ရန်ယွီရှန့်လော့ (ဘာသာပြန်)

By Meng_L

78.6K 10.7K 527

Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title... More

မိတ်ဆက်
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄
၂၅
၂၆
၂၇
၂၈ ပ
၂၈ ဒု
၂၉
၃၀ ပ
၃၀ ဒု
၃၁
၃၂
၃၃
၃၅
၃၆ ပ
၃၆ ဒု
၃၇ ပ
၃၇ ဒု
၃၈
၃၉
၄၀
၄၁
၄၂
၄၃
၄၄
၄၅ ပ
၄၅ ဒု
၄၅ တ
၄၆
အတွဲ(၂) ကိုယ်ပျောက်နောက်ယောင်ခံလိုက်သူ ဇာတ်သိမ်း
၄၇
၄၈
၄၉
၅၀
၅၁ ပ
၅၁ ဒု
၅၂
၅၃ ပ
၅၃ ဒု
၅၄
၅၅
၅၆ ပ
၅၆ ဒု
၅၇
၅၈
၅၉ ပ
၅၉ ဒု
၆၀ ပ
၆၀ ဒု
၆၁
အတွဲ(၃) နာမကျန်းဆေးရုံ ဇာတ်သိမ်း
၆၂
၆၃

၃၄

878 159 17
By Meng_L

人鱼陷落
REN YU XIAN LUO


UNICODE



"ငြိမ်ငြိမ်နေ။"

ပိုင်ချူနျန်လည်း ဘာကြောင့်ရယ်မသိ ၊ ပုံမှန်ဆိုလွယ်လွယ်စိတ်မရှည်အဖြစ်ဆုံးကိုယ်က ဒီငါးရဲ့အထာတွေကိုတော့ဖြင့် အလွန်ကိုစိတ်ရှည်သည်းခံပေးနေလျက်ရှိသည်။

"နာနေသေးလား။"

လန်ပေါ၏လျော့ရဲနေသည့်နက်ကတိုင်အား သူပြန်လို့စည်းပေးလိုက်သည်။ အကြည့်တို့က လန်ပေါကိုယ်အောက်ပိုင်းက ဆူးတောင်ရေယက်ထံရောက်သွားခဲ့၏။ အထဲ၌ပိုးသတ်သည့်ဂွမ်းတို့ထည့်ထားခြင်းဖြစ်လောက်၍ ဆူးတောင်ရေယက်မှာ သဘာဝမကျစွာအနည်းငယ်ခုံးထွက်နေလေသည်။

"em. . . . . ."

လန်ပေါက သူ့ရေယက်အားခန္ဓာကိုယ်နှင့်ကပ်နေအောင် ဖိထားလိုက်၏။ ထိုသူ့မျက်နှာထက်က နာကျင်မှုကိုတင်းခံနေပုံကြောင့် ဒဏ်ရာကအရှင်းမပျောက်သေးမှန်းသိသာလှသည်။ သို့တိုင်ထိုသူမပြောလာသဖြင့် ပိုင်ချူနျန်ကလည်း အရင်ကလိုသူ့ရေယက်ကိုဇွတ်လှန်ပြီး သူအနေရခက်အရှက်ရစေအောင်မလုပ်မိတော့။

ဒီဒဏ်ရာကဘယ်လို့ရလာတာလဲဆိုပြီးလည်း သူထပ်ပြီးဇွတ်အတင်းမမေးချင်တော့ပါ ၊ လန်ပေါရဲ့ အနေရခက်အရှက်ရစေသည့်ပုံစံက အနည်းငယ်ရင်နာစရာကောင်းလှပါ၏။

"ဒီနေ့ပဲအလုပ်သွားတော့မှာပေါ့ ဘယ်လိုသွားမှာလဲ ၊ ကိုယ်ကားမောင်းပြီးလိုက်ပို့ပေးမယ်လေ။"

လန်ပေါက တဖန်အိတ်ကပ်ထဲမှနေ ဥက္ကဌချန်ထားရစ်သည့်စာအားထုတ်ကာ သူ့ကိုပြလာပြန်သည်။ စာရွက်ထက်၌မူ -

"မင်းရဲ့ကားဂိုထောင်ကိုငါပိတ်ထားလိုက်ပြီ ၊ ဒီရက်ပိုင်းထဲ ပေါ်ပေါ်ထင်ထင်မနေနဲ့ ငါဖြေရှင်းပြီးတဲ့ထိစောင့်။"

". . . . . .ကျစ် ၊ ဒီလိုဆိုလည်းမင်းကိုတက္ကစီနဲ့လိုက်ပို့ပေးမယ်။"

ပိုင်ချူနျန်ခမျာ ဆဲမိတော့မည့်စကားပင်တစ်ခွန်းမှမထွက်လာရသေး လန်ပေါကတတိယမြောက်စာရွက်အား ထုတ်လာပြန်သည် ၊ ထိုအထက်ရေးထားသည်မှာ -

"မင်းရဲ့အသုံးစရိတ်ဘဏ်အကောင့်တွေအကုန်လုံးကိုလည်း ငါပိတ်ထားပြီးပြီ ၊ အကြောင်းပြချက်ကတော့ အပေါ်ကအတိုင်းပဲ။"

အဆုံးမှာတော့ လန်ပေါကအပေါ်ဝတ်အင်္ကျီအိတ်ကပ်ထဲမှာနေ အသစ်ကျပ်ချွတ်ယွမ်(၁၀၀)ကိုထုတ်ကာ ပိုင်ချူနျန်၏လက်ထဲထည့်ပေးလာပြီး Alpha၏ခေါင်းလေးကိုပွတ်သပ်၍ ရုံးသွားတက်ချေတော့သည်။




ပိုင်ချူနျန်ခမျာ ထိုပိုက်ဆံအရွက်ကိုကိုင်လျက် အတော်ကြာကြက်သေသေနေမိပြီးမှ ဒေါသထွက်ကာပိုက်ဆံကိုကြမ်းပေါ်ပစ်ချပြီး ခြေနှင့်တစ်ချက်ဆောင့်နင်းပြီးနောက် ကြမ်းပြင်ပေါ်သို့ထိုင်ချကာစီးကရက်ဖွာနေမိသည်။

ကောင်းကောင်းမစားသောက်ရတာပင် ရက်အတော်ကြာနေပြီဖြစ်၏ ၊ အချုပ်ခန်းထဲတွင် နေ့တိုင်ရေတစ်ဗူးနှင့်ဘီစကွတ်ပိစိလေးတစ်ခုသာပေးလေသည်။ ယခုတော့ဖြင့် မှာစားလို့ပင်မရတော့တဲ့ဘဝ. . . . . . ပိုင်ချူနျန်ရုတ်တရက် စောစောကလန်ပေါငါးကန်မှာကပ်သွားသည့်ကြက်ဥကြော်အား သတိရလို့သွားသည်။

တစ်ချက်လှည့်ကြည့်မိခိုက် မအေလိုးငါးကကြက်ဥကြော်ကိုအပါယူသွားမှန်း တွေ့လိုက်ရပါသည်။

"ငါစားပစ်မှာစိုးတာလားဘာလား. . . . . ."

ပိုင်ချူနျန်ငါးကန်အားမှီကာ ခဏနားနေဖြစ်သည်။ နိုးနိုးချင်းတုန်းကတော့မခံစားမိပေမယ့် အချိန်တဒင်္ဂကြာသွားပြီးချိန်မှာတော့ ဗိုက်ထဲခံရခက်လှအောင်ဆာလောင်လျက်ရှိသည်။ သူလည်းမကျေမနပ်နှင့်သာအလျှော့ပေးလိုက်ရပြီး ကြမ်းပေါ်ကယွမ်(၁၀၀)ကိုကောက်ကာ ညှပ်ဖိနပ်စီးလို့အပြင်ထွက်လာခဲ့လိုက်ပါ၏။

ပိုင်ချူနျန်သည်ကား အလိုလိုက်ခံထားရသည့်သခင်လေးတွေလိုမျိုးမဟုတ် ၊ ယွမ်(၁၀၀)လည်းလုံလုံလောက်လောက်သုံးတတ်ပါ၏။ အရင်ဆုံးအောက်ထပ်ကဆိုင်မှာ ခေါက်ဆွဲဝင်စားလိုက်ပြီးနောက် စျေးသို့သွားကာတစ်ပတ်ပတ်ကြည့်လိုက်သေးသည်။

စျေးထဲ၌ စျေးပတ်ဝယ်နေကြသည့်အဘိုးကြီးအဘွားကြီးများသာရှိရာ အနက်ရောင်ကိုယ်ကပ်စွပ်ကျယ်ဝတ်ထားလျက် လက်ကဘောင်းဘီအိတ်ကပ်ထဲထိုးကာဝင်ရောက်လာသည့် ပိုင်ချူနျန်လို အရပ်ရှည်ရှည်နဲ့Alphaတစ်ယောက်ကိုမြင်ရတာက အလွန်မျက်စိနောက်စရာဖြစ်နေ၏။

"အာလူးနှစ်လုံး။"

"ကျွန်တော့်ကို ဂေါ်ဖီထုပ်ရွေးပေးပါဦး. . . . . . ကျစ်အဲ့တာမယူဘူး အရွက်တွေတောင်ညှိုးနေပြီ။"

"ငါး? ငါးမယူဘူး။"

ပိုင်ချူနျန်လက်ခါပြလိုက်ရင်း ဟင်းရွက်ထုပ်အနည်းငယ်ကိုဆွဲကာ ပင်လယ်စာရောင်းသည့်ဘေးဆောင့်ကြောင့်ထိုင်ချလိုက်၏။ ရေဇလုံထဲက ငါးကြင်းငါး၏ခေါင်းကိုလက်ဖျားဖြင့်ထိုးလိုက်ရင်း. .

"ဟေ့ ငါးတွေကဘာစားတုန်း?"

