If we never met

Nana_Phoo

2.6K 418 83

Jaeyong🖤 မှားယွင်းတဲ့Timingတစ်ခုမှာ ဆုံတွေ့ပြီးနာကျင်ရတာထက် ဘယ်သောအခါကမှ ငါတို့ကမကြုံကြိုက်ခဲ့ရင်.... ငါမင်း... Еще

If we never met : One
If we never met : Two
If we never met : Three
If we never met : Four
If we never met : Five
If we never met : Six
If we never met : Seven
If we never met : Eight
If we never met : Nine
If we never met : Ten
If we never met : Eleven
If we never met : Thirteen
If we never met : Fourteen

If we never met : Twelve

91 11 9
Nana_Phoo

*Unicode*

လေအေးလေးတစ်ချက် ဝေ့တိုက်လိုက်တာနဲ့ ပိုအေးလာတဲ့ကိုရီးယားရဲ့အေးစိမ့်စိမ့်ရာသီဥတုအောက်မှာ ဟူဒီအနွေးထည်အိတ်ကပ်ထဲ လက်နှိုက်လို့ လူတွေကြားထဲဖြတ်လျောက်ရသည်။

အေးစိမ့်နေတဲ့ရာသီဥတုကြောင့် ပူးကပ်ကာလျှောက်နေကြတဲ့ တစ်ချို့သော အတွဲတွေက သူ့ကိုအတိတ်တွေထဲပြန်ဆွဲခေါ်သည်။

ဒီလိုမျိုးပဲ ကိုရီးယားရဲ့အရိုးထဲစိမ့်အောင်အေးသည့် ရာသီဥတုမှာ သူ့ကယုံးငယ်လက်ကိုဆုပ်ကိုင်လို့ အနွေးဓာတ်ပေးရင်း လျှောက်သွားဖူးသည်။

အိမ်နဲ့အဆင်မပြေတိုင်းနီးပါးမှာ သူ့ဆီရောက်ရောက်လာတတ်တဲ့ယုံးငယ်ကို စိတ်ပြေလက်ပျောက်ခေါ်ထုတ်လို့ အေးစက်နေတတ်တဲ့ ယုံးငယ်လက်ကို နွေးစေရင်း ဆိုးလ်မြို့ကလမ်းတွေပေါ် ခြေရာတွေထပ်စေခဲ့တာ. . ။

အဲ့လိုမျိုး သူနဲ့ယုံးငယ်ရဲ့ခြေရာတွေထပ်ခဲ့ဖူးသော ဆိုးလ်မြို့ကလမ်းမတွေထက်မှာ အခုတော့ သူတစ်ယောက်တည်းအအေးဒဏ်ကို အံ့တုရလို့။

သူ့လိုမျိုး တစ်ကိုယ်တည်းလျှောက်နေတဲ့သူများရှိနေပေမဲ့ သူ့လောက်တော့အထီးမကျန်နေကြသလို။

ဆိုးလ်မြို့မှာနေရတဲ့ အချိန်နှစ်ပတ်က ဒီဇိုင်းတွေပုံဖော်ရင်းက ဘာမှမဟုတ်သလို ကုန်သွားရပြီး အနားရတဲ့အချိန်တွေတိုင်းလည်း သူကဒီလိုမျိုး လမ်းမတွေထက် လျှောက်သွားပစ်လိုက်တတ်တာ. . ။

တိုက်ခန်းထဲ တစ်ယောက်တည်းဂျောင်ပိတ်လို့ အတွေးတွေထဲနစ်မြှုပ်နေရတာကို သဘောကျတဲ့သူက ဆိုးလ်ကိုပြန်ရောက်လာချိန်မှာ တစ်ယောက်တည်းဂျောင်ပိတ်မနေလိုတော့။

အသစ်ကနေပြန်စလိုက်ဖို့ အတင်းတောင်းတောင်းတတမလိုလားခဲ့တဲ့သူက အခုတော့လိုလားလာခဲ့သလို။

တစ်ချိန်လုံး နှလုံးသားရဲ့အတွင်းနက်နက်ထဲမှာ နေရာယူနေခဲ့တဲ့ ယုံးငယ်ကသူ့အပိုင်လေးဖြစ်နိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်ရေးရေးလေးက ဆိုးလ်မြို့ရဲ့ပုံရိပ်တွေကြားပျောက်ကွယ်လာရတဲ့အခါ သူကတစ်ယောက်တည်းရှိနေရဖို့ကို ငြင်းဆန်လာခဲ့တော့တာ. . ။

