ငါကဗီလိန်! [Uni + Zaw]

By Adira_Mo

16.8K 1.5K 53

စာအုပ်ထဲက အမြှောက်စာဇာတ်ကောင်ထဲကူးပြောင်းသွားရရင်တော်ရောပေါ့၊ ဘာလို့ ငါက ကလေးပါထိန်းနေရတာလဲ၊ Whyyy????! Updat... More

Intro
Ch 1
Ch 2
Ch 3
Ch 4
Ch 5
Ch 6
Ch 7
Ch 8
Ch 8.2
Ch 9
Ch 10
Ch 11
Story Glory Details and Update Schedules <3
Ch 12

Ch 13

909 66 7
By Adira_Mo

"နောက်ရက်ကြရင် နွေလှိုင်းပြန်လာတော့မယ်တဲ့"

ကန်တင်းတွင်အတူစားသောက်နေကြရင်းပြောလာသော မင်း‌ေခတ်လှိုင်း၏စကားကြောင့် မင်းသွန်းညှာတို့အုပ်စု စိတ်မသက်မသာဖြစ်သွားရသည်။ထိုကောင်မလေးပြန်ရောက်လာပါက ဘယ်လိုမျိုးထပ်မွှေလိမ့်ဦးမလဲဆိုတာ သူတို့ခန့်မှန်း၍ပင်မရနိုင်ပေ။သို့သော်လဲ မင်းခေတ်လှိုင်းကမူ ပျော်ရွှင်နေဟန်ဖြင့်

"သူပြန်လာရင် ပါးနဲ့မားက ပွဲစီစဉ်ပေးမယ်တဲ့ မင်းတို့လဲလာခဲ့ကြနော်။ ဖိတ်စာတွေကမင်းတို့ရဲ့အိမ်တော်ဆီပို့ထားပြီးပြီဆိုပေမဲ့ ငါကလဲထပ်ဖိတ်တာ..၊ ဒီပွဲမှာ နွေလှိုင်းကို ရှယ်ယာတွေလွှဲပေးလိမ့်မယ်"

သို့မှသာ မင်းခေတ်လှိုင်းပျော်ရွှင်နေရသည့်အ‌ကြောင်းရင်းကို သူတို့တွေနားလည်သွားရသည်။မင်းခေတ်လှိုင်းသည် သူတို့လုပ်ငန်းစု၏ရှယ်ယာများကိုစိတ်မဝင်စားပဲအေးဆေးနေလိုသူဖြစ်သည်။သူ၏ရည်ရွယ်ချက်သည် နိုင်ငံ့ဂုဏ်ဆောင်ဘတ်စကတ်ဘောကစားသမားတစ်ဦးဖြစ်ရန်သာ။သို့သော်လဲ

"သူကရှယ်ယာတွေအကုန်သိမ်းသွားမှာကို မင်းကဘာ‌ေ‌တွပျော်နေတာလဲ"

လရောင်ငေး၏ခပ်ရွဲ့ရွဲ့စကားသံကိုသတိမမူမိသော မင်းခေတ်လှိုင်းသည်

"အဲ့တာဆို ငါကမိသားစုအမွေဆက်ခံစရာမလိုတော့ဘူးလေ၊ ငါဝါသနာပါတာငါလုပ်လို့ရပြီလေ အချစ်ရဲ့"

"တော်စမ်းပါ၊ ဘာရည်မှန်းချက်မှမရှိတဲ့ကောင်.."

လရောင်ငေးဆီမှတုံ့ပြန်စကားကြောင့် သူတို့ဝိုင်းတွင်ဇွန်းသံ၊ပန်းကန်သံများပင်မကြားရသည်အထိတိတ်ဆိတ်သွားတော့သည်။ဆူညံနေသောကန်တင်းတွင် သူတို့တစ်ဝိုင်းတည်းသာသီးခြားရှိနေတော့သလိုဖြစ်သွားလေသည်။မင်းခေတ်လှိုင်းသည် ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့်

"အင်း..ငါကဘာရည်မှန်းချက်မှမရှိပဲ ပေါ့ပေါ့နေ ပေါ့ပေါ့စားတဲ့ကောင်..၊ အာ ငါဗိုက်ဝပြီ ငါသွားနှင့်တော့မယ် ဟေ့ကောင်တွေ။"

"ဟဲ့..နေဦးလေ မင်းခေတ်"

"ဟေ့ကောင် နေဦးလေကွာ"

နှင်းစက်လင်းနှင့်မင်းသွန်းညှာတို့၏လှမ်းခေါ်သံကိုမကြားဟန်ပြုကာ မင်းခေတ်လှိုင်းတစ်ယောက် ကန်တင်းမှလှည့်ထွက်လာခဲ့သည်။ရင်ထဲတွင်တစ်ဆို့နေသော်လဲ ထိုခံစားချက်ကရင်းနှီးနေပြီမို့ ထူးပြီးခံစားမနေချင်တော့ပေ။ကန်တင်းရှိရာအဆောင်၏ ခပ်လှမ်းလှမ်းကိုရောက်ကာမှ နီးစပ်ရာခုံတန်းတွင်ထိုင်ချကာ ခြေပစ်လက်ပစ်နှင့် ငေးနေမိသည်။

ဘာလို့များ အဲ့လိုအေးတိအေးစက်ဆူးလေးကိုချစ်မိခဲ့ပါလိမ့်၊ အဲ့ဒီ့ဆူးလေးကိုသူ့နှလုံးသားထဲထိုးစိုက်ခွင့်ပြုမိခဲ့ပါလိမ့်။အဖြေကတော့မရှိပေ။ထိုစဉ်မှာပင်

"ဟိတ် အချောလေး ဒီမှာတစ်ယောက်တည်းထိုင်နေတာလား"

ခပ်နောက်နောက်အသံကြောင့် မင်းခေတ်လှိုင်းမော့ကြည့်လိုက်ရာ သူ့ကိုငုံ့မိုးကြည့်နေသော ပရော်ဖက်ဆာကောင်းမင်းမြတ်ကိုတွေ့ရလေသည်။ကောင်းမင်းမြတ်သည် ရှပ်အင်္ကျီအဖြူလက်ရှာ်ပေါ်တွင်ချိုင်းပြတ်ဆွယ်တာအသားရောင်လေးကိုထပ်ဝတ်ထားပြီး စတိုင်ပန့်မိတ်ကပ်ရောင်လေးကိ သေသပ်စွာဝတ်စားထားလေသည်။ဘာလို့ရယ်မသိ၊ ဤ ပရော်ဖက်ဆာကို‌မင်းခေတ်လှိုင်းအတော်သဘောကျမိသည်။ပရော်ဖက်ဆာငယ်ငယ်လေးမို့ ကျောင်းသားများနှင့်ရင်းနှီးနေတတ်တာ‌ေကြာင့်လားတော့မပြောတတ်ပေ။

"အကို လာထိုင်လေ.."