ငါးစိမ်းသည်မှာ ငါးကြေးခွံချွတ်သည့်ဓားကိုကိုင်လျက် ကြောင်အသွားရှာလေသည်။

ပိုင်ချူနျန် : "ငါးတွေစားတဲ့ဟာ ကျွန်တော့်ကိုနှစ်ပိဿာချိန်ပေးပါ။"

အိမ်ကရေခဲသေတ္တာကိုဖြည့်ဖို့ စျေးထဲမှ အသား၊ကြက်ဥ၊ဟင်းရွက်နှင့်သစ်သီးတို့ဝယ်လာလိုက်သည်။ နောက်ဆုံးအိတ်ထဲ ယွမ်(၁၀)သာကျန်တော့ကာ ဘယ်လိုသုံးလို့သုံးရမှန်းလည်းမသိတော့။





တွေးဆပြီးနောက် ပိုင်ချူနျန်ရေချိုးလိုက်ကာ မေး​စေ့ကမုတ်ဆိတ်တ်ို့ကိုရိတ်ပစ်လိုက်ပြီး ထသွားထလာပေါ့ပေါ့ပါးပါးဝတ်စုံကိုလဲဝတ်လိုက်သည်။ အနက်ရောင်ဘေ့စ်ဘောဦးထုပ်ဆောင်းကာ maskနှင့်မျက်မှန်တို့တပ်လိုက်ပြီး မဟာမိတ်ရဲဌာနသို့မြေအောက်ရထားစီးပြီး လန်ပေါဘာတွေများလုပ်တတ်သလဲအားသွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

သူနေရာသို့ရောက်ချိန်က နေ့လည်(၁၂)နာရီထိုးနေပြီဖြစ်၍ ရဲစခန်းကနေ့လည်ထမင်းစားနားနေလေပြီ။

ဒီလိုဘယ်သာမန်လူကိုမှဝင်ခွင့်မပြုသည့်နေရာရဲ့ အပေါက်ဝ၌လုံခြုံရေးချထားမည်ဆိုတာ ပြောနေစရာပင်မလို ၊ ပိုင်ချူနျန်ကအလွယ်တကူပင် စောင့်ကြည့်ကင်မရာနှင့် ကင်းလှည့်နေသည်တို့ကိုရှောင်ကာ နံရံကျော်ပြီးလစ်ဟာနေသည့်နေရာမှ ရုံးဌာနခန်းမထဲကိုခိုးဝင်ရောက်လိုက်ပြီး မျက်နှာကြက်တွင်ပုန်းကာလေ့လာမိသည်။

ရဲဝတ်စုံဝတ်ထားကြသည့်Omegaတချို့က ထမင်းဘူးလေးတွေပိုက်လျက် ကန်တင်းမှပြန်လာကြသည်။ ကော်ရစ်တာကိုဖြတ်အလျှောက် တတွတ်တွတ်ဖြင့် ယနေ့ရဲ့စိတ်ဝင်စားစရာကိစ္စတို့အား ရယ်မောစွာပြောဆိုနေကြ၏ ၊ ထိုအထဲမှOmegaတစ်ယောက်က ခပ်တိုးတိုးကလေးစိတ်အားထက်သန်စွာဆိုလို့လာသည်။

"ငါတို့ဌာနကို ကပြားရှောင်ကောကောတစ်ယောက်ရောက်လာတယ် ၊ ရွှေရောင်ဆံပင်မျက်လုံးပြာတို့နဲ့ မျက်ဝန်းလေးကအရောင်တွေလက်နေသလိုမျိုးပဲ သောက်ရမ်းချောတာ ၊ သူ့အောက်ပိုင်းကဘယ်လိုမျိုးဖြစ်မလဲ မင်းမှန်းကြည့်ကြည့်စမ်း။"

"? အရမ်းကြီးတာ?"

"ငါးအမြီးကြီး! ရေသူထီးရှောင်ကောကော!"

"ဝိုး အားကျတယ်ကွာအားကျတယ် ဓာတ်ပုံရှိလား?"

"မရှိဘူး ငါမရိုက်ရဲဘူးကွ ၊ အေးတိအေးစက်ကြီး စကားတစ်ခွန်းမှတောင်မပြောဘူး။"

"ရုပ်ချောတဲ့Alphaတွေက ဟန်အရမ်းများတာ။"

"ငါစောနက သူ့ကိုကန်တင်းမှာတွေ့တယ် ၊ မိုက်ခရိုဝေ့မီးဖိုရှေ့မှာ ထမင်းဘူးနွှေးနေတာ။"

"Alpha. . . . . .?"

ပိုင်ချူနျန် မျက်နှာကြက်ကလေဝင်လေထွက်ပေါက်တွင်ထိုင်ကာ ကြားအဟလေးတွင်မေးတင်လျက် ထိုOကလေးတွေပြောဆိုနေကြသည်အား နားထောင်နေလိုက်သည်။

သူသည် အိတ်ကပ်ထဲမှဖုန်းကိုထုတ်ကာ လန်ပေါနံပါတ်ထံမက်ဆေ့ချ်တစ်စောင်ပို့လိုက်ပါသည်။ Emojiတို့သုံးပြီးစာဖွဲ့လိုက်ခြင်း : "ပန်းကန်နဲ့တူတစ်စုံ ၊ ပန်းကန်ထဲထမင်းအပြည့်ရှိနေသည့်emojiကိုမှ နောက်ဆုံး၌အမေးသင်္ကေတ(?)ထည့်လိုက်၏။"

လန်ပေါဖုန်းက ဥက္ကဌပေးထားတာဖြစ်ပြီး သုံးတတ်ဦးမည်မဟုတ်လောက်။ ပိုင်ချူနျန်ကတော့ ဒီလိုလေးလည်းပျော်ဖို့ကောင်းသည်ဟုတွေးမိလျက် စာပြန်လာမည်ကိုလည်းမမျှော်လင့်ထားပါ။ ဘာလို့ဆို အဲ့ငတုံးကစာရိုက်တတ်လောက်မှာမဟုတ်။

သူဖုန်းအား အိတ်ကပ်ထဲထည့်ကာ ကန်တင်းရှိရာဘက်မှန်းဆသွားလိုက်ပြီး လေဝင်လေထွက်ပေါက်မှထွက်လာလိုက်သည်။ ရေဆင်းပိုက်တစ်လျှောက်မှနေ ခပ်သွက်သွက်ခေါင်မိုးပေါ်တက်လိုက်၏။ လက်နှစ်ဖက်အားဘောင်းဘီအိတ်ကပ်ထဲထိုးလျက်မှ ပေါ့ပေါ့ပါးပါးပဲ ရုံးဌာနအဆောက်အအုံကြီးနှစ်ခုကိုခွကျော်လိုက်သည်။ ကန်တင်းကဖောက်ထွင်းမြင်ရသည့်လသာပေါက်နားအရောက်မှာတော့ ထိုင်ချလိုက်ပြီးလန်ပေါအားငုံ့လို့ရှာမိသည်။

လန်ပေါမှာဆို လသာပေါက်အောက်ကထောင့်နေရာလေး၌ထိုင်လျက်၏။ ရဲဝတ်စုံကိုဝတ်ဆင်ထားလျက် ရှေ့တွင်သေသေသပ်သပ်ထမင်းဘူးလေးအားချလို့ထားပေသည်။

ပိုင်ချူနျန် လည်ကိုဆန့်၍ သူဘာတွေစားနေလဲအားလေ့လာမိသည်။

လန်ပေါက ဣန္ဒြေရှိစွာမိုက်ခရိုဝေ့နှင့်နွှေးထားသည့်ထမင်းဘူးကိုဖွင့်လိုက်ပြီး အထဲမှနေမနက်တုန်းကပလတ်စတစ်နှင့်ပတ်ထားသည့်ကြက်ဥကြော်အား ထုတ်ယူလိုက်သည်။

"ဪ ယူသွားတာကနေ့လည်စာအတွက်ကိုး။"

ပိုင်ချူနျန်က အေးအေးလူလူလဲချပစ်လိုက်ပြီး မေးထောက်လျက်မှထိုသူစားနေသည်ကိုငေးကြည့်မိသည်။

သို့တိုင် လန်ပေါကထမင်းဘူးကိုသာစားပစ်ကာ အဖုံးရောကိုပါစားပစ်လိုက်ပါသည်။ ထို့နောက်ကြက်ဥကြော်ကိုတော့ဖြင့် နောက်ထမင်းဘူးအသစ်ထဲသို့ပြောင်းထည့်ထားလိုက်၏။

အိတ်ကပ်ထဲရှိဖုန်းကတစ်ချက်တုန်ခါလာ၍ လန်ပေါမှာလန့်ကာတုန်ယင်သွားခဲ့ရပြီး ဘေးဘီဝဲယာသို့သတိဖြင့်ကြည့်လိုက်မိသည်။ ပြီးကာမှမိမိအိတ်ကပ်ထဲမှ တုန်ခါလာတာဖြစ်မှန်းသတိထားမိကာ ဖုန်းကိုထုတ်၍ကြည့်မိ၏။

လန်ပေါရဲ့ ဖုန်းစခရင်ထက်ကို ဖြည်းဖြည်းလေးချင်းအသည်းပုံရေးဆွဲကာlockဖြည်နေသည်အား ပိုင်ချူနျန်စိတ်ဝင်တစားကြည့်နေမိပါသည်။ အတော်ကြာကာမှ မိမိပို့ထားသည့်စာကိုလန်ပေါကတွေ့သည်။

လန်ပေါကမျက်နှာမော့လျက် လက်ချောင်းတို့ကြားထဲမှဖုန်းစခရင်ကိုပြူးကြည့်ပြီးနောက် ခလုတ်တို့လျှောက်နှိပ်ကာစာပြန်လိုက်ပါသည်။

ပိုင်ချူနျန် ဖုန်းထုတ်ကြည့်မိရာ မက်ဆေ့ချ်၌ထိုသို့ရေးထား၏ -

"→→u@%-% honglanbokadinlion~。@%jijimua→←"

"ဟွန်း. . . . . . ငပိန်းလေး။"

ပိုင်ချူနျန်လည်း screenshotရိုက်ကာ WeChatတွင်တင်လိုက်ပြီး captionအားထိုသို့တပ်လိုက်သည်။

