Unicode
ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်
အပိုင်း ၁၃
သောကြာနေ့တိုင်း ချင်မိသားစုက အတူတူ ညစာစားကြသည်။ စားနေစဥ်တွင် သူတို့က ထိုရက်သတ္တပတ်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို စကားစမြည်ကြသော်လည်း မစ္စစ် ချင်က ဒီအချိန်အများစုကို အတင်းအဖျင်းပြောနေခဲ့သည်။ ဥပမာအားဖြင့်၊ သူမ ရန်ပုံငွေပွဲညစာစားပွဲမှာ ဘယ်သူ့ဘယ်သူရဲ့ဇနီးဖြစ်သူနဲ့ ထပ်တွေ့ခဲ့ပြီး ထိုကဲ့သို့ပင် ဘယ်သူ့ဘယ်သူရဲ့ သမီးဖြစ်သူက အရမ်းဉာဏ်ထက်ပြီး စွမ်းဆောင်နိုင်တယ် လှတယ် ရက်ရောတယ် စသည်တို့ဖြစ်သည်။
မစ္စစ် ချင်က အတင်းအဖျင်းပြောလာတဲ့အခါ ကျန်တဲ့မိသားစုဝင်တွေက ခေါင်းငုံ့ပြီး သူမပြောတာကို သိပ်စိတ်မဝင်စားဘဲ တိတ်တဆိတ် စားသောက်နေကြသည်။ မစ္စစ် ချင် ငြီးငွေ့လာပြီး သူ့မြေးဖြစ်သူ ဖေးဖေးကို တရုတ်ဂေါ်ဖီထုပ်အချို့ ကျွေးဖို့ သူမ တူကို အသုံးပြုလိုက်သည်။
“အမေ၊ ယောက်ျားလေးတွေက အသားပိုစားသင့်တယ်” ချင်ကောက ပြောလိုက်သည်။
"မင်းဘာသိလို့လဲ။ ကလေးတွေက အာဟာရမျှတပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ စားသင့်တာ။ မင်းလက်ထပ်ပြီး အိမ်ကထွက်သွားတဲ့အခါ ဖေးဖေးကို အသားတွေချည်းပဲ မကျွေးနဲ့နော် " မစ္စစ် ချင်က သတိပေးခဲ့သည်။
ဒါကိုကြားတော့ မစ္စတာ ချင်က ချင်ဟွိုက်ကို မေးဖို့သတိရသွားခဲ့သည်။ "ဝူ မိသားစုနဲ့ ပူးပေါင်းဆောင်ရွက်မှုက ဘယ်လိုရှိလဲ"
“သူတို့ လက်မှတ်ထိုးပြီးပြီ။ နက်ဖြန်မှာ ပထမဆုံး ငွေပေးချေဖို့ ဘဏ္ဍာရေးဌာနကိုပြောမို့ " ဒါကိုပြောပြီးနောက် ချင်ဟွိုက်က မစ္စစ် ချင်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ "အမေ၊ မင်္ဂလာပွဲအတွက် ပြင်ဆင်မှုတွေစလုပ်လို့ရပြီ"
"တကယ်လား။ ဝူထုန်က ဘယ်လိုမင်္ဂလာပွဲလိုချင်တယ်ဆိုတာ သေချာမသိရသေးတော့ မစ္စစ်ဝူနဲ့ သေချာဆွေးနွေးဖို့လိုသေးတယ်" သားဖြစ်သူ မင်္ဂလာပွဲက နောက်ဆုံးတွင် ကျောက်တုံးကြီးပေါ်တင်ထားသည်ကို မြင်လိုက်ရသဖြင့် သူမ ရုတ်တရက် စိတ်လှုပ်ရှားစွာ ကျော်လွှားသွားခဲ့သည်။ ဝူထုန့် ဒုတိယအဒေါ်ဆီ ချက်ချင်းဖုန်းဆက်ဖို့ သူမ လက်ယားနေခဲ့သည်။
ချင်ကော စိတ်လှုပ်ရှားနေသော မိခင်ဖြစ်သူကို ကြည့်လိုက်မိသည်။ သဘောကျစွာဖြင့် သူက မေးခဲ့သည်။ “ကျွန်တော့်ကို ဘယ်လိုမင်္ဂလာပွဲမျိုး လုပ်ချင်လဲလို့မမေးဘူးလား ”
သူမ သားလေးက မင်္ဂလာဆောင်ဖို့ မျှော်မှန်းထားတာကို ကြားလိုက်ရလို့ မစ္စစ်ချင်က အရမ်းပျော်သွားသည်။ "မင်းစိတ်ထဲမှာ တစ်ခုခုရှိလို့လား။ နားထောင်ကြည့်ရအောင်"
"ဘာလို့ အလုပ်ရှုပ်ရအောင်လုပ်နေမှာလဲ။ ကျွန်တော်တို့ လက်ထပ်စာချုပ်ပဲလုပ်ရင်ရပြီလေ ” ချင်ကောက တုံ့ပြန်ခဲ့သည်။
“မဟုတ်တာ!” မစ္စစ် ချင် ချက်ချင်း မကျေနပ်ကြောင်း ထုတ်ဖော်ခဲ့သည်။ “အိမ်ထောင်ရေးဆိုတာ အရမ်းအရေးကြီးတဲ့ ကိစ္စ။ မင်းဒီလောက် ပေါ့ပေါ့တန်တန် နေနိုင်ရလား"
