Don't Run away!My little Omega

Par Neko_san_ZP

52.5K 7.3K 508

Started date:10.9.2022 Omegaverse Plus

Chapter-0(ကူးပြောင်းခြင်း)
Chapter -1(အတိတ်မေ့မယ် အတိတ်မေ့မယ်)
Chapter -2(ရှေး/ရှေး)
Chapter -3(ကျွန်တော်က ကြောင်နတ်ဘုရားလေ)
Chapter -4(သုတမြဲ/သုတမွဲ)
Chapter -5(Mate)
Chapter -6(ဆိုးလွန်းတဲ့ကိုကို)
Chapter - 7(မာန်နှစ်မာန်)
Chapter -8
Chapter -9 (သူရဲကောင်းအတွဲတဲ့လား ဟ!)
Chapter -10
Chapter -12
Chapter -13
Chapter -14
Chapter-15
Chapter-16
Chapter-17

Chapter -11(ညဏ်ခေတ်တလွန်)

2.6K 406 27
Par Neko_san_ZP

Zawgyi









ပြီးတော့ ပါတီကလည်း ပျင်းစရာကောင်းတာကြောင့် နှောင်းတေးမာန်ကပြန်ချင်နေတော့သည်၊
























-------------------------

Unicode

သုတမြဲတို့က အခြားသူတွေရဲ့ဝေဖန်စကားများကို ခံလိုက်ရပြီးနောက်မှာ နှောင်းတေးမာန်ကတော့ သူနဲ့မဆိုင်သလို ထိုနားကနေထွက်သွားတော့သည်၊ပြီးတော့ သုတမြဲတို့သာ ရှက်ကြောဘာမှန်းမသိသေးရင် သူ့ကို လာနှောင့်ယှက်မှာသေချာပေမယ့် ထိုနှစ်ယောက်က ရှက်တတ်သေးတာကြောင့် နှောင်းတေးမာန်နဲ့ဝေးဝေးသာနေတော့သည်၊

ထိုချိန်မှာ အသံအနည်းနည်းဆူညံ့လာပြီး လူတစ်ချို့က အပေါက်ဝကိုကြည့်နေတာမြင်တော့ နှောင်းတေးမာန်လည်း လိုက်လံကြည့်လိုက်သည်၊ပါတီထဲကို အရပ်မြင့်မြင့်နဲ့ယောကျာ်းတစ်ဦးဝင်လာသည်ကိုတွေ့လိုက်ရပြီး တစ်ချို့လူတွေကလည်း ထိုယောကျာ်းကိုဝန်းရံကာ မျက်နှာသာပေးနေတော့သည်၊

ထိုယောကျာ်းရဲ့မျက်နှာကို နှောင်းတေးမာန်မြင်ချိန်မှာ မအံ့သြပဲမနေနိုင်တော့ပေ၊ဒီnovelထဲမှာ ရှေးခေတ်အလင်္ကာရယ်၊သူ့အစ်ကိုလရိပ်စစ်မာန်တို့ထက် သာလွန်ပြီးချောတဲ့ယောကျာ်းမျိုးရှိမယ်မထင်ခဲ့ပေ၊ဒါပေမယ့် ထိုယောကျာ်းကိုမြင်ချိန်မှာ ထိုနှစ်​ယောက်ရဲ့ချောမောမှု စိန်နဲ့ရွှေလို ကွာခြားနေသလိုပင်၊

ထိုယောကျာ်းကိုမြင်ပြီးနောက်မှာ ချောမောခန့်ညားပါတယ်ဆိုတဲ့ ရှေးခေတ်အလင်္ကာကိုတောင် ပြစ်ချက်တွေနဲ့မြင်လာတော့သည်၊

"ဦးညဏ်ခေတ်တလွန်ပဲ! သူက သိပ်ချောတာပဲ!" ဘေးနားကလူတွေရဲ့စကားသံကြောင့် နှောင်းတေးမာန်လည်း ညဏ်ခေတ်တလွန်ဆိုတဲ့သူဟာ ထိုယောကျာ်းမှန်းသိသွားပြီး စိတ်ထဲအနည်းငယ်နှမြောမိသွားသည်၊ဒီလိုချောမောခန့်ညားတဲ့သူက နောက်သုံးနှစ်အကြာမှာ ဘဝကံဆိုးမှုတွေကြုံတွေ့ရတော့မှာပဲ၊

