သီရိမြိုင်

By Mayhmue17

345K 20.6K 840

"ကြိုး မာမီ့ကိုသိပ်မုန်းတယ်" "ဟုတ်လား တို့ကတော့မင်းကို တို့ အသက်ထပ်ပိုချစ်တယ်" More

EP-1
EP-2
EP-3
EP-4
EP-5
EP-6
EP-7
EP-8
EP-9
EP-10
EP-11
EP-12
EP-13
EP-14
EP-15
EP-16
EP-17
EP-18
EP-19
EP-20
EP-21
EP-22
EP-23
EP-24
EP-25
EP-26
EP-28 Final
gl

EP-27

9.1K 610 101
By Mayhmue17

'ရော့ အန်တီမြတ်'

'မမရော'

'အရေးပေါ် caseရှိလို့တဲ့'

'ဒါနဲ့ ဒါဘာကြီးလဲ'

'ပဲပြား'

'ဘာလုပ်ဖို့'

'ကိုရီးယားကားထဲမှာဆိုထောင်ထဲကထွက်လာရင်ပဲပြားစားကြတယ်လေ'

'ငါက အချုပ်ထဲကထွက်လာတာလေ ထောင်ထဲကထွက်လာတာမှမဟုတ်တာ'

'ဘယ်ကထွက်ထွက်စားလိုက်ပါ သူများစေတနာနဲ့ဝယ်လာပေးတာကို'

'အူကြောင်ကြောင်နဲ့မမနင့်ကိုဘယ်လိုသည်းခံလဲမသိ'

'အချစ်တွေနဲ့နေမှာပေါ့'

'စိတ်ချမ်းသာတယ်'

နှိုင်းကိုခေါင်းတခါခါနဲ့ကြည့်ရင်း ပဲပြားကိုလဲကိုက်စားလိုက်သည်

'ကြိုးရော'

'အန်တီမြတ်အဖမ်းခံလိုက်ရတဲ့နေ့တည်းကအခန်းထဲကမထွက်ဘူး ပြီးတော့ အန်တီမြတ်ညီမနဲ့ကြိုးနဲ့အကြီးအကျယ်ရန်ဖြစ်ကြသေးတယ်'

'မမကကြိုးကိုတစ်ခါမှလေသံမာမာနဲ့တောင်ပြောဘူးတာမဟုတ်ဘူး ကြိုးတော်တော်စိတ်မကောင်းဖြစ်သွားမယ်တော့ထင်တယ်'

'အွန်း'

'မေမေရော'

'တရားစခန်းဝင်သွားတယ်'

အိမ်ပြန်ရောက်တာနဲ့ကြိုးရှိရာအပေါ်ထပ်အခန်းဆီပြေးတက်ခဲ့တယ်

'ကြိုး'

'မာမီ'

မြတ်ကိုမြင်တာနဲ့ပြေးလာကာရင်ခွင်ထဲတိုးနေဝင်တဲ့ကြိုးကြောင့်ပင်ပန်းတာတွေတောင်လွင့်စင်သွားသလိုခံစားရတယ်

'လွမ်းလိုက်ရတာကလေးရယ်'

'များများဖက်ထားပေးပါကြိုးကို'

တိတ်ဆိတ်နေတဲ့ထမင်းစားဝိုင်း အိမ်ရဲ့အသက်အကြီးဆုံးနဲ့ အသက်အငယ်ဆုံးနှစ်ဦးကြားနေရထိုင်ရခက်နေတဲ့ မြတ်နဲ့နှိုင်း

'ကြိုးဝပီမာမီ အပေါ်တက်နှင့်မယ်နော်'

'အွန်း'

ချစ်ရသူလေးအပေါ်တက်သွားကာမှ အမဖြစ်သူကိုရန်တွေ့ရတော့သည်

'မမ'

'ပြော'

'ကြိုးကိုရိုက်လိုက်တယ်ဆို'

'သူပြောတာလား'

'မမရဲ့မိန်းမပြောတာ'

