Yellow Chrysanthemum

Oleh H_wangRi

1.3K 129 91

အဝါရောင်ဂန္ဓမာတွေဟာ လျစ်လျူရှု့ခံရတဲ့ အချစ်ကိုဖော်ဆောင်သတဲ့.... 𝗼𝐭𝐩//𝐇𝐞𝐞𝐉𝐚𝐤𝐞 Lebih Banyak

pt.1
pt.3
pt.4

pt.2

295 35 39
Oleh H_wangRi


အေးစက်နေတဲ့အိမ်ထောင်ရေးတစ်ခုမှာ ပိုချစ်ရတဲ့သူကသာအနာကျင်ရဆုံးဖြစ်တယ်။

ဟီဆွန်းက ဂျယ်ယွန်းမျက်နှာကိုမမြင်ရအောင် ကုမ္မဏီကိုတက်နိုင်သမျှစောသွားလေ့ရှိတယ်။

တစ်အိမ်လုံးမှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ဂျယ်ယွန်းလေးအဖြစ်ကိုသိတဲ့အခါ ဂျယ်ယွန်းရဲ့နာနာဟာအိမ်တော်ကြီးကိုစွန့်ခွာပြီး ဂျယ်ယွန်းဆီကိုလာနေပေးပေမယ့်ဂျယ်ယွန်းကတော့အထီးကျန်နေဆဲဖြစ်တယ်။

ဂျယ်ယွန်းမှာတော့ မျှော်လင့်ချက်အလင်းရောင်လေးကျန်သေးပါတယ်။အပြစ်လုပ်မိတဲ့အတွက် ဒါဏ်ခတ်တာဆိုလည်းကျေအောင်ဆပ်မှာမို့ အချိန်တန်ရင်တော့ ကိုကို့ရင်ခွင်ဆီအရောက်လာနိုင်ဖို့မျှော်လင့်နေပါတယ်။

လက်ထပ်ပြီးတာဒီလနဲ့‌ဆိုနှစ်လပြည့်ပြီး နောက်လကျရင်တော့ကိုကို့မွေးနေ့ဖြစ်တယ်။ဂျယ်ယွန်းက မွေးနေ့ပွဲလှလှလေးလုပ်ပေးပြီးကိုကို့စိတ်ထဲနေရာသေးသေးလေးဖြစ်ဖြစ်ရအောင်ယူဖို့ကြိုးစားမယ်လို့ တွေးထားတာဖြစ်တယ်။

အခန်းခွဲနေပါရစေလို့တောင်းဆိုပြီး အခန်းသက်သက်နေတဲ့ကိုကို့ကြောင့် ဂျယ်ယွန်းကကိုကိုအငွေ့အသက်လေးရဖို့ဆို ကိုကိုအလုပ်သွားနေတုန်း ကိုကို့အခန်းထဲ၀င်ကာအချိန်ဖြုန်းလေ့ရှိတယ်။

အထီးကျန်နေတဲ့နှလုံးသားလေးများ သက်သာလိုသက်သာငြား ကိုကို့ကိုလူကိုယ်တိုင်နဲ့ထိတွေ့ခွင့်မရရင်တောင် ကိုကို့အခန်းထဲကပစ္စည်းသေးသေးလေးတွေခိုးယူလာတက်တယ်။

ဟီဆွန်းပြန်ရောက်တဲ့အခါ ဟီ‌ဆွန်းဟျောင်းလို့ခေါ်ပြီးအနားကပ်ဖို့ကြိုးစားပေမယ့် ရှင်းမ်ဂျယ်ယွန်းနဲ့လုံး၀မပတ်သက်ချင်ပါဘူးလို့တောင် တန်းဖတ်လို့ရတဲ့မျက်နှာသေနဲ့ ဟီဆွန်းကြောင့် ဂျယ်ယွန်းကတိတ်တိတ်လေးပဲလိုက်ချောင်းရတော့တယ်။တစ်အိမ်တည်းနေပြီး ကိုယ့်အိမ်ထဲမှာကိုယ်စပိုင်လေးလိုပြု‌မှုနေတဲ့ဂျယ်ယွန်းကသနားစရာကောင်းသလို ချစ်ဖို့ကောင်းတယ်။

ချစ်ဖို့ကောင်းတဲ့အပြုအမှုလေးကြောင့် နာနာမှာ သနားစိတ်ကလေးနဲ့အတူအချစ်ပိုရတယ်။

ဟီဆွန်း‌မွေးနေ့ဟာ အကြာကြီးစောင့်မျှော်နေပြီးမှ ရောက်ရှိလာပါတယ်။ဂျယ်ယွန်းနဲ့လက်ထပ်ပြီးမှworkholicဖြစ်သွားတဲ့ ကိုကိုဟာဒီနေ့လည်းပုံမှန်လိုပဲ နံနက်စောစောကုမ္မဏီကိုစောစောသွားခဲ့တယ်။

