Unicode
နောက်ဆုံးအကြိမ်အထိ လက်လျော့မပေးသည့် အမတ်မင်းများက မိဖုရားတင်မြှောက်ရေးကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အကောင်အထည်ဖော်လာသည်။
ထိမ်းမြားပွဲချက်ချင်းမလုပ်သေးသော်ငြား မင်နိုင်ငံကိုသွားဖို့အကြောင်းတရားကလည်း ရှိသေးသည်မို့ ထယ်ယောင်းခေါင်းမာစွာငြင်းပယ်လို့လည်း မဖြစ်တော့ပေ။
ထိုအဖိုးအိုကြီးများ၏ ကောက်ကျစ်မှုဟာ ဘယ်အတိုင်းအတာအထိ ရှိနေနိုင်မည်မသိရသည်မို့ မိဖုရားတင်မြှောက်ရေးကို လက်ခံရတော့မည်။
မိမိအဖြေအားစောင့်မျှော်နေကြသည့် အမတ်မင်းများ၏ မျက်နှာမှာ ခြိမ်းခြောက်မှုတွေပါဝင်နေသယောင် ။ မသိမသာ သက်ပြင်းချရင်း
''ကောင်းပြီ...။ ကိုယ်တော်လက်ခံမယ် ။ ''
''မင်နိုင်ငံကိုသွားရောက်ပြီးတာနဲ့ ဒီအရေးကိုအကောင်အထည်ဖော်သင့်ပါတယ် မင်းကြီး''
အကြံပေးသလိုနဲ့ ခိုင်းစေနေသည့် စကားများအပေါ် ဒေါသထွက်မိနေလည်း စိတ်ကိုထိန်းကာနေရသည်။ အာဏာတစ်ခုသာရှိပြီး လက်နက်အင်အား၊လူအင်အားနည်းနေသေးသည့် သူ့အတွက် ထိုလူများနဲ့ထိပ်တိုက်မဖြစ်စေဖို့ ရှောင်ရှားရပေမည်။
လက်ဝဲအမတ်ကြီးကတော့ မျက်ခုံးနှစ်ဖက်စုကျုံ့ကာ အလိုမကျဖြစ်နေသည့် မင်းကြီးကိုကြည့်ရင်း ခနဲ့ပြုံးပြုံးနေ၏
ထိုရိုင်းစိုင်းသည့်အပြုအမူအပေါ် လက်သီးတင်းတင်းဆုပ်လိုက်ရင်းသာ ဒေါသကိုထိန်းထားရသည်။
''မောင်မင်းတို့ စီစဥ်ထားလိုက်ပါ။
ရုံးတော်ဒီလောက်နဲ့ အဆုံးသတ်မယ်။''
သည်နေရာကနေ အမြန်ဆုံးထွက်ခွာရန် လိုအပ်နေသည်မို့ ထယ်ယောင်းခပ်မြန်မြန်ပင် ထွက်ခဲ့လိုက်ပါသည်။
ခပ်လှမ်းလှမ်းရောက်မှ အထိန်းတော် မိန်းမစိုးတို့အား စောင့်ဆိုင်းရင်း ရုံးတော်ရှေ့မှအမတ်အိုကြီးများကို ကြည့်လိုက်မိသည်။
ပြုံးနေသည့် ထိုမျက်နှာများအား ဓားဖြင့်မွှန်းပစ်ချင်သည့်စိတ်ကို ချိုးနှိမ်ရင်း ဒေါသတွေကို လေပူအဖြစ်သာ မှုတ်ထုတ်လိုက်ရသည်။
''မင်းကြီး...ယွန်းရွာက မိတ်ဆွေတစ်ဦးရောက်နေပါတယ်''
ဂျီမင်း၏အသိပေးစကားကြောင့် ဒေါသကိုပင်မေ့လျော့သွားရကာ
''ဘယ်မှာနေရာပေးခဲ့လဲ။အတွင်းဝန်တွေသိသွားလို့ မဖြစ်ချေဘူး။''
''နန်းတော်ဥယျာဥ်တွင်းမှာရှိပါတယ်။''
ထို့နောက် အထိန်းတော်နှင့်ရံရွေတော်တချို့ကို နေခဲ့စေကာ ဥယျာဥ်တော်အတွင်းကို ဂျီမင်းနဲ့သာဝင်ခဲ့လိုက်သည်။
''မင်းကြီး...ကျန်းမာပါရဲ့လား''
ဖြူအုအုလူရွယ်က ချိုသာသောအပြုံးဖြင့် နှုတ်ဆက်ခြင်းရှိလာသည်။
ပိုးသားတွေလိုတောက်ပြောင်မနေသော်လည်း အဆင်းကြောင့်တောက်ပနေသည့်ထိုလူမှာ ချည်သားအရောင်နွမ်းနွမ်း အင်္ကျီနှင့်တောင် သားနားလွန်းသည့်အသွန်ရှိပေသည်။
''နောင်တော်ဆော့ဂျင် ယွန်းဒေသလုံခြုံရဲ့လား''
သက်တော်ငယ်ရွယ်သလောက် တိုင်းပြည်တာဝန်အသီးသီးပိနေသည့် ကလေးအား ဆော့ဂျင်ကြည့်ကာ စိတ်မကောင်းဖြစ်ရသော်လည်း ဒါတွေဟာ ရေမြေ့သခင်မင်းကြီးဖြစ်တဲ့ သူ့အလုပ်ပေမို့ ကရုဏာစိတ်ကလေးကိုလည်း ဖော်ပြလို့ကမဖြစ်ချေ...။
စကားပလ္လင်တောင်ခံမနေပဲ ဆိုလိုသည်ကို မေးပုံထောက်ရင် အလျင်လိုနေပုံပဲမို့
''အထောက်တော်တွေက အခွန်တွေတိုးကောက်နေပြီး မပေးရင်လည်း လယ်မြေတွေကိုဖျက်စီးနေကြပါတယ်။အဆိုးဆုံးကတော့ ကျွန်လုပ်ဖို့ဆွဲခေါ်ကြတာတွေပါပဲ။''
ထယ်ယောင်း လက်သီးတင်းတင်းဆုပ်လိုက်မိကာ
''လက်ဝဲရာအမတ်ရဲ့လူတွေပဲလား ''
''ဒီတစ်ခါတော့ သူမဟုတ်ဘူး ။ ဘွားတော်မိဖုရားဟောင်းရဲ့သား နယ်ငယ်တွေမှာတာဝန်ကျနေတဲ့အမတ်ဝမ်ပါ။ ''
''မင်းကြီး...ပြောရမှာတော့စိုးရွံ့မိပါတယ်''
''အမတ်ဝမ်က အလောင်းကစားအပေါ်အစွဲကြီးနေပါတယ်''
''ကျစ်...''