ဦးက နှိုင်းကိုကြည့်တော့ နှိုင်းကမသိဟန်ဆောင်ကာတစ်ဖက်လှည့်သွားသည်

'ကြိုးနဲ့ပြန်မခေါ်သေးဘူးလား မမဘက်ကိုနားလည်ပေမဲ့
ကြိုးကမမကိုအချစ်ဆုံးလေ သူအရမ်းဝမ်းနည်းနေရှာတာ'

'ထမင်းစားပီးပီမလားအပေါ်တက်တော့မြတ်
ကြိုးအရင်နေ့တွေကမအိပ်ဘူး သူ့ကိုအိပ်ပျော်အောင်သိပ်လိုက်'

'အွန်း'

မြတ်အခန်းထဲရောက်တော့တစ်ခန်းလုံးမီးတွေပိတ်ထားတယ်

'ကြိုး'

'ကြိုးအိပ်တော့မလို့မာမီ'

'နေမကောင်းဘူးလား'

'မာမီ'

'ရှင်'

'ဖက်ထားပေးပါလား'

'ဒီကလေးတယ်ထူးဆန်းနေပါလား'

'မဖက်ထားပေးချင်ဘူးလား နေပါတော့'

'ကြည့် ကလေးကျနေတာပဲ အာ ကလေးပဲ မာမီ့ကလေးလေး'

ဟုပြောကာကြိုးကိုအနောက်ကနေရင်ခွင်ထဲဆွဲသွင်းကာထွေးပွေ့ထားပေးမိတယ်

'ချစ်တယ်မာမီ ကြိုးဘဝနောက်ဆုံးအချိန်ထိမာမီ့ကိုပဲချစ်သွားမှာ'

'တကယ်ပါ ကလေးမဒီနေ့ဘာဖြစ်နေတာလဲ နေမကောင်းတာလား အန်တီဦးမခေါ်လို့ဝမ်းနည်းနေတာလား'

'မာမီ ကြိုးကိုဒီအတိုင်းလေးဖက်ထားပေးနော် ချစ်တယ်မာမီ'

လို့ပြောပြီး မြတ်နှုတ်ခမ်းလေးကိုခပ်ဖွဖွနမ်းကာရင်ခွင်ထဲတိုးဝင်ကာအိပ်တယ် မြတ်လဲ ကြိုးနှုတ်ခမ်းလေးခပ်ဖွဖွအနမ်းပြန်ပေးကာအိပ်စက်ခြင်းဆီသို့
အချိန်ကားမနက် ၄ နာရီ
ဘေးနားကမြတ်အိပ်မောကျနေပီလားသေချာကြည့်ပြီးကြိုး အိပ်ယာကနေထလိုက်တယ် အဝတ်စားသေချာလဲပြီးကြိုတင် ရေးထားတဲ့စာလေးစားပွဲပေါ်တင်ရင်း အိပ်ပျော်နေတဲ့မြတ်ကိုလှမ်းကြည့်ကာ

'ချစ်တယ်မာမီ ထာဝရထက်ပိုသောအချစ်များနဲ့ပါ'

အသင့်ပြင်ထားတဲ့ ဗီရိုအောက်ကအဝတ်အိတ်လေးဆွဲထုတ်ပြီးဘယ်သူမှမသိအောင်အိမ်ကနေထွက်ခဲ့တယ် ခြံရှေ့မှာငှားထားတဲ့ကားကအသင့်စောင့်နေလေပီ နောက်ဆုံးသောအကြိမ်သီရိမြိုင်ကိုလှည့်ကြည့်မိတယ်
ငယ်ငယ်လေးထဲကတစ်ခါမှမခွဲခွာခဲ့ဘူးတဲ့သီရိမြိုင် ဘယ်အချိန်ကြည့်ကြည့်ရိုးမသွားတဲ့အလှပတွေနဲ့ လေဒဏ်နေဒဏ်မိုးဒဏ်ကနေကာကွယ်ပေးခဲ့တဲ့သီရိမြိုင်

'ကျေးဇူးပြုပြီး မာမီ အန်တီဦး နှိုင်းနဲ့ ဘွားဘွားတို့ကိုကာကွယ်ပေးပါဦးနော်'

ကားပေါ်တက်ကာထွက်လာခဲ့တယ်

'ကြိုး...'

