နေဟန်မှိုင်းမှာ ကြမ်းပြင်ပေါ်တွင် ခန္ဓာကိုယ်နေရာအနှံ့ကို ကန်ကျောက်ခံနေရပြီး ကျင်စက်များဖြင့် ဝိုင်းထိုးခံရသည့်အတွက် နံရိုးများအောင့်လာသလို အရေပြားများလည်း ကျိန်းစက်နေသည်။ ပါးစပ်ထဲမှ သွေးများစီးကျလာသည်။ ထို့နောက် နာကျင်မှုကို အံတုကာ သူရယ်မိသည်။
" အဟက်ဟက် "
နေဟန်မှိုင်း၏ရယ်သံကိုကြားလျှင် ပို၍ဝိုင်းနှိပ်စက်ကြသည်။
" ရယ်နိုင်သေးတာလား "
" ရယ်ချင်အုံး "
" မင်း မရယ်နိုင်တဲ့အထိ လုပ်ပေးရမှာပေါ့ "
နေဟန်မှိုင်းကတော့ အနှိပ်စက်ခံရလေ၊ ပိုလှောင်ရယ်မိသည်။ ဤသို့ဖြင့် နေဟန်မှိုင်းကို စိတ်ကြိုက်နှိပ်စက်ခဲ့ကြသည်မှာ အချိန် ၄ နာရီကျော်ကြာမြင့်သွားလျှင် နေဟန်မှိုင်းလည်း သတိလစ်သွားခဲ့၏။
ဦးမိုက်ကယ်က သူ့အခန်းထဲတွင် ဇနီးဖြစ်သူ မယ်ဘယ်ရာနှင့်အတူတူနေနေသည်။ ကုတင်ပေါ်ပေါ်တွက် မှောက်လျက်သားနေနေပြီး ဇနီးသည်၏နှိပ်ပေးမှုကို ဇိမ်ခံနေခဲ့သည်။ ထိုစဉ် အိပ်ခန်းတံခါးခေါက်သံ ထွက်ပေါ်လာသည်။
" ဆရာကြီး ... ကျွန်တော် အခန်းထဲ ဝင်လာလို့ရမလား "
" အေး "
" ဟုတ်ကဲ့ "
တပည့်ဖြစ်သူလည်း တံခါးကိုတွန်းဖွင့်ကာ အခန်းထဲသို့ဝင်လာပြီး ကုတင်ရှေ့တွင် ရပ်နေခဲ့သည်။
" ဆရာကြီး ... သူ မေ့လဲသွာပါပြီ "
တပည့်ဖြစ်သူက သတင်းပို့လာသော်လည်း ဦးမိုက်ကယ်က စကားပြန်မပြောခဲ့ဘဲ ငြိမ်နေခဲ့သည်။ ထို့ကြောင့် သူ့တပည့်ဖြစ်သူကလည်း ဆက်မေး၏။
" ဆရာ ... သူနိုးလာရင် ဆက်ပြီးနှိပ်စက်ပေးရမလား "
" မလုပ်နဲ့ .... ခု သူ့ကိုကြိုးတွေဖြည်ပေးပြီး ကုတင်ပေါ် တင်ပေးထားလိုက် "
" အာ ... ဟုတ်ကဲ့။ တခြားရော ဆရာကြီး ဘာခိုင်းစရာရှိသေးလဲ "
" မလိုတော့ဘူး။ ထွက်သွားတော့ "
" ဟုတ်ကဲ့ပါ "
ဦးမိုက်ကယ်လည်း သက်ပြင်းချပြီး ပြန်ဇိမ်ခံနေသည်။ ဇနီးဖြစ်သူ မမယ်ဘယ်ရာမှာ သူ၏ကျောကုန်းကို သူမ၏လက်နှစ်ဖက်ဖြင့် အကျောထိအောင် နှိပ်နယ်ပေးနေသည်။ ထို့နောက် ယခု ဦးမိုက်ကယ်၏တပည့်များနှိပ်စက်သည့်ဒဏ်ခံရသောသူအကြောင်း မေးမြန်းချင်ခဲ့သော်လည်း ယောက်ျားဖြစ်သူ စိတ်ဆိုးမည်ကိုသူမကြောက်နေမိသည်။