ဒီလိုနဲ့ အနားရတဲ့အချိန်တွေတိုင်း ရှုပ်ယှက်ခတ်နေတဲ့လူတွေကြား တိုးဝင်လို့ သူ့ကိုသူဖုံးကွယ်နေခဲ့တာ နှစ်ပတ်တိုင်အောင်။

အတွေးတွေမရှိလျှောက်သွားတတ်တဲ့သူက ဒီနေ့တော့ ဦးတည်ရာပန်းတိုင်ရှိလို့. . ။

ဒီနေ့ကသူဆိုတာရှိလာအောင် လုပ်ပေးခဲ့တဲ့ အသိုက်အမြုံလေး၊ သူရှင်သန်ခဲ့ရတဲ့ ဂေယာလေးကို ပြန်သွားဖို့ကို စိတ်အားထက်သန်လို့ ဒီလိုရာသီဥတုအေးအေးမှာ သူကလမ်းမထက်မှာ ရှိနေတာဖြစ်သည်။

သုံးနှစ်ဆိုတဲ့အချိန်ကာလမှာ အများကြီးပြောင်းလဲသွားတဲ့ဒီမြို့အပြင် ဂေယာလေးကကော ပြောင်းလဲနေပြီလား သူသိချင်သည်။

သူ့ရဲ့အိပ်မက်တွေထဲကတစ်ခုက သူအဆင်ပြေလာတဲ့အခါ ဒီဂေယာလေးကို ပြန်ကြည့်ဖို့ဖြစ်သည်။

သူ့လိုကလေးလေးတွေကို ကောင်းကောင်းမွန်မွန်ရှင်သန်စေလိုပြီး အလှူရှင်မရှိလို့ အလှူငွေမလောက်ငှတဲ့အခါ ထမင်းချည်းသက်သက်စားလို့ ဗိုက်ဖြည့်စေရတာမျိုးတွေ မရှိစေလို. . ။

ဟိုးအရင်နှစ်တွေတုန်းက မဖြစ်မြောက်ခဲ့ရတဲ့ဆန္ဒလေးကို အခုလိုကြုံကြိုက်ချိန်လေးမှာ တတ်နိုင်သလောက် ဖန်ဆင်းချင်သည်။

ဟိုဟိုဒီဒီလျှောက်ဝယ်ရင်းက များပြားလာသောအထုပ်တွေကို သယ်ရင်းဦးတည်ရာဆီ နှင်ရသည်က ထင်သလောက်မလွယ်သော်လည်း ပျော်ရွှင်ခြင်းတစွန်းတစက တွယ်ကပ်လို့. . ။

သူတို့တုန်းကလည်း အထုပ်တွေဆွဲလို့ ဝင်လာတဲ့လူတွေကိုမြင်ရင် သိပ်ကိုပျော်ခဲ့ရသလို အခုသူ့ကိုတွေ့ရင်လည်း ဂေယာအသိုက်အမြုံလေးထဲက ရှင်သန်ခြင်းလေးများက ခုန်ပေါက်နေလောက်မှာ. . ။

တက်ကြွလာတဲ့ခြေလှမ်းတို့နဲ့ ဦးတည်ရာကနီးကပ်လို့. . ။

"မျှော်လင့်ရာ"ဆိုတဲ့ဂေယာလေးဆီက ကလေးများရဲ့ပျော်ရွှင်မြူးတူးသံများကြားလာရတဲ့အခါ သူ့မှာရင်တွေပါတုန်လို့. . ။

ဘာတွေများပြောင်းလဲသွားလောက်ပြီလဲ။

သူ့ကိုကြည့်ရှုပေးခဲ့တဲ့ ဂေယာမှူးတို့ကော ရှိနေဦးမှာလား။

ခြံဝန်းလေးထဲခြေချလိုက်သည်နှင့် အေးမြခြင်းတို့ကကြိုဆိုသည်။

ကျယ်ကျယ်ဝန်းဝန်းခြံဝန်းလေးထဲက ပြေးလွှားဆော့ကစားနေသောကလေးများနှင့် များများစားစားပြောင်းလဲသွားခြင်းမရှိသောဂေယာလေးက သစ်ပင်ရိပ်များနှင့်စိမ်းစိုလို့. . ။

ပြောင်းလဲသွားသည်က ဒီဂေယာလေးမှာ သူ့ကိုသိသည့်သူတွေမရှိတော့သလို သူ့အတွက်ကလည်း မျက်နှာစိမ်းများသာ။