လက်ဝဲရာအမတ်မင်းနဲ့မယှဥ်နိုင်သလို ဘွားတော်အမြင်မကြည်အောင်လည်း မနေသင့်သည်မို့ စဥ်းစားရကြပ်လှသည်။
''အကြံအစည်ထဲ ဘွားတော်ကိုမထည့်ချင်ဘူး။ဘွားတော်ဟာ မြေးဖြစ်တဲ့ကိုယ်တော့်ကိုဘယ်လောက်ချစ်ချစ် သူ့သွေးသားထက်တော့ပိုစရာမရှိဘူး။ ဒီကိစ္စကိုအရေးအရာယူလိုက်ရင်လည်း ဘွားတော်နဲ့ကိုယ်တော့်ကြား ရန်စမီးထွန်းလိုက်သလိုဖြစ်သွားတော့မှာ။''
''နောက်...အရေးအရာမယူပြန်ရင်လည်း သည်လူ့လက်ချက်နဲ့ရွာငယ်က ဖရိုဖရဲဘဝကနေ ပျက်စီးပေတော့မယ်။မဖြစ်သေး....။''
တွေးတောရခက်နေသည့် ဝမ်းကွဲသွေးသားအား ဆော့ဂျင်ကရုဏာသက်မိသည်။
ဆယ့်ရှစ်အရွယ်ဟာ ပညာစုံသင်ပြိီးချိန်တောင်မဟုတ်ချေသေးတော့ ရှေ့ဆက်ရင်ဆိုင်ရမည့်အခက်အခဲများမှာ ထိုကလေးအတွက်တော့ ခက်ခဲကြမ်းတမ်းဖို့သာ ကျန်ရော့မည်။
''နောင်တော်...ယွန်းဒေသအတွက် ကိုယ်တော်လူတစ်ယောက်လွှတ်လိုက်ပါ့မယ်။ ရိက္ခာအလုံအလောက်လည်းထည့်ပေးလိုက်မယ်။ ဝေမျှစားသောက်ထားကြပါ။ သည်လူမှမရရင် ကိုယ်တော်ကိုယ်တိုင်လာရောက်နိုင်ဖို့အထိ ကြံစည်ကြည့်မယ်။''
''မင်းကြီးကိုထိခိုက်မည့်အရေးဆို အရဲမစွန့်လည်းရပါတယ်ဘုရား။ ''
''ဘာမှမလုပ်ရပဲတော့ နောက်မဆုတ်ချင်ဘူး။လုပ်နိုင်သမျှနဲ့ ရင်ဆိုင်မယ် နောင်တော်''
ပြတ်သားခိုင်မာလှသည့်ဆုံးဖြတ်ချက်ကို လေးစားစွာပဲ ဆော့ဂျင်ဘာမျှထပ်မပြောတော့ကာ လက်လျော့လိုက်၏ ။
ယွန်းဒေသဟာ ဂျိုဆွန်းနှင့်လှမ်းသည်မို့ ဆော့ဂျင်ကိုလည်း မှာသင့်တာမှာ ပေးသင့်တာပေးပြီး ညတွင်းချင်းပြန်လွှတ်ရ၏ ။
ထို့နောက်တွင်တော့ ပူပန်များနှင့် တစ်ညတာကို ထယ်ယောင်းကုန်ဆုံးရပြန်သည်။
မနက်ဖြန်ဟာ မင်နိုင်ငံသို့သွားရောက်ရမည့်နေ့ပင်။
စားပွဲပေါ်က ပန်းကလေးဟာလည်းနွမ်းနေသလို မျှော်လင့်ချက်ဟာလည်း သေဆုံးလုနီးပါးဖြစ်ချေပြီ။
ဘုရင်တစ်ပါးအတွက် ချစ်ခြင်းမေတ္တာကတောင် ပေးဆပ်ဖို့ခက်လှသလား အသင်ရယ်။
တစ်စုံတစ်ဦးကို လွမ်းဆွတ်ရင်းအိပ်စက်ရခြင်းညတွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ခြင်း မရှိခဲ့သည်ကိုတော့ ထယ်ယောင်းနားလည်လက်ခံလာမိသည်။
ရှည်လျားသော ညတာကို ဒီနေ့မှာလည်း
လမင်းကြီးဟာ ကျွန်ုပ်ရဲ့အဖော်အဖြစ် ဖြတ်သန်းပေးပါသည်။
.
