Godly Sword System
Chapter 691 မင်းတို့ ဟွိုင်မျိုးနွယ်က ထိုက်တန်တယ် ထင်နေတာလား
Translated by Thura
ဟွိုင်မျိုးနွယ် မဟာအကြီးအကဲနဲ့ စိတ်ဝိဉာဉ်ပညာရှင် တဒါဇင်ကျော်က ယန်ချီကို စူးစိုက်ကြည့်လိုက်ကြတယ်။
သူတို့ ဟွိုင်မျိုးနွယ် က လင်ယွင်မြို့မှာ ထိပ်တန်းမျိုးနွယ်တစ်ခုဖြစ်ပြီး ဘယ်သူမှ သူတို့ ဟွိုင်မျိုးနွယ် ကို မကျေမနပ် မပြုရဲပါဘူး။
“ဂျူနီယာ မင်း သေချင်နေတာလား”
ဟွိုင်မျိုးနွယ် မဟာအကြီးအကဲက ယန်ချီကို အေးစက်စက် ပြောလိုက်တယ်။
ယန်ချီကတော့ တည်ငြိမ်တဲ့ အမူအယာနဲ့ ဟွိုင်မျိုးနွယ် မဟာအကြီးအကဲကို ကြည့်ပြီး ပုံမှန်အတိုင်း ပြောလိုက်တယ်။
“မင်းက အဆင့် ၇၁ စိတ်ဝိဉာဉ်သူတော်စင်အဆင့် ဆိုတာကြောင့် ငါ့ကို စကားပြောဖို့ ထိုက်တန်ရဲ့လား”
“ဟူး. . .”
ဒီစကားကို ကြားတော့ ဟွိုင်မျိုးနွယ် က စိတ်ဝိဉာဉ်ပညာရှင်တွေ သာမက စံအိမ်ဝန်းထဲမှာ ရှိတဲ့ လူတိုင်း ပင့်သက်ရှိုက်မိလိုက်တယ်။
ယန်ချီက ဒီလောက်ကြီးေ မာက်မာမှန်း သူတို့တွေ လုံး ဝ မတွေးမိခဲ့ပါဘူး။
“ကောင်းပြီလေ. . ”
ဟွိုင်မျိုးနွယ် မဟာအကြီးအကဲက အလွန် ဒေါသထွက်တာကြောင့် စကားသုံးလုံးကိုသာ ပြောနိုင်ခဲ့တယ်။
သူ့စိတ်ထဲမှာတော့ ဒေါသတွေ အလိမ့်လိမ့် ထွက်နေခဲ့ပါပြီ။
ချက်ချင်းပင် ဟွိုင်မျိုးနွယ် မဟာအကြီးအကဲက ပိုင်မျိုးနွယ်ခေါင်းဆောင် ပိုင်ခွန်ကို ကြည့်ပြီး အေးစက်စက် မေးလိုက်တယ်။ “မျိုးနွယ်ခေါင်းဆောင် ပိုင် မင်း သူ့ကို ကူညီမှာလား”
“ငါ. . . ”
ပိုင်မျိုးနွယ်ခေါင်းဆောင် ပိုင်ခွန်ရဲ့ စကားမဆုံးခင်မှာပဲ ယန်ချီက ကြားဖြတ်ပြောလိုက်တယ်။
“ငါက အခြားသူတွေရဲ့ အကူအညီ လိုအပ်တယ်လို့ ထင်နေတာလား”
ယန်ချီက သတိလက်လွှတ်ပြောလိုက်တယ်။
ဟွိုင်မျိုးနွယ် မဟာအကြီးအကဲက ဒီစကားကို ကြားတော့ သူ့ရဲ့ လျော့ကျခါနီး ဒေါသတွေ ထပ်တိုးလာခဲ့တယ်။
“မင်းက သေချင်နေတာပဲ”
စကားသံ ဆုံးသွားတဲ့အခါ ဟွိုင်မျိုးနွယ် မဟာအကြီးအကဲက သူ့လက်ဖဝါးကို မြှောက်လိုက်ပြီး ယန်ချီကို ရုတ်တရက် တိုက်ခိုက်လိုက်တယ်။
ကြောက်မက်ဖွယ်ကောင်းတဲ့ စိတ်ဝိဉာဉ်စွမ်းအင်တွေက လက်ဝါးဆီကနေ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့တယ်။
ပိုင်မျိုးနွယ် စံအိမ်ဝန်းထဲမှာ ရှိတဲ့ လူတိုင်းက ဟွိုင်မျိုးနွယ် မဟာအကြီးအကဲရဲ့ လှုပ်ရှားမှုကို မြင်တဲ့အခါ မျက်လုံးအစုံ ပြူးကျယ်ထားလိုက်ကြတယ်။
သူတို့အားလုံးက ဒီလောက်ကြီး မောက်မာနေတဲ့ ယန်ချီရဲ့ အစွမ်း ဘယ်လောက်ရှိလဲဆိုတာ မြင်ချင်ခဲ့ကြတယ်။
ချက်ချင်းပင် ကြောက်မက်ဖွယ်ရာ စိတ်ဝိဉာဉ်စွမ်းအားက ယန်ချီအရှေ့ကို ရောက်လာခဲ့တယ်။
ဒီလောက်အကွာအဝေးဆိုရင် ယန်ချီက မရှောင်တိမ်းနိုင်တော့ဘူးလို့ တွေးမိလိုက်ကြတယ်။
သူတို့တွေ တစ်ခု သတိလစ်ဟင်းနေတာကတော့ သနားစရာပါပဲ။
အဲ့ဒါကတော့ ယန်ချီရဲ့ အမြန်နှုန်းပါ။
ကြောက်မက်ဖွယ်ရာ စိတ်ဝိဉာဉ်စွမ်းအားတွေက ယန်ချီရဲ့ ခန္ဓာကိုယ်နဲ့ ထိမှန်တော့မယ့် အချိန်မှာ ယန်ချီက နေရာကနေ ပျောက်ကွယ်သွားခဲ့တယ်။
ပိုင်မျိုးနွယ် စံအိမ်ဝန်းထဲမှာလည်း မှော်အရိပ်များစွာ ပြည့်နှက်သွားခဲ့တယ်။
“ဒီလို အမြန်နှုန်းက. . . ”
စံအိမ်ဝန်းထဲမှာ ရှိတဲ့ လူတိုင်းက ဒီမြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့တယ်။
ယန်ချီရဲ့ အမြန်နှုန်းက ဒီလောက် ကြောက်မက်ဖွယ် ကောင်းနေလိမ့်မယ်လို့ သူတို့တွေ မထင်ထားကြပါဘူး။
သူတို့တွေအားလုံးက ယန်ချီရဲ့ ပုံရိပ်အစစ်အမှန်ကို ရှာဖွေကြပေမယ့်လည်း ဘယ်လိုပင် ရှာရှာ မတွေ့ခဲ့ပါဘူး။
ဟွိုင်မျိုးနွယ် မဟာအကြီးအကဲလည်း ကြောက်လန့်သွားခဲ့တယ်။ သူက ယန်ချီရဲ့ အမြန်နှုန်းကို ဒီလောက် ကြောက်မက်ဖွယ်ကောင်းလိမ့်မယ်လို့ မထင်မိပါဘူး။
“ငါက မင်းအနောက်မှာ. . .”