"မစ်ရှင်လုပ်တုန်း အဆင့်မြင့်လွန်းတဲ့စကားဝှက်တစ်ခုတွေ့လို့ မဖြည်တတ်ဘူးဖြစ်နေတယ် ၊ ဝှက်စာဖော်နိုင်တဲ့ဆရာကြီးများရှိရင် ဖြည်ပေးဖို့တောင်းဆိုပါတယ်။"

စက္ကန့်အနည်းငယ်ကြာပြီးချိန်မှာတော့ friendထဲကဝှက်စာဖော်ကျွမ်းကျင်သူခုနှစ်ယောက်ရှစ်ယောက်လောက်မှာ commentထဲ၌ငြင်းခုံရန်ဖြစ်လျက်ရှိကြပေသည်၊။





ထမင်းစားပြီးသွားချိန်မှာတော့ voice messageဖြင့်ပို့လာသည့် အစည်းအဝေးလုပ်မည့်အကြောင်းကြားစာအား လန်ပေါလက်ခံရရှိလိုက်သည်။ မှတ်စုစာအုပ်နှင့် ဘောပင်ယူလာခဲ့ဖို့ပြောထား၏။ လန်ပေါကခေါင်းလေးစောင်းကာ အခေါက်ခေါက်နားထောင်ပြီးမှ တစ်ဖက်ရဲ့ဆိုလိုရင်းအား နားလည်သလိုရှိလာ၏။

ပိုင်ချူနျန်မှာ ပွဲထိုင်ကြည့်နေသည့်တစ်ချိန်တည်း စိတ်လည်းပူမိရသည်။ ငပိန်းငါးမှာ လူ့အဖွဲ့အစည်းထဲ၌ အနေရကြပ်အခက်အခဲရှိနေသည့်ပုံပါပင်။

သူသည်အချိန်မီ စတိုးဆိုင်လေးသို့သွားကာ မှတ်စုစာအုပ်တစ်အုပ် ၊ ဘောပင်တစ်ချောင်း ၊ ပေါင်မုန့်လေးတစ်လုံးနှင့် တုတ်ချိုချဉ်တစ်ချောင်းဝယ်ယူလိုက်သည်။ ပြီးနောက်ငါးမျှားချိတ်မှာချိတ်လိုက်ပြီး လသာပေါက်မှနေဖြည်းဖြည်းချင်းကြိုးကိုလျှော့ချကာ ငါးမျှားတံကြိုးကိုဖြတ်ပစ်လိုက်လျက် ပစ္စည်းတို့အားလန်ပေါ၏လွယ်အိတ်ထဲထည့်ပေးလိုက်ပါ၏။

လန်ပေါက ခပ်သွက်သွက်လှေကားလက်ရန်းမှလျှောဆင်းကာ အစည်းအဝေးခန်းသို့သွားလိုက်သည်။ ပိုင်ချူနျန်လည်း လမ်းကြောင်းပြောင်း၍ တစ်လျှောက်လုံးနောက်ကနေလိုက်ဖြစ်၏။ သူ့အတွက်တော့ စောင့်ကြည့်ကင်မရာတွေအကုန်ကိုရှောင်ရတာကလုပ်နေကြအလုပ်ဖြစ်ကာ ပစ်မှတ်နောက်အခက်အခဲမရှိခြေရာခံနိုင်ပေသည်။

လန်ပေါက နေရာတစ်နေရာရှာလို့ဝင်ထိုင်လိုက်ပါသည်။ လွယ်အိတ်ထဲကစားစရာတို့ကိုမြင်ချိန်မှာတော့ လုပ်ဖော်ကိုင်ဖက်တို့၏လန့်သလိုအကြည့်တို့အောက် တည်တည်ငြိမ်ငြိမ်ပဲချိုချဉ်ကိုဖောက်ကာ စားလိုက်သည်။ ခေါင်းဆောင်တံခါးတွန်းဖွင့်ဝင်ရောက်မလာသေးမီတစ်စက္ကန့်အလိုမှာကတည်းက ချိုချဉ်ကတုတ်ချောင်းကိုရော ပေါင်မုန့်ကိုထုပ်ပိုးသည့်စက္ကူကိုရော အကုန်စားပြီးသွားပြီဖြစ်လျက် မူမမှန်တာဘာမှမရှိ။





ဒီတစ်ခေါက်အစည်းအဝေးရဲ့အကြောင်းအရာကတော့ ဆက်တိုက်လူပျောက်တဲ့အမှုပဲဖြစ်သည်။ စုံစမ်းစစ်ဆေးသူများက 'တြိဂံပိရမစ်ဖြစ်ရပ်'ဟုနာမည်ပေးထား၏။

ဖြစ်စဉ်မှာ အင်တာနက်ပေါ်ကစိတ်ကူး၍ပင်မရသည့် လွတ်မြောက်ခြင်းဗီဒီယိုတစ်ခုကနေ နာမည်ကြီးသွားသည့် လွတ်မြောက်ခြင်းအထူးကျွမ်းကျင်သူတစ်ယောက်ကနေစတာဖြစ်သည်။ ပရိသတ်တွေထံ ဖိတ်ခေါ်စာတို့ပို့ကာ သူအသစ်ဒီဇိုင်းဆွဲထားသည့် Escape roomသို့လာရောက်စမ်းကြည့်ကြဖို့ဖိတ်ခေါ်ထား၏။

ဗီဒီယိုထဲက လွတ်မြောက်ခြင်းအထူးကျွမ်းကျင်သူမှာဆို ခေါင်းစွပ်မျက်နှာဖုံးနှင့်ခြုံထည်ကိုဝတ်ကာ ခြေလက်နှင့်မျက်နှာတွေအကုန်လုံးကိုဖုံးကွယ်ထား၏။ တုန်ခါနေသည့်အီလက်ထရွန်နစ်အသံကိုသုံးကာ သူ့ရဲ့လက်ရာကိုမိတ်ဆက်ပေးလာသည်။ ကစားပွဲမှာ ပိရမစ်ပုံစံရှိသည့်အခန်းငယ်လေးမှနေ စတင်ဝင်ရောက်ရပြီး အလွန်လျှို့ဝှက်ဆန်းကြယ်၏။ 'ထွက်ပေါက်ကနေအောင်အောင်မြင်မြင်ထွက်လာနိုင်သည့် ကံကောင်းသူများ 10 millionဆုငွေရရှိမည်' ဆိုတာက ထိုဂိမ်း၏တစ်ခုတည်းသောစည်းမျဉ်းဖြစ်ပေသည်။

ဗီဒီယိုတင်ထားတာက လွန်ခဲ့သည့်ရှေ့သုံးရက်ကဖြစ်သည်။ တွက်ချက်မှုအရ သတ္တိရှိရှိစမ်းရဲကြသည့်စွန့်စားသူဒါဇင်ခန့်လောက်က စိန်ခေါ်မှုကိုလင်ခံထားပြီးဖြစ်၏။ ထိုလူများမှာ အလုပ်အကိုင်မျိုးစုံမှလာကြခြင်း ၊ အလုပ်မရှိအကိုင်မရှိကံလာစမ်းသူများလည်းပါ၏ ၊ ဒေဝါလီခံရခါနီးနေသည့် လုပ်ငန်းသူဌေးတို့လည်းပါ၏ ၊ စိတ်လှုပ်ရှားမှုလာရှာသည့် စာရေးဆရာနှင့်စွန့်စားသူများလည်းပါ၏။ သို့တိုင်သူ့တို့တွေထဲကတစ်ယောက်မှကို ထွက်မလာနိုင်ဘဲရှိကာ ယနေ့ထိဘာသတင်းမှကိုမကြားရတော့။

ရဲဘက်က ဗီဒီယိုတင်ထားသည့်id ကိုစစ်ဆေးရှာဖွေမှုအရ - လွတ်မြောက်ခြင်းအထူးကျွမ်းကျင်သူLeonဟုတွေ့ရှိပေမယ့် IP addressအတုကိုသာရှာလို့တွေ့၏ ၊ လွတ်မြောက်ခြင်းအထူးကျွမ်းကျင်သူနဲ့ပတ်သက်သည့်ဘာတစ်ခုမှ သိသူမရှိ ၊ မေပယ်နီတောင်အနီနားတွင်သာ ပိရမစ်အဆောက်အအုံငယ်လေးတစ်ခုကျန်ရစ်၏။

ခေါင်းဆောင်က အစည်းအဝေးကိုလာရောက်သည့်အယောက်တိုင်း၏အမြင်တို့ကိုမေးရင်း လန်ပေါအလှည့်ရောက်ချိန်မှာတော့ လန်ပေါကမှတ်စုစာအုပ်ထက် ရေးခြစ်လို့နေသည်။ မိမိနာမည်အားခေါ်သံကြား၍ ခေါင်းမော့ကာရွှေရောင်ဆံနွယ်တချို့ကို နားနောက်သပ်တင်လိုက်ရင်း ခပ်ပေါ့ပေါ့ပဲဆိုလိုက်ပါသည်။

"ငါ သူ့ကိုသွားသတ်မယ်။"

ထွက်ဆိုလာမှုက ရဲတင်းလွန်း၍ အစည်းအဝေးမှာဆူညံပွက်လောရိုက်သွားခဲ့သည်။

ခေါင်းဆောင်က သူ့အနားလျှောက်လာပြီး သူ့ရှေ့ကမှတ်စုကိုလှန်ကြည့်လာသည်။

မှတ်စုထက် ထူးဆန်းသည့်ပုံရေးဆွဲလို့ထား၏—- —- ဆွဲကြိုးချထား၍ လည်ကျိုးနေသည့်မျက်နှာဖုံးခြုံထည်တို့နှင့် ယောက်ျားတစ်ယောက် ၊ မျက်လုံးကပြူးထွက်ကာ လျှာပါအရှည်ကြီးထွက်နေ၏ ၊ ကြိုးစင်ဘေးတွင်မူ သွားချွန်ချွန်တို့ရှိသည့်ရေသူထီးတစ်ကောင်နှင့် ကြမ်းတမ်းပုံရကာအမွှေးတို့ထောင်နေသည့်ကြောင်တစ်ကောင်။

ကြည့်ရတာထိုမျက်နှာဖုံးခြုံထည်တို့နှင့်ယောက်ျားက စောစောကအစည်းဝေးမှာပြောသွားသည့် လွတ်မြောက်ခြင်းကျွမ်းကျင်သူဆရာကြီးဖြစ်လောက်သည်။

