Unicode
Ost - Lily of the valley
လေနှင်ရာဆီတရွေ့ရွေ့
နင်းခဲ့မိတဲ့ ရွက်ကြွေတွေ
နင်းခံရတဲ့ နှလုံးသားတစ်စုံ
ဘယ်ဟာ ပိုနာကျင်ဖွယ်ကောင်းလည်း။
.......
ယနေ့စာသင်ချိန်တွေသည်ပျင်းစရာသိပ်ကောင်းသည်။မဟုတ်ပါဘူး
စာသင်ချိန်တိုင်းပျင်းစရာကောင်းတာ။
ဖောင်တိန်တစ်ချောင်း နဲ့စာအုပ်တစ်အုပ်ထဲမှာ
လိုက်္မှတ်နေရခြင်းထက် သူ့ပုံတွေသာ
တန်းစီပြီးဆွဲလိုက်ချင်ပါသည်။
Computer class ။
စာရိုက်တာလက်ကွက်ကျအောင်ကျင့်ရမည့်အချိန်
ဖြစ်သော်လည်း
အနောက်ကနေ လှမ်းမြင်နေရတဲ့ ကျောပြင်လေးကိုသာ ငေး၍မပြီးနိုင်ဖြစ်ကုန်သည်။
သူ့ဟာနဲ့သူလည်ပတ်တဲ့အချိန်တွေ အမြန်ကျောင်းဆင်းပါတော့။
ကျောင်းခေါင်းလောင်းထိုးသံကိုကျယ်လောင်စွာကြားလိုက်ရသည်။
ငါ့ကိုဘယ်လိုသဘောထားနေသလည်း ဆိုတဲ့အဖြေကို ကြားရတော့မည်။
ရင်တွေခုန်နေပေမယ့် ကြောက်နေသလိုခံစားချက်က တစ်ချက်တစ်ချက်ဝင်လာ၏။
အဆိုးဘက်ကဘဲမျှော်လင့်လိုက်သင့်လား။
အဲ့ အဆိုးဘက်ကိုလက်္မခံနိုင်ရင်ကော
ကင်မ်ထယ်ယောင်း...မင်းငိုမှာလား။
အိမ်ရောက်ခါနီးလမ်းသွယ်သွယ်ကြားထိပ်မှာ
လွယ်အိတ်တစ်လုံးနဲ့ကျွန်တော်အလာကို
စောင့်ရပ်နေသူသည် လီဒိုဆော့သာ။
" ဟျောင့်သိလို့ရပြီလား အဖြေကဘာတဲ့လဲ "
" ပြီးမှသိတော့ဟာ "
" ဟာ ဘာလို့လဲ ဘာလဲ ငါ့ကိုမဟုတ်ဘူးမလား မဟုတ်နေတာမလား "
" လက်ခံနိုင်အောင်ကြိုးစားထား ငါ သင်တန်းသွားပြီး
အသေးစိတ်ပြောပြမယ် "
ရာသီဥတုက ကာလာတွေတောက်နေပေမယ့်
မိုးသက်လေပြင်းမည်းမှောင်စွာထန်သည်းနေတော့သည်က ကျွန်တော့်ရင်ဘတ်က။
ဘာတွေမို့လည်း။
ဘာလုပ်လုပ်လေးလံနေပြီး လုပ်နေတဲ့အရာတွေထဲလည်းစိတ်ပါမနေခဲ့။
တကယ်စိတ်ရှုပ်ဖို့ကောင်းတာဘဲ။ဟိုရက်တွေတုန်းက
အပျော်တွေက အတုအယောင်တွေသပ်သပ်ဖြစ်နေခဲ့တာလား။
တစ်ရေးအိပ်မောကျသွားရသည်။
ပြန်နိုးလာတော့ နာရီကိုကြည့်လိုက်သည်။
လီဒိုဆော့ သင်တန်းဆင်းချိန်ဖြစ်၍
စက်ဘီးနဲ့အမှီ ပြေးလိုက်သွားမိသည်။
အကုန်လုံး ပြာပြာသလဲ ဖြစ်ပျက်တော့သည်။
" ဒိုဆော့ "
လူသူအပေါင်းအုပ်စုကြားထဲမှာလမ်းလျှောက်လာတဲ့လီဒိုဆော့အားတွေ့လိုက်ရသည်။
" လူရှင်းတဲ့နေရာသွားရအောင် "
ရောက်ခဲ့သည့်နေရာက ဟန်မြစ်ကြီး၏ရှေ့လယ်တွင်။
မြက်ခင်းနုနုတွေ ဝဲခတ်နေပုံကို မြင်တဝါးဝါး။
