Kos

By MileApoPhilias

16.1K 1.6K 1.3K

Love & Feelings between two guys More

Prologue
Chapter 1
Chapter 2
Chapter 3
Hello
Chapter 4
Chapter -6
Hello ๐Ÿค—
Chapter -7
Chapter -8
Chapter -9
Chapter -10
Chapter -11
Chapter -12
Chapter -13
Chapter -14
Chapter -15
Chapter -16
Chapter -17
Chapter -18
Chapter -19
Chapter -20
Chapter -21
Chapter -22
Chapter -23
Spoiler
Chapter -24
Chapter -25
Chapter -26
Chapter -27
Chapter -28
Chapter -29
Hello
Chapter -30
Chapter -31
Chapter -32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter -37

Chapter -5

312 47 24
By MileApoPhilias

Unicode

Chapter -5

အသိစိတ်က လူကို ချဉ်းကပ်လာပေမဲ့ မျက်ခွံတို့ကတော့ ရီဝေဝေခေါင်းနဲ့အတူ လေးလံနေဆဲအနေအထားနဲ့ ကျွန်တော်နိုးလာပါပြီ။

မျက်လုံးတို့ ဖွင့်မကြည့်ရသေးပေမဲ့ ခံစားမိတာက ကျွန်တော့် ပါးတစ်ဖက်နဲ့ ကပ်နေတဲ့နေရာရဲ့ အထိအတွေ့ပါ။ နူးညံ့ခြင်းနဲ့အတူ ခုန်လှုပ်နေတဲ့ တစုံတရာကို ခံစားမိတော့မှ အလန့်တကြား ဆတ်ခနဲ မျက်လုံးဖွင့်လိုက်မိပြီး လူကတော့ တုပ်တုပ်မှ မလှုပ်ရဲပါဘူး။

*ဟင် ဘာလဲ ငါ အကို့ရင်ဘတ်နဲ့ မျက်နှာကပ်အိပ်မိနေတာလား*

စိတ်ထဲကပဲ အပြူးအပြဲစဉ်းစားမိရင်း ခုန်လှုပ်နေတဲ့ နှလုံးခုန်သံလေးက လူကိုဆွဲဆောင်တော့ လန့်တာအားနာတာတွေပျောက်ပြီး မတိုးမကျယ်ကြားနေရတဲ့ နှလုံးခုန်သံလေးကို အသာငြိမ်လို့ နားထောင်မိသည်။ဆေးပညာ အခေါ်အဝေါ်အရဆို နှလုံးခုန်သံရဲ့ အသံဟာ lup dupလို့ထွက်တာတဲ့ ကိုကိုကပြောပြခဲ့ဖူးတယ်လေ။ ဒုတ် ဒုတ် မဟုတ်ဘူးလားလို့ မေးတော့ ကိုကိုက နဖူးကို သူ့လက်သီးနဲ့ထုလို့ သူ့နားကျပ်လက်ထဲထည့်ပေးပြီး သူ့နှလုံးခုန်သံကို နားထောင်ကြည့်လို့ ခိုင်းခဲ့ဖူးပါတယ်။ တကယ်ပဲ သူပြောသလို ပီပီသသကြီး lup dupဆိုတဲ့ အသံကြားရပြီး ဒီအသံဟာ ကျန်းမာနေတဲ့ နှလုံးကထွက်တဲ့အသံဖြစ်ကြောင်း ရှင်းပြခဲ့သလို ပုံမှန်မဟုတ်တဲ့ နှလုံးကထွက်တဲ့အသံကတော့ murmurs ဆိုတဲ့ အသံဖြစ်လိမ့်မယ်တဲ့။

အခု ကျွန်တော်ကြားနေရတဲ့ အကို့ရင်ထဲက နှလုံးခုန်သံဟာ ကျန်းမာစွာခုန်လှုပ်နေကြောင်း သိနေခံစားနေရပေမဲ့ lup dupဆိုတာထက်ပိုတဲ့ ဂီတသံလေးလိုပဲ ခံစားမိနေတာ ဘာလို့လဲ။ ကိုကို့ရဲ့နှလုံးခုန်သံကို ပထမဆုံးနားထောင်ခဲ့ရတုန်းကတောင် ဘာမှမခံစားခဲ့ရပေမဲ့ အခုတော့ အကို့ရဲ့ နှလုံးခုန်သံ တချက်ချင်းစီက ကျွန်တော့်အတွက် နားထောင်လို့ကောင်းတဲ့ သံစဉ်လေးလိုဖြစ်နေတာပါ။အကို့ကြောင့် ကျွန်တော့်နှလုံးသားကတော့ မူမမှန်စွာ ညီးတွားနေရပြီ အကိုရေ။

ကျွန်တော်ကသာ သူ့ရင်ဘတ်နဲ့ ကျွန်တော့်ပါး အပ်လို့ အိပ်နေခဲ့မိပေမဲ့ သူကတော့ ငြိမ်ဆိမ်စွာနဲ့ သူ့လက်နှစ်ဖက်ကို သူ့ဘာသာခပ်တင်းတင်းပိုက်လို့ အိပ်နေတာက ကျွန်တော့်ကို ပွေ့ဖက်မိမှာကြောက်နေသည့်အလား။ ကျွန်တော့်ကြောင့် သူ့အိပ်စက်ခြင်းတွေ မလွတ်လပ်တော့ ရင်ထဲဆစ်ခနဲ နာရပြီး နောက်သို့ ကိုယ်ကို ရို့လိုက်မိသည်။ ကျွန်တော်လှုပ်ရှားမိတာနဲ့ သူလည်း စက္ကန့်ပိုင်းအကြာမှာ နိုးလာပြီး မျက်လုံးပွင့်တာနဲ့ လူကို ပြုံးပြလာတော့သည်။

"နိုးပြီလား Po"

"ဟုတ် အကို ခုနကမှပါ ညက Poအကို့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိတာများရှိသေးလားဟင် ဟိုလေ နည်းနည်းမူးနေတာပဲမှတ်မိပြီး နောက်ပိုင်း မမှတ်မိတော့လို့"

မချိသွားဖြဲ အားနာပါးနာနဲ့ မေးတော့ အကိုက သူ့မူပိုင် အပြုံးကြီးနဲ့ပြန်ဖြေလာသည်။

"ညက ပုံတွေ တကယ်လှပါတယ်... အကို ရေချိုးခန်းထဲအရင်ဝင်နှင့်မယ် Poအတွက် ဘေးနားကစားပွဲပေါ်မှာ ပျားရည်ခွက်လေး ပြင်ပေးထားတယ် ခေါင်းတော့ နည်းနည်းကိုက်နေမှာမို့ သောက်လိုက်ဦး"

မထင်ထားတဲ့ ဂရုစိုက်မှုလေးရတော့ ကျွန်တော်ပျော်လိုက်တာ။ ပျားရည်ခွက်မြင်ရုံနဲ့ မသောက်ခင်က ချိူနှင့်နေပြီ။ ဒီခံစားချက်ကိုပဲ အချစ်လို့ ခေါ်သလား။ ဆက်တွေးမိရင် ကြည်နူးစရာတွေပျောက်ကုန်မှာစိုးလို့  အိပ်ရာကနေထထိုင်ပြီး ပျားရည်ခွက်ကောက်ကိုင် အဖုံးလေးဖွင့်လို့သောက်လိုက်တော့ ချိုမြလို့။ သောက်ပြီးတော့ ညက ပုံတွေက တကယ်လှပါတယ်ဆိုတဲ့ သူ့စကားပြန်ကြားယောင်ပြီး ကင်မရာလိုက်ရှာလို့ ရိုက်ထားတယ်ဆိုတဲ့ပုံတွေ ပြန်ကြည့်တော့မှ လူက လေထဲမြောက်တက်သွားသလိုပဲ ခံစားလိုက်ရပါတော့သည်။

"Apo Nattawin ရေ မင်းရဲ့ ပေါတောတောပုံတွေ အကုန်ပေါ်ကုန်ပြီ သွားပါပြီ အား!!!!"

မူးမူးနဲ့ ပေးထားသမျှ poseပေါင်းစုံဟာ ဟိုအရင်က ပါးနဲ့မားကို ချွဲနေကျ ဆော့နေကျ ပုံစံတွေမို့ ကိုယ့်မှာ အေးစက်နေတဲ့ ရာသီဥတုမှာတောင် တကိုယ်လုံးပူလောင်နေသလို မျက်နှာကလည်း ဘယ်နားထားလို့ထားရမယ်မသိနဲ့။

"သဘောကျမိတဲ့လူရှေ့မှာမှ မင်းရဲ့ ခုလိုပုံစံကို ပြရသလားလို့"

"Po ရေ ...ရေချိုးခန်းဝင်ချင်ဝင်လို့ရပြီနော် ရေချိုးရင်အမြန်ချိုး အကို ရေနွေးပါ တလက်စတည်း စပ်ပေးထားခဲ့တယ်..ရေချိုးပြီးရင် မနက်စာအဆာပြေစားပြီး ဘူတာရုံကို တန်းပြေးရမှာမို့"

ကိုယ့်မှာ ပုံတွေဖျက်ပစ်မယ်စိတ်ကူးလိုက် ဒါ အကိုရိုက်ပေးထားတာလို့တွေးပြီး ကြည်နူးလိုက်ဖြစ်နေတုန်း သူ့အသံကြားတော့မှ မျက်နှာတွေ ပြန်ပူလာတော့သည်။ ရေနွေးပါစပ်ပေးထားသေးတယ်လို့ပြောတော့လည်း ရင်တွေပါခုန်လာသလိုပဲ။ ဒီလူကြီးနဲ့မှ ကျွန်တော်လည်း ခံစားချက်ပေါင်းစုံနဲ့ စကားလုံးတွေပါ ပျောက်ရှနေရတာပဲ။ သူကတော့ bathrobe ကြီးနဲ့ ခေါင်းကဆံပင်ရေစက်လက်နဲ့ တစွန်းတစပေါ်နေတဲ့ ရင်အုပ်ဖြူဖြူနဲ့ ကျွန်တော်တော့ အမြန်ရေချိုးခန်းဝင်မှပါပဲ။ ကြာရင် ကျွန်တော့်ခံစားချက်တွေ လူမိကုန်လိမ့်မယ်။

"ရေနွေးပါ စပ်ပေးထားတာလား ကျေးဇူးနော် အကို ကျွန်တော် မြန်မြန်ချိုးပြီး ထွက်လာခဲ့မယ်"

ရေချိုးခန်းထဲဝင်ပြေးပြီး တံခါးပိတ်လို့ ရင်ဘတ်ကို ဖိထားမိတော့ နှလုံးခုန်သံက ကိုယ့်ဟာကိုယ်တောင် ပြန်ကြားရသည်ထိ ကျယ်လောင်လို့။ မဖြစ်ဘူး ဘာကြောင့်နဲ့မှ ကျွန်တော့်နှလုံးသားထိခိုက်လို့မရဘူး။ဒီနှလုံးက သိပ်တန်ဖိုးကြီးတာကို ကျွန်တော်သာ အသိဆုံးပါ။

"သူ့မှာ ချစ်သူရှိတယ်လေ Apo ရေ မင်း ဘာလို့ သူများချစ်သူကို ပြစ်မှားနေရတာလဲ တော်တော့"

ကိုယ့်ခေါင်းကို တချက်ပိတ်ထုရင်း စိတ်ကို ငြိမ်အောင်ထားပြီးမှ သူစပ်ပေးထားတဲ့ရေနွေးနွေးထဲဝင်စိမ်ချိုးပြီး ကမန်းကတန်းအပြင်ထွက်လာတော့ သူကဝရန်တာမှာ ကျွန်တော့်ကင်မရာနဲ့ ရှုခင်းပုံတွေ ရိုက်နေပါလား။ နှင်းငွေ့ဝေနေတဲ့ အစိမ်းရောင်တောင်တန်းတွေဟာ အခု အခန်းထဲကနေမြင်ရတာတောင် သိပ်လှနေတာကိုး။ အဝတ်အစားအမြန်လဲ အိတ်ကိုသေချာပြင်ဆင်ပြီး သဘာဝရဲ့ အလှတရားကို အပြုံးလှလှလေးနဲ့ ငေးမောနေသူနား တိုးကပ်သွားတော့ ကျွန်တော့်မနက်ခင်းဟာ အရာရာပြည့်စုံသွားသလိုပဲ။

"Po ပြီးပြီလား အကို Poကင်မရာကို ယူပြီး ဓာတ်ပုံရိုက်ထားမိတယ် ဒီ moment လေးကို အလွတ်မခံချင်တာနဲ့လေ ခွင့်မတောင်းမိတာ စိတ်မရှိနဲ့နော်"

"အကိုကလည်း ပြောနေစရာလားဗျ ခရီးသွားဖော်တွေပဲဖြစ်နေပြီ မလိုပါဘူးဗျ ရထားက နေရာလုရမယ်ဆို သွားကြမယ်လေ မနက်စာကလည်း စားရဦးမယ်ဆို"

"အင်း သွားကြစို့ တခါတည်း check outလုပ်ရမယ်"

"Hotel ခတော့ Poပဲပေးပါရစေ ညက အကို့ကို ဒုက္ခပေးမိတာရော ညစာလည်း အကိုပဲ ရှင်းလိုက်ရမှာဆိုတော့ Po ပေးပါရစေနော်"