အဲ့ဒီအချိန်မှာပဲ မထူးခြားသလို အသံတစ်သံကို ဟွိုင်မျိုးနွယ် မဟာအကြီးအကဲ ကြားလိုက်ရတယ်။
ဟွိုင်မျိုးနွယ် မဟာအကြီးအကဲလည်း ဒီအသံကိုကြားတော့ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့ပြီး သတိပြန်ဝင်လာခဲ့တယ်။
သူက နောက်လှည့်ကြည့်လိုက်တော့ ယန်ချီရဲ့ လက်သီးက သူ့ဆီ တိုးဝင်လာတာ မြင်လိုက်ရတယ်။
“ဘုန်း. . . .”
ယန်ချီရဲ့ လက်သီးချက်က ဟွိုင်မျိုးနွယ် မဟာအကြီးအကဲရဲ့ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့တယ်။
ဟွိုင်မျိုးနွယ် မဟာအကြီးအကဲလည်း နောက်ကို လွင့်စင်သွားခဲ့တယ်။
ကြည့်နေတဲ့ လူတွေအားလုံးကလည်း မဖြစ်နိုင်တဲ့ မြင်ကွင်းကို မြင်လိုက်ရသလို တုန်လှုပ်သွားခဲ့ကြပြီး သူတို့ရဲ့ မျက်လုံးအစုံကလည်း အပြူးကျယ်ဆုံး ဖြစ်နေခဲ့တယ်။
ယန်ချီကို ကြည့်ရတာ အသက် နှစ်ဆယ်ပဲ ရှိသေးပြီး ဒီလောက် စွမ်းအားကြီးလှပါလား။
ပြီးတော့ ဟွိုင်မျိုးနွယ် မဟာအကြီးအကဲက စိတ်ဝိဉာဉ်သူတော်စင်အဆင့်ပါ။
ခဏအကြာအထိ လူတိုင်း အလွန်တရာ ထိတ်လန့်သွားကြတယ်။
ပိုင်ခွန်နဲ့ ပိုင်မျိုးနွယ်အကြီးအကဲတွေအားလုံး အံ့သြတုန်လှုပ်သွားကြတယ်။
သူတို့တွေက ယန်ချီကို ဒီလောက်ထိ အစွမ်းထက်လိမ့်မယ်လို့ မထင်မိကြပါဘူး။
“အခု ” ယန်ချီက မြေပြင်မှာ လဲနေတဲ့ ဟွိုင်မျိုးနွယ်မဟာအကြီးအကဲကို ကြည့်ပြီး ပြောလိုက်တယ်။ “မင်းတို့ ဟွိုင်မျိုးနွယ်က ဒီကိစ္စကို ထိုက်တန်တယ် ထင်နေတုန်းလား”
ဟွိုင်မျိုးနွယ် က စိတ်ဝိဉာဉ်ပညာရှင်တွေကလည်း မဟာအကြီးအကဲကို ကူညီဖို့ ပြေးလွှား ရောက်ရှိလာကြတယ်။
“မဟာအကြီးအကဲ အဆင်ပြေရဲ့လား”
🐱🐱🐱🐱🐱
Godly Sword System
Chapter 692 မင်းတို့တွေ မြန်မြန် ထွက်သွားတော့
Translated by Thura
ဒီအချိန်မှာတော့ ဟွိုင်မျိုးနွယ် မဟာအကြီးအကဲ လွန်စွာ အရှက်ရနေခဲ့တယ်။
သူက ယန်ချီကို ခက်ထန်စွာ စိုက်ကြည့်လိုက်တယ်။
“ဂျူနီယာ မင်းရဲ့ စွမ်းအားက ဒီလောက် အစွမ်းထက်လိမ့်မယ်လို့ ငါ မထင်မိဘူး”
စံအိမ်ဝန်းထဲမှာ ရှိတဲ့ လူတိုင်းက ဒီစကားကို ကြားတဲ့အခါ ယန်ချီ ဘာထပ်ပြောမလဲဆိုပြီး ယန်ချီကို ကြည့်လိုက်ကြတယ်။
ယန်ချီကတော့ ဟွိုင်မျိုးနွယ် မဟာအကြီးအကဲကို ဘာမှမထူးခြားတဲ့ အမူအယာနဲ့ ကြည့်ပြီး ပုံမှန်အတိုင်း ပြောလိုက်တယ်။
“ထွက်သွားတော့ ငါမင်းတို့ကို အချိန် တစ်က္ကန့်ပေးမယ်”
ဒီစကားကြောင့် ဟွိုင်မျိုးနွယ် မဟာအကြီးအကဲ ဒေါသ အကြီးအကျယ် ထွက်သွားခဲ့တယ်။
ဟွိုင်မျိုးနွယ် ရဲ့ ဂုဏ်သရေရှိ မဟာအကြီးအကဲ တစ်ယောက် အနေနဲ့ ဒီလောက် အထင်မြင် သေးခံတာရတာ မရှိပါဘူး။
သူက ယန်ချီကို ဒေါသတွေနဲ့ ကြည့်လိုက်တယ်။
“မင်းက ငါတို့ ဟွိုင်မျိုးနွယ်ကို စော်ကားရင် ဘာဖြစ်လာမလဲဆိုတာ မသိဘူးမှတ်လား”
ဟွိုင်မျိုးနွယ် မဟာအကြီးအကဲက ယန်ချီကို ဟိန်းဟောက်ပြောဆိုလိုက်တယ်။
ယန်ချီက ဟွိုင်မျိုးနွယ် မဟာအကြီးအကဲတစ်ယောက် အခြေအနေကိုဘာကြောင့် နားမလည်သေးတာလဲဆိုပြီး ခေါင်းခါယမ်းမိလိုက်တယ်။
သူက ထွက်သွားခွင့်ပေးတဲ့အခါ လူတွေက ဘာကြောင့် မထွက်သွားရတာလဲ။
“ကြည့်ရတာ မင်းတို့တွေက မထွက်သွားချင်ဘူးနဲ့တူတယ်”
ယန်ချီက ဟွိုင်မျိုးနွယ် မဟာအကြီးအကဲနဲ့ စိတ်ဝိဉာဉ်ပညာရှင် တဒါဇင်လောက်ကိုကြည့်နေခဲ့တယ်။
“အဲ့ဒါဆိုရင်တော့ .. ..”
