There's no rule for LOVE~

By ChanbaekChanbaek855

1.3K 151 27

အချစ်မှာ မျှတတယ်မမျှတဘူးဆိုတာမျိုး မရှိဘူး လူတိုင်းက ကိုယ့်နှလုံးသားလေး ကွဲကြေမသွားအောင် စောင့်ရှောက်ချင်ကြတာ... More

Joker.
The moment when we holding hands.
A step to make love happen.
Yes..I love you.

First kiss.

444 30 2
By ChanbaekChanbaek855

စီးကရက်ငွေ့တွေ ဝှေ့ဝဲနေတဲ့ပတ်ဝန်းကျင်မှာခင်ဗျားကိုစတွေ့ခဲ့တယ်

သိပ်ချောလွန်းတဲ့မျက်နှာနဲ့ခင်ဗျားက ကျွန်တော့်ကို အထင်သေးတဲ့ပုံစံနဲ့ မျက်ခုံးထူထူတွေကို ကျုံ့ပြီး စိုက်ကြည့်နေခဲ့တာ

ဟားး..စောက်ရမ်းချောတာပဲ ခင်ဗျားက

ရုတ်တရက်ကြီး သူ့မျက်နှာချောချောကို စိုက်ကြည့်ပြီး ထရယ်မိလေတော့

စိတ်ပျက်စရာကောင်းတယ်ဆိုတဲ့ပုံစံနဲ့ မျက်နှာကိုသူ့သူငယ်ချင်းတွေဘက်လွှဲသွားပြီး ကျွန်တော့်ကိုသူ့အာရုံထဲမထည့်ချင်တော့တဲ့ပုံပဲ

ဟင့်အင်းးးမရပါဘူး

ထိုင်နေတဲ့ ထိုင်ခုံကနေထပြီး
ခြေလှမ်းတွေက ထိုလူဆီကိုအလိုအလျောက်ပင်

သူကတော့ ကျွန်တော်သူ့ဆီလာနေမှန်းတောင်သတိထားမိမှာမဟုတ်လောက်ဘူး..သူ့ဘာသာ
ဖဲချပ်တွေကို ခိုးဝှက်ဖို့ကြိုးစားနေတယ်လေ

အနီးကပ်လာလေ..အဝေးကမြင်နေရတဲ့မျက်နှာချောချောက ပိုချောလာတယ်
မျက်ခုံးထူထူတွေ သမင်မျက်လုံးတွေ ယောကျ်ားဆန်လွန်းတဲ့ jawlineတွေ ရယ်လိုက်ရင်ထင်းလာတဲ့ ပါးချိုင့်နှစ်ဖက်ရယ် ကျွန်တော်ရူးဖို့လုံလောက်သွားပြီလေ

ဖဲချပ်တွေကိုအသည်းအသန်အာရုံစိုက်နေတဲ့ သူ့မျက်နှာကို ဆွဲလှည့်လိုက်ပြီး နှုတ်ခမ်းထူထူတွေကိုဖိကပ်လိုက်တယ်

နှာခေါင်းနားကိုတိုးဝှေ့နေတဲ့ ယောကျ်ားဆန်ဆန်ရေမွှေးနံ့နဲ့ရောနေတဲ့ပြင်းရှရှ စီးကရက်နံ့လေးကိုကြိုက်တယ်

အင်းးး ခင်ဗျားကိုပိုကြိုက်တယ်

ကျွမ်းကျွမ်းကျင်ကျင်နမ်းတတ်နေတဲ့ ခင်ဗျားနှုတ်ခမ်းထူထူတွေက..ဟားးးးကျွန်တော်ရူးတော့မှာပဲ

သူ့နှုတ်ခမ်းထူထူတွေက နှုတ်ခမ်းကနေပါးပေါ်ကိုပွတ်ဆွဲသွားပြီး နားနားကိုကပ်လာကာ
ခပ်တိုးတိုးအသံနဲ့

"Sorry ကောင်လေး..ကိုယ့်က ကလေးတွေနဲ့မတွဲတတ်ဘူး အရမ်းပျင်းဖို့ကောင်းတယ်"

အရမ်းသဘောကျတဲ့နှုတ်ခမ်းတွေက ထွက်တဲ့အသံတွေက သြရှရှနဲ့ ခနဲ့သလိုရီနေပြန်ပြီ

ကျွန်တော့်သူ့ကိုစိုက်ကြည့်နေတုန်း
သူကကစားပွဲပေါ်က စီးကရက်ကိုယူပြီး နှုတ်ခမ်းထူထူတွေနဲ့ဖိညှပ်လိုက်တယ်
အိတ်ကပ်ထဲက ငွေရောင်မီးခြစ်ကို ထုတ်ပြီး
မီးခြစ်ခါနီး

ဆက်ခနဲ ဆွဲယူခံလိုက်ရတဲ့ ငွေရောင်မီးခြစ်လေးကို သွယ်လျက်နေတဲ့လက်ချောင်းတွေနဲ့ လှည့်ပတ်ကစားပြနေပြီးမှ

"ချောက်"

မီးတောက်လေးနဲ့ သူ့နှုတ်ခမ်းထူထူနဲ့ဖိညှပ်ထားတဲ့ စီးကရက်လေးကို မီးစွဲလာစေတယ်

"ဟက်..မီးခြစ်အတွက်ကျေးဇူးနော် ဘဲကြီး"

လှည့်ထွက်သွားတဲ့ ကျွန်တော့်ကို သူက
ကြည့်မနေခဲ့သလို ကျွန်တော်ကလည်း ပြန်
လှည့်မကြည့်ခဲ့ပါဘူး

တကယ်တော့..မလိုဘူးလေ

နေ့တိုင်းထပ်တွေ့ရအောင်ဖန်တီးပေးမှာမို့


Continue Reading

You'll Also Like

113K 6.7K 86
"Great news! Wei WuXian has died!" "Wait- WHAT?!" "But I'm still here." The juniors (Lan Sizhui, Lan Jingyi, Jin Ling, and Ouyang Zizhen) accidentall...
69K 1.9K 29
Izuku Midoriya, neglected and bullied due to his lack of a quirk, endured abuse from his family and friends, especially his twin sister Izumi and Kat...
1.1M 41K 85
As a Jedi padawan, gaining a Master is like a dream come true. It's one step closer to reaching knighthood, and then to reaching Master. But that dr...
480K 10.9K 60
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...