လမ်းမီးတိုင်အလင်းကိုတောင် သဲကွဲအောင်မမြင်နိုင်တော့။ မသိသာအောင်မျက်ရည်တွေကိုပုတ်ထုတ်ရင်း
အိမ်ပြန်လာခဲ့သည်။
အိမ်ကိုသိပ်ပြန်နေချင်ပေမယ့်
ဒီနေ့ကျမှ ခြေလှမ်းတွေက နှေးကွေးနေတာပါလား။
မီးအိမ်ဝါဝါအလင်းတွေအုပ်ဆိုင်းနေသည့်
အိပ်ခန်းလေးတစ်ခန်း ။
နံရံနားမှာ ကပ်ထားတဲ့အဝါရောင်ကပ်ခွာစာရွက်အပိုင်းအစများက လက်ရေးကလေးများ။
ရက်စက်တယ်။
တဖက်သတ်ဆန်ဆန်ကြိတ်ရူးနေရတဲ့ရက်စွဲတွေပြန်ကြည့်ရင် လှောင်ပြောင်သံ ခပ်သဲ့သဲ့အသံလေးကို
ကြားနေရအုံးမည်။
အိမ်ပြန်လမ်းတစ်လျှောက်လုံးတောင့်တင်းလာတဲ့စိတ်တွေကိုလွှတ်ချမိလိုက်တော့သည်။
သည်းထန်စွာရွာတဲ့မိုးတောင် ကျွန်တော့်မျက်ရည်တွေလောက်္များမယ်မထင်ပါ။
***
" ဘာတဲ့လဲ ဒိုဆော့ "
" ငါကမင်းမေးခိုင်းသလိုမေးလိုက်တော့ သူက
သူသဘောကျနေတဲ့သူက ရှိနေပြီးသားတဲ့ မင်းကိုမကြိုက်ဘူးတဲ့ ယွန်းအာ ကိုဘဲ လက်ထပ်ဖို့အထိရည်ရွယ်ထားတာပါတဲ့ ယွန်းအာကိုဘဲ ....
ဒိုဆော့သည်ကျွန်တော့်မျက်နှာကိုတစ်ချက်လှမ်းကြည့်သည်။
" ဆက်ပြောလေ "
" ယွန်းအာကိုဘဲ အိမ်အထိလိုက်တင်တောင်းမှာတဲ့
အိမ်လည်းသိပြီးခဲ့ပြီတဲ့ "
" အော် အင်း "
" လျိုဝှက်ချက်တွေရှိပုံရတယ် ငါ့တော့မပြောပေမယ့် "
အသည်းသန်ကြိတ်ငိုကြွေးနေမိတော့သည်။
မျက်လုံးတွေရဲတွပ်ပြီးနာကျင်နေတော့သည်အထိဖြစ်မယ်ထင်သည်။
အဲ့နေ့ညမှာ ဖုန်းမလာခဲ့ပါ။
အိမ်အထိတောင်လိုက်တောင်းရမ်းမည်ဆိုတော့
တကယ်အတည်တကျပေါ့။
ဟုတ်ပါရဲ့သူ့လိုယောကျာ်းလေးတစ်ယောက်ကိုဘယ်စိတ်ဝင်စားပါ့မလည်း။
မင်းကိုက ရူးနေတာပါထယ်ယောင်းရာ။
အသုံးချခံသပ်သပ်များလား။
ဟိုရက်ကတင် " ထယ် " လို့တမြတ်တနိုးခေါ်မယ်ပြောတာတွေ ကျွန်တော်နဲ့ပတ်သက်ပြီး ရှက်ပြုံးတွေဖြစ်နေတာတွေ။
တစ်ပတ်တောင်မခြားသေးဘဲ ရုတ်ချည်းကြီးပြောင်းလဲသွားရပါ့လား။
ယွန်းအာဆိုတဲ့သူမ ။
ပျော့ပြောင်းလွန်းပြီးသိပ်လှပတဲ့ဆံနွယ်ရှည်တွေပိုင်ဆိုင်ထားတဲ့သူမ။
အဲ့ဆံနွယ်ရှည်တွေနဲ့သူမကြောင့် နာကျင်ရလိမ့်မည်ဟု တွေးတောင်မတွေးဖူးခဲ့။
ဘာလို့ရယ်များ မျှော်လင့်ချက်တွေတသီတန်းကြီးပေးသွားရတာပါလိမ့်။
အစကတည်းက နာကျင်အောင်လုပ်ဖို့ကောင်းခဲ့တာကို။
ကျောင်းရောက်တော့ ဘယ်သူ့ကိုမှမသိသာအောင်
