(A.n: DikaMaylay8812 ကံထူးခဲ့တဲ့ နှစ်ဆန်းတစ်ရက်နေ့လက်ဆောင်ထဲက ကျန်တဲ့ တစ်ပုဒ်ပါဗျ။ ကြာသွားလို့ အများကြီး အားနာရပါတယ်။ ဒါကြောင့် များများရေးပေးဖို့ အပိုင်းတွေခွဲလိုက်ရပါတယ်။
သဘောကျကြဖို့ မျှော်လင့်ပါတယ်။ ဒီထဲက ဇာတ်ကောင်က မင့်တို့နဲ့ မိတ်ဆက်ပေးဖူးတယ်။ ဘယ်သူတွေများ မှတ်မိမလဲ စိတ်လှုပ်ရှားမိတယ် အဟဲ🖤)
Safety Zone
Enzo,Matteo,Nathan,Thomas
Part A
အားကစားဝန်းထက် ကျယ်ဝန်းလှသည့် လေ့ကျင့်ရေးကွင်းထဲ နေမွန်းတည့်ချိန် တည့်တည့်မှာ ပတ်ပြေးနေရသည့် ကောင်လေး။
ရွှေရောင်ဆံစလေးတို့တွင် ချွေးသီးချွေးစများသည် ရေလောင်းထားသည့်အလား အချောင်းလိုက် လှုပ်ခါလျက် နဖူးပြင်လေးပေါ် ကပိုကရိုကပ်ငြိနေသေးသည်။
ဝတ်ထားသည့် ရှပ်အဖြူရောင်သည် နောက်ကျော ၊ရင်ဘတ်တို့ဖြင့် ကပ်ကာ အသားပင် မြင်နေရသည်အထိ စိုရွဲနေသည်။
သို့သော် ထိုကောင်လေးသည် ခေါင်းကို မော့၍ အားစိုက်ပြေးလိုက်၊ ခေါင်းကို မထောင်နိုင်ဘဲ ငိုက်စိုက်၍ အားသွန်ပြေးလိုက်ဖြင့် ခြေလှမ်းမမှန်သည့် ခြေထောက်လေးများသည် လေအလျင်လိုမျိုး ထင်မှတ်မှားရသည်အထိ မြန်ဆန်စွာ ရွေ့လျားနေသည်။
မောဟိုက်၍ သွားကလေးများကို စေ့ကာ အပေါ်မော့ကြည့်ပြီး မာန်တင်းလိုက်တိုင်း နေရောင်အောက် လက်ခနဲ ဖြစ်သွားတတ်သည့် သွားစွယ်လေးနှစ်ဖက်က နှစ်လိုဖွယ်ရာ။
ထိုကောင်လေးသည် တွေ့ရာနေရာမှာ လှဲချကာ နားလိုက်ချင်သည်အထိ မောဟိုက်လာချိန်တွင် ခြေထောက်ကလေးများကို အသာနှေးကွေးကာ အရှိန်ကို မသိမသာလျော့ချလိုက်သည်။
သို့သော် ထိုခဏမျှသော အချိန်ကလေးမှာပင် ဩဇာညောင်းလှသည့် အသံတစ်ခုသည် ထွက်ပေါ်လာသည်။
"ဟေ့ကောင်လေး! ငါ ကွင်းထဲဆင်းလာမှ မင်း ရေသာမခိုဘဲ ပြေးမှာလား"
ထိုအသံသည် နှေးကွေးစ ခြေလှမ်းလေးများကို ချက်ချင်းသွက်လက်သွားစေသည်။ နှုတ်ကလည်း မောဟိုက်သံဖြင့် အားတင်းကာ ပြန်ဖြေရသေးသည်။
"အား! Enzo လာရင် ကျွန်တော် သေမှာပေါ့ဗျ မခိုကပ်တော့ပါဘူး"
ပြောပြီးသည်နှင့် မနှေးကွေးရဲတော့သည့် ကောင်လေးသည် တစ်ပတ်ပြီး တစ်ပတ် ကွင်းပတ်၍ ပြေးရပြန်သည်။
