မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင...

Від harley__robbie

240K 4.1K 88

​" နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ ၁၅၀၀ နဲ့ ၅၂၈ သီအိုရမ်မေတ္တာအစုအပုံတွေ တစ်စတစ်စ ပေါက်ဖွားလာတယ်။ အဲဒါဘယ်သ... Більше

To Dear Honeys 🍯
✽ အပိုင်း ၁ ✽
✽ အပိုင်း ၂ ✽
✽ အပိုင်း ၃ ✽
✽ အပိုင်း ၄ ✽
✽ အပိုင်း ၅ ✽
Thein Mwae San Nwe's Art
Nay Han Mine's Art
✽ အပိုင်း ၆ ✽
✽ အပိုင်း ၇ ✽
✽ အပိုင်း ၈ ✽
✽ အပိုင်း ၉ ✽
✽ အပိုင်း ၁၀ ✽
✽ အပိုင်း ၁၁ ✽
✽ အပိုင်း ၁၂ ✽
✽ အပိုင်း ၁၃ ✽
✽ အပိုင်း ၁၄ ✽
✽ အပိုင်း ၁၅ ✽
✽ အပိုင်း ၁၆ ✽
✽ အပိုင်း ၁၇ ✽
✽ အပိုင်း ၁၈ ✽
✽ အပိုင်း ၁၉ ✽
✽ အပိုင်း ၂၀ ✽
✽ အပိုင်း ၂၁ ✽
✽ အပိုင်း ၂၂ ✽
✽ အပိုင်း ၂၃ ✽
✽ အပိုင်း ၂၄ ✽
✽ အပိုင်း ၂၅ ✽
✽ အပိုင်း ၂၆ ✽
✽ အပိုင်း ၂၇ ✽
✽ အပိုင်း ၂၈ ✽
✽ အပိုင်း ၃၀ ✽
✽ အပိုင်း ၃၁ ✽ (ဇာတ်သိမ်းပိုင်း)
PDF File version (Unicode)
New OC Fiction Announcement (Unicode)
1 (Zaw)
2 (Z)
3 (Z)
4 (Z)
5 (Z)
6 (Z)
7 (Z)
8 (Z)
9 (Z)
10 (Z)
11 (Z)
12 (Z)
13 (Z)
14 (Z)
15 (Z)
16 (Z)
17 (Z)
18 (Z) 🔞⚠️‼️
19 (Z)
20 (Z)
21 (Z)
22 (Z) 🔞
23 (Z)
24 (Z)
25 (Z) 🔞
26 (Z) 🔞
27 (Z)
28 (Z)
29 (Z)
30 (Z)
31 (Z) Final Part
PDF File Ver (Zawgyi)
New OC Fiction Announcement (Zawgyi)

✽ အပိုင်း ၂၉ ✽

2.4K 55 1
Від harley__robbie

၉ နှစ်အရွယ် ကောင်လေးတစ်ယောက်က ကုမ္ပဏီအခန်းထဲကို မျက်ရည်တရွှဲရွှဲ၊ နှာတရှံ့ရှုံ့ဖြင့် ရှိုက်ငင်ကာ ဝင်လာသည်။ ဦးအေးဖေကမူ ကုမ္ပဏီ၏စာရင်းဇယားစာအုပ်များကို စစ်ဆေးရင်း အလုပ်ရှုပ်နေသည်။ တူလေး တေဇောခ၏တရွှတ်ရွှတ်ငိုသံနှင့်ခြေသံကိုကြားလျှင် သူခေါင်းမော့လာ၏။

" ဖေအေး ရွှတ်ရွှတ်"

" ဟား တေဇောခ ... တူလေး ဘာဖြစ်လာတာလဲ "

ဦးအေးဖေလည်း စာရင်းအင်းစာအုပ်များကို ဆက်လက်၍ မစစ်ဆေးတော့ပေ။ မတ်တပ်ရပ်ပြီး သူ့တူလေးဆီကို လာခဲ့သည်။ တေဇောခလေးမှာ ဦးအေးဖေ၏ခါးကို တင်းကျပ်စွာဖက်လိုက်ရင်း ငိုနေခဲ့သည်။

" ဖေဖေက သားကို ခွေးကောင်လေးဆိုပြီး ဆဲလွှတ်တယ်ဗျာ "

ဦးအေးဖေမှာ မျက်မှောင်ကြုတ်သွားသည်။ သူ့ခါးကို ဖက်ထားသော တေဇောခ၏လက်များကိုဆွဲဖယ်လိုက်ပြီး ငိုနေသော တေဇောခလေး၏မျက်နှာကို ကြည့်နေမိသည်။

" ဟုတ်လား၊ ငါ့အစ်ကိုကို မင်းက ဘာတွေစိတ်ဆိုးအောင် သွားလုပ်လို့လဲ၊ ငါသိသလောက် မင်းအဖေက မင်းကိုမဆဲဖူးပါဘူး "

" ရွှတ် ရွှတ် ... သား ဘာမှ မလုပ်ထားပါဘူး ဖေအေးရာ၊ သား ရဲ့ (၁၀)နှစ်ပြည့်မွေးနေ့ရောက်ရင် ရွှတ် .... သားကို စက်ရုပ်လေးဝယ်ပေးပြောမိတာကို၊ အဲဒါကို မင်းက အားတိုင်းပူဆာနေတာပဲ၊ နားညဉ်းတယ် ခွေးကောင်လေးတဲ့.... အီးဟီး .... သားကိုဆဲတယ် ... ခွေးကောင်လေးတဲ့ "

" ဟားဟား ... ငါ့အစ်ကို စိတ်မကြည်နေတုန်း မင်းက အလိုက်ကမ်းဆိုး မသိဘဲ သွားပူဆာနေမှာပေါ့ ... ပြီးတော့ ခွေးကောင်လေးပဲပြောတာလေ "

" အဲ့ ခွေးကောင်လေးက ဆဲတာပဲပေါ့ ဖေအေးကလဲ ... ပုံမှန် ဖေဖေက သားကို အဲဒီလိုတွေမပြောတတ်သလို ဆောင့်အောင့်မနေဘူး၊ ဒီနေ့ ဖေဖေ ဘာတွေဖြစ်နေတာပါလိမ့်၊ သားကို အဲဒီလိုအော်တော့ မေမေက မအော်နဲ့ပြောတာကို ... မေမေနဲ့လည်း ရန်အကြီးအကျယ်ဖြစ်သေးတယ် ... သား သိတဲ့ ဖေဖေ ဝင်းဖေ မဟုတ်နေဘူးဗျာ .... အရမ်းစိတ်ညစ်တယ် "

