မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင...

By harley__robbie

240K 4.1K 88

​" နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ ၁၅၀၀ နဲ့ ၅၂၈ သီအိုရမ်မေတ္တာအစုအပုံတွေ တစ်စတစ်စ ပေါက်ဖွားလာတယ်။ အဲဒါဘယ်သ... More

To Dear Honeys 🍯
✽ အပိုင်း ၁ ✽
✽ အပိုင်း ၂ ✽
✽ အပိုင်း ၃ ✽
✽ အပိုင်း ၄ ✽
✽ အပိုင်း ၅ ✽
Thein Mwae San Nwe's Art
Nay Han Mine's Art
✽ အပိုင်း ၆ ✽
✽ အပိုင်း ၇ ✽
✽ အပိုင်း ၈ ✽
✽ အပိုင်း ၉ ✽
✽ အပိုင်း ၁၀ ✽
✽ အပိုင်း ၁၁ ✽
✽ အပိုင်း ၁၂ ✽
✽ အပိုင်း ၁၃ ✽
✽ အပိုင်း ၁၄ ✽
✽ အပိုင်း ၁၅ ✽
✽ အပိုင်း ၁၆ ✽
✽ အပိုင်း ၁၇ ✽
✽ အပိုင်း ၁၈ ✽
✽ အပိုင်း ၁၉ ✽
✽ အပိုင်း ၂၀ ✽
✽ အပိုင်း ၂၁ ✽
✽ အပိုင်း ၂၂ ✽
✽ အပိုင်း ၂၃ ✽
✽ အပိုင်း ၂၄ ✽
✽ အပိုင်း ၂၅ ✽
✽ အပိုင်း ၂၇ ✽
✽ အပိုင်း ၂၈ ✽
✽ အပိုင်း ၂၉ ✽
✽ အပိုင်း ၃၀ ✽
✽ အပိုင်း ၃၁ ✽ (ဇာတ်သိမ်းပိုင်း)
PDF File version (Unicode)
New OC Fiction Announcement (Unicode)
1 (Zaw)
2 (Z)
3 (Z)
4 (Z)
5 (Z)
6 (Z)
7 (Z)
8 (Z)
9 (Z)
10 (Z)
11 (Z)
12 (Z)
13 (Z)
14 (Z)
15 (Z)
16 (Z)
17 (Z)
18 (Z) 🔞⚠️‼️
19 (Z)
20 (Z)
21 (Z)
22 (Z) 🔞
23 (Z)
24 (Z)
25 (Z) 🔞
26 (Z) 🔞
27 (Z)
28 (Z)
29 (Z)
30 (Z)
31 (Z) Final Part
PDF File Ver (Zawgyi)
New OC Fiction Announcement (Zawgyi)

✽ အပိုင်း ၂၆ ✽

6.5K 73 0
By harley__robbie



ခမ်းနားသည့်အငွေ့အသက်တို့လွှမ်းခြုံသည့် ရွှေရောင်ဧည့်ခန်းမကြီးတွင် တန်ဖိုးကြီးနိုင်ငံခြားအရက်များကို ဇိမ်ရှိစွာသောက်နေသူမှာ ဦးမိုက်ကယ်ဖြစ်သည်။ သူ့အနားတွင် တပည့်ဖြစ်သူများက ဝန်းရံကာ မတ်တပ်ရပ်နေကြသည်။

ဦးမိုက်ကယ်က မကောင်းမှုဒုစရိုက်နှင့်ပတ်သက်သောလုပ်ငန်းအစုံလုပ်သည့် ဂိုဏ်းခေါင်းဆောင်ဖခင်ကြီးဖြစ်သည်။ သူ ခေါင်းဆောင်ဖြစ်လာသည်နှင့်အမျှ ဒုစရိုက်လောက သားများနှင့် အဆက်အသွယ်ပိုများလာသည်။ ထို့ကြောင့် သူ့အတွက် သူ​၏တူအရင်းဖြစ်သူ တေဇောခ၊ လက်ရှိ နေဟန်မှိုင်းကို ရှာဖွေရန် ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးဖြစ်လာသည်။

" အဲဒီကောင်က ခုချိန်ထိခရီးကနေ မပြန်လာသေးဘူးလား "

ဦးမိုက်ကယ်က သူ့ရှေ့တွင် မတ်တပ်ရပ်နေသောတပည့်ဖြစ်သူကို မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

" ဟုတ်ကဲ့ ဆရာ၊ သူ့ကောင်မလေး ကုမ္ပဏီကနေ သိလာရတာတော့ အဲဒီအတိုင်းပါပဲ၊ ခုချိန်ထိ ရုံးမတက်သေးဘူး၊ ခွင့်ယူထားတုန်းပြောပါတယ် "

" သူ့ကောင်မလေး ဖုန်းနံပါတ် သိလာရပြီလား "

" ဟုတ်ကဲ့ ဆရာ "

" ခုပဲ မင်းရဲ့ဖုန်းနဲ့ အဲ့နံပါတ်နှိပ်လိုက် ... ငါပြောမယ် "