"အကိုက ဘာပြဿနာမှမရှိပါဘူး ဒါပေမဲ့ Poပေးရမှ စိတ်သက်တောင့်သက်သာဖြစ်မယ်ဆို Po သဘောလေ"

လူကို အနေရမခက်အောင်လည်း အလိုက်အထိုက်ဆက်ဆံပေးတတ်သေးတယ်။ အကိုက သိပ်နွေးထွေးတာပဲဗျာ။ အကို့ချစ်သူကတော့ တကယ်ကံကောင်းတဲ့လူပဲနေမှာ။ ဟိုတယ်ကနေထွက် ဘေးက ဆိုင်မှာမနက်စာစားပြီး သိပ်မဝေးတဲ့ ဘူတာရုံဆီသို့ ကားနဲ့သွားမနေတော့ဘဲ မနက်ခင်း ကျန်းမာရေးဆိုပြီး ကိုယ်လက်လှုပ်ရှားတဲ့အနေနဲ့ လမ်းပဲလျှောက်သွားလိုက်ကြတော့သည်။

သူက သူ့ကျောပိုးအိတ်လွယ် ဂစ်တာအိတ်တစ်ဖက်နဲ့ပေမဲ့ လမ်းလျှောက်တာက သွက်လက်လို့။ ကျွန်တော်လည်း ကျောပိုးအိတ်တစ်လုံးတည်းမို့ ပေါ့ပေါ့ပါးပါးနဲ့သူနဲ့အပြိုင် ခြေလှမ်းခပ်သွက်သွက်လှမ်းလာရင်း ရုတ်တရက် ကျွန်တော်မနေ့ကလို ခြေချော်တော့ သူကဘေးကနေလှမ်းပြီး ထိန်းပေးထားသည်။

"သတိထား Po ...Po ဖိနပ်က ကြည့်ရတာတော့ grip bootအမျိုးအစားကောင်းပါပဲ ဘာလို့ ခဏခဏ ခြေထောက်ကချော်နေရတာလဲ"

"Po ဖိနပ်က ကောင်းတယ် ပါးက သေချာဝယ်ပေး...ထားတာ အရင်ကလေ  အဟီးးး Po က နဂိုတည်းက ရှပ်ပြာပြာနဲ့မို့ နေမှာ"

တော်ပါသေးရဲ့ ပါး သေချာဝယ်ပေးလိုက်တာလို့ ပြောမိတော့မလို့။အလိမ်သာပေါ်သွားရင်တော့ သူ့နောက်မလိုက်ရဘဲနေလိမ့်မယ် Apo မင်း သတိထားစမ်း။

"ဒီမှာက နှင်းကကျနေတုန်း Poရဲ့ နွေဦးရောက်နေပေမဲ့ ဝင်ရိုးစွန်းနဲ့နီးတဲ့ ဒေသမို့ အအေးဓာတ်ကလည်း အမြဲရှိနေမှာ ဂရုစိုက်နော်"

ထိန်းကိုင်ပေးထားတဲ့ လက်ကို လွှတ်လိုက်ပေမဲ့ သူ့လက်ကလေးတစ်ဖက်ကို ကျွန်တော့် မျက်ဝန်းထောင့်စွန်းကနေ ဖမ်းမိနေတာက ကျွန်တော့် ခါးနောက်မှာ ရစ်ဝဲနေတယ်ဆိုတာပါပဲ။ လမ်းက မနက်စောစော နှင်းတွေနဲ့စိုနေတာမို့ ထပ်ချော်လဲရင်ထိန်းဖို့ လက်တစ်ဖက်ကို ကျွန်တော့်ခါးနောက်မှာ အသင့်ပြင်ထားပုံရပါတယ်။ အကို့ရဲ့ ဂရုစိုက်ပေးတတ်မှုက လူတိုင်းအပေါ်မှာရှိပုံရပါတယ်လေ။

ဒီလိုနဲ့ ဘူတာရောက်တော့ မနက်အစော 8:30ဆိုပေမဲ့ အကိုပြောသလိုပဲ သူလိုကိုယ်လို ခရီးသည်တွေက ရထားဘေးမှာ သူ့အစုနဲ့သူ ရပ်လို့ ပြတင်းဘေးနေရာကို ဦးဖို့ အသင့်ဖြစ်နေကြပါပြီ။ အကိုကတော့ ဘူတာရောက်တာနဲ့ လက်မှတ်ရုံဝင်လို့ လက်မှတ်နှစ်စောင်ပြေးဝယ်ဝာာ မြန်မှမြန်။

"ရထားက တချို့တွဲတွေက တက်တောင်တက်နေကြပြီ အကို Poတို့ကရော"

"ခဏ...ဪ အဲ့ဒါကလေ ကြိုတင်ပြီး booking ယူထားတဲ့ တွဲတွေ Poရဲ့ ဟိုမှာကြည့် အလံလေးတွေတွေ့လား အဲ့ဒါက တချို့ Tour Company တွေရဲ့ အစီအစဉ်နဲ့လာကြတဲ့ ခရီးသွား အုပ်စုတွေအတွက်ပေါ့...သူတို့က လူဦးရေအလိုက် တွဲတွေကြိုယူပြီး လက်မှတ်ဖြတ်ထားလိုက်ကြတာလေ"

"အကိုက အကုန်သိနေတာပဲနော် တော်လိုက်တာ"

"အကိုကဒီကို တခါလာဖူးတယ်လေ Poရဲ့ အဲ့ဒါကြောင့်ပါ ပြီးတော့ ခရီးမထွက်ခင် ကိုယ်သွားမဲ့နေရာဒေသအခြေအနေတချို့ကို ကြိုလေ့လာတတ်တဲ့ အကျင့်ရှိလို့ပါ...အကိုတို့ စီးရမှာက ဒီတွဲပဲ Po...ခရီးသည်က ကြည့်ရတာဒီတွဲမှာ သိပ်မများပေမဲ့ ပြတင်းပေါက်နေရာကတော့ ဦးသူယူကြေးပါပဲ Flåm ရထားလမ်းပိုင်းက အဲ့လိုပြတင်းဘေးမှာထိုင် တံခါးဖွင့်ပြီး ဓာတ်ပုံရိုက်ရတာက ရထားစီးသူတွေရဲ့ အဓိကရည်ရွယ်ချက်ပဲ"

ရွှီ!!!!!!!

ပြောနေရင်း ဝီစီမှုတ်သံကြားတာနဲ့ ပေါ့ပါးသွက်လက်တဲ့အကိုက သူ့လက်နွေးနွေးကြီးနဲ့ ကျွန်တော့်လက်ကို ဆုပ်ကိုင်လို့ ရထားပေါ်တက်ဖို့ ပြေးတော့ ကျွန်တော်လည်း ရင်ခုန်စွာနဲ့ သူဆွဲခေါ်ရာနောက်ပြေးလိုက်ရတာပေါ့။ ပြေးရတဲ့အချိန်လေးက ခဏလေးပေမဲ့ ဒါက အကိုက ဒုတိယအကြိမ်အဖြစ် ကျွန်တော့်လက်ကို ဆွဲလို့ ရထားပေါ်တက်ခြင်းပဲလေ။ ကျွန်တော်သိတာက သူ့လက်ဖဝါးထဲ အံဝင်ခွင်ကျနေတဲ့ ကိုယ့်လက်ကို သဘောကျနေတယ် ဆိုတာပါပဲ။

ရထားပေါ်ရောက်တော့ အနီရောင်ထိုင်ခုံတို့နဲ့ အပြင်အဆင်က နွေးထွေးပြီး ရိုမန့်ဆန်တဲ့အငွေ့အသက်လိုမျိုး ခံစားရသည်။ အကို့ကောင်းမှုနဲ့ ပြတင်းပေါက်ဘေးတနေရာရတော့မှပဲ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်မိကြတော့သည်။

"Po တို့ နေရာရပြီ အကို"

"အကိုပါရင် Po ဘာမှ ပူစရာမလိုဘူး"

သူလည်း အပြေးအလွှားနဲ့ နေရာလုရတာကို ပျော်နေပုံရပါတယ်။ မျက်လုံးတစ်ဖက်မှိတ်ပြလို့ ပြောလာပုံက ပျော်ရွှင်ခြင်းအပြည့်နဲ့ ပေါ့ပါးနေတဲ့ ဆယ်ကျော်သက်ကောင်လေးပုံမို့ ကျွန်တော်ကင်မရာနဲ့ မှတ်တမ်းတင်ဖို့ မမီလိုက်ပေမဲ့ အဲ့ဒီအခိုက်အတန့်လေးကိုတော့ နှလုံးသားနဲ့ပဲ မှတ်တမ်းတင်လိုက်ပါသည်။

⭑・゚゚・*:༅。.。༅:*゚:*:✼✿  ✿✼:*゚:༅。.。༅:*・゚゚・⭑

ကူညီခြင်းနဲ့ ဂရုစိုက်ခြင်းဟာ ကျွန်တော်လူတိုင်းအပေါ်ထားနေကျ ပြူမူနေကျအရာဆိုပေမဲ့ ဒီကောင်လေးအတွက်ကျမှ ကျွန်တော်ဘာလို့ ကိုယ့်ကိုယ်ကိုယ် သာမန်ထက်ပိုတယ်လို့ ခံစားမိနေရသလဲ မတွေးတတ်တော့ပါဘူး။ကိုယ့်ထက်ငယ်တဲ့ ညီငယ်အရွယ်မို့ဆိုတာထက်ကို အခုမှရင်းနှီးတာတရက်ကျော်ပဲရှိသေးတဲ့ သူစိမ်းကို ကျွန်တော်က အရမ်းဂရုစိုက်နေမိတာလား။

Babyနဲ့ ဝေးနေရပြီးနောက်ပိုင်းမှာ ခုလိုကိုယ့်ဘေးနားမှာရှိနေခွင့် ပတ်သက်ခွင့်ပြုခဲ့မိတာ ဒီကောင်လေးက ပထမဆုံးပါပဲ။စာအဆက်အသွယ်ပဲရှိပြီး ဖုန်းပြောခွင့် ရုပ်ကလေးမြင်ခွင့်တောင်မရခဲ့ပေမဲ့ ကျွန်တော်က Babyကို ယုံကြည်နေဆဲ သစ္စာရှိနေဆဲပဲ။ဘာကြောင့်လဲဆိုတော့ မယိမ်းယိုင်မဲ့ ကိုယ့်အချစ်ကို ယုံကြည်လို့ပေါ့။ လူချင်းခွဲခံထားရပြီးတာတောင် တင်းကြပ်တဲ့အစောင့်အရှောက်တွေအောက်ကနေ စာမရရအောင်ပို့ပေးနေတဲ့ Babyအတွက်သာ ကျွန်တော်ကစိတ်မကောင်းဖြစ်နေရတာပါ။ ရံဖန်ရံခါတော့ သူ့ဓာတ်ပုံလေးတွေ သူကထည့်ပေးပေမဲ့ မပါလာတဲ့အခါမျိုးဆို ကျွန်တော့်မှာ အလွမ်းတွေကို ဂစ်တာတီးပြီး အရည်ဖျော်ချပစ်ရတာပါပဲ။

"ရထားစထွက်ပြီ Poပြတင်းပေါက်ဖွင့်လိုက်တော့မယ်နော် အကို"

အတွေးလွန်နေမိတဲ့ကျွန်တော်က ဘေးနားကသူ့အသံကြားမှပဲ စိတ်နဲ့လူပြန်ကပ်တော့တာပါ။သူကတော့ ပြတင်းပေါက်ဖွင့်လို့ ကင်မရာတပြင်ပြင်နဲ့ တက်ကြွနေ‌ပါပြီ။ တောင်တန်းကြီးတွေကြားထဲရထားကြီးက တိုးဝင်သွားတော့ စိမ်းစိုနေတဲ့လောကကြီးက ကျွန်တော့်စိတ်ကို နည်းနည်းတော့ အလွမ်းဒဏ်ကနေသက်သာရာရစေသားပဲ။

"Wow အကို ဟိုးအောက်မှာကြည့်စမ်း မြစ်ကဖြတ်စီးနေတာ ကမ်းနားမှာက အိမ်နီလေးတစ်လုံး"

ပြောရင်း‌ဆိုရင်း သူ့ကိုယ်တစ်ပိုင်းလုံးပါ အပြင်ထွက်ပြီး ဓာတ်ပုံအမိအရရိုက်နေလို့ ကျွန်တော်လည်း သူ့ခါးကနေ အသည်းအသန်ဆွဲထားရတဲ့ဘဝ။

"Po အဲ့လို အပြင်အရမ်းမထွက်ရဘူးလေ ရထားလမ်းပိုင်းက တချို့နေရာတွေက ကျဉ်းကျဉ်းလေးတွေ Poရဲ့ ဥမင်လှိုဏ်ခေါင်းတွေလည်း ဖြတ်ရတာဆိုတော့ ခုလိုအပြင်ထွက်နေရင် အန္တရာယ်ရှိတယ် Poရဲ့"

