Yellow Chrysanthemum

By H_wangRi

1.3K 129 91

အဝါရောင်ဂန္ဓမာတွေဟာ လျစ်လျူရှု့ခံရတဲ့ အချစ်ကိုဖော်ဆောင်သတဲ့.... 𝗼𝐭𝐩//𝐇𝐞𝐞𝐉𝐚𝐤𝐞 More

pt.1
pt.2
pt.4

pt.3

355 32 25
By H_wangRi

အကယ်၍များသူသာ ဦးလေး‌ကြီးအီရေးပေးတဲ့ဇာတ်ကိုအလိုက်သင့်၀င်မကခဲ့ရင်....

အကယ်၍သူသာ မေမေခိုင်းတဲ့အတိုင်းမီဒီယာတွေဆီအငြင်းစကားတွေနဲ့ သတင်းစာရှင်းလင်းပွဲလုပ်ဖို့လက်ခံလိုက်ရင်....

အရာအားလုံးဟာ ဒီလိုဖြစ်လာမှာမဟုတ်ဘူးမလား။

"အကို့ကို မယုံဘူးဆိုရင်တောင် ဂျယ်ယွန်းကိုယုံတာမို့ အဖြစ်အပျက်တွေအကုန်လုံးကလုပ်ကြံထားတာပါဆိုပြီး ငါ့ကိုပြောပေးပါလားဟင်"

မျက်ရည်တွေပြည့်နေတဲ့ မျက်၀န်းတွေနဲ့ သူ့ကိုတောင်းဆိုနေတဲ့ ဆောင်ဟွန်းပုံရိပ်ကနေ
သွေးချင်းချင်းနီနေတဲ့ခန္ဓာကိုယ်တစ်ခုကိုအရေးပေါ်ကားပေါ်တင်သွားတဲ့ပုံရိပ်ဆီကိုရုတ်တရက်ကူးအပြောင်းမှာ

"သူပေါ့ သူ့သူငယ်ချင်းရဲ့ချစ်သူနဲ့ဖောက်ပြန်တာလေ"

"အေး‌‌ဟယ် ကိုယ့်သူငယ်ချင်းရဲ့ရည်းစားကိုမှလုရတယ်လို့ မျက်နှာကလေးချစ်ဖို့ကောင်းသလောက် စိတ်ဓာတ်မကောင်းလိုက်ပုံများဟယ်။ ကောင်လေးခမျာသနားပါတယ် ရှက်လို့ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားရှာတာ"

"ကံကောင်းလို့ပေါ့ အချိန်မီတွေ့လို့"

"လူတွေများကြောက်ဖို့ကောင်းလိုက်တာနော်"

သူ့ကိုရှေ့ထားပြီး သူ့မကောင်းကြောင်းပြောနေတဲ့သူတွေရဲ့မြင်ကွင်းဟာလည်းပျောက်ကွယ်သွားပြန်ပြီ။ဟင်...မေမေ နဲ့ဖေဖေ

"ဟီဆွန်းကလူမှန်းသူမှန်းမသိမူးနေခဲ့တဲ့အချိန်ကိုမှ တိုက်တိုက်ဆိုင်ဆိုင်မင်းကသူ့အခန်းထဲ မှား၀င်သွားတယ်ပေါ့။ပြီးတော့ အိမ်သားတွေတောင်ဘယ်သူမှမသိရတဲ့ကိစ္စက မီဒီယာတွေဆီ သက်သေအပြည့်နဲ့ဓာတ်ပုံတွေနဲ့ရောက်သွားတာ။ ဒီလောက်လုပ်ကြံထားမှန်း သိသာတာတောင် ဂျယ်ယွန်း မင်းကမိဘကိုပါလိမ်ချင်သေးတာလား"

"ဖေဖေ ဒီတစ်ခါလေးပဲထပ်ပြီးသားကိုအလိုလိုက်လို့မရဘူးလားဟင်"

