" Matthewတို့ဘက်က ဒီညလဲမင်းကိုစိန်ခေါ်ထားသေးတယ် "
" ဝန်ကြီးချုပ်သားကတကယ်အမှတ်မရှိတာဘဲ "
" ငါ့အထင်တော့ မနေ့ညကရှုံးထားတာကိုအစာမကြေဖြစ်နေပုံဘဲ "
" တကယ့်ကောင်တွေကွာ ပထမဆုံးလဲမဟုတ်တော့ဘဲနဲ့ "
" ဘယ်လိုလဲ ညကြပြိုင်ပွဲကိုမင်းသွားမှာလား "
" သူတို့ဘက်ကစိန်ခေါ်ထားမှတော့သွားပေးရမှာပေါ့ "
အနီနဲ့အနက်စပ်ထားသောleather jacketကိုဝတ်ကာ helmetကို လက်တစ်ဖက်ဖြင့်ကိုင်လျက် လျှောက်လာသော Steveကို Matthewက မကျေနပ်သလိုကြည့်နေသည် ၊ တကယ်အမှတ်မရှိတဲ့ကောင်တွေက Steveကိုတစ်ခါမှမနိုင်ပေမဲ့ ခဏခဏတော့စိန်ခေါ်တတ်သေးတာ...
" အဆင်ပြေရဲ့လား Matthew... ပြေမှာပါ မင်းငါ့ကိုရှုံးတာပထမဆုံးမှ မဟုတ်တော့တာ "
Steveရဲ့လှောင်သလိုရယ်သံမှာ Matthewက ရှူးရှူးရှားရှားဒေါသထွက်ပြသည် ၊ Steve လိုချင်တာဒါမျိုးလေ
" မင်းစိတ်တိုနေတာခွေးပေါက်လေးနဲ့တူတယ် "
" မင်း.. "
" မင်းကတိမင်းတည်ပါစေနော် "
" မင်းလိုချင်တာပြော ခဏနေရင်ငါ့လူတွေကိုပို့ခိုင်းလိုက်မယ် "
" Amara "
" ဘာ "
" မင်းညီမ Amara လေ မင်းညီမကငါ့အောက်မှာအော်ငြီးနေတာမျိုးလိုချင်... "
" ခွေးစကားမပြောနဲ့ ဟေ့ကောင် "
ခွေးပေါက်လေးရဲ့မာန်ဖီချင်နေတဲ့စိတ်ကိုသက်သက်ဆွပေးလိုက်တော့ သူ့နှုတ်ခမ်းထောင့်ကိုရောက်လာတဲ့လက်သီးတစ်ချက်...ဆက်ထိုးရန်ပြင်နေတဲ့လက်တွေကိုSteveက လက်တစ်ဖက်တည်းဖြင့် ဖမ်းချုပ်လိုက်သည် ၊ ခေါင်းဆောင်ကထကိုက်တော့ နောက်လိုက်ခွေးသုံးကောင်ကပါ Kai ကိုဝိုင်းဟောင်တော့တာ ၊ ဝန်ကြီးချုပ်သားဆိုတဲ့အရှိန်အဝါကြောင့် Matthewဘေးမှာ သူရဲဘောကြောင်တဲ့ခွေးလေးတွေအမြဲတမ်းရှိနေတတ်တာကအဆန်းတော့မဟုတ်..
