Zawgyi~
ျပတင္းေပါက္မွန္တြင္လာေရာက္ကပ္တင္ေနၾကေသာမိုးေရစက္မ်ားကို ေဆာ့ဂ်င္လက္ႏွင့္လိုက္ထိေနမိသည္။အက်ီ ၤအနီေရာင္အပြႀကီးႏွင့္ေဆာ့ဂ်င္၏ mulletဆံႏြယ္ကေလးမ်ားဂုတ္တဝိုက္ဝဲက်ေနၾကသည္။ႏႈတ္ခမ္းႏုႏုသည္အဖ်ားအ႐ွိန္ေၾကာင့္အနီေရာင္သမ္းေနေသးေတာ့ ေဆာ့ဂ်င္ဟာစေတာ္ဘယ္ရီသီးႏွင့္ပင္ဆင္တူေနေလၿပီ။
"မိုးမိရတယ္လို႔ပဲ ေဆာ့ဂ်င္ရယ္.."
ေရပတ္အဝတ္ေတြယူလာျပန္ေသာယြန္းဂီသည္ ထိုအက္ေၾကာင္းထပ္ေနေလာက္မည့္စကားလံုးေတြကိုသာအႀကိမ္ႀကိမ္ေျပာေနပါသည္။ေဆာ့ဂ်င္ႏႈတ္ခမ္းစူမိသြားၿပိိး မ်က္ခံုးမ်ားတြန္႔ခ်ိဳးသည္။ျပတင္းေပါက္ကိုမွီေနလ်က္ပင္ ကုတင္ပၚ႐ွိေဆာ့ဂ်င္ထံသို႔ယြန္းဂီေဆာင့္ေအာင့္ကာေရာက္လာျပန္သည္။
"ထီးမပါသြားဘူးလား.."
"မသိပါဘူး..."
ယြန္းဂီအတင္းဆြဲခ်လာေသာေၾကာင့္ ေဆာ့ဂ်င္ျပတင္းကိုမွီထားရမွ ကုတင္အေပၚတြင္လွဲခ်လိုက္ရသည္။နဖူးထက္သို႔ေရာက္လာေသာေရပတ္ဝတ္ေၾကာင့္ေဆာ့ဂ်င္မ်က္လံုးမ်ားကိုမွိတ္ကာကိုယ္ကိုက်ံဳ႕ထားလိုက္သည္။အျပင္ဘက္႐ွိမိုးရြာက်သံမ်ားေၾကာင့္ ဒီညေနကရီေဝေဝမ်က္ဝန္းမ်ားအားျမင္ေယာင္မိသလို႐ွိေသးသည္။
*စိုးရိမ္လို႔..*ဟုေျပာခဲ့ေသာစေတာ္ဘယ္ရီဆန္ဆန္ထိုစကားသံခပ္ျသျသသည္ သူ႔အၾကားအာရံုတြင္ အေၾကာင္းအရင္းမဲ့ပဲ့တင္ထပ္ေနသည္။တစ္ဆတစ္ဆ ပိုမို၍မူးေဝလာေသာေခါင္းကိုေဆာ့ဂ်င္အသာထိန္းကိုင္ထားခ်ိန္ ယြန္ဂီသည္ေရဘက္ဝတ္ကိုလဲေပးလာေလသည္။
"အင္းမ္း...သူ.."
"ဘယ္သူလည္း.."
"စီကရက္ေတြ..ဟ့"
"ဘာေတြေျပာေနတာလည္း ေဆာ့ဂ်င္အဖ်ား႐ွိန္ကေတာ္ေတာ္တက္လာတာပဲ ေဆးခန္းသြားရေအာင္.."
"ရတယ္.."
"မရဘူး.."
အဖ်ားတက္ေနလို႔လားေတယ့မသိ။ယြန္းဂီလက္ကိုသူတြဲၿပီး ယြန္းဂီ၏ကားေပၚအထိပါလာခဲ့ေပမယ့္ ေဆာ့ဂ်င္၏အျမင္အာရံုေတြသည္ေဝေဝဝါးဝါးႏွင့္ သူ သာ႐ွိေနခဲ့သည္။လက္ဖ်ားထိပ္ခ်င္းထိေတြ႔သြားေသာအထိအေတြ႕ေတြ ရီေဝစြာစိုက္ၾကည့္ေနခဲ့ေသာမ်က္ဝန္းက်ဥ္းက်ဥး္ေတြ..သူႏွင့္ပတ္သက္ေနသမွ်အရာရာပါပဲ...။
ေလးေထာင့္ပံုစားပြဲထက္႐ွိ ဖုန္းကေလးသည္ေတာ့ကိုင္သူမ႐ွိစြာတုန္ယင္ေနခဲ့ေလသည္။
🍓🚬
မနက္ခင္းကစေတာ္ဘယ္ရီျခံလိုက္ေပးခဲ့ရ၍ ဒီညသူ႔ေနာက္ျပန္လိုက္ေပးမွစိတ္ဆိုးေျပပါမည္ဟူေသာ ယုန္လိုဂြၽန္ေဂ်ာင္ကုေၾကာင့္ နမ္ဂြၽန္းဤေဆးေပးခန္းသို႔ေရာက္လာရေလသည္။လူက်ေသာေန႔ျဖစ္၍ သူနာျပဳမ်ားျပာယာခတ္ေနတာကို ေတြ႔ေနရသည္။