အဲ့လိုပြောပြီး အထဲအတင်းပြန်ဆွဲ‌တာတောင် မဝင်ချင်ဝင်ချင်နဲ့ ပြန်ဝင်လာတဲ့ ကလေးပေါက်စလေးပါဗျာ။ Photographer ပီသချက်ကတော့ သူလိုချင်တဲ့ပုံရိုက်ရဖို့ ဘယ်လိုအနေအထားကနေမဆို ရိုက်ယူရဲတဲ့ကောင်လေးရယ်ပါ။

"ဒီမှာကြည့် Poရိုက်ထားတာ လှတယ် အကိုရ တကယ်သဘာဝကြီးက လောကကြီးမှာ အလှဆုံးပဲ မားသာမြင်ရင် အရမ်းသဘောကျမှာ"

သူရိုက်ထားတဲ့ပုံလေးပြရင်း ကျွန်တော့်ကို အဖြူစင်ဆုံးပြုံးပြနေတဲ့ကောင်လေးရဲ့ မျက်ဝန်းညိုတွေထဲ မရည်ရွယ်ဘဲ နစ်ဝင်သွားမိတော့ခံစားချက်က ယစ်မူးချင်စရာ။ တကယ်တကယ်ကို လှတဲ့ မျက်ဝန်းညိုလေးတွေပဲဆိုတာကို စိတ်ထဲကပဲ တိတ်တဆိတ် အသိအမှတ်ပြုလိုက်ရင်း ကိုယ့်စိတ်ကိုလည်းနားမလည်နိုင်တော့ပါဘူး။

*ငါက ဘာလို့ Babyမဟုတ်တဲ့ တခြားကောင်လေးတစ်ယောက်ကို ဘာလို့ ခုလိုငေးကြည့်ရတာလဲ ဘာလို့ သူ့မျက်ဝန်းတွေကို ယစ်မူးချင်စရာကောင်းတယ်လို့ တွေးမိရတာလဲ*

နှစ်နဲ့ချီအနေဝေးနေလည်း နှလုံးသားထဲက ချစ်ခြင်းကတော့ Babyအတွက် နွေးထွေးစွာတည်ရှိနေဆဲပဲလေ။ အခုကလည်း တကယ်လှလို့ ခုလိုဖြစ်သွားတာပဲနေမှာပါ။ ထူးဆန်းတဲ့အတွေးတွေသွားရာနောက်မလိုက်ဘဲ ကိုယ့်စိတ်ကို ပြန်တည့်မတ်ရင်း သူနဲ့အတူ သဘာဝရဲ့အလှတရားထဲပဲ စီးမျောလိုက်ပါတော့မယ်။ဒါကပဲ ဖြစ်သင့်တဲ့အရာမဟုတ်လား။

တောင်ကြားလမ်း တောင်ပေါ်လမ်းတွေဖြတ်သန်းသွားရတိုင်း အသည်းတယားယားနဲ့ အောက်ကိုငုံ့ကြည့်ရင်း အသံပေါင်းစုံထွက်နေတဲ့ကောင်လေးက စိတ်လွတ်ကိုယ်လွတ်နဲ့မို့ ရထားပေါ်ပါလာတဲ့ တခြားခရီးသွားတချို့ကပါ သူ့ကို အထူးအဆန်းသဖွယ်ကြည့်လာကြသည်။ မနှစ်လိုတဲ့အရိပ်အယောင်မဟုတ်ဘဲ သဘောကျလို့ဆိုတဲ့ အကြည့်မျိုးတွေကြောင့် ကျွန်တော့်မှာစိတ်ချရမလို မချရမလို။အခုထိ သတိထားမိသမျှက သူနဲ့လမ်းတူတူလျှောက်သွားရတိုင်း တချို့တလေက ဒီကောင်လေးကို သေသေချာချာငေးစိုက်ကြည့်တတ်ကြတာမျိုး။ ယောကျာ်းတစ်ယောက်မှာရှိသင့်ရှိထိုက်တဲ့ ခန္ဓာအချိုးအဆစ် အသားအရေအရပ်အမောင်းအကုန်ရှိသလို အကြည့်မလွှဲချင်စရာမျက်နှာနဲ့ အဲ့ဒီခါးသေးသေးလေးကပဲ သူ့ကို လူတကာက ငေးနေစေတာမျိုး။ အဲ့‌ဒါကြောင့် ဘူတာရုံမှာတုန်းကလို သူ့ကိုနှောင့်ယှက်သူတွေနဲ့ ထပ်ကြုံတာမျိုးဖြစ်မှာကို စိုးရိမ်နေမိတာပါ။

ပထမ တဖြတ်အနေနဲ့ Rjiandefossen waterfall နားကနေဖြတ်သန်းသွားရတော့ ရထားတွဲတိုင်းလိုလိုကနေ ထွက်ပြူလာကြတဲ့ ကင်မရာကိုင်ထားတဲ့ လက်တွေကြား Poလက်က ထိပ်ဆုံးကပါပဲ။ အာမေဋိတ်သံပေါင်းစုံနဲ့ ဘာသာစကားမျိုးစုံကြား ကျွန်တော့်ဘေးက ကောင်လေးအသံကသာ ကျွန်တော့်အတွက် အကျယ်လောင်ဆုံးပါပဲ။ ကိုယ့်ကို အားကိုးပြီး လိုက်လာရတဲ့ ကလေးတစ်ယောက်က ခုလိုပျော်နေတာမြင်ရတော့လည်း ပီတိဖြစ်ရပါတယ်။

"တောင်တန်းကြီးတွေနဲ့ ရေတံခွန်နဲ့ လှလိုက်တာနော် ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပဲ"

"Po က တောင်တွေကို သဘောကျတာလား"

"အင်း...သဘောကျတယ် Poအတွက်အလှမ်းဝေးလွန်းလို့လေ"

တောင်တန်းတေွနဲ့ ပတ်သက်လို့ ခံစားချက်တစ်ခုခုရှိနေကြောင်း သူ့အသံကနေ ကျွန်တော်ကြားနေရပါတယ်။ဘာလို့လဲလို့ ဆက်မေးဖို့ အတွေးရလိုက်ပေမဲ့ သူမပြောချင်တာဖြစ်နေမှာစိုးလို့ ဆက်မမေးဖြစ်တော့ပါဘူး။ပထမ‌ေရတံခွန်တစ်ခုက နေ ဖြတ်လာပြီး သိပ်မကြာလိုက်ချိန်မှာပဲ ရထားက အရှိန်နှေးရင်း ဥဩဆွဲလိုက်သံကို ကြားရပါသည်။ ကျွန်တော်ထင်တာမမှားရင် နာမည်ကြီး ရေတံခွန်နဲ့ နီးပြီထင်တယ်။

"ရထားက နှေးလာသလိုပဲနော် ဥဩလည်းဆွဲတယ် ဘာဖြစ်လို့လဲ အကို သိလား"

"နာမည်ကြီး ရေတံခွန်တစ်ခုနားနီးလာလို့နေမယ် အဲ့ရေတံခွန်နာမည်က ဘာပါလိမ့်"

ကိုယ့်မှာ ပါးစပ်ဖျားတင်မေ့နေလို့ စဉ်းစားနေတုန်း ရထားစက်ခေါင်းခန်းက အင်္ဂလိပ်ဘာသာစကားနဲ့ကြေညာသံက ရထားတွင်း စပီကာတွေဆီကနေ ထွက်ပေါ်လာတော့သည်။

"ခရီးသည်များခင်ဗျာ မကြာခင်အချိန်အတွင်းမှာ လူကြီးမင်းတို့ ရထားပေါ်ကနေ ဆင်းသက်ပြီး လေ့လာကြည့်ရှုလို့ရမဲ့ Flåmbanaကို ရေအားလျှပ်စစ်ကနေ လျှပ်စစ်ဓာတ်အားပေးနေတဲ့ Kjosfossen waterfallကို ရောက်ရှိပါတော့မယ်။ ရေတံခွန်ရှေ့မှာ ရထားရပ်ပေးမှာမို့ လူကြီးမင်းတို့ရထားပေါ်ကနေ ဆင်းသက်ပြီး လေ့လာကြည့်ရှုနိုင်သလို ရေတံခွန်နားက performanceတစ်ခုအဆုံးသတ်တဲ့အချိန်မှာ ရထားပေါ်ကို ပြန်လည်တက်ရောက်ပေးဖို့လည်း ကြိုတင်မေတ္တာရပ်ခံပါတယ်ခင်ဗျာ"

"ရထားပေါ်ကနေ ဆင်းကြည့်ရမှာလား ရေတံခွန်ကိုလေ...ရေတံခွန်ရှေ့မှာ ရထားလမ်းရှိတာလား Woww အမိုက်စားပဲ performance တောင်ပါသေးတယ်ဆိုပဲ အကို အဲ့ဒါ ဘယ်လိုperformanceမျိုးလဲ သိလား"

"သိပါ့ဗျာ အခုမပြောပြဘူး ခဏနေမြင်ရမှသာ ကြည့်တော့ အထူးအဆန်းလေးဆိုတာကတော့ သေချာတယ်"

"Ready ပဲ ရင်တွေတောင်ခုန်လာပြီ Poလေ ရေတံခွန်နား ခုလိုမျိူး နီးနီးကပ်ကပ်တခါမှ မသွားခဲ့ဖူးဘူး အခုသွားရမယ်ဆိုတော့ စိတ်လှုပ်ရှားနေပြီ ပုံလှလှလေးတွေ အများကြီး မားအတွက် ယူသွားလို့ရတော့မယ်"

"အကို့ကိုရော ဓာတ်ပုံ မရိုက်ပေးချင်ဘူးလား အသက်ဝင်နေတဲ့ ဓာတ်ပုံတစ်ပုံလောက်လေ snapပဲ ဖမ်းဖမ်း ဘယ်လိုဖြစ်ဖြစ်ပေါ့"

ကျွန်‌တော့်ကို ဓာတ်ပုံရိုက်ပေးဖို့ သူ့ကို ပြောလိုက်တဲ့အချိန်မှာ သုူ့မျက်နှာပေါ်ဖြတ်ပြေးသွားတဲ့ ခံစားချက်ကို ဘယ်လိုမှ မဖမ်းဆုပ်လိုက်နိုင်ပေမဲ့ မျက်ဝန်းညိုတွေ အရောင်လဲ့သွားတာကိုတော့ သေသေချာချာမြင်နေရပါသည်။

"ရိုက်ပေးရမှာပေါ့ အကိုရ အကိုပြောထားပြီးသားပဲဟာ စိတ်ချ Poကြိုးစားပြီး ရိုက်ပေးမယ်"

"ကျေးဇူးပါဗျာ.... ဟော ‌ရထားရပ်ပြီ Po ...."

ရထားပေါ်ကနေ ခရီးသွားတွေ အလျှိုလျှိုဆင်းကြပြီမို့ ကျွန်တော်တို့နှစ်ယောက်လည်း ကိုယ်စီဆင်းကြရတာပေါ့။အတိတ်တွေကတော့ ကျွန်တော့်အတွက် လတ်ဆတ်ဆဲဖြစ်သလို ဘေးနားက ကောက်လေးရဲ့ ပစ္စုပ္ပန်ကလည်း သူ့အတွက်တော့ အသစ်လွင်ဆုံးဖြစ်နေမှာပါ။ ရထားပေါ်ကနေ ဆင်းမိတာနဲ့ အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေတဲ့ ရေတံခွန်က ရေမှုန်ရေမွှားတို့က နေရောင်ခြည်အောက်မှာ ရွှေမှုန်တွေအလားပါပဲ။ရထားရပ်ထားတာက လှိုဏ်ခေါင်းတစ်ခုရဲ့ အဝင်နားမှာဖြစ်ပြီး ရေတံခွန်ရှိရာအရပ်က မျက်စောင်းထိုးတောင်ကြီးကို ထွင်းလို့လမ်းဖောက်ထားတာမျိုးပေါ့။

"လှလိုက်တာ အကိုရာ "

လှလိုက်တာလို့ တဖွဖွရေရွတ်ရင်း ခရီးသွားတွေကြားတိုးဝှေ့လို့ သူဓာတ်ပုံရိုက်နေတုန်း ကျွန်တော်လည်း ခင်းပေးထားတဲ့ နေရာရဲ့နယ်နိမိတ်အစွန်နားထိတိုးရင်း ရေတံခွန်နဲ့ နီးနိုင်သမျှ အနီးဆုံးနေရာသို့သွားကာ မျက်လုံးမှိတ်ရင်း မျက်နှာကို လာထိစင်တဲ့ရေစက်တို့ရဲ့ အေးမြခြင်းကို သဘောတကျ ခံယူနေလိုက်သည်။ ကိုယ်မျက်စိမှိတ်ထားတုန်း တီးလုံးသံကြားရလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ရထားဖြတ်သွားမဲ့ လှိုဏ်ခေါင်းရှိရာ တောင်ပေါ်က လွင့်ပျံ့လာတဲ့ အသံဖြစ်နေသည်။

"အကို ဟိုဟာလား ဟိုက နီနီလေး အဲ့ဒါ ကောင်မလေးလား"

"ရော့ မှန်ပြောင်း ယူလာတယ် Po ကြည့်လို့ရအောင်"

"Po အကိုက အဲ့လို အားကိုးရတာ ဟဲဟဲ"

