" နေမကောင်းဖြစ်တော့မယ့်ပုံနဲ့ ငါ့အိမ်ပဲလိုက်ခဲ့ "
ကော်ဖီစေ့လေးကို လက်မ၊လက်ညှိုးဖြင့် ဖိကိုင်ရင်း အနံ့ခံကာ ကားကူရှင်အနောက်ကိုမှီ၍ မှိန်းနေသူအား မိုးသောက် ပြောလိုက်မိသည်။ ငြင်းပယ်သည့်စကား ထွက်မလာလေတော့ လက်ခံသည့်သဘောပင်ဖြစ်သည်။ အရုဏ်၏ အိမ်သို့ မောင်းမည့်အစား သူ့အိမ်သို့သာ မောင်းလာခဲ့သည်။
အိမ်ကိုရောက်သည်နှင့် ဆိုဖာပေါ်ပစ်လှဲနေသူကြောင့် တော်တော်နေလို့မကောင်းဖြစ်နေမှန်း သိနေခဲ့လေပြီ။ Stetho နှင့် BP cuff ကိုယူကာ အနားမှာသွားထိုင်လိုက်ပြီး pressure တိုင်းသည်။ သာမိုမီတာနှင့်အဖျားတိုင်းကြည့်တော့ အဖျားက ငွေ့ငွေ့သာ။
" Fever ကတော့ Low Grade ပဲ Pressure နည်းနည်းကျနေတယ် အရုဏ် တစ်ခုခုစားပြီး ဆေးသောက်လိုက်နော် "
" ရတယ် ငါ အိပ်လိုက်ရင် သက်သာသွားလိမ့်မယ် "
မျက်လုံးတို့ကို မှေးမှိတ်ထားကာ ခပ်တိုးတိုးပြန်ဖြေလာသည့် အရုဏ်ဦးကြောင့် သူ သက်ပြင်းချကာ ပြုံးမိပြန်သည်။ ဆရာဝန်တစ်ယောက်ဖြစ်နေပေမယ့် နေထိုင်မကောင်းလျှင် ဆေးထိုးဆေးသောက် မလုပ်ချင်သည်က အရုဏ်ဦးရဲ့ နောက်ထပ်အကျင့်တစ်ခုပင်။
" ဆေးသောက်မလား ဆေးထိုးမလား ကြိုက်ရာရွေးလိုက် အရုဏ်ဦး "
" ငါ့အိမ်ပဲ ပြန်ပို့ပေးလိုက်တော့ "
နှစ်တွေအတော်ကြာအောင် အတူရှိခဲ့သူတွေမို့ တစ်ယောက်အကျင့်ကို တစ်ယောက်က အလွတ်သိနေခဲ့သည်မှာမဆန်း။ အရုဏ်ဦးကို အကြပ်ကိုင်ရွေးခိုင်းလိုက်ပေမယ့် ထိုလူသားကတော့ သူ့အညှာကို ပြန်ကိုင်သွားပြန်သည်။ နေမကောင်းနေတာသိလျက်နဲ့ တစ်ယောက်တည်းမထားနိုင်တာ အရုဏ်ဦးလည်း သိနေခဲ့သည်။
" မနက်ဖြန် Off ယူလိုက် အဲ့တာဆို "
" အင်းး မင်းပဲ ဆရာချစ်ထူးကို ပြောလိုက်တော့ "
နောက်ဆုံးမှာတော့ ခွင့်ရက်ယူပြီး ကောင်းကောင်း နားဖို့ကိုသာ နှစ်ယောက်စလုံးရွေးလိုက်ရတော့သည်။ Vital signs ယူတုန်းက ပစ္စည်းတွေကို နေရာတကျပြန်သွားသိမ်းရင်း မီးဖိုခန်းဘက်သွားကာ Ensure တစ်ခွက်ဖျော်ပြီး ယူခဲ့လိုက်သည်။
