နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂...

By Azure5549

28.6K 2.6K 18

နတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို... More

961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990
991 - 995
996 - 1000
1001 - 1005
1006 - 1010
1011 - 1015
1016 - 1020
1021 - 1025
1026 - 1030
1031 - 1035
1036 - 1040
1041 - 1045
1046 - 1050
1051 - 1055
1056 - 1060
1061 - 1065
1066 - 1070
1071 - 1075
1076 - 1080
1081 - 1085
1086 - 1090
1091 - 1095
1096 - 1100
1101 - 1105
1106 - 1110
1111 - 1115
1116 - 1120
1121 - 1125
1126 - 1130
1131 - 1135
1136 - 1140
1141 - 1145
1146 - 1150
1151 - 1155
1156 - 1160
1161 - 1165
1166 - 1170
1171 - 1175
1176 - 1180
1181 - 1185
1186 - 1190
1191 - 1195
1196 - 1200
1201 - 1205
1206 - 1210
1211 - 1215
1216 - 1220
1221 - 1225
1226 - 1230
1231 - 1235
1236 - 1240
1241 - 1245
1246 - 1250
1251 - 1255
1256 - 1260
1261 - 1265
1266 - 1270
1271 - 1275
1276 - 1280
1281 - 1285
1286 - 1290
1291 - 1295
1296 - 1300
1301 - 1305
1306 - 1310
1311 - 1315
1316 - 1320
1321 - 1325
1326 - 1330
1331 - 1335
1336 - 1340
1341 - 1345
1346 - 1350
1351 - 1355
1356 - 1360
1361 - 1365
1366 - 1370
1371 - 1375
1376 - 1380
1381 - 1385
1386 - 1390
1391 - 1395
1396 - 1400
1401 - 1405
1406 - 1410
1411 - 1415
1416 - 1420
1421 - 1425
1431 - 1435
1436 - 1440
1441 - 1445
1446 - 1450
1451 - 1455
1456 - 1460
1461 - 1465
1466 - 1470
1471 - 1475
1476 - 1480
1481 - 1485
စာဖတ်သူများကို အနူးအညွတ်တောင်းပန်ခြင်း
1486 - 1490
1491 - 1495
1496 - 1500
1501 - 1505
1506 - 1510
1511 - 1515
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
1516 - 1520
1521 - 1525
1526 - 1530
1531 - 1535
1536 - 1540
1541 - 1545
1546 - 1550
1551 - 1555
1556 - 1560
1561 - 1565
1566 - 1570
1571 - 1575
1576 - 1580
1581 - 1585
1586 - 1590
1591 - 1595
1596 - 1600
1601 - 1605
1606 - 1610
1611 - 1615
1616 - 1620
1621 - 1625
1626 - 1630
1631 - 1635
1636 - 1640
1641 - 1645
1646 - 1650
1651 - 1655
1656 - 1660
1661 - 1665
1666 - 1670
1671 - 1675
1676 - 1680
1681 - 1685
1686 - 1690
1691 - 1695
1696 - 1700
1701 - 1705
1706 - 1710
1711 - 1715
1716 - 1720
1721 - 1725
1726 - 1730
1731 - 1735
1736 - 1740
1741 - 1745
1746 - 1750
1751 - 1755
1756 - 1760
1761 - 1765
1766 - 1770
1771 - 1775
1776 - 1780

1426 - 1430

212 22 0
By Azure5549


Super God Gene (1426)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၄၂၆)
-------- --------- -------- ------- -------
" ဒီနာမည်ကိုတော့ မသုံးနိုင်ဘူး၊ သူ့အနာဂတ်အကြောင်း စဉ်းစားကြည့်ပါ၊ သူ သမ္မတဖြစ်လာပြီး လူတိုင်းက သူ့ကို သမ္မတကြီးပန်းကလေးလို့ ခေါ်နေရင် မနိပ်ဘူး "

လိုစုဟန်က နာမည်ကို အရင်ဆုံး ငြင်းပယ်ခဲ့တယ်။

" သမ္မတဖြစ်လာဖို့ မလိုပါဘူး၊ အဓိက,က ကိုယ့်ကိုယ်ကိုယ် ကောင်းအောင် လုပ်နေဖို့ပဲ၊ ဒါပေမဲ့ ဒီနာမည်က နာမည်ကောင်းပါ၊ ငါ့မြေးက ရိုးရိုးလေးနဲ့ ကျော်ကြားလာလိမ့်မယ်၊ ကြည့်နေ... ငါတို့ပန်းကလေးက စကြဝဠာတခွင်လုံးကို သိမ်းပိုက်သွားလိမ့်မယ် ''

ဂျီရောကျန်းက စကားပြောရင်း မုတ်ဆိတ်ကို လက်တဖက်နဲ့ သပ်လိုက်တယ်။

" အဖေ... အဲဒီနာမည်ကို အိမ်ခေါ်နာမည်လုပ်လိုက်မယ်၊ တခြားနာမည်တခု စဉ်းစားကြည့်ပါအုံး '' 

ဂျီရန်လန်ကလဲ အဲဒီနာမည်ကို မကြိုက်ပါဘူး။

ဂျီရောကျန်းမှာ ခေါင်းညိတ်ရုံကလွဲလို့ အခြားရွေးချယ်စရာမရှိတော့ဘူး။ အဲဒါကြောင့် "ကောင်းပြီ၊ ငါထပ်ရွေးပေးမယ်၊ အဲဒီနာမည်က ဒီနာမည်လောက်တော့ ကောင်းမှာ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းတို့ကြိုက်မယ်လို့တော့ ငါထင်တယ်''လို့ ပြောလိုက်တယ်။

အဲဒီလိုကြားရတဲ့အခါ လူတိုင်းဟာ စိတ်သ-က်သာရာရတာထက် ပိုပြီးစိုးရိမ်ပူပန်သွားကြတယ်။ ရှင်းနေတာက ဂျီရောကျန်းဆီက ကလေးအတွက် နာမည်တွေထပ်ထွက်လာမှာ မဟုတ်ဘူး။ ထွက်လာရင်လဲ ပေါက်တတ်ကရတွေပဲ ဖြစ်လိမ့်မယ်။

" ပန်းကလေးကို မကြိုက်ဘူးဆိုရင် ဟန်ဖေးဆိုရင်ကော ''

ဂျီရောကျန်းက ပြောလိုက်တယ်။

" ဟန်ဖေး... အဲဒါကောင်းတယ်... ဟုတ်တယ်... အဲဒီနာမည်ကောင်းတယ်... "

ဒီနာမည်ကိုတော့ အားလုံးက သဘောတူလက်ခံခဲ့ကြပါတယ်။

သူတို့အားလုံးဟာ ဂျီရောကျန်းက ရိုးရိုးသာမန်နာမည်တခုကို ရွေးချယ်ပေးခဲ့လို့ ဝမ်းသာသွားကြပါတယ်။ ဂျီရောကျန်းဟာ ဒီနာမည်ကို ရွေးဖို့ သူ့ရဲ့စံချိန်စံညွှန်းတွေကို ပစ်ပယ်ခဲ့ရပါတယ်။

အဲဒီနောက် လူတိုင်းက ကလေးငယ်ကို 'ဟန်ဖေး'လို့ ဝိုင်းခေါ်လိုက်ကြတယ်။ ဂျီရောကျန်းက 'ပန်းကလေး'၊' ပန်းကလေး'လို့ ဝင်ခေါ်ပေမဲ့ အားလုံးက မကြားချင်ယောင်ဆောင်ကာ သူ့ကို လျစ်လျူ ရှုခဲ့ကြပါတယ်။

ဟန်ဆန်းဟာ အိမ်မှာ အကူအညီရအောင် အေအိုင်စနစ်နဲ့မောင်းနှင်တဲ့ စက်ကိရိယာတွေနဲ့ စက်ရုပ်တွေကို ထားပေးခဲ့ပါတယ်။ ဂျီရောကျန်းကလဲ တာဝန်ဝတ္တရားတွေနဲ့ အလုပ်များနေပေမဲ့ မြေးကိုတော့ တရက်တခေါက် ပုံမှန်လာကြည့်ပါတယ်။

ဂျီရောကျန်းရဲ့ဇနီးကတော့ ကလေးနဲ့ အချိန်ပြည့်နေဖို့ ဆုံးဖြတ်ကာ ဟန်ဆန်းအိမ်ကို အပြီးပြောင်းလာခဲ့ပါတယ်။

လိုစုဟန်ဟာ ကလေးတွေကို ချစ်ပေမဲ့ အိမ်အလုပ်တွေကိုတော့ မချစ်ပါဘူး။ ဒါပေမဲ့ အိမ်က သူမအိမ်ဖြစ်နေလို့ ဂျီရောကျန်းရဲ့ဇနီးကို ဘာလုပ်ပြီးဘာလုပ်လို့ ညွှန်ကြားပေးရင်း အဘွားနှစ်ယောက်ဟာ အဆင်ပြေနေကြပါတယ်။ သားအချစ် မြေးအနှစ် မဟုတ်ပါလား။  

ဟန်ဖေးဆိုတဲ့အမည်ကို အတည်ပြုထားပေမဲ့ အများစုကတော့ ကလေးငယ်ကို ပန်းကလေးလို့ပဲ ခေါ်ကြပါတယ်။

ကလေးငယ်က အကျင့်ကောင်းတယ်။ ဝုန်းဒိုင်းကြဲငိုယိုသောင်းကျန်းတာမျိုး မရှိဘူး။ တနေ့ကျရင် ထူးခြားတဲ့လူတယောက်၊ တောက်ပတဲ့ကြယ်တပွင့်ဖြစ်လာမယ်လို့ နှစ်ဖက်ဆွေမျိုးတွေက ယုံကြည်ကြပါတယ်။
-------- --------- -------- ------- --------
ဟန်ဆန်းဟာ အိမ်မှာ ဘာမှလုပ်စရာမရှိဘဲ လူပိုလို ဖြစ်နေတယ်။ အထူးသဖြင့် အိမ်မှာ နှစ်ဖက်ဆွေမျိုးတွေနဲ့ ပြည့်ကျပ်နေတယ်။ အဲဒါကြောင့် စတုတ္ထနတ်ဘုရားကမ္ဘာကို ခဏပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

" မျိုးရိုးဗီဇအဆီအနှစ်တွေက အဆင့်တက်တာ တအားနှေးတာပဲ၊ ပြီးတော့ ငါ့မှာ စူပါဝိညာဉ်ဧကရာဇ်အသွင်ရဲ့ မျိုးရိုးဗီဇအဆီအနှစ်မရှိသေးဘူး၊ အဲဒါကို ဖန်တီးရမယ် ''

ဟန်ဆန်းဟာ အဲဒီလိုစဉ်းစားပြီးတဲ့နောက် လူသူအရောက်အပေါက်နည်းတဲ့ ချိုင့်ဝှမ်းကြီးတခုဆီကို သွားခဲ့တယ်။ အဲဒီမှာ မျိုးရိုးဗီဇအဆီအနှစ်ကို ဖန်တီးနိုင်တဲ့နည်းလမ်းတခုကို ရှာဖွေဖို့ စိတ်ကူးလိုက်ပါတယ်။