သူ့လက်ထဲထည့်ပေးလိုက်တဲ့ မှန်ပြောင်းနဲ့ သူခဏကြည့်ပြီး ကျွန်တော့်လက်ထဲပြန်ထည့်ပေးလို့ ကင်မရာနဲ့ ဓာတ်ပုံတွေတပုံပြီး တပုံ ရိုက်ယူနေပြန်သည်။ ဓာတ်ပုံရိုက်နေရင်းနဲ့ ပြောတာလည်း ပေါက်ပေါက်ဖောက်တဲ့ စက်ကလေးလိုပါပဲ။

"အကို သူကနော် ချောတယ်သိလား ဒါပေမဲ့ အမြီးကြီးပါတယ် ပြီးတော့ ဒီရေတံခွန်မှာ ဘာလို့ ဒီလို performance လုပ်ပေးတာလဲ အကိုသိလား ဂီတသံလေးကလည်း Norway ရိုးရာတီးလုံးနဲ့တူတယ်နော် နားထောင်ကောင်းတယ် Po သိချင်တာက သူကဘာလို့ အမြီးကြီးပါတာလဲ ဒီသရုပ်ဖော်ထဲက အဲ့လိုမိန်းကလေးက အပြင်မှာတကယ်ရှိတာလား"

"ဖြည်းဖြည်းပြောပါ Poရယ် ပြောင်းဖူးသာရှိရင် Po ပါးစပ်ထဲ အကို ထည့်လိုက်ပြီ"

"ဘာလို့လဲ"

အဲ့လိုပြောတော့ တခါမှမမြင်ဖူးတဲ့ သူ့ပုံစံလေးကို မြင်လိုက်ရပါပြီ။ ဓာတ်ပုံရိုက်နေရင်းနဲ့ ဘာလို့လဲလို့ မေးတဲ့မျက်နှာက နှုတ်ခမ်းလေးက စူတူတူနဲ့ ကလေးတစ်ယောက်အလိုမကျရင် ဖြစ်တတ်တဲ့မျက်နှာမျိုးလေးပါ။

"စကားတွေက တရစပ်အရမ်းများနေတော့ ပြောင်းဖူးသာထည့်လိုက်ရင် ပြောင်းဖူးပေါက်ပေါက်ရလောက်တယ်လို့ တွေးမိလို့လေ"

ဟားဟားဟား!!!!!!!!

မပြုံးဘဲနဲ့ ဝါးလုံးကွဲ ထရယ်တဲ့ကောင်လေးဟာ ခုနကစိတ်ဆိုးချင်နေတာ သူမဟုတ်တဲ့အလားပါပဲ။ဒီကောင်လေးရဲ့ ဖြူစင်ခြင်းဟာ ကောင်းကင်ပေါ်က တိမ်စိုင်ဖြူတို့နဲ့အပြိုင် ‌အရှေ့က ရေတံခွန်က အရှိန်အဟုန်နဲ့ စီးဆင်းနေတဲ့ ရေထုထည်တို့နဲ့ အပြိုင် ဖြူစင်တယ် လွတ်လပ်တယ် ခွန်အားရှိတယ် ပြီးတော့ လှပနေပါသေးတယ်။

"Po အကိုက စကားအရမ်းတတ်တာပဲ ဟားဟား"

"အခုမြင်နေရတဲ့ အမျိုးသမီးက Norway folklore တွေထဲက Huldra ဆိုတဲ့ တောတွင်းနေသတ္တဝါကို အခြေခံပြီး ကပြ‌‌ေဖျာ်ဖြေနေတာပဲ...Huldra က  အမျိူးသားတွေကို ဖြားယောင်းသွေးဆောင်နိုင်စွမ်းရှိတယ်  ကခုန်ရတာကို နှစ်သက်တယ် ပြီးတော့ sex ကိုလည်း ကြိုက်တယ် သူ့ကို seductive forest creatureလို့ သုံးနှုန်းကြတာလေ"

"အဲ့လိုလား creature ကိုး အဲ့ဒါကြောင့် သူ့မှာအမြီးကြီးပါနေတာပဲ ဟော ပျောက်သွားပြီ"

ကပြဖျော်ဖြေနေတဲ့ Huldra လည်း ပျောက် တီးလုံးသံလည်းရပ်တာနဲ့ ခရီးသည်အားလုံး ကိုယ်စီးနင်းရာတွဲအသီးသီးပေါ်ပြန်တက်လို့ လူစုံမစုံ တာဝန်ရှိသူတို့က စစ်ဆေးပြီးတော့မှ ရထားပြန်ထွက်ကြသည်။ ရထားက Myrdalကို ဦးတည်နေတဲ့လမ်းမှာလည်း သူ့ကို ပေါက်ပေါက်ဖောက်စက်နဲ့တူတယ်ပြောလို့ဆိုပြီး လက်စားချေတာတဲ့ ပြောလိုက်တဲ့စကားက မရပ်မနားနဲ့။ ကျွန်တော်က အပြုံးမပျက် ပြောသမျှနားထောင်နေတော့ သူကမေးလာသည်။

"အကို နားမညီးဘူးလား"

"မညီးပါဘူး အပျင်းတောင်ပြေသေးတယ်"

"Po ကတော့ ဝှါးးးး အိပ်တောင်အိပ်ချင်လာပြီ"

"မအိပ်နဲ့ဦး ခဏနေ Myrdalရောက်တော့မှာ အဲ့ကျရင် Bergenဆက်သွားဖို့ ရထားပြောင်းစီးရဦးမယ်"

"ဟုတ်လား အင်းပါ Poက အဲ့လို ရထားပေါ်ကားပေါ်တွေမှာ မအိပ်တတ်ပါဘူး"

ခရီးစဉ်ဆုံးလို့ ဘူတာရောက်တော့ လက်မှတ်ဝယ်ပြီး ခဏနားရင်း ဘူတာရုံက ဘာဂါဆိုင်ကနေ ဘာဂါနှစ်လုံးနဲ့ အအေးဝယ်လို့နှစ်‌ယောက်သား နေ့လည်စာစားရသည်။ ယောကျာ်းသားတွေချည်းမို့ စားရေးသောက်ရေးလည်း ဇာချဲ့မနေတော့ဘူးလေ။ ကိုယ်ကသူ့အားနာနေပေမဲ့ သူကတောင် ကိုယ့်ထက်ပိုကြိုက်နေသေးတော့ ဝယ်ကျွေးရတာလည်း ပီတိဖြစ်စရာပါ။

"Po ကတော့လေ ဒီရောက်ခါမှ ဘာစားစားကြိုက်နေတော့တာပဲ စားသမျှလည်းအကုန်ဝင်တယ်ရယ်"

"ကြိုက်တယ်ဆိုလို့ဝမ်းသာပါတယ်ဗျာ စားစား Po ပြီးရင် သန့်စင်ခန်းလေးဘာလေးကြိုဝင်ထား ရထားပေါ်အေးဆေးနားလို့ရအောင်"

နှစ်ယောက်သားစားသောက်ပြီး သန့်စင်ခန်းဝင်အပေါ့အပါးသွားပြီး ရထားပေါ်ရောက်တော့ Poတို့ တဝှါးဝှါးဖြစ်နေပြီ။

"အိပ်ချင်အိပ်ပါ Poရဲ့ ရောက်ရင် အကိုနှိုးမှာပေါ့"

"အာ ရတယ် Po မအိပ်တတ်ပါဘူး အကိုရ ရှုခင်းတွေ ဒီလောက်လှတာကို မငေးဘဲအိပ်နေရမှာ နှမြောစရာကြီး"

"ဟုတ်ပါပြီဗျာ"

ရထားစထွက်ကာစတော့ သူခေါင်းတလည်လည် ဟိုကြည့်ဒီကြည့်နဲ့ပေါ့။ သူငေးချင်ရာငေးနေတုန်း ကျွန်တော်လည်း စာအုပ်လေးထုတ်ဖတ်နေတုန်း ဘယ်လောက်မှမကြာလိုက် ပခုံးပေါ်ယိုင်ကျလာတဲ့ ခေါင်းလုံးလုံးလေးကြောင့် ပခုံးကို အသာလျော့လို့ နောက်ကိုမှီထိုင်ပေးလိုက်သည်။ ရထားပေါ်မှာ မအိပ်တတ်တဲ့ကောင်လေးက အခုတော့ အေးအေးချမ်းချမ်းကို အိပ်ပျော်နေပါရောလား။ သူအိပ်ပါစေဆိုပြီးကိုယ်လည်းစာဖတ်ရင်းနဲ့ စောင့်နေပေးတာ အချိန်တွေဘယ်လောက်ကြာသွားလဲတောင်သတိမထားလိုက်မိပါဘူး။

ပခုံးပေါ်ကခေါင်းလေးက လှုပ်လာတော့ ကျွန်တော်လည်း ခေါင်းကိုစောင်းငဲ့အကြည့် သူကလည်း အိပ်ချင်မူးဝါးရုပ်လေးနဲ့ ပါးတစ်ဖက်က ကျွန်တော့်ပခုံးပေါ်မှေးတင်ရက်သားနဲ့ ခေါင်းလေးမော့အကြည့်မှာ ရထားလမ်းကွေ့တနေရာကြောင့် လူးလွန့်သွားတဲ့ရထားက  ထိတွေ့မှုတစ်ခုကို မမျှော်လင့်ဘဲ ဖန်တီးဖြစ်ပေါ်စေပါသည်။ ကမ္ဘာလောက နှစ်ခု တပြိုင်တည်း ရပ်တန့်သွားစေမဲ့ ထိတွေ့မှုပေါ့။ လူးလွန့်သွားတဲ့ရထားက သူနဲ့ ကျွန်တော့်ရဲ့ နီးစပ်နေတဲ့ နှုတ်ခမ်းနှစ်ခုကို ထိတွေ့မှုဆီ အသွင်ကူးပြောင်းပေးလိုက်တာပါ။

သူရောကျွန်တော်ပါ ဒီအခိုက်အတန့်လေးမှာ  ပိတ်မိနေကြတယ်... နူးညံ့စွာနဲ့ပေါ့....

Pk🐧
22/3/23

Updateကြာသွားလို့ အားနာပါတယ် စာဖတ်သူတို့ရေ😁
Kosက ဖတ်ရတာ ပျင်းစရာကောင်းမှန်း ကိုယ်တိုင်လည်းသိပါတယ်။ ခရီးသွားမှတ်တမ်းတစ်ခုလို ပြင်ပကအချက်အလက်တွေပါ ထည့်ရေးထားတာမို့ ရှာရဖွေရ လမ်းကြောင်းတွေကြည့်ရနဲ့ မင်updateက အရမ်းတော့ မမြန်န်ုင်ပါဘူး။ ခံစားချက်တွေ ငြိမ့်ငြိမ့်လေးစီးမျောချင်တဲ့အခါ ကိုယ်တိုင်ခရီးတစ်ခုသွားရသလို ခံစားချင်တဲ့အခါ ဖတ်လို့ရအောင်ရေးတဲ့အမှတ်တရ ficလေးပါလို့။

Zawgyi

Chapter -5

အသိစိတ္က လူကို ခ်ဥ္းကပ္လာေပမဲ့ မ်က္ခြံတို႔ကေတာ့ ရီေဝေဝေခါင္းနဲ႕အတူ ေလးလံေနဆဲအေနအထားနဲ႕ ကြၽန္ေတာ္နိုးလာပါၿပီ။

မ်က္လုံးတို႔ ဖြင့္မၾကည့္ရေသးေပမဲ့ ခံစားမိတာက ကြၽန္ေတာ့္ ပါးတစ္ဖက္နဲ႕ ကပ္ေနတဲ့ေနရာရဲ႕ အထိအေတြ႕ပါ။ ႏူးညံ့ျခင္းနဲ႕အတူ ခုန္လႈပ္ေနတဲ့ တစုံတရာကို ခံစားမိေတာ့မွ အလန႔္တၾကား ဆတ္ခနဲ မ်က္လုံးဖြင့္လိုက္မိၿပီး လူကေတာ့ တုပ္တုပ္မွ မလႈပ္ရဲပါဘူး။

*ဟင္ ဘာလဲ ငါ အကို႔ရင္ဘတ္နဲ႕ မ်က္ႏွာကပ္အိပ္မိေနတာလား*

စိတ္ထဲကပဲ အျပဴးအၿပဲစဥ္းစားမိရင္း ခုန္လႈပ္ေနတဲ့ ႏွလုံးခုန္သံေလးက လူကိုဆြဲေဆာင္ေတာ့ လန႔္တာအားနာတာေတြေပ်ာက္ၿပီး မတိုးမက်ယ္ၾကားေနရတဲ့ ႏွလုံးခုန္သံေလးကို အသာၿငိမ္လို႔ နားေထာင္မိသည္။ေဆးပညာ အေခၚအေဝၚအရဆို ႏွလုံးခုန္သံရဲ႕ အသံဟာ lup dupလို႔ထြက္တာတဲ့ ကိုကိုကေျပာျပခဲ့ဖူးတယ္ေလ။ ဒုတ္ ဒုတ္ မဟုတ္ဘူးလားလို႔ ေမးေတာ့ ကိုကိုက နဖူးကို သူ႕လက္သီးနဲ႕ထုလို႔ သူ႕နားက်ပ္လက္ထဲထည့္ေပးၿပီး သူ႕ႏွလုံးခုန္သံကို နားေထာင္ၾကည့္လို႔ ခိုင္းခဲ့ဖူးပါတယ္။ တကယ္ပဲ သူေျပာသလို ပီပီသသႀကီး lup dupဆိုတဲ့ အသံၾကားရၿပီး ဒီအသံဟာ က်န္းမာေနတဲ့ ႏွလုံးကထြက္တဲ့အသံျဖစ္ေၾကာင္း ရွင္းျပခဲ့သလို ပုံမွန္မဟုတ္တဲ့ ႏွလုံးကထြက္တဲ့အသံကေတာ့ murmurs ဆိုတဲ့ အသံျဖစ္လိမ့္မယ္တဲ့။