အပြုံးတွေ ရယ်မောသံတွေနဲ့ဟန်ဆောင်ပြုနေခဲ့မိ၏။
မျက်ရည်ဝဲတာကလွဲလို့ရယ်ပေါ့။
ဒီနေ့ သူ့ကိုငေးမကြည့်ပါ။
တွေ့တဲ့ခါလည်းရှောင်ထွက်သွားမိတော့သည်။
ဂျယ်ဂယောင်းသည်သူ့ချစ်သူ လီဒိုဆော့အကြောင်း
ပြောပြနေသည်။
ပြီးရင်ပြီးသလို လီဒိုဆော့အားကြည့်လိုက်နှင့်ပေါ့။
ယောင်နန လီဒိုဆော့ထိုင်သည့်ဘက်သို့ကြည့်မိသည်။
ငေးငိုင်ငိုင်ထိုင်နေသည့် သူ့အားတွေ့ရသည်။
အသည်းကွဲရမယ့်ဇာတ်က ငါ့ဇာတ်လေ
ဘာလို့ ငိုင်နေတာက မင်းဖြစ်နေတာလည်း
ဂျွန်ဂျောင်ဂု။
စိတ်ပျော်နေသည့်အရိပ်ယောင်တောင်မတွေ့ရ။
သူမနောက်လိုက်ပိုးပန်းနေရမှာကို ဘာကိစ္စ
အတန်းထဲထိုင်ပြီး မှိုင်ထွေကျနေရသလည်း။
" ဟေ့ ငါဖုန်းပါလာတယ် "
ကျောင်းကိုဖုန်းခိုးယူလာသော ဂိုဗြောကိုကြည့်ပြီး
ကျွန်တော့်စိတ်တွေတောင်အနည်းငယ်ပေါ့ပါးလာသယောင်။
အတန်းတွင်းလူများအားပုံခိုးရိုက်ယူရင်း
စိတ်တွေပျော်လာရသည်။
Grammar သင်နေတဲ့ ဆရာကြီးကိုဖြတ်ခနဲကင်မရာ
ရိုက်လိုက်္မိသည့် ကျွန်တော့်လက်။
ဆရာကြီးပုံကြည့်ပြီး ရယ်ချင်စိတ်ဖြစ်သွား၍
စိတ်ပင်ပန်းတာတွေဖြေလျော့သွားသလို။
ဒီကနေ့မှာ ဂိုဗြောကိုကျေးဇူးတင်သွားရသည်။
ကင်မရာကိုဖြတ်ရိုက်လိုက်ပြီးတစ်ချိန်တည်းမှာလို ထိုဆရာကြီးစာသင်ေနပံုအား
ပုံတူရေးခြစ်ခြင်းပြီးသွားတဲ့ သူလည်းရှိခဲ့ပါသည်။
ငေးမှိုင်ခြင်းတွေကိုသာရယူထားကြပြီး
ပျော်ရွှင်မှူတွေကိုပစ်ပယ်ထားကြတဲ့
လူနှစ်ဦး။
Hoddie အပြာရင့်ရင့်လေးဝတ်ထားတဲ့
ကျောပြင်ငယ်က
မနေ့ကနဲ့မတူ နာကျည်းဖွယ်ကောင်းသည်။
ဒီနေ့လည်းထပ်ပြီး ရပ်စောင့်နေကျ
နေရာမှာ ကျွန်တော့်အားစောင့်နေသော
လီဒိုဆော့။
ထပ်ပြီးဘာလည်း။
" ထပ်ပြီးဘာလည်း "
စိတ်ထဲကအတိုင်းဘဲထွက်လိုက်သည်။
" အပြင်ထွက်တာကော ဖုန်းကော သူလုံးဝမသံုးဖြစ်တော့ဘူးတဲ့ "
" ဟင် အဲ့လိုပြောတယ် "
ဒီကိစ္စတွေက လီဒိုဆော့နဲ့ဘာဆိုင်သလည်း။
" အင်း ဟုတ်တယ် မင်းကော ဘယ်လိုလုပ်မှာ "
ဒါဆို သူဘယ်တော့မှအပြင်ထွက်တော့မှာလည်းမဟုတ်တော့သလို
ဖုန်းလည်းလုံးဝသုံးဖြစ်တော့မှာမဟုတ်ဘူးပေါ့။
စကားတွေပြောလို့မရကြတော့ဘူးပေါ့။
သူတကယ်ဘဲနေနိုင်သွားတာလား
ခဏလေးအချိန်တွင်းမှာလေ။
ကောင်မလေးတစ်ယောက်အတွက်နဲ့ ဘာမှကိုထည့်မတွက်တော့ဘူးဘဲ။
"ဟျောင့် ထယ်ယောင်း ဘာဆက်လုပ်မှာလည်းလို့ "
