မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင...

By harley__robbie

240K 4.1K 88

​" နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ ၁၅၀၀ နဲ့ ၅၂၈ သီအိုရမ်မေတ္တာအစုအပုံတွေ တစ်စတစ်စ ပေါက်ဖွားလာတယ်။ အဲဒါဘယ်သ... More

To Dear Honeys 🍯
✽ အပိုင်း ၁ ✽
✽ အပိုင်း ၂ ✽
✽ အပိုင်း ၃ ✽
✽ အပိုင်း ၄ ✽
✽ အပိုင်း ၅ ✽
Thein Mwae San Nwe's Art
Nay Han Mine's Art
✽ အပိုင်း ၆ ✽
✽ အပိုင်း ၇ ✽
✽ အပိုင်း ၈ ✽
✽ အပိုင်း ၉ ✽
✽ အပိုင်း ၁၀ ✽
✽ အပိုင်း ၁၁ ✽
✽ အပိုင်း ၁၂ ✽
✽ အပိုင်း ၁၃ ✽
✽ အပိုင်း ၁၄ ✽
✽ အပိုင်း ၁၅ ✽
✽ အပိုင်း ၁၆ ✽
✽ အပိုင်း ၁၇ ✽
✽ အပိုင်း ၁၈ ✽
✽ အပိုင်း ၁၉ ✽
✽ အပိုင်း ၂၀ ✽
✽ အပိုင်း ၂၁ ✽
✽ အပိုင်း ၂၂ ✽
✽ အပိုင်း ၂၃ ✽
✽ အပိုင်း ၂၄ ✽
✽ အပိုင်း ၂၅ ✽
✽ အပိုင်း ၂၆ ✽
✽ အပိုင်း ၂၇ ✽
✽ အပိုင်း ၂၈ ✽
✽ အပိုင်း ၂၉ ✽
✽ အပိုင်း ၃၀ ✽
✽ အပိုင်း ၃၁ ✽ (ဇာတ်သိမ်းပိုင်း)
PDF File version (Unicode)
New OC Fiction Announcement (Unicode)
1 (Zaw)
2 (Z)
3 (Z)
4 (Z)
5 (Z)
6 (Z)
7 (Z)
8 (Z)
9 (Z)
10 (Z)
11 (Z)
12 (Z)
13 (Z)
14 (Z)
15 (Z)
16 (Z)
17 (Z)
18 (Z) 🔞⚠️‼️
19 (Z)
20 (Z)
21 (Z)
22 (Z) 🔞
23 (Z)
24 (Z)
25 (Z) 🔞
26 (Z) 🔞
28 (Z)
29 (Z)
30 (Z)
31 (Z) Final Part
PDF File Ver (Zawgyi)
New OC Fiction Announcement (Zawgyi)

27 (Z)

390 5 2
By harley__robbie



ကမ်းခြေအပျော်ခရီးတွင် ချစ်သူနှစ်ဦး ၁ ပတ်လောက်နေခဲ့ကြပြီးနောက် ယနေ့တွင်အိမ်ပြန်ရောက်ခဲ့ကြသည်။

နေဟန်မှိုင်းလည်း ခရီးကနေပြန်ရောက်ပြီး နောက်တစ်နေ့မနက်တွက် ပုံမှန်အတိုင်း စားဖိုမှူးသင်တန်းကိုတက်ခဲ့သည်။ သင်တန်းမှာ အနောက်တိုင်းဟင်းလျာများကို သင်ယူချက်ပြုတ်ခဲ့သည်။ ထို့နောက် နေ့ခင်းဘက်တွင် သင်တန်းဆင်းသော် ကားပါးကင်သို့ ရောက်ရှိလာ၏။

အရာအားလုံးက အေးဆေးတည်ငြိမ်နေသည်။ နေဟန်မှိုင်းလည်း စိတ်အေးချမ်းလျက် လေချွန်ကာ ကားပါးကင်က ကားများကိုဖြတ်ကျော်၍ ခြေလှမ်းကျဲများဖြင့် လမ်းလျှောက်လာခဲ့၏။ အနက်ရောင်ဇိမ်ခံကားအကောင်းစားနှစ်စီးကြားက သူ့ကားနားသို့ရောက်သော် ရီမုနှိပ်ကာ ကားတံခါးဖွင့်လိုက်လျှင် ကားမီးများက မျက်စိတစ်မှိတ်စာလောက် ဖျတ်ခနဲ လင်းသွား၏။