အခု ကြၽန္ေတာ္ၾကားေနရတဲ့ အကို႔ရင္ထဲက ႏွလုံးခုန္သံဟာ က်န္းမာစြာခုန္လႈပ္ေနေၾကာင္း သိေနခံစားေနရေပမဲ့ lup dupဆိုတာထက္ပိုတဲ့ ဂီတသံေလးလိုပဲ ခံစားမိေနတာ ဘာလို႔လဲ။ ကိုကို႔ရဲ႕ႏွလုံးခုန္သံကို ပထမဆုံးနားေထာင္ခဲ့ရတုန္းကေတာင္ ဘာမွမခံစားခဲ့ရေပမဲ့ အခုေတာ့ အကို႔ရဲ႕ ႏွလုံးခုန္သံ တခ်က္ခ်င္းစီက ကြၽန္ေတာ့္အတြက္ နားေထာင္လို႔ေကာင္းတဲ့ သံစဥ္ေလးလိုျဖစ္ေနတာပါ။အကို႔ေၾကာင့္ ကြၽန္ေတာ့္ႏွလုံးသားကေတာ့ မူမမွန္စြာ ညီးတြားေနရၿပီ အကိုေရ။

ကြၽန္ေတာ္ကသာ သူ႕ရင္ဘတ္နဲ႕ ကြၽန္ေတာ့္ပါး အပ္လို႔ အိပ္ေနခဲ့မိေပမဲ့ သူကေတာ့ ၿငိမ္ဆိမ္စြာနဲ႕ သူ႕လက္ႏွစ္ဖက္ကို သူ႕ဘာသာခပ္တင္းတင္းပိုက္လို႔ အိပ္ေနတာက ကြၽန္ေတာ့္ကို ေပြ႕ဖက္မိမွာေၾကာက္ေနသည့္အလား။ ကြၽန္ေတာ့္ေၾကာင့္ သူ႕အိပ္စက္ျခင္းေတြ မလြတ္လပ္ေတာ့ ရင္ထဲဆစ္ခနဲ နာရၿပီး ေနာက္သို႔ ကိုယ္ကို ရို႔လိုက္မိသည္။ ကြၽန္ေတာ္လႈပ္ရွားမိတာနဲ႕ သူလည္း စကၠန႔္ပိုင္းအၾကာမွာ နိုးလာၿပီး မ်က္လုံးပြင့္တာနဲ႕ လူကို ၿပဳံးျပလာေတာ့သည္။

"နိုးၿပီလား Po"

"ဟုတ္ အကို ခုနကမွပါ ညက Poအကို႔ကို စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ လုပ္မိတာမ်ားရွိေသးလားဟင္ ဟိုေလ နည္းနည္းမူးေနတာပဲမွတ္မိၿပီး ေနာက္ပိုင္း မမွတ္မိေတာ့လို႔"

မခ်ိသြားၿဖဲ အားနာပါးနာနဲ႕ ေမးေတာ့ အကိုက သူ႕မူပိုင္ အၿပဳံးႀကီးနဲ႕ျပန္ေျဖလာသည္။

"ညက ပုံေတြ တကယ္လွပါတယ္... အကို ေရခ်ိဳးခန္းထဲအရင္ဝင္ႏွင့္မယ္ Poအတြက္ ေဘးနားကစားပြဲေပၚမွာ ပ်ားရည္ခြက္ေလး ျပင္ေပးထားတယ္ ေခါင္းေတာ့ နည္းနည္းကိုက္ေနမွာမို႔ ေသာက္လိုက္ဦး"

မထင္ထားတဲ့ ဂ႐ုစိုက္မႈေလးရေတာ့ ကြၽန္ေတာ္ေပ်ာ္လိုက္တာ။ ပ်ားရည္ခြက္ျမင္႐ုံနဲ႕ မေသာက္ခင္က ခ်ိဴႏွင့္ေနၿပီ။ ဒီခံစားခ်က္ကိုပဲ အခ်စ္လို႔ ေခၚသလား။ ဆက္ေတြးမိရင္ ၾကည္ႏူးစရာေတြေပ်ာက္ကုန္မွာစိုးလို႔  အိပ္ရာကေနထထိုင္ၿပီး ပ်ားရည္ခြက္ေကာက္ကိုင္ အဖုံးေလးဖြင့္လို႔ေသာက္လိုက္ေတာ့ ခ်ိဳျမလို႔။ ေသာက္ၿပီးေတာ့ ညက ပုံေတြက တကယ္လွပါတယ္ဆိုတဲ့ သူ႕စကားျပန္ၾကားေယာင္ၿပီး ကင္မရာလိုက္ရွာလို႔ ရိုက္ထားတယ္ဆိုတဲ့ပုံေတြ ျပန္ၾကည့္ေတာ့မွ လူက ေလထဲေျမာက္တက္သြားသလိုပဲ ခံစားလိုက္ရပါေတာ့သည္။

"Apo Nattawin ေရ မင္းရဲ႕ ေပါေတာေတာပုံေတြ အကုန္ေပၚကုန္ၿပီ သြားပါၿပီ အား!!!!"

မူးမူးနဲ႕ ေပးထားသမွ် poseေပါင္းစုံဟာ ဟိုအရင္က ပါးနဲ႕မားကို ခြၽဲေနက် ေဆာ့ေနက် ပုံစံေတြမို႔ ကိုယ့္မွာ ေအးစက္ေနတဲ့ ရာသီဥတုမွာေတာင္ တကိုယ္လုံးပူေလာင္ေနသလို မ်က္ႏွာကလည္း ဘယ္နားထားလို႔ထားရမယ္မသိနဲ႕။

"သေဘာက်မိတဲ့လူေရွ႕မွာမွ မင္းရဲ႕ ခုလိုပုံစံကို ျပရသလားလို႔"

"Po ေရ ...ေရခ်ိဳးခန္းဝင္ခ်င္ဝင္လို႔ရၿပီေနာ္ ေရခ်ိဳးရင္အျမန္ခ်ိဳး အကို ေရေႏြးပါ တလက္စတည္း စပ္ေပးထားခဲ့တယ္..ေရခ်ိဳးၿပီးရင္ မနက္စာအဆာေျပစားၿပီး ဘူတာ႐ုံကို တန္းေျပးရမွာမို႔"

ကိုယ့္မွာ ပုံေတြဖ်က္ပစ္မယ္စိတ္ကူးလိုက္ ဒါ အကိုရိုက္ေပးထားတာလို႔ေတြးၿပီး ၾကည္ႏူးလိုက္ျဖစ္ေနတုန္း သူ႕အသံၾကားေတာ့မွ မ်က္ႏွာေတြ ျပန္ပူလာေတာ့သည္။ ေရေႏြးပါစပ္ေပးထားေသးတယ္လို႔ေျပာေတာ့လည္း ရင္ေတြပါခုန္လာသလိုပဲ။ ဒီလူႀကီးနဲ႕မွ ကြၽန္ေတာ္လည္း ခံစားခ်က္ေပါင္းစုံနဲ႕ စကားလုံးေတြပါ ေပ်ာက္ရွေနရတာပဲ။ သူကေတာ့ bathrobe ႀကီးနဲ႕ ေခါင္းကဆံပင္ေရစက္လက္နဲ႕ တစြန္းတစေပၚေနတဲ့ ရင္အုပ္ျဖဴျဖဴနဲ႕ ကြၽန္ေတာ္ေတာ့ အျမန္ေရခ်ိဳးခန္းဝင္မွပါပဲ။ ၾကာရင္ ကြၽန္ေတာ့္ခံစားခ်က္ေတြ လူမိကုန္လိမ့္မယ္။

"ေရေႏြးပါ စပ္ေပးထားတာလား ေက်းဇူးေနာ္ အကို ကြၽန္ေတာ္ ျမန္ျမန္ခ်ိဳးၿပီး ထြက္လာခဲ့မယ္"

ေရခ်ိဳးခန္းထဲဝင္ေျပးၿပီး တံခါးပိတ္လို႔ ရင္ဘတ္ကို ဖိထားမိေတာ့ ႏွလုံးခုန္သံက ကိုယ့္ဟာကိုယ္ေတာင္ ျပန္ၾကားရသည္ထိ က်ယ္ေလာင္လို႔။ မျဖစ္ဘူး ဘာေၾကာင့္နဲ႕မွ ကြၽန္ေတာ့္ႏွလုံးသားထိခိုက္လို႔မရဘူး။ဒီႏွလုံးက သိပ္တန္ဖိုးႀကီးတာကို ကြၽန္ေတာ္သာ အသိဆုံးပါ။

"သူ႕မွာ ခ်စ္သူရွိတယ္ေလ Apo ေရ မင္း ဘာလို႔ သူမ်ားခ်စ္သူကို ျပစ္မွားေနရတာလဲ ေတာ္ေတာ့"

ကိုယ့္ေခါင္းကို တခ်က္ပိတ္ထုရင္း စိတ္ကို ၿငိမ္ေအာင္ထားၿပီးမွ သူစပ္ေပးထားတဲ့ေရေႏြးေႏြးထဲဝင္စိမ္ခ်ိဳးၿပီး ကမန္းကတန္းအျပင္ထြက္လာေတာ့ သူကဝရန္တာမွာ ကြၽန္ေတာ့္ကင္မရာနဲ႕ ရႈခင္းပုံေတြ ရိုက္ေနပါလား။ ႏွင္းေငြ႕ေဝေနတဲ့ အစိမ္းေရာင္ေတာင္တန္းေတြဟာ အခု အခန္းထဲကေနျမင္ရတာေတာင္ သိပ္လွေနတာကိုး။ အဝတ္အစားအျမန္လဲ အိတ္ကိုေသခ်ာျပင္ဆင္ၿပီး သဘာဝရဲ႕ အလွတရားကို အၿပဳံးလွလွေလးနဲ႕ ေငးေမာေနသူနား တိုးကပ္သြားေတာ့ ကြၽန္ေတာ့္မနက္ခင္းဟာ အရာရာျပည့္စုံသြားသလိုပဲ။

"Po ၿပီးၿပီလား အကို Poကင္မရာကို ယူၿပီး ဓာတ္ပုံရိုက္ထားမိတယ္ ဒီ moment ေလးကို အလြတ္မခံခ်င္တာနဲ႕ေလ ခြင့္မေတာင္းမိတာ စိတ္မရွိနဲ႕ေနာ္"

"အကိုကလည္း ေျပာေနစရာလားဗ် ခရီးသြားေဖာ္ေတြပဲျဖစ္ေနၿပီ မလိုပါဘူးဗ် ရထားက ေနရာလုရမယ္ဆို သြားၾကမယ္ေလ မနက္စာကလည္း စားရဦးမယ္ဆို"

"အင္း သြားၾကစို႔ တခါတည္း check outလုပ္ရမယ္"

"Hotel ခေတာ့ Poပဲေပးပါရေစ ညက အကို႔ကို ဒုကၡေပးမိတာေရာ ညစာလည္း အကိုပဲ ရွင္းလိုက္ရမွာဆိုေတာ့ Po ေပးပါရေစေနာ္"

"အကိုက ဘာျပႆနာမွမရွိပါဘူး ဒါေပမဲ့ Poေပးရမွ စိတ္သက္ေတာင့္သက္သာျဖစ္မယ္ဆို Po သေဘာေလ"

လူကို အေနရမခက္ေအာင္လည္း အလိုက္အထိုက္ဆက္ဆံေပးတတ္ေသးတယ္။ အကိုက သိပ္ေႏြးေထြးတာပဲဗ်ာ။ အကို႔ခ်စ္သူကေတာ့ တကယ္ကံေကာင္းတဲ့လူပဲေနမွာ။ ဟိုတယ္ကေနထြက္ ေဘးက ဆိုင္မွာမနက္စာစားၿပီး သိပ္မေဝးတဲ့ ဘူတာ႐ုံဆီသို႔ ကားနဲ႕သြားမေနေတာ့ဘဲ မနက္ခင္း က်န္းမာေရးဆိုၿပီး ကိုယ္လက္လႈပ္ရွားတဲ့အေနနဲ႕ လမ္းပဲေလွ်ာက္သြားလိုက္ၾကေတာ့သည္။

သူက သူ႕ေက်ာပိုးအိတ္လြယ္ ဂစ္တာအိတ္တစ္ဖက္နဲ႕ေပမဲ့ လမ္းေလွ်ာက္တာက သြက္လက္လို႔။ ကြၽန္ေတာ္လည္း ေက်ာပိုးအိတ္တစ္လုံးတည္းမို႔ ေပါ့ေပါ့ပါးပါးနဲ႕သူနဲ႕အၿပိဳင္ ေျခလွမ္းခပ္သြက္သြက္လွမ္းလာရင္း ႐ုတ္တရက္ ကြၽန္ေတာ္မေန႕ကလို ေျခေခ်ာ္ေတာ့ သူကေဘးကေနလွမ္းၿပီး ထိန္းေပးထားသည္။

