First Love (Completed)

By TaeYoonKook_Cloud

27.5K 3.7K 1.2K

Our first love is our ignorance, That it can never end. Jeon Jungkook x Min Yoongi Written by : JaejoongHtik... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter - 23
Chapter - 25
Chapter - 26
Chapter - 27
Chapter 28
Chapter 29
Chapter 30 (Final)

Chapter - 24

427 69 8
By TaeYoonKook_Cloud

(Unicode)

ဆေးရုံခန်းထဲမှာပဲ နေရတာကြာတော့ လူက ငြီးစီစီကြီးဖြစ်လာရတယ်.....။ ဒါကြောင့် အပြင်ကိုထွက်ကာ လမ်းလျှောက်လိုက်တော့မှ စိတ်လည်း အနည်းငယ် ကြည်သွားလေတယ်....။ လတ်ဆတ်တဲ့ အပြင်က လေထုကလည်း သူ့စိတ်ကို လန်းဆန်းသွားစေတယ်...။

"နေလို့ကောင်းသွားပြီလား....??"

"အင်း ကောင်းသွားပြီ.... အခုမှပဲ အသက်ရှူချောင်တော့တယ်...."

"လေလေး နည်းနည်းတိုက်နေတယ်.... အနွေးထည်လေး ဝတ်ထားလိုက်ဦး...."

Jungkook ကအသင့်ယူလာတဲ့ အနွေးထည်ကို ဝတ်ပေးလေတယ်....။ အနားမှာ အရိပ်လိုရှိပေးပြီး အကုန်ဂရုစိုက်ပေးနေတဲ့ Jungkook ကြောင့်သာ Yoongi အခုချိန်ထိ တောင့်ခံနေနိုင်တာဖြစ်တယ်....။ Jungkook သာမရှိရင် Yoongi ဖြစ်လာသမျှ ဝေဒနာတွေကို အားတင်းထားနိုင်မယ် မထင်ပေ...။

အခုလည်း ဆေးရုံဝန်းထဲ လမ်းလျှောက်ထွက်ချင်တယ်ဆိုတော့ လိုလိုမယ်မယ်ဆိုပြီး Yoongi ရဲ့အနွေးထည်ယူပြီး အနောက်ကလိုက်လာပေးခဲ့တာလေ....။ ဆေးရုံဝန်းထဲက သစ်ပင်စိမ်းစိမ်းစိုစိုလေးတွေ ပန်းလေးတွေကို ကြည့်ပြီး Yoongi ရဲ့စိတ်တွေ အေးချမ်းသွားရတယ်....။

"Omma ဒီ ပန်းလေးလှတယ်နော်.... သမီး လိုချင်တယ်....."

"ဒီပန်းတွေက ခူးလိုမရဘူးလေ သမီးလေးရယ်..... Omma မနက်ဖြန်ကျမှ ဝယ်လာပေးမယ် ဟုတ်ပြီလား....."

"ဟုတ်ကဲ့ Omma....."

Yoongi ပန်းလေးတွေကိုကြည့်နေတုန်းမှာပဲ သူ့အနားက သားအမိနှစ်ယောက်ရဲ့ စကားပြောသံကြောင့် ကြည့်လိုက်မိတယ်....။ ဆေးရုံဝတ်စုံကိုဝတ်ထားတဲ့ ကလေးလေးဟာ သမီးလေးနဲ့ မတိမ်းမယိမ်းသာရှိလေတယ်....။ ဆံပင်နှစ်ဖက်ခွဲစည်းထားတဲ့ ထိုကလေးမလေးကြောင့် Yoongi သမီးလေးကို သတိရမိသွားတယ်....။

"Jungkook ငါ သမီးလေးကိုသွားတွေ့ချင်တယ်....."

Jungkook က လက်ကနာရီကို ကြည့်လိုက်ပြီးမှ Yoongi ကိုပြန်ကြည့်လာတယ်....။

"အင်း.... သွားကြမယ်လေ.... သမီးလေး ကျောင်းဆင်းချိန်နီးနေပြီဆိုတော့ ကျောင်းကိုလိုက်သွားကြတာပေါ့....."

အခန်းကိုပြန်ကာ အဝတ်အစားလဲလိုက်ပြီး သမီးလေးရဲ့ ကျောင်းကိုထွက်လာခဲ့လိုက်တယ်...။ သမီးလေးနဲ့ မတွေ့ရတာ ရက်တွေကြာနေပြီဖြစ်တာကြောင့် Yoongi တစ်လမ်းလုံး စိတ်လှုပ်ရှားနေမိတယ်.....။

ဆေးရုံတက်ကတည်းက သမီးလေးရဲ့ အသံလေး‌ကိုတောင် မကြားရတာကြောင့် Yoongi နေ့တိုင်း လွမ်းနေခဲ့ရတယ်....။

တစ်နေ့ တစ်နေ့ ဖုန်းထဲက သမီးရဲ့ ဓာတ်ပုံတွေကိုသာကြည့်ပြီး အလွမ်းသယ်ခဲ့ရတာလေ...။ မတွေ့ရတဲ့ရက်တွေအတွင်း သမီးလေး ဘာတွေများ ပြောင်းလဲသွားမလဲ....။ သမီးကိုတွေ့ရတော့မယ်ဆိုတဲ့ စိတ်ကြောင့် Yoongi စိတ်တွေတောင် လှုပ်ရှားနေမိတယ်....။

"ရောက်ပြီ Yoongi....."

သမီးလေး ဝလာသလား ပိန်သွားသလားဆိုပြီး တွေးနေတာနဲ့ ကျောင်းရှေ့ကိုရောက်လာတာတောင် သတိမထားမိလိုက်ပေ....။ ကံကောင်းလို့ ကျောင်းမဆင်းခင် အချိန်မှီလေး ရောက်လာခဲ့လေတယ်....။

ကျောင်းဆင်းတာနဲ့ ကျောင်းပေါက်ဝကို ပြေးထွက်လာတဲ့ ကလေးတွေကြားထဲ သမီးငယ်ကိုရှာလိုက်မိတယ်....။ ခဏကြာ‌တော့မှ ကလေးတွေကြားထဲကနေ အနွေးထည်အဝါရောင်လေးကိုဝတ်ထားတဲ့ သမီးလေးကို တွေ့လိုက်ရတယ်...။ သမီးကိုတွေ့လိုက်တာနဲ့ Yoongi ရဲ့ နှုတ်ခမ်းတွေ အလိုလိုပြုံးသွားမိတယ်....။

လွမ်းရတဲ့ သမီးရဲ့မျက်နှာလေးကို မျက်တောင်တောင် မခတ်နိုင်ပဲ တစ်ဝကြီး ငေးမောနေမိတယ်....။

"ကိုယ် သမီးကိုသွားခေါ်ပေးရမလား...."

"ဟင့်အင်း မခေါ်ပါနဲ့.... ငါ့ပုံကိုမြင်ရင် သမီးစိတ်ကောင်းဖြစ်သွားလိမ့်မယ်...."

စိတ်ရှိတဲ့အတိုင်းသာဆိုရင်တော့ ကားပေါ်ကနေပြေးဆင်းပြီး သမီးဆီသွားကာ ပွေ့ဖက်ထားချင်မိတယ်...။ မနမ်းရတာကြာပြီဖြစ်တဲ့ သမီးရဲ့ ပါးအိအိလေးတွေကိုလည်း တစ်ဝကြီး နမ်းရှိုက်လိုက်ချင်တယ်....။ သမီးသာ သူ့ကိုတွေ့ရင် သိပ်ပျော်သွားမှာသေချာလေတယ်...။

ဒါပေမယ့် သူ့ရဲ့အခုလက်ရှိပုံကို သမီးငယ် မြင်သွားမှာ Yoongi မလိုလားပေ...။ အရာရာသိတတ်တဲ့သမီးလေးက သူ့ကိုတွေ့တာနဲ့ နေမကောင်းဖြစ်နေတာကို သိသွားပြီး စိတ်မကောင်းမဖြစ်စေချင်ပေ....။

အဝေးကနေ သမီးကို ငေးကြည့်ရုံနဲ့တင် အလွမ်းတွေပြေပျောက်သွားရတယ်....။ ကျောင်းပေါက်ဝရောက်တော့ ဟိုကြည့် ဒီကြည့်လုပ်နေရင်း အဘွားဖြစ်သူကိုတွေ့တော့ သမီးလေးက ပြေးသွားလေတယ်....။

သမီးလေးကို အမေကျောင်းလာကြိုတာကြောင့် Yoongi အမေ့ကိုပါ တွေ့ခွင့်ရလိုက်တယ်....။ အဘွားကို တွေ့လိုက်လို့ ပျော်ပြီး ပြေးဖက်လိုက်တဲ့ သမီးရယ် မြေးဖြစ်သူကိုပွေ့ဖက်ရင်း ပြုံးနေတဲ့ အမေရယ်ကိုကြည့်ပြီး Yoongi မျက်ရည်တွေစီးကျလာရတယ်....။

သူ့ဘဝရဲ့ အရေးပါဆုံး လူသားနှစ်ဦး အခုလိုပျော်နေတာကြောင့် Yoongi ပျော်မိသလို ဝမ်းလည်းနည်းမိတယ်....။ နောင်တစ်ချိန် သူ မရှိတော့တဲ့အချိန်မှာလည်း အခုလိုပဲ ပျော်နေကြဖို့ မျှော်လင့်မိတယ်....။

တစ်ယောက်လက်ကို တစ်ယောက်ဆွဲကာ ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်သွားကြတဲ့ အမေတို့ မြေးအဘွားကိုကြည့်ရင်း မျက်ရည်တွေက ထိန်းမထားနိုင်တော့ပဲ ကျဆင်းလာရတယ်....။

သမီးနဲ့အမေကို ကြည့်ပြီး ငိုနေတဲ့ Yoongi ကို Jungkook ရင်ခွင်ထဲထည့်ကာ ပွေ့ဖက်ထားမိတယ်...။ မငိုပါနဲ့လို့လည်း မတားမြစ်ချင်တော့ပေ....။ အခုလိုအချိန်မှာ ထွေးပွေ့ပြီး နှစ်သိမ့်ပေးတာကသာ အကောင်းဆုံးနည်းလမ်း ဖြစ်ပေလိမ့်မယ်....။

