Part 24
ပြန်ပြင်ထားပါတယ်ရှင့်
----------
ရှောင်မားဖျက်ချခိုင်းရတာက ယောက်ျားလေးကကိုယ်ဝန်ဆောင်တယ်ဆိုတာက ဖြစ်ရပ်ဆန်းကြီးပဲလေ
(ငါနဲ့ယူမှာလေ 😁😁)
"ဘာများလဲ"
သိသွားလို့များလား။
"ဟုတ်..ဟုတ်လား"
"အင်း"
"ဘာလာလုပ်တာတဲ့လဲ"
"အော်...."
"အင်း...."
"...."
----------
"အင်း"
"ဟုတ်ကဲ့ခင်ဗျ"
အနားမှာမရှိပါ ဆိုတော့သူတစ်ယောက်ထဲသာ ကုတ်အင်္ကျီကိုဝတ်ပြီး
မဖြစ်ဘူး ။
"ကျန့်ကျန့်...."
ဘယ်လိုလုပ်ရမလဲ...။
"ဟူး...."
"မောလိုက်တာ..."
"...."
"လူကြီးမင်း..."
လိုက်ရသည်။
"ဗိုက်ဆာလို့လား"
"...."
"မ..မစားဘူး"
"...."
"မ..မစားဘူးလို့"
"ဟွန့် ပြီးရော..."
"...."
"လူကြီးမင်း...ဦးထုပ်နဲ့ကုတ်အင်္ကျီက အရမ်းမိုက်တယ် သိလား"
"ဟုတ်..ဟုတ်လား"
"...."
"..."
ရောက်ဖူးတာလားဟင်"
"အင်း"
"အင်း"
"..."
"..."
"မ..မရဘူး"
"မ...မရဘူး"
"သားကျန့်ရေ သွားမယ်လာ..."
"အင်းအင်း"
.
.
.
.
သွားမိသည်။
ရှောင်ကျန့်အံ့ဩသွားရပါတယ် သူ့ရှေ့မှာသူချစ်ရတဲ့ယောက်ျားကရပ်နေ
"ပြန်လိုက်ခဲ့"
"ဟင့်အင်း "
"ကျန့်ကျန့်"
ယောက်ျားလေးတစ်ယောက်ကိုလက်ထပ်ထားလို့ လူတွေအထင်အမြင်
"...."
"..."
"အင်း...လိုက်ခဲ့မယ်..."
"တကယ်လား"
"အင်း"
"ဘယ်သူ့ကိုလဲ"
ကိုင်ထားသည်။
"မင်းရဲ့ အမေကိုလား"
"ဘယ်ကောင်လဲ ပြောစမ်း"
"သူလေးကို "
"ဒါ...ဒါ...ဒါက"
"ကျန့်ကျန့်"
"ဟင်..."
နောက်ပြီးတော့ ကျန့်ကျန့်ကယောက်ျားလေးဖြစ်..."
