Black King{ Complete✓ }
By DayMaharMyat
80K 4.3K 490
ကျောင်းရဲ့ Black King . Xiao Zhan အင်္ကျီအနက်ရောင်ကလွဲမဝတ် တည်ကြည်တယ် ခန့်ညားတယ် ထက်မြက်တယ် တော်တယ် အေးစက်တယ်... More
P.1
P.2
P.3
P.5
P.6
P.7
P.8
P.9
P.10
P.11
P. 12
P.13
P.14
P.15🚫 { Final }
Extra
Extra.2
P.4
4.8K 289 19
By DayMaharMyat
Uni
" မြေး လာပါအုံး "
အိမ်သို့ပြန်လာသည့် ရှောင်းကျန့်သည် တစ်စုံတစ်ယောက်၏အပြုအမူလေးကြောင့် ပြုံးရောင်သမ်းနေလေသည်။ကျောင်းဆင်းတာနဲ့ " ခွဲရတော့မှာပဲ ဝမ်ဝမ်တစ်ညလုံးကြီးလွမ်းရတော့မယ် ညကျဖုန်းဆက်မယ်နော် " ဆိုသည့်စကားလေးနှင့်အတူ ပါးပေါ်သို့ခြေဖျားထောက်ကာနမ်းသွားသည့်ကောင်လေးကြောင့်ပင်ဖြစ်သည်။ရှောင်းကျန့်နန်းတော်တမျှခမ်းနားသည့်အိမ်တော်သို့ရောက်သည်နှင့် ဧည့်ခန်းအတွင်းထိုင်နေသော အဘိုးဖြစ်သူ၏ခေါ်သံကြောင့် ထိုနားသို့သွားကာ ထိုင်လိုက်သည်မှာ စမတ်ကျကျပင်။
" ကောင်လေးကချစ်ဖို့ကောင်းတယ်မလား မြေး "
" .... "
စကား၏အဖြေအားမကြားရသော်လည်း ပြုံးရောင်သမ်းသွားသည့်မြေးကြောင့် အဘိုးဖြစ်သူဟက်ဟက်ပက်ပက်ရယ်မိသည်။သူ၏မြေးလေးသည် အေးစက်စွာနေလာသည်မှာ ငယ်စဉ်ကတည်းကပင် ငယ်ငယ်တုန်းကကလေးငယ်တစ်ယောက်ကြောင့် ထိုသို့ဖြစ်သွားသည်ဆိုလည်းမမှားပေ။ထိုကလေးတွေအိမ်ပြောင်းသွားခြင်းကလည်း အဘိုးဖြစ်သည့်သူ့ကြောင့်ဖြစ်သည်မို့ အခုတော့ သူဘာမှဝင်မပြောလိုတော့ပါ။
သူ၏မြေးအား အရင်လိုပြန်မဖြစ်စေချင်သည်မို့ လိုလေသေးမရှိထားခဲ့သော်လည်း သူ၏မြေးလေးသည် အေးစက်စွာပဲနေတတ်တော့သည့်အပြင် ပစ္စည်းဥစ္စာများအား ခေါင်းထဲတောင်မသွင်းခဲ့ပေ။ဘယ်ကောင်မလေး၊ကောင်လေးကိုမှစိတ်မဝင်စားပဲ တစ်ယောက်တည်းသီးသန့်နေချင်ခဲ့သည်များကိုလည်း သူကိုယ်တိုင်ပင်လုပ်ဆောင်ပေးခဲ့သည်။
" အဲ့ကလေးကိုအဘိုးတွေ့ချင်တယ် "
" အင်း တစ်နေ့ "
" သွားနားတော့ မြေး "
ရှောင်းကျန့်သူ့အခန်းသို့ပြန်ရန်သာပြင်လိုက်တော့သည်။အခန်းအတွင်းရောက်သည်နှင့် ရောက်လာသည့်မက်ဆေ့ရှ်လေးကြောင့် ပြုံးမိပြန်သည်။
' အိမ်ပြန်ရောက်ပြီလား ကိုကို '
