"ဝလုံးလေး"

By YYHPCYBBH

5.8K 427 40

ဝလုံး ဝလုံး ဖိုးဝလုံး ချစ်စရာလေးဖိုးဝလုံး ချိုချိုပြုံးတဲ့ဝလုံးရယ် ထန်းရည်တစ်မြူပေးပါကွယ်~~ More

Dear~~
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆

အပိုင်း ၆

270 25 3
By YYHPCYBBH

"ဟာ...ကိုကြီးဝလုံး!!"

နှစ်ယောက်သားပြိုင်တူအော်ရင်း မြေကြီးပေါ်ဖင်ထိုင်ကျနေတဲ့ဝလုံးနားပြေးသွားသည်က အူယားဖားယား...

ဝလုံးမှာအသဲကွဲရတာ အေးဆေးမကွဲရ...လောကကြီးက ဝလုံးကိုကြည်ပုံမရ..ဒီလူနဲ့လည်းရေစက်ပါပုံရသည်...

မြှီးညောင့်ရိုးလေးအောင့်တာတောင်မပြေသေး.. ရုတ်တရက်သူကြီးအိမ်ကထွက်လာတဲ့ထိုလူစိမ်းကြောင့် လန့်သွားလို့နောက်ဆုတ်လိုက်ပေမဲ့ မမှီတော့...

ထိုလူ့ရင်ဘတ်ဆီဒုတ်ခနဲဝင်တိုက်ကာ မြေကြီးပေါ်ဖုတ်ခနဲဖင်ထိုင်ရက်လေးကျသွားတဲ့ဝလုံး...
နာတဲ့အရှိန်နဲ့ အသဲကွဲလာတဲ့အရှိန်ပါရောပြီး ဝလုံးအော်ငိုတော့သည်...

ညနေပိုင်းရွာကိုရောက်ကတည်းက သူကြီးနဲ့အတူရွာကရပ်မိရပ်ဖတွေနဲ့ စကားစမြည်ပြောနေတဲ့ငြိမ်ဦးက ခရီးပန်းလာတာကြောင့် နားရမဲ့နေရာကိုသွားဖို့ အိမ်ဝိုင်းတံခါးကအထွက်...

ရှုပ်ပွနေတဲ့ခေါင်းတစ်လုံးက ရုတ်တရက်သူ့ရင်ဘတ်ဆီတည့်တည့်ဝင်လာတာကြောင့် ရှောင်လိုက်ပေမဲ့မမှီတော့...

ခေါင်းကဒုတ်ခနဲဝင်တိုက်လို့ ရင်ဘတ်အောင့်သွားတဲ့အပြင် လက်ထဲမှာကိုင်လာတဲ့အသီးကြီးက ခြေမပေါ်ကျလာတာကြောင့် အီစိမ့်သွားရသော်လည်း....

တစ်ဖက်ကလူမှာ သူ့ကိုဝင်တိုက်ပြီး မြေကြီးပေါ်ဖုတ်ခနဲကျသွားတာကြောင့် ပြာပြာသလဲဒူးထောက်ထိုင်လိုက်ကာကြည့်မိတော့ ညနေကကောင်လေး..

ခေါင်းလေးငုံ့နေတာကြောင့် တော်တော်များနာသွားလို့လားဟု မေးမည်ပြုကာမှ ခေါင်းမော့ကာ ‌ဗြဲခနဲအော်ငိုလာတာကြောင့် လန့်သွားရသည်..

"ဟာ! ကလေး !ဖွ ဖွ! တအားနာသွားလို့လား.."

"ဗြဲ!! "

ချော့ကာမှ အော်ငိုလာတဲ့ကောင်လေးကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ..နောက်ကပါလာတဲ့ ကလေးနှစ်ယောက်ကလည်း ခြေဆင်းထိုင်ငိုနေတဲ့ကောင်လေးကိုကြည့်ပြီး ခေါင်းတကုတ်ကုတ်...

ဆိုလာမီးအလင်းရောင်အောက်က မျက်နှာဝိုင်းဝိုင်းလေးက မျက်ရည်တွေနဲ့ပေလူးနေပြီး ညနေကမှတွေ့ခဲ့တဲ့ သနပ်ခါးတွေလည်းမကျန်တော့...

ဆံပင်လိမ်လိမ်လေးတွေကလည်းဖွာလန်ကျဲနေပြီး အော်ငိုနေတာက ကလေးလေးအတိုင်း..သူတောင် ကလေးနဲ့မှားလိုက်သေးတာမလား...

ဗြဲခနဲငိုသံကြောင့် အပြင်ထွက်လာတဲ့ ရွာလူကြီးတွေကြောင့်အတူပါလာတဲ့ကလေးနှစ်ယောက်က ပြာပြာသလဲဆွဲထူသည်...

"ဝလုံးလေး ဘာဖြစ်သတုံး.."

"အွတ်! ဘာ အွတ် ဘာမှမဖြစ်ပါဘူး သူကြီးကတော် အွတ်!"

"ဟဲ့ သာကူစိ ရေသွားခပ်စမ်းပါဟဲ့.."

"ဟုတ် ဟုတ် သူကြီးကတော်.."

လူကြီးတွေအနားရောက်လာတာကြောင့် မငိုတော့ပေမဲ့ ရှိုက်သံလေးတွေတော့ကျန်နေတုန်း... ငိုရလွန်းပြီး ကျို့ထိုးနေတဲ့ကောင်လေးကို ရေခပ်တိုက်တော့လည်း တဂွပ်ဂွပ်နဲ့မော့ချလိုက်တာများ...