ေဂ်ာင္ကုသည္သူ႔ကိုဒီခံုတြင္ထိုင္ေစခဲ့ၿပီး ေဆးအေရာင္းဝန္ထမ္းမ်ားနားေနသည့္အခန္းသို႔ဝင္သြားခဲ့သည္မွာနာရီဝက္ေတာင္စြန္းေနေလၿပီ။နမ္ဂြၽန္းဖုန္းကိုေဝွ့ရမ္းရင္း *🍓* ဟုမွတ္ထားျဖစ္ေသာ contactကိုထပ္ကာထပ္ကာေငးၾကည့္ေနမိျပန္သည္။
လြန္ခဲ့ေသာ၂၀မိနစ္ခန္႔ကေခၚဆိုၿပီးျဖစ္ေသာ္လည္းျပန္လည္ထူးလာျခင္းမ႐ွိ၍အားနာစြာသူထပ္မဆက္သြယ္ျဖစ္ခဲ့ေတာ့..။
ဤညေနေဆာ့ဂ်င္ျပန္သြားၿပီးမၾကာဘူး..မိုးေတြရြာခ်ေလတယ္ေလ..။သူေတာင္ရည္းစားႏွင့္မိုးကာဝတ္ၿပီးျပန္ခဲ့ရသည္မဟုတ္လား..။
ေဆာ့ဂ်င္မိုးမိသြားမွာေသခ်ာသြားလို႔ သူလွမ္းသတင္းေမးျဖစ္ခ်င္ရံုံုပါ။ေနာက္တစ္ခ်က္..ေဆာ့ဂ်င္ဆီမွသူသိလိုတာေတြ႐ွိေသးသည္။ရည္းစားအေၾကာင္းေပါ့။ေဆာ့ဂ်င္သိေနသည့္ သူ႔ရည္းစားအေၾကာင္းေတြ႐ွိလိမ့္ဦးမည္။အခက္မသင့္လွ်င္ အဆက္အသြယ္ျဖတ္ပစ္ဖို႔ေတာင္ေတြးျဖစ္ထားသည္..။ေအာ္ ရည္းစားကို သူစိတ္ကုန္ေနတာလား..?
နမ္ဂြၽန္းေခါင္းကိုေလးလံစြာခါယမ္းလိုက္မိသည္။ပ်င္း၍twitterဖြင့္ၾကည့္ရန္ျပင္ၿပီးမွ ေဂ်ာင္ကုထြက္လာမလားလို႔ အနီးတစ္ဝိုက္သို႔ေဝ့ၾကည့္မိခ်ိန္ ျမင္ကြင္းအတြင္းဝင္လာေသာ နီတာရဲစေတာ္ဘယ္ရီသီးေလး..။နမ္ဂြၽန္းမသိလိုက္ခင္မွာပင္ ေကာင္တာသို႔ေျခလွမ္းက်ဲမ်ားႏွင့္သြားေနႏွင့္ၿပီးၿပိိ။တကယ္ကိုမထင္မွတ္မိပါပဲ..။
"ေဆာ့ဂ်င္..ဘာျဖစ္လို႔လည္း.."
"ဟင္..နမ္ ဂြၽန္း.."
ေကာင္တာတြင္ နံေဘး႐ွိအသားျဖဴျဖဴႏွင့္လူတစ္ေယာက္၏အကူအညီျဖင့္အားယူကာမတ္တပ္ရပ္ေန႐ွာေသာေဆာ့ဂ်င္အနားကပ္၍နမ္ဂြၽန္းစိုးရိမ္တႀကီးေမးခြန္းထုတ္လိုက္မိသည္။ အလ်င္စလိုပင္..လွည့္ၾကည့္လာေသာအားအင္မ႐ွိသည့္ျဖဴစုပ္စုပ္မ်က္ႏွာေလးေၾကာင့္ သူေၾကာင့္ၾကမႈမ်ားအလြန္တရာပူျပင္းသြားခဲ့သည္။ညေနကေတာင္အေကာင္းႀကီးကို..။
"ထိုင္ေနပါလား ကိုယ္တြဲပါ့မယ္ လာခဲ့.."
"ေဆာ့ဂ်င္ရဲ႕အသိလား ေအး လုပ္ပါဥိိးကြာ ဒီမွာေဆးယူေနလို႔.."
နံေဘး႐ွိလူသည္ညည္းတြားကာဆိုလာေလရင္း ေဆာ့ဂ်င္အားသူ႔ကိုယ္ေပၚတြင္မွီေစလိုက္သည္။မ်က္လႊာေလးခ်သြားေသာ ပံုရိပ္ကေလးကိုအေပၚစီးမွျမင္ေနရရင္း နမ္ဂြၽန္းခါးေနရာသို႔ဖက္တြယ္ကာထိန္းမိေတာ့ တကယ့္ေသးသိမ္သိမ္ေလး..။ထိုင္ခံုေတြ႐ွိရာသို႔ဂ႐ုတစိုက္ဆြဲေခၚသြားရင္း တကယ္ကိုသူ႔ႏွလံုးခုန္သံေတြစည္းခ်က္မညီစြာဝုန္းဒိုင္းၾကဲေနခဲ့သည္။အံ့ျသစရာပင္..။
"ကိုယ္ေၾကာင့္မိုးမိသြားတာပဲ.."