ဟန်ဆန်းဟာ နည်းလမ်းအမျိုးမျိုးကို စမ်းသပ်ခဲ့တယ်။ ဒါပေမဲ့ အားလုံးဟာ အချည်းနှီးဖြစ်ခဲ့တယ်။ နောက်ဆုံး သူဟာ အားစုဒင်္ဂါးသိုင်းကို ပြန်သုံးကြည့်ခဲ့တယ်။ အဆင်ပြေပါတယ်။ အားစုဒင်္ဂါးသိုင်းကို သုံးပြီး စွမ်းအင်သိုလှောင်ရုံကြီးတခုကို စတင်တည်ဆောက်နိုင်ခဲ့တယ်။

ဒင်္ဂါးပြားတပြားဟာ ဟန်ဆန်းရဲ့ လက်ညိုးနဲ့လက်မကြားမှာ တုန်ခါနေတယ်။ ဒင်္ဂါးပေါ်က နံပါတ်ဟာလဲ တဖျတ်ဖျတ် ပြောင်းလဲနေပြီး နောက်ဆုံး ၂၇ မှာ ရပ်တန့်သွားပါတယ်။

နံပါတ်ဟာ ၃၀ ကို ရောက်လာတယ်။ သူ့ခန္ဓာကိုယ်မှာ ချွေးတွေ အလွန်အကျွံ ထွက်လာတယ်။ ရေချိုးထားသလိုမျိုး ထင်မှတ်ရပါတယ်။

နံပါတ်ဟာ ၄၀ အထိ ရောက်လာတယ်။ ဒါပေမဲ့ နံပါတ် ၄၀ ရဲ့ဖိအားကို သူ ခံနိုင်သေးတယ်။ အဲဒီလိုခံနိုင်ဖို့ ရှိသမျှစွမ်းအားတွေကို အကုန်ထုတ်သုံးထားရပါတယ်။

ဒင်္ဂါးပြားဟာ ပိုလို့ ပိုလို့ တောက်ပလာတယ်။ တကယ်လို့ ဒင်္ဂါးပြားဟာ သူ့လက်ထဲမှာ ပေါ-က်ကွဲခဲ့ရင် ဟန်ဆန်းဟာ ကိုယ့်ကိုယ်ကိုယ် ဖျ-က်ဆီးပစ်သလို ဖြစ်သွားလိမ့်မယ်။

ပုံမှန်ဆိုရင် ဟန်ဆန်းဟာ နံပါတ်ဘယ်လောက်အထိ ရောက်နိုင်သလဲဆိုတာကို စိတ်မဝင်စားပါဘူး။ ဒီနေ့မှာတော့ နံပါတ်ဘယ်လောက်အထိ ရောက်နိုင်တယ်ဆိုတာကို သူ အမှန်တကယ် စိတ်ဝင်စားနေပါတယ်။ 

နံပါတ်ဟာ တဖြည်းဖြည်း ကြီးလာပြီး ၅၀ အထိ ရောက်လာတယ်။

ဟန်ဆန်းက ဒင်္ဂါးပြားကို မြေပေါ်ပစ်ချဖို့ စိတ်မကူးဘဲ ေ-သေ-သချာချာ ဆုပ်ကိုင်ထားပါတယ်။

ဒင်္ဂါးပြားထဲမှာ စွမ်းအားတွေများသထက်များလာပြီး ဒင်္ဂါးပြားဟာ မယုံနိုင်လောက်အောင် လေးလံလာတယ်။ ဟန်ဆန်းက ဒင်္ဂါးပြားကို လက်ညိုးနဲ့ လက်မနဲ့ ညှစ်ပြီး ပွတ်ကြိတ်ကြည့်လိုက်တယ်။ ထူးဆန်းတဲ့အသံတွေ ထွက်ပေါ်လာပါတယ်။

ဒီလိုနဲ့ နံပါတ် ၁၀၀ ကို ရောက်လာခဲ့တယ်။ ဟန်ဆန်းဟာ ဒင်္ဂါးပြားကို သူဆက်မထိန်းနိုင်တော့ဘူးလို့ သိလိုက်တယ်။ အဲဒါကြောင့် ထိန်းချုပ်နေတာ ကို တဖြည်းဖြည်း လျှော့ချလိုက်ပါတယ်။

ဟန်ဆန်းဟာ ဒင်္ဂါးပြားထဲက စွမ်းအားတွေကို ဖယ်ရှားချင်တယ်။

ဝမ်းနည်းစရာက အဲဒီလိုလုပ်ဖို့ သူ,မတတ်နိုင်တော့ဘူးဆိုတာကို အခု သိလိုက်ရပါတယ်။

အခု သူလုပ်နိုင်တာက ဒင်္ဂါးပြားကို အဝေးတနေရာဆီ လွှင့်ပ-စ်ဖို့ပါပဲ။ ဒါပေမဲ့ အဲဒီလို လုပ်ရင် ဒင်္ဂါးပြားဟာ ပေါ-က်ကွဲသွားပါလိမ့်မယ်။ 

ဒီချိုင့်ဝှမ်းမှာ ထူးဆန်းတဲ့ တွင်းခေါင်းတခုရှိတယ်။ အဲဒီတွင်းခေါင်းဟာ ဘယ်လောက်နက်မှန်း သူ မသိဘူး။ တခါမှလဲ ဆင်းမကြည့်ဘူးပါတယ်။ ဒီချိုင့်ဝှမ်းမှာ အဲဒီထူးဆန်းတဲ့ တွင်းခေါင်းတခုရှိနေတာကြောင့်လဲ ဒီချိုင့်ဝှမ်းကို အသုံးပြုဖို့ ရွေးချယ်ခဲ့တာပါ။

အခု သူဟာ ဒင်္ဂါးပြားကို တွင်းခေါင်းထဲ ပ-စ်ချဖို့ ဆုံးဖြတ်လိုက်တယ်။ မပ-စ်ခင် ကိုယ့်ကိုယ်ကိုယ် မထိခို-က်မိအောင် နောက်ကို အနည်းငယ် ဆုတ်ထားလိုက်ပါတယ်။

ဟန်ဆန်းဟာ ဒင်္ဂါးပြားကို မတော်မတရားကိုင်တွယ်ပြီး ကိုယ့်ကိုယ်ကိုယ် သ-တ်ေ-သသလိုလဲ မဖြစ်ချင်ပါဘူး။ အဲဒါကြောင့် မပစ်ခင် ဒင်္ဂါးပြားကို ဆကြည့်ခဲ့ပါတယ်။ ဒင်္ဂါးပြားဟာ မယုံနိုင်လောက်အောင် လေးလံတယ်။ သူနဲ့ တွင်းခေါင်းဟာ ၉ ပေ ဝေးပါတယ်။ ဒါပေမဲ့ သူဟာ ၁ ပေလောက် ရောက်အောင်ပဲ ပ-စ်နိုင်မယ်လို့ ခံစားနေမိပါတယ်။

အဲဒါကြောင့် ဟန်ဆန်းဟာ တွင်းခေါင်းအနီးကို အရင်ဆုံး လမ်းလျှောက်သွားလိုက်တယ်။ ဒင်္ဂါးပြားက အလွန်လေးလံတာကြောင့် ကိုးပေခရီးကို လမ်းလျှောက်ရတာဟာ ကိုးမိုင်ခရီးကို လမ်းလျှောက်ခဲ့ရသလိုပါပဲ။ ခြေလှမ်းတလှမ်းတလှမ်းစီဟာ ပေါက်ကွဲတော့မဲ့ ချိ-န်ကို-က်ဗုံ-းတလုံးကို ထမ်းထားရသလိုပါပဲ။ ဟန်ဆန်းဟာ ခြေလှမ်းတိုင်းမှာ ရုန်းကန်နေရပါတယ်။ သူ့ရိုးတွင်းချဉ်ဆီတွေတောင် တကျွီကျွီမြည်တဲ့ အထိပါပဲ။ 

ခြေလှမ်းသုံးလှမ်း လှမ်းပြီးနောက် ကိုးပေခရီးကို ရောက်ခဲ့တယ်။ အဲဒီသုံးလှမ်းဟာ သူ့အတွက်တော့ အလင်းနှစ်သုံးနှစ်ကြာခဲ့သလိုပါပဲ။

" အား... ဖင်ယားတဲ့အမှု အာမခံမရဆိုတာ ဒါပဲ၊ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသလို ဖြစ်တော့မှာလား ''

ဟန်ဆန်းဟာ ဒင်္ဂါးပြား တွင်းခေါင်းထဲ ပြုတ်ကျသွားတာကို ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်။

'' ငါ ဒီလို အရူးမထသင့်ခဲ့ဘူး ''

ဒင်္ဂါးပြားကတော့ ကျဆင်းနေတုန်းပါပဲ။

ဟန်ဆန်းရဲ့ခြေထောက်အောက်က မြေကြီးဟာ စတင်အက်ကွဲလာပါတယ်။ မြေကြီးဟာ ဒင်္ဂါးပြားရဲ့ကနဦး အလေးချိန်ကိုတောင် မခံပါနိုင်ဘူး။ တစက္ကန့်တောင်မပြည့်ခင်မှာပဲ ဟန်ဆန်းဟာ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ မြေကြီးဟာ ငလျင်လှုပ်သလို လှုပ်သွားတယ်လို့ ခံစားခဲ့ရတယ်။ အဲဒီနောက် သူ လဲကျသွားပါတယ်။
-------- --------- -------- ------- -------
-------- --------- -------- ------- --------

Super God Gene (1427)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၄၂၇)
-------- --------- -------- ------- -------
သူ့ခြေထောက်အောက်က မြေကြီးအက်ကွဲသွားပြီး အက်ကြောင်းထဲကတဆင့် သူပါ တွင်းခေါင်းထဲကျသွားတာကို ဟန်ဆန်းသတိပြုမိလိုက်တယ်။

ဟန်ဆန်းဟာ ဒင်္ဂါးပြားကိုပဲ လွတ်လွတ်လပ်လပ် ဆက်လက်ကျဆင်းစေပြီး သူ့ကိုယ်သူတော့ အကောင်းအတိုင်းရှိနေသေးတဲ့ မြေပြင်တနေရာဆီကို ပျံသန်းသွားခဲ့တယ်။ 

ဟန်ဆန်းဟာ တွင်းခေါင်းအနီးမှာ အချိန်အတော်ကြာ စောင့်နေခဲ့တယ်။ ဒါပေမဲ့ ဒင်္ဂါးပြားဟာ မြေကြီးကို အခုအချိန်အထိ ရှာတွေ့တဲ့ပုံမပေါ်ဘူး။ ရှာတွေ့ခဲ့ရင် ဒင်္ဂါးပြားဟာ ပေါ-က်ကွဲသွားလိမ့်မယ်။ ပေါ-က်ကွဲသွားရင် သူသိမှာ သေချာပါတယ်။

ဟန်ဆန်းဟာ စိတ်မရှည်တော့ဘဲ တွင်းခေါင်းထဲကို ခေါင်းငုံ့ပြီး ကြည့်လိုက်တယ်။ တွင်းခေါင်းထဲကနေ ကြောက်စရာစွမ်းအားတခု ရုတ်တရက် ထွက်ပေါ်လာပါတယ်။

