ငါ့ခင်ပွန်းကို နေ့တိုင်း အလို...

By NyeinHlaingZin123

193K 15.3K 151

Title - Pampering My Husband Every Day Type - Web Novel (CN) Genre - Romance , Slice of Life Author - Grumpy... More

Description
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
paid gp
အပိုင်း ၄
promotion
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
ပရိုမိုးရှင်း
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
လျော့စျေး
အပိုင်း ၄၁
အပိုင်း ၄၂
gp ပြီးဆုံးခြင်း
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
၃ နှစ်ပြည့် 😍😘😘
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
အပိုင်း ၆၄

အပိုင်း ၁၂

2.7K 257 0
By NyeinHlaingZin123

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၁၂

ဝူထုန်က သူမ နားထောင်နေကြောင်း ဖော်ပြဖို့ ခေါင်းညိတ်လိုက်သည်။

"ယေဘူယျအနေနဲ့  အမျိုးသားတစ်ယောက်ရဲ့ ထိန်းချုပ်လိုစိတ်က ပိုင်ဆိုင်မှုနဲ့ လိင်ဆန္ဒဆိုပြီး နည်းလမ်းနှစ်မျိုးနဲ့ ထင်ရှားတယ်"

ဝူထုန် မျက်တောင်ခတ်လိုက်သည်။ သူမ ကြောင်သွားတယ်။

"အခုချိန်ထိတော့ ချင်ကောက ရှင့်ကို အလားအလာရှိတဲ့ အိမ်ထောင်ဖက်အဖြစ်ပဲ မြင်နေတော့ သူ ရှင့်ကို လွှမ်းမိုးဖို့ တွန်းအားတစ်ခုမှ မခံစားရဘူး။ ဒါပေမယ့် ရှင် ကျွန်မရုံးခန်းကထွက်ပြီး သူ့ကိုလက်ထပ်ဖို့ ကြံရွယ်နေသေးတယ်လို့ ထပ်အတည်ပြုပြီးရင်တော့ ရှင်ကသူ့လက်ထဲမှာပဲရှိနေလိမ့်မယ်"  ဝူထုန့် မျက်နှာက အနည်းငယ် ဖြူဖပ်ဖြူရော် ဖြစ်သွားသည်ကို မြင်လိုက်ရသဖြင့် သူမ၏ စကားလုံးများက အနည်းငယ် ကြောက်စရာ ကောင်းကြောင်း ဒေါက်တာ လီ သဘောပေါက်လိုက်ကာ ပြုံးပြီး စကားပြောခြင်းဖြင့် အကြောင်းအရာတွေကို သက်သာစေဖို့ ကြိုးစားလိုက်သည်။

“စိတ်မပူပါနဲ့။ သူ့မှာ ချုပ်ကိုင်လိုစိတ် နှာဗူးကျတဲ့ ဆန္ဒမရှိပါဘူး၊ ဒါက သာမာန်လူထက် ပိုအားကောင်းတယ် — ကလေးငယ်လေးလိုမျိုးပဲ။ ကျွန်မ အကြံဥာဏ်လေး ပေးပါရစေ။  ရှင် သူနဲ့အတူရှိတဲ့အခါ ရှင်သူ့ကို တတ်နိုင်သမျှ အလိုလိုက်ပေးလိုက်ပါ"

"သူ့ကို အလိုလိုက်ရမယ်"

“ဟုတ်တယ်… ပြုံးပြီး ပွေ့ဖက်တာက လူတစ်ယောက်ကို ပိုသက်တောင့်သက်သာဖြစ်စေဖို့ အကောင်းဆုံးနည်းလမ်းပဲ”  ဒေါက်တာ လီက အကြံပေးခဲ့သည်။ "ရှင် သူ့ကို တတ်နိုင်သမျှ ပြုံးပြီး ပွေ့ဖက်သင့်တယ်။ အဲ့တာက မမျှော်လင့်ထားတဲ့ ရလဒ်တွေ ထွက်လာလိမ့်မယ်”

အစည်းအဝေးခန်းထဲ၌ ဝူထုန့် ဒုတိယဦးလေးသည် နောက်ဆုံးထပ်ထည့်ထားသည့်စာပိုဒ်ကို ကြည့်ခဲ့သည်။  အမှုဆောင်လက်ထောက်လင်းကို မော့မကြည့်ခင် အချိန်အတော်ကြာအောင် မျက်မှောင်ကြုတ်ကာ ပြောခဲ့သည်။  "အိမ်ထောင်ရေးကိစ္စလည်းဖြစ်သလို ဒါက ပူးပေါင်းဆောင်ရွက်မှုတစ်ခုလည်း ဖြစ်တယ်။ ဒါကြောင့် ဝူထုန်နဲ့ အကြီးဆုံးသခင်လေးမှာ ချစ်ခင်ရင်းနှီးပြီး သဟဇာတဖြစ်ရတဲ့ ဆက်ဆံရေးမျိုး ရှိနိုင်မယ်လို့ မျှော်လင့်မိတယ်။ ဒါပေမယ့် ဒီနောက်ထပ်အပိုဒ်က အကြီးဆုံး သခင်လေးရဲ့ အကျိုးစီးပွားကိုပဲ ကာကွယ်ပေးနေပုံရတယ် ”

“ဥက္ကဌလီက ဒီပူးပေါင်းဆောင်ရွက်မှု စည်းမျဉ်းတွေကို ကန့်ကွက်တာမျိုးရှိလို့လား” လင်းဝေ့က ချင် မိသားစုရဲ့ ဥပဒေအကြံပေးကို တစ်ချက်ကြည့်လိုက်ပြီး ပြောခဲ့သည်။  "ဒါဆို ဒါကရော ဘယ်လိုလဲ။ ကျွန်မတို့ ပြန်သွားပြီး အကြောင်းအရာအချို့ကို ပြောင်းလဲလိုက်မယ်။ကျေနပ်ပြီဆိုမှ ကျွန်မတို့ စာချုပ်ချုပ်မယ်"

