Unicode
ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်
အခန်း ၇ - ရိုးတွင်းခြင်ဆီ ပွဲစဉ်
ချင်ကော သူကိုယ်တိုင်ပြုပြင်ထားသော ဂျစ်ကား ဖြင့် ကျောက်စိမ်းဆီ ပြန်လည်မောင်းနှင်လာခဲ့သည်။ သူပြန်လာတဲ့အချိန်က တော်တော်နောက်ကျနေပြီ။
ချင်ဟွိုက်က သူ့အစ်ကိုရဲ့ ကားပါကင်ထိုးသံကိုကြားပြီး "အစ်ကို "လို့ မခေါ်ခင် လမ်းလျှောက်ဝင်လာတာကို စောင့်နေခဲ့သည်။
"ချင်ဟွိုက် မင်းဘာလို့ခုထိ မအိပ်သေးတာလဲ။ မနက်ဖြန် အလုပ်သွားစရာ မလိုဘူးလား" ချင်ကောက သူ့နာရီကို စစ်ကြည့်ပြီး လန့်သွားခဲ့သည်။ မနက် ၁ နာရီ ထိုးနေပြီ။ ပုံမှန်အားဖြင့် ကျန်းမာလွန်းသော ဇီဝနာရီရှိသည့် သူ့ညီဖြစ်သူက အခုချိန်ဆိုရင် အိပ်ပျော်နေပေလိမ့်မည်။ အခုက ပုံမှန်မဟုတ်နေဘူး။
"ကျွန်တော်က သူဌေးပါ၊ ဒါကြောင့် အလုပ်မှာကျွန်တော် ရှိ/မရှိကို ဘယ်သူမှ စစ်ဆေးဖို့ သတ္တိရှိမှာ မဟုတ်ဘူး" ချင်ဟွိုက်က သူ့ကို ဝိုင်နီတစ်ခွက်နဲ့ ဖိတ်ခေါ်ခဲ့သည်။ "ဘာလို့ ကျွန်တော်တို့အတူတူ မသောက်ကြမှာလဲ"
ချင်ကော မျက်ခုံးပင့်လိုက်မိသည်။ သူ့ ကားသော့ကို အိတ်ကပ်ထဲ ပစ်ထည့်လိုက်ပြီး ချင်ဟွိုက်ရဲ့မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။
ချင်ဟွိုက်က ချင်ကောအတွက် ဝိုင်နီတစ်ခွက် ထည့်ပေးခဲ့သည်။ ချင်ကော တစ်ငုံပြီး မျက်မှောင်ကြုတ်လိုက်သည်။ "နိုင်ငံရပ်ခြားမှာ ကျောင်းတက်တဲ့သူတိုင်းက ဘာလို့ ဝိုင်နီသောက်ရတာကို ကြိုက်ကြတာလဲ"
“ကျွန်တော်က အရသာကို ကြိုက်လို့။ တခြားသူတွေရဲ့ အကြောင်းပြချက်ကိုတော့ ကျွန်တော် မသိဘူး” ချင်ဟွိုက်က ရှင်းပြလိုက်သည်။
"ဘာအရသာလဲ။ အရသာလုံးဝမရှိဘူး” ချင်ကောက မကျေမနပ်နဲ့ ပြောလိုက်သည်။ "ယောကျ်ားစစ်စစ်ဆိုရင် ပိုင်ကျို့(အရက်ဖြူ) သောက်ရတယ်[1]။ ငါ နောက်နေ့ ဂျုံအရက်တစ်ပုလင်း ယူလာခဲ့မယ်"
[1] ပိုင်ကျို့(အရက်ဖြူ) သည် တရုတ်ဆန်အချဉ်ဖောက်ထားသော အရောင်မဲ့အရက်တစ်မျိုးဖြစ်သည်။
"အစ်ကို " ချင်ဟွိုက်က သူဘယ်လိုရှင်းပြရမှန်း မသေချာတဲ့ အချက်တချို့ကို ပြောချင်ခဲ့သည်။ သူ စကားဝိုင်းအတိုင်း ဆက်သွားနိုင်သော်လည်း သူ့အစ်ကိုက တွဲကစားပေးနေရုံပဲဆိုတာကို သူသိသည်။