“အမေက ရာစုနှစ်ရဲ့ အခမ်းနားဆုံး မင်္ဂလာပွဲကို စီစဉ်ချင်တယ်။ ပြီးတော့ စီးပွားရေးလောကက ထင်ရှားတဲ့ သူစိမ်းတွေကို ဖိတ်ပြီး ကျွန်တော့်ကို မျောက်တစ်ကောင်လို စင်ပေါ်မှာ ဖျော်ဖြေခိုင်းမယ်။ အဲဒါကို တွေးကြည့်ရုံနဲ့တင် စိတ်ရှုပ်စရာကောင်းနေပြီ ” ချင်ကောက ထိုသို့သောဆက်တင်များကို အမှန်တကယ်မကြိုက်ပုံရသည်။ စကားပြောနေရင်း သူ့အမူအရာက မည်းမှောင်သွားခဲ့သည်။
ဒေါက်တာ လီက သူမကို ရှင်းပြခဲ့တာကို မစ္စစ် ချင် သတိရသွားသည်။ သူမ သားကြီးရဲ့ စိတ်နေသဘောထား ပြောင်းလဲလာတာကို မြင်လိုက်တာနဲ့ နောက်ထပ် ဖိအားမပေးဝံ့တော့ပေ။ အကူအညီတောင်းဖို့ ခင်ပွန်းဖြစ်သူနဲ့ ဒုတိယသားကို လှမ်းကြည့်လိုက်သည်။
မစ္စတာ ချင်က အရိပ်အမြွက်ပြပြီး စကားပြောခဲ့သည်။ "သူတို့နှစ်ယောက် အဲ့လိုလုပ်ဖို့ သဘောကျတယ်ဆိုရင်တော့ ငါတို့တွေ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲမကျင်းပရင်လည်း ဖြစ်ပါတယ် "
“ဟုတ်တယ်၊ မှန်တယ်။ ဝူထုန်ကို ထည့်စဉ်းစားဖို့ လိုသေးတယ်” မစ္စစ် ချင်က မျှော်လင့်ချက်အသစ် ပြန်လည်ရရှိလာခဲ့သည်။ “မိန်းကလေးအများစုက ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကျင်းပဖို့ စိတ်ကူးယဉ်တတ်ကြတယ်။ အိုး စကားမစပ် ဟန်းနီးမွန်းထွက်တာက ကြင်စဦးဇနီးမောင်နှံတွေအတွက် တော်တော်ရေပန်းစားတယ်”
ချင်ဟွိုက်က သဘောထားချင်းတိုက်ဆိုင်ပြီး တိုက်တွန်းလိုက်သည်။ "ဟုတ်တယ် အစ်ကို။ နောက်ဆုံး ဆုံးဖြတ်ချက်တွေ မချခင် အစ်ကို ဒီကိစ္စကို မစ္စဝူ နဲ့ ဆွေးနွေးကြည့်ရင်ကော "
ချင်ကောက မင်္ဂလာဆောင်အတွက် ဆက်မပြောချင်တော့ပေ။ အဲဒီအစား သူ့အမေ အခုလေးတင်ပြောလာတဲ့ ဟန်းနီးမွန်းအကြောင်းကို သူ့စိတ်ထဲမှာ တွေးနေမိသည်။ သူက တောင်ကုန်း၊ တောင်တန်းတွေအတွင်း သူ့ရဲဘော်ရဲဘက်တွေနဲ့အတူ နေခဲ့ရတာ ကြာပြီဖြစ်သည်။ ထိုအချိန်တွင် သူတို့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။
အဲဒီတုန်းက သူတို့ ဘာပြောခဲ့လဲဆိုတော့။ သူတို့ရဲ့အနာဂတ်၊ သူတို့ရဲ့မင်္ဂလာဆောင်နဲ့ သူတို့ရဲ့အခြားအကြောင်းတွေ ပြောနေခဲ့ကြတာ။ လူတိုင်းမှာ အံ့သြစရာကောင်းတဲ့ မျှော်လင့်ချက်တွေနဲ့ အိပ်မက်တွေ ရှိပုံရပေမယ့်၊ သူကတော့ ဒီအဆင့်ကို ရောက်အောင် လုပ်နိုင်တဲ့သူ တစ်ဦးတည်းပဲ။
မစ္စစ် ချင်က သူ့သားကြီး ဘာတွေတွေးနေပြန်ပြီ ဆိုတာ မပြောနိုင်ခဲ့ပေ။ သူ့မျက်နှာမှာ ညှိုးငယ်နေတဲ့ အကြည့်တွေ ရှိနေသည်။ သူမ မကူညီနိုင်ဘဲ သူ့နာမည်ကို ဖြည်းညှင်းစွာ ခေါ်လိုက်သည်။ "ချင်ကော "
ချင်ကောက ရုတ်တရက် သတိပြန်လည်လာပြီး သူ့မိခင် ဘယ်လောက် စိုးရိမ်နေလဲဆိုတာ မြင်လိုက်ရသည်။ သူ့အဖေနဲ့ ညီငယ်တို့ရဲ့ မျက်နှာတွေမှာ စိုးရိမ်တဲ့အမူအရာတွေကို မြင်လိုက်ပြီး အားအင်မရှိတော့သလို ခံစားလိုက်ရသည်။ အဲ့တာ ဖြစ်လာပြန်ပြီ။ သူ့စိတ်တွေ လှုပ်ရှားလာတိုင်း သူ့မိသားစုထဲက အားလုံးက သူတို့ ရေခဲလွှာလေးပေါ်မှာ လမ်းလျှောက်နေသလို သူ့ကို ဆက်ဆံကြတယ်။ တစ်ချက်ထိလိုက်ရုံနဲ့ ကွဲသွားမယ့် နုနယ်တဲ့ ပန်းအိုးကြီးလိုပဲ။
ဒါပေမယ့် ဒီနည်းနဲ့သူတို့ များများလုပ်လေ သူ နေမထိထိုင်မသာ ခံစားရလေလေ သူ့ကို သူတို့ ပိုစိုးရိမ်လေလေပဲ။ ဒါဟာ ရိုးရှင်းပြီး ဆိုးရွားတဲ့ သံသရာတစ်ခုပင်။
