ၿမိဳ႕အုပ္ဝမ္ ႏွင့္ သူနာျပဳေရွာင္း
Part 21
----------
"အဟြတ္...အဟြတ္"
"ဟတ္ခ်ဳိး!!"
ဖ်ားနာတဲ့သူကေတာ့ၿမိဳ႕အုပ္ဝမ္ပါ ေရွာင္က်န္႔ကေတာ့ႏွာေလးေခ်႐ံုေလးတင္ကိုယ္လည္းမပူဘာမွမျဖစ္ဘူး
အဲ့တာကိုအိပ္ယာေပၚမွာလဲေနတဲ့ၿမိဳ႕အုပ္ဝမ္ကကုန္းထကာ ေရွာင္က်န္႔
မ်က္ႏွာေလးကိုကိုင္သည္။
"မင္းလည္းဖ်ားေနၿပီ"
"ရပါတယ္ က်န္႔က်န္႔ ကႏွာေလးတစ္ခါေခ်မိတာေလးကို"
"ကိုယ့္နားမလာခဲ့နဲ႔အဖ်ားကူးလိုက္မယ္ "
"ရပါတယ္ဆို က်န္႔က်န္႔ကဝမ္ကိုကိုနားမွာပဲေနခ်င္လို႔"
"သြားမရဘူး ကိုယ့္စီကေနအဖ်ားေတြကူးလိုက္မယ္"
ၿမိဳ႕အုပ္ဝမ္ကေျပာေနရင္းနဲ႔ပဲအိပ္ယာထဲျပန္လဲသြားတယ္ သူေတာ္ေတာ္
ေလးကိုေခါင္းေတြကိုက္ၿပီး ထေတာင္မထႏိုင္ပါ။
"ကိုယ္ေတြလည္းပူျခစ္ေနတာပဲ "
"သြား...ဆုိ"
"ဆရာလာၿပီ"
ဆရာဝန္လာေတာ့ေရွာင္က်န္႔ဖယ္ေပးလိုက္ေလတယ္ ဆရာဝန္ကေတာ့
သူ႕ဘာသာသူစစ္ေဆးေနတယ္ ေဆးေတြပါထိုးၿပီး ေသာက္ေဆးေတြကို
ေတာ့အိမ္ေတာ္ထိန္းႀကီးစီေပးလိုက္တယ္။
"က်န္႔က်န္႔ေလး သြား ဘဘရိွတယ္ သားကစာေမးပြဲေျဖေနရဦးမွာ သြား"
"ဒါေပမဲ့..."
"သြားပါ ဘဘရိွတယ္ ေဆးေတြလည္းဘဘပဲတိုက္ရမွာ"
"ဟုတ္ကဲ့"
ေရွာင္က်န္႔မွာမသြားခ်င္သြားခ်င္နဲ႔စာေမးပြဲသြားေျဖလိုက္ရသည္ အိမ္ေတာ္
ကိုလည္းျပန္ေရာက္ေတာ့ ၿမိဳ႕အုပ္ဝမ္ကေဆးရိွန္နဲ႔အိပ္ေပ်ာ္ေနေလၿပီ။
"က်န္႔က်န္႔ေလး ဒီအခန္းထဲမဝင္ရဘူးေလ သြား အဖ်ားကူးလိုက္မယ္"
"က်န္႔က်န္႔ ဝမ္ကိုကိုနားမွာပဲေနခ်င္တယ္ မသြားဘူး"
"ဆိုးလိုက္တာ က်န္႔က်န္႔ရယ္ "
"မရဘူး မရဘူး ဝမ္ကိုကိုနားမွာပဲေနမွာ "
"..."