"အငယ်လေး သူ့ကို စိတ်မဝင်စားမိစေနဲ့" နှောင်းတေးမာန်ရဲ့အစ်ကို လရိပ်စစ်မာန်သတိစကားကြောင့် ​နှောင်းတေးမာန်ဟာ နားမလည်စွာမော့ကြည့်လိုက်သည်၊လရိပ်စစ်မာန်ကလည်း နှောင်းတေးမာန်ကိုကြည့်လိုက်ပြီး ပြောလိုက်သည်၊

"ညဏ်ခေတ်တလွန်က ပွေရှုပ်လွန်းအားကြီးတယ်...သူနဲ့သတင်းမထွက်ဖူးတဲ့အိုမီဂါအနုပညာဆိုတာ ခပ်ရှားရှားပဲ"

လရိပ်စစ်မာန်စကားကြောင့် နှောင်းတေးမာန်ဟာမျက်မှောင်ကြုတ်သွားပြီး စိတ်ထဲမှာအလိုမကျဖြစ်သွားတော့သည်၊ဒါပေမယ့် ညဏ်ခေတ်တလွန်နဲ့ပတ်သတ်စရာအကြောင်းလည်းမရှိတာကြောင့် သူဟာ သူ့အစ်ကိုစကားကိုလက်ခံစွာခေါင်းညိတ်လိုက်သည်၊

ပြီးတော့ ပါတီကလည်း ပျင်းစရာကောင်းတာကြောင့် ေနှာင်းတေးမာန်ကပြန်ချင်နေတော့သည်၊

"ဦလေးလည်း ပါတီကို လာတက်တာပေါ့" ရှေးခေတ်အလင်္ကာအသံကြောင့် နှောင်းတေးမာန်လည်း ထိုနေရာကိုကြည့်လိုက်တော့ ဘယ်ချိန်တည်းက အနီးနားရောက်နေမှန်းမသိတဲ့ညဏ်ခေတ်တလွန်နဲ့ရှေးခေတ်အင်္လကာတို့ကိုတွေ့လိုက်သည်၊

"ငါတက်တာ ထူးဆန်းလို့လား" ညဏ်ခေတ်တလွန်အသံဟာအနည်းငယ်အေးစက်နေပြီး အလေးမထားတဲ့အပြုအမူနဲ့တည်ရှိနေတော့သည်၊

"မဟုတ်ပါဘူးဗျာ အရင်ကဆို ဦးလေးက ဒီလိုပွဲတွေ တက်လေ့တက်ထမှမရှိတာ" ရှေးခေတ်အလင်္ကာစကားကို ညဏ်ခေတ်တလွန်က နားမထောင်တော့ပဲ အနီးပတ်ဝန်းကျင်ကိုသာလိုက်ကြည့်နေတော့သည်၊ထို့နောက်မှာတော့ သူ့ကိုစိုက်ကြည့်နေတဲ့ကောင်လေးနဲ့အကြည့်ချင်းဆုံသွားတော့သည်၊

ညဏ်ခေတ်တလွန်ကလည်း ထိုကောင်လေးအနီးကိုသွားကာ ပြုံးလိုက်ပြီး စနူတ်ဆက်လာတော့သည်၊ဒါပေမယ်​့ အခြားယောကျာ်းတစ်ဦးဟာ ရှေ့ကနေရပ်လာတာကြောင့် ညဏ်ခေတ်တလွန်မျက်မှောင်ကြုတ်သွားပြီး သူ့ရဲ့ဂျက်ကျောက်လိုမျက်ဝန်းများဟာ ရွှေရောင်သန်းလာပြီး အနီးနားမှာ ပြင်းထန်တဲ့အယ်လ်ဖာဟော်မုန်းတွေထွက်ပေါ်လာတော့သည်၊

အယ်လ်ဖာအချင်းချင်းဖြစ်တဲ့လရိပ်စစ်မာန်တောင် ညဏ်ခေတ်တလွန်ရဲ့ဖိအားကြောင့် ချွေးများစိမ့်လာတော့သည်၊ဒါပေမယ့် သူ့ညီလေးဆီကို ရည်ရွယ်ချက်ရှိရှိ ချဥ်းကပ်လာမည်ကို ခွင့်မပြုနိုင်ပေ၊

"ခင်ဗျားရဲ့ဟော်မုန်းတွေ ပြန်သိမ်းပေး! နေရခက်တယ်!" လရိပ်စစ်မာန်နောက်က နှောင်းတေးမာန်ဟာ ပူလောင်နေတဲ့သူ့ရဲ့ကိုယ်ဟာ ရှေ့ကအမျိုးသားကြောင့်မှန်းသိလိုက်သလို တစ်ခါ marketထဲမှာတွေ့ခဲ့တဲ့သူမှန်း မှတ်မိသွားတော့သည်၊ဒါကြောင့် နှောင်းတေးမာန်ဟာ သူ့ရဲ့လေသံမာသွားတာကိုတောင် သတိမထားမိတော့ပေ၊

ငါ့ရဲ့mateက ဇာတ်လိုက်ရဲ့ဦးလေးတဲ့ ဟာသပဲ!