“ဒါဆို ကောင်းပါပြီ ”  ဥပဒေအကြံပေးက ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ သူ မတ်တပ်ထရပ်ပြီး စာရွက်စာတမ်းတွေ အားလုံးကို စုလိုက်သည်။

"ခဏလေး"  ဝူထုန့် ဒုတိယဦးလေးက ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ လူနှစ်ယောက်ကို ချက်ချင်းတားလိုက်သည်။  တစ်ဖက်တွင်မူ နောက်ဆုံးထပ်ဆောင်းအပိုဒ်ကို မကျေနပ်သေးသော်လည်း အခြားတစ်ဖက်တွင်မူ အကြောင်အရာကို ဆွဲထုတ်ဖို့ မတတ်နိုင်ပေ။

“အမှုဆောင်လက်ထောက် လင်း၊ ငါ့ကို အမှန်အတိုင်းပြောပေးနိုင်မလား။ အကြီးဆုံး သခင်လေးချင်က ဘာဖြစ်နေတာလဲ"  ဝူထုန့် ဒုတိယဦးလေးဖြစ်သူသည် စာချုပ်ချုပ်မည်ဆိုပါက ဝူထုန်ကို မည်သို့သောပတ်ဝန်းကျင်မျိုးတွင် ထားရှိရမည်ကို သိချင်သည်။

အမှုဆောင်လက်ထောက် လင်းက ဝူထုန့် ဒုတိယဦးလေးကိုကြည့်ကာ ပြုံး​လျက် ပြန်ဖြေခဲ့သည်။  "အကြီးဆုံး သခင်လေးက ဘာမှမဖြစ်ပါဘူး"

ဝူထုန့် ဒုတိယဦးလေးက သူသိချင်တဲ့ အချက်အလက်ကို မရရှိခဲ့ပေမယ့် သူ့နှစ်ပေါင်းများစွာ လုပ်ငန်းအတွေ့အကြုံအရ ထိုကဲ့သို့ အာဏာရှင်ဆန်သည့်စာပိုဒ်အရ အကြီးဆုံးသခင်လေး ချင်မှာ သေချာပေါက် အမှားအယွင်းတစ်ခုခုရှိနေတာကို အခြေခံအားဖြင့် သူသိသည်။  ချင် မိသားစုတွင် ပိုက်ဆံရှိတာကြောင့် ယင်းသည် အခြေခံအားဖြင့် သူတို့က သူ့အတွက် ဇနီမယားယောက်ဝယ်ဖို့ ပိုက်ဆံသုံးခြင်းဖြစ်သည်။

" စာချုပ်ချုပ်မှာလား ဥက္ကဌ လီ"  အမှုဆောင် လက်ထောက်လင်းက မေးလိုက်သည်။

ဝူထုန့် ဒုတိယဦးလေးဖြစ်သူက သူ့ လက်ထဲတွင်ကိုင်ထားသောစာချုပ်သည် ထိဖို့ပူနေသလိုခံစားရသည်။[1] ဒါပေမယ့် နောက်ဆုံးတွင် သူစာရွက်ပေါ်တွင် ဘောပင်ကိုထောက်ကာ လက်မှတ်ထိုးလိုက်သည်။  အမှုဆောင်လက်ထောက် လင်းနှင့် ဥပဒေအကြံပေးတို့ ထိုနေရာမှ ထွက်သွားပြီးနောက် ဝူထုန့် ဒုတိယဦးလေးက ဆိုးရွားတဲ့ အမူအရာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ကိုင်ထားခဲ့သည်။

[1] စာများတွင်၊ စာချုပ်သည် အနည်းငယ် 烫手 (စာသားအရ "scalding hot" + "hand" အတွက် စာလုံးများ) ဟုဆိုသည်။ 烫手 ကို "ဒုက္ခ သို့မဟုတ် စီမံခန့်ခွဲရန် ခက်ခဲသည်" ဟုလည်း ဘာသာပြန်နိုင်သည်။

ကားပေါ်တက်ပြီး အမှုဆောင်လက်ထောက် လင်းက ဥက္ကဌ ချင်ကို တိုးတက်မှု အစီရင်ခံချက်ပေးပို့ဖို့ ဖုန်းဆက်လိုက်သည်။

"ဥက္ကဌ ချင်၊ ဝူလီရမ် စာချုပ်မှာ လက်မှတ်ထိုးခဲ့ပါတယ် "

"နောက်ဆုံးထပ်တိုးအပိုဒ်ကို သူ့မှာကန့်ကွက်စရာမရှိဘူးလား"  ချင်ဟွိုက် မေးလိုက်သည်။

“သူ နည်းနည်းတော့ ကန့်ကွက်ခဲ့တယ်။ ဒါပေမယ့် ကျွန်မတို့ အပေးအယူတစ်ခုကို မြန်မြန်ရခဲ့တယ်” အမှုဆောင်လက်ထောက် လင်းက အစီရင်ခံခဲ့သည်။  "ဒါပေမယ့် သူက သူ့လုပ်ငန်းကို အကောင်းဆုံးလုပ်ဆောင်ပြီး ချင် မိသားစုနဲ့ အမြန်ဆုံးအဆက်အသွယ်ဖြတ်ဖို့ ကြိုးစားပုံရတယ်"