"ဒီကိစ္စကို မနက်ဖြန် ဝူထုန်နဲ့ ဆွေးနွေးလိုက်မယ်" ချင်ကောက ပြောလိုက်သည်။
"ဟမ်?" မစ္စစ် ချင်က နားကြားမှားတယ် ထင်သွားခဲ့သည်။
"ကျွန်တော် သူမနဲ့စကားသွားပြောတာက မသင့်တော်ဘူးလား " ချင်ကောက မေးလိုက်သည်။
“မဟုတ်ဘူး၊ လုံးဝမဟုတ်ဘူး။ သူမနဲ့ စကား သွားပြောလိုက်။ စကားများများပြောခဲ့။ မင်းဘာပြောပြော အမေ နားထောင်မယ်" မစ္စစ် ချင်က အလွန်ဝမ်းသာသွားသဖြင့် ထွက်လာတဲ့ သူမစကားသံတွေ အားလုံးက တုန်ယင်နေခဲ့သည်။
ချင်ကောက ထမင်း ဆက်စားဖို့ ခေါင်းမငုံ့မှီ ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်သည်။ ညစာစားပွဲမှာ တခြားသုံးယောက်က စိတ်လှုပ်ရှားစွာ အကြည့်ချင်းဖလှယ်နေတာကို သူ သတိမထားမိသလို ဟန်ဆောင်နေခဲ့သည်။
ဝူထုန် ဆေးရုံက ထွက်လာချိန် ချင်ကောဆီမှ မက်ဆေ့ချ် တစ်စောင် လက်ခံရရှိခဲ့သည်။
(မနက်ဖြန် မနက် ၁၀ နာရီမှာ တွေ့ရအောင်။ ဘယ်နေရာမှာ တွေ့မလဲဆိုတာ မင်း ဆုံးဖြတ်လိုက်)
ဝူထုန် ခေါင်းလှည့်း ကြည့်လိုက်ရာ ဆေးရုံနဲ့ မဝေးတဲ့နေရာက ဈေးဝယ်စင်တာကို တွေ့လိုက်ရသည်။
( ရိန်းဘိုး ပလာဇာ တတိယထပ်က ကော်ဖီဆိုင်မှာတွေ့ကြမယ် )
ချင်ကောဆီမှ အတည်ပြုချက်ရရှိပြီးနောက် ဝူထုန်က သူမဖုန်းကို အိတ်ထဲ ပြန်ထည့်လိုက်သည်။ ထို့နောက် လှည့်ပြီး အနီးနားရှိ မြေအောက်ရထားဘူတာဆီ လမ်းလျှောက်သွားခဲ့သည်။
*နောက်တစ်နေ့၌*
ဝူထုန်က သူမ ခင်ပွန်းလောင်းနဲ့ တွေ့ရမှာမလို့ နည်းနည်းပါးပါး ၀တ်ဆင်ဖို့ ဆုံးဖြတ်ခဲ့သည်။ သူမက ရိုးရှင်းတဲ့မိတ်ကပ်ပုံစံနဲ့ ဆံပင်ပုံစံကို ငယ်ရွယ်နုပျိုစေသည့်ပုံပေါ်အောင် တစ်ဝက်စည်းထားသည်။
နံနက် ၉ နာရီ ၅၀ မှာ ဝူထုန်က ရိန်းဘိုး ပလာဇာ ပင်မဝင်ပေါက်ဆီ ရောက်ရှိသွားခဲ့သည်။ ဝင်ခါနီးမှာ တစ်စုံတစ်ယောက်က လက်ဆွဲအိတ်ကို လုယူဖို့ ကြိုးစားနေတယ်လို့ အမျိုးသမီးတစ်ယောက်ရဲ့ စူးစူးရှရှ အော်ဟစ်သံကို ရုတ်တရက် ကြားလိုက်ရတယ်။
ဝူထုန် မသိစိတ်က လှည့်၍ အသံလာရာကို ကြည့်လိုက်သည်။ မလှမ်းမကမ်းမှ အမျိုးသမီးတစ်ဦး၏ လက်ဆွဲအိတ်ကို ဆိုင်ကယ်နဲ့အမျိုးသားက လက်ထဲတွင်ကိုင်ထားပြီး သူမဆီ လာနေတာကို တွေ့လိုက်ရသည်။ ဝူထုန်က အလယ်လမ်းမြောင် [1] ၏ နောက်တွင် ရပ်နေသော်လည်း သူမ မကူညီနိုင်ဘဲ မသိစိတ်က နောက်ပြန်ဆုတ်မိခဲ့သည်။
[1] အစိမ်းရောင်ဧရိယာကို "အလယ်လမ်းမြောင် " ဟုခေါ်သည်။
သူခိုးက အခင်းအကျင်းကနေ ပြေးထွက်သွားတာကို လူအများက စောင့်ကြည့်နေကြခဲ့သည်။ ရုတ်တရက် အနက်ရောင် အရိပ်တစ်ခုက အလယ်လမ်းမြောင်ကို ဖြတ်ကျော်ပြီး ဆိုင်ကယ်ရှေ့ ၂ မီတာခန့်အကွာမှာ ရပ်လိုက်တယ်။ နောက်တော့သူက ခြေထောက်ကို မြှောက်ပြီး ကန်လိုက်သည်။
ထိုလူရဲ့ ခြေထောက်က ဆိုင်ကယ်ကို ထိသွားခဲ့သည်။ သူခိုးနှင့်အတူ ဆိုင်ကယ်က မြေပြင်ပေါ် လဲကျကာလှိမ့်သွားပြီး ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုလူက နာကျင်စွာအော်ဟစ်နေသော သူခိုးကို နင်းလိုက်ပြီး ဆောင့်ကြောင့် ထိုင်ချလိုက်ကာ သူခိုးရဲ့ ဆိုင်ကယ်ဦးထုပ်ကို ဆွဲချွတ်ပစ်လိုက်သည်။ “ဒီရက်ပိုင်း မင်းလိုလူတွေက ပြေးရတာကို ကြိုက်ကြတာပဲ။တစ်ယောက်ယောက်ကို ရိုက်နှက်တာက အိတ်တွေကို လုတာထက် ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတယ်” ထိုလူက ရှုတ်ချပြောဆိုခဲ့သည်။