အိမ္ေတာ္ထိန္းႀကီးလည္းေျပာလို႔မႏိုင္တာေၾကာင့္လႊတ္ထားလိုက္ေလၿပီ
ေရွာင္က်န္႔ကေတာ့ နဖူးေပၚကသပတ္ေလးယူလိုက္ ေရထဲစိမ္ၿပီးေရေလး
ညႇစ္ကာ ျပန္တင္ေပးလိုက္နဲ႔ အနားမွာပဲေတာက္ေလွ်ာက္ေနသည္။
"ဝမ္ကိုကို အဖ်ားေပ်ာက္ေတာ့ေနာ္"
ေရွာင္က်န္႔ကၿမိဳ႕အုပ္ဝမ္ရဲ႕နဖူးကိုသူ႕နဖူးေလးနဲ႔ကပ္ကာ ခပ္တိုးတိုးေလး
ေျပာဆိုလိုက္ျခင္းပင္ ၿမိဳ႕အုပ္ဝမ္ကေတာ့မႏိုးေသးဘူး ႏူတ္ခမ္းေလးက
လည္းခပ္ေဖ်ာ့ေဖ်ာ့ျဖစ္ေနေလတယ္။
"က်န္႔က်န္႔ နမ္းရင္ အဖ်ားေပ်ာက္မွာပါေနာ္ မားမားကိုလည္းနမ္းဖူးလို႔"
ေရွာင္က်န္႔ကၿမိဳ႕အုပ္ဝမ္ရဲ႕ႏူတ္ခမ္းေလးကိုႏူးႏူးညံ့ညံ့နဲ႔နမ္းတယ္ အဲ့လိုလုပ္လို႔လားမသိဘူး ၿမိဳ႕အုပ္ဝမ္ႏိုးလာေလတယ္ သူကိုယ္ေပၚမွာ
ေမွာက္ၿပီး ႏူတ္ခမ္းကိုခိုးနမ္းေနတဲ့အေကာင္ေပါက္ေလးကို ျပန္လည္တံု႔ျပန္
လိုက္ေတာ့ သူကခ်က္ခ်င္းကုန္းထသြားတယ္။
"ဝမ္ကိုကို ႏိုးၿပီလား "
"အင္း"
"ေခါင္းကိုက္ေသးလားဟင္"
"သိပ္မကိုက္ေတာ့ပါဘူး က်န္႔က်န္႔ ခုနက..."
"အဲ့တာ...အဲ့တာက က်န္႔က်န္႔ရဲ႕မဟာအစြမ္းေလ "
"ေျပာပါဦးကိုယ့္ကို"
"က်န္႔က်န္႔ကမားမားဖ်ားတုန္းကလည္း နဖူးေလးကိုနမ္းလိုက္တာ မားမားကအဖ်ားေပ်ာက္သြားတယ္ အဲ့ေတာ့ဝမ္ကိုကို႔ ကိုလည္း"
"ႏူတ္ခမ္းကိုနမ္းလိုက္တာေပါ့"
"ဝမ္ကိုကိုကလည္း နဖူးေပၚမွာသပတ္တင္ထားေတာ့က်န္႔က်န္႔ကနမ္းလို႔
မွမရတာ ၿပီးေတာ့ "
"ၿပီးေတာ့..."
"ဝမ္ကိုကိုက က်န္႔က်န္႔ ရည္းစားပဲကို"
ေနာက္ဆံုးစကားေလးေျပာမွပဲ ေရွာင္က်န္႔နားရြက္ေလးေတြနီသြားေတာ့
သည္ ဘာတဲ့ရည္းစားတဲ့ေလ။
"ထပ္နမ္းေပးမလား ကိုယ့္ကိုအဖ်ားေပ်ာက္ေအာင္လို႔"
"ဟင့္အင္း တစ္ခါထဲနမ္းတာ"
"လုပ္ပါ တစ္ခါထဲကို"
ၿမိဳ႕အုပ္ဝမ္ကရွက္ေနေသာေရွာင္က်န္႔ေမးေလးကိုဆြဲေမာ့ကာ ႏူတ္ခမ္းေလးကိုနမ္း႐ိူက္လိုက္ေလတယ္။
*ေဒါက္...ေဒါက္*
တံခါးေခါက္သံၾကားေတာ့မွသူတို႔ျပန္ခြာလိုက္ၾကၿပီး ေရွာင္က်န္႔ကတံခါး
သြားဖြင့္ေပးတယ္ အိမ္ေတာ္ထိန္းႀကီးကေရနဲ႔ေဆးေတြကိုယူလာသည္။
"ေအာ္..ေဆးေသာက္ခ်ိန္ေရာက္ၿပီ က်န္႔က်န္႔ေလး အျပင္မွာေပါင္မုန္႔
ေတြဝယ္ထားတာရိွတယ္ သြားယူခ်ည္ အစာမရိွပဲနဲ႔ေဆးေသာက္လို႔မရဘူး"
"ဟုတ္ကဲ့ ဘဘ"
"ကဲ...ၿမိဳ႕အုပ္ဝမ္ ေခါင္းကိုက္ေသးလား"
"အင္း ကိုက္တယ္ အေႏွာင့္အယွက္ေတြဝင္လာလို္႔"
"ဗ်ာ..."