"အဖေကိုအသနားမခံနေနဲ့ ရှင်းမ်ဂျယ်ယွန်း။မေမေမင်းကိုဒီလိုလုပ်ရက်တွေလုပ်ဖို့ပျိုးထောင်ခဲ့တာလား။သူငယ်ချင်းတစ်ယောက်လုံးဆေးရုံရောက်တဲ့အထိဖြစ်နေတာတောင် မင်းမိုက်မဲပြီးရှေ့ဆက်ဦးမှာပေါ့ဟုတ်လား"

ဂျယ်ယွန်းပြန်မဖြေနိုင်ခဲ့။ သူဒီလမ်းကိုရွေးချယ်ခဲ့ပြီးပြီ လျှောက်မယ့်လျှောက်အဆုံးထိသာလှမ်းရန်ကျန်သည်။နောက်ပြန်လှည့်လိုက်ရင် သူကိုကိုနဲ့အဆုံးထိဝေးမှာ။

"အင်း အဆုံးထိရှေ့ဆက်ဦးမယ်ပေါ့လေ။ဒါဆိုလည်း ဒီနေ့ကစပြီး ငါ့မှာသားတစ်ယောက်ဆိုတာမရှိခဲ့ဘူးလို့သတ်မှတ်လိုက်မယ်။အမွေပြတ်စွန့်လွှတ်မယ် စွှန့်မလွတ်ဘူးဆိုတာတော့မင်းအဖေသဘောပေမယ့်။ငါကတော့မင်းလိုကလေးတစ်ယောက်ရဲ့ အမေတစ်ယောက်ဖြစ်ရမှာရှက်တယ်"

"ဟင့်အင်း မေမေ !! မေမေ !!!! "

"ဂျယ်ယွန်း ဂျယ်ယွန်းလေးသတိကပ်ပါဦး။ နာနာရှိတယ် နာနာရှိတယ်လေ"

ချွေးစေးတွေနဲ့အတူအော်ဟစ်နိုးထလာမှုကြောင့် စောစောကအရာတွေဟာအတိတ်ရဲ့အိမ်မက်တွေဖြစ်ကြောင်း ဂျယ်ယွန်းသိလိုက်တယ်။

နာကျင်ရတယ် ပင်ပန်းရတယ် ဒါဟာသူလိုအပြစ်သားတစ်ယောက်ခံယူသင့်တဲ့ ၀ဋ်ကြွေးပါပဲ။

ထိုလူသားကိုပိုင်ဆိုင်ရဖို့အတွက်အရာအားလုံးနဲ့ သူ့ရဲ့နှလုံးသားကိုလဲခဲ့ပါတယ်။ အသိုင်းအဝိုင်းတစ်ခုလုံးရဲ့အချစ်ခံဘ၀ကနေ အပယ်ခံဘ၀ဆီပြောင်းခဲ့ရလည်း သူမမှုခဲ့။အချစ်ဆုံးသူငယ်ချင်းရဲ့နှလုံးသားကိုခွဲခဲ့မိလည်းမျက်နှာပြောင်တိုက်ရဲခဲ့တယ်။ယုစ္စအဆုံးမိဘတွေဆီကပစ်ပယ်ခံရတဲ့အထိ သူ့အဖြစ်ကဆိုးဝါးခဲ့လည်း ကိုကိုသာတစ်ချက်လောက်ပြန်လှည့်ကြည့်ပေးရင် ဂျယ်ယွန်းကကျေနပ်ပါတယ်။

ကိုကို့ကို ကျွန်တော်ကအဲ့ဒီလောက်ထိချစ်ခဲ့တာပါကိုကိုရယ်....