ကပ္လ်က္ထိုင္ခံုတြင္အတူထိုင္မိၿပီးေနာက္ မ်က္လံုးကိုအားယူ၍ဖြင့္ကာသူ႔ကိုေမာ့ၾကည့္ေန႐ွာေသာေဆာ့ဂ်င္ကို သူ႔ပခံုးတြင္ေနရာေပးလိုက္မိသည္။ဘာေတြလုပ္ေနမိမွန္းမသိေသာ္လည္း သူေဆာ့ဂ်င္၏ပခံုးကိုပါဆြဲဖက္ထားလိုက္သည္။
တုန္ေနတာကိုမၾကည့္ရက္တာေၾကာင့္ရယ္ပါ..။သူ႔ေၾကာင့္ျဖစ္သြားတာေလ..။ဒီေလာက္ပါပဲ..။
သူ႔မ်က္ဝန္းေတြသည္ ဘယ္အရာဝတၳဳတြင္မွ႐ွိမေနမိဘဲ ေဆာ့ဂ်င္၏ႏႈတ္ခမ္းရဲရဲထံတြင္သာ..။အိပ္မက္ကိုျပန္သတိရလာလို႔ အၾကည့္ကိုလႊဲၿပီး အနီေရာင္အက်ီ ၤအပြႀကီး၏ေအာက္မွလက္ဖ်ံေသးေသးေလးကိုက်န္လက္တစ္ဖက္ႏွင့္ သူဆုပ္ကိုင္ထားလိုက္သည္။
"မဟုတ္တာ..နမ္ဂြၽန္းေၾကာင့္မွမဟုတ္တာ.."
တိုးညႇင္းေသာေလသံတိုးတိုးေလးသည္သူ႔ႏွလံုးခုန္ႏႈန္းမ်ားကိုအဖ်ားခတ္ေစသည္။မွိန္းေနေသာ မ်က္ႏွာထားကိုျပန္လည္၍မွင္သက္မိၿပီး သူနာျပဳမ်ား၏ဆူညံသံမ်ားအားၾကားပင္မၾကားမိသည္အထိ..။အမွတ္တမဲ့မ်ားမွယခုပထမဆံုးသူ႔ကိုလႈပ္ခတ္ေစသည္။ဘဝမွာတစ္ခါေျမာက္..။
"အစ္ကို !"
သူ႔ပခံုးသို႔ေဂ်ာင္ကုလာေရာက္ပုတ္တြယ္မွ သူအေတြးမ်ားမွလြတ္ေျမာက္သြားခဲ့သည္။နံေဘးတြင္ဝင္ထိုင္ေသာေဂ်ာင္ကုသည္ သူ႔ကိုမ်က္ခံုးေတြဇြတ္ပင့္ျပလာေတာ့ သူသည္လည္းျပန္၍အံႀကိတ္ျပလိုက္သည္။သစၥာ႐ွိလြန္းေသာေဂ်ာင္ကု၏ထံုးစံအတိုင္း သူ႔ရင္ခြင္အတြင္းအားအင္မ႐ွိေသာေဆာ့ဂ်င္အားမ်က္ေစာင္းေတြကိုအတင္းထိုးသည္။
"ျပန္ရေအာင္ေဆာ့ဂ်င္ ေက်းဇူးေနာ္ ညီေလး.."
ေဆးအိတ္အထုတ္မ်ားဆြဲကာ သူ႔လက္မ်ားၾကား႐ွိေဆာ့ဂ်င္၏လက္ကိုဆြဲကိုင္ကာဆိုလာေသာလူကို နမ္ဂြၽန္းအသာျပံဳးျပလိုက္မိသည္။ျပန္ျပံဳးျပမလာတာကေတာ့ လူဂြစာလိုပင္..။အိပ္ေနရာမွလန္႔ႏိုးသလိုအထိတ္တလန္႔ျဖစ္သြားေသာ ေဆာ့ဂ်င္သည္ ထိုလူ၏လက္အားအားကိုးတႀကိိးဆုပ္ကိုင္ကာ သူ႔ကိုအားယူျပံဳးျပေသးသည္။ေျပာပါတယ္..ျမင္ဖူးသမွ်မွာဒီအျပံဳးကအလွဆံုးပါလို႔..။
"ေက်း..ဇူး နမ္ဂြၽန္း.."
တုန္ယင္ေသာအသံေလးအၿပီးျဖည္းညႇင္းစြာထြက္သြားေသာေက်ာျပင္ေလးကိုေငးကာ စိတ္ထဲနည္းနည္းေတာင္မွမေကာင္း။
သို႔ေသာ္လည္း..
"အစ္ကို ! ဘာေတြလုပ္ေနတာလည္း အဓိပၸါယ္မ႐ွိဘူးေနာ္.."
"ဘာလုပ္လို႔လည္း ကူး"
"အပိုေတြေျပာမေနနဲ႔ အစ္မကိုေတာင္ အစ္ကိုဒီလိုဆက္ဆံဖူးတာမဟုတ္ဘူး.."
"ကိုယ္မလိမ္ေတာ႔ပါဘူး ရင္ေတြခုန္ေနတယ္.."
"အစ္ကို !"