“သိသာပါတယ်၊ သူသာ သူ့ရဲ့လုပ်ငန်းကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရင် ဥက္ကဌဝူ အတွက် ငါတို့ ပျော်ရွှင်မိမှာ”  ချင်ဟွိုက်က ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်သည်။  သူ ကားပြတင်းပေါက်ဘက်ကနေ မြို့ကို လှမ်းကြည့်လိုက်ပြီး စာကြောင်းရဲ့ နောက်ဆုံးတစ်ဝက်ကို ဖြည်းညှင်းစွာအဆုံးသတ်လိုက်သည်။  "ဒါပေမယ့် ချင် မိသားစုရဲ့ ချုပ်ကိုင်မှုကနေ လွတ်မြောက်နိုင်မလားဆိုတာက အခြေအနေတွေပေါ်မှာ မူတည်တယ်"

စိတ်ရောဂါကုဆရာဝန်၏ ရုံးခန်းမှထွက်ခွာပြီးနောက် ဝူထုန်က အန်းခိုင် ဆေးရုံသို့သွားခဲ့သည်။

ရှောင်ယွမ်နဲ့ ဝူခိုင်တို့က ဝူထုန့် ဒုတိယအဒေါ်ဖြစ်သူ တစ်စုံတစ်ဦးကို ချက်ဖို့တောင်းဆိုထားသည့် ဟင်းချိုသောက်နေစဉ်တွင် သူမ ရောက်သွားခဲ့သည်။  သူတို့နှစ်ယောက် အချင်းချင်း စကားစမြည်ပြောနေကြတာက ဝမ်းသာစရာပင်။  ဘေးဘက်တွင် ဝူထုန့် ဒုတိယဦးလေးက ဝူထုန်ကို တစ်ချက်ကြည့်လိုက်ပြီး သူလာရောက်ရတဲ့အကြောင်းရင်းကို ပြောပြခဲ့သည်။  သူ့ကြည့်ရတာ တစ်ခုခုပြောချင်နေသလိုပဲ။

ပြတ်သားတဲ့ နားလည်မှုဖြင့် သူတို့နှစ်ဦးက ဆေးရုံအလယ်ရှိဥယျာဉ်ဆီ သွားခဲ့ကြသည်။  သူတို့အဲ့ကို ရောက်ရှိတဲ့အခါမှာ ဝူထုန်က သူမဦးလေးရဲ့မျက်နှာဘက်ကို အေးအေးဆေးဆေး လှည့်ကာ မေးခဲ့သည်။"ဦးလေး အတွက် ကျွန်မဘာလုပ်ပေးရမလဲ ဒုတိယဦးလေး"

"အိုး၊ ငါ ချင် မိသားစုနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့တယ်"  ဝူထုန့် ဒုတိယဦးလေးက သူမကို စာရွက်စာတမ်းထည့်ထားသည့်အိတ်အား ပေးလိုက်သည်။

ဝူထုန်က မယူခဲ့ဘူး။ သူမ အိတ်ကို ကြည့်ပြီး ပြုံးကာ ဂုဏ်ပြုစကားပြောလိုက်သည်။  "ဦးလေး ရဲ့ကုမ္ပဏီကို ဆွဲတင်လို့ရသွားတာ အရမ်းကောင်းပါတယ် "

ဝူထုန့် ဒုတိယဦးလေးဖြစ်သူက သူမဆီ စာအိတ်ကိုပေးဖို့ ထပ်ကြိုးစားခဲ့သည်။  “ကြည့်လိုက်ပါဦး”

"မလိုပါဘူး။  စိတ်မပူပါနဲ့ ဒုတိယဦးလေး။ ရှောင်ယွမ် ရဲ့ ခွဲစိတ်မှုအပြီးမှာ ကျွန်မစကားကို ပြန်မရုတ်သိမ်းပါဘူးလို့ ကတိပေးတယ်” ဝူထုန်က အာမခံခဲ့သည်။

“အဲဒါကြောင့် စာချုပ်ကို ကြည့်စေချင်တာမဟုတ်ဘူး။ မင်းနဲ့သက်ဆိုင်တဲ့ဟာ စာချုပ်ထဲမှာ နောက်ထပ်အပိုဒ်တစ်ခုရှိတယ်" ဝူထုန် ရဲ့ ဒုတိယဦးလေးဖြစ်သူက အနည်းငယ် အပြစ်ရှိတဲ့စိတ်နဲ့ပြောခဲ့သည်။

ဝူထုန် မျက်တောင်ခတ်လိုက်သည်။ အဲဒါကို တွေးပြီးတာနဲ့ သူ့ဦးလေးဆီက စာအိတ်ကို ယူလိုက်ပြီး စာချုပ်အထူကြီးကို ထုတ်လိုက်တယ်။  ဝူထုန်က စာချုပ်ရဲ့ ပထမတစ်ဝက်ကို မကြည့်ဘဲ နောက်ဆုံးစာမျက်နှာသို့ တိုက်ရိုက်လှန်ချလိုက်သည်။

(ချင်နှင့် ဝူ မိသားစုကြား ပူးပေါင်းဆောင်ရွက်မှုကာလအတွင်း မစ္စ ဝူထုန် မှာ ကွာရှင်းခွင့်မရှိ။ ကွာရှင်းပြတ်စဲရန် တောင်းဆိုပါက သို့မဟုတ် လက်ထပ်ထားသည့်ဆက်ဆံရေးကို ပျက်စီးစေရန် တစ်စုံတစ်ရာ လုပ်ဆောင်ပါက ချင် မိသားစုသည် ၎င်းတို့၏ ရန်ပုံငွေများကို ချက်ချင်း ရုပ်သိမ်းမည်ဖြစ်သည်။  ထို့အပြင် ချင် မိသားစုသည် စီးပွားရေးဆုံးရှုံးမှုများအတွက် ဝူ မိသားစုအား လျော်ကြေးပေးရန် တောင်းဆိုပိုင်ခွင့်ရှိသည်)