____________

အလုပ်ခရီးသွားတဲ့ခင်ပွန်းဖြစ်သူကိုကိုက တစ်လောက်ကျော်လောက်ထိအိမ်ပြန်မလာတဲ့အခြေအနေမှာ ကံဆိုးမှုအပေါင်းထပ်လောင်းပြီး နာနာဟာလည်းဇာတိကိုပြန်ဖို့အရေးပေါ်အခြေအနေဖြစ်လာတယ်။

"ကျွန်တော့်ကိုစိတ်မပူပါနဲ့ စိတ်ဖြောင့်ဖြောင့်သွားနော်"

"ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါဂျယ်ယွန်းလေးရယ်"

"ပြောပါတယ်ကျွန်တော့်အတွက်စိတ်မပူပဲ ဘွားဘွားကိုသာကောင်းကောင်းဂရုစိုက်ပါဆို။စောင့်ရှောက်စရာမိဘတစ်ပါးရှိနေသေးတာ ဘယ်လောက်ကံကောင်းလဲ။နာနာကျွန်တော့်ကိုအများကြီးဂရုစိုက်ပြီးပြီ။အခုကိုယ့်ကိုယ်ကိုယ်နဲ့ အမေဖြစ်သူအတွက်အချိန်ပေးတော့လေနော်"

မျက်ရည်လည်ရွှဲနဲ့အမျိုးသမီးကြီးဟာ ဂျယ်ယွန်းငယ်ဘ၀တစ်ခုလုံးမှာအဖော်ပြုပေးခဲ့သူ စောင့်ရှောက်ပေးခဲ့သူ။ဆယ်ကျော်သက်အရွယ်ကတည်းကအိမ်တော်မှာအလုပ်အကျွေးပြုပြီးသူ့ဘ၀ကိုမြုပ်နှံရင်း မိဘကိုငွေကြေးသာထောက်ပံ့နိုင်ခဲ့ပေမယ့် အခုတော့ ကျန်းမာရေးမကောင်းတော့တဲ့မိခင်ကိုအနီးကပ်ပြုစုရန်အချိန်မို့မခွဲချင်လည်းခွဲရတော့မည် ရေစက်ပင်။

သူဘယ်စိတ်နဲ့ဆွဲထားရက်ပါ့မလဲလေ...။

_____________

နာနာမရှိတဲ့နောက် ဒီအိမ်တော်မှာအသံဆိုတာ စိုးစဉ်းမျှမရှိတော့။

ချက်ပြုတ်နေတဲ့အသံတွေမရှိတော့သလို ဂျယ်ယွန်းကိုတစ်ခုခုလုပ်ဖို့ ဆော်ဩနေတဲ့အသံတွေလည်းမရှိတော့။

ရက်သတ္တပတ်တော်တော်ကြာ ပြုစုပျိုးထောင်ခြင်းမခံရတဲ့ပန်းတွေညိုးနွယ်ခြောက်လျော်နေတာကို လေပြေညှင်းကြောင့်တလွင့်လွင့်ကခုန်နေတဲ့အဖြူရောင်လိုက်ကာစတွေကြားကကြည့်ရင်း သူ့ဘ၀လည်းဒီပန်းတွေလိုညိုးနွမ်းနေမှန်းသိလိုက်ရတယ်။

ရုတ်တရက်ကိုယ်လုံးပေါ်မှန်ရှေ့အပြေး၀င်လို့ ကိုယ့်ရုပ်သွင်ကိုယ်ကြည့်မိတော့ သူဟာထိုပန်းတွေထက်ကိုကြည့်ရဆိုးနေသလို။

ပိန်လှီနေတဲ့ကိုယ်ဟာ မနက်၊နေ့လည်၊ညစာဆိုပြီးနပ်မမှန် မှန်အောင်အတင်းကျွေးမွေးမယ့်နာနာမရှိ‌တည်းက သုံးရက်နေမှတစ်နပ်လောက်သာမှာစားဖြစ်တဲ့ရလဒ်နေမည်။

မျက်ကွင်းညိုတွေဟာ အတင်းကြိတ်မှိတ်အိပ်တာတောင်ခြောက်ခြားပြီးလန့်နိုးရတဲ့ ရက်ဆက်နေတဲ့အိပ်ပျက်ညများရဲ့သက်သေ။