ခေါင်းဆောင်မှာ ထိုပုံကိုစိုက်ကြည့်ရင်း ပြောမပြတတ်စွာကျောတို့ချမ်းလာရသည်။ လန်ပေါ၏ နက်ရှိုင်းလှသည့်ရတနာလိုမျက်ဝန်းတို့နှင့်အကြည့်ဆုံခိုက်မှာတော့ ကြက်သီးတွေပင်ထလာသလိုမျိုးခံစားလိုက်ရပါ၏။

အလုပ်ခရီးသွားရမည့်တာဝန်ကိုစီမံပြီးနောက် အစည်းအဝေးကပြီးလို့သွားသည်။ လန်ပေါက အလုပ်နေရာသို့ပြန်သွားလိုက်သည်။ လန်ပေါ၏အလုပ်က အမှုတွဲတွေကိုစီစဉ်ရခြင်း ၊ အမှုတွဲစာရွက်ဖိုင်တို့နှင့် ကွန်ပျူတာဓာတ်ပြားတို့အား နံပါတ်စဉ်အလိုက်စီပြီးနောက် ဖိုင်အခန်းထဲသွားသိမ်းရခြင်း။






တွဲလောင်းကြီးပြတင်းအပြင်ဘက်မှနေ တိတ်တိတ်လေးခိုးချောင်းနေလေသည့်Alphaကိုတော့ဖြင့် လန်ပေါကမမြင်။ မိမိအား တစ်စုံတစ်ယောက်ကတစ်လျှောက်လုံးပဲစိုက်ကြည့်နေသည်ကို သတိထားမိချိန်၌ သူသည်ခေါင်းထောင်ကြည့်မိရာ ပြတင်းပေါက်အပြင်တွင်ဘယ်သူမှမရှိတော့။

ထိုအချိန်မှာပဲ Omegaတစ်ယောက်ကစာရွက်စာတမ်းတို့ပိုက်လျက်ရောက်လို့လာပြီး စာရွက်စာတမ်းအိတ်အား လန်ပေါဘေးတွင်ချပေးလာလျက်မှ လန်ပေါနှင့်စကားပြောချင်၍ စကားမရှိစကားရှာလို့လာသည်။

"အင်း. . . . . . ဒီနေ့နေ့လည်အတွက်အလုပ်ကတော့ ဒါတွေပဲ ၊ အခုမှအစဆိုတော့ကျင့်သားရရဲ့လား? အလုပ်ပမာဏကိုရော ဘယ်လိုသဘောရလဲ?"

လန်ပေါအကြည့်တို့က ဖိုင်ပေါ်ကနံပါတ်ကိုသာစိုက်ကြည့်လျက် ပုံမှန်လေသံဖြင့်အင်းတစ်လုံးသာဆိုလိုက်ပါသည်။

Omegaမှာ အေးစက်စက်သာဆက်ဆံခံရ၍ ကိုယ့်ဘာသာကိုယ်ပဲကသိကအောက်အခြေအနေမှ ရုန်းထွက်လာရလျက်။

"ဒါဆိုမင်းဘာအခက်အခဲပဲရှိရှိ ငါ့စီအကူအညီလာတောင်းလို့ရတယ်နော်။"

လန်ပေါက မျက်လွှာပင့်လျက် သူ့အားတစ်ချက်လှမ်းကြည့်လာသည်။ သို့တိုင်လန်ပေါက ဘာစိတ်ခံစားချက်ကိုမှထုတ်ပြမထား၍ ထိုသူ့သူငယ်အိမ်တွင်းက မျဉ်းတစ်ဖြောင့်တည်းလိုရှိသည့်နီလာရောင်မျက်ဆန်တို့နှင့်စိုက်ကြည့်လာသည့်အခါ အနည်းငယ်စိမ်းကားသယောင်ရှိ၏။ ဘေးပတ်ပတ်လည်သည်လည်း အေးတိအေးစက်နှင့်ဖော်ရွှေခြင်းမရှိသည့်အငွေ့အသက်တို့သာလွှမ်းခြုံနေလျက်။

Omegaခင်ဗျား ထိုနက်ရှိုင်းလွန်းသည့်မျက်ဝန်းတို့နှင့်စိုက်ကြည့်ခံလိုက်ရ၍ လန့်ဖျတ်ကာ ကြောက်စိတ်တို့ဝင်လာရလျက် ခြေနှစ်လှမ်းပင်နောက်ဆုတ်မိကာ ကိုယ့်နေရာကိုယ်သာပြန်သွားလိုက်ပါသည်။





လန်ပေါကတော့ ဘာမှမဖြစ်သလိုသာရှိလျက် စာအုပ်စင်တစ်ဖက်ကိုစီရီပြီးသည့်နောက် ကိုယ်ထက်က ရေဓာတ်ထိန်းပေးသည့်ပတ်တီးတို့က အနည်းငယ်ပင်ခြောက်နေသည်ကိုခံစားမိသည်။ ခြောက်သွေးမှုကြောင့် အရေပြားတို့အနည်းငယ်ယားယံလာသလိုရှိ၍ ထလျက်ကော်ဖီဖျော်စပ်ရာအခန်းလေးထဲဝင်ကာ ပတ်တီးတို့ကိုရေပြန်စွတ်ဖို့လုပ်မိသည်။

သူရေတစ်ခွက်ဖြည့်ပြီး ပြန်အလှည့်၌ ရုတ်တရက်ဆိုသလိုတစ်ယောက်ထိုင်ဆိုဖာထက် Alphaတစ်ယောက်ရောက်နေသည်ကို တွေ့လိုက်ရပါသည်။ တီရှပ်အနက်ရောင် ၊ အနက်ရောင်ဘေ့စ်ဘောဦးထုပ် အနက်ရောင်maskနှင့် နေကာမျက်မှန်တို့ဝတ်လို့ထားသည်။

"en?"

လန်ပေါက ချက်ချင်းပဲသူမှန်းတန်းသိကာ ရေခွက်အားပိုင်ချူနျန်ရှေ့က ရေနွေးစားပွဲပေါ်ချလိုက်၏။

ပိုင်ချူနျန်က အခွင့်အရေးကိုအရယူကာ ဆန့်ထုတ်လာသည့်သူ့လက်ကောက်ဝတ်ကိုဖမ်းဆုပ်လိုက်ပြီး တစ်ချက်အားနှင့်ဆွဲလိုက်ပါသည်။ လန်ပေါမှာမတ်မတ်ရပ်မတည်နိုင်တော့ဘဲ သတိလက်လွတ်ဖြင့် Alphaရင်ခွင်ထဲကျရောက်သွားလျက် ရင်ဘက်ကအဝတ်အစားတို့ပင်ကြေကုန်လေသည်။

အလုပ်လုပ်နေတဲ့အချိန်အတွင်း ဇွတ်တရွတ်နိုင်လို့မဖြစ်သဖြင့် လန်ပေါလက်ဆန့်၍ ပိုင်ချူနျန်၏မေးရိုးကိုစိပိတ်ထားလိုက်ပြီး ထိုသူ့အားအသံမထွက်ခိုင်းဘဲရှိ၏။ လက်မနှင့်လက်ညှိုးကြားက ပါးလွှာလွှာအရေပြားက ပိုင်ချူနျန်၏နှာခေါင်ဖျားဖြင့်ထိ၍ ဖုထွက်နေလျက်။ ကျန်လက်တစ်ဖက်ဖြင့် ရှေ့ရင်ဘက်အိတ်ထောင်ထဲမှနေ တစ်ရာတန်နှစ်ရွက်ထုတ်ကာ ပိုင်ချူနျန်၏ဘောင်းဘီအိတ်ထဲထိုးထည့်ပေးလိုက်ပြီး မျက်စိတစ်ဖက်မှိတ်လို့ ထိုသူ့အားချော့မော့မိပါ၏။

"သွားဝယ် ၊ စားချင်တာ ၊ မနှောက် ယှက်နဲ့။"

လန်ပေါ၏သေးသွယ်သွယ်ခါးလေးအား ပိုင်ချူနျန်လက်တစ်ဖက်တည်းဖြင့်ပွေ့ထားရင်း ကျန်လက်တစ်ဖက်ဖြင့် သူ့နောက်စေ့ကိုထိန်းကိုင်ကာ maskကိုဆွဲချလျက်ထိုသူ့နားအနားကပ်ကာ ခပ်တိုးတိုးရယ်မိချေသည်။

"မနှောက်ယှက်ပါဘူး ၊ ဒီလိုပဲအလုပ်ကိုလာစစ်ဆေးတာ။"






ZAWGYI


၃၄


"ၿငိမ္ၿငိမ္ေန။"

ပိုင္ခ်ဴန်န္လည္း ဘာေၾကာင့္ရယ္မသိ ၊ ပုံမွန္ဆိုလြယ္လြယ္စိတ္မရွည္အျဖစ္ဆုံးကိုယ္က ဒီငါးရဲ့အထာေတြကိုေတာ့ျဖင့္ အလြန္ကိုစိတ္ရွည္သည္းခံေပးေနလ်က္ရွိသည္။

"နာေနေသးလား။"

လန္ေပါ၏ေလ်ာ့ရဲေနသည့္နက္ကတိုင္အား သူျပန္လို႔စည္းေပးလိုက္သည္။ အၾကည့္တို႔က လန္ေပါကိုယ္ေအာက္ပိုင္းက ဆူးေတာင္ေရယက္ထံေရာက္သြားခဲ့၏။ အထဲ၌ပိုးသတ္သည့္ဂြမ္းတို႔ထည့္ထားျခင္းျဖစ္ေလာက္၍ ဆူးေတာင္ေရယက္မွာ သဘာဝမက်စြာအနည္းငယ္ခုံးထြက္ေနေလသည္။

"em. . . . . ."