ကိုယ်လေးတုန်ကာ တသိမ့်သိမ့်ရှိုက်ငိုနေတဲ့အထိ  ဘယ်လောက်တောင် ဝမ်းနည်း နာကျင်နေရှာမလဲ....။ ‌Jungkook ခေါင်းလေးကိုပွတ်ကာ နှစ်သိမ့်ပေးလိုက်တော့ ‌ဆံပင်တွေအထွေးလိုက် လက်ထဲပါလာခဲ့တာကြောင့် Jungkook လန့်သွားခဲ့ရတယ်....။

Yoongi မမြင်အောင်အမြန် ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်ပေမယ့် Jungkook ရဲ့နှလုံးသားကို ဓားနဲ့ထိုးစိုက်လိုက်သလား ထင်ရအောင် နာကျင်မိရလေတယ်...။ Yoongi အတွက် အကောင်းဆုံးကြိုးစားပေးနေမယ့်လည်း Yoongi နာကျင်ရတာမြင်တိုင်း သူ့ကိုယ်သူ အားမလိုအားမရဖြစ်ကာ စိတ်ဆိုးမိတယ်....။

လုပ်ပေးနိုင်သမျှ အားလုံးလုပ်ပေးနေပေမယ့်လည်း အခုချိန်ထိ ရိုးတွင်းခြင်ဆီအလှူရှင်ကို ရှာမတွေ့သေးတာကြောင့် Jungkook နေ့တိုင်း ရင်ပူနေရတယ်...။

အတန်ကြာငိုပြီးတော့မှ Jungkook ရင်ခွင်ထဲကနေ ထွက်လာတဲ့ Yoongi ရဲ့ မျက်ရည်တွေကို Jungkook အသာအယာသုတ်ပေးလိုက်တယ်....။ ငိုထားတဲ့အရှိန်ကြောင့် နီနေတဲ့ နှာခေါင်းလေးကို အသာဆွဲညှစ်တော့ မျက်စောင်းထိုးလာလေတယ်....။

"ကိုယ်တို့ အပြင်ရောက်တုန်းလေး.... တစ်နေရာကိုသွားမလား.....??"

"အင်း.... ဟန်မြစ်..... ဟန်မြစ်ကမ်းဆီသွားချင်တယ်.... အခုလို ညနေစောင်းဆို ဟန်မြစ်ကသိပ်လှတာ သွားကြည့်ချင်တယ်...."

"အိုကေ.... သွားကြစို့"

ချက်ချင်းပင် မျက်နှာမှာ အပြုံးလေးတစ်ခု ဖြစ်ထွန်းလာတာကြောင့် Jungkook စိတ်ချမ်းသာသွားရတယ်....။ ဒီအတိုင်းသာ ဆေးရုံပြန်သွားရင် Yoongi စိတ်တွေ ညှိုးနွမ်းနေဦးမယ်ဆိုတာ သေချာတာကြောင့် စိတ်ပြေလက်ပျောက်ဖြစ်အောင် သွားလည်ဖို့ပြောလိုက်တယ်....။

ဆေးရုံစတက်ကတည်းက ဆေးရုံခန်းထဲမှာပဲ မွန်းကြပ်ပိတ်လှောင်နေတာကြောင့် ခဏတာ စိတ်တွေပေါ့ပါးသွားစေချင်မိတယ်....။ အပြင်ကိုရောက်တော့ ဝေဒနာကိုလည်း ခဏလောက်ဖြစ်ဖြစ် မေ့သွားနိုင်မယ်လို့ Jungkook ထင်မိတယ်....။

ဟန်မြစ်ကိုရောက်တော့ နှစ်ယောက်သား မြစ်ကမ်းမှာ လမ်းလျှောက်ဖြစ်ကြတယ်....။ ညနေစောင်းဖြစ်တာကြောင့် လမ်းလျှောက်တဲ့သူ အားကစားလုပ်ကြသူတွေနဲ့ စည်ကားနေခဲ့တယ်....။

"ကိုယ်တို့နှစ်ယောက် ကျူရှင်လစ်ပြီး ဒီကို ခိုးလာတာမှတ်မိသေးလား....??"

"မှတ်မိတာပေါ့ အိမ်လည်းပြန်ရောက်ရော ငါတို့အမေတွေဆော်ရောလေ.... မင်းက မင်းအတင်းခေါ်သွားလို့ ငါကလိုက်ရတာဆိုပြီး ကာပြောပေးလို့ သက်သာသွားတာလေ....."

အတူမရောက်ဖြစ်တာကြာပြီဖြစ်တဲ့ ဟန်မြစ်ကိုရောက်တုန်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်ကြတယ်....။ လမ်းလျှောက်ရတာ မောလာတော့ ခုံတန်းလေးမှာ နှစ်ယောက်အတူ ထိုင်ဖြစ်တယ်...။

နေဝင်ခါနီး ဟန်မြစ်ရဲ့အလှကိုကြည့်ရင်း နှစ်ယောက်လုံး စိတ်တွေအေးချမ်းနေခဲ့တယ်...။ အခုအချိန်မှာတော့ အရာအားလုံးကိုမေ့ထားတာကြောင့် စိတ်တွေလည်း ပေါ့ပါးနေခဲ့တယ်...။

Jungkook ကတော့ ဘေးတစ်စောင်းမြင်ရတဲ့ Yoongi ရဲ့မျက်နှာလေးကို ငေးကြည့်နေခဲ့မိတယ်....။ ဒီလိုလေးပဲ အမြဲငေးကြည့်ခွင့်ရချင်မိတယ် ကိုယ့်အချစ်ရယ်....။ မျက်နှာလေးချောင်ကျသွားပေမယ့်လည်း အရင်လို ချောမောလှပနေတုန်းပါပဲ....။

လေတိုက်လို့ မျက်နှာပေါ် ဝဲကျလာတဲ့ ဆံပင်လေးကို သပ်တင်ပေးလိုက်တော့ သူ့ကိုလှည့်ကြည့်လာလေတယ်....။

"ငါ့ကို ဘာလို့ငေးကြည့်နေတာလဲ....??"

"လှလို့ပေါ့ကွ...."

"မိန်းကလေးတွေကမှ လှတာလို့သုံးတာပါဆို...."

"အင်းလေ... မင်းက မိန်းကလေးလိုလှတာပါလို့ ကိုယ်အရင်ကတည်းကပြောသားပဲ...."

မနိုင်ဘူးဆိုတဲ့ပုံနဲ့ မျက်စောင်းထိုးတော့ Jungkook နှလုံးသားထဲ ပန်းတွေပွင့်ကုန်သလားတောင် ထင်မှတ်ရတယ်....။  Yoongi က သူအမြဲတမ်း ပိုင်ဆိုင်ချင်ခဲ့တဲ့ အချစ်ရဆုံး အချစ်ဦးပါပဲ....။ ငေးကြည့်ရုံနဲ့တင် သူ့ စိတ်ကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ တစ်ဦးတည်းသော လူသားလေးပေါ့....။

"Jungkook.....!!!"

"ဟင်.... ပြောလေ "

"ငါတို့ငယ်ငယ်တုန်းက လာတိုင်း စားခဲ့ကြတဲ့ ရေခဲမုန့်ဆိုင် ရှိသေးလား မသိဘူးနော်...."

"စားချင်လို့လား....??"

"အင်း....."

မျက်ဝန်းလေးတွေ ပိတ်သည်အထိပြုံးကာ ခေါင်းညိမ့်ပြတာကြောင့် Jungkook ချက်ချင်းပင် ထရပ်လိုက်မိတယ်...."

"ခဏလေးစောင့်... ကိုယ်ချက်ချင်းသွားဝယ်လာခဲ့ပေးမယ်....."

စကားဆုံးသည်နှင့် ချက်ချင်းပင်ပြေးထွက်သွားတဲ့ Jungkook က ငယ်စဉ်တုန်းကလိုပါပဲ....။ သူ့အတွက်ဆိုရင် အရာအားလုံးဖြည့်စည်းပေးပြီး အလိုလိုက်ခဲ့တာလေ....။

Yoongi ကတော့ အချစ်ဆိုတာ ထုတ်ပြသင့်တဲ့အရာမဟုတ်ဘူးလို့ လက်ခံထားပေမယ့် Jungkook ကတော့ သူ့နှလုံးသားတစ်ခုလုံးကို Yoongi မြင်အောင်ဖွင့်ဟပြခဲ့တယ်....။ Yoongi မျက်နှာကိုလည်း အရိပ်တကြည့်ကြည့်နဲ့ ကြည့်ခဲ့သူပင်...။

ဟန်မြစ်ကို နှစ်ယောက်သားအတူ ခိုးလာကြတုန်းကလည်း ဒီလိုပါပဲ Yoongi စားချင်တယ်ဆိုတဲ့မုန့်တွေ အကုန်ဝယ်ကျွေးပြီး သူ့တစ်ပတ်စာမုန့်ဖိုးတွေကုန်ခဲ့တာလေ....။ ကျူရှင်လစ်ပြီးသွားတာ အိမ်ကသိသွားလို့ အဆူခံရချိန်မှာလည်း Yoongi အပြစ်လွတ်အောင် ပြောပေးခဲ့သေးတယ်....။

Jungkook က Yoongi ကိုဆိုရင် အမြဲတမ်းအနွံတာခံတာကြောင့် တစ်ခါတလေအနိုင်ကျင့်မိတယ်....။ Yoongi က လေသံမာမာနဲ့ပဲပြောပြော ရိုက်လိုက်ပုတ်လိုက် လုပ်လုပ် Jungkook က စိတ်မဆိုးခဲ့ဘူးလေ....။

Yoongi က လိုချင်တယ်လို့ မပြောမိလိုက်နဲ့ ထိုအရာကို မရရအောင် ဝယ်ပေးတတ်သေးတယ်...။ Jungkook က အရမ်းချစ်မှန်းသိတော့ Yoongi အနိုင်ယူခဲ့မိတာတွေလည်းများတယ်လေ....။

အကယ်၍သာ အတိတ်ကိုပြန်သွားခွင့်ရရင် Yoongi  သူမှားခဲ့တာတွေကို ပြန်ပြင်ချင်မိတယ်....။ သူဘယ်လောက်ချစ်လဲဆိုတာ Jungkook သိအောင် ဖွင့်ပြောချင်တယ်....။ ဒါဆို သူတို့နှစ်ယောက် ဝေးကြရတဲ့အဖြစ်မျိုး ဖြစ်လာမှာ မဟုတ်လောက်ဘူးလေ...။