ကားတံခါးဖွင့်လိုက်ပြီး ယာဉ်မောင်းထိုင်ခုံပေါ်ကို တက်ထိုင်လိုက်စဉ် သူ့ဘေးကထိုင်ခုံသို့ လူတစ်ယောက်က ဖျတ်ခနဲ အမြန်ဝင်ထိုင်လိုက်သည်။

နေဟန်မှိုင်းလည်း သူ့ယာဉ်မောင်းထိုင်ခုံရှေ့ရှိ အံဆွဲထဲက ဓားကိုချက်ချင်းဆွဲထုတ်လိုက်သည်။ ထို့နောက် ဘေးကလူ၏လည်စေ့ကို လျင်မြန်စွာ ထောက်ထားလိုက်သည်။

" ဟက်ဟက် ... လက်ကမြန်သားပဲဟ"

နေဟန်မှိုင်းမှာ သူ့ကားပေါ်တက်လာသည့် သူစိမ်းအမျိုးသား၏မျက်နှာကို အမျက်မာန်တင်းကာ စူးစိုက်ကြည့်လိုက်သည်။ အသက် ၃၀ အရွယ် ချောမောခန့်ညားသောလူတစ်ဦးဖြစ်၏။ သို့သော် သူ့အသံကို တစ်နေရာမှာ တရင်းတနှီးကြားဖူးသည်ဟု စဉ်းစားတွေဝေနေတုန်းမှာပဲ သူသိလိုက်သည်။

ဤလူသည် သူ့ဦးလေး 'ဦးအေးဖေ'ပင်။

အမည်ဟောင်း ဦးအေးဖေ၊ အမည်သစ် ဦးမိုက်၏မျက်နှာက ပလတ်စတစ်ဆာဂျရီလုပ်ထားခံခဲ့ရသည့်အတွက် သူ့အသက်က ၅၀ နားကပ်နေသော်ငြား အသက် ၃၀ ကျော် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ကဲ့သို့ဖြစ်နေပြီး နုပျိုချောမောနေ၏။ ထို့ကြောင့် နေဟန်မှိုင်းက ချက်ချင်းမမှတ်မိနိုင်ခဲ့ပေ။

" ခင်ဗျားက ဘာကောင်လဲ "

" မင်းရဲ့ဦးလေးဆိုတဲ့အကောင် "

ဦးမိုက်ကယ်၏စကားကြောင့် နေဟန်မှိုင်း၏မျက်ဝန်းများမှာ အပြင်းထန်ဆုံးဒေါသအရောင်လွှမ်းမိုးသွားခဲ့ပြီး ဦးမိုက်ကယ်၏လည်စေ့ကို ဓားအား ပိုနက်နက်ထောက်ထားလိုက်ရာ သွေးအနည်းငယ်စို့လာသည်။ ဦးမိုက်ကယ်ကတော့ ရယ်နေခဲ့သည်။

" မတွေ့ရတာကြာပြီဖြစ်တဲ့ မင်းရဲ့ဦးလေးကို ကြိုဆိုတဲ့နည်းလေးက ချစ်စရာလေးပဲ"

" ခင်ဗျားကြီး -ီးစကားတွေ မပြောနေနဲ့ "

နေဟန်မှိုင်းလည်း အသံမာထန်ပြီး ဆဲဆိုအော်ဟစ်သည်။ ဦးမိုက်ကယ်ကတော့ အလွန်တည်ငြိမ်နေပြီး ပြုံးစိပြုံးစိနှင့်။

" စိတ်လျှော့ပါ ... မင်းက ဦးလေးကိုပစ်ထားတော့ ဦးလေးက လာတွေ့ရတာပေါ့ ငါ့တူလေးကို "

" ခင်ဗျားကို ဒီနေရာမှာတင် မသတ်လိုက်ခင် ကားပေါ်ကနေမြန်မြန်ဆင်းသွားလိုက်၊ ကျုပ်ဘဝနဲ့ကျုပ်နေနေတာကို ဘာဒုက္ခလာပေးမလို့လဲ "

" ငါ့တူလေးကို ဦးလေးအိမ် အလည်ဖိတ်ချင်လို့ တကူးကားပေါ်ထိ လာဖိတ်တာ "

" သေလိုက်လေ "

" ငါ့တူလေးက ခုလိုတွေငြင်းနေတော့လည်း ထွက်သွားပေးပါ့မယ် "