နှုတ်ခမ်းထောင့်ကပေါက်သွားတာကြောင့်သွေးအနည်းငယ်ထွက်လာတဲ့နေရာကိုလက်နဲ့ပွတ်ဆွဲလိုက်ပြီး Matthewရဲ့ မျက်လုံးတွေထဲကိုကြည့်ကာစကားတစ်ခွန်းကိုဆိုသည်
" ဒါဆိုလဲ မင်းဆိုရင်ရော ငါကယောက်ျားလေးတွေကိုစိတ်မဝင်စားပေမဲ့ ငါ့အောက်မှာငိုနေမဲ့မင်းကိုတော့အရသာခံကြည့်ချင်သား "
မေးဖျားကိုလက်နဲ့တို့ကာ အကြည့်တို့က Matthewရဲ့ ခန္ဓာကိုယ်ပေါ်သို့စုန်ချီဆန်ချီ ၊ တကယ်တော့ ဒီကောင့်ကို Steve နည်းနည်းမှစိတ်မဝင်စား ၊ ဒီတိုင်း Matthew ကသူနဲ့ယှဥ်ရင်သိသိသာသာအားနည်းနေတဲ့ ခန္ဓာကိုယ်ကြောင့် တမင်ပြောလိုက်တာ...ပြီးတော့ ဒီကောင်က gayတွေကိုပထွေးမုန်း မုန်းနေတာကြောင့်ရော ၊ ထို့နောက် ဖမ်းချုပ်ထားတဲ့လက်တွေကိုလွှတ်ပေးကာ
" မင်းခွေးတွေကို သွားကူလိုက်အုံး Kai လက်ချက်နဲ့အကုန်အသက်ပျောက်ကုန်တော့မယ် "
နောက်တစ်ခါကျလာတော့မဲ့လက်သီးကိုဖမ်းဆုပ်ကာ ပါးရိုးကိုတစ်ချက်ထိုးရုံနဲ့ လဲကျသွားသည် ၊ ကိုယ်ပေါ်မှခွကာ လေးငါးချက်လောက်အဆက်မပြတ်ထိုးလိုက်ပြီး ခြေထောက်ဖြင့်ကန်ကာနှုတ်ဆက်ခဲ့သည် ၊ ပျင်းလွန်းလို့လှုပ်တောင်မလှုပ်ချင်ပါဘူးဆို ဒီကောင်ကအလိုက်မသိပြန်ဘူး ၊ Matthewကိုတိုက်ခိုက်ဖို့ Steveအတွက်ချွေးတစ်စက်တောင်မထွက်...Kaiတို့ဘက်ကိုတစ်ချက်လှည့်ကြည့်ကာ ဝင်မကူတော့ဘဲ နားကြပ်တပ်လျက် ကားပေါ်ကနေသာ စောင့်နေလိုက်သည်...Matthew ရဲ့နောက်လိုက်ခွေးပေါက်လေးတွေလောက်ကိုတော့ Kaiတစ်ယောက်တည်းရှင်းနိုင်လိမ့်မယ်
ကားထဲကိုဝင်လာတဲ့ Kai ကလေပင်ချွန်နေသေးသည် ၊
ထို့နောက် ကားမှန်ကိုကြည့်ကာ လေချွန်လျက်ပင်ပုံပျက်သွားတဲ့ ဆံပင်ကိုသပ်တင်သည်
" မင်းပြောတာမှန်တယ် Steve "
" ဘာကိုလဲ "
" Matthew က တကယ်အမှတ်မရှိဘူး..ဒါနဲ့ မင်းကဘာလို့သူထိုးတာခံလိုက်ရတာလဲ "
" မဆိုင်တဲ့သူ့ညီမကိုစကားနဲ့စော်ကားလိုက်တာဆိုတော့ ဒီလောက်တော့ပြန်ခံသင့်တယ်ထင်လို့ "
Steve အကြောင်းကို Kai ကနောကြေနေပြီ ၊ သူဒီကိုစရောက်ကတည်းကပေါင်းဖြစ်တဲ့သူငယ်ချင်းက Steve ဘဲ၊ Steve က အရမ်းဆိုးကာ မိန်းကလေးတွေနဲ့ပွေရှုပ်တတ်ပေမဲ့ ဘယ်သူ့ကိုမှတော့အိပ်ရာပေါ်တင်တာမတွေ့ဖူး ၊ ဒါပေမဲ့ ဒီကောင်ကရန်ဖြစ်သည်..ရန်ပွဲတိုင်းမှာ Steveနဲ့Kaiက အမြဲတမ်းထိပ်ဆုံးကပင် ၊ အိမ်က သူ့ကိုထိန်းမနိုင်တာကြောင့် ကျောင်းတက်ဖို့ဒီကိုလွှတ်လိုက်ပေမဲ့ ကိုရီးယားကလူတွေထပ်ဆိုးတဲ့ကောင်နဲ့ပေါင်းမိကာ အိမ်ကလူတွေရဲ့မျက်နှာကိုအိုးမဲဆက်သုတ်သည်
" ဒီည ငါ့တိုက်ခန်းကိုသွားကြမလား..ခုဆို မင်းအဖေလဲဒီအကြောင်းကိုသိနေလောက်ပြီမလို့ နားငြီးအောင်ပြောခံရမှာကသေချာနေပြီ "
" မင်းတိုက်ခန်းကိုဘဲသွားကြတာပေါ့ "