ထိုစဉ် ဦးမိုက်ကယ်က ပက်လက်လှန်လာလျှင် မမယ်ဘယ်ရာလည်း လန့်သွားသည်။
(မှတ်ချက်။ ။ မယ်ဘယ်ရာအကြောင်း မေ့နေလျှင် အခန်း (၂၂)အောက်ဆုံးပိုဒ်ကို ပြန်ဖတ်နိုင်သည်။)
" အစ်ကိုကြီး ... ဘယ်ဘက်နှိပ်ပေးရအုံးမလဲဟင် "
" ရပါပြီ ... ကိုယ့်မိန်းမ လက်ညောင်းနေမှာပေါ့။ ကိုယ်နဲ့လာလှဲ "
ဦးမိုက်ကယ်က မမယ်ဘယ်ရာကို သူ့အနားတွင် လာအိပ်ခိုင်းနေသောကြောင့် သူမလည်း သူ့ဘေးနားကို တဖြည်းဖြည်းတိုးလာပြီး တည်ငြိမ်စွာ လှဲလိုက်သည်။ သို့သော် သူမက အနားသိပ်မကပ်ရဲဘဲ လက်တစ်တောင်လောက် ခြားနေခဲ့သည်။ ဤသည်ကို သတိထားမိသည့် ဦးမိုက်ကယ် သူ့ဇနီးကို ရင်ခွင်ထဲသို့ ဆွဲသိမ်းလိုက်၏။
" လက်ထပ်ထားတဲ့လင်မယားဖြစ်နေပြီပဲ ... ကိုယ့်ယောကျာ်းကို ဘာလို့ကြောက်နေတာလဲ "
" မဟုတ်ပါဘူး "
တကယ်တော့ မမေဘယ်ရာအနေဖြင့် ဦးမိုက်ကယ်ကို အလွန်ကြောက်သည်။ သူသည် စိတ်ကျေနပ်မှုမရှိလျှင် အချိန်မရွေး သူမကိုသတ်ပစ်နိုင်သည့်အနေအထားရှိသောကြောင့် အမြဲတမ်းသတိထားနေခဲ့သည်။
ဦးမိုက်ကယ်ကမူ မမယ်ဘယ်ရာကို ကွယ်လွန်သွားပြီဖြစ်သော ပထမချစ်ဇနီးဟောင်းနှင့် ရုပ်တူသဖြင့် သူမအား မြတ်နိုးသည်။ စွဲလမ်းသည်။ သူမက သူ၏တရားဝင်ဇနီးဖြစ်လာသည့်အချိန်မှစ၍ သူမအပေါ် ခက်ထန်ခြင်း မရှိခဲ့ဘဲ အလွန်ကြင်နာခဲ့သည်။ သို့သော် သူမအနေဖြင့် ခင်ပွန်းသည်ဦးမိုက်ကယ်ကို ယခုထိ ကြောက်နေဆဲပင်။
" ကိုယ့်မိန်းမက ကိုယ့်ကိုစိမ်းနေတယ်လို့ခံစားရတာ မကြိုက်ဘူး ... "
" အယ် ... အစ်ကိုကြီး စိတ်ထင်နေလို့ဖြစ်မယ်"
" ဟားကွာ ... အခေါ်အဝေါ်ကအစ မပြောင်းသေးတာ "
" အခေါ်အဝေါ်ပြောင်းဖို့ နေသားမကျသေးလို့ပါ ... ဘယ်လို ... ဘယ်လိုမျိုးခေါ်ရမလဲမသိဘူး "
" အဟားဟား "
မမယ်ဘယ်ရာက စိတ်လှုပ်ရှားနေသဖြင့် စကားထစ်နေမိသည်။ လက်ထပ်ပြီးတာ ဘယ်လောက်မှမကြာသေး၍လည်းပါမည်။ သူမအနေဖြင့် သူ့ဘေးမှာနေရတာ ယခုအချိန်ထိ စိတ်လုံခြုံမှု မရှိသေးပေ။ စကားအပြောအဆိုမှားမှာ၊ အနေအထိုင်မှားမှာကို စိုးရိမ်နေခဲ့သဖြင့် အမြဲတမ်းနီးပါး စိတ်သက်သောင့်သက်သာမရှိနေပေ။