ဦးမိုက်ကယ်က သူ့လည်စေ့ကိုဓားထောက်ထားသော နေဟန်မှိုင်း၏လက်ကို သူ့လက်နှစ်ဖက်နှင့်ဖြည်းဖြည်းချင်း လျှောချလိုက်ပြီးလျှင် ကားတံခါးကိုဖွင့်၍ ထွက်သွား၏။ ကားအပြင်သို့ရောက်ပြီး မတ်တပ်ရပ်လိုက်စဉ်မှာ သူ့တပည့်များက နေဟန်မှိုင်း၏ကားအတွင်းသို့ Anesthesia Gas မေ့ဆေးငွေ့များ တစ်နည်းအားဖြင့် အိပ်ငွေ့များ ပစ်သွင်းလိုက်ကာ ကားတံခါးများကို အပြင်ကနေ သူတို့ကိုယ်ဖြင့်ပိတ်ကာထားသည်။ ကားထဲကနေ နေဟန်မှိုင်း အပြင်သို့ မထွက်လာစေရန်ဖြစ်သည်။

နေဟန်မှိုင်းလည်း ၎င်း Anesthesia Gas ကြောင့် တစ်ကိုယ်လုံးလှုပ်မရဖြစ်ကာ မူးမေ့သွား၏။ ထိုကဲ့သို့ မူးမေ့လဲသွားစဉ် သူ့ကားထဲသို့ ဦးမိုက်ကယ်၏တပည့်တစ်ချို့က ဝင်ရောက်ခဲ့ကြပြီး ကားပါကင်ကနေ မောင်းထွက်ခဲ့ကြသည်။ ဦးမိုက်ကယ်၏ကားကတော့ နောက်ကနေ လိုက်လာခဲ့သည်။

ဤသို့ဖြင့် နေဟန်မှိုင်းခမျာ ဦးမိုက်ကယ်၏စံအိမ်တော်ကြီးထဲသို့ ဖိတ်ခေါ်ခံခဲ့ရသည်။

-----

ယနေ့တွင် သိမ်မွေ့စံနွယ်က နေဟန်မှိုင်း၏တိုက်ခန်းတွင် သူမ၏မိသားစုများနှင့်အတူတူအချိန်ဖြုန်းနေကာ နေဟန်မှိုင်းပြန်အလာကို စောင့်ဆိုင်းနေခဲ့သည်။ သို့သော် နေဟန်မှိုင်း၏ဖုန်းကို ညနေစောင်းအထိခေါ်မရသဖြင့် နေဟန်မှိုင်း၏သင်တန်းဖုန်းကို လှမ်းဆက်မေးမြန်းသော် သင်တန်းဘက်ကလည်း နေဟန်မှိုင်းက သင်တန်းကနေ ပြန်သွားခဲ့ကြောင်း အတည်ပြုပေးခဲ့သည်။

သို့ဖြစ်၍ သိမ်မွေ့စံနွယ်တစ်ယောက် ရင်တုန်ပန်းတုန်၊ နှလုံးတုန်လာပြီး စိတ်ပူနေခဲ့သည်။

" ကိုကို ဘာဖြစ်နေတာလဲ မသိဘူး ဒေါ်လေးတို့ရယ်၊ ကိုကိုက ဘယ်တော့မှ အိမ်ပြန်နောက်မကျတတ်ဘူး ... ကိုကို ဘာတွေဖြစ်နေတာလဲနော် အီးဟီးဟီး "

ဖုန်းကိုင်ထားသော သိမ်မွေ့စံနွယ်၏လက်များမှာ တုန်ယင်လာပြီး ငိုချမိသည်။

" သမီး သမီး ... စိတ်ငြိမ်ငြိမ်ထား၊ သူ ဖုန်းအားကုန်သွားတာည်း ဖြစ်မှာပေါ့ " (ဒေါ်လေး ဥမ္မာ)

" နှလုံးထိနေအုံးမယ် သမီးရယ်၊ မငိုနဲ့နော် " (ဒေါ်မာမိန်)

" ဥမ္မာပြောသလို တူကြီးဖုန်းအားကုန်သွားပြီး လမ်းမှာကားပိတ်နေတာမျိုးဖြစ်နိုင်တယ် "
(ဦးစံကျော်)

" ဟင့်အင်း ... ကိုကို ဖုန်းအားကုန်သွားရင် ကိုကို့ကားထဲမှာ ဖုန်းအားသွင်းလို့ရတာကို ... ဒါတစ်ခုခုဖြစ်ကိုဖြစ်နေတာ ... ဘယ်ကိုလိုက်ရမလဲမသိဘူး ... ရူးချင်တော့တာပဲ "