အခေါက်ရေသည် ငါးဆယ်ဖြစ်သည်။
အကြောင်းမှာ စာမေးပွဲရှိသည့်နေ့မှာ စာသင်ခန်းထဲ မရောက်ဘဲ Enzoသွားသည့် missionနောက် ခိုးကပ်ကာ လိုက်သွားသည်ကို မိသွားသည်ကြောင့်။
သို့သော် Enzoဖြစ်နေ၍ Thomas အခုလို အပြစ်ဒဏ် သက်သာတာ ဖြစ်သည်။
တခြားတစ်ယောက်သာဆိုလျှင်။
အား! Thomas ဆက်မတွေးရဲပေ။
အခု သတင်းကို တခြားနိုင်ငံရောက်နေသည့် သူ၏ နားဝယ် သတင်းရောက်သွားလျှင် Thomas အမှုန့်ဖြစ်လိမ့်မည်ထင့်။
ငါးဆယ်ပြည့်သွားသည်နှင့် ဟန်ပင်မဆောင်နိုင် ရှိနေသည့်နေရာတွင် အရုပ်ကျိုးပြတ် လှဲချလိုက်တော့သည်။
ဟောဟဲလိုက်ကာ တုန်ခိုက်နေသည့် ရင်ဘတ်တို့က တဒိန်းဒိန်းဖြင့် ပေါက်ထွက်တော့မည့်အလား။
ကိုယ်လက်လှုပ်ရှားမှုကို သိပ်မကြိုက်သည့် Thomasအဖို့ Enzoဆီမှ အပြစ်ဒဏ်ထိမှသာ အပြင်းအထန် ကြိုးစားရတာဖြစ်သည်။
"Babyတို့က Nathan မရှိတာနဲ့ ဆိုးနည်းပေါင်းစုံ ဆိုးချင်နေတယ် ဟုတ်လား ဟမ်"
အသံနှင့်အတူ ဖြစ်သလို လှဲနေသည့် Thomasကို ငုံ့ကြည့်လာသည့် သူကြောင့် အမြန် ထရသည်။
"မဟုတ် မဟုတ်ပါဘူးဗျ Thomasက ဒီတိုင်း စပ်စုချင်ရုံပါ"
တုန်ခိုက်နေသည့် မောဟိုက်စိတ်ကို မနည်းထိန်းကာ ပီသအောင် ဖြေရသည်မို့ လွယ်တော့ မလွယ်ကူလှ။
Enzoသည် Thomasကို တစ်ချက်စိုက်ကြည့်ပြီး ခေါင်းကို ခါယမ်းကာ ကျောခိုင်းသွားတော့သည်။
Thomasသည်တော့ အကိုကြီး ဖြစ်သူ ထွက်သွားမှသာ တင်းထားသမျှတို့ ဖြေချလိုက်ရသည်။
ဆက်လှဲနေ၍ မဖြစ်သည်မို့ အခန်းဆီသာ နွမ်းလျလျခြေလှမ်းများဖြင့် ပြန်ခဲ့လိုက်တော့သည်။
ပညာရေး။
သူ၏ ပညာရေးကို Daddyသည် မပူပန်ဘဲ အစ်ကိုသုံးယောက်သည် ကဲကဲဆတ်တတ်သည်။
သူသည်လည်း ပညာရေးကလွဲ ကျန်တာ အကုန် စိတ်ဝင်စားနေသည့် ကောင်ကလေးဖြစ်နေသည်မှာ ဒုက္ခလှလှ။
အဆိုးဆုံးသည် အစ်ကိုတွေက Thomasကို ဂိုဏ်း၏ ကိစ္စဝိစ္စများနှင့် ကင်းရှင်းကာ အဖြူထည်လေးလို ထိန်းသိမ်းထားချင်သည့် ပြဿနာပင်။
သူ့အနေဖြင့်ကလည်း အစ်ကိုတစ်သိုက်ကို မျက်ကွယ်ရာအရပ် ပူပန်ကြောင့်ကြနေရမည့်အဖြစ်ကို မကြိုက်။ တစ်ခုခု ပြဿနာကြုံရလျှင်တောင် အစ်ကိုတွေနှင့်အတူ ရင်ဆိုင်ချင်သည်။ အဖြူထည်လေး လို့ ထင်ကြပေမယ့် သူက စွန်းထင်းနေပြီးသား မဟုတ်လား။