" အရုဏ် ဒီတစ်ခွက်တော့ သောက်လိုက်ဦး ပြီးရင် ငါ့အခန်းထဲ သွားအိပ်တော့ "
မျက်မှောင်ကြုံလျက်သား ထလာကာ Ensure ခွက်ကို မော့သောက်ရန် ပြင်တော့ အမြန်လှမ်းဆွဲရပြန်သည်။
" ပူသေးတယ်လေ "
" ရေအေးနဲ့ ဖျော်လိုက်ရင်ပြီးပြီ မင်းအိမ်မှာ ဘယ်လိုလုပ် ဒီဘူးက ရှိနေတာလဲ "
" ဟိုနေ့က MR တစ်ယောက်က လာပို့ထားတာ မင်းဆီလည်း ပို့မှာပါ "
" အင်း ပို့တယ် Ward ထဲက အဘွားတစ်ယောက်ကို ပေးလိုက်ပြီ "
အေးအေးဆေးဆေး စကားပြောနေသူကို အမှတ်တမဲ့ငေးမိပြန်သည်။ အရုဏ်ဦးဟာ ဆရာဝန်ဖြစ်ဖို့ မွေးလာသူဟု ပြောလျှင်လွန်မည်မထင်ပေ။ ဆေးကျောင်းသား ဘဝကတည်းက ချို့တဲ့သောလူနာတွေအတွက် သူ့မုန့်ဖိုးကို အမြဲစုထားပြီး သုံးသည်။ အထူးကုဖြစ်လာတော့လည်း ဆေးကုမ္ပဏီတွေဆီက ရသမျှ ဆေး၊ပစ္စည်းအကုန် လိုအပ်တဲ့လူနာတွေဆီပြန်ပေးပစ်တတ်သည့်သူ။ ပရဟိတဆေးခန်းတွေကိုလည်း ရလျှင်ရသလို အထောက်အပံ့ဖြစ်စေတတ်သည့်သူ။ သည်လိုလူမျိုး ဖြစ်နေခဲ့လိုသာပဲ ၊ သည်လို လူမျိုးမို့ သူ့မှာ အခုထိ မစွန့်လွှတ်နိုင်ခဲ့ခြင်းပင်။
အေးတိအေးစက်ရေခဲရုပ်ဟာ အတွင်းနှလုံးသားက ဘယ်လောက်ထိ သိမ်မွေ့နူးညံ့သလဲ သူသာ အသိဆုံး။ စော်ဘွားရဲ့ နောက်ဆုံးမျိုးဆက် ဖြစ်လေတော့ ငယ်ငယ်ကတည်းက ပုံစံသွင်းကာ ပြုစုပျိုးထောင်ခြင်း ခံခဲ့ရသူမို့အများအမြင်မှာ အရုဏ်ဟာ သီးသန့်ဆန်နေခဲ့သည်။
" သွား အခန်းထဲ သွားအိပ်တော့ "
ပြောင်စင်နေသော ခွက်ကို စားပွဲပေါ်တင်ကာ ဆိုဖာပေါ် ပြန်လှဲအိပ်ဖို့ ပြင်နေသူအား သတိပေးလိုက်ရသည်။
" ဆိုဖာကလည်း ကျယ်တာပဲ ဒီမှာ အိပ်လိုက်မယ် "
" ဘယ်လိုနေနေ အိပ်ယာလောက်တော့ သက်တောင့်သက်သာ ဖြစ်မလားကွာ သွား အခန်းထဲ "
" သက်တောင့်သက်သာ ဖြစ်တယ် ငါ့ကို စောင်တစ်ထည်ပဲ ပေး "
ပြောမရဆိုမရ ဖြစ်နေသူအား စိတ်မရှည်နိုင်တော့ နာမည်အရင်းကို ခေါ်ကာ ခပ်မာမာပြောမိတော့သည်။