ဖြီးသင်ခြင်းမရှိတဲ့ရွှေအိုရောင်ဆံပင်တွေဟာအောက်ခြေမှာအနက်ရောင်ဆံပင်သစ်‌တွေနဲ့
အကျည်းတန်စွာ ရှုပ်ပွလျက်။

ရေဓာတ်မရှိတဲ့အသားအရည်မှာကြည့်မကောင်းဆုံးဟာ ခြောက်သွေ့နေတဲ့နှုတ်ခမ်းတွေဖြစ်ပြီး အမည်တပ်မရတဲ့စိတ်ဖိစီးမှုကြောင့်ဖြစ်ပါလိမ့်မည် နီရဲရဲ၀က်ခြံတွေဟာ မျက်နှာပေါ်မှာ ခပ်စိပ်စိပ်နေရာယူထားသည်။

သူကောင်းကောင်းနေပါမည်ဟု နာနာ့ကိုကောင်းကောင်းလိမ်ခဲ့ပုံပင်။ဒီလိုပုံစံကို ကိုယ်တိုင်လည်းမနှစ်မြို့နေပင်‌မယ့် သူဘာဆိုဘာမှလုပ်ကိုင်နိုင်စွမ်းရှိမနေခြင်းမဟုတ်လား။စိတ်လည်းမသွားသလို ကိုယ်လည်းမပါ အသက်ရှင်နေရခြင်းရဲ့ရည်ရွယ်ချက်ကိုတောင်မသိတော့...။

တစ်ယောက်တည်းအခန်းထောင့်လေးမှာထိုင်နေရင်း ညနေစောင်းသွားတဲ့အခါ အမှောင်ထုတစ်ချို့ကစတင်ဖုံးလွှမ်းလာတာနဲ့ သူ့ရင်အစုံဟာလည်းတဒုတ်ဒုတ်ခုန်လာတာ မောဟိုက်လာသည်အထိ။

သူ့ကိုခြောက်လှန့်နေတဲ့အတွေးတွေနဲ့အတူပုံရိပ်ယောင်တွေရောက်လာတော့မည်။

သွေးချင်းချင်းနီနေတဲ့ ဆောင်ဟွန်းကိုအရေးပေါ်လူနာတင်ကားဆီတင်နေတဲ့ပုံရိပ်တွေ။

ငယ်ငယ်ကတည်းကခင်မင်လာတဲ့အပေါင်းအဖော်သူငယ်ချင်းတွေဆီက ဒေါသမျက်၀န်းနီနီတွေ။

အားးးးး

"သူငယ်ချင်းရည်းစားကိုလုတဲ့ကောင်လေသူက ကောင်လေးခမျာသနားပါတယ် ရှက်လို့ကိုယ်ကိုယ့်ကိုယ်အဆုံးစီရင်ဖို့လုပ်သွားတာ"

"သူများတွေကိုလိမ်တာမလုံလောက်သေးဘူးလား ကိုယ့်ကိုယ်ကိုယ်ပါလိမ်နေတာလား မင်းကသိပ်ရွံဖို့ကောင်းတယ်"

မပြောနဲ့ မပြောကြပါနဲ့

"ငါ့မှာမင်းလိုသားမရှိတော့ဘူး"

"မင်းလိုကလေးမျိုးရဲ့အမေအဖြစ်မနေနိုင်ဘူး "

ဟင့်အင်း!! ဟင့်အင်း ဖေဖေ မေမေ

နားနှစ်ဖက်ကိုအုပ်လို့ အော်ဟစ်နေလည်း ကြောက်စရာပုံရိပ်ယောင်တွေနဲ့အသံတွေဟာပျောက်မသွား။

တိတ်ဆိတ်လွန်းတဲ့ပတ်၀န်းကျင် တိတ်ဆိတ်နေတဲ့စံအိမ်ထဲ သူ့အနီးဆုံးမှာကြား‌နေရတဲ့အသံတွေဟာ သွေးပျက်ဖွယ်။