မင်းခေတ်လှိုင်းသည် ခုံတန်းအလယ်တွင်ထိုင်နေခြင်းဖြစ်ပြီး ကောင်းမင်းမြတ်ထိုင်ရန်အတွက် ဖင်လေးကိုရွှေ့ကာ ဘေးတိုးပေးလိုက်လေသည်။ကောင်းမင်းမြတ်လဲ ဝင်ထိုင်ကာ

"နေ့လည်စာစားပြီးသွားတာလား မင်းခေတ်"

"ဟုတ်..စားပြီးတယ်ပဲပြောရမှာပေါ့ဗျာ"

"အဲ့တာဆို အချိုရောတည်းချင်သေးလား၊ အကိုကော်ဖီသောက်နေကြဆိုင်က ကိတ်မုန့်ကအရသာအရမ်းကောင်းတယ်"

ကောင်းမင်းမြတ်သည် သူ့လက်ထဲကစက္ကူအိတ်အညိုရောင်လေးကို မင်းခေတ်လှိုင်း၏ပေါင်ပေါ်တင်လိုက်ရင်းပြောလိုက်သည်။

"ဟာ အကိုကလဲ၊ အားနာစရာကြီးကို အကိုဝယ်လာတာ အကိာ့ဘာသာစားပါဗျာ"

"ဝယ်လာတာမဟုတ်ပါဘူး မင်းခေတ်ရယ်၊ အကိုကအဲ့ဆိုင်က ဖောက်သည်လိုဖြစ်နေတော့ သူတို့ဆီမှာ menuအသစ်ရှိတိုင်း အကို့ကို Freebies ထည့်ပေးနေကြလေ"

ကောင်းမင်းမြတ်စကားကြောင့် မင်းခေတ်လှိုင်းသည်နှာရှုံ့ကာ

"ဟင် အဲ့တာဆို အကိုကကျွန်တော့်အလကားရတဲ့ဟာပဲကျွေးတာပေါ့ "

အစောနကပဲ ဝယ်ထားပါသည်ဆိုလျှင်အားနာ၍မစားချင်ပါဘူးဆိုသော ကောင်လေးက ယခုအလကားရပါသည်လဲဆိုရော အလကားရတာကိုကျွေးရသလားဟု ပြစ်တင်နေပြန်သည်။ကောင်းမင်းမြတ်သည်တော့ ဒီကောင်‌ေလးကိုချေပစကားပင်ပြောနိုင်ခြင်းမရှိတော့ပေ။

"ဒါပေမဲ့လဲ ကျွေးတဲ့သူရှိတော့ စားပေးရတာပေါ့"

ပြောပြောဆိုဆိုဖြင့် မင်းခေတ်လှိုင်းသည် အိတ်ထဲမှကိတ်မုန့်ကလေးကိုယူကာ အသေအချာကြည့်လေသည်။ကိတ်မုန့်လေးသည် မုန်လာဥကိတ်မုန့်လေးဖြစ်ပြီး အဖြူရောင်ခရင်မ်အလွှာများပေါ်တွင်မုန်လာဥပုံစံသကြားခဲလေးများဖြင့်အလှဆင်ထားလေသည်။မင်းခေတ်လှိုင်းလဲ နေ့လည်စာကိုအပြည့်အဝမစာစခဲ့ရသဖြင့်ဗိုက်ဆာနေခြင်းဖြစ်ရာ ထိုကိတ်မုန့်ကလေးကိုတမြုံ့မြုံ့ဝါးစားလေတော့သည်။ကိတ်မုန့်၏အရသာသည် ခပ်စိမ့်စိမ့်ကလေးဖြစ်ပြီး မုန်လာဥနီ၏ ချိုမြမြအရသာကိုပါခံစားရသည်။

"အင်း...ကောင်းသားပဲ၊ ဟိုကောင်သွန်းညှာလက်ရာနီးပါးပဲ"

ကိတ်မုန့်ကလေးကိုယုန်လေးသဖွယ်တမြုံ့မြုံ့စားနေသော ကောင်လေးကိုကြည့်ရင်း ကောင်းမင်းမြတ် အသဲတယားယားဖြစ်နေရသည်။ဤAlphaလေးသည် သိပ်ကိုချစ်ဖို့ကောင်းလွန်းသည်။ဤကောင်လေးကိုသူစတွေ့ခဲ့သည်က ကျောင်းတွင်းရိုက်ပွဲတစ်ခုတွင်ဖြစ်သည်။ထိုနေ့ကသူဤကျောင်းကိုစပြောင်းလာသည့်နေ့ဖြစ်ပြီး ကျောင်းဆောင်အပျက်များကြားတွင် တွန်းထိုးလဲသံများထွက်ပေါ်လာမှုကို သွားစစ်ဆေးရာမှ ဤကောင်လေးကိုတွေ့ရှိခဲ့ခြင်းပင်။

နှုတ်ခမ်းထောင့်မှသွေးစတို့ကိုသုတ်ရင်း ဆဲရေးနေသောထိုကောင်လေးကို သူ့ခမြာမြင်မြင်ချင်းအသဲတယားယားဖြစ်ခဲ့ရသည်ဆိုပါတော့။

___

ကန်တင်းထဲတွင်တော့ ရုတ်တရက်ဆိုသလို မင်းခေတ်လှိုင်း၏ထွက်ခွါသွားမှုကြောင့် တစ်ဝိုင်းလုံးတိတ်ဆိတ်သွားခဲ့သည်။နှင်းစက်လင်းကမူဒေါသတွေအလိပ်လိုက်ထွက်လာကာ မျက်နှာချင်းဆိုင်တွင်ထိုင်နေသော လရောင်ငေးကိုလက်ညိုးငေါက်ငေါက်ထိုး၍

"လရောင်ငေး၊ နင့်ဘာသာဘာကောင်ကြီးဖြစ်နေနေ နင့်မှာမင်းခေတ်ကိုအဲ့လိုပြောပိုင်ခွင့်မရှိဘူး။ ငါ့သူငယ်ချင်းကနင့်ကိုသေလောက်အောင်ကြိုက်နေမှန်းနင်သိနေလို့ နင်ရောင့်တက်နေတာ၊ ငါဆုတောင်းပါတယ် ငါ့သူငယ်ချင်းလဲ နင့်လိုအေးတိအေးစက်လူကိုမချစ်တော့ပဲ တခြားသူနဲ့မြန်မြန်လက်တွဲနိုင်ပါစေလို့"

ပြောချင်ရာပြောပြီးနောက် နှင်းစက်လင်းသည်ထွက်သွားလေတော့သည်။ကျန်ခဲ့သောသူများကလဲတိတ်ဆိတ်စွာစားသောက်ရုံမှတစ်ပါး ဘာလုပ်လို့ဘာကိုင်ရမယ်မှန်းမသိ။သို့သော်လဲ နေနိုင်းမာန်ကမူ သူ့ကိုကို ကို ဟင်းလေးထည့်ပေးလိုက်၊ ပါးစပ်ကလေးကိုသုတ်ပေးလိုက်နှင့်ပင်။

လရောင်ငေးကမူ မင်းခေတ်လှိုင်း၏စားလက်စပန်းကန်ကိုကြည့်ကာ စုတ်သပ်လိုက်မိသည်။မင်းခေတ်လှိုင်းသည် အစားစားလျှင်အနည်းဆုံး၂ပန်းကန်လောက်ကုန်အောင်စားတတ်သည်ကိုသူသိပါသည်။ယခု တစ်ပန်းကန်ပင်မကုန်သေးပဲ ထထွက်သွားသောကြောင့် ဗိုက်ဆာနေမည်မှာအသိအသာပင်ဖြစ်သည်။ထို့ကြောင့် လရောင်ငေးလဲ ကန်တင်းမှပဲနို့နှင့်ဆန်းဒဝှစ်ခ်ျကိုဝယ်ကာ အခန်းသို့ပြန်နှင့်ရန်ထလိုက်သည်။သူ့အတွေးကမူ မင်းခေတ်လှိုင်းအခန်းထဲဝင်လာလျှင် ပဲနို့နှင့်ဆန်းဒဝှစ်ခ်ျပေး၍ ချော့ရန်သာ။

"ဟင် မင်းလဲဝပြီလား"

မင်းသွန်းညှာ၏အူကြောင်ကြားအသံကြောင့် လရောင်ငေးတစ်ယောက်စိတ်လေစွာပြန်ရွဲ့ရန်ပြင်လိုက်သည်။သို့သော်လဲ မင်းသွန်းညှာဘေးမှ နဂါးမျက်စောင်းတွေရော၊ဂဠုန်မျက်စောင်းတွေပါပစ်လွှတ်နေသည့် နေနိုင်းမာန်ကြောင့် သူ့စကားတို့ကိုမြိုချလိုက်ရသည်။

'ဖန်တီးပေးထားတဲ့ ဖအေကိုစော်ကားချင်နေတဲ့အကောင် မြေမြိုပါစေကွာ'

"အင်း ဝပြီ.."