"သတိထား Po ...Po ဖိနပ္က ၾကည့္ရတာေတာ့ grip bootအမ်ိဳးအစားေကာင္းပါပဲ ဘာလို႔ ခဏခဏ ေျခေထာက္ကေခ်ာ္ေနရတာလဲ"

"Po ဖိနပ္က ေကာင္းတယ္ ပါးက ေသခ်ာဝယ္ေပး...ထားတာ အရင္ကေလ  အဟီးးး Po က နဂိုတည္းက ရွပ္ျပာျပာနဲ႕မို႔ ေနမွာ"

ေတာ္ပါေသးရဲ႕ ပါး ေသခ်ာဝယ္ေပးလိုက္တာလို႔ ေျပာမိေတာ့မလို႔။အလိမ္သာေပၚသြားရင္ေတာ့ သူ႕ေနာက္မလိုက္ရဘဲေနလိမ့္မယ္ Apo မင္း သတိထားစမ္း။

"ဒီမွာက ႏွင္းကက်ေနတုန္း Poရဲ႕ ေႏြဦးေရာက္ေနေပမဲ့ ဝင္ရိုးစြန္းနဲ႕နီးတဲ့ ေဒသမို႔ အေအးဓာတ္ကလည္း အၿမဲရွိေနမွာ ဂ႐ုစိုက္ေနာ္"

ထိန္းကိုင္ေပးထားတဲ့ လက္ကို လႊတ္လိုက္ေပမဲ့ သူ႕လက္ကေလးတစ္ဖက္ကို ကြၽန္ေတာ့္ မ်က္ဝန္းေထာင့္စြန္းကေန ဖမ္းမိေနတာက ကြၽန္ေတာ့္ ခါးေနာက္မွာ ရစ္ဝဲေနတယ္ဆိုတာပါပဲ။ လမ္းက မနက္ေစာေစာ ႏွင္းေတြနဲ႕စိုေနတာမို႔ ထပ္ေခ်ာ္လဲရင္ထိန္းဖို႔ လက္တစ္ဖက္ကို ကြၽန္ေတာ့္ခါးေနာက္မွာ အသင့္ျပင္ထားပုံရပါတယ္။ အကို႔ရဲ႕ ဂ႐ုစိုက္ေပးတတ္မႈက လူတိုင္းအေပၚမွာရွိပုံရပါတယ္ေလ။

ဒီလိုနဲ႕ ဘူတာေရာက္ေတာ့ မနက္အေစာ 8:30ဆိုေပမဲ့ အကိုေျပာသလိုပဲ သူလိုကိုယ္လို ခရီးသည္ေတြက ရထားေဘးမွာ သူ႕အစုနဲ႕သူ ရပ္လို႔ ျပတင္းေဘးေနရာကို ဦးဖို႔ အသင့္ျဖစ္ေနၾကပါၿပီ။ အကိုကေတာ့ ဘူတာေရာက္တာနဲ႕ လက္မွတ္႐ုံဝင္လို႔ လက္မွတ္ႏွစ္ေစာင္ေျပးဝယ္ဝာာ ျမန္မွျမန္။

"ရထားက တခ်ိဳ႕တြဲေတြက တက္ေတာင္တက္ေနၾကၿပီ အကို Poတို႔ကေရာ"

"ခဏ...ဪ အဲ့ဒါကေလ ႀကိဳတင္ၿပီး booking ယူထားတဲ့ တြဲေတြ Poရဲ႕ ဟိုမွာၾကည့္ အလံေလးေတြေတြ႕လား အဲ့ဒါက တခ်ိဳ႕ Tour Company ေတြရဲ႕ အစီအစဥ္နဲ႕လာၾကတဲ့ ခရီးသြား အုပ္စုေတြအတြက္ေပါ့...သူတို႔က လူဦးေရအလိုက္ တြဲေတြႀကိဳယူၿပီး လက္မွတ္ျဖတ္ထားလိုက္ၾကတာေလ"

"အကိုက အကုန္သိေနတာပဲေနာ္ ေတာ္လိုက္တာ"

"အကိုကဒီကို တခါလာဖူးတယ္ေလ Poရဲ႕ အဲ့ဒါေၾကာင့္ပါ ၿပီးေတာ့ ခရီးမထြက္ခင္ ကိုယ္သြားမဲ့ေနရာေဒသအေျခအေနတခ်ိဳ႕ကို ႀကိဳေလ့လာတတ္တဲ့ အက်င့္ရွိလို႔ပါ...အကိုတို႔ စီးရမွာက ဒီတြဲပဲ Po...ခရီးသည္က ၾကည့္ရတာဒီတြဲမွာ သိပ္မမ်ားေပမဲ့ ျပတင္းေပါက္ေနရာကေတာ့ ဦးသူယူေၾကးပါပဲ Flåm ရထားလမ္းပိုင္းက အဲ့လိုျပတင္းေဘးမွာထိုင္ တံခါးဖြင့္ၿပီး ဓာတ္ပုံရိုက္ရတာက ရထားစီးသူေတြရဲ႕ အဓိကရည္႐ြယ္ခ်က္ပဲ"

႐ႊီ!!!!!!!

ေျပာေနရင္း ဝီစီမႈတ္သံၾကားတာနဲ႕ ေပါ့ပါးသြက္လက္တဲ့အကိုက သူ႕လက္ေႏြးေႏြးႀကီးနဲ႕ ကြၽန္ေတာ့္လက္ကို ဆုပ္ကိုင္လို႔ ရထားေပၚတက္ဖို႔ ေျပးေတာ့ ကြၽန္ေတာ္လည္း ရင္ခုန္စြာနဲ႕ သူဆြဲေခၚရာေနာက္ေျပးလိုက္ရတာေပါ့။ ေျပးရတဲ့အခ်ိန္ေလးက ခဏေလးေပမဲ့ ဒါက အကိုက ဒုတိယအႀကိမ္အျဖစ္ ကြၽန္ေတာ့္လက္ကို ဆြဲလို႔ ရထားေပၚတက္ျခင္းပဲေလ။ ကြၽန္ေတာ္သိတာက သူ႕လက္ဖဝါးထဲ အံဝင္ခြင္က်ေနတဲ့ ကိုယ့္လက္ကို သေဘာက်ေနတယ္ ဆိုတာပါပဲ။

ရထားေပၚေရာက္ေတာ့ အနီေရာင္ထိုင္ခုံတို႔နဲ႕ အျပင္အဆင္က ေႏြးေထြးၿပီး ရိုမန႔္ဆန္တဲ့အေငြ႕အသက္လိုမ်ိဳး ခံစားရသည္။ အကို႔ေကာင္းမႈနဲ႕ ျပတင္းေပါက္ေဘးတေနရာရေတာ့မွပဲ ႏွစ္ေယာက္သား တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၿပီး ရယ္မိၾကေတာ့သည္။

"Po တို႔ ေနရာရၿပီ အကို"

"အကိုပါရင္ Po ဘာမွ ပူစရာမလိုဘူး"

သူလည္း အေျပးအလႊားနဲ႕ ေနရာလုရတာကို ေပ်ာ္ေနပုံရပါတယ္။ မ်က္လုံးတစ္ဖက္မွိတ္ျပလို႔ ေျပာလာပုံက ေပ်ာ္႐ႊင္ျခင္းအျပည့္နဲ႕ ေပါ့ပါးေနတဲ့ ဆယ္ေက်ာ္သက္ေကာင္ေလးပုံမို႔ ကြၽန္ေတာ္ကင္မရာနဲ႕ မွတ္တမ္းတင္ဖို႔ မမီလိုက္ေပမဲ့ အဲ့ဒီအခိုက္အတန႔္ေလးကိုေတာ့ ႏွလုံးသားနဲ႕ပဲ မွတ္တမ္းတင္လိုက္ပါသည္။

⭑・゚゚・*:༅。.。༅:*゚:*:✼✿  ✿✼:*゚:༅。.。༅:*・゚゚・⭑

ကူညီျခင္းနဲ႕ ဂ႐ုစိုက္ျခင္းဟာ ကြၽန္ေတာ္လူတိုင္းအေပၚထားေနက် ျပဴမူေနက်အရာဆိုေပမဲ့ ဒီေကာင္ေလးအတြက္က်မွ ကြၽန္ေတာ္ဘာလို႔ ကိုယ့္ကိုယ္ကိုယ္ သာမန္ထက္ပိုတယ္လို႔ ခံစားမိေနရသလဲ မေတြးတတ္ေတာ့ပါဘူး။ကိုယ့္ထက္ငယ္တဲ့ ညီငယ္အ႐ြယ္မို႔ဆိုတာထက္ကို အခုမွရင္းႏွီးတာတရက္ေက်ာ္ပဲရွိေသးတဲ့ သူစိမ္းကို ကြၽန္ေတာ္က အရမ္းဂ႐ုစိုက္ေနမိတာလား။

Babyနဲ႕ ေဝးေနရၿပီးေနာက္ပိုင္းမွာ ခုလိုကိုယ့္ေဘးနားမွာရွိေနခြင့္ ပတ္သက္ခြင့္ျပဳခဲ့မိတာ ဒီေကာင္ေလးက ပထမဆုံးပါပဲ။စာအဆက္အသြယ္ပဲရွိၿပီး ဖုန္းေျပာခြင့္ ႐ုပ္ကေလးျမင္ခြင့္ေတာင္မရခဲ့ေပမဲ့ ကြၽန္ေတာ္က Babyကို ယုံၾကည္ေနဆဲ သစၥာရွိေနဆဲပဲ။ဘာေၾကာင့္လဲဆိုေတာ့ မယိမ္းယိုင္မဲ့ ကိုယ့္အခ်စ္ကို ယုံၾကည္လို႔ေပါ့။ လူခ်င္းခြဲခံထားရၿပီးတာေတာင္ တင္းၾကပ္တဲ့အေစာင့္အေရွာက္ေတြေအာက္ကေန စာမရရေအာင္ပို႔ေပးေနတဲ့ Babyအတြက္သာ ကြၽန္ေတာ္ကစိတ္မေကာင္းျဖစ္ေနရတာပါ။ ရံဖန္ရံခါေတာ့ သူ႕ဓာတ္ပုံေလးေတြ သူကထည့္ေပးေပမဲ့ မပါလာတဲ့အခါမ်ိဳးဆို ကြၽန္ေတာ့္မွာ အလြမ္းေတြကို ဂစ္တာတီးၿပီး အရည္ေဖ်ာ္ခ်ပစ္ရတာပါပဲ။

"ရထားစထြက္ၿပီ Poျပတင္းေပါက္ဖြင့္လိုက္ေတာ့မယ္ေနာ္ အကို"

အေတြးလြန္ေနမိတဲ့ကြၽန္ေတာ္က ေဘးနားကသူ႕အသံၾကားမွပဲ စိတ္နဲ႕လူျပန္ကပ္ေတာ့တာပါ။သူကေတာ့ ျပတင္းေပါက္ဖြင့္လို႔ ကင္မရာတျပင္ျပင္နဲ႕ တက္ႂကြေန‌ပါၿပီ။ ေတာင္တန္းႀကီးေတြၾကားထဲရထားႀကီးက တိုးဝင္သြားေတာ့ စိမ္းစိုေနတဲ့ေလာကႀကီးက ကြၽန္ေတာ့္စိတ္ကို နည္းနည္းေတာ့ အလြမ္းဒဏ္ကေနသက္သာရာရေစသားပဲ။

"Wow အကို ဟိုးေအာက္မွာၾကည့္စမ္း ျမစ္ကျဖတ္စီးေနတာ ကမ္းနားမွာက အိမ္နီေလးတစ္လုံး"

ေျပာရင္း‌ဆိုရင္း သူ႕ကိုယ္တစ္ပိုင္းလုံးပါ အျပင္ထြက္ၿပီး ဓာတ္ပုံအမိအရရိုက္ေနလို႔ ကြၽန္ေတာ္လည္း သူ႕ခါးကေန အသည္းအသန္ဆြဲထားရတဲ့ဘဝ။

"Po အဲ့လို အျပင္အရမ္းမထြက္ရဘူးေလ ရထားလမ္းပိုင္းက တခ်ိဳ႕ေနရာေတြက က်ဥ္းက်ဥ္းေလးေတြ Poရဲ႕ ဥမင္လွိုဏ္ေခါင္းေတြလည္း ျဖတ္ရတာဆိုေတာ့ ခုလိုအျပင္ထြက္ေနရင္ အႏၲရာယ္ရွိတယ္ Poရဲ႕"

အဲ့လိုေျပာၿပီး အထဲအတင္းျပန္ဆြဲ‌တာေတာင္ မဝင္ခ်င္ဝင္ခ်င္နဲ႕ ျပန္ဝင္လာတဲ့ ကေလးေပါက္စေလးပါဗ်ာ။ Photographer ပီသခ်က္ကေတာ့ သူလိုခ်င္တဲ့ပုံရိုက္ရဖို႔ ဘယ္လိုအေနအထားကေနမဆို ရိုက္ယူရဲတဲ့ေကာင္ေလးရယ္ပါ။