"အင်း ........ ငါသူတို့နဲ့ နေခဲ့တာကြာပြီ။ အဲ့တော့ ငါဒီလိုနည်းနဲ့ပဲ ပြောတတ်တယ်" တကယ်တော့ ချင်ကောအနေနဲ့ သူ့ရဲ့ ရိုင်းစိုင်းတဲ့ အပြောအဆို အမူအရာက သူ့မိသားစုကို စိတ်မသက်မသာဖြစ်စေပုံပေါက်တာကို သတိထားမိပြီးသားပင်။ သူတို့ထင်မြင်ချက်တွေကို ဘယ်တော့မှ ထုတ်မပြောကြပေမယ့် သူတို့မျက်လုံးထဲက အရှက်တရားတွေကို ဖုံးကွယ်ထားလို့မရဘူး။
ချင်ဟွိုက်က ချင်ကော ဘယ်သူ့ကို ရည်ညွှန်းပြီးပြောလဲဆိုတာ သဘာဝကျကျ သိသည်။ သူ့အစ်ကို စစ်မှုထမ်းပြီးကတည်းက သူတို့တစ်ယောက်နဲ့တစ်ယောက် ဝေးကွာလာကြတာ။ သူတို့ ငယ်ငယ်တုန်းကလို စကားစမြည်ပြောတာ၊ ဘောလုံးကစားတာ ဒါမှမဟုတ် ငယ်ငယ်တုန်းကလို မိန်းကလေးတွေအကြောင်း အများကြီးပြောကြတာမျိုးတောင် မလုပ်ဖြစ်ခဲ့ကြဘူး။ မကြာခဏဆိုသလို ချင်ဟွိုက်က သူ့အစ်ကိုက သူနဲ့သွေးသားတော်စပ်တဲ့ ညီအစ်ကိုအရင်းထက် သူ့ရဲဘော်တွေနဲ့ ပိုနီးစပ်တယ်လို့ ထင်နေတတ်သည်။
"အစ်ကို၊ အဲဒီတုန်းက ဘာလို့ အထူးတပ်ဖွဲ့မှာ စစ်သားဝင်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာလဲ" ချင်ဟွိုက် မေးလိုက်သည်။
ချင်ကောက သူ့ညီလေးကို ထူးဆန်းတဲ့အကြည့်နဲ့ကြည့်လိုက်သည်။ "ငါ စစ်သင်တန်းကျောင်းမှာ တက်ခဲ့တာလေ။ ဘာဖြစ်လို့ အထူးတပ်ဖွဲ့မှာ အမှုမထမ်းရမှာလဲ"
“ဟုတ်သားပဲ” ချင်ဟွိုက် ပြုံးလိုက်သည်။ "အစ်ကို ပြန်လာပြီးကတည်းက အများကြီးပြောင်းလဲသွားတယ်လို့ ကျွန်တော်ထင်မိတယ်။ နောက်တစ်ခုက ကျွန်တော်တို့ အရင်က တူတာတွေ အများကြီးရှိတာ သိသာတယ်”
"အဲ့တာက ငါစစ်မှုထမ်းလို့ ဒါမှမဟုတ် ငါ့ရောဂါကြောင့်လို့ မင်းထင်လား" ချင်ကောက ဝိုင်တစ်ခွက်ကို ပေါ့ပေါ့ပါးပါး လှုပ်ယမ်းရင်း မေးလိုက်သည်။
"အစ်ကိုက အခု အများကြီး ပိုကောင်းနေပါပြီ" ချင်ကောက သူ့ကိုယ်သူ သာမန်လူမဟုတ်ဘဲ ဖျားနာတဲ့ လူနာတစ်ယောက်လို သဘောထားတာကို ချင်ဟွိုက် မနှစ်သက်ပေ။
"အဲဒါကို ကိုယ့်ကိုယ်ကိုပြောဖို့ အချက်ရှိနေတယ်လို့ မင်း ထင်လား" ချင်ကောက ကိုယ့်ကိုယ်ကို လှောင်ပြောင်ရယ်မောလိုက်သည်။ "တကယ်လို့ ရောဂါပျောက်ကင်းသွားခဲ့ရင် မင်း ငါ့ပတ်ဝန်းကျင်မှာ ဒီလောက်သတိရှိရှိနဲ့ နေနေမှာလား။ အမေက ငါ့အတွက် blind date တွေ စီစဉ်ဖို့ ကြိုးစားရင်း ဒီလောက် အလုပ်ရှုပ်နေပါ့မလား”
"အစ်ကို!" ချင်ဟွိုက် သူ့အစ်ကိုပြောတာတွေကို မကြားချင်တော့ဘူး။
“မင်းဘာပြောမယ်ဆိုတာ ငါသိတယ်။ တကယ်တော့ ငါ အိမ်ပြန်ရောက်လာကတည်းက ဒီမိသားစုနဲ့ နည်းနည်းလေး ဝေးကွာသွားတာကို ငါ သတိထားမိပြီးသားပါ”