ေရွာင္က်န္႔လည္းအျပင္ေရာက္ေတာ့မီးဖိုေခ်ာင္မွာေပါင္မုန္႔ရိွတာနဲ႔အေဒၚႀကီးကိုေမးယူရသည္ ျပန္သြားဖို႔လည္းလုပ္ေရာ...။
"ဟယ္ သားက်န္႔က်န္႔ေလး အပူေတြကန္ေနၿပီ "
"ဗ်ာ"
"ႏူတ္ခမ္းေတြ ေပါက္ၿပီး နီရဲေနတာပဲ အပူေတြကန္ေနၿပီပဲ ေဆးေသာက္လိုက္ဦးေနာ္"
"ရတယ္ ရတယ္ ဘာမွမျဖစ္ဘူး သြားေတာ့မယ္ေနာ္"
"ေအးေအး"
ၿမိဳ႕အုပ္ဝမ္အခန္းကိုသြားရာလမ္းမွာမွန္ႀကီးခ်ိတ္ထားတာေၾကာင့္ရပ္ျပီး
ကိုယ့္ႏူတ္ခမ္းကိုယ္ၾကည့္မိသည္ ၿမိဳ႕အုပ္ဝမ္ကလည္း သူ႕ကိုနမ္းၿပီဆို
တိုင္း ကိုက္ပဲကိုက္ေနတာပဲ ႏူတ္ခမ္းကိုေျပာပါတယ္။
----------
မနက္ေစာေစာအိပ္ယာထလမ္းေလွ်ာက္ေတာ့ ၿမိဳ႕အုပ္ဝမ္ကအၿမဲတမ္း
ေရွာင္က်န္႔ကိုေခၚသြားေလ့ရိွတယ္ ဖ်ားေနပါတယ္ဆိုမွလည္း သူကေပ်ာက္သြားၿပီေကာင္းသြားၿပီလို႔ပဲေျပာတယ္။
"ဝမ္ကိုကို အဆင္ေျပရဲ႕လားဟင္"
"ကိုယ္ကသန္မာတဲ့သူပါ ဖ်ားတာေလးကေတာ့ပါးမႊားေလးပါပဲ"
"မနက္ျဖန္မွလမ္းထေလွ်ာက္ရင္ေတာ့ဒီေန႔တစ္ရက္ အိမ္မွာပဲေနမယ္ေလ"
"ဟင့္အင္း ရပါတယ္ဆို လာ"
ပန္းၿခံေလးလိုလွပေနတဲ့ေနရာကိုျဖတ္ေလွ်ာက္ေတာ့ ပန္းေလးေတြက
ေႂကြက်တယ္ လမ္းေလွ်ာက္ေနတုန္းပဲ ၿမိဳ႕အုပ္ဝမ္ကေရွာင္က်န္႔လက္ေလး
ကိုလာဆြဲတယ္။
"ဘာလဲဟင္"
"မင္းေျပာဖူးတယ္ေလ လမ္းေလွ်ာက္တဲ့အခါမွာ လက္ေလးတြဲၿပီးေလွ်ာက္ခ်င္တယ္ဆို"
"အင္း...ဟုတ္တယ္"
"အခုကိုယ္လုပ္ေပးတယ္ေလ"
"မဆိုးဘူးပဲ ေတာ္တယ္ "
"ကိုယ္ကနမ္းတဲ့ေနရာမွာလည္းေတာ္ပါတယ္ေနာ္"
"အင္းပါ ဟုတ္ပါၿပီ ဝမ္ကိုကို က်န္႔က်န္႔မေျပာပဲနဲ႔ဝမ္ကိုကိုတစ္ခုလုပ္ရမွာ
ရိွတယ္"
"ဘာမ်ားလဲ"
"စဥ္းစားေပါ့ က်န္႔က်န္႔ေျပာတဲ့အခ်က္ေတြထဲမွာေတာ့မပါဘူး"
"...."
"စဥ္းစားလို႔မွန္ရင္ ဝမ္ကိုကို ပါးေလးကိုနမ္းေပးမယ္"
"တကယ္လား"
"အင္း "
သူတို႔ႏွစ္ေယာက္ဆက္လမ္းေလွ်ာက္လာေတာ့ အတြဲတစ္တြဲဟာစက္ဘီးေလးနဲ႔သူတို႔ေဘးနားကေနျဖတ္သြားတယ္ ။
"က်န္႔က်န္႔"
"အင္း"
"စက္ဘီးစီးခ်င္လား ကိုယ့္စီမွာစက္ဘီးရိွတယ္"
"အင္း...ေနာက္ေန႔မွေပါ့"
"..."