ဟူသည့် message လေးတစ်ဆောင်က သူ့အတွက်သိပ်ကိုချစ်ဖို့ကောင်းလွန်းနေသည်။' အင်း 'ဟူသည့် စာလေးပြန်လိုက်သည်နှင့် ချက်ချင်း seenပြကာ ' ဝမ်ဝမ်ညကျဖုန်းဆက်လိုက်မယ် အခုရေချိုးတော့မယ် ချစ်တယ်နော် ' ဟူသည့် message လေးပို့လာပြန်လေသည်။ရှောင်းကျန့်ထိုစာလေးအားဖက်ကာ ဖုန်းအားပိတ်လိုက်၍ ခုံပေါ်တင်လိုက်ပြီး သူရေချိုးလိုက်သည်။
>>>>
ည ၁၀နာရီ...;
ရှောင်းကျန့်တစ်ယောက် အိပ်နေတုန်းဖုန်းလာသံကြောင့်နိုးလာရသည်။ရှောင်းကျန့်သည် ညဆို ၁၀နာရီတိုင်းဝင်လာတတ်သည့်ဖုန်းကြောင့် ထိုအချိန်ထရသည်မှာအကျင့်ဖြစ်နေလေပြီ။ထို ကောင်လေးအားစတွေ့ကတည်းက သူကိုယ်တိုင်ထုတ်ထားခဲ့သော သူ့ကိုယ်ပိုင်စည်းကမ်းများဟာပျောက်ဆုံးသွားရသည်။
ရှောင်းကျန့်သည် အရင်ကညဆို စာလုပ်၍ ၈နာရီကျော်သည်နှင့်အိပ်တတ်သည်။ထို့အပြင် မနက်ဆို၆နာရီထတတ်သည်။ထိုကောင်လေးနှင့်စတွေ့ကတည်းက ညဆို ၁၂ကျော်မှအိပ်ဖြစ်သည်။တစ်နေ့လုံးသူနှင့်အတူတူသွားခဲ့သော်လည်း ညနေသူအိမ်‌ပြန်ရောက်ရင်ဘယ်လိုတေဖြစ်တတ်တာကအစဖုန်းထဲတွင်ထိုကောင်လေးကရင်ဖွင့်တက်သည်။
' ကိုကို အိပ်နေတာလား '
' ... '
' အိပ်နေတာမဟုတ်ဘူးဆိုတော့ စကားပြောကြမယ်နော် ဝမ်ဝမ့်ကိုမားကဆူတယ်သိလား '
' ... '
' မားကကိုကို့ကိုအိမ်ခေါ်ခိုင်းနေတာ ဝမ်ဝမ်ကခေါ်ခဲ့ဘူးလို့ပြောလိုက်တာ အဲ့မှာမားက ဝမ်ဝမ့်ကိုစိတ်ဆိုးသွားတာ '
' ... '
' ကိုကို အိမ်လိုက်ခဲ့မလား ဟင် '
' .... '
' လိုက်ခဲ့ပါနော် '
' .... '
' ကိုကို့ နော်လို့ '
' တစ်နေ့နေ့ '
' ဟီး ကိုကိုကတိနော် တစ်နေ့နေ့တကယ်လိုက်ပေးရမှာ အခုတော့အတင်းမခေါ်တော့ဘူး '
' အင်း '
' ကိုကို့ weibo acc ကိုတွေ့တယ် follow လိုက်တယ် '
' .... '
' ကိုကိုကဘယ်သူ့မှလည်းလက်မခံထားဘူး ဝမ်ဝမ့်ကိုတော့လက်ခံပေးပါနော် ကိုကိုနော် '
' အင်း '
' ဟီး အဲ့ဆိုအခုလက်ခံပေးနော် ဝမ်ဝမ်ဖုန်းချတော့မယ် မားကညဆိုအစောမအိပ်ရင် ကိုကိုနဲ့သဘောမတူပဲနေလိုက်မှာလို့ပြောထားတယ် ဝမ်ဝမ်အိပ်တော့မယ်နော် ၁၁နာရီကလည်းစောပါတယ် အကြီးကြီးချစ်တယ်နော်ကိုကို အာဘွား မွ '
ကျသွားသည့်ဖုန်းလေးအားကြည့်ကာ စကားအားဆိုလေသည်။
Bye အိပ်မက်ထဲလာခွင့်ပြုပါ....