စကားဆုံးသွားတဲ့အခါ စိတ်ဝိဉာဉ်ပညာရှင် တဒါဇင်လောက်က လှုပ်ရှားလို့ ပြင်လိုက်တယ်။
ယန်ချီက ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်နည်းစနစ် မိုးကြိုးမှော်အရိပ်ခြေလှမ်းကို အသုံးပြုလိုက်တယ်။
ချက်ချင်းပင် ယန်ချီက ဟွိုင်မျိုးနွယ် မဟာအကြီးအကဲအရှေ့ကို ရောက်သွားခဲ့တယ်။
ဟွိုင်မျိုးနွယ် မဟာအကြီးအကဲက ယန်ချီရဲ့ အမြန်နှုန်းကြောင့် ဘယ်လို ရောက်လာမှန်းတောင် မသိတော့ပါဘူး။
သူ့အနေနဲ့ အဆုံးမရှိတဲ့ အန္တရယ်ကို ခံစားမိလိုက်တယ်။
“အား .. . ”
ရုတ်တရက် ဟွိုင်မျိုးနွယ် မဟာအကြီးအကဲတစ်ယောက် လွင့်စင်သွားခဲ့တယ်။
အဲ့ဒီနောက်တော့ ဟွိုင်မျိုးနွယ် မဟာအကြီးအကဲ တစ်ယောက် မြေပြင်ပေါ်ကို ပြင်းထန်စွာ ပြုတ်ကျသွားခဲ့တယ်။
သူ့ရဲ့ ညာဖက်ခြေထောက်ကတော့ ကျိုးသွားခဲ့ပါပြီ။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ပိုင်မျိုးနွယ်စံအိမ်ဝန်းထဲမှာ ရှိတဲ့ လူတိုင်းကတော့ ဒီမြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့ကြတယ်။
“ဟွိုင်မျိုးနွယ် မဟာအကြီးအကဲက ယန်ချီအရှေ့မှာ တကယ်ကို အားနည်းတာလား”
“အား . ..”
မြေပြင်ပေါ် လဲလျောင်းနေတဲ့ ဟွိုင်မျိုးနွယ် မဟာအကြီးအကဲ ကတော့ နာကျင်မှုကြောင့် အော်ဟစ်ညည်းညူနေခဲ့တယ်။
ဒီအော်သံက တကယ်ကို တုန်လှုပ်ခြောက်ခြားစရာပါပဲ။
ဒီမြင်ကွင်းကြောင့် ဟွိုင်မျိုးနွယ် စိတ်ဝိဉာဉ်ပညာရှင် တဒါဇင်ကျော်ကလည်း ထိတ်လန့်တုန်လှုပ်သွားကြတယ်။
သူတို့ရဲ့ မဟာအကြီးအကဲက ယန်ချီရဲ့ အရှေ့မှာ တကယ်ကို အားနည်းနေလိမ့်မယ်လို့ သူတို့တွေ အိမ်မက်တောင် မမက်မိပါဘူး။
ဒီအချိန်မှာတော့ ယန်ချီက ဟွိုင်မျိုးနွယ် မဟာအကြီးအကဲ ဆီကို ဖြေးညှင်းစွာ လျှောက်သွားခဲ့တယ်။
သူက ဟွိုင်မျိုးနွယ် မဟာအကြီးအကဲ ဘေးကို လျှောက်သွားပြီး ဟွိုင်မျိုးနွယ် မဟာအကြီးအကဲ ကို မထူးခြားသလို ကြည့်ပြီးေ ပြာလိုက်တယ်။
“မင်း ခြေထောက်ကျိုးသွားပြီဆိုတော့ မင်း ယုံပြီလား”
“အား မင်းက ငါ့ကို သေလောက်အောင် ဒဏ်ရာ ပေးလိုက်တာလား”
ဟွိုင်မျိုးနွယ် မဟာအကြီးအကဲ က ယန်ချီရဲ့ စကားကို ကြားပေမယ့်လည် နာကျင်စွာ အော်ဟစ်နေတုန်းပါပဲ။
ဟွိုင်မျိုးနွယ် မဟာအကြီးအကဲ က သူ့မေးခွန်းကို ပြန်မဖြေတာကို မြင်တော့ ယန်ချီက ခေါင်းခါလိုက်တယ်။
“ကြည့်ရတာတော့ မင်းက မယုံသေးဘူးနဲ့ တူတယ်”
စကားသံ ဆုံးသွားတဲ့အခါ ခြောက်ခြားဖွယ် အော်မြည်သံကြီး ထွက်ပေါ်လာခဲ့တယ်။
“အား. . . ”
ရုတ်တရက် ဟွိုင်မျိုးနွယ် မဟာအကြီးအကဲ က အသတ်ခံရတဲ့ ဝက်တစ်ကောင်လို ခြောက်ခြားဖွယ် အော်မြည်သံ ထွက်ပေါ်လာခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ ဟွိုင်မျိုးနွယ် မဟာအကြီးအကဲ ရဲ့ ဘယ်ဖက်ခြေထောက် ထပ်အချိုးခံလိုက်ရတာကြောင့်ပါ။
ဒီမြင်ကွင်းကြောင့် ပိုင်မျိုးနွယ် စံအိမ်ဝန်းထဲမှာ ရှိတဲ့ လူတိုင်း ချွေးတွေ ရွဲစိုသွားခဲ့ကြတယ်။
သူတို့အားလုံးက ယန်ချီကို လူသားတစ်ယောက်လို့ မမြင်တော့ပဲ ငရဲပြည်က နတ်ဆိုးတစ်ယောက်လို့ ခံစားခဲ့ရတယ်။
“အခု မင်း ယုံပြီလား”
ယန်ချီရဲ့ အမူအယာက တည်ငြိမ်စွာနဲ့ ဟွိုင်မျိုးနွယ် မဟာအကြီးအကဲ ကို ကြည့်ပြီး ထပ်မေးလိုက်တယ်။
ဒီစကားကို ကြားတော့ ဟွိုင်မျိုးနွယ် မဟာအကြီးအကဲရဲ့ ကြောက်စိတ်တွေက ဦးခေါင်းထက်ကနေ မြီးနှောက်ရိုးအထိ ရောက်သွားခဲ့တယ်။
သူသာ ပြန်မဖြေခဲ့ဘူးဆိုရင် ယန်ချီ ဘာဆက်လုပ်မလဲဆိုတာ ဘုရားမှပဲ သိပါလိမ့်မယ်။
“ယုံကြည်ပါပြီ ။ ယုံကြည်ပါပြီ”
ဟွိုင်မျိုးနွယ် မဟာအကြီးအကဲက နာကျင်မှုကို အောက်ခံပြီး ယန်ချီကို ကျယ်လောင်စွာ ပြန်ဖြေလိုက်တယ်။
“မင်းတို့ကောင်တွေ ” ယန်ချီက သူ့အရှေ့မှာ ရှိတဲ့ ဟွိုင်မျိုးနွယ် စိတ်ဝိဉာဉ်ပညာရှင်တွေကိ ကြည့်ပြီး ပြောလိုက်တယ်။ “လာခဲ့ကြ ပြီးတော့ မင်းတို့ မဟာအကြီးအကဲကို ပြန်ခေါ်သွားလိုက်”