“အစ်ကို၊ ဒါ အစ်ကို့ရဲ့အိမ်။ ဒီနေရာက အစ်ကို ကြီးပြင်းလာခဲ့တဲ့နေရာပဲ!" ချင်ဟွိုက်က သူ့အသံကို မထိန်းနိုင်တော့ဘူး။ သူ့အစ်ကိုက သူ့ကိုယ်သူ အပြင်လူတစ်ယောက်လို ဆက်ဆံတာမျိုး သူတကယ်မကြိုက်ဘူး။
"မင်းဘာဖြစ်နေတာလဲ။ မင်းရဲ့အသံကိုတိုးဦး …” ချင်ကော သူ့လက်ကို မြှောက်ကာ ငြိမ်သက်သွားစေဖို့ လှုံ့ဆော်ပေးခဲ့သည်။ "ဒီလောက်ထိ ဒေါသမထွက်နဲ့ "
“အစ်ကို ဒီလိုမျိုးတွေ ပြောနေတာကို မကြားချင်ဘူး။ ဒါက အစ်ကို့ရဲ့အိမ်။ ဒီမိသားစုက အစ်ကိုနဲ့ နည်းနည်းလေးဝေးကွာသွားတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ။ ဒီမိသားစုက အစ်ကိုနဲ့ အတိအကျဘယ်လောက် ဝေးကွာနေလို့လဲ"
ချင်ကောက သူ့ညီလေး ဒီလောက်ကြာကြာ ဒေါသထွက်တာကို မတွေ့ဖူးဘူး။ အထူးသဖြင့် သူ ချင်မိသားစု စီးပွားရေးလုပ်ငန်းကို တာဝန်ယူပြီးနောက်ပိုင်းမှာပင်။ နေ့တိုင်း သူက အရာအားလုံးကို ထိန်းချုပ်ထားသလိုမျိုး ပြုမူခဲ့ပြီး ဘဝင်ခိုက်နေတဲ့ အသွင်အပြင်က သူ့ရဲ့စီးပွားပြိုင်ဘက်တွေကို ကောင်းကောင်းအနိုင်ယူနိုင်စေသည်။
“ကိုယ့်ကိုယ်ကို လိမ်နေတာကို ရပ်လိုက်တော့။ နောက်ဆုံးတော့ ငါက မင်းတို့အားလုံးနဲ့ မတူဘူး။” ချင်ကောက ခါးသက်စွာ ပြုံးလိုက်ပြီး သူ့ဘာသာ ဝိုင်နောက်တစ်ခွက် ထည့်လိုက်သည်။
တကယ်တော့ ချင်ဟွိုက်က သူ့အစ်ကိုရဲ့ဖြစ်သူရဲ့ ပြတ်သားမှု၊ ရဲရင့်မှုနဲ့ ဂရုမစိုက်တတ်တဲ့ သူအဖြစ်ကနေ လက်ရှိအခြေအနေအဖြစ် ရောက်သွားအောင် ဘယ်လိုမျိုး အတွေ့အကြုံတွေက ပြောင်းလဲသွားစေခဲ့တာလဲလို့ အမြဲမေးချင်နေခဲ့တာ။
"ဒီမိသားစုရဲ့အနာဂတ်နဲ့ ကုမ္ပဏီက မင်းအပေါ်မှာပဲမူတည်တယ် " ချင်ကောက ပြောလိုက်သည်။
"အစ်ကို ကုမ္ပဏီထဲဝင်ချင်ရင်…”
“ရပ်တော့…” ချင်ကောက သူ့လက်ကို မြှောက်ပြီး သူ့ညီလေး ပြောမယ့်စကား မဆုံးအောင် တားလိုက်သည်။ “ငါ့ဘဝရဲ့ ကျန်ရှိနေသေးတဲ့ ဘဝရဲ့နေထိုင်မှုအတွက် ကုမ္ပဏီရဲ့ အမြတ်ဝေစုကို ငါ တွက်ချက်နေတုန်းပဲ။ မင်းငါ့ကို ကုမ္ပဏီထဲဝင်ခွင့်ပြုဖို့ အကြံပြုရမယ်လို့တောင် ထင်နေလား…”
ချင်ဟွိုက်က "ဒါဆို ကုမ္ပဏီအကြောင်း မပြောတော့ဘူး ဖေးဖေး အကြောင်း ပြောရအောင်။ အစ်ကို သူ့ကို အထူးသီးသန့်ကျောင်း(မသန်စွမ်းကလေးတွေအတွက် သီးသန့်ဖွင့်ထားသည့်ကျောင်း)ကို ပို့ဖို့ တကယ် မစီစဥ်ဘူးလား" လို့ မမေးခင် ဦးနှောက်ခြောက်အောင် စဥ်းစားခဲ့သည်။