" အင်း မေ့ဖျောက်ရတော့မှာပေါ့
သူမသိပ်ကံကောင်းမှာ
ကျွန်တော်ချစ်တဲ့သူက ဘာမဟုတ်တဲ့ကျွန်တော့်အပေါ်တောင်သိပ်နွေးထွေးပေးတာကို။
အိပ်ခန်းထဲရောက်ရောက်ချင်းတောက်လျှောက်စီးကျလာတော့တဲ့မျက်ရည်တွေ။
ဟန်တောင်မဆောင်နိုင်တော့ဘူး။
လီဒိုဆော့နဲ့မဆိုင်တဲ့သူ့အကြောင်းအရာေတွ
ဘာကြောင့်လာပြောသလည်းဆိုတာ
သေချာပေါက် ကျွန်တော့်ကို အသိပေးသွားခြင်းပင်။
"အဆက်ဖြတ်လိုက်ကြရအောင် "ဆိုတဲ့စကားကိုမပြောရုံလေးမျှသာ။
သူပြောခဲ့တဲ့စကားသံတွေ ဗလုံးဗထွေးကြားလာရသည်။
အားပါးတရငိုကြွေးနေတဲ့ ကျွန်တော့်ကိုမြငိရင်
" မငိုရဘူးလေ ငိုစရာမှမဟုတ်တာ "
ကျွန်တော်ငိုတဲ့အခါတိုင်းပြောလေ့ရှိသော
စကားတွေ။
ကျွန်တော်ငိုရင်သူမကြိုက်ဘူး။
ဒါပေမယ့် သူ့ကြောင့်ကျွန်တော်ငိုနေရပြီ။
မျက်နှာကိုရေနဲ့ဆေးချလိုက်ပြီး
မှန်ကိုကြညိ့နေမိသည်။
ကျွန်တော်ငိုနေတုန်းဘဲ။
" မျက်နှာသစ်ရင် မှန်မကြည့်နဲ့နော် မှန်ထဲကနေဘွားခနဲ ဟားဟား "
ကျန်တာသူဘာမှမဖြစ်။
ထပ်ပြီးစကားပြောခွင့်မရှိကြတော့ဘူးဆိုတဲ့
အသိကြီးက စူးနင့်ချင်စရာရူးမတတ်။
အသဲကွဲရင်နှလုံးသားကသွေးလည်းယိုတယ်။
မျက်ရည်တွေလည်းကျဆင်းတယ်။
ဘယ်သူကထင်ထားလိမ့်မှာလည်း
သူေနာက်ဆံုးပြောခဲ့တဲ့
" တာ့တာ " ဆိုတဲ့စကားလေး။
အဲ့ကတည်းကအပြီးပိုင်အတွက်ပြောထားခဲ့တာ။
မြင်မိလိုက်တဲ့
SNS Acc လေးမှာပိုင်ရှင်ခွင့်ပြုချက်နဲ့
မီးစိမ်းနေခဲ့ပါရဲ့။
တစ်ဖတ်သက်ချစ်ခြင်းတွေရဲ့
ပိုင်ဆိုင်ခြင်းမှာ
ကျောပြင်ငယ်လေးမျှပါလေ။
#Victory
Enter နှိပ်ရမည့်လက်တွေသည်
တွန့်ဆုတ်နေခဲ့ပြီး
ညသန်းခေါင်ကိုလည်း
မျက်ရည်တွေတဝိုင်းဝိုင်းဖြင့်အိပ်မောကျခဲ့ပါသည်။
လူအိပ်ချိန်မှထတင်မိတော့တယ်။
ဆူညံ့ညံ့အသံတွေကြောင့် ကိုယ်တိုင်လည်းစီးမြောဖို့မလွယ်လို့ရယ်ပါ။
Pièces လေးကတော့ တဖြည်းဖြည်းနဲ့
အေးစက်လာတော့တယ်။
Ost လေးအဖြစ်ထားလိုက်တာက
Lily of the valley က ဒီဇာတ်လမ်းအတွက်သိပ်အရေးကြီးလို့ရယ်ကြောင့်ပါ။
နားထောင်ရင်းဖတ်ဖို့အကြံပြုပါရစေ။
:Orchidluv
Zawgyi
Ost - Lily of the valley
ေလႏွင္ရာဆီတေ႐ြ႕ေ႐ြ႕
နင္းခဲ့မိတဲ့ ႐ြက္ေႂကြေတြ
နင္းခံရတဲ့ ႏွလုံးသားတစ္စုံ
ဘယ္ဟာ ပိုနာက်င္ဖြယ္ေကာင္းလည္း။
.......