"အဲ့တာဆို နို့နဲ့မုန့်က..."

"ဟိုကောင်မင်းခေတ်အတွက်.."

"မင်း မင်းခေတ်ကိုပြောချင်ရာပြောပြီးမှ မုန့်လေးနဲ့တင်ချော့လို့ရမယ်ထင်နေတာလား.."

မင်းသွန်းညှာ၏စကားကြောင့်လရောင်ငေးမျက်ခုံးပင့်ကာ ကန်တင်းမှ နောက်ထပ်အအေးတစ်ကဒ်နှင့် မင်းခေတ်လှိုင်းကြိုက်သည့်မုန့်တစ်ဖာကို ထပ်မှာလိုက်သည်။

"ဒီလောက်မုန့်ဆိုရင်ရော..."

"....."

မင်းသွန်းညှာသည်ခဏငြိမ်သက်ပြီးနောက်

"ငါမင်းရဲ့IQကိုနည်းနည်းတော့သံသယဝင်မိပြီ.."

လရောင်ငေး ; Σ(ಠ_ಠ)

(A/N လရောင်ငေးကတုံးပေမဲ့ တစ်ခုခုဆိုမုန့်နဲ့ချော့မဲ့ကောင်လေးတော့လိုချင်သား ಥ‿ಥ)

----

Partyပွဲနေ့။ ။

Partyသွားရန်အတွက် ပြင်ဆင်နေသော ကိုကို့ကိုကြည့်ရင်း နေနိုင်းမာန် စိတ်ထဲခပ်ချဉ်ချဉ်ဖြစ်လာသည်။ကိုကိုက‌ခေါင်းစခြေဆုံး ကြည့်ကောင်းတာထက်ပိုပြီးကျက်သရေရှိနေတာမျိုးဖြစ်သည်။ထို့ကြောင့် ဘာမှထပ်ပြီးအထူးတလည်ပြင်ဆင်ရာမလိုဘူးဟုသူထင်မိသည်။ကိုကို့၏ဖြူဥသောအသားအရေပေါ်တွင်နေရာယူထားသော Suitအပြာရင့်ရောင်ကိုတော့ သူအနည်းငယ်မနာလိုဖြစ်မိသည်။

မင်းသွန်းညှာသည် ယနေ့ညအဖို့suitမိုးပြာရင့်ရောင်နှင့် စတိုင်ပန်အနက်ရောင်ကိုဝတ်ဆင်ထားပြီး ညာဘက်တွင်စိန်ပြာရင်ထိုးလေးတစ်ခုကိုတပ်ဆင်ထားလေသည်။ဆံသားတို့ကိုဂျယ်ဖြင့်သပ်တင်ကာပုံသွင်းထား၍ ဆံစတို့က ဘေးထွက်မနေပဲသပ်သပ်ရပ်ရပ်နှင့် ယောကျာ်းပီသလှသည်။

နေနိုင်းမာန်လေးကတော့ ယနေ့အဖို့ အနက်ရောင်suitကိုဝတ်ဆင်ထားခြင်းဖြစ်ပြီး ညာဘက်တွင်စိန်ဖြူရင်ထိုးတစ်ခုကိုတပ်ဆင်ထားလေသည်။အနည်းရှည်သောဆံပင်တို့ကိုအကုန်ဖြီးသင်၍ အနောက်နားတွင်အဖိားကိုခပ်ကော့ကော့သဏ္ဍာန်မျိုးပုံသွင်းထားလေသည်။

မင်းသွန်းညှာသည် အင်္ကျီလက်ကြယ်သီးများကိုတပ်ပြီးနောက် သူ့ကိုငေးမောကြည့်နေသော နေနိုင်းမာန်ကိုမြင်ကာ ပြုံးလိုက်ပြီး

"ဘာတွေငေးနေတာလဲ ‌နိုင်းလေးရဲ့"

'ကို့ကို့ကိုငေးနေတာလေ...'

ဟု တော့မပြောချင်ပါ။ကိုကို့ကိုငေးကြည့်စရာမလိုအောင်ပင် ကိုကိုက သူ၏အပြုံးများ၊အကြင်နာများကို သူ့တစ်‌ေယာက်တည်းအားဖောဖောသီသီပေးနေသည်မဟုတ်ပါလား။သို့သော် သူဆိုသည့်ကောင်စားက ကိုကိုနှင့်ပက်သက်လျှင်အလွန်လောဘကြီးသည်လေ။ကိုကို့၏ဆံခြည်မျှင်တစ်ချောင်းကအစ ခြေသည်းလေးအဆုံး သူမြတ်နိုးသည်။နှမြောသည်။

ကိုကို့၏ခြေသည်း၊လက်သည်းကလေးများညှပ်ပစ်လျှင် သူသိပ်ကိုနှမြောသည်။ချစ်မိသွားသည့်အခါ ဤအမျိုးသား၏ချွေးပေါက်ကလေးအစ နှမြောမိတာမျိုးပင်။သူ့အသက်ကငယ်ရွယ်သေးသော်လဲ သူ့အတွေ့အကြုံက သူများတွေထက်ပိုမိုခဲရင်းခဲ့သည်။သူ့ဘ၀ကိုအမှောင်ထဲကလက်ကမ်းခဲ့သူက ကိုကိုသာ၊ ထိုအမျိုးသားလေး၏လက်ကိုသာသူအဆုံးတိုင်တွဲသွားချင်သည်။ညီအစ်ကိုဆိုတာကိုလဲ သူလုံးဝဂရုမစိုက်ပေ။သူ့ဥပဒေက ရှင်းသည်။သူသဘောကျလျှင် သူ့အပိုင်ပင်။

----

Partyပွဲကျင်းပရာ ခြံဝင်းသည် မင်းခေတ်လှိုင်းတို့၏အိမ်‌ေနာက်ဘက်မှခြံဝန်းဖြစ်ပြီး အလွန်ကျယ်လှသည်။မင်းသွန်းညှာနှင့်နေနိုင်းမာန်သည် partyပွဲထဲသို့ရောက်ရောက်ချင်းမှာပင် လူအတော်များများ၏အာရုံစိုက်မှုကိုရရှိလိုက်လေသည်။သူတို့၏အစ်ကိုဖြစ်သူ မင်းစိုင်းသာကတော့ဖြင့် ပါတီပွဲကိုအစောကြီးရောက်နှင့်နေပြီဖြစ်ပြီး လကျာ်လှိုင်းနားကိုအတင်းလိုက်ကပ်နေလေတော့သည်။

"မင်းဘယ်လိုဖြစ်နေတာလဲ မင်း.စိုင်း.သာ"

သူ့အနားကိုအတင်းတိုးကပ်နေသောမင်းစိုင်းသာကြောင့်လကျာ်လှိုင်းဒေါသကိုထိန်းကာပြောလိုက်မိသည်။ထိုအခါ မင်းစိုင်းသာသည်သောက်မြင်ကတ်ဖွယ်ကောင်းစွာပြုံးပြလိုက်ပြီး

"ဘယ်လိုဖြစ်ရမှာတုန်း အသဲလေးရဲ့၊ အသဲလေးကကိုယ့်ကိုတာဝန်ယူရမယ်လေ။ အဲ့ညကကိစ္စလဲပြီးရော သဲလေးကစားပြီးနားမလည်လုပ်ပြီး ကိုယ့်ကိုတစ်ယောက်တည်းထားခဲ့ရော"

"မင်း.."