"ဖေးဖေးက ဘာမှမဖြစ်ဘူးလို့ မင်းကို ငါပြောထားပြီးသားပဲ။ သူက စကားမပြောချင်တာ” ချင်ကော လေသံက အေးစက်သွားခဲ့သည်။ "ဘာလို့လဲ။ ငါ့ရဲ့အိမ်ထောင်ရေးကိစ္စက ဖေးဖေးနဲ့ ပြဿနာရှိလို့လား "
“မဟုတ်ဘူး၊ အဲ့လို မပြောပါဘူး” ချင်ဟွိုက်က ပြန်ဖြေလိုက်သည်။ "အိမ်ထောင်ရေးအကြောင်းပြောရင် အစ်ကို၊ အစ်ကို တကယ်ပဲ လက်ထပ်ချင်တာလား"
"မင်း သဘောတူ စာချုပ်မချုပ်ရသေးဘူးလား"
“သဘောတူစာချုပ် ချုပ်လား၊ မချုပ်ဘူးလားဆိုတာကို ကျွန်တော် ဂရုမစိုက်ဘူး။ ယွမ် သန်း ၅၀၀ ပစ်ရရင်တောင် ကျွန်တော် စိတ်မ၀င်စားဘူး။ အစ်ကို့ကို လက်ထပ်စေချင်တယ်လို့ အမေ ပြောလာတာကြောင့်မို့ အဆင်ပြေတဲ့အိမ်ထောင်ရေးဆိုတဲ့ အတွေးကို ကျွန်တော် စိတ်ကူးမိခဲ့ပေမယ့်… ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ်ကို့ရဲ့ အတွေးအမြင်တွေကို မေးချင်သေးလို့ ” ချင်ဟွိုက်က ပြောလိုက်သည်။
"အမေပြောတာ မှန်တယ်။ ငါ လက်ထပ်ဖို့ သဘောတူခဲ့တာ" ချင်ကောက ပြုံးပြီး ပြောခဲ့သည်။ “စိတ်ရောဂါဆရာဝန်က အိမ်ထောင်ပြုဖို့ စိတ်ကူးကို အကြံပြုထားပြီး ချိန်းတွေ့တာ ကြိုးစားဖို့တောင် တိုက်တွန်းခဲ့တယ်။ ရည်းစားရဖို့ဆိုတာ ငါ့အတွက် အတော်လေးကို မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့ အိမ်ထောင်ပြုတာက အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းပဲ။ ငါ အဲဒါကို မဆန့်ကျင်ဘူး။ ငါ့ရဲ့ အိမ်ထောင်ဖက်ကိုတောင် မြင်ဖူးပြီးပြီးပဲ။ သူမက ငါ့မျက်လုံးထဲမှာ မျက်စိပသာဒဖြစ်တယ်။ ငါ့ဆီမှာ အိမ်ထောင်ဖက်က ဘယ်လိုမျိုး ဖြစ်သင့်တယ်ဆိုတဲ့ သတ်မှတ်ချက်တွေ မရှိဘူး။ ဒါပေမယ့် မိသားစု နောက်ခံကောင်းတဲ့သူတစ်ယောက်ကိုရှာဖို့ အမေက အတင်းအကျပ်တိုက်တွန်းခဲ့တာ။ အိမ်ထောင်ဖက်က အိမ်ထောင်ပြုပြီးတော့ နှစ်ရက်အတွင်း ကွာရှင်းပြတ်စဲဖို့ တောင်းဆိုလာမှာကို ငါ စိုးရိမ်မိတယ်”
"သူမ အဲ့လိုလုပ်မှာမဟုတ်ဘူး!" ချင်ဟွိုက်က သေချာပေါက် အခိုင်အမာပြောလိုက်သည်။
"ငါလည်း အဲ့လိုဖြစ်ဖို့ မျှော်လင့်ပါတယ်" ချင်ကောက ပခုံးတွန့်ကာ အမှတ်မဲ့ တုံ့ပြန်လိုက်သည်။
“အမေက မစ္စစ်ဝူကို လာမဲ့ ဗုဒ္ဓဟူးနေ့မှာ ညစာစားဖို့ ဖိတ်ထားတယ်” ချင်ဟွိုက် ပြောပြလိုက်သည်။
"ဟုတ်ပြီ။ ငါ လာမယ့် ဗုဒ္ဓဟူးနေ့ကျရင် စောစော အိမ်ပြန်လာမယ်" ချင်ကောက ပြုံးပြုံးလေး ပြောလိုက်သည်။ "ဒါဆို သူမက အခု ငါ့ရဲ့ အနာဂတ်ဇနီးလောင်းလေးပေါ့"