" ဟားဟား၊ ငါ့ဆို မင်းအဖေ ဆဲတာ အဲ့ထက်ဆိုးတယ်၊ ဒါဆို သားက စိတ်ညစ်နေလို့ ဖေအေးဆီ ထွက်လာခဲ့တယ်ပေါ့ "

" ဟုတ်တယ် ... ရွှတ် ရွှတ် "

ဦးအေးဖေလည်း တေဇောခ၏ဆံပင်များကို ထိုးဖွလိုက်ကာ ကျောကုန်းကို ကြင်နာစွာ ပွတ်သပ်ပေး၏။

" မြန်မြန်အငိုတိတ်ရင် ဖေအေး သား လိုချင်တဲ့စက်ရုပ်ကို ခုပဲဝယ်ပေးမယ် ... ဘာ စက်ရုပ်လဲ "

တေဇောခလေးမှာ ပျော်ရွှင်မှုအငွေ့ကလေးနှင့်အတူ မျက်ဝန်းလေးများ လင်းလက်သွားသည်။

" ဖေအေး ဝယ်ပေးမှာလား "

" အခုပဲ ဝယ်ပေးမှာ ငါ့တူကို "

" ဖေအေးက အရမ်းချစ်စရာကြီးဗျာ "

တူဝရီးနှစ်ယောက် ချစ်ချစ်ခင်ခင်ရှိကာ ရယ်မောနေကြလျက်။ ထိုညတွင် တေဇောခမှာ ဦးအေဖေအိမ်တွင် အိပ်နေခဲ့သည်။ ဦးအေးဖေက သူ့အိမ်တွင် တေဇောခအတွက် သီးသန့်တစ်ယောက်အိပ်ခန်းလုပ်ပေးထားသည့်အတွက် တေဇောခလေးက ထိုအိပ်ခန်းထဲမှာ အိပ်နေခဲ့၏။

တေဇောခ၏မိဘများသည် သူတို့၏စီးပွားရေးလုပ်ငန်းများနှင့် အလွန်အလုပ်ရှုပ်ကြသူများဖြစ်သည့်အလျောက် သူတို့၏သားဖြစ်သူကို အိမ်တွင်ခဏခဏထားခဲ့ရသည်။ ထိုအခိုက်အတန့်များတွင် တေဇောခမှာ အိမ်ဖော်များ၊ အိမ်တော်ထိန်းများနှင့် မနေချင်သည့်အခါ ဦးအေးဖေတို့၏မိသားစုကို ခဏခဏ ဖုန်းလှမ်းဆက်ကာ သူ့ကိုလာခေါ်ခိုင်းလေ့ရှိခဲ့သည်။

တစ်ဦးတည်းသော သားလေးဖြစ်၍ လွန်စွာအဖော်မင်၏။ ဦးဝင်းဖေမှာ သားဖြစ်သူနှင့် သူ့ညီ ဦးအေးဖေကို သွေးအရမ်းရင်းနှီးမည်ကို မလိုလားသော်လည်း သူတို့အိမ်မှာမရှိသည့်အချိန်တွင် တေဇောခလေး တစ်ယောက်တည်း အထီးကျန်ဆန်နေသည်ကို မကြည့်ရက်သဖြင့် ဦးအေးဖေတို့မိသားစုနှင့်အတူတူနေသည်ကို ကြည်ဖြူပေးခဲ့သည်။

တေဇောခလေးအတွက် ဦးအေးဖေသည် သူ၏ဒုတိယဖလင်သဖွယ်ဖြစ်သည့်အလျောက် " ဖေအေး" ဟုသာ အမြဲတမ်းခေါ်နေခဲ့သည်။

အခန်းတံခါးဖွင့်သံကြားလျှင် တေဇောခမှာ အိပ်ရာကနေ ထလာခဲ့သည်။

" ဖေအေး ... "

" သား ... မအိပ်သေးဘူးလား "

" အိပ်မပျော်နေဘူးဗျာ "

" ဖေအေး ပုံပြင်ပြောပြရမလား ... မင်းအစ်ကို မိုးမခ အိပ်မပျော်ရင် ဖေအေး သူ့ကိုပြောပြနေကျ ပုံပြင်လေးတွေပေါ့ "

ဦးအေးဖေမှာ တံခါးပိတ်ပြီး တေဇောခ၏ကုတင်အနားကို လမ်းလျှောက်လာသည်။ ထို့နောက် ကုတင်ပေါ်တက်ပြီး တေဇောခလေးအနားမှာ ဝင်ထိုင်လိုက်သည်။ တေဇောခလေးမျက်နှာမှိုင်တွေနေသည်ကိုမြင်ရလျှင် ဦးအေးဖေက ပြုံးလိုက်သည်။

" သား ဘာတွေခံစားနေရလဲ ... ဖေအေးကို ပြောလေ"

တေဇောခလေးမှာ မျက်ရည်များစီးကျလာလျှင် သူ့လက်ဖမိုးဖြင့် ထိုမျက်ရည်များကို သုတ်ဖယ်လိုက်၏။

" ဖေအေးရဲ့အစ်ကို သား ဖေဖေက ခုတလော သားနဲ့မေမေ့အပေါ် အေးစက်လာသလိုပဲ "

" သား စိတ်ထင်လို့ဖြစ်မှာပါ၊ သား ဖေဖေက အလုပ်တွေမှာ ပြဿနာရှိနေလို့ သားတို့ကို သေချာဂရုမစိုက်နိုင်တာဖြစ်မယ် "

" ဒါပေမဲ့ ... ဖေဖေက သားတို့ကိုအရင်က အရမ်းချစ်သလောက် ခုသိပ်မချစ်တော့သလို ခံစားနေရတယ်၊ ဖေအေးကမှ သားကို ဖေဖေ့ထက် ပိုချစ်ပေးသလိုပဲ"

" ကဲပါကွာ၊ ခံစားချက်တွေ လျှော့ချလိုက်ပါ ... သားရဲ့ဖေဖေရော ဖေအေးရော သားကိုအကုန်ချစ်ကြပါတယ်၊ ဖေအေး ပုံပြင်လေးတွေ ပြောပြမယ် "

တေဇောခလေးမှာ ကုတင်ပေါ်တွင် လဲလိုက်သည်။ ဦးအေးဖေက စောင်ခြုံပေးလိုက်ရင်း တေဇောခဘေးနားမှာ လဲလျောင်းခဲ့သည်။ ထို့နောက် တေဇောခလေးကို ပွေ့ဖက်ရင်း ပုံပြင်ပြောခဲ့သည်။

