Unicode
ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်
အပိုင်း ၁၄
"အကြီးဆုံး သခင်လေးချင်၊ ကျွန်မရဲ့ ဒုတိယဦးလေး က ချင် မိသားစုနဲ့ စာချုပ်ချုပ်ထားပြီးပြီဆိုတော့ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးကိစ္စက ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်လာတော့မှာ။ ရှင်ဘာလို့ဒီလိုလုပ်တာလဲ ကျွန်မ နားမလည်ဘူး" ဝူထုန် ချီတုံချတုံနဲ့ မေးလိုက်သည်။ "ရှင် ဘာလို့ ကျွန်မကို ကြောက်အောင်လုပ်ဖို့ ကြိုးစားနေတာလဲ။ စေ့စပ်ပွဲကို ဖျက်ဖို့ ကြိုးစားနေတာလား"
"ဘယ်ဟုတ်ပါ့မလဲ" ချင်ကောက ခေါင်းခါပြီး ရှင်းပြခဲ့သည်။ “တကယ်တော့ အဲ့ဒါနဲ့ ဆန့်ကျင်ဘက်ပဲ။ ငါတို့လက်ထပ်တော့မယ်ဆိုတော့ ဒါတွေအားလုံးကို မင်းကိုပြောပြချင်တာ။ ဒေါက်တာလီဆီသွားဖို့ ပြောတုန်းက စေ့စပ်ပွဲကို ဖျက်ဖို့ မင်းကို အခွင့်အရေးပေးထားပြီးသား။ ငါ့ရဲ့စိတ်ရောဂါအကြောင်း မင်း အကုန်သိနေပေမယ့် မင်းငါ့ကို လက်ထပ်ဖို့ ဆန္ဒရှိနေတုန်းဆိုတော့ မင်း ငါ့ရဲ့ အစိတ်အပိုင်းတိုင်းကို လက်ခံရမယ်"
ဝူထုန်က "သဘောပေါက်ပြီ ” လို့ မတုံ့ပြန်ခင် သူတို့ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။
ချင်ကောက ဝူထုန်ရဲ့ တုံ့ပြန်မှုကို ကျေနပ်ပုံရသည်။ ခွက်နှုတ်ခမ်းသားကို သူ့လက်ချောင်းများဖြင့် ခြေရာခံလိုက်စဉ်တွင် သူက သိသိသာသာပင် စိတ်အေးလက်အေး အပြုံးမပျက် ပြုံးနေခဲ့သည်။
"ဒါဆို....... ကျွန်မ ရှင့်ကို မေးခွန်းတစ်ခုလောက် မေးလို့ရမလား" ဝူထုန်က ရုတ်တရက် မေးလိုက်သည်။
“မေး”
"မင်း ဒေါသထွက်တဲ့အခါကျရင်.......လူတွေကို ရိုက်လား" ဝူထုန် သေသေချာချာလေး စုံစမ်းလိုက်သည်။
"အိမ်တွင်းအကြမ်းဖက်မှာကို မင်း စိုးရိမ်နေတာလား" ချင်ကော နောက်ပြောင်သည့်ပုံစံဖြင့် ရယ်လိုက်သည်။ "ငါ စိတ်တိုလာတဲ့အခါ လူတွေက ရိုက်တယ်လို့ ပြောရင်...... စေ့စပ်ပွဲကိုဖျက်တော့မှာလား"
ဝူထုန် မျက်နှာက အနည်းငယ် ဖြူဖျော့သွားသော်လည်း သူမ ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး၊ ကျွန်မ မဖျက်ပါဘူး"
ချင်ကောက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ဟုတ်ပါတယ်၊ ငွေရဲ့ စွမ်းအားက လူတစ်ယောက်ရဲ့ စိတ်ကူးကို လွန်ဆန်နိုင်တယ် ”
ဝူထုန်က သူမရဲ့အခြေအနေကို ချင်ကောကို မရှင်းပြချင်ပေ။ ဒါက ကိုယ်ရေးကိုယ်တာ ရွေးချယ်မှုတစ်ခုမို့ ဘာပဲဖြစ်ဖြစ် သူမ အကောင်းဆုံးကြိုးစားပြီး ရှေ့ကိုဆက်သွားရမယ်။
"အရင်က ချိန်းတွေ့ဖူးလား"
ချင်ကောရဲ့ မေးခွန်းကြောင့် ဝူထုန် သတိမထားမိလိုက်တဲ့အချိန် အတွေးထဲမှာ နစ်သွားခဲ့သည်။ သူမ ခေါင်းကို မော့ထားရင်း အနည်းငယ် မိန်းမောနေသည်။ သူမ မျက်မှောင်ကျုံ့ကာ မေးခဲ့သည်။ “ရှင်ဒီမေးခွန်းကို မေးဖို့ သိပ်နောက်ကျသွားပြီ မဟုတ်ဘူးလား”