အရင်ကတော့ ကိုယ်လုပ်ခဲ့သမျှအရာတွေကို နောင်တမရမိပေမယ့် အခုရက်ပိုင်း Jungkook သူ့ကို ဂရုစိုက်ပေးလေ Yoongi အတိတ်ကိုပြန်တွေးပြီး နောင်တရမိလေပါပဲ....။ Yoongi ကသာ အချစ်တွေထုတ်ပြခဲ့မိရင် Jungkook ကလည်းအရွဲ့တိုက်ပြီး Yura နဲ့တွဲဖြစ်ခဲ့မှာမဟုတ်လောက်ဘူးလေ....။

ဒါဆိုရင် သူတို့နှစ်ယောက်အတူ မိသားစုဘဝလေးကို တည်ဆောက်နိုင်မှာသေချာလေတယ်...။ ငယ်တုန်းကတော့ Jungkook ရဲ့အနွံတာခံတာတွေ ချစ်ပေးတာတွေထက် Yoongi ကိုအရွဲ့တိုက်တာကိုပဲ စိတ်နာခဲ့မိတယ်....။

အတိတ်‌ကအကြောင်းတွေကို တွေးနေတုန်းမှာပဲ Yoongi ရှိရာသို့ ရေခဲမုန့် ၂ ခုကိုင်ပြီး လျှောက်လာတဲ့ Jungkook ကိုလက်လှမ်းပြလိုက်မိတယ်...။ ထိုအခိုက်မှာပဲ Yoongi ရဲ့ ခေါင်းထဲမိုက်ခနဲဖြစ်ပြီး Jungkook ရဲ့ ပုံရိပ်ကလည်း တဖြည်းဖြည်းဝေဝါးလာခဲ့တယ်....။

"Yoongi...!!!"

Jungkook ရဲ့ အလန့်တကြား အော်ခေါ်သံကိုသာ ကြားလိုက်ရပြီး Yoongi အမှောင်ထုထဲကို ရောက်သွားခဲ့ရလေတယ်....။

ဟန်မြစ်ကိုရောက်တိုင်း သူတို့နှစ်ယောက် ဝယ်စားနေကြ ရေခဲမုန့်ဆိုင်လေးရှိလေတယ်....။ ထိုဆိုင်လေးကို Yoongi က သတိတရနဲ့စားချင်တယ်ဆိုတော့ Jungkook ဝမ်းသာမိသွားတယ်....။ ဒါဟာ Yoongi က သူတို့နှစ်ယောက်ရဲ့ အမှတ်တရတွေအားလုံးကို မှတ်မိနေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲမလား....။

မလာတာကြာပေမယ့်လည်း မှတ်မိနေသေးတဲ့ နေရာလေးကို လာခဲ့ပေမယ့် ဆိုင်မတွေ့တော့တာကြောင့် ရင်ပူသွားရတယ်....။ အနီးအနားက ဆိုင်တွေကိုမေးကြည့်တော့မှ ဆိုင်နေရာရွှေ့သွားတယ်ဆိုတာကြောင့် ‌အသစ်ဖွင့်ထားတဲ့ နေရာကိုလိုက်ရှာလိုက်ရတယ်....။

ဆိုင်တွေ့တော့ တန်းစီစောင့်နေတဲ့ ကလေးတွေကြားထဲကနေ လုဝယ်ခဲ့ရသေးတယ်....။ နို့နဲ့ချောကလက်တစ်ခုစီဝယ်ပြီး Yoongi ထိုင်နေတဲ့နေရာကို ခပ်သွက်သွက်ပြန်လာလိုက်တယ်....။

သူ့ကိုတွေ့တော့ ဝမ်းသာအားရ လက်လှမ်းပြတဲ့ Yoongi ကို ရေခဲမုန့်နှစ်ခုကို မြှောက်ပြလိုက်မိတယ်....။ ထိုအချိန်မှာပဲ သူ့ကိုလှမ်းကြည့်နေရင်းကနေ Yoongi ခုံပေါ်ကိုလဲကျသွားတာကိုတွေ့လိုက်ရတယ်....။

"Yoongi......!!!!"

Jungkook အလန့်တကြားနဲ့အော်ခေါ်မိပြီး ရေခဲမုန့်တွေကိုပစ်ချကာ Yoongi ရှိရာကို ပြေးသွားမိတယ်...။

"Yoongi..... Yoongi သတိထားပါဦး....."

ပါးကို လက်နှင့် အသာပုတ်ကြည့်ပေမယ့် ဘာတုန့်ပြန်မှုမှမရတာကြောင့် Jungkook ထူပူသွားမိတယ်....။ ချက်ချင်းပင် Yoongi ကိုပွေ့ချီပြီး ကားရပ်ထားတဲ့ နေရာဆီ ပြေးသွားလိုက်တယ်....။

Yoongi ကိုပွေ့ချီထားပြီး သွေးရူးသွေးတန်းနဲ့ ပြေးနေတဲ့သူ့ကို လူတွေဝိုင်းကြည့်နေကြပေမယ့်လည်း Jungkook အရေးမထားနိုင်ပေ....။ အခုချိန်မှာ သူ့အတွက်အရေးကြီးဆုံးက Yoongi သာဖြစ်လေတယ်....။

Yoongi ကိုကားထဲထည့်ကာ ခါးပတ်သေချာပတ်ပေးပြီးနောက် ဆေးရုံဆီသို့ ကားကိုမောင်းထွက်လာခဲ့လိုက်တယ်....။ လူတစ်ကိုယ်လုံး ထူပူပြီး စိတ်တွေလှုပ်ရှားနေပေမယ့် ကားကို အရှိန်မြှင့်ကာမောင်းလိုက်မိတယ်....။ ကားတွေ တစ်စီးပြီးတစ်စီး ကျော်တက်လိုက်ပြီး ဆေးရုံကိုအမြန်ရောက်အောင် မောင်းနေမိတယ်...။

ကားမောင်းရင်းနဲ့ Yoongi ကိုလည်း ခနခနလှည့်ကြည့်မိတယ်....။ ကျေးဇူးပြုပြီး ဘာမှမဖြစ်ပါနဲ့ Yoongi ရယ် အမြန်သတိရပေးပါတော့လို့ စိတ်ထဲက ဆုတောင်းရင်း ပါးနှစ်ဖက်ပေါ် မျက်ရည်တွေကလည်း စီးကျလာခဲ့ရတယ်....။

ဆေးရုံကို တန်းမပြန်လာပဲ အပြင်ကိုခေါ်သွားမိလို့ အခုလိုဖြစ်ရတာဆိုတဲ့ အတွေးနဲ့လည်း သူ့ကိုယ်သူလည်း ဒေါသထွက်နေမိတယ်...။

ဆေးရုံရောက်တော့လည်း ဘယ်သူ့ကိုမှမခေါ်တော့ပဲ Yoongi ကို သူကိုယ်တိုင်သာ ပွေ့ချီပြီး အခန်းထဲခေါ်လာခဲ့လိုက်တယ်....။ Yoongi ကိုကုပေးတဲ့ ဆရာဝန်နဲ့ သူနာပြုတွေရောက်လာပြီး စမ်းသပ်ကြ ဆေးပုလင်းချိတ်ကြနဲ့အလုပ်များနေချိန်မှာ Jungkook ကတော့ နှလုံးခုန်သံတွေမြန်နေခဲ့တယ်....။

ဆရာဝန်နဲ့သူနာပြုတွေလုပ်ကိုင်သမျှကိုကြည့်ရင်း သူ့စိတ်တွေလှုပ်ရှားနေခဲ့ရတယ်...။ ဘာလို့အခုထိ သတိပြန်မရသေးတာလဲ Yoongi ရယ်...။ ကိုယ့်နှလုံးသားတွေ ပေါက်ကွဲထွက်ကုန်တော့မယ်နဲ့တူပါရဲ့....။

"ဒေါက်တာ Yoongi ရဲ့အခြေအနေဘယ်လိုလဲဟင်...??"

သူ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်ပေမယ့် ဆရာဝန်က သူ့ကို တစ်ချက်သာကြည့်ပြီး ဘာမှပြန်မပြောပေ...။ Yoongi ကိုပြန်ကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်တာကြောင့် Jungkook ရဲ့ စိုးရိမ်မှုတွေဟာ ငယ်ထိပ်ထိတောင် ဆောင့်တက်သွားသလို ခံစားလိုက်ရလေတယ်.....။

"လူနာရဲ့ အခြေအနေက တော်တော်ဆိုးနေပြီ....
ဒီတစ်ပတ်အတွင်းမှ ရိုးတွင်းခြင်ဆီ အစားထိုးမှုမလုပ်ရင်.... သူ့အသက်ကို ကယ်နိုင်တော့မှာမဟုတ်ဘူး...."

ဆရာဝန်ရဲ့စကားကြောင့် Jungkook တစ်ကိုယ်လုံးမှာရှိတဲ့အားတွေဆုတ်ယုတ်သွားသလို ခံစားလိုက်ရတယ်.....။ ခြေထောက်တွေပါပျော့ခွေကျပြီး မတ်တပ်ရပ်ရန်အားပါမရှိတော့တာကြောင့် ဘေးကနံရံကိုလှမ်းကိုင်ပြီး ကိုယ့်ကိုကိုယ်ထိန်းထားလိုက်မိတယ်....။

"တစ်ပတ်ဆိုတဲ့အချိန်က မနည်းလွန်းဘူးလား ဒေါက်တာရယ်.... တခြားနည်းလမ်းမရှိတော့ဘူးလားဟင်.... ရိုးတွင်းခြင်ဆီလှူမယ့် အလှူရှင်မတွေ့ခင်အထိ Yoongi ရဲ့အသက်ကိုဆွဲဆန့်ထားနိုင်မယ့် နည်းလမ်းလေးများမရှိဘူးလား....??"

"အခု လူနာရှင် ဘယ်လိုခံစားနေရမလဲဆိုတာ ကျွန်တော် နားလည်ပါတယ်...."

"ကျေးဇူးပြုပြီး ကူညီပေးပါဦး ဒေါက်တာရယ်.... ဘယ်လိုနည်းလမ်းပဲသုံးရသုံးရ ဘယ်လောက်ပဲကုန်ကုန် ကျွန်တော်လုပ်ပါ့မယ်...."