ဆုံးပါးသွားပြီဖြစ်သောဂေယာမှူးအကြောင်းကြားရချိန် ဂေယာမှူးရှိစဥ်က သူပေးခဲ့သည့်ကတိကို မတည်နိုင်ခဲ့တာကိုတွေးမိရပြီး နမျောတသဖြစ်ရသည်။

ဒီဂေယာလေးကိုသိပ်ချစ်တဲ့ ဂေယာမှူးကလည်း သူ့ဂေယာလေးကို အပြီးတိုင်စွန့်ခွာနိုင်ခဲ့သလို..
သူလည်းနောက်မလှည့်စတမ်း စွန့်ခွာပစ်ချင်ခဲ့ရတာ. . ။

မလွယ်ကူတဲ့ဖြတ်တောက်ခြင်းရယ်မို့ သူ့မှာသာ နည်းမျိုးစုံနဲ့ အလဲလဲအကွဲကွဲ. . ။

"ဒါဆိုကျွန်တော်ပြန်လိုက်ပါဦးမယ်ဗျ. ."

ကလေးများအတွက်ရည်ရွယ်လို့ဝယ်လာသည်များနှင့် အလှူငွေတစ်ချို့ကို ဂေယာမှူးထံပေးအပ်ပြီး ဒီနေရာလေးမှ ထွက်ခွာဖို့ပြင်ရသည်။

ဂေယာအပြင်အထိ လိုက်ပို့ပေးချင်သည့် ဂေယာမှူးနှင့် စကားအနည်းငယ်ပြောပြီး အဆောက်အဦးအပြင်ကို ထွက်လိုက်တဲ့တစ်ခဏမှာ သူ့ကမ္ဘာကရပ်တန့်သွားရသလို. . ။

တစ်နေရာတည်းမှာပဲရပ်တန့်သွားရသည့် သူ့အကြည့်တွေနှင့် ခြေလှမ်းတွေကလည်း ရှေ့ဆက်လို့မရတော့။

သူ့စကားနားမထောင်တော့တဲ့ သူ့ခန္ဓာကိုယ်က သူ့ကိုပုန်ကန်လို့လာသည်။

ပိုင်ရှင်ကိုတွေ့သလို အပြင်းအထန်လှုပ်ရှားလာတဲ့ဘယ်ဘက်ရင်အုံထဲက တစ်စုံတစ်ရာက သူ့ရင်ဘတ်ကိုခွဲပြီး ပိုင်ရှင်လေးဆီကို အပြေးအလွှားသွားချင်နေသလို။

ဝမ်းနည်းရိပ်ကိုဆောင်လာသည့် အခိုးအငွေ့တွေက မျက်ဝန်းထဲဝေ့တက်လို့လာ. . ။

ယုံးငယ်. .သူမတွေ့ချင်ဆုံး ယုံးငယ်. .

လီထယ်ယုံးက ကလေးတွေကြား ရယ်မောနေခဲ့လို့တဲ့. . ။

ယုံးငယ်ပြန်တွေ့တဲ့အခါ သူဟာဘာဖြစ်သွားလိမ့်မလဲလို့ အကြိမ်ကြိမ်တွေးခဲ့ဖူးပြီး မတွေ့ချင်ခဲ့တဲ့သူက အခုလိုတွေ့ရတဲ့အချိန် သူဘာဖြစ်သွားသည်မသိတော့ . . ။

တွေ့လိုက်ရတဲ့အခိုက်အတန့်မှာ လှုပ်မရခဲ့တဲ့ခြေထောက်တွေက သူ့စကားကိုနားမထောင်စွာ ယုံးငယ်ရှိရာဆီ ဦးတည်ခဲ့လိုက်တာ ကတိုက်ကရိုက်။

ကလေးတွေကြားက ယုံးငယ်ရှေ့မှာ မတ်တပ်ရပ်လိုက်ရတဲ့အချိန် သူ့မှာတစ်ကမ္ဘာလုံးကို အပိုင်စားရသွားသလို။

သူ့ကိုမော့ကြည့်လာတဲ့မျက်ဝန်းတွေက အရင်လိုမမာကြောနေတဲ့အခါ သူ့မှာငိုချင်လိုက်ရတာ။

ဒူးထောက်ထိုင်ချလို့ ယုံးငယ်ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်မိတဲ့အချိန် သူ့နှလုံးသားကနောက်တစ်ခါကြေကွဲရပြန်သည်။

ဘာတွေများဖြစ်ခဲ့လို့ သူ့ရဲ့ယုံးငယ်က အခုလိုမျိုး. . ။

အံ့ဩနေခဲ့ပုံရတဲ့ယုံးငယ်က အချိန်ခဏမျှကြာမှ သူ့ကိုပြန်ပွေ့ဖက်လာခဲ့သည်။

အဲ့မှာ ဂျောင်ဂျယ်ဟျွန်းတို့ သေရပြန်တာပဲ။

ရှိုက်ကြီးတငင်ငိုချလိုက်မိတာ ယောက်ျားကြီးတန်မဲ့ ကလေးတွေကြား မရှက်မကြောက်။

"မောင်. ."