"လမ္းေလွ်ာက္တာၿမိဳ႕အုပ္အိမ္ေတာ္ကိုေတာင္ျပန္ေရာက္ေတာ့မယ္ေနာ္
မစဥ္းစားရေသးဘူးလား"
"ကိုယ္စဥ္းစားေနပါတယ္ အေျဖမရေသးတာပါ"
"ဟုတ္ပါၿပီ...စဥ္းစားလို႔မရရင္ေတာ့ ဒီေန႔တစ္ေန႔က်န္႔က်န္႔ကိုလာလဲမေခၚနဲ႔ေတာ့"
ၿမိဳ႕အုပ္ဝမ္ေခါင္းထဲမွာစဥ္းစားလို႔မရပါ ေရွာင္က်န္႔ကလမ္းေလွ်ာက္ရင္
လက္ေလးခ်ိတ္ထားခ်င္တယ္ဆိုလို႔ လုပ္ၿပီးသြားၿပီ သူမေျပာတဲ့ေနာက္တစ္ခ်က္ကဘာမ်ားလဲ ၿမိဳ႕အုပ္ဝမ္ကတမင္တကာေျခလွမ္းေတြကိုေႏွးေအာင္လို႔ ေလွ်ာက္သည္။
"ကိုယ္ေညာင္းလာလို႔ထို္င္မယ္ေလေနာ္"
"အင္း"
ထိုင္ၿပီးေတာ့လည္းစဥ္းစားပါေသးတယ္ မရဘူး ေခါင္းကိုအတြင္တြင္ခါကာ
စဥ္းစားေနေသးတယ္ ေရွာင္က်န္႔ကကိုယ့္ေရွ႕မွာငုတ္တုတ္ေလးထိုင္ၿပီး
ေျမႀကီးကိုလက္နဲ႔ထိုးကာေဆာ့ေနေသးတယ္ အဲ့အခ်ိန္မွာပဲ အေဖနဲ႔သား
ထင္ပါတယ္ ကေလးကိုေက်ာပိုးကာေပ်ာ္ေပ်ာ္ရႊင္ရႊင္ပဲသူ႕ေရွ႕ကေနျဖတ္သြားတယ္
ေရွာင္က်န္႔လိုခ်င္တာဒါလား။
"က်န္႔က်န္႔ ျပန္မယ္"
"ဟုတ္ကဲ့"
"လာ တက္ ကိုယ့္ေပၚကို"
ၿမိဳ႕အုပ္ဝမ္ကေရွာင္က်န္႔ေရွ႕မွာေက်ာေပးၿပီးဒူးေထာက္ထိုင္ခ်လိုက္တယ္ ။
"တက္ေလ..."
"ဟီး...ဝမ္ကိုကိုမွန္သြားၿပီပဲ တက္ၿပီဗ်ဳိ႕!"
ေရွာင္က်န္႔ကၿမိဳ႕အုပ္ဝမ္ေက်ာေပၚတက္ကာ ၿမိဳ႕အုပ္ဝမ္ကလည္းခ်ီပိုးၿပီး
ၿမိဳ႕အုပ္အိမ္ေတာ္ထိျပန္လာခဲ့ရေလသည္။
*ရႊတ္*
"ဝမ္ကိုကို မွန္လို႔ဆုခ်တာ "
"ကိုယ္သိပါတယ္ မင္းဒါကိုဆိုလိုခ်င္မွန္း"
"ခ်စ္တယ္ ဝမ္ကိုကို႔ကို"
"ကိုယ္လည္းခ်စ္တယ္ "
"ဝမ္ကိုကို တစ္ေန႔ေန႔ၾကရင္ေလ ဝမ္ကိုကိုနဲ႔က်န္႔က်န္႔တို႔လမ္းခြဲ..."
"မေျပာနဲ႔ အဲ့စကားကိုကိုယ္မႀကိဳက္ဘူး"
"ျဖစ္ခဲ့ရင္လို႔ေျပာတာပါ"
"မေျပာရဘူး နမိတ္မရိွတာေတြ"
"ဟုတ္ကဲ့..."
"တစ္ေန႔ေန႔ၾကရင္ကိုယ္တို႔လက္ထပ္ရမယ္ အဲ့လိုေျပာရတယ္"
"ဟုတ္ကဲ့ပါဗ်... "
"လိမၼာတယ္"
"ပင္လယ္ထဲကို က်န္႔က်န္႔နဲ႔ ကိုႀကီးလီရွင္းနဲ႔က်သြားရင္ဘယ္သူ႕ကိုကယ္မွာလဲ"
"မင္းကိုပဲကယ္မွာေပ့ါ ဟိုေကာင္ကေရကူးတတ္တဲ့ဟာကို"
"အဲ့တာဆို...ၿမိဳ႕အုပ္ေဟာင္းနဲ႔က်န္႔က်န္႔ဆိုရင္ေရာ"
"မင္းကိုပဲကယ္မွာေပါ့ ၿမိဳ႕အုပ္ေဟာင္းကိုက လီရွင္းရိွတာပဲကယ္သြားမွာေပါ့"
"ဟြန္...ကိုယ့္မိဘကိုအဲ့လိုမေျပာရဘူးေလ က်န္႔က်န္႔မႀကိဳက္ဘူး "
"ဟုတ္ပါၿပီ က်န္႔က်န္႔မႀကိဳက္ရင္ မေျပာေတာ့ပါဘူး"
"ဝမ္ကိုကို႔နားကေမႊးေနတာပဲ "
"ဟုတ္လား"
"အင္း...ခ်ေပးေတာ့ ၿမိဳ႕အုပ္အိမ္ေတာ္ေရွ႕ေရာက္ေနၿပီ"
"က်န္႔က်န္႔"
"ဟင္"
"မင္းဘြဲ႕ရတဲ့ေန႔ ကိုယ္တို႔မိဘေတြကိုဖြင့္ေျပာမယ္မွတ္လား"
"အင္း ကတိေပးပါတယ္ ဝမ္ကိုကို"
"မင္းကိုယံုတယ္ က်န္႔က်န္႔ "
တစ္ေယာက္နဲ႔တစ္ေယာက္ၾကည့္ၿပီးၿပံဳးကာအိမ္ေတာ္ထဲကိုဝင္သြားၾက
ေတာ့ေလသည္ ။
-----------------
(28.3.2023)
#Su🐼
မြို့အုပ်ဝမ် နှင့် သူနာပြုရှောင်း
Part 21
----------
"အဟွတ်...အဟွတ်"
"ဟတ်ချိုး!!"