---------------
(6.4.2023)
#Su🐼
မြို့အုပ်ဝမ်နှင့်သူနာပြုရှောင်း
Part 24
----------
ရှောင်ကျန့်မှာကိုယ်ဝန်ရှိမှန်းသိသိခြင်းပဲ ဂရုစိုက်လာရတယ် ရှောင်မားက
တော့ ဖျက်ချခိုင်းတယ် ရှောင်ကျန့်ကငြင်းဆန်တယ် အနည်းဆုံးဝမ်ကိုကို့
ကိုမရခဲ့ရင်တောင်မှပဲ ဝမ်ကိုကိုနဲ့တူတဲ့ ကလေးလေးရချင်တယ်။
ရှောင်မားဖျက်ချခိုင်းရတာက ယောကျ်ားလေးကကိုယ်ဝန်ဆောင်တယ်ဆိုတာက ဖြစ်ရပ်ဆန်းကြီးပဲလေ
နောက်ပြီးတော့ မြို့အုပ်အိမ်တော်ကနေထွက်လာပြီးတော့လည်း မြို့အုပ်ဝမ်
နဲ့တွေ့ဖြစ်မှာမှမဟုတ်တာ နောက်ပြီးတော့ရှောင်ကျန့်ကလည်းငယ်ငယ်ရွယ်ရွယ်လေးနဲ့အိမ်ထောင်ပြု
လို့ကောင်းတဲ့အရွယ်ပဲလေ အမျိုးကောင်းအမျိုးသမီးလေးနဲ့ပေးစားပြီး
သာယာတဲ့အိမ်ထောင်ရေးလေးသာတည်ဆောက်ပေးစေ့ချင်နေတာ။
(ငါနဲ့ယူမှာလေ 😁😁)
ဒါပေမဲ့လည်းသူမသားက ကလေးကိုမဖျက်ချစေချင်ဘူး ဖျက်ချခိုင်းရင်
သတ်သေပါ့မယ်ဆိုလို့ မလုပ်ပဲနဲ့ဒီအတိုင်းငြိမ်နေလိုက်ရတယ် အခုဆိုကိုယ်ဝန်က 4လကျော်နေလို့5လရောက်နေပြီ ဗိုက်လေးကလည်းပူနေပြီ။
"ရှောင်သားအမိတို့ တို့သတင်းပြောပြရဦးမယ်တော်ရေ"
"ဘာများလဲ"
နေ့လည်နေ့ခင်းဘက်မှာ ရှောင်မားနဲ့အရွယ်တူအမျိုးသမီးတွေက လာပြီး
စကားလာလာပြောကြသည် အပျင်းပြေတာပေါ့။
"တို့မြို့ကိုလေ မြို့အုပ်မင်းလာမယ်တဲ့"
ထိုစကားကိုကြားတော့ ကန်စွန်းရွက်ကိုဆိတ်နေသောရှောင်မားရဲ့လက်တွေ
ကရပ်တန့်သွားရတယ် မြို့အုပ်မင်းကဘာလာလုပ်တာလဲသူမသားရှိတာကို
သိသွားလို့များလား။
"ဟုတ်..ဟုတ်လား"
"အင်း"
"ဘာလာလုပ်တာတဲ့လဲ"
"အို...တို့မြို့မှာဖြစ်နေတဲ့ပြဿနာတွေကို ရှင်းပေးတာပေါ့အေ တို့မြို့ရဲ့
ခေါင်းဆောင်ကလည်းဘာဆိုဘာမှမလုပ်ပေးတာ အဲ့တော့တို့တွေကတိုင်ရတာပေါ့ အထက်ကို"
"အော်...."
"ကောလဟာလတွေများလားတော့မသိပါဘူးတော်ရေ ဟိုးတစ်ခါတုန်းက
လည်းတိုင်ထားတာမလာခဲ့ဘူးလေ"
"အင်း...."
"လာချင်လာမလာချင်ရင်နေဟေ့...စိတ်တွေလည်းရူပ်ပါတယ် "
"...."