"ငါ့ကို အထင်မလွဲပါနဲ့။ညမင်းရဲ့ချိန်းတွေ့မှုသမိုင်းကို ငါစိတ်မဝင်စားဘူး။ အခုချိန်ကစပြီး အချစ်ရဲ့အလှအပကို မင်း တွေ့ကြုံခံစားနိုင်တော့မှာ မဟုတ်ဘူး။ ဒါကြောင့်မို့ မင်းရိုမန့်တစ်ဆန်တဲ့အချစ်ရေးကို ကြုံဖူးမယ်လို့ ငါမျှော်လင့်ထားတယ်” ချင်ကောက စကားဆက်ပြောခဲ့သည်။ "ဒါပေမယ့် … ငါ့ရဲ့ ထိန်းချုပ်လိုတဲ့ဆန္ဒက အရမ်းပြင်းထန်ပြီး ငါ့မှာ ကြောက်စရာကောင်းတဲ့ mysophobia ရှိတယ်[1] အိုး၊ ဟုတ်သားပဲ… ဒေါက်တာလီက ငါ့ရဲ့ ထိန်းချုပ်လိုစိတ်ဖြစ်ပေါ်လာပုံအကြောင်း မင်းကို ပြောပြခဲ့တယ်မလား”
[1] အဲ့တာက "amatory mysophobia" အင်္ဂလိပ်လို အကြောင်းအရာ တစ်ခုလို့ မထင်မိပေမယ့် တစ်စုံတစ်ယောက်ရှိလာတဲ့အခါ ရုပ်ပိုင်းအရရော စိတ်ပိုင်းဆိုင်ရာရော အချစ်ရေးမှာပါ သည်းမခံနိုင်ကြဘူး။ (မင်းမှာ တကယ်ကြောက်စရာကောင်းတဲ့ mysophobiaရှိတယ် ၊ ချင်ကော ~ နင့်မှာamatory mysophobiaရှိ၊ မရှိငါတို့ ကြည့်ရလိမ့်မယ်။hurhur (° ʖ°) )
ထိုနေ့က ဒေါက်တာလီပြောခဲ့သည့်စကားကို ပြန်တွေးကြည့်တော့ ဝူထုန်က သူမ သိထားကြောင်း ဝန်မခံချင်ပေ။ “ဟင့်အင်း…သူမ..…”
“အဲဒါကို စိတ်မပူပါနဲ့။ ငါ မင်းကို ထပ်ပြောပြလို့ရတယ်" ချင်ကောက ပြုံးပြီး မရေမရာပြောပြခဲ့သည်။ "ငါ့ရဲ့ ထိန်းချုပ်လိုစိတ်က လိင်ကိစ္စမှာ ပိုထင်ရှားနေတယ်"
ဝူထုန် ရှက်သွားခဲ့သည်။ "စိတ်မပူပါနဲ့ ဒါက အိမ်ထောင်ရေးကိစ္စပဲ၊ ဒါကြောင့် ရှင့်မှာ (အငယ်အနှောင် ) ရှိရင်လည်း ကျွန်မ စိတ်မဆိုး..."
“ ပြီးအောင်ပြောပါရစေအုံး ” ချင်ကောက ကြားဖြတ် နှောင့်ယှက်ခဲ့သည်။ သူနည်းနည်းတော့ စိတ်ဆိုးသွားသည်။ “ငါက စစ်သားဖြစ်ခဲ့ဖူးတယ်။ စစ်သားတွေက တိုင်းပြည်အပေါ် သစ္စာရှိပြီး မိသားစုအပေါ် သစ္စာစောင့်သိကြတယ်။ ငါ့ရဲ့ဇနီးမယားကလွဲရင် တခြားမိန်းမကို ငါထိမှာမဟုတ်ဘူး"
ဝူထုန်က "အို...အိုကေ " ဟု ပြန်ဖြေလိုက်သောအခါ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။
"'အိုကေ ' ဆိုတာက မင်းဘာပြောလိုက်တာလဲ " သူ့အနာဂတ်ဇနီးသည်ရဲ့ ကွဲအက်နေသောအမူအရာကို မြင်လိုက်ရသဖြင့် ချင်ကောက သူမကို မစနောက်ဖို့ မတတ်နိုင်ခဲ့ပေ။ "ညစ်ပတ်တဲ့အရာတစ်ခုကို စိတ်ကူးယဉ်နေတာလား။ မင်းမျက်နှာက ဘာလို့နီနေရတာလဲ"
“စိတ်ကူးမယဥ်ပါဘူး…” ဝူထုန်က ချင်ကောကို ဒေါသတကြီး စိုက်ကြည့်ခဲ့သည်။
"ကောင်းပါပြီ... မင်းစိတ်ကူးမယဥ်ပါဘူး...ဒါပေမယ့် ငါစိတ်ကူးယဥ်ကြည့်ခဲ့တယ်" ဝူထုန် သူ့ကို စိုက်ကြည့်နေတာကို မြင်တော့ ချင်ကောက ကူကယ်ရာမဲ့ ပခုံးတွန့်လိုက်သည်။ "ယောက်ျားတွေက သူတို့ရဲ့ အောက်ပိုင်းကို တွေးတောဖို့ အသုံးပြုတဲ့ တိရိစ္ဆာန်တွေပဲ။ နောက်ပြီး ငါ့မှာ စိတ်ရောဂါလည်းရှိတယ်"