ငယ်ငယ်ကတည်းကအလိုလိုက်ခဲ့တာမလို့ Steveကအရမ်းဆိုးပေမဲ့လူရမ်းကားတော့မဟုတ် ၊ အဖွားက ကိုရီးယားလူမျိုးဖြစ်ပြီး သူမမွေးခင်မှာပင်ဆုံးပါးသွားခဲ့သည် ၊ သူ့ရုပ်မှာ အဖေ အမေနဲ့မတူဘဲအဖွားနဲ့တူပြီး ကိုရီးယားရုပ်ပေါက်တာကြောင့် အဖွားဝင်စားတယ်ဟုဆိုကာ မွေးကတည်းကပင်အဖိုးရဲ့သဲသဲလှုပ်လေးလဲ ဖြစ်နေသည်
" ဒီတစ်ခါကျောင်းပိတ်ရက်မှာတော့ ငါအိမ်ကိုပြန်ရမယ် "
Kai က ကိုရီးယား-အမေရိကန် ကပြားလူမျိုးဖြစ်ပြီး မိသားစုကတော့ ကိုရီးယားမှာဘဲနေသည် ၊ အရင်ကတော့ပိတ်ရက်တိုင်းအိမ်ကိုပြန်ဖြစ်ပေမဲ့ ခုဆို သူအိမ်မပြန်ဖြစ်တာ ၂နှစ်ပင်ရှိတော့မည် ၊
" ငါ့ကိုထားခဲ့မယ်ပေါ့ "
" ဖုန်းပြောတိုင်းအမေကပြန်လာဖို့ကိုပြောနေတာ "
" အတူတူနေတာလဲမဟုတ်ဘဲနဲ့ "
" ငါနဲ့ကိုရီးယားကိုလိုက်ခဲ့မလား "
" မလိုက်ချင်ပါဘူး..ဒီက ဆံပင်ရွှေရောင်နဲ့ ရင်သားကြီးကြီး တင်ပါးကြီးကြီးမိန်းကလေးတွေကို မခွဲနိုင်ဘူး "
" ဒါဆိုမင်းကငါ့ကိုကြခွဲနိုင်တဲ့သဘောပေါ့ Steve "
" မင်းမှာသူတို့လိုမျက်စိအရသာခံစရာလေးမှမရှိတာ "
" မင်းဘာလို့သူတို့နဲ့မအိပ်တာလဲ "
" ဟေး..ငါ့ရဲ့အဖိုးတန်လေးကိုလူတကာထဲထည့်စရာလား "
ဘီလူးသံပုရာသီးကိုက်ထားတဲ့မျက်နှာနဲ့ Kai ကဘူးထဲကလက်ကျန်ဘီယာကိုမော့သောက်ကာ ကိုရီးယားကိုလိုက်ခဲ့ဖို့မဲဆွယ်ပြန်သည် ... Steve ငြင်းရလွန်းလို့ရီဝေဝေလေးတွေပျောက်ကာ အာတွေပင်ခြောက်လာသည်
" Steve မင်းကငါ့ကိုချစ်ဘူး Steve Choi က ငါ့ကိုမချစ်ဘူး Choi Soobin က ငါ့ကိုမချစ်ဘူး "
မူးမူးရူးရူးနဲ့ အဖိုးပေးထားတဲ့ကိုရီးယားနာမည်တွေပါခေါ်လာသည် ၊ သူ့ရဲ့ကိုရီးယားနာမည်ကို အိမ်ကလူတွေနဲ့ Kai သာသိပြီး ဘယ်သူမှမသိကြသလို Steveက ကိုရီယားနာမည်ကိုတခြားသူခေါ်မှာမကြိုက်...မကြိုက်မှန်းသိတာမလို့ Kai တို့ကလဲပိုလုပ်ပြသည်
" Kai Kamal Huening!!!! "
တစ်ချက်ဟောက်လိုက်တော့ငြိမ်သွားပေမဲ့ ခဏအကြာမှာအသံကျယ်ကြီးဖြင့်ထအော်သည်...အသံလုံအခန်းတွေမလို့သာတော်ရာကြသည် ၊ မဟုတ်ရင် Kai Kamal Huening တို့ကပတ်ဝန်းကျင်ဆူညံစေမှုဖြင့်ထောင်ထဲကထွက်ရမှာမဟုတ်တော့
" ကြားလား ကြားလား နာမည်အပြည့်အစုံတွေခေါ်နေတယ် "
" မူးရင်အိပ်စမ်း Kai..မင်းကြောင့် ငါ့မှာမူးတာတွေပါပျောက်ကုန်ပြီ "
" ငါနဲ့အတူတူကိုရီးယားကိုမလိုက်ရင်မအိပ်ဘူး "
မှေးစင်းနေတဲ့မျက်လုံးတွေကို လက်ညှိုးနဲ့လက်မသုံးပြီး ဆွဲဖြဲကာ ရစ်နေသည်
" အိပ်ချင်အိပ် မအိပ်ချင်နေ ငါကတော့မလိုက်နိုင်ဘူး "
Kai က မူးမူးရူးရူးဖြင့် အိတ်ကပ်ထဲကဖုန်းကိုနှိုက်ကာ နံပါတ်တစ်ခုကိုခေါ်နေသည် ၊ ဘာတွေမွှေအုံးမလဲမသိပေမဲ့ Steve ကတော့ ကြည့်နေရုံသာ..