မ႐ိုးေသာေအာ္ဟစ္သံမ်ားႏွင့္အတူ နမ္ဂြၽန္းထြက္ေျပးေတာ့ ေဂ်ာင္ကုသည္အူယားဖားယားႏွင့္အေနာက္မွလိုက္ေလသည္။လူေတြကြက္ၾကည့္ကြက္ၾကည့္ျဖစ္သြားေသာ္ ဆံႏြယ္ေတြေျမႇာက္တက္သြားၾကေသာေဂ်ာင္ကုကိုၾကည့္ကာ သူရယ္ေတာ့ရယ္လိုက္ေသးသည္။
စေတာ္ဘယ္ရီပံုရိပ္ေတြသည္ႏွလံုးခုန္းႏႈန္းတြင္ျပည့္ဝစြာ..။
🍓🚬
ႏိုးထလာေသာနံနက္ခင္းတြင္ မူးေဝျခင္းမ်ားကင္းမဲ့ေနေလၿပီ။ကိုယ္ပူ႐ွိန္သည္သိသိသာသာေလ်ာ့သြားတာကိုခံစားမိရင္း စီးကရက္ရနံ႔သင္းေသာကိုယ္သင္းရနံ႔ေတြကပ္ၿငိေနဆဲျဖစ္တာကိုသိ႐ွိလိုက္ရသည္။မေန႔က..ေဆးရံုမွာ..နမ္ဂြၽန္းသူ႔ကိုဖက္ထားေပးခဲ့သည္တဲ့ေလ..။ေတြ႔ဆံုမႈတိုင္းကသိပ္ဆန္းၾကယ္လြန္းပါသည္။
႐ႈပ္ပြေနေသာဆံႏြယ္မ်ားအားသူအသာသပ္တင္ၿပီးေနာက္ ႏႈတ္ခမ္းဖူးဖူးတို႔သည္ျပံဳးေယာင္သမ္းသြားရသည္။အျပင္ဘက္တြင္မိုးရြာထားခဲ့၍ေျမသင္းရနံ႔မ်ားလိႈင္ေနေပလိမ့္မည္။ေဆာ့ဂ်င္ၾကည္ႏူးေနတာတဲ့ေလ..ဘာေၾကာင့္မွန္းကိုမသိ..ၾကင္နာမႈေတြၾကားၾကည္ႏူးေနတာတဲ့..။သို႔ေသာ္ ရည္းစားနဲ႔ေလ..။ေဆာ့ဂ်င္လည္းပဲ ရည္းစားေဟာင္းေတြနဲ႔ပါပဲ...။
"မ်က္ႏွာကျဖဲေနတာပဲ မ်က္ႏွာသြားသစ္ေတာ့..."
မနက္ခင္း၏လူ႔ဂြစာအသံသည္အခန္းတြင္းပ်ံ့ႏွံ႔လို႔သြားသည္။စြပ္ျပဳတ္ပန္းကန္ကိုကိုင္လာေသာယြန္းဂီသည္ သူ႔ကိုယ္အေပၚမွေစာင္အထူကိုဖယ္႐ွားေပးေလသည္။
"အဖ်ားေတာ့မ႐ွိေတာ့ပါဘူး.."
"အင္း.."
"ဒါေပမယ့္ ေဆးေတာ့ေသာက္ရမွာေပါ့.."
"အင္း.."
ေစာင္ေတြေခါက္ေနေသာယြန္းဂီကိုတစ္ခ်က္ၾကည့္လ်က္ကုတင္အေပၚမွထလာၿပီး စားခ်င္စဖြယ္စြပ္ျပဳတ္ကိုၾကည့္မိလိုက္သည္။ခ်စ္လွစြာေသာသူငယ္ခ်င္းအားဂုဏ္ျပဳေသာအားျဖင့္ လက္မေထာင္ျပမိေတာ့ လက္ခလယ္ျပန္ေထာင္ျပေလသည္။တန္လိုက္တာ..အဟင္း..။
"မေန႔က မင္းအသိလား.."
"ေအာ္..အင္း..စေတာ္ဘယ္ရီလာဝယ္တုန္းကခင္သြားတာပဲ.."
ယြန္းဂီသည္သူ႔ကုတင္အေပၚသို႔တက္သြား၍လိုက္ကာေတြကိုခ်ည္ေႏွာင္ကာေခါင္းၿငိမ့္ျပေလသည္။ေဆာ့ဂ်င္စားပြဲအေပၚ႐ွိဖုန္းအားေကာက္ယူၾကည့္မိလိုက္ေတာ့ missed callတစ္ခုဝင္ေနတာကိုေတြ႔လိုက္ရသည္။ဒီဖုန္းနံပါတ္သူလည္းမသိပါဘဲ..။
"သူ႔ပံုစံက မင္းအေပၚအေတာ္ၾကင္နာတာပဲ.."
"အာ..ရည္းစား႐ွိတယ္.."
ေတြးဆဆႏွင့္သူ႔အေျပာအားယြန္းဂီမ်က္လံုးလွည့္သြားတာကိုေတြ႔လိုက္ရေသာေၾကာင့္ သူပခံုးသာတြန္႔ျပလိုက္မိသည္။
"ေဟ်ာင့္ ! ေယာက်္ားခ်င္း မိတ္ေဆြလိုဂ႐ုစိုက္ေပးတာကို ေျပာတာကြ KSJ မင္းမ႐ိုးသားဘူးပဲ.."
"မ...မဟုတ္ပါဘူးကြာ မင္းကလည္း ေျပာျပတာ.."
"အဟင္း..မင္းအဖ်ားတက္ေနတုန္းကလည္း ညီးေနတာေနာ္ ဘာလည္း စီးကရက္..?"