ကောလဟာလသတင်းဖြစ်လာတာကြောင့်ရှောင်မားမှာသက်ပြင်းချလိုက်သည်တော်ပါသေးရဲ့...မလာပါစေနဲ့လို့တော့ဆုတောင်းပါတယ် ကောလဟာလဆိုမှတော့ ရှောင်ကျန့်ကိုပြောပြမနေတော့ဘူး ဟိုတစ်ယောက်ကလည်းဘယ်တော့လာမလဲမှမသိတာ နော့်။
----------
မြို့အုပ်ဝမ်မှာတော့ မြို့အုပ်ဟောင်းရဲ့တစ်ချက်လွှတ်အမိန့်အရ ဤမြို့လေး
ကိုရောက်လာခဲ့သည် ဒီမြို့လေးက ဝမ်မြို့တော်ရဲ့တစ်စိတ်တစ်ဒေသ
လောက်လေးပါပဲ နာမည်က လော့ရန်မြို့။
"မြို့အုပ်ဝမ် တည်းခိုခန်း မှာပစ္စည်းတွေချထားပြီးပါပြီ"
"အင်း"
"ဘယ်သူ့မှအသိမပေးဘူးလား "
"ဟင့်အင်း နည်းနည်းလောက် နေလိုက်ဦးမယ်"
"ဟုတ်ကဲ့ခင်ဗျ"
မြို့အုပ်ဝမ်ကအရက်တွေသောက်နေတာကြောင့်လီရှင်းလည်း မတားနိုင်ပါ
အရက်တွေသောက်ပြီးပြဿနာတွေရှာ မြို့အုပ်ဟောင်းနဲ့လည်း ခဏခဏ
ပြဿနာတက် သူလည်းဒီရောက်ပြီဖြစ်တာကြောင့် အိမ်တော်ကသူတွေကို
အကြောင်းကြားလိုက်ရဦးမည်။
မြို့အုပ်ဝမ်သောက်လက်စအရက်ပုလင်းမှာကုန်သွားတော့ လီရှင်းကလည်း
အနားမှာမရှိပါ ဆိုတော့သူတစ်ယောက်ထဲသာ ကုတ်အကျႌကိုဝတ်ပြီး
ဦးထုပ်ဆောင်းကာ အရက်ဝယ်ရန်အတွက်ထွက်လာခဲ့သည် မြို့အုပ်ဝမ်
ကအရက်1ပုလင်းသောက်ရင်တောင် မမူးဘူး ထင်ယောင်ထင်မှားလည်း
မဖြစ်ဘူး ။
လော့ရန်မြို့လေးကလည်း မျက်စိတောင်လည်တယ် သူလျှောက်သွား
နေတာကြာပြီ အရက်ဆိုင်တောင်မတွေ့ပါဘူး မောတာကြောင့် ပိတ်ထား
တဲ့ဆိုင်ရှေ့ကခုံလေးမှာခဏဝင်ထိုင်လိုက်ပြီး အရှေ့ကိုကြည့်လိုက်တော့
မျက်စိပါ ကျယ်သွားတယ် သူ့ရှေ့ကကောင်လေးက...။
"ကျန့်ကျန့်...."
မြို့အုပ်ဝမ်ခပ်တိုးတိုးသာရွတ်ဆိုလိုက်ပါတယ် တကယ်ရှောင်ကျန့်မှရှောင်ကျန့်အစစ်ကြီးပါ သူနဲ့ဆိုလမ်းလေးသာခြားတယ်
ကျန့်ကျန့်ကပန်းသီးတွေရွေးပြီးဝယ်နေတာ ဘေးနားမှာလည်းသူ့မား
ပါသေးတယ် သေချာကြည့်မိတော့မှ ရှောင်ကျန့်ကဝလာသားပဲဗိုက်လေးက
လည်းပူလို့ သူရှောင်ကျန့်ရှေ့ကိုသွားသင့်လား ဟင့်အင်း....တော်ကြာနေ
သူဒီမြို့ရောက်နေမှန်းသိရင် ထွက်ပြေးသွားရင်ဘယ်လိုလုပ်မလဲ။
ကိုယ်ကြည့်နေတာကိုတွေ့ရင်သူတို့တွေ့သွားမှာကြောက်လို့ ဘေးနားမှာ
သတင်းစာတွေထိုင်ရောင်းနေတဲ့သူစီကနေ သတင်းစာဝယ်ကာ မျက်နှာကို
အုပ်ပြီး အသာလေးချောင်းကြည့်ရသည် ကံကြမ္မာကအတင်းနီးစပ်ခွင့်ပေး
သလားလို့ထင်ရပါတယ် ရှောင်ကျန့်နဲ့သူ့မားနဲ့ကသူ့စီကိုလာနေတာ
ဘယ်လိုလုပ်ရမလဲ...။
"သား ဒီမှာခဏထိုင်နေဦး မား အသားငါးတွေသွားဝယ်လိုက်ဦးမယ် "
ရှောင်မားက လမ်းကူးလာပြီး ရှောင်ကျန့်ကို မြို့အုပ်ဝမ်ရဲ့မလှမ်းမကမ်းလေး
မှာထိုင်နေခိုင်းသည် မြို့အုပ်ဝမ်မှာ သတင်းစာနဲ့သူ့မျက်နှာကိုအုပ်နေရတာ
အမော... ရှောင်ကျန့်နဲ့သူနဲ့အကွာအဝေးက အလယ်မှာလူနှစ်ယောက်လောက်ဝင်ထိုင်လို့ရတယ်။
"ဟူး...."