" စဝ်တာဝမ်းဆိုင် ငါ ပွေ့ချီသွားရမလား "
မပီမသရှမ်းအသံထွက်ကြောင့် ပြုံးယောင်ယောင်မျက်နှာပေးဖြစ်သွားသူဟာ ဟိုအရင်တုန်းက ပုံစံတွေအတိုင်းပင်။ ရှမ်းစကား တွေကို တစ်လုံးချင်းသင်ခိုင်းတိုင်း မပီသော သူ့အား ကြည့်ရင်း ရယ်မောတတ်သည့် အရုဏ်ဦးဟာ သူ့နာမည်ကိုတော့ ပီသအောင် ခေါ်မှကြိုက်တတ်သည့်သူ။
" အဓိပ္ပါယ်တွေအများကြီးနဲ့ မှည့်ပေးထားတဲ့ နာမည် ဒါကိုတော့ ပီအောင်ခေါ် " အရုဏ်ဦးရဲ့ ရှမ်းနာမည်ကို မေးစဥ်က ထိုသို့သတိပေးပြီးမှ ပြောပြလာခဲ့သည်။ ယခုထိ သူ့မှာ အသံထွက်က မပီသချင်သေးပေ။
" နှစ်တွေဘယ်လောက်ကြာကြာ မင်းက ဒီတစ်လုံးကိုတောင် ပီသအောင်မထွက်တတ်ဘူး "
အခန်းထဲသို့ ဦးတည်နေသည့် အရုဏ်ဦးဟာ ထိုစကားတစ်ခွန်းကို ပြောလာခဲ့သည်။ အရင်ကဆိုလျှင် ထိုနာမည်ကို ခေါ်မိသည့်အခါတိုင်း စိတ်တိုင်းကျသည့် အသံထွက်ရအောင် ထပ်ခါထပ်ခါ ပြောခိုင်းသည့်သူ။ အတိတ်တွေကို မေ့ထားခဲ့ပေမယ့် ဖျောက်ဖျက်ပစ်လို့ရခဲ့သည်မှ မဟုတ်ဘဲလေ။ တိုက်ဆိုင်မှုရှိလာတိုင်း မှတ်ဥာဏ်မှာ ပြန်ပေါ်လာတတ်သည်။ နှလုံးသားသည်လည်း တဆစ်ဆစ်နာရပြီပေါ့။
မနက်ခင်းလေးနာရီလောက်အချိန် ရှိနေပြီမို့ ခြေလက်သာဆေးကြောပြီး အခန်းထဲဝင်အိပ်ရန်ပြင်သည်။ မွေ့ယာပေါ် သတိထားကာ တက်လိုက်ပြီး တစ်ဖက်လူကို နိုး မနိုး ကြည့်မိသည်။ အသက်ရှူသံမှန်မှန်ဖြင့် အိပ်ပျော်နေမှသာ အနားတိုးကပ်သွားပြီး နဖူးပြင်ကို လက်ဖမိုးဖြင့် စမ်းသပ်ရသည်။ အပူရှိန်က ခပ်ငွေ့ငွေ့ရှိနေတုန်းပင်။ မနက်ခင်းရောက်ချိန်အထိ မသက်သာလျှင်တော့ ဆေးသောက်ဖို့ တိုက်တွန်းရတော့မည်။
အင်း ဆရာဝန်ကို ဆရာဝန်က ဆေးပုံမှန်သောက်ဖို့ ပြောရသည်ကလည်း အတော်ခက်သည်။ အရုဏ်ဦး ဆိုသည့် သည်ဆရာဝန်ကတော့ နှစ်ဆပိုခက်သည်။
ဆက်ရန်
Author note
ဒီနှုန်းအတိုင်းသာရေးရင် သင်္ကြန်အပြီး fic လည်း အပြီးပဲနော်