ဖျားနာတဲ့သူကတော့မြို့အုပ်ဝမ်ပါ ရှောင်ကျန့်ကတော့နှာလေးချေရုံလေးတင်ကိုယ်လည်းမပူဘာမှမဖြစ်ဘူး
အဲ့တာကိုအိပ်ယာပေါ်မှာလဲနေတဲ့မြို့အုပ်ဝမ်ကကုန်းထကာ ရှောင်ကျန့်
မျက်နှာလေးကိုကိုင်သည်။
"မင်းလည်းဖျားနေပြီ"
"ရပါတယ် ကျန့်ကျန့် ကနှာလေးတစ်ခါချေမိတာလေးကို"
"ကိုယ့်နားမလာခဲ့နဲ့အဖျားကူးလိုက်မယ် "
"ရပါတယ်ဆို ကျန့်ကျန့်ကဝမ်ကိုကိုနားမှာပဲနေချင်လို့"
"သွားမရဘူး ကိုယ့်စီကနေအဖျားတွေကူးလိုက်မယ်"
မြို့အုပ်ဝမ်ကပြောနေရင်းနဲ့ပဲအိပ်ယာထဲပြန်လဲသွားတယ် သူတော်တော်
လေးကိုခေါင်းတွေကိုက်ပြီး ထတောင်မထနိုင်ပါ။
"ကိုယ်တွေလည်းပူခြစ်နေတာပဲ "
"သွား...ဆို"
"ဆရာလာပြီ"
ဆရာဝန်လာတော့ရှောင်ကျန့်ဖယ်ပေးလိုက်လေတယ် ဆရာဝန်ကတော့
သူ့ဘာသာသူစစ်ဆေးနေတယ် ဆေးတွေပါထိုးပြီး သောက်ဆေးတွေကို
တော့အိမ်တော်ထိန်းကြီးစီပေးလိုက်တယ်။
"ကျန့်ကျန့်လေး သွား ဘဘရှိတယ် သားကစာမေးပွဲဖြေနေရဦးမှာ သွား"
"ဒါပေမဲ့..."
"သွားပါ ဘဘရှိတယ် ဆေးတွေလည်းဘဘပဲတိုက်ရမှာ"
"ဟုတ်ကဲ့"
ရှောင်ကျန့်မှာမသွားချင်သွားချင်နဲ့စာမေးပွဲသွားဖြေလိုက်ရသည် အိမ်တော်
ကိုလည်းပြန်ရောက်တော့ မြို့အုပ်ဝမ်ကဆေးရှိန်နဲ့အိပ်ပျော်နေလေပြီ။
"ကျန့်ကျန့်လေး ဒီအခန်းထဲမဝင်ရဘူးလေ သွား အဖျားကူးလိုက်မယ်"
"ကျန့်ကျန့် ဝမ်ကိုကိုနားမှာပဲနေချင်တယ် မသွားဘူး"
"ဆိုးလိုက်တာ ကျန့်ကျန့်ရယ် "
"မရဘူး မရဘူး ဝမ်ကိုကိုနားမှာပဲနေမှာ "
"..."