နောက်ဆက်တွဲစာပိုဒ်နှင့် ဦးလေး၏ ပြောင်မြောက်လှသော လက်မှတ်ကို ဖိုအောက်တွင် တိုက်ရိုက်တွေ့လိုက်ရပြီးနောက် သူမ ခေါင်းငုံ့ကာ အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။

ဝူထုန့် ဒုတိယဦးလေးက သူမရဲ့ အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တာကြောင့် ဂနာမငြိမ်ဖြစ်နေခဲ့သည်။

နှစ်မိနစ်၊ သုံးမိနစ်ခန့်အကြာတွင် ဝူထုန် စာချုပ်ကိုစုလိုက်ပြီး စာအိတ်ထဲသို့ပြန်ထည့်လိုက်သည်။  စာအိတ်ကို သူမရဲ့ဒုတိယဦးလေးဆီ ပြန်ပေးရင်း ပြုံးကာ “နားလည်ပါပြီ” လိုပြောလိုက်တယ်။

“ဝူထုန်…” ဝူထုန့် ဒုတိယဦးလေးဖြစ်သူက စိုးရိမ်တကြီးဖြင့်သူမကို စကားပြောခဲ့သည်။ “စိတ်မပူပါနဲ့၊ငါ ဒီခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်ဖို့ပဲလိုတာ။  ငွေအလုံအလောက်ရှာပြီးရင် [2]ငါတို့ ချင်မိသားစုဆီကနေ လွတ်မြောက်မာ့် နည်းလမ်းရှာမယ် "

[2] ပကတိအတိုင်း ဝူထုန့် ဒုတိယဦးလေးမှာ “လုံလောက်တဲ့” ငွေရှာခြင်းနှင့်ပတ်သက်၍ ဘာမှ မပြောပေ။  အဲဒီအစား "ငါငွေရှာတဲ့အချိန်အထိစောင့်" ဟူသောစာကြောင်းတစ်လျှောက်တွင် တစ်ခုခုပြောနေသော်လည်း ၎င်းရဲ့ အသံကမချောမွေ့ပေ။

"ဒုတိယဦးလေး သိပ်ပြီးစိတ်မပူနဲ့"  ဝူထုန်က  ပြုံးပြီးစကားပြောလိုက်သည်။ "ဒီအိမ်ထောင်ရေးကို ကျွန်မသဘောတူထားပြီးသားဆိုတော့ အကြီးဆုံး သခင်လေးချင်နဲ့ ဘဝကို အကောင်းဆုံးဖြစ်အောင် ကျွန်မ အကောင်းဆုံးကြိုးစားမယ်။  နောက်ဆုံးနောက်ထပ်ထပ်ထည့်ထားတဲ့ အပိုဒ်နဲ့ ပတ်သက်ပြီးတော့ ဒါက ကြီးကြီးမားမားလို့ မထင်ဘူး”

"မင်းဒီလိုတွေးလို့ ငါစိတ်သက်သာရာရသွားပြီ"  ဝူထုန်က စိတ်ရင်းမှန်နဲ့ ကြည့်နေတာကို မြင်တဲ့အခါ ဝူထုန့် ဒုတိယဦးလေးက ပိုသက်တောင့်သက်သာရှိလာခဲ့သည်။

"အဲဒါဆိုရင် ကျွန်မဆရာဝန်ဆီသွားပြီး ခွဲစိတ်မှုအကြောင်းမေးလိုက်မယ်" ဝူထုန်က ပြောလိုက်သည်။

“ကောင်းပြီ။  ဆက်လုပ်လိုက်"

ဝူထုန် လှည့်သွားလိုက်တာနဲ့ သူမရဲ့ ပြုံးနေတဲ့ အမူအရာက နွေရာသီရဲ့ နေရောင်ခြည်မှာ အနည်းငယ် အေးစိမ့်စိမ့်နိုင်မှုက ဝင်ရောက်လာသလိုမျိုး တဖြည်းဖြည်း အေးစက်သွားခဲ့သည်။

•••••••••••

Zawgyi

ငါ့ခင္ပြန္းကို ေန႔တိုင္း အလိုလိုက္ေနရတယ္

အပိုင္း ၁၂


ဝူထုန္က သူမ နားေထာင္ေနေၾကာင္း ေဖာ္ျပဖို႔ ေခါင္းညိတ္လိုက္သည္။

"ေယဘူယ်အေနနဲ႔  အမ်ိဳးသားတစ္ေယာက္ရဲ႕ ထိန္းခ်ဳပ္လိုစိတ္က ပိုင္ဆိုင္မႈနဲ႔ လိင္ဆႏၵဆိုၿပီး နည္းလမ္းႏွစ္မ်ိဳးနဲ႔ ထင္႐ွားတယ္"

ဝူထုန္ မ်က္ေတာင္ခတ္လိုက္သည္။ သူမ ေၾကာင္သြားတယ္။

"အခုခ်ိန္ထိေတာ့ ခ်င္ေကာက ႐ွင့္ကို အလားအလာ႐ွိတဲ့ အိမ္ေထာင္ဖက္အျဖစ္ပဲ ျမင္ေနေတာ့ သူ ႐ွင့္ကို လႊမ္းမိုးဖို႔ တြန္းအားတစ္ခုမွ မခံစားရဘူး။ ဒါေပမယ့္ ႐ွင္ ကြၽန္မ႐ုံးခန္းကထြက္ၿပီး သူ႕ကိုလက္ထပ္ဖို႔ ၾကံ႐ြယ္ေနေသးတယ္လို႔ ထပ္အတည္ျပဳၿပီးရင္ေတာ့ ႐ွင္ကသူ႕လက္ထဲမွာပဲ႐ွိေနလိမ့္မယ္"  ဝူထုန္႔ မ်က္ႏွာက အနည္းငယ္ ျဖဴဖပ္ျဖဴေရာ္ ျဖစ္သြားသည္ကို ျမင္လိုက္ရသျဖင့္ သူမ၏ စကားလုံးမ်ားက အနည္းငယ္ ေၾကာက္စရာ ေကာင္းေၾကာင္း ေဒါက္တာ လီ သေဘာေပါက္လိုက္ကာ ျပဳံးၿပီး စကားေျပာျခင္းျဖင့္ အေၾကာင္းအရာေတြကို သက္သာေစဖို႔ ႀကိဳးစားလိုက္သည္။