Zawgyi
" ေနမေကာင္းျဖစ္ေတာ့မယ့္ပုံနဲ႕ ငါ့အိမ္ပဲလိုက္ခဲ့ "
ေကာ္ဖီေစ့ေလးကို လက္မ၊လက္ညွိုးျဖင့္ ဖိကိုင္ရင္း အနံ႕ခံကာ ကားကူရွင္အေနာက္ကိုမွီ၍ မွိန္းေနသူအား မိုးေသာက္ ေျပာလိုက္မိသည္။ ျငင္းပယ္သည့္စကား ထြက္မလာေလေတာ့ လက္ခံသည့္သေဘာပင္ျဖစ္သည္။ အ႐ုဏ္၏ အိမ္သို႔ ေမာင္းမည့္အစား သူ႕အိမ္သို႔သာ ေမာင္းလာခဲ့သည္။
အိမ္ကိုေရာက္သည္ႏွင့္ ဆိုဖာေပၚပစ္လွဲေနသူေၾကာင့္ ေတာ္ေတာ္ေနလို႔မေကာင္းျဖစ္ေနမွန္း သိေနခဲ့ေလၿပီ။ Stetho ႏွင့္ BP cuff ကိုယူကာ အနားမွာသြားထိုင္လိုက္ၿပီး pressure တိုင္းသည္။ သာမိုမီတာႏွင့္အဖ်ားတိုင္းၾကည့္ေတာ့ အဖ်ားက ေငြ႕ေငြ႕သာ။
" Fever ကေတာ့ Low Grade ပဲ Pressure နည္းနည္းက်ေနတယ္ အ႐ုဏ္ တစ္ခုခုစားၿပီး ေဆးေသာက္လိုက္ေနာ္ "
" ရတယ္ ငါ အိပ္လိုက္ရင္ သက္သာသြားလိမ့္မယ္ "
မ်က္လုံးတို႔ကို ေမွးမွိတ္ထားကာ ခပ္တိုးတိုးျပန္ေျဖလာသည့္ အ႐ုဏ္ဦးေၾကာင့္ သူ သက္ျပင္းခ်ကာ ၿပဳံးမိျပန္သည္။ ဆရာဝန္တစ္ေယာက္ျဖစ္ေနေပမယ့္ ေနထိုင္မေကာင္းလွ်င္ ေဆးထိုးေဆးေသာက္ မလုပ္ခ်င္သည္က အ႐ုဏ္ဦးရဲ႕ ေနာက္ထပ္အက်င့္တစ္ခုပင္။
" ေဆးေသာက္မလား ေဆးထိုးမလား ႀကိဳက္ရာေ႐ြးလိုက္ အ႐ုဏ္ဦး "
" ငါ့အိမ္ပဲ ျပန္ပို႔ေပးလိုက္ေတာ့ "
ႏွစ္ေတြအေတာ္ၾကာေအာင္ အတူရွိခဲ့သူေတြမို႔ တစ္ေယာက္အက်င့္ကို တစ္ေယာက္က အလြတ္သိေနခဲ့သည္မွာမဆန္း။ အ႐ုဏ္ဦးကို အၾကပ္ကိုင္ေ႐ြးခိုင္းလိုက္ေပမယ့္ ထိုလူသားကေတာ့ သူ႕အညွာကို ျပန္ကိုင္သြားျပန္သည္။ ေနမေကာင္းေနတာသိလ်က္နဲ႕ တစ္ေယာက္တည္းမထားနိုင္တာ အ႐ုဏ္ဦးလည္း သိေနခဲ့သည္။
" မနက္ျဖန္ Off ယူလိုက္ အဲ့တာဆို "
" အင္းး မင္းပဲ ဆရာခ်စ္ထူးကို ေျပာလိုက္ေတာ့ "
ေနာက္ဆုံးမွာေတာ့ ခြင့္ရက္ယူၿပီး ေကာင္းေကာင္း နားဖို႔ကိုသာ ႏွစ္ေယာက္စလုံးေ႐ြးလိုက္ရေတာ့သည္။ Vital signs ယူတုန္းက ပစၥည္းေတြကို ေနရာတက်ျပန္သြားသိမ္းရင္း မီးဖိုခန္းဘက္သြားကာ Ensure တစ္ခြက္ေဖ်ာ္ၿပီး ယူခဲ့လိုက္သည္။