တုန်ယင်နေတဲ့တိုးလျလျခေါ်သံလေးမှာ သူကမ္ဘာကပြိုရပြန်သည်။

သူလိုက်မမှီတော့တဲ့အဖြစ်အပျက်တွေကြား သူသိတာက ဒီအမျိုးသားလေးကို ကာကွယ်ပေးချင်လိုက်တာပါပဲ . . ။

ဘာလို့မျိုး အီထယ်ယုံးက အရင်ကလိုသန်သန်မာမာမဟုတ်ရတော့တာလဲ။

သုံးနှစ်တာကာလက အရာရာကိုပြောင်းလဲစေတယ်ဆိုရင်တောင် ဘာလို့အီထယ်ယုံးကိုမှ အထီးကျန်တဲ့ပုံရိပ်ကလေးအဖြစ် ပြောင်းလဲပစ်ရက်ရတာလဲ. . ။

ဘာလို့များ သူ့ရဲ့ယုံးငယ်က အရာရာကိုမပိုင်ဆိုင်တော့သလို ပြိုလဲနေတဲ့ပုံရိပ်လေးဖြစ်သွားရတာလဲ. . ။

သူကအချစ်ကိုကျောခိုင်းခဲ့တယ်ဆိုတာက ယုံးငယ်က သူတစ်ပါးရင်ခွင်မှာ ပိုပြီးပျော်ပြီး ပိုတောက်ပနေမှာလို့ သူယုံကြည်လို့. . ။

ဘာမှမရှိတဲ့သူ့ထက် အရာရာပြည့်စုံခြင်းတွေက ယုံးငယ်နဲ့ပိုလိုက်ဖက်နေခဲ့လို့လေ။

ဘာလို့များ ယုံးငယ်က သူတွေးထားသလိုမဖြစ်နေရတာလဲ။

ယုံးငယ်ရွေးချယ်ခဲ့တဲ့အရာပဲမလား ပိုတောက်ပနေရမှာပေါ့ငယ်ရယ်. . မောင်လိုချင် မြင်ချင်တာ ဒီလိုမှမဟုတ်တာ. .။

ဒီပုံရိပ်လေးလွတ်ထွက်သွားမှာစိုးလို့ တင်းတင်းကြပ်ကြပ်ပွေ့ဖက်ရင်းက သူ့ရင်ခွင်ထဲက ငိုသံတွေကိုနားဆင်ရသည်။

ဒါဟာ သေလုမတတ်ခံစားရစေတာပဲသူ့ကို. . ။

ခွဲခွာခြင်းတွေက ကိုယ့်ကိုကော မင်းကိုကော
နာကျင်စေမယ်မှန်းသိရင် ဘာလို့ခွဲခွာခြင်းကိုမှ
ဆောင်ယူခဲ့ရသလဲ အချစ်ရယ် . .

မင်းပျော်နေမှာလို့ ဝေးပေးခဲ့တဲ့ကိုယ်က
အမှန်တရားကြောင့် ထပ်ပြိုလဲသွားရရင်
မင်းပဲအပြစ်ရှိသူဖြစ်ရမှာ. . ။

..........။..........


*Zawgyi*

ေလေအးေလးတစ္ခ်က္ ေဝ့တိုက္လိုက္တာနဲ႕ ပိုေအးလာတဲ့ကိုရီးယားရဲ႕ေအးစိမ့္စိမ့္ရာသီဥတုေအာက္မွာ ဟူဒီအေႏြးထည္အိတ္ကပ္ထဲ လက္ႏွိုက္လို႔ လူေတြၾကားထဲျဖတ္ေလ်ာက္ရသည္။

ေအးစိမ့္ေနတဲ့ရာသီဥတုေၾကာင့္ ပူးကပ္ကာေလွ်ာက္ေနၾကတဲ့ တစ္ခ်ိဳ႕ေသာ အတြဲေတြက သူ႕ကိုအတိတ္ေတြထဲျပန္ဆြဲေခၚသည္။