မကြာခင်မှာပဲ အိတ်ခိုးခံလိုက်ရတဲ့ အမျိုးသမီးက နောက်ဆုံးတော့ သူတို့ကိုမှီသွားခဲ့သည်။ သူမက အိတ်ကို ကောက်ကိုင်ပြီးနောက်မှာ ထို အမျိုးသားကို ကျေးဇူးတင်ကြောင်း ထပ်ခါတလဲလဲ ပြောခဲ့သည်။ ပလာဇာက လုံခြုံရေးအစောင့်တွေက အမြန်ပြေးလာပြီး သူခိုးကို ချုပ်ထားလိုက်တာကိုမြင်တော့ အဲဒီလူက သူ့ပတ်ဝန်းကျင်မှာ ထွက်ပေါ်လာတဲ့ လက်ခုပ်သံတွေကို လျစ်လျူရှုပြီး လှည့်လိုက်သည်။ ရှော့ပင်းမောလ်ထဲ ဝင်ဖို့ စီစဉ်နေချိန် ဝူထုန်က လူအုပ်ကြားထဲ ရပ်နေတာကို တွေ့လိုက်ရသည်။
ဝူထုန်က သူ့ကို ပြုံးမပြခင် မျက်တောင်ခတ်လိုက်တယ်။
ရှော့ပင်းမောလ်က လုပ်ငန်းစဖွင့်ကတည်းက ကော်ဖီဆိုင်ထဲမှာ လူနည်းတယ်။ ဝူထုန်နဲ့ ချင်ကောတို့က ထိုင်ဖို့အတွက် အတော်လေး တိတ်ဆိတ်တဲ့နေရာကို ရွေးချယ်ခဲ့ကြသည်။ ကော်ဖီတစ်ခွက်နဲ့ ရေတစ်ခွက် ယူလာပေးမယ့် စားပွဲထိုးကို စောင့်ပြီးနောက်မှာ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေဖြစ်သွားကြသည်။
"အခု ငါ မင်းကို ကြောက်အောင်လုပ်မိလိုက်ပြီလား ” ချက်ကော မေးလိုက်သည်။
"ဟမ်?" ဝူထုန်က ကော်ဖီခွက်ကို ဆုပ်ကိုင်လိုက်ပြီး ပြန်မဖြေခင် တစ်ငုံသောက်လိုက်သည်။ “ကျွန်မကို ကြောက်အောင်မလုပ်မိပါဘူး။ ရှင်က ဘယ်လောက်တောင်မှ အရည်အချင်းရှိလဲဆိုပြီး ကျွန်မ အံ့ဩသွားတာပါ”
ချင်ကော စိတ်ရှုပ်သွားသည်။ "ငါ အထူးတပ်ဖွဲ့မှာ တစ်ချိန်က ရှိခဲ့ဖူးတယ်လို့ ဒေါက်တာလီ မင်းကို မပြောခဲ့ဘူးလား"
"သူပြောပါတယ်၊ ဒါပေမယ့် ကိုယ့်မျက်စိနဲ့ မြင်ရတာက တခြားသူဆီက ကြားတာနဲ့ မတူဘူး " ဝူထုန်က ချင်ကော ရေတစ်ခွက် မှာထားတာကို သတိပြုမိပြီး သူမက ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဖို့ ဆုံးဖြတ်လိုက်သည်။ "ကော်ဖီသောက်ရတာ မကြိုက်လို့လား"
ချင်ကောက သူ့လက်ထဲက ရေခွက်ကို တစ်ချက်ကြည့်လိုက်ပြီး ဝူထုန် ကို ပြုံးပြလိုက်သည်။ "မကြိုက်တာတော့ မဟုတ်ဘူး၊ မသောက်သင့်လို့။ ပြီးတော့ ငါတော်တော်လေး စိတ်တိုလွယ်ပြီး ကဖိန်းဓာတ်က အရမ်းကိုတက်ကြွအောင်လုပ်ဆော်ပေးတတ်လို့"
“…” ဒီလူက သူ့မှာ စိတ်ရောဂါရှိနေတယ်ဆိုတဲ့အချက်ကို ဘာလို့ အဆက်မပြတ်သတိပေးနေတာလဲ။
ချင်ကော ရေတစ်ငုံသောက်ရင်း စိတ်ကောင်းဝင်နေခဲ့သည်။ "ဒါပေမယ့် စိတ်မပူပါနဲ့၊ ငါ အဲဒီ့အငွေ့ကို ပြန်လွှတ်လိုက်ပြီး အခုတော်တော်လေး နေလို့ကောင်းနေပြီ။ ဒါကြောင့် မင်းကို ရန်လိုမုန်းတီးနေမှာမဟုတ်ဘူး"
“…” ဝူထုန် အနည်းငယ် စိတ်မငြိမ်မသက် ခံစားလိုက်ရသည်။ သူမ ခေါင်းမော့ပြီး မေးခဲ့သည်။ “ရှင် ကျွန်မကို.... ကြောက်အောင်လုပ်ဖို့ ကြိုးစားနေတာလား”
"ငါက မင်းကို ကြောက်အောင်လုပ်မိလို့လား " ချင်ကော ဘာမှ မငြင်းဘဲ တုံ့ပြန်လိုက်သည်။ သူ ဒေါသတကြီးဖြင့် ရယ်လိုက်ရုံသာ။ [2]