''ဂျီမင်းကို ထားခဲ့ပါမင်းကြီး''
ခရီးသွားဖို့အတွက် မယုံရသည့် စစ်သည်ရဲမက်များတောင် အလုံအလောက်မထည့်ပေးသည့်အပြင် ကိုယ်ပိုင်သက်တော်စောင့်ဖြစ်သည့် ဂျီမင်းကိုပါထားခဲ့ရန် လျှောက်လာသည်မို့ ထယ်ယောင်း ဒေါသထွက်လာမိသည်။
ဒီလူအိုကြီးတွေ ဒါတောလွန်လွန်းလာပြီ။
''မောင်မင်းတို့ ကိုယ်တော့်အပေါ်ဘာမကျေနပ်ချက်နဲ့ အခုလိုလုပ်နေကြတာလဲ''
''မင်းကြီးကငယ်ရွယ်ဖြတ်လတ်ပြီးသားအရွယ်ပါ။နောက်ပြီး သက်တော်စောင့်နဲ့စစ်သည်ဗိုလ်ပါ တပျော်တပါးကြီးခေါ်စရာမလိုအောင်လည်း တိုက်ရည်ခိုက်ရည် ကျွမ်းကျင်ပြီးသားပဲမဟုတ်ပေဘူးလား။ ဒီတော့ ဂျီမင်းကိုထားခဲ့လို့လည်း ထွေထူးသွားမှာရှိမလာပါဘူး။''
ချီးမွမ်းသလိုနဲ့ အကောင်းပြောပေးလည်း အကြံအစည်များပြားလာသည့် ထိုလူတွေထယ်ယောင်းမယုံ ။ အသက်သေဆုံးမည့်အရေးကြောက်ရွံ့မိခြင်းမရှိပေမယ့် မိဘများအတွက်နာမည်ကောင်းနှင့် တိုင်းသူပြည်သားများ၏ လိုအပ်ချက်များကိုမဖြည့်ဆည်းနိုင်သေးသည့် ယခုလိုအချိန်မှာတော့ သူတစ်ခုခုလက်ချော်ခြေချော်ဖြစ်သွားလို့မဖြစ်ပါ။
နောက်...ထိုလူအိုများ၏ စကားကိုဒီတစ်ခါလည်း ထပ်နားထောင်မိလျှင် နောက်နောင်ပို၍ ဆိုးလာနိုင်သည်မို့ ထယ်ယာင်း ဂျီမင်းကိုအပါခေါ်ခဲ့သည်။
''ဂျီမင်းလိုက်ခဲ့''
''သွားမယ်''
''မင်းကြီး...ကျွန်တော်မျိုးတို့စကားကိုလစ်လျူမရူပါနဲ့''
မြေကြီးမှာဝပ်တွားကာ တားဆီးကန်တော့နေကြသည့် အမတ်မင်းများကိုကွေ့ပတ်ကာ ရှောင်လိုက်ပြီး စီးတော်မြင်းကို ဦးတည်ချက်ပြောင်းလိုက်သည်။
''ခါးကြိုးအောင်သာကန်တော့ကြ..။ဒီတစ်ခုလိုက်လျောလိုက်ရင် တသတ်လုံးသူတို့လက်အောက်ခံဖြစ်မှာ ''
''စိတ်လျော့ပါ မင်းကြီး''
ဂျီမင်းစကားကို ပြည်သူတွေရှိရာငေးကြည့်ပြီးနောက်
''ဒီထက်လျော့ရရင် သေပေးလိုက်ဖို့ပဲကျန်မယ်''
''အဲ့လိုမပြောပါနဲ့ဘုရား''
ထယ်ယောင်းထံမှတုန့်ပြန်စကားမကြားရတော့ပဲ မြင်းကိုသာအာရုံစိုက်မောင်းနှင်နေ၏ ။
ဂျီမင်းကတော့ တောလမ်းဖြတ်ချိန်မို့ မျက်စိလျင်လျင်ထားကာ ထယ်ယောင်းဘေးနားထပ်ကြပ်မကွာလိုက်ပါခဲ့သည်။
အတန်ကြာခရီးနှင်ပြီးနောက်တွင်တော့ မင်နိုင်ငံနှင့်ဂျိုဆွန်းပြည်ခြား မြစ်ဆီသို့ရောက်လာခဲ့လေပြီ။
ပေးအပ်ရမည့်လက်ဆောင်ပဏ္ဍာများကို ဦးစွာတင်ပြီးနောက်တွင်တော့ စစ်သည်များကိုလည်းအခေါ်မပြုတော့ပဲ ဂျီမင်းနှင့်နှစ်ယောက်ထဲသွားဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
''ရေတစ်ဖက်ကူးပြီးရင် မင်နိုင်ငံရောက်ပါပြီ''
''ကောင်းပြီ''
မြစ်ကရှည်လျားလှပေမယ့် အတွေးများနေသည့်ထယ်ယောင်းအတွက်တော့ ခဏလေးဆိုသလို ရောက်ရှိသွားသလိုခံစားမိလိုက်၏
''မင်နိုင်ငံရောက်ပါပြီ မင်းကြီး''
ကမ်းမကပ်ခင်ကတည်းက လှုပ်ရှားနေသည့်နှလုံးသား...။
ကတိပေးခဲ့သူဟာရော ကမ်းစပ်မှာရှိလို့နေမလား။ ကိုယ်ကပဲမှတ်မိနေသည်လား။မချင့်မရဲစိတ်ဖြင့် ကမ်းကိုငေးကြည့်တော့ ခုန်ပေါက်လှုပ်ရှားလာသည့် နှလုံးခုန်သံ။
နှလုံးသားဟာသူ့ပိုင်ရှင်ကိုသိနေခဲ့ပါ၏ ။
ပိုင်ရှင်ဟာလည်းကတိတည်နေခဲ့ပါ၏ ။
''မင်းကြီး''
ဦးညွှတ်ကာအရိုအသေပေးရင်း ကမ်းတစ်ဖက်ကိုတက်ရန် လက်ကမ်းကာ ကြိုဆိုနေ၏။
ထယ်ယောင်းထိုလက်ကလေးကိုဆုပ်ကိုင်ကာ တစ်ဖက်ကိုတက်ခဲ့သည်။