အရင်အပတ်တုန်းက လကျာ်လှိုင်းသည်ပြိုင်ဘက်ကုမ္ပဏီကိုတရားစွဲရန်အတွက် မင်းစိုင်းသာကိုငှားရမ်းခဲ့သည်။ကိစ္စဝိစ္စများကအဆင်ချောချောပြီးဆုံးခဲ့ပြီး အောင်ပွဲခံသည့်အနေဖြင့် လကျာ်လှိုင်းပိုင်ဟိုတယ်တစ်ခုတွင် မင်းစိုင်းသာကိုTreatခဲ့သည်။သို့သော် မင်းစိုင်းသာကို သူတို့ဘော့စ်က ကြိုက်နေမှန်းသိနေသောအတွင်းရေးမှူးက အလိုက်တသိဖြင့် မင်းစိုင်းသာသောက်မည့်ဝိုင်ခွက်ထဲဆေးခတ်ခဲ့သည်လေ။

ဒါ‌.ပေ.မဲ့. ခံလိုက်ရတာက ငါဟ!ငါ!ငါ!

အလိုက်သိတဲ့အတွင်းရေးမှူးလဲ Fuckပဲ!

ဆေးခတ်တဲ့ဝိုင်ခွက်ကိုသယ်လာပေးတဲ့ ဝိတ်တာကိုလဲ fuckပဲ!

တစ်ညလုံးအထိသက်ရောက်အားပြင်းတဲ့ဆေးကိုလဲ fuckပဲ!

"ပြောလေ အသဲလေးရဲ့၊ ကိုယ့်ကိုတာဝန်ယူရမှာနော်"

မင်းစိုင်းသာ၏ရယ်ချင်ပက်ကျိအသံကြောင့် လကျာ်လှိုင်း၏အသိစိတ်တို့ပြန်လည်ရောက်ရှိလာသည်။

"မင်းဘိုးအေကိုတာဝန်ယူလိုက်"

"ကိုယ့်ဘိုးအေကြီးတော့တာဝန်မယူချင်ပါဘူးနော် အသဲလေးကိုပဲတာဝန်ယူချင်တာ"

"မင်းဒီလောက်သောက်ရှက်မရှိမှန်း ငါတကယ်မသိခဲ့ဘူး"

"အခုသိပြီမလား သိရင်တာဝန်ယူလိုက်တော့"

တိုးတိုး တိုးတိုးနှင့်ရန်ဖြစ်နေကြသော သူတို့နှစ်ဦးသည် အများအမြင်တွင်တော့ တရင်းတနှီးစနောက်နေကြသောသူငယ်ချင်းများသဖွယ်ပင်။

"Bossလကျာ်လှိုင်းနဲ့ရှေ့နေမင်းစိုင်းသာတို့ကတော်တော်ရင်းနှီးကြပုံပဲနော်"

"ဟုတ်ပါ့‌ဗျာ သူတို့ကတစ်ကျောင်းတည်းထွက်တွေတဲ့လေ"

"အေးပေါ့ အေးပေါ့ ငယ်သူငယ်ချင်းတွေဆိုတော့လဲ ဒီလိုရင်းရင်းနှီးနှီးရှိတာပုံမှန်ပါပဲ"

လူကြီးနှစ်ယောက်၏စကားဝိုင်းကိုရှင်းရှင်းလင်းလင်းကြားလိုက်ရသောမင်းသွန်းညှာကတော့ မျက်နှာရှုံ့လိုက်မိသည်။

'ဟိုက ဖက်နမ်းတော့မတတ်ဖြစ်နေတာကိုပုံမှန်ပဲလုပ်နေကြတယ်၊ သူငယ်ချင်းမဟုတ်ပဲ သူငယ်ဂျင်းတွေပါဗျ'

ထိုစဉ်မှာပင် သူရှိရာဆီလှမ်းလာနေသောနွေလှိုင်းကိုတွေ့လိုက်ရသောကြောင့် သူ့ကျောမတ်သွားတော့သည်။နွေလှိုင်းသည်အရင်ကလိုချာတိတ်မလေးမဟုတ်တော့ပဲ ဉာဏ်များသည့်မိန်းမပျိုတစ်ယောက်ဖြစ်လာပုံပင်။သူမ၏အကြည့်တို့ကထက်ရှနေပြီး မျက်နှာထက်တွင်အန္တရာယ်များသောအပြုံးတစ်ပွင့်ကိုပန်ဆင်ထားလေသည်။နွေလှိုင်းသည် မင်းသွန်းညှာကိုမြင်သော်

"မတွေ့ရတာကြာပြီနော် သွန်းညှာ"

"ဟုတ်ပါ့၊ မတွေ့ရတာကြာတော့ တွေ့တောင်မတွေ့ချင်တော့ဘူး"

နွေလှိုင်း၏မျက်ခုံးတို့တင်းခနဲဖြစ်သွားသော်လဲ ချက်ချင်းပင်ပြန်လည်ပြေလျော့သွားသည်။

"သွန်းညှာက အရမ်းဟာသပြောတတ်တာပဲ၊ ကောင်းကောင်းမွန်မွန်ရှိနေတာကိုမြင်ရတော့လဲ ဝမ်းသာပါတယ်"

"ဒါပေါ့ ငါကအချစ်ခံရတော့ ကောင်းကောင်းမွန်မွန်မရှိပဲဘယ်နေပါ့မလဲ"

သူတို့နှစ်ဦးစကားစစ်ထိုးနေသည်ကို နေနိုင်းမာန်ကတော့ဘာမျှမပြောပဲ အနောက်မှရပ်ကြည့်နေလေသည်။

ကိုကိုအဆိုးအဆာလေးသဖွယ်ပြုမူနေလျှင်လဲ သူ့မှာချစ်ရသည်ပေ။ကိုကို့ပုံစံကလက်သည်းများထုတ်ထားသောကြောင်ပေါက်‌ကလေးကိုပင်။အနားကပ်သူမှန်သမျှ သောက်ခွက်ကိုခြောက်ချက်ကုတ်ပစ်မည်ဟူသောရုပ်ကလေးနှင့်ပင်။

မင်းသွန်းညှာသည် သူ့ကိုစူးရဲစွာစိုက်ကြည့်နေသောနွေလှိုင်းကြောင့် အနည်းငယ်မသက်မသာဖြစ်မိသော်လဲအပြုံးမပျက်ပင်။

'ဒီဟာမလေး ငါ့ကိုမျက်လုံးနဲ့ဆဲနေတာများလား'

သို့သော်လဲ မင်းသွန်းညှာ၏စိတ်အခြေအနေကမူ အလွန်ကောင်းနေခဲ့ပါသည်။အဘယ့်ကြောင့်ဆိုသော် LSP point 300 ပြည့်သွားပါပြီဟူသော သတိပေးချက်ကြောင့်ပင်။

'system မင်းသွန်းညှာရဲ့ဘဝဇာတ်ကြောင်းအပြည့်အစုံကိုဝယ်လိုက်'

-----

Zawgyi
.
.
.
."ေနာက္ရက္ၾကရင္ ေႏြလွိုင္းျပန္လာေတာ့မယ္တဲ့"

ကန္တင္းတြင္အတူစားေသာက္ေနၾကရင္းေျပာလာေသာ မင္း‌ေခတ္လွိုင္း၏စကားေၾကာင့္ မင္းသြန္းညွာတို႔အုပ္စု စိတ္မသက္မသာျဖစ္သြားရသည္။ထိုေကာင္မေလးျပန္ေရာက္လာပါက ဘယ္လိုမ်ိဳးထပ္ေမႊလိမ့္ဦးမလဲဆိုတာ သူတို႔ခန႔္မွန္း၍ပင္မရနိုင္ေပ။သို႔ေသာ္လဲ မင္းေခတ္လွိုင္းကမူ ေပ်ာ္႐ႊင္ေနဟန္ျဖင့္

"သူျပန္လာရင္ ပါးနဲ႕မားက ပြဲစီစဥ္ေပးမယ္တဲ့ မင္းတို႔လဲလာခဲ့ၾကေနာ္။ ဖိတ္စာေတြကမင္းတို႔ရဲ႕အိမ္ေတာ္ဆီပို႔ထားၿပီးၿပီဆိုေပမဲ့ ငါကလဲထပ္ဖိတ္တာ..၊ ဒီပြဲမွာ ေႏြလွိုင္းကို ရွယ္ယာေတြလႊဲေပးလိမ့္မယ္"