' Hello..Lilly '
" Jung Kai "
Steve က သူ့ရဲ့ကိုရီးယားနာမည်ကိုအော်ဟစ်ကာ လက်ထဲကဖုန်းကိုဆွဲလုပြီး Kai နဲ့ဝေးတဲ့နေရာမှာသွားထားသည်
" Lilly ကိုပြောရင်မင်းကိုသတ်ပစ်မယ် "
" ငါ့အသက်ကိုစတေးဖို့အသင့်ဘဲ "
Kai ကမူးရင်တော်တော်ရစ်တာ ၊ သူလိုချင်တာမရမချင်းကို ဘေးကနေထိုင်ရစ်သည် ၊ စိတ်ရှုပ်စွာဆံပင်တွေကိုလက်ချောင်းသွယ်သွယ်တွေဖြင့်ထိုးဖွလိုက်ပြီး အကြောင်းပြချက်ပေးရန် ဦးနှောက်ကိုမြန်မြန်အလုပ်ပေးတော့..
" လိုက်မယ် မင်းနဲ့လိုက်မယ်..ဒါပေမဲ့အဖိုးဆီမှာတော့ခွင့်တောင်းရမယ် သူသဘောမတူရင်တော့ ငါလဲမတတ်နိုင်ဘူး "
အမြဲတမ်းကိုယ်လုပ်ချင်တာဆိုဘယ်သူ့စကားမှနားမထောင်ဘဲလုပ်တဲ့သူက ခုမှအဖိုးဆီကခွင့်တောင်းမယ်ဆိုတာကြောင့် Kai ကအလိုမကျသလိုမျက်မှောင်တွေကြုံ့ကာ သူ့ကိုစိုက်ကြည့်သည် ၊ ထို့နောက် တဖြည်းဖြည်းမှေးစင်းကာ ဆိုဖာကိုမှီလျက် ချက်ချင်းကြီးအိပ်ပျော်သွားသည် ၊ လိုက်မယ်ပြောတာနဲ့တကယ်ကြီးတန်းအိပ်သွားတာကြောင့် အသံထွက်သည်အထိရယ်မောကာ အိပ်နေတဲ့သူအား ခြေထောက်ဖြင့်တစ်ချက်ကန်လိုက်ပြီး အမူးသမားရဲ့အခန်းထဲကိုသူကဘဲဝင်အိပ်လိုက်တော့သည်
ခါးပေါ်က လေးလံနေတဲ့အရာကြောင့် မျက်စိကိုမနည်းအားယူကာဖွင့်ကြည့်မိမှ အမူးသမားက သူ့ခါးပေါ်မှာကန့်လန့်ကြီးလာအိပ်နေတာ
" ဟေး Kai ထစမ်း..ဟေ့ကောင် ထစမ်းကွ "
" အင်း "
" မြန်မြန်ထစမ်းပါ..ငါ့ခါးတော့ကျိုးပြီးထင်ပါတယ် "
ကိုယ်တိုင်တွန်းထုတ်တော့ အိပ်ရာပေါ်မှာကားယားကြီးဆက်ရှိနေသည်
" ယောက်ျားတစ်ယောက်မှာ ခါးကောင်းဖို့ကအရေးအကြီးဆုံးပါဆို ဒီကောင်ကတော့..အ့.. "
ဘယ်ကတည်းကလာဖိအိပ်နေလဲမသိ သူ့ခါးမှာ တော်တော်ကိုနာနေပေမဲ့ ဟိုကောင်ကတော့ အေးအေးဆေးဆေးဆက်အိပ်နေနိုင်တုန်းဘဲ ၊ ကြည့်မရတာမလို့ အားထည့်ကာ ကန်ချလိုက်မှအသံနက်ကြီးနဲ့ထအော်တော့သည်
" ဘာလုပ်တာလဲ မင်း "
" ကန်ချလိုက်တာလေ "
" သူများကုတင်ပေါ်လဲတက်အိပ်သေးတယ် တော်တော်လူပါးဝတဲ့ကောင်ဘဲ "
" ငါကမင်းကုတင်ပေါ်ဘဲအိပ်တာ မင်းကမှငါ့ခါးပေါ်ထိတက်အိပ်နေတာကွ "