“အဲဒါနဲ့ ပတ်သက်ပြီးတော့…” ဝူထုန်က အံကြိတ်ပြီး ပြောလိုက်သည်။ “ကျွန်မတို့မှာ တစ်ယောက်ကို တစ်ယောက် ခံစားချက်တွေ မရှိတဲ့အတွက် လက်ထပ်ပြီးရင်.....ရှင် ကျွန်မကို အချိန်ပိုပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်…”
"အချိန်လား? တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ မွေးမြူဖို့လား" ချင်ကော မေးလိုက်သည်။
ဝူထုတ် ခေါင်းညိတ်လိုက်သည်။
"ဒါဆို အခုချက်ချင်း ငါ့ကိုနမ်း" ချင်ကောက သူ့ပါးစပ်ထောင့်ကို လက်ညှိုးထိုးပြပြီး ပရောပရည် ဟန်လုပ် ပြုံးလိုက်သည်။ "မင်း ငါ့အတွက် ခံစားချက်တွေ မွေးမြူချင်တယ်လို့ မင်း ပြောလိုက်တာ မဟုတ်ဘူးလား။ ငါတို့က လက်ထပ်ခါနီးပြီဆိုတော့ နမ်းတာက တစ်ယောက်နဲ့တစ်ယောက်ရဲ့ ခံစားချက်တွေ ပျိုးထောင်လို့ရတယ်"
ရုတ်တရက် ဒီလောက်ကြီးတဲ့ အလှည့်အပြောင်းတွေက ဘယ်လိုဖြစ်သွားတာလဲ။ ဝူထုန်က တစ်စုံတစ်ခု ပျက်သွားတယ်လို့ သိထားသော်လည်း သူ့ကို မချေပနိုင်ပေ။
ဝူထုန်က သူ့အပေါ် တွန်းလှန်ဖို့ နှေးကွေးနေတာကို ချင်ကော မြင်လိုက်သည်။ "ကြည့်ရတာ... မင်းက ငါ့အတွက် ခံစားချက်တွေကို ပြုစုပျိုးထောင်ဖို့ မလိုဘူးပဲ " သူက မျက်ခုံးပင့်ပြီးပြောလိုက်သည်။ “ငါဆိုလိုချင်တာက…ငါက ယောက်ျားတစ်ယောက်ဖြစ်ပြီး မင်းကမိန်းမတစ်ယောက်ပဲ။ ငါ အကြိမ်အနည်းငယ် အတူအိပ်ဖို့ပဲလိုတယ်”
သူ့အပိုင်းအစကို ပြောပြီးနောက် ချင်ကော ထွက်ခွာဖို့ ပြင်ဆင်နေသလိုမျိုး မတ်တပ်ရပ်လိုက်သည်။ ဒါကို ဝူထုန် သတိပြုမိလိုက်တာကြောင့် သူမ စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်ပြီး အော်ပြောလိုက်သည်။ "ခဏလေး!"
ချင်ကောက သန့်စင်ခန်းသုံးချင်တာကြောင့် မတ်တပ်ထရပ်လိုက်တာဖြစ်သည်။
ဝူထုန် ထိုင်နေရာမှ ထွက်သွားကာ ချင်ကောဆီ တစ်လှမ်းချင်း လျှောက်လာရင်း စိတ်ကိုပြင်ဆင်နေပုံရသည်။ ဝူထုန် ခြေဖျားထောက်ကာ သူ့ကို နမ်းလိုက်သည်အား ချင်ကော စောင့်ကြည့်နေခဲ့သည်။
သူ့နှုတ်ခမ်းကို နွေးထွေးနူးညံ့တဲ့ အရာတစ်ခုက ဖိကပ်နေသလို ခံစားလိုက်ရတဲ့အခါ သူ့မျက်လုံးထဲက အပျော်အပါးပုံစံက ပူလောင်တဲ့စိတ်နဲ့ အစားထိုးသွားခဲ့သည်။ သူမ ထွက်သွားခါနီးတွင် ဝူထုန့် နောက်ကျောကို ဆုပ်ကိုင်လိုက်ပြီး သူမ နှုတ်ခမ်းကို ကိုက်လိုက်သည်။
ဝူထုန် တွန့်သွားသော်လည်း ချင်ကောရဲ့ သန်မာကြံ့ခိုင်တဲ့ လက်တွေနဲ့ မယှဉ်နိုင်ခဲ့ပေ။
ချင်ကောရဲ့ လျှာဖျားက ဝူထုန်ရဲ့ ပါးစပ်ထောင့်ကို လျက်လိုက်ပြီး ငန်တဲ့အရာတစ်ခုခုကို မြည်းစမ်းလိုက်ရသည်။ အဲ့တာကသွေး၏ အရသာပင်။ ချင်ကောရဲ့ အကြည့်က မည်းမှောင်သွားခဲ့သည်။ သူအရင်က ချိုးနှိမ်ဖို့ ကြိုးစားခဲ့တဲ့ စိတ်က မငြိမ်မသက်ဖြစ်လာပြီး သူ့ရင်ထဲမှာ တစ်ဖန်ပြန်တက်လာပုံရသည်။