"စိတ်မကောင်းပါဘူး..... ကျွန်တော် လုပ်ပေးနိုင်သလောက် အကောင်းဆုံးကြိုးစားကြည့်ခဲ့ပြီးပါပြီ.... ရိုးတွင်းခြင်ဆီ အစားထိုးတာလွဲပြီး တခြား ဘယ်ကုသနည်းကမှ ထိရောက်တော့မှာ မဟုတ်ပါဘူး..."

ဆရာဝန် ထွက်သွားသောအခါမှာတော့ Jungkook ကြမ်းပြင်ပေါ်ကို ထိုင်ကျသွားမိတယ်....။ တဆစ်ဆစ်နာလာတဲ့ ရင်ဘတ်ကို ထုရင်း Yoongi မကြားအောင် ငိုကြွေးနေမိတယ်....။

တစ်ပတ်တဲ့လား....?? တစ်ပတ်ဆိုတဲ့အချိန်အတွင်းမှာ အလှူရှင်ကိုသာရှာမတွေ့ရင် တကယ်ပဲ Yoongi ကိုဆုံးရှုံးရတော့မှာလား...?? ကုတင်ပေါ်မှာ ပိုက်တွေတန်းလန်းနဲ့ Yoongi ကိုကြည့်ပြီး Jungkook  အားယူကာ ထရပ်မိတယ်...။

ကုတင်ဘေးမှာသွားထိုင်ကာ Yoongi လက်လေးကို ဆုပ်ကိုင်ထားမိတယ်....။ ကိုယ်မင်းကိုမခွဲနိုင်ဘူး Yoongi ...။ ဘာကြောင့်များ ကံကြမ္မာက ကိုယ်တို့အပေါ် ဒီလောက်တောင်ရက်စက်ရတာလဲ....။ ရှင်ကွဲကွဲခဲ့ပြီးလို့ အခုမှပြန်ဆုံခွင့်ရတာကို သေကွဲကွဲရဦးမှာတဲ့လား....။

မင်းမရှိတော့ရင် ဆိုတဲ့အတွေးနဲ့တင် ကိုယ့်နှလုံးသားတွေ ကွဲကြေနေရပါပြီ ကျေးဇူးပြုပြီး ကိုယ့်ကို ထားမသွားပါနဲ့ Yoongi ရယ်...။ ဖျော့တော့နေတဲ့ ပါးပြင်လေးကို လက်နဲ့အသာအယာထိတွေ့ရင်း စိတ်ထဲကနေ စကားတွေပြောနေခဲ့မိတယ်....။

သူ Yoongi ကိုရအောင် ကယ်မယ်ဆိုတဲ့ စိတ်နဲ့ အားတင်းထားရတာလေ....။ Yoongi နေပြန်ကောင်းလာရင် သမီးလေးနဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးမယ်လို့ စိတ်ကူးပုံဖော်ရင်း ပျော်နေခဲ့ရတာ....။

ညစဉ်ညတိုင်းလည်း အလှူရှင် မြန်မြန်တွေ့ပါစေလို့ ဆုတောင်းပေမယ့် Jungkook ရဲ့ဆုတောင်းတွေက မပြည့်နိုင်တော့ဘူးလား....။ Yoongi ရဲ့လက်ကို သူ့ပါးနဲ့ ထိလိုက်တော့ မျက်ရည်စတွေက Yoongi ရဲ့လက်ပေါ်ကျဆင်းသွားခဲ့လေတယ်....။

အရင်တုန်းကလို ပျော်စရာကောင်းတဲ့ ဘဝမျိုး ပြန်ဖန်တီးခွင့် တကယ်ပဲမရနိုင်တော့ဘူးလား...။ အတိတ်က ပုံရိပ်တွေကို ပြန်မြင်ယောင်လာတော့ Jungkook မျက်ရည်တွေကိုသုတ်လိုက်မိတယ်...။

ဟုတ်တယ် အခုချိန်မှာ သူ အားလျော့နေလို့မဖြစ်ဘူးလေ....။ တစ်ပတ်ဆိုတဲ့ အချိန်အတွင်းမှာ လူအားရော ငွေအားရော အားလုံးသုံးပြီး အလှူရှင်ကို ရအောင်ရှာရမယ်....။

Yoongi ကို သူ့ဘဝထဲကနေ လုံးဝ ထွက်သွားခွင့်မပေးနိုင်ဘူး....။ Yoongi ကိုရအောင် ကယ်ပြီး သမီးလေးဆီကိုပြန်ခေါ်သွားမယ်....။ သူတို့ ၃ ယောက်အတူတူ ပျော်စရာကောင်းတဲ့မိသားစု ဘဝကိုဖန်တီးကြမယ်....။

ကိုယ် လုံးဝလက်မလျှော့ပါဘူး Yoongi...။ မင်းကိုကိုယ် ကယ်တင်မှာပါ...။ ကိုယ်နဲ့မင်းကို ဘယ်လိုအရာတွေကမှ မတားဆီးနိုင်ဘူးဆိုတာ ကိုယ် ယုံကြည်တယ်...။

လက်ဖမိုးစိုစွတ်သွားတာကြောင့် Jungkook ငိုနေတယ်ဆိုတာ Yoongi သိလိုက်တယ်....။ Jungkook ငိုနေတာကို Yoongi မလိုချင်ဘူးလေ...။

တကယ်တော့ ဆရာဝန်နဲ့ Jungkook စကားတွေပြောနေတဲ့အချိန်ကတည်းက Yoongi သတိရနေခဲ့တယ်...။ သူ့မှာ အချိန်တစ်ပတ်ပဲရှိတော့တယ်ဆိုတာ သိလိုက်တဲ့အချိန် သူ့အတွေးထဲမှာ ချစ်ရတဲ့သူတွေရဲ့ ပုံရိပ်တွေက တစ်ခုချင်းပေါ်လာလေတယ်....။

အမေနဲ့ သမီးလေးကိုရော Jungkook ကိုရော ခွဲခွာဖို့ Yoongi အဆင်သင့်မဖြစ်သေးဘူးလေ...။ သူမရှိတော့ဘူးဆိုတာ သမီးလေးသိရင် ဘယ်လောက်တောင် ငိုကြွေးနေရှာမလဲ....။

သူ ဘာအပြစ်တွေများ လုပ်ခဲ့မိလို့ အခုလို အဖြစ်မျိုးကြုံရတာလဲ....။ အားတင်းထားခဲ့တာလေ သူ ချစ်ရတဲ့သူတွေနဲ့ အတူပြန်နေနိုင်အောင်လို့ အခုတော့ အားလုံးပျက်စီးသွားပြီလား...။

တင်းထားတဲ့ စိတ်တွေအားလုံးလည်း လျော့ကျသွားခဲ့ရပြီလေ...။ အခုအချိန်မှာ စိတ်ရှိတိုင်း အော်ဟစ်ငိုကြွေးလိုက်ချင်ပေမယ့် Jungkook သိရင် စိတ်မကောင်းဖြစ်မှာစိုးလို့ မငိုနိုင်ခဲ့ပေ...။

Jungkook ကိုထားခဲ့မိတာအတွက် သူ ပြန်ပေးဆပ်ခွင့်မရှိတော့ဘူးလား...။ ဒီနေ့သမီးလေးကို သွားတွေ့ရတာကလည်း နောက်ဆုံးအကြိမ်များဖြစ်နေမလား....။

သူ့အတွက် အချိန် တစ်ပတ်ပဲရှိတော့မယ်ဆိုတာ ကြိုသိခဲ့ရင် သမီးလေးကို ပွေ့ဖက်ကာ အနမ်းတွေတစ်ဝကြီးပေးပြီး စကားတွေပြောချင်မိတယ်...။ သူမရှိတော့ရင်လည်း ပျော်ပျော်နေဖို့ သမီးလေးကိုမှာချင်သေးတယ်...။ အခုတော့ ဒီအခွင့်အရေးတွေတောင် မရနိုင်တော့ဘူးလား...။

သူ မသေချင်သေးဘူး...။ သူ ချစ်ရတဲ့သူတွေကို မထားခဲ့နိုင်သေးဘူး...။ နောက်ဆုံးအကြိမ်ပဲဖြစ်ဖြစ် ကံကြမ္မာက အခွင့်အရေးပေးရင် သိပ်ကောင်းမှာပဲ...။ ဒါဆိုရင် ရှေ့ဆက်မယ့် နေ့ရက်တွေကို ချစ်ရတဲ့ သူတွေအတွက်သာဖြည့်စည်းပေးရင်း အကောင်းဆုံးနေဖြစ်မှာ သေချာလေတယ်...။

To Be Continued..…..............






(Zawgyi)

ေဆး႐ုံခန္းထဲမွာပဲ ေနရတာၾကာေတာ့ လူက ၿငီးစီစီႀကီးျဖစ္လာရတယ္.....။ ဒါေၾကာင့္ အျပင္ကိုထြက္ကာ လမ္းေလွ်ာက္လိုက္ေတာ့မွ စိတ္လည္း အနည္းငယ္ ၾကည္သြားေလတယ္....။ လတ္ဆတ္တဲ့ အျပင္က ေလထုကလည္း သူ႔စိတ္ကို လန္းဆန္းသြားေစတယ္...။

"ေနလို႔ေကာင္းသြားၿပီလား....??"

"အင္း ေကာင္းသြားၿပီ.... အခုမွပဲ အသက္ရႉေခ်ာင္ေတာ့တယ္...."

"ေလေလး နည္းနည္းတိုက္ေနတယ္.... အေႏြးထည္ေလး ဝတ္ထားလိုက္ဦး...."

Jungkook ကအသင့္ယူလာတဲ့ အေႏြးထည္ကို ဝတ္ေပးေလတယ္....။ အနားမွာ အရိပ္လိုရွိေပးၿပီး အကုန္ဂ႐ုစိုက္ေပးေနတဲ့ Jungkook ေၾကာင့္သာ Yoongi အခုခ်ိန္ထိ ေတာင့္ခံေနႏိုင္တာျဖစ္တယ္....။ Jungkook သာမရွိရင္ Yoongi ျဖစ္လာသမွ် ေဝဒနာေတြကို အားတင္းထားႏိုင္မယ္ မထင္ေပ...။

အခုလည္း ေဆး႐ုံဝန္းထဲ လမ္းေလွ်ာက္ထြက္ခ်င္တယ္ဆိုေတာ့ လိုလိုမယ္မယ္ဆိုၿပီး Yoongi ရဲ႕အေႏြးထည္ယူၿပီး အေနာက္ကလိုက္လာေပးခဲ့တာေလ....။ ေဆး႐ုံဝန္းထဲက သစ္ပင္စိမ္းစိမ္းစိုစိုေလးေတြ ပန္းေလးေတြကို ၾကည့္ၿပီး Yoongi ရဲ႕စိတ္ေတြ ေအးခ်မ္းသြားရတယ္....။

"Omma ဒီ ပန္းေလးလွတယ္ေနာ္.... သမီး လိုခ်င္တယ္....."