သိမ်မွေ့စံနွယ်၏စကားကြောင့် သူမမိသားစုကလည်း ခေါင်းနားပန်းကြီးသွားကြပြီး ပိုစိုးရိမ်သွားကြသလို သူမ၏ကျန်းမာရေးအတွက်လည်း စိုးရိမ်နေကြသည်။ ညအထိ နေဟန်မှိုင်းကို အဆက်အသွယ်မရကြသည့်အခါ သိမ်မွေ့စံနွယ်မှာလည်း ငိုကြီးချက်မနှင့် အစိုးရိမ်လွန်နေခဲ့သည်။

----

' ဟင်း .... ငါ ဘယ်ရောက်နေတာလဲ၊ ဘာမှလည်း မမြင်ရဘူး၊ ငါ့ကိုယ်ကရော ဘာဖြစ်နေတာလဲ'

နေဟန်မှိုင်းမှာ သူ့မျက်လုံးများကို အဝတ်ဖြင့် ပိတ်စည်းခံထားရသလို သူ့လက်များကလည်း ခုံနောက်တွင် စတီးလက်ထိပ်များ၊ ကြိုးများနှင့်အတူ လက်ပြန်ကြိုးတုပ်ခံထားရသည်။ သူ စိတ်လှုပ်ရှားနေမိသည်။ သူ့နားတွင် ခြေသံအနည်းငယ်ကြားနေရသည်။ ထို့နောက် လှောင်ရယ်သံတစ်ခုကိုလည်း ကြားလာရသည်။

" အဟက်ဟက် ... ငါ့တူလေး တေဇောခ နိုးလာပြီပဲ "

နေဟန်မှိုင်းမှာ ဦးမိုက်ကယ်၏အသံကိုကြားလျှင်ကြားချင်း ဒေါသထွက်ကာ အံကြိတ်မိသည်။ ဦးမိုက်ကယ်ကမူ ဇိမ်ခံကုလားထိုင်ပေါ်တွင် အခန့်သားခြေထောက်ချိတ်ထိုင်နေရင်း စကားပြောဖို့ စတင်သည်။

" မင်း မှတ်မိသေးလားတော့မသိဘူး ... မင်း ငယ်ငယ်က မင်းမိဘတွေခရီးဝေးသွားတုန်း ငါ့အိမ်မှာ မင်းခဏလာနေရတုန်းကပေါ့၊ အခန့်မသင့်လို့ မင်းနေမကောင်းဖြစ်ပြီး အဖျားတက်နေတဲ့အချိန် မင်းက တစ်ချိန်လုံး အာပြဲပြီး ငိုနေခဲ့တာလေ၊ အဲဒီအချိန်တွေ ငါရယ် ... ငါ့မိန်းမရယ် ... မင်းရဲ့အစ်ကိုနဲ့အစ်မရယ်က အငိုမတိတ်တဲ့မင်းကို တစ်ချိန်လုံးပြုစုခဲ့ကြတယ် "

ဦးမိုက်ကယ်က ခေါင်းကိုဘယ်ဘက်စောင်းထားလိုက်ပြီး ကုလားထိုင်လက်တန်းမှာ သူ့ဘယ်လက်ကို ထောက်ထားလိုက်သည်။ ထို့နောက် သူ့နားထင်နှင့်သူ့လက်ကို ထိထားသည်။ သူ့အကြည့်များက အေးစက်နေပြီး နေဟန်မှိုင်းကိုသာ စိုက်ကြည့်နေသည်။

" ငါက မင်းကိုငါ့သားတစ်ယောက်လို ချစ်ခဲ့တာပါ ... အဲ့နေ့က မင်းပုန်းနေတာကို ငါသိခဲ့တယ်၊ ငါ့ဒေါသကြောင့် မင်းမိဘတွေအပေါ် ငါလက်လွန်သွားခဲ့ပေမဲ့ မင်းကိုတော့ ငါဘာမှမလုပ်ခဲ့ဘူး ... ဒါပေမဲ့ မင်းကတော့ မထင်ထားလောက်ကို သေးသေးလေးနဲ့အဆိပ်ပြင်းတဲ့အကောင်ပဲ အဟက် "