ဝူထုန် သွေးထွက်နေသော နှုတ်ခမ်းထောင့်ကိုအုပ်ကာ နောက်သို့ ခြေနှစ်လှမ်းဆုတ်ပြီး မျက်လုံးကိုဖွင့်ကာ သူမရှေ့တွင် ရပ်နေသော အမျိုးသားကို စိုက်ကြည့်နေသည်။
“အား…” ချင်ကော မရယ်ဘဲမနေနိုင်ခဲ့ပေ။ "ငါ မင်းကို ကိုက်လိုက်လို့ မင်းငါ့ကို ပြန်ကိုက်လို့ရတယ်"
“အရှက်…” ဝူထုန်က သူ့ကို အရှက်မရှိတဲ့လူလို့ ဆူပူကြိမ်းမောင်းပစ်ချင်ပေမယ့် သူမရဲ့ယောကျ်ားကို အရှက်မရှိတဲ့လူလို့ ခေါ်တာက အဓိပ္ပါယ်မရှိဘူး မဟုတ်လား။
" မင်းကို နမ်းရတာ အရမ်းစျာန်ဝင်သွားလွန်းလို့ ဒီကိုလာတဲ့ ကိစ္စကိုတောင် မေ့တော့မယ် " ချင်ကောက မေးလိုက်သည်။ "မင်းဘယ်လိုမျိုး မင်္ဂလာဆောင်ချင်လဲ"
"ကျွန်မ ဘယ်လိုဖြစ်ဖြစ် အဆင်ပြေတယ်" ဝူထုန်က စီးပွားရေးလုပ်ငန်းကို အခြေခံတဲ့ မင်္ဂလာပွဲအတွက် အမှန်တကယ် မျှော်လင့်ထားခြင်းမရှိပေ။
“ဒါဆို...... ငါတို့ မင်္ဂလာပွဲ အခမ်းအနား မလုပ်တော့ဘူး။ ငါတို့လက်ထပ်စာချုပ်လုပ်ပြီးရင် ဟန်းနီးမွန်းထွက်ကြမယ်” လို့ ချင်ကောက အကြံပေးခဲ့သည်။
“ကောင်းပြီ ” တကယ်တော့ ဝူထုန်က ဟန်းနီးမွန်းလည်း မသွားချင်ဘူး။
“ငါ့ အမေက ပြောတယ် မိန်းကလေးတိုင်းက ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကျင်းပဖို့ အိပ်မက်မက်ကြတယ်တဲ့။ ဒါပေမယ့် ငါ့မိန်းမကတော့ အဲ့လိုမဟုတ်ဘူးပဲ ” သူတို့ သဘောတူညီမှု ရရှိခဲ့တာကို မြင်တော့ ချင်ကောက စိတ်ကောင်းဝင်လာခဲ့သည်။
"တခြားဟာ တစ်ခုခုရှိသေးလား။ မရှိတော့ရင် ကျွန်မ အရင်သွားနှင့်မယ်" ဝူထုန်က သူမအိတ်ကို ကောက်ကိုင်ရင်း ပြောလိုက်သည်။
“နောက်ဆုံးတစ်ခုက ငါတို့အိမ်ထောင်စာချုပ်လုပ်ဖို့ ဘယ်အချိန်က သင့်တော်မယ်လို့ထင်လဲ” ချင်ကောက ထပ်မေးလိုက်သည်။
ဝူထုန် ခဏလောက် စဉ်းစားကြည့်လိုက်သည်။ အဲဒါက စနေနေ့။ ရှောင်ယွမ်က မနက်ဖြန်နေ့လည်မှာ ခွဲစိတ်ကုသမှုခံယူရမှာဆိုတော့ လက်ထပ်စာချုပ်ကို ဘယ်အချိန်လုပ်ရမလဲဆိုတာက အရေးမကြီးဘူး။
“ဘယ်အချိန်ဖြစ်ဖြစ်ရတယ်။ နောက်လအထိ ဟန်းနီးမွန်းထွက်ဖို့ ကျွန်မမှာ အချိန်မရှိဘူး။ ရှင် ဟန်းနီးမွန်းမထွက်ချင်ဘူးဆိုရင်လည်း အဆင်ပြေတယ်…..”
“ဟန်းနီးမွန်းထွက်တာကို ဘယ်လိုလုပ်လက်လွှတ် ရမှာလဲ။ ငါ အဲ့တာကို တကယ် စောင့်မျှော်နေတာ” ချင်ကော က ဝူထုန် အနားကိုကိုင်းပြီး တိတ်ဆိတ်စွာပြောလိုက်သည်။ "ဒါဆို ငါပြန်သွားပြီး ငါတို့ရဲ့လက်ထပ်စာချုပ်ရဖို့အတွက် ကောင်းတဲ့နေ့ကို ရွေးလိုက်မယ်။ ဖြစ်နိုင်ရင် ငါတို့အမြန်ဆုံးလက်ထပ်ပြီး မင်းနဲ့အမြန်ဆုံးအိပ်နိုင်ဖို့ ငါတကယ် မျှော်လင့်တယ်"
“ဘိုင်း!” ဝူထုန်က သူမ ဆက်နေမယ်ဆိုရင် တစ်ယောက်ယောက်ကို ရိုက်နှက်ပစ်မိမှာကို စိုးရိမ်နေမိသည်။