အိပ်ရာနိုးတာနေ့လည်မှဖြစ်တာကြောင့် အိမ်ကိုညနေမှKai နဲ့အတူတူပြန်လာခဲ့သည် ၊ မဟုတ်လဲ ထပ််ထွက်ကြမှာဘဲမလို့တစ်ခါတည်းခေါ်လာလိုက်တာ...အပေါ်တက်ရန်ပြင်နေတုန်း နောက်ကအော်လိုက်တဲ့အသံကြောင့် နှစ်ယောက်လုံးတုန်ခနဲ ၊
" ဟေ့ကောင်တွေ ဘယ်ချိန်ရှိနေပြီလဲ "
" ဟို..ဟို.. "
" ငါမေးနေတယ်လေ ဘယ်ချိန်ရှိနေပြီလဲလို့ "
" 4နာရီပါ ဦးလေး "
" ဘာ "
" ဟဲ..4 နာရီ 10မိနစ်ပါ "
" မင်းတို့နှစ်ယောက်လုံး ငါနဲ့လိုက်ခဲ့ "
Steve အဖေခေါ်ရာနောက်ကို နှစ်ယောက်သား တိတ်တိတ်လေးဖြင့်သာပါသွားရသည် ၊ သေချာကြည့်မိမှ ဧည့်ခန်းထဲမှာ လူစုံနေတာဘဲ ၊ မထိုင်ရဲတာမလို့ နှစ်ယောက်သား အဖိုးဘေးနားမှာသာ ကပ်ပြီးရပ်နေကြသည်
" ထိုင်လေ ဖင်မပါကြဘူးလား "
" ပါ..ပါပါတယ် "
" မင်းတို့ဘာလုပ်ထားလဲဆိုတာသိတယ်မလား "
" သိပါတယ် "
" ဝန်ကြီးချုပ်သားကိုထိုးလိုက်တာဘယ်လောက်ပြသာနာကြီးလဲ မစဥ်းစားမိကြဘူးလား..မင်းတို့ကြောင့် အဲ့ဝန်ကြီးချုပ်ကိုငါဘယ်လောက်တောင်းပန်လိုက်ရလဲသိလား "
" တကယ်ဆို Matthew က စပြီးထိုးခဲ့တာ အဖေ "
" မင်းတို့ဘယ်တော့မှရန်ဖြစ်တာကိုရပ်မှာလဲ "
နှစ်ယောက်လုံးမဖြေ ၊ သူတို့မှာဖြေစရာအဖြေမှမရှိဘဲ
" ဟို..ဒီတစ်ခေါက်ပိတ်ရက်ကြ ကျွန်တော်ကိုရီးယားကိုပြန်မှာပါ Steve ကိုပါတစ်ခါတည်းအတူတူထည့်လိုက်ပါလား..အဲ့တာဆို ဦးလေးတို့အတွက်အရှုပ်တစ်ခုရှင်းမယ်ထင်တယ် "
Kai စကားကြောင့် အဖေနဲ့အမေကိုကြည့်မိတော့ မျက်လုံးတွေထဲမှာ ကြယ်တွေအားလုံးရှိနေသလိုခံစားရသည်..တစ်လက်လက်တောက်နေလိုက်ကြတာများ ၊ နောက်ဆုံးမျှော်လင့်ချက်လေးဖြင့် အဖိုးကိုကြည့်ကာ မျက်နှာငယ်လေးလုပ်ပြီး Kai မသိအောင်ခေါင်းကိုဖြည်းဖြည်းချင်းရမ်းပြသည် ၊ အဖိုးကတော့သူ့ကိုသေချာပေါက်ထည့်မှာမဟုတ်...ဒီအိမ်မှာအာဏာအရှိဆုံးက အဖိုးဖြစ်တာမလို့ အဖိုးတစ်ခွန်းဆိုအားလုံးငြိမ်ပြီ
" ခေါ်သွား Kai..ဒီကောင့်ကိုငါလဲမနိုင်ဘူး "
" အဖိုး "
" လိုက်သွား Steve... ပြီးရင် မင်းအဖွားလို ကိုရီးယားမချောချောလေးကိုခေါ်ခဲ့ ၊ မပါရင်ပြန်မလာခဲ့နဲ့ "
မိသားစုတွေရဲ့ အနိုင်ကျင့်ရက်စက်မှုကြောင့်ရောက်လာတဲ့ကိုရီးယားမြေ ၊ မလိုက်ချင်ဘဲလိုက်လာခဲ့ရတာမလို့ ဘေးက Kai ကိုပါသိပ်မကြည်ချင်...