ဟီဆွန်းသွားတာနဲ့ ရင်ခုန်ပြီးစိတ်လည်းအနည်းငယ်လှုပ်ရှားနေတဲ့ဂျယ်ယွန်းက နာနာနဲ့အတူအစားအသောက်တွေပြင်ဆင်တယ်။ အနည်းငယ်ဆိုတဲ့ စကားကအလိမ်အညာဖြစ်တယ်။ တကယ်တော့မနက်တည်းက ပြုံးရွှင်နေခဲ့တဲ့ဂျယ်ယွန်းက ပျော်နေတဲ့ခွေးပေါက်ကလေးနဲ့တောင်တူပါတယ်။

တစ်နေကုန်ဂနာမငြိမ်တဲ့ဂျယ်ယွန်းကို နာနာကစိတ်မလှုပ်ရှားဖို့တဖွဖွပြောတယ်။ အရမ်းကြီးမမျှော်လင့်ထားဖို့လည်းပြောချင်ပေမယ့် ချစ်စရာသခင်ငယ်လေးရဲ့အပျော်တွေကိုမဖျက်စီးချင်တာကြောင့် သူမစိတ်ထဲပဲသိမ်းထားလိုက်ပါတယ်။

ညနေစောင်းတဲ့ထိပြန်မလာတဲ့ ကိုကိုကခါတိုင်းလိုပင်နောက်ကျတဲ့အထိအလုပ်လုပ်နေမှာစိုးတဲ့အတွေးနဲ့ ဂျယ်ယွန်းကအရဲလေးစွန့်ကဖုန်းဆက်လိုက်တယ်။

"ဟီဆွန်းဟျောင်း ဒီနေ့စောစောလေးပြန်လာခဲ့လို့ရလားဟင်"

"ကိစ္စရှိလို့လား "

"ဟုတ်"

"အင်း အလုပ်တွေလက်စသတ်ပြီးရင်ပြန်လာခဲ့မယ်"

ဖုန်းကျသွားပြီးနောက် ဂျယ်ယွန်းကတအိအိငိုပါ‌တော့တယ်။ဒါဟာ လက်ထပ်ပြီးခုနှစ်လအတွင်း သူတို့ကြားစကားအများဆုံးပြောဖူးတာဖြစ်တယ်။

ဟီဆွန်းအသံကိုကြားရပြီးနောက် ဂျယ်ယွန်းကနှစ်ဆပျော်ရွှင်ပြီး လုပ်သမျှကိုလည်းပိုပြီးတက်တက်ကြွကြွလုပ်ဆောင်နေခဲ့တယ်။

မျှော်လင့်ချက်ရောင်ခြည်လေးကဂျယ်ယွန်းဆီဖြာလာတယ်လို့ဂျယ်ယွန်းကထင်တယ်။နှလုံးသားလေးမှာ ပျော်ရွှင်မှုတွေချင်းနင်း၀င်ရောက်လာပါတယ်။

သိပ်မကြာခင်ပဲ ခြံ၀န်းထဲကိုကား၀င်လာတဲ့အသံကြားရတယ်။ဟီဆွန်းပြန်လာပြီဆိုတာသိတာမို့ အောက်ထပ်ကိုအပြေးလေးဆင်းသွားတဲ့ ဂျယ်ယွန်းမျက်နှာနုနုပေါ်မှာ အပြုံးလေးတွေဖောဖောသီသီတပ်ဆင်ထားတယ်။

လျှပ်စစ်မီးသီးတွေခဏလောက်ဆိတ်သုန်းနေပေမယ့် အလင်းရောင်တစ်ချို့ရှိပါတယ်။ ဂျယ်ယွန်းရဲ့၀င်းပတဲ့မျက်နှာလေးပေါ်ကအပြုံးလေးတွေဆီက
အရင်းခံလာတာဖြစ်ပါလိမ့်မယ်။

အိမ်ထဲ၀င်၀င်ခြင်းမှောင်မဲနေတဲ့အခါ ဟီဆွန်းစိတ်မှာစိုးရိမ်မှုလေးအနည်းငယ်၀င်လာတယ်။သူရဲ့အိမ်ထောင်ဖက်ဟာကျယ်၀န်းတဲ့စံအိမ်ကြီးထဲ အထိန်းတော်ဖြစ်သူနဲ့နှစ်ယောက်ထဲနေကျန်ခဲ့ရတာဖြစ်တယ်။ ကြောက်လန့်တက်တဲ့ အိမ်ထောင်ဖက်ဖြစ်သူက ရုပ်တရက်မီးပျက်သွားပြီးအန္တရာယ်တစ်ခုခုကြုံနေတယ်လို့တွေးထင်လိုက်တာဖြစ်ပါတယ်။

*ဖောင်း*

ကျယ်လောင်တဲ့အသံနဲ့အတူ လျှပ်စစ်မီးတွေလည်းတစ်ဖန်ပြန်လင်းလားတဲ့အချိန်မှာ သူအထင်မှားနေတဲ့ဖြစ်စဉ်တစ်ခုလုံးကိုဟီဆွန်းကနားလည်သွားခဲ့တယ်။