ဝူထုန် ရုတ်တရတ် ထွက်သွားတာကို မြင်တော့ ချင်ကောက အားရပါးရ ရယ်မောပြီး မတ်တပ်တောင် ထမရပ်နိုင်တော့ပေ။
•••••••••••
Zawgyi
ငါ့ခင္ပြန္းကို ေန႔တိုင္း အလိုလိုက္ေနရတယ္
အပိုင္း ၁၄
"အႀကီးဆုံး သခင္ေလးခ်င္၊ ကြၽန္မရဲ႕ ဒုတိယဦးေလး က ခ်င္ မိသားစုနဲ႔ စာခ်ဳပ္ခ်ဳပ္ထားၿပီးၿပီဆိုေတာ့ ကြၽန္မတို႔ရဲ႕ အိမ္ေထာင္ေရးကိစၥက ဘယ္လိုပဲျဖစ္ျဖစ္ ျဖစ္လာေတာ့မွာ။ ႐ွင္ဘာလို႔ဒီလိုလုပ္တာလဲ ကြၽန္မ နားမလည္ဘူး" ဝူထုန္ ခ်ီတုံခ်တုံနဲ႔ ေမးလိုက္သည္။ "႐ွင္ ဘာလို႔ ကြၽန္မကို ေၾကာက္ေအာင္လုပ္ဖို႔ ႀကိဳးစားေနတာလဲ။ ေစ့စပ္ပြဲကို ဖ်က္ဖို႔ ႀကိဳးစားေနတာလား"
"ဘယ္ဟုတ္ပါ့မလဲ" ခ်င္ေကာက ေခါင္းခါၿပီး ႐ွင္းျပခဲ့သည္။ “တကယ္ေတာ့ အဲ့ဒါနဲ႔ ဆန္႔က်င္ဘက္ပဲ။ ငါတို႔လက္ထပ္ေတာ့မယ္ဆိုေတာ့ ဒါေတြအားလုံးကို မင္းကိုေျပာျပခ်င္တာ။ ေဒါက္တာလီဆီသြားဖို႔ ေျပာတုန္းက ေစ့စပ္ပြဲကို ဖ်က္ဖို႔ မင္းကို အခြင့္အေရးေပးထားၿပီးသား။ ငါ့ရဲ႕စိတ္ေရာဂါအေၾကာင္း မင္း အကုန္သိေနေပမယ့္ မင္းငါ့ကို လက္ထပ္ဖို႔ ဆႏၵ႐ွိေနတုန္းဆိုေတာ့ မင္း ငါ့ရဲ႕ အစိတ္အပိုင္းတိုင္းကို လက္ခံရမယ္"
ဝူထုန္က "သေဘာေပါက္ၿပီ ” လို႔ မတုံ႔ျပန္ခင္ သူတို႔ တစ္ေယာက္ကို တစ္ေယာက္ စိုက္ၾကည့္ေနၾကသည္။
ခ်င္ေကာက ဝူထုန္ရဲ႕ တုံ႔ျပန္မႈကို ေက်နပ္ပုံရသည္။ ခြက္ႏႈတ္ခမ္းသားကို သူ႕လက္ေခ်ာင္းမ်ားျဖင့္ ေျခရာခံလိုက္စဥ္တြင္ သူက သိသိသာသာပင္ စိတ္ေအးလက္ေအး အျပဳံးမပ်က္ ျပဳံးေနခဲ့သည္။
"ဒါဆို....... ကြၽန္မ ႐ွင့္ကို ေမးခြန္းတစ္ခုေလာက္ ေမးလို႔ရမလား" ဝူထုန္က ႐ုတ္တရက္ ေမးလိုက္သည္။
“ေမး”
"မင္း ေဒါသထြက္တဲ့အခါက်ရင္.......လူေတြကို ႐ိုက္လား" ဝူထုန္ ေသေသခ်ာခ်ာေလး စုံစမ္းလိုက္သည္။
"အိမ္တြင္းအၾကမ္းဖက္မွာကို မင္း စိုးရိမ္ေနတာလား" ခ်င္ေကာ ေနာက္ေျပာင္သည့္ပုံစံျဖင့္ ရယ္လိုက္သည္။ "ငါ စိတ္တိုလာတဲ့အခါ လူေတြက ႐ိုက္တယ္လို႔ ေျပာရင္...... ေစ့စပ္ပြဲကိုဖ်က္ေတာ့မွာလား"
ဝူထုန္ မ်က္ႏွာက အနည္းငယ္ ျဖဴေဖ်ာ့သြားေသာ္လည္း သူမ ေခါင္းခါလိုက္သည္။ "မဟုတ္ဘူး၊ ကြၽန္မ မဖ်က္ပါဘူး"
ခ်င္ေကာက က်ယ္ေလာင္စြာ ရယ္ေမာလိုက္သည္။ “ဟုတ္ပါတယ္၊ ေငြရဲ႕ စြမ္းအားက လူတစ္ေယာက္ရဲ႕ စိတ္ကူးကို လြန္ဆန္ႏိုင္တယ္ ”
ဝူထုန္က သူမရဲ႕အေျခအေနကို ခ်င္ေကာကို မ႐ွင္းျပခ်င္ေပ။ ဒါက ကိုယ္ေရးကိုယ္တာ ေ႐ြးခ်ယ္မႈတစ္ခုမို႔ ဘာပဲျဖစ္ျဖစ္ သူမ အေကာင္းဆုံးႀကိဳးစားၿပီး ေ႐ွ႕ကိုဆက္သြားရမယ္။
"အရင္က ခ်ိန္းေတြ႕ဖူးလား"
ခ်င္ေကာရဲ႕ ေမးခြန္းေၾကာင့္ ဝူထုန္ သတိမထားမိလိုက္တဲ့အခ်ိန္ အေတြးထဲမွာ နစ္သြားခဲ့သည္။ သူမ ေခါင္းကို ေမာ့ထားရင္း အနည္းငယ္ မိန္းေမာေနသည္။ သူမ မ်က္ေမွာင္က်ံဳ႕ကာ ေမးခဲ့သည္။ “႐ွင္ဒီေမးခြန္းကို ေမးဖို႔ သိပ္ေနာက္က်သြားၿပီ မဟုတ္ဘူးလား”