••••••••••
Zawgyi
ငါ့ခင္ပြန္းကို ေန႔တိုင္း အလိုလိုက္ေနရတယ္
အခန္း ၇ - ႐ိုးတြင္းျခင္ဆီ ပြဲစဥ္
ခ်င္ေကာ သူကိုယ္တိုင္ျပဳျပင္ထားေသာ ဂ်စ္ကား ျဖင့္ ေက်ာက္စိမ္းဆီ ျပန္လည္ေမာင္းႏွင္လာခဲ့သည္။ သူျပန္လာတဲ့အခ်ိန္က ေတာ္ေတာ္ေနာက္က်ေနၿပီ။
ခ်င္ဟြိဳက္က သူ႕အစ္ကိုရဲ႕ ကားပါကင္ထိုးသံကိုၾကားၿပီး "အစ္ကို "လို႔ မေခၚခင္ လမ္းေလွ်ာက္ဝင္လာတာကို ေစာင့္ေနခဲ့သည္။
"ခ်င္ဟြိဳက္ မင္းဘာလို႔ခုထိ မအိပ္ေသးတာလဲ။ မနက္ျဖန္ အလုပ္သြားစရာ မလိုဘူးလား" ခ်င္ေကာက သူ႕နာရီကို စစ္ၾကည့္ၿပီး လန္႔သြားခဲ့သည္။ မနက္ ၁ နာရီ ထိုးေနၿပီ။ ပုံမွန္အားျဖင့္ က်န္းမာလြန္းေသာ ဇီဝနာရီ႐ွိသည့္ သူ႕ညီျဖစ္သူက အခုခ်ိန္ဆိုရင္ အိပ္ေပ်ာ္ေနေပလိမ့္မည္။ အခုက ပုံမွန္မဟုတ္ေနဘူး။
"ကြၽန္ေတာ္က သူေဌးပါ၊ ဒါေၾကာင့္ အလုပ္မွာကြၽန္ေတာ္ ႐ွိ/မ႐ွိကို ဘယ္သူမွ စစ္ေဆးဖို႔ သတၱိ႐ွိမွာ မဟုတ္ဘူး" ခ်င္ဟြိဳက္က သူ႕ကို ဝိုင္နီတစ္ခြက္နဲ႔ ဖိတ္ေခၚခဲ့သည္။ "ဘာလို႔ ကြၽန္ေတာ္တို႔အတူတူ မေသာက္ၾကမွာလဲ"
ခ်င္ေကာ မ်က္ခုံးပင့္လိုက္မိသည္။ သူ႕ ကားေသာ့ကို အိတ္ကပ္ထဲ ပစ္ထည့္လိုက္ၿပီး ခ်င္ဟြိဳက္ရဲ႕မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္လိုက္သည္။
ခ်င္ဟြိဳက္က ခ်င္ေကာအတြက္ ဝိုင္နီတစ္ခြက္ ထည့္ေပးခဲ့သည္။ ခ်င္ေကာ တစ္ငုံၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။ "ႏိုင္ငံရပ္ျခားမွာ ေက်ာင္းတက္တဲ့သူတိုင္းက ဘာလို႔ ဝိုင္နီေသာက္ရတာကို ႀကိဳက္ၾကတာလဲ"
“ကြၽန္ေတာ္က အရသာကို ႀကိဳက္လို႔။ တျခားသူေတြရဲ႕ အေၾကာင္းျပခ်က္ကိုေတာ့ ကြၽန္ေတာ္ မသိဘူး” ခ်င္ဟြိဳက္က ႐ွင္းျပလိုက္သည္။
"ဘာအရသာလဲ။ အရသာလုံးဝမ႐ွိဘူး” ခ်င္ေကာက မေက်မနပ္နဲ႔ ေျပာလိုက္သည္။ "ေယာက်္ားစစ္စစ္ဆိုရင္ ပိုင္က်ိဳ႕(အရက္ျဖဴ) ေသာက္ရတယ္[1]။ ငါ ေနာက္ေန႔ ဂ်ံဳအရက္တစ္ပုလင္း ယူလာခဲ့မယ္"
[1] ပိုင္က်ိဳ႕(အရက္ျဖဴ) သည္ တ႐ုတ္ဆန္အခ်ဥ္ေဖာက္ထားေသာ အေရာင္မဲ့အရက္တစ္မ်ိဳးျဖစ္သည္။
"အစ္ကို " ခ်င္ဟြိဳက္က သူဘယ္လို႐ွင္းျပရမွန္း မေသခ်ာတဲ့ အခ်က္တခ်ိဳ႕ကို ေျပာခ်င္ခဲ့သည္။ သူ စကားဝိုင္းအတိုင္း ဆက္သြားႏိုင္ေသာ္လည္း သူ႕အစ္ကိုက တြဲကစားေပးေန႐ုံပဲဆိုတာကို သူသိသည္။