" ဟုတ်ကဲ့ ဆရာ "

တပည့်ဖြစ်သူလည်း ဦးမိုက်ကယ်ပြောသည့်အတိုင်း သိမ်မွေ့စံနွယ်​၏ဖုန်းနံပါတ်ကို ချက်ချင်းနှိပ်လိုက်သည်။ ဖုန်းဝင်သွားသည့်အခါ သူ​၏ဟန်းဖုန်းကို ဦးမိုက်ကယ်ထံသို့ လွှဲပြောင်းပေးလိုက်သည်။

ဟော်တယ်တွင် ချစ်သူနှစ်ဦးသား ကြည်နူးစွာ ညစာစားနေကြသောအချိန်တွင် သိမ်မွေ့စံနွယ်​၏ဖုန်းမှာ မြည်လာခဲ့သည်။

" ဟယ် ... နံပါတ်စိမ်းကြီးပါလား၊ ဘယ်သူများလဲ မသိဘူး "

သိမ်မွေ့စံနွယ်ကနေ ချက်ချင်း ဖုန်းကောက်ကိုင်လိုက်စဉ် နေဟန်မှိုင်းက ဟင်းတမြုံ့မြုံ့ဝါးရင်း သူမကိုကြည့်နေခဲ့သည်။

" ဟဲလို ဘယ်သူပါလဲရှင် "

" နေဟန်မှိုင်းရဲ့ဦးလေးပါ သမီး ... "

" ရှင် "

သိမ်မွေ့စံနွယ်မှာ အံ့အားသင့်သွားသဖြင့် မျက်ခုံးများအပေါ်သို့ တွန့်တက်သွားသည်။ သူမက ဖုန်းစပီကာဖွင့်ပြောနေသောကြောင့် နေဟန်မှိုင်းက ဦးမိုက်ကယ်အသံကို ကြားရသည်။ ထို့ကြောင် သူအလွန်တရာမှ မုန်းတီးစက်ဆုပ်သောဆွေမျိုးဟောင်း၏အသံကိုကြားလျှင်ကြားချင်း ဒေါတကြီး တောက်ခေါက်မိသည်။ သိမ်မွေ့စံနွယ်၏လက်ထဲက ဟန်းဖုန်းကို ယူဖို့ပြင်သည်။

" မွေ့လေး ... ကိုကို့ကို ဖုန်းပေး "

" ဟုတ် ကိုကို "

သိမ်မွေ့စံနွယ်လည်း မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး သူ့ကိုလက်တုန်ယင်စွာ ဖုန်းပေးလိုက်သည်။

" ခင်ဗျားကြီးက ဘာဖြစ်ချင်နေတာလဲ၊ သေချင်နေပြီလား "

နေဟန်မှိုင်းက လေသံမာမာနှင့်ပြောလိုက်လျှင် ဦးမိုက်ကယ်က ဟားတိုက်လှောင်ရယ်နေသည်။

" ဟားဟားဟား ... တေဇောခရေ ... ဦးလေးက ငါ့တူလေးကို လွမ်းနေလို့ အဆက်အသွယ်လုပ်ချင်ခဲ့တာပါကွာ၊ မင်းက ဟိုတစ်ခါ ငါဖုန်းဆက်ပြီးကတည်းက ဖုန်းနံပါတ်ပြောင်းလိုက်တော့ ဒီဦးလေးက မင်းကိုထပ်ဆက်သွယ်လို့မရတော့ဘူးလေ၊ အဲဒါကြောင့် မင်းရဲ့ကောင်မလေးဆီ ဆက်သွယ်ရတာပါ ... အဟက် ဘာတွေဖြစ်နေတာလဲ တူကြီးရ "

" -ီးကို တူကြီး၊ ကျုပ် ဘဝမှာ ဘာဆွေမျိုးမှမရှိတော့ဘူး၊ အကုန်သေသွားပြီ၊ ခင်ဗျားဘာသာ ဘယ်လိုသေရွာကနေပြန်ရှင်လာသလဲကို ကျုပ်စိတ်မဝင်စားဘူး၊ ခင်ဗျားဘာသာ အေးဆေးနေလိုက်၊ မဟုတ်ရင် ဒီတစ်ခါ ခင်ဗျားသေရွာကနေ ဘယ်တော့မှပြန်ရှင်လာလိမ့်မယ် မထင်နဲ့ "

" ငါက ငါ့ချစ်တူကြီးကို လွမ်းလို့တွေ့ချင်တာ မှားသလား "

" -ီးကို လွမ်း "

" ဟားဟား ... စိတ်လျော့စမ်းပါ၊ အခု မင်း ခရီးရောက်နေတာမလား ... ပြန်လာရင် လက်ဆောင်လေးတွေမျှော်နေမယ် သိလား တေဇောခ "

နေဟန်မှိုင်းလည်း ဘာစကားမှ ထပ်မပြောချင်သည့်အဆုံး ဖုန်းချပစ်လိုက်ပြီး ထိုနံပါတ်ကို blacklist ထဲသို့ ချက်ချင်းထည့်ပစ်လိုက်သည်။