“စိတ္မပူပါနဲ႔။ သူ႕မွာ ခ်ဳပ္ကိုင္လိုစိတ္ ႏွာဗူးက်တဲ့ ဆႏၵမ႐ွိပါဘူး၊ ဒါက သာမာန္လူထက္ ပိုအားေကာင္းတယ္ — ကေလးငယ္ေလးလိုမ်ိဳးပဲ။ ကြၽန္မ အၾကံဥာဏ္ေလး ေပးပါရေစ။  ႐ွင္ သူနဲ႔အတူ႐ွိတဲ့အခါ ႐ွင္သူ႕ကို တတ္ႏိုင္သမွ် အလိုလိုက္ေပးလိုက္ပါ"

"သူ႕ကို အလိုလိုက္ရမယ္"

“ဟုတ္တယ္… ျပဳံးၿပီး ေပြ႕ဖက္တာက လူတစ္ေယာက္ကို ပိုသက္ေတာင့္သက္သာျဖစ္ေစဖို႔ အေကာင္းဆုံးနည္းလမ္းပဲ”  ေဒါက္တာ လီက အၾကံေပးခဲ့သည္။ "႐ွင္ သူ႕ကို တတ္ႏိုင္သမွ် ျပဳံးၿပီး ေပြ႕ဖက္သင့္တယ္။ အဲ့တာက မေမွ်ာ္လင့္ထားတဲ့ ရလဒ္ေတြ ထြက္လာလိမ့္မယ္”

အစည္းအေဝးခန္းထဲ၌ ဝူထုန္႔ ဒုတိယဦးေလးသည္ ေနာက္ဆုံးထပ္ထည့္ထားသည့္စာပိုဒ္ကို ၾကည့္ခဲ့သည္။  အမႈေဆာင္လက္ေထာက္လင္းကို ေမာ့မၾကည့္ခင္ အခ်ိန္အေတာ္ၾကာေအာင္ မ်က္ေမွာင္ၾကဳတ္ကာ ေျပာခဲ့သည္။  "အိမ္ေထာင္ေရးကိစၥလည္းျဖစ္သလို ဒါက ပူးေပါင္းေဆာင္႐ြက္မႈတစ္ခုလည္း ျဖစ္တယ္။ ဒါေၾကာင့္ ဝူထုန္နဲ႔ အႀကီးဆုံးသခင္ေလးမွာ ခ်စ္ခင္ရင္းႏွီးၿပီး သဟဇာတျဖစ္ရတဲ့ ဆက္ဆံေရးမ်ိဳး ႐ွိႏိုင္မယ္လို႔ ေမွ်ာ္လင့္မိတယ္။ ဒါေပမယ့္ ဒီေနာက္ထပ္အပိုဒ္က အႀကီးဆုံး သခင္ေလးရဲ႕ အက်ိဳးစီးပြားကိုပဲ ကာကြယ္ေပးေနပုံရတယ္ ”

“ဥကၠဌလီက ဒီပူးေပါင္းေဆာင္႐ြက္မႈ စည္းမ်ဥ္းေတြကို ကန္႔ကြက္တာမ်ိဳး႐ွိလို႔လား” လင္းေဝ့က ခ်င္ မိသားစုရဲ႕ ဥပေဒအၾကံေပးကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေျပာခဲ့သည္။  "ဒါဆို ဒါကေရာ ဘယ္လိုလဲ။ ကြၽန္မတို႔ ျပန္သြားၿပီး အေၾကာင္းအရာအခ်ိဳ႕ကို ေျပာင္းလဲလိုက္မယ္။ေက်နပ္ၿပီဆိုမွ ကြၽန္မတို႔ စာခ်ဳပ္ခ်ဳပ္မယ္"

“ဒါဆို ေကာင္းပါၿပီ ”  ဥပေဒအၾကံေပးက ေခါင္းညိတ္ၿပီး သေဘာတူလိုက္သည္။ သူ မတ္တပ္ထရပ္ၿပီး စာ႐ြက္စာတမ္းေတြ အားလုံးကို စုလိုက္သည္။

"ခဏေလး"  ဝူထုန္႔ ဒုတိယဦးေလးက ထြက္ခြာဖို႔ ျပင္ဆင္ေနတဲ့ လူႏွစ္ေယာက္ကို ခ်က္ခ်င္းတားလိုက္သည္။  တစ္ဖက္တြင္မူ ေနာက္ဆုံးထပ္ေဆာင္းအပိုဒ္ကို မေက်နပ္ေသးေသာ္လည္း အျခားတစ္ဖက္တြင္မူ အေၾကာင္အရာကို ဆြဲထုတ္ဖို႔ မတတ္ႏိုင္ေပ။