" အ႐ုဏ္ ဒီတစ္ခြက္ေတာ့ ေသာက္လိုက္ဦး ၿပီးရင္ ငါ့အခန္းထဲ သြားအိပ္ေတာ့ "
မ်က္ေမွာင္ႀကဳံလ်က္သား ထလာကာ Ensure ခြက္ကို ေမာ့ေသာက္ရန္ ျပင္ေတာ့ အျမန္လွမ္းဆြဲရျပန္သည္။
" ပူေသးတယ္ေလ "
" ေရေအးနဲ႕ ေဖ်ာ္လိုက္ရင္ၿပီးၿပီ မင္းအိမ္မွာ ဘယ္လိုလုပ္ ဒီဘူးက ရွိေနတာလဲ "
" ဟိုေန႕က MR တစ္ေယာက္က လာပို႔ထားတာ မင္းဆီလည္း ပို႔မွာပါ "
" အင္း ပို႔တယ္ Ward ထဲက အဘြားတစ္ေယာက္ကို ေပးလိုက္ၿပီ "
ေအးေအးေဆးေဆး စကားေျပာေနသူကို အမွတ္တမဲ့ေငးမိျပန္သည္။ အ႐ုဏ္ဦးဟာ ဆရာဝန္ျဖစ္ဖို႔ ေမြးလာသူဟု ေျပာလွ်င္လြန္မည္မထင္ေပ။ ေဆးေက်ာင္းသား ဘဝကတည္းက ခ်ိဳ႕တဲ့ေသာလူနာေတြအတြက္ သူ႕မုန့္ဖိုးကို အၿမဲစုထားၿပီး သုံးသည္။ အထူးကုျဖစ္လာေတာ့လည္း ေဆးကုမၸဏီေတြဆီက ရသမွ် ေဆး၊ပစၥည္းအကုန္ လိုအပ္တဲ့လူနာေတြဆီျပန္ေပးပစ္တတ္သည့္သူ။ ပရဟိတေဆးခန္းေတြကိုလည္း ရလွ်င္ရသလို အေထာက္အပံ့ျဖစ္ေစတတ္သည့္သူ။ သည္လိုလူမ်ိဳး ျဖစ္ေနခဲ့လိုသာပဲ ၊ သည္လို လူမ်ိဳးမို႔ သူ႕မွာ အခုထိ မစြန့္လႊတ္နိုင္ခဲ့ျခင္းပင္။
ေအးတိေအးစက္ေရခဲ႐ုပ္ဟာ အတြင္းႏွလုံးသားက ဘယ္ေလာက္ထိ သိမ္ေမြ႕ႏူးညံ့သလဲ သူသာ အသိဆုံး။ ေစာ္ဘြားရဲ႕ ေနာက္ဆုံးမ်ိဳးဆက္ ျဖစ္ေလေတာ့ ငယ္ငယ္ကတည္းက ပုံစံသြင္းကာ ျပဳစုပ်ိဳးေထာင္ျခင္း ခံခဲ့ရသူမို႔အမ်ားအျမင္မွာ အ႐ုဏ္ဟာ သီးသန့္ဆန္ေနခဲ့သည္။
" သြား အခန္းထဲ သြားအိပ္ေတာ့ "
ေျပာင္စင္ေနေသာ ခြက္ကို စားပြဲေပၚတင္ကာ ဆိုဖာေပၚ ျပန္လွဲအိပ္ဖို႔ ျပင္ေနသူအား သတိေပးလိုက္ရသည္။
" ဆိုဖာကလည္း က်ယ္တာပဲ ဒီမွာ အိပ္လိုက္မယ္ "
" ဘယ္လိုေနေန အိပ္ယာေလာက္ေတာ့ သက္ေတာင့္သက္သာ ျဖစ္မလားကြာ သြား အခန္းထဲ "
" သက္ေတာင့္သက္သာ ျဖစ္တယ္ ငါ့ကို ေစာင္တစ္ထည္ပဲ ေပး "
ေျပာမရဆိုမရ ျဖစ္ေနသူအား စိတ္မရွည္နိုင္ေတာ့ နာမည္အရင္းကို ေခၚကာ ခပ္မာမာေျပာမိေတာ့သည္။