လေထဲကနေကြမ်းပြင်ဆီကိုကျဆင်းနေတဲ့ရောင်စုံအမျှင်တန်းတွေကြားထဲမှာ ဂျယ်ယွန်းကသွားတန်းစီစီလေးတွေနဲ့အတူ နှုတ်ခမ်းစွန်းလေးတွေကော့တက်သွားတဲ့အထိ‌တောက်ပစွာပြုံးရယ်နေတယ်။

ထိုအပြုံးတွေကိုမြင်တိုင်း ဟီဆွန်းနှလုံးသားကိုတစ်စုံတစ်ယောက်ကဆွဲဆုတ်ထားသလို တင်းတင်းကြပ်ကြပ်နာကျင်လာပါတယ်။

ထိုအပြုံးတွေကိုမြင်တိုင်း ရှိုက်ကြီးတငင်ငိုနေတဲ့ဖြူ‌ဖျော့ဖျော့မျက်နှာလေးတစ်ခုကိုမြင်ယောင်မိလာပါတယ်။ပိုင်ဆိုင်သမျှထဲအတွယ်တာရဆုံးဖြစ်တဲ့ အကို့ကိုဆုံးရှုံးရပြီးမှတော့ ကျွန်တော်အသက်လည်းမရှင်နိုင်လောက်တော့ဘူးလို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ်သက်သေဖို့ကြိုးစားခဲ့တဲ့မျက်နှာလေးကိုလည်းမြင်ယောင်လာပါတယ်။

မွန်းကြပ်တဲ့ခံစားချက်နဲ့အတူ ဒေါသလည်းထွက်လာတာမို့အော်ဟစ်လိုက်တယ်။

"ရှင်းမ်ဂျယ်ယွန်း ... အလုပ်ရှုပ်နေတဲ့သူကိုအိမ်ပြန်လာဖို့ခေါ်တာ ဒီလိုအရေးမပါတာတွေလုပ်ဖို့လား"

"ဒီနေ့က ဟီဆွန်းဟျောင်းမွေးနေ့လေ၊ ကျွန်တော်ညစာလည်းပြင်ထားတယ်"

"မလိုဘူး"

ငြင်းဆိုကာ ကိုယ်ပိုင်အခန်းဆီသွားဖို့ပြင်တဲ့ဟီဆွန်းရဲ့လက်ကို ဂျယ်ယွန်းကအလန့်တကြားလှမ်းဆွဲလိုက်တယ်။

"ဟီဆွန်းဟျောင်း တစ်ရက်လေးပဲ ဒီနေ့တစ်ရက်လေးပဲ ကျွန်တော့်ကိုအသိအမှတ်ပြုပေးလို့မရဘူးလားဟင်၊ ကျွန်တော်အများကြီးမျှော်လင့်နေခဲ့တာ"

"လက်ကိုလွှတ်လိုက်"

အပြောထက် လက်ကမြန်ပါတယ်။ဂျယ်ယွန်းလက်ထဲကသူ့လက်ကိုဟီဆွန်းကချက်ချင်းဆောင့်ရုန်းခဲ့တယ်။

ဒါပေမယ့် ခေါင်းမာတဲ့ဂျယ်ယွန်းလေးကနောက်တစ်ကြိမ်ပြန်ဆုပ်ကိုင်ခဲ့ပါတယ်။

"ဒီတစ်ရက်လေးပဲ ဆောင်းဟွန်းကိုမေ့ပြီး ကျွန်တော့်ကိုကြည့်ပေးပါ နော်၊ အစားထိုးချင်လည်းရပါတယ် ၊ဒီတိုင်း ဒီအတိုင်းလေးပဲ နည်း‌နည်းလောက် ‌ငဲ့ကြည့်ပေးလို့မရဘူးလားဟင်"

ဂျယ်ယွန်းရဲ့စကား‌တွေဟာ ကွဲကြေနေတဲ့နှလုံးသားဆီကလာကြောင်း ဆို့နင့်နေတဲ့အသံကသက်သေပါပဲ။ဒါကို ဘေးလူဖြစ်သူ နာနာတောင် သိသိသာသာခံစားနေရပေမယ့် ဒေါသမွှန်နေတဲ့ ဟီဆွန်းအတွက်တော့ စကားလုံးတိုင်းဟာမီးကိုအားပေးနေတဲ့ လောင်စာပဲဖြစ်တယ်။

"ဘာပြောတယ် ဆောင်းဟွန်းကိုမေ့ပစ်ရမယ်ပေါ့ မင်းမို့လို့သူ့နာမည်ကိုမင်းပါးစပ်ဖြားကထွက်ရဲတယ်။ အစားထိုးရအောင် သူကငါ့ကိုထားခဲ့တာမဟုတ်ဘူး၊ ငါ့ဆီကထွက်သွားတာမဟုတ်ဘူး။မင်း! ရှင်းမ်ဂျယ်ယွန်း မင်းကငါ့ကိုသူ့ဘ၀ထဲကဆွဲထုတ်လာတာ"