" ခင်ဗျား နဂိုထဲက ကျုပ်မိဘတွေကို သတ်ဖို့အစီအစဉ်ရှိခဲ့တာမလား၊ မဟုတ်ရင် အဲဒီဓားကို ခင်ဗျားအစကတည်းက မသယ်လာခဲ့ဘူး၊ ဘာခုမှ ကြာပန်းဖြူကောင်ကြီး လာလုပ်မနေနနဲ့ "

ဦးမိုက်ကယ်ဘက်က အမှန်တရားပြောနေခဲ့ခြင်းဖြစ်သော်လည်း နေဟန်မှိုင်းကတော့ မယုံကြည်ခဲ့ပေ။ အမှန်စင်စစ်အားဖြင့် ဦးအေးဖေတစ်ယောက် အစ်ကိုဖြစ်သူ ဦးဝင်းဖေနှင့်မရီးဖြစ်သူကို သတ်ခဲ့စဉ် တူဖြစ်သူ တေဇောခ မြင်သွားခဲ့သည်ကို သတိထားမိခဲ့သော်လည်း သူမမြင်ချင်ယောင်ဆောင်ပေးခဲ့သည်။

" ငါ အမှန်တိုင်းပြောနေတာပါ ... ဓားက ငါအမြဲသွားလေရာ ဆောင်နေကျဖြစ်လို့ အဲဒီနေ့ကလည်း ငါယူခဲ့တာ၊ ငါမင်းကို မမြင်ချင်ယောင်မဆောင်ခဲ့ဘဲ သတ်ပစ်ခဲ့လို့ရတယ် တေဇောခ၊ ငါ မသတ်ရက်ခဲ့ဘူး ... မင်း ငါ့ကိုတစ်ချိန် ပြန်သတ်ဖို့ အခွင့်အရေးကို ငါပေးခဲ့တယ်၊ ဒါပေမဲ့ မင်းက ငါတင်မက မင်းအဒေါ် ... မင်းအစ်ကိုနဲ့အစ်မရောပါ သတ်ပစ်ခဲ့တယ်၊ ဒီလိုမှန်းသိရင် ငါမင်းကိုပါ သတ်ခဲ့သင့်တယ် ... ညှာပေးမိတာ ငါ့အမှားပဲ "

ဦးမိုက်ကယ်၏လက်များက တင်းကျပ်စွာ လက်သီးဆုပ်ထားခဲ့သည်။ နေဟန်မှိုင်းက ရယ်နေခဲ့သည်။

" ဟက် ... အဟက်ဟက် ... ခု ခင်ဗျားက မေတ္တာရှင်ကြီးလုပ်ခဲ့တဲ့အကြောင်း ကျုပ်ကိုတကူးတကချုပ်ထားပြီး ရှင်းပြနေတာပဲ "

" ဟုတ်တယ်၊ ငါက နဂိုကတည်းက မေတ္တာရှင် ... မေတ္တာမရှိတာ မင်းအဖေ ဦးဝင်းဖေပဲ "

" တောက် ... သောက်ပိုတွေ၊ ကျုပ်အဖေက ခင်ဗျားအပေါ် အရမ်းကောင်းခဲ့တယ်ဆိုတာ အဲ့တုန်းက ကျုပ်ငယ်ခဲ့ပေမဲ့ ကျုပ်ကောင်းကောင်းသိတယ် "

" အဟက် ... မင်းသိတာတွေက အမှားတွေလေ၊ မင်း အဖေအကြောင်း သူ့ညီဖြစ်တဲ့ငါက အသိဆုံးပါ တေဇောခ ရာ ... "

နေဟန်မှိုင်းလည်း ဦးမိုက်ကယ်ပြောသမျှစကားကြောင့် စိတ်ရှုပ်ထွေးလာသည်။

" အဲဒီအမွှေ ... အဲဒီအမွှေကိစ္စကြောင့် မင်းမိဘတွေကို သတ်လိုက်တယ်လို့ပဲ မင်းတစ်ဘဝလုံးမှတ်ထားခဲ့တာမလား၊ ငါ သတ်လိုက်တာ တခြားအကြောင်းတရားတွေကြောင့်လည်းပါတယ် တေဇောခ ... ဒီနေ့ မင်းသိကိုသိရမယ့်ကိစ္စတွေ ငါအကုန်ပြောပြသွားမယ် "

ဦးမိုက်ကယ်က မတ်တပ်ထရပ်လိုက်ပြီး သူ၏ဇိမ်ခံကုလားထိုင်ကို နေဟန်မှိုင်း၏အနားသို့ နီးကပ်စွာ ဆွဲယူလာပြီးနောက် နေဟန်မှိုင်းရှေ့မှာ ထိုင်လိုက်သည်။