ဟန်ဆန်းဟာ အဲဒီစွမ်းအားရဲ့တွန်းကန်အားကြောင့် ပေ ၁၅၀ အကွာလောက်အထိ လွင့်ထွက်သွားခဲ့တယ်။

ဒင်္ဂါးပြားရဲ့ပေါ-က်ကွဲအ-ားကြောင့် တွင်းခေါင်းဟာ ပြိုကျသွားခဲ့တယ်။ နံပါတ် ၁၀၀ ဒင်္ဂါးပြားက ထုတ်လွှတ်လိုက်တဲ့ စွမ်းအားဟာ ဟန်ဆန်းအတွက် နားမလည်နိုင်လောက်အောင်ကို ထိ-တ်လ-န့်စရာကောင်းလွန်းခဲ့ပါတယ်။

ဟန်ဆန်းဟာ ထရပ်လိုက်တယ်။ ပြီး သူ့ကိုယ်သူ ဖုတ်ဖက်ခါရင်း တွင်းခေါင်းဆီကို ဖြည်းဖြည်းချင်း သွားလိုက်တယ်။ တွင်းခေါင်းကို သူ အနီးကပ် ကြည့်ချင်သေးတယ်။ ဒါပေမဲ့ သူ တွင်းခေါင်းအနီးကို မရောက်ခင် သူ့ရဲ့စူပါဝိညာဉ်ဧကရာဇ်အသွင်က အရာဝတ္ထုတခုကို ထုတ်ပေးလိုက်သလို ခံစားလိုက်ရတယ်။ 

" အာ...ဟား... အလုပ်ဖြစ်သားပဲ...  နောက်ဆုံးမှာတော့ မျိုးရိုးဗီဇအဆီအနှစ်အသစ်ကို ဖန်တီးလို့ ရသွားပြီ "

ဟန်ဆန်းဟာ ရုတ်တရက် ပျော်သွားပြီး တွင်းခေါင်းကို ကြည့်ဖို့သွားတာကို ရပ်လိုက်ပါတယ်။

အခြားမျိုးရိုးဗီဇအဆီအနှစ်တွေကို ဖန်တီးဖွဲ့စည်းခဲ့တုန်းကလို ပစ္စည်းတခုဟာ စိတ်သိုလှောင်ခန်းထဲကို ရောက်ရှိလို့ လာခဲ့ပါတယ်။ 

အဲဒါဟာ စိတ်သိုလှောင်ခန်းရဲ့တနေရာမှာ ဝဲတခုလို လည်နေတယ်။ အနက်ရောင်ပုံဆောင်ခဲက ခါတိုင်းလိုပဲ အရည်တချို့ကို ထုတ်လွှတ်လိုက်ပြီး မျိုးရိုးဗီဇအဆီအနှစ်တခုဖြစ်ပေါ်တဲ့ ဖြစ်စဉ်မှာ တထောင့်တနေရာက အားဖြည့်ပါဝင်ပေးခဲ့တယ်။

အခုအချိန်မှာ အနက်ရောင်ပုံဆောင်ခဲဟာ သိပ်မကြီးတော့ပါဘူး။ အခြားမျိုးရိုးဗီဇအဆီအနှစ်တွေကို ဖန်တီးခဲ့တုန်းက အရည်တွေကို ထုတ်ပေးလိုက်ရလို့ သူ့အရွယ်အစားဟာ မူလအရွယ်အစားရဲ့ ငါးဆယ်ရာခိုင်နှုန်းပဲ ရှိတော့တယ်။ အခုတဖန် အရည်တွေကို ထပ်မံထုတ်ပေးရပြန်တဲ့အတွက် သူ့အရွယ်အစားက ပိုပြီးသေးငယ်သွားပါတယ်။

ဒါပေမဲ့ ဒီတကြိမ်မှာတော့ ဟန်ဆန်းရဲ့ ထိ-တ်လ-န့်တု-န်လှု-ပ်ချော-က်ချ-ားမှုနဲ့ အံ့သြမိန်းမောမှုဟာ အဆင့်အသစ်တခုဆီ ရောက်ရှိသွားခဲ့တယ်။

အနက်ရောင်ပုံဆောင်ခဲဟာ တဖြည်းဖြည်းနဲ့ မူလပုံစံနဲ့ မတူတော့ဘူး။ အရောင်လုံးဝပြောင်းသွားတယ်။ ပုံသဏ္ဌာန်လဲ ပျ-က်စီးသွားတယ်။ ပုံဆောင်ခဲကနေ အလင်းဖောက်ပစ္စည်းတခုဖြစ်သွားတယ်။ အတွင်းပိုင်းမှာ နေထီးဆောင်းသဏ္ဌာန်မှုန်ဝါးဝါးဖြစ်နေတယ်။

အခု ပုံဆောင်ခဲမှာ အနက်ရောင်မပါတော့ဘူး။ ပုံဆောင်ခဲအတွင်းထဲက အလင်းဟာ လွတ်လွတ်လပ်လပ် ထွန်းလင်းတောက်ပနေတယ်။ နေထက်တောင် ပိုမိုတောက်ပပါသေးတယ်။

ဟုတ်ပါတယ်။ အလွန်တောက်ပပါတယ်။ ဒါပေမဲ့ ဟန်ဆန်းဟာ အလင်းထဲမှာ ဘာရှိတယ်ဆိုတာကို မမြင်ရပါဘူး။ ဒါပေမဲ့လဲ သူ့စွမ်းအားကိုတော့ ခံစားနိုင်ပါတယ်။

ပုံဆောင်ခဲအကြောင်း နောက်ထပ် မစုံစမ်း မစစ်ဆေးရသေးခင် မျိုးရိုးဗီဇအဆီအနှစ်ဖန်တီးတဲ့ လုပ်ငန်းစဉ်ဟာ ပြီးဆုံးသွားခဲ့တယ်။ စူပါဝိညာဉ်ဧကရာဇ်အသွင်ရဲ့ မျိုးရိုးဗီဇအဆီအနှစ်ဟာ ဒင်္ဂါးပြားပုံစံရှိပါတယ်။ 

ဒင်္ဂါးပြားရဲ့ရှေ့ဘက်မှာ နံပါတ် ၁ လို့ ရေးထားပြီး နောက်ဘက်မှာ ဟန်ဆန်းရဲ့ စူပါဝိညာဉ်ဧကရာဇ်အသွင်ကို ဖော်ပြထားပါတယ်။ 

ကိုယ်ပိုင်မျိုးရိုးဗီဇအဆီအနှစ် : ကြေးညိုရောင်ဒင်္ဂါးပြား

ဒါပေမဲ့ ဟန်ဆန်းဟာ မျိုးရိုးဗီဇအဆီအနှစ်အသစ်ကို အသေးစိတ်စစ်ဆေးနေဖို့ အချိန်မရှိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ နေထီးဆောင်းရဲ့တောက်ပမှုပမာဏဟာ ဟန်ဆန်းကိုတောင် မျက်မမြင်တယောက်လို ဖြစ်စေခဲ့လို့ပါ။ 

ကံကောင်းတာက အဲဒီအလင်းကြောင့် ဘာမှ မထိခိုက်ခဲ့ဘူး။ မျက်မမြင်ဖြစ်ပြီလို့ ကိုယ့်ကိုယ်ကိုယ်ထင်ခဲ့ပေမဲ့ အချိန်တိုအတွင်း အမြင်အာရုံကို ပြန်လည်ရရှိခဲ့ပါတယ်။

ဟန်ဆန်းဟာ အနက်ရောင်ပုံဆောင်ခဲရှိခဲ့တဲ့ နေရာကို နောက်တကြိမ်ကြည့်ခဲ့တယ်။ သူမြင်လိုက်ရတဲ့အရာက သူ့ကို နောက်ထပ်တဖန် အံ့အားသင့်စေခဲ့ပြန်တယ်။ 

အဲဒီနေရာမှာ အနက်ရောင်ပုံဆောင်ခဲမရှိတော့ဘဲ လေးလံတဲ့ ချပ်ဝတ်တန်ဆာတစ်ခုရှိနေပါတယ်။ ချပ်ဝတ်တန်ဆာက ကိုယ်ကျပ်အမျိုးအစားဖြစ်ပြီး မိန်းမဝတ်ဆန်ပါတယ်။ 

ချပ်ဝတ်တန်ဆာရဲ့ ခါးနေရာမှာ အနက်ရောင်ကျောက်သလင်းဓားတလက် ချိတ်လျက် ပါရှိပြီး နောက်ကျောမှာတော့ အနက်ရောင်ကျောက်သလင်းအတောင်ပံတွေပါရှိပါတယ်။

အနက်ရောင်ကျောက်သလင်း ချပ်ဝတ်တန်ဆာဟာ အဲဒီနေရာမှာ မလှုပ်မယှက် ရှိနေပါတယ်။ ချပ်ဝတ်တန်ဆာထဲမှာ သားရဲတကောင်ကောင်ရှိမရှိ သူ,မသိပေမဲ့ ချပ်ဝတ်တန်ဆာထဲက စွမ်းအင်ဟာ ညဧကရီရဲ့စွမ်းအင်ထက် ကျော်လွန်လိမ့်မယ်လို့တော့ သူပြောနိုင်ပါတယ်။

ဟန်ဆန်းဟာ အဲဒီစွမ်းအင်ကို အာရုံခံကြည့်ဖို့ ကြိုးစားကြည့်ခဲ့တယ်။ ဒါပေမဲ့ အာရုံ ခံနေတုန်းမှာပဲ စွမ်းအင်ဟာ တဖြည်းဖြည်း လျော့နည်းသွားတာကို သတိထားခဲ့မိပါတယ်။ အချိန်အနည်းငယ် ပိုကြာသွားပြီးနောက် စွမ်းအင်အားလုံး ပျောက်ဆုံးသွားခဲ့ပါတယ်။
-------- --------- -------- ------- --------
အရိပ်ရဲတိုက်မှာ အသ-က်ကိုးခုကြောင်ဟာ မျက်လုံးနှစ်လုံးကို ရုတ်တရက် ဖွင့်လိုက်တယ်။ သူ့ပုံစံက စိတ်ရှုပ်ထွေးနေတဲ့ ပုံပါပဲ။ သူဟာ အိပ်နေရာက ရုတ်တရက် ထပြီး ဟန်ဆန်းရှိရာချိုင့်ဝှမ်းဆီကို ပြေးသွားခဲ့ပါတယ်။ 

အသက်ကိုးခုကြောင်ဟာ ဟန်ဆန်းကို မြင်ပြီးနောက် ဟန်ဆန်းဆီကို ပြေးသွားပြီး အလျင်စလို မေးလိုက်တယ်။

" ထူးဆန်းတယ်၊ အဲဒါကို ငါခံစားရတယ်၊ အဲဒါဘယ်မှာလဲ၊ ပြန်သွားပြီလား ''

အသက်ကိုးခုကြောင်ဟာ နှာခေါင်းကို ရှုံ့လိုက်ဖွလိုက်နဲ့ အပျ-က်အစီ-းတွေကြားမှာ
တစုံတရာကို ရှာဖွေနေပါတယ်။ ဒါပေမဲ့ ဘာမှ မတွေ့ခဲ့ပါဘူး။

" ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ ''

ဟန်ဆန်းက မေးလိုက်တယ်။ ဒါပေမဲ့ အသက်ကိုးခုကြောင် က သူ့မေးခွန်းကို မဖြေဘဲ "တခုခုတွေ့လိုက်လား"လို့ပဲ ပြန်မေးခဲ့တယ်။

'' ဘာလဲ၊ ကျနော်က ဘာကို တွေ့ရမှာလဲ ''

ဟန်ဆန်းက စိတ်ရှုပ်ထွေးသွားတဲ့ အမူအရာနဲ့ ပြန်မေးခဲ့တယ်။

အသ-က်ကိုးခုကြောင်က ဟန်ဆန်းကို လျစ်လျူ ရှုပြီး တခုခုကို စဉ်းစားလျက် သူ့ကိုယ်သူ ပြောဆိုခဲ့တယ်။

" ငါမှားသွားတာလား၊ ဒီလိုတော့ မဖြစ်သင့်ဘူး "

" မှားတယ်၊ ဘာမှားတာလဲ၊ ကျနော့်ကို ပြောပြမလား ''

ဟန်ဆန်းက မေးခွန်းတွေထုတ်ရင်း အသ-က်ကိုးခုကြောင်ဆီ လမ်းလျှောက်သွားခဲ့တယ်။

အသ-က်ကိုးခုကြောင်က သူ့အမြီးကို လှုပ်ရင်း ပြန်ပြောလိုက်တယ်။

'' ဒါက မင်းကိစ္စမဟုတ်သေးဘူး၊ မင်းမှာက အခုမှ ကြေးညိုရောင်မျိုးရိုးဗီဇအဆီအနှစ်တွေပဲ ရှိသေးတယ်၊ အဲတော့ နတ်ဘုရားဖြစ်ဖို့ အဝေးကြီး လိုသေးတယ်၊ မင်းရဲ့ ကြေးညိုရောင်မျိုးရိုးဗီဇအဆီအနှစ်တွေကို မြန်မြန်ဆန်ဆန် အဆင့်မြှင့်ဖို့ စဉ်းစားသင့်တယ် "

" ကျနော် နတ်ဘုရားဖြစ်မဖြစ်က ခင်ဗျားအတွက် အရေးကြီးလို့လား၊ ကျနော့်ကိစ္စတွေကို ဘာလို့ စိတ်ဝင်စားနေတာလဲ "

ဟန်ဆန်းက မေးလိုက်တယ်။

အသ-က်ကိုးခုကြောင်က ဟန်ဆန်းကို အလေးအနက် ကြည့်ပြီး ပြောလိုက်တယ်။
 
" မင်း နတ်ဘုရားမဖြစ်ရင် ငါ ဘယ်လိုပြန်ရမလဲ၊ မတွေးတတ်တော့ဘူး "

အသ-က်ကိုးခုကြောင်က ပြောပြီးခါမှ သူ,မပြောသင့်တာကို ပြောလိုက်မှန်း သတိပြုလိုက်မိတယ်။

'' ပြန်မယ်၊ ဘယ်ကို ပြန်မှာလဲ ''

ဟန်ဆန်းက ချက်ချင်း မေးလိုက်တယ်။

" ဘာမှမဟုတ်ဘူး၊ ဘာမှမဟုတ်တော့ဘူး "

အသ-က်ကိုးခုကြောင်ဟာ ပြောပြီးတာနဲ့ ဘာမျှမဖြစ်သလို ထွက်သွားဖို့ ပြင်ဆင်လိုက်တယ်။ 

" ခင်ဗျားက ပဉ္စမနတ်ဘုရားကမ္ဘာက လာတာလား "

ဟန်ဆန်းက ထပ်မေးလိုက်တယ်။

အသ-က်ကိုးခုကြောင်က ဟန်ဆန်းကို ပြန်လှည့်မကြည့်ဘဲ ဆက်လက်ထွက်ခွာသွားရင်း ပြောခဲ့တယ်။

'' ပဉ္စမနတ်ဘုရားကမ္ဘာကို သွားဖို့က မလွယ်ဘူး ''

ဟန်ဆန်းက မေးခွန်းတွေထပ်မေးချင်သေးပေမဲ့ အသ-က်ကိုးခုကြောင်က မရှိတော့ပါဘူး။ 
-------- --------- -------- ------- --------
ဟန်ဆန်းဟာ ခေါင်းခါပြီး ကြောင်ကို လျစ်လျူ ရှုလိုက်တယ်။ ပြီးတော့ စိတ်သိုလှောင်ခန်းထဲကို ပြန်အာရုံစိုက်ခဲ့တယ်။ ချပ်ဝတ်တန်ဆာက အဲဒီမှာ ရှိနေတုန်းပါပဲ။ ဒါပေမဲ့ ချပ်ဝတ်တန်ဆာမှာ အသက်အားမရှိတော့ပါဘူး။

ဒါပေမဲ့ ထူးဆန်းတာက အဲဒီချပ်ဝတ်တန်ဆာကို စိတ်သိုလှောင်ခန်းထဲကနေ ထုတ်လို့ မရခဲ့ဘူး။ အဲဒါကြောင့် သူဟာ ချပ်ဝတ်တန်ဆာကို စိတ်မျက်စိနဲ့ ကြည့်ပြီး စူးစမ်းလေ့လာရုံပဲ တတ်နိုင်ခဲ့ပါတယ်။ အဲဒီအနက်ရောင်ကျောက်သလင်းချပ်ဝတ်တန်ဆာကို ကြည့်လိုက်တိုင်း ထူးဆန်းတဲ့ခံစားချက်တခုကို ခံစားခဲ့ရပါတယ်။

ဟန်ဆန်းဟာ အခု ပြန်သင့်ပြီလို့ တွေးလိုက်မိတယ်။ ဒါပေမဲ့ သူ,မထွက်ခွာခင်မှာ တွင်းခေါင်းထဲကို တခေါက်ငုံ့ကြည့်လိုက်တယ်။ တောက်ပတဲ့ တစုံတရာကို တွေ့လိုက်ရပါတယ်။ အဲဒီနေရာအောက်မှာ တခုခုရှိနေသလိုပါပဲ။

တွင်းခေါင်းထဲမှာ မှောင်နေတယ်။ အလင်းရှိတဲ့နေရာကလဲ အရမ်းနက်နေပုံရတဲ့အတွက် ဘာဖြစ်မယ်ဆိုတာကို သိဖို့ ခက်ခဲပါတယ်။
-------- --------- -------- ------- --------
-------- --------- -------- ------- --------

Super God Gene (1428)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၄၂၈)
-------- --------- -------- ------- -------
ဟန်ဆန်းဟာ တွင်းရဲ့အနက်ရှိုင်းဆုံးအပိုင်းကို အာရုံခံဖို့ တုံရွမ်အော်ရာကို သုံးလိုက်တယ်။ ဒါပေမဲ့ အမှောင်ထဲမှာ ဘာတွေရှိနေတယ်ဆိုတာ၊ အထူးသဖြင့် သားရဲတကောင်ကောင်ရှိနေသလားဆိုတာကို မထောက်လှမ်းနိုင်ခဲ့ဘူး။

ဟန်ဆန်းရဲ့ဒင်္ဂါးပြားကြောင့် သားရဲတချို့ေ-သကြေပြီး တချို့မေ-သဘဲ အသ-က်ရှင်ခဲ့ရင် အဲဒီအသ-က်ရှင်ကျန်ခဲ့တဲ့ သားရဲတွေဟာ အခုလောက်ဆို ကစဉ့်ကလျားဖြစ်ကာ အော်ဟစ်ပြီး ထွက်လာနေလောက်ပါပြီ။

အဲဒါကြောင့် ကြောက်စရာ ဘာမှမရှိတော့ဘူးလို့ ယူဆလျက် ဟန်ဆန်းဟာ တွင်းခေါင်းကို အရင် စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

တွင်းခေါင်းဟာ အလွန်ကြီးမားပြီး အလွန်နက်ရှိုင်းတယ်။ စောစောက ပေါက်-ကွဲမှုကြောင့် လေထဲမှာ ဖုန်မှုန့်တွေ၊ မြေစိုင်ခဲတွေ၊ ကျောက်စကျောက်နတွေ ရှိနေပါတယ်။ ဟန်ဆန်းဟာ အဲဒါတွေကို ရှောင်တိမ်းပြီး အောက်ကို ဆင်းလာခဲ့တယ်။ အောက်ရောက်လေ ပေါက်-ကွဲမှုက ဘယ်လောက်ပြင်းထန်တယ်ဆိုတာကို တွေ့ရလေပါပဲ။

တွင်းခေါင်းရဲ့အောက်ခြေမှာ ဥမင်လိုဏ်ခေါင်းတခုရှိတယ်။ အဲဒါဟာ သဘာဝအတိုင်း ဖြစ်ပေါ်နေတာ မဟုတ်ဘူးလို့ ပြောနိုင်တယ်။ ဥမင်လိုဏ်ခေါင်းဟာ တနေရာရာကို ဦးတည်နေတာ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဘယ်နေရာကိုလဲ ဆိုတာကိုတော့ သူလဲ မသိပါဘူး။ 

စောစောက ဟန်ဆန်းမြင်ခဲ့ရတဲ့အလင်းရောင်ဟာ ဥမင်လိုဏ်ခေါင်းထဲက လာတာ ဖြစ်နိုင်တယ်။ အဲဒါကို ဥမင်လိုဏ်ခေါင်းထဲ ကိုယ်တိုင်ချောင်းကြည့်တဲ့အခါ အတည်ပြုနိုင်ခဲ့တယ်။

ဟန်ဆန်းဟာ မှောင်ရိပ်လွှမ်းတဲ့ ဥမင်လိုဏ်ခေါင်းကို ဖြတ်ကျော်ပြီးနောက် အတော်အတန်ကြီးမားတဲ့ အခန်းတခုကို ရောက်ရှိသွားခဲ့တယ်။ အခန်းရဲ့ အလယ်ဗဟိုမှာ သားရဲတကောင်ရှိတဲ့အတွက် အဲဒီအခန်းဟာ အသိုက်နဲ့တူနေတယ်။ အဲဒီသားရဲက မြွေတကောင်ဖြစ်ပါတယ်။

မြွေက အဖြူ တရစ်၊ အနက်တရစ်နဲ့ အတော်လှပြီး အဖြူ အပိုင်းက ဓာတ်မီးချောင်းလို လင်းလက်နေတယ်။ နီယွန်ဓာတ်ငွေ့ထည့်ထားလို့ အလင်းတွေထွက်နေသလိုပါပဲ။ အဲဒါကို ကြည့်ပြီး စောစောက သူမြင်ခဲ့တဲ့ အလင်းရောင်ဟာ ဒီမြွေဆီက ထွက်လာတဲ့ အလင်းရောင်တွေပဲ ဖြစ်ရမယ်လို့ ကောက်ချက်ချလိုက်ပါတယ်။ 