နီရဲနေတဲ့ မျက်၀န်းတွေကို မြင်တဲ့သူတိုင်းဟီဆွန်းဒေါသရဲ့အတိုင်းအတာကိုသိနိုင်ပါတယ်။ထိုသူဟာ အသံတွေပါတုန်ရီနေခဲ့တယ်။

"တဖက်လူတွေရဲ့ နှလုံးသားတွေကိုနာကျင်စေတဲ့အမှားမျိုးလုပ်ထားတာတောင် ပြုံးရယ်နေနိုင်တဲ့မင်းကိုမြင်ရတာငါဘယ်လောက်မုန်းလဲသိလား။ မင်းငါ့အနားရောက်လာဖို့ကြိုးစားတိုင်း မုန်းလွန်းလို့တွန်းထုတ်ပစ်လိုက်ချင်တာသိလား။ ပြီးတော့ မင်းနဲ့လက်ထပ်ပြီးတည်းကငါ့ရဲ့နေ့ရက်တွေကအဓိပ္ပါယ်မရှိတော့ဘူး။ ဒီလို အရေးမပါတာတွေလုပ်ပြီး ငါ့အာရုံထဲ၀င်လာဖို့မကြိုးစားနဲ့ ငါ့သည်းခံမှုတွေအဆုံးစွန်ရောက်သွားတဲ့အခါ ဒီလောကကြီးကထွက်သွားလိုက်မှာ အဲ့တာကြောင့်ငါနဲ့ဝေးဝေးမှာနေ"

စကားဆုံးတာနဲ့သူ့လက်ကိုဆုပ်ကိုင်ထားတဲ့ဂျယ်ယွန်းကိုဆောင့်တွန်းပြီးဟီဆွန်းကအိမ်ကနေတစ်ဖန်ပြန်ထွက်သွားပါတယ်။

ဂျယ်ယွန်းကတော့လဲကျသွားတဲ့အတိုင်းပဲ ခွေခွေလေးလှဲကာ ရှိုက်ကြီးတငင်ငိုမိတော့တယ်။

စကားလုံးတစ်လုံးစီက နာကျင်လွန်းလှပါတယ်။ ပုံဖော်ရရင်တော့ကွဲကြေနေတဲ့ နှလုံးသားကိုဖိနပ်နဲ့တစ်စစီ ချေမွနေသလိုပါပဲ။

ဒီလောက်နာကျင်ရမယ်မှန်းသိခဲ့ရင် ဂျယ်ယွန်းဟာသူများရေးပေးတဲ့ဇာတ်ကို ကိုယ့်နာမည်ခံပြီး ကျေ‌နပ်စွာ၀င်ကခဲ့မှာမဟုတ်ပါဘူး။အတိတ်ကအကုသိုလ်များကအလွန်ကြီးမားခဲ့ပုံပါပဲ။ ဒီဘ၀မှာတော့ ဂျယ်ယွန်းပိုင်တဲ့နှလုံးသားကငယ်ငယ်ရွယ်ရွယ်တည်းက ပုံအပ်လို့မသင့်တဲ့သူဆီမှာ ပုံအပ်မိခဲ့တယ်။တစ်ပြိုင်တည်းလည်းအကျဉ်းကျခဲ့ပါတယ် သူ့နှလုံးသားဟာ ထိုသူဆီမှာ ရုန်းမရပြုမရ.....။ တစ်စစီကွဲကြေနေရက်တောင်မှပေါ့။

ခြောက်ကပ်နေတဲ့ အိမ်ကြီးထဲမှာ ဂျယ်ယွန်းရယ် နာနာရယ်သာကျန်ခဲ့ပါတယ်။ ကြိုးပြတ်သွားတဲ့ အရုပ်ကလေးပမာဖြစ်နေတဲ့ဂျယ်ယွန်းကို ဘယ်လိုစကားလုံးမျိုးနဲ့မှ နှစ်သိမ့်ပေးနိုင်မှာမဟုတ်မှန်းသိတဲ့အလျှောက် သူမလုပ်ပေးနိုင်တဲ့အတက်နိုင်ဆုံးလုပ်ပေးနိုင်တာက တိတ်ဆိတ်နေပေးတာပါပဲ။

***

မွေးနေ့ကနေ နောက်တစ်ပတ်လောက်အထိ ဂျယ်ယွန်းရဲ့အိမ်ထောင်ဦးစီးဖြစ်သူဟာအိမ်ကိုပြန်မလာခဲ့ပါဘူး။

ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ် တနင့်တပိုးနဲ့ဂျယ်ယွန်းဟာလည်းဖုန်းစတင်ဆက်ဖို့လောက်ထိမစွမ်းသာခဲ့။

ယနေ့ညနေတော့ အိမ်ပြန်လာမယ့်အစီအစဉ်ရှိကြောင်း နာနာကိုဖုန်းလှမ်းဆက်ကာ ခရီးသွားဖို့အထုတ်အပိုးလေးပြင်ပေးပါလို့တောင်းဆိုကြောင်း နာနာပြောပြလို့သိရတယ်။