" မွေ့လေး ... ဒီညကနေစပြီး နံပါတ်စိမ်းတွေ အားလုံးကို မကိုင်နဲ့တော့၊ အကုန် blacklist ထဲထည့်ပစ်၊ ဟင်း ... မဖြစ်သေးပါဘူး၊ ကိုကို့ကိုပဲ မွေ့လေး ဖုန်းအပ်ထားတော့ "

" ကိုကို ... စိတိအေးအေးထားပါ၊ ကိုကို ဒေါသအရမ်းထွက်လာရင် တခြားလူတစ်ယောက်လို ထပ်ပြောင်းလဲသွားမှာ မွေ့လေးကြောက်တယ် "

သိမ်မွေ့စံနွယ်၏စိုးရိမ်ပူပန်နေသော မျက်နှာလေးကို နေဟန်မှိုင်းမြင်ရလျှင် မီးဟုန်းဟုန်းတောက်လောင်လျက်ရှိသည့် သူ၏ဒေါသများမှာ ငြိမ်ကျသွားရင်း သိမ်မွေ့စံနွယ်၏လက်ကလေးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။

" မွေ့ငယ်လေးကြောက်သလို ကိုကိုကြောက်တယ် ... ကိုကိုကြောက်တာ မွေ့ငယ်လေး ကိုကို့ကြောင့်နဲ့တစ်ခုခုဖြစ်မှာကြောက်တာ၊ ကိုကိုတို့ရဲ့အိမ်မက်လေးတွေ ပျက်စီးသွားမှာ ကြောက်တာ "

" အွန်းပါ ... ကိုကို ခုစိတ်လျော့လိုက်နော်၊ မွေ့လေးကိုချစ်ရင် စိတ်လျော့လိုက်နော် ... ရေသောက်လိုက်ပါအုံး"

နေဟန်မှိုင်းက အသက်မရှူဘဲ စိတ်တအားလှုပ်ရှားလျက် စကားကိုအမြန်ပြောလျှင် သိမ်မွေ့စံနွယ်မှာ သူ့လက်ထဲက သူမ၏လက်လေးများကိုရုန်းထွက်လိုက်ပြီး အနားက ရေဖန်ခွက်ကို ယူလိုက်သည်။ ထို့နောက် သူ့ကို သူမကိုယ်တိုင်ရေတိုက်သည်။

" ကိုကို ထမင်းဆက်စားချင်သေးလား၊ မစားချင်သေးရင် မွေ့တို့အခန်းထဲ ပြန်ကြတော့မယ်လေနော် "

" အွန်း ... "

ဤသို့ဖြင့် သိမ်မွေ့စံနွယ်မှာ စိတ်တအားရှုပ်သွားသည့် နေဟန်မှိုင်း၏ပုံစံကို ကောင်းကောင်းသဘောပေါက်သဖြင့် သူ့ကိုဟော်တယ်အခန်းထဲသို့ ပြန်ခေါ်လာခဲ့ရသည်။

နေဟန်မှိုင်းလည်း အခန်းထဲသို့ရောက်လျှင် ကုတင်ပေါ်မှာ ထိုင်ချလိုက်သည်။ သိမ်မွေ့စံနွယ်ကလည်း အခန်းတံခါးပိတ်ပြီးသည်နှင့် ကုတင်ပေါ်ကို ချက်ချင်းတက်လာခဲ့သည်။ ထို့နောက် နေဟန်မှိုင်းအနားမှာ ကပ်ထိုင်လိုက်ပြီး သူ့ခါးကို တင်းကျပ်စွာ ဖက်ထားခဲ့သည်။

" ကိုကို ဟိုတစ်ခါကလို အဲဒီလူကြီးကြောင့် စိတ်တွေဖောက်ပြီး မွေ့ကိုတစ်ချိန်လုံးလျစ်လျူရှုသွားမှာ မဟုတ်ပါဘူးနော် ... "

နေဟန်မှိုင်းက သူ့ခါးကိုဖက်ထားသည့် သိမ်မွေ့စံနွယ်၏လက်ကလေးများကိုကိုင်လိုက်ပြီး နောက်လှည့်ထိုင်လိုက်သည်။

" ကိုကို မွေ့ငယ်လေးကို စိတ်ထိခိုက်နာကျင်ရအောင် ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး၊ ဒီမအေဘေးကြီး မသေသေးလို့ သူ့ကိုသတ်ချင်ပေမဲ့ မွေ့လေးကြောင့် ကိုကို လက်လျှော့ထားတာ၊ မဟုတ်ရင် အဲဒီကောင်ကြီးကို ခုလောက်ဆို သျှန်နဲ့အတူတူ အရေခွံနွှာပြီးပြီ၊ ကလေးကြောင့် ကိုကို အများကြီးစိတ်လျှော့ထားရတာ၊ ဒါပေမဲ့ ကိုကို ခံပြင်းတယ်၊ ဒီလို အယုတ်တမာကောင်က ဘာလို့အသက်ရှင်နေရသေးတာလဲ "