"ငါ့ကို အထင္မလြဲပါနဲ႔။ညမင္းရဲ႕ခ်ိန္းေတြ႕မႈသမိုင္းကို ငါစိတ္မဝင္စားဘူး။ အခုခ်ိန္ကစၿပီး အခ်စ္ရဲ႕အလွအပကို မင္း ေတြ႕ၾကဳံခံစားႏိုင္ေတာ့မွာ မဟုတ္ဘူး။ ဒါေၾကာင့္မို႔ မင္း႐ိုမန္႔တစ္ဆန္တဲ့အခ်စ္ေရးကို ၾကဳံဖူးမယ္လို႔ ငါေမွ်ာ္လင့္ထားတယ္” ခ်င္ေကာက စကားဆက္ေျပာခဲ့သည္။ "ဒါေပမယ့္ … ငါ့ရဲ႕ ထိန္းခ်ဳပ္လိုတဲ့ဆႏၵက အရမ္းျပင္းထန္ၿပီး ငါ့မွာ ေၾကာက္စရာေကာင္းတဲ့ mysophobia ႐ွိတယ္[1] အိုး၊ ဟုတ္သားပဲ… ေဒါက္တာလီက ငါ့ရဲ႕ ထိန္းခ်ဳပ္လိုစိတ္ျဖစ္ေပၚလာပုံအေၾကာင္း မင္းကို ေျပာျပခဲ့တယ္မလား”
[1] အဲ့တာက "amatory mysophobia" အဂၤလိပ္လို အေၾကာင္းအရာ တစ္ခုလို႔ မထင္မိေပမယ့္ တစ္စုံတစ္ေယာက္႐ွိလာတဲ့အခါ ႐ုပ္ပိုင္းအရေရာ စိတ္ပိုင္းဆိုင္ရာေရာ အခ်စ္ေရးမွာပါ သည္းမခံႏိုင္ၾကဘူး။ (မင္းမွာ တကယ္ေၾကာက္စရာေကာင္းတဲ့ mysophobia႐ွိတယ္ ၊ ခ်င္ေကာ ~ နင့္မွာamatory mysophobia႐ွိ၊ မ႐ွိငါတို႔ ၾကည့္ရလိမ့္မယ္။hurhur (° ʖ°) )
ထိုေန႔က ေဒါက္တာလီေျပာခဲ့သည့္စကားကို ျပန္ေတြးၾကည့္ေတာ့ ဝူထုန္က သူမ သိထားေၾကာင္း ဝန္မခံခ်င္ေပ။ “ဟင့္အင္း…သူမ..…”
“အဲဒါကို စိတ္မပူပါနဲ႔။ ငါ မင္းကို ထပ္ေျပာျပလို႔ရတယ္" ခ်င္ေကာက ျပဳံးၿပီး မေရမရာေျပာျပခဲ့သည္။ "ငါ့ရဲ႕ ထိန္းခ်ဳပ္လိုစိတ္က လိင္ကိစၥမွာ ပိုထင္႐ွားေနတယ္"
ဝူထုန္ ႐ွက္သြားခဲ့သည္။ "စိတ္မပူပါနဲ႔ ဒါက အိမ္ေထာင္ေရးကိစၥပဲ၊ ဒါေၾကာင့္ ႐ွင့္မွာ (အငယ္အေႏွာင္ ) ႐ွိရင္လည္း ကြၽန္မ စိတ္မဆိုး..."
“ ၿပီးေအာင္ေျပာပါရေစအုံး ” ခ်င္ေကာက ၾကားျဖတ္ ေႏွာင့္ယွက္ခဲ့သည္။ သူနည္းနည္းေတာ့ စိတ္ဆိုးသြားသည္။ “ငါက စစ္သားျဖစ္ခဲ့ဖူးတယ္။ စစ္သားေတြက တိုင္းျပည္အေပၚ သစၥာ႐ွိၿပီး မိသားစုအေပၚ သစၥာေစာင့္သိၾကတယ္။ ငါ့ရဲ႕ဇနီးမယားကလြဲရင္ တျခားမိန္းမကို ငါထိမွာမဟုတ္ဘူး"
ဝူထုန္က "အို...အိုေက " ဟု ျပန္ေျဖလိုက္ေသာအခါ အနည္းငယ္ စိတ္မသက္မသာ ခံစားလိုက္ရသည္။
"'အိုေက ' ဆိုတာက မင္းဘာေျပာလိုက္တာလဲ " သူ႕အနာဂတ္ဇနီးသည္ရဲ႕ ကြဲအက္ေနေသာအမူအရာကို ျမင္လိုက္ရသျဖင့္ ခ်င္ေကာက သူမကို မစေနာက္ဖို႔ မတတ္ႏိုင္ခဲ့ေပ။ "ညစ္ပတ္တဲ့အရာတစ္ခုကို စိတ္ကူးယဥ္ေနတာလား။ မင္းမ်က္ႏွာက ဘာလို႔နီေနရတာလဲ"
“စိတ္ကူးမယဥ္ပါဘူး…” ဝူထုန္က ခ်င္ေကာကို ေဒါသတႀကီး စိုက္ၾကည့္ခဲ့သည္။
"ေကာင္းပါၿပီ... မင္းစိတ္ကူးမယဥ္ပါဘူး...ဒါေပမယ့္ ငါစိတ္ကူးယဥ္ၾကည့္ခဲ့တယ္" ဝူထုန္ သူ႕ကို စိုက္ၾကည့္ေနတာကို ျမင္ေတာ့ ခ်င္ေကာက ကူကယ္ရာမဲ့ ပခုံးတြန္႔လိုက္သည္။ "ေယာက်္ားေတြက သူတို႔ရဲ႕ ေအာက္ပိုင္းကို ေတြးေတာဖို႔ အသုံးျပဳတဲ့ တိရိစၧာန္ေတြပဲ။ ေနာက္ၿပီး ငါ့မွာ စိတ္ေရာဂါလည္း႐ွိတယ္"
“အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့…” ဝူထုန္က အံႀကိတ္ၿပီး ေျပာလိုက္သည္။ “ကြၽန္မတို႔မွာ တစ္ေယာက္ကို တစ္ေယာက္ ခံစားခ်က္ေတြ မ႐ွိတဲ့အတြက္ လက္ထပ္ၿပီးရင္.....႐ွင္ ကြၽန္မကို အခ်ိန္ပိုေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္တယ္…”
"အခ်ိန္လား? တစ္ေယာက္နဲ႔တစ္ေယာက္ ခံစားခ်က္ေတြ ေမြးျမဴဖို႔လား" ခ်င္ေကာ ေမးလိုက္သည္။
ဝူထုတ္ ေခါင္းညိတ္လိုက္သည္။
"ဒါဆို အခုခ်က္ခ်င္း ငါ့ကိုနမ္း" ခ်င္ေကာက သူ႕ပါးစပ္ေထာင့္ကို လက္ညိႇဳးထိုးျပၿပီး ပေရာပရည္ ဟန္လုပ္ ျပဳံးလိုက္သည္။ "မင္း ငါ့အတြက္ ခံစားခ်က္ေတြ ေမြးျမဴခ်င္တယ္လို႔ မင္း ေျပာလိုက္တာ မဟုတ္ဘူးလား။ ငါတို႔က လက္ထပ္ခါနီးၿပီဆိုေတာ့ နမ္းတာက တစ္ေယာက္နဲ႔တစ္ေယာက္ရဲ႕ ခံစားခ်က္ေတြ ပ်ိဳးေထာင္လို႔ရတယ္"
႐ုတ္တရက္ ဒီေလာက္ႀကီးတဲ့ အလွည့္အေျပာင္းေတြက ဘယ္လိုျဖစ္သြားတာလဲ။ ဝူထုန္က တစ္စုံတစ္ခု ပ်က္သြားတယ္လို႔ သိထားေသာ္လည္း သူ႕ကို မေခ်ပႏိုင္ေပ။
ဝူထုန္က သူ႕အေပၚ တြန္းလွန္ဖို႔ ေႏွးေကြးေနတာကို ခ်င္ေကာ ျမင္လိုက္သည္။ "ၾကည့္ရတာ... မင္းက ငါ့အတြက္ ခံစားခ်က္ေတြကို ျပဳစုပ်ိဳးေထာင္ဖို႔ မလိုဘူးပဲ " သူက မ်က္ခုံးပင့္ၿပီးေျပာလိုက္သည္။ “ငါဆိုလိုခ်င္တာက…ငါက ေယာက်္ားတစ္ေယာက္ျဖစ္ၿပီး မင္းကမိန္းမတစ္ေယာက္ပဲ။ ငါ အႀကိမ္အနည္းငယ္ အတူအိပ္ဖို႔ပဲလိုတယ္”
သူ႕အပိုင္းအစကို ေျပာၿပီးေနာက္ ခ်င္ေကာ ထြက္ခြာဖို႔ ျပင္ဆင္ေနသလိုမ်ိဳး မတ္တပ္ရပ္လိုက္သည္။ ဒါကို ဝူထုန္ သတိျပဳမိလိုက္တာေၾကာင့္ သူမ စိတ္လႈပ္႐ွားစြာ မတ္တပ္ထရပ္ၿပီး ေအာ္ေျပာလိုက္သည္။ "ခဏေလး!"
ခ်င္ေကာက သန္႔စင္ခန္းသုံးခ်င္တာေၾကာင့္ မတ္တပ္ထရပ္လိုက္တာျဖစ္သည္။
ဝူထုန္ ထိုင္ေနရာမွ ထြက္သြားကာ ခ်င္ေကာဆီ တစ္လွမ္းခ်င္း ေလွ်ာက္လာရင္း စိတ္ကိုျပင္ဆင္ေနပုံရသည္။ ဝူထုန္ ေျခဖ်ားေထာက္ကာ သူ႕ကို နမ္းလိုက္သည္အား ခ်င္ေကာ ေစာင့္ၾကည့္ေနခဲ့သည္။
သူ႕ႏႈတ္ခမ္းကို ေႏြးေထြးႏူးညံ့တဲ့ အရာတစ္ခုက ဖိကပ္ေနသလို ခံစားလိုက္ရတဲ့အခါ သူ႕မ်က္လုံးထဲက အေပ်ာ္အပါးပုံစံက ပူေလာင္တဲ့စိတ္နဲ႔ အစားထိုးသြားခဲ့သည္။ သူမ ထြက္သြားခါနီးတြင္ ဝူထုန္႔ ေနာက္ေက်ာကို ဆုပ္ကိုင္လိုက္ၿပီး သူမ ႏႈတ္ခမ္းကို ကိုက္လိုက္သည္။
ဝူထုန္ တြန္႔သြားေသာ္လည္း ခ်င္ေကာရဲ႕ သန္မာၾကံ့ခိုင္တဲ့ လက္ေတြနဲ႔ မယွဥ္ႏိုင္ခဲ့ေပ။
ခ်င္ေကာရဲ႕ လွ်ာဖ်ားက ဝူထုန္ရဲ႕ ပါးစပ္ေထာင့္ကို လ်က္လိုက္ၿပီး ငန္တဲ့အရာတစ္ခုခုကို ျမည္းစမ္းလိုက္ရသည္။ အဲ့တာကေသြး၏ အရသာပင္။ ခ်င္ေကာရဲ႕ အၾကည့္က မည္းေမွာင္သြားခဲ့သည္။ သူအရင္က ခ်ိဳးႏွိမ္ဖို႔ ႀကိဳးစားခဲ့တဲ့ စိတ္က မၿငိမ္မသက္ျဖစ္လာၿပီး သူ႕ရင္ထဲမွာ တစ္ဖန္ျပန္တက္လာပုံရသည္။