" မင်းမျက်နှာကြီးက ကျက်သရေမရှိလိုက်တာ "
" ငါက နစ်နာသူပါ ဘယ်နစ်နာသူကများပြုံးနေနိုင်လို့လဲ "
Kai က စိတ်လေသလိုနဲ့မျက်နှာကိုရှုံ့မဲ့ကာ ဖုန်းကိုသာဆက်ကြည့်နေသည် ၊ ဒီအရွယ်ကြီးရောက်နေတာတောင် ကိုယ့်ဘာသာမပြန်ဘဲ အကိုလာကြိုမှာကိုထိုင်စောင့်နေရသည်တဲ့..
" ငါ Toilet သွားအုံးမယ်..မင်းလိုက်အုံးမလား "
" တော်ပြီ "
တော်တော်ကြာတဲ့အထိပြန်ရောက်မလာတဲ့Kai ကြောင့် ထိုင်နေရာမှာထကာ အကြောဆန့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကိုအကဲခတ်လိုက်သည် ၊ သူထင်ထားတာထပ်တောင် ကိုရီးယားကောင်မလေးတွေကချောပေမဲ့ ဆံပင်ရွှေရောင်နဲ့ နိုင်ငံခြားမလေး Lilly ကိုတော့မမှီ ၊ ရုတ်ရက်နောက်ကိုလှည့်လိုက်တာနဲ့အတူ ပူကနဲဖြစ်သွားတဲ့ ရင်ဘတ်တစ်နေရာနဲ့အတူ ဝါကျင့်ကျင့်အရည်များ...ပထမဆုံးရက်မှာဘဲ Steve တို့ ကံဆိုးတော့တာဘဲ
" ဒီမှာ..လူတစ်ယောက်လုံးကိုမမြင်ရအောင်ခင်ဗျားမျက်လုံးကန်းနေလား "
အစကတည်းကမကြည်တဲ့စိတ်တွေကို ရှေ့ကလူအပေါ်သာပုံချလိုက်တော့သည်
တကယ်ဆို ပြေးလာမိတဲ့သူ့ဘက်ကမှားတာမလို့တောင်းပန်ရန်ပြင်လိုက်ပေမဲ့ ရှေ့ကလူရဲ့ရန်လိုတဲ့စကားကြောင့် တောင်းပန်ချင်စိတ်ဟာကြက်ပျောက်ငှက်ပျောက် ၊ သေချာမော့ကြည့်မိမှ ဖြူဖြူဝါဝါဆံပင်ကေနဲ့ကောင်က နားမှာလဲ နားကပ်တွေတပ်ထားတဲ့အပြင် လည်ပင်း၌လည်းတစ်ခုမကသောဆွဲကြိုးတွေ ၊ ရုပ်ရည်လေးကမဆိုးပေမဲ့ စိတ်ဓာတ်ကတော့အရိုင်းအစိုင်း..
" ခင်ဗျားက မျက်လုံးတင်မဟုတ်ဘဲနားပါကန်းနေတာလား "
ပေသွားတဲ့ အက်ျီကိုလက်ဖြင့်ခါလျက် ရှေ့ကမလောက်လေးမလောက်စားရဲ့တစ်ကိုယ်လုံးကို အထင်သေးတဲ့မျက်လုံးများဖြင့်ကြည့်လိုက်သည်
" ဒီကိစ္စကိုခင်ဗျားဘယ်လိုရှင်းမလဲ "
" လျော်ပေးမယ် "
အားမနေတဲ့အပြင် ဒီလိုကောင်နဲ့ပါ ဖက်ပြီးရန်မဖြစ်ချင်တာမလို့ ဇာတ်လမ်းကိုအဆုံးသတ်ချင်ပြီ
" ဒီအက်ျီကဘယ်လောက်တန်လဲသိရဲ့လား "
ခုနကတည်းကလူကိုအထင်သေးသလိုကြည့်နေပြီးခုတော့စကားနဲ့ပါထပ်စော်ကားသည်..