တိတ်ဆိတ်ခြင်းအပြင် သူနဲ့အတူပါလာတဲ့အထီးကျန်ခြင်းကိုဂျယ်ယွန်းကပိုကြောက်ပါသည်။ဆိုးရွားလှတဲ့နတ်ဆိုးတွေလို အရာတွေပင်။

အင်အားမရှိလေ ပိုတိုက်ခိုက်လေမို့ အားအင်ချည့်နဲ့နေသူ ခိုကိုးရာမဲ့သူဂျယ်ယွန်းဟာ ၎င်းတို့အတွက်သားကောင်။

*ကလင် ကလင်*

*ကလင် ကလင်*

တိတ်ဆိတ်နေတဲ့ အိမ်တော်ထဲမှာထွက်လာတဲ့တစ်ခုတည်းသောအသံက ဂျယ်ယွန်းနားစည်ကိုဖြတ်သွားပြီးနောက် ခြောက်လှန့်နေတဲ့အသံဆိုးတွေကိုမကြားနိုင်တော့။

ဟုတ်တယ် သီချင်းတွေဖွင့်ထားရမယ်။ဒါမှသူတို့တွေမလာနိုင်မှာ။

သို့နှင့် နံရံကပ်တီဗွီကြီးပေါ်မှာ ကခုန်နေတဲ့သူတွေနဲ့ ဆူညံနေတဲ့သီချင်းသံတွေဟာ နေ့ညမပျက်တော့။

ဆူညံသံကိုလူတွေကမုန်းပေမယ့် ဂျယ်ယွန်းအတွက်တော့ဖြေဆေးတစ်ခုလိုပင်။ တိတ်ဆိတ်နေတဲ့ညတွေမှာ အိပ်မပျော်နိုင်ခဲ့ပေမယ့် ဆူညံနေတဲ့သီချင်းသံတွေကြားမှာတော့ ပင်ပန်းလွန်းတဲ့မျက်၀န်းတွေက မှိတ်စက်ကာအနားယူနိုင်တယ်။

ကလင်ကလင်မြည်နေတဲ့ အ၀င်ဖုန်းဟာတော့ တစ်ဖက်ကမကိုင်သည့်နောက်မှာတော့ ထပ်ပြီးမမြည်လာတော့.....။

________________

ဖန်တရာထပ်နေတဲ့ အထီးကျန်မနက်ခင်းတစ်ခုမှာဂျယ်ယွန်းနိုးထလာချိန် သူ့ဗိုက်ကတဆစ်ဆစ်အောင့်လို့နေသည်။ရက်အတော််ကြာအစားကောင်းကောင်းမစားတာကြောင့်ဖြစ်လိမ့်မည်။

အစားအသောက်မှာနေကျappတစ်ခုထဲ၀င်ပြီး တွေ့တဲ့menuသုံးလေးခုမှာလိုက်တယ်။အကြောင်းပြချက်ရေရေရာရာမရှိပေမယ့် ဘ၀ကစုတ်ပျက်နေရင်တောင်အသက်တော့ရှင်နေရဦးမည်။ဘယ်သူမှမရှိတဲ့ ဒီစံအိမ်ထဲမှာသေသွားခဲ့ရင် သူ့ကိုဘယ်သူကများဘယ်အချိန်မှာရှာတွေ့မှာပါလိမ့်။

တွေးစရာအကြောင်း‌တစ်ခုခေါင်းထဲရောက်လာတာနဲ့တစ်ပြိုင်နက် ဖန်သားနံရံပါးပါးကိုကာထားတဲ့ ဖြူလွှလွှလိုက်ကာတွေကိုဆွဲလိုက်ပြီး ကျယ်၀န်းတဲ့ခြံထဲကခြောက်သွေ့နေတဲ့ပန်းတွေကိုကြည့်ရင်းအတွေးနယ်ချဲ့နေမိသည်မှာ တံခါးဖွင့်သံကြားမှသတိ၀င်လာသည်။