အချိန်ဟာခဏတာဆိုပေသိ...လက်ဖျားအထိအတွေ့ထဲ ကျွန်တော်ဟာ ဘဝပေါင်းများစွာနစ်မျောခဲ့ရသလို။
သတိဝင်ချိန်မှာတော့ ထိုအထိအတွေ့လေးဟာ ကင်းကွာသွားရပြီ။
လစ်ဟာသွားသည့်နှလုံးသားကိုလစ်လျူရူလိုက်ပြီး
''အသင်ကတိတည်သားပဲ''
''ရေခရီးကအဆင်ပြေရဲ့လား မင်းကြီး''
''အော...ကိုယ်တော်အတွက် နှစ်သက်စရာဖြစ်ခဲ့ပါတယ်''
ဂျောင်ဂုခေါ်ဆောင်ရာကို နှစ်ဦးလုံးလိုက်ခဲ့ပေမယ့် နန်းတော်ဘက်ဦးတည်သည့်လမ်းမှာတော့
''ခဏလေး ဂျောင်ဂု...ကျွန်ုပ် မနက်ဖြန်မှနန်းတော်ထဲသွားမယ်။ ဒါကြောင့်ဒီနေ့အတွက် တည်းခိုစရာရှာပေးနိုင်မလား။''
ထယ်ယောင်းစကားကို ဂျောင်ဂုကာပြုံးပြကာ လက်ခံရင်း
''ရကြောင်းပါ''
''လိုက်ခဲ့ပါ ''
နန်းတော်နှင့်ဆန့်ကျင်ဘက်ဖြစ်သည့် လမ်းကိုဦးဆောင်ကာခေါ်ဆောင်ပေးသည့် ဂျောင်ဂု။
ဂျိုဆွန်းမှာထပ် တောက်ပြောင်ပုံရသည့်လူအတော်အများနှင့် မြေပေါ်ချခင်းစျေးသည်များထက် ဆိုင်ကြီးဆိုင်ခန်းများသာ များပြားသည်။
ပုံမှန်ဖြစ်စေမည့် အဝတ်အစားတို့အားလဲလှယ်ပြီးမှ ထယ်ယောင်းခရီးကိုဆက်လိုက်သည်။
ဘယ်နိုင်ငံဘယ်အရပ်ဌာနေဖြစ်ဖြစ် သတိဝီရိယကတော့ ထားနေရဆဲ
နန်းတော်နှင့်အလှမ်းဝေးလာပြီးနောက် ဝါးရုံပင်များအုံ့စိုင်းနေသည့် လမ်းကိုဖြတ်လျှောက်ပြီးနောက် နေဝင်ဆည်းဆာရောင် ပန်းပွင့်များခြုံလွှမ်းနေသည့် ခြံဝန်းကျယ်တစ်ခုဆီ ရောက်ရှိခဲ့လေပြီ။
''ဒါက ကျွန်တော်မျိုးရဲ့ အိမ်နေရာပါ။လွတ်လွတ်လပ်လပ်နေနိုင်ပါတယ်''
''ကျေးဇူးပါပဲ''
ထယ်ယောင်းကတော့ တစ်ခြံဝန်းလုံးအပြည့်ပန်းပွင့်များကိုကြည့်ရင်း သဘောတကျ။
''ဘယ်သူတွေလဲ ''
ပိုးဖဲကတ္ထီပါသားများဆင်ယင်ထားသော်လည်း နွမ်းလျလျဟန်ရှိသည့်အမျိုးသမီးတစ်ဦး အိမ်ထဲကထွက်လာပြီး အမေးရှိလာတော့၏ ။
ဂျောင်ဂုက မိခင်ဖြစ်သူအနားကပ်ကာ
''ဂျိုဆွန်းဘုရင်''
''အမလေး...မင်းကြီးကိုအရိုအသေပေးပါတယ်''
ဂျိုဆွန်းပြည်သူဖြစ်ခဲ့ဖူးသည့် အမျိုးသမီးမှာ ကြမ်းပြင်မှာဝပ်တွားခယရင်း အရိုအသေပေးလာသည်နှင့် ထယ်ယောင်းက ချက်ချင်းထူမပေးကာ
''ရပါတယ် သက်သာသလိုနေပါ ။
တစ်ညတာလည်းခိုနားခွင့်ပေးပါ။''
ရည်မွန်လှသည့်ကလေးငယ်ဟာ မင်းဂုဏ်ထက် လူမှုရေးအရာတွင် ချိုသာကြည်လင်ခြင်းမှာ ပိုသာ၏
''မဟုတ်တာပါရှင်။အနားယူပါရှင့် လွတ်လွတ်လပ်လပ်သာနေပါရယ်''
''နှစ်ဦးလုံးကိုကျေးဇူးတင်ပါတယ်''
သိတတ်စထဲက အများသူငှာအရိုအသေပေးခြင်းသာခံခဲ့ရသူမို့ ကျေးဇူးစကားကိုလည်း ပျူပျူငှာငှာမရှိလှပေမယ့် ဂျောင်ဂုနှင့်ဂျောင်ဂု၏မိခင်မှာ ထယ်ယောင်း၏စိတ်ရင်းကို ခံစားမိကြပါ၏
ပြီးနောက် ဂျောင်ဂုက ထယ်ယောင်းတည်းခိုနိုင်ရန် ခန်းဆောင်ကိုခပ်မြန်မြန်ပြင်ဆင်ပေးပြီး နေရာပေးသည်။
ထယ်ယောင်း၏ခန်းဆောင်ထဲ လိုက်ဝင်လာသည့် ဂျီမင်းကိုမြင်တော့ ဂျောင်ဂုတစ်ခုကိုအလျင်အမြန်ပြောမိလိုက်သည်။
''သူ့အတွက်တစ်ခန်းပြင်ပေးရမလား''
ထယ်ယောင်းက ဂျောင်ဂုမျက်နှာကိုအကဲခတ်ရင်း ပြုံးစစလေးလုပ်ကာ ခေါင်းခါပြရင်း
''သူက ကျွန်ုပ်နဲ့အတူနေမှဖြစ်မယ်''
''ဟုတ်ကဲ့ပါ''
ဖျော့တော့လှသည့်အသံနှင့်ပြောလာသည့် ဂျောင်ဂုကိုကြည့်ကာ ထယ်ယောင်းပြုံးလိုက်မိသည်။
အနည်းဆုံးတော့ ကျွန်ုပ်၏မေတ္တာသက်ဝင်ခြင်းဟာ တစ်ဖတ်တည်းက မဟုတ်ခဲ့ဘူးပဲ...။
...............................
July 9,2023.
Sunday 10:00Am.