နေဟန်မှိုင်း၏နဖူးကြောများက တွန့်လာသည်။ သိမ်မွေ့စံနွယ်က သူ၏ပါးပြင်များကို ကြင်နာစွာ ပွတ်သပ်ပေးနေသည်။

" ကိုကိုရယ် ... ရုပ်ရှင်တွေ ဝတ္ထုပုံပြင်တွေထဲမှာသာ အယုတ်တမာတွေက သက်ဆိုးမရှည်ကြဘဲ မြန်မြန်သေကြတာ၊ လက်တွေ့ဘဝမှာတော့ အယုတ်တမာအများစုက သက်ဆိုးရှည်နေကြတာချည်းပါပဲ၊ ဒါကြောင့်မို့ ကိုကိုရယ် ... သူ့ကိုဒေါသထွက်မယ့်အစား မွေ့လေးကိုပဲချစ်ပြီး မကောင်းတဲ့အာရုံတွေ မခံစားမိအောင် မေ့ပျောက်ပစ်လိုက်ပါနော် "

" ကိုကိုလည်း အရမ်းကိုမေ့ပျောက်ချင်တာပေါ့ မွေ့ငယ်လေးရယ်၊ အဲဒီအယုတ်တမာကြောင့် ကိုကို့ရဲ့အမေနဲ့အဖေ အသေမလှခဲ့တာ၊ ကိုကို့အိမ်မက်တွေ ကိုကို့ဘဝတစ်ခုလုံး စုတ်ပြတ်သတ်ခဲ့ရတာ ... သူ့အတွက် ကိုကို့မိဘတွေရဲ့အသက်တွေက ဘာမှမဟုတ်ခဲ့သလိုပဲ "

နေဟန်မှိုင်းက ငိုသံပါလာသည်။ မျက်ရည်စများက သူ့မျက်ဝန်းများထဲမှာ ဝပ်အိုင်လာသည့်အခါ သူ့မျက်တောင်များကို အမြန်ခတ်ပစ်သည်။

" တစ်ချို့လူတွေအတွက် အသက်တွေက သိပ်ကိုဈေးပေါလွန်းပါတယ် ကိုကိုရယ်၊ အခုကိုကို ငိုချလိုက်နော်၊ စိတ်ကြိုက် ငိုချလိုက်၊ ငိုလို့ဝသွားရင် အနာဂတ်မှာအပြုံးတွေနဲ့ ဆက်ရှင်သန်နိုင်ဖို့ ကိုကို ကြိုးစားရမယ်၊ လူတိုင်းက အမြဲတမ်း မနိုင်နေသလို အမြဲတမ်းလည်း မရှုံးနေပါဘူးနော်၊ တစ်ခါတလေ ဘဝမှာအောင်လံထူနိုင်ဖို့အတွက် စတေးပြီးရင်းနှီးရတာတွေရှိတယ်၊ အထူးသဖြင့် နာကျင်ရတဲ့မျက်ရည်တွေအများကြီးပေါ့ "

သိမ်မွေ့စံနွယ် နေဟန်မှိုင်းမှာ စကားပြောရင်း ခံပြင်းမုန်းတီးမှုများစွာဖြင့် မျက်ရည်များ ဖြိုင်ဖြိုင်စီးကျလာသည်။ သို့ဖြစ်လျှင် အံကိုကြိတ်ကာ လက်သီးများ တင်းကျပ်စွာ ဆုပ်ထားမိသည်။ သိမ်မွေ့စံနွယ်က သူမ၏ရင်ခွင်ထဲမှာ နေဟန်မှိုင်း၏ခေါင်းကို ဆွဲသိမ်းထားခဲ့ပြီး သူ့နဖူးထိပ်လေးကို ကြင်နာစွာ နမ်းရှိုက်ပေးမိသည်။

နေဟန်မှိုင်းလည်း သူမလေး၏ခါးသွယ်သွယ်လေးကို တင်းကျပ်စွာ ဖက်ထားရင်း သူမရင်ခွင်ထဲမှာ စကားပြောနေခဲ့သည်။

" ကိုကို မငိုပါဘူး ... ကိုကိုက ပူတင်းတုံးလေး ကိုကို့ကို မချစ်တော့မှ ငိုမှာပါ၊ မွေ့ငယ်ကို တနေ့တခြားစွဲလမ်းပြီး ပိုပိုချစ်နေမိပြီ"

----

နေဟန်မှိုင်းက သူ၏အမျိုးသမီးငယ် သိမ်မွေ့စံနှင့်အတူ ခရီးရောက်နေခဲ့စဥ်မှာ သျှန်ကတော့ ဒုက္ခများနေခဲ့သည်။ လွန်ခဲ့သောရက်များက သူနှင့်သမီးဖြစ်သူ ဘရဏီကို မသမာသူတစ်စုမှ နောက်ယောင်ခံလိုက်သတ်နေသည့်အတွက် သူ့မှာ တခြားမြို့က သူဝယ်ထားသည့်အိမ်တစ်လုံးတွင် ဘရဏီနှင့်အတူတူ စတေးရှောင်နေခဲ့ရသည်။