နာနာဟာဂျယ်ယွန်းငယ်ငယ်တည်းက အမေတစ်ယောက်နီးပါးထိန်းကျောင်းပြုစုပေးခဲ့တဲ့ ဂျယ်ယွန်းရဲ့အထိန်းတော်မို့ ယခုတစ်အိမ်လုံးမှာတစ်ယောက်တည်းသော၀န်ထမ်းဖြစ်နေ‌လင့်တစား ဂျယ်ယွန်းသာမကဟီဆွန်းကပါဘယ်တော့မှ၀န်ထမ်းတစ်ယောက်လိုမဆက်ဆံ။ အဒေါ်တစ်ယောက်လိုသာဆက်ဆံကာ ကိစ္စရှိရင်လည်း ခိုင်းတဲ့သဘောဖက်ကိုမရောက်အောင် အတက်နိုင်ဆုံးအကူအညီတောင်းသလို ရိုရိုကျိုးကျိုးလေးပြောလေ့ရှိတယ်။ဒါလည်း ဂျယ်ယွန်းချစ်ရတဲ့ဟီဆွန်းရဲ့အမှုအကျင့်တွေထဲကတစ်ခုပါပဲ။

လွမ်းနေရတဲ့ မျက်နှာလေးကိုမြင်ရမှာမို့ ဂျယ်ယွန်းကပျော်ရွှင်နေခဲ့ပါတယ်။

ဒါပေမယ့် အိမ်ပြန်လာတဲ့ဟီဆွန်းမျက်နှာဟာ များပြားလှတဲ့အအိပ်‌ပျက်ရက်များကိုဖော်ညွှန်းနေခဲ့သလား ၊ သူပျော်၀င်ခဲ့တဲ့ ကြည်လဲ့လဲ့ သမင်မျက်၀န်းတွေဟာ အရောင်မှိန်လွန်းနေကာ ပတ်ပတ်လည်မှာလည်း အနက်ရောင်circleတွေ၀န်းရံထားသလို ၊ သူ့အမြဲငေးကြည့်ခဲ့ရတဲ့ကျောပြင်ကျယ်ဟာလည်း သိသိသာသာအရွယ်အစားကွာသွားခဲ့ပါတယ်။

ချောင်ကျနေတဲ့မျက်နှာလေးကို မမြင်ကွယ်ရာကနေချောင်းကြည့်ရင်း ဂျယ်ယွန်းကအသံတိတ်မျက်ရည်ကျရပြန်တယ်။

အရင်ကလို အရာအားလုံးဟာပုံမှန်လေးလည်ပတ်နေခဲ့ရင် ဟီဆွန်းနဲ့ ဆောင်းဟွန်းဟာချစ်‌ခြင်းတွေပျော်ရွှင်ခြင်းတွေလွှမ်းခြုံနေတဲ့ရပ်၀န်းလေးမှာ လူတိုင်းဆီကကောင်းချီးတွေကိုခံယူပြီး ‌အကုန်လုံးအတွက်မင်္ဂလာရှိနေပါလိမ့်မယ်။

ခုတော့အရာအားလုံးဆန့်ကျင်ဖက်ဖြစ်နေခဲ့ပါတယ်။ဟီဆွန်းနဲ့ဆောင်းဟွန်းရဲ့ဆက်ဆံ‌ရေး ၀မ်းနည်းစရာအဆုံးသတ်နဲ့ပျက်စီးသွားခြင်းက ဘေးလူ‌တွေအတွက်တောင် အလွန်စိတ်မကောင်းဖြစ်စရာပါပဲ။

တရားခံ ဂျယ်ယွန်းကရော ?

သူကတော့ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်နာကျင်ရမှာပါပဲ။သူ့နှလုံးသားက ဒီလိုကျိန်စာနဲ့မွေးဖွားခဲ့တာဖြစ်တယ်။မိသားစုအပါအ၀င် တလောကလုံးကပစ်ပယ်ထားပြီး အနားမှာရှိပေးတဲ့တစ်ယောက်တည်းသောသူနာနာကိုလည်း ပင်ပန်းအောင်လုပ်မိနေမှန်းသူသိပါတယ်။သူ့ကိုထားပြီး ထွက်သွားစေချင်ပေမယ့်လည်း ထိုအမျိုးသမီးဟာသူ့ကိုပျိုးထောင်လာသူပီပီအလွန်ခေါင်းမာပါတယ်။

ဂျယ်ယွန်းက အသက်ငါးဆယ်အရွယ်အမျိုးသမီးကြီးရဲ့ခပ်ဖိုင့်ဖိုင့်ကိုယ်ကိုဖက်ပြီးငိုနေခဲ့ပါတယ်။ကျောပြင်ပေါ်မှာ တစ်ချက်ချင်းကျရောက်နေတဲ့ ခပ်ဖွဖွပုတ်ပေးတဲ့လက်ဖဝါးဟာ ငယ်ငယ်တည်းကသူ့ရဲ့စိတ်ပူပန်မှု စိတ်လှုပ်ရှားမှုစတဲ့ခံစားချက်တွေကို ပျောက်ကွယ်သွားစေပေမယ့် ခုအချိန်မှာတော့ နာကျင်မှုပေါင်းများစွာကိုပျောက်ကွယ်သွားဖို့ ဆောင်ယူဖို့ရာမတက်နိုင်တော့ပါဘူး။