ရေးလက်စလေးရှိထားလို့ ဒါလေးကိုupပေးတာပါ ။နောက်ထပ် updateကတော့ ကြာပါအုံးမယ်။
ဖတ်ပေးကြတဲ့တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်
ဆက်လက်ကြိုးစားလျက် 💜
Zawgyi
ေနာက္ဆုံးအႀကိမ္အထိ လက္ေလ်ာ့မေပးသည့္ အမတ္မင္းမ်ားက မိဖုရားတင္ျမႇောက္ေရးကို မျဖစ္ျဖစ္တဲ့နည္းနဲ႕ အေကာင္အထည္ေဖာ္လာသည္။
ထိမ္းျမားပြဲခ်က္ခ်င္းမလုပ္ေသးေသာ္ျငား မင္နိုင္ငံကိုသြားဖို႔အေၾကာင္းတရားကလည္း ရွိေသးသည္မို႔ ထယ္ေယာင္းေခါင္းမာစြာျငင္းပယ္လို႔လည္း မျဖစ္ေတာ့ေပ။
ထိုအဖိုးအိုႀကီးမ်ား၏ ေကာက္က်စ္မႈဟာ ဘယ္အတိုင္းအတာအထိ ရွိေနနိုင္မည္မသိရသည္မို႔ မိဖုရားတင္ျမႇောက္ေရးကို လက္ခံရေတာ့မည္။
မိမိအေျဖအားေစာင့္ေမွ်ာ္ေနၾကသည့္ အမတ္မင္းမ်ား၏ မ်က္ႏွာမွာ ၿခိမ္းေျခာက္မႈေတြပါဝင္ေနသေယာင္ ။ မသိမသာ သက္ျပင္းခ်ရင္း
''ေကာင္းၿပီ...။ ကိုယ္ေတာ္လက္ခံမယ္ ။ ''
''မင္နိုင္ငံကိုသြားေရာက္ၿပီးတာနဲ႕ ဒီအေရးကိုအေကာင္အထည္ေဖာ္သင့္ပါတယ္ မင္းႀကီး''
အႀကံေပးသလိုနဲ႕ ခိုင္းေစေနသည့္ စကားမ်ားအေပၚ ေဒါသထြက္မိေနလည္း စိတ္ကိုထိန္းကာေနရသည္။ အာဏာတစ္ခုသာရွိၿပီး လက္နက္အင္အား၊လူအင္အားနည္းေနေသးသည့္ သူ႕အတြက္ ထိုလူမ်ားနဲ႕ထိပ္တိုက္မျဖစ္ေစဖို႔ ေရွာင္ရွားရေပမည္။
လက္ဝဲအမတ္ႀကီးကေတာ့ မ်က္ခုံးႏွစ္ဖက္စုက်ဳံ႕ကာ အလိုမက်ျဖစ္ေနသည့္ မင္းႀကီးကိုၾကည့္ရင္း ခနဲ႕ၿပဳံးၿပဳံးေန၏
ထိုရိုင္းစိုင္းသည့္အျပဳအမူအေပၚ လက္သီးတင္းတင္းဆုပ္လိုက္ရင္းသာ ေဒါသကိုထိန္းထားရသည္။
''ေမာင္မင္းတို႔ စီစဥ္ထားလိုက္ပါ။
႐ုံးေတာ္ဒီေလာက္နဲ႕ အဆုံးသတ္မယ္။''
သည္ေနရာကေန အျမန္ဆုံးထြက္ခြာရန္ လိုအပ္ေနသည္မို႔ ထယ္ေယာင္းခပ္ျမန္ျမန္ပင္ ထြက္ခဲ့လိုက္ပါသည္။
ခပ္လွမ္းလွမ္းေရာက္မွ အထိန္းေတာ္ မိန္းမစိုးတို႔အား ေစာင့္ဆိုင္းရင္း ႐ုံးေတာ္ေရွ႕မွအမတ္အိုႀကီးမ်ားကို ၾကည့္လိုက္မိသည္။
ၿပဳံးေနသည့္ ထိုမ်က္ႏွာမ်ားအား ဓားျဖင့္မႊန္းပစ္ခ်င္သည့္စိတ္ကို ခ်ိဳးႏွိမ္ရင္း ေဒါသေတြကို ေလပူအျဖစ္သာ မႈတ္ထုတ္လိုက္ရသည္။
''မင္းႀကီး...ယြန္း႐ြာက မိတ္ေဆြတစ္ဦးေရာက္ေနပါတယ္''
ဂ်ီမင္း၏အသိေပးစကားေၾကာင့္ ေဒါသကိုပင္ေမ့ေလ်ာ့သြားရကာ
''ဘယ္မွာေနရာေပးခဲ့လဲ။အတြင္းဝန္ေတြသိသြားလို႔ မျဖစ္ေခ်ဘဴး။''
''နန္းေတာ္ဥယ်ာဥ္တြင္းမွာရွိပါတယ္။''
ထို႔ေနာက္ အထိန္းေတာ္ႏွင့္ရံေ႐ြေတာ္တခ်ိဳ႕ကို ေနခဲ့ေစကာ ဥယ်ာဥ္ေတာ္အတြင္းကို ဂ်ီမင္းနဲ႕သာဝင္ခဲ့လိုက္သည္။
''မင္းႀကီး...က်န္းမာပါရဲ႕လား''
ျဖဴအုအုလူ႐ြယ္က ခ်ိဳသာေသာအၿပဳံးျဖင့္ ႏႈတ္ဆက္ျခင္းရွိလာသည္။
ပိုးသားေတြလိုေတာက္ေျပာင္မေနေသာ္လည္း အဆင္းေၾကာင့္ေတာက္ပေနသည့္ထိုလူမွာ ခ်ည္သားအေရာင္ႏြမ္းႏြမ္း အကၤ်ီႏွင့္ေတာင္ သားနားလြန္းသည့္အသြန္ရွိေပသည္။
''ေနာင္ေတာ္ေဆာ့ဂ်င္ ယြန္းေဒသလုံၿခဳံရဲ႕လား''
သက္ေတာ္ငယ္႐ြယ္သေလာက္ တိုင္းျပည္တာဝန္အသီးသီးပိေနသည့္ ကေလးအား ေဆာ့ဂ်င္ၾကည့္ကာ စိတ္မေကာင္းျဖစ္ရေသာ္လည္း ဒါေတြဟာ ေရေျမ့သခင္မင္းႀကီးျဖစ္တဲ့ သူ႕အလုပ္ေပမို႔ က႐ုဏာစိတ္ကေလးကိုလည္း ေဖာ္ျပလို႔ကမျဖစ္ေခ်...။
စကားပလႅင္ေတာင္ခံမေနပဲ ဆိုလိုသည္ကို ေမးပုံေထာက္ရင္ အလ်င္လိုေနပုံပဲမို႔
''အေထာက္ေတာ္ေတြက အခြန္ေတြတိုးေကာက္ေနၿပီး မေပးရင္လည္း လယ္ေျမေတြကိုဖ်က္စီးေနၾကပါတယ္။အဆိုးဆုံးကေတာ့ ကြၽန္လုပ္ဖို႔ဆြဲေခၚၾကတာေတြပါပဲ။''
ထယ္ေယာင္း လက္သီးတင္းတင္းဆုပ္လိုက္မိကာ
''လက္ဝဲရာအမတ္ရဲ႕လူေတြပဲလား ''
''ဒီတစ္ခါေတာ့ သူမဟုတ္ဘူး ။ ဘြားေတာ္မိဖုရားေဟာင္းရဲ႕သား နယ္ငယ္ေတြမွာတာဝန္က်ေနတဲ့အမတ္ဝမ္ပါ။ ''
''မင္းႀကီး...ေျပာရမွာေတာ့စိုး႐ြံ႕မိပါတယ္''
''အမတ္ဝမ္က အေလာင္းကစားအေပၚအစြဲႀကီးေနပါတယ္''
''က်စ္...''