သို႔မွသာ မင္းေခတ္လွိုင္းေပ်ာ္႐ႊင္ေနရသည့္အ‌ေၾကာင္းရင္းကို သူတို႔ေတြနားလည္သြားရသည္။မင္းေခတ္လွိုင္းသည္ သူတို႔လုပ္ငန္းစု၏ရွယ္ယာမ်ားကိုစိတ္မဝင္စားပဲေအးေဆးေနလိုသူျဖစ္သည္။သူ၏ရည္႐ြယ္ခ်က္သည္ နိုင္ငံ့ဂုဏ္ေဆာင္ဘတ္စကတ္ေဘာကစားသမားတစ္ဦးျဖစ္ရန္သာ။သို႔ေသာ္လဲ

"သူကရွယ္ယာေတြအကုန္သိမ္းသြားမွာကို မင္းကဘာ‌ေ‌တြေပ်ာ္ေနတာလဲ"

လေရာင္ေငး၏ခပ္႐ြဲ႕႐ြဲ႕စကားသံကိုသတိမမူမိေသာ မင္းေခတ္လွိုင္းသည္

"အဲ့တာဆို ငါကမိသားစုအေမြဆက္ခံစရာမလိုေတာ့ဘူးေလ၊ ငါဝါသနာပါတာငါလုပ္လို႔ရၿပီေလ အခ်စ္ရဲ႕"

"ေတာ္စမ္းပါ၊ ဘာရည္မွန္းခ်က္မွမရွိတဲ့ေကာင္.."

လေရာင္ေငးဆီမွတုံ႕ျပန္စကားေၾကာင့္ သူတို႔ဝိုင္းတြင္ဇြန္းသံ၊ပန္းကန္သံမ်ားပင္မၾကားရသည္အထိတိတ္ဆိတ္သြားေတာ့သည္။ဆူညံေနေသာကန္တင္းတြင္ သူတို႔တစ္ဝိုင္းတည္းသာသီးျခားရွိေနေတာ့သလိုျဖစ္သြားေလသည္။မင္းေခတ္လွိုင္းသည္ ေခါင္းတစ္ၿငိမ့္ၿငိမ့္ျဖင့္

"အင္း..ငါကဘာရည္မွန္းခ်က္မွမရွိပဲ ေပါ့ေပါ့ေန ေပါ့ေပါ့စားတဲ့ေကာင္..၊ အာ ငါဗိုက္ဝၿပီ ငါသြားႏွင့္ေတာ့မယ္ ေဟ့ေကာင္ေတြ။"

"ဟဲ့..ေနဦးေလ မင္းေခတ္"

"ေဟ့ေကာင္ ေနဦးေလကြာ"

ႏွင္းစက္လင္းႏွင့္မင္းသြန္းညွာတို႔၏လွမ္းေခၚသံကိုမၾကားဟန္ျပဳကာ မင္းေခတ္လွိုင္းတစ္ေယာက္ ကန္တင္းမွလွည့္ထြက္လာခဲ့သည္။ရင္ထဲတြင္တစ္ဆို႔ေနေသာ္လဲ ထိုခံစားခ်က္ကရင္းႏွီးေနၿပီမို႔ ထူးၿပီးခံစားမေနခ်င္ေတာ့ေပ။ကန္တင္းရွိရာအေဆာင္၏ ခပ္လွမ္းလွမ္းကိုေရာက္ကာမွ နီးစပ္ရာခုံတန္းတြင္ထိုင္ခ်ကာ ေျခပစ္လက္ပစ္ႏွင့္ ေငးေနမိသည္။

ဘာလို႔မ်ား အဲ့လိုေအးတိေအးစက္ဆူးေလးကိုခ်စ္မိခဲ့ပါလိမ့္၊ အဲ့ဒီ့ဆူးေလးကိုသူ႕ႏွလုံးသားထဲထိုးစိုက္ခြင့္ျပဳမိခဲ့ပါလိမ့္။အေျဖကေတာ့မရွိေပ။ထိုစဥ္မွာပင္

"ဟိတ္ အေခ်ာေလး ဒီမွာတစ္ေယာက္တည္းထိုင္ေနတာလား"

ခပ္ေနာက္ေနာက္အသံေၾကာင့္ မင္းေခတ္လွိုင္းေမာ့ၾကည့္လိုက္ရာ သူ႕ကိုငုံ႕မိုးၾကည့္ေနေသာ ပေရာ္ဖက္ဆာေကာင္းမင္းျမတ္ကိုေတြ႕ရေလသည္။ေကာင္းမင္းျမတ္သည္ ရွပ္အကၤ်ီအျဖဴလက္ရွာ္ေပၚတြင္ခ်ိဳင္းျပတ္ဆြယ္တာအသားေရာင္ေလးကိုထပ္ဝတ္ထားၿပီး စတိုင္ပန႔္မိတ္ကပ္ေရာင္ေလးကိ ေသသပ္စြာဝတ္စားထားေလသည္။ဘာလို႔ရယ္မသိ၊ ဤ ပေရာ္ဖက္ဆာကို‌မင္းေခတ္လွိုင္းအေတာ္သေဘာက်မိသည္။ပေရာ္ဖက္ဆာငယ္ငယ္ေလးမို႔ ေက်ာင္းသားမ်ားႏွင့္ရင္းႏွီးေနတတ္တာ‌ေၾကာင့္လားေတာ့မေျပာတတ္ေပ။

"အကို လာထိုင္ေလ.."

မင္းေခတ္လွိုင္းသည္ ခုံတန္းအလယ္တြင္ထိုင္ေနျခင္းျဖစ္ၿပီး ေကာင္းမင္းျမတ္ထိုင္ရန္အတြက္ ဖင္ေလးကိုေ႐ႊ႕ကာ ေဘးတိုးေပးလိုက္ေလသည္။ေကာင္းမင္းျမတ္လဲ ဝင္ထိုင္ကာ

"ေန႕လည္စာစားၿပီးသြားတာလား မင္းေခတ္"

"ဟုတ္..စားၿပီးတယ္ပဲေျပာရမွာေပါ့ဗ်ာ"

"အဲ့တာဆို အခ်ိဳေရာတည္းခ်င္ေသးလား၊ အကိုေကာ္ဖီေသာက္ေနၾကဆိုင္က ကိတ္မုန႔္ကအရသာအရမ္းေကာင္းတယ္"

ေကာင္းမင္းျမတ္သည္ သူ႕လက္ထဲကစကၠဴအိတ္အညိုေရာင္ေလးကို မင္းေခတ္လွိုင္း၏ေပါင္ေပၚတင္လိုက္ရင္းေျပာလိုက္သည္။

"ဟာ အကိုကလဲ၊ အားနာစရာႀကီးကို အကိုဝယ္လာတာ အကိာ့ဘာသာစားပါဗ်ာ"

"ဝယ္လာတာမဟုတ္ပါဘူး မင္းေခတ္ရယ္၊ အကိုကအဲ့ဆိုင္က ေဖာက္သည္လိုျဖစ္ေနေတာ့ သူတို႔ဆီမွာ menuအသစ္ရွိတိုင္း အကို႔ကို Freebies ထည့္ေပးေနၾကေလ"

ေကာင္းမင္းျမတ္စကားေၾကာင့္ မင္းေခတ္လွိုင္းသည္ႏွာရႈံ႕ကာ

"ဟင္ အဲ့တာဆို အကိုကကြၽန္ေတာ့္အလကားရတဲ့ဟာပဲေကြၽးတာေပါ့ "

အေစာနကပဲ ဝယ္ထားပါသည္ဆိုလွ်င္အားနာ၍မစားခ်င္ပါဘူးဆိုေသာ ေကာင္ေလးက ယခုအလကားရပါသည္လဲဆိုေရာ အလကားရတာကိုေကြၽးရသလားဟု ျပစ္တင္ေနျပန္သည္။ေကာင္းမင္းျမတ္သည္ေတာ့ ဒီေကာင္‌ေလးကိုေခ်ပစကားပင္ေျပာနိုင္ျခင္းမရွိေတာ့ေပ။