အကြောင်းရင်းကမူ သျှန့်ဘက်က ကာစီနိုနိုင်ခဲ့သည့်လျှော်ကြေးငွေကို မဆပ်ချင်သောဟော်တယ်သူဌေး၏လက်ချက်ကြောင့်သာ။ ထိုသူဌေးက သူ့လက်အောက်တွင် အလုပ်လုပ်နေရသော လူရမ်းကားတစ်စုကို သူတို့အား လိုက်လံကိစ္စတုံးခိုင်းရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သျှန်က သူအတည်တကျနေထိုင်ရာအိမ်တော်မှာ မနေတော့ဘဲ တခြားအိမ်ကို ခေတ္တပြောင်းရွှေ့ခဲ့​၏။

ယနေ့တွင် ဘရဏီလေးနှင့်အတူ စားသောက်ဆိုင်တစ်ခုထဲတွင် ရုပ်ဖျက်ထားကာ အေးအေးလူလူ အစားစားနေခဲ့သည်။ သျှန်တစ်ယောက် ဘရဏီလေးကိုကြည့်ရင်း မျက်နှာမှိုင်နေမိသည်။

" သမီး ဘရဏီ "

" ရှင် ပါးပါး "

" ပါးပါးနဲ့နေရတာ ရှေ့လျှောက်လည်း သမီးအရမ်းဒုက္ခများမှာနော်၊ ဂေဟာကိုပြန်ချင်စိတ်ပေါ်ရင် ပါးပါးပြန်ပို့ပေးမယ် "

ဘရဏီလေးမှာ သျှန်ပြောသောစကားကြောင့် မျက်နှာလေးငိုမဲ့မဲ့ဖြစ်သွားသည်။ ကိုင်ထားသော ဇွန်းနှင့်ခက်ရင်းကိုချလိုက်ပြီး လေးက ဘေးနားက သူမ ပါးပါး၏ခါးကို ဖက်ထားပြီး သူ့ကိုသနားစဖွယ် မော့ကြည့်လာသည်။

" ပါးပါးနဲ့ပဲ တစ်သက်လုံးအတူတူနေချင်တယ် ... သမီး ပါးပါးနဲ့နေလို့ ဒုက္ခများမှာ လုံးဝမကြောက်ဘူး၊ ပါးပါးနဲ့နေရင် သမီး ပျော်တယ်"

" ဒါပေမဲ့ သမီးလေး ... ခုတော့ သမီးလေး ပါးပါးနဲ့အတူတူနေရင် ပါးပါးလုပ်စရာရှိတာတွေ ကောင်းကောင်းမလုပ်နိုင်လို့ သမီး ဂေဟာမှာ ခဏလောက်ပြန်နေမှ ရတော့မယ်၊ ပါးပါး အလုပ်ကိစ္စတွေပြီးသွားတဲ့အခါ ပြန်လာခေါ်မယ် "

" ပါးပါးက အခုသမီးကို ဂေဟာပြန်ပို့တော့မှာလား "

ဘရဏီလေးက မျက်ရည်များဝဲလာပြီး ရင်ထဲစို့တက်လာသည်။

" အင်း ... ခဏပါပဲ သမီးရယ် "

သျှန်က ဘရဏီလေး၏ခေါင်းကို ကြင်နာစွာ ပုတ်လိုက်သည်။

" ဒါဆို ပါးပါး လာခေါ်တဲ့အထိ သမီးစောင့်နေမယ်နော် ... "

" အင်း ... "

ဘရဏီက သျှန့်ကိုဖက်ထားပြီး ငိုနေခဲ့လျှင် သျှန်က သက်ပြင်းချမိသည်။ ထို့နောက် ငိုနေသောဘရဏီလေးကို မျက်နှာဆွဲမော့လိုက်ရင်း ...

" သမီး ဘရဏီ ... အမြဲတမ်း ငိုနေတာ မကောင်းဘူး၊ တစ်ခါတလေပဲ တဝကြီး ငိုပစ်လိုက်တာကပဲ စိတ်ထဲရော ရင်ထဲမှာပါ ပေါ့ပါးသွားစေတယ်၊ အမြဲတမ်းငိုနေတာက အရှုံးသမားအကြီးစားတွေရဲ့လုပ်ရပ်ပဲ၊ ပါးပါးနဲ့ခဏခွဲရမှာမို့လို့ သမီးငိုနေတာကို နားလည်တယ်၊ ဒါပေမဲ့ သမီး သိထားရမယ်၊ ဘဝမှာ သမီးအသက်တစ်နှစ်ကြီးလာတာနဲ့အမျှ ခွဲခွာခြင်းတွေ အများကြီးကြုံလာရလိမ့်မယ်၊ အဲဒါကြောင့် ဘယ်လိုခွဲခွာခြင်းတွေနဲ့ပဲကြုံလာရပါစေ ... သမီးအနေနဲ့ စိတ်ဓာတ်သန်မာနေရမယ်၊ ခွဲခွားခြင်းတွေအတွက် ကြာကြာမခံစားသင့်ဘူး၊ အဲဒီအစား စိတ်သန်ကြံ့ခိုင်အောင်ကြိုးစားရှင်သန်နေရမယ်၊ ပါးပါးပြောတာတွေကို သမီး တစ်နေ့တချိန်မှာ ကောင်းကောင်းနားလည်လာမှာပါ၊ အဲဒီအချိန် သမီးက အမြဲတမ်းငိုနေတဲ့ကလေးတစ်ယောက်မဟုတ်တော့တဲ့အချိန်ဖြစ်နေလိမ့်မယ် "