"ေဟ့ေကာင္ !"
ယြန္းဂီကိုသူ႔လက္ထဲ႐ွိသြားတိုက္တံႏွင့္ပစ္ေပါက္ရန္ၾကံရြယ္မိေတာ့ေစာင္အေခါက္လိုက္ႏွင့္ျပန္လည္၍ပစ္အေပါက္ခံလိုက္ရေလသည္။ေနမေကာင္တာေၾကာင့္ ယုယေပးေနလိုက္တာမ်ား..။
အမွန္တစ္ကယ္ပင္ သူသည္လည္း ထူးေတာ့ထူးဆန္းေပသည္ေလ။နမ္ဂြၽန္းကိုတမ္းတေနခဲ့သည္တဲ့...။ယြန္းဂီေျပာသလိုမ်ား..မ႐ိုးမသား..မဟုတ္တာ..ေနာက္ဆံုးအႀကိမ္ေတြ႔ခဲ့တဲ့လူျဖစ္လို႔ စိတ္စြဲသြားခဲ့တာေနမွာ..။
🍓🚬
T.B.C
Written by
Guu_Joonilili
Unicode~
ပြတင်းပေါက်မှန်တွင်လာရောက်ကပ်တင်နေကြသောမိုးရေစက်များကို ဆော့ဂျင်လက်နှင့်လိုက်ထိနေမိသည်။အင်္ကျီအနီရောင်အပွကြီးနှင့်ဆော့ဂျင်၏ mulletဆံနွယ်ကလေးများဂုတ်တဝိုက်ဝဲကျနေကြသည်။နှုတ်ခမ်းနုနုသည်အဖျားအရှိန်ကြောင့်အနီရောင်သမ်းနေသေးတော့ ဆော့ဂျင်ဟာစတော်ဘယ်ရီသီးနှင့်ပင်ဆင်တူနေလေပြီ။
"မိုးမိရတယ်လို့ပဲ ဆော့ဂျင်ရယ်.."
ရေပတ်အဝတ်တွေယူလာပြန်သောယွန်းဂီသည် ထိုအက်ကြောင်းထပ်နေလောက်မည့်စကားလုံးတွေကိုသာအကြိမ်ကြိမ်ပြောနေပါသည်။ဆော့ဂျင်နှုတ်ခမ်းစူမိသွားပြိး မျက်ခုံးများတွန့်ချိုးသည်။ပြတင်းပေါက်ကိုမှီနေလျက်ပင် ကုတင်ပါ်ရှိဆော့ဂျင်ထံသို့ယွန်းဂီဆောင့်အောင့်ကာရောက်လာပြန်သည်။
"ထီးမပါသွားဘူးလား.."
"မသိပါဘူး..."
ယွန်းဂီအတင်းဆွဲချလာသောကြောင့် ဆော့ဂျင်ပြတင်းကိုမှီထားရမှ ကုတင်အပေါ်တွင်လှဲချလိုက်ရသည်။နဖူးထက်သို့ရောက်လာသောရေပတ်ဝတ်ကြောင့်ဆော့ဂျင်မျက်လုံးများကိုမှိတ်ကာကိုယ်ကိုကျုံ့ထားလိုက်သည်။အပြင်ဘက်ရှိမိုးရွာကျသံများကြောင့် ဒီညနေကရီဝေဝေမျက်ဝန်းများအားမြင်ယောင်မိသလိုရှိသေးသည်။
*စိုးရိမ်လို့..*ဟုပြောခဲ့သောစတော်ဘယ်ရီဆန်ဆန်ထိုစကားသံခပ်သြသြသည် သူ့အကြားအာရုံတွင် အကြောင်းအရင်းမဲ့ပဲ့တင်ထပ်နေသည်။တစ်ဆတစ်ဆ ပိုမို၍မူးဝေလာသောခေါင်းကိုဆော့ဂျင်အသာထိန်းကိုင်ထားချိန် ယွန်ဂီသည်ရေဘက်ဝတ်ကိုလဲပေးလာလေသည်။
"အင်းမ်း...သူ.."
"ဘယ်သူလည်း.."
"စီကရက်တွေ..ဟ့"
"ဘာတွေပြောနေတာလည်း ဆော့ဂျင်အဖျားရှိန်ကတော်တော်တက်လာတာပဲ ဆေးခန်းသွားရအောင်.."
"ရတယ်.."
"မရဘူး.."