ဒီလိုမ်ိဳးပဲ ကိုရီးယားရဲ႕အရိုးထဲစိမ့္ေအာင္ေအးသည့္ ရာသီဥတုမွာ သူ႕ကယုံးငယ္လက္ကိုဆုပ္ကိုင္လို႔ အေႏြးဓာတ္ေပးရင္း ေလွ်ာက္သြားဖူးသည္။

အိမ္နဲ႕အဆင္မေျပတိုင္းနီးပါးမွာ သူ႕ဆီေရာက္ေရာက္လာတတ္တဲ့ယုံးငယ္ကို စိတ္ေျပလက္ေပ်ာက္ေခၚထုတ္လို႔ ေအးစက္ေနတတ္တဲ့ ယုံးငယ္လက္ကို ေႏြးေစရင္း ဆိုးလ္ၿမိဳ႕ကလမ္းေတြေပၚ ေျခရာေတြထပ္ေစခဲ့တာ. . ။

အဲ့လိုမ်ိဳး သူနဲ႕ယုံးငယ္ရဲ႕ေျခရာေတြထပ္ခဲ့ဖူးေသာ ဆိုးလ္ၿမိဳ႕ကလမ္းမေတြထက္မွာ အခုေတာ့ သူတစ္ေယာက္တည္းအေအးဒဏ္ကို အံ့တုရလို႔။

သူ႕လိုမ်ိဳး တစ္ကိုယ္တည္းေလွ်ာက္ေနတဲ့သူမ်ားရွိေနေပမဲ့ သူ႕ေလာက္ေတာ့အထီးမက်န္ေနၾကသလို။

ဆိုးလ္ၿမိဳ႕မွာေနရတဲ့ အခ်ိန္ႏွစ္ပတ္က ဒီဇိုင္းေတြပုံေဖာ္ရင္းက ဘာမွမဟုတ္သလို ကုန္သြားရၿပီး အနားရတဲ့အခ်ိန္ေတြတိုင္းလည္း သူကဒီလိုမ်ိဳး လမ္းမေတြထက္ ေလွ်ာက္သြားပစ္လိုက္တတ္တာ. . ။

တိုက္ခန္းထဲ တစ္ေယာက္တည္းေဂ်ာင္ပိတ္လို႔ အေတြးေတြထဲနစ္ျမႇုပ္ေနရတာကို သေဘာက်တဲ့သူက ဆိုးလ္ကိုျပန္ေရာက္လာခ်ိန္မွာ တစ္ေယာက္တည္းေဂ်ာင္ပိတ္မေနလိုေတာ့။

အသစ္ကေနျပန္စလိုက္ဖို႔ အတင္းေတာင္းေတာင္းတတမလိုလားခဲ့တဲ့သူက အခုေတာ့လိုလားလာခဲ့သလို။

တစ္ခ်ိန္လုံး ႏွလုံးသားရဲ႕အတြင္းနက္နက္ထဲမွာ ေနရာယူေနခဲ့တဲ့ ယုံးငယ္ကသူ႕အပိုင္ေလးျဖစ္နိုင္ေသးတယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေရးေရးေလးက ဆိုးလ္ၿမိဳ႕ရဲ႕ပုံရိပ္ေတြၾကားေပ်ာက္ကြယ္လာရတဲ့အခါ သူကတစ္ေယာက္တည္းရွိေနရဖို႔ကို ျငင္းဆန္လာခဲ့ေတာ့တာ. . ။

ဒီလိုနဲ႕ အနားရတဲ့အခ်ိန္ေတြတိုင္း ရႈပ္ယွက္ခတ္ေနတဲ့လူေတြၾကား တိုးဝင္လို႔ သူ႕ကိုသူဖုံးကြယ္ေနခဲ့တာ ႏွစ္ပတ္တိုင္ေအာင္။

အေတြးေတြမရွိေလွ်ာက္သြားတတ္တဲ့သူက ဒီေန႕ေတာ့ ဦးတည္ရာပန္းတိုင္ရွိလို႔. . ။

ဒီေန႕ကသူဆိုတာရွိလာေအာင္ လုပ္ေပးခဲ့တဲ့ အသိုက္အၿမဳံေလး၊ သူရွင္သန္ခဲ့ရတဲ့ ေဂယာေလးကို ျပန္သြားဖို႔ကို စိတ္အားထက္သန္လို႔ ဒီလိုရာသီဥတုေအးေအးမွာ သူကလမ္းမထက္မွာ ရွိေနတာျဖစ္သည္။