" ပြောစမ်းပါ မင်းရဲ့ဒီအက်ျီကဘယ်လောက်တောင်တန်လဲဆိုတာ "
ရင်ဘတ်ကိုလက်ညှိုးနဲ့ခပ်ဖွဖွထိုးကာ မျက်ခုံးတစ်ဖက်ကိုပင့်လျက် တစ်လုံးချင်းဆိုလာတဲ့သူ ၊ သေချာပေါက် ချဥ်စရာမျက်နှာဘေးပေမဲ့ ထိုလူ့လက်ညှိုးအောက်ကသူ့နှလုံးသားမှာဒိတ်ကနဲ ၊ ဒီချဥ်စရာမျက်နှာဘေးကိုသူကရင်ခုန်သွားတာတဲ့...လေပူတစ်ချက်မှုတ်ထုတ်ကာထိုလူမသိအောင်စိတ်ကိုထိန်းလိုက်သည်..ချဥ်စရာကောင်းလွန်းလို့ရင်ခုန်သွားတာနေမှာပေါ့
ထိုအချိန်သူ့နောက်ကကြားလိုက်ရတဲ့ငှက်ဆိုးထိုးသံနဲ့အတူ လှစ်ကနဲရောက်လာကာ သူ့ရှေ့ကလူကိုဆွဲဖက်လိုက်တဲ့ Kai...
" hyung ကို ကျွန်တော်လွမ်းနေတာ "
" မင်းအရမ်းထွားလာတာဘဲ "
" hyung လဲအများကြီးပိုချောလာတယ် "
ထိုနှစ်ယောက်ကြားမှာ Steveကတော့ကြောင်တောင်တောင်သာ ၊ အပြုအမူတွေအရ ဒီလူကသေချာပေါက် Kai ရဲ့အကိုတစ်ဝမ်းကွဲဆိုသူဘဲဖြစ်ရမည် ၊ ပြသာနာကခုမှစတာဘဲ..Kai ပြန်လာမယ်ပြောတော့ Kai အမေကသူတို့နဲ့လာနေဖို့ပြောသည်...ဒါကိုKaiက ဇွတ်ငြင်းနေတော့ သူ့အကိုဖြစ်သူရဲ့အိမ်မှာတော့နေရမည်ဟုဆိုပြန်သည် ၊ Steve မိဘတွေနဲ့ Kai မိဘတွေကရင်းနှီးတာမလို့ သူတို့ပြသာနာရှာခဲ့ပုံကိုလှမ်းပြောပြထားခြင်း ၊ ဒါ့ကြောင့်လဲ အပစ်ပေးတဲ့အနေနဲ့ Kai ကို တစ်ယောက်တည်းမနေခိုင်းတော့တာ
ဒါဆို Steveကလဲ နေဖို့တိုက်ခန်းရှာမတွေ့မချင်းထိုလူနဲ့အတူနေရအုံးမည်ပေါ့
" အာ..Steve ဒါကငါပြောတဲ့ငါ့အကိုတစ်ဝမ်းကွဲဆိုတာ hyung ဒါက ကျွန်တော်ဟိုမှာခင်ခဲ့တဲ့ ကျွန်တော့်သူငယ်ချင်း "
ချဥ်စရာမျက်နှာဘေးက သူ့ကိုတစ်ချက်သာကြည့်လာပြီး Kaiကိုနောက်ကလိုက်ခဲ့ဖို့ပြောကာ ထွက်သွားသည် ၊ Kai ကတော့သူတို့နှစ်ယောက်ကိုကြည့်ကာ အမေးအမြန်းထူချင်နေပုံ..နောက်မှသူ့အက်ျီကိုမြင်သွားပြီး
" မင်းရဲ့အက်ျီကဘယ်လိုဖြစ်တာလဲ "
" ချဥ်စရာမျက်နှာဘေးနဲ့လူတစ်ယောက်တိုက်သွားတာ "
" ဘယ်သူလဲ..မင်းသူ့ကိုဘာမှမလုပ်ဘဲဒီတိုင်းလွှတ်ပေးလိုက်တာလား "
" ငါကဘာလုပ်ရမှာလဲ "
" တစ်ချက်လောက်ဖြစ်ဖြစ်တော့ဆွဲထိုးရမှာပေါ့ကွ ငါမရှိလို့ ငါရှိသာရှိနေရင်အဲ့ကောင်မျက်နှာတော့စုတ်ပြတ်နေပြီဘဲ "
" ဒါဆိုလဲ ကားပေါ်ရောက်ရင်ထိုး မင်းပြောသလိုစုတ်ပြတ်နေအောင်ထိုးလိုက် "
" ဟင် "
" မင်းအကို..ငါ့ကိုဝင်တိုက်သွားတာ မင်းအကိုဘဲ "
" အာ..hy.hyung လား "