[2] "ကောင်းလောက်အောင် ရိုက်ပုတ်ခြင်း" ကဲ့သို့ ဒေါသထွက်ခြင်း lul (သူမက သူ့ကို ရိုက်ပုတ်ချင်နေတာ မဟုတ်ပါဘူး)
•••••••••••
Zawgyi
ငါ့ခင္ပြန္းကို ေန႔တိုင္း အလိုလိုက္ေနရတယ္
အပိုင္း ၁၃
ေသာၾကာေန႔တိုင္း ခ်င္မိသားစုက အတူတူ ညစာစားၾကသည္။ စားေနစဥ္တြင္ သူတို႔က ထိုရက္သတၱပတ္တြင္ ျဖစ္ပ်က္ခဲ့ေသာ အျဖစ္အပ်က္မ်ားကို စကားစျမည္ၾကေသာ္လည္း မစၥစ္ ခ်င္က ဒီအခ်ိန္အမ်ားစုကို အတင္းအဖ်င္းေျပာေနခဲ့သည္။ ဥပမာအားျဖင့္၊ သူမ ရန္ပုံေငြပြဲညစာစားပြဲမွာ ဘယ္သူ႕ဘယ္သူရဲ႕ဇနီးျဖစ္သူနဲ႔ ထပ္ေတြ႕ခဲ့ၿပီး ထိုကဲ့သို႔ပင္ ဘယ္သူ႕ဘယ္သူရဲ႕ သမီးျဖစ္သူက အရမ္းဉာဏ္ထက္ၿပီး စြမ္းေဆာင္ႏိုင္တယ္ လွတယ္ ရက္ေရာတယ္ စသည္တို႔ျဖစ္သည္။
မစၥစ္ ခ်င္က အတင္းအဖ်င္းေျပာလာတဲ့အခါ က်န္တဲ့မိသားစုဝင္ေတြက ေခါင္းငုံ႔ၿပီး သူမေျပာတာကို သိပ္စိတ္မဝင္စားဘဲ တိတ္တဆိတ္ စားေသာက္ေနၾကသည္။ မစၥစ္ ခ်င္ ၿငီးေငြ႕လာၿပီး သူ႕ေျမးျဖစ္သူ ေဖးေဖးကို တ႐ုတ္ေဂၚဖီထုပ္အခ်ိဳ႕ ေကြၽးဖို႔ သူမ တူကို အသုံးျပဳလိုက္သည္။
“အေမ၊ ေယာက်္ားေလးေတြက အသားပိုစားသင့္တယ္” ခ်င္ေကာက ေျပာလိုက္သည္။
"မင္းဘာသိလို႔လဲ။ ကေလးေတြက အာဟာရမွ်တၿပီး အာဟာရျပည့္ဝတဲ့ အစားအေသာက္ေတြ စားသင့္တာ။ မင္းလက္ထပ္ၿပီး အိမ္ကထြက္သြားတဲ့အခါ ေဖးေဖးကို အသားေတြခ်ည္းပဲ မေကြၽးနဲ႔ေနာ္ " မစၥစ္ ခ်င္က သတိေပးခဲ့သည္။
ဒါကိုၾကားေတာ့ မစၥတာ ခ်င္က ခ်င္ဟြိဳက္ကို ေမးဖို႔သတိရသြားခဲ့သည္။ "ဝူ မိသားစုနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈက ဘယ္လို႐ွိလဲ"
“သူတို႔ လက္မွတ္ထိုးၿပီးၿပီ။ နက္ျဖန္မွာ ပထမဆုံး ေငြေပးေခ်ဖို႔ ဘ႑ာေရးဌာနကိုေျပာမို႔ " ဒါကိုေျပာၿပီးေနာက္ ခ်င္ဟြိဳက္က မစၥစ္ ခ်င္ကို တစ္ခ်က္ၾကည့္ၿပီး ေျပာလိုက္သည္။ "အေမ၊ မဂၤလာပြဲအတြက္ ျပင္ဆင္မႈေတြစလုပ္လို႔ရၿပီ"
"တကယ္လား။ ဝူထုန္က ဘယ္လိုမဂၤလာပြဲလိုခ်င္တယ္ဆိုတာ ေသခ်ာမသိရေသးေတာ့ မစၥစ္ဝူနဲ႔ ေသခ်ာေဆြးေႏြးဖို႔လိုေသးတယ္" သားျဖစ္သူ မဂၤလာပြဲက ေနာက္ဆုံးတြင္ ေက်ာက္တုံးႀကီးေပၚတင္ထားသည္ကို ျမင္လိုက္ရသျဖင့္ သူမ ႐ုတ္တရက္ စိတ္လႈပ္႐ွားစြာ ေက်ာ္လႊားသြားခဲ့သည္။ ဝူထုန္႔ ဒုတိယအေဒၚဆီ ခ်က္ခ်င္းဖုန္းဆက္ဖို႔ သူမ လက္ယားေနခဲ့သည္။
ခ်င္ေကာ စိတ္လႈပ္႐ွားေနေသာ မိခင္ျဖစ္သူကို ၾကည့္လိုက္မိသည္။ သေဘာက်စြာျဖင့္ သူက ေမးခဲ့သည္။ “ကြၽန္ေတာ္႕ကို ဘယ္လိုမဂၤလာပြဲမ်ိဳး လုပ္ခ်င္လဲလို႔မေမးဘူးလား ”
သူမ သားေလးက မဂၤလာေဆာင္ဖို႔ ေမွ်ာ္မွန္းထားတာကို ၾကားလိုက္ရလို႔ မစၥစ္ခ်င္က အရမ္းေပ်ာ္သြားသည္။ "မင္းစိတ္ထဲမွာ တစ္ခုခု႐ွိလို႔လား။ နားေထာင္ၾကည့္ရေအာင္"
"ဘာလို႔ အလုပ္႐ႈပ္ရေအာင္လုပ္ေနမွာလဲ။ ကြၽန္ေတာ္တို႔ လက္ထပ္စာခ်ဳပ္ပဲလုပ္ရင္ရၿပီေလ ” ခ်င္ေကာက တုံ႔ျပန္ခဲ့သည္။
“မဟုတ္တာ!” မစၥစ္ ခ်င္ ခ်က္ခ်င္း မေက်နပ္ေၾကာင္း ထုတ္ေဖာ္ခဲ့သည္။ “အိမ္ေထာင္ေရးဆိုတာ အရမ္းအေရးႀကီးတဲ့ ကိစၥ။ မင္းဒီေလာက္ ေပါ့ေပါ့တန္တန္ ေနႏိုင္ရလား"