သုံးႏွစ္ဆိုတဲ့အခ်ိန္ကာလမွာ အမ်ားႀကီးေျပာင္းလဲသြားတဲ့ဒီၿမိဳ႕အျပင္ ေဂယာေလးကေကာ ေျပာင္းလဲေနၿပီလား သူသိခ်င္သည္။

သူ႕ရဲ႕အိပ္မက္ေတြထဲကတစ္ခုက သူအဆင္ေျပလာတဲ့အခါ ဒီေဂယာေလးကို ျပန္ၾကည့္ဖို႔ျဖစ္သည္။

သူ႕လိုကေလးေလးေတြကို ေကာင္းေကာင္းမြန္မြန္ရွင္သန္ေစလိုၿပီး အလႉရွင္မရွိလို႔ အလႉေငြမေလာက္ငွတဲ့အခါ ထမင္းခ်ည္းသက္သက္စားလို႔ ဗိုက္ျဖည့္ေစရတာမ်ိဳးေတြ မရွိေစလို. . ။

ဟိုးအရင္ႏွစ္ေတြတုန္းက မျဖစ္ေျမာက္ခဲ့ရတဲ့ဆႏၵေလးကို အခုလိုႀကဳံႀကိဳက္ခ်ိန္ေလးမွာ တတ္နိုင္သေလာက္ ဖန္ဆင္းခ်င္သည္။

ဟိုဟိုဒီဒီေလွ်ာက္ဝယ္ရင္းက မ်ားျပားလာေသာအထုပ္ေတြကို သယ္ရင္းဦးတည္ရာဆီ ႏွင္ရသည္က ထင္သေလာက္မလြယ္ေသာ္လည္း ေပ်ာ္႐ႊင္ျခင္းတစြန္းတစက တြယ္ကပ္လို႔. . ။

သူတို႔တုန္းကလည္း အထုပ္ေတြဆြဲလို႔ ဝင္လာတဲ့လူေတြကိုျမင္ရင္ သိပ္ကိုေပ်ာ္ခဲ့ရသလို အခုသူ႕ကိုေတြ႕ရင္လည္း ေဂယာအသိုက္အၿမဳံေလးထဲက ရွင္သန္ျခင္းေလးမ်ားက ခုန္ေပါက္ေနေလာက္မွာ. . ။

တက္ႂကြလာတဲ့ေျခလွမ္းတို႔နဲ႕ ဦးတည္ရာကနီးကပ္လို႔. . ။

"ေမွ်ာ္လင့္ရာ"ဆိုတဲ့ေဂယာေလးဆီက ကေလးမ်ားရဲ႕ေပ်ာ္႐ႊင္ျမဴးတူးသံမ်ားၾကားလာရတဲ့အခါ သူ႕မွာရင္ေတြပါတုန္လို႔. . ။

ဘာေတြမ်ားေျပာင္းလဲသြားေလာက္ၿပီလဲ။

သူ႕ကိုၾကည့္ရႈေပးခဲ့တဲ့ ေဂယာမႉးတို႔ေကာ ရွိေနဦးမွာလား။

ၿခံဝန္းေလးထဲေျခခ်လိဳက္သည္ႏွင့္ ေအးျမျခင္းတို႔ကႀကိဳဆိုသည္။

က်ယ္က်ယ္ဝန္းဝန္းၿခံဝန္းေလးထဲက ေျပးလႊားေဆာ့ကစားေနေသာကေလးမ်ားႏွင့္ မ်ားမ်ားစားစားေျပာင္းလဲသြားျခင္းမရွိေသာေဂယာေလးက သစ္ပင္ရိပ္မ်ားႏွင့္စိမ္းစိုလို႔. . ။

ေျပာင္းလဲသြားသည္က ဒီေဂယာေလးမွာ သူ႕ကိုသိသည့္သူေတြမရွိေတာ့သလို သူ႕အတြက္ကလည္း မ်က္ႏွာစိမ္းမ်ားသာ။

ဆုံးပါးသြားၿပီျဖစ္ေသာေဂယာမႉးအေၾကာင္းၾကားရခ်ိန္ ေဂယာမႉးရွိစဥ္က သူေပးခဲ့သည့္ကတိကို မတည္နိုင္ခဲ့တာကိုေတြးမိရၿပီး နေမ်ာတသျဖစ္ရသည္။

ဒီေဂယာေလးကိုသိပ္ခ်စ္တဲ့ ေဂယာမႉးကလည္း သူ႕ေဂယာေလးကို အၿပီးတိုင္စြန့္ခြာနိုင္ခဲ့သလို..