ယေန႕စာသင္ခ်ိန္ေတြသည္ပ်င္းစရာသိပ္ေကာင္းသည္။မဟုတ္ပါဘူး
စာသင္ခ်ိန္တိုင္းပ်င္းစရာေကာင္းတာ။
ေဖာင္တိန္တစ္ေခ်ာင္း နဲ႕စာအုပ္တစ္အုပ္ထဲမွာ
လိုက္ၼွတ္ေနရျခင္းထက္ သူ႕ပုံေတြသာ
တန္းစီၿပီးဆြဲလိုက္ခ်င္ပါသည္။
Computer class ။
စာရိုက္တာလက္ကြက္က်ေအာင္က်င့္ရမည့္အခ်ိန္
ျဖစ္ေသာ္လည္း
အေနာက္ကေန လွမ္းျမင္ေနရတဲ့ ေက်ာျပင္ေလးကိုသာ ေငး၍မၿပီးနိုင္ျဖစ္ကုန္သည္။
သူ႕ဟာနဲ႕သူလည္ပတ္တဲ့အခ်ိန္ေတြ အျမန္ေက်ာင္းဆင္းပါေတာ့။
ေက်ာင္းေခါင္းေလာင္းထိုးသံကိုက်ယ္ေလာင္စြာၾကားလိုက္ရသည္။
ငါ့ကိုဘယ္လိုသေဘာထားေနသလည္း ဆိုတဲ့အေျဖကို ၾကားရေတာ့မည္။
ရင္ေတြခုန္ေနေပမယ့္ ေၾကာက္ေနသလိုခံစားခ်က္က တစ္ခ်က္တစ္ခ်က္ဝင္လာ၏။
အဆိုးဘက္ကဘဲေမွ်ာ္လင့္လိုက္သင့္လား။
အဲ့ အဆိုးဘက္ကိုလက္ၼခံနိုင္ရင္ေကာ
ကင္မ္ထယ္ေယာင္း...မင္းငိုမွာလား။
အိမ္ေရာက္ခါနီးလမ္းသြယ္သြယ္ၾကားထိပ္မွာ
လြယ္အိတ္တစ္လုံးနဲ႕ကြၽန္ေတာ္အလာကို
ေစာင့္ရပ္ေနသူသည္ လီဒိုေဆာ့သာ။
" ေဟ်ာင့္သိလို႔ရၿပီလား အေျဖကဘာတဲ့လဲ "
" ၿပီးမွသိေတာ့ဟာ "
" ဟာ ဘာလို႔လဲ ဘာလဲ ငါ့ကိုမဟုတ္ဘူးမလား မဟုတ္ေနတာမလား "
" လက္ခံနိုင္ေအာင္ႀကိဳးစားထား ငါ သင္တန္းသြားၿပီး
အေသးစိတ္ေျပာျပမယ္ "
ရာသီဥတုက ကာလာေတြေတာက္ေနေပမယ့္
မိုးသက္ေလျပင္းမည္းေမွာင္စြာထန္သည္းေနေတာ့သည္က ကြၽန္ေတာ့္ရင္ဘတ္က။
ဘာေတြမို႔လည္း။
ဘာလုပ္လုပ္ေလးလံေနၿပီး လုပ္ေနတဲ့အရာေတြထဲလည္းစိတ္ပါမေနခဲ့။
တကယ္စိတ္ရႈပ္ဖို႔ေကာင္းတာဘဲ။ဟိုရက္ေတြတုန္းက
အေပ်ာ္ေတြက အတုအေယာင္ေတြသပ္သပ္ျဖစ္ေနခဲ့တာလား။
တစ္ေရးအိပ္ေမာက်သြားရသည္။
ျပန္နိုးလာေတာ့ နာရီကိုၾကည့္လိုက္သည္။
လီဒိုေဆာ့ သင္တန္းဆင္းခ်ိန္ျဖစ္၍
စက္ဘီးနဲ႕အမွီ ေျပးလိုက္သြားမိသည္။
အကုန္လုံး ျပာျပာသလဲ ျဖစ္ပ်က္ေတာ့သည္။
" ဒိုေဆာ့ "
လူသူအေပါင္းအုပ္စုၾကားထဲမွာလမ္းေလွ်ာက္လာတဲ့လီဒိုေဆာ့အားေတြ႕လိုက္ရသည္။
" လူရွင္းတဲ့ေနရာသြားရေအာင္ "
ေရာက္ခဲ့သည့္ေနရာက ဟန္ျမစ္ႀကီး၏ေရွ႕လယ္တြင္။
ျမက္ခင္းႏုႏုေတြ ဝဲခတ္ေနပုံကို ျမင္တဝါးဝါး။
လမ္းမီးတိုင္အလင္းကိုေတာင္ သဲကြဲေအာင္မျမင္နိုင္ေတာ့။ မသိသာေအာင္မ်က္ရည္ေတြကိုပုတ္ထုတ္ရင္း