" ငါတို့မိဘတွေက ငါတို့ညီအစ်ကိုနှစ်ယောက်မှာ မင်းအဖေက ငါ့လိုမဟုတ်ဘူး၊ သူက စာတော်တယ်၊ ပညာရေးရော အားကစားရော ဘက်စုံထူးချွန်တယ်၊ လိမ္မာရေးခြားရှိတယ်ဆိုပြီး အမြဲတမ်း သူတို့သားကြီးကိုပဲ ပစားပေးကြတယ် .... ဉာဏ်ရည်မမှီတဲ့ငါက အမြဲတမ်းကိုယ်ပျောက်လူသားတစ်ကောင်လို ခွဲခြားခွဲခြားဆက်ဆံခံခဲ့ရတယ်၊ ပြီးရင် သူတို့သားကြီးရဲ့ခံစားချက်တွေ ပြောစကားတွေဆိုလည်း သူတို့ကအလေးပေးတယ်၊ နားထောင်တယ်၊ ငါ့ခံစားချက်တွေနဲ့ ငါ့ဖြစ်တည်မှုကို မွေးမိဘတွေဖြစ်လျက်နဲ့ လက်မခံကြဘူး၊ အားနေရိုက်နေကြရော ... "

ဦးမိုက်ကယ်က သက်ပြင်းချလိုက်သည်။

" ငါလည်း သားတစ်ယောက်ပါ၊ ငါ့မိဘတွေ ငါ့အစ်ကိုကြီးလိုချစ်ကြသလို ငါလည်းသိပ်အချစ်ခံချင်မိတာပေါ့ ... ဒါပေမဲ့ ငါ့မိဘတွေရော မင်းအဖေကပါ ငါ့ဆိုရင် အမြဲချောင်ဖိုးထားကြတယ်၊ မိသားစုခရီးတွေမှာတောင် ငါ့ကိုဆိုမခေါ်ခဲ့ကြဘူး၊ မိဘက မခေါ်လို့ အစ်ကိုဖြစ်သူကို အသနားခံပြီး တောင်းတောင်းပန်ပန်ပြောလည်း မင်းအဖေက ငါ့ကိုအမြဲတမ်း ဒီလိုပြန်ပြောတယ် "

ဦးမိုက်ကယ်​၏နှုတ်ခမ်းများကွေးလာသည်။

" မင်းလို ဘယ်နေရာမှ သောက်သုံးမကျတဲ့ကောင် ... ငါ့လောက်မတော်တဲ့ကောင်က ငါတို့နဲ့ခရီးလိုက်ဖို့ -ီးတောင်မတန်ဘူး "

ဦးမိုက်ကယ်က ရယ်နေရင်း သူ့စကားကို ဆက်သည်။

" အဲဒီလိုပြောပြီးတိုင်းမှာ သူ ငါ့ကို နားရင်းအုပ်တာ အမြဲခံရတယ် ... ညီလေးဆိုပြီး ဘယ်တော့မှ ကြင်ကြင်နာနာမရှိဘူး၊ ဒီကြားထဲ ကြုံရင်ကြုံသလို လူကြားထဲမှာ ငါက ငနုံငအ ကျပ်မပြည့်တဲ့အကောင်ဆိုပြီး အရှက်ခွဲသေးတယ် ... ငယ်ငယ်ကနေ ကြီးလာတဲ့အထိ ငါက မိသားစုရဲ့ပစ်ပယ်တဲ့ဒဏ်ခံခဲ့ရတဲ့ကောင် ...

ဒါပေမဲ့ ငါအမြဲကြိုးစားခဲ့တယ်၊ ၆ တန်းကနေ စလို့ ငါစာကို အပတ်တကုတ်ကြိုးစားခဲ့တယ်၊ သူများတွေအိပ်ချိန် ငါမအိပ်ဘဲ ငါပဲအသေလုပ်ခဲ့တယ်၊ အဲ့ကနေ ငါ့အစ်ကိုနဲ့အပြိုင် အဆင့်တစ်တွေရခဲ့တယ်၊ အဲဒီအချိန် မိဘတွေက ငါ့ကိုပစားပေးလာကြပေမဲ့ မင်းအဖေကတော့ ငါ့ကို အမြဲတမ်း J ကြိတ်ဝင်နေခဲ့တယ်၊ အမြဲတမ်း ငါ့ကိုပြိုင်နေခဲ့တယ် ... ငါတို့ အထက်တန်းအောင်တဲ့အထိ၊ ငါတို့ဘွဲ့ရတဲ့အထိ၊ ငါတို့အိမ်ထောင်ကျတဲ့အထိ ... "