“အမႈေဆာင္လက္ေထာက္ လင္း၊ ငါ့ကို အမွန္အတိုင္းေျပာေပးႏိုင္မလား။ အႀကီးဆုံး သခင္ေလးခ်င္က ဘာျဖစ္ေနတာလဲ"  ဝူထုန္႔ ဒုတိယဦးေလးျဖစ္သူသည္ စာခ်ဳပ္ခ်ဳပ္မည္ဆိုပါက ဝူထုန္ကို မည္သို႔ေသာပတ္ဝန္းက်င္မ်ိဳးတြင္ ထား႐ွိရမည္ကို သိခ်င္သည္။

အမႈေဆာင္လက္ေထာက္ လင္းက ဝူထုန္႔ ဒုတိယဦးေလးကိုၾကည့္ကာ ျပဳံး​လ်က္ ျပန္ေျဖခဲ့သည္။  "အႀကီးဆုံး သခင္ေလးက ဘာမွမျဖစ္ပါဘူး"

ဝူထုန္႔ ဒုတိယဦးေလးက သူသိခ်င္တဲ့ အခ်က္အလက္ကို မရ႐ွိခဲ့ေပမယ့္ သူ႕ႏွစ္ေပါင္းမ်ားစြာ လုပ္ငန္းအေတြ႕အၾကဳံအရ ထိုကဲ့သို႔ အာဏာ႐ွင္ဆန္သည့္စာပိုဒ္အရ အႀကီးဆုံးသခင္ေလး ခ်င္မွာ ေသခ်ာေပါက္ အမွားအယြင္းတစ္ခုခု႐ွိေနတာကို အေျခခံအားျဖင့္ သူသိသည္။  ခ်င္ မိသားစုတြင္ ပိုက္ဆံ႐ွိတာေၾကာင့္ ယင္းသည္ အေျခခံအားျဖင့္ သူတို႔က သူ႕အတြက္ ဇနီမယားေယာက္ဝယ္ဖို႔ ပိုက္ဆံသုံးျခင္းျဖစ္သည္။

" စာခ်ဳပ္ခ်ဳပ္မွာလား ဥကၠဌ လီ"  အမႈေဆာင္ လက္ေထာက္လင္းက ေမးလိုက္သည္။

ဝူထုန္႔ ဒုတိယဦးေလးျဖစ္သူက သူ႕ လက္ထဲတြင္ကိုင္ထားေသာစာခ်ဳပ္သည္ ထိဖို႔ပူေနသလိုခံစားရသည္။[1] ဒါေပမယ့္ ေနာက္ဆုံးတြင္ သူစာ႐ြက္ေပၚတြင္ ေဘာပင္ကိုေထာက္ကာ လက္မွတ္ထိုးလိုက္သည္။  အမႈေဆာင္လက္ေထာက္ လင္းႏွင့္ ဥပေဒအၾကံေပးတို႔ ထိုေနရာမွ ထြက္သြားၿပီးေနာက္ ဝူထုန္႔ ဒုတိယဦးေလးက ဆိုး႐ြားတဲ့ အမူအရာနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ကို ကိုင္ထားခဲ့သည္။

[1] စာမ်ားတြင္၊ စာခ်ဳပ္သည္ အနည္းငယ္ 烫手 (စာသားအရ "scalding hot" + "hand" အတြက္ စာလုံးမ်ား) ဟုဆိုသည္။ 烫手 ကို "ဒုကၡ သို႔မဟုတ္ စီမံခန္႔ခြဲရန္ ခက္ခဲသည္" ဟုလည္း ဘာသာျပန္ႏိုင္သည္။

ကားေပၚတက္ၿပီး အမႈေဆာင္လက္ေထာက္ လင္းက ဥကၠဌ ခ်င္ကို တိုးတက္မႈ အစီရင္ခံခ်က္ေပးပို႔ဖို႔ ဖုန္းဆက္လိုက္သည္။

"ဥကၠဌ ခ်င္၊ ဝူလီရမ္ စာခ်ဳပ္မွာ လက္မွတ္ထိုးခဲ့ပါတယ္ "

"ေနာက္ဆုံးထပ္တိုးအပိုဒ္ကို သူ႕မွာကန္႔ကြက္စရာမ႐ွိဘူးလား"  ခ်င္ဟြိဳက္ ေမးလိုက္သည္။

“သူ နည္းနည္းေတာ့ ကန္႔ကြက္ခဲ့တယ္။ ဒါေပမယ့္ ကြၽန္မတို႔ အေပးအယူတစ္ခုကို ျမန္ျမန္ရခဲ့တယ္” အမႈေဆာင္လက္ေထာက္ လင္းက အစီရင္ခံခဲ့သည္။  "ဒါေပမယ့္ သူက သူ႕လုပ္ငန္းကို အေကာင္းဆုံးလုပ္ေဆာင္ၿပီး ခ်င္ မိသားစုနဲ႔ အျမန္ဆုံးအဆက္အသြယ္ျဖတ္ဖို႔ ႀကိဳးစားပုံရတယ္"

“သိသာပါတယ္၊ သူသာ သူ႕ရဲ႕လုပ္ငန္းကို ေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏိုင္ရင္ ဥကၠဌဝူ အတြက္ ငါတို႔ ေပ်ာ္႐ႊင္မိမွာ”  ခ်င္ဟြိဳက္က ဖုန္းေခၚဆိုမႈကို အဆုံးသတ္လိုက္သည္။  သူ ကားျပတင္းေပါက္ဘက္ကေန ၿမိဳ႕ကို လွမ္းၾကည့္လိုက္ၿပီး စာေၾကာင္းရဲ႕ ေနာက္ဆုံးတစ္ဝက္ကို ျဖည္းညႇင္းစြာအဆုံးသတ္လိုက္သည္။  "ဒါေပမယ့္ ခ်င္ မိသားစုရဲ႕ ခ်ဳပ္ကိုင္မႈကေန လြတ္ေျမာက္ႏိုင္မလားဆိုတာက အေျခအေနေတြေပၚမွာ မူတည္တယ္"