အဲဒီမြွေဟာ ပေ ၃၀၀ လောက် ရှည်တယ်။ ဒါပေမဲ့ အံ့ဩစရာက သူ့မှာ ပါးစပ်နဲ့ မျက်လုံးတွေ မပါရှိဘူး။ သူ့ပုံသဏ္ဌာန်နဲ့ ဖွဲ့စည်းပုံအရ တီကောင်လို့လဲ ပြောနိုင်ပါတယ်။

ဟန်ဆန်းက မျက်နှာဖြစ်နိုင်တယ်လို့ ခန့်မှန်းယူဆခဲ့တဲ့ အစွန်းတဖက်မှာတော့ ချိုတချောင်းရှိတယ်။ အဲဒီချိုကလဲ မြွေရဲ့ခန္ဓာကိုယ်လိုပဲ အဖြူ တရစ်၊ အနက်တရစ်ရှိတယ်။ တီကောင်တွေလို သူနေတဲ့နေရာမှာ တွန့်လိမ်မနေပါဘူး။ သူဟာ မြွေတစ်ကောင်လိုပဲ ရွေ့လျားနိုင်ပါတယ်။

ဟန်ဆန်းဟာ သားရဲကို တုံရွမ်အော်ရာနဲ့ အာရုံခံကြည့်လိုက်တယ်။ စူပါသားရဲတကောင်ဖြစ်နိုင်တယ်လို့ ခံစားသိရှိခဲ့တယ်။  

ဟန်ဆန်းဟာ သားရဲကို အကဲခတ်နေခဲ့တယ်။ သားရဲဟာ နေရာမှာ ငြိမ်မနေဘူး။ သူဟာ ရှေ့နောက်လူးလွန့်နေတယ်။ သူ့ကြည့်ရတာ တစုံတရာကို ရှာဖွေနေသလိုပဲ။

ဟန်ဆန်းဟာ အသ-က်ရှူ သံမထွက်အောင် ဖိနှိပ်ရင်း အသ-က်အားကိုလဲ ဖုံးကွယ်ထားလိုက်တယ်။ ပြီးနောက် ခေတ္တပုန်းလျှိုးကွယ်လျှိုးလုပ်ကာ စောင့်ကြည့်နေဖို့ ဆုံးဖြတ်လိုက်တယ်။ ကံကောင်းရင် အသိုက်တခုကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။

သားရဲက ဒီနေရာမှာ သူရှိမှန်းသိရင် သူ့ကို ရ-န်ရှာမှာ ေ-သချာတယ်။ အဲဒီလို ရ-န်ရှာလာရင် တို-က်ခို-က်ရမှာ ေ-သချာတယ်။ ဟန်ဆန်းဟာ အနိုင်မေ-သချာတဲ့ တို-က်ပွဲကို မဆင်နွှဲချင်ပါဘူး။ အသ-က်ဟာ တန်ဖိုးရှိပါတယ်။

တကယ်လို့ သူ့မှာ ကျောက်မျက် မျိုးရိုးဗီဇအဆီအနှစ် တခုရှိခဲ့ရင် သူဟာ တို-က်ခို-က်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခု သူ့မှာ ကျောက်မျက်မျိုးရိုးဗီဇအဆီအနှစ်တခု မရှိခဲ့ပါဘူး။ အဲဒါကြောင့် တို-က်လဲ မတို-က်ဖြစ်ခဲ့ပါဘူး။ 

ခဏတဖြုတ် စောင့်ကြည့်ပြီးတဲ့နောက် ဟန်ဆန်းဟာ တီကောင်မြွေဘာဆက်လုပ်မယ်ဆိုတာကို ကောင်းကောင်းကြီး ရိပ်စားမိခဲ့တယ်။ တကယ်တော့ တီကောင်မြွေဟာ ဘာကိုမှ ရှာဖွေမနေခဲ့ပါဘူး။ တကယ်တော့ သူဟာ မြေအောက်ခန်းကို တိုးချဲ့နေတာပါ။

သူက ဥမင်လိုဏ်ခေါင်းကို လိုဏ်ဂူကြီးဖြစ်အောင် ချဲ့ထွင်နေတဲ့ပုံပေါ်တယ်။ သူဟာ နံရံတွေကို သူ့အကြေးခွံတွေနဲ့ ခြစ်ချခဲ့တယ်။ အဲဒီလို တခါလုပ်တိုင်း ဥမင်လိုဏ်ခေါင်းဟာ ၃ပေလောက်စီ ကျယ်သွားပါတယ်။ 

သားရဲဟာ အဲဒီအလုပ်ကိုပဲ
ထပ်ခါထပ်ခါ ဆက်လုပ်နေတယ်။ ဒီလိုနဲ့ သူနေတဲ့နေရာဟာ အတော်လေး ကျယ်လာခဲ့ပါတယ်။

" သူက ကိုယ့်ကိုယ်ကို ေ-သေ-ကြာင်းကြံစည်ဖို့ လုပ်နေတာလား၊ အဲဒါကြောင့် မေ-သခင် ကိုယ့်တွ-င်းကိုယ်တူးနေတာလား ''

ဟန်ဆန်းက သူ့ဘာသာသူ စဉ်းစားခဲ့မိတယ်။

ဟန်ဆန်းဟာ ကြည့်ရင်း ကြည့်ရင်း ပျင်းရိလာတယ်။ စူးစမ်းလိုစိတ်တွေလျာ့နည်းလာတယ်။ အဲဒီအချိန်မှာ သားရဲတူးနေတဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ တစုံတခုဟာ ရုတ်တရက်ပေါ်လာပါတယ်။ အဲဒီအရာက ကြွေထည်ပစ္စည်းတခုနဲ့တူပြီး အဖြူ ဖျော့ရောင်ရှိပါတယ်။ 

အဲဒါကို တွေ့ရှိတဲ့အခါ သားရဲဟာ အားတက်သွားပြီး အားသစ်အင်သစ်တွေနဲ့ ဆက်တူးလိုက်ပါတယ်။ သူ့တူးနှုန်းက မြန်လာတယ်။ မြေသားကလဲ ပိုမာလာပါတယ်။

အဲဒီပစ္စည်းဟာ အိုးတလုံးနဲ့လဲ တူပါတယ်။ အဲဒါကြောင့် ဟန်ဆန်းက ရှေးဟောင်းပစ္စည်းတခုလို့ ယူဆခဲ့တယ်။ ဒါပေမဲ့ ရုပ်လုံးပေါ်လာတာနဲ့အမျှ  ဥတစ်ဥဖြစ်ကြောင်း သိရှိခဲ့ပါတယ်။

ဥဟာ မငယ်နိုင်ပါဘူး။ ဟန်ဆန်း မြေပေါ်မှာ မြင်ရသလောက်တော့ ၃ပေအမြင့် ရှိပါတယ်။ ဥရဲ့ အစိတ်အပိုင်းအများစုကတော့ မြေအောက်မှာ မြုပ်နေတုန်းပါပဲ။

" အမ်း... ဒါက ဥတစ်ဥဆိုရင် ဒီဥကို ဥခဲ့တဲ့ မိခင်သားရဲဟာ ဘယ်လောက်တောင် ကြီးလိမ့်မလဲ၊ ဒီသားရဲက ဥကို ခိုးဖို့ လုပ်နေတာလား ''

ဟန်ဆန်းက တွေးလိုက်တယ်။

နောက်ဆုံးမှာ သားရဲဟာ ဥတစ်လုံး,လုံးပေါ်အောင် တူးနိုင်ခဲ့တယ်။ ဒါပေမဲ့ သားရဲက ဥကို စိတ်မဝင်စားတဲ့အလား ဆက်တူးနေခဲ့ပါတယ်။ 

အဲဒီအချိန်မှာ ဟန်ဆန်းကတော့ စိတ်တွေအရမ်းလှုပ်ရှားနေပါတယ်။

" ဟမ်... သားရဲထွက်သွားပြီ၊ ဒီဥက ဘာသားရဲရဲ့ ဥဖြစ်ဖြစ် စူပါသားရဲဥဖြစ်မှာ သေချာတယ်၊ ဒါဆို စူပါအမှတ်တွေ ရပြီပေါ့ ''

ဟန်ဆန်းဟာ ကိုယ့်အတွေးနဲ့ကိုယ် ပျော်သွားပါတယ်။

ဟန်ဆန်းဟာ လ-မ်းကြေ-ာင်းရှ-င်းမရှင်းကို တုံရွမ်အော်ရာနဲ့ စစ်ဆေးခဲ့တယ်။ တီကောင်မြွေထွက်သွားပြီဖြစ်ပေမဲ့ ဥနဲ့ သူနဲ့က အလှမ်းကွာဝေးနေတုန်းပဲ။ 

" ဘာမှမဖြစ်လောက်ပါဘူး "

ဟန်ဆန်းက သူ့ကိုယ်သူ ရဲဆေးတင်ပေးလိုက်တယ်။ ပြီးနောက် ဥဆီကို ဖြည်းဖြည်းချင်း ချဉ်းကပ်လိုက်ပါတယ်။ 

ဟန်ဆန်းဟာ ဥကို ကျောက်စိမ်းပုလင်းထဲ ထည့်ဖို့ စဉ်းစားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အေ-ရးေ-ပ်ါပြေးရရင် ဥကို မရလိုက်မှာ စိုးရိမ်လို့ပါ။

ဒါပေမဲ့ ကျောက်စိမ်းပုလင်းက ဘူးသီးခြောက်နဲ့ မတူဘူး။ သူက ဖုန်စုပ်စက်လို စုပ်မယူနိုင်ပါဘူး။ ကျောက်စိမ်းပုလင်းထဲ ပစ္စည်းတခုခုထည့်ချင်ရင် ပစ္စည်းကို ကိုယ်တိုင် မပြီး ဖိသွင်းရပါတယ်။

သူ့အတွက် ဝမ်းနည်းစရာက သူတတ်နိုင်သလောက် ကြိုးစားပြီး မ,ကြည့်ပေမဲ့ မ,လို့ မရခဲ့ဘူး။

ဥထဲမှာ ဘယ်လိုအနှစ်တွေပါလို့ ဒီလောက်လေးနေသလဲလို့ တွေးမိခဲ့ပါတယ်။

ဟန်ဆန်းဟာ ဘာဆက်လုပ်ရမလဲတွေးနေတယ်။ သူဟာ ဥကို နေရာလဲ မပြောင်းနိုင်ဘူး။ တထိုင်ထဲမှာလဲ ကုန်အောင် မစားနိုင်ပါဘူး။

ဟန်ဆန်းခေါင်းထဲကို ဖြေရှင်းနည်းတခုဝင်ရောက်လာတဲ့အခါ တီကောင်မြွေပြန်လာတာကို ကြားလိုက်ရတယ်။ ကံကောင်းတာက တီကောင်မြွေဟာ အလွန်နှေးကွေးတဲ့ နှုန်းနဲ့ ပြန်လာနေပါတယ်။ ကျူးကျော်ဝင်ရောက်လာသူက ဥကို ဆာလောင်မွတ်သိပ်နေကြောင်း သူ,မသိရသေးပါဘူး။