ထိုစကားလေးကိုပြောလိုက်ပြီးနောက် အိပ်စက်လိုက်သည်။ထိုညကအိပ်မက်လေးများဟာလှပနေသည့်အပြင် ညတာသည်လည်း အလွန်ရှည်နေခဲ့လေသည်။
>>>>>
" ကိုကို "
" .... "
" ဝမ်ဝမ်ကလိုက်ရှာနေတာ ကိုကိုဘာလုပ်နေတာလဲ "
" .... "
ရှောင်းကျန့်သည်အတန်းပြီးသည်မို့ စာကြည့်တိုက်အားလာကာ သူလုပ်ရမည့်အလုပ်များအားလုပ်နေလေသည်။Laptopနှင့်အလုပ်ရှုပ်နေသည့် ရှောင်းကျန့်ဘေးသို့ခုံကပ်၍ ထိုင်ကာရိပေါ်ဟာတိုးတိုးလေးမေးလေသည်။Laptopကိုတော့ရိပေါ်သည်မကြည့်ခဲ့ပါ။ရိပေါ်သည်ထိုသို့လည်းချစ်ဖို့ကောင်းပါသည်။ရှောင်းကျန့်ကိုချစ်ကြောင်းတစ်ဖွဖွပြောဖို့ကိုသူမမေ့လျော့သော်လည်း ရိပေါ်သည် ရှောင်းကျန့်၏မည်သည့်ကိစ္စကိုမှ ရှောင်းကျန့်မပြောပဲမသိချင်ပါ။
" ကိုကို အလုပ်လုပ်နေတာလား "
" အင်း "
" ဟီး ဝမ်ဝမ်ကဂိမ်းဆော့ချင်လို့ Laptop ငှားမလို့ ကိုကိုအလုပ်လုပ်နေရင် ဝမ်ဝမ်မနှောင့်ယှက်တော့ဘူး "
" ‌ရော့ "
ရိပေါ်ထရန်ပြင်လိုက်သော်လည်း လက်အားလာဆွဲကာ Laptop အားသူ့ဘက်ပို့ပေးလာသူကြောင့် ရိပေါ်မျက်လုံးလေးများဟာလက်ကနဲဖြစ်သွားသော်လည်း အလုပ်လုပ်နေသည်မို့ပြန်ပေးရန်သာပြင်လိုက်တော့သည်။
" ရပါတယ်ကိုကိုရဲ့ ဝမ်ဝမ်နောက်မှဆော့တော့မယ် အလုပ်လုပ်နော် "
" ပြီးပြီ "
" အာ ကိုကိုအလုပ်ပြီးပြီလား "
" အင်း "
" အယ် အဲ့ဆိုဝမ်ဝမ်ဆော့မယ်နော် "
" အင်း "
ရိပေါ်ပြန်ထိုင်ကာ ဂိမ်းဆော့နေသည့်အချိန် ရှောင်းကျန့်သည် ရိပေါ်ဘေးမှထကာထွက်သွားရန်ပြင်နေသည်မို့ ရိပေါ် ရှောင်းကျန့်လက်အားဆွဲလိုက်ပြီး မျက်နှာငယ်လေးဖြင့်မေးမိလေသည်။
" ဝမ်ဝမ်အလုပ်လုပ်တာနှောင့်ယှက်လို့စိတ်ဆိုးသွားတာလား "
မျက်မှောင်များစုကျုံ့သွားသည်မို့ ထိုအကြောင်းကြောင့်မဟုတ်မှန်းရိပေါ်သိ၍ နောက်အကြောင်းတစ်ခုအားမေးမိပြန်လေသည်။
" အဲ့တာမဟုတ်ရင် ဘယ်သွားမှာလဲ "
" ဟိုနား ခန "
" ခနနေပြန်လာမှာမလားဟင် "
" အင်း "
" ဟုတ် "
ရိပေါ်ရှောင်းကျန့်လက်အားလွှတ်ပေး၍ပြုံးပြကာ ဂိမ်းပဲပြန်ဆော့နေသည်မို့ ရှောင်းကျန့်ထိုနားမှခနထွက်ကာ စာအုပ်များစီထားရာနေရာသို့လာလိုက်ပြီး ဖုန်းတစ်ကောအားခေါ်ဆိုမိလေသည်။