သို့သော် ဘယ်လောက် အရွယ်ရောက်သလို ပြုမူပြပါစေ အစ်ကိုတွေသည် အရိပ်တကြည့်ကြည့်ဖြင့် ကလေးပေါက်နှယ်သာ သဘောထားလျက်ရှိသည်။
သူ့ပြဿနာကတော့ လုပ်ချင်ရာ လုပ်ရဲပေမယ့် အစ်ကိုသုံးယောက်ကို တုန်နေအောင် ကြောက်ရခြင်းပင် ဖြစ်လေသည်။
ထိုအထဲတွင် အစ်ကိုအငယ်ဆုံးနှင့် ရှိနေချိန်များတွင်တော့ Thomasတို့ ငြိမ်ဝပ်ပိပြားကာ တုံ့တုံ့မျှ မလှုပ်ရဲပေ။
"Thomas!Thomas! "
အခန်းထဲရောက်သည်နှင့် ရေအရင်ချိုးပစ်ကာ အိပ်ရာထဲ ခေါင်းတိုးပြီး အိပ်ချပစ်လိုက်သည်မှာ နှစ်နှစ်ခြိုက်ခြိုက်။
ခေါ်သံကြောင့် ဆတ်ခနဲနိုးလာရသည်ကြောင့် မျက်နှာလေးသည် သုန်မှုန်နေပြီ။
မပွင့်တပွင့်မျက်လုံးတို့ကို လက်ဖြင့် ပွတ်ပြီး ပြူးပြဲကြည့်ရသည်။ Johnnyဆိုတဲ့ ငရှုပ်ကောင်ဟာ သူ့ကို ဘာတွေ လာရှုပ်ပြန်ပြီမသိ။ မကြည်မသာဖြင့် မေးဆတ်ပြတော့ ပြူးတိပြဲတဲဖြင့် ပြောလာသည့် ငတိ။
"Sir ပြန်လာနေပြီတဲ့"
"ဘာများလဲလို့ကွာ "
သိပ်အရေးမကြီးဟန် သူ ပြန်လှဲ၍ အိပ်မည်ပြုပြီးမှ ဒီသကောင့်သား သူ့ကို အခု ဘာပြောလိုက်တာ! Sir? Sir လို့ ပြောလိုက်တာလား။
"ဟေ့ကောင်! စောစောစီးစီးပြောလေကွာ! Sh*t!"
အိပ်ချင်စိတ်တို့ အမြန်လွင့်ပယ်ကာ အတွင်းခံတစ်ထည်သာကပ်သည့် ပုံစံမှ ထကာ ရှပ်အဖြူတစ်ထည်ကောက်ဝတ်၍ ဘောင်းဘီတစ်ထည်ပါ တွေ့ရာ ကောက်စွတ်နေရသည်။
"ဟေ့ကောင်! ကြယ်သီးကူတပ်စမ်းပါကွ!"
မဆိုင်သလို ပြူးကြောင်ကြောင်ရပ်ကြည့်နေသည့် သကောင့်သားJohnnyကြောင့် ပြာယာခတ်ပြီး ယောက်ယပ်ခတ်နေသူက စိတ်တိုရပြန်သည်။
ပြောလိုက်မှ နံဘေးရောက်လာကာ ကြယ်သီးတွေ ကူတပ်ပေးသည်ကြောင့် ဘောင်းဘီဝတ်ခြင်းကို Thomas အမြန်ပြီးအောင်လုပ်လိုက်ရသည်။
"Johnny ဘယ်လိုဖြေမှာလဲ ပြန်ပြော"
"မတွေ့ပါဘူး မသိပါဘူးSir"
"Good job bro! စိတ်ချမယ်နော်! "
အိတ်တစ်လုံးထဲလိုတာ အကုန် ထိုးထည့်ကာ လည်ပင်းတွင် ဖြစ်သလို ကောက်စွတ်ကာ နေရပ်ရှောင်ဖို့ Thomasပြေးလွှားရတော့သည်။
"F*ck!!"