"ဒီမွာၾကည့္ Poရိုက္ထားတာ လွတယ္ အကိုရ တကယ္သဘာဝႀကီးက ေလာကႀကီးမွာ အလွဆုံးပဲ မားသာျမင္ရင္ အရမ္းသေဘာက်မွာ"

သူရိုက္ထားတဲ့ပုံေလးျပရင္း ကြၽန္ေတာ့္ကို အျဖဴစင္ဆုံးၿပဳံးျပေနတဲ့ေကာင္ေလးရဲ႕ မ်က္ဝန္းညိုေတြထဲ မရည္႐ြယ္ဘဲ နစ္ဝင္သြားမိေတာ့ခံစားခ်က္က ယစ္မူးခ်င္စရာ။ တကယ္တကယ္ကို လွတဲ့ မ်က္ဝန္းညိုေလးေတြပဲဆိုတာကို စိတ္ထဲကပဲ တိတ္တဆိတ္ အသိအမွတ္ျပဳလိုက္ရင္း ကိုယ့္စိတ္ကိုလည္းနားမလည္နိုင္ေတာ့ပါဘူး။

*ငါက ဘာလို႔ Babyမဟုတ္တဲ့ တျခားေကာင္ေလးတစ္ေယာက္ကို ဘာလို႔ ခုလိုေငးၾကည့္ရတာလဲ ဘာလို႔ သူ႕မ်က္ဝန္းေတြကို ယစ္မူးခ်င္စရာေကာင္းတယ္လို႔ ေတြးမိရတာလဲ*

ႏွစ္နဲ႕ခ်ီအေနေဝးေနလည္း ႏွလုံးသားထဲက ခ်စ္ျခင္းကေတာ့ Babyအတြက္ ေႏြးေထြးစြာတည္ရွိေနဆဲပဲေလ။ အခုကလည္း တကယ္လွလို႔ ခုလိုျဖစ္သြားတာပဲေနမွာပါ။ ထူးဆန္းတဲ့အေတြးေတြသြားရာေနာက္မလိုက္ဘဲ ကိုယ့္စိတ္ကို ျပန္တည့္မတ္ရင္း သူနဲ႕အတူ သဘာဝရဲ႕အလွတရားထဲပဲ စီးေမ်ာလိုက္ပါေတာ့မယ္။ဒါကပဲ ျဖစ္သင့္တဲ့အရာမဟုတ္လား။

ေတာင္ၾကားလမ္း ေတာင္ေပၚလမ္းေတြျဖတ္သန္းသြားရတိုင္း အသည္းတယားယားနဲ႕ ေအာက္ကိုငုံ႕ၾကည့္ရင္း အသံေပါင္းစုံထြက္ေနတဲ့ေကာင္ေလးက စိတ္လြတ္ကိုယ္လြတ္နဲ႕မို႔ ရထားေပၚပါလာတဲ့ တျခားခရီးသြားတခ်ိဳ႕ကပါ သူ႕ကို အထူးအဆန္းသဖြယ္ၾကည့္လာၾကသည္။ မႏွစ္လိုတဲ့အရိပ္အေယာင္မဟုတ္ဘဲ သေဘာက်လိဳ႕ဆိုတဲ့ အၾကည့္မ်ိဳးေတြေၾကာင့္ ကြၽန္ေတာ့္မွာစိတ္ခ်ရမလို မခ်ရမလို။အခုထိ သတိထားမိသမွ်က သူနဲ႕လမ္းတူတူေလွ်ာက္သြားရတိုင္း တခ်ိဳ႕တေလက ဒီေကာင္ေလးကို ေသေသခ်ာခ်ာေငးစိုက္ၾကည့္တတ္ၾကတာမ်ိဳး။ ေယာက်ာ္းတစ္ေယာက္မွာရွိသင့္ရွိထိုက္တဲ့ ခႏၶာအခ်ိဳးအဆစ္ အသားအေရအရပ္အေမာင္းအကုန္ရွိသလို အၾကည့္မလႊဲခ်င္စရာမ်က္ႏွာနဲ႕ အဲ့ဒီခါးေသးေသးေလးကပဲ သူ႕ကို လူတကာက ေငးေနေစတာမ်ိဳး။ အဲ့‌ဒါေၾကာင့္ ဘူတာ႐ုံမွာတုန္းကလို သူ႕ကိုေႏွာင့္ယွက္သူေတြနဲ႕ ထပ္ႀကဳံတာမ်ိဳးျဖစ္မွာကို စိုးရိမ္ေနမိတာပါ။

ပထမ တျဖတ္အေနနဲ႕ Rjiandefossen waterfall နားကေနျဖတ္သန္းသြားရေတာ့ ရထားတြဲတိုင္းလိုလိုကေန ထြက္ျပဴလာၾကတဲ့ ကင္မရာကိုင္ထားတဲ့ လက္ေတြၾကား Poလက္က ထိပ္ဆုံးကပါပဲ။ အာေမဋိတ္သံေပါင္းစုံနဲ႕ ဘာသာစကားမ်ိဳးစုံၾကား ကြၽန္ေတာ့္ေဘးက ေကာင္ေလးအသံကသာ ကြၽန္ေတာ့္အတြက္ အက်ယ္ေလာင္ဆုံးပါပဲ။ ကိုယ့္ကို အားကိုးၿပီး လိုက္လာရတဲ့ ကေလးတစ္ေယာက္က ခုလိုေပ်ာ္ေနတာျမင္ရေတာ့လည္း ပီတိျဖစ္ရပါတယ္။

"ေတာင္တန္းႀကီးေတြနဲ႕ ေရတံခြန္နဲ႕ လွလိုက္တာေနာ္ ပန္းခ်ီကားတစ္ခ်ပ္ကို ၾကည့္ေနရသလိုပဲ"

"Po က ေတာင္ေတြကို သေဘာက်တာလား"

"အင္း...သေဘာက်တယ္ Poအတြက္အလွမ္းေဝးလြန္းလို႔ေလ"

ေတာင္တန္းေတြနဲ႕ ပတ္သက္လို႔ ခံစားခ်က္တစ္ခုခုရွိေနေၾကာင္း သူ႕အသံကေန ကြၽန္ေတာ္ၾကားေနရပါတယ္။ဘာလို႔လဲလို႔ ဆက္ေမးဖို႔ အေတြးရလိုက္ေပမဲ့ သူမေျပာခ်င္တာျဖစ္ေနမွာစိုးလို႔ ဆက္မေမးျဖစ္ေတာ့ပါဘူး။ပထမ‌ေရတံခြန္တစ္ခုက ေန ျဖတ္လာၿပီး သိပ္မၾကာလိုက္ခ်ိန္မွာပဲ ရထားက အရွိန္ေႏွးရင္း ဥဩဆြဲလိုက္သံကို ၾကားရပါသည္။ ကြၽန္ေတာ္ထင္တာမမွားရင္ နာမည္ႀကီး ေရတံခြန္နဲ႕ နီးၿပီထင္တယ္။

"ရထားက ေႏွးလာသလိုပဲေနာ္ ဥဩလည္းဆြဲတယ္ ဘာျဖစ္လို႔လဲ အကို သိလား"

"နာမည္ႀကီး ေရတံခြန္တစ္ခုနားနီးလာလို႔ေနမယ္ အဲ့ေရတံခြန္နာမည္က ဘာပါလိမ့္"

ကိုယ့္မွာ ပါးစပ္ဖ်ားတင္ေမ့ေနလို႔ စဥ္းစားေနတုန္း ရထားစက္ေခါင္းခန္းက အဂၤလိပ္ဘာသာစကားနဲ႕ေၾကညာသံက ရထားတြင္း စပီကာေတြဆီကေန ထြက္ေပၚလာေတာ့သည္။

"ခရီးသည္မ်ားခင္ဗ်ာ မၾကာခင္အခ်ိန္အတြင္းမွာ လူႀကီးမင္းတို႔ ရထားေပၚကေန ဆင္းသက္ၿပီး ေလ့လာၾကည့္ရႈလို႔ရမဲ့ Flåmbanaကို ေရအားလွ်ပ္စစ္ကေန လွ်ပ္စစ္ဓာတ္အားေပးေနတဲ့ Kjosfossen waterfallကို ေရာက္ရွိပါေတာ့မယ္။ ေရတံခြန္ေရွ႕မွာ ရထားရပ္ေပးမွာမို႔ လူႀကီးမင္းတို႔ရထားေပၚကေန ဆင္းသက္ၿပီး ေလ့လာၾကည့္ရႈနိုင္သလို ေရတံခြန္နားက performanceတစ္ခုအဆုံးသတ္တဲ့အခ်ိန္မွာ ရထားေပၚကို ျပန္လည္တက္ေရာက္ေပးဖို႔လည္း ႀကိဳတင္ေမတၱာရပ္ခံပါတယ္ခင္ဗ်ာ"

"ရထားေပၚကေန ဆင္းၾကည့္ရမွာလား ေရတံခြန္ကိုေလ...ေရတံခြန္ေရွ႕မွာ ရထားလမ္းရွိတာလား Woww အမိုက္စားပဲ performance ေတာင္ပါေသးတယ္ဆိုပဲ အကို အဲ့ဒါ ဘယ္လိုperformanceမ်ိဳးလဲ သိလား"

"သိပါ့ဗ်ာ အခုမေျပာျပဘူး ခဏေနျမင္ရမွသာ ၾကည့္ေတာ့ အထူးအဆန္းေလးဆိုတာကေတာ့ ေသခ်ာတယ္"

"Ready ပဲ ရင္ေတြေတာင္ခုန္လာၿပီ Poေလ ေရတံခြန္နား ခုလိုမ်ိဴး နီးနီးကပ္ကပ္တခါမွ မသြားခဲ့ဖူးဘူး အခုသြားရမယ္ဆိုေတာ့ စိတ္လႈပ္ရွားေနၿပီ ပုံလွလွေလးေတြ အမ်ားႀကီး မားအတြက္ ယူသြားလို႔ရေတာ့မယ္"

"အကို႔ကိုေရာ ဓာတ္ပုံ မရိုက္ေပးခ်င္ဘူးလား အသက္ဝင္ေနတဲ့ ဓာတ္ပုံတစ္ပုံေလာက္ေလ snapပဲ ဖမ္းဖမ္း ဘယ္လိုျဖစ္ျဖစ္ေပါ့"

ကြၽန္‌ေတာ့္ကို ဓာတ္ပုံရိုက္ေပးဖို႔ သူ႕ကို ေျပာလိုက္တဲ့အခ်ိန္မွာ သုူ႕မ်က္ႏွာေပၚျဖတ္ေျပးသြားတဲ့ ခံစားခ်က္ကို ဘယ္လိုမွ မဖမ္းဆုပ္လိုက္နိုင္ေပမဲ့ မ်က္ဝန္းညိုေတြ အေရာင္လဲ့သြားတာကိုေတာ့ ေသေသခ်ာခ်ာျမင္ေနရပါသည္။

"ရိုက္ေပးရမွာေပါ့ အကိုရ အကိုေျပာထားၿပီးသားပဲဟာ စိတ္ခ် Poႀကိဳးစားၿပီး ရိုက္ေပးမယ္"

"ေက်းဇူးပါဗ်ာ.... ေဟာ ‌ရထားရပ္ၿပီ Po ...."

ရထားေပၚကေန ခရီးသြားေတြ အလွ်ိုလွ်ိုဆင္းၾကၿပီမို႔ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လည္း ကိုယ္စီဆင္းၾကရတာေပါ့။အတိတ္ေတြကေတာ့ ကြၽန္ေတာ့္အတြက္ လတ္ဆတ္ဆဲျဖစ္သလို ေဘးနားက ေကာက္ေလးရဲ႕ ပစၥဳပၸန္ကလည္း သူ႕အတြက္ေတာ့ အသစ္လြင္ဆုံးျဖစ္ေနမွာပါ။ ရထားေပၚကေန ဆင္းမိတာနဲ႕ အရွိန္အဟုန္ျပင္းစြာ စီးဆင္းေနတဲ့ ေရတံခြန္က ေရမႈန္ေရမႊားတို႔က ေနေရာင္ျခည္ေအာက္မွာ ေ႐ႊမႈန္ေတြအလားပါပဲ။ရထားရပ္ထားတာက လွိုဏ္ေခါင္းတစ္ခုရဲ႕ အဝင္နားမွာျဖစ္ၿပီး ေရတံခြန္ရွိရာအရပ္က မ်က္ေစာင္းထိုးေတာင္ႀကီးကို ထြင္းလို႔လမ္းေဖာက္ထားတာမ်ိဳးေပါ့။

"လွလိုက္တာ အကိုရာ "

လွလိုက္တာလို႔ တဖြဖြေရ႐ြတ္ရင္း ခရီးသြားေတြၾကားတိုးေဝွ႕လို႔ သူဓာတ္ပုံရိုက္ေနတုန္း ကြၽန္ေတာ္လည္း ခင္းေပးထားတဲ့ ေနရာရဲ႕နယ္နိမိတ္အစြန္နားထိတိုးရင္း ေရတံခြန္နဲ႕ နီးနိုင္သမွ် အနီးဆုံးေနရာသို႔သြားကာ မ်က္လုံးမွိတ္ရင္း မ်က္ႏွာကို လာထိစင္တဲ့ေရစက္တို႔ရဲ႕ ေအးျမျခင္းကို သေဘာတက် ခံယူေနလိုက္သည္။ ကိုယ္မ်က္စိမွိတ္ထားတုန္း တီးလုံးသံၾကားရလို႔ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ ရထားျဖတ္သြားမဲ့ လွိုဏ္ေခါင္းရွိရာ ေတာင္ေပၚက လြင့္ပ်ံ့လာတဲ့ အသံျဖစ္ေနသည္။