လက္ဝဲရာအမတ္မင္းနဲ႕မယွဥ္နိုင္သလို ဘြားေတာ္အျမင္မၾကည္ေအာင္လည္း မေနသင့္သည္မို႔ စဥ္းစားရၾကပ္လွသည္။
''အႀကံအစည္ထဲ ဘြားေတာ္ကိုမထည့္ခ်င္ဘူး။ဘြားေတာ္ဟာ ေျမးျဖစ္တဲ့ကိုယ္ေတာ့္ကိုဘယ္ေလာက္ခ်စ္ခ်စ္ သူ႕ေသြးသားထက္ေတာ့ပိုစရာမရွိဘူး။ ဒီကိစၥကိုအေရးအရာယူလိုက္ရင္လည္း ဘြားေတာ္နဲ႕ကိုယ္ေတာ့္ၾကား ရန္စမီးထြန္းလိုက္သလိုျဖစ္သြားေတာ့မွာ။''
''ေနာက္...အေရးအရာမယူျပန္ရင္လည္း သည္လူ႕လက္ခ်က္နဲ႕႐ြာငယ္က ဖရိုဖရဲဘဝကေန ပ်က္စီးေပေတာ့မယ္။မျဖစ္ေသး....။''
ေတြးေတာရခက္ေနသည့္ ဝမ္းကြဲေသြးသားအား ေဆာ့ဂ်င္က႐ုဏာသက္မိသည္။
ဆယ့္ရွစ္အ႐ြယ္ဟာ ပညာစုံသင်ပြိီးချိန်တောင်မဟုတ်ချေသေးတော့ ေရွ႕ဆက္ရင္ဆိုင္ရမည့္အခက္အခဲမ်ားမွာ ထိုကေလးအတြက္ေတာ့ ခက္ခဲၾကမ္းတမ္းဖို႔သာ က်န္ေရာ့မည္။
''ေနာင္ေတာ္...ယြန္းေဒသအတြက္ ကိုယ္ေတာ္လူတစ္ေယာက္လႊတ္လိုက္ပါ့မယ္။ ရိကၡာအလုံအေလာက္လည္းထည့္ေပးလိုက္မယ္။ ေဝမွ်စားေသာက္ထားၾကပါ။ သည္လူမွမရရင္ ကိုယ္ေတာ္ကိုယ္တိုင္လာေရာက္နိုင္ဖို႔အထိ ႀကံစည္ၾကည့္မယ္။''
''မင္းႀကီးကိုထိခိုက္မည့္အေရးဆို အရဲမစြန့္လည္းရပါတယ္ဘုရား။ ''
''ဘာမွမလုပ္ရပဲေတာ့ ေနာက္မဆုတ္ခ်င္ဘူး။လုပ္နိုင္သမွ်နဲ႕ ရင္ဆိုင္မယ္ ေနာင္ေတာ္''
ျပတ္သားခိုင္မာလွသည့္ဆုံးျဖတ္ခ်က္ကို ေလးစားစြာပဲ ေဆာ့ဂ်င္ဘာမွ်ထပ္မေျပာေတာ့ကာ လက္ေလ်ာ့လိုက္၏ ။
ယြန္းေဒသဟာ ဂ်ိဳဆြန္းႏွင့္လွမ္းသည္မို႔ ေဆာ့ဂ်င္ကိုလည္း မွာသင့္တာမွာ ေပးသင့္တာေပးၿပီး ညတြင္းခ်င္းျပန္လႊတ္ရ၏ ။
ထို႔ေနာက္တြင္ေတာ့ ပူပန္မ်ားႏွင့္ တစ္ညတာကို ထယ္ေယာင္းကုန္ဆုံးရျပန္သည္။
မနက္ျဖန္ဟာ မင္နိုင္ငံသို႔သြားေရာက္ရမည့္ေန႕ပင္။
စားပြဲေပၚက ပန္းကေလးဟာလည္းႏြမ္းေနသလို ေမွ်ာ္လင့္ခ်က္ဟာလည္း ေသဆုံးလုနီးပါးျဖစ္ေခ်ၿပီ။
ဘုရင္တစ္ပါးအတြက္ ခ်စ္ျခင္းေမတၱာကေတာင္ ေပးဆပ္ဖို႔ခက္လွသလား အသင္ရယ္။
တစ္စုံတစ္ဦးကို လြမ္းဆြတ္ရင္းအိပ္စက္ရျခင္းညေတြမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္စက္နိုင္ျခင္း မရွိခဲ့သည္ကိုေတာ့ ထယ္ေယာင္းနားလည္လက္ခံလာမိသည္။
ရွည္လ်ားေသာ ညတာကို ဒီေန႕မွာလည္း
လမင္းႀကီးဟာ ကျွန်ုပ်ရဲ့အဖော်အဖြစ် ျဖတ္သန္းေပးပါသည္။
.
''ဂ်ီမင္းကို ထားခဲ့ပါမင္းႀကီး''
ခရီးသြားဖို႔အတြက္ မယုံရသည့္ စစ္သည္ရဲမက္မ်ားေတာင္ အလုံအေလာက္မထည့္ေပးသည့္အျပင္ ကိုယ္ပိုင္သက္ေတာ္ေစာင့္ျဖစ္သည့္ ဂ်ီမင္းကိုပါထားခဲ့ရန္ ေလွ်ာက္လာသည္မို႔ ထယ္ေယာင္း ေဒါသထြက္လာမိသည္။
ဒီလူအိုႀကီးေတြ ဒါေတာလြန္လြန္းလာၿပီ။
''ေမာင္မင္းတို႔ ကိုယ္ေတာ့္အေပၚဘာမေက်နပ္ခ်က္နဲ႕ အခုလိုလုပ္ေနၾကတာလဲ''
''မင္းႀကီးကငယ္႐ြယ္ျဖတ္လတ္ၿပီးသားအ႐ြယ္ပါ။ေနာက္ၿပီး သက္ေတာ္ေစာင့္နဲ႕စစ္သည္ဗိုလ္ပါ တေပ်ာ္တပါးႀကီးေခၚစရာမလိုေအာင္လည္း တိုက္ရည္ခိုက္ရည္ ကြၽမ္းက်င္ၿပီးသားပဲမဟုတ္ေပဘူးလား။ ဒီေတာ့ ဂ်ီမင္းကိုထားခဲ့လို႔လည္း ေထြထူးသြားမွာရွိမလာပါဘူး။''