ရှောင်ကျန့်စီကနေသက်ပြင်းချသံလေး ကိုမြို့အုပ်ဝမ်ကြားလိုက်ရပါတယ်
စကားပြောသင့်လား နူတ်ဆက်သင့်လား ငြိမ်နေလိုက်ရမလား သူ့ခေါင်းထဲ
မှာတအားရူပ်ထွေးနေတယ်။
"မောလိုက်တာ..."
"...."
ရှောင်ကျန့်မှာထိုင်ပြီးအမောဖြေနေရင်းနဲ့မှ ပန်းသီးကိုယူပြီးကိုက်ကာစား
နေပြီးအရှေ့ကိုကြည့်နေသည် မြို့အုပ်ဝမ်ကလည်းသူ့ခမျာ သတင်းစာလေး
မျက်နှာအုပ်ကာမျက်လုံးလေးစွေလို့ချောင်းနေရရှာတယ်။
"လူကြီးမင်း..."
ရှောင်ကျန့်စီမှခေါ်သံကြောင့် မြို့အုပ်ဝမ်လန့်သွားကာ သတင်းစာကို
ခပ်တင်းတင်းဆုပ်ကိုင်ပြီး မသိချင်ယောင်မကြားချင်ယောင်ဟန်ဆောင်
လိုက်ရသည်။
"ဗိုက်ဆာလို့လား"
"...."
"ခုနက ကျန့်ကျန့်ပန်းသီးစားနေတာကိုကြည့်နေတာစားချင်လို့လားဟင်"
"မ..မစားဘူး"
"ခုနကမျက်လုံးစွေစောင်းပြီးကြည့်နေတာ ကျန့်ကျန့်သိပါတယ် "
"...."
"မလိမ်ပါနဲ့ ကျန့်ကျန့်က သဘောထားမသေးသိမ်တက်ပါဘူးဗျ ယူပါနော်"
"မ..မစားဘူးလို့"
"ဟွန့် ပြီးရော..."
"...."
မြို့အုပ်ဝမ်မှာလူပ်တောင်မလူပ်ရဲတော့ဘူး ရုတ်တရက်ကြီးသတင်းစာကြီး
ကိုင်ပြီး ထထွက်သွားရင် စောက်ရူးလို့ထင်သွားဦးမယ် ရှောင်ကျန့်ပြန်တဲ့အထိကို ဒီအတိုင်းလေးငြိမ်နေတာကောင်းပါတယ်လေ။
"လူကြီးမင်း...ဦးထုပ်နဲ့ကုတ်အကျႌက အရမ်းမိုက်တယ် သိလား"
"ဟုတ်..ဟုတ်လား"
"ဝမ်ကိုကိုဆိုရင်အဲ့လိုဝတ်တာ"
"...."
"သူဝတ်ရင်တအား စတိုင်ကျတယ် handsomeလည်းဖြစ်တယ်"
"..."