"ဒီပန္းေတြက ခူးလိုမရဘူးေလ သမီးေလးရယ္..... Omma မနက္ျဖန္က်မွ ဝယ္လာေပးမယ္ ဟုတ္ၿပီလား....."

"ဟုတ္ကဲ့ Omma....."

Yoongi ပန္းေလးေတြကိုၾကည့္ေနတုန္းမွာပဲ သူ႔အနားက သားအမိႏွစ္ေယာက္ရဲ႕ စကားေျပာသံေၾကာင့္ ၾကည့္လိုက္မိတယ္....။ ေဆး႐ုံဝတ္စုံကိုဝတ္ထားတဲ့ ကေလးေလးဟာ သမီးေလးနဲ႔ မတိမ္းမယိမ္းသာရွိေလတယ္....။ ဆံပင္ႏွစ္ဖက္ခြဲစည္းထားတဲ့ ထိုကေလးမေလးေၾကာင့္ Yoongi သမီးေလးကို သတိရမိသြားတယ္....။

"Jungkook ငါ သမီးေလးကိုသြားေတြ႕ခ်င္တယ္....."

Jungkook က လက္ကနာရီကို ၾကည့္လိုက္ၿပီးမွ Yoongi ကိုျပန္ၾကည့္လာတယ္....။

"အင္း.... သြားၾကမယ္ေလ.... သမီးေလး ေက်ာင္းဆင္းခ်ိန္နီးေနၿပီဆိုေတာ့ ေက်ာင္းကိုလိုက္သြားၾကတာေပါ့....."

အခန္းကိုျပန္ကာ အဝတ္အစားလဲလိုက္ၿပီး သမီးေလးရဲ႕ ေက်ာင္းကိုထြက္လာခဲ့လိုက္တယ္...။ သမီးေလးနဲ႔ မေတြ႕ရတာ ရက္ေတြၾကာေနၿပီျဖစ္တာေၾကာင့္ Yoongi တစ္လမ္းလုံး စိတ္လႈပ္ရွားေနမိတယ္.....။

ေဆး႐ုံတက္ကတည္းက သမီးေလးရဲ႕ အသံေလး‌ကိုေတာင္ မၾကားရတာေၾကာင့္ Yoongi ေန႔တိုင္း လြမ္းေနခဲ့ရတယ္....။

တစ္ေန႔ တစ္ေန႔ ဖုန္းထဲက သမီးရဲ႕ ဓာတ္ပုံေတြကိုသာၾကည့္ၿပီး အလြမ္းသယ္ခဲ့ရတာေလ...။ မေတြ႕ရတဲ့ရက္ေတြအတြင္း သမီးေလး ဘာေတြမ်ား ေျပာင္းလဲသြားမလဲ....။ သမီးကိုေတြ႕ရေတာ့မယ္ဆိုတဲ့ စိတ္ေၾကာင့္ Yoongi စိတ္ေတြေတာင္ လႈပ္ရွားေနမိတယ္....။

"ေရာက္ၿပီ Yoongi....."

သမီးေလး ဝလာသလား ပိန္သြားသလားဆိုၿပီး ေတြးေနတာနဲ႔ ေက်ာင္းေရွ႕ကိုေရာက္လာတာေတာင္ သတိမထားမိလိုက္ေပ....။ ကံေကာင္းလို႔ ေက်ာင္းမဆင္းခင္ အခ်ိန္မွီေလး ေရာက္လာခဲ့ေလတယ္....။

ေက်ာင္းဆင္းတာနဲ႔ ေက်ာင္းေပါက္ဝကို ေျပးထြက္လာတဲ့ ကေလးေတြၾကားထဲ သမီးငယ္ကိုရွာလိုက္မိတယ္....။ ခဏၾကာ‌ေတာ့မွ ကေလးေတြၾကားထဲကေန အေႏြးထည္အဝါေရာင္ေလးကိုဝတ္ထားတဲ့ သမီးေလးကို ေတြ႕လိုက္ရတယ္...။ သမီးကိုေတြ႕လိုက္တာနဲ႔ Yoongi ရဲ႕ ႏႈတ္ခမ္းေတြ အလိုလိုၿပဳံးသြားမိတယ္....။

လြမ္းရတဲ့ သမီးရဲ႕မ်က္ႏွာေလးကို မ်က္ေတာင္ေတာင္ မခတ္ႏိုင္ပဲ တစ္ဝႀကီး ေငးေမာေနမိတယ္....။

"ကိုယ္ သမီးကိုသြားေခၚေပးရမလား...."

"ဟင့္အင္း မေခၚပါနဲ႔.... ငါ့ပုံကိုျမင္ရင္ သမီးစိတ္ေကာင္းျဖစ္သြားလိမ့္မယ္...."

စိတ္ရွိတဲ့အတိုင္းသာဆိုရင္ေတာ့ ကားေပၚကေနေျပးဆင္းၿပီး သမီးဆီသြားကာ ေပြ႕ဖက္ထားခ်င္မိတယ္...။ မနမ္းရတာၾကာၿပီျဖစ္တဲ့ သမီးရဲ႕ ပါးအိအိေလးေတြကိုလည္း တစ္ဝႀကီး နမ္းရႈိက္လိုက္ခ်င္တယ္....။ သမီးသာ သူ႔ကိုေတြ႕ရင္ သိပ္ေပ်ာ္သြားမွာေသခ်ာေလတယ္...။

ဒါေပမယ့္ သူ႔ရဲ႕အခုလက္ရွိပုံကို သမီးငယ္ ျမင္သြားမွာ Yoongi မလိုလားေပ...။ အရာရာသိတတ္တဲ့သမီးေလးက သူ႔ကိုေတြ႕တာနဲ႔ ေနမေကာင္းျဖစ္ေနတာကို သိသြားၿပီး စိတ္မေကာင္းမျဖစ္ေစခ်င္ေပ....။

အေဝးကေန သမီးကို ေငးၾကည့္႐ုံနဲ႔တင္ အလြမ္းေတြေျပေပ်ာက္သြားရတယ္....။ ေက်ာင္းေပါက္ဝေရာက္ေတာ့ ဟိုၾကည့္ ဒီၾကည့္လုပ္ေနရင္း အဘြားျဖစ္သူကိုေတြ႕ေတာ့ သမီးေလးက ေျပးသြားေလတယ္....။

သမီးေလးကို အေမေက်ာင္းလာႀကိဳတာေၾကာင့္ Yoongi အေမ့ကိုပါ ေတြ႕ခြင့္ရလိုက္တယ္....။ အဘြားကို ေတြ႕လိုက္လို႔ ေပ်ာ္ၿပီး ေျပးဖက္လိုက္တဲ့ သမီးရယ္ ေျမးျဖစ္သူကိုေပြ႕ဖက္ရင္း ၿပဳံးေနတဲ့ အေမရယ္ကိုၾကည့္ၿပီး Yoongi မ်က္ရည္ေတြစီးက်လာရတယ္....။

သူ႔ဘဝရဲ႕ အေရးပါဆုံး လူသားႏွစ္ဦး အခုလိုေပ်ာ္ေနတာေၾကာင့္ Yoongi ေပ်ာ္မိသလို ဝမ္းလည္းနည္းမိတယ္....။ ေနာင္တစ္ခ်ိန္ သူ မရွိေတာ့တဲ့အခ်ိန္မွာလည္း အခုလိုပဲ ေပ်ာ္ေနၾကဖို႔ ေမွ်ာ္လင့္မိတယ္....။

တစ္ေယာက္လက္ကို တစ္ေယာက္ဆြဲကာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ထြက္သြားၾကတဲ့ အေမတို႔ ေျမးအဘြားကိုၾကည့္ရင္း မ်က္ရည္ေတြက ထိန္းမထားႏိုင္ေတာ့ပဲ က်ဆင္းလာရတယ္....။

သမီးနဲ႔အေမကို ၾကည့္ၿပီး ငိုေနတဲ့ Yoongi ကို Jungkook ရင္ခြင္ထဲထည့္ကာ ေပြ႕ဖက္ထားမိတယ္...။ မငိုပါနဲ႔လို႔လည္း မတားျမစ္ခ်င္ေတာ့ေပ....။ အခုလိုအခ်ိန္မွာ ေထြးေပြ႕ၿပီး ႏွစ္သိမ့္ေပးတာကသာ အေကာင္းဆုံးနည္းလမ္း ျဖစ္ေပလိမ့္မယ္....။

ကိုယ္ေလးတုန္ကာ တသိမ့္သိမ့္ရႈိက္ငိုေနတဲ့အထိ  ဘယ္ေလာက္ေတာင္ ဝမ္းနည္း နာက်င္ေနရွာမလဲ....။ ‌Jungkook ေခါင္းေလးကိုပြတ္ကာ ႏွစ္သိမ့္ေပးလိုက္ေတာ့ ‌ဆံပင္ေတြအေထြးလိုက္ လက္ထဲပါလာခဲ့တာေၾကာင့္ Jungkook လန႔္သြားခဲ့ရတယ္....။

Yoongi မျမင္ေအာင္အျမန္ ေဘာင္းဘီအိတ္ထဲ ထိုးထည့္လိုက္ေပမယ့္ Jungkook ရဲ႕ႏွလုံးသားကို ဓားနဲ႔ထိုးစိုက္လိုက္သလား ထင္ရေအာင္ နာက်င္မိရေလတယ္...။ Yoongi အတြက္ အေကာင္းဆုံးႀကိဳးစားေပးေနမယ့္လည္း Yoongi နာက်င္ရတာျမင္တိုင္း သူ႔ကိုယ္သူ အားမလိုအားမရျဖစ္ကာ စိတ္ဆိုးမိတယ္....။

လုပ္ေပးႏိုင္သမွ် အားလုံးလုပ္ေပးေနေပမယ့္လည္း အခုခ်ိန္ထိ ႐ိုးတြင္းျခင္ဆီအလႉရွင္ကို ရွာမေတြ႕ေသးတာေၾကာင့္ Jungkook ေန႔တိုင္း ရင္ပူေနရတယ္...။

အတန္ၾကာငိုၿပီးေတာ့မွ Jungkook ရင္ခြင္ထဲကေန ထြက္လာတဲ့ Yoongi ရဲ႕ မ်က္ရည္ေတြကို Jungkook အသာအယာသုတ္ေပးလိုက္တယ္....။ ငိုထားတဲ့အရွိန္ေၾကာင့္ နီေနတဲ့ ႏွာေခါင္းေလးကို အသာဆြဲညႇစ္ေတာ့ မ်က္ေစာင္းထိုးလာေလတယ္....။

"ကိုယ္တို႔ အျပင္ေရာက္တုန္းေလး.... တစ္ေနရာကိုသြားမလား.....??"