" ရှောင်းကျန့် ပြီးပြီလား "
" နောက်နေ့မှပို့ပေးမယ် "
" ဟမ် ရှောင်းကျန့်ငါနားကြားလွဲတာလား အလုပ်မချီးတတ်တဲ့အပြင် အချိန်တိကျပြီး စည်းစနစ်ကျတဲ့ကောင်က ရက်ရွှေ့တယ်ပေါ့ ဝါး အဲ့လိုပထမဆုံးကြားဘူးဝာာပဲ ရှောင်းကျန့်မင်းချစ်ရတဲ့သူတွေ့နေတာလား ငါ့ကိုအသည်းခွဲမလို့လား မလုပ်နဲ့နော် ငါအသည်းမကွဲချင်ဘူးနော် ဟျောင့်ကြားလား ပြန်ဖြေလေကွာ အားငါ့အသည်းလေးကွဲ "
တီ...
ရှောင်းကျန့် တစ်ဘက်မှဆက်ပြောမည့်စကားများအားနားမထောင်တော့ပဲ ဖုန်းအားချလိုက်လေသည်။ထိုသို့မလုပ်လျှင်သေချာပေါက် နားညီနိုင်သည်မို့ ထိုင်စောင့်နေမည့်ကောင်လေးဆီသို့သာသွားလိုက်‌လေသည်။တကယ်ကိုပဲ ဂိမ်းမဆော့တော့ပဲထိုင်စောင့်နေသည့်ကောင်လေးကြောင့်ခေါင်းခါရမ်းကာ သဘောတကျဖြစ်မိသည်။ဂိမ်းဆော့နေရင်းကသူမရှိ၍ထင် မဆော့တော့ပဲသူ့ကိုဆောင့်နေသည်လေ။
အင်း ချစ်ဖို့ကောင်းတယ်....
ရှောင်းကျန့်ထွက်သွားသည်နှင့်ဂိမ်းတောင်မဆော့ချင်တော့သည်မို့ ရိပေါ်တစ်ယောက်ပျင်းပျင်းနှင့် မေးထောက်ကာရှောင်းကျန့်အားစောင့်နေမိသည်။နှုတ်ခမ်းလေးသည်လည်း ဆူပုတ်ပုတ်လေးဖြစ်နေသည်။ရှောင်းကျန့်မလာပဲ ရပ်နေပြီး ထိုကောင်လေးအားကြည့်နေတုန်း ရိပေါ်ရှေ့မျက်နှာချင်းဆိုင်ဝင်ထိုင်သည့်ကောင်လေးတစ်ယောက်ကြောင့် ရှောင်းကျန့်မျက်မှောင်ကြုံ့ကာ ခြေလှမ်းကျဲကြီးများနှင့်ရိပေါ်နားခပ်မြန်မြန်သွားလေသည်။
" ဟို .... "
ထိုကောင်လေးသည်ရိပေါ်အား စကားပြောရန်ပြင်လိုက်သည်နှင့် ဘေးသို့ရောက်လာသည့် အရပ်ရှည်ရှည်နှင့် ခန့်သန့်ချောမောလှသည့်လူအားငေးမိကာ ပြောမည့်စကားများပင်မေ့လျော့သွားရလေသည်။
" အယ် ကိုကိုပြီးပြီလား "
" အခန်းပြန်မယ် "
" အာ ဟုတ် အယ် ကိုကို ခန "
ရိပေါ်လွယ်အိတ်အား ယူ၍လွယ်ကာ Laptop အားပိတ်ကိုင်လိုက်ပြီး ရှေ့မှထွက်သွားသည့်ရှောင်းကျန့်ကြောင့်ရိပေါ်တစ်ယောက်ပြေးလိုက်ရလေသည်။ကောင်လေးသည်တော့ ပါးစပ်လေးအဟောင်းသားနှင့်ကျန်ခဲ့ရလေသည်။တကယ်တော့သူသည် ရိပေါ်ဆော့နေသည့်ဂိမ်းအားဘယ်လိုဆော့ရလဲသိချင်၍ လာမေးခြင်းဖြစ်သည်။