“အေမက ရာစုႏွစ္ရဲ႕ အခမ္းနားဆုံး မဂၤလာပြဲကို စီစဥ္ခ်င္တယ္။ ၿပီးေတာ့ စီးပြားေရးေလာကက ထင္႐ွားတဲ့ သူစိမ္းေတြကို ဖိတ္ၿပီး ကြၽန္ေတာ္႕ကို ေမ်ာက္တစ္ေကာင္လို စင္ေပၚမွာ ေဖ်ာ္ေျဖခိုင္းမယ္။ အဲဒါကို ေတြးၾကည့္႐ုံနဲ႔တင္ စိတ္႐ႈပ္စရာေကာင္းေနၿပီ ” ခ်င္ေကာက ထိုသို႔ေသာဆက္တင္မ်ားကို အမွန္တကယ္မႀကိဳက္ပုံရသည္။ စကားေျပာေနရင္း သူ႕အမူအရာက မည္းေမွာင္သြားခဲ့သည္။
ေဒါက္တာ လီက သူမကို ႐ွင္းျပခဲ့တာကို မစၥစ္ ခ်င္ သတိရသြားသည္။ သူမ သားႀကီးရဲ႕ စိတ္ေနသေဘာထား ေျပာင္းလဲလာတာကို ျမင္လိုက္တာနဲ႔ ေနာက္ထပ္ ဖိအားမေပးဝံ့ေတာ့ေပ။ အကူအညီေတာင္းဖို႔ ခင္ပြန္းျဖစ္သူနဲ႔ ဒုတိယသားကို လွမ္းၾကည့္လိုက္သည္။
မစၥတာ ခ်င္က အရိပ္အႁမြက္ျပၿပီး စကားေျပာခဲ့သည္။ "သူတို႔ႏွစ္ေယာက္ အဲ့လိုလုပ္ဖို႔ သေဘာက်တယ္ဆိုရင္ေတာ့ ငါတို႔ေတြ ႀကီးက်ယ္ခမ္းနားတဲ့ မဂၤလာပြဲမက်င္းပရင္လည္း ျဖစ္ပါတယ္ "
“ဟုတ္တယ္၊ မွန္တယ္။ ဝူထုန္ကို ထည့္စဥ္းစားဖို႔ လိုေသးတယ္” မစၥစ္ ခ်င္က ေမွ်ာ္လင့္ခ်က္အသစ္ ျပန္လည္ရ႐ွိလာခဲ့သည္။ “မိန္းကေလးအမ်ားစုက ႀကီးက်ယ္ခမ္းနားတဲ့ မဂၤလာပြဲက်င္းပဖို႔ စိတ္ကူးယဥ္တတ္ၾကတယ္။ အိုး စကားမစပ္ ဟန္းနီးမြန္းထြက္တာက ၾကင္စဦးဇနီးေမာင္ႏွံေတြအတြက္ ေတာ္ေတာ္ေရပန္းစားတယ္”
ခ်င္ဟြိဳက္က သေဘာထားခ်င္းတိုက္ဆိုင္ၿပီး တိုက္တြန္းလိုက္သည္။ "ဟုတ္တယ္ အစ္ကို။ ေနာက္ဆုံး ဆုံးျဖတ္ခ်က္ေတြ မခ်ခင္ အစ္ကို ဒီကိစၥကို မစၥဝူ နဲ႔ ေဆြးေႏြးၾကည့္ရင္ေကာ "
ခ်င္ေကာက မဂၤလာေဆာင္အတြက္ ဆက္မေျပာခ်င္ေတာ့ေပ။ အဲဒီအစား သူ႕အေမ အခုေလးတင္ေျပာလာတဲ့ ဟန္းနီးမြန္းအေၾကာင္းကို သူ႕စိတ္ထဲမွာ ေတြးေနမိသည္။ သူက ေတာင္ကုန္း၊ ေတာင္တန္းေတြအတြင္း သူ႕ရဲေဘာ္ရဲဘက္ေတြနဲ႔အတူ ေနခဲ့ရတာ ၾကာၿပီျဖစ္သည္။ ထိုအခ်ိန္တြင္ သူတို႔ ဒီအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးခဲ့ၾကသည္။
အဲဒီတုန္းက သူတို႔ ဘာေျပာခဲ့လဲဆိုေတာ့။ သူတို႔ရဲ႕အနာဂတ္၊ သူတို႔ရဲ႕မဂၤလာေဆာင္နဲ႔ သူတို႔ရဲ႕အျခားအေၾကာင္းေတြ ေျပာေနခဲ့ၾကတာ။ လူတိုင္းမွာ အံ့ၾသစရာေကာင္းတဲ့ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ အိပ္မက္ေတြ ႐ွိပုံရေပမယ့္၊ သူကေတာ့ ဒီအဆင့္ကို ေရာက္ေအာင္ လုပ္ႏိုင္တဲ့သူ တစ္ဦးတည္းပဲ။
မစၥစ္ ခ်င္က သူ႕သားႀကီး ဘာေတြေတြးေနျပန္ၿပီ ဆိုတာ မေျပာႏိုင္ခဲ့ေပ။ သူ႕မ်က္ႏွာမွာ ညိႇဳးငယ္ေနတဲ့ အၾကည့္ေတြ ႐ွိေနသည္။ သူမ မကူညီႏိုင္ဘဲ သူ႕နာမည္ကို ျဖည္းညႇင္းစြာ ေခၚလိုက္သည္။ "ခ်င္ေကာ "
ခ်င္ေကာက ႐ုတ္တရက္ သတိျပန္လည္လာၿပီး သူ႕မိခင္ ဘယ္ေလာက္ စိုးရိမ္ေနလဲဆိုတာ ျမင္လိုက္ရသည္။ သူ႕အေဖနဲ႔ ညီငယ္တို႔ရဲ႕ မ်က္ႏွာေတြမွာ စိုးရိမ္တဲ့အမူအရာေတြကို ျမင္လိုက္ၿပီး အားအင္မ႐ွိေတာ့သလို ခံစားလိုက္ရသည္။ အဲ့တာ ျဖစ္လာျပန္ၿပီ။ သူ႕စိတ္ေတြ လႈပ္႐ွားလာတိုင္း သူ႕မိသားစုထဲက အားလုံးက သူတို႔ ေရခဲလႊာေလးေပၚမွာ လမ္းေလွ်ာက္ေနသလို သူ႕ကို ဆက္ဆံၾကတယ္။ တစ္ခ်က္ထိလိုက္႐ုံနဲ႔ ကြဲသြားမယ့္ ႏုနယ္တဲ့ ပန္းအိုးႀကီးလိုပဲ။
ဒါေပမယ့္ ဒီနည္းနဲ႔သူတို႔ မ်ားမ်ားလုပ္ေလ သူ ေနမထိထိုင္မသာ ခံစားရေလေလ သူ႕ကို သူတို႔ ပိုစိုးရိမ္ေလေလပဲ။ ဒါဟာ ႐ိုး႐ွင္းၿပီး ဆိုး႐ြားတဲ့ သံသရာတစ္ခုပင္။