" ကိုယ်က လူမိုက်လူရမ်းကားခေါင်းဆောင်ဖြစ်နေလို့ မိန်းမက ကြောက်နေတာလား "
ဦးမိုက်ကယ်က သူ့ဇနီး၏ပခုံးကို ပွတ်သပ်လိုက်ကာ သူမမျက်နှာကို သေချာစိုက်ကြည့်ခဲ့သည်။ သို့သော် အကြည့်ချင်းမဆုံရဲသော မမယ်ဘယ်ရာလည်း မျက်လွှာကို အောက်စိုက်ထားကြည့်မိ၏။ ဦးမိုက်ကယ်က ပြုံးယောင်သမ်းခဲ့သည်။
" ကိုယ်က ဘယ်နေ့သေမလဲဆိုတာ မသေချာနေဘူး ... အတူရှိနေတုန်းမှာ မင်းယောကျာ်းရဲ့မျက်နှာတော်လေးကို မော်မဖူးထားရင် ... ကိုယ့်ကိုမချစ်ထားရင် ကိုယ်မရှိတော့တဲ့နောက်ပိုင်း မင်းတစ်ယောက် နောင်တကောင်းကောင်းရနေလိမ့်မယ် မယ်ဘယ်ရာ"
ဦးမိုက်ကယ်၏စကားကြောင့် မမယ်ဘယ်ရာလည်း မော့ကြည့်လာသည်။ သူပြောသည့်စကားက မှန်ကန်နေခဲ့သည်။ ဒုစရိုက်လောကသားတစ်ယောက်ဖြစ်နေသည့်အတွက် မည်သည့်အချိန်တွင် မည်ကဲ့သို့အသေမျိုးနှင့်သေရမည်ကို မသိနိုင်ပေ။ ထို့ကြောင့် သူမ ယခုကဲ့သို့ အမြဲတမ်းနီးပါး စိတ်မလုံခြုံနေဘဲ သူမယောကျာ်းအပေါ် ခံစားချက်အမှန်မထည့်နိုင်သည့်ပြဿနာကို အမြန်ဆုံးဖြေရှင်းမှ ရပေမည်။
တွေးကြည့်လျှင် သူမ၏ခင်ပွန်းက သူမအပေါ် အလွန်ဂရုစိုက်ပြီး ကြင်နာပါသည်။ ရက်စက်ပြီး ကြောက်စရာကောင်းသည့်အပိုင်းကလည်း အကန့်တစ်ကန့်ပင်။
မမယ်ဘယ်ရာ၏ပြည့်ဝိုင်းလှပသောမျက်နှာလှလှလေးကို ဦးမိုက်ကယ်တစ်ယောက် တစိမ့်စိမ့်ကြည့်နေမိသည်။ ကြာကြာကြည့်လျှင် သူ၏ဇနီးဟောင်းနှင့်အလွန်တူပေသည်။ ဇနီးသည်ဝင်စားသလားဟု ထင်ရလောက်အောင်ပင်။
မမယ်ဘယ်ရာလည်း ဦးမိုက်ကယ်ကို မျက်တောင်မခတ်ဘဲ ကြည့်နေမိသည်။ ဦးမိုက်ကယ်၏မျက်နှာမှာ ပလတ်စတစ်ဆာဂျရီခွဲစိတ်မှုလုပ်ထားမှန်း သူမ မသိသော်လည်း ဤအမျိုးသား၏မျက်နှာကိုမြင်ရတိုင်းမှာ ကြောက်မိသလို တစ်ချိန်တည်းမှာပဲ ကြည့်မဝပေ။