ဟီဆွန်းက ဂျပန်ကိုအလုပ်ခရီးတစ်လနီးပါးသွားရတယ်လို့နာနာကပြောပြပါတယ်။ မျက်နှာလေးချောင်ကျနေတာကို အလုပ်ခရီးသွားခိုင်းရသလားလို့ဟီဆွန်းရဲ့အထက်လူကြီးကိုငြူစူမိတော့ ဟီဆွန်းက စိတ်ပြေလက်ပျောက်လည်းခရီးထွက်ချင်တာမို့ ကိုယ်တိုင်တောင်းဆိုခဲ့ကြောင်းလည်း နာနာပြောပြလို့ပဲသိရပါတယ်။တကယ်ကိုဟီဆွန်းက ဂျယ်ယွန်းကိုသူစိမ်းလိုပဲဆက်ဆံပါတယ်။ မသိတဲ့သူတွေလို ဘာမှသက်ဆိုင်ချင်းမရှိသူတွေလို .....။

ဟီဆွန်းရဲ့ညိုနေတဲ့မျက်ကွင်းတွေနဲ့ပင်ပန်းနေတဲ့မျက်နှာအကြောင်းကို အခါခါပြောရင်းစိတ်ပူနေတဲ့ ဂျယ်ယွန်းဟာ ကိုယ်တိုင်ရဲ့နီရဲနေတဲ့မျက်၀န်းတစ်ဝိုက်နဲ့အစရှာလို့မရလောက်အောင်ပျောက်ကွယ်သွားတဲ့ ပါးမို့လေးတွေအကြောင်းကိုတော့ မသိပုံပါပဲ။

နေ့စဉ်ရက်စက်မျက်ရည်ကိုပဲ အဖော်ပြုနေရတာမလား။

အချစ်ရူးလေးဖြစ်ကာ အလွန်နာကျင်နေရတဲ့ဂျယ်ယွန်းလေးကိုသနားလွန်းလို့ နာနာလည်းကွယ်ရာမှာကြိတ်ငိုရတာပါပဲ။ ဒီဇာတ်လမ်းဟာ လူတိုင်းအတွက်နာကျင်ရတဲ့ dramaတစ်ခုဖြစ်နေခဲ့ပါတယ်။

***

သူ့ကိုစွန့်လွှတ်ထားတဲ့ မိဘတွေကို ဂျယ်ယွန်းကတော့မစွန့်ခွာနိုင်ပါဘူး။အမှားလုပ်တာသူမလို့ စိတ်ဆိုးတဲ့မိဘနှစ်ပါးဟာ အမှားမရှိသူများသာ။

ဟီဆွန်းခရီးသွားတဲ့ တစ်ပတ်မြောက်နေ့မှာတော့ ဂျယ်ယွန်းကအိမ်အပြင်ထွက်ကာလောကကြီးနဲ့ထိတွေ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ နာနာရဲ့ တစ်ပတ်လုံးတိုက်တွန်းမှုကိုလျစ်လျူမရှု့နိုင်တဲ့အဆုံးပေါ့။

မိခင်ဖြစ်သူအနှစ်သက်ဆုံးဖြစ်တဲ့ အဖြူရောင်လီလီပန်းတစ်စီးကိုလမ်းမှာ၀င်၀ယ်ခဲ့ပါတယ်။သူပထမဆုံးသွားဖို့ခေါင်းထဲ၀င်လာတဲ့နေရာက သူ့ရဲ့အိမ်အဟောင်းဖြစ်ခဲ့တဲ့မိဘအိမ်ဖြစ်တယ်။

ခွင့်လွှတ်သည်ဖြစ်စေ ခွင့်မလွှတ်သည်ဖြစ်စေ၊
လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ၊
အမှားလုပ်ထားတဲ့သူတစ်ယောက်မို့ ခေါင်းငုံ့တောင်းပန်ရမှာသူ့တာ၀န်လို့ ဂျယ်ယွန်းကခံယူထားခဲ့တယ်။အရိုးသားဆုံးပြောရရင်တော့ လက်မခံရင်တောင် အနည်းငယ်တော့လှည့်ကြည့်ပေးဖို့မျှော်လင့်ခဲ့ပါတယ်။ ချစ်ရသူဆီကရော မိဘတွေဆီကရောပေါ့......။

လက်ရှိနေနေတဲ့ စံအိမ်ထက် အဆပေါင်းများစွာကြီးမားတဲ့အိမ်တော်ကြီးရှေ့ရောက်တော့ အထဲမ၀င်ခင် ငယ်ငယ်ကအမှတ်တရတွေပြန်တွေးနေခဲ့တယ်။

သာမာန်‌ရက်တွေဆို ခြံ၀န်းထဲမှာ ဂျယ်ယွန်းနဲ့ပါပါးနဲ့တူတူဆော့ရင် အနားမှာထိုင်ကာ သိုးမွှေးထိုးရင်းပျော်ရွှင်နေခဲ့တဲ့ မေမေ့ရဲ့အပြုံးတွေကို ပုံဖော်မိတဲ့အခါမျက်၀န်းငယ်ဟာ တစ်ဖန်စိုစွတ်တယ်။

