Mansionသို့သွားနေသော Ian၏ခြေလှမ်းများက တက်ကြွနေ၏။
ညနက်နေသည့်တိုင် မီးများလင်းထိန်လျက်ရှိသည့် Hansen အိမ်တော်ကြီးက တိတ်ဆိတ်ငြိမ်သက်လျက်။
အိမ်တော်ဝန်းအားစောင့်ကြပ်နေကြသော လူများမှလွဲ၍ လှုပ်ရှားသွားလာနေသူက Ianတစ်ယောက်တည်းသာ။
Mansionကိုရောက်တော့ အိမ်တော်ထိန်းကြီးကပြုံးပြလာသည့်မို့ ခွန်းတုံ့ပြန်နှုတ်ဆက်လိုက်ရင်း lordရှိရာ အပေါ်ထပ်သို့တက်လာလိုက်သည်။
"ဒေါက်!!ဒေါက်!!!"
"အင်း"
အခန်းထဲဝင်ဝင်ချင်းပင် အခန်းပိုင်ရှင်၏ ကိုယ်သင်းနံ့က နှာခေါင်းထဲဝင်လာ၏။
မျက်လုံးတို့က ပျောက်နေသည့်
အခန်းပိုင်ရှင်ကိုဝေ့ဝိုက်ရှာရင်း ခြေလှမ်းတို့ကိုတဖြည်းဖြည်းရွေ့စေ၏။
Patio၌ရှိနေကာ ခပ်မှိန်မှိန်လင်းနေသည့်
ကောင်းကင်ကိုမော့ကြည့်ရင်းငေးနေသည့်
Lord
လက်ညှိုးနှင့်လက်ခလယ်အကြား
မီးစွဲနေသည့်cigarette ကိုညှပ်ထားရင်း အတွေးများနေပုံရသည်။
"Lord"
တိတ်ဆိတ်သည့် ညလယ်၌ Ianအသံက
ခပ်တိုးတိုး။
မီးကျွမ်း၍ ပြာမှုန့်အဖြစ်သာကျန်သည့်cigaretteကို တစ်ချက်တောက်ချရင်း
cigarette ashtray ထဲသို့ထိုးခြေလိုက်ကာ
Ianကိုလှည့်ကြည့်လာ၏။
အသိအမှတ်ပြုသည့်သဘောဖြင့်
ခေါင်းတစ်ချက်ညိမ့်ပြကာ ရှေ့သို့လျှောက်လာရင်း Ianကိုလည်းထိုင်စေ၏။
"ကလေးက အခြေအနေကောင်းရဲ့လား"
"ဟုတ်ကဲ့ ရောက်လာတုန်းကထက်တော့ တော်တော်လေးရယ်ပြပြုံးပြတတ်နေပါပြီ"
ပြောပြနေသည့်ရှေ့မှကောင်လေးအား Frederickကြည့်နေမိသည်။
ကောင်လေးက တာဝန်ချိန်တွင်တော့ စည်းကမ်းတင်းတတ်ပြီး ကျန်သည့်အချိန်များမှာတော့ အေးချမ်းစွာသာ။
တည်ငြိမ်အေးချမ်းသည့်ကောင်လေးအား ငြိမ်သက်စွာကြည့်နေမိတော့
စကားပြောနေရာမှ frederickအား ပြန်လည်ကြည့်လာသည့် မျက်လုံးပြာပြာများ။
သို့သော်ကြာကြာမဟုတ်လိုက်။
ထုံးစံအတိုင်း တခဏအတွင်းပင်မျက်လုံး
ပြန်လွှဲသွား၏။
"Lordအဆင်ပြေရဲ့လား"
မျက်လုံးလွှဲသွားသော်လည်း Frederickကိုတော့အမေးစကားရှိလာ၏။
"ဘာကိုလဲ"
ပြန်ဖြေရမည့်Ianမှာ မရဲတော့။
ပူပန်စိတ်ကြောင့်မေးပြီးကာမှ အတင့်ရဲသလိုဖြစ်သွားသလားဟု ပြန်တွေးမိ၏။
"မင်းသတိထားမိလားIan"
"..........."