လန္ေပါက သူ႔ေရယက္အားခႏၶာကိုယ္ႏွင့္ကပ္ေနေအာင္ ဖိထားလိုက္၏။ ထိုသူ႔မ်က္ႏွာထက္က နာက်င္မွုကိုတင္းခံေနပုံေၾကာင့္ ဒဏ္ရာကအရွင္းမေပ်ာက္ေသးမွန္းသိသာလွသည္။ သို႔တိုင္ထိုသူမေျပာလာသျဖင့္ ပိုင္ခ်ဴန်န္ကလည္း အရင္ကလိုသူ႔ေရယက္ကိုဇြတ္လွန္ၿပီး သူအေနရခက္အရွက္ရေစေအာင္မလုပ္မိေတာ့။

ဒီဒဏ္ရာကဘယ္လို႔ရလာတာလဲဆိုၿပီးလည္း သူထပ္ၿပီးဇြတ္အတင္းမေမးခ်င္ေတာ့ပါ ၊ လန္ေပါရဲ့ အေနရခက္အရွက္ရေစသည့္ပုံစံက အနည္းငယ္ရင္နာစရာေကာင္းလွပါ၏။

"ဒီေန႔ပဲအလုပ္သြားေတာ့မွာေပါ့ ဘယ္လိုသြားမွာလဲ ၊ ကိုယ္ကားေမာင္းၿပီးလိုက္ပို႔ေပးမယ္ေလ။"

လန္ေပါက တဖန္အိတ္ကပ္ထဲမွေန ဥကၠဌခ်န္ထားရစ္သည့္စာအားထုတ္ကာ သူ႔ကိုျပလာျပန္သည္။ စာရြက္ထက္၌မူ -

"မင္းရဲ့ကားဂိုေထာင္ကိုငါပိတ္ထားလိုက္ၿပီ ၊ ဒီရက္ပိုင္းထဲ ေပၚေပၚထင္ထင္မေနနဲ႔ ငါေျဖရွင္းၿပီးတဲ့ထိေစာင့္။"

". . . . . .က်စ္ ၊ ဒီလိုဆိုလည္းမင္းကိုတကၠစီနဲ႔လိုက္ပို႔ေပးမယ္။"

ပိုင္ခ်ဴန်န္ခမ်ာ ဆဲမိေတာ့မည့္စကားပင္တစ္ခြန္းမွမထြက္လာရေသး လန္ေပါကတတိယေျမာက္စာရြက္အား ထုတ္လာျပန္သည္ ၊ ထိုအထက္ေရးထားသည္မွာ -

"မင္းရဲ့အသုံးစရိတ္ဘဏ္အေကာင့္ေတြအကုန္လုံးကိုလည္း ငါပိတ္ထားၿပီးၿပီ ၊ အေၾကာင္းျပခ်က္ကေတာ့ အေပၚကအတိုင္းပဲ။"

အဆုံးမွာေတာ့ လန္ေပါကအေပၚဝတ္အကၤ်ီအိတ္ကပ္ထဲမွာေန အသစ္က်ပ္ခၽြတ္ယြမ္(၁၀၀)ကိုထုတ္ကာ ပိုင္ခ်ဴန်န္၏လက္ထဲထည့္ေပးလာၿပီး Alpha၏ေခါင္းေလးကိုပြတ္သပ္၍ ႐ုံးသြားတက္ေခ်ေတာ့သည္။




ပိုင္ခ်ဴန်န္ခမ်ာ ထိုပိုက္ဆံအရြက္ကိုကိုင္လ်က္ အေတာ္ၾကာၾကက္ေသေသေနမိၿပီးမွ ေဒါသထြက္ကာပိုက္ဆံကိုၾကမ္းေပၚပစ္ခ်ၿပီး ေျခႏွင့္တစ္ခ်က္ေဆာင့္နင္းၿပီးေနာက္ ၾကမ္းျပင္ေပၚသို႔ထိုင္ခ်ကာစီးကရက္ဖြာေနမိသည္။

ေကာင္းေကာင္းမစားေသာက္ရတာပင္ ရက္အေတာ္ၾကာေနၿပီျဖစ္၏ ၊ အခ်ဳပ္ခန္းထဲတြင္ ေန႔တိုင္ေရတစ္ဗူးႏွင့္ဘီစကြတ္ပိစိေလးတစ္ခုသာေပးေလသည္။ ယခုေတာ့ျဖင့္ မွာစားလို႔ပင္မရေတာ့တဲ့ဘဝ. . . . . . ပိုင္ခ်ဴန်န္႐ုတ္တရက္ ေစာေစာကလန္ေပါငါးကန္မွာကပ္သြားသည့္ၾကက္ဥေၾကာ္အား သတိရလို႔သြားသည္။

တစ္ခ်က္လွည့္ၾကည့္မိခိုက္ မေအလိုးငါးကၾကက္ဥေၾကာ္ကိုအပါယူသြားမွန္း ေတြ႕လိုက္ရပါသည္။

"ငါစားပစ္မွာစိုးတာလားဘာလား. . . . . ."

ပိုင္ခ်ဴန်န္ငါးကန္အားမွီကာ ခဏနားေနျဖစ္သည္။ နိုးနိုးခ်င္းတုန္းကေတာ့မခံစားမိေပမယ့္ အခ်ိန္တဒဂၤၾကာသြားၿပီးခ်ိန္မွာေတာ့ ဗိုက္ထဲခံရခက္လွေအာင္ဆာေလာင္လ်က္ရွိသည္။ သူလည္းမေက်မနပ္ႏွင့္သာအေလၽွာ့ေပးလိုက္ရၿပီး ၾကမ္းေပၚကယြမ္(၁၀၀)ကိုေကာက္ကာ ညႇပ္ဖိနပ္စီးလို႔အျပင္ထြက္လာခဲ့လိုက္ပါ၏။

ပိုင္ခ်ဴန်န္သည္ကား အလိုလိုက္ခံထားရသည့္သခင္ေလးေတြလိုမ်ိဳးမဟုတ္ ၊ ယြမ္(၁၀၀)လည္းလုံလုံေလာက္ေလာက္သုံးတတ္ပါ၏။ အရင္ဆုံးေအာက္ထပ္ကဆိုင္မွာ ေခါက္ဆြဲဝင္စားလိုက္ၿပီးေနာက္ ေစ်းသို႔သြားကာတစ္ပတ္ပတ္ၾကည့္လိုက္ေသးသည္။

ေစ်းထဲ၌ ေစ်းပတ္ဝယ္ေနၾကသည့္အဘိုးႀကီးအဘြားႀကီးမ်ားသာရွိရာ အနက္ေရာင္ကိုယ္ကပ္စြပ္က်ယ္ဝတ္ထားလ်က္ လက္ကေဘာင္းဘီအိတ္ကပ္ထဲထိုးကာဝင္ေရာက္လာသည့္ ပိုင္ခ်ဴန်န္လို အရပ္ရွည္ရွည္နဲ႔Alphaတစ္ေယာက္ကိုျမင္ရတာက အလြန္မ်က္စိေနာက္စရာျဖစ္ေန၏။

"အာလူးႏွစ္လုံး။"

"ကၽြန္ေတာ့္ကို ေဂၚဖီထုပ္ေရြးေပးပါဦး. . . . . . က်စ္အဲ့တာမယူဘူး အရြက္ေတြေတာင္ညႇိုးေနၿပီ။"

"ငါး? ငါးမယူဘူး။"

ပိုင္ခ်ဴန်န္လက္ခါျပလိုက္ရင္း ဟင္းရြက္ထုပ္အနည္းငယ္ကိုဆြဲကာ ပင္လယ္စာေရာင္းသည့္ေဘးေဆာင့္ေၾကာင့္ထိုင္ခ်လိုက္၏။ ေရဇလုံထဲက ငါးၾကင္းငါး၏ေခါင္းကိုလက္ဖ်ားျဖင့္ထိုးလိုက္ရင္း. .

"ေဟ့ ငါးေတြကဘာစားတုန္း?"

ငါးစိမ္းသည္မွာ ငါးေၾကးခြံခၽြတ္သည့္ဓားကိုကိုင္လ်က္ ေၾကာင္အသြားရွာေလသည္။

ပိုင္ခ်ဴန်န္ : "ငါးေတြစားတဲ့ဟာ ကၽြန္ေတာ့္ကိုႏွစ္ပိႆာခ်ိန္ေပးပါ။"

အိမ္ကေရခဲေသတၱာကိုျဖည့္ဖို႔ ေစ်းထဲမွ အသား၊ၾကက္ဥ၊ဟင္းရြက္ႏွင့္သစ္သီးတို႔ဝယ္လာလိုက္သည္။ ေနာက္ဆုံးအိတ္ထဲ ယြမ္(၁၀)သာက်န္ေတာ့ကာ ဘယ္လိုသုံးလို႔သုံးရမွန္းလည္းမသိေတာ့။





ေတြးဆၿပီးေနာက္ ပိုင္ခ်ဴန်န္ေရခ်ိဳးလိုက္ကာ ေမး​ေစ့ကမုတ္ဆိတ္တ္ို႔ကိုရိတ္ပစ္လိုက္ၿပီး ထသြားထလာေပါ့ေပါ့ပါးပါးဝတ္စုံကိုလဲဝတ္လိုက္သည္။ အနက္ေရာင္ေဘ့စ္ေဘာဦးထုပ္ေဆာင္းကာ maskႏွင့္မ်က္မွန္တို႔တပ္လိုက္ၿပီး မဟာမိတ္ရဲဌာနသို႔ေျမေအာက္ရထားစီးၿပီး လန္ေပါဘာေတြမ်ားလုပ္တတ္သလဲအားသြားၾကည့္ဖို႔ ဆုံးျဖတ္လိုက္ပါသည္။

သူေနရာသို႔ေရာက္ခ်ိန္က ေန႔လည္(၁၂)နာရီထိုးေနၿပီျဖစ္၍ ရဲစခန္းကေန႔လည္ထမင္းစားနားေနေလၿပီ။

ဒီလိုဘယ္သာမန္လူကိုမွဝင္ခြင့္မျပဳသည့္ေနရာရဲ့ အေပါက္ဝ၌လုံျခဳံေရးခ်ထားမည္ဆိုတာ ေျပာေနစရာပင္မလို ၊ ပိုင္ခ်ဴန်န္ကအလြယ္တကူပင္ ေစာင့္ၾကည့္ကင္မရာႏွင့္ ကင္းလွည့္ေနသည္တို႔ကိုေရွာင္ကာ နံရံေက်ာ္ၿပီးလစ္ဟာေနသည့္ေနရာမွ ႐ုံးဌာနခန္းမထဲကိုခိုးဝင္ေရာက္လိုက္ၿပီး မ်က္ႏွာၾကက္တြင္ပုန္းကာေလ့လာမိသည္။