"ဒါေပမဲ့လဲ ေကြၽးတဲ့သူရွိေတာ့ စားေပးရတာေပါ့"

ေျပာေျပာဆိုဆိုျဖင့္ မင္းေခတ္လွိုင္းသည္ အိတ္ထဲမွကိတ္မုန႔္ကေလးကိုယူကာ အေသအခ်ာၾကည့္ေလသည္။ကိတ္မုန႔္ေလးသည္ မုန္လာဥကိတ္မုန႔္ေလးျဖစ္ၿပီး အျဖဴေရာင္ခရင္မ္အလႊာမ်ားေပၚတြင္မုန္လာဥပုံစံသၾကားခဲေလးမ်ားျဖင့္အလွဆင္ထားေလသည္။မင္းေခတ္လွိုင္းလဲ ေန႕လည္စာကိုအျပည့္အဝမစာစခဲ့ရသျဖင့္ဗိုက္ဆာေနျခင္းျဖစ္ရာ ထိုကိတ္မုန႔္ကေလးကိုတၿမဳံ႕ၿမဳံ႕ဝါးစားေလေတာ့သည္။ကိတ္မုန႔္၏အရသာသည္ ခပ္စိမ့္စိမ့္ကေလးျဖစ္ၿပီး မုန္လာဥနီ၏ ခ်ိဳျမျမအရသာကိုပါခံစားရသည္။

"အင္း...ေကာင္းသားပဲ၊ ဟိုေကာင္သြန္းညွာလက္ရာနီးပါးပဲ"

ကိတ္မုန႔္ကေလးကိုယုန္ေလးသဖြယ္တၿမဳံ႕ၿမဳံ႕စားေနေသာ ေကာင္ေလးကိုၾကည့္ရင္း ေကာင္းမင္းျမတ္ အသဲတယားယားျဖစ္ေနရသည္။ဤAlphaေလးသည္ သိပ္ကိုခ်စ္ဖို႔ေကာင္းလြန္းသည္။ဤေကာင္ေလးကိုသူစေတြ႕ခဲ့သည္က ေက်ာင္းတြင္းရိုက္ပြဲတစ္ခုတြင္ျဖစ္သည္။ထိုေန႕ကသူဤေက်ာင္းကိုစေျပာင္းလာသည့္ေန႕ျဖစ္ၿပီး ေက်ာင္းေဆာင္အပ်က္မ်ားၾကားတြင္ တြန္းထိုးလဲသံမ်ားထြက္ေပၚလာမႈကို သြားစစ္ေဆးရာမွ ဤေကာင္ေလးကိုေတြ႕ရွိခဲ့ျခင္းပင္။

ႏႈတ္ခမ္းေထာင့္မွေသြးစတို႔ကိုသုတ္ရင္း ဆဲေရးေနေသာထိုေကာင္ေလးကို သူ႕ချမာျမင္ျမင္ခ်င္းအသဲတယားယားျဖစ္ခဲ့ရသည္ဆိုပါေတာ့။

___

ကန္တင္းထဲတြင္ေတာ့ ႐ုတ္တရက္ဆိုသလို မင္းေခတ္လွိုင္း၏ထြက္ခြါသြားမႈေၾကာင့္ တစ္ဝိုင္းလုံးတိတ္ဆိတ္သြားခဲ့သည္။ႏွင္းစက္လင္းကမူေဒါသေတြအလိပ္လိုက္ထြက္လာကာ မ်က္ႏွာခ်င္းဆိုင္တြင္ထိုင္ေနေသာ လေရာင္ေငးကိုလက္ညိုးေငါက္ေငါက္ထိုး၍

"လေရာင္ေငး၊ နင့္ဘာသာဘာေကာင္ႀကီးျဖစ္ေနေန နင့္မွာမင္းေခတ္ကိုအဲ့လိုေျပာပိုင္ခြင့္မရွိဘူး။ ငါ့သူငယ္ခ်င္းကနင့္ကိုေသေလာက္ေအာင္ႀကိဳက္ေနမွန္းနင္သိေနလို႔ နင္ေရာင့္တက္ေနတာ၊ ငါဆုေတာင္းပါတယ္ ငါ့သူငယ္ခ်င္းလဲ နင့္လိုေအးတိေအးစက္လူကိုမခ်စ္ေတာ့ပဲ တျခားသူနဲ႕ျမန္ျမန္လက္တြဲနိုင္ပါေစလို႔"

ေျပာခ်င္ရာေျပာၿပီးေနာက္ ႏွင္းစက္လင္းသည္ထြက္သြားေလေတာ့သည္။က်န္ခဲ့ေသာသူမ်ားကလဲတိတ္ဆိတ္စြာစားေသာက္႐ုံမွတစ္ပါး ဘာလုပ္လို႔ဘာကိုင္ရမယ္မွန္းမသိ။သို႔ေသာ္လဲ ေနနိုင္းမာန္ကမူ သူ႕ကိုကို ကို ဟင္းေလးထည့္ေပးလိုက္၊ ပါးစပ္ကေလးကိုသုတ္ေပးလိုက္ႏွင့္ပင္။

လေရာင္ေငးကမူ မင္းေခတ္လွိုင္း၏စားလက္စပန္းကန္ကိုၾကည့္ကာ စုတ္သပ္လိုက္မိသည္။မင္းေခတ္လွိုင္းသည္ အစားစားလွ်င္အနည္းဆုံး၂ပန္းကန္ေလာက္ကုန္ေအာင္စားတတ္သည္ကိုသူသိပါသည္။ယခု တစ္ပန္းကန္ပင္မကုန္ေသးပဲ ထထြက္သြားေသာေၾကာင့္ ဗိုက္ဆာေနမည္မွာအသိအသာပင္ျဖစ္သည္။ထို႔ေၾကာင့္ လေရာင္ေငးလဲ ကန္တင္းမွပဲနို႔ႏွင့္ဆန္းဒဝွစ္ခ္်ကိဳဝယ္ကာ အခန္းသို႔ျပန္ႏွင့္ရန္ထလိုက္သည္။သူ႕အေတြးကမူ မင္းေခတ္လွိုင္းအခန္းထဲဝင္လာလွ်င္ ပဲနို႔ႏွင့္ဆန္းဒဝွစ္ခ္်ေပး၍ ေခ်ာ့ရန္သာ။

"ဟင္ မင္းလဲဝၿပီလား"

မင္းသြန္းညွာ၏အူေၾကာင္ၾကားအသံေၾကာင့္ လေရာင္ေငးတစ္ေယာက္စိတ္ေလစြာျပန္႐ြဲ႕ရန္ျပင္လိုက္သည္။သို႔ေသာ္လဲ မင္းသြန္းညွာေဘးမွ နဂါးမ်က္ေစာင္းေတြေရာ၊ဂဠုန္မ်က္ေစာင္းေတြပါပစ္လႊတ္ေနသည့္ ေနနိုင္းမာန္ေၾကာင့္ သူ႕စကားတို႔ကိုၿမိဳခ်လိဳက္ရသည္။

'ဖန္တီးေပးထားတဲ့ ဖေအကိုေစာ္ကားခ်င္ေနတဲ့အေကာင္ ေျမၿမိဳပါေစကြာ'

"အင္း ဝၿပီ.."

"အဲ့တာဆို နို႔နဲ႕မုန႔္က..."

"ဟိုေကာင္မင္းေခတ္အတြက္.."

"မင္း မင္းေခတ္ကိုေျပာခ်င္ရာေျပာၿပီးမွ မုန႔္ေလးနဲ႕တင္ေခ်ာ့လို႔ရမယ္ထင္ေနတာလား.."