ခ်ီးမြမ္းသလိုနဲ႕ အေကာင္းေျပာေပးလည္း အႀကံအစည္မ်ားျပားလာသည့္ ထိုလူေတြထယ္ေယာင္းမယုံ ။ အသက္ေသဆုံးမည့္အေရးေၾကာက္႐ြံ႕မိျခင္းမရွိေပမယ့္ မိဘမ်ားအတြက္နာမည္ေကာင္းႏွင့္ တိုင္းသူျပည္သားမ်ား၏ လိုအပ္ခ်က္မ်ားကိုမျဖည့္ဆည္းနိုင္ေသးသည့္ ယခုလိုအခ်ိန္မွာေတာ့ သူတစ္ခုခုလက္ေခ်ာ္ေျခေခ်ာ္ျဖစ္သြားလို႔မျဖစ္ပါ။
ေနာက္...ထိုလူအိုမ်ား၏ စကားကိုဒီတစ္ခါလည္း ထပ္နားေထာင္မိလွ်င္ ေနာက္ေနာင္ပို၍ ဆိုးလာနိုင္သည္မို႔ ထယ္ယာင္း ဂ်ီမင္းကိုအပါေခၚခဲ့သည္။
''ဂ်ီမင္းလိုက္ခဲ့''
''သြားမယ္''
''မင္းႀကီး...ကြၽန္ေတာ္မ်ိဳးတို႔စကားကိုလစ္လ်ဴမ႐ူပါနဲ႕''
ေျမႀကီးမွာဝပ္တြားကာ တားဆီးကန္ေတာ့ေနၾကသည့္ အမတ္မင္းမ်ားကိုေကြ႕ပတ္ကာ ေရွာင္လိုက္ၿပီး စီးေတာ္ျမင္းကို ဦးတည္ခ်က္ေျပာင္းလိုက္သည္။
''ခါးႀကိဳးေအာင္သာကန္ေတာ့ၾက..။ဒီတစ္ခုလိုက္ေလ်ာလိုက္ရင္ တသတ္လုံးသူတို႔လက္ေအာက္ခံျဖစ္မွာ ''
''စိတ္ေလ်ာ့ပါ မင္းႀကီး''
ဂ်ီမင္းစကားကို ျပည္သူေတြရွိရာေငးၾကည့္ၿပီးေနာက္
''ဒီထက္ေလ်ာ့ရရင္ ေသေပးလိုက္ဖို႔ပဲက်န္မယ္''
''အဲ့လိုမေျပာပါနဲ႕ဘုရား''
ထာ္ေယာင္းထံမွတုန့္ျပန္စကားမၾကားရေတာ့ပဲ ျမင္းကိုသာအာ႐ုံစိုက္ေမာင္းႏွင္ေန၏ ။
ဂ်ီမင္းကေတာ့ ေတာလမ္းျဖတ္ခ်ိန္မို႔ မ်က္လ်င္လ်င္ထားကာ ထယ္ေယာင္းေဘးနားထပ္ၾကပ္မကြာလိုက္ပါခဲ့သည္။
အတန္ၾကာခရီးႏွင္ၿပီးေနာက္တြင္ေတာ့ မင္နိုင္ႏွင့္ဂ်ိဳဆြန္းျပည္ျခား ျမစ္ဆီသို႔ေရာက္လာခဲ့ေလၿပီ။
ေပးအပ္ရမည့္လက္ေဆာင္ပ႑ာမ်ားကို ဦးစြာတင္ၿပီးေနာက္တြင္ေတာ့ စစ္သည္မ်ားကိုလည္းအေခၚမျပဳေတာ့ပဲ ဂ်ီမင္းႏွင့္ႏွစ္ေယာက္ထဲသြားဖို႔သာ ဆုံးျဖတ္လိုက္ေတာ့သည္။
''ေရတစ္ဖက္ကူးၿပီးရင္ မင္နိုင္ငံေရာက္ပါၿပီ''
''ေကာင္းၿပီ''
ျမစ္ကရွည္လ်ားလွေပမယ့္ အေတြးမ်ားေနသည့္ထယ္ေယာင္းအတြက္ေတာ့ ခဏေလးဆိုသလို ေရာက္ရွိသြားသလိုခံစားမိလိုက္၏
''မင္နိုင္ငံေရာက္ပါၿပီ မင္းႀကီး''
ကမ္းမကပ္ခင္ကတည္းက လႈပ္ရွားေနသည့္ႏွလုံးသား...။
ကတိေပးခဲ့သူဟာေရာ ကမ္းစပ္မွာရွိလို႔ေနမလား။ ကိုယ္ကပဲမွတ္မိေနသည္လား။မခ်င့္မရဲစိတ္ျဖင့္ ကမ္းကိုေငးၾကည့္ေတာ့ ခုန္ေပါက္လႈပ္ရွားလာသည့္ ႏွလုံးခုန္သံ။
ႏွလုံးသားဟာသူ႕ပိုင္ရွင္ကိုသိေနခဲ့ပါ၏ ။
ပိုင္ရွင္ဟာလည္းကတိတည္ေနခဲ့ပါ၏ ။
''မင္းႀကီး''
ဦးၫႊတ္ကာအရိုအေသေပးရင္း ကမ္းတစ္ဖက္ကိုတက္ရန္ လက္ကမ္းကာ ႀကိဳဆိုေန၏။
ထယ္ေယာင္းထိုလက္ကေလးကိုဆုပ္ကိုင္ကာ တစ္ဖက္ကိုတက္ခဲ့သည္။
အခ်ိန္ဟာခဏတာဆိုေပသိ...လက္ဖ်ားအထိအေတြ႕ထဲ ကြၽန္ေတာ္ဟာ ဘဝေပါင္းမ်ားစြာနစ္ေမ်ာခဲ့ရသလို။
သတိဝင္ခ်ိန္မွာေတာ့ ထိုအထိအေတြ႕ေလးဟာ ကင္းကြာသြားရၿပီ။
လစ္ဟာသြားသည့္ႏွလုံးသားကိုလစ္လ်ဴ႐ူလိုက္ၿပီး
''အသင္ကတိတည္သားပဲ''
''ေရခရီးကအဆင္ေျပရဲ႕လား မင္းႀကီး''
''ေအာ...ကိုယ္ေတာ္အတြက္ ႏွစ္သက္စရာျဖစ္ခဲ့ပါတယ္''
ေဂ်ာင္ဂုေခၚေဆာင္ရာကို ႏွစ္ဦးလုံးလိုက္ခဲ့ေပမယ့္ နန္းေတာ္ဘက္ဦးတည္သည့္လမ္းမွာေတာ့
''ခဏေလး ေဂ်ာင္ဂု...ကျွန်ုပ် မနက္ျဖန္မွနန္းေတာ္ထဲသြားမယ္။ ဒါေၾကာင့္ဒီေန႕အတြက္ တည္းခိုစရာရွာေပးနိုင္မလား။''