ပွဲတော်ရက်မို့ ဆွေမျိုးမိသားစုတွေစုံရင်လည်း ဂျယ်ယွန်းအသံဆာဆာကလေးကပဲ လူတိုင်းကို ရယ်မောစေခဲ့တာပါပဲ။

တစ်ချိန်ကလူတိုင်းရဲ့ချစ်ခြင်းကိုခံယူခဲ့သူဟာလည်းခုတော့ အထီးကျန်မှုနဲ့သာအဖော်ပြုနေရပါတယ်ဆိုတာဘယ်သူကများကြိုသိခဲ့မလဲ။သေချာပေါက်ကိုဘယ်သူမှမသိနိုင်ဘူးပေါ့။ကံကြမ္မာဆိုတာ ကြိုမှမမြင်နိုင်ပဲ။

ငေးမောနေရင်းပဲ ခြံတခါးပွင့်လာပြီး အထဲကနေမျက်နှာရင်းနှီးနေတဲ့ အိမ်က၀န်ထမ်းမိန်းကလေးတစ်ယောက်ထွက်လာတယ်။

"သခင်လေး ဂျယ်ယွန်း ၊ soohaလည်းမပြောချင်ပေမယ့် မမကြီးကဘာရည်ရွယ်ချက်နဲ့ပဲလာလာ အိမ်‌ထဲကို၀င်ခွင့်မပေးနိုင်တာမို့ ချက်ချင်းပြန်သွားပေးပါတဲ့။"

Security အပြည်နဲ့အိမ်တော်တစ်ခုမို့ ခြံ၀န်းရှေ့ကားတစ်စီးရပ်နေတာကိုသိတာတော့အဆန်းမဟုတ်ပေမယ့် မေမေတဆင့်စကားပါးခိုင်းလိုက်တဲ့ စကားကိုအားနာဟန်အပြည့်နဲ့ပြောနေတဲ့ မိန်းကလေးဆီမှာ ၀မ်းနည်းနေတဲ့အရိပ်အယောင်တွေအပြည့်မြင်တွေ့နေရတယ်။

ဂျယ်ယွန်းဟာ ဒီလောက်တောင်သနားဖို့ကောင်းတဲ့ဖြစ်တည်မှုလား။

ဟုတ်ပါရဲ့ ဂျယ်ယွန်းကဘယ်သူမှမလိုချင်တဲ့ဖြစ်တည်မှုလေးဖြစ်နေခဲ့တာပဲ။မိဘတွေကရော အိမ်ထောင်ဖက်ဖြစ်သူကရော မလိုချင်ခဲ့။

လှပပေမယ့် ဆွတ်ယူချင်တဲ့သူမရှိ ၊နမ်းရှိုက်ချင်တဲ့သူမရှိ၊ ထွေးပွေ့ချင်တဲ့သူမရှိတဲ့ ပန်းလေးတစ်ပွင့်ဟာ မငြိုးငယ်ပဲနေနိုင်ရိုးလား...။

ကားပြန်ကွေ့လိုက်ပြီး ဦးတည်ရာမရှိလျှောက်မောင်းနေခဲ့ပါတယ်။ဂျယ်ယွန်းနှလုံးသားကဘာခံစားချက်မှမရှိသလို ဦးနှောက်ထဲမှလည်းဘာအတွေးမှမရှိ။ဒါမှမဟုတ် ခံစားရလွန်းတွေးရလွန်းလို့ထုံသွားခဲ့တာလား ကိုယ်တိုင်လည်းမသိခဲ့ပါဘူး။

ဘယ်အချိန်အိမ်‌ပြန်ရောက်လာခဲ့မှန်းမသိပေမယ့် သူအိမ်ပြန်လာချိန်ဟာအတော်ကိုမှောင်နေခဲ့ပါပြီ။

နာနာဟာသူ့ကိုဘာမှမမေးပဲတိတ်တိတ်လေးဖက်ကာ ကျောပြင်ငယ်ကိုပွတ်သပ်ပေးနေပုံအရတော့ ဂျယ်ယွန်းမိဘအိမ်ကနေအနှင်ခံရကြောင်းသူမလည်းအိမ်တော်က၀န်ထမ်းတွေဆီကသတင်းရပြီးသားဖြစ်ပါလိမ့်မယ်။ကိုယ့်ဖြစ်တည်မှုကိုသိမ်ငယ်လွန်းလို့ အမှုန်လေးဖြစ်ခါလွင့်ပျောက်သွားဖို့ကိုသာမျှော်လွင့်မိတော့တယ်။

"နာနာ...ကျွန်တော်သွားနားတော့မယ်နော်"

"ဟုတ်ပါပြီ၊ နာနာ့ကလေး‌လေးနားတော့နော်"

လှေကားကနေအပေါ်ထပ်ဆီဖြေးညှင်းစွာတက်နေရင်းပါပဲ

"ဂျယ်ယွန်းလေး"