အဖျားတက်နေလို့လားတေယ့မသိ။ယွန်းဂီလက်ကိုသူတွဲပြီး ယွန်းဂီ၏ကားပေါ်အထိပါလာခဲ့ပေမယ့် ဆော့ဂျင်၏အမြင်အာရုံတွေသည်ဝေဝေဝါးဝါးနှင့် သူ သာရှိနေခဲ့သည်။လက်ဖျားထိပ်ချင်းထိတွေ့သွားသောအထိအတွေ့တွေ ရီဝေစွာစိုက်ကြည့်နေခဲ့သောမျက်ဝန်းကျဉ်းကျဥး်တွေ..သူနှင့်ပတ်သက်နေသမျှအရာရာပါပဲ...။
လေးထောင့်ပုံစားပွဲထက်ရှိ ဖုန်းကလေးသည်တော့ကိုင်သူမရှိစွာတုန်ယင်နေခဲ့လေသည်။
🍓🚬
မနက်ခင်းကစတော်ဘယ်ရီခြံလိုက်ပေးခဲ့ရ၍ ဒီညသူ့နောက်ပြန်လိုက်ပေးမှစိတ်ဆိုးပြေပါမည်ဟူသော ယုန်လိုဂျွန်ဂျောင်ကုကြောင့် နမ်ဂျွန်းဤဆေးပေးခန်းသို့ရောက်လာရလေသည်။လူကျသောနေ့ဖြစ်၍ သူနာပြုများပြာယာခတ်နေတာကို တွေ့နေရသည်။
ဂျောင်ကုသည်သူ့ကိုဒီခုံတွင်ထိုင်စေခဲ့ပြီး ဆေးအရောင်းဝန်ထမ်းများနားနေသည့်အခန်းသို့ဝင်သွားခဲ့သည်မှာနာရီဝက်တောင်စွန်းနေလေပြီ။နမ်ဂျွန်းဖုန်းကိုဝှေ့ရမ်းရင်း *🍓* ဟုမှတ်ထားဖြစ်သော contactကိုထပ်ကာထပ်ကာငေးကြည့်နေမိပြန်သည်။
လွန်ခဲ့သော၂၀မိနစ်ခန့်ကခေါ်ဆိုပြီးဖြစ်သော်လည်းပြန်လည်ထူးလာခြင်းမရှိ၍အားနာစွာသူထပ်မဆက်သွယ်ဖြစ်ခဲ့တော့..။
ဤညနေဆော့ဂျင်ပြန်သွားပြီးမကြာဘူး..မိုးတွေရွာချလေတယ်လေ..။သူတောင်ရည်းစားနှင့်မိုးကာဝတ်ပြီးပြန်ခဲ့ရသည်မဟုတ်လား..။
ဆော့ဂျင်မိုးမိသွားမှာသေချာသွားလို့ သူလှမ်းသတင်းမေးဖြစ်ချင်ရုံုံပါ။နောက်တစ်ချက်..ဆော့ဂျင်ဆီမှသူသိလိုတာတွေရှိသေးသည်။ရည်းစားအကြောင်းပေါ့။ဆော့ဂျင်သိနေသည့် သူ့ရည်းစားအကြောင်းတွေရှိလိမ့်ဦးမည်။အခက်မသင့်လျှင် အဆက်အသွယ်ဖြတ်ပစ်ဖို့တောင်တွေးဖြစ်ထားသည်..။အော် ရည်းစားကို သူစိတ်ကုန်နေတာလား..?
နမ်ဂျွန်းခေါင်းကိုလေးလံစွာခါယမ်းလိုက်မိသည်။ပျင်း၍twitterဖွင့်ကြည့်ရန်ပြင်ပြီးမှ ဂျောင်ကုထွက်လာမလားလို့ အနီးတစ်ဝိုက်သို့ဝေ့ကြည့်မိချိန် မြင်ကွင်းအတွင်းဝင်လာသော နီတာရဲစတော်ဘယ်ရီသီးလေး..။နမ်ဂျွန်းမသိလိုက်ခင်မှာပင် ကောင်တာသို့ခြေလှမ်းကျဲများနှင့်သွားနေနှင့်ပြီးပြိ။တကယ်ကိုမထင်မှတ်မိပါပဲ..။
"ဆော့ဂျင်..ဘာဖြစ်လို့လည်း.."
"ဟင်..နမ် ဂျွန်း.."
ကောင်တာတွင် နံဘေးရှိအသားဖြူဖြူနှင့်လူတစ်ယောက်၏အကူအညီဖြင့်အားယူကာမတ်တပ်ရပ်နေရှာသောဆော့ဂျင်အနားကပ်၍နမ်ဂျွန်းစိုးရိမ်တကြီးမေးခွန်းထုတ်လိုက်မိသည်။ အလျင်စလိုပင်..လှည့်ကြည့်လာသောအားအင်မရှိသည့်ဖြူစုပ်စုပ်မျက်နှာလေးကြောင့် သူကြောင့်ကြမှုများအလွန်တရာပူပြင်းသွားခဲ့သည်။ညနေကတောင်အကောင်းကြီးကို..။
"ထိုင်နေပါလား ကိုယ်တွဲပါ့မယ် လာခဲ့.."
"ဆော့ဂျင်ရဲ့အသိလား အေး လုပ်ပါဥိးကွာ ဒီမှာဆေးယူနေလို့.."
နံဘေးရှိလူသည်ညည်းတွားကာဆိုလာလေရင်း ဆော့ဂျင်အားသူ့ကိုယ်ပေါ်တွင်မှီစေလိုက်သည်။မျက်လွှာလေးချသွားသော ပုံရိပ်ကလေးကိုအပေါ်စီးမှမြင်နေရရင်း နမ်ဂျွန်းခါးနေရာသို့ဖက်တွယ်ကာထိန်းမိတော့ တကယ့်သေးသိမ်သိမ်လေး..။ထိုင်ခုံတွေရှိရာသို့ဂရုတစိုက်ဆွဲခေါ်သွားရင်း တကယ်ကိုသူ့နှလုံးခုန်သံတွေစည်းချက်မညီစွာဝုန်းဒိုင်းကြဲနေခဲ့သည်။အံ့သြစရာပင်..။
"ကိုယ်ကြောင့်မိုးမိသွားတာပဲ.."