ထွက်ပေါက်ရောက်လုရောက်ခင်တွင် တွေ့လိုက်ရသည့် ကားတန်းတချို့ကြောင့် အနောက်ပေါက်ဆီ သုတ်ခြေတင်ပြေးရတော့သည်။
တော်သေးသည်က Enzoကျေးဇူးဖြင့် ငါးဆယ် ကွင်းပတ်ပြေးထားသည်က မကြာသေး၍ ခြေက အရှိန်မသေသေးဘဲ သွက်နေသည်။
နောက်ပေါက်အရောက်တွင် သော့ခတ်ထားသည်နှင့်ကြုံ၍ မိုးမွှန်အောင် ဆဲရေးတိုင်းထွာမိတော့သည်။
ရပ်၍ ဆဲသည်တော့ မဟုတ် ပိတ်ထားသည်ကို ကြိုမြင်လိုက်၍ ပြေးရင်း ဆဲလာတာဖြစ်သည်။
အနားရောက်သည်နှင့် အုတ်တံတိုင်းအမြင့်တို့ဆီ ကြောင်တစ်ကောင်လို ပေါ့ပေါ့ပါးပါး တွယ်တက်ကျော်ဖြတ်လိုက်ရတော့သည်။
ကိုယ်လက်လှုပ်ရှားရသည်ကို မကြိုက်ပေမယ့် မတတ်မြောက်တာတော့လည်း မဟုတ်ပါ။
အကျွမ်းကျင်ဆုံးက ခိုးထွက်ခြင်းပညာရပ်ပင် ဖြစ်သည်မဟုတ်လား။
သို့သော်။ သို့သော်...။
ခပ်ဝေးဝေးမှ ကားသံနှင့် လေကို ထိုးခွင်းလာသည့် အရှိန်ပြင်းပြင်းအသံတစ်ခုသည် ထိုးထွက်လာသည်ကြောင့် တုံ့နှေးသွားပေမယ့် ကိုယ်နှင့် မဆိုင်သည်မို့ လုပ်စရာ ရှိသည်ကိုသာ အာရုံစိုက်လိုက်သည်။
Thomas ခုန်ချလိုက်သည့်နေရာသည် ပြန့်ပြူးသည့် မြေပြင် ဟုတ်မနေဘဲ အိစက်သည့် အထိအတွေ့နှင့် ပြန့်ပြန့်ပြူးပြူးလည်း ဖြစ်မနေပါ။
ထို့အပြင် အရင်ကလိုမျိုး ခုန်ချလိုက်သည်နှင့် ချောချောမွေ့မွေ့ မဖြစ်ဘဲ တစ်ခုခုနှင့်တိုက်မိသွားသေးကာ ဇောက်ထိုးအနေအထားဖြစ်သွားသည်။
ဘာဖြစ်တာလဲ ခပ်မြန်မြန် ပြူးပြဲအကဲခတ်ကြည့်တော့ သူ ရောက်နေတာသည် အမိုးပွင့်ကားလေးရဲ့ lover seatမှာ ဇောက်ထိုး မိုးမျှော်။
သူ အာရုံမစိုက်ခဲ့သည့် ကားတစ်စီးသည် သူခုန်ချမည့်နေရာကွက်တိ ရပ်သွားလိမ့်မည်ဟု ဘယ်သူထင်မှာလဲ။
"Long time no see Baby"
အသံဩဩနှင့်အတူ ဇောက်ထိုးဖြစ်နေသည့် သူ့မြင်ကွင်းထဲ ဝင်လာသည့် မျက်နှာတစ်ခုတွင် R.I.P Thomasရေ ဟုသာ ဆုတောင်းနိုင်တော့သည်။
သူတော့ တကယ် သေနေ့စေပြီ မဟုတ်လား။ ကားတန်းနှင့် ရောက်လာရမည့် ထိုပုဂ္ဂိုလ်ဟာ ဘာအတွက်ကြောင့် နောက်လိုက်လည်းမပါ တစ်ကိုယ်တည်း မောင်းထွက်လာရသနည်း။