လောကဓံဆိုးများကြားမှ သူမဘဝကို ကယ်တင်ထားခဲ့သူဖြစ်သည့်အတွက်ကြောင့်လည်း အသက်သခင် ထမင်းရှင်လင်ယောကျာ်းတစ်ယောက်အနေဖြင့် ကျေးဇူးတင်မိသည်။
" မင်း မကြောက်ဘူးဆိုရင် ကိုယ့်ကိုသက်သေပြနိုင်ရမယ် "
" ဘယ်လိုသက်သေပြရမလဲ "
" မင်း ကိုယ့်မျက်လုံးတွေကို ကြာကြာစိုက်ကြည့်နိုင်ရမယ်၊ ကိုယ့်ကိုအရင်ဆုံး နမ်းနိုင်ရမယ်၊ ကိုယ့်အသားကိုလည်း မင်းဘက်စပြီး ပွတ်သပ်ရဲရမယ် ... မင်းက အမြဲတမ်း ကိုယ့်အကြည့်တွေကိုရှောင်နေတယ်၊ ကိုယ်နမ်းမှ အနမ်းခံတယ်၊ ကိုယ်မင်းကိုထိတွေ့မှ ထိတွေ့တယ် "
" ဟုတ် "
" ခုသက်သေပြလေ ..."
" ရှင် "
မမယ်ဘယ်ရာ၏မျက်တောင်များက အပေါ်သို့ ကွေးတက်သွားသည်။ ဦးမိုက်ကယ်က ပြုံးရယ်နေသည်။
" မင်းရဲ့လက်တွေနဲ့ ကိုယ့်မျက်နှာကို အရင်ထိလိုက် ... ပြီးရင် စိုက်ကြည့်နေ ... အဲဒါပြီးရင် ကိုယ့်နှုတ်ခမ်းကိုနမ်းလိုက်၊ ဒီလိုလုပ်တာ ကိုယ့်ကိုမကြောက်ဘူးလို့ သက်သေပြတာပဲ "
ဤသက်သေပြပုံက မမယ်ဘယ်ရာအတွက် အနည်းငယ်ခက်ခဲသယောင်။ သို့သော်လည်း သူမယောကျာ်းအပေါ်ကို မကြောက်ရွံ့နေဘဲ ကြင်နာဖူးချင်သည်။ ထို့ကြောင့် ဦးမိုက်ကယ်၏မျက်လုံးများကို ၂ မိနစ်လောက် မျက်တောင်မခတ်ဘဲ သေချာကြည့်နေမိ၏။ ပြီးလျှင် သူမ လက်များက သူ၏ပါးနှစ်ဖက်ပေါ်သို့ ညင်သာစွာ ပွတ်သပ်လာသည်။ ထို့နောက် သူ၏နှုတ်ခမ်းကို အကြင်နာပေးလိုက်သည်။
ဦးမိုက်ကယ်လည်း အပြုံးကြီးပြုံးကာကျေနပ်သွားပြီး သူ၏ဇနီးကိုဆုချသည့်အနေဖြင့် အကြင်နာပြင်းရှရှကို ဆက်တိုက်ပေးနေခဲ့သည်။ ထို့နောက် သူမကိုယ်အနှံ့ သူ၏အနမ်းများက အရိုင်းဆန်လာသည်။ ထို့နောက် လင်မယားနှစ်ယောက် ကုတင်ထက်မှာ တကျွီကျွီနှင့်အချစ်ညဉ်းသံများ ပေါ်ထွက်လာလျက်။
----
အုပ်စုဖွဲ့နှိပ်စက်ခံရပြီး မေ့မြောနေသော နေဟန်မှိုင်းမှာ နာကျင်စွာ နိုးထလာခဲ့သည်။ မျက်စိနှစ်လုံး ဖွင့်လျှင်ဖွင့်ချင်း သူ့မွေ့စံလေးကို အလွန်သတိရမိသည်။ ယခုအချိန်လောက်ဆိုရင် သူ့အမျိုးသမီးလေးတစ်ယောက် စိတ်ပူပန်သောကရောက်နေပြီး ငိုနေရှာပေလိမ့်မည်။ သူတို့ချစ်သူနှစ်ဦးမှာ နောက်အပတ်ဆိုရင် စေ့စပ်ကြတော့မည်ဖြစ်၏။