Kai Kamal Huening ရဲ့ဘဝမှာ မိဘတွေကိုတောင်မကြောက်ရပေမဲ့ တစ်ယောက်တည်းရှိတဲ့အကိုတစ်ဝမ်းကွဲကိုတော့လေသံတောင်မာမာမပြောရဲပါ..စုတ်ပြတ်နေအောင်ထိုးဖို့ဆိုတာတော့စိတ်ကူးတောင်မယဥ်ရဲ...ဘာမှဆက်မပြောတော့ဘဲ ရှေ့ကနေသာ ကားဆီကိုဦးတည်သွားလိုက်သည်
တိတ်ဆိတ်နေတဲ့ကားပေါ်ကအခြေအနေဟာ Kaiကိုနေရခက်စေသည် ၊ hyung နဲ့ Steve ကိုကြည့်တော့လဲ မျက်နှာထားတွေကတင်းမာနေတဲ့အခြေအနေ... ဒီပုံစံနဲ့ နှစ်ယောက်အတူတူတစ်အိမ်ထဲမှာဘယ်လိုနေကြမှာပါလိမ့်..သွားပါများခရီးရောက်ဆိုသလို တွေးပါများတော့အကြံထွက်လာသည်
" Steve မင်းတိုက်ခန်းရှာလို့မရသေးခင် ငါ့တိုက်ခန်းမှာသွားနေပါ့လား "
" မရဘူး "
ထွက်လာတဲ့အသံက Steve ဆီကမဟုတ်ဘဲ hyungဆီကအသံ
" မင်းတို့နှစ်ယောက်လုံးကို ငါ့ဆီမှာအပ်ထားတယ် ဟိုဆံဖြူကောင်လဲ အခန်းမရမချင်းငါ့ဆီမှာနေရမယ် "
" ခင်ဗျား ကျုပ်ကိုဘယ်လိုခေါ်လိုက်တယ် "
" ဆံဖြူကောင်လေ.. မင်းဆံပင်တွေကအဖြူရောင်မဟုတ်ဘူးလား "
" ခင်ဗျားက တကယ်ကြီးကန်းနေတာဘဲ blonde နဲ့အဖြူကိုမခွဲတတ်ဘူးလား colour blind လား "
" ငါမင်းထပ်ကြီးတယ် "
" ဘာကြီးတာလဲ မလောက်လေးမလောက်စားလေးကများ "
" မင်း.. "
" အာ..sorry sorry သေချာကြည့်မှ ခင်ဗျားကကျုပ်ထပ်အကြီးမှန်းသိသာပါတယ် မျက်နှာလေ တော်တော်အိုနေပြီဘဲ "
ချက်ချင်းကားကိုရပ်ကာ ကားရှေ့ခန်းကနေ အနောက်ခန်းမှာထိုင်နေတဲ့ Steve ကို အက်ျီကနေလှမ်းဆွဲတာများရှောင်ချိန်တောင်မရလိုက် ၊ ဒီမလောက်လေးမလောက်စားမှာဘယ်ကအားတွေရှိနေတာလဲ..ခါတိုင်းဆို Steve ကိုဒီလိုလာထိရင် စျာပနအတွက်စီစဥ်ထားရမှာဆိုပေမဲ့ မလောက်လေးမလောက်စားနဲ့မှသူ့မှာကုန်းကုန်းကြီး ၊
" hy..hyung ကျွန်တော်ကဘဲတောင်းပန်ပါတယ်နော်..Steve ကိုလွှတ်ပေးလိုက်ပါ "
" မင်းမျက်နှာကြောင့် Kai "
နီးကပ်သွားတဲ့အခြေအနေမှာ Steve ရင်ထဲကအကောင်ကမြည်လာပြန်သည် ၊ မဟုတ်မှ..သူ..သူကဒီမလောက်လေးမလောက်စားကို ကြောက်နေတာလား
သူ့ဘဝမှာလေ ဒီလိုမလောက်လေးမလောက်စားတစ်ယောက်ကိုများ ရင်တုန်အောင်အထိကြောက်ရတယ်လို့...
" What the F*ck "
အားမလိုအားမရမှုကြောင့် ထွက်သွားတဲ့ စကားနောက်မှာ ကားမှန်ကနေတစ်ဆင့်မျက်စောင်းထိုးခံလိုက်ရသည်...အဲ့မျက်စောင်းကိုပါ သူကြောက်သွားတာလား ရင်တုန်လာပြန်သည် ၊ မိဘတွေစကားကိုနားမထောင်ခဲ့တာကြောင့်သူ့ကိုနိုင်တဲ့သူပေါ်လာတာလား..ဒါမှမဟုတ် သူနဲ့ပြသာနာတက်ဖူးတဲ့ကောင်တွေကများ သူ့ကို အောက်လမ်းနဲ့ပြုစားထားကြတာလား အဲ့လိုဆို သူကအပမှီနေတာပေါ့...