ရဲဝတ္စုံဝတ္ထားၾကသည့္Omegaတခ်ိဳ႕က ထမင္းဘူးေလးေတြပိုက္လ်က္ ကန္တင္းမွျပန္လာၾကသည္။ ေကာ္ရစ္တာကိုျဖတ္အေလၽွာက္ တတြတ္တြတ္ျဖင့္ ယေန႔ရဲ့စိတ္ဝင္စားစရာကိစၥတို႔အား ရယ္ေမာစြာေျပာဆိုေနၾက၏ ၊ ထိုအထဲမွOmegaတစ္ေယာက္က ခပ္တိုးတိုးကေလးစိတ္အားထက္သန္စြာဆိုလို႔လာသည္။

"ငါတို႔ဌာနကို ကျပားေရွာင္ေကာေကာတစ္ေယာက္ေရာက္လာတယ္ ၊ ေရႊေရာင္ဆံပင္မ်က္လုံးျပာတို႔နဲ႔ မ်က္ဝန္းေလးကအေရာင္ေတြလက္ေနသလိုမ်ိဳးပဲ ေသာက္ရမ္းေခ်ာတာ ၊ သူ႔ေအာက္ပိုင္းကဘယ္လိုမ်ိဳးျဖစ္မလဲ မင္းမွန္းၾကည့္ၾကည့္စမ္း။"

"? အရမ္းႀကီးတာ?"

"ငါးအၿမီးႀကီး! ေရသူထီးေရွာင္ေကာေကာ!"

"ဝိုး အားက်တယ္ကြာအားက်တယ္ ဓာတ္ပုံရွိလား?"

"မရွိဘူး ငါမရိုက္ရဲဘူးကြ ၊ ေအးတိေအးစက္ႀကီး စကားတစ္ခြန္းမွေတာင္မေျပာဘူး။"

"႐ုပ္ေခ်ာတဲ့Alphaေတြက ဟန္အရမ္းမ်ားတာ။"

"ငါေစာနက သူ႔ကိုကန္တင္းမွာေတြ႕တယ္ ၊ မိုက္ခရိုေဝ့မီးဖိုေရွ႕မွာ ထမင္းဘူးေႏႊးေနတာ။"

"Alpha. . . . . .?"

ပိုင္ခ်ဴန်န္ မ်က္ႏွာၾကက္ကေလဝင္ေလထြက္ေပါက္တြင္ထိုင္ကာ ၾကားအဟေလးတြင္ေမးတင္လ်က္ ထိုOကေလးေတြေျပာဆိုေနၾကသည္အား နားေထာင္ေနလိုက္သည္။

သူသည္ အိတ္ကပ္ထဲမွဖုန္းကိုထုတ္ကာ လန္ေပါနံပါတ္ထံမက္ေဆ့ခ်္တစ္ေစာင္ပို႔လိုက္ပါသည္။ Emojiတို႔သုံးၿပီးစာဖြဲ႕လိုက္ျခင္း : "ပန္းကန္နဲ႔တူတစ္စုံ ၊ ပန္းကန္ထဲထမင္းအျပည့္ရွိေနသည့္emojiကိုမွ ေနာက္ဆုံး၌အေမးသေကၤတ(?)ထည့္လိုက္၏။"

လန္ေပါဖုန္းက ဥကၠဌေပးထားတာျဖစ္ၿပီး သုံးတတ္ဦးမည္မဟုတ္ေလာက္။ ပိုင္ခ်ဴန်န္ကေတာ့ ဒီလိုေလးလည္းေပ်ာ္ဖို႔ေကာင္းသည္ဟုေတြးမိလ်က္ စာျပန္လာမည္ကိုလည္းမေမၽွာ္လင့္ထားပါ။ ဘာလို႔ဆို အဲ့ငတုံးကစာရိုက္တတ္ေလာက္မွာမဟုတ္။

သူဖုန္းအား အိတ္ကပ္ထဲထည့္ကာ ကန္တင္းရွိရာဘက္မွန္းဆသြားလိုက္ၿပီး ေလဝင္ေလထြက္ေပါက္မွထြက္လာလိုက္သည္။ ေရဆင္းပိုက္တစ္ေလၽွာက္မွေန ခပ္သြက္သြက္ေခါင္မိုးေပၚတက္လိုက္၏။ လက္ႏွစ္ဖက္အားေဘာင္းဘီအိတ္ကပ္ထဲထိုးလ်က္မွ ေပါ့ေပါ့ပါးပါးပဲ ႐ုံးဌာနအေဆာက္အအုံႀကီးႏွစ္ခုကိုခြေက်ာ္လိုက္သည္။ ကန္တင္းကေဖာက္ထြင္းျမင္ရသည့္လသာေပါက္နားအေရာက္မွာေတာ့ ထိုင္ခ်လိုက္ၿပီးလန္ေပါအားငုံ႔လို႔ရွာမိသည္။

လန္ေပါမွာဆို လသာေပါက္ေအာက္ကေထာင့္ေနရာေလး၌ထိုင္လ်က္၏။ ရဲဝတ္စုံကိုဝတ္ဆင္ထားလ်က္ ေရွ႕တြင္ေသေသသပ္သပ္ထမင္းဘူးေလးအားခ်လို႔ထားေပသည္။

ပိုင္ခ်ဴန်န္ လည္ကိုဆန့္၍ သူဘာေတြစားေနလဲအားေလ့လာမိသည္။

လန္ေပါက ဣေျႏၵရွိစြာမိုက္ခရိုေဝ့ႏွင့္ေႏႊးထားသည့္ထမင္းဘူးကိုဖြင့္လိုက္ၿပီး အထဲမွေနမနက္တုန္းကပလတ္စတစ္ႏွင့္ပတ္ထားသည့္ၾကက္ဥေၾကာ္အား ထုတ္ယူလိုက္သည္။

"ဪ ယူသြားတာကေန႔လည္စာအတြက္ကိုး။"

ပိုင္ခ်ဴန်န္က ေအးေအးလူလူလဲခ်ပစ္လိုက္ၿပီး ေမးေထာက္လ်က္မွထိုသူစားေနသည္ကိုေငးၾကည့္မိသည္။

သို႔တိုင္ လန္ေပါကထမင္းဘူးကိုသာစားပစ္ကာ အဖုံးေရာကိုပါစားပစ္လိုက္ပါသည္။ ထို႔ေနာက္ၾကက္ဥေၾကာ္ကိုေတာ့ျဖင့္ ေနာက္ထမင္းဘူးအသစ္ထဲသို႔ေျပာင္းထည့္ထားလိုက္၏။

အိတ္ကပ္ထဲရွိဖုန္းကတစ္ခ်က္တုန္ခါလာ၍ လန္ေပါမွာလန့္ကာတုန္ယင္သြားခဲ့ရၿပီး ေဘးဘီဝဲယာသို႔သတိျဖင့္ၾကည့္လိုက္မိသည္။ ၿပီးကာမွမိမိအိတ္ကပ္ထဲမွ တုန္ခါလာတာျဖစ္မွန္းသတိထားမိကာ ဖုန္းကိုထုတ္၍ၾကည့္မိ၏။

လန္ေပါရဲ့ ဖုန္းစခရင္ထက္ကို ျဖည္းျဖည္းေလးခ်င္းအသည္းပုံေရးဆြဲကာlockျဖည္ေနသည္အား ပိုင္ခ်ဴန်န္စိတ္ဝင္တစားၾကည့္ေနမိပါသည္။ အေတာ္ၾကာကာမွ မိမိပို႔ထားသည့္စာကိုလန္ေပါကေတြ႕သည္။

လန္ေပါကမ်က္ႏွာေမာ့လ်က္ လက္ေခ်ာင္းတို႔ၾကားထဲမွဖုန္းစခရင္ကိုျပဴးၾကည့္ၿပီးေနာက္ ခလုတ္တို႔ေလၽွာက္ႏွိပ္ကာစာျပန္လိုက္ပါသည္။

ပိုင္ခ်ဴန်န္ ဖုန္းထုတ္ၾကည့္မိရာ မက္ေဆ့ခ်္၌ထိုသို႔ေရးထား၏ -

"→→u@%-% honglanbokadinlion~。@%jijimua→←"

"ဟြန္း. . . . . . ငပိန္းေလး။"

ပိုင္ခ်ဴန်န္လည္း screenshotရိုက္ကာ WeChatတြင္တင္လိုက္ၿပီး captionအားထိုသို႔တပ္လိုက္သည္။

"မစ္ရွင္လုပ္တုန္း အဆင့္ျမင့္လြန္းတဲ့စကားဝွက္တစ္ခုေတြ႕လို႔ မျဖည္တတ္ဘူးျဖစ္ေနတယ္ ၊ ဝွက္စာေဖာ္နိုင္တဲ့ဆရာႀကီးမ်ားရွိရင္ ျဖည္ေပးဖို႔ေတာင္းဆိုပါတယ္။"

စကၠန့္အနည္းငယ္ၾကာၿပီးခ်ိန္မွာေတာ့ friendထဲကဝွက္စာေဖာ္ကၽြမ္းက်င္သူခုႏွစ္ေယာက္ရွစ္ေယာက္ေလာက္မွာ commentထဲ၌ျငင္းခုံရန္ျဖစ္လ်က္ရွိၾကေပသည္၊။





ထမင္းစားၿပီးသြားခ်ိန္မွာေတာ့ voice messageျဖင့္ပို႔လာသည့္ အစည္းအေဝးလုပ္မည့္အေၾကာင္းၾကားစာအား လန္ေပါလက္ခံရရွိလိုက္သည္။ မွတ္စုစာအုပ္ႏွင့္ ေဘာပင္ယူလာခဲ့ဖို႔ေျပာထား၏။ လန္ေပါကေခါင္းေလးေစာင္းကာ အေခါက္ေခါက္နားေထာင္ၿပီးမွ တစ္ဖက္ရဲ့ဆိုလိုရင္းအား နားလည္သလိုရွိလာ၏။