"အင္း ........ ငါသူတို႔နဲ႔ ေနခဲ့တာၾကာၿပီ။ အဲ့ေတာ့ ငါဒီလိုနည္းနဲ႔ပဲ ေျပာတတ္တယ္" တကယ္ေတာ့ ခ်င္ေကာအေနနဲ႔ သူ႕ရဲ႕ ႐ိုင္းစိုင္းတဲ့ အေျပာအဆို အမူအရာက သူ႕မိသားစုကို စိတ္မသက္မသာျဖစ္ေစပုံေပါက္တာကို သတိထားမိၿပီးသားပင္။ သူတို႔ထင္ျမင္ခ်က္ေတြကို ဘယ္ေတာ့မွ ထုတ္မေျပာၾကေပမယ့္ သူတို႔မ်က္လုံးထဲက အ႐ွက္တရားေတြကို ဖုံးကြယ္ထားလို႔မရဘူး။
ခ်င္ဟြိဳက္က ခ်င္ေကာ ဘယ္သူ႕ကို ရည္ၫႊန္းၿပီးေျပာလဲဆိုတာ သဘာဝက်က် သိသည္။ သူ႕အစ္ကို စစ္မႈထမ္းၿပီးကတည္းက သူတို႔တစ္ေယာက္နဲ႔တစ္ေယာက္ ေဝးကြာလာၾကတာ။ သူတို႔ ငယ္ငယ္တုန္းကလို စကားစျမည္ေျပာတာ၊ ေဘာလုံးကစားတာ ဒါမွမဟုတ္ ငယ္ငယ္တုန္းကလို မိန္းကေလးေတြအေၾကာင္း အမ်ားႀကီးေျပာၾကတာမ်ိဳးေတာင္ မလုပ္ျဖစ္ခဲ့ၾကဘူး။ မၾကာခဏဆိုသလို ခ်င္ဟြိဳက္က သူ႕အစ္ကိုက သူနဲ႔ေသြးသားေတာ္စပ္တဲ့ ညီအစ္ကိုအရင္းထက္ သူ႕ရဲေဘာ္ေတြနဲ႔ ပိုနီးစပ္တယ္လို႔ ထင္ေနတတ္သည္။
"အစ္ကို၊ အဲဒီတုန္းက ဘာလို႔ အထူးတပ္ဖြဲ႕မွာ စစ္သားဝင္လုပ္ဖို႔ ဆုံးျဖတ္ခဲ့တာလဲ" ခ်င္ဟြိဳက္ ေမးလိုက္သည္။
ခ်င္ေကာက သူ႕ညီေလးကို ထူးဆန္းတဲ့အၾကည့္နဲ႔ၾကည့္လိုက္သည္။ "ငါ စစ္သင္တန္းေက်ာင္းမွာ တက္ခဲ့တာေလ။ ဘာျဖစ္လို႔ အထူးတပ္ဖြဲ႕မွာ အမႈမထမ္းရမွာလဲ"
“ဟုတ္သားပဲ” ခ်င္ဟြိဳက္ ျပဳံးလိုက္သည္။ "အစ္ကို ျပန္လာၿပီးကတည္းက အမ်ားႀကီးေျပာင္းလဲသြားတယ္လို႔ ကြၽန္ေတာ္ထင္မိတယ္။ ေနာက္တစ္ခုက ကြၽန္ေတာ္တို႔ အရင္က တူတာေတြ အမ်ားႀကီး႐ွိတာ သိသာတယ္”
"အဲ့တာက ငါစစ္မႈထမ္းလို႔ ဒါမွမဟုတ္ ငါ့ေရာဂါေၾကာင့္လို႔ မင္းထင္လား" ခ်င္ေကာက ဝိုင္တစ္ခြက္ကို ေပါ့ေပါ့ပါးပါး လႈပ္ယမ္းရင္း ေမးလိုက္သည္။
"အစ္ကိုက အခု အမ်ားႀကီး ပိုေကာင္းေနပါၿပီ" ခ်င္ေကာက သူ႕ကိုယ္သူ သာမန္လူမဟုတ္ဘဲ ဖ်ားနာတဲ့ လူနာတစ္ေယာက္လို သေဘာထားတာကို ခ်င္ဟြိဳက္ မႏွစ္သက္ေပ။
"အဲဒါကို ကိုယ့္ကိုယ္ကိုေျပာဖို႔ အခ်က္႐ွိေနတယ္လို႔ မင္း ထင္လား" ခ်င္ေကာက ကိုယ့္ကိုယ္ကို ေလွာင္ေျပာင္ရယ္ေမာလိုက္သည္။ "တကယ္လို႔ ေရာဂါေပ်ာက္ကင္းသြားခဲ့ရင္ မင္း ငါ့ပတ္ဝန္းက်င္မွာ ဒီေလာက္သတိ႐ွိ႐ွိနဲ႔ ေနေနမွာလား။ အေမက ငါ့အတြက္ blind date ေတြ စီစဥ္ဖို႔ ႀကိဳးစားရင္း ဒီေလာက္ အလုပ္႐ႈပ္ေနပါ့မလား”
"အစ္ကို!" ခ်င္ဟြိဳက္ သူ႕အစ္ကိုေျပာတာေတြကို မၾကားခ်င္ေတာ့ဘူး။
“မင္းဘာေျပာမယ္ဆိုတာ ငါသိတယ္။ တကယ္ေတာ့ ငါ အိမ္ျပန္ေရာက္လာကတည္းက ဒီမိသားစုနဲ႔ နည္းနည္းေလး ေဝးကြာသြားတာကို ငါ သတိထားမိၿပီးသားပါ”