သျှန်က နူးညံ့စွာ စကားပြောရင်း မျက်လုံးလေးများမှေးသည်အထိ ဘရဏီလေးကို ပြုံးပြလိုက်သည်။

သို့ဖြစ်လျှင် ဘရဏီကို ဂေဟာတွင် ခေတ္တပို့ထားခဲ့ပြီး နောက်ရက်များတွင် သျှန်က ဟော်တယ်ပိုင်ရှင်နှင့်လူရမ်းကားအုပ်စုကို စနစ်တကျကြိုတင်စီစဥ်အကွက်ချကာ တစ်ကိုယ်တော်လှုပ်ရှားရင်းဖမ်းဆီးခဲ့ပြီး သူရရှိမည့် သန်းချီသောအမေရိကန်ဒေါ်လာလျော်ကြေးငွေများကို ခြိမ်းခြောက်နှိပ်စက်၍ တောင်းခဲ့သည်။

ဤကဲ့သို့ သူ့ပိုက်ဆံများရရှိပြီးနောက်တွင် အားလုံးကို တစ်ကိုယ်တော်ရှင်းလင်းသုတ်သင်ခဲ့၏။

----

တိတ်ဆိတ်ငြိမ်သက်နေသောညသည် ရမ္မက်စိတ်များနိုးကြွချိန်အကောင်းဆုံးအခိုက်အတန့်ပင်။ သိမ်မွေ့စံနွယ်က နေဟန်မှိုင်းကို ကုတင်ပေါ်သို့ ပစ်လဲချလိုက်ပြီး သူမကိုယ်လုံးလေးက သူ့အပေါ်ကနေ ဖိထားသည်။

မျက်ဝန်းနှစ်စုံက အကြည့်ချင်းဆုံသွားလျှင် ချစ်ရမ္မက်စိတ်များက တဖြည်းဖြည်းနိုးကြွလာရင်း ....

" ကိုကို .... "

" ဗျာ .... "

" ကိုကို နာကျင်ရသမျှ အားလုံးမေ့အောင် မွေ့လုပ်ပေးချင်တယ် "

" ဘယ်လိုလုပ်ပေးမှာလဲကွယ် "

" အချစ်ကုထုံးနဲ့ကုစားပေးမယ်လေ "

နေဟန်မှိုင်းက သူမ၏အပြောကို သဘောကျမိသဖြင့် နှုတ်ခမ်းလေးကွေးလိုက်ကာ သူမ၏တင်ပါးနူးနူးညံ့ညံ့လေးနှစ်ဖက်ကို သွေးစိမ်းကြောများထောင်နေသည့် သူ၏လက်နှစ်ဖက်က ပွတ်သပ်နေသည်။

" ဘယ်လိုမျိုးလဲ ဘေဘီ "

နေဟန်မှိုင်းက ချိုသာပျော့ပျောင်းသည့်အသံနှင့်မေးသည်။ သိမ်မွေ့စံနွယ်က သူ့ကိုစိုက်ကြည့်နေပြီး သူ့ကမ်းခြေဖက်ရှင်အင်္ကျီ​၏ကြယ်သီးများကို တစ်လုံးချင်း ချွတ်နေခဲ့သည်။

" ကိုကို ... "

" ဗျာ ... "

" ဒါနဲ့ မွေ့ကိုလေ အညှာလွယ်တဲ့မိန်းကလေးလို့ မြင်လားဟင် "