မြတ်အသံကြောင့်တစ်အိမ်လုံးလန့်နိုးသွားကြသည်

'ဘာဖြစ်တာလဲမြတ်'

'ကြိုးမရှိတော့ဘူး'

မြတ်လက်ထဲကကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့စာရွက်ကိုကြည့်လိုက်တယ်

#ပထမဆုံးပြောချင်တာကကြိုးမာမီ့ကိုသိပ်ချစ်တယ်ဆိုတာပဲ မာမီလဲကြိုးကိုတစ်ဘဝလုံးကာကွယ်ပေးနေတာပင်ပန်းရောပေါ့
အဲ့လိုပဲကြိုးလဲ ကြိုးကြောင့်မာမီပင်ပန်းနေရတာကြည့်နေရတာပင်ပန်းတယ် ကြိုးရဲ့ဖြစ်တည်မှု့ကိုတည်းက ကံဆိုးစေတယ် ဒါကြောင့် ကြိုးထွက်သွားတော့မယ် ဂတိပေးပါ အရင်အခေါက်လိုအစားမစားတာတွေ ကိုယ့်ကိုကိုနာကျင်ရအောင်လုပ်တာတွေမလုပ်ပါဘူးလို့ ကြိုးလဲကိုယ့်ကိုကိုဂရုစိုက်မှာမို့လို့စိတ်ချနော် အန်တီဦးကိုလဲစိတ်ပူရအောင်မလုပ်နဲ့နော် အားလုံးကိုချစ်တယ်နော်
ကြိုး#

'သူထွက်သွားတာဘယ်သူမှမသိကြဘူးလား အစောင့်တွေကရောဘာလုပ်နေကြလဲ'

'မမလေးကြိုးတိုက်တဲ့ coffee သောက်ပီးအားလုံးအိပ်ပျော်သွားကြတာပါ'

'သူ့ကိုလိုက်ရှာကြစမ်း မတွေ့ရင်ပြန်မလာကြနဲ့'

'မမကြီးမြတ် ဒီမှာပါဆယ်ရောက်တယ်'

'ခုချိန်ကျမှပါဆယ်ကရောက်လာရသလား ပေး'

စက္ကူအိတ်ပါဆယ်ထုတ်ကိုဖွင့်ကြည့်တော့
ပန်းရောင်ဇာပဝါပါးလေးတစ်လည်

'ဒါ cctvမှာမြင်ရတဲ့ကြိုးထွက်သွားတုန်းကပတ်သွားတာလေးမလား!

ကြိုးဦးလေးဆီက phone callဝင်လာတယ်

'ဘယ်လိုလဲ မြတ်သီရိဆွေရဲ့ကာကွယ်တာတော်လှချေလား'

'ကြိုးဘယ်မှာလဲ ရှင်ကြိုးကိုဘာလုပ်ထားလဲဟမ် သူကရှင့်တူမဆိုတာရောသတိရရဲ့လား '

'ဘာမှမလုပ်ပါဘူး သူဒီအတိုင်းရှိနေပါတယ်'

'ရှင့်လိုယုတ်မာတဲ့သူကကြိုးကိုဘာမှမလုပ်ထားတာမယုံဘူး'

'ကဲ ယုံအောင် ပုံလေးပို့ပေးမယ် ကြည့်လိုက်'

ကြိုးကိုထိုင်ခိုင်မှာချီထားတယ် ပါးစပ်မှာလဲမအော်နိုင်အောင်အဝတ်နဲ့ပိတ်ထားတယ် မျက်ရည်တွေ ကြိုးမျက်ဝန်းထဲမှာမျက်ရည်တွေ ပြောပါတယ် တို့လောင်းရိပ်အောက်ကထွက်သွားတာနဲ့မင်းကိုအမဲဖျက်မဲ့သူတွေကြီးပဲလို့

'ငါ့တူမကသူ့အဖေလိုပဲသိပ်လည်တာ သူ့အမွေတွေကိုမင်းနမည်နဲ့ပြောင်းထားတယ်တဲ့ သူ့လက်ဗွေလေးပဲလိုတာကို အခုမင်းလက်ဗွေပါလိုနေပီ ဒီတော့ '