"အင္း.... ဟန္ျမစ္..... ဟန္ျမစ္ကမ္းဆီသြားခ်င္တယ္.... အခုလို ညေနေစာင္းဆို ဟန္ျမစ္ကသိပ္လွတာ သြားၾကည့္ခ်င္တယ္...."

"အိုေက.... သြားၾကစို႔"

ခ်က္ခ်င္းပင္ မ်က္ႏွာမွာ အၿပဳံးေလးတစ္ခု ျဖစ္ထြန္းလာတာေၾကာင့္ Jungkook စိတ္ခ်မ္းသာသြားရတယ္....။ ဒီအတိုင္းသာ ေဆး႐ုံျပန္သြားရင္ Yoongi စိတ္ေတြ ညႇိဳးႏြမ္းေနဦးမယ္ဆိုတာ ေသခ်ာတာေၾကာင့္ စိတ္ေျပလက္ေပ်ာက္ျဖစ္ေအာင္ သြားလည္ဖို႔ေျပာလိုက္တယ္....။

ေဆး႐ုံစတက္ကတည္းက ေဆး႐ုံခန္းထဲမွာပဲ မြန္းၾကပ္ပိတ္ေလွာင္ေနတာေၾကာင့္ ခဏတာ စိတ္ေတြေပါ့ပါးသြားေစခ်င္မိတယ္....။ အျပင္ကိုေရာက္ေတာ့ ေဝဒနာကိုလည္း ခဏေလာက္ျဖစ္ျဖစ္ ေမ့သြားႏိုင္မယ္လို႔ Jungkook ထင္မိတယ္....။

ဟန္ျမစ္ကိုေရာက္ေတာ့ ႏွစ္ေယာက္သား ျမစ္ကမ္းမွာ လမ္းေလွ်ာက္ျဖစ္ၾကတယ္....။ ညေနေစာင္းျဖစ္တာေၾကာင့္ လမ္းေလွ်ာက္တဲ့သူ အားကစားလုပ္ၾကသူေတြနဲ႔ စည္ကားေနခဲ့တယ္....။

"ကိုယ္တို႔ႏွစ္ေယာက္ က်ဴရွင္လစ္ၿပီး ဒီကို ခိုးလာတာမွတ္မိေသးလား....??"

"မွတ္မိတာေပါ့ အိမ္လည္းျပန္ေရာက္ေရာ ငါတို႔အေမေတြေဆာ္ေရာေလ.... မင္းက မင္းအတင္းေခၚသြားလို႔ ငါကလိုက္ရတာဆိုၿပီး ကာေျပာေပးလို႔ သက္သာသြားတာေလ....."

အတူမေရာက္ျဖစ္တာၾကာၿပီျဖစ္တဲ့ ဟန္ျမစ္ကိုေရာက္တုန္း ေရွးေဟာင္းေႏွာင္းျဖစ္ေတြ ေျပာျဖစ္ၾကတယ္....။ လမ္းေလွ်ာက္ရတာ ေမာလာေတာ့ ခုံတန္းေလးမွာ ႏွစ္ေယာက္အတူ ထိုင္ျဖစ္တယ္...။

ေနဝင္ခါနီး ဟန္ျမစ္ရဲ႕အလွကိုၾကည့္ရင္း ႏွစ္ေယာက္လုံး စိတ္ေတြေအးခ်မ္းေနခဲ့တယ္...။ အခုအခ်ိန္မွာေတာ့ အရာအားလုံးကိုေမ့ထားတာေၾကာင့္ စိတ္ေတြလည္း ေပါ့ပါးေနခဲ့တယ္...။

Jungkook ကေတာ့ ေဘးတစ္ေစာင္းျမင္ရတဲ့ Yoongi ရဲ႕မ်က္ႏွာေလးကို ေငးၾကည့္ေနခဲ့မိတယ္....။ ဒီလိုေလးပဲ အၿမဲေငးၾကည့္ခြင့္ရခ်င္မိတယ္ ကိုယ့္အခ်စ္ရယ္....။ မ်က္ႏွာေလးေခ်ာင္က်သြားေပမယ့္လည္း အရင္လို ေခ်ာေမာလွပေနတုန္းပါပဲ....။

ေလတိုက္လို႔ မ်က္ႏွာေပၚ ဝဲက်လာတဲ့ ဆံပင္ေလးကို သပ္တင္ေပးလိုက္ေတာ့ သူ႔ကိုလွည့္ၾကည့္လာေလတယ္....။

"ငါ့ကို ဘာလို႔ေငးၾကည့္ေနတာလဲ....??"

"လွလို႔ေပါ့ကြ...."

"မိန္းကေလးေတြကမွ လွတာလို႔သုံးတာပါဆို...."

"အင္းေလ... မင္းက မိန္းကေလးလိုလွတာပါလို႔ ကိုယ္အရင္ကတည္းကေျပာသားပဲ...."

မႏိုင္ဘူးဆိုတဲ့ပုံနဲ႔ မ်က္ေစာင္းထိုးေတာ့ Jungkook ႏွလုံးသားထဲ ပန္းေတြပြင့္ကုန္သလားေတာင္ ထင္မွတ္ရတယ္....။  Yoongi က သူအၿမဲတမ္း ပိုင္ဆိုင္ခ်င္ခဲ့တဲ့ အခ်စ္ရဆုံး အခ်စ္ဦးပါပဲ....။ ေငးၾကည့္႐ုံနဲ႔တင္ သူ႔ စိတ္ကိုေပ်ာ္႐ႊင္ေအာင္လုပ္ေပးႏိုင္တဲ့ တစ္ဦးတည္းေသာ လူသားေလးေပါ့....။

"Jungkook.....!!!"

"ဟင္.... ေျပာေလ "

"ငါတို႔ငယ္ငယ္တုန္းက လာတိုင္း စားခဲ့ၾကတဲ့ ေရခဲမုန႔္ဆိုင္ ရွိေသးလား မသိဘူးေနာ္...."

"စားခ်င္လို႔လား....??"

"အင္း....."

မ်က္ဝန္းေလးေတြ ပိတ္သည္အထိၿပဳံးကာ ေခါင္းညိမ့္ျပတာေၾကာင့္ Jungkook ခ်က္ခ်င္းပင္ ထရပ္လိုက္မိတယ္...."

"ခဏေလးေစာင့္... ကိုယ္ခ်က္ခ်င္းသြားဝယ္လာခဲ့ေပးမယ္....."

စကားဆုံးသည္ႏွင့္ ခ်က္ခ်င္းပင္ေျပးထြက္သြားတဲ့ Jungkook က ငယ္စဥ္တုန္းကလိုပါပဲ....။ သူ႔အတြက္ဆိုရင္ အရာအားလုံးျဖည့္စည္းေပးၿပီး အလိုလိုက္ခဲ့တာေလ....။

Yoongi ကေတာ့ အခ်စ္ဆိုတာ ထုတ္ျပသင့္တဲ့အရာမဟုတ္ဘူးလို႔ လက္ခံထားေပမယ့္ Jungkook ကေတာ့ သူ႔ႏွလုံးသားတစ္ခုလုံးကို Yoongi ျမင္ေအာင္ဖြင့္ဟျပခဲ့တယ္....။ Yoongi မ်က္ႏွာကိုလည္း အရိပ္တၾကည့္ၾကည့္နဲ႔ ၾကည့္ခဲ့သူပင္...။

ဟန္ျမစ္ကို ႏွစ္ေယာက္သားအတူ ခိုးလာၾကတုန္းကလည္း ဒီလိုပါပဲ Yoongi စားခ်င္တယ္ဆိုတဲ့မုန႔္ေတြ အကုန္ဝယ္ေကြၽးၿပီး သူ႔တစ္ပတ္စာမုန႔္ဖိုးေတြကုန္ခဲ့တာေလ....။ က်ဴရွင္လစ္ၿပီးသြားတာ အိမ္ကသိသြားလို႔ အဆူခံရခ်ိန္မွာလည္း Yoongi အျပစ္လြတ္ေအာင္ ေျပာေပးခဲ့ေသးတယ္....။

Jungkook က Yoongi ကိုဆိုရင္ အၿမဲတမ္းအႏြံတာခံတာေၾကာင့္ တစ္ခါတေလအႏိုင္က်င့္မိတယ္....။ Yoongi က ေလသံမာမာနဲ႔ပဲေျပာေျပာ ႐ိုက္လိုက္ပုတ္လိုက္ လုပ္လုပ္ Jungkook က စိတ္မဆိုးခဲ့ဘူးေလ....။

Yoongi က လိုခ်င္တယ္လို႔ မေျပာမိလိုက္နဲ႔ ထိုအရာကို မရရေအာင္ ဝယ္ေပးတတ္ေသးတယ္...။ Jungkook က အရမ္းခ်စ္မွန္းသိေတာ့ Yoongi အႏိုင္ယူခဲ့မိတာေတြလည္းမ်ားတယ္ေလ....။

အကယ္၍သာ အတိတ္ကိုျပန္သြားခြင့္ရရင္ Yoongi  သူမွားခဲ့တာေတြကို ျပန္ျပင္ခ်င္မိတယ္....။ သူဘယ္ေလာက္ခ်စ္လဲဆိုတာ Jungkook သိေအာင္ ဖြင့္ေျပာခ်င္တယ္....။ ဒါဆို သူတို႔ႏွစ္ေယာက္ ေဝးၾကရတဲ့အျဖစ္မ်ိဳး ျဖစ္လာမွာ မဟုတ္ေလာက္ဘူးေလ...။