"မဆိုင်တာတွေပြောနေမိတာပဲ လူကြီးမင်းကအခုမှလော့ရန်မြို့ကို
ရောက်ဖူးတာလားဟင်"
"အင်း"
"ကျန့်ကျန့်က 5လရှိနေပြီရောက်တာ ဟီး... ကျန့်ကျန့်ကိုခင်လို့ရပါတယ်
ကျန့်ကျန့်တို့ကဆေးဆိုင်ဖွင့်ထားတာ လာလည်ဦးနော်"
"အင်း"
"လူကြီးမင်းက 'အင်း'တစ်လုံးပဲပြောတတ်တာလားဟင်"
"..."
"အဲ့လိုဆိုလည်း ဝမ်ကိုကိုနဲ့တူသွားပြန်ပြီ...သူကအမြဲအဲ့လိုပဲပြောတတ်တာလေ"
"အဲ့ဒီ ဝမ်ကိုကိုကရော ဘယ်မှာလဲ"
"သူ...သူကဝမ်မြို့တော်မှာ ကျန့်ကျန့်ကဒီမှာနေခဲ့တာ"
"အော်....ဝမ်ကိုကိုဆိုတာဘယ်သူလဲ"
"မြို့အုပ်မင်းဝမ်ရိပေါ် "
"..."
"လူကြီးမင်း သတင်းစာလေးအောက်ချပါဦး ကျန့်ကျန့် မျက်နှာလေးကြည့်ချင်လို့"
"မ..မရဘူး"
"ဘာဖြစ်လို့လဲ ရုပ်ဆိုးလည်းကျန့်ကျန့်ကခင်တတ်ပါတယ်နော်"
"မ...မရဘူး"
"သားကျန့်ရေ သွားမယ်လာ..."
"ဟုတ်ကဲ့ မား လူကြီးမင်းသွားလိုက်ဦးမယ်နော်"
"အင်းအင်း"
ရှောင်ကျန့်မှာထွက်သွားတော့မှ မြို့အုပ်ဝမ်လည်းသက်ပြင်းချလိုက်ရတော့
လေတယ် တော်သေးတာပေါ့ ရှောင်ကျန့်သူ့ကိုမသိသွားလို့ ရှောင်ကျန့်
သူ့ကိုမှတ်မိနေသေးတာပဲ ကျေနပ်ဖို့ကောင်းပါတယ်လေ။
.
.
.
.
မြို့အုပ်ဝမ်မှာတည်းခိုခန်းပြန်ရောက်တော့ လီရှင်းနဲ့တွေ့တယ်သူ့ကိုလိုက်
ရှာရတာနှံ့နေပြီတဲ့လေ လီရှင်းကိုအကြောင်းစုံပြောပြပြီး ရှောင်ကျန့်ရှိတဲ့
ဆေးဆိုင်လေးကိုစုံစမ်းခိုင်းသည် မနက်ကြတော့သိလိုက်ရတာမို့လို့
သွားမိသည်။
ဆိုင်ရှေ့လေးရောက်တော့မှပဲ ရှောင်မားက အပြင်ထွက်သွားတာသူတွေ့တယ်ဒါဆိုရှောင်ကျန့်တစ်ယောက်ထဲဒီမှာရှိလိမ့်
မည် ရှောင်ကျန့်ကလည်းဆိုင်ပိတ်ဖို့ပြင်နေပြီ နောက်ဆုံးတံခါးလေးတစ်ချပ်
ပိတ်ခါနီးတော့မှ သူလည်းတံခါးကိုလက်နဲ့သွားထောက်လိုက်သည်
သူထောက်လိုက်လို့လားမသိတံခါးကပိတ်လို့မရတော့ပဲ ပြန်ပွင့်လာသည်။
"ဘာဖြစ်လို့လဲ...ဝမ်...ကို.ကို"
ရှောင်ကျန့်အံ့ဩသွားရပါတယ် သူ့ရှေ့မှာသူချစ်ရတဲ့ယောကျ်ားကရပ်နေ