နှလုံးရောဂါအခံရှိသော သူ့အမျိုးသမီးလေးကို သူ အလွန်စိတ်ပူနေမိသည်။ သူ့မိဘများနှင့်ပတ်သက်ပြီး သူ့ဦးလေးဖြစ်သူ၏ပြောစကားများကြောင့်လည်း ရင်နာလျက် ခံပြင်းသည်။
မည်သို့ပင်ဆိုစေကာမူ သူ့ကိုယ်ပေါ်က ဒဏ်ရာဒဏ်ချက်များစွာထက် သူ့နှလုံးသားက သွေးစိမ်းရှင်ရှင်ကျနေသကဲ့သို့ ပို၍နာကျင်နေရသည်။
နာကျင်မှုများစွာဖြင့် သူ့မျက်ဝန်းများထဲမှ မျက်ရည်များအနည်းငယ် စီးကျလာလျက်။
နှလုံးသားမှာ အနက်ရှိုင်းဆုံး နာကျင်ခံစားနေရင်း ကလေးဘဝက အတိတ်ပုံရိပ်များကို တစတစမြင်ယောင်လာသည်။
သူ၏ ဦးလေး ဦးအေးဖေနှင့် အဒေါ် လှယဉ်၊ အစ်ကိုဝမ်းကွဲ မိုးမခ၊ အစ်မ ဝမ်းကွဲ ကြာဖြူတို့သည် သူ့အား လွန်စွာအလိုလိုက်၍ ချစ်မြတ်နိုးခဲ့ကြသည့်ပုံရိပ်များပင်။ ဦးအေဖေက တူလေး တေဇောခကို သားဖြစ်သူ မိုးမခငယ်ရုပ်နှင့်အလွန်တူသဖြင့် သူ့သားအရင်းလို အမြဲတစေ ဂရုစိုက်စောင့်ရှောက်ခဲ့သူပင်။
သို့သော် ဦးအေးဖေ (ယခု ဦးမိုက်ကယ်)ကို သူ့မိဘများသေဆုံးပြီးကတည်းက ဘဝတစ်လျှောက်လုံး အလွန်တရာမုန်းတီးနေခဲ့သဖြင့် ဦးလေးဖြစ်သူ သူ့အပေါ်ကောင်းပေးခဲ့သည်များကို မေ့လျော့နေခဲ့သည်မှာ အတော်လေးကြာခဲ့ပြီ။
သူ ငယ်စဉ်ကလေးဘဝကမှတ်ဉာဏ်များထဲတွင် သူ့မိသားစုနှင့်ပတ်သက်သမျှကိုသာ လွမ်းဆွတ်နေခဲ့သည်။ ဦးအေးဖေတို့၏အကြောင်းကိုမူ မတွေးမိ၊ မလွမ်းမိခဲ့ပေ။
သူ့ဦးလေးပြောသွားသမျှစကားများနှင့် သူ့ငယ်ဘဝက သူသိခဲ့သောအကြောင်းတရားများကို အာရုံထဲတွင်ယှဉ်တွဲပြီး အဖြေတိုက်နေခဲ့ရင်း အတွေးများနေခဲ့သည်။
ထိုစဉ် အခန်းတံခါးဖွင့်သံကြားလိုက်ရ၏။ ခြေသံတစ်ခုက ကုတင်ပေါ်က သူ့ဆီကို ဦးတည်လာနေမှန်း ခံစားမိသည်။ ထို့နောက် မွေ့ ရာက စက္ကန့်ပိုင်းအတွင်း အိကျသွားပုံအရ ထိုခြေသံပိုင်ရှင်က သူ့အနားတွင် ဝင်ထိုင်လိုက်ပုံပင်။
" နိုးနေပြီလား ငါ့သားလေး "