"ဒီတစ်နေ့ထဲ မင်းဆီကအဲ့စကားကြားရတာ နှစ်ခါရှိနေပြီ"
Lordပြောခါမှ ကိုယ့်ကိုယ်ကိုယ်သတိထားမိတဲ့အထိ
သူဟာအဲ့လောက်တောင်သိသာနေခဲ့သည်ထင်ရဲ့။
"ထားပါ။ဒါနဲ့ Silasဆီက သတင်းကြားပြီးပြီလား"
ခေါင်းခါပြလိုက်၏။
Silasနဲ့သူနဲ့ကမတွေ့တာပဲကြာနေပြီလေ။
"အဲ့တာဆိုမသိသေးဘူးပဲ"
"ဟုတ်ကဲ့"
"ပြီးတော့ ဒီနေ့ခေါ်ရတဲ့အကြောင်းအရင်းက
အရေးကြီးတဲ့ mission တစ်ခုရှိလို့။ပြီးတော့ အဲ့တာကိုလည်း မင်းကိုပဲတာဝန်ပေးချင်တယ်"
အားလုံးထဲကမှ သူ့ကိုရွေးချယ်လာသည်ဆိုတော့ ဒီကကောင်က ခေါင်းညိတ်ဖို့
မတွန့်ဆုတ်။
"ဒါယူသွား"
စားပွဲပေါ်ရှိဖိုင်တွဲကို Ianဘက်ကမ်းလာသည်မို့ တစ်ချက်ကြည့်လိုက်မိ၏။
အချက်အလက်စာတမ်းတွေထဲ စစ်ဝတ်နှင့်အမျိုးသားတစ်ဦးက နေရာယူထားလျက်။
"ဒါက"
"ခေါင်းကြီးပိုင်းကပဲ။ဒီတစ်ခေါက်လက်နက်ကိစ္စနဲ့ပတ်သက်ပြီး တွေ့ခွင့်တောင်းနေလွန်းလို့"
အရိပ်အမြွတ်ပြောရုံနှင့် Ianသဘောပေါက်လိုက်၏။
"မနက်ဖြန်လောက်ဖြစ်ရင်ဖြစ်လိမ့်မယ်။ပြင်ထားတော့"
"ဟုတ်ကဲ့"
"ပြီးတော့ ဟိုတစ်ခေါက်ကလိုဒဏ်ရရတာကိုမလိုချင်ဘူး။တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ တာဝန်အပေါ်အာရုံစိုက်တာကိုပဲလိုချင်တယ်"
အဲ့တာဘယ်သူ့ကြောင့်လဲဆိုတာ lordသိအောင်တော့မပြောဖြစ်ခဲ့။
သိစရာလည်းမလိုဘဲလေ။
မှာလာသည့်စကားကို အသိအမှတ်ပြုရင်း အရိုအသေပေးကာ လှည့်ထွက်ဖို့ပြင်၏။
"Ian"
ခြေလှမ်းလှမ်းလိုက်ကာမှ ခေါ်လာသည့်lordကြောင့် ခန္ဓာကိုယ်ဟာငြိမ်သက်သွားသလို
ထုံးစံအတိုင်း ပြောနေကျစကားကိုလည်းပြန်ပြောဖို့မမေ့ခဲ့။
"ဟုတ်ကဲ့"
"လူတစ်ယောက်အပေါ်ကို စိတ်နှစ်ပြီးသံယောဇဉ်မထားမိစေနဲ့"
အမိန့်ဆန်ဆန် သွေးအေးအေးပြောမိလာတော့ပြန်ကြည့်လိုက်မိသည့်
Ian၏မျက်လုံးပြာပြာများဟာ အံ့ဩမှုများပြည့်နေမှာအမှန်။
"လိုတာထက်ပိုပြီးမခင်တွယ်မိစေနဲ့"
ပြောနေသည့်lordဟာ အေးစက်စက်။
Lordဘယ်လိုလူမျိုးမှန်းသိပေမယ့်
ဒီလိုစကားမျိုးလွယ်လွယ်ပြောထွက်လိမ့်မယ်ဟု မထင်ခဲ့တာတော့အမှန်။
အကြည့်ချင်းဆုံနေသည့် မျက်ဝန်းနှစ်စုံဟာ အချင်းချင်းအားပြိုင်လျက်။
တစ်ယောက်က အံ့ဩမှုကြောင့်ကြည့်မိနေသလို
တစ်ယောက်ကလည်း ကြည့်နေသည့်သူအား အကဲခတ်နေလျက်။
"Zainလေးနဲ့ပတ်သက်ပြီးပြောချင်နေတာထင်တယ်။"
"အရာရာကိုပါ။သံယောဇဉ်တွယ်မိသွားရင်
နောက်ဆံတင်းရတတ်တယ်မလား"
"Lord ချစ်ဖူးတယ်မလား"
အချေအတင်ဖြစ်နေသည့် အခန်းထဲ၌ မေးခွန်းသံတစ်ခုကထွက်ပေါ်လာ၏။
ဘယ်လိုကြောင့်မေးထွက်သွားမှန်းမသိပေမယ့် ဒီတစ်ခါlord၏စကားကိုပြန်ချေပချင်သောကြောင့်လည်းဖြစ်နိုင်သည်။
"ချစ်တာနဲ့ပဲသံယောဇဉ်ဖြစ်စရာလိုလို့လား"
"အတိုင်းထက်အလွန်ပေါ့"
"မင်းလူတစ်ယောက်ကိုချစ်တယ်မလား။