ဝူထုန္ ေသြးထြက္ေနေသာ ႏႈတ္ခမ္းေထာင့္ကိုအုပ္ကာ ေနာက္သို႔ ေျခႏွစ္လွမ္းဆုတ္ၿပီး မ်က္လုံးကိုဖြင့္ကာ သူမေ႐ွ႕တြင္ ရပ္ေနေသာ အမ်ိဳးသားကို စိုက္ၾကည့္ေနသည္။
“အား…” ခ်င္ေကာ မရယ္ဘဲမေနႏိုင္ခဲ့ေပ။ "ငါ မင္းကို ကိုက္လိုက္လို႔ မင္းငါ့ကို ျပန္ကိုက္လို႔ရတယ္"
“အ႐ွက္…” ဝူထုန္က သူ႕ကို အ႐ွက္မ႐ွိတဲ့လူလို႔ ဆူပူႀကိမ္းေမာင္းပစ္ခ်င္ေပမယ့္ သူမရဲ႕ေယာက်္ားကို အ႐ွက္မ႐ွိတဲ့လူလို႔ ေခၚတာက အဓိပၸါယ္မ႐ွိဘူး မဟုတ္လား။
" မင္းကို နမ္းရတာ အရမ္းစ်ာန္ဝင္သြားလြန္းလို႔ ဒီကိုလာတဲ့ ကိစၥကိုေတာင္ ေမ့ေတာ့မယ္ " ခ်င္ေကာက ေမးလိုက္သည္။ "မင္းဘယ္လိုမ်ိဳး မဂၤလာေဆာင္ခ်င္လဲ"
"ကြၽန္မ ဘယ္လိုျဖစ္ျဖစ္ အဆင္ေျပတယ္" ဝူထုန္က စီးပြားေရးလုပ္ငန္းကို အေျခခံတဲ့ မဂၤလာပြဲအတြက္ အမွန္တကယ္ ေမွ်ာ္လင့္ထားျခင္းမ႐ွိေပ။
“ဒါဆို...... ငါတို႔ မဂၤလာပြဲ အခမ္းအနား မလုပ္ေတာ့ဘူး။ ငါတို႔လက္ထပ္စာခ်ဳပ္လုပ္ၿပီးရင္ ဟန္းနီးမြန္းထြက္ၾကမယ္” လို႔ ခ်င္ေကာက အၾကံေပးခဲ့သည္။
“ေကာင္းၿပီ ” တကယ္ေတာ့ ဝူထုန္က ဟန္းနီးမြန္းလည္း မသြားခ်င္ဘူး။
“ငါ့ အေမက ေျပာတယ္ မိန္းကေလးတိုင္းက ႀကီးက်ယ္ခမ္းနားတဲ့ မဂၤလာပြဲက်င္းပဖို႔ အိပ္မက္မက္ၾကတယ္တဲ့။ ဒါေပမယ့္ ငါ့မိန္းမကေတာ့ အဲ့လိုမဟုတ္ဘူးပဲ ” သူတို႔ သေဘာတူညီမႈ ရ႐ွိခဲ့တာကို ျမင္ေတာ့ ခ်င္ေကာက စိတ္ေကာင္းဝင္လာခဲ့သည္။
"တျခားဟာ တစ္ခုခု႐ွိေသးလား။ မ႐ွိေတာ့ရင္ ကြၽန္မ အရင္သြားႏွင့္မယ္" ဝူထုန္က သူမအိတ္ကို ေကာက္ကိုင္ရင္း ေျပာလိုက္သည္။
“ေနာက္ဆုံးတစ္ခုက ငါတို႔အိမ္ေထာင္စာခ်ဳပ္လုပ္ဖို႔ ဘယ္အခ်ိန္က သင့္ေတာ္မယ္လို႔ထင္လဲ” ခ်င္ေကာက ထပ္ေမးလိုက္သည္။
ဝူထုန္ ခဏေလာက္ စဥ္းစားၾကည့္လိုက္သည္။ အဲဒါက စေနေန႔။ ေ႐ွာင္ယြမ္က မနက္ျဖန္ေန႔လည္မွာ ခြဲစိတ္ကုသမႈခံယူရမွာဆိုေတာ့ လက္ထပ္စာခ်ဳပ္ကို ဘယ္အခ်ိန္လုပ္ရမလဲဆိုတာက အေရးမႀကီးဘူး။
“ဘယ္အခ်ိန္ျဖစ္ျဖစ္ရတယ္။ ေနာက္လအထိ ဟန္းနီးမြန္းထြက္ဖို႔ ကြၽန္မမွာ အခ်ိန္မ႐ွိဘူး။ ႐ွင္ ဟန္းနီးမြန္းမထြက္ခ်င္ဘူးဆိုရင္လည္း အဆင္ေျပတယ္…..”
“ဟန္းနီးမြန္းထြက္တာကို ဘယ္လိုလုပ္လက္လႊတ္ ရမွာလဲ။ ငါ အဲ့တာကို တကယ္ ေစာင့္ေမွ်ာ္ေနတာ” ခ်င္ေကာ က ဝူထုန္ အနားကိုကိုင္းၿပီး တိတ္ဆိတ္စြာေျပာလိုက္သည္။ "ဒါဆို ငါျပန္သြားၿပီး ငါတို႔ရဲ႕လက္ထပ္စာခ်ဳပ္ရဖို႔အတြက္ ေကာင္းတဲ့ေန႔ကို ေ႐ြးလိုက္မယ္။ ျဖစ္ႏိုင္ရင္ ငါတို႔အျမန္ဆုံးလက္ထပ္ၿပီး မင္းနဲ႔အျမန္ဆုံးအိပ္ႏိုင္ဖို႔ ငါတကယ္ ေမွ်ာ္လင့္တယ္"
“ဘိုင္း!” ဝူထုန္က သူမ ဆက္ေနမယ္ဆိုရင္ တစ္ေယာက္ေယာက္ကို ႐ိုက္ႏွက္ပစ္မိမွာကို စိုးရိမ္ေနမိသည္။
ဝူထုန္ ႐ုတ္တရတ္ ထြက္သြားတာကို ျမင္ေတာ့ ခ်င္ေကာက အားရပါးရ ရယ္ေမာၿပီး မတ္တပ္ေတာင္ ထမရပ္ႏိုင္ေတာ့ေပ။
#5.4.2023