ဒီအပြောအဆိုကို သူ မှတ်မိသည်။ သူငယ်စဉ်က ဦးအေးဖေ၏အိမ်တွင် အစ်ကို၊အစ်မများနှင့်ကစားပြီးတိုင်း ပင်ပန်း၍အိပ်ပျော်သွားလေ့ရှိသည်။ အိပ်မောကျရာကနေ ပြန်နိုးလာတိုင်းမှာ ဦးအေးဖေက သူ့ဘေးနားတွင် အမြဲလိုလိုရှိနေခဲ့ပြီး စာဖတ်ရင်း သူ့ကိုစောင့်နေခဲ့ခြင်းပင်။
နေဟန်မှိုင်း၏လက်သီးများက တင်းကျပ်လာသည်။ သွားများက အံကြိတ်ထားသည်။ ဦးမိုက်ကယ်ကို မျက်နှာချင်းမဆိုင်ချင်သဖြင့် ကျောပေးထားဆဲ။
" ဟက် ... ငါ အမြဲစောင့်ကြည့်နေခဲ့တဲ့ ကျောသေးသေးလေးတောင် ကျောပြင်ကြီးဖြစ်နေပြီကို ... တေဇောခ သေးသေးလေးကို လွမ်းမိတယ် "
ဦးမိုက်ကယ်၏လက်များက တေဇောခ၏ကျောကုန်းကို ကိုင်နေခဲ့သည်။ အင်္ကျီနောက်ကျောတွင် သွေးစို့နေသည်ကို သူမြင်လျှင် သက်ပြင်းချမိသည်။
" ငါ တောင်းပန်ပါတယ် ... ငါ့အမှားတွေပါ၊ ငါ သာ ဆက်သည်းခံပြီး စိတ်ထိန်းခဲ့မယ်ဆိုရင် မင်းလည်း ရှင်သန်ရတာ ခက်ခဲခဲ့မှာ မဟုတ်ဘူး "
" ကျစ် ... ခုမှ လာတောင်းပန်နေတော့ ဘာလုပ်ရမှာလဲ ... လီးပဲရမယ် "
နေဟန်မှိုင်းမှာ စိတ်ဆိုးဒေါသဖြစ်ရသလို စိတ်မကောင်းဖြစ်ရင်း ဆဲမိသည်။ ရင်ဘတ်ထဲတွင် ပြောမပြတတ်အောင် ဒေါသမီးလျှံများဖြင့် နာကျင်လွန်းနေရပြီး ပြောချင်သည့်စကားလုံးများပင် သူ့လည်ချောင်းထဲတွင် တစ်နေခဲ့သည်။ မျက်ရည်များက အလိုအလျောက်စီးကျလာသဖြင့် သူ့မျက်လုံးများကို တင်းကျပ်စွာ ပိတ်ထားလိုက်ရင်း ရှိုက်ငင်ခဲ့သည်။
ဦးမိုက်ကယ်လည်း မျက်နှာညိုးသွားပြီး မိနစ်အနည်းငယ်လောက် တိတ်ဆိတ်နေသည်။
" ငါ မင်းကို မသတ်ပါဘူး ... မင်း ဦးလေးအပေါ် အထင်လွဲနေတာတွေ ရှင်းပြချင်ခဲ့သလို၊ ငါ့တူသားကို တွေ့ချင်ရုံပဲ "
" အဟက် ဒါဆို ဘာလို့သေအောင် နှိပ်စက်ထားသေးလဲ ... လီးစကားမပြောပါနဲ့ဗျာ"
" ငါ့မိသားစုကို မီးရှို့သတ်ခဲ့လို့ တစ်ဘဝလုံးစာ ပညာပေးတဲ့သဘောပဲ ... ငါ သတ်ခဲ့တာ မင်းမိဘ၂ ယောက်၊ မင်း သတ်ခဲ့တာ မင်းကိုသိပ်ချစ်ကြတဲ့ ဆွေမျိုး ၃ ယောက် ... ဒါ့ကြောင့် မင်းလည်း ငါ့မျက်ခွက်ကို စိတ်ကြိုက်ထိုးနိုင်တယ် "