ယန်ချီကို ကြည့်ပြီး ဟွိုင်မျိုးနွယ်က စိတ်ဝိဉာဉ်ပညာရှင်တွေ အားလုံးရဲ့ မျက်နှာထက်မှာ အလွန်တရာ ကြောက်ရွံ့တဲ့ အမူအယာတွေ ပြည့်နှက်နေခဲ့တယ်။
အဲ့ဒီနောက်တော့ သူတို့တွေက ဟွိုင်မျိုးနွယ် မဟာအကြီးအကဲဘေးကို လျင်မြန်စွာ လျှောက်သွားပြီး ဟွိုင်မျိုးနွယ် မဟာအကြီးအကဲကို သယ်ဆောင်ပြီး ပိုင်မျိုးနွယ်ထဲကနေ ခပ်မြန်မြန်လေး ပြန်ထွက်သွားခဲ့တယ်။
🐱🐱🐱🐱🐱
Godly Sword System
Chapter 693 ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယ
Translated by Thura
ဟွိုင်မျိုးနွယ် ခန်းမထဲမှာတော့ . . .။
ဟွိုင်မျိုးနွယ် မဟာအကြီးအကဲကို ဟွိုင်မျိုးနွယ်ဆီကို ပြန်သယ်လာခဲ့တယ်။
ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယ နဲ့ အကြီးအကဲတွေက ဒဏ်ရာ ရနေတဲ့ ဟွိုင်မျိုးနွယ် မဟာအကြီးအကဲကို ကြည့်ပြီး ဒေါသ တွေ ပြင်းစွာ ထွက်ခဲ့ကြတယ်။
“မျိုးနွယ်ခေါင်းဆောင် အဲ့ဒီ လူငယ်က တကယ်ကို အစွမ်းထက်တာ”
လိုက်ပါသွားတဲ့ ဟွိုင်မျိုးနွယ်အဖွဲ့ဝင်တစ်ယောက်က ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယ ကို ပြောလိုက်တယ်။
“ဟား ဟား ”
ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယ က ဒီစကားကြောင့် နှာခေါင်းရှုံ့လိုက်မိတယ်။
“လင်ယွင်မြို့မှာ ငါတို့ဟွိုင်မျိုးနွယ်ကို ဘယ်သူမှ မစော်ကားရဲဘူး”
“မဟာအကြီးအကဲ စိတ်မပူပါနဲ့ ငါ မင်းအတွက် လက်စားချေပေးမယ်”
စကားသံ ဆုံးသွားတဲ့အခါ ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယ က ခန်းမထဲကနေ တလှမ်းချင်း ထွက်လာခဲ့တယ်။
ကျန်တဲ့ အကြီးအကဲတွေက ဒါကို မြင်တော့ သူတို့တွေလည်း ခန်းမထဲကနေ ထွက်ပြီး မျိုးနွယ်ခေါင်းဆောင်အနောက် လိုက်လာခဲ့တယ်။
သိပ်မကြာမီမှာပဲ သူတို့တွေက ပိုင်မျိုးနွယ် စံအိမ်ဆီကို ရောက်လာခဲ့တယ်။
ပိုင်မျိုးနွယ်စံအိမ်ဝင်ပေါက်မှာတော့ ပိုင်မျိုးနွယ်က အဖွဲ့ဝင်အနည်းငယ် ရှိနေခဲ့ပြီး သူတို့တွေက ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယ နဲ့ အကြီးအကဲတွေကို မြင်တော့ ကြောက်လန့်သွားကြပြီး အတွင်းကို ပြေးဝင်သွားကြတယ်။
“မျိုးနွယ်ခေါင်းဆောင်”
ဒီအချိန်မှာတော့ ယန်ချီနဲ့ ပိုင်မျိုးနွယ်ခေါင်းဆောင် ပိုင်ခွန်တို့အပြင် အကြီးအကဲတွေအားလုံးကလည်း ခန်းမဆီကို ပြန်ရောက်ရှိနေပါပြီ။
“ဘာတွေ ဖြစ်နေလို့လဲ”
ပိုင်မျိုးနွယ်ခေါင်းဆောင် ပိုင်ခွန်က ခန်းမထဲကို ပြေးဝင်လာတဲ့ ပိုင်မျိုးနွယ် အဖွဲ့ဝင်ကို နားမလည်နိုင်စွာ မေးလိုက်တယ်။
“ဟွိုင် .. ဟွိုင်မျိုးနွယ် ခေါင်းဆောင် ဟွိုင် ဝူယ နဲ့ အကြီးအကဲတွေ ရောက်လာပြီ”
“ဘာ . .. ”
ဒီစကားကို ကြားတော့ ပိုင်မျိုးနွယ်ခေါင်းဆောင် ပိုင်ခွန်နဲ့ အကြီးအကဲတွေအားလုံးရဲ့ မျက်နှာထက်မှာ ထိတ်လန့်မှုတွေ ပြည့်နှက်သွားခဲ့ကြတယ်။
ချက်ချင်းပင် သူတို့အားလုံးက ယန်ချီ ဘာများပြောမလဲဆိုပြီး စိုက်ကြည့်လိုက်ကြတယ်။
ဒါပေမယ့် ယန်ချီကတော့ ဘာတစ်ခုမှကို မကြားသလို တည်ငြိမ်နေတာကို မြင်လိုက်ရတယ်။
“ဟွိုင်မျိုးနွယ် မဟာအကြီးအကဲက မသန်မစွမ်း ဖြစ်သွားတော့ သူရဲ့ မျိုးနွယ်က လက်စားချေဖို့ ပြန်လာတာ ပုံမှန်မဟုတ်ဘူးလား” ယန်ချီက မျိုးနွယ်ခေါင်းဆောင် ပိုင်ခွန်နဲ့ အကြီးအကဲတွေကို မထူးခြားသလို ကြည့်ပြီး ဆက်ပြောလိုက်တယ်။ “ဒါက ဘာများ ထိတ်လန့်စရာ ရှိလို့လဲ”
ပြောပြီးနောက် ယန်ချီက ထိုင်ခုံကနေ ထရပ်လိုက်ပြီး ခန်းမအပြင်ကို ဖြေးညှင်းစွာ လျှောက်သွားခဲ့တယ်။
ဒီမြင်ကွင်းကြောင့် မျိုးနွယ်ခေါင်းဆောင် ပိုင်ခွန်နဲ့ ပိုင်မျိုးနွယ် အကြီးအကဲတွေကလည်း အနောက်ကနေ လိုက်သွားခဲ့ကြတယ်။