အိမ်တော်ထိန်းကြီးလည်းပြောလို့မနိုင်တာကြောင့်လွှတ်ထားလိုက်လေပြီ
ရှောင်ကျန့်ကတော့ နဖူးပေါ်ကသပတ်လေးယူလိုက် ရေထဲစိမ်ပြီးရေလေး
ညှစ်ကာ ပြန်တင်ပေးလိုက်နဲ့ အနားမှာပဲတောက်လျှောက်နေသည်။
"ဝမ်ကိုကို အဖျားပျောက်တော့နော်"
ရှောင်ကျန့်ကမြို့အုပ်ဝမ်ရဲ့နဖူးကိုသူ့နဖူးလေးနဲ့ကပ်ကာ ခပ်တိုးတိုးလေး
ပြောဆိုလိုက်ခြင်းပင် မြို့အုပ်ဝမ်ကတော့မနိုးသေးဘူး နူတ်ခမ်းလေးက
လည်းခပ်ဖျော့ဖျော့ဖြစ်နေလေတယ်။
"ကျန့်ကျန့် နမ်းရင် အဖျားပျောက်မှာပါနော် မားမားကိုလည်းနမ်းဖူးလို့"
ရှောင်ကျန့်ကမြို့အုပ်ဝမ်ရဲ့နူတ်ခမ်းလေးကိုနူးနူးညံ့ညံ့နဲ့နမ်းတယ် အဲ့လိုလုပ်လို့လားမသိဘူး မြို့အုပ်ဝမ်နိုးလာလေတယ် သူကိုယ်ပေါ်မှာ
မှောက်ပြီး နူတ်ခမ်းကိုခိုးနမ်းနေတဲ့အကောင်ပေါက်လေးကို ပြန်လည်တုံ့ပြန်
လိုက်တော့ သူကချက်ချင်းကုန်းထသွားတယ်။
"ဝမ်ကိုကို နိုးပြီလား "
"အင်း"
"ခေါင်းကိုက်သေးလားဟင်"
"သိပ်မကိုက်တော့ပါဘူး ကျန့်ကျန့် ခုနက..."
"အဲ့တာ...အဲ့တာက ကျန့်ကျန့်ရဲ့မဟာအစွမ်းလေ "
"ပြောပါဦးကိုယ့်ကို"
"ကျန့်ကျန့်ကမားမားဖျားတုန်းကလည်း နဖူးလေးကိုနမ်းလိုက်တာ မားမားကအဖျားပျောက်သွားတယ် အဲ့တော့ဝမ်ကိုကို့ ကိုလည်း"
"နူတ်ခမ်းကိုနမ်းလိုက်တာပေါ့"
"ဝမ်ကိုကိုကလည်း နဖူးပေါ်မှာသပတ်တင်ထားတော့ကျန့်ကျန့်ကနမ်းလို့
မှမရတာ ပြီးတော့ "
"ပြီးတော့..."
"ဝမ်ကိုကိုက ကျန့်ကျန့် ရည်းစားပဲကို"
နောက်ဆုံးစကားလေးပြောမှပဲ ရှောင်ကျန့်နားရွက်လေးတွေနီသွားတော့
သည် ဘာတဲ့ရည်းစားတဲ့လေ။
"ထပ်နမ်းပေးမလား ကိုယ့်ကိုအဖျားပျောက်အောင်လို့"
"ဟင့်အင်း တစ်ခါထဲနမ်းတာ"
"လုပ်ပါ တစ်ခါထဲကို"
မြို့အုပ်ဝမ်ကရှက်နေသောရှောင်ကျန့်မေးလေးကိုဆွဲမော့ကာ နူတ်ခမ်းလေးကိုနမ်းရိူက်လိုက်လေတယ်။
*ဒေါက်...ဒေါက်*
တံခါးခေါက်သံကြားတော့မှသူတို့ပြန်ခွာလိုက်ကြပြီး ရှောင်ကျန့်ကတံခါး
သွားဖွင့်ပေးတယ် အိမ်တော်ထိန်းကြီးကရေနဲ့ဆေးတွေကိုယူလာသည်။
"အော်..ဆေးသောက်ချိန်ရောက်ပြီ ကျန့်ကျန့်လေး အပြင်မှာပေါင်မုန့်
တွေဝယ်ထားတာရှိတယ် သွားယူချည် အစာမရှိပဲနဲ့ဆေးသောက်လို့မရဘူး"
"ဟုတ်ကဲ့ ဘဘ"
"ကဲ...မြို့အုပ်ဝမ် ခေါင်းကိုက်သေးလား"
"အင်း ကိုက်တယ် အနှောင့်အယှက်တွေဝင်လာလို့်"
"ဗျာ..."