"ဒီကိစၥကို မနက္ျဖန္ ဝူထုန္နဲ႔ ေဆြးေႏြးလိုက္မယ္" ခ်င္ေကာက ေျပာလိုက္သည္။
"ဟမ္?" မစၥစ္ ခ်င္က နားၾကားမွားတယ္ ထင္သြားခဲ့သည္။
"ကြၽန္ေတာ္ သူမနဲ႔စကားသြားေျပာတာက မသင့္ေတာ္ဘူးလား " ခ်င္ေကာက ေမးလိုက္သည္။
“မဟုတ္ဘူး၊ လုံးဝမဟုတ္ဘူး။ သူမနဲ႔ စကား သြားေျပာလိုက္။ စကားမ်ားမ်ားေျပာခဲ့။ မင္းဘာေျပာေျပာ အေမ နားေထာင္မယ္" မစၥစ္ ခ်င္က အလြန္ဝမ္းသာသြားသျဖင့္ ထြက္လာတဲ့ သူမစကားသံေတြ အားလုံးက တုန္ယင္ေနခဲ့သည္။
ခ်င္ေကာက ထမင္း ဆက္စားဖို႔ ေခါင္းမငုံ႔မွီ ကူကယ္ရာမဲ့စြာ ေခါင္းယမ္းလိုက္သည္။ ညစာစားပြဲမွာ တျခားသုံးေယာက္က စိတ္လႈပ္႐ွားစြာ အၾကည့္ခ်င္းဖလွယ္ေနတာကို သူ သတိမထားမိသလို ဟန္ေဆာင္ေနခဲ့သည္။
ဝူထုန္ ေဆး႐ုံက ထြက္လာခ်ိန္ ခ်င္ေကာဆီမွ မက္ေဆ့ခ်္ တစ္ေစာင္ လက္ခံရ႐ွိခဲ့သည္။
(မနက္ျဖန္ မနက္ ၁၀ နာရီမွာ ေတြ႕ရေအာင္။ ဘယ္ေနရာမွာ ေတြ႕မလဲဆိုတာ မင္း ဆုံးျဖတ္လိုက္)
ဝူထုန္ ေခါင္းလွည့္း ၾကည့္လိုက္ရာ ေဆး႐ုံနဲ႔ မေဝးတဲ့ေနရာက ေဈးဝယ္စင္တာကို ေတြ႕လိုက္ရသည္။
( ရိန္းဘိုး ပလာဇာ တတိယထပ္က ေကာ္ဖီဆိုင္မွာေတြ႕ၾကမယ္ )
ခ်င္ေကာဆီမွ အတည္ျပဳခ်က္ရ႐ွိၿပီးေနာက္ ဝူထုန္က သူမဖုန္းကို အိတ္ထဲ ျပန္ထည့္လိုက္သည္။ ထို႔ေနာက္ လွည့္ၿပီး အနီးနား႐ွိ ေျမေအာက္ရထားဘူတာဆီ လမ္းေလွ်ာက္သြားခဲ့သည္။
*ေနာက္တစ္ေန႔၌*
ဝူထုန္က သူမ ခင္ပြန္းေလာင္းနဲ႔ ေတြ႕ရမွာမလို႔ နည္းနည္းပါးပါး ၀တ္ဆင္ဖို႔ ဆုံးျဖတ္ခဲ့သည္။ သူမက ႐ိုး႐ွင္းတဲ့မိတ္ကပ္ပုံစံနဲ႔ ဆံပင္ပုံစံကို ငယ္႐ြယ္ႏုပ်ိဳေစသည့္ပုံေပၚေအာင္ တစ္ဝက္စည္းထားသည္။
နံနက္ ၉ နာရီ ၅၀ မွာ ဝူထုန္က ရိန္းဘိုး ပလာဇာ ပင္မဝင္ေပါက္ဆီ ေရာက္႐ွိသြားခဲ့သည္။ ဝင္ခါနီးမွာ တစ္စုံတစ္ေယာက္က လက္ဆြဲအိတ္ကို လုယူဖို႔ ႀကိဳးစားေနတယ္လို႔ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ စူးစူး႐ွ႐ွ ေအာ္ဟစ္သံကို ႐ုတ္တရက္ ၾကားလိုက္ရတယ္။
ဝူထုန္ မသိစိတ္က လွည့္၍ အသံလာရာကို ၾကည့္လိုက္သည္။ မလွမ္းမကမ္းမွ အမ်ိဳးသမီးတစ္ဦး၏ လက္ဆြဲအိတ္ကို ဆိုင္ကယ္နဲ႔အမ်ိဳးသားက လက္ထဲတြင္ကိုင္ထားၿပီး သူမဆီ လာေနတာကို ေတြ႕လိုက္ရသည္။ ဝူထုန္က အလယ္လမ္းေျမာင္ [1] ၏ ေနာက္တြင္ ရပ္ေနေသာ္လည္း သူမ မကူညီႏိုင္ဘဲ မသိစိတ္က ေနာက္ျပန္ဆုတ္မိခဲ့သည္။
[1] အစိမ္းေရာင္ဧရိယာကို "အလယ္လမ္းေျမာင္ " ဟုေခၚသည္။
သူခိုးက အခင္းအက်င္းကေန ေျပးထြက္သြားတာကို လူအမ်ားက ေစာင့္ၾကည့္ေနၾကခဲ့သည္။ ႐ုတ္တရက္ အနက္ေရာင္ အရိပ္တစ္ခုက အလယ္လမ္းေျမာင္ကို ျဖတ္ေက်ာ္ၿပီး ဆိုင္ကယ္ေ႐ွ႕ ၂ မီတာခန္႔အကြာမွာ ရပ္လိုက္တယ္။ ေနာက္ေတာ့သူက ေျခေထာက္ကို ေျမႇာက္ၿပီး ကန္လိုက္သည္။
ထိုလူရဲ႕ ေျခေထာက္က ဆိုင္ကယ္ကို ထိသြားခဲ့သည္။ သူခိုးႏွင့္အတူ ဆိုင္ကယ္က ေျမျပင္ေပၚ လဲက်ကာလွိမ့္သြားၿပီး က်ယ္ေလာင္ေသာ အသံတစ္ခု ထြက္ေပၚလာခဲ့သည္။ ထိုလူက နာက်င္စြာေအာ္ဟစ္ေနေသာ သူခိုးကို နင္းလိုက္ၿပီး ေဆာင့္ေၾကာင့္ ထိုင္ခ်လိုက္ကာ သူခိုးရဲ႕ ဆိုင္ကယ္ဦးထုပ္ကို ဆြဲခြၽတ္ပစ္လိုက္သည္။ “ဒီရက္ပိုင္း မင္းလိုလူေတြက ေျပးရတာကို ႀကိဳက္ၾကတာပဲ။တစ္ေယာက္ေယာက္ကို ႐ိုက္ႏွက္တာက အိတ္ေတြကို လုတာထက္ ပိုၿပီး စိတ္လႈပ္႐ွားစရာေကာင္းတယ္” ထိုလူက ႐ႈတ္ခ်ေျပာဆိုခဲ့သည္။