လှည့်ကြည့်တော့ နာနာဟာကြေကွဲဖွယ်အသံနဲ့ပြောတယ်။

"ရေအကြာကြီးမချိုးနဲ့နော်"

နီရဲနေတဲ့ နာနာ့မျက်၀န်းတွေရယ် တုန်ရီနေတဲ့အသံရယ်က ဂျယ်ယွန်းကို bathtubထဲအချိန်အကြီး ငိုမနေဖို့သွယ်ဝိုက်ပြောနေကြောင်းသတိပေးတယ်။သူ့ကိုမွေးတဲ့နေ့ကတည်းက အခုထိပြုစုစောင့်ရှောက်လာတဲ့ထိုအမျိုးသမီးကြီးက ဂျယ်ယွန်းကိုဂျယ်ယွန်းထက်ပိုသိနေခဲ့ပါတယ်။

အပြုံးမမည်တဲ့အပြုံးတစ်ခုကိုသာ နာနာ့ကိုပေးခဲ့ပြီး သူတစ်ယောက်တည်းနေထိုင်ခဲ့ရတဲ့ခြောက်ခြားဖွယ်သူ့အခန်းဆီကိုဆက်လှမ်းလာခဲ့ပါတယ်။

လမ်းပျောက်နေတဲ့ ကြောင်လေးတစ်ကောင်နဲ့ဆင်တူစွာပါပဲ။ပိုဆိုးတာကနဂိုတည်းက အိမ်မရှိတဲ့ကြောင်ကလေးမဟုတ်ပဲ အများကြီးအချစ်ခံရပြီးမှ ရုတ်တရက်စွန့်ပစ်ခဲ့ရတဲ့ကြောင်ကလေးဖြစ်နေခဲ့တယ်။

အိမ်မှာအစားအသောက်ကောင်းကောင်းစားခဲ့ရပြီး စွန့်ပစ်ခံရတဲ့အချိန်ကြောင်ကလေးအစာမရှာတက်တဲ့အခါဘာဖြစ်တက်သလဲ။ဂျယ်ယွန်းလည်းထိုနည်းတူစွာပါပဲ။

အများကြီးအချစ်ခံရပြီးမှ ရုပ်တရက်ကြီး
အထီးကျန်ပါတယ်၊ခိုကိုးရာမဲ့ဖြစ်နေသလို ရှင်သန်နေရတာလည်း အဓိပ္ပာယ်မရှိတော့တာမို့ လောကကြီးကထွက်သွားလိုက်ဖို့ကြံစည်ပေမယ့် မအောင်မြင်ရတဲ့အကြောင်းအရင်းကတော့ သူ့အနားမှာရှိနေပေးတဲ့တစ်ဦးတည်းသော အမျိုးသမီးကြီးကြောင့်ပါပဲ။သံ‌ယောဇဉ်ဆိုတာအလွန်ဒုက္ခပေးတက်တဲ့အမျိုးပါပဲ။

.

.

.

HAPPY BIRTHDAYပါယွန်းနီးရေ\⁠(⁠^⁠o⁠^⁠)⁠/ ♡✧
Yyunnie-

စာမေးပွဲရယ် training ရယ် interviewရယ်ကြားမုန့်လုံးရေပေါ်လေးဖြစ်နေလို့ မွေးနေ့အမှီendingရေးပေးမယ်ဆိုတဲ့ကတိကိုမတည်နိုင်လို့ ごめんねಥ⁠_⁠ಥ

Lanjutkan Membaca

Kamu Akan Menyukai Ini

33.7K 5.2K 61
ကင်ဆောနူးဆိုတဲ့ကောင်လေးက သရဲတစ္ဆေတွေကိုမြင်နိုင်တဲ့အစွမ်းရှိတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သေမင်းကတောင်ဝိဉာဥ်မကောက်နိုင်လောက်အောင်အငြိုးအတေးကြီးတဲ့သရဲတစ...
163K 6.6K 73
➽Just short love stories...❤ ⇝❤️. ⇝🖤. ⇝♥️. ⇝💙. ⇝🩷. ⇝🤍. ➽💛Going on. ➽🩶Coming up [Ignore grammatical mistakes. I will improve my writing gradual...
1.4K 65 3
Love Story of Between Two Little Boys...<3
3.8K 336 10
𝗹𝗶𝘁𝘁𝗹𝗲 𝗯𝗿𝗼𝘁𝗵𝗲𝗿? 𝗯𝘂𝘁 𝗵𝘆𝘂𝗻𝗴𝘀 𝗱𝗼𝗻'𝘁 𝘁𝗿𝗲𝗮𝘁 𝘁𝗵𝗲𝗶𝗿 𝗹𝗶𝘁𝘁𝗹𝗲 𝗯𝗿𝗼𝘁𝗵𝗲𝗿𝘀 𝗹𝗶𝗸𝗲 𝘆𝗼𝘂 𝗱𝗼. 𝗯𝗼𝘁𝗵 𝗨𝗻𝗶�...