" ဟိုးရှေးရှေးတုန်းက ဂျွန် လို့အမည်ပေးထားတဲ့ ကလေးလေးရှိသတဲ့။ တစ်နေ့မှာ သူ့အဖေက သူငိုနေတာကိုတွေ့သွားတယ်။ အဖေကလည်း သူ့သာကို တစ်ခုခုမှားနေလားလို့ မေးလိုက်တော့ ဂျွန်လေးက "သားမှာ ပြဿနာတွေ အများကြီးရှိတယ်" လို့ သူ့ရဲ့ ပြဿနာတွေအကြောင်းကို ပြောပြတာပေါ့။

ဂျွန့်အဖေကလည်း သားစကားကို စိတ်ရှည်ရှည်ထားပြီး နားထောင်ပေးတယ်။ အဲဒီနောက် ပန်းကန်လုံးတစ်လုံးယူလာပြီး အာလူးတစ်လုံး၊ ကြက်ဥတစ်လုံးနဲ့ ကော်ဖီစေ့အချို့ကို ထည့်လိုက်တယ်။ ပန်းကန်လုံးထဲက ပါဝင်ပစ္စည်းတွေကိုကိုင်ပြီး ခံစားကြည့်ဖို့ ဂျွန်ကို တောင်းဆိုတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး သူခံစားရတာကို ပြောပြဆိုတော့ ဂျွန်ကလည်း အဲ့ပစ္စည်းတွေကို ထိတွေ့လိုက်တဲ့အခါ သူ ဘယ်လိုခံစားရသလဲဆိုတာကို ဖအေလုပ်သူကို ပြောပြလိုက်ရော။

အဖေက ပြုံးပြီး အားလုံးကို မတူညီတဲ့ ပန်းကန်လုံးသုံးလုံးထဲ ထည့်ပြီး ရေလောင်းခိုင်းခိုင်းတယ်။ အဲဒီနောက် အားလုံးကို ရေဆူအောင်လုပ်လိုက်တယ်။ မိနစ်အနည်းငယ်ကြာသွားတဲ့အချိန်မှာ အဖေကနေ မီးဖိုကိုပိတ်ပြီး ပန်းကန်တွေအားလုံးကို အအေးခံလိုက်တယ်။

အေးသွားတော့ ဂျွန့်ဖခင်က သူတို့ကို တစ်ခါထိပြီး ကြက်ဥ၊ အာလူးနဲ့ ကော်ဖီစေ့တွေအပေါ် ခံစားပေးဖို့ တောင်းဆိုတယ်။ ဂျွန်ကလည်း ဒီတစ်ကြိမ်မှာ မတူညီတဲ့အဖြေတွေပြောပြပေးတယ်။ အာလူးရဲ့အရေခွံက အလွန်ပျော့ပြောင်းသွားတာကြောင့် အခွံခွာဖို့ ပိုလွယ်ကူတယ်။ ကြက်ဥက မာကျောလာပြီး ကော်ဖီစေ့တွေကနေ လတ်ဆတ်တဲ့ ကော်ဖီရနံ့တွေ ထွက်လာတယ်ပေါ့။

ဂျွန် ပြောတာကို နားထောင်ရင်း သူ့အဖေက ပြုံးပြီး အာလူး၊ ကြက်ဥနဲ့ ကော်ဖီစေ့တွေက ဆိုးရွားတဲ့ အခြေအနေတွေကို ဘယ်လိုတုံ့ပြန်ကြောင်း ပြောပြပေးတယ်။ အာလူးက ပျော့ပျောင်းလာတယ်။ ကြက်ဥက အလွန်မာလာတယ်။ ကော်ဖီစေ့တွေက ပွက်ပွက်ဆူနေတဲ့ရေမှာ ပုံစံ လုံးဝပြောင်းသွားတယ်။

ပုံပြင်လေးကပြောချင်တဲ့သင်ခန်းစာက ပြဿနာတွေဆိုတာကလည်း ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ အဲဒီပြဿနာတွေကို ဖေအေးတို့ဘက်က တုံ့ပြန်ပုံတုံပြန်နည်းတွေပေါ်မူတည်ပြီး ဖေအေးတျု့ကို ပိုမိုကောင်းမွန်တဲ့လူတွေ ဖြစ်လာစေတယ်။

တစ်ချိန်က မာကျောလှတဲ့ အာလူးက ပွက်ပွက်ဆူနေတဲ့ရေထဲမှာ ပျော့ပျော့လေးဖြစ်လာတယ်ဗျာ။ ကြက်ဥကတော့ အရင်က နုနယ်ပြီး အားနည်းခဲ့ပေမဲ့ ရေပွက်ပွက်ဆူပြီးသွားတဲ့နောက်မှာ မာကျောလာတယ်ဗျာ။ ဒါပေမဲ့ ကော်ဖီစေ့တွေကကတော့ တုံ့ပြန်ပုံချင်းမတူကြဘူး။ သူတို့က ပွက်ပွက်ဆူနေတဲ့ရေထဲမှာတော့ လုံးဝအသစ်အဆန်းအသွင်ပြောင်းသွားကြပြီး လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ကြတယ် "

ဦးအေးဖေက ပုံပြင်အဆုံးသတ်မှာ ပြုံလိုက်ပြီး တူလေး တေဇောခကို မေးလိုက်သည်က ...

" တေဇောခ ...သားကရော ...
ဘဝမှာ ပြဿနာအခက်အခဲတွေကြုံလာတိုင်း ဘယ်လိုတုံ့ပြန်မလဲ။ အာလူးလိုလား၊ ကြက်ဥလိုလား မဟုတ်ရင် ကော်ဖီစေ့တွေကိုလား .... "

တေဇောခလေးက ဦးအေးဖေကိုကြည့်ရင်း သူဘယ်လိုအဖြေပြန်ပေးရမလဲဆိုတာကို တွေးတောနေခဲ့သည်။

" သားကတော့ ကြက်ဥလို ဖြစ်လောက်မယ်ထင်တယ် "

ဦးအေးဖေက မျက်လုံးမှေးသည်အထိ တေဇောခလေးကို ပြုံးပြခဲ့သည်။ ထို့နောက် တေဇောခလေး၏နဖူးလေးကို နမ်းခဲ့ရင်း တူလေးကို ကြင်နာစွာ ချော့သိပ်ပေးခဲ့လျက်။