ဦးမိုက်ကယ်၏သက်ပြင်းသံက ရှည်လျားခဲ့သည်။

" ပြီးတော့ အမွှေက တကယ်ဆို ငါမယူလည်းရသား ... ဒါပေမဲ့ မိဘတွေဆီက နောက်ဆုံးလက်ဆောင်တွေ ဘာများဖြစ်မလဲလို့ ယူလိုက်မိတယ် ... ဟိုးငယ်ငယ်ကလိုပဲ သားကြီးကိုပဲ အမွေများများပေးပြီး သားငယ်ကိုတော့ အမွေပေးတယ်ဆိုတဲ့တာဝန်ကျေရုံလောက်လေး အဟက် "

" ဒါဆို ခင်ဗျားငယ်ငယ်က မကျေနပ်ချက်တွေနဲ့ပါ ကျုပ်မိဘတွေကို သတ်ခဲ့တာပေါ့"

နေဟန်မှိုင်း၏မေးခွန်းကို ဦးမိုက်ကယ်က ပြုံးခဲ့သည်။

" မဟုတ်ဘူး ... အဲဒါတွေအထိ ငါသည်းခံပေးခဲ့တယ် "

" နောက်ထပ် ဘာရှိသေးလို့လဲ "

နေဟန်မှိုင်းက စိတ်ဝင်တစား မေးလိုက်သည်။

" မင်းအဖေ ငါ့မိန်းမကို ကြာကူလီခဲ့လို့ "

" ဘာ "

နေဟန်မှိုင်းလည်း သူမထင်ထားသည့်အဖြေကြောင့် စိတ်ထိတ်လန့်သွားပြီး အသံကျယ်ကျယ်အော်မိသည်။

" မင်း မထင်ထားဘူးမလား "

" ခင်ဗျား အထင်လွဲနေခဲ့တာဖြစ်မှာ ... ကျုပ်အဖေ ခင်ဗျားအပေါ်ကို မမျှတတာတွေရှိခဲ့မယ်၊ ကျုပ်အဖေက မိန်းမကိစ္စ ရှင်းတာ ကျုပ်သိတယ် "

" ဟားဟားဟား ... မင်း ငြင်းမယ်ဆိုတာ သိပြီးသား ... ဒါပေမဲ့ သက်သေဓာတ်ပုံအားလုံးက ငါ့အိမ်မီးလောင်တဲ့အထဲပါသွားတာ စိတ်မကောင်းစရာပဲ၊ ငါ့မိန်းမက ငါ့ကိုပဲချစ်တာသိလို့ သူ ကြာကူလီတဲ့ဇာတ်ကို ဆက်မကတော့တာ၊ ဒါပေမဲ့ မင်းအဖေက မင်းအမေနောက်ကွယ်မှာ မင်းတို့ မသိအောင် သူများသမီးပျိုတွေကို ဖျက်ဆီးထားတာ အများကြီး "

" တော်တော့ဗျာ ... အဖေက အဲဒီလိုမဟုတ်ဘူး၊ ခင်ဗျားရဲ့လူယုတ်မာမျက်နှာဖုံးကိုချွတ်ချင်တိုင်း အဖေ့ကိုမကောင်းတဲ့ကောင်လုပ်နေတာလား "

" မင်းအဖေကိုယ်တိုင်က အစကတည်းက မကောင်းတဲ့ကောင်ကွ "

ဦးမိုက်ကယ်မှာ နေဟန်မှိုင်းထက် အသံ ၃ ဆပိုကျယ်ခဲ့သည်။ ထို့နောက် ဒေါသများက အတားအဆီးမဲ့လာလျှင် နေဟန်မှိုင်းကိုစည်ထားတဲ့ မျက်လုံးစည်းကို ချွတ်လိုက်လျက်။ နေဟန်မှိုင်း၏ခေါင်းကို သူ့လက်နှစ်ဖက်က တင်းကျပ်စွာ ကိုင်ထားခဲ့သည်။