သူဘာမှမမေးရသေးခင် သူ့အားနဂါးမျက်စောင်းဖြင့်ကြည့်သွားသည့်လူသည် မကျေနပ်သည့်အရိပ်အရောင်များအပြည့်ဖြစ်နေသည်မို့ တံတွေးအားအသာမြိုချကာ လွယ်အိတ်လေးပိုက်၍ လှည့်ပြန်ရလေသည်။လိုက်လဲမသွားရဲပါ။ဒီတစ်ခါထပ်အကြည့်ခံရလျှင် ပြာကျနိုင်သည်မို့ဖြစ်သည်။
" ကိုကိုဝမ်ဝမ်မောတယ် "
" စကားမပြောနဲ့ "
" အမ် "
" ကိုယ်မှမဟုတ်ရင် စကားမပြောနဲ့ "
" အယ် ရေး! ကိုကိုစကားအများကြီးပြောတယ် အများကြီးပြောတာ ဝမ်ဝမ့်ကိုအများကြီးပြောတာ ချစ်စရာလေး ဝမ်ဝမ့်ကိုကိုက ချစ်တယ် အာဘွား မွမွမွ "
ရိပေါ်တစ်ယောက်ရှောင်းကျန့်ပြောသည်ကိုကြားမကြားမသိသော်လည်း စကားအများကြီးပြောလာသည့်သူ၏ကိုကို့ကြောင့်ပျော်ကာထခုန်နေလေသည်မှာ ကလေးလေးတစ်ယောက်အတိုင်းပင်ဖြစ်နေသည်။ပျော်ရွှင်စရာရှိလာလျှင်ဟန်မဆောင်တတ်မှန်း သိလိုက်ရလေသည်။ထို့အပြင် သူစကားအများကြီးပြော၍ ပျော်နေသည့်သူအားမတွေ့ဘူးပေ။သူစကားအများကြီးပြောဘူးသူသည်လည်းမတွေ့ဘူးသေးသည်ကိုတော့ မည်သူသိမည်နည်း။
လက်ဖဝါးဖြင့်နှုတ်ခမ်းအားကပ်ကာ မွမွနဲ့လုပ်နေသူအားကြည့်ကာ ရှောင်းကျန့်အလိုမကျဖြစ်လာရသည်။လက်နှင့်တောင်သဝန်တိုနေသည်မှာအများအမြင်တွင်အတိုင်းသားဖြစ်နေသည်။
သူတို့အားshipနေသည့် shipperလေးများသည် ထိုပုံလေးအားအမိအရ ဖမ်းကာခိုးရိုက်လိုက်ပြီး ' လက်ဖျားနဲ့တောင်ကိုကိုကသဝန်တိုနေတာအထင်းသားတွေ့လား ' ဟူသည့် caption လေးနှင့်အတူ ထိုပုံလေးအားတင်ကာ ရိပေါ်နှင့်ရှောင်းကျန့်အား tap တွဲပြီးတော့ကိုတင်ချလိုက်လေသည်။
ရှောင်းကျန့် noti သံကြောင့်ကြည့်လိုက်တော့ ထိုပုံလေးနှင့် caption အားကြည့်ကာ ရိပေါ်အားကြည့်လိုက်လေသည်။သူလည်းဖုန်းအားကြည့်နေသည်မို့ ထိုပုံကိုသေချာပေါက်မြင်လောက်ပြီမို့ ရှောင်းကျန့်အခန်းတွင်းဝင်ကာခုံတွင်သွားထိုင်လိုက်လေသည်။