ဟန်ဆန်းဟာ အချိန်ကို တွက်ကြည့်လိုက်တယ်။ ထွက်မပြေးခင် တမိနစ်လောက် ရနိုင်ပါတယ်။ အဲဒီတမိနစ်အတွင်း အဲဒီဥကို သူဖြေရှင်းနိုင်ပါ့မလားလို့ တွေးလိုက်တယ်။ ပြီးနောက် ဒါဆို လက်လျှော့လိုက်ရမလားလို့ သူ့ကိုယ်သူ ဆက်မေးခဲ့ပါတယ်။

ဒါပေမဲ့ စူပါဥက အလွန်ရှားပါးတယ်။ တွေ့ရခဲတယ်။ အဲဒါကြောင့် အဲဒါကို စွန့်ပစ်ရမည်ဆိုတဲ့အတွေးဟာ သူ့နှလုံးသားကို ကွဲကြေစေခဲ့တယ်။ ထီပေါက်ပြီး လက်မှတ်ပျောက်တဲ့ အဖြစ်မျိုးပါပဲ။

ဟန်ဆန်းဟာ ဥကို တွန်းကြည့်ခဲ့တယ်။ ဒါပေမဲ့ တစ်လက်မတောင် မရွေ့ခဲ့ဘူး။ ဥဟာ ထိတ်လန့်စရာကောင်းလောက်အောင် လေးလံပါတယ်။

ဟန်ဆန်းဟာ ဆုတ်-ခွာ-ထွက်-သွားဖို့ ဆုံးဖြတ်ပြီးမှ ဥမှာ တခုခုမှားနေတာကို သတိထားမိခဲ့တယ်။

" ငါ့ကို ဘယ်ကို ခေါ်သွားဖို့ ကြိုးစားနေတာလဲ "

ရုတ်တရက် မိန်းမတယောက်ရဲ့အသံက အခန်းထဲမှာ ပဲ့တင်ထပ်ကာ ကြားလိုက်ရပါတယ်။

ခဏကြာတော့ တီကောင်မြွေကြီး ပြန်ပေါ်လာတယ်။ သူ့ခေါင်းပေါ်မှာ လှပတဲ့အမျိုးသမီးတယောက်ထိုင်နေတယ်။

တီကောင်မြွေကြီးဟာ ဥဆီကို တည့်တည့်လျှောက်လာတယ်။ အမျိုးသမီးဟာ ဥကို ကြည့်ပြီး အံ့သြသွားပါတယ်။
-------- --------- -------- ------- --------
-------- --------- -------- ------- --------

Super God Gene (1429)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၄၂၉)
-------- --------- -------- ------- -------
'' မြွေဘုရင်...  ဒီဥက တော်တော်ထူးခြားပုံရတယ်၊ စူပါသားရဲဥလား ''

အမျိုးသမီးက မြွေပေါ်က ဆင်းကာ ဥဆီကို သွားပြီး ဥကို ပုတ်ကြည့်လျက် ပြောလိုက်တယ်။ 

တီကောင်မြွေက အမျိုးသမီးကို ခေါင်းညိတ်ပြခဲ့တယ်။

" ကောင်းတာပေါ့၊ ငါတို့ စူပါသားရဲဥတွေမရတာ အတော်ကြာပြီ၊ ဒါကို ငါတို့ယူသွားတာ အကောင်းဆုံးဖြစ်မယ် '' 

အမျိုးသမီးက ဆက်ပြောလိုက်တယ်။ 

တီကောင်မြွေက လေးလံတဲ့ဥကြီးကို သူ့ခန္ဓာကိုယ်နဲ့ ရစ်ပတ်ပြီး မဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မ,လိုက်တဲ့အခါ ဥဟာ ကွဲအက်သွားပါတယ်။

အင်မတန်လေးလံတဲ့ဥကြီးဟာ ဒီလိုမျိုးအက်ကွဲသွားလိမ့်မယ်လို့ သူတို့မထင်ခဲ့ဘူး။ အဲဒါကြောင့် အက်ပြိုကွဲကျနေတာကို ငေးကြည့်နေခဲ့တယ်။ အဲဒီလိုငေးကြည့်နေတုန်း ဥကြီးထဲကနေ တစုံတရာထွက်လာတာကို တွေ့လိုက်ရပါတယ်။ အဲဒီတစုံတရာက
အဖြူရောင်တွေနဲ့ လင်းလက်တောက်ပနေတဲ့ လူတူသားရဲတကောင်ပါပဲ။

တကယ်တော့ အဲဒီလူတူသားရဲဟာ အခြားသူမဟုတ်ပါဘူး။ ဟန်ဆန်းပါပဲ။

ဥနဲ့ပတ်သက်ပြီးဟန်ဆန်းနားလည်ခဲ့တာက ဥထဲမှာ အနှစ်တွေမရှိဘဲ ဗလာဟင်းလင်းဖြစ်နေတယ်ဆိုတာပါပဲ။

ဟန်ဆန်းဟာ တွင်းတူးပြီး ဥအောက်ကို သွားခဲ့တယ်။ ပြီးတော့ ဥထဲကို ဝင်ခဲ့တယ်။ ပြီးတော့ မွေးဖွားတော့မဲ့ကလေးရဲ့အခန်းကဏ္ဍကို ပြင်ဆင်နိုင်ခဲ့တယ်။

စစချင်းတော့ ဟန်ဆန်းဟာ ဥထဲကနေ ချက်ချင်း ပြန်ထွက်ဖို့ စဉ်းစားခဲ့တယ်။

ဥထဲမှာ တခုခုကို တွေ့လိုက်ရတယ်။ အဲဒါက မွှေးကြိုင်တဲ့မှိုတွေပါပဲ။ ဟုတ်ပါတယ်။ ဥထဲမှာ မှိုတွေအများကြီးရှိနေပါတယ်။ သူက အနံ့ခံကြည့်ပြီး မှိုတွေကို စားဖို့ စီစဉ်ခဲ့တယ်။

ထူးဆန်းပါတယ်။ မှိုရဲ့အနံ့က သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေကို လှုံ့ဆော်ပေးနိုင်တယ်။ တကယ့်ကို လန်းဆန်းတက်ကြွအားရှိစေတဲ့ အနံ့ပါပဲ။ အဲဒါက မှိုတွေကို အိမ်သယ်သွားဖို့ ဟန်ဆန်းကို မြူ ဆွယ်နေသလိုပါပဲ။

" ဒါတွေက စားကောင်းမဲ့ပုံပဲ၊ ဟုတ်တယ်၊ တကယ်စားကောင်းမဲ့ပုံပဲ '' 

ဟန်ဆန်းက သူ့ကိုယ်သူ အကြိမ်ကြိမ် ပြောရင်း မှိုတွေအားလုံးကို ကျောက်စိမ်းပုလင်းထဲ ထည့်လိုက်ပါတယ်။

ဟန်ဆန်းဟာ သူ့အသက်အားကို ဖုံးကွယ်ထားတာကြောင့် ဥအောက်မှာ သူတူးထားတဲ့ မြေအောက်လမ်းကြောင်းကနေ အေးအေးဆေးဆေး ပြန်လည်ထွ-က်ခွ-ာသွားနိုင်တယ်။ မြေအောက် လမ်းကြောင်းရဲ့အစက တီကောင်မြွေရဲ့အခန်းနဲ့ အတော်ဝေးတာမို့ သူတို့ဟာ သူရှိနေတာကို ရှာမတွေ့နိုင်ပါဘူး။

ဒါပေမဲ့ သူအပြင်မထွက်နိုင်ခင်မှာ တီကောင်မြွေက ဥကို မ,လိုက်တာကြောင့် ဥ,ကွဲသွားပြီး သူလဲ ဖင်ထိုင်လဲကျသွားတယ်။ အဲဒါကြောင့် ဥထဲမှာ သူရှိနေတာ ဘွားခနဲ ပေါ်သွားပါတယ်။ ဒီအချိန်မှာ သူဟာ တခုခုလုပ်ဖို့ လိုအပ်သွားပါတယ်။

ဟန်ဆန်းမော့ကြည့်လိုက်တော့ အမျိုးသမီးနဲ့ မျက်စိမရှိတဲ့တီကောင်မြွေက သူ့ကို ငေးကြည့်နေတာကို တွေ့လိုက်ရပါတယ်။

အဲဒီအမျိုးသမီးဟာ ကြောင်နားရွက်တွေနဲ့ မြေခွေးအမြီးရှိတာကြောင့် လူသားမဟုတ်တာ ေ-သချာပါတယ်။

ဟန်ဆန်းက သူမဟာ ဝိညာဉ်မဟုတ်ဘူးလို့ ခံစားရတယ်။ ဖြစ်နိုင်ခြေအများဆုံးကတော့ လူတူသားရဲပါပဲ။

ဝမ်းနည်းစရာက ဟန်ဆန်းဟာ သူမရဲ့ခွန်အားကို မမှန်းဆနိုင်ခဲ့ဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ပါစေ သူမကို လျှော့တွက်လို့တော့ မရပါဘူး။

" ငါေ-ပြး-သင့်သလား "

ဟန်ဆန်းဟာ သူ့ကိုယ်သူ မေးလိုက်ပါတယ်။ 

ဆုံးဖြတ်ချက်မချရသေးခင် အမျိုးသမီးက သူ့ကို စကားစပြောခဲ့တယ်။

" မစိုးရိမ်ပါနဲ့၊ မင်းကို အန္တ-ရာယ်မပြုပါဘူး၊ ငါက အမှောင်ဝိညာဉ်ရဲတိုက်ရဲ့ သခင်ပဲ၊ မင်း ငါနဲ့ ပူးပေါင်းမလား ''

ဟန်ဆန်းဟာ အံ့သြသွားတယ်။ တချိန်တည်းမှာပဲ နည်းနည်းတော့ စိတ်သက်သာရာရသွားတယ်။ သူတို့ဟာ သူ့ကို ရ-န်မလိုကြဘူး။ ပုံကြည့်ရတာ သူ့ကို သားရဲတကောင်လို့ ထင်နေတဲ့ ပုံပါပဲ။

စူပါဝိညာဉ်ဧကရာဇ်အသွင်ကို ပြောင်းထားတဲ့အခါ ဝိညာဉ်တွေက သူ့ကို ဝိညာဉ်လို့ ထင်ကြပြီး သားရဲတွေက သားရဲလို့ ထင်ကြပါတယ်။

" ဒါဆို ခင်ဗျားတို့ရဲတိုက်က ဘာအမျိုးအစားလဲ၊ ဘယ်အဆင့်လဲ၊ အဲဒီမှာ စူပါသားရဲတွေရှိလား ''

" အခုလောလောဆယ်တော့ ငါရယ်၊ မင်းရယ်၊ မြွေဘုရင်ရယ်ပေါ့ '' 

စကားပြောနေစဉ် သူမရဲ့အမြီးက ဘယ်ဘက်နားရွက်နဲ့ ညာဘက်နားရွက်ကို တလှည့်စီ ထိ-သွားပါတယ်။

ဟန်ဆန်းက အခြေအနေကို အလျင်အမြန် တွက်ချက်ပြီး ဆိုးဆိုးဝါးဝါးတော့ မဖြစ်လောက်ဘူးလို့ တွေးလိုက်ပါတယ်။ 