နှောင်းတေးမာန်စကားကြောင့် ရှေးခေတ်အလင်္ကာလည်း အနည်းငယ်ကြောင်အသွားတော့သည်၊သူ့ရဲ့ဦးလေးဟာ အဆင့်မြင့်အယ်လ်ဖာဖြစ်တာကြောင့် သာမန်အယ်လ်ဖာတွေထက်ပိုမိုပြီး ဟော်မုန်ဓာတ်တွေကို ပိုခံစားရသည်၊သူ့ဦးလေးရဲ့ဒုတိယလိင်ထွက်ပေါ်လာတုန်းက အနီးနားက အိုမီဂါဟော်မုန်းတွေကြောင့် ပြင်းထန်တဲ့ဝေဒနါကိုခံစားရပြီး အိမ်ထဲမှာ ခြောက်လတိတိ ပိတ်လှောင်ကာနေခဲ့ဖူးသည်၊နောက်ပိုင်းမှာ ဟော်မုန်းပိတ်လှောင်တဲ့ဆေးတစ်မျိုးကိုထိုးခဲ့ပြီး ထိုဆေးရဲ့ဆိုးကျိုးဟာ ထိုးသွင်းတဲ့သူဟာ ကိုယ့်လက်တွဲဖော်ကို မရွေးမချယ်ချင်း ဘီတာတစ်ယောက်လိုနေထိုင်ရမည်ဖြစ်ပြီး အခြားသူများကလည်း ထိုထိုးသွင်းသူရဲ့ဟော်မုန်းရနံ့ကို မရရှိနိုင်သလို ထိုထိုးသွင်းသူကိုလည်း ဟော်မုန်းနဲ့တိုက်ခိုက်လို့မရပေ၊

အခုတော့ နှောင်းတေးမာန်ဟာ သူ့ဦးလေးရဲ့ဟော်မုန်းရနံကို ခံစားလို့ရတယ်ဆိုတော့...

'ဒါက... ' ရှေးခေတ်အလင်္ကာသူ့အတွေးနဲ့သူဖြစ်နေချိန်မှာ ကာယကံရှင်ညဏ်ခေတ်တလွန်ကတော့ နှောင်းတေးမာန်စကားကြောင့် ပြုံးသွားတော့သည်၊

"ကိုယ်က ညဏ်ခေတ်တလွန်...မင်းရဲ့mate" ညဏ်ခေတ်တလွန်ရဲ့စကားကြောင့် ပါတီပွဲဟာတိတ်ဆိတ်သွားတော့သည်၊အနီးရှိလရိပ်စစ်မာန်ပင် ကြောင်အသွားပြီး သူ့ရဲ့ညီငယ်လေးကို လှည့်ကြည့်လိုက်သည်၊သူ့ညီငယ်လေးကြည့်ရတာ မအံ့အောတာကြောင့် ထိုကိစ္စနဲ့ပတ်သတ်ပြီးသိရှိပြီးပုံရသည်၊

"နှောင်းတေးမာန်..." နှောင်းတေးမာန်ဟာ ညဏ်ခေတ်တလွန်ကိုမော့ကြည့်ရင်းပြောလိုက်သည်၊ညဏ်ခေတ်တလွန်ဟာလည်း ခေါင်းညိတ်လိုက်ပြီး

"ကိုယ်မင်းကို နှောင်းလို့ခေါ်လို့ရလား"မေးလိုက်တော့ နှောင်းတေးမာန်လည်း နာမည်အခေါ်အဝေါ်ပေါ် အလေးသိပ်မထားတာကြောင့် ခေါင်းညိတ်လိုက်သည်၊

"မင်းလည်း ကိုယ့်ကို ကိုကိုလို့ခေါ်လို့ရတယ်...တစ်ချိန်မှာ ကိုယ်တို့က လက်ထပ်ရမှာပဲလေ" ညဏ်ခေတ်တလွန်စကားကြောင့် အနီးနားကလူတစ်ချို့မျက်မှောင်ကြုတ်သွားတော့သည်၊