အိမ္ျပန္လာခဲ့သည္။
အိမ္ကိုသိပ္ျပန္ေနခ်င္ေပမယ့္
ဒီေန႕က်မွ ေျခလွမ္းေတြက ႏွေးေကြးေနတာပါလား။
မီးအိမ္ဝါဝါအလင္းေတြအုပ္ဆိုင္းေနသည့္
အိပ္ခန္းေလးတစ္ခန္း ။
နံရံနားမွာ ကပ္ထားတဲ့အဝါေရာင္ကပ္ခြာစာ႐ြက္အပိုင္းအစမ်ားက လက္ေရးကေလးမ်ား။
ရက္စက္တယ္။
တဖက္သတ္ဆန္ဆန္ႀကိတ္႐ူးေနရတဲ့ရက္စြဲေတြျပန္ၾကည့္ရင္ ေလွာင္ေျပာင္သံ ခပ္သဲ့သဲ့အသံေလးကို
ၾကားေနရအုံးမည္။
အိမ္ျပန္လမ္းတစ္ေလွ်ာက္လုံးေတာင့္တင္းလာတဲ့စိတ္ေတြကိုလႊတ္ခ်မိလိုက္ေတာ့သည္။
သည္းထန္စြာ႐ြာတဲ့မိုးေတာင္ ကြၽန္ေတာ့္မ်က္ရည္ေတြေလာက္ၼ်ားမယ္မထင္ပါ။
***
" ဘာတဲ့လဲ ဒိုေဆာ့ "
" ငါကမင္းေမးခိုင္းသလိုေမးလိုက္ေတာ့ သူက
သူသေဘာက်ေနတဲ့သူက ရွိေနၿပီးသားတဲ့ မင္းကိုမႀကိဳက္ဘူးတဲ့ ယြန္းအာ ကိုဘဲ လက္ထပ္ဖို႔အထိရည္႐ြယ္ထားတာပါတဲ့ ယြန္းအာကိုဘဲ ....
ဒိုေဆာ့သည္ကြၽန္ေတာ့္မ်က္ႏွာကိုတစ္ခ်က္လွမ္းၾကည့္သည္။
" ဆက္ေျပာေလ "
" ယြန္းအာကိုဘဲ အိမ္အထိလိုက္တင္ေတာင္းမွာတဲ့
အိမ္လည္းသိၿပီးခဲ့ၿပီတဲ့ "
" ေအာ္ အင္း "
" လ်ိဳဝွက္ခ်က္ေတြရွိပုံရတယ္ ငါ့ေတာ့မေျပာေပမယ့္ "
အသည္းသန္ႀကိတ္ငိုေႂကြးေနမိေတာ့သည္။
မ်က္လုံးေတြရဲတြပ္ၿပီးနာက်င္ေနေတာ့သည္အထိျဖစ္မယ္ထင္သည္။
အဲ့ေန႕ညမွာ ဖုန္းမလာခဲ့ပါ။
အိမ္အထိေတာင္လိုက္ေတာင္းရမ္းမည္ဆိုေတာ့
တကယ္အတည္တက်ေပါ့။
ဟုတ္ပါရဲ႕သူ႕လိုေယာက်ာ္းေလးတစ္ေယာက္ကိုဘယ္စိတ္ဝင္စားပါ့မလည္း။
မင္းကိုက ႐ူးေနတာပါထယ္ေယာင္းရာ။
အသုံးခ်ခံသပ္သပ္မ်ားလား။
ဟိုရက္ကတင္ " ထယ္ " လို႔တျမတ္တနိုးေခၚမယ္ေျပာတာေတြ ကြၽန္ေတာ္နဲ႕ပတ္သက္ၿပီး ရွက္ၿပဳံးေတြျဖစ္ေနတာေတြ။
တစ္ပတ္ေတာင္မျခားေသးဘဲ ႐ုတ္ခ်ည္းႀကီးေျပာင္းလဲသြားရပါ့လား။
ယြန္းအာဆိုတဲ့သူမ ။
ေပ်ာ့ေျပာင္းလြန္းၿပီးသိပ္လွပတဲ့ဆံႏြယ္ရွည္ေတြပိုင္ဆိုင္ထားတဲ့သူမ။
အဲ့ဆံႏြယ္ရွည္ေတြနဲ႕သူမေၾကာင့္ နာက်င္ရလိမ့္မည္ဟု ေတြးေတာင္မေတြးဖူးခဲ့။
ဘာလို႔ရယ္မ်ား ေမွ်ာ္လင့္ခ်က္ေတြတသီတန္းႀကီးေပးသြားရတာပါလိမ့္။
အစကတည္းက နာက်င္ေအာင္လုပ္ဖို႔ေကာင္းခဲ့တာကို။
ေက်ာင္းေရာက္ေတာ့ ဘယ္သူ႕ကိုမွမသိသာေအာင္