ချစ်လိုက်။ ဒါပေမယ့် ကိုယ့်ကိုတွန့်ဆုတ်စေမယ့်၊တွေဝေစေမယ့်၊ထိခိုက်စေမယ့် ကြိုးတွေကိုတော့ မထားမိအောင်နေရမယ်လေ"
"ကျွန်တော့်အတွက်ကတော့ လူတစ်ယောက်ကိုချစ်မိ၊ခင်မိရင် တကယ့်စိတ်ရင်းအမှန်နဲ့ပဲ
ချစ်မိ၊ခင်မိသလို
ချစ်ရတဲ့လူအတွက်ဆိုလည်း အသက်ရောကိုယ်ပါပေးဆပ်နိုင်တယ်။"
"ရုပ်ရှင်ဆန်တာတွေပါကွာ"
"ဟက်!!ထင်လို့ပါ။ဒီစကားတွေက
Lordအတွက်တော့ ဟာသဆန်နေလောက်ပါတယ်"
မထင်မဲ့မြင်မျက်နှာအမူအရာဖြင့် ပြောလာသည့်ကောင်လေးက Frederick ရဲ့စကားများအပေါ် အခဲမကျေဖြစ်သွားခဲ့ပုံ။
"မင်းကချစ်ပေမယ့် မင်းကိုပြန်မချစ်တဲ့လူ
အပေါ်မှာဆိုရင်ရော။"
ကိုယ်ကချစ်ပေမယ့် ကိုယ့်ကိုပြန်မချစ်တဲ့သူ
အရှိုက်ထိသလိုမျိုးlordစကားက သူ့ကိုနာကျင်စေပေမယ့်
ထိုစကားဟာနာကျင်ရတဲ့အမှန်တရားပင်။
သူချက်ချင်းပြန်မဖြေနိုင်ခဲ့။
ချစ်ရတဲ့သူအတွက်အရာအားလုံးစွန့်လွှတ်နိုင်ပါသော်လည်း တွေဝေနေရသည့်အကြောင်းအရင်းမှာ
Lordကဘယ်လိုသဘောနဲ့မေးလိုက်သလဲဆိုတာကိုပင်။
သို့တိုင် ဆက်မမေးလာသည့် lordဟာ သူ့ကိုအကဲခတ်နေပြန်၏။
"အဲ့တာကျွန်တော့်အကြောင်းပါ။lordနဲ့မဆိုင်တာမလို့..."
"ဟုတ်ပါပြီ"
ခေါင်းတညိတ်ညိတ်လုပ်လာသည့်lordဟာ ဘာမှမပြောလာတော့။
ဆိုဖာပေါ်သို့ခေါင်းမှီချလိုက်ကာ မျက်လုံးများကိုသာမှိတ်လိုက်၏။
Ianကိုယ်တိုင်လည်း ရပ်ထားသည့်ခြေလှမ်းများကိုပြန်လှမ်းလိုက်ရင်း
အပေါက်ဝရောက်ခါနီးမှ ပြောချင်လွန်းခဲ့သည့်စကားကိုလည်းပြောဖို့မမေ့ခဲ့။
"တကယ်တော့Lordက မချစ်တတ်သေးပါဘူး။အဲ့တာကြောင့်လည်း အခုချိန်မှာအဆင်ပြေနေခဲ့တာလေ။
ကျွန်တော်ကိုယ်တိုင်ကအစိုးရိမ်လွန်ကဲသွားခဲ့ပုံပါပဲ"
အေးစက်စက်စကားသံများနောက် တံခါးမြည်သံဟာ မတိုးမကျယ်ထွက်ပေါ်လာ၏။
တံခါးပိတ်သွားပြီး အခန်းဟာ တိတ်ဆိတ်သွားကာမှ frederick၏ မျက်လုံးတစ်စုံဟာ
အသာအယာဖွင့်လာ၏။
ငြိမ်သက်သွားသည့်တံခါးကိုကြည့်မိရင်း
ထွက်သွားသည့် ကောင်လေး၏ပုံရိပ်တို့ကိုမြင်ယောင်နေမိသည်။
တကယ်တော့သူဒီလိုဖြစ်စေချင်ခဲ့တာမှမဟုတ်ဘဲ။
ကောင်လေးကို ဒီအခန်းထဲခေါ်လိုက်ရတာကလည်း ပြောစရာရှိသောကြောင့်။
သို့ပါသော်လည်းပြောထွက်သွားသည်က အလုပ်အကြောင်းများနှင့်စိတ်ပျက်စရာစကားများ။
သက်ပြင်းသဲ့သဲ့ချလိုက်မိရင်း စားပွဲပေါ်၌ နေရာယူထားသည့် olivia၏ ဓာတ်ပုံထံသို့ကြည့်လိုက်မိ၏။
သူ့ရဲ့မိန်းကလေးက ဓာတ်ပုံထဲမှာလည်းပြုံးနေခဲ့တုန်း။
ချိုသာသည့်အပြုံး၊ချစ်စဖွယ်အမူအရာများနှင့်
အသက်30ကျော်အမျိုးသမီးဆိုတာဘယ်လိုမှယုံစရာမရှိ။
"ကိုယ်ဘယ်လိုလုပ်သင့်လဲ Olivia"
Oliviaသာရှိနေခဲ့ရင် ဒီလိုအချိန် ဘယ်လိုဘယ်ပုံလုပ်သင့်ကြောင်း အကြံဉာဏ်ပေးနေမှာအမှန်ပင်။
12.4.2023(12:56)
//////////////////////////
////////////////////////////////////////////////////////////////