ပိုင္ခ်ဴန်န္မွာ ပြဲထိုင္ၾကည့္ေနသည့္တစ္ခ်ိန္တည္း စိတ္လည္းပူမိရသည္။ ငပိန္းငါးမွာ လူ႔အဖြဲ႕အစည္းထဲ၌ အေနရၾကပ္အခက္အခဲရွိေနသည့္ပုံပါပင္။

သူသည္အခ်ိန္မီ စတိုးဆိုင္ေလးသို႔သြားကာ မွတ္စုစာအုပ္တစ္အုပ္ ၊ ေဘာပင္တစ္ေခ်ာင္း ၊ ေပါင္မုန့္ေလးတစ္လုံးႏွင့္ တုတ္ခ်ိဳခ်ဥ္တစ္ေခ်ာင္းဝယ္ယူလိုက္သည္။ ၿပီးေနာက္ငါးမၽွားခ်ိတ္မွာခ်ိတ္လိုက္ၿပီး လသာေပါက္မွေနျဖည္းျဖည္းခ်င္းႀကိဳးကိုေလၽွာ့ခ်ကာ ငါးမၽွားတံႀကိဳးကိုျဖတ္ပစ္လိုက္လ်က္ ပစၥည္းတို႔အားလန္ေပါ၏လြယ္အိတ္ထဲထည့္ေပးလိုက္ပါ၏။

လန္ေပါက ခပ္သြက္သြက္ေလွကားလက္ရန္းမွေလၽွာဆင္းကာ အစည္းအေဝးခန္းသို႔သြားလိုက္သည္။ ပိုင္ခ်ဴန်န္လည္း လမ္းေၾကာင္းေျပာင္း၍ တစ္ေလၽွာက္လုံးေနာက္ကေနလိုက္ျဖစ္၏။ သူ႔အတြက္ေတာ့ ေစာင့္ၾကည့္ကင္မရာေတြအကုန္ကိုေရွာင္ရတာကလုပ္ေနၾကအလုပ္ျဖစ္ကာ ပစ္မွတ္ေနာက္အခက္အခဲမရွိေျခရာခံနိုင္ေပသည္။

လန္ေပါက ေနရာတစ္ေနရာရွာလို႔ဝင္ထိုင္လိုက္ပါသည္။ လြယ္အိတ္ထဲကစားစရာတို႔ကိုျမင္ခ်ိန္မွာေတာ့ လုပ္ေဖာ္ကိုင္ဖက္တို႔၏လန့္သလိုအၾကည့္တို႔ေအာက္ တည္တည္ၿငိမ္ၿငိမ္ပဲခ်ိဳခ်ဥ္ကိုေဖာက္ကာ စားလိုက္သည္။ ေခါင္းေဆာင္တံခါးတြန္းဖြင့္ဝင္ေရာက္မလာေသးမီတစ္စကၠန့္အလိုမွာကတည္းက ခ်ိဳခ်ဥ္ကတုတ္ေခ်ာင္းကိုေရာ ေပါင္မုန့္ကိုထုပ္ပိုးသည့္စကၠဴကိုေရာ အကုန္စားၿပီးသြားၿပီျဖစ္လ်က္ မူမမွန္တာဘာမွမရွိ။





ဒီတစ္ေခါက္အစည္းအေဝးရဲ့အေၾကာင္းအရာကေတာ့ ဆက္တိုက္လူေပ်ာက္တဲ့အမွုပဲျဖစ္သည္။ စုံစမ္းစစ္ေဆးသူမ်ားက 'ႀတိဂံပိရမစ္ျဖစ္ရပ္'ဟုနာမည္ေပးထား၏။

ျဖစ္စဥ္မွာ အင္တာနက္ေပၚကစိတ္ကူး၍ပင္မရသည့္ လြတ္ေျမာက္ျခင္းဗီဒီယိုတစ္ခုကေန နာမည္ႀကီးသြားသည့္ လြတ္ေျမာက္ျခင္းအထူးကၽြမ္းက်င္သူတစ္ေယာက္ကေနစတာျဖစ္သည္။ ပရိသတ္ေတြထံ ဖိတ္ေခၚစာတို႔ပို႔ကာ သူအသစ္ဒီဇိုင္းဆြဲထားသည့္ Escape roomသို႔လာေရာက္စမ္းၾကည့္ၾကဖို႔ဖိတ္ေခၚထား၏။

ဗီဒီယိုထဲက လြတ္ေျမာက္ျခင္းအထူးကၽြမ္းက်င္သူမွာဆို ေခါင္းစြပ္မ်က္ႏွာဖုံးႏွင့္ျခဳံထည္ကိုဝတ္ကာ ေျခလက္ႏွင့္မ်က္ႏွာေတြအကုန္လုံးကိုဖုံးကြယ္ထား၏။ တုန္ခါေနသည့္အီလက္ထရြန္နစ္အသံကိုသုံးကာ သူ႔ရဲ့လက္ရာကိုမိတ္ဆက္ေပးလာသည္။ ကစားပြဲမွာ ပိရမစ္ပုံစံရွိသည့္အခန္းငယ္ေလးမွေန စတင္ဝင္ေရာက္ရၿပီး အလြန္လၽွို႔ဝွက္ဆန္းၾကယ္၏။ 'ထြက္ေပါက္ကေနေအာင္ေအာင္ျမင္ျမင္ထြက္လာနိုင္သည့္ ကံေကာင္းသူမ်ား 10 millionဆုေငြရရွိမည္' ဆိုတာက ထိုဂိမ္း၏တစ္ခုတည္းေသာစည္းမ်ဥ္းျဖစ္ေပသည္။

ဗီဒီယိုတင္ထားတာက လြန္ခဲ့သည့္ေရွ႕သုံးရက္ကျဖစ္သည္။ တြက္ခ်က္မွုအရ သတၱိရွိရွိစမ္းရဲၾကသည့္စြန့္စားသူဒါဇင္ခန့္ေလာက္က စိန္ေခၚမွုကိုလင္ခံထားၿပီးျဖစ္၏။ ထိုလူမ်ားမွာ အလုပ္အကိုင္မ်ိဳးစုံမွလာၾကျခင္း ၊ အလုပ္မရွိအကိုင္မရွိကံလာစမ္းသူမ်ားလည္းပါ၏ ၊ ေဒဝါလီခံရခါနီးေနသည့္ လုပ္ငန္းသူေဌးတို႔လည္းပါ၏ ၊ စိတ္လွုပ္ရွားမွုလာရွာသည့္ စာေရးဆရာႏွင့္စြန့္စားသူမ်ားလည္းပါ၏။ သို႔တိုင္သူ႔တို႔ေတြထဲကတစ္ေယာက္မွကို ထြက္မလာနိုင္ဘဲရွိကာ ယေန႔ထိဘာသတင္းမွကိုမၾကားရေတာ့။

ရဲဘက္က ဗီဒီယိုတင္ထားသည့္id ကိုစစ္ေဆးရွာေဖြမွုအရ - လြတ္ေျမာက္ျခင္းအထူးကၽြမ္းက်င္သူLeonဟုေတြ႕ရွိေပမယ့္ IP addressအတုကိုသာရွာလို႔ေတြ႕၏ ၊ လြတ္ေျမာက္ျခင္းအထူးကၽြမ္းက်င္သူနဲ႔ပတ္သက္သည့္ဘာတစ္ခုမွ သိသူမရွိ ၊ ေမပယ္နီေတာင္အနီနားတြင္သာ ပိရမစ္အေဆာက္အအုံငယ္ေလးတစ္ခုက်န္ရစ္၏။

ေခါင္းေဆာင္က အစည္းအေဝးကိုလာေရာက္သည့္အေယာက္တိုင္း၏အျမင္တို႔ကိုေမးရင္း လန္ေပါအလွည့္ေရာက္ခ်ိန္မွာေတာ့ လန္ေပါကမွတ္စုစာအုပ္ထက္ ေရးျခစ္လို႔ေနသည္။ မိမိနာမည္အားေခၚသံၾကား၍ ေခါင္းေမာ့ကာေရႊေရာင္ဆံႏြယ္တခ်ိဳ႕ကို နားေနာက္သပ္တင္လိုက္ရင္း ခပ္ေပါ့ေပါ့ပဲဆိုလိုက္ပါသည္။

"ငါ သူ႔ကိုသြားသတ္မယ္။"

ထြက္ဆိုလာမွုက ရဲတင္းလြန္း၍ အစည္းအေဝးမွာဆူညံပြက္ေလာရိုက္သြားခဲ့သည္။

ေခါင္းေဆာင္က သူ႔အနားေလၽွာက္လာၿပီး သူ႔ေရွ႕ကမွတ္စုကိုလွန္ၾကည့္လာသည္။

မွတ္စုထက္ ထူးဆန္းသည့္ပုံေရးဆြဲလို႔ထား၏—- —- ဆြဲႀကိဳးခ်ထား၍ လည္က်ိဳးေနသည့္မ်က္ႏွာဖုံးျခဳံထည္တို႔ႏွင့္ ေယာက္်ားတစ္ေယာက္ ၊ မ်က္လုံးကျပဴးထြက္ကာ လၽွာပါအရွည္ႀကီးထြက္ေန၏ ၊ ႀကိဳးစင္ေဘးတြင္မူ သြားခၽြန္ခၽြန္တို႔ရွိသည့္ေရသူထီးတစ္ေကာင္ႏွင့္ ၾကမ္းတမ္းပုံရကာအေမႊးတို႔ေထာင္ေနသည့္ေၾကာင္တစ္ေကာင္။

ၾကည့္ရတာထိုမ်က္ႏွာဖုံးျခဳံထည္တို႔ႏွင့္ေယာက္်ားက ေစာေစာကအစည္းေဝးမွာေျပာသြားသည့္ လြတ္ေျမာက္ျခင္းကၽြမ္းက်င္သူဆရာႀကီးျဖစ္ေလာက္သည္။