အၿပဳံးေတြ ရယ္ေမာသံေတြနဲ႕ဟန္ေဆာင္ျပဳေနခဲ့မိ၏။
မ်က္ရည္ဝဲတာကလြဲလို႔ရယ္ေပါ့။
ဒီေန႕ သူ႕ကိုေငးမၾကည့္ပါ။
ေတြ႕တဲ့ခါလည္းေရွာင္ထြက္သြားမိေတာ့သည္။
ဂ်ယ္ဂေယာင္းသည္သူ႕ခ်စ္သူ လီဒိုေဆာ့အေၾကာင္း
ေျပာျပေနသည္။
ၿပီးရင္ၿပီးသလို လီဒိုေဆာ့အားၾကည့္လိုက္ႏွင့္ေပါ့။
ေယာင္နန လီဒိုေဆာ့ထိုင္သည့္ဘက္သို႔ၾကည့္မိသည္။
ေငးငိုင္ငိုင္ထိုင္ေနသည့္ သူ႕အားေတြ႕ရသည္။
အသည္းကြဲရမယ့္ဇာတ္က ငါ့ဇာတ္ေလ
ဘာလို႔ ငိုင္ေနတာက မင္းျဖစ္ေနတာလည္း
ဂြၽန္ေဂ်ာင္ဂု။
စိတ္ေပ်ာ္ေနသည့္အရိပ္ေယာင္ေတာင္မေတြ႕ရ။
သူမေနာက္လိုက္ပိုးပန္းေနရမွာကို ဘာကိစၥ
အတန္းထဲထိုင္ၿပီး မွိုင္ေထြက်ေနရသလည္း။
" ေဟ့ ငါဖုန္းပါလာတယ္ "
ေက်ာင္းကိုဖုန္းခိုးယူလာေသာ ဂိုေျဗာကိုၾကည့္ၿပီး
ကြၽန္ေတာ့္စိတ္ေတြေတာင္အနည္းငယ္ေပါ့ပါးလာသေယာင္။
အတန္းတြင္းလူမ်ားအားပုံခိုးရိုက္ယူရင္း
စိတ္ေတြေပ်ာ္လာရသည္။
Grammar သင္ေနတဲ့ ဆရာႀကီးကိုျဖတ္ခနဲကင္မရာ
ရိုက္လိုက္ၼိသည့္ ကြၽန္ေတာ့္လက္။
ဆရာႀကီးပုံၾကည့္ၿပီး ရယ္ခ်င္စိတ္ျဖစ္သြား၍
စိတ္ပင္ပန္းတာေတြေျဖေလ်ာ့သြားသလို။
ဒီကေန႕မွာ ဂိုေျဗာကိုေက်းဇူးတင္သြားရသည္။
ကင္မရာကိုျဖတ္ရိုက္လိုက္ၿပီးတစ္ခ်ိန္တည္းမွာလို ထိုဆရာႀကီးစာသင္ေနပံုအား
ပုံတူေရးျခစ္ျခင္းၿပီးသြားတဲ့ သူလည္းရွိခဲ့ပါသည္။
ေငးမွိုင္ျခင္းေတြကိုသာရယူထားၾကၿပီး
ေပ်ာ္႐ႊင္မႉေတြကိုပစ္ပယ္ထားၾကတဲ့
လူႏွစ္ဦး။
Hoddie အျပာရင့္ရင့္ေလးဝတ္ထားတဲ့
ေက်ာျပင္ငယ္က
မေန႕ကနဲ႕မတူ နာက်ည္းဖြယ္ေကာင္းသည္။
ဒီေန႕လည္းထပ္ၿပီး ရပ္ေစာင့္ေနက်
ေနရာမွာ ကြၽန္ေတာ့္အားေစာင့္ေနေသာ
လီဒိုေဆာ့။
ထပ္ၿပီးဘာလည္း။
" ထပ္ၿပီးဘာလည္း "
စိတ္ထဲကအတိုင္းဘဲထြက္လိုက္သည္။
" အျပင္ထြက္တာေကာ ဖုန္းေကာ သူလုံးဝမသံုးျဖစ္ေတာ့ဘူးတဲ့ "
" ဟင္ အဲ့လိုေျပာတယ္ "
ဒီကိစၥေတြက လီဒိုေဆာ့နဲ႕ဘာဆိုင္သလည္း။
" အင္း ဟုတ္တယ္ မင္းေကာ ဘယ္လိုလုပ္မွာ "
ဒါဆို သူဘယ္ေတာ့မွအျပင္ထြက္ေတာ့မွာလည္းမဟုတ္ေတာ့သလို
ဖုန္းလည္းလုံးဝသုံးျဖစ္ေတာ့မွာမဟုတ္ဘူးေပါ့။
စကားေတြေျပာလို႔မရၾကေတာ့ဘူးေပါ့။
သူတကယ္ဘဲေနနိုင္သြားတာလား
ခဏေလးအခ်ိန္တြင္းမွာေလ။