စိတ္ေရာဂါကုဆရာဝန္၏ ႐ုံးခန္းမွထြက္ခြာၿပီးေနာက္ ဝူထုန္က အန္းခိုင္ ေဆး႐ုံသို႔သြားခဲ့သည္။

ေ႐ွာင္ယြမ္နဲ႔ ဝူခိုင္တို႔က ဝူထုန္႔ ဒုတိယအေဒၚျဖစ္သူ တစ္စုံတစ္ဦးကို ခ်က္ဖို႔ေတာင္းဆိုထားသည့္ ဟင္းခ်ိဳေသာက္ေနစဥ္တြင္ သူမ ေရာက္သြားခဲ့သည္။  သူတို႔ႏွစ္ေယာက္ အခ်င္းခ်င္း စကားစျမည္ေျပာေနၾကတာက ဝမ္းသာစရာပင္။  ေဘးဘက္တြင္ ဝူထုန္႔ ဒုတိယဦးေလးက ဝူထုန္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး သူလာေရာက္ရတဲ့အေၾကာင္းရင္းကို ေျပာျပခဲ့သည္။  သူ႕ၾကည့္ရတာ တစ္ခုခုေျပာခ်င္ေနသလိုပဲ။

ျပတ္သားတဲ့ နားလည္မႈျဖင့္ သူတို႔ႏွစ္ဦးက ေဆး႐ုံအလယ္႐ွိဥယ်ာဥ္ဆီ သြားခဲ့ၾကသည္။  သူတို႔အဲ့ကို ေရာက္႐ွိတဲ့အခါမွာ ဝူထုန္က သူမဦးေလးရဲ႕မ်က္ႏွာဘက္ကို ေအးေအးေဆးေဆး လွည့္ကာ ေမးခဲ့သည္။"ဦးေလး အတြက္ ကြၽန္မဘာလုပ္ေပးရမလဲ ဒုတိယဦးေလး"

"အိုး၊ ငါ ခ်င္ မိသားစုနဲ႔ ပူးေပါင္းေဆာင္႐ြက္ေရး သေဘာတူညီခ်က္ကို လက္မွတ္ထိုးခဲ့တယ္"  ဝူထုန္႔ ဒုတိယဦးေလးက သူမကို စာ႐ြက္စာတမ္းထည့္ထားသည့္အိတ္အား ေပးလိုက္သည္။

ဝူထုန္က မယူခဲ့ဘူး။ သူမ အိတ္ကို ၾကည့္ၿပီး ျပဳံးကာ ဂုဏ္ျပဳစကားေျပာလိုက္သည္။  "ဦးေလး ရဲ႕ကုမၸဏီကို ဆြဲတင္လို႔ရသြားတာ အရမ္းေကာင္းပါတယ္ "

ဝူထုန္႔ ဒုတိယဦးေလးျဖစ္သူက သူမဆီ စာအိတ္ကိုေပးဖို႔ ထပ္ႀကိဳးစားခဲ့သည္။  “ၾကည့္လိုက္ပါဦး”

"မလိုပါဘူး။  စိတ္မပူပါနဲ႔ ဒုတိယဦးေလး။ ေ႐ွာင္ယြမ္ ရဲ႕ ခြဲစိတ္မႈအၿပီးမွာ ကြၽန္မစကားကို ျပန္မ႐ုတ္သိမ္းပါဘူးလို႔ ကတိေပးတယ္” ဝူထုန္က အာမခံခဲ့သည္။

“အဲဒါေၾကာင့္ စာခ်ဳပ္ကို ၾကည့္ေစခ်င္တာမဟုတ္ဘူး။ မင္းနဲ႔သက္ဆိုင္တဲ့ဟာ စာခ်ဳပ္ထဲမွာ ေနာက္ထပ္အပိုဒ္တစ္ခု႐ွိတယ္" ဝူထုန္ ရဲ႕ ဒုတိယဦးေလးျဖစ္သူက အနည္းငယ္ အျပစ္႐ွိတဲ့စိတ္နဲ႔ေျပာခဲ့သည္။

ဝူထုန္ မ်က္ေတာင္ခတ္လိုက္သည္။ အဲဒါကို ေတြးၿပီးတာနဲ႔ သူ႕ဦးေလးဆီက စာအိတ္ကို ယူလိုက္ၿပီး စာခ်ဳပ္အထူႀကီးကို ထုတ္လိုက္တယ္။  ဝူထုန္က စာခ်ဳပ္ရဲ႕ ပထမတစ္ဝက္ကို မၾကည့္ဘဲ ေနာက္ဆုံးစာမ်က္ႏွာသို႔ တိုက္႐ိုက္လွန္ခ်လိုက္သည္။

(ခ်င္ႏွင့္ ဝူ မိသားစုၾကား ပူးေပါင္းေဆာင္႐ြက္မႈကာလအတြင္း မစၥ ဝူထုန္ မွာ ကြာ႐ွင္းခြင့္မ႐ွိ။ ကြာ႐ွင္းျပတ္စဲရန္ ေတာင္းဆိုပါက သို႔မဟုတ္ လက္ထပ္ထားသည့္ဆက္ဆံေရးကို ပ်က္စီးေစရန္ တစ္စုံတစ္ရာ လုပ္ေဆာင္ပါက ခ်င္ မိသားစုသည္ ၎တို႔၏ ရန္ပုံေငြမ်ားကို ခ်က္ခ်င္း ႐ုပ္သိမ္းမည္ျဖစ္သည္။  ထို႔အျပင္ ခ်င္ မိသားစုသည္ စီးပြားေရးဆုံး႐ႈံးမႈမ်ားအတြက္ ဝူ မိသားစုအား ေလ်ာ္ေၾကးေပးရန္ ေတာင္းဆိုပိုင္ခြင့္႐ွိသည္)