ေခါင္းေဆာင္မွာ ထိုပုံကိုစိုက္ၾကည့္ရင္း ေျပာမျပတတ္စြာေက်ာတို႔ခ်မ္းလာရသည္။ လန္ေပါ၏ နက္ရွိုင္းလွသည့္ရတနာလိုမ်က္ဝန္းတို႔ႏွင့္အၾကည့္ဆုံခိုက္မွာေတာ့ ၾကက္သီးေတြပင္ထလာသလိုမ်ိဳးခံစားလိုက္ရပါ၏။

အလုပ္ခရီးသြားရမည့္တာဝန္ကိုစီမံၿပီးေနာက္ အစည္းအေဝးကၿပီးလို႔သြားသည္။ လန္ေပါက အလုပ္ေနရာသို႔ျပန္သြားလိုက္သည္။ လန္ေပါ၏အလုပ္က အမွုတြဲေတြကိုစီစဥ္ရျခင္း ၊ အမွုတြဲစာရြက္ဖိုင္တို႔ႏွင့္ ကြန္ပ်ဴတာဓာတ္ျပားတို႔အား နံပါတ္စဥ္အလိုက္စီၿပီးေနာက္ ဖိုင္အခန္းထဲသြားသိမ္းရျခင္း။






တြဲေလာင္းႀကီးျပတင္းအျပင္ဘက္မွေန တိတ္တိတ္ေလးခိုးေခ်ာင္းေနေလသည့္Alphaကိုေတာ့ျဖင့္ လန္ေပါကမျမင္။ မိမိအား တစ္စုံတစ္ေယာက္ကတစ္ေလၽွာက္လုံးပဲစိုက္ၾကည့္ေနသည္ကို သတိထားမိခ်ိန္၌ သူသည္ေခါင္းေထာင္ၾကည့္မိရာ ျပတင္းေပါက္အျပင္တြင္ဘယ္သူမွမရွိေတာ့။

ထိုအခ်ိန္မွာပဲ Omegaတစ္ေယာက္ကစာရြက္စာတမ္းတို႔ပိုက္လ်က္ေရာက္လို႔လာၿပီး စာရြက္စာတမ္းအိတ္အား လန္ေပါေဘးတြင္ခ်ေပးလာလ်က္မွ လန္ေပါႏွင့္စကားေျပာခ်င္၍ စကားမရွိစကားရွာလို႔လာသည္။

"အင္း. . . . . . ဒီေန႔ေန႔လည္အတြက္အလုပ္ကေတာ့ ဒါေတြပဲ ၊ အခုမွအစဆိုေတာ့က်င့္သားရရဲ့လား? အလုပ္ပမာဏကိုေရာ ဘယ္လိုသေဘာရလဲ?"

လန္ေပါအၾကည့္တို႔က ဖိုင္ေပၚကနံပါတ္ကိုသာစိုက္ၾကည့္လ်က္ ပုံမွန္ေလသံျဖင့္အင္းတစ္လုံးသာဆိုလိုက္ပါသည္။

Omegaမွာ ေအးစက္စက္သာဆက္ဆံခံရ၍ ကိုယ့္ဘာသာကိုယ္ပဲကသိကေအာက္အေျခအေနမွ ႐ုန္းထြက္လာရလ်က္။

"ဒါဆိုမင္းဘာအခက္အခဲပဲရွိရွိ ငါ့စီအကူအညီလာေတာင္းလို႔ရတယ္ေနာ္။"

လန္ေပါက မ်က္လႊာပင့္လ်က္ သူ႔အားတစ္ခ်က္လွမ္းၾကည့္လာသည္။ သို႔တိုင္လန္ေပါက ဘာစိတ္ခံစားခ်က္ကိုမွထုတ္ျပမထား၍ ထိုသူ႔သူငယ္အိမ္တြင္းက မ်ဥ္းတစ္ေျဖာင့္တည္းလိုရွိသည့္နီလာေရာင္မ်က္ဆန္တို႔ႏွင့္စိုက္ၾကည့္လာသည့္အခါ အနည္းငယ္စိမ္းကားသေယာင္ရွိ၏။ ေဘးပတ္ပတ္လည္သည္လည္း ေအးတိေအးစက္ႏွင့္ေဖာ္ေရႊျခင္းမရွိသည့္အေငြ႕အသက္တို႔သာလႊမ္းျခဳံေနလ်က္။

Omegaခင္ဗ်ား ထိုနက္ရွိုင္းလြန္းသည့္မ်က္ဝန္းတို႔ႏွင့္စိုက္ၾကည့္ခံလိုက္ရ၍ လန့္ဖ်တ္ကာ ေၾကာက္စိတ္တို႔ဝင္လာရလ်က္ ေျခႏွစ္လွမ္းပင္ေနာက္ဆုတ္မိကာ ကိုယ့္ေနရာကိုယ္သာျပန္သြားလိုက္ပါသည္။





လန္ေပါကေတာ့ ဘာမွမျဖစ္သလိုသာရွိလ်က္ စာအုပ္စင္တစ္ဖက္ကိုစီရီၿပီးသည့္ေနာက္ ကိုယ္ထက္က ေရဓာတ္ထိန္းေပးသည့္ပတ္တီးတို႔က အနည္းငယ္ပင္ေျခာက္ေနသည္ကိုခံစားမိသည္။ ေျခာက္ေသြးမွုေၾကာင့္ အေရျပားတို႔အနည္းငယ္ယားယံလာသလိုရွိ၍ ထလ်က္ေကာ္ဖီေဖ်ာ္စပ္ရာအခန္းေလးထဲဝင္ကာ ပတ္တီးတို႔ကိုေရျပန္စြတ္ဖို႔လုပ္မိသည္။

သူေရတစ္ခြက္ျဖည့္ၿပီး ျပန္အလွည့္၌ ႐ုတ္တရက္ဆိုသလိုတစ္ေယာက္ထိုင္ဆိုဖာထက္ Alphaတစ္ေယာက္ေရာက္ေနသည္ကို ေတြ႕လိုက္ရပါသည္။ တီရွပ္အနက္ေရာင္ ၊ အနက္ေရာင္ေဘ့စ္ေဘာဦးထုပ္ အနက္ေရာင္maskႏွင့္ ေနကာမ်က္မွန္တို႔ဝတ္လို႔ထားသည္။

"en?"

လန္ေပါက ခ်က္ခ်င္းပဲသူမွန္းတန္းသိကာ ေရခြက္အားပိုင္ခ်ဴန်န္ေရွ႕က ေရေႏြးစားပြဲေပၚခ်လိုက္၏။

ပိုင္ခ်ဴန်န္က အခြင့္အေရးကိုအရယူကာ ဆန့္ထုတ္လာသည့္သူ႔လက္ေကာက္ဝတ္ကိုဖမ္းဆုပ္လိုက္ၿပီး တစ္ခ်က္အားႏွင့္ဆြဲလိုက္ပါသည္။ လန္ေပါမွာမတ္မတ္ရပ္မတည္နိုင္ေတာ့ဘဲ သတိလက္လြတ္ျဖင့္ Alphaရင္ခြင္ထဲက်ေရာက္သြားလ်က္ ရင္ဘက္ကအဝတ္အစားတို႔ပင္ေၾကကုန္ေလသည္။

အလုပ္လုပ္ေနတဲ့အခ်ိန္အတြင္း ဇြတ္တရြတ္နိုင္လို႔မျဖစ္သျဖင့္ လန္ေပါလက္ဆန့္၍ ပိုင္ခ်ဴန်န္၏ေမးရိုးကိုစိပိတ္ထားလိုက္ၿပီး ထိုသူ႔အားအသံမထြက္ခိုင္းဘဲရွိ၏။ လက္မႏွင့္လက္ညႇိုးၾကားက ပါးလႊာလႊာအေရျပားက ပိုင္ခ်ဴန်န္၏ႏွာေခါင္ဖ်ားျဖင့္ထိ၍ ဖုထြက္ေနလ်က္။ က်န္လက္တစ္ဖက္ျဖင့္ ေရွ႕ရင္ဘက္အိတ္ေထာင္ထဲမွေန တစ္ရာတန္ႏွစ္ရြက္ထုတ္ကာ ပိုင္ခ်ဴန်န္၏ေဘာင္းဘီအိတ္ထဲထိုးထည့္ေပးလိုက္ၿပီး မ်က္စိတစ္ဖက္မွိတ္လို႔ ထိုသူ႔အားေခ်ာ့ေမာ့မိပါ၏။

"သြားဝယ္ ၊ စားခ်င္တာ ၊ မေႏွာက္ ယွက္နဲ႔။"

လန္ေပါ၏ေသးသြယ္သြယ္ခါးေလးအား ပိုင္ခ်ဴန်န္လက္တစ္ဖက္တည္းျဖင့္ေပြ႕ထားရင္း က်န္လက္တစ္ဖက္ျဖင့္ သူ႔ေနာက္ေစ့ကိုထိန္းကိုင္ကာ maskကိုဆြဲခ်လ်က္ထိုသူ႔နားအနားကပ္ကာ ခပ္တိုးတိုးရယ္မိေခ်သည္။

"မေႏွာက္ယွက္ပါဘူး ၊ ဒီလိုပဲအလုပ္ကိုလာစစ္ေဆးတာ။"

Continue Reading

You'll Also Like

218K 36K 63
||Completed|| novelတော်တော်များများမှာဆို Mlကmcရဲ့ ပုံစံအမှန်ကိုပဲ အရင်တွေ့ကြတာများပြီး ဒီတစ်ခါတော့ mlအထင်မှား ကောက်ချက်ချတဲ့ဟာလေးပါ🤣 novelေတာ္ေတာ္မ...
1.1M 187K 81
Original Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozhōu) Status - 70 Chapters (Completed) En...
134K 17.9K 113
(UniCode) 'ချစ်ခြင်းမေတ္တာလို့ ပြောရင်၊ ငါချစ်မိတဲ့သူက မင်းဆိုတဲ့ လူတစ်ယောက်တည်း အတွက်ပဲ' (Zawgyi Code) 'ခ်စ္ျခင္းေမတၱာလို႔ ေျပာရင္၊ ငါခ်စ္မိတဲ့သူက မ...