မၾကာခင္မွာပဲ အိတ္ခိုးခံလိုက္ရတဲ့ အမ်ိဳးသမီးက ေနာက္ဆုံးေတာ့ သူတို႔ကိုမွီသြားခဲ့သည္။ သူမက အိတ္ကို ေကာက္ကိုင္ၿပီးေနာက္မွာ ထို အမ်ိဳးသားကို ေက်းဇူးတင္ေၾကာင္း ထပ္ခါတလဲလဲ ေျပာခဲ့သည္။ ပလာဇာက လုံျခဳံေရးအေစာင့္ေတြက အျမန္ေျပးလာၿပီး သူခိုးကို ခ်ဳပ္ထားလိုက္တာကိုျမင္ေတာ့ အဲဒီလူက သူ႕ပတ္ဝန္းက်င္မွာ ထြက္ေပၚလာတဲ့ လက္ခုပ္သံေတြကို လ်စ္လ်ဴ႐ႈၿပီး လွည့္လိုက္သည္။ ေ႐ွာ့ပင္းေမာလ္ထဲ ဝင္ဖို႔ စီစဥ္ေနခ်ိန္ ဝူထုန္က လူအုပ္ၾကားထဲ ရပ္ေနတာကို ေတြ႕လိုက္ရသည္။
ဝူထုန္က သူ႕ကို ျပဳံးမျပခင္ မ်က္ေတာင္ခတ္လိုက္တယ္။
ေ႐ွာ့ပင္းေမာလ္က လုပ္ငန္းစဖြင့္ကတည္းက ေကာ္ဖီဆိုင္ထဲမွာ လူနည္းတယ္။ ဝူထုန္နဲ႔ ခ်င္ေကာတို႔က ထိုင္ဖို႔အတြက္ အေတာ္ေလး တိတ္ဆိတ္တဲ့ေနရာကို ေ႐ြးခ်ယ္ခဲ့ၾကသည္။ ေကာ္ဖီတစ္ခြက္နဲ႔ ေရတစ္ခြက္ ယူလာေပးမယ့္ စားပြဲထိုးကို ေစာင့္ၿပီးေနာက္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ အဆင္မေျပျဖစ္သြားၾကသည္။
"အခု ငါ မင္းကို ေၾကာက္ေအာင္လုပ္မိလိုက္ၿပီလား ” ခ်က္ေကာ ေမးလိုက္သည္။
"ဟမ္?" ဝူထုန္က ေကာ္ဖီခြက္ကို ဆုပ္ကိုင္လိုက္ၿပီး ျပန္မေျဖခင္ တစ္ငုံေသာက္လိုက္သည္။ “ကြၽန္မကို ေၾကာက္ေအာင္မလုပ္မိပါဘူး။ ႐ွင္က ဘယ္ေလာက္ေတာင္မွ အရည္အခ်င္း႐ွိလဲဆိုၿပီး ကြၽန္မ အံ့ဩသြားတာပါ”
ခ်င္ေကာ စိတ္႐ႈပ္သြားသည္။ "ငါ အထူးတပ္ဖြဲ႕မွာ တစ္ခ်ိန္က ႐ွိခဲ့ဖူးတယ္လို႔ ေဒါက္တာလီ မင္းကို မေျပာခဲ့ဘူးလား"
"သူေျပာပါတယ္၊ ဒါေပမယ့္ ကိုယ့္မ်က္စိနဲ႔ ျမင္ရတာက တျခားသူဆီက ၾကားတာနဲ႔ မတူဘူး " ဝူထုန္က ခ်င္ေကာ ေရတစ္ခြက္ မွာထားတာကို သတိျပဳမိၿပီး သူမက ေပါ့ေပါ့ပါးပါး စကားစျမည္ေျပာဖို႔ ဆုံးျဖတ္လိုက္သည္။ "ေကာ္ဖီေသာက္ရတာ မႀကိဳက္လို႔လား"
ခ်င္ေကာက သူ႕လက္ထဲက ေရခြက္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ဝူထုန္ ကို ျပဳံးျပလိုက္သည္။ "မႀကိဳက္တာေတာ့ မဟုတ္ဘူး၊ မေသာက္သင့္လို႔။ ၿပီးေတာ့ ငါေတာ္ေတာ္ေလး စိတ္တိုလြယ္ၿပီး ကဖိန္းဓာတ္က အရမ္းကိုတက္ႂကြေအာင္လုပ္ေဆာ္ေပးတတ္လို႔"
“…” ဒီလူက သူ႕မွာ စိတ္ေရာဂါ႐ွိေနတယ္ဆိုတဲ့အခ်က္ကို ဘာလို႔ အဆက္မျပတ္သတိေပးေနတာလဲ။
ခ်င္ေကာ ေရတစ္ငုံေသာက္ရင္း စိတ္ေကာင္းဝင္ေနခဲ့သည္။ "ဒါေပမယ့္ စိတ္မပူပါနဲ႔၊ ငါ အဲဒီ့အေငြ႕ကို ျပန္လႊတ္လိုက္ၿပီး အခုေတာ္ေတာ္ေလး ေနလို႔ေကာင္းေနၿပီ။ ဒါေၾကာင့္ မင္းကို ရန္လိုမုန္းတီးေနမွာမဟုတ္ဘူး"
“…” ဝူထုန္ အနည္းငယ္ စိတ္မၿငိမ္မသက္ ခံစားလိုက္ရသည္။ သူမ ေခါင္းေမာ့ၿပီး ေမးခဲ့သည္။ “႐ွင္ ကြၽန္မကို.... ေၾကာက္ေအာင္လုပ္ဖို႔ ႀကိဳးစားေနတာလား”
"ငါက မင္းကို ေၾကာက္ေအာင္လုပ္မိလို႔လား " ခ်င္ေကာ ဘာမွ မျငင္းဘဲ တုံ႔ျပန္လိုက္သည္။ သူ ေဒါသတႀကီးျဖင့္ ရယ္လိုက္႐ုံသာ။ [2]
[2] "ေကာင္းေလာက္ေအာင္ ႐ိုက္ပုတ္ျခင္း" ကဲ့သို႔ ေဒါသထြက္ျခင္း lul (သူမက သူ႕ကို ႐ိုက္ပုတ္ခ်င္ေနတာ မဟုတ္ပါဘူး)
#5.4.2023