" အင်း... သူ့တို့နောက်လိုက်သွားပြီး သူတို့ဆီကနေ ဘယ်လိုကောင်းကျိုးတွေ ရနိုင်မလဲဆိုတာ ကြည့်သင့်တယ် "

" ခင်ဗျားတို့နောက်ကို လိုက်ရင် ကျနော့်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေရှိမလဲ ''

ဟန်ဆန်းက မေးလိုက်တယ်။ စီးပွားရေးသမားဉာဉ်က ဒီနေရာမှာ ပြန်ပေါ်လာပါတယ်။

" မင်းက အခုမှ မွေးခါစပဲ ရှိသေးတယ်မဟုတ်လား၊ ငါနဲ့ တီကောင်မြွေက မင်းကို ကာကွယ်ပေးနိုင်ပါတယ်၊ ငါတို့က မင်းကို အစားအစာတွေ၊ နွေးထွေးမှုတွေ၊ မေတ္တာတွေ၊ ဂရုစိုက်မှုတွေ အများကြီးပေးနိုင်ပါတယ် "

အမျိုးသမီးက ဟန်ဆန်းကို တချက်ကြည့်ပြီးမှ ဆက်ပြောလိုက်တယ်။

" အခုလောလောဆယ်တော့ စားစရာက မှိုတွေပဲ ရှိတယ်၊ နောက်တော့ အခြားဟာတွေ ရှိလာမှာပေါ့ ''

" ကောင်းပြီ၊ ဒါနဲ့ ခင်ဗျားနာမည်က ဘာလဲ "

အမျိုးသမီးက ဟန်ဆန်းဟာ သဘောမတူလောက်ဖူးလို့ ထင်နေပုံရတယ်။

" ငါ့နာမည်က လင်းမေ၊ မင်းနာမည်ကကော ''

'' ငါ့နာမည်က ဒေါ်လာ ''

ဟန်ဆန်းဟာ မသုံးတာကြာပြီဖြစ်တဲ့ နာမည်ကို ပြောလိုက်ပါတယ်။

" ကဲ... ဒေါ်လာ၊ ပြန်ကြစို့၊ အမှောင်ဝိညာဉ်က မင်းကို တွေ့သွားရင် အခြေအနေက ဒီလောက်ကောင်းမှာ မဟုတ်ဘူး "

လင်းမေက ဟန်ဆန်းကို တီကောင်မြွေရဲ့ကျောပေါ်မှာ တက်စီးဖို့ ဖိတ်ခေါ်ခဲ့တယ်။

သူမဟာ ရိုးစင်းတဲ့ အမျိုးသမီးတယောက်ဖြစ်ပုံရပြီး ဟန်ဆန်းမေးသမျှကို ပြန်ဖြေခဲ့ပါတယ်။

ဟန်ဆန်းဟာ သူကြားခဲ့တာတွေကြောင့် အံ့သြခဲ့ရတယ်။ သူမရည်ညွှန်းခဲ့တဲ့ အမှောင်ဝိညာဉ်ဟာ စူပါသားရဲမျိုးနွယ်ဖြစ်ပါတယ်။

လင်းမေဟာ တလမ်းလုံး စကားပြောလာခဲ့တယ်။ အဲဒါကြောင့် အလွန်ကြီးမားကျယ်ပြန့်တဲ့ မြေအောက်နယ်မြေကြီးတခုရှိနေကြောင်း သိခွင့်ရခဲ့ပါတယ်။

သူမအပြောအရ သူမရဲတိုက်ဟာ ခပ်သေးသေးဖြစ်တယ်လို့ သိထားပေမဲ့ အခုလောက်သေးငယ်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ ဟုတ်ပါတယ်။ သူမရဲ့ရဲတိုက်ဆိုတာက ညစ်ညမ်းတဲ့မြစ်နံဘေးက လိုဏ်ဂူတဂူဖြစ်နေပါတယ်။

" ခင်ဗျားက ဒါကို ရဲတိုက်လို့ ဆိုလိုတာလား ''

ဟန်ဆန်းက မေးလိုက်တယ်။

ဟန်ဆန်းဟာ ဒီလိုရဲတိုက်မျိုးကို ဒီတခါပဲ မြင်ဖူးပါတယ်။ ဒါဟာ မြေအောက်မှာရှိတဲ့ တွင်းခေါင်းလေးတခုထက် နည်းနည်းလေးပဲ ပိုပါတယ်။ 

လင်းမေဟာ ခါတိုင်းလိုပဲ အမြီးနဲ့ နားရွက်နှစ်ဖက်ကို ပုတ်ရင်း ပြောလိုက်တယ်။  

" ဒီနေရာတဝိုက်မှာ ရဲတိုက်တွေအများကြီးမရှိဘူး၊ ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ တနေ့နေ့မှာ ဒီထက်ပိုကြီးတဲ့ ရဲတိုက်တတိုက်ကို ငါသိ-မ်းမယ်၊ လောလောဆယ်တော့ ဒါက ငါ့ရဲ့ယာယီနေအိမ်ပဲ "

'' ဟုတ်တယ်၊ ခင်ဗျားပြောတာမှန်တယ်၊ ဒီလိုနေရာမျိုးမှာ အမြဲတမ်း နေဖို့ မလိုပါဘူး၊ ဒီလိုတွင်းခေါင်းသာသာ လိုဏ်ဂူလေးမှာ ငါတို့ရဲ့ အချိန်တွေကို မကုန်-ဆုံ-းသင့်ဘူး၊ ငါတို့ပေါင်းလိုက်ရင် မြေပေါ်က ရဲတိုက်တွေအများကြီးကို သိ-မ်းပို-က်နိုင်မှာပါ ''

ဟန်ဆန်းက သူမကို နှစ်သိမ့်လိုက်ပါတယ်။
-------- --------- -------- ------- --------
-------- --------- -------- ------- --------

Super God Gene (1430)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၁၄၃၀)
-------- --------- -------- ------- -------
လင်းမေက ခေါင်းခါပြီး ဟန်ဆန်းကို ထုတ်ဖော်ပြောဆိုလိုက်တယ်။  

" ဒီနေရာကနေ ထွ-က်သွားလို့ မဖြစ်ဘူး "

" ဘာဖြစ်လို့လဲ "

ဟန်ဆန်းက မေးလိုက်တယ်။

" ငါတို့က မျိုးနွယ်စုတစုနဲ့ သဘောတူညီမှုတခု ပြုလုပ်ထားတယ်၊ အဲဒီသဘောတူညီချက်ကြောင့် ငါတို့က မြေပေါ်ကို တက်လို့ မရဘူး ''

လင်းမေက သဲကွဲအောင် ရှင်းပြခဲ့တယ်။ 

" ဘာသဘောတူညီချက်လဲ၊ ဘယ်သူနဲ့ သဘောတူညီချက် ယူထားတာလဲ "

ဟန်ဆန်းက မေးလိုက်တယ်။

လင်းမေက လည်ချောင်းရှင်းပြီး ပြောလိုက်တယ်။

" ငါမသိဘူး၊ ဒါပေမဲ့ ငါတို့ရဲ့အကြီးအကဲက ကျွန်တော်တို့ဟာ မျိုးနွယ်တစ်ရာသဘောတူညီချက်ကို လိုက်နာရမယ်လို့ ပြောတယ်၊ ငါတို့က မြေကြီးပေါ်လမ်းလျှောက်သူတွေရဲ့ နယ်မြေကို သွားရင် ငါတို့ေ-သရလိမ့်မယ်၊ အဲဒါကြောင့် ဘယ်သူမှ မသွားရဲဘူး ''

ဟန်ဆန်းဟာ သူမပြောတာကို၊ တိတိကျကျ ပြောရရင် သူမ ဘာအကြောင်းပြောနေတယ်ဆိုတာကိုတောင် နားမလည်ပါဘူး။ အဲဒါကြောင့် တခုခုသိနိုင်မလားလို့ သူမမျက်နှာကို ကြည့်လိုက်တယ်။ ဒါပေမဲ့ ဘာမှ မသိရပါဘူး။ မြေအောက်မှာ နေထိုင်တဲ့ မျိုးနွယ်စုတွေကြား သဘောတူညီမှုတခုရှိနေပုံရတယ်။ ဘယ်လိုသဘောတူညီမှုလဲဆိုတာတော့ သူ,မသိပါဘူး။

ဘယ်လိုပဲဖြစ်ပါစေ ဟန်ဆန်းဟာ သူမနောက်ကို လိုက်သွားခဲ့တယ်။ မကြာခင် သူမရဲ့ဂူကို ရောက်သွားတယ်။ ဂူဟာ နံရံကို ထွင်းထားတဲ့ အခန်းငယ်လေးနဲ့ တူပါတယ်။ ဒါပေမဲ့ ညစ်ပတ်ပြီး ဂူကြမ်းပြင်က မညီညာပါဘူး။ မြွေဘုရင်ရဲ့ အကြေးခွံအပိုင်းအစတွေကိုတောင် မြင်ရပါတယ်။ ပုံကြည့်ရတာ ဒီဂူဟာ မြွေဘုရင်တည်ဆောက်ထားတဲ့ဂူပဲ ဖြစ်ပါလိမ့်မယ်၊

အဲဒီမှာ သန္ဓေပြောင်းသားရဲတချို့နဲ့ ရှေးဦးသားရဲတချို့ရှိပါတယ်။ အားလုံးကတော့ နှစ်ဆယ်လောက်ရှိပါတယ်။ ဒါပေမဲ့ သားရဲတွေဟာ အရွယ်ရောက်ပြီးသားမဟုတ်ဘဲ ကလေးအရွယ်တွေပဲ ဖြစ်နေပါတယ်။ ခို-းယူထားတဲ့ သားရဲတွေပဲဖြစ်လိမ့်မယ်။ သူတို့ထဲက အတော်များများဟာ   အတော်လေးအားနည်းနေပြီး အာဟာရချို့တဲ့လုနီးပါးဖြစ်နေပုံရတယ်။

'' ခင်ဗျားမှာ မြွေဘုရင်လို မဟာမိတ်တယောက်ရှိရဲ့နဲ့...  ဒီလိုရဲတိုက်မှာ ဘာဖြစ်လို့ နေ,နေတာလဲ ''

ဟန်ဆန်းက သူတို့ဟာ ဘာကြောင့် ဒီလောက်ညစ်ညမ်းတဲ့နေရာမှာ နေထိုင်တာလဲဆိုတာကို နားမလည်နိုင်တော့ဘူး။

လင်းမေက ခေါင်းကို ပြ-င်းပြ-င်းထ-န်ထ-န် ခါပြီး ဟန်ဆန်းကို ပြန်ပြောလိုက်တယ်။

'' မြွေဘုရင်က အကြီးအကဲရဲ့အမိန့်နဲ့ ငါ့နောက်ကို လိုက်လာတာ၊ သူက ရဲတိုက်တွေကို သိမ်းပိုက်တဲ့နေရာမှာ ငါ့ကို အကူအညီပေးမှာ မဟုတ်ဘူး "