“အစ္ကို၊ ဒါ အစ္ကို႔ရဲ႕အိမ္။ ဒီေနရာက အစ္ကို ႀကီးျပင္းလာခဲ့တဲ့ေနရာပဲ!" ခ်င္ဟြိဳက္က သူ႕အသံကို မထိန္းႏိုင္ေတာ့ဘူး။ သူ႕အစ္ကိုက သူ႕ကိုယ္သူ အျပင္လူတစ္ေယာက္လို ဆက္ဆံတာမ်ိဳး သူတကယ္မႀကိဳက္ဘူး။
"မင္းဘာျဖစ္ေနတာလဲ။ မင္းရဲ႕အသံကိုတိုးဦး …” ခ်င္ေကာ သူ႕လက္ကို ေျမႇာက္ကာ ၿငိမ္သက္သြားေစဖို႔ လႈံ႕ေဆာ္ေပးခဲ့သည္။ "ဒီေလာက္ထိ ေဒါသမထြက္နဲ႔ "
“အစ္ကို ဒီလိုမ်ိဳးေတြ ေျပာေနတာကို မၾကားခ်င္ဘူး။ ဒါက အစ္ကို႔ရဲ႕အိမ္။ ဒီမိသားစုက အစ္ကိုနဲ႔ နည္းနည္းေလးေဝးကြာသြားတယ္ဆိုတာက ဘာကိုဆိုလိုတာလဲ။ ဒီမိသားစုက အစ္ကိုနဲ႔ အတိအက်ဘယ္ေလာက္ ေဝးကြာေနလို႔လဲ"
ခ်င္ေကာက သူ႕ညီေလး ဒီေလာက္ၾကာၾကာ ေဒါသထြက္တာကို မေတြ႕ဖူးဘူး။ အထူးသျဖင့္ သူ ခ်င္မိသားစု စီးပြားေရးလုပ္ငန္းကို တာဝန္ယူၿပီးေနာက္ပိုင္းမွာပင္။ ေန႔တိုင္း သူက အရာအားလုံးကို ထိန္းခ်ဳပ္ထားသလိုမ်ိဳး ျပဳမူခဲ့ၿပီး ဘဝင္ခိုက္ေနတဲ့ အသြင္အျပင္က သူ႕ရဲ႕စီးပြားၿပိဳင္ဘက္ေတြကို ေကာင္းေကာင္းအႏိုင္ယူႏိုင္ေစသည္။
“ကိုယ့္ကိုယ္ကို လိမ္ေနတာကို ရပ္လိုက္ေတာ့။ ေနာက္ဆုံးေတာ့ ငါက မင္းတို႔အားလုံးနဲ႔ မတူဘူး။” ခ်င္ေကာက ခါးသက္စြာ ျပဳံးလိုက္ၿပီး သူ႕ဘာသာ ဝိုင္ေနာက္တစ္ခြက္ ထည့္လိုက္သည္။
တကယ္ေတာ့ ခ်င္ဟြိဳက္က သူ႕အစ္ကိုရဲ႕ျဖစ္သူရဲ႕ ျပတ္သားမႈ၊ ရဲရင့္မႈနဲ႔ ဂ႐ုမစိုက္တတ္တဲ့ သူအျဖစ္ကေန လက္႐ွိအေျခအေနအျဖစ္ ေရာက္သြားေအာင္ ဘယ္လိုမ်ိဳး အေတြ႕အၾကဳံေတြက ေျပာင္းလဲသြားေစခဲ့တာလဲလို႔ အၿမဲေမးခ်င္ေနခဲ့တာ။
"ဒီမိသားစုရဲ႕အနာဂတ္နဲ႔ ကုမၸဏီက မင္းအေပၚမွာပဲမူတည္တယ္ " ခ်င္ေကာက ေျပာလိုက္သည္။
"အစ္ကို ကုမၸဏီထဲဝင္ခ်င္ရင္…”
“ရပ္ေတာ့…” ခ်င္ေကာက သူ႕လက္ကို ေျမႇာက္ၿပီး သူ႕ညီေလး ေျပာမယ့္စကား မဆုံးေအာင္ တားလိုက္သည္။ “ငါ့ဘဝရဲ႕ က်န္႐ွိေနေသးတဲ့ ဘဝရဲ႕ေနထိုင္မႈအတြက္ ကုမၸဏီရဲ႕ အျမတ္ေဝစုကို ငါ တြက္ခ်က္ေနတုန္းပဲ။ မင္းငါ့ကို ကုမၸဏီထဲဝင္ခြင့္ျပဳဖို႔ အၾကံျပဳရမယ္လို႔ေတာင္ ထင္ေနလား…”
ခ်င္ဟြိဳက္က "ဒါဆို ကုမၸဏီအေၾကာင္း မေျပာေတာ့ဘူး ေဖးေဖး အေၾကာင္း ေျပာရေအာင္။ အစ္ကို သူ႕ကို အထူးသီးသန္႔ေက်ာင္း(မသန္စြမ္းကေလးေတြအတြက္ သီးသန္႔ဖြင့္ထားသည့္ေက်ာင္း)ကို ပို႔ဖို႔ တကယ္ မစီစဥ္ဘူးလား" လို႔ မေမးခင္ ဦးေႏွာက္ေျခာက္ေအာင္ စဥ္းစားခဲ့သည္။