ကပ်လျက်ထိုင်ခုံတွင်အတူထိုင်မိပြီးနောက် မျက်လုံးကိုအားယူ၍ဖွင့်ကာသူ့ကိုမော့ကြည့်နေရှာသောဆော့ဂျင်ကို သူ့ပခုံးတွင်နေရာပေးလိုက်မိသည်။ဘာတွေလုပ်နေမိမှန်းမသိသော်လည်း သူဆော့ဂျင်၏ပခုံးကိုပါဆွဲဖက်ထားလိုက်သည်။
တုန်နေတာကိုမကြည့်ရက်တာကြောင့်ရယ်ပါ..။သူ့ကြောင့်ဖြစ်သွားတာလေ..။ဒီလောက်ပါပဲ..။
သူ့မျက်ဝန်းတွေသည် ဘယ်အရာဝတ္ထုတွင်မှရှိမနေမိဘဲ ဆော့ဂျင်၏နှုတ်ခမ်းရဲရဲထံတွင်သာ..။အိပ်မက်ကိုပြန်သတိရလာလို့ အကြည့်ကိုလွှဲပြီး အနီရောင်အင်္ကျီအပွကြီး၏အောက်မှလက်ဖျံသေးသေးလေးကိုကျန်လက်တစ်ဖက်နှင့် သူဆုပ်ကိုင်ထားလိုက်သည်။
"မဟုတ်တာ..နမ်ဂျွန်းကြောင့်မှမဟုတ်တာ.."
တိုးညှင်းသောလေသံတိုးတိုးလေးသည်သူ့နှလုံးခုန်နှုန်းများကိုအဖျားခတ်စေသည်။မှိန်းနေသော မျက်နှာထားကိုပြန်လည်၍မှင်သက်မိပြီး သူနာပြုများ၏ဆူညံသံများအားကြားပင်မကြားမိသည်အထိ..။အမှတ်တမဲ့များမှယခုပထမဆုံးသူ့ကိုလှုပ်ခတ်စေသည်။ဘဝမှာတစ်ခါမြောက်..။
"အစ်ကို !"
သူ့ပခုံးသို့ဂျောင်ကုလာရောက်ပုတ်တွယ်မှ သူအတွေးများမှလွတ်မြောက်သွားခဲ့သည်။နံဘေးတွင်ဝင်ထိုင်သောဂျောင်ကုသည် သူ့ကိုမျက်ခုံးတွေဇွတ်ပင့်ပြလာတော့ သူသည်လည်းပြန်၍အံကြိတ်ပြလိုက်သည်။သစ္စာရှိလွန်းသောဂျောင်ကု၏ထုံးစံအတိုင်း သူ့ရင်ခွင်အတွင်းအားအင်မရှိသောဆော့ဂျင်အားမျက်စောင်းတွေကိုအတင်းထိုးသည်။
"ပြန်ရအောင်ဆော့ဂျင် ကျေးဇူးနော် ညီလေး.."
ဆေးအိတ်အထုတ်များဆွဲကာ သူ့လက်များကြားရှိဆော့ဂျင်၏လက်ကိုဆွဲကိုင်ကာဆိုလာသောလူကို နမ်ဂျွန်းအသာပြုံးပြလိုက်မိသည်။ပြန်ပြုံးပြမလာတာကတော့ လူဂွစာလိုပင်..။အိပ်နေရာမှလန့်နိုးသလိုအထိတ်တလန့်ဖြစ်သွားသော ဆော့ဂျင်သည် ထိုလူ၏လက်အားအားကိုးတကြိးဆုပ်ကိုင်ကာ သူ့ကိုအားယူပြုံးပြသေးသည်။ပြောပါတယ်..မြင်ဖူးသမျှမှာဒီအပြုံးကအလှဆုံးပါလို့..။
"ကျေး..ဇူး နမ်ဂျွန်း.."
တုန်ယင်သောအသံလေးအပြီးဖြည်းညှင်းစွာထွက်သွားသောကျောပြင်လေးကိုငေးကာ စိတ်ထဲနည်းနည်းတောင်မှမကောင်း။
သို့သော်လည်း..
"အစ်ကို ! ဘာတွေလုပ်နေတာလည်း အဓိပ္ပါယ်မရှိဘူးနော်.."
"ဘာလုပ်လို့လည်း ကူး"
"အပိုတွေပြောမနေနဲ့ အစ်မကိုတောင် အစ်ကိုဒီလိုဆက်ဆံဖူးတာမဟုတ်ဘူး.."
"ကိုယ်မလိမ်တော့ပါဘူး ရင်တွေခုန်နေတယ်.."
"အစ်ကို !"