တယ် ဘယ်လိုလုပ်ပြီးဒီကိုရောက်လာရတာလဲ ဝမ်ကိုကိုက အတင်းတိုးဝင်ကာ တံခါးကိုပိတ်လိုက်သည် အခုဆို ဆိုင်ထဲမှာသူတို့နှစ်ယောက်ထဲ ။
"ဝမ်ကိုကို...မြို့အုပ်ဝမ်က ဘာကိစ္စရှိလို့လဲဟင်"
"ပြန်လိုက်ခဲ့"
"ဟင့်အင်း "
"ကျန့်ကျန့်"
"ကျန့်ကျန့် မလိုက်ချင်လို့ပါ မြို့အုပ်ဝမ်နဲ့လည်းလက်မထပ်နိုင်တော့ဘူး"
"ဘာဖြစ်လို့လဲ ကျန့်ကျန့် ကိုယ့်ကိုတစ်ယောက်ထဲထားပြီးဘာလို့ထွက်သွားရတာလဲ ကိုယ့်ကိုအဲ့တာလေးတော့ဖြေပေးပါ"
"ကျန့်ကျန့်ကြောက်တယ်...ဝမ်ကိုကို့ကို လူတွေဖယ်ကျဉ်သွားမှာကြောက်တယ်သိက္ခာကျသွားမှာလည်းကြောက်တယ်
ယောကျ်ားလေးတစ်ယောက်ကိုလက်ထပ်ထားလို့ လူတွေအထင်အမြင်
သေးမှာလည်းကြောက်တယ် အဲ့တာကြောင့်.. အဲ့တာကြောင့်ပါ ဝမ်ကိုကိုရယ်...."
"ကိုယ်ကရော ကျန့်ကျန့် ကိုယ်လည်းကြောက်တယ် မင်းကိုယ့်ဘေးနားမှာ
မရှိတော့တာကို ကြောက်တယ်"
မြို့အုပ်ဝမ်ကရှောင်ကျန့်အနားတိုးသွားကာဖက်ထားတယ် ရှောင်ကျန့်က
လည်းမရုန်းမိသလို ပြန်လည်းမဖက်တွယ်ပါ ရှောင်ကျန့်နဲ့မြို့အုပ်ဝမ်ကြား
မှာ ဗိုက်လေးတစ်ခုကခံနေတယ်။
"ကိုယ့်ကိုချစ်တယ်ဆို...ကိုယ့်ကိုမထားခဲ့ပါဘူးဆို.. "
မြို့အုပ်ဝမ်ကကလေးတစ်ယောက်လိုပဲပြောဆိုနေတယ် အသံကလည်း
ငိုချင်တာကိုတင်းခံထားသောအသံနဲ့ မြို့အုပ်ဝမ်ကရှောင်ကျန့်နဲ့ကြမှ
ပျော်ရွှင်မူဆိုတာသိလာတယ် ဝမ်းနည်းတတ်လာတယ် အားငယ်သွားတတ်
တယ် ကြောက်လာတယ် တောင်းပန်တတ်လာတယ် လူတစ်ယောက်ကိုဘယ်လိုတန်ဖိုးထားပြီး
ချစ်ရတတ်မှန်းသိတတ်လာတယ်။
"ကိုယ်ခံနိုင်ပါတယ် ကျန့်ကျန့် ပတ်ဝန်းကျင်ရဲ့ပြောဆိုသံတွေကို ခံနိုင်ပါတယ် ကိုယ်သန်မာပါတယ် မင်းသာကိုယ့်အနားသာရှိရင် ကမ္ဘာကြီး
ကိုတောင်ကျောခိုင်းရဲပါတယ် ကျေးဇူးပြုပြီးတော့ကိုယ့်အနားကနေသာ
ထွက်မသွားပါနဲ့ တောင်းပန်ပါတယ်..."
"...."
"ကိုယ်နဲ့ပြန်လိုက်ခဲ့ပါ ကျန့်ကျန့် ကိုယ်တို့အတူတူရင်ဆိုင်နိုင်ရင်ဘာမှ
မဖြစ်နိုင်ပါဘူး ကျန့်ကျန့် "
"..."