---

ဦးဝင်းဖေနှင့် ဦးအေးဖေတို့ ညီအစ်ကိုနှစ်ယောက် စားသောက်ဆိုင်တစ်ခု၌ ကိစ္စတခုကြောင့် ထိပ်တိုက်တွေ့ဆုံကြသည်။ ဦးအေးဖေက ကော်ဖီခွက်ကိုကိုင်ကာ ကော်ဖီကို ဖြည်းညင်းစွာ သောက်နေရင်း စိတ်ရှုပ်ထွေးကာ မျက်နှာမကောင်းနေသော ဦးဝင်းဖေကို ကြည့်ရှုခဲ့သည်။

"ဝင်းဖေ ငါ့ကိုဘာပြောမလို့လဲ ... ပြောလေ "

" မင်း အမွေယူမှာလား "

ဦးအေးဖေ၏နှုတ်ခမ်းက လှောင်ပြုံးယောင်သမ်းလိုက်ကာ အနည်းငယ်မျက်မှောင်ကုတ်ရင်း အေးဆေးတည်ငြိမ်စွာ ဖြေလိုက်သည်။

" ယူမှာပေါ့ "

ဦးဝင်းဖေ၏မျက်နှာထားက မနာလိုဝန်တိုမှုနှင့်အတူ ခက်ထန်သွားသည်။

" ဘာလို့ယူမှာလဲ၊ အဖေနဲ့အမေ အသက်ရှိစဉ်က မင်းကိုလိုလေးသေးမရှိထားခဲ့တာ၊ မင်းကိုပဲ ပိုအရေးပေးခဲ့တာ ... ခု အမွေကလည်း မင်းအတွက် နည်းနည်းလေးကို ဘာတွေမက်နေတာလဲ၊ ငါ့ကိုပဲပေးလိုက်ပါလား "

" အစ်ကို ... ခင်ဗျားက အဓိပ္ပာယ်မရှိတာတွေပြောနေတာပဲ၊ အမေနဲ့အဖေက ခင်ဗျားကိုပဲ ပိုအရေးပေးခဲ့တာပါဗျာ၊ ကျုပ် ခင်ဗျားထက် ပိုကြိုးစားပြမှသာ အရေးပေးလာတာ၊ အစ်ကို့ မှတ်ဉာဏ်တွေ မကောင်းတော့ဘူးထင်တယ်၊ ပြီးတော့ အခုအမွေပေးသွားတဲ့ပုံကိုပဲကြည့် ... ခင်ဗျားရမယ့် ပိုင်ဆိုင်မှုက ကျုပ်ထက်များနေသေးတယ်၊ ပြီးတော့ ကျုပ်ပိုက်ဆံတွေလည်းပါခဲ့တယ် ... ခင်ဗျားမေ့နေတာလား၊ ခင်ဗျား ကျုပ်ကို ခြေသလုံးဖက်မတက် တောင်းပန်ထားပြီး ခင်ဗျားအိမ် အပေါင်ဆုံးမှာကို အတင်းရွေးခိုင်းထားတာလေ ... ဒါ့ကြောင့် ခင်ဗျားရမယ့်အမွေကလည်း ကျုပ်ရမယ့်အမွေပဲဆိုတာ ခင်ဗျားသိထားသင့်တယ်၊ မဟုတ်ရင် ကျုပ်ကတော့ ခင်ဗျားကို တရားစွဲမှာ "

" မင်း အစ်ကိုကို ဘယ်လိုသတ္တိမျိုးနဲ့ပြောနေတာလဲ အေးဖေ၊ ငါ ပြန်ပြေလည်ရင် မင်းကိုအကုန်ဆပ်မှာပဲ၊ ငါမှားတာ မင်းကိုအကူအညီမတောင်းခဲ့သင့်ဘူး ... ညီဖြစ်သူမို့လို့ အားကိုးမိခဲ့တာ၊ မင်းက အချိန်တန်တော့ ဇာတိပြတာပဲ"

" အဟက် ... ညီဖြစ်သူရဲ့မိန်းမကို ကြာကူလီထားတဲ့အစ်ကိုအရင်းကို ကြာကူလီမှုနဲ့တရားမစွဲဘဲ ကျေလည်ပေးခဲ့တာ၊ ဒါ့အပြင် ကြာကူလီအစ်ကိုအိမ်အပေါင်ဆုံးမှာစိုးလို့လည်း သိန်းသောင်းချီတဲ့ငွေတွေနဲ့ ရွေးပေးထားခဲ့ရတယ် ... ဒါကို အမွေကျတော့လည်း ခင်ဗျားကပိုရတယ်၊ ပိုရတော့လည်း ညီဖြစ်သူကို မပေးချင်တဲ့လူယုတ်မာကို ဘာမှမျက်နှာငဲ့စရာမရှိဘူးထင်တယ်နော် ကိုဝင်းဖေ "

" တောက် "

ဦးဝင်းဖေမှာ ဒေါသမီးတောင်များပေါက်ကွဲလာကာ အမျက်မာန်ချော်ရည်များ စီးကျလာပြီး တောက်ခေါက်လိုက်လျှင် ဦးအေးဖေက လှောင်ရယ်ပြုံးခဲ့ပြီး မတ်တပ်ထရပ်ခဲ့သည်။

" ခင်ဗျားအမွေကို တစ်ဝက်ခွဲမပေးရင် ရှေ့နေတွေနဲ့ပဲ စကားပြောကြမယ် "

ဦးအေးဖေမှာ ဦးဝင်းဖေကို စိုက်ကြည့်ပြီးနောက် ကျောခိုင်းကာ လှည့်ထွက်သွားခဲ့သည်။

------

ယနေ့ညတွင် ဦးမိုက်ကယ်မှာ မမယ်ဘယ်ရာနှင့်အတူ ပါတီပွဲတစ်ခုကနေ အိမ်ပြန်နောက်ကျခဲ့သည်။ သူ၏စံအိမ်တော်ကိုရောက်လျှင်ရောက်ချင်း တပည့်ဖြစ်သူများက နေဟန်မှိုင်းအကြောင်း အစီရင်ခံတင်ပြကြသည်။

နေဟန်မှိုင်းမှာ အစာငတ်ခံနေပြီး ဒဏ်ရာသက်သာရန် သောက်ဆေးများလည်း မသောက်နေပေ။ ထို့ကြောင့် drip သွင်းထားသော ဆေးရှိန်များဒဏ်ကိုခံနိုင်ခြင်းမရှိဘဲ အလွန်အားနည်းနေကာ အခြေအနေစိုးရိမ်နေရ၏။ သို့သော်လည်း အခန်းထဲ ရှိသမျှ ပစ္စည်းများကိုကောက်ပေါက်ကာ သောင်းကျန်းနေသလို ဆရာဝန်နှင့်ဦးမိုက်ကယ်တပည့်များကိုလည်း ရန်မူနေခဲ့သည်။ ဤသို့ နေဟန်မှိုင်း၏အကြောင်းကိုကြားသိရပြီးနောက်  ဦးမိုက်ကယ်လည်း သူ့အခန်းထဲတွင် ခဏနားနေခဲ့သည်။

