးတို့ ဒီနေ့ မိန်းမ ယူချင်တယ်လို့ ပြောလိုက်ကြည့်ပီလား အာပါးချွေးမလောင်းတွေ အာပါးဆိုင်ရှေ့ကနေ စီလိုက်ရင် ဟိုဥရောပနိုင်ငံတွေထိ ရောက်သွားလိမ့်မယ်

အပြောကလည်း ကြီးပါ့တော်ရေ

အိုမား

မရတော့ဘူး မင်းကို မြန်မြန်လက်ဆက်ပေးမှရတော့မယ်

အာပါး!!!

တိတ်

ဦးလေး

ဘာတုန်း

သားအဖနှစ်ယောက် စကားနိုင်လုနေကြတုန်း နောက်ကထွက်လာတဲ့အသံကြောင့် ဒေါသထွက်နေတဲ့ ဆော့ဂျင်အဖေရဲ့ ပြန်ဖြေသံဟာ နူးညံ့မနေပါ

ဂျင်နီး ရှိလားဗျ

မင်းမမြင်ဘူးလား ဒီမှာ အကောင်လိုက်ကြီးရပ်နေတာ

မြင်တော့ မြင်တယ်လေဗျာ

မြင်ရင် ဘာလို့ င့ါလာမေးနေလဲ

ဦးလေးပဲ ပြောထားတယ်လေ အိမ်လာရင် အိမ်ရှင်ကို အရင်စကားပြောရတယ်ဆိုလို့ ကျတော်လည်း ဦးလေးကို အရင်ပြောတာပါဗျာ ဟီးဟီး

တော်တော် မင်းတို့ကောင်တွေ မိန်းမလည်း ရမယ့်ပုံမပေါ်ဘူး

ဗျာ

ရယ်ကျဲကျဲလုပ်နေတဲ့သူကိုပါ မဆီမဆိုင် ဆွဲထည့်ခံလိုက်ရတာကြောင့် ကြောင်တောင်တောင်နဲ့ ဘာမှမပြောနိုင်တော့ပေ

ကြောင်အနေတဲ့ ထိုလူဟာ အသဲမဲမှာစိုးတာကြောင့် suncream တွေလိမ်းထားသည်မှာ မုန့်ဖှုတ်တဲ့အခန်းထဲက ဂျုံမှုန့်တွေ မျက်နှာမှာ လိမ်းထားသလား မှတ်ရလောက်အောင်ကိုပဲ ဖြူဖွေးကာ နဂိုအသားအရောင်ပင် ပျောက်နေတော့သည်။

လာပါထယ်ရာ အာပါးနဲ့ မပြောနဲ့တော့ ဒီမုန့်လာမြည်းကြည့် ငါတို့ ဆိုင်အတွက် အရသာအသစ်တစ်ခုစမ်းနေတာ

ဒီတစ်ခါလည်း ကျတော် ဆေးရုံမရောက်လောက်ဘူးမလား ဂျင်နီး

မရောက်ပါဘူးကွာ တကယ်ကောင်းတာ

စားပီးပီလား

ဟင့်အင်း မင်းကို အရင်စားခိုင်းမလို့ စောင့်နေတာ စားကြည့်

အရောင်အသွေးစုံလွန်းနေတဲ့ ဘာမုန့်မှန်းမသိတဲ့မုန့်ကို မယုံ့တယုံနဲ့ တဖဲ့လောက်စားကြည့်တဲ့အခါ

ဘယ်လိုလဲ ဘယ်လိုလဲ ကောင်းတယ်မလား

အိုမား!!!!

ဘာလဲ ဘာလဲ ဆေးရုံကား ခေါ်ရတော့မလား

မဟုတ်ဘူး မီးသတ်ကား

ဟမ်

အား  စပ်တယ် စပ်တယ်

မင်းတို့နှစ်ကောင်လုပ်လိုက်ရင် အလွှဲချည်းပဲ ရော့ ရေပူသောက် ထယ်ယောင်း

ကျေးဇူး အာပါး အရမ်းစပ်တယ်

ဟားဟား အဲလောက်လည်း မဟုတ်ပါဘူးဟ ငါစားကြည့်မယ် မင်းအပိုတွေ အရမ်းမပြောနဲ့

ပြောပြောဆိုဆို ပါးစပ်ထဲ ကောက်ထည့်လိုက်တဲ့ မုန့်တဖဲ့ဟာ စပ်လားမစပ်လားတော့မသိ နဂိုဖြူဖွေးဖွေးမျက်နှာလေးက မီးကင်ခံထားရသလို နီမြန်းသွားရတော့သည်။

အိုမား ရေရေ

အဆင်ပြေရဲ့လား

အား စပ်လိုက်တာ

ရှူးး ဟားး စပ်တယ် ဂျင်နီးရ

ပါးစပ်ကို ယပ်တောင်နဲ့ တစ်ဖျပ်ဖျပ်ခပ်ကာ ပူလွန်းလှတဲ့ ရာသီမှာ ပူပူစပ်စပ်တွေတွေ စားပီး နီရဲနေတဲ့ မျက်နှာနဲ့ ကောင်လေးနှစ်ယောက်ကို ဆိုင်ရှင်အာပါးက နောက်ကွယ်ကနေ တိတ်တိတ်လေး ခိုးပြုံးတာကိုတော့ သူတို့လေးတွေ သိနိုင်မယ် မထင်ပါဘူး