ငိုရလွန်းလို့ မောသွားရှာတာနေမှာ~~

အကြောင်းစုံရှင်းပြလိုက်တော့မှ သဘောပေါက်သွားကြတဲ့လူကြီးတွေက နှစ်ဦးနှစ်ဖက်စိတ်မကွက်စေဖို့ ဆုံးမပြီးအသီးသီး ပြန်သွားကြတော့ နေရာမှာကျန်နေခဲ့တာ သူတို့လေးယောက်တည်း...

လူကြီးတွေမိတ်ဆက်ပေးသွားတာကြောင့် ထိုကောင်လေးက သူ့ထက်၈နှစ်နီးပါးငယ်တဲ့ ထန်းရည်ဆိုင်ပိုင်ရှင်လေးဆိုတာသိလိုက်ရသည်...

"တော်တော်နာသွားလားကလေး အကိုနဲ့ဆေးခန်းသွားမလား.."

ရုတ်တရက်မျက်လုံးလှန်ကြည့်လာတဲ့ကောင်လေးကြောင့် သူ့စကားဘာမှားသွားလည်းစဉ်းစားရသည်..

မျက်ခုံးလေးတွေစုကျုံ့လို့ သူ့ကိုဘုကြည့်ကြည့်လာတဲ့ကောင်လေးက လျော့ရဲကျနေသည့်ပုဆိုးကို စလွယ်သိုင်းပစ်လိုက်ကာ အောက်ကျသွားသည့် သင်္ဘောသီးကိုလိုက်ကောက်ကာ ဘာစကားမှမဆိုဘဲ ထွက်သွားသည်...

ဘောက်ဆတ်ဆတ်နှင့်ထိုကောင်လေး လုပ်သမျှကိုလိုက်ကြည့်နေမိသည်က ငြိမ်ဦး...

"ခင်ဗျား..!"

ခပ်လှမ်းလှမ်းရောက်တဲ့ထိ လိုက်ကြည့်နေမိသည့်ငြိမ်ဦးက ရုတ်တရက်ပြန်လှည့်လာပြီး သူ့အနားရောက်လာတာကို ကြောင်ပြီးကြည့်နေမိသည်...

အနားရောက်လာမှ သိသိသာသာကွာဟသွားတဲ့အရပ်အမောင်းကြောင့် ဝလုံးမကျေမနပ်ဖြစ်ကာ နောက်နှစ်လှမ်းလောက်ပြန်ဆုတ်လိုက်ရင်းခါးထောက်လိုက်သည်..

နဖူးပေါ်ဖရိုဖရဲကျနေသည့် ဆံပင်လိမ်လိမ်တွေကိုလူမိုက်လိုလိုနဲ့သပ်တင်လိုက်ကာ ညနေကတည်းကပြောချင်နေသည့် စကားကိုပြောထည့်လိုက်ကာ အထာကျကျပုံစံနဲ့ လှည့်ထွက်ခဲ့လိုက်သည်...

ကြောင်အလို့ကျန်နေခဲ့သည့်ထိုလူက ဝလုံးကိုလန့်သွားမှာအသေချာ...

ခေါင်းကိုမော့လို့ ဝလုံးပြောခဲ့တဲ့စကားက

"ဝလုံး ကလေးမဟုတ်ဘူး..!"....။

။။။။။။။။။။။။။။
ဝလုံးလေးတို့update ကို StoryGlory website မှာလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါပီ~~

First >>>>> Browserမှ www.mmstoryglory.com ကိုရိုက်ရှာပေးပါ

Second >>>Gmail နဲ့ Register လုပ်ပီး accဖွင့်ပေးပါ~~

Third>>>>>Barမှာပေါ်နေတဲ့ ကိုယ့်acc ပရိုဖိုင်လေးကိုနှိပ်ပြီး **Point** ယူပေးပါ(များ"ယူထားလေ ပိုကောင်းလေပါဗျ)

Fourth>>>>Search မှာ ဝလုံးလေး ကိုရိုက်ရှာပြီး ဖတ်လို့ရပါပီ ~~

💌ဒီမှာထက်တော့ updateပိုမြန်ပါမယ်ဗျ🌼

Continue Reading

You'll Also Like

137K 514 39
Smut 18+ ONLY! ⚠️WARNING⚠️ ⚠️CONTAINS MUTURE CONTENT⚠️ ⚠️VERY SEXUAL 18+⚠️ 22 year old Raven Johnson is just going to her yearly doctors appointment...
47.5K 2.8K 22
𝐁𝐨𝐨𝐤 # 𝟏 𝐨𝐟 𝐓𝐡𝐞 𝐑𝐚𝐚𝐳 𝐬𝐞𝐫𝐢𝐞𝐬. Love or betrayal? Consumption of betrayals. Internal betrayal? Yes! Will they be overcome? Or W...
67K 4.2K 20
Till yesterday she was marring her brother's friend but suddenly ended up marring his college owner and a cold hearted person
26.5K 2.3K 12
ရှိန်းသုတမဟာဆိုတဲ့ လူသားကောင်လေးရဲ့မျက်‌ရည်တွေက အဂ္ဂိဆိုတဲ့ငါ့တစ်ယောက်ထဲရဲ့အပိုင်........