'ကျွန်မလာခဲ့မယ် လိပ်စာပေး ကြိုးကိုလုံးဝမထိနဲ့နော် မဟုတ်ရင်ကျွန်မရှင့်သားသမီးကအစတစ်မျိုးအကုန်အရှင်လတ်လတ်မီးတင်ရှို့ပစ်မယ်'

'ဝိုး စိတ်ကြီးလှချေလား မကြာစေနဲ့နော် ငါကကြာတာတွေမကြိုက်ဘူး'

ဖုန်းချပြီးတာနဲ့

'သူ့ကိုအခန်းထဲသွားထည့်ထားလိုက်'

'Boss'

'ဘာတုန်း'

'Bossတူမက အချောလေးနော်'

'မင်းလိုချင်လို့လား'

'ရမလားဆရာ မြတ်သီရိဆွေလာရင်လဲနှစ်ယောက်လုံးကိုသတ်ပစ်မှာမလား ဒီတော့မသတ်ခင်လေး'

#ယုတ်မာလိုက်ကြတာ ကိုယ့်တူမကိုလွယ်လွယ်နဲ့သူစိမ်းယောကျ်ားတွေဆီပေးရက်တာ ဒါကဦးလေးတဲ့#

'ယူကွာ ယူယူ'

ကားလမ်းမထက်ပြေးနေတဲ့ကားတစ်စီး

'နှိုင်းမြန်မြန်မောင်း'

'မောင်းနေပါတယ်အန်တီမြတ်ရယ်'

'ထပ်မြန်လိုက် ငါကြိုးကိုစိတ်မချဘူး ထွန်းကိုကိုရဲ့တပည့်တွေကကြိုးကိုတစ်ခုခုလုပ်လိုက်မှာငါမလိုလား'

'ရောက်တော့မှာပါ စိတ်လျှော့ထား ပြီးတော့စိတ်မပူနဲ့ အန်တီနဲ့ rainတို့လဲနောက်ကလိုက်လာကြပြီပဲ'

မြို့ပြင်ကနေမိနစ်နှစ်ဆယ်​လောက်မောင်းတော့သူချိန်းထားတဲ့နေရာကိုရောက်တယ်

'ဟော တစ်ယောက်ထဲလာပါဆိုတာကိုအဖော်ခေါ်လာတယ်
ဦးခွန်းသရဲ့သမီးပါလား ဝင်ငွေတော့နှစ်ပေါက်ရပီ'

'ကြိုးရော ကြိုးဘယ်မှာလဲ'

'သွားခေါ်လိုက်'

အင်္ကျီဖရိုဖရဲနဲ့ကြိုး မျက်နှာမှာလဲရိုက်နှက်ထားတဲ့ဒဏ်ရာတွေနဲ့

'ကြိုး'

အသက်မပါသောအကြည့်များနဲ့မြတ်ကိုကြည့်ရှာတယ်

'ရှင်တို့ကြိုးကိုဘာလုပ်လိုက်တာလဲ'

'လောကစည်းစိမ်အစစ်ကိုပြလိုက်တာလေ'

'ယုတ်မာလှချေလား ရှင့်တူမအရင်းခေါက်ခေါက်နော်'

'မိသားစုကမိသားစု ပိုက်ဆံကပိုက်ဆံပဲ ကဲ လက်ဗွေနှိပ် မဟုတ်ရင်သူ့ကိုပစ်လိုက်မယ်'

'ဟင့်အင်မာမီ မနှိပ်လိုက်ပါနဲ့ ကြိုးသေရင်သေပါစေ ကြိုးကမသန့်စင်တော့ဘူး ကြိုးကဘာမှတန်ဖိုးမရှိတော့ဘူး သူတို့ သူတို့ကြိုးကို '

'ဒိုင်း

ပထမကျည်ဆံချက်ဟာကြိုးဗိုက်ကိုဖောက်ဝင်သွားလေရဲ့

'ကြိုး '

'ကြိုး'

ကြမ်းပြင်ပေါ်လဲကျသွားကာ နာကျင့်မှု့ကြောင့်အသံတောင်မထွက်နိုင်တဲ့ မြတ်နဲ့နှိုင်းရဲ့စိတ်ပူလို့အော်လိုက်သည့်အသံဟာအဆောက်ဦးထဲဖုန်းလွှမ်းသွားသည်