မင္းသြန္းညွာ၏စကားေၾကာင့္လေရာင္ေငးမ်က္ခုံးပင့္ကာ ကန္တင္းမွ ေနာက္ထပ္အေအးတစ္ကဒ္ႏွင့္ မင္းေခတ္လွိုင္းႀကိဳက္သည့္မုန႔္တစ္ဖာကို ထပ္မွာလိုက္သည္။

"ဒီေလာက္မုန႔္ဆိုရင္ေရာ..."

"....."

မင္းသြန္းညွာသည္ခဏၿငိမ္သက္ၿပီးေနာက္

"ငါမင္းရဲ႕IQကိုနည္းနည္းေတာ့သံသယဝင္မိၿပီ.."

လေရာင္ေငး ; Σ(ಠ_ಠ)

(A/N လေရာင္ေငးကတုံးေပမဲ့ တစ္ခုခုဆိုမုန႔္နဲ႕ေခ်ာ့မဲ့ေကာင္ေလးေတာ့လိုခ်င္သား ಥ‿ಥ)

----

Partyပြဲေန႕။ ။

Partyသြားရန္အတြက္ ျပင္ဆင္ေနေသာ ကိုကို႔ကိုၾကည့္ရင္း ေနနိုင္းမာန္ စိတ္ထဲခပ္ခ်ဥ္ခ်ဥ္ျဖစ္လာသည္။ကိုကိုက‌ေခါင္းစေျခဆုံး ၾကည့္ေကာင္းတာထက္ပိုၿပီးက်က္သေရရွိေနတာမ်ိဳးျဖစ္သည္။ထို႔ေၾကာင့္ ဘာမွထပ္ၿပီးအထူးတလည္ျပင္ဆင္ရာမလိုဘူးဟုသူထင္မိသည္။ကိုကို႔၏ျဖဴဥေသာအသားအေရေပၚတြင္ေနရာယူထားေသာ Suitအျပာရင့္ေရာင္ကိုေတာ့ သူအနည္းငယ္မနာလိုျဖစ္မိသည္။

မင္းသြန္းညွာသည္ ယေန႕ညအဖို႔suitမိုးျပာရင့္ေရာင္ႏွင့္ စတိုင္ပန္အနက္ေရာင္ကိုဝတ္ဆင္ထားၿပီး ညာဘက္တြင္စိန္ျပာရင္ထိုးေလးတစ္ခုကိုတပ္ဆင္ထားေလသည္။ဆံသားတို႔ကိုဂ်ယ္ျဖင့္သပ္တင္ကာပုံသြင္းထား၍ ဆံစတို႔က ေဘးထြက္မေနပဲသပ္သပ္ရပ္ရပ္ႏွင့္ ေယာက်ာ္းပီသလွသည္။

ေနနိုင္းမာန္ေလးကေတာ့ ယေန႕အဖို႔ အနက္ေရာင္suitကိုဝတ္ဆင္ထားျခင္းျဖစ္ၿပီး ညာဘက္တြင္စိန္ျဖဴရင္ထိုးတစ္ခုကိုတပ္ဆင္ထားေလသည္။အနည္းရွည္ေသာဆံပင္တို႔ကိုအကုန္ၿဖီးသင္၍ အေနာက္နားတြင္အဖိားကိုခပ္ေကာ့ေကာ့သ႑ာန္မ်ိဳးပုံသြင္းထားေလသည္။

မင္းသြန္းညွာသည္ အကၤ်ီလက္ၾကယ္သီးမ်ားကိုတပ္ၿပီးေနာက္ သူ႕ကိုေငးေမာၾကည့္ေနေသာ ေနနိုင္းမာန္ကိုျမင္ကာ ၿပဳံးလိုက္ၿပီး

"ဘာေတြေငးေနတာလဲ ‌နိုင္းေလးရဲ႕"

'ကို႔ကို႔ကိုေငးေနတာေလ...'

ဟု ေတာ့မေျပာခ်င္ပါ။ကိုကို႔ကိုေငးၾကည့္စရာမလိုေအာင္ပင္ ကိုကိုက သူ၏အၿပဳံးမ်ား၊အၾကင္နာမ်ားကို သူ႕တစ္‌ေယာက္တည္းအားေဖာေဖာသီသီေပးေနသည္မဟုတ္ပါလား။သို႔ေသာ္ သူဆိုသည့္ေကာင္စားက ကိုကိုႏွင့္ပက္သက္လွ်င္အလြန္ေလာဘႀကီးသည္ေလ။ကိုကို႔၏ဆံျခည္မွ်င္တစ္ေခ်ာင္းကအစ ေျခသည္းေလးအဆုံး သူျမတ္နိုးသည္။ႏွေျမာသည္။

ကိုကို႔၏ေျခသည္း၊လက္သည္းကေလးမ်ားညွပ္ပစ္လွ်င္ သူသိပ္ကိုႏွေျမာသည္။ခ်စ္မိသြားသည့္အခါ ဤအမ်ိဳးသား၏ေခြၽးေပါက္ကေလးအစ ႏွေျမာမိတာမ်ိဳးပင္။သူ႕အသက္ကငယ္႐ြယ္ေသးေသာ္လဲ သူ႕အေတြ႕အႀကဳံက သူမ်ားေတြထက္ပိုမိုခဲရင္းခဲ့သည္။သူ႕ဘ၀ကိုအေမွာင္ထဲကလက္ကမ္းခဲ့သူက ကိုကိုသာ၊ ထိုအမ်ိဳးသားေလး၏လက္ကိုသာသူအဆုံးတိုင္တြဲသြားခ်င္သည္။ညီအစ္ကိုဆိုတာကိုလဲ သူလုံးဝဂ႐ုမစိုက္ေပ။သူ႕ဥပေဒက ရွင္းသည္။သူသေဘာက်လွ်င္ သူ႕အပိုင္ပင္။

----

Partyပြဲက်င္းပရာ ၿခံဝင္းသည္ မင္းေခတ္လွိုင္းတို႔၏အိမ္‌ေနာက္ဘက္မွၿခံဝန္းျဖစ္ၿပီး အလြန္က်ယ္လွသည္။မင္းသြန္းညွာႏွင့္ေနနိုင္းမာန္သည္ partyပြဲထဲသို႔ေရာက္ေရာက္ခ်င္းမွာပင္ လူအေတာ္မ်ားမ်ား၏အာ႐ုံစိုက္မႈကိုရရွိလိုက္ေလသည္။သူတို႔၏အစ္ကိုျဖစ္သူ မင္းစိုင္းသာကေတာ့ျဖင့္ ပါတီပြဲကိုအေစာႀကီးေရာက္ႏွင့္ေနၿပီျဖစ္ၿပီး လက်ာ္လွိုင္းနားကိုအတင္းလိုက္ကပ္ေနေလေတာ့သည္။

"မင္းဘယ္လိုျဖစ္ေနတာလဲ မင္း.စိုင္း.သာ"

သူ႕အနားကိုအတင္းတိုးကပ္ေနေသာမင္းစိုင္းသာေၾကာင့္လက်ာ္လွိုင္းေဒါသကိုထိန္းကာေျပာလိုက္မိသည္။ထိုအခါ မင္းစိုင္းသာသည္ေသာက္ျမင္ကတ္ဖြယ္ေကာင္းစြာၿပဳံးျပလိုက္ၿပီး

"ဘယ္လိုျဖစ္ရမွာတုန္း အသဲေလးရဲ႕၊ အသဲေလးကကိုယ့္ကိုတာဝန္ယူရမယ္ေလ။ အဲ့ညကကိစၥလဲၿပီးေရာ သဲေလးကစားၿပီးနားမလည္လုပ္ၿပီး ကိုယ့္ကိုတစ္ေယာက္တည္းထားခဲ့ေရာ"

"မင္း.."