" မင်းအဖေ အဲဒီလောက်ထိ စောက်ကျင့်ယုတ်တာကို ငါ မင်းအမေကို ဘယ်တော့မပြောပြခဲ့ဘူး၊ ငါတို့ညီအစ်ကိုချင်းပဲ ထိပ်တိုက်ဖြေရှင်းခဲ့တယ်၊ ငါ့မရီး စိတ်ဆင်းရဲမှာစိုးလို့ကွ၊ ဒါပေမဲ့ မင်းအမေကရော ဘာထူးလဲ၊ မင်းအဖေ ငါ့မိန်းမကို ကြာကူလီတာ ငါ့မိန်းမဘက်က စနိုက်ချင်တယ်ဆိုပြီးပြောခဲ့သေးတာ ... မင်းမိဘတွေကို အရမ်းသောက်ကျင့်ကောင်းတယ်လို့ ထင်မနေနဲ့ ... မင်းလည်း သူတို့သွေးသားဖြစ်နေတော့ မင်းမိဘတွေလို သောက်ချိုးမျိုးပဲနေမှာ "

ဦးမိုက်ကယ်မှာ နေဟန်မှိုင်းကို အသံကုန်အော်ဟစ်လိုက်ပြီးနောက် ဒေါသရှိန်ကြောင့် အသက်ဆက်တိုက်ရှူနေကာ မောနေခဲ့သည်။ နေဟန်မှိုင်းမှာလည်း သူအမုန်းဆုံးဦးလေးဆီက သူတစ်သက်လုံးမမျှော်လင့်ထားခဲ့သော အမှန်တရားများကို ကြားလိုက်ရသဖြင့် မယုံကြည်နိုင်ဖြစ်သွားရသည်။ လက်ခံဖို့ ခဲယဉ်းနေခဲ့သလို ဦးမိုက်ကယ်ပြောသမျှက အမှန်တရားများဖြစ်သည်ဟု တထစ်လက်ခံလိုက်ဖို့ လုံလောက်သည့်သတ္တိလည်းမရှိနေခဲ့ပေ။

" မင်းမိဘတွေ ငါတို့အပေါ်မကောင်းလည်း ငါ့မိသားစုက ကောင်းခဲ့တယ်၊ မင်းက ငါ့သားကြီး မိုးမခနဲ့ရုပ်တူတယ် ... ငါနဲ့ငါ့မိန်းမက မင်းရော ငါ့သားကြီးရော ငါ့သမီးရောကို တန်းတူချစ်ပေးခဲ့တယ်၊ ငါ မင်းကို မသတ်ရက်ခဲ့ဘူး ... ခုရောပဲ ... ဒါပေမဲ့ ငါ့ရဲ့သည်းခံနိုင်စွမ်းတွေ ကုန်သွားပြီ "

ဦးမိုက်ကယ်က နေဟန်မှိုင်း၏မျက်လုံးများကို စူးစိုက်ကြည့်ခဲ့ပြီးနောက် လှည့်ထွက်သွားခဲ့သည်။ အခန်းထဲတွင် ဦးမိုက်ကယ်၏တပည့်များသာ ကျန်ခဲ့သည်။ ဦးမိုက်ကယ်ထွက်သွားပြီး အခန်းတံခါးပိတ်သွားသည်နှင့်အမျှ နေဟန်မှိုင်းမှာ ဦးမိုက်ကယ်တပည့်များ၏နှိပ်စက်ခြင်းကို စတင်ခံရတော့သည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လျှပ်စစ်ဗို့အားပြင်း ကျင်စက်များဖြင့် ဝိုင်းဝန်းထိုးကြကာ ကန်ကျောက်ခဲ့ကြ၏။ ဤသို့ဖြင့် မြေအောက်ခန်းမထဲတွင် နေဟန်မှိုင်း၏နာကျင်နေသော အော်ဟစ်သံများက ပဲ့တင်သံထပ်ကာ ဆူညံနေခဲ့လျက်။

• ────── ✾ ────── •

Continue Reading

You'll Also Like

21.6K 508 30
THE COVER IS MINE PLEASE DONT STEAL!!! BAD WRITING!!! READ IF WANTED BUT YOU HAVE BEEN WARNED "M/n go inside you're freezing yourself!!" "im still t...
3.7M 293K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
18.9K 1.2K 47
The love between two souls across two different countries The love between two souls across two different cultures Unfortunate lovers of the past, ...
1.5K 94 8
ඔහු, වස්සානයක්, නමුදු එක, සැඩ වර්ෂාවක්!! Started - 2023.10.17 Finished-