ေနာက္ဆက္တြဲစာပိုဒ္ႏွင့္ ဦးေလး၏ ေျပာင္ေျမာက္လွေသာ လက္မွတ္ကို ဖိုေအာက္တြင္ တိုက္႐ိုက္ေတြ႕လိုက္ရၿပီးေနာက္ သူမ ေခါင္းငုံ႔ကာ အခ်ိန္အေတာ္ၾကာ တိတ္ဆိတ္သြားခဲ့သည္။

ဝူထုန္႔ ဒုတိယဦးေလးက သူမရဲ႕ အမူအရာကို ႐ွင္း႐ွင္းလင္းလင္း မျမင္ႏိုင္တာေၾကာင့္ ဂနာမၿငိမ္ျဖစ္ေနခဲ့သည္။

ႏွစ္မိနစ္၊ သုံးမိနစ္ခန္႔အၾကာတြင္ ဝူထုန္ စာခ်ဳပ္ကိုစုလိုက္ၿပီး စာအိတ္ထဲသို႔ျပန္ထည့္လိုက္သည္။  စာအိတ္ကို သူမရဲ႕ဒုတိယဦးေလးဆီ ျပန္ေပးရင္း ျပဳံးကာ “နားလည္ပါၿပီ” လိုေျပာလိုက္တယ္။

“ဝူထုန္…” ဝူထုန္႔ ဒုတိယဦးေလးျဖစ္သူက စိုးရိမ္တႀကီးျဖင့္သူမကို စကားေျပာခဲ့သည္။ “စိတ္မပူပါနဲ႔၊ငါ ဒီခက္ခဲတဲ့အခ်ိန္ေတြကို ေက်ာ္ျဖတ္ဖို႔ပဲလိုတာ။  ေငြအလုံအေလာက္႐ွာၿပီးရင္ [2]ငါတို႔ ခ်င္မိသားစုဆီကေန လြတ္ေျမာက္မာ္႕ နည္းလမ္း႐ွာမယ္ "

[2] ပကတိအတိုင္း ဝူထုန္႔ ဒုတိယဦးေလးမွာ “လုံေလာက္တဲ့” ေငြ႐ွာျခင္းႏွင့္ပတ္သက္၍ ဘာမွ မေျပာေပ။  အဲဒီအစား "ငါေငြ႐ွာတဲ့အခ်ိန္အထိေစာင့္" ဟူေသာစာေၾကာင္းတစ္ေလွ်ာက္တြင္ တစ္ခုခုေျပာေနေသာ္လည္း ၎ရဲ႕ အသံကမေခ်ာေမြ႕ေပ။

"ဒုတိယဦးေလး သိပ္ၿပီးစိတ္မပူနဲ႔"  ဝူထုန္က  ျပဳံးၿပီးစကားေျပာလိုက္သည္။ "ဒီအိမ္ေထာင္ေရးကို ကြၽန္မသေဘာတူထားၿပီးသားဆိုေတာ့ အႀကီးဆုံး သခင္ေလးခ်င္နဲ႔ ဘဝကို အေကာင္းဆုံးျဖစ္ေအာင္ ကြၽန္မ အေကာင္းဆုံးႀကိဳးစားမယ္။  ေနာက္ဆုံးေနာက္ထပ္ထပ္ထည့္ထားတဲ့ အပိုဒ္နဲ႔ ပတ္သက္ၿပီးေတာ့ ဒါက ႀကီးႀကီးမားမားလို႔ မထင္ဘူး”

"မင္းဒီလိုေတြးလို႔ ငါစိတ္သက္သာရာရသြားၿပီ"  ဝူထုန္က စိတ္ရင္းမွန္နဲ႔ ၾကည့္ေနတာကို ျမင္တဲ့အခါ ဝူထုန္႔ ဒုတိယဦးေလးက ပိုသက္ေတာင့္သက္သာ႐ွိလာခဲ့သည္။

"အဲဒါဆိုရင္ ကြၽန္မဆရာဝန္ဆီသြားၿပီး ခြဲစိတ္မႈအေၾကာင္းေမးလိုက္မယ္" ဝူထုန္က ေျပာလိုက္သည္။

“ေကာင္းၿပီ။  ဆက္လုပ္လိုက္"

ဝူထုန္ လွည့္သြားလိုက္တာနဲ႔ သူမရဲ႕ ျပဳံးေနတဲ့ အမူအရာက ေႏြရာသီရဲ႕ ေနေရာင္ျခည္မွာ အနည္းငယ္ ေအးစိမ့္စိမ့္ႏိုင္မႈက ဝင္ေရာက္လာသလိုမ်ိဳး တျဖည္းျဖည္း ေအးစက္သြားခဲ့သည္။




#31.3.2023

Continue Reading

You'll Also Like

122K 15.7K 97
ဝမ်မိသားစု၏ ကလေးသတို့သမီးလောင်းဖြစ်သည့် ဆုဝန်သည် ခိုအီငါးလေး(koi )ဖြစ်သည်။ ဆုဝန်က ဝမ်မိသားစုသို့ ဝင်ရောက်ပြီးနောက် ခင်ပွန်းလောင်း ဝမ်လော့ရှန်းသည် ရွှ...
2.2M 78.9K 79
ငါလား.... စိတ်ချ...... ကောင်းကင်ဘုံရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံ...
400K 11.7K 29
တော်ဝင်ဂုဏ် + ရှေးဆန်သူ
1.5M 32.7K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်