ရိပေါ်တစ်ယောက်ထို caption လေးအားကြည့်ကာအမှန်ဖြစ်လျှင်အရမ်းကောင်းမည်ဟုသူတွေးမိနေလေသည်။သူထိုpageလေးကိုမနေ့ညကမှစတွေ့ခြင်းဖြစ်သည်။တွေ့တွေ့ခြင်းပျော်သွားသည့်အပြင် ရှောင်းကျန့်သည် ထိုလိုတွဲ ship ခံရတိုင်းတရားစွဲတက်သည်မို့ ရင်တထိတ်ထိတ်‌လည်းဖြစ်နေရသည်။
ယခုPost လေးသည် tapတွဲထားသည်မို့ ပိုလို့စိုးရိမ်နေရသည်။သို့သော် ဖုန်းအားကြည့်ကာအေးအေးလူလူပင် သူ့ခုံအား သွားထိုင်သည့်ကိုကို့ကြောင့် ရိပေါ်သက်ပြင်းချကာကိုကို့နားသို့သွားထိုင်လိုက်တော့သည်။
ကိုကို အဲ့ pageလေးကိုတရားမစွဲဘူးမလားဟင်....
ရိပေါ်အတွေးတို့အားလက်စသက်ကာ စာကိုသာသေချာအာရုံစိုက်လိုက်တော့သည်။ ကိုကိုကစာအရမ်းတော်သည်မို့ သူလည်းစာတော်မှဖြစ်မည်။ထိုမှသာ ကျောင်းပြီးလျှင်ကိုကိုနှင့်အတူတူအလုပ်လုပ်နိုင်မည်ဖြစ်သည်။
#Day
Updateအမြဲမှန်ပေးပါတယ်
အဲ့တာတောင် ကျွန်တော့်ကိုအကြွေးချန်ပြီးသဘောမကောင်းဘူး ချေတတ်တယ်လို့ထင်နေရင်တော့ သဘောပါဗျာ
21.3.2023
Zawgyi
" မြေး လာပါအုံး "
" .... "
" အင်း တစ်နေ့ "
" သွားနားတော့ မြေး "
>>>>
ည ၁၀နာရီ...;
' ကိုကို အိပ်နေတာလား '
' ... '
' ... '
' ... '
' .... '
' လိုက်ခဲ့ပါနော် '
' .... '
' ကိုကို့ နော်လို့ '
' တစ်နေ့နေ့ '
' အင်း '
' .... '
' အင်း '
>>>>>
" ကိုကို "
" .... "
" .... "
" အင်း "
" ‌ရော့ "
" ပြီးပြီ "
" အင်း "
" အင်း "
" ဟိုနား ခန "
" အင်း "
" ဟုတ် "
တီ...
" ဟို .... "
" အယ် ကိုကိုပြီးပြီလား "
" အခန်းပြန်မယ် "
" အာ ဟုတ် အယ် ကိုကို ခန "
" ကိုကိုဝမ်ဝမ်မောတယ် "
" စကားမပြောနဲ့ "
" အမ် "
#Day
21.3.2023
Continue Reading
You'll Also Like
7.2K 747 14
ကြိုက်သလောက်ဆိုးထပ်တိုးချစ်ပါ့မယ်
337K 16.4K 56
Chanbaek yaoi Cover by @MaaYa_H Yeollie_hyunee_614
311K 17.3K 27
သိလား? အကို့ ကိုကျ​တော်​ သိပ်​ချစ်​တာ ~ အကိုလည်း သိပ်​ချစ်​တာပါ ကောင်​​လေးရယ်​ ~ CHANYEOL × SEHUN CHANHUN >>>♥ (Zawgyi-Unicode) cover present by @Ma...
1M 64.1K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...