"အကို ဟိုဟာလား ဟိုက နီနီေလး အဲ့ဒါ ေကာင္မေလးလား"

"ေရာ့ မွန္ေျပာင္း ယူလာတယ္ Po ၾကည့္လို႔ရေအာင္"

"Po အကိုက အဲ့လို အားကိုးရတာ ဟဲဟဲ"

သူ႕လက္ထဲထည့္ေပးလိုက္တဲ့ မွန္ေျပာင္းနဲ႕ သူခဏၾကည့္ၿပီး ကြၽန္ေတာ့္လက္ထဲျပန္ထည့္ေပးလို႔ ကင္မရာနဲ႕ ဓာတ္ပုံေတြတပုံၿပီး တပုံ ရိုက္ယူေနျပန္သည္။ ဓာတ္ပုံရိုက္ေနရင္းနဲ႕ ေျပာတာလည္း ေပါက္ေပါက္ေဖာက္တဲ့ စက္ကေလးလိုပါပဲ။

"အကို သူကေနာ္ ေခ်ာတယ္သိလား ဒါေပမဲ့ အၿမီးႀကီးပါတယ္ ၿပီးေတာ့ ဒီေရတံခြန္မွာ ဘာလို႔ ဒီလို performance လုပ္ေပးတာလဲ အကိုသိလား ဂီတသံေလးကလည္း Norway ရိုးရာတီးလုံးနဲ႕တူတယ္ေနာ္ နားေထာင္ေကာင္းတယ္ Po သိခ်င္တာက သူကဘာလို႔ အၿမီးႀကီးပါတာလဲ ဒီသ႐ုပ္ေဖာ္ထဲက အဲ့လိုမိန္းကေလးက အျပင္မွာတကယ္ရွိတာလား"

"ျဖည္းျဖည္းေျပာပါ Poရယ္ ေျပာင္းဖူးသာရွိရင္ Po ပါးစပ္ထဲ အကို ထည့္လိုက္ၿပီ"

"ဘာလို႔လဲ"

အဲ့လိုေျပာေတာ့ တခါမွမျမင္ဖူးတဲ့ သူ႕ပုံစံေလးကို ျမင္လိုက္ရပါၿပီ။ ဓာတ္ပုံရိုက္ေနရင္းနဲ႕ ဘာလို႔လဲလို႔ ေမးတဲ့မ်က္ႏွာက ႏႈတ္ခမ္းေလးက စူတူတူနဲ႕ ကေလးတစ္ေယာက္အလိုမက်ရင္ ျဖစ္တတ္တဲ့မ်က္ႏွာမ်ိဳးေလးပါ။

"စကားေတြက တရစပ္အရမ္းမ်ားေနေတာ့ ေျပာင္းဖူးသာထည့္လိုက္ရင္ ေျပာင္းဖူးေပါက္ေပါက္ရေလာက္တယ္လို႔ ေတြးမိလို႔ေလ"

ဟားဟားဟား!!!!!!!!

မၿပဳံးဘဲနဲ႕ ဝါးလုံးကြဲ ထရယ္တဲ့ေကာင္ေလးဟာ ခုနကစိတ္ဆိုးခ်င္ေနတာ သူမဟုတ္တဲ့အလားပါပဲ။ဒီေကာင္ေလးရဲ႕ ျဖဴစင္ျခင္းဟာ ေကာင္းကင္ေပၚက တိမ္စိုင္ျဖဴတို႔နဲ႕အၿပိဳင္ ‌အေရွ႕က ေရတံခြန္က အရွိန္အဟုန္နဲ႕ စီးဆင္းေနတဲ့ ေရထုထည္တို႔နဲ႕ အၿပိဳင္ ျဖဴစင္တယ္ လြတ္လပ္တယ္ ခြန္အားရွိတယ္ ၿပီးေတာ့ လွပေနပါေသးတယ္။

"Po အကိုက စကားအရမ္းတတ္တာပဲ ဟားဟား"

"အခုျမင္ေနရတဲ့ အမ်ိဳးသမီးက Norway folklore ေတြထဲက Huldra ဆိုတဲ့ ေတာတြင္းေနသတၱဝါကို အေျခခံၿပီး ကျပ‌‌ေဖ်ာ္ေျဖေနတာပဲ...Huldra က  အမ်ိဴးသားေတြကို ျဖားေယာင္းေသြးေဆာင္နိုင္စြမ္းရွိတယ္  ကခုန္ရတာကို ႏွစ္သက္တယ္ ၿပီးေတာ့ sex ကိုလည္း ႀကိဳက္တယ္ သူ႕ကို seductive forest creatureလို႔ သုံးႏႈန္းၾကတာေလ"

"အဲ့လိုလား creature ကိုး အဲ့ဒါေၾကာင့္ သူ႕မွာအၿမီးႀကီးပါေနတာပဲ ေဟာ ေပ်ာက္သြားၿပီ"

ကျပေဖ်ာ္ေျဖေနတဲ့ Huldra လည္း ေပ်ာက္ တီးလုံးသံလည္းရပ္တာနဲ႕ ခရီးသည္အားလုံး ကိုယ္စီးနင္းရာတြဲအသီးသီးေပၚျပန္တက္လို႔ လူစုံမစုံ တာဝန္ရွိသူတို႔က စစ္ေဆးၿပီးေတာ့မွ ရထားျပန္ထြက္ၾကသည္။ ရထားက Myrdalကို ဦးတည္ေနတဲ့လမ္းမွာလည္း သူ႕ကို ေပါက္ေပါက္ေဖာက္စက္နဲ႕တူတယ္ေျပာလို႔ဆိုၿပီး လက္စားေခ်တာတဲ့ ေျပာလိုက္တဲ့စကားက မရပ္မနားနဲ႕။ ကြၽန္ေတာ္က အၿပဳံးမပ်က္ ေျပာသမွ်နားေထာင္ေနေတာ့ သူကေမးလာသည္။

"အကို နားမညီးဘူးလား"

"မညီးပါဘူး အပ်င္းေတာင္ေျပေသးတယ္"

"Po ကေတာ့ ဝွါးးးး အိပ္ေတာင္အိပ္ခ်င္လာၿပီ"

"မအိပ္နဲ႕ဦး ခဏေန Myrdalေရာက္ေတာ့မွာ အဲ့က်ရင္ Bergenဆက္သြားဖို႔ ရထားေျပာင္းစီးရဦးမယ္"

"ဟုတ္လား အင္းပါ Poက အဲ့လို ရထားေပၚကားေပၚေတြမွာ မအိပ္တတ္ပါဘူး"

ခရီးစဥ္ဆုံးလို႔ ဘူတာေရာက္ေတာ့ လက္မွတ္ဝယ္ၿပီး ခဏနားရင္း ဘူတာ႐ုံက ဘာဂါဆိုင္ကေန ဘာဂါႏွစ္လုံးနဲ႕ အေအးဝယ္လို႔ႏွစ္‌ေယာက္သား ေန႕လည္စာစားရသည္။ ေယာက်ာ္းသားေတြခ်ည္းမို႔ စားေရးေသာက္ေရးလည္း ဇာခ်ဲ့မေနေတာ့ဘူးေလ။ ကိုယ္ကသူ႕အားနာေနေပမဲ့ သူကေတာင္ ကိုယ့္ထက္ပိုႀကိဳက္ေနေသးေတာ့ ဝယ္ေကြၽးရတာလည္း ပီတိျဖစ္စရာပါ။

"Po ကေတာ့ေလ ဒီေရာက္ခါမွ ဘာစားစားႀကိဳက္ေနေတာ့တာပဲ စားသမွ်လည္းအကုန္ဝင္တယ္ရယ္"

"ႀကိဳက္တယ္ဆိုလို႔ဝမ္းသာပါတယ္ဗ်ာ စားစား Po ၿပီးရင္ သန႔္စင္ခန္းေလးဘာေလးႀကိဳဝင္ထား ရထားေပၚေအးေဆးနားလို႔ရေအာင္"

ႏွစ္ေယာက္သားစားေသာက္ၿပီး သန႔္စင္ခန္းဝင္အေပါ့အပါးသြားၿပီး ရထားေပၚေရာက္ေတာ့ Poတို႔ တဝွါးဝွါးျဖစ္ေနၿပီ။

"အိပ္ခ်င္အိပ္ပါ Poရဲ႕ ေရာက္ရင္ အကိုႏွိုးမွာေပါ့"

"အာ ရတယ္ Po မအိပ္တတ္ပါဘူး အကိုရ ရႈခင္းေတြ ဒီေလာက္လွတာကို မေငးဘဲအိပ္ေနရမွာ ႏွေျမာစရာႀကီး"

"ဟုတ္ပါၿပီဗ်ာ"

ရထားစထြက္ကာစေတာ့ သူေခါင္းတလည္လည္ ဟိုၾကည့္ဒီၾကည့္နဲ႕ေပါ့။ သူေငးခ်င္ရာေငးေနတုန္း ကြၽန္ေတာ္လည္း စာအုပ္ေလးထုတ္ဖတ္ေနတုန္း ဘယ္ေလာက္မွမၾကာလိုက္ ပခုံးေပၚယိုင္က်လာတဲ့ ေခါင္းလုံးလုံးေလးေၾကာင့္ ပခုံးကို အသာေလ်ာ့လို႔ ေနာက္ကိုမွီထိုင္ေပးလိုက္သည္။ ရထားေပၚမွာ မအိပ္တတ္တဲ့ေကာင္ေလးက အခုေတာ့ ေအးေအးခ်မ္းခ်မ္းကို အိပ္ေပ်ာ္ေနပါေရာလား။ သူအိပ္ပါေစဆိုၿပီးကိုယ္လည္းစာဖတ္ရင္းနဲ႕ ေစာင့္ေနေပးတာ အခ်ိန္ေတြဘယ္ေလာက္ၾကာသြားလဲေတာင္သတိမထားလိုက္မိပါဘူး။

ပခုံးေပၚကေခါင္းေလးက လႈပ္လာေတာ့ ကြၽန္ေတာ္လည္း ေခါင္းကိုေစာင္းငဲ့အၾကည့္ သူကလည္း အိပ္ခ်င္မူးဝါး႐ုပ္ေလးနဲ႕ ပါးတစ္ဖက္က ကြၽန္ေတာ့္ပခုံးေပၚေမွးတင္ရက္သားနဲ႕ ေခါင္းေလးေမာ့အၾကည့္မွာ ရထားလမ္းေကြ႕တေနရာေၾကာင့္ လူးလြန႔္သြားတဲ့ရထားက  ထိေတြ႕မႈတစ္ခုကို မေမွ်ာ္လင့္ဘဲ ဖန္တီးျဖစ္ေပၚေစပါသည္။ ကမာၻေလာက ႏွစ္ခု တၿပိဳင္တည္း ရပ္တန႔္သြားေစမဲ့ ထိေတြ႕မႈေပါ့။ လူးလြန႔္သြားတဲ့ရထားက သူနဲ႕ ကြၽန္ေတာ့္ရဲ႕ နီးစပ္ေနတဲ့ ႏႈတ္ခမ္းႏွစ္ခုကို ထိေတြ႕မႈဆီ အသြင္ကူးေျပာင္းေပးလိုက္တာပါ။

သူေရာကြၽန္ေတာ္ပါ ဒီအခိုက္အတန႔္ေလးမွာ  ပိတ္မိေနၾကတယ္... ႏူးညံ့စြာနဲ႕ေပါ့....

Pk🐧
22/3/23

Updateၾကာသြားလို႔ အားနာပါတယ္ စာဖတ္သူတို႔ေရ😁
Kosက ဖတ္ရတာ ပ်င္းစရာေကာင္းမွန္း ကိုယ္တိုင္လည္းသိပါတယ္။ ခရီးသြားမွတ္တမ္းတစ္ခုလို ျပင္ပကအခ်က္အလက္ေတြပါ ထည့္ေရးထားတာမို႔ ရွာရေဖြရ လမ္းေၾကာင္းေတြၾကည့္ရနဲ႕ မင္updateက အရမ္းေတာ့ မျမန္န္ုင္ပါဘူး။ ခံစားခ်က္ေတြ ၿငိမ့္ၿငိမ့္ေလးစီးေမ်ာခ်င္တဲ့အခါ ကိုယ္တိုင္ခရီးတစ္ခုသြားရသလို ခံစားခ်င္တဲ့အခါ ဖတ္လို႔ရေအာင္ေရးတဲ့အမွတ္တရ ficေလးပါလို႔။

Continue Reading

You'll Also Like

189K 3.9K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
271K 9.3K 106
She was a capitol elite. He was the youngest victor in history. Their friendship was frowned upon, but their love was forbidden. Extended Summary Ins...
137K 4.9K 39
โ if I knew that i'd end up with you then I would've been pretended we were together. โž She stares at me, all the air in my lungs stuck in my throat...
1.9M 85.5K 192
"Oppa", she called. "Yes, princess", seven voices replied back. It's a book about pure sibling bond. I don't own anything except the storyline.