သိပ်မကြာမီမှာပဲ သူတု့တွေက ဟွိုင် မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယနဲ့ ဟွိုင် မျိုးနွယ် အကြီးအကဲတွေကို တွေ့လိုက်ရတယ်။
“ဟား ဟား ဟား ”
ဟွိုင် မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယက ပိုင်မျိုးနွယ်က လူတွေကို ကြည့်ပြီး လှောင်ပြောင် ရယ်မောလိုက်တယ်။
“ပိုင်ခွန် ငါတို့ ဟွိုင်မျိုးနွယ်က ကြင်နာစွာနဲ့လက်ထပ်ဖို့ ကိစ္စ လာပြောတာ။ အဲ့ဒါကို မင်းတို့ ပိုင်မျိုးနွယ်က ဒီလို လုပ်လိမ့်မယ်လို့ မထင်မိဘူး”
ဒီအချိန်မှာတော့ ပိုင်မျိုးနွယ်ခေါင်းဆောင် ပိုင်ခွန်တစ်ယောက် ဘာပြန်ပြောရမှန်း မသိတော့ပါဘူး။
သူက ယန်ချီကို ကြည့်လိုက်ပြီး ယန်ချီ ပြောမှာကို စောင့်ဆိုင်းနေခဲ့ကြတယ်။
“မင်းတို့ ဟွိုင်မျိုးနွယ်က လက်စားချေချင်လို့ မဟုတ်ဘူးလား”
ယန်ချီက ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယနဲ့ ဟွိုင်မျိုးနွယ် အကြီးအကဲတွေကို ကြည့်ပြီး မေးလိုက်တယ်။
ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယနဲ့ ဟွိုင်မျိုးနွယ် အကြီးအကဲတွေ ကလည်း ယန်ချီကို စူးစိုက်ကြည့်နေခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အားလုံးက ယန်ချီကို မမြင်ဖူးဘူးလေ။
“ဂျူနီယာ ဒီနေရာမှာ မင်းက ဘယ်လိုလုပ်ပြီး စကားပြောခွင့် ရှိသွားတာလဲ”
ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယရဲ့ အမြင်မှာတော့ ဒီအချိန်မှာ ယန်ချီက စကားပြောခွင့် မရှိဘူးလို့ မြင်နေခဲ့တယ်။
ဒါပေမယ့် သူ စကားပြောပြီးပြီးချင်းမှာပဲ တစ်ခုခုကို တွေးမိလိုက်တယ်။
ချက်ချင်းပင် ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့ပြီး ယန်ချီကို အံ့အားသင့်စွာ ကြည့်နေခဲ့တယ်။
“မင်းက ငါ့တို့ မဟာအကြီးအကဲကို လုပ်လိုက်တာလား”
“ကြည့်ရတာ မင်းက မနုံသေးဘူးထင်တယ်”
ယန်ချီက ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယကို ပေါ့ပါးစွာ ကြည့်ပြီး ပြောလိုက်တယ်။
“ဟား ဟား ဟား ”
ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယက ယန်ချီရဲ့ စကားကြောင့် နှာခေါင်းရှုံ့လိုက်ပြီး ယန်ချီကို အထင်သေးစွာ ပြောလိုက်တယ်။
“မင်း က ငါတို့ မဟာအကြီးအကဲကို လုပ်လိုက်တာဆိုတော့ မင်းရဲ့ဘဝတော့ သွားပြီမှတ်လိုက်တော့”
“ဟုတ်ပါ့မလား”
ဟွိုင်မျိုးနွယ်ခေါင်းဆောင်ရဲ့ စကားကို ကြားပေမယ့်လည်း ယန်ချီရဲ့ အမူအယာကတော့ ပြောင်းလဲခြင်းမရှိပါဘူး။ သူက ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယကို ပုံမှန်အတိုင်း ကြည့်လိုက်ပြီး ဖြေးညှင်းစွာ ပြောလိုက်တယ်။
“မင်းက င့ါပြိုင်ဖက် မဟုတ်သေးဘူး”
ဒီစကားကြောင့် ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယက ယန်ချီကို ခက်ထန်စွာနဲ့ ကြည့်လိုက်တယ်။
“ငါက မင်းပြိုင်ဖက်မဟုတ်ဘူးလို့ တကယ် ထင်နေတာလား”
စကားသံ ဆုံးသွားတဲ့အခါ ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယက ပုလင်းငယ်လေးတစ်လုံးကို ထုတ်ယူလိုက်တယ်။
သူက ပုလင်းထဲကနေ ဆေးလုံးကို ဆက်ပြီး လက်ဝါးပေါ် သွန်ချလိုက်တယ်။
🐱🐱🐱🐱🐱
Godly Sword System
Chapter 694 ပေါက်ကွဲ ဆေးလုံး
Translated by Thura
ဆေးလုံးက အနီရင့်ရောင်ရှိပြီး သင်းပျံ့တဲ့ မွှေးရနံ့တွေ ထွက်ပေါ်နေခဲ့တယ်။
မျိုးနွယ်ခေါင်းဆောင် ပိုင်ခွန်နဲ့ အကြီးအကဲတွေက ဟွိုင်ဝူယရဲ့ လက်ထဲက အနီရင့်ရောင် ဆေးလုံးကို ကြည့်ပြီး ထိတ်လန့်သွားကြတယ်။
“ပေါက်ကွဲ ဆေးလုံး ”
ပိုင်မျိုးနွယ် ခေါင်းဆောင် ပိုင်ခွန်တစ်ယောက် အထိတ်တလန့် ရေရွတ်လိုက်မိတယ်။
ပေါက်ကွဲဆေးလုံးဆိုတာ အသုံးပြုသူကို စွမ်းအား နှစ်ဆ တိုးစေပါတယ်။
ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယက အရူးတစ်ယောက်တော့ မဟုတ်ပါဘူး။ ယန်ချီက သူတို့မဟာအကြီးအကဲကို ဒီလို လုပ်နိုင်တာကို သိတော့ ယန်ချီရဲ့ စွမ်းအားက သူ့ထက်ပိုပြီး အားမနည်းမှန်း သိပါတယ်။
ပေါက်ကွဲဆေးလုံးကို အသုံးပြုလိုက်ပြီးနောက် ယန်ချီက သူ့ပြိုင်ဖက်မဖြစ်နိုင်တော့ဘူးလို့ ဟွိုင်ဝူယက တွေးလိုက်တယ်။
“ဂျူနီယာက ဒီဆေးလုံးက ဘာလဲ မင်း မသိဘူးလား”
ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယက ယန်ချီကို အထင်သေးတဲ့ အကြည့်နဲ့ ကြည့်ပြီး မေးလိုက်တယ်။
ရိုးရိုးသားသားပြောရမယ်ဆိုရင် ဟွိုင်ဝူယမေးတဲ့ ဆေးလုံးကို မသိပါဘူး။
“အဲ့ဒါ ဘာဆေးလုံးလဲ” ယန်ချီက ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယကို ကြည့်ပြီး ဆက်ပြောလိုက်တယ်။ “မင်းမှာ အဲ့ဒီဆေးလုံး ရှိတာ ငါနဲ့ ဘာဆိုင်လို့လဲ”
ဒီစကားကို ကြားတော့ ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယ တစ်ယောက် အလွန်တရာ ဒေါသ ထွက်သွားခဲ့တယ်။
“ဂျူနီယာ ဒီဆေးလုံးက စွမ်းအားကို နှစ်ဆတိုးစေတဲ့ ပေါက်ကွဲဆေးလုံးပဲ”
ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယ ရဲ့ အမြင်မှာတော့ ယန်ချီက ပေါက်ကွဲဆေးလုံးရဲ့ အစွမ်းကို မသိတာကြောင့် မကြောက်ရွံ့တာလို့ မြင်နေခဲ့တယ်။
ယန်ချီက ပေါက်ကွဲဆေးလုံးရဲ့ အစွမ်းကိုသာ သိခဲ့မယ်ဆိုရင် ဒီလို စကားမျိုး ပြောလိမ့်မယ်လို့ မထင်ပါဘူး။
တချိန်ထဲမှာပဲ သူက ပေါက်ကွဲဆေးလုံးရဲ့ အစွမ်းကို ပြောပြနေချိန်မှာ ယန်ချီရဲ့ မျက်နှာမှာ အလွန်တရာ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေလိမ့်မယ်ဆိုတာ သိနေခဲ့တယ်။
ဒါပေမယ့်လည်း ယန်ချီရဲ့ မျက်နှာကို လှမ်းကြည့်လိုက်တော့ ယန်ချီရဲ့ အမူအယာ တည်ငြိမ်နေလိမ့်မယ်လို့ မထင်မိပါဘူး။
ယန်ချီရဲ့ မျက်နှာပေါ်က အမူအယာကို မြင်ပြီးနောက် ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယ တစ်ယောက် ဒေါသတွေ တလိမ့်လိမ့် ထွက်လာခဲ့တယ်။
“ဂျူနီယာ ဒီနေ့ ပေါက်ကွဲဆေးလုံးက ဘာလဲဆိုတာ မင်းကို ပြမယ်”
စကားသံ ဆုံးသွားတဲ့အခါ ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယ က ပေါက်ကွဲဆေးလုံးကို သောက်လိုက်တယ်။
ရုတ်တရက် ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယ ရဲ့ တစ်ကိုယ်လုံး အနီရောင်အဖြစ် ပြောင်းသွားခဲ့တယ်။
ပိုင်မျိုးနွယ်က လူတိုင်းကတော့ ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယ ရဲ့ ခန္ဓာကိုယ်ကနေ ထုတ်လွှတ်နေတဲ့ ကြောက်မက်ဖွယ်ရာ စိတ်ဝိဉာဉ်စွမ်းအားတွေကို ခံစားနေခဲ့ရပြီး အသက်တောင် ကျယ်ကျယ် မရှုရဲပါဘူး။
ဘာကြောင့်လဲဆိုတော့ ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယ က အရင်ကထက်ပိုပြီး အစွမ်းလာတယ်လို့ ခံစားမိတာကြောင့်ပါ။
“ဂျူနီယာ အခု မင်းကြောက်ရွံ့နေပြီလား”
ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယ က ယန်ချီကို လှောင်ပြောင်မေးမြန်းလိုက်တယ်။
ယန်ချီက ခေါင်းကို တိတ်တဆိတ် ခါယမ်းလိုက်မိတယ်။ ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယအနေနဲ့ ဘာကြောင့် ဒီလို စကားကို ပြောရဲလိမ့်မယ်လို့ သူ တကယ်ကို နားမလည်ခဲ့ပါဘူး။
“ကြောက်ရွံ့ရမှာလား”
သူက ဘာဖိနှိပ်မှုမှကို မခံစားရပါဘူး။
သူက ဘာကို ကြောက်ရမှာလဲ။
သူလည်း ဘာဆက်ပြောရမှန်း မသိတော့ပါဘူး။
“မင်းက အဓိပ္ပါယ်မရှိတာတွေ ဆက်ပြောနေဦးမှာလား”
ယန်ချီက ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယ ကို ကြည့်ပြီး ပြောလိုက်တယ်။
ဒီစကားကို ကြားတော့ ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယတစ်ယောက် ဒေါသတွေ တဟုန်ထိုး ထွက်လာခဲ့တယ်။
ယန်ချီက ဒီလောက် တည်ငြိမ်နေလိမ့်မယ်လို့ မထင်မိပါဘူး။
“သေစမ်း ”
“ဘုန်း . . .”
ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယ က ယန်ချီကို လက်သီးနဲ့ ပြင်းစွာ ထိုးနှက်လိုက်တယ်။
ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယရဲ့ လက်သီးကနေ အနီရင့်ရောင် စိတ်ဝိဉာဉ်စွမ်းအားတစ်ခု လွင့်ပျံ ထွက်လာခဲ့တယ်။
ပိုင်မျိုးနွယ်က လူတိုင်းကလည်း ဟွိုင်မျိုးနွယ်ခေါင်းဆောင် လှုပ်ရှားတာကို မြင်တော့ သူတို့ရဲ့ မျက်နှာထက်မှာ အံ့အားထိတ်လန့်မှုတွေ ပြည့်နှက်သွားခဲ့တယ်။
ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယ က လင်ယွင်မြို့မှာ အစွမ်းအထက်ဆုံး လူတစ်ယောက်ဖြစ်ပြီး အခုလို ပေါက်ကွဲဆေးလုံးကို စားထားတာဆိုတော့ သူ့ရဲ့ စွမ်းအားက ကြောက်စရာ ကောင်းတယ်ဆိုတာ ပြောဖို့ မလိုတော့ပါဘူး။
“ဒီ လက်သီးချက်လား. . . ”
ယန်ချီက အေးစက်စက် ပြုံးလိုက်တယ်။
သူကလည်း လက်သီးတစ်ချက် ပြန်ထိုးလိုက်တယ်။
“ဘုန်း ”
သူ့ရဲ့ လက်သီးချက်ကနေ တူညီတဲ့ စိတ်ဝိဉာဉ်စွမ်းအားတစ်ခု လွင့်ပျံထွက်သွားခဲ့တယ်။
ကြောက်မက်ဖွယ်ရာ စိတ်ဝိဉာဉ်စွမ်းအားနှစ်ခုက ပြင်းထန်စွာ ရင်ဆိုင်မိကြတယ်။
“ဝုန်း. . ”
ကြောက်မက်ဖွယ်ရာ စိတ်ဝိဉာဉ်စွမ်းအားတွေက တစ်ခုနဲ့ တစ်ခု ရင်ဆိုင်မိကြတယ်။
ဒါပေမယ့်လည်း ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယ ထုတ်လွှတ်လိုက်တဲ့ အနီရင့်ရောင် စိတ်ဝိဉာဉ်စွမ်းအားက ချက်ချင်း ဆိုသလို ပျောက်ကွယ်သွားခဲ့တယ်။
ယန်ချီထုတ်လွတ်လိုက်တဲ့ စိတ်ဝိဉာဉ်စွမ်းအားတွေက ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယ ဆီကို ဆက်လက်ပြီး ဦးတည်သွားခဲ့တယ်။
ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယ က ဒီမြင်ကွင်းကို မြင်တော့ ကူကယ်ရာမဲ့စွာနဲ့ ထိတ်လန့်သွားမိတယ်။
🐱🐱🐱🐱🐱
Godly Sword System
Chapter 695 ဟွိုင်ဝူယ ရဲ့ ကြောက်လန့်မှု
Translated by Thura
ဘာပဲဖြစ်ဖြစ် ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယ က စိတ်ဝိဉာဉ်သူတော်စင်အဆင့်ပါ။ သူက ပေါက်ကွဲဆေးလုံးကို စားထားတာဆိုတော့ သူ့ရဲ့ စွမ်းအားက မဆိုးပါဘူး။
သူက ယန်ချီထုတ်လွှတ်လိုက်တဲ့ စိတ်ဝိဉာဉ်စွမ်းအားကို ရှောင်တိမ်းလိုက်တယ်။
ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယက စိတ်ဝိဉာဉ်စွမ်းအားကို ရှောင်တိမ်းလိုက်ပြီးနောက်ကို ခြေလှမ်း ဆယ်လှမ်းကျော် ဆုတ်လိုက်ရတယ်။
“မင်းက ဒီလောက် ကြောက်မက်ဖွယ်ကောင်းလိမ့်မယ်လို့ ငါ မထင်မိဘူး”
ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယ က ယန်ချီကို ခက်ထန်စွာ ကြည့်ပြီး ပြောလိုက်တယ်။
တကယ်တော့ သူလည်း ယန်ချီက ဒီလောက်ကြီး အစွမ်းထက်လိမ့်မယ်လို့ မထင်မိပါဘူး။
သူ ရင်ဆိုင်ဖူးသမျှ ထဲမှာ အကောင်းဆုံး ပြိုင်ဖက်မှန်း သိလိုက်တယ်။
“သာမန်ပါပဲ ။ အဲ့ဒီလောက် ကြောက်စရာ မကောင်းပါဘူး” ယန်ချီက ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယကို ကြည့်ပြီး ပြောလိုက်တယ်။ “ဒီကို လာခဲ့လေ”
အဲ့ဒီ စကားကို ပြောပြီးနောက် ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယ ကို လက်ညိုးညွှန်လိုက်ပြီး ကွေးညွှတ်ကာ စိန်ခေါ်လိုက်တယ်။
ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယ က ဒီအမူအယာကို မြင်တော့ ဒေါသအကြီးအကျယ် ထွက်သွားခဲ့တယ်။
“ငါက မင်းကို ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတယ် ထင်နေတာလား”
စကားသံ ဆုံးသွားတဲ့အခါ ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယက သူ့ရဲ့ ဆက်နွယ်မှု လက်နက်နဲ့ စိတ်ဝိဉာဉ်လက်နက်တွေကို ဆင့်ခေါ်လိုက်တယ်။
သူ့ရဲ့ ဆက်နွယ်မှုလက်နက်က မြေကမ္ဘာအဆင့် တိမ်ဖောက်ပုဆိန်ပါ။
စိတ်ဝိဉာဉ်လက်နက်တွေကတော့ ဆန်းကြယ်အဆင့် သုံးခု၊ မြေကမ္ဘာအဆင့် လေးခုနဲ့ ကောင်းကင်အဆင့် တစ်ခုပါ။
ဒီ စိတ်ဝိဉာဉ်လက်နက်တွေဆိုတာ သာမန် စိတ်ဝိဉာဉ်ပညာရှင်အရှေ့မှာတော့ အလွန်ကောင်းတဲ့ စိတ်ဝိဉာဉ်လက်နက်တွေပါ။
ဒါပေမယ့်လည်း ယန်ချီအရှေ့မှာတော့ အဓိပ္ပါယ်မရှိပါဘူး။
သူသာ ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယ ကို အနိုင်လိုချင်ရင် ဆက်နွယ်မှု လက်နက်တွေ စိတ်ဝိဉာဉ်လက်နက်တွေ ထုတ်သုံးဖို့ မလိုပါဘူး။