"ေဖးေဖးက ဘာမွမျဖစ္ဘူးလို႔ မင္းကို ငါေျပာထားၿပီးသားပဲ။ သူက စကားမေျပာခ်င္တာ” ခ်င္ေကာ ေလသံက ေအးစက္သြားခဲ့သည္။ "ဘာလို႔လဲ။ ငါ့ရဲ႕အိမ္ေထာင္ေရးကိစၥက ေဖးေဖးနဲ႔ ျပႆနာ႐ွိလို႔လား "
“မဟုတ္ဘူး၊ အဲ့လို မေျပာပါဘူး” ခ်င္ဟြိဳက္က ျပန္ေျဖလိုက္သည္။ "အိမ္ေထာင္ေရးအေၾကာင္းေျပာရင္ အစ္ကို၊ အစ္ကို တကယ္ပဲ လက္ထပ္ခ်င္တာလား"
"မင္း သေဘာတူ စာခ်ဳပ္မခ်ဳပ္ရေသးဘူးလား"
“သေဘာတူစာခ်ဳပ္ ခ်ဳပ္လား၊ မခ်ဳပ္ဘူးလားဆိုတာကို ကြၽန္ေတာ္ ဂ႐ုမစိုက္ဘူး။ ယြမ္ သန္း ၅၀၀ ပစ္ရရင္ေတာင္ ကြၽန္ေတာ္ စိတ္မ၀င္စားဘူး။ အစ္ကို႔ကို လက္ထပ္ေစခ်င္တယ္လို႔ အေမ ေျပာလာတာေၾကာင့္မို႔ အဆင္ေျပတဲ့အိမ္ေထာင္ေရးဆိုတဲ့ အေတြးကို ကြၽန္ေတာ္ စိတ္ကူးမိခဲ့ေပမယ့္… ဒီကိစၥနဲ႔ ပတ္သက္ၿပီး အစ္ကို႔ရဲ႕ အေတြးအျမင္ေတြကို ေမးခ်င္ေသးလို႔ ” ခ်င္ဟြိဳက္က ေျပာလိုက္သည္။
"အေမေျပာတာ မွန္တယ္။ ငါ လက္ထပ္ဖို႔ သေဘာတူခဲ့တာ" ခ်င္ေကာက ျပဳံးၿပီး ေျပာခဲ့သည္။ “စိတ္ေရာဂါဆရာဝန္က အိမ္ေထာင္ျပဳဖို႔ စိတ္ကူးကို အၾကံျပဳထားၿပီး ခ်ိန္းေတြ႕တာ ႀကိဳးစားဖို႔ေတာင္ တိုက္တြန္းခဲ့တယ္။ ရည္းစားရဖို႔ဆိုတာ ငါ့အတြက္ အေတာ္ေလးကို မျဖစ္ႏိုင္ဘူး။ ဒါေၾကာင့္မို႔ အိမ္ေထာင္ျပဳတာက အလြယ္ကူဆုံးနဲ႔ အ႐ိုး႐ွင္းဆုံးနည္းလမ္းပဲ။ ငါ အဲဒါကို မဆန္႔က်င္ဘူး။ ငါ့ရဲ႕ အိမ္ေထာင္ဖက္ကိုေတာင္ ျမင္ဖူးၿပီးၿပီးပဲ။ သူမက ငါ့မ်က္လုံးထဲမွာ မ်က္စိပသာဒျဖစ္တယ္။ ငါ့ဆီမွာ အိမ္ေထာင္ဖက္က ဘယ္လိုမ်ိဳး ျဖစ္သင့္တယ္ဆိုတဲ့ သတ္မွတ္ခ်က္ေတြ မ႐ွိဘူး။ ဒါေပမယ့္ မိသားစု ေနာက္ခံေကာင္းတဲ့သူတစ္ေယာက္ကို႐ွာဖို႔ အေမက အတင္းအက်ပ္တိုက္တြန္းခဲ့တာ။ အိမ္ေထာင္ဖက္က အိမ္ေထာင္ျပဳၿပီးေတာ့ ႏွစ္ရက္အတြင္း ကြာ႐ွင္းျပတ္စဲဖို႔ ေတာင္းဆိုလာမွာကို ငါ စိုးရိမ္မိတယ္”
"သူမ အဲ့လိုလုပ္မွာမဟုတ္ဘူး!" ခ်င္ဟြိဳက္က ေသခ်ာေပါက္ အခိုင္အမာေျပာလိုက္သည္။
"ငါလည္း အဲ့လိုျဖစ္ဖို႔ ေမွ်ာ္လင့္ပါတယ္" ခ်င္ေကာက ပခုံးတြန္႔ကာ အမွတ္မဲ့ တုံ႔ျပန္လိုက္သည္။
“အေမက မစၥစ္ဝူကို လာမဲ့ ဗုဒၶဟူးေန႔မွာ ညစာစားဖို႔ ဖိတ္ထားတယ္” ခ်င္ဟြိဳက္ ေျပာျပလိုက္သည္။
"ဟုတ္ၿပီ။ ငါ လာမယ့္ ဗုဒၶဟူးေန႔က်ရင္ ေစာေစာ အိမ္ျပန္လာမယ္" ခ်င္ေကာက ျပဳံးျပဳံးေလး ေျပာလိုက္သည္။ "ဒါဆို သူမက အခု ငါ့ရဲ႕ အနာဂတ္ဇနီးေလာင္းေလးေပါ့"
#26.3.2023