" စဝ္တာဝမ္းဆိုင္ ငါ ေပြ႕ခ်ီသြားရမလား "
မပီမသရွမ္းအသံထြက္ေၾကာင့္ ၿပဳံးေယာင္ေယာင္မ်က္ႏွာေပးျဖစ္သြားသူဟာ ဟိုအရင္တုန္းက ပုံစံေတြအတိုင္းပင္။ ရွမ္းစကား ေတြကို တစ္လုံးခ်င္းသင္ခိုင္းတိုင္း မပီေသာ သူ႕အား ၾကည့္ရင္း ရယ္ေမာတတ္သည့္ အ႐ုဏ္ဦးဟာ သူ႕နာမည္ကိုေတာ့ ပီသေအာင္ ေခၚမွႀကိဳက္တတ္သည့္သူ။
" အဓိပ္ပါယ်တွေအများကြီးနဲ့ မွည့္ေပးထားတဲ့ နာမည္ ဒါကိုေတာ့ ပီေအာင္ေခၚ " အ႐ုဏ္ဦးရဲ႕ ရွမ္းနာမည္ကို ေမးစဥ္က ထိုသို႔သတိေပးၿပီးမွ ေျပာျပလာခဲ့သည္။ ယခုထိ သူ႕မွာ အသံထြက္က မပီသခ်င္ေသးေပ။
" ႏွစ္ေတြဘယ္ေလာက္ၾကာၾကာ မင္းက ဒီတစ္လုံးကိုေတာင္ ပီသေအာင္မထြက္တတ္ဘူး "
အခန္းထဲသို႔ ဦးတည္ေနသည့္ အ႐ုဏ္ဦးဟာ ထိုစကားတစ္ခြန္းကို ေျပာလာခဲ့သည္။ အရင္ကဆိုလွ်င္ ထိုနာမည္ကို ေခၚမိသည့္အခါတိုင္း စိတ္တိုင္းက်သည့္ အသံထြက္ရေအာင္ ထပ္ခါထပ္ခါ ေျပာခိုင္းသည့္သူ။ အတိတ္ေတြကို ေမ့ထားခဲ့ေပမယ့္ ေဖ်ာက္ဖ်က္ပစ္လို႔ရခဲ့သည္မွ မဟုတ္ဘဲေလ။ တိုက္ဆိုင္မႈရွိလာတိုင္း မွတ္ဥာဏ္မွာ ျပန္ေပၚလာတတ္သည္။ ႏွလုံးသားသည္လည္း တဆစ္ဆစ္နာရၿပီေပါ့။
မနက္ခင္းေလးနာရီေလာက္အခ်ိန္ ရွိေနၿပီမို႔ ေျခလက္သာေဆးေၾကာၿပီး အခန္းထဲဝင္အိပ္ရန္ျပင္သည္။ ေမြ႕ယာေပၚ သတိထားကာ တက္လိုက္ၿပီး တစ္ဖက္လူကို နိုး မနိုး ၾကည့္မိသည္။ အသက္ရႉသံမွန္မွန္ျဖင့္ အိပ္ေပ်ာ္ေနမွသာ အနားတိုးကပ္သြားၿပီး နဖူးျပင္ကို လက္ဖမိုးျဖင့္ စမ္းသပ္ရသည္။ အပူရွိန္က ခပ္ေငြ႕ေငြ႕ရွိေနတုန္းပင္။ မနက္ခင္းေရာက္ခ်ိန္အထိ မသက္သာလွ်င္ေတာ့ ေဆးေသာက္ဖို႔ တိုက္တြန္းရေတာ့မည္။
အင္း ဆရာဝန္ကို ဆရာဝန္က ေဆးပုံမွန္ေသာက္ဖို႔ ေျပာရသည္ကလည္း အေတာ္ခက္သည္။ အ႐ုဏ္ဦး ဆိုသည့္ သည္ဆရာဝန္ကေတာ့ ႏွစ္ဆပိုခက္သည္။
ဆက္ရန္
Author note
ဒီႏႈန္းအတိုင္းသာေရးရင္ သၾကၤန္အၿပီး fic လည္း အၿပီးပဲေနာ္