'နောက်တစ်ချက်ဆိုနှလုံးသားတည့်တည့်နော်'

'မ မနှိပ်ပါနဲ့'

သွေးတွေအန်နေတဲ့ကြားကမှပြောနေတယ်

'အစကတော့ကျွန်မကောင်းကောင်းကန်းကန်းပြောဖို့လာတာပါပဲ ရှင်တော့အမှားကြီးမှားပြီ ထွန်းကိုကို'

ဟုပြောကာမြတ်ကလက်မြှေက်ရင်းနောက်ဆုတ်သွားတယ်

'ဘာလုပ်နေတာလဲ'

မြတ်လက်ညှိုးညွှန်ရာလူတွေဦးနှောက်ကိုကျည်ဖောက်သွားကြတယ်

'သူလူခေါ်လာတယ် boss'

'မကောင်းတဲ့ဟာမ'

ဟုပြောကာမြတ်ကိုပစ်ဖို့ရွယ်ချိန် ထွန်းကိုကိုဦးခေါင်းကျည်ဖောက်သွားတယ် သူ့ကျည်ကလဲမြတ်ဆီတည့်တည့်ဝင်လာတယ် ဒါပေမဲ့မြတ်ကိုမထိ ဘာလို့ဆို မြတ်ရှေ့မှာကာရပ်လိုက်တဲ့ကြိုး

'ကြိုး'

လဲကျသွားတော့မယ့်ကြိုးကိုပွေ့ဖက်လိုက်တယ်

'ဘာလုပ်တာလဲကလေးရယ်'

'ကြိုးကြောင့် ကြိုးကြောင့်ပဲမာမီအမြဲနာကျင်နေရတာ
ဒီတစ်ခါတော့ကြိုးကာကွယ်ပေးလိုက်နိုင်ပြီ ကြိုး ကြိုးတော်တယ်မလား'

'တော်ပါတယ်အချစ်ရယ်'

'နားထောင်ကောင်းလိုက်တာ'

'နောက်လဲအဲ့လိုပဲခေါ်မယ်နော် ဘာမှမဖြစ်ပါနဲ့နော် မာမီဆေးရုံပို့ပေးမယ်'

'မာမီ'

'ရှင်'

'ကြိုးအတွက်ကျတဲ့မာမီ့မျက်ရည်တွေကိုသိပ်သဘောကျတာပဲ'

သားအမိနှစ်ယောက်လုံးကဘာလို့မြတ်ရဲ့မျက်ရည်ကိုသဘောကျရတာလဲ

'ချစ်တယ်မာမီရယ် ထာဝရထက်ပိုသောအချစ်တွေနဲ့'

'မာမီလဲချစ်ပါတယ်ကလေးရယ်'

'မာမီ'

'ရှင်'

'ကြိုး ကြိုးအိပ်ချင်ပြီ'

'မအိပ်ပါနဲ့ကလေးရယ် မာမီ့စကားနားထောင်ပါကွယ် မအိပ်လိုက်ပါနဲ့'

'ချစ် ချစ်တယ်နော်'

မြတ်အင်္ကျီစကိုဆုပ်ကိုင်ထားတဲ့ကြိုးလက်များပြေလျော့သွားလေတယ်

'ကြိုး.....'

ငါထင်တယ်ငါတော့ဒီည ကွန်ပလိန်းတွေ ကန်စွန်းပလိန်းစားရပီ



















































































'Boss'














'ကွိုးရော ကွိုးဘယျမှာလဲ'

'သှားခေါျလိုကျ'

အငျ်ကြီဖရိုဖရဲနဲ့ကွိုး မကြျနှာမှာလဲရိုကျနှကျထားတဲ့ဒဏျရာတှနေဲ့

'ကွိုး'











































Continue Reading

You'll Also Like

368K 21K 36
ဒေါ်ဒေါ့်ကိုလည်း ချစ်တယ်.... တီချယ့်ကိုလည်း ကြောက်တယ်....
192M 4.6M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
350K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.7M 17.4K 3
*Wattys 2018 Winner / Hidden Gems* CREATE YOUR OWN MR. RIGHT Weeks before Valentine's, seventeen-year-old Kate Lapuz goes through her first ever br...