" အဲဒီလိုမြင်ရင် ကိုကို့ပူတင်းတုံးလေးကို အချိန်တိုင်း လူသူမရှောင်နေဘဲ 'ချစ်လို့ပါ'ဆိုတဲ့ခေါင်းစဉ်တပ်ပြီး ထိကပါးရိကပါးလုပ်နေမှာပေါ့ဗျာ၊ ကိုယ့်မိန်းကလေး ကာမအိန္ဒြေပျက်ပြားအောင်လုပ်ပြီး အမြဲတမ်း မဖွယ်မရာစကား dirty talk တွေပြောနေမှာပေါ့ ... ပြီးရင် မွေ့ငယ် အလိုတူတာ မတူတာမမေးဘဲ လုပ်ချင်တဲ့အချိန် ကောက်လုပ်မှာ၊ ကိုကိုကတော့ မွေ့ငယ်လေးကို ချစ်သလို လေးစားတန်ဖိုးထားတယ်၊ ခုတောင် မွေ့လေးနဲ့လင်မယားအရာအထမြောက်အောင်လုပ်တိုင်း ဗွီဒီယိုမရိုက်ထားဘူး၊ ရိုက်စရာလည်း မလိုဘူး၊ မွေ့လေးရဲ့ခေါင်းအစ ခြေအဆုံးကိုယ်အဝတ်ဗလာပုံလေးကို ကိုကို့ဦးနှောက်ထဲ scan ဖတ်သိမ်းထားတယ်၊
မွေ့လေးကို အညှာလွယ်တယ်၊ ငါလုပ်ချင်သလိုလုပ်လို့ရတယ်ဆိုပြီး အကြမ်းပတမ်းတွေ မလုပ်နေဘူး"

" အင်းပါ၊ အင်းပါ ... ကိုကိုက မွေ့လေးကို အမြဲတမ်းစိတ်လုံခြုံမှုတွေပေးတာ ခံစားမိပါတယ်၊ ဒီလိုပဲ မေးကြည့်တာ "

" မေးခွင့်ရှိပါတယ်၊ ဒါပေမဲ့ ကိုကို့အမှားပါ၊ ကိုကို့ဘက်က အရင်တောင်းဆိုမိလို့ ကလေးစိတ်ထဲမှာ ဒီလိုမေးခွန်းပေါ်လာတာ"

" မမှားပါဘူး၊ ကိုကို အကြိမ်ကြိမ်မေးခဲ့တာပဲကို၊ ခုတော့ ကိုကို့ကိုနေလို့ကောင်းအောင် ပြုစုချင်တယ်၊ ကိုကိုစိတ်ညစ်တာတွေ အကုန်ပျောက်အောင်လို့ "

" ကိုကို့မယ် ဟောဒီက မွေ့ငယ်လေးရဲ့မျက်နှာလေးမြင်ရုံနဲ့စိတ်ညစ်တာတွေ အကုန်ပျောက်တယ် "

" ဟွန် အပိုတွေ ... ဟိုတစ်ခေါက် အဲဒီလူကြီးဖုန်းဆက်တုန်းကကျ စိတ်တွေဖောက် ဒေါသတွေ တစ်ချိန်လုံးထွက်နေပြီး ဒီကမျက်နှာကိုတောင် သေချာမကြည့်နေခဲ့ဘဲ ... ဒီက လက်ကိုဓားမွှန်းတော့မှ ... "

" အဲဒီတုန်းက ကိုကို့လုပ်ရပ်အတွက် တောင်းပန်ပါတယ် ကလေးရယ်၊ ခု ကလေးအပေါ်ကိုကို အဲဒီလိုမလုပ်တော့ဘူးလေနော် "

သိမ်မွေ့စံနွယ်လည်း သူမ မြတ်နိုးသူအမျိုးသားလေး၏တောင်းပန်စကားအဆုံးမှာ နှုတ်ခမ်းချင်းထိကပ်ကာ အကြင်နာပေးလိုက်သည်။ ထို့နောက် သူ့ကြယ်သီးများကို အဆုံးထိချွတ်လိုက်ပြီး အသားရည်ဝင်းဝါနေသည့် သွေးကြောစိမ်းမျှင်တန်းလေးများမြင်နေရပါသော သူ့လည်တိုင်ထက်တွင် သူမ၏ဖြူဥနေသော ပန်းနုရောင်လက်ချောင်းလေးများက ကြင်နာညင်သာစွာ ပွတ်သပ်ပေးနေသည်။

ထို့နောက် ချစ်စိတ်မွှန်လာပြီး သူမ၏ marshmallow လေးလို နူးညံ့အိစက်နေသောနူတ်ခမ်းသားလေးက သူ့လည်တိုင်ဘေးနှစ်ဖက်နှင် ရင်အုပ်တစ်ဝိုက်ကို နူးညံ့စွာ စုပ်ယူနမ်းရှိုက်လိုက်လျှင် နေဟန်မှိုင်းဆီက ' အာ ' ဆိုသော ညဥ်းသံလေးပေါ်လာသည်။

သိမ်မွေ့စံနွယ်မှာ နေဟန်းမှိုင်း၏ခံစားမှုကောင်းသောညဥ်းသံကိုကြားလျှင် ပျှော်ရွှင်မိသည်။

" ကိုကို့လည်ပင်းနဲ့ရင်ဘတ်ကိုနမ်းတာ ကြိုက်လား "

" ကြိုက်တာပေါ့ မွေ့ငယ်ရယ် ... ကိုယ်သိပ်ချစ်တဲ့အမျိုးသမီးလေးဆီက ခုလိုကြင်နာယုယခံရတာ ဘယ်ယောကျာ်းက မကြိုက်ဘဲနေပါ့မလဲ "