နေဟန်မှိုင်းမှာမူ ကုတင်ပေါ်တွင် ခွေနေခဲ့ပြီး နာကျင်စွာ ပင်ပန်းနွမ်းနယ်နေခဲ့သည်။

ဤအခန်းသစ်ထဲမှာ သူရောက်ရှိသည့်အချိန်မှစ၍ ယခုထိတိုင် သူ့ဦးလေးအကြောင်းနှင့်အဖေအကြောင်းကို သေချာပြန်စဉ်းစားနေခဲ့သည်။

သူ့ဖခင် ဦးဝင်းဖေသည် သူ့ကိုအလွန်ချစ်သော်လည်း တစ်ခါတလေတွင် သူ့ကိုလူတန်းစားခွဲခြားသက်အောင် သင်ပေးလေ့ရှိသကဲ့သို့ ဖခင်က ပညာဂုဏ်အရမ်းမောက်မာသည်။ သားဖြစ်သူကိုလည်း အမြဲတမ်းပညာဂုဏ်မောက်မာတတ်အောင် အတ္တဆန်သော တလွဲအတွေးအခေါ်များနှင့်သင်ပေးတတ်သည်။ ထို့အပြင် အလွန်တရာစည်းကမ်းကြီးပြီး ချုပ်ချယ်တတ်သည်။ သို့သော် နေဟန်မှိုင်း ( တေဇောခ) ကမူ သူ့အဖေ ချုပ်ချယ်သမျှကို အပြစ်မမြင်ဘဲ နာခံတတ်သောကလေးတစ်ယောက်ဖြစ်ခဲ့သောကြောင့် လူသားတစ်ယောက်၏အခွင့်အရေးဆုံးရှုံးနေသည်များကို သူမသိခဲ့ပေ။

ဖခင် ဦးဝင်းဖေ သူ့ကိုချစ်သည့်ပုံစံက ပူလောင်သောကများနေခဲ့သည်။

သူ့ဦးလေး ဦးအေးဖေသည် သူ့အပေါ်အမြဲတမ်း ကြင်နာနူးညံ့စွာ ဆက်ဆံသည်။ လူတန်းစားမခွဲခြားရန်၊ လူသားချင်းညှာတာစာနာတတ်ရန်၊ ကူညီဖေးမတတ်ရန်၊ ကိုယ်ချင်းစာတရားအမြဲထားရန်၊ ကြင်နာတတ်ရန်အစရှိသဖြင့် ပြောဆိုဆုံးမတတ်သည်။

ဦးလေး ဦးအေးဖေ ( ဦးမိုက်ကယ်) သူ့ကိုချစ်သည့်ပုံစံက အလွန်တရာမှ အေးချမ်းလွန်းခဲ့သည်။

သို့သော် ထိုဖခင်နှစ်ယောက်စလုံးအပေါ်ထားရှိသော သားတစ်ယောက်၏ချစ်ခြင်းမေတ္တာတရားများက ညီတူမျှတူရှိခဲ့လျက်။

ဤအကြောင်းအရာများကို နေဟန်မှိုင်း၏မှတ်ဉာဏ်ထဲမှာ ပြန်လည်ပုံဖော်မိလာလေ၊ သူ့နှလုံးအိမ်သည် ပူဆွေးခြင်းတို့ဖြင့် တဆစ်ဆစ်၊ တမြေ့မြေ့ နာကျင်လာလေ၊ မျက်ရည်စီးကြောင်းများက အတောမသတ်နိုင်လေ....။

သူချစ်သော ဖခင်ကို သူချစ်သော ဖခင်ကပဲ ပြန်သတ်ခဲ့သည်။

ကွယ်လွန်သွားသော ဖခင်သည် နတ်ဆိုးကဲ့သို့ပင်ကိုယ်စရိုက်သဘာဝကို ပိုင်ဆိုင်ထားပြီး လူသတ်မှုကျူးလွန်သည့် ဖခင်မှာ နတ်သားတစ်ပါးကဲ့သို့ ဖြူစင်မြင့်မြတ်သော ပင်ကိုယ်စရိုက်သဘာဝရှိခဲ့သည်။

သို့သော် ထိုနတ်သားဖခင်အပေါ်ဝယ် ဘဝတစ်လျှောက်လုံး မုန်းတီးနေခဲ့ပြီး သူ့အပေါ်စေတနာမေတ္တာထားခဲ့သည်ကို မေ့လျော့မိခဲ့သည်။ အတိတ်နောက်ကြောင်းများကို ပြန်တွေးမိလေ၊ ဦးလေးဖြစ်သူအပေါ် သနားမိလေလေ၊ ခွင့်လွှတ်ချက်လာလေ....။

နေဟန်မှိုင်းတစ်ယောက် အိပ်ရာထဲမှာ ခွေအိပ်နေတုန်း တံခါးပွင့်လာ၏။ ဦးအေးဖေးမှာ နေဟန်မှိုင်းငယ်စဉ်က ကြိုက်နှစ်သက်ခဲ့သောအစားအသောက်များကို သူကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်လာခဲ့ကာ တွန်းလှည်းနှင့်သယ်ဆောင်လာခဲ့သည်။ ထို့နောက် ကုတင်ဘေးနားတွင် တွန်းလှည်းကို ရပ်ထားလိုက်သည်။

နေဟန်မှိုင်းက သူ့ကိုမကြည့်ခဲ့ပေ။ ဦးမိုက်ကယ်လည်း သက်ပြင်းငွေ့ငွေ့လေးချလိုက်ရင်း တူဖြစ်သူဘေးမှာ ထိုင်ချလိုက်သည်။

" သား မင်း ဘာမှမစားဘူးဆို "

ဦးမိုက်ကယ်က မေးသော်လည်း နေဟန်မှိုင်းမှာ ပြန်မဖြေခဲ့ပေ။

" မင်း ကြိုက်တဲ့ဟင်းတွေ၊ မုန့်တွေ လုပ်လာတယ် "