ရှောင်ကျန့်လည်းအပြင်ရောက်တော့မီးဖိုချောင်မှာပေါင်မုန့်ရှိတာနဲ့အဒေါ်ကြီးကိုမေးယူရသည် ပြန်သွားဖို့လည်းလုပ်ရော...။
"ဟယ် သားကျန့်ကျန့်လေး အပူတွေကန်နေပြီ "
"ဗျာ"
"နူတ်ခမ်းတွေ ပေါက်ပြီး နီရဲနေတာပဲ အပူတွေကန်နေပြီပဲ ဆေးသောက်လိုက်ဦးနော်"
"ရတယ် ရတယ် ဘာမှမဖြစ်ဘူး သွားတော့မယ်နော်"
"အေးအေး"
မြို့အုပ်ဝမ်အခန်းကိုသွားရာလမ်းမှာမှန်ကြီးချိတ်ထားတာကြောင့်ရပ်ပြီး
ကိုယ့်နူတ်ခမ်းကိုယ်ကြည့်မိသည် မြို့အုပ်ဝမ်ကလည်း သူ့ကိုနမ်းပြီဆို
တိုင်း ကိုက်ပဲကိုက်နေတာပဲ နူတ်ခမ်းကိုပြောပါတယ်။
----------
မနက်စောစောအိပ်ယာထလမ်းလျှောက်တော့ မြို့အုပ်ဝမ်ကအမြဲတမ်း
ရှောင်ကျန့်ကိုခေါ်သွားလေ့ရှိတယ် ဖျားနေပါတယ်ဆိုမှလည်း သူကပျောက်သွားပြီကောင်းသွားပြီလို့ပဲပြောတယ်။
"ဝမ်ကိုကို အဆင်ပြေရဲ့လားဟင်"
"ကိုယ်ကသန်မာတဲ့သူပါ ဖျားတာလေးကတော့ပါးမွှားလေးပါပဲ"
"မနက်ဖြန်မှလမ်းထလျှောက်ရင်တော့ဒီနေ့တစ်ရက် အိမ်မှာပဲနေမယ်လေ"
"ဟင့်အင်း ရပါတယ်ဆို လာ"
ပန်းခြံလေးလိုလှပနေတဲ့နေရာကိုဖြတ်လျှောက်တော့ ပန်းလေးတွေက
ကြွေကျတယ် လမ်းလျှောက်နေတုန်းပဲ မြို့အုပ်ဝမ်ကရှောင်ကျန့်လက်လေး
ကိုလာဆွဲတယ်။
"ဘာလဲဟင်"
"မင်းပြောဖူးတယ်လေ လမ်းလျှောက်တဲ့အခါမှာ လက်လေးတွဲပြီးလျှောက်ချင်တယ်ဆို"
"အင်း...ဟုတ်တယ်"
"အခုကိုယ်လုပ်ပေးတယ်လေ"
"မဆိုးဘူးပဲ တော်တယ် "
"ကိုယ်ကနမ်းတဲ့နေရာမှာလည်းတော်ပါတယ်နော်"
"အင်းပါ ဟုတ်ပါပြီ ဝမ်ကိုကို ကျန့်ကျန့်မပြောပဲနဲ့ဝမ်ကိုကိုတစ်ခုလုပ်ရမှာ
ရှိတယ်"
"ဘာများလဲ"
"စဉ်းစားပေါ့ ကျန့်ကျန့်ပြောတဲ့အချက်တွေထဲမှာတော့မပါဘူး"
"...."
"စဉ်းစားလို့မှန်ရင် ဝမ်ကိုကို ပါးလေးကိုနမ်းပေးမယ်"
"တကယ်လား"
"အင်း "
သူတို့နှစ်ယောက်ဆက်လမ်းလျှောက်လာတော့ အတွဲတစ်တွဲဟာစက်ဘီးလေးနဲ့သူတို့ဘေးနားကနေဖြတ်သွားတယ် ။
"ကျန့်ကျန့်"
"အင်း"
"စက်ဘီးစီးချင်လား ကိုယ့်စီမှာစက်ဘီးရှိတယ်"
"အင်း...နောက်နေ့မှပေါ့"
"..."