ဟန်ဆန်းက သူမကို ကြည့်ပြီး ကိုယ့်ဘာသာကိုယ် ပြောလိုက်တယ်။ 

"အကြီးအကဲကတောင် သူ့ကို ကြည့်ရှုစောင့်ရှောက်ဖို့ သက်တော်စောင့်တယောက်ထည့်ပေးထားတဲ့ သဘောလား၊ ဒါဆို သူက မိသားစုမှာ အတော်အရေးပါတဲ့သူပဲ ဖြစ်လိမ့်မယ်၊ ဒါပေမဲ့ သူနေတဲ့ ပုံစံကတော့... အင်း ''

ဟန်ဆန်းဟာ ချက်ချင်း ထွ-က်သွားချင်ပေမဲ့ သူမနဲ့ ပိုကောင်းတဲ့ဆက်ဆံရေးတည်ဆောက်ထားတာဟာ ကောင်းတယ်လို့ ထင်နေတုန်းပါပဲ။ အခုနေ သူထွ-က်သွားရင်လဲ သူ ဘာမှ ရမှာ မဟုတ်ပါဘူး။ နောက်ပြီး သူဟာ သူမတို့ရဲ့လူမျိုးတစ်ရာသဘောတူညီချက်ကိုလဲ သိချင်ပါသေးတယ်။ 

အဲဒါကြောင့် ဟန်ဆန်းဟာ သည်းညည်းခံပြီး ဒီမှာ နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီည ညစာစားဖို့ လင်းမေက သူ့ကို မှိုတွေထုတ်ပေးခဲ့ပါတယ်။

ဟန်ဆန်းဟာ မှိုတွေကို မြည်းစမ်းကြည့်လိုက်တယ်။ အရသာကို မကြိုက်ပါဘူး။ နောက်ပြီး မှိုတွေက သန္ဓေပြောင်းမှိုတွေဖြစ်နေပါတယ်။ 

လင်းမေဟာ ဟန်ဆန်းရဲ့တုံ့ပြန်မှုကို မြင်ရတဲ့အခါ အတော်စိုးရိမ်ပူပန်နေပုံရတယ်။

" အားနာပါတယ်၊ နောက်တခါကျရင် ဒီထက်ပိုကောင်းတာတွေ ကျွေးပါ့မယ် ''

ဟန်ဆန်းက ခေါင်းညိတ်လိုက်တယ်။ ဒီလိုရဲတိုက်သခင်မျိုးကို သူ တခါမှ မမြင်ရပါဘူး။

ဟန်ဆန်းဟာ ညနေပိုင်းအတွက် ဗိုက်ဆာတာကို ဖြေရှင်းတဲ့အနေနဲ့ ကျောက်စိမ်းပုလင်းထဲက စားစရာနဲ့ သောက်စရာအနည်းငယ်ကို ထုတ်ယူလိုက်တယ်။ မဟာမိတ်က ယူလာခဲ့တဲ့ စားစရာနဲ့ သောက်စရာတွေပဲ ဖြစ်ပါတယ်။

လင်းမေဟာ ဟန်ဆန်း စားနေသောက်နေတာကို မျက်တောင်မခတ်ဘဲ ကြည့်နေပါတယ်။

" ယူမလား "

ဟန်ဆန်းက ပြုံးပြီး မေးလိုက်တယ်။

လင်းမေက ခေါင်းခါပြီး ရှက်ရွံ့စွာ ပြောလိုက်တယ်။

'' ငါက ဒီရဲတိုက်ရဲ့သခင်ဖြစ်ရဲ့သားနဲ့ လက်ေ-အာက်ငယ်-သားတွေကို ကောင်းကောင်း မကျွေးနိုင်ဘူး၊ နောက်တခါကျရင် မင်းကို ကောင်းကောင်း ကျွေးနိုင်အောင် ကြိုးစားပါ့မယ် ''

သူမက ဟန်ဆန်းအကြောင်းကို မသိဘဲ ဟန်ဆန်းကို မွေးခါစသားရဲပေါက်စလေးလို ဆက်ဆံချင်နေပုံရတယ်။

'' ကိစ္စမရှိပါဘူး၊ ခင်ဗျား တကယ် မယူဘူးလား ''

ဟန်ဆန်းက သူ့ရဲ့စားစရာသောက်စရာတွေကို မြည်းကြည့်ဖို့ ဆွဲဆောင်ခဲ့တယ်။

လင်းမေက သူမရဲ့နှုတ်ခမ်းထောင့်က သွားရည်တွေကို သုတ်ပ-စ်လိုက်ပြီး သူမရဲ့ခေါင်းကို နောက်တခေါက် ခါလိုက်ပြန်တယ်။ 

'' ခင်ဗျား... နည်းနည်း မြည်းကြည့်ပါလား၊ မြည်းမကြည့်ဘဲ ကောင်းမကောင်း ဘယ်သိမလဲ၊ ရော့... မြည်းကြည့် ''

ဟန်ဆန်းက အသားခြောက်တထုပ်နဲ့ ဆိုဒါတဘူး ပေးလိုက်တယ်။

'' အင်း... ဟုတ်ပြီ... နည်းနည်း မြည်းကြည့်လိုက်မယ် ''

လင်းမေ အသားကင်ကို တစ်ကိုက်,ကိုက်လိုက်တယ်။ ပြီးနောက် ဆိုဒါတစ်လုတ်သောက်လိုက်တယ်။

လင်းမေ မျက်လုံးတွေ ကျယ်သွားတယ်။

'' ဒါက ဘာလဲ၊ ဒီအရည်က အပင်ကနေ ထုတ်ထားတာလား ''

ဟန်ဆန်းက ရှင်းပြလိုက်တယ်။

'' နည်းနည်းထပ်တောင်းလို့ ရမလား ''

လင်းမေက ဟန်ဆန်းကို မေးလိုက်တယ်။

" ရတာပေါ့... ရော့... ''

ဟန်ဆန်းက ပြောလိုက်တယ်။

လင်းမေက ဟန်ဆန်းပေးတာတွေကို ယူလိုက်တယ်။ ပြီးတော့ အားရပါးရ စားသောက်နေပါတယ်။

ဟန်ဆန်းက သူမကို သတိထားပြီး ကြည့်လိုက်တယ်။ နောက်ထပ်လိုချင်နေသေးတာကို သတိပြုမိခဲ့တယ်။ အဲဒါကြောင့် ဒီတကြိမ်မှာတော့ ဟင်းခတ်အမွှေးအကြိုင်တွေထည့်ပြီး ကင်ထားတဲ့ အသားကင်ထုတ်ကို ထုတ်ပေးလိုက်ပါတယ်။

'' ဝိုး... ဒါက ပိုကောင်းတယ် ''

လင်းမေဟာ ဟန်ဆန်းပေးတဲ့ အသားကင်ထုတ်ကို အသာဖွင့်ကြည့်လိုက်တယ်။ သွားရည်ကျသွားတယ်။ ဒီလိုဟာမျိုးတွေ မစားရတာ လနဲ့ချီခဲ့ပြီ မဟုတ်ပါလား။   

" ဟုတ်ပြီ... စား... စားထား... ဒါမှ ငါ့အကွက်ထဲ ဝင်လာမှာ... ''

ဟန်ဆန်းက ကိုယ့်ကိုယ်ကိုယ် စိတ်ထဲမှာ ပြောလိုက်တယ်။ ပြီးတော့ လင်းမေကို နောက်ကွ-ယ်ကနေ ကြိုး-ကိုင်လို့ ရနိုင်လောက်တယ်လို့ တွေးမိခဲ့တယ်။ 

အသားကင်အတော်များများကို စားပြီး ဆိုဒါအနည်းငယ်ကို ထပ်သောက်ပြီးနောက် လင်းမေဟာ ဗိုက်ပြည့်သွားပုံပေါ်တယ်။

ဟန်ဆန်းက ဒီလောက်ဆိုရင် သူမဟာ သူ့အပေါ်စိတ်ပျော့ပျောင်းပြီလို့ ယူဆလျက် သူမတို့ရဲ့မြေအောက်နယ်မြေအကြောင်းကို စပ်စုလိုက်ပါတယ်။

သူမဟာ ဟန်ဆန်းကို အမှောင်ဝိညာဉ်အကြောင်း မပြောပြခဲ့ပေမဲ့လဲ ပြောပြနိုင်တာတွေကိုတော့ ပြောခဲ့ပါတယ်။

ဒေသခံတွေက မြေအောက်ကမ္ဘာလို့ ရည်ညွှန်းထားတဲ့ မြေအောက်နယ်မြေအများစုကို အမှောင်ဝိညာဉ်မျိုးနွယ်က ပိုင်ဆိုင်ပြီး ထိန်းချုပ်ထားကြောင်း ဟန်ဆန်သိရှိလာခဲ့တယ်။ တခြားမျိုးနွယ်တချို့လဲရှိပြီး တချို့ဟာ ရွှေအဆင့်ရဲတိုက်တွေကို ပိုင်ဆိုင်ထားကြပါတယ်။

လင်းမေဟာ အားနည်းတယ်။ ရဲတိုက်တတိုက်ကို သိ-မ်းပို-က်နိုင်တဲ့ အင်အား သူမမှာ မရှိပါဘူး။ အဲဒါကြောင့် သိ-မ်းပို-က်နိုင်တဲ့ မျိုးနွယ်တခုခုနဲ့ ပူးပေါင်းနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ခက်တာက သူမမှာ ကြေးညိုရောင်မျိုးရိုးဗီဇအဆီအနှစ်တခုပဲ ရှိပါတယ်။ အဲဒါကြောင့် ဟန်ဆန်းနဲ့ ပူးပေါင်းပြီး ရဲတိုက်တတိုက်ကို သိ-မ်းပို-က်ဖို့ ဆိုတာက မဖြစ်နိုင်သေးပါဘူး။

" ခင်ဗျားမှာက ကြေးညိုရောင်မျိုးရိုးဗီဇအဆီအနှစ်ပဲ ရှိတယ်ဆိုတော့ အမှောင်ဝိညာဉ်က ခင်ဗျားကို အရွယ်ရောက်သူလို့ သ-တ်မှတ်သလား "

ဟန်ဆန်းက သူမကို မေးလိုက်တယ်။

စတုတ္ထနတ်ဘုရားကမ္ဘာမှာက စူပါသားရဲတွေတောင် ကြေးညိုရောင်မျိုးရိုးဗီဇအဆီအနှစ်၊ နည်းပါးတဲ့ ကြံ့ခိုင်မှုအညွှန်းကိန်းတို့နဲ့ စတင်ရပါတယ်။ လင်းမေဟာလဲ အဲဒီလိုပဲ စတင်ရပါတယ်။ သူမဟာ ကိုယ့်ကိုယ်ကိုယ်အဆင့်မြှင့်ချင်ရင် မျိုးရိုးဗီဇအဆီအနှစ်ကို အဆင့်မြှင့်ရပါမယ်။
-------- --------- -------- ------- -------
-------- --------- -------- ------- -------

Continue Reading

You'll Also Like

17.7K 1.6K 82
မူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟ...
5.1K 363 54
ကောင်းကင်မှာ ပျံဝဲမည့် စစ်ဘုရင် War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် ) မူရင်းရေးသူ - Feng Qin Yang ဘာသာပြန်သူ - Tai...
76.8K 15.5K 131
Translation of immortal mortal ....
54.7K 4.1K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...