ေကာင္မေလးတစ္ေယာက္အတြက္နဲ႕ ဘာမွကိုထည့္မတြက္ေတာ့ဘူးဘဲ။
"ေဟ်ာင့္ ထယ္ေယာင္း ဘာဆက္လုပ္မွာလည္းလို႔ "
" အင္း ေမ့ေဖ်ာက္ရေတာ့မွာေပါ့
သူမသိပ္ကံေကာင္းမွာ
ကြၽန္ေတာ္ခ်စ္တဲ့သူက ဘာမဟုတ္တဲ့ကြၽန္ေတာ့္အေပၚေတာင္သိပ္ႏြေးေထြးေပးတာကို။
အိပ္ခန္းထဲေရာက္ေရာက္ခ်င္းေတာက္ေလွ်ာက္စီးက်လာေတာ့တဲ့မ်က္ရည္ေတြ။
ဟန္ေတာင္မေဆာင္နိုင္ေတာ့ဘူး။
လီဒိုေဆာ့နဲ႕မဆိုင္တဲ့သူ႕အေၾကာင္းအရာေတြ
ဘာေၾကာင့္လာေျပာသလည္းဆိုတာ
ေသခ်ာေပါက္ ကြၽန္ေတာ့္ကို အသိေပးသြားျခင္းပင္။
"အဆက္ျဖတ္လိုက္ၾကရေအာင္ "ဆိုတဲ့စကားကိုမေျပာ႐ုံေလးမွ်သာ။
သူေျပာခဲ့တဲ့စကားသံေတြ ဗလုံးဗေထြးၾကားလာရသည္။
အားပါးတရငိုေႂကြးေနတဲ့ ကြၽန္ေတာ့္ကိုျမငိရင္
" မငိုရဘူးေလ ငိုစရာမွမဟုတ္တာ "
ကြၽန္ေတာ္ငိုတဲ့အခါတိုင္းေျပာေလ့ရွိေသာ
စကားေတြ။
ကြၽန္ေတာ္ငိုရင္သူမႀကိဳက္ဘူး။
ဒါေပမယ့္ သူ႕ေၾကာင့္ကြၽန္ေတာ္ငိုေနရၿပီ။
မ်က္ႏွာကိုေရနဲ႕ေဆးခ်လိဳက္ၿပီး
မွန္ကိုၾကညိ့ေနမိသည္။
ကြၽန္ေတာ္ငိုေနတုန္းဘဲ။
" မ်က္ႏွာသစ္ရင္ မွန္မၾကည့္နဲ႕ေနာ္ မွန္ထဲကေနဘြားခနဲ ဟားဟား "
က်န္တာသူဘာမွမျဖစ္။
ထပ္ၿပီးစကားေျပာခြင့္မရွိၾကေတာ့ဘူးဆိုတဲ့
အသိႀကီးက စူးနင့္ခ်င္စရာ႐ူးမတတ္။
အသဲကြဲရင္ႏွလုံးသားကေသြးလည္းယိုတယ္။
မ်က္ရည္ေတြလည္းက်ဆင္းတယ္။
ဘယ္သူကထင္ထားလိမ့္မွာလည္း
သူေနာက္ဆံုးေျပာခဲ့တဲ့
" တာ့တာ " ဆိုတဲ့စကားေလး။
အဲ့ကတည္းကအၿပီးပိုင္အတြက္ေျပာထားခဲ့တာ။
ျမင္မိလိုက္တဲ့
SNS Acc ေလးမွာပိုင္ရွင္ခြင့္ျပဳခ်က္နဲ႕
မီးစိမ္းေနခဲ့ပါရဲ႕။
တစ္ဖတ္သက္ခ်စ္ျခင္းေတြရဲ႕
ပိုင္ဆိုင္ျခင္းမွာ
ေက်ာျပင္ငယ္ေလးမွ်ပါေလ။
#Victory
Enter ႏွိပ္ရမည့္လက္ေတြသည္
တြန႔္ဆုတ္ေနခဲ့ၿပီး
ညသန္းေခါင္ကိုလည္း
မ်က္ရည္ေတြတဝိုင္းဝိုင္းျဖင့္အိပ္ေမာက်ခဲ့ပါသည္။
လူအိပ္ခ်ိန္မွထတင္မိေတာ့တယ္။
ဆူညံ့ညံ့အသံေတြေၾကာင့္ ကိုယ္တိုင္လည္းစီးေျမာဖို႔မလြယ္လို႔ရယ္ပါ။
Pièces ေလးကေတာ့ တျဖည္းျဖည္းနဲ႕
ေအးစက္လာေတာ့တယ္။
Ost ေလးအျဖစ္ထားလိုက္တာက
Lily of the valley က ဒီဇာတ္လမ္းအတြက္သိပ္အေရးႀကီးလို႔ရယ္ေၾကာင့္ပါ။
နားေထာင္ရင္းဖတ္ဖို႔အႀကံျပဳပါရေစ။
:Orchidluv