"လမ်းလျှောက်တာမြို့အုပ်အိမ်တော်ကိုတောင်ပြန်ရောက်တော့မယ်နော်
မစဉ်းစားရသေးဘူးလား"
"ကိုယ်စဉ်းစားနေပါတယ် အဖြေမရသေးတာပါ"
"ဟုတ်ပါပြီ...စဉ်းစားလို့မရရင်တော့ ဒီနေ့တစ်နေ့ကျန့်ကျန့်ကိုလာလဲမခေါ်နဲ့တော့"
မြို့အုပ်ဝမ်ခေါင်းထဲမှာစဉ်းစားလို့မရပါ ရှောင်ကျန့်ကလမ်းလျှောက်ရင်
လက်လေးချိတ်ထားချင်တယ်ဆိုလို့ လုပ်ပြီးသွားပြီ သူမပြောတဲ့နောက်တစ်ချက်ကဘာများလဲ မြို့အုပ်ဝမ်ကတမင်တကာခြေလှမ်းတွေကိုနှေးအောင်လို့ လျှောက်သည်။
"ကိုယ်ညောင်းလာလို့ထိုင်မယ်လေနော်"
"အင်း"
ထိုင်ပြီးတော့လည်းစဉ်းစားပါသေးတယ် မရဘူး ခေါင်းကိုအတွင်တွင်ခါကာ
စဉ်းစားနေသေးတယ် ရှောင်ကျန့်ကကိုယ့်ရှေ့မှာငုတ်တုတ်လေးထိုင်ပြီး
မြေကြီးကိုလက်နဲ့ထိုးကာဆော့နေသေးတယ် အဲ့အချိန်မှာပဲ အဖေနဲ့သား
ထင်ပါတယ် ကလေးကိုကျောပိုးကာပျော်ပျော်ရွှင်ရွှင်ပဲသူ့ရှေ့ကနေဖြတ်သွားတယ်
ရှောင်ကျန့်လိုချင်တာဒါလား။
"ကျန့်ကျန့် ပြန်မယ်"
"ဟုတ်ကဲ့"
"လာ တက် ကိုယ့်ပေါ်ကို"
မြို့အုပ်ဝမ်ကရှောင်ကျန့်ရှေ့မှာကျောပေးပြီးဒူးထောက်ထိုင်ချလိုက်တယ် ။
"တက်လေ..."
"ဟီး...ဝမ်ကိုကိုမှန်သွားပြီပဲ တက်ပြီဗျို့!"
ရှောင်ကျန့်ကမြို့အုပ်ဝမ်ကျောပေါ်တက်ကာ မြို့အုပ်ဝမ်ကလည်းချီပိုးပြီး
မြို့အုပ်အိမ်တော်ထိပြန်လာခဲ့ရလေသည်။
*ရွှတ်*
"ဝမ်ကိုကို မှန်လို့ဆုချတာ "
"ကိုယ်သိပါတယ် မင်းဒါကိုဆိုလိုချင်မှန်း"
"ချစ်တယ် ဝမ်ကိုကို့ကို"
"ကိုယ်လည်းချစ်တယ် "
"ဝမ်ကိုကို တစ်နေ့နေ့ကြရင်လေ ဝမ်ကိုကိုနဲ့ကျန့်ကျန့်တို့လမ်းခွဲ..."
"မပြောနဲ့ အဲ့စကားကိုကိုယ်မကြိုက်ဘူး"
"ဖြစ်ခဲ့ရင်လို့ပြောတာပါ"
"မပြောရဘူး နမိတ်မရှိတာတွေ"
"ဟုတ်ကဲ့..."
"တစ်နေ့နေ့ကြရင်ကိုယ်တို့လက်ထပ်ရမယ် အဲ့လိုပြောရတယ်"
"ဟုတ်ကဲ့ပါဗျ... "
"လိမ္မာတယ်"
"ပင်လယ်ထဲကို ကျန့်ကျန့်နဲ့ ကိုကြီးလီရှင်းနဲ့ကျသွားရင်ဘယ်သူ့ကိုကယ်မှာလဲ"
"မင်းကိုပဲကယ်မှာပေ့ါ ဟိုကောင်ကရေကူးတတ်တဲ့ဟာကို"
"အဲ့တာဆို...မြို့အုပ်ဟောင်းနဲ့ကျန့်ကျန့်ဆိုရင်ရော"
"မင်းကိုပဲကယ်မှာပေါ့ မြို့အုပ်ဟောင်းကိုက လီရှင်းရှိတာပဲကယ်သွားမှာပေါ့"
"ဟွန်...ကိုယ့်မိဘကိုအဲ့လိုမပြောရဘူးလေ ကျန့်ကျန့်မကြိုက်ဘူး "
"ဟုတ်ပါပြီ ကျန့်ကျန့်မကြိုက်ရင် မပြောတော့ပါဘူး"
"ဝမ်ကိုကို့နားကမွှေးနေတာပဲ "
"ဟုတ်လား"
"အင်း...ချပေးတော့ မြို့အုပ်အိမ်တော်ရှေ့ရောက်နေပြီ"
"ကျန့်ကျန့်"
"ဟင်"
"မင်းဘွဲ့ရတဲ့နေ့ ကိုယ်တို့မိဘတွေကိုဖွင့်ပြောမယ်မှတ်လား"
"အင်း ကတိပေးပါတယ် ဝမ်ကိုကို"
"မင်းကိုယုံတယ် ကျန့်ကျန့် "
တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီးပြုံးကာအိမ်တော်ထဲကိုဝင်သွားကြ
တော့လေသည် ။
-----------------
(28.3.2023)
#Su🐼