သေချာတာသည် သူ့ကို အမိဖမ်းဖို့ကလွဲ တခြား မဖြစ်နိုင်ပေ။
~*~
"ဟို Baby ..Enzoဆီက အပြစ်ပေးတာ ခံပြီးပါပြီ"
တိတ်ဆိတ်နေသည့် ကားတွင်းအခြေအနေကို ထိုးခွင်းဖို့ အ ထစ်ထစ် စကားသံလေး ထွက်လာရသည်။
ဟုတ်သည်လေ။ ဘယ်သူမဆို တစ်နေ့ထဲမှာ အစ်ကိုနှစ်ယောက်လုံးဆီမှ အပြစ်ဒဏ် ခံချင်မည် မဟုတ်ချေ။ Thomasလည်း ထိုသူတွေထဲ အပါအဝင်ပင်။
Thomas ဘက်လှည့်မကြည့်ဘဲ ရှေးတူရှုကိုသာ ဂရုတစိုက်ကြည့်၍ မောင်းနှင်နေသူသည် အတန်ကြာမှ စကားဆိုသည်။
"Enzo အပြစ်ပေးတာခံပြီးတော့ကော? ကိုယ်တားမြစ်တာကို မင်း မနာခံတဲ့သောက်ပြစ်လေ Baby"
Thomasဘက် လှည့်မကြည့်ဘဲ ပြောလိုက်တာဖြစ်ပေမယ့် မျက်ဆန်လေးတွေ ဂနာမငြိမ်ဖြစ်သွားရသည်အထိ သက်ရောက်အား ပြင်းသည်။
ခေါင်းလေးကို ပြတင်းဘက် လိမ်ကာ လှည့်ထားလိုက်ရင်း စိတ်ဝင်စားစရာ မကောင်းသည့် မြင်ကွင်းတွေဆီ ငေးမောနေလိုက်တော့သည်။
ဂိုဏ်းအတွင်းမှာပဲ အမိခံလိုက်လျှင် အနည်းဆုံးတော့ သူ့ဘက်တွင် အကိုကြီးနှင့် အကိုလတ် တို့ ရှိသေးသည်။
နှစ်ယောက်ထဲက တစ်ယောက်သည်တော့ သတင်း ကြားလျှင် ရောက်လာတတ်ကာ အခြေအနေကြည့်၍ ခပ်ပြင်းပြင်း ဝင်ရောက် ဆူပူတတ်သည်။
ထိုသို့သော ငေါက်ငမ်းခြင်းမျိုးကိုတော့ Thomasက ကြည်ဖြူပါသည်။
ဘာကြောင့်ဆိုလျှင် သူ့အကိုငယ်Nathanသည် အပြစ်ပေးနေချိန် ဝင်ဆွဲတာမျိုးကို တားမြစ်သော်လည်း အခြားသူများကပါ ဝင်ဆူပူလျှင်တော့ အနည်းငယ် လက်ဆလျော့ပေးတတ်သည်။
ကံကောင်းလျှင် အပြစ်ဒဏ်ပင် ပြီးသွားတတ်သည်။
အခုတွင်တော့ ပြေးပေါက်မှားပြေးခြင်းအမှုကြောင့် အစ်ကိုငယ်၏ နေထိုင်ရာ နေရာဆီ သူ လိုက်ပါနေရပြီ။
ဟိုရောက်လျှင် သူ့ဘက်ရှိပေးမည့်သူတို့ မရှိ။ နှစ်ယောက်ထဲ ရင်ဆိုင်ရလိမ့်မည်။
ဘာကိစ္စ အစ်ကိုကြီးနောက် စာမေးပွဲချိန်တွေကို ဖျက်ကာ လိုက်ခဲ့မိပါလိမ့်။
အခုတွင်တော့ အနည်းငယ်မျှ နောင်တရချင်နေပြီ ဖြစ်သည်။
~*~
တူဘီကိုတိန်ညွှန့်...။