Deliရောက်လာတာဖြစ်ပါလိမ့်မည်။နာနာထွက်သွားတုန်းကခြံတံခါး‌ရောစံအိမ်တံခါးမကြီးကိုရောသော့ခက်ဖို့မေ့ခဲ့တာဖြစ်လိမ့်မည်။ဒါကြောင့် deliသမားကတံခါးကိုဒီတိုင်းဖွင့်လိုက်တာလို့ ဂျယ်ယွန်းကတွေးလိုက်ပါတယ်။

Energyလည်းများများစားစားမရှိတော့တာမို့ ခပ်ဖြည်းဖြည်း လှေကား‌ပေါ်ကဆင်းနေတဲ့ဂျယ်ယွန်းခြေလှမ်းတွေရုတ်တရက်ရပ်တန့်သွားခဲ့ပါတယ်။

အကြောင်းအရင်းကတော့ အိမ်ထဲ၀င်လာသူကအစားအသောက်လာပို့တဲ့deliမဟုတ်ပဲ သူအမျှော်လင့်ဆုံးဖြစ်သည့်တိုင် မျှော်လဲမမျှော်ရဲတဲ့တစ်ယောက်သောသူဖြစ်နေလို့ပါပဲ။

"ကိုကို...."

တိုးလွန်းတဲ့လေသံကို သူ့ခင်ပွန်းဖြစ်တဲ့သူကမကြားနိုင်ခဲ့ပါ။

အချိန်တစ်ခုအထိ မလှုပ်မရပ်ကြောင်ကြည့်နေပြီးနောက် သူ့အခန်းထဲပဲလှည့်ပြေးလာခဲ့သည်။

ကိုကိုကသူ့ကိုမမြင်ချင်လောက်ဘူး။ခရီးကပြန်လာလာချင်းအမုန်းဆုံးသူကိုတွေ့လိုက်ရတာမို့ အမောစို့တဲ့ဖြစ်ရပ်မျိုးချစ်ရသူကိုမဖြစ်စေချင်ပါ။

ကိုကို့ရုပ်သွင်ကတော့သူနဲ့ဆန့်ကျင်စွာ ကြည့်ကောင်းပြီး နောက်ဆုံးတွေ့ခဲ့တုန်းကပုံရိပ်နဲ့တစ်ခြားစီမို့သူ့စိတ်ကလေးအေးသွားပါတယ်။

ရပြီ သူကစုတ်ပြတ်နေရင်တောင် ကိုကိုကတော့ကြည့်ကောင်းနေရင်ရပါပြီ။သူမပျော်ရွှင်ရင်တောင် သူလုထားတဲ့ကိုကို့ပျော်ရွှင်ခြင်းတွေကိုပြန်ပေးချင်ပါသည်။

______________

*ဒေါက် ဒေါက်*

"ခ‌ဏလောက် ဧည့်ခန်းထဲဆင်းလာပေး"

စူးအောင့်နေတဲ့ဗိုက်ကိုကိုင်လို့ စောင်ပုံထဲခပ်ကွေးကွေးနေတဲ့ဂျယ်ယွန်းကချွေးစေးတွေပြန်လို့ဝေဒနာခံစားနေရလည်း မကြားရတာကြာပြီဖြစ်တဲ့ကိုကို့အသံကိုကြားလိုက်ရတဲ့အခါ ဝေဒနာတစ်၀က်ယူပစ်သလိုပျောက်ကင်းသွားပါတယ်။

အင်အားမရှိလို့လှုပ်တောင်မလှုပ်နိုင်တဲ့သူက ကိုကို့အသံလေးကပေးတဲ့အင်အားတွေနဲ့ ဧည့်ခန်းထဲအထိရောက်အောင်သွားနိုင်သည်။