ဦးမိုက်ကယ်က ငယ်စဉ်ကတည်းကပင် အချက်အပြုတ်တော်၏။ သူ၏သားကြီး မိုးမခကလည်း ဖခင်ခြေရာနင်းခဲ့သလို နေဟန်မှိုင်းကလည်း သူ့ဦးလေးနှင့်အစ်ကိုဝမ်းကွဲအတိုင်း ဟင်းချက်ဝါသနာပါခဲ့သည်။ ထို့ကြောင့် အထက်တန်းကြေးစားလူသတ်သမားဘဝကို စွန့်လွှတ်ပြီးချိန်၌ စားဖိုမှူးသင်တန်းတက်ခဲ့ပြီး အနာဂတ်တွင် ကိုယ်ပိုင်စားသောက်ဆိုင်တစ်ခု ဖွင့်လှစ်ရန်ရည်ရွယ်ထားခဲ့ခြင်းပင်။

ဦးမိုက်ကယ်လည်း သူ့ကိုစကားတစ်ခွန်းမှ မတုံ့ပြန်ဘဲ အကြည့်လွှဲထားသော နေဟန်မှိုင်းကို ညိုးငယ်စွာ စိုက်ကြည့်နေမိသည်။

" မိုးမခရဲ့လူကြီးပုံစံလေးကို မြင်နေရသလိုပဲ "

နေဟန်မှိုင်းမှာ မျက်လုံးမှိတ်ထားလိုက်သည်။

" မင်း ... ဖေအေးကို မုန်းနေရင်တောင် မင်းချစ်တဲ့လူတွေအတွက် အသက်ရှင်ရအုံးမယ်လေ သား ... အဲဒါကြောင့် အစားစားပြီး ဆေးသောက်လိုက်...  ဘာ အဆိပ်မှ မခတ်ထားဘူး၊ မင်း မယုံရင် ဖေအေး အရင်စားပြပေးမယ် ... ဟုတ်ပြီလား "

နေဟန်မှိုင်းကမူ ဘာမှပြန်မပြောပေ။ တကယ်က သူ ဘာဆက်လုပ်ရမှန်းမသိနေခဲ့သလို စိတ်မကောင်းဖြစ်နေမိသည်။

သူ အလွန်တရာမှ သတ်ချင်မိသည့် ဦးလေးသည် သူ့အပေါ် ယခုထိတိုင် သံယောဇဉ်ကြီးမားနေသေးသည်။ ကြင်နာနေသေးသည်။ မေတ္တာအစစ်အမှန်ထားနိုင်နေသေးသည်။ သူ လက်မခံချင်သော်လည်း အားနာစိတ်ကလေးများ ဝင်မိနေရင်း ရင်ထဲတွင် ဝမ်းနည်းလုံးစို့တက်နေပေသည်။

" သား ... စိတ်ရှုပ်နေမယ်ဆိုတာ ဖေအေးသိပါတယ် "

ဦးမိုက်ကယ်မှာ ဘေးတစ်စောင်း ခွေအိပ်နေသော နေဟန်မှိုင်း၏လက်နှစ်ဖက်ကို ဆွဲယူလိုက်ပြီး ကြည့်နေခဲ့သည်။

" ငါ့သားလက်လေးတွေ မကိုင်ခဲ့ရတာ အတော်ကြာပြီပဲ ... တစ်ချိန်တည်းမှာ ညီအစ်ကိုနှစ်ယောက်ရဲ့လက်လေးတွေကို ကိုင်နေရတဲ့အတိုင်းပဲ "

နေဟန်မှိုင်းမှာ မငိုမိအောင် မာန်တင်းထားသော်လည်း မျက်ရည်များက ပို၍ပင်စီးကျလာခဲ့သည်။ ဤသည်ကို ဦးမိုက်ကယ် သတိထားမိလျှင် နေဟန်မှိုင်းအနားကို ပိုတိုးလာသည်။ သူ့လက်မဖြင့် နေဟန်မှိုင်း၏မျက်ရည်များကို သုတ်ပေးခဲ့သည်။ ထို့နောက် နေဟန်မှိုင်း၏ပါးပြင်မှာ ပူကျစ်တောက်နေခဲ့သည်ကိုခံစားမိလျှင် သူ့နဖူးကို လက်ဖြင့်စမ်းသပ်နေလိုက်သည်။

" ဟား ... သား မင်းကိုယ်တွေပူနေပြီး ဖျားနေပြီ၊ မဖြစ်ဘူး၊ ဆရာဝန်တွေပင့်ခိုင်းရမယ် "

ဦးမိုက်ကယ်မှာ ကုတင်ပေါ်ကနေထသွားမည်အလုပ် နေဟန်မှိုင်းမှာ သူ့လက်ကို ဆတ်ခနဲဖမ်းဆွဲထားလိုက်သည်။

" နေပါတော့ဗျာ ........ ဘယ်ဆရာဝန်မှ မပင့်ပါနဲ့တော့....... သေရင်လည်း......ဒီတိုင်းလေးပဲ...............အသက်ထွက်သွားပါရစေ......ဂရုစိုက်ပေးမနေပါနဲ့တော့......တောင်းပန်ပါတယ်"

နေဟန်မှိုင်း၏အသံက တိုးနေခဲ့သော်လည်း ဦးမိုက်ကယ်အတွက် ပီသစွာ ကြားရသည်။

" သား....ဖေအေး တောင်းပန်ပါတယ်၊ မင်း အသက်ဆက်ရှင်ရမယ်လေ၊ မင်းမှာ ချစ်ရတဲ့မိန်းကလေးရှိနေပြီမလား၊ မင်း သူ့အတွက် အသက်ဆက်မရှင်တော့ဘူးလား "

ဦးမိုက်ကယ်ပြောလိုက်သောစကားကြောင့် နေဟန်မှိုင်းလည်း ချက်ချင်းဆိုသလို သိမ်မွေ့စံနွယ်၏ပုံလေးကို တန်းမြင်မိသည်။

" မင်း ကောင်မလေးကို သိပ်ချစ်တယ်ဆို အစားစားပြီး ဆေးသောက်သင့်ပြီ၊ မင်း နေကောင်းရင် ကောင်မလေးဆီ ပြန်သွားတော့....ဟုတ်ပြီလား... ကဲကွာ... လဲအိပ်မနေနဲ့၊ ထလိုက်"

ဦးမိုက်ကယ်၏ချော့မော့မှုကြောင့် နေဟန်မှိုင်းလည်း သဘောတူသွားသည်။ ဦးမိုက်ကယ်ကလည်း နေဟန်မှိုင်းကို ဆွဲထူပေးပြီးနောက် အစားအသောက်များကို သူကိုယ်တိုင် နေဟန်မှိုင်းကို ခွန့်ကျွေးသည်။