" ဟုတ်လား ... ကျုပ် ခုလိုသေလုနီးပါးဖြစ်နေလို့ ခင်ဗျားအခွက်စုတ်အောင် မထိုးနိုင်ဘူးထင်ပြီး ပြောနေတာလား "
" မင်းမှာ ငါ့ကိုထိုးဖို့ အားကျန်နေသေးရင် ခုပဲထိုးလိုက် "
" အဟားဟား "
နေဟန်မှိုင်းမှာ အိပ်ရာပေါ်ကနေ ရှိသမျှအားနှင့် ကုန်းထလာပြီး ဦးမိုက်ကယ်ဘက်ကို မျက်နှာမူလိုက်ကာ ချက်ချင်း ဆွဲထိုးတော့သည်။ ဦးမိုက်ကယ်လည်း ကျေကျေနပ်နပ် အထိုးခံသည်။ နေဟန်မှိုင်း၏လက်သီးချက်များက ဦးမိုက်ကယ်မျက်နှာကို အဆက်မပြတ် ထိုးနေခဲ့လျှင် ဦးမိုက်ကယ်လည်း ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။
နေဟန်မှိုင်းလည်း ဦးမိုက်ကယ်၏ကိုယ်အပေါ် တက်ခွထားကာ လည်ပင်းညှစ်သည်။ ၅ မိနစ်ကြာသည်အထိ လည်ပင်းညှစ်ထားလျှင် ဦးမိုက်ကယ်လည်း အသက်ရှူကျပ်လာလျှင် နေဟန်မှိုင်းကို အသားကုန်တွန်းဖယ်လိုက်ပြီးနောက် သူ၏ဝမ်းဗိုက်ကို ခြေထောက်နှင့်အကြိမ်ကြိမ် ဆောင့်ကန်နေမိသည်။
" ငါ့ကိုထိုးဖို့ပဲ အခွင့်အရေးပေးတာ ... သတ်ဖို့ အခွင့်အရေးမပေးခဲ့ဘူး သား "
ဦးမိုက်ကယ်လည်း သူ၏ရှူးဖိနပ်ထိပ်ဖြင့် နေဟန်မှိုင်း၏မျက်နှာကို ဖြတ်ကန်လိုက်သည်။ နေဟန်မှိုင်း၏ ပါးစပ်ထဲမှ သွေးများပန်းထွက်လာသည်။
" ငါက မင်းနဲ့အမုန်းတရားတွေ အပြီးခဝါချပြီး ငြိမ်းချမ်းရေးလိုချင်တာ ... မင်းကတော့ ငါ့ကိုသတ်ချင်တယ်ပေါ့။ အေး ငါကပဲ မင်းကို အခုချိန်ထိ လျှော့တွက်နေမိတာ ငါ ရူးနေတုန်း "
ရှူးဖိနပ်ဖြင့် နောက်ထပ်တစ်ကြိမ် မျက်နှာဖြတ်ကန်လိုက်သည်။
" ဒါက မင်းအဒေါ်အတွက် "
နေဟန်မှိုင်း၏မျက်နှာကို ထပ်မံ၍ ရှူးဖိနပ်ဖြင့် နှစ်ကြိမ်ဆက်တိုက် ကန်ကျောက်ခဲ့သည်။
" ဒါက မင်းအစ်ကိုနဲ့အစ်မအတွက် "
ထိုစဉ် သူ၏တပည့်ဖြစ်သူ အုပ်လိုက်ကြီးက အခန်းထဲသို့ ဝင်ချလာကြပြီး နေဟန်မှိုင်းကို ကျင်စက်များဖြင့်ထိုးကာ ကန်ကျောက်ခဲ့ကြသည်။ နေဟန်မှိုင်းလည်း အလွန်အားအင်နုံးချိလာပြီး ပြန်ခုခံနိုင်စွမ်းမရှိတော့ပေ။ သို့သော် သူစိတ်တင်းထားသည်။