" ဟီးဟီး ... "

" ရုပ်လေးကိုက သူ သဘောတွေ အရမ်းကျနေတာ "

" ဒါပေါ့ ... ကောင်လေး မင်း ဘယ်ပြေးမလဲဆိုပြီး ချုပ်ပြီး လုပ်ချင်ရာလုပ်ပစ်ချင်တာ ဟင်းဟင်းဟင်း "

သိမ်မွေ့စံနွယ်၏အပြုံး၊ အကြည့်နှင့် ရယ်သံတို့ဟာ တဖြည်းဖြည်း မကောင်းဆိုးဝါးဆန်လာလျှင် နေဟန်မှိုင်းမှာ သူ့ရင်ဘတ်ကို သူ့လက်များဖြင့် အမြန်အုပ်ထားလိုက်သည်။

" ကျွန်တော့်ကို ယောကျာ်းသားဆိုပြီး ပိုင်စိုးပိုင်နင်းတွေ သိပ်မလုပ်ပါနဲ့၊ ကျွန်တော်က ဖြူစင်နူးညံ့တဲ့ယောကျာ်းလေးတစ်ယောက်ပါ၊ ဒီလိုတွေမလုပ်ပါနဲ့ အရမ်းရှက်တယ် အဟင့် "

နေဟန်မှိုင်း၏ပေါတောတောဟာသပြက်လုံးကြောင့် သိမ်မွေ့စံနွယ်မှာ ခွက်ထိုးခွက်လန် အူတက်အောင် ရယ်မိတော့သည်။ ထို့နောက် လူယုတ်မာအပြုံးဖြင့် နေဟန်မှိုင်းကိုစိုက်ကြည့်ကာ သူမလက်များက သူ့လက်များကိုခေါင်းအုံးအပေါ်သို့ မြှောက်တင်လိုက်ကာ ...

" ကိုယ် မင်းကိုညင်သာမှာပါ အသည်းရယ် ဟင်းဟင်းဟင်း "

• ────── ✾ ────── •

တောင်းဆိုမှုတွေအရ Crime scene သတ်ဖြတ်တာကို အကျယ်တဝင့် ပုံဖော်မရေးသားထားတော့ပါဘူး။ Erotic Romance ကိုသာ အကျယ်တဝင့်ရေးသားထားပါတယ်။

အသက်မပြည့်သေးရင်တော့ မဖတ်စေချင်ပေမဲ့ လာဖတ်ရင်လည်း အဆိပ်တော့မသင့်။ အရွယ်ရောက်သူတိုင်း၊ မရောက်သေးသူတိုင်း သိကိုသိထားရမယ့် လူသားချင်းစာနာထောက်ထားသင့်တဲ့ပုံရိပ်တွေ၊ အချစ်မှာ sex အပေါ် ဘယ်လို mutal respect အပြန်အလှန်လေးစားမှုတွေ ဘယ်လိုရှိရမလဲကို ဇာတ်ကောင်တွေကနေ တစ်ဆင့်ဖော်ပြထားသလို တခြားသော အကြောင်းအရာတွေလည်း ပါးပါးလေးထည့်သွင်းဖော်ပြထားတာမို့ ပေးတဲ့message ကောင်းတွေကိုယူတတ်ရင်ပညာရမှာပါ။ မှောင်တာတွေပဲ ကွက်ယူရင် မှောင်တာတွေပဲရမှာ။

ကျွန်မမေဘီးရဲ့ဖန်တီးမှုတွေကတော့ စာဖတ်သူတို့ရဲ့ပညာရည်အတွေးအခေါ်အဆင့်အတန်းနဲ့ စာဖတ်စွမ်းရည်တွေအပေါ် အများကြီးမူတည်ပြီး ရေးတာကောင်း၊ မကောင်း အဆုံးအဖြတ်ပေးသွားမှာပါ။

အဲ ... နေဦး၊ နောက်ဆုံးပြီးခံနီးအပိုင်းဖတ်တာ ဘယ်လိုနေ? ကျွန်မတော့ အသံတိတ်ရယ်နေရတယ်။ အမေက အခန်းရှေ့လမ်းလျှောက်ရင်း ဘုရားရှိခိုးနေလို့🥹 ရယ်တာ သေးထွက်တော့မယ်။ ရှင်လေးတို့ စာဖတ်သူတွေရော🤣

Continue Reading

You'll Also Like

33.4K 1.2K 25
mackenzie is a born and raised city girl, but when her mom marries a pig farmer from middle-of-nowhere kansas, she's forced to give up her high socie...
177K 3.7K 14
D.M. x Reader → Your family made a contract with the Malfoys that you'll carry the Malfoy Heir during your seventh year at Hogwarts. You see the Mal...
16.7K 404 7
Princess Maya doesn't want to be an ordinary princess, but when a group of the underworlds wants to destroy humanity she goes on an adventure with fo...
18.9K 1.2K 47
The love between two souls across two different countries The love between two souls across two different cultures Unfortunate lovers of the past, ...