အရင္ကေတာ့ ကိုယ္လုပ္ခဲ့သမွ်အရာေတြကို ေနာင္တမရမိေပမယ့္ အခုရက္ပိုင္း Jungkook သူ႔ကို ဂ႐ုစိုက္ေပးေလ Yoongi အတိတ္ကိုျပန္ေတြးၿပီး ေနာင္တရမိေလပါပဲ....။ Yoongi ကသာ အခ်စ္ေတြထုတ္ျပခဲ့မိရင္ Jungkook ကလည္းအ႐ြဲ႕တိုက္ၿပီး Yura နဲ႔တြဲျဖစ္ခဲ့မွာမဟုတ္ေလာက္ဘူးေလ....။

ဒါဆိုရင္ သူတို႔ႏွစ္ေယာက္အတူ မိသားစုဘဝေလးကို တည္ေဆာက္ႏိုင္မွာေသခ်ာေလတယ္...။ ငယ္တုန္းကေတာ့ Jungkook ရဲ႕အႏြံတာခံတာေတြ ခ်စ္ေပးတာေတြထက္ Yoongi ကိုအ႐ြဲ႕တိုက္တာကိုပဲ စိတ္နာခဲ့မိတယ္....။

အတိတ္‌ကအေၾကာင္းေတြကို ေတြးေနတုန္းမွာပဲ Yoongi ရွိရာသို႔ ေရခဲမုန႔္ ၂ ခုကိုင္ၿပီး ေလွ်ာက္လာတဲ့ Jungkook ကိုလက္လွမ္းျပလိုက္မိတယ္...။ ထိုအခိုက္မွာပဲ Yoongi ရဲ႕ ေခါင္းထဲမိုက္ခနဲျဖစ္ၿပီး Jungkook ရဲ႕ ပုံရိပ္ကလည္း တျဖည္းျဖည္းေဝဝါးလာခဲ့တယ္....။

"Yoongi...!!!"

Jungkook ရဲ႕ အလန႔္တၾကား ေအာ္ေခၚသံကိုသာ ၾကားလိုက္ရၿပီး Yoongi အေမွာင္ထုထဲကို ေရာက္သြားခဲ့ရေလတယ္....။

ဟန္ျမစ္ကိုေရာက္တိုင္း သူတို႔ႏွစ္ေယာက္ ဝယ္စားေနၾက ေရခဲမုန႔္ဆိုင္ေလးရွိေလတယ္....။ ထိုဆိုင္ေလးကို Yoongi က သတိတရနဲ႔စားခ်င္တယ္ဆိုေတာ့ Jungkook ဝမ္းသာမိသြားတယ္....။ ဒါဟာ Yoongi က သူတို႔ႏွစ္ေယာက္ရဲ႕ အမွတ္တရေတြအားလုံးကို မွတ္မိေနေသးတယ္ဆိုတဲ့ အဓိပၸာယ္ပဲမလား....။

မလာတာၾကာေပမယ့္လည္း မွတ္မိေနေသးတဲ့ ေနရာေလးကို လာခဲ့ေပမယ့္ ဆိုင္မေတြ႕ေတာ့တာေၾကာင့္ ရင္ပူသြားရတယ္....။ အနီးအနားက ဆိုင္ေတြကိုေမးၾကည့္ေတာ့မွ ဆိုင္ေနရာေ႐ႊ႕သြားတယ္ဆိုတာေၾကာင့္ ‌အသစ္ဖြင့္ထားတဲ့ ေနရာကိုလိုက္ရွာလိုက္ရတယ္....။

ဆိုင္ေတြ႕ေတာ့ တန္းစီေစာင့္ေနတဲ့ ကေလးေတြၾကားထဲကေန လုဝယ္ခဲ့ရေသးတယ္....။ ႏို႔နဲ႔ေခ်ာကလက္တစ္ခုစီဝယ္ၿပီး Yoongi ထိုင္ေနတဲ့ေနရာကို ခပ္သြက္သြက္ျပန္လာလိုက္တယ္....။

သူ႔ကိုေတြ႕ေတာ့ ဝမ္းသာအားရ လက္လွမ္းျပတဲ့ Yoongi ကို ေရခဲမုန႔္ႏွစ္ခုကို ေျမႇာက္ျပလိုက္မိတယ္....။ ထိုအခ်ိန္မွာပဲ သူ႔ကိုလွမ္းၾကည့္ေနရင္းကေန Yoongi ခုံေပၚကိုလဲက်သြားတာကိုေတြ႕လိုက္ရတယ္....။

"Yoongi......!!!!"

Jungkook အလန႔္တၾကားနဲ႔ေအာ္ေခၚမိၿပီး ေရခဲမုန႔္ေတြကိုပစ္ခ်ကာ Yoongi ရွိရာကို ေျပးသြားမိတယ္...။

"Yoongi..... Yoongi သတိထားပါဦး....."

ပါးကို လက္ႏွင့္ အသာပုတ္ၾကည့္ေပမယ့္ ဘာတုန႔္ျပန္မႈမွမရတာေၾကာင့္ Jungkook ထူပူသြားမိတယ္....။ ခ်က္ခ်င္းပင္ Yoongi ကိုေပြ႕ခ်ီၿပီး ကားရပ္ထားတဲ့ ေနရာဆီ ေျပးသြားလိုက္တယ္....။

Yoongi ကိုေပြ႕ခ်ီထားၿပီး ေသြး႐ူးေသြးတန္းနဲ႔ ေျပးေနတဲ့သူ႔ကို လူေတြဝိုင္းၾကည့္ေနၾကေပမယ့္လည္း Jungkook အေရးမထားႏိုင္ေပ....။ အခုခ်ိန္မွာ သူ႔အတြက္အေရးႀကီးဆုံးက Yoongi သာျဖစ္ေလတယ္....။

Yoongi ကိုကားထဲထည့္ကာ ခါးပတ္ေသခ်ာပတ္ေပးၿပီးေနာက္ ေဆး႐ုံဆီသို႔ ကားကိုေမာင္းထြက္လာခဲ့လိုက္တယ္....။ လူတစ္ကိုယ္လုံး ထူပူၿပီး စိတ္ေတြလႈပ္ရွားေနေပမယ့္ ကားကို အရွိန္ျမႇင့္ကာေမာင္းလိုက္မိတယ္....။ ကားေတြ တစ္စီးၿပီးတစ္စီး ေက်ာ္တက္လိုက္ၿပီး ေဆး႐ုံကိုအျမန္ေရာက္ေအာင္ ေမာင္းေနမိတယ္...။

ကားေမာင္းရင္းနဲ႔ Yoongi ကိုလည္း ခနခနလွည့္ၾကည့္မိတယ္....။ ေက်းဇူးျပဳၿပီး ဘာမွမျဖစ္ပါနဲ႔ Yoongi ရယ္ အျမန္သတိရေပးပါေတာ့လို႔ စိတ္ထဲက ဆုေတာင္းရင္း ပါးႏွစ္ဖက္ေပၚ မ်က္ရည္ေတြကလည္း စီးက်လာခဲ့ရတယ္....။

ေဆး႐ုံကို တန္းမျပန္လာပဲ အျပင္ကိုေခၚသြားမိလို႔ အခုလိုျဖစ္ရတာဆိုတဲ့ အေတြးနဲ႔လည္း သူ႔ကိုယ္သူလည္း ေဒါသထြက္ေနမိတယ္...။

ေဆး႐ုံေရာက္ေတာ့လည္း ဘယ္သူ႔ကိုမွမေခၚေတာ့ပဲ Yoongi ကို သူကိုယ္တိုင္သာ ေပြ႕ခ်ီၿပီး အခန္းထဲေခၚလာခဲ့လိုက္တယ္....။ Yoongi ကိုကုေပးတဲ့ ဆရာဝန္နဲ႔ သူနာျပဳေတြေရာက္လာၿပီး စမ္းသပ္ၾက ေဆးပုလင္းခ်ိတ္ၾကနဲ႔အလုပ္မ်ားေနခ်ိန္မွာ Jungkook ကေတာ့ ႏွလုံးခုန္သံေတြျမန္ေနခဲ့တယ္....။

ဆရာဝန္နဲ႔သူနာျပဳေတြလုပ္ကိုင္သမွ်ကိုၾကည့္ရင္း သူ႔စိတ္ေတြလႈပ္ရွားေနခဲ့ရတယ္...။ ဘာလို႔အခုထိ သတိျပန္မရေသးတာလဲ Yoongi ရယ္...။ ကိုယ့္ႏွလုံးသားေတြ ေပါက္ကြဲထြက္ကုန္ေတာ့မယ္နဲ႔တူပါရဲ႕....။

"ေဒါက္တာ Yoongi ရဲ႕အေျခအေနဘယ္လိုလဲဟင္...??"

သူ စိတ္လႈပ္ရွားစြာျဖင့္ ေမးလိုက္ေပမယ့္ ဆရာဝန္က သူ႔ကို တစ္ခ်က္သာၾကည့္ၿပီး ဘာမွျပန္မေျပာေပ...။ Yoongi ကိုျပန္ၾကည့္ၿပီး သက္ျပင္းတစ္ခ်က္ခ်လိုက္တာေၾကာင့္ Jungkook ရဲ႕ စိုးရိမ္မႈေတြဟာ ငယ္ထိပ္ထိေတာင္ ေဆာင့္တက္သြားသလို ခံစားလိုက္ရေလတယ္.....။

"လူနာရဲ႕ အေျခအေနက ေတာ္ေတာ္ဆိုးေနၿပီ....
ဒီတစ္ပတ္အတြင္းမွ ႐ိုးတြင္းျခင္ဆီ အစားထိုးမႈမလုပ္ရင္.... သူ႔အသက္ကို ကယ္ႏိုင္ေတာ့မွာမဟုတ္ဘူး...."

ဆရာဝန္ရဲ႕စကားေၾကာင့္ Jungkook တစ္ကိုယ္လုံးမွာရွိတဲ့အားေတြဆုတ္ယုတ္သြားသလို ခံစားလိုက္ရတယ္.....။ ေျခေထာက္ေတြပါေပ်ာ့ေခြက်ၿပီး မတ္တပ္ရပ္ရန္အားပါမရွိေတာ့တာေၾကာင့္ ေဘးကနံရံကိုလွမ္းကိုင္ၿပီး ကိုယ့္ကိုကိုယ္ထိန္းထားလိုက္မိတယ္....။

"တစ္ပတ္ဆိုတဲ့အခ်ိန္က မနည္းလြန္းဘူးလား ေဒါက္တာရယ္.... တျခားနည္းလမ္းမရွိေတာ့ဘူးလားဟင္.... ႐ိုးတြင္းျခင္ဆီလႉမယ့္ အလႉရွင္မေတြ႕ခင္အထိ Yoongi ရဲ႕အသက္ကိုဆြဲဆန႔္ထားႏိုင္မယ့္ နည္းလမ္းေလးမ်ားမရွိဘူးလား....??"