သူလည္းေနာက္မလွည့္စတမ္း စြန့္ခြာပစ္ခ်င္ခဲ့ရတာ. . ။

မလြယ္ကူတဲ့ျဖတ္ေတာက္ျခင္းရယ္မို႔ သူ႕မွာသာ နည္းမ်ိဳးစုံနဲ႕ အလဲလဲအကြဲကြဲ. . ။

"ဒါဆိုကြၽန္ေတာ္ျပန္လိုက္ပါဦးမယ္ဗ်. ."

ကေလးမ်ားအတြက္ရည္႐ြယ္လို႔ဝယ္လာသည္မ်ားႏွင့္ အလႉေငြတစ္ခ်ိဳ႕ကို ေဂယာမႉးထံေပးအပ္ၿပီး ဒီေနရာေလးမွ ထြက္ခြာဖို႔ျပင္ရသည္။

ေဂယာအျပင္အထိ လိုက္ပို႔ေပးခ်င္သည့္ ေဂယာမႉးႏွင့္ စကားအနည္းငယ္ေျပာၿပီး အေဆာက္အဦးအျပင္ကို ထြက္လိုက္တဲ့တစ္ခဏမွာ သူ႕ကမာၻကရပ္တန့္သြားရသလို. . ။

တစ္ေနရာတည္းမွာပဲရပ္တန့္သြားရသည့္ သူ႕အၾကည့္ေတြႏွင့္ ေျခလွမ္းေတြကလည္း ေရွ႕ဆက္လို႔မရေတာ့။

သူ႕စကားနားမေထာင္ေတာ့တဲ့ သူ႕ခႏၶာကိုယ္က သူ႕ကိုပုန္ကန္လို႔လာသည္။

ပိုင္ရွင္ကိုေတြ႕သလို အျပင္းအထန္လႈပ္ရွားလာတဲ့ဘယ္ဘက္ရင္အုံထဲက တစ္စုံတစ္ရာက သူ႕ရင္ဘတ္ကိုခြဲၿပီး ပိုင္ရွင္ေလးဆီကို အေျပးအလႊားသြားခ်င္ေနသလို။

ဝမ္းနည္းရိပ္ကိုေဆာင္လာသည့္ အခိုးအေငြ႕ေတြက မ်က္ဝန္းထဲေဝ့တက္လို႔လာ. . ။

ယုံးငယ္. .သူမေတြ႕ခ်င္ဆုံး ယုံးငယ္. .

လီထယ္ယုံးက ကေလးေတြၾကား ရယ္ေမာေနခဲ့လို႔တဲ့. . ။

ယုံးငယ္ျပန္ေတြ႕တဲ့အခါ သူဟာဘာျဖစ္သြားလိမ့္မလဲလို႔ အႀကိမ္ႀကိမ္ေတြးခဲ့ဖူးၿပီး မေတြ႕ခ်င္ခဲ့တဲ့သူက အခုလိုေတြ႕ရတဲ့အခ်ိန္ သူဘာျဖစ္သြားသည္မသိေတာ့ . . ။

ေတြ႕လိုက္ရတဲ့အခိုက္အတန့္မွာ လႈပ္မရခဲ့တဲ့ေျခေထာက္ေတြက သူ႕စကားကိုနားမေထာင္စြာ ယုံးငယ္ရွိရာဆီ ဦးတည္ခဲ့လိုက္တာ ကတိုက္ကရိုက္။

ကေလးေတြၾကားက ယုံးငယ္ေရွ႕မွာ မတ္တပ္ရပ္လိုက္ရတဲ့အခ်ိန္ သူ႕မွာတစ္ကမာၻလုံးကို အပိုင္စားရသြားသလို။

သူ႕ကိုေမာ့ၾကည့္လာတဲ့မ်က္ဝန္းေတြက အရင္လိုမမာေၾကာေနတဲ့အခါ သူ႕မွာငိုခ်င္လိုက္ရတာ။

ဒူးေထာက္ထိုင္ခ်လိဳ႕ ယုံးငယ္ကို တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္လိုက္မိတဲ့အခ်ိန္ သူ႕ႏွလုံးသားကေနာက္တစ္ခါေၾကကြဲရျပန္သည္။