ထိုစဉ် မမေဘယ်ရာမှာ သူမ၏ခင်ပွန်း အိပ်ခန်းထဲသို့ ည ၁ ချက်ထိုးသည့်တိုင် မဝင်လာသေးသဖြင့် စိတ်ပူနေခဲ့သည်။ ထို့ကြောင့် အခန်းပြင်သို့ထွက်လာခဲ့ပြီး ဦးမိုက်ကယ်၏တပည့်ဖြစ်သူများကို မေးမြန်းခဲ့သည်။

" ဟေး ... မင်းတို့ဆရာ ခုဘယ်မှာလဲဟင် ... အိပ်ချိန်နောက်ကျနေပြီကို...အခန်းထု ခုချိန်ထိ မဝင်လာသေးဘူး"

" ဟုတ်ကဲ့၊ ဆရာကြီးက သူ့တူနဲ့ သူအလုပ်လုပ်ရင် အိပ်နေကျတစ်ယောက်အိပ်အခန်းထဲမှာ ရှိနေပါတယ် "

" ဟုတ်လား ... အဲဒါဆို အဲ့အခန်းဆီ ဒို့ခုပဲ သွားလိုက်မယ် "

" ဟား ... ဆရာကတော်၊ မဖြစ်ဘူး၊ ဆရာကြီးက ကျွန်တော်တို့ဘယ်သူမှ ဝင်မရဘူးလို့ အမိန့်ပေးထားတယ် "

" ဟင် ... ခက်တော့တာပဲ၊ မင်းတို့ပဲ ဟိုနေ့က ဒို့ကိုပြောတော့ သူ့တူက သူ့ကိုတောင် လည်ပင်းညှစ်သတ်ဖို့ကြံတယ်ဆို ... မင်းတို့ဆရာကို အဲဒီအရိုင်းအစိုင်းနဲ့ စိတ်ချလက်ချထားထားစရာလား "

" ကျွန်တော်တို့က ကိုယ့်ဆရာ ဒုက္ခရောက်အောင် မထားပါဘူး ဆရာကတော်ရယ်၊ ဘာအသံမှ မကြားလို့ ... ငြိမ်နေကြတာပါ "

မမေဘယ်ရာလည်း စဉ်းစားနေခဲ့သည်။ အခန်းထဲမှာ ပြန်စောင့်ရမလား သို့မဟုတ် ဦးမိုက်ကယ်ရှိရာအခန်းထဲသို့ လိုက်သွားရမလားဆိုသည်ကို ဝေခွဲမရဖြစ်နေမိသည်။ နောက်ဆုံးတွင် သူမဆုံးဖြတ်လိုက်သည်။ သူမ၏ခြေလှမ်းများက ထိုအခန်းဆီသို့ ဦးတည်သွားခဲ့သည်။

တပည့်ဖြစ်သူတစ်ယောက်က သူမကို တားဖို့ လက်လှမ်းရွယ်သော်လည်း တခြားတပည့်များက ' မတားနဲ့လွှတ်ပေးလိုက် ' ဟူသော အမူအရာများပြခဲ့ကြသည်။

မမယ်ဘယ်ရာမှာ ထိုအိပ်ခန်းရှေ့သို့ရောက်လျှင် တံခါးတွန်းဖွင့်ဖို့ ပြုလုပ်လိုက်သော် အခန်းစောင့်နေသည့်တပည့်များက သူမကို တားခဲ့ကြသည်။

" ဆရာကတော် ... မဝင်ပါနဲ့ "

" အို ... မင်းတို့ဆရာ မင်းတို့ကိုဆူမှာကြောက်နေကြတာလား... စိတ်ချ... ဒို့ပဲအဆူခံမယ် "

" အာ .... "

သို့ဖြစ်လျှင် မမယ်ဘယ်ရာလည်း အခန်းထဲသို့ အတင်းဝင်ချလာသည်။ ဦးမိုက်ကယ်လည်း နေဟန်မှိုင်းကို အစာခွန့်နေစဉ် နောက်လှည့်ကြည့်လိုက်သည်။ မမယ်ဘယ်ရာလည်း ဦးမိုက်ကယ်ကို စကားစပြောဖို့လုပ်သည်။

" ဘယ်ရာ ....ကို့ကိုစိတ်ပူလို့ အခန်းထဲ လိုက်လာတာပါ... နှောင့်ယှက်သလိုဖြစ်သွားရင် တောင်းပန်ပါတယ်...ဒါပေမဲ့ ညအရမ်းနက်နေပြီလေ "

ဦးမိုက်ကယ်က ဇနီးဖြစ်သူကိုကြည့်ရင်း ပြုံးလိုက်သည်။ နေဟန်မှိုင်းကလည်း မမယ်ဘယ်ရာကို စိုက်ကြည့်နေခဲ့သည်။

" ကိုယ်တောင်းပန်ပါတယ်...ကဲပါ ... တစ်လက်စတည်း ကိုယ့်တူသားလေးနဲ့မိတ်ဆက်ပေးမယ် ... အနားလာပါအုံး "

ဦးမိုက်ကယ်မှာ သူခွန့်ကျွေးနေသော အစာပန်းကန်ကို တွန်းလှည်းပေါ် တင်ထားလိုက်ကာ မယ်ဘယ်ရာ၏လက်ကို ဖမ်းဆွဲလိုက်ပြီး သူ့အနားတွင် ထိုင်စေသည်။

" သား ... ဒါ ငါ့မိန်းမ မာ်ဘယ်ရာလေ၊ မင်း အမေတော်ချင် တော်လို့ရတယ် ဟားဟား"

မမယ်ဘယ်ရာလည်း မျက်လုံးလေး ကလည်ကလည်နှင့် ကြောင်သွားသည်။ နေဟန်မှိုင်းကို ဦးမိုက်ကယ်၏တူအရင်းဟုသိထားသော်လည်း ယခုတွင်မူ သူမကို အမေတော်ချင်ပါက တော်၍ရကြောင်း ပြောနေပြန်သည်။

နေဟန်မှိုင်းကမူ မမယ်ဘယ်ရာကို အကဲခတ် ကြည့်ရူနေပြီးနောက် လှောင်ရယ်ပြုံးလိုက်သည်။

" ဟက် ... ဒေါ်လေး လှယဉ်ကလုန်းပဲ "

(မှတ်ချက်။ ။ Clone ဟူသည် အင်္ဂလိပ်ဝေါဟာရဖြစ်၏။ အဓိပ္ပာယ်မှာ " ကိုယ်ပွား၊ တစ်ထေရာတည်းတူသော သူ၊ ပစ္စည်း" ဟု အဓိပ္ပာယ်ရသည်။ )

" ရှင် .... "