အဆင်ပြေရဲ့လား ဂျီမင်းရှီး ကျတော်တို့ ဆေးရုံသွား

မသွားဘူး

ဟင်

မသွားချင်ဘူး

သွေးမတိတ်သေးဘူး ဂျီမင်းရှီးရဲ့

နေပူလို့ ဖြစ်တာ ငါဘာမှမဖြစ်ဘူး

ခေါင်းပေါ်ရေခဲတင်ကာ နှာခေါင်းကို သက်ရှူးတွေနဲ့ ပိတ်ထားတဲ့ကောင်လေးက ဂျစ်တစ်တစ်ကလေးပြန်ဖြေတဲ့အခါ ဘေးကကောင်လေးတစ်ယောက်ကတော့ သက်ပြင်းခပ်ဖွဖွကို မသိမသာလေး ခိုးချလိုက်သည်။

ဂျီမင်းရှီးက ခက်လိုက်တာ

သင်္ချာမဟုတ်ဘူး

ဟမ်

ဒီမှာ တွေ့လား သွေးမထွက်တော့ဘူး တိတ်သွားပီ

ဟုတ်ပါပီဗျာ အိမ်ပြန်ရအောင်

အင်း ငါ့မုန့်တွေရော

ပါတယ် တော့ပိုကီအချိုပဲရှိလို့ အချိုပဲ ဝယ်ခဲ့တယ်

မဖြစ်နိုင်တာ

တကယ်ပြောတာ

ဟုတ်လို့လား

ဟုတ်ပါတယ်ဆို

မထင်ပါဘူးနော်

တခြားမုန့်တွေလည်း ပါတယ် ကြည့်အုံး

nae

တရိပ်ရိပ်ထွက်သွားတဲ့ ကားလေးရဲ့ နောက်မှာ ရနှူးနှူးညံ့ညံ့ စကားသံလေးတွေက သံဇဥ်လှိုင်းလုံးတွေသဖွယ် ကျန်ရစ်ခဲ့တော့သည်။





#Khat
12.4.2023



အပိုင်းသုံး
˜˜˜˜˜˜˜˜


အင်း



ကျနော်တစ်ယောက်ထဲလား


အင်း ခေါ်သွားမယ်



ရတယ်မလား


ကျေးဇူး

အင်း


အာဂျီမား

nae



ဟုတ်လား

ဂျီမင်းရှီး

nae

လိုက်မလား

လိုက်မယ်

ဒါဆိုသွားမယ်လာတော့





ခါးပါတ် ပတ်ပီးပီလား

အင်း



ဆင်းလို့ရပီ

ရောက်ပီလား

အင်း ဒီဆိုင်ပဲ

ဘာဝယ်ရမှာလဲ


အော်




4-5-5 ကကုန်နေတယ်ဗျ





* ဘာတွေလဲ ဒီဟာတွေက *


ငွေတစ်ခါထဲချေမယ်


အင်း


ဂျီမင်းရှီး
ပြန်ရအောင်

ဂျောင်ဂုကီး

အင်း


တော့ပိုကီလား

အင်း

နေပူနေတယ်လေ

ဘာဆိုင်လို့လဲ




ထားပါ ပြန်ရအောင်




လိုက်မယ်လေ


nae

ဝင်တော့






ဟပ်ချိုး ဟပ်ချိုး



ဂျီမင်းရှီး

ဟပ်ချိုး

သွေးတွေ

သွေးတွေ???


ငြိမ်ငြိမ်နေ


ဘာလုပ်တာလဲ နောက်ဆုတ်


ဟင်





ဘာလုပ်........ဗြုန်း!!!!!...........မို့ ................




စိတ်ပျက်လိုက်တာ






ဆော့ဂျင်တို့အမေ!!!!


ရတယ်အန်တီ

ရေခဲရတာနဲ့ ကားရှိရာကိုလေအဟုန်နဲ့အတူ ပြေးသွားတဲ့ ဂျောင်ဂုကို စိတ်ပူစွာ ကျန်ခဲ့သူဟာ ဆိုင်ပိုင်ရှင်ဦးလေးကြီးပါပဲ။


စိတ်မပူပဲနေမလား ဆော့ဂျင်တို့အမေရဲ့ မင်းလည်း မင်းရဲ့သားကို စိတ်ပူသလို သူလည်းသူ့သားကို စိတ်ပူတာပေါ့ဟ ဒါက မိဘတိုင်းမှာ ရှိတဲ့ စိုးရိမ်စိတ်လေးပဲလေ






အာပါး



ပြောလိုက်ရင်ဒါပဲ

ဟွန့်




အိုမား


အာပါး!!!

တိတ်

ဦးလေး

ဘာတုန်း


ဂျင်နီး ရှိလားဗျ






ဗျာ






စားပီးပီလား




အိုမား!!!!


မဟုတ်ဘူး မီးသတ်ကား

ဟမ်

အား  စပ်တယ် စပ်တယ်





အိုမား ရေရေ

အဆင်ပြေရဲ့လား

အား စပ်လိုက်တာ




မသွားဘူး

ဟင်

မသွားချင်ဘူး





သင်္ချာမဟုတ်ဘူး

ဟမ်



အင်း ငါ့မုန့်တွေရော


မဖြစ်နိုင်တာ

တကယ်ပြောတာ

ဟုတ်လို့လား

ဟုတ်ပါတယ်ဆို

မထင်ပါဘူးနော်


nae






#Khat
12.4.2023


Continue Reading

You'll Also Like

51.4K 2.5K 94
for everyone to know this story is just fiction and no truth
401K 54.1K 140
ပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး
63K 5.1K 15
𝗦𝗵𝗲 𝗜𝘀 𝗧𝗼𝗼 𝗗𝗲𝗹𝗶𝗰𝗮𝘁𝗲 𝗙𝗼𝗿 His 𝗗𝗲𝘀𝗶𝗿𝗲 "Fuck, whenever you're in my arms, I feel like I might crush you. You're so delicate," he...
20.6K 1.3K 30
The story is about a very prominent Rajput family in Rajasthan, well-known in their village, and they have a large business empire of the jewelry and...