မရိုးသောအော်ဟစ်သံများနှင့်အတူ နမ်ဂျွန်းထွက်ပြေးတော့ ဂျောင်ကုသည်အူယားဖားယားနှင့်အနောက်မှလိုက်လေသည်။လူတွေကွက်ကြည့်ကွက်ကြည့်ဖြစ်သွားသော် ဆံနွယ်တွေမြှောက်တက်သွားကြသောဂျောင်ကုကိုကြည့်ကာ သူရယ်တော့ရယ်လိုက်သေးသည်။
စတော်ဘယ်ရီပုံရိပ်တွေသည်နှလုံးခုန်းနှုန်းတွင်ပြည့်ဝစွာ..။
🍓🚬
နိုးထလာသောနံနက်ခင်းတွင် မူးဝေခြင်းများကင်းမဲ့နေလေပြီ။ကိုယ်ပူရှိန်သည်သိသိသာသာလျော့သွားတာကိုခံစားမိရင်း စီးကရက်ရနံ့သင်းသောကိုယ်သင်းရနံ့တွေကပ်ငြိနေဆဲဖြစ်တာကိုသိရှိလိုက်ရသည်။မနေ့က..ဆေးရုံမှာ..နမ်ဂျွန်းသူ့ကိုဖက်ထားပေးခဲ့သည်တဲ့လေ..။တွေ့ဆုံမှုတိုင်းကသိပ်ဆန်းကြယ်လွန်းပါသည်။
ရှုပ်ပွနေသောဆံနွယ်များအားသူအသာသပ်တင်ပြီးနောက် နှုတ်ခမ်းဖူးဖူးတို့သည်ပြုံးယောင်သမ်းသွားရသည်။အပြင်ဘက်တွင်မိုးရွာထားခဲ့၍မြေသင်းရနံ့များလှိုင်နေပေလိမ့်မည်။ဆော့ဂျင်ကြည်နူးနေတာတဲ့လေ..ဘာကြောင့်မှန်းကိုမသိ..ကြင်နာမှုတွေကြားကြည်နူးနေတာတဲ့..။သို့သော် ရည်းစားနဲ့လေ..။ဆော့ဂျင်လည်းပဲ ရည်းစားဟောင်းတွေနဲ့ပါပဲ...။
"မျက်နှာကဖြဲနေတာပဲ မျက်နှာသွားသစ်တော့..."
မနက်ခင်း၏လူ့ဂွစာအသံသည်အခန်းတွင်းပျံ့နှံ့လို့သွားသည်။စွပ်ပြုတ်ပန်းကန်ကိုကိုင်လာသောယွန်းဂီသည် သူ့ကိုယ်အပေါ်မှစောင်အထူကိုဖယ်ရှားပေးလေသည်။
"အဖျားတော့မရှိတော့ပါဘူး.."
"အင်း.."
"ဒါပေမယ့် ဆေးတော့သောက်ရမှာပေါ့.."
"အင်း.."
စောင်တွေခေါက်နေသောယွန်းဂီကိုတစ်ချက်ကြည့်လျက်ကုတင်အပေါ်မှထလာပြီး စားချင်စဖွယ်စွပ်ပြုတ်ကိုကြည့်မိလိုက်သည်။ချစ်လှစွာသောသူငယ်ချင်းအားဂုဏ်ပြုသောအားဖြင့် လက်မထောင်ပြမိတော့ လက်ခလယ်ပြန်ထောင်ပြလေသည်။တန်လိုက်တာ..အဟင်း..။
"မနေ့က မင်းအသိလား.."
"အော်..အင်း..စတော်ဘယ်ရီလာဝယ်တုန်းကခင်သွားတာပဲ.."
ယွန်းဂီသည်သူ့ကုတင်အပေါ်သို့တက်သွား၍လိုက်ကာတွေကိုချည်နှောင်ကာခေါင်းငြိမ့်ပြလေသည်။ဆော့ဂျင်စားပွဲအပေါ်ရှိဖုန်းအားကောက်ယူကြည့်မိလိုက်တော့ missed callတစ်ခုဝင်နေတာကိုတွေ့လိုက်ရသည်။ဒီဖုန်းနံပါတ်သူလည်းမသိပါဘဲ..။
"သူ့ပုံစံက မင်းအပေါ်အတော်ကြင်နာတာပဲ.."
"အာ..ရည်းစားရှိတယ်.."
တွေးဆဆနှင့်သူ့အပြောအားယွန်းဂီမျက်လုံးလှည့်သွားတာကိုတွေ့လိုက်ရသောကြောင့် သူပခုံးသာတွန့်ပြလိုက်မိသည်။
"ဟျောင့် ! ယောက်ျားချင်း မိတ်ဆွေလိုဂရုစိုက်ပေးတာကို ပြောတာကွ KSJ မင်းမရိုးသားဘူးပဲ.."
"မ...မဟုတ်ပါဘူးကွာ မင်းကလည်း ပြောပြတာ.."
"အဟင်း..မင်းအဖျားတက်နေတုန်းကလည်း ညီးနေတာနော် ဘာလည်း စီးကရက်..?"
"ဟေ့ကောင် !"
ယွန်းဂီကိုသူ့လက်ထဲရှိသွားတိုက်တံနှင့်ပစ်ပေါက်ရန်ကြံရွယ်မိတော့စောင်အခေါက်လိုက်နှင့်ပြန်လည်၍ပစ်အပေါက်ခံလိုက်ရလေသည်။နေမကောင်တာကြောင့် ယုယပေးနေလိုက်တာများ..။
အမှန်တစ်ကယ်ပင် သူသည်လည်း ထူးတော့ထူးဆန်းပေသည်လေ။နမ်ဂျွန်းကိုတမ်းတနေခဲ့သည်တဲ့...။ယွန်းဂီပြောသလိုများ..မရိုးမသား..မဟုတ်တာ..နောက်ဆုံးအကြိမ်တွေ့ခဲ့တဲ့လူဖြစ်လို့ စိတ်စွဲသွားခဲ့တာနေမှာ..။
🍓🚬
T.B.C
Written by
Guu_Joonilili