“မင်းရဲ့ ဆက်နွယ်မှု လက်နက်နဲ့ စိတ်ဝိဉာဉ်လက်နက်တွေ ဘယ်မှာလဲ”
ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယက ယန်ချီကို ခက်ထန်တင်းမာစွာ ကြည့်ပြီး မေးလိုက်တယ်။
“မင်းလို ပုရွတ်ဆိတ်တစ်ကောင်က ငါ့ရဲ့ ဆက်နွယ်မှု လက်နက်နဲ့စိတ်ဝိဉာဉ်လက်နက်တွေကို မြင်ဖို့ ထိုက်တန်လို့လား”
ယန်ချီက ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယကို ကြည့်ပြီး တည်ငြိမ်စွာ မေးလိုက်တယ်။
ဒီစကားကို ကြားတော့ ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယတစ်ယောက် အံကို တင်းတင်းကြိတ်လိုက်တယ်။
“ဒီလို ဆိုမှတော့ မင်း နောင်တမရနဲ့”
အဲ့ဒီနောက်မှာတော့ ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယက ယန်ချီဆီကို ထပ်မံ ပြေးဝင်တိုက်ခိုက်ပါတော့တယ်။
ယန်ချီကတော့ ဒီမြင်ကွင်းကို ကြည့်ပြီး တကယ်ကို နားမလည်နိုင်ဖြစ်နေခဲ့တယ်။
ဒီ ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယက သူ့ရဲ့ ပြိုင်ဖက်ဖြစ်နိုင်တယ်လို့ ဘာကြောင့် မြင်နေရတာလဲ။
ချက်ချင်းပင် ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယက ယန်ချီအရှေ့ကို ရောက်လာခဲ့တယ်။
ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယက ယန်ချီကို တိုက်ခိုက်ဖို့ အသင့်ဖြစ်နေချိန်မှာပဲ ယန်ချီက ဦးဆောင် တိုက်ခိုက်လိုက်တယ်။
“ဘုန်း ”
ယန်ချီရဲ့ လက်သီးချက်က ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယရဲ့ ခန္ဓာကိုယ်ပေါ်ကို ပြင်းထန်စွာ ကျရောက်သွားခဲ့တယ်။
ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယလည်း ထိတ်လန့်သွားခဲ့တယ်။
သူ ခေါင်းကိုက်မတက် စဉ်းစားပေမယ့်လည်း ယန်ချီက ဒီလောက်ထိ မြန်ဆန်လိမ့်မယ်လို့ မထင်မိထားပါဘူး။
သူ့အနေနဲ့ ဒီအမြန်နှုန်းကို ဘယ်လိုမှ မတားဆီးနိုင်ပါဘူး။
အဲ့ဒီတော့ သံသယ ဝင်စရာမလိုပဲ ယန်ချီရဲ့ လက်သီးက ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယရဲ့ ခန္ဓာကိုယ်ဆီကို ပြင်းထန်စွာ ကျရောက်သွားခဲ့တယ်။
ဒါကြောင့် ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယတစ်ယောက် နောက်ကို ပြင်းစွာ လွင့်စင်သွားခဲ့တယ်။
ဒီနေရာမှာ ရှိနေတဲ့ လူတိုင်းက ဒီမြင်ကွင်းကို မြင်တော့ သူတို့ရဲ့ မျက်နှာထက်မှာ အလွန်တရာ ကြောက်လန့်မှုတွေ ပြည့်နှက်သွားခဲ့တယ်။
ပြီးတော့ ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယက ပေါက်ကွဲဆေးလုံးကို စားထားတယ်လေ။
ပေါက်ကွဲဆေးလုံးကို စားထားတာတောင် သူက ယန်ချီအရှေ့မှာ သနားစရာ ကောင်းတဲ့အခြေအနေ ဖြစ်နေတုန်းလား။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
လူတိုင်းရဲ့ အမြင်မှာတော့ ဒီကိစ္စက ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။
ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယတစ်ယောက် မြေပြင်ပေါ်ကို ပြင်းစွာ ပြုတ်ကျသွားပြီးနောက် ထိတ်လန့်နေခဲ့ရတယ်။
သူ့အနေနဲ့ ပေါက်ကွဲဆေးလုံးကို စားထားပြီးနောက် ယန်ချီရဲ့ အရှေ့မှာ သနားစဖွယ်ကောင်းအောင် ဖြစ်သွားလိမ့်မယ်လို့ မထင်ထားမိဘူးလေ။
“ဒါက ဘာမှ အံ့အားသင့်စရာ မကောင်းဘူး”
ယန်ချီက ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယ ကို ကြည့်ပြီး ပြောလိုက်တယ်။
ဒီအချိန်မှာတော့ ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယအနေနဲ့ စကားပြန်မပြောနိုင်ပဲ ယန်ချီကို အံ့အားသင့်စွာ ကြည့်နေခဲ့တယ်။
“အခု မင်းတို့ ဟွိုင်မျိုးနွယ် မဟာအကြီးအကဲအတွက် လက်စားချေချင်တုန်းလား”
“မလုပ် .. ငါ မလုပ်ချင်တော့ဘူး”
ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယက အရူးတစ်ယောက်တော့ မဟုတ်ပါဘူး။ သူ့အနေနဲ့ ယန်ချီရဲ့ ပြိုင်ဖက် ဘယ်လိုမှမဖြစ်နိုင်မှန်း သိပါတယ်။
သူသာ တစ်ခုခု မှားပြောခဲ့ရင် သူ့အသက်က ဒီလောက ကနေ နှုတ်ဆက်သွားရမယ်ဆိုတာ သိပါတယ်။
“မင်း မလုပ်ချင်ဘူးဆိုရင် ထွက်သွားလို့ ရပြီ”
အဲ့ဒီနောက်တော့ ယန်ချီက ပျင်းရိနေတဲ့ အမူအယာနဲ့ ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယကို ပြောလိုက်တယ်။