"အခု လူနာရွင္ ဘယ္လိုခံစားေနရမလဲဆိုတာ ကြၽန္ေတာ္ နားလည္ပါတယ္...."

"ေက်းဇူးျပဳၿပီး ကူညီေပးပါဦး ေဒါက္တာရယ္.... ဘယ္လိုနည္းလမ္းပဲသုံးရသုံးရ ဘယ္ေလာက္ပဲကုန္ကုန္ ကြၽန္ေတာ္လုပ္ပါ့မယ္...."

"စိတ္မေကာင္းပါဘူး..... ကြၽန္ေတာ္ လုပ္ေပးႏိုင္သေလာက္ အေကာင္းဆုံးႀကိဳးစားၾကည့္ခဲ့ၿပီးပါၿပီ.... ႐ိုးတြင္းျခင္ဆီ အစားထိုးတာလြဲၿပီး တျခား ဘယ္ကုသနည္းကမွ ထိေရာက္ေတာ့မွာ မဟုတ္ပါဘူး..."

ဆရာဝန္ ထြက္သြားေသာအခါမွာေတာ့ Jungkook ၾကမ္းျပင္ေပၚကို ထိုင္က်သြားမိတယ္....။ တဆစ္ဆစ္နာလာတဲ့ ရင္ဘတ္ကို ထုရင္း Yoongi မၾကားေအာင္ ငိုေႂကြးေနမိတယ္....။

တစ္ပတ္တဲ့လား....?? တစ္ပတ္ဆိုတဲ့အခ်ိန္အတြင္းမွာ အလႉရွင္ကိုသာရွာမေတြ႕ရင္ တကယ္ပဲ Yoongi ကိုဆုံးရႈံးရေတာ့မွာလား...?? ကုတင္ေပၚမွာ ပိုက္ေတြတန္းလန္းနဲ႔ Yoongi ကိုၾကည့္ၿပီး Jungkook  အားယူကာ ထရပ္မိတယ္...။

ကုတင္ေဘးမွာသြားထိုင္ကာ Yoongi လက္ေလးကို ဆုပ္ကိုင္ထားမိတယ္....။ ကိုယ္မင္းကိုမခြဲႏိုင္ဘူး Yoongi ...။ ဘာေၾကာင့္မ်ား ကံၾကမၼာက ကိုယ္တို႔အေပၚ ဒီေလာက္ေတာင္ရက္စက္ရတာလဲ....။ ရွင္ကြဲကြဲခဲ့ၿပီးလို႔ အခုမွျပန္ဆုံခြင့္ရတာကို ေသကြဲကြဲရဦးမွာတဲ့လား....။

မင္းမရွိေတာ့ရင္ ဆိုတဲ့အေတြးနဲ႔တင္ ကိုယ့္ႏွလုံးသားေတြ ကြဲေၾကေနရပါၿပီ ေက်းဇူးျပဳၿပီး ကိုယ့္ကို ထားမသြားပါနဲ႔ Yoongi ရယ္...။ ေဖ်ာ့ေတာ့ေနတဲ့ ပါးျပင္ေလးကို လက္နဲ႔အသာအယာထိေတြ႕ရင္း စိတ္ထဲကေန စကားေတြေျပာေနခဲ့မိတယ္....။

သူ Yoongi ကိုရေအာင္ ကယ္မယ္ဆိုတဲ့ စိတ္နဲ႔ အားတင္းထားရတာေလ....။ Yoongi ေနျပန္ေကာင္းလာရင္ သမီးေလးနဲ႔အတူ ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝေလးကို ဖန္တီးမယ္လို႔ စိတ္ကူးပုံေဖာ္ရင္း ေပ်ာ္ေနခဲ့ရတာ....။

ညစဥ္ညတိုင္းလည္း အလႉရွင္ ျမန္ျမန္ေတြ႕ပါေစလို႔ ဆုေတာင္းေပမယ့္ Jungkook ရဲ႕ဆုေတာင္းေတြက မျပည့္ႏိုင္ေတာ့ဘူးလား....။ Yoongi ရဲ႕လက္ကို သူ႔ပါးနဲ႔ ထိလိုက္ေတာ့ မ်က္ရည္စေတြက Yoongi ရဲ႕လက္ေပၚက်ဆင္းသြားခဲ့ေလတယ္....။

အရင္တုန္းကလို ေပ်ာ္စရာေကာင္းတဲ့ ဘဝမ်ိဳး ျပန္ဖန္တီးခြင့္ တကယ္ပဲမရႏိုင္ေတာ့ဘူးလား...။ အတိတ္က ပုံရိပ္ေတြကို ျပန္ျမင္ေယာင္လာေတာ့ Jungkook မ်က္ရည္ေတြကိုသုတ္လိုက္မိတယ္...။

ဟုတ္တယ္ အခုခ်ိန္မွာ သူ အားေလ်ာ့ေနလို႔မျဖစ္ဘူးေလ....။ တစ္ပတ္ဆိုတဲ့ အခ်ိန္အတြင္းမွာ လူအားေရာ ေငြအားေရာ အားလုံးသုံးၿပီး အလႉရွင္ကို ရေအာင္ရွာရမယ္....။

Yoongi ကို သူ႔ဘဝထဲကေန လုံးဝ ထြက္သြားခြင့္မေပးႏိုင္ဘူး....။ Yoongi ကိုရေအာင္ ကယ္ၿပီး သမီးေလးဆီကိုျပန္ေခၚသြားမယ္....။ သူတို႔ ၃ ေယာက္အတူတူ ေပ်ာ္စရာေကာင္းတဲ့မိသားစု ဘဝကိုဖန္တီးၾကမယ္....။

ကိုယ္ လုံးဝလက္မေလွ်ာ့ပါဘူး Yoongi...။ မင္းကိုကိုယ္ ကယ္တင္မွာပါ...။ ကိုယ္နဲ႔မင္းကို ဘယ္လိုအရာေတြကမွ မတားဆီးႏိုင္ဘူးဆိုတာ ကိုယ္ ယုံၾကည္တယ္...။

လက္ဖမိုးစိုစြတ္သြားတာေၾကာင့္ Jungkook ငိုေနတယ္ဆိုတာ Yoongi သိလိုက္တယ္....။ Jungkook ငိုေနတာကို Yoongi မလိုခ်င္ဘူးေလ...။

တကယ္ေတာ့ ဆရာဝန္နဲ႔ Jungkook စကားေတြေျပာေနတဲ့အခ်ိန္ကတည္းက Yoongi သတိရေနခဲ့တယ္...။ သူ႔မွာ အခ်ိန္တစ္ပတ္ပဲရွိေတာ့တယ္ဆိုတာ သိလိုက္တဲ့အခ်ိန္ သူ႔အေတြးထဲမွာ ခ်စ္ရတဲ့သူေတြရဲ႕ ပုံရိပ္ေတြက တစ္ခုခ်င္းေပၚလာေလတယ္....။

အေမနဲ႔ သမီးေလးကိုေရာ Jungkook ကိုေရာ ခြဲခြာဖို႔ Yoongi အဆင္သင့္မျဖစ္ေသးဘူးေလ...။ သူမရွိေတာ့ဘူးဆိုတာ သမီးေလးသိရင္ ဘယ္ေလာက္ေတာင္ ငိုေႂကြးေနရွာမလဲ....။

သူ ဘာအျပစ္ေတြမ်ား လုပ္ခဲ့မိလို႔ အခုလို အျဖစ္မ်ိဳးႀကဳံရတာလဲ....။ အားတင္းထားခဲ့တာေလ သူ ခ်စ္ရတဲ့သူေတြနဲ႔ အတူျပန္ေနႏိုင္ေအာင္လို႔ အခုေတာ့ အားလုံးပ်က္စီးသြားၿပီလား...။

တင္းထားတဲ့ စိတ္ေတြအားလုံးလည္း ေလ်ာ့က်သြားခဲ့ရၿပီေလ...။ အခုအခ်ိန္မွာ စိတ္ရွိတိုင္း ေအာ္ဟစ္ငိုေႂကြးလိုက္ခ်င္ေပမယ့္ Jungkook သိရင္ စိတ္မေကာင္းျဖစ္မွာစိုးလို႔ မငိုႏိုင္ခဲ့ေပ...။

Jungkook ကိုထားခဲ့မိတာအတြက္ သူ ျပန္ေပးဆပ္ခြင့္မရွိေတာ့ဘူးလား...။ ဒီေန႔သမီးေလးကို သြားေတြ႕ရတာကလည္း ေနာက္ဆုံးအႀကိမ္မ်ားျဖစ္ေနမလား....။

သူ႔အတြက္ အခ်ိန္ တစ္ပတ္ပဲရွိေတာ့မယ္ဆိုတာ ႀကိဳသိခဲ့ရင္ သမီးေလးကို ေပြ႕ဖက္ကာ အနမ္းေတြတစ္ဝႀကီးေပးၿပီး စကားေတြေျပာခ်င္မိတယ္...။ သူမရွိေတာ့ရင္လည္း ေပ်ာ္ေပ်ာ္ေနဖို႔ သမီးေလးကိုမွာခ်င္ေသးတယ္...။ အခုေတာ့ ဒီအခြင့္အေရးေတြေတာင္ မရႏိုင္ေတာ့ဘူးလား...။

သူ မေသခ်င္ေသးဘူး...။ သူ ခ်စ္ရတဲ့သူေတြကို မထားခဲ့ႏိုင္ေသးဘူး...။ ေနာက္ဆုံးအႀကိမ္ပဲျဖစ္ျဖစ္ ကံၾကမၼာက အခြင့္အေရးေပးရင္ သိပ္ေကာင္းမွာပဲ...။ ဒါဆိုရင္ ေရွ႕ဆက္မယ့္ ေန႔ရက္ေတြကို ခ်စ္ရတဲ့ သူေတြအတြက္သာျဖည့္စည္းေပးရင္း အေကာင္းဆုံးေနျဖစ္မွာ ေသခ်ာေလတယ္...။

To Be Continued..…..............

Continue Reading

You'll Also Like

13K 2.9K 45
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
15.3K 1.5K 7
#Zawgyi #Unnicode Vmin short story
80.3K 10.8K 40
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
567K 35.2K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...