" တော်ကြတော့ ... "
ဦးမိုက်ကယ်က အမိန့်ပေးလိုက်သဖြင့် အားလုံးက နေဟန်မှိုင်းကို ဆက်မနှိပ်စက်ကြတော့ပေ။
" ငါ မင်းကို ရွေးချယ်ခွင့်နှစ်ခုပေးမယ် ... မင်းဆက်အသက်ရှင်ချင်သေးရင် ငါ့ကိုအဖေအဖြစ်သတ်မှတ်ပြီး ငါနဲ့ငြိမ်းချမ်းရေးယူ။ ငါ့ကိုသတ်ချင်တယ်ဆိုရင် ငါကပဲ မင်းကိုအရင်သတ်ပေးမယ် "
" အဟက်......ဟက် ... လီးမို့ ..... ခင်ဗျားကို.... အဖေ တော်ရမှာလား... ပါးစပ်က လီးစကားတွေ....ပြောနေတာပဲ ... "
လွန်စွာအားနည်းနေသဖြင့် အသံတုန်ယင်စွာ ပြောလိုက်သော နေဟန်မှိုင်း၏စကားကြောင့် ဦးမိုက်ကယ်လည်း တင်းသွားသည်။ သို့ဖြစ်လျှင် တပည့်ဖြစ်သူတစ်ဦးဆီက ကျင်စက်ကိုယူကာ သူကိုယ်တိုင် နေဟန်မှိုင်းကို ကျင်စက်ဖြင့်ထိုးကာ နှိပ်စက်တော့သည်။ နေဟန်မှိုင်းခမျာ ခံနိုင်ရည်မရှိတော့ဘဲ သတိလစ်သွားရှာသည်။
ဦးမိုက်ကယ်လည်း တောက်ခေါက်ပြီး ကျင်စက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ရင်း သက်ပြင်းချမိသည်။
" ဆရာဝန် ခေါ်ထားလိုက် ... ဒီကောင့်ကို ဒီမှာမထားနဲ့တော့ ... တစ်ယောက်အိပ် အခန်းထဲရွှေ့လိုက် "
တပည့်ဖြစ်သူများလည်း အံ့အားသင့်သွားကြပြီး ကြောင်သွားသည်။ တူဖြစ်သူကို စိတ်ကြိုက်နှိပ်စက်ပြီး သတ်တော့မည့်အတိုင်းလုပ်ပြီးမှ ဆရာဝန်ဖြင့် ဆေးကုပေးဦးမည်။ တကယ်ပဲ သူတို့ဆရာသခင်၏အတွေးများကို လိုက်မမှီတော့ပေ။ သို့သော်လည်း အမိန့်ကို နာခံခဲ့ကြသည်။
" ဟုတ်ကဲ့ ဆရာ "
ဦးမိုက်ကယ်လည်း အခန်းထဲကနေ ခြေသံပြင်းပြင်းနှင့် ထွက်လာခဲ့သည်။
နေဟန်မှိုင်းအပေါ် သံယောဇဉ်ကြီးလွန်းသည့်အတွက် မရက်စက်ချင်ခဲ့သော်လည်း နေဟန်မှိုင်းကမူ သူ့ကိုအလွန်မုန်းတီးနေကာ ငြိမ်းချမ်းရေးယူဖို့အလားအလာမရှိခဲ့ပေ။ သူ့အနေဖြင့် သတ်ပစ်ချင်သော်လည်း နေဟန်မှိုင်းက သားကြီး မိုးမခ၏ကိုယ်ပွားလေးတစ်ခုဖြစ်နေလျက်။
တစ်ခါတစ်ရံတွင် ခံစားချက်ကြီးပြီး အချစ်သံယောဇဉ်ကြီးခြင်းက မကောင်းတန်ရာ။
• ────── ✾ ────── •