ထယ္ေယာင္းစကားကို ေဂ်ာင္ဂုကာၿပဳံးျပကာ လက္ခံရင္း
''ရေၾကာင္းပါ''
''လိုက္ခဲ့ပါ ''
နန္းေတာ္ႏွင့္ဆန့္က်င္ဘက္ျဖစ္သည့္ လမ္းကိုဦးေဆာင္ကာေခၚေဆာင္ေပးသည့္ ေဂ်ာင္ဂု။
ဂ်ိဳဆြန္းမွာထပ္ ေတာက္ေျပာင္ပုံရသည့္လူအေတာ္အမ်ားႏွင့္ ေျမေပၚခ်ခင္းေစ်းသည္မ်ားထက္ ဆိုင္ႀကီးဆိုင္ခန္းမ်ားသာ မ်ားျပားသည္။
ပုံမွန္ျဖစ္ေစမာ့္ အဝတ္အစားတို႔အားလဲလွယ္ၿပီးမွ ထယ္ေယာင္းခရီးကိုဆက္လိုက္သည္။
ဘယ္နိုင္ငံဘယ္အရပ္ဌာေနျဖစ္ျဖစ္ သတိဝီရိယကေတာ့ ထားေနရဆဲ
နန္းေတာ္ႏွင့္အလွမ္းေဝးလာၿပီးေနာက္ ဝါး႐ုံပင္မ်ားအုံ႕စိုင္းေနသည့္ လမ္းကိုျဖတ္ေလွ်ာက္ၿပီးေနာက္ ေနဝင္ဆည္းဆာေရာင္ ပန္းပြင့္မ်ားၿခဳံလႊမ္းေနသည့္ ၿခံဝန္းက်ယ္တစ္ခုဆီ ေရာက္ရွိခဲ့ေလၿပီ။
''ဒါက ကြၽန္ေတာ္မ်ိဳးရဲ႕ အိမ္ေနရာပါ။လြတ္လြတ္လပ္လပ္ေနနိုင္ပါတယ္''
''ေက်းဇူးပါပဲ''
ထယ္ေယာင္းကေတာ့ တစ္ၿခံဝန္းလုံးအျပည့္ပန္းပြင့္မ်ားကိုၾကည့္ရင္း သေဘာတက်။
''ဘယ္သူေတြလဲ ''
ပိုးဖဲကတၳီပါသားမ်ားဆင္ယင္ထားေသာ္လည္း ႏြမ္းလ်လ်ဟန္ရွိသည့္အမ်ိဳးသမီးတစ္ဦး အိမ္ထဲကထြက္လာၿပီး အေမးရွိလာေတာ့၏ ။
ေဂ်ာင္ဂုက မိခင္ျဖစ္သူအနားကပ္ကာ
''ဂ်ိဳဆြန္းဘုရင္''
''အမေလး...မင္းႀကီးကိုအရိုအေသေပးပါတယ္''
ဂ်ိဳဆြန္းျပည္သူျဖစ္ခဲ့ဖူးသည့္ အမ်ိဳးသမီးမွာ ၾကမ္းျပင္မွာဝပ္တြားခယရင္း အရိုအေသေပးလာသည္ႏွင့္ ထယ္ေယာင္းက ခ်က္ခ်င္းထူမေပးကာ
''ရပါတယ္ သက္သာသလိုေနပါ ။
တစ္ညတာလည္းေခၚနားခြင့္ေပးပါ။''
ရည္မြန္လွသည့္ကေလးငယ္ဟာ မင္းဂုဏ္ထက္ လူမႈေရးအရာတြင္ ခ်ိဳသာၾကည္လင္ျခင္းမွာ ပိုသာ၏
''မဟုတ္တာပါရွင္။အနားယူပါရွင့္ လြတ္လြတ္လပ္လပ္သာေနပါရယ္''
''ႏွစ္ဦးလုံးကိုေက်းဇူးတင္ပါတယ္''
သိတတ္စထဲက အမ်ားသူငွာအရိုအေသေပးျခင္းသာခံခဲ့ရသူမို႔ ေက်းဇူးစကားကိုလည္း ပ်ဴပ်ဴငွာငွာမရွိလွေပမယ့္ ေဂ်ာင္ဂုႏွင့္ေဂ်ာင္ဂု၏မိခင္မွာ ထယ္ေယာင္း၏စိတ္ရင္းကို ခံစားမိၾကပါ၏
ၿပီးေနာက္ ေဂ်ာင္ဂုက ထယ္ေယာင္းတည္းခိုနိုင္ရန္ ခန္းေဆာင္ကိုခပ္ျမန္ျမန္ျပင္ဆင္ေပးၿပီး ေနရာေပးသည္။
ထယ္ေယာင္း၏ခန္းေဆာင္ထဲ လိုက္ဝင္လာသည့္ ဂ်ီမင္းကိုျမင္ေတာ့ ေဂ်ာင္ဂုတစ္ခုကိုအလ်င္အျမန္ေျပာမိလိုက္သည္။
''သူ႕အတြက္တစ္ခန္းျပင္ေပးရမလား''
ထယ္ေယာင္းက ေဂ်ာင္ဂုမ်က္ႏွာကိုအကဲခတ္ရင္း ၿပဳံးစစေလးလုပ္ကာ ေခါင္းခါျပရင္း
''သူက ကျွန်ုပ်နဲ့အတူနေမှဖြစ်မယ်''
''ဟုတ္ကဲ့ပါ''
ေဖ်ာ့ေတာ့လွသည့္အသံႏွင့္ေျပာလာသည့္ ေဂ်ာင္ဂုကိုၾကည့္ကာ ထယ္ေယာင္းၿပဳံးလိုက္မိသည္။
အနည္းဆုံးေတာ့ ကျွန်ုပ်၏မေတ္တာသက်ဝင်ခြင်းဟာ တစ္ဖတ္တည္းက မဟုတ္ခဲ့ဘူးပဲ...။
...............................
July 9,2023.
Sunday 10:00Am.
ေရးလက္စေလးရွိထားလို႔ ဒါေလးကိုupေပးတာပါ ။ေနာက္ထပ္ updateကေတာ့ ၾကာပါအုံးမယ္။
ဖတ္ေပးၾကတဲ့တစ္ေယာက္ခ်င္းစီတိုင္းကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင့္
ဆက္လက္ႀကိဳးစားလ်က္ 💜