ဘာေတြမ်ားျဖစ္ခဲ့လို႔ သူ႕ရဲ႕ယုံးငယ္က အခုလိုမ်ိဳး. . ။

အံ့ဩေနခဲ့ပုံရတဲ့ယုံးငယ္က အခ်ိန္ခဏမွ်ၾကာမွ သူ႕ကိုျပန္ေပြ႕ဖက္လာခဲ့သည္။

အဲ့မွာ ေဂ်ာင္ဂ်ယ္ဟြၽန္းတို႔ ေသရျပန္တာပဲ။

ရွိုက္ႀကီးတငင္ငိုခ်လိဳက္မိတာ ေယာက္်ားႀကီးတန္မဲ့ ကေလးေတြၾကား မရွက္မေၾကာက္။

"ေမာင္. ."

တုန္ယင္ေနတဲ့တိုးလ်လ်ေခၚသံေလးမွာ သူကမာၻကၿပိဳရျပန္သည္။

သူလိုက္မမွီေတာ့တဲ့အျဖစ္အပ်က္ေတြၾကား သူသိတာက ဒီအမ်ိဳးသားေလးကို ကာကြယ္ေပးခ်င္လိုက္တာပါပဲ . . ။

ဘာလို႔မ်ိဳး အီထယ္ယုံးက အရင္ကလိုသန္သန္မာမာမဟုတ္ရေတာ့တာလဲ။

သုံးႏွစ္တာကာလက အရာရာကိုေျပာင္းလဲေစတယ္ဆိုရင္ေတာင္ ဘာလို႔အီထယ္ယုံးကိုမွ အထီးက်န္တဲ့ပုံရိပ္ကေလးအျဖစ္ ေျပာင္းလဲပစ္ရက္ရတာလဲ. . ။

ဘာလို႔မ်ား သူ႕ရဲ႕ယုံးငယ္က အရာရာကိုမပိုင္ဆိုင္ေတာ့သလို ၿပိဳလဲေနတဲ့ပုံရိပ္ေလးျဖစ္သြားရတာလဲ. . ။

သူကအခ်စ္ကိုေက်ာခိုင္းခဲ့တယ္ဆိုတာက ယုံးငယ္က သူတစ္ပါးရင္ခြင္မွာ ပိုၿပီးေပ်ာ္ၿပီး ပိုေတာက္ပေနမွာလို႔ သူယုံၾကည္လို႔. . ။

ဘာမွမရွိတဲ့သူ႕ထက္ အရာရာျပည့္စုံျခင္းေတြက ယုံးငယ္နဲ႕ပိုလိုက္ဖက္ေနခဲ့လို႔ေလ။

ဘာလို႔မ်ား ယုံးငယ္က သူေတြးထားသလိုမျဖစ္ေနရတာလဲ။

ယုံးငယ္ေ႐ြးခ်ယ္ခဲ့တဲ့အရာပဲမလား ပိုေတာက္ပေနရမွာေပါ့ငယ္ရယ္. . ေမာင္လိုခ်င္ ျမင္ခ်င္တာ ဒီလိုမွမဟုတ္တာ. .။

ဒီပုံရိပ္ေလးလြတ္ထြက္သြားမွာစိုးလို႔ တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္ရင္းက သူ႕ရင္ခြင္ထဲက ငိုသံေတြကိုနားဆင္ရသည္။

ဒါဟာ ေသလုမတတ္ခံစားရေစတာပဲသူ႕ကို. . ။

ခြဲခြာျခင္းေတြက ကိုယ့္ကိုေကာ မင္းကိုေကာ

နာက်င္ေစမယ္မွန္းသိရင္ ဘာလို႔ခြဲခြာျခင္းကိုမွ

ေဆာင္ယူခဲ့ရသလဲ အခ်စ္ရယ္ . .

မင္းေပ်ာ္ေနမွာလို႔ ေဝးေပးခဲ့တဲ့ကိုယ္က

အမွန္တရားေၾကာင့္ ထပ္ၿပိဳလဲသြားရရင္

မင္းပဲအျပစ္ရွိသူျဖစ္ရမွာ. . ။

..........။..........

Продолжить чтение

Вам также понравится

198K 4.2K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
Doors open. ash

Фанфик

561K 8.6K 85
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
1.9M 86.2K 194
"Oppa", she called. "Yes, princess", seven voices replied back. It's a book about pure sibling bond. I don't own anything except the storyline.
Age Gap [JJK] Moon

Фанфик

137K 6.3K 36
"I can never see you as my wife. This marriage is merely a formality, a sham, a marriage on paper only." . . . . . . She was 10 years younger than hi...