"ငါရုံးခန်းထဲမှာ အိပ်ခန်းပါပြင်ပေးထားတာမို့ အလုပ်များတဲ့ရက်တွေဆိုပြန်လာဖြစ်မှာမဟုတ်ဘူး ရုံးခန်းထဲမှာပဲအိပ်ဖြစ်မယ်။ငါယူထားတဲ့အိမ်ထောင်ဖက်မလို့ တကယ်အိမ်ထောင်ဖက်လိုမဆက်ဆံနိုင်ပေမယ့် အခက်အခဲဒါမှမဟုတ် ပြဿနာတစ်ခုခုရှိရင် ငါ့ကိုအကူအညီတောင်းလို့ရတယ်"

"ဟုတ်"

"ငါ့အဖေတောင်းဆိုထားတာမို့ တစ်လတစ်ခါတော့ ငါ့အိမ်ကိုညစာလိုက်စားပေးဖို့အကူအညီတောင်းချင်တယ်။ဒါပေမယ့် အဆင်မပြေရင်လည်းရတယ် ငါကြည့်ပြောလိုက်မယ်"

"ရပါတယ် အဆင်ပြေပါတယ်"

"ငါ့ဖက်ကပြောစရာကတော့ဒါပဲ။ထပ်ပြီးမရှိတော့ဘူး။မင်း‌ပြောစရာမရှိရင် ဒီလောက်နဲ့တော်ရအောင်"

သူနဲ့အတက်နိုင်ဆုံးတူတူမရှိချင်တဲ့သူက ပြောစရာရှိတာပြောပြီး ကျောခိုင်းသွားတာကိုကြည့်ပြီး ရင်နာပေမယ့်တစ်ဖက်မှာတော့ သူ့ကိုအနည်းငယ်အဖတ်လုပ်လိုက်တာကြောင့် ပျော်ရွှင်လျက်ရှိသည်။

စိတ်ကနေသာပေမယ့် ခန္ဓာကိုယ်ကဝေဒနာကို‌တောင့်မခံနိုင်တဲ့အဆုံး ဂျယ်ယွန်းမျက်၀န်းတွေဝေဝါးကာ အဆုံးမှာတော့ အမှောင်ကျသွားခဲ့သည်။

            

                            ******

နောက်များတော့ လာမြောင်ဂျစ်angstလုံး၀မကိုင်တော့ပါဘူးTT

Typeရင်းငိုနေရသလို အဖိုးတန်လေးချစ်ဖို့အကောင်းဆုံးလေးကိုမှ ဇာတ်နာထားမိလို့အိခုပိခုမျက်နှာမြင်တိုင်း guilty ဖြစ်ပြီး၀မ်းနည်းနေရ༎ຶ⁠‿⁠༎ຶ

Happy Birthdayအဖိုးတန်ပတ္တမြားခဲလေး, ကမ္ဘာပေါ်ကအလှဆုံးဖြစ်တည်မှုလေး ဂျယ်အိခု✧♡

ဒီထက်ပိုပြီးတောက်ပပါစေ ကောင်းမွန်တဲ့ပတ်၀န်းကျင် စစ်မှန်တဲ့သူတွေဆီမှာ အချစ်ခံရပြီး အမြဲပျော်ရွှင်နေရပါစေ❤️

Continue Reading

You'll Also Like

97K 211 7
Emily is your classic good girl. Shes 18 years old. Her life seems all planned out but what happens when she is taken and forced into diapers? Will s...
3.5K 257 13
Not a dramatic fiction. More like 2 villains are fall in love. "Not even the God above to separate the two of us" "Yeah,nothing can come between us" ...
155K 6.2K 72
➽Just short love stories...❤ ⇝❤️. ⇝🖤. ⇝♥️. ⇝💙. ⇝🩷. ⇝🤍. ➽💛Going on. ➽🩶Coming up [Ignore grammatical mistakes. I will improve my writing gradual...
31.3K 548 41
What if you will be arranged married to your new best friend that is a extrovert not knowing that she is your childhood bestfriend that you have been...