"ကျေးဇူးပြုပြီးတော့ ပြန်လိုက်ခဲ့ပါနော်"
ရှောင်ကျန့်မှာမျက်ရည်တွေကျလာရတယ် ဝမ်ကိုကို့ကိုအလျော့ပေးချင်လာ
ပြီ ထွက်ပြေးရင်ဘာထူးလာမှာလဲ ပတ်ဝန်းကျင်ကိုခံနိုင်ရည်ရှိအောင်လို့
ပြင်ဆင်ထားရမယ် ရင်ဆိုင်မယ် ကိုယ်ချစ်တဲ့သူနဲ့ဘာမဆိုရင်ဆိုင်နိုင်ရမယ်
ဘယ်သူ့မှမတားဆီးနိုင်ဘူးနော်....။
"အင်း...လိုက်ခဲ့မယ်..."
"တကယ်လား"
"အင်း"
"ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ကျန့်ကျန့်..."
"လူတစ်ယောက်ကိုရောခေါ်လို့ရမလားဟင်"
"ဘယ်သူ့ကိုလဲ"
မြို့အုပ်ဝမ်မှာရှောင်ကျန့်ကိုဖက်ထားရာကနေခွာပြီး ပုခုံးနှစ်ဖက်ကိုလက်နဲ့
ကိုင်ထားသည်။
"ဒီအတိုင်းပဲ ကျန့်ကျန့်ချစ်တဲ့သူ"
"မင်းရဲ့ အမေကိုလား"
"သူကလိုက်ချင်မှလိုက်မှာ ဒါပေမဲ့သူကတော့ ကျန့်ကျန့်နောက်အမြဲပါနေမှာ
ပဲ ကျန့်ကျန့်သူ့ကိုတအားချစ်တယ် ဝမ်ကိုကိုနဲ့နည်းတူပေါ့"
ဒီလိုပြောတော့ မြို့အုပ်ဝမ်မှာမျက်ခုံးတွေတွန့်ချိုးသွားတယ် ဘယ်ကောင်လဲ
သူနဲ့တောင်တန်းတူချစ်ရတယ်ဆိုတော့။
"ဘယ်ကောင်လဲ ပြောစမ်း"
ရှောင်ကျန့်က မြို့အုပ်ဝမ်ရဲ့လက်ကိုကိုင်ကာ သူ့ဗိုက်လေးပေါ်တင်ထားလိုက်သည်။
"သူလေးကို "
"ဒါ...ဒါ...ဒါက"
"ဟုတ်တယ် ဝမ်ကိုကိုနဲ့ရတဲ့ ကလေးလေး"
"ကျန့်ကျန့်"
"ဟင်..."
"ကျန့်ကျန့်အဲ့တာ အစားများလို့ဗိုက်ပူတာလေ အဲ့တာကလေးမှမဟုတ်တာ
နောက်ပြီးတော့ ကျန့်ကျန့်ကယောကျ်ားလေးဖြစ်..."
"ဝမ်ကိုကိုနော် လူကိုမယုံတာလား..."
"ကိုယ်က ကျန့်ကျန့်ကိုတစ်ခါပဲလုပ်ရသေးတာလေ ဘယ်လိုလုပ်ပြီးကလေးက..."
"ဘာလဲ ဘာကိုတစ်ခါလဲ လုပ်သွားလိုက်တာမှ တစ်၊ နှစ်၊ သုံး၊လေး၊ငါး၊
ခြောက် ချီလောက်တောင်တက်လုပ်သွားတာလေ အဲ့တော့ကလေးပါရလာတာပေါ့!!!"
---------------
စာလုံးရေတွေတစ်ပုံကြီးပဲ ပြန်ပြင်လိုက်တာမို့လို့ အပိုအနေနဲ့များများရေး
လိုက်တာပါ သဘောကျမယ်လို့မျှော်လင့်ပါတယ်နော် 😊
(6.4.2023)
#Su🐼