"ဦးလေး... သူက ကျွန်တော်နဲ့စေ့စပ်ဖူးထားတဲ့သူလေ...ပတ်ဝန်းကျင်က ဦးလေးကို အပြစ်တင်ဝေဖန်လိမ့်မယ်"

"အငယ်လေးကို မင်းတို့မိသားစုအသိုင်းအဝိုင်းထဲ ထပ်ထည့်မှာမဟုတ်ဘူး" ရှေးခေတ်အလင်္ကာနဲ့လရိပ်စစ်မာန်စကားကြောင့် ညဏ်ခေတ်တလွန်က ရယ်လိုက်သည်၊

"သူက ဘယ်သူနဲ့စေ့စပ်ထားခဲ့ ထားခဲ့ ငါဂရုမစိုက်ဘူး... အခုချိန်မှာ နှောင်းကလည်း လူလွတ်၊ငါကလည်း လူလွတ်အပြင် ငါတို့ကိုကောင်းကင်ကတောင် ကံကြမ္မာတွဲဖက်အဖြစ်ချည်နှောင်ထားတာပဲလေ"ညဏ်ခေတ်တလွန်စကားကြောင့် သူတို့်လည်း ငြိမ်သက်သွားတော့သည်၊ကံကြမ္မာတွဲဖက်ဆိုတာ လွန်ဆန်ရခက်ခဲသည်၊ ပြီးတော့ အတင်းအကြပ်ခွဲပစ်မယ်ဆိုရင်လည်း နှစ်ဦးနှစ်ဖက်လုံးနာကျင်ရအုံးမည်၊

လရိပ်စစ်မာန်ဟာ နှောင်းတေးမာန်ဘက်လှည့်လိုက်ပြီးမေးလိုက်သည်၊

"အငယ်လေး မပတ်သတ်ချင်ဘူးဆိုရင် ပြောနော် ကိုကြီးက အကုန်လိုက်လုပ်ပေးမယ်" နှောင်းတေးမာန်ဟာ လရိပ်စစ်မာန်စကားကြောင့်ခေါင်းညိတ်လိုက်ပြီး ညဏ်ခေတ်တလွန်ကိုကြည့်နေရာကနေ အကြည့်လွဲလိုက်တော့သည်၊

ရှေးခေတ်အလင်္ကာက သုတမြဲကိုချစ်တာကြောင့် အလွယ်တကူထွက်ပြေးနိုင်ခဲ့ပေမယ့် ညဏ်ခေတ်တလွန်ဆီကနေ ထွက်ပြေးလွတ်မြောက်အောင် သူဘယ်လိုလုပ်ရမလဲ...၊

သူ(ဒီပါခေတ်)က ငကြောက်တစ်ယောက်မဟုတ်ပေမယ့် ဒီကမ္ဘာက ဟော်မုန်းရနံ့တွေပေါ် အနည်းငယ်ထိတ်လန့်မိသည်၊ဥပမာ ညဏ်ခေတ်တလွန်ဆီကနေ ရနေတဲ့အယ်လ်ဖာဟော်မုန်းရနံ့ပင်၊သူဟာ ညဏ်ခေတ်တလွန်အနီးနားထိ ကပ်သွားမိရင် စိတ်လွတ်သွားမှာသေချာသည်၊

"ကျွန်တော် ပင်ပန်းနေပြီး အိမ်ပြန်ရအောင်..." နှောင်းတေးမာန်ဟာ သူ့အစ်ကိုကို ပြောကာ ထိုနေရာကနေထွက်သွားတော့သည်၊ညဏ်ခေတ်တလွန်ကလည်း နှောင်းတေးမာန်ရဲ့ထွက်သွားတဲ့ပုံရိပ်လေးကို စိုက်ကြည့်နေရင်း ပြုံးလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်၊

"ကိုယ့်အိုမီဂါလေးက ထွက်ပြေးဖို့ကြိုးစားနေတာပဲ"

-------------------------

Continuer la Lecture

Vous Aimerez Aussi

5.8K 672 5
Doctor and his bad boy(mini story)
15.5K 1.1K 76
အရင် acc @Matainyu မှာ up ထားတဲ့အပုဒ်ပါ။ စာလုံးပေါင်းသတ်ပုံစစ်ရင်း တစ်ပိုင်းချင်းပြန် up သွားပါမယ်။ #Chanbaek #One_One
26K 4.3K 48
ဘာသာပြန်သူ - စွဲညို့အသင်း
169K 3.8K 33
"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အ...