မမယ်ဘယ်ရာမှာ သူမမသိသော နာမည်ကြောင့် အံ့အားသင့်သွားသည်။

" မင်းကလည်းကွာ၊ အပြောဆင်ခြင်စမ်းပါ၊ လှယဉ်က လှယဉ်၊ မယ်ဘယ်ရာက မယ်ဘယ်ရာ ... ဘာမှ မကလုန်းဘူး၊ ဟားဟား... ဒါပေမဲ့ မင်းက လှယဉ်ပုံစံကို မှတ်မိသားပဲ "

" လှယဉ်က ဘယ်သူလဲဟင် "

မမယ်ဘယ်ရာမှာ ဦးမိုက်ကယ်ကို အသံတိုးတိုးလေးမေးလိုက်သည်။ သို့သော် နေဟန်မှိုင်းက ဦးမိုက်ကယ် ကိုယ်စားပြန်ဖေလိုက်သည်။

" သူ့ရဲ့ဆုံးသွားတဲ့ ဇနီးဟောင်းပေါ့ "

" ဪ.... "

မမယ်ဘယ်ရာလည်း ငြိမ်သွားပြီး စကားဆက်မပြောတော့ပေ။ ဦးမိုက်ကယ်လည်း နူတ်ဆိတ်သွားသည်။ ထိုစဉ် နေဟန်မှိုင်းမှာ သူ့ရှေ့က လင်မယားနှစ်ယောက်ကို သေချာစိုက်ကြည့်ရင်း သက်ပြင်းချလိုက်သည်။

" ကျွန်တော် အစားဆက်စားပြီး ဆေးသောက်လိုက်မယ် ... သွားအိပ်ကြချိန်တန်ပြီ "

" အေး အေး ... စားပြီး ဆေးသေချာသောက်လိုက်နော် ငါ့သား "

ဦးမိုက်ကယ်လည်း နေဟန်မှိုင်း၏ပခုံးကိုပုတ်ခဲ့ပြီးနောက် မမယ်ဘယ်ရာ၏လက်ကိုဆွဲကာ အခန်းထဲကနေ ထွက်လာခဲ့ကြသည်။

နေဟန်မှိုင်းက တစ်ယောက်တည်းကျန်နေခဲ့ပြီး သိမ်မွေ့စံနွယ်အကြောင်း တွေးမိလာကာ သူ၏မွေ့ငယ်လေးကို တမ်းတနေမိလျက်။

-----

မမယ်ဘယ်ရာက ကုတင်ပေါ်သို့ မတက်ခင် သူမ၏အပေါ်ဝတ်ရုံခြုံလွှာကို ချွတ်ဖို့ပြင်နေခဲ့စဉ် ဦးမိုက်ကယ်မှာ သူမ၏ဝတ်ရုံလွှာပါးကို ကူချွတ်ပေးခဲ့သည်။ ထို့နောက် သူမ၏ခါးကို သိုင်းဖက်ခဲ့ပြီး သူမ၏လည်တိုင်အနှံ့ကို နမ်းနေခဲ့သည်။ ထို့နောက် သူမ၏နားအနားသို့ ဤကဲ့သို့ ပြောလိုက်လျက်...

" ငါ့ယောကျာ်းက သူ့အရင်ဇနီးနဲ့ငါနဲ့ ရုပ်တူလို့လက်ထပ်ထားတယ်ဆိုပြီး စိတ်မကောင်းဖြစ်နေလား မိန်းမက ... "

" မဖြစ်ပါဘူး .... "

" တကယ်လား "

" အွန်း "

" ဒါပေမဲ့ ကိုယ့်မိန်းမ မျက်လုံးတွေက ဟုတ်တယ်လို့ပြောနေတယ် "

ဦးမိုက်ကယ်မှာ သူတို့ရှေ့က မှန်တင်ခုံကြီး၏ကိုယ်လုံးပေါ်မှန်ထဲတွင် သူတို့နှစ်ယောက်၏ပုံရိပ်ကိုကြည့်နေလျက် စကားပြောနေခဲ့သည်။ အမှန်တကယ်ပဲ ဦးမိုက်ကယ်ပြောခဲ့သလို မမယ်ဘယ်ရာဘက်ကလည်း ထိုကဲ့သို့ တွေးနေခဲ့ခြင်းပင်။ သို့ဖြစ်လျှင် စိတ်ဖတ်တော်သော ဦးမိုက်ကယ်ကို သူမ မလိမ်နိုင်ခဲ့ပေ။

" ဘာပဲဖြစ်ဖြစ် ... ကိုယ် ဘယ်ရာ့ကို အရမ်းချစ်တယ် သိလား ..."

" အင်း .... ဘယ်ရာ သိပါတယ်၊ ဒါနဲ့ ကို့တူလေးနဲ့ အဆင်ပြေသွားပြီပေါ့နော် "

" အင်း .... ပြေလည်ပြီထင်ပါတယ်.... သူက တူတစ်ယောက်ထက် ကိုယ့်သားအရင်းအချာလိုပါပဲ.... ဘာပဲဖြစ်ဖြစ် ကိုယ်ပျော်တယ်၊ ကိုယ့်မှာ နောက်ထပ် မိသားစုရှိလာလို့လေ"

ဦးမိုက်ကယ်မှာ မမယ်ဘယ်ရာကိုယ်လုံးကို ဆွဲလှည့်လိုက်ပြီး သူမ၏ညအိပ်အဝတ် lingerie ကို ဆွဲချွတ်ခဲ့သည်။ ထို့နောက် သူမကိုယ်လုံးကို ပွေ့ချီလိုက်ပြီး ကုတင်ပေါ်သို့ တင်လိုက်ရင်း သူ၏ဇနီးသည်နှင့် အချစ်ရမ္မက်ရွက်လှေလေးကို ပျော်ရွှင်စွာ လွှင့်ခဲ့တော့သည်။

နေဟန်မှိုင်းမှာမူ သိမ်မွေ့စံနွယ်၏မျက်နှာလေးကိုပုံဖော်ကာ ကြိုးစားအိပ်စက်ခဲ့ရင်း ညတာကို အထီးကျန်စွာ ဖြတ်သန်းခဲ့သည်။

• ────── ✾ ────── •

Продовжити читання

Вам також сподобається

27.9K 639 11
Most of you have probably seen, read or heard of the story of Naruto. But what if there was a slight twist? And that twist is that only women were a...
90.2K 1.3K 17
မင်းတေဇခေါင်+မေဦးသုခ (Uni/Zawgyi)
177K 3.7K 14
D.M. x Reader → Your family made a contract with the Malfoys that you'll carry the Malfoy Heir during your seventh year at Hogwarts. You see the Mal...