အရင္အပတ္တုန္းက လက်ာ္လွိုင္းသည္ၿပိဳင္ဘက္ကုမၸဏီကိုတရားစြဲရန္အတြက္ မင္းစိုင္းသာကိုငွားရမ္းခဲ့သည္။ကိစၥဝိစၥမ်ားကအဆင္ေခ်ာေခ်ာၿပီးဆုံးခဲ့ၿပီး ေအာင္ပြဲခံသည့္အေနျဖင့္ လက်ာ္လွိုင္းပိုင္ဟိုတယ္တစ္ခုတြင္ မင္းစိုင္းသာကိုTreatခဲ့သည္။သို႔ေသာ္ မင္းစိုင္းသာကို သူတို႔ေဘာ့စ္က ႀကိဳက္ေနမွန္းသိေနေသာအတြင္းေရးမႉးက အလိုက္တသိျဖင့္ မင္းစိုင္းသာေသာက္မည့္ဝိုင္ခြက္ထဲေဆးခတ္ခဲ့သည္ေလ။

ဒါ‌.ေပ.မဲ့. ခံလိုက္ရတာက ငါဟ!ငါ!ငါ!

အလိုက္သိတဲ့အတြင္းေရးမႉးလဲ Fuckပဲ!

ေဆးခတ္တဲ့ဝိုင္ခြက္ကိုသယ္လာေပးတဲ့ ဝိတ္တာကိုလဲ fuckပဲ!

တစ္ညလုံးအထိသက္ေရာက္အားျပင္းတဲ့ေဆးကိုလဲ fuckပဲ!

"ေျပာေလ အသဲေလးရဲ႕၊ ကိုယ့္ကိုတာဝန္ယူရမွာေနာ္"

မင္းစိုင္းသာ၏ရယ္ခ်င္ပက္က်ိအသံေၾကာင့္ လက်ာ္လွိုင္း၏အသိစိတ္တို႔ျပန္လည္ေရာက္ရွိလာသည္။

"မင္းဘိုးေအကိုတာဝန္ယူလိုက္"

"ကိုယ့္ဘိုးေအႀကီးေတာ့တာဝန္မယူခ်င္ပါဘူးေနာ္ အသဲေလးကိုပဲတာဝန္ယူခ်င္တာ"

"မင္းဒီေလာက္ေသာက္ရွက္မရွိမွန္း ငါတကယ္မသိခဲ့ဘူး"

"အခုသိၿပီမလား သိရင္တာဝန္ယူလိုက္ေတာ့"

တိုးတိုး တိုးတိုးႏွင့္ရန္ျဖစ္ေနၾကေသာ သူတို႔ႏွစ္ဦးသည္ အမ်ားအျမင္တြင္ေတာ့ တရင္းတႏွီးစေနာက္ေနၾကေသာသူငယ္ခ်င္းမ်ားသဖြယ္ပင္။

"Bossလက်ာ္လွိုင္းနဲ႕ေရွ႕ေနမင္းစိုင္းသာတို႔ကေတာ္ေတာ္ရင္းႏွီးၾကပုံပဲေနာ္"

"ဟုတ္ပါ့‌ဗ်ာ သူတို႔ကတစ္ေက်ာင္းတည္းထြက္ေတြတဲ့ေလ"

"ေအးေပါ့ ေအးေပါ့ ငယ္သူငယ္ခ်င္းေတြဆိုေတာ့လဲ ဒီလိုရင္းရင္းႏွီးႏွီးရွိတာပုံမွန္ပါပဲ"

လူႀကီးႏွစ္ေယာက္၏စကားဝိုင္းကိုရွင္းရွင္းလင္းလင္းၾကားလိုက္ရေသာမင္းသြန္းညွာကေတာ့ မ်က္ႏွာရႈံ႕လိုက္မိသည္။

'ဟိုက ဖက္နမ္းေတာ့မတတ္ျဖစ္ေနတာကိုပုံမွန္ပဲလုပ္ေနၾကတယ္၊ သူငယ္ခ်င္းမဟုတ္ပဲ သူငယ္ဂ်င္းေတြပါဗ်'

ထိုစဥ္မွာပင္ သူရွိရာဆီလွမ္းလာေနေသာေႏြလွိုင္းကိုေတြ႕လိုက္ရေသာေၾကာင့္ သူ႕ေက်ာမတ္သြားေတာ့သည္။ေႏြလွိုင္းသည္အရင္ကလိုခ်ာတိတ္မေလးမဟုတ္ေတာ့ပဲ ဉာဏ္မ်ားသည့္မိန္းမပ်ိဳတစ္ေယာက္ျဖစ္လာပုံပင္။သူမ၏အၾကည့္တို႔ကထက္ရွေနၿပီး မ်က္ႏွာထက္တြင္အႏၲရာယ္မ်ားေသာအၿပဳံးတစ္ပြင့္ကိုပန္ဆင္ထားေလသည္။ေႏြလွိုင္းသည္ မင္းသြန္းညွာကိုျမင္ေသာ္

"မေတြ႕ရတာၾကာၿပီေနာ္ သြန္းညွာ"

"ဟုတ္ပါ့၊ မေတြ႕ရတာၾကာေတာ့ ေတြ႕ေတာင္မေတြ႕ခ်င္ေတာ့ဘူး"

ေႏြလွိုင္း၏မ်က္ခုံးတို႔တင္းခနဲျဖစ္သြားေသာ္လဲ ခ်က္ခ်င္းပင္ျပန္လည္ေျပေလ်ာ့သြားသည္။

"သြန္းညွာက အရမ္းဟာသေျပာတတ္တာပဲ၊ ေကာင္းေကာင္းမြန္မြန္ရွိေနတာကိုျမင္ရေတာ့လဲ ဝမ္းသာပါတယ္"

"ဒါေပါ့ ငါကအခ်စ္ခံရေတာ့ ေကာင္းေကာင္းမြန္မြန္မရွိပဲဘယ္ေနပါ့မလဲ"

သူတို႔ႏွစ္ဦးစကားစစ္ထိုးေနသည္ကို ေနနိုင္းမာန္ကေတာ့ဘာမွ်မေျပာပဲ အေနာက္မွရပ္ၾကည့္ေနေလသည္။

ကိုကိုအဆိုးအဆာေလးသဖြယ္ျပဳမူေနလွ်င္လဲ သူ႕မွာခ်စ္ရသည္ေပ။ကိုကို႔ပုံစံကလက္သည္းမ်ားထုတ္ထားေသာေၾကာင္ေပါက္‌ကေလးကိုပင္။အနားကပ္သူမွန္သမွ် ေသာက္ခြက္ကိုေျခာက္ခ်က္ကုတ္ပစ္မည္ဟူေသာ႐ုပ္ကေလးႏွင့္ပင္။

မင္းသြန္းညွာသည္ သူ႕ကိုစူးရဲစြာစိုက္ၾကည့္ေနေသာေႏြလွိုင္းေၾကာင့္ အနည္းငယ္မသက္မသာျဖစ္မိေသာ္လဲအၿပဳံးမပ်က္ပင္။

'ဒီဟာမေလး ငါ့ကိုမ်က္လုံးနဲ႕ဆဲေနတာမ်ားလား'

သို႔ေသာ္လဲ မင္းသြန္းညွာ၏စိတ္အေျခအေနကမူ အလြန္ေကာင္းေနခဲ့ပါသည္။အဘယ့္ေၾကာင့္ဆိုေသာ္ LSP point 300 ျပည့္သြားပါၿပီဟူေသာ သတိေပးခ်က္ေၾကာင့္ပင္။

'system မင္းသြန္းညွာရဲ႕ဘဝဇာတ္ေၾကာင္းအျပည့္အစုံကိုဝယ္လိုက္'

-----

Continue Reading

You'll Also Like

172K 5.1K 144
Part 1 of "The Hunter's Gonna Lay Low" Introduction: Hunter Cha Eui-jae, who was dispatched to seal a rift that appeared over the West Sea, was flung...
186K 14.1K 47
[Under editing]* "Charche nashe ke chal rahe the main zikr teri aankhon ka kr aaya, jab baat sukoon ki chidi main baat...
10.2M 640K 168
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
986K 30.5K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...