Unicode;
အခန်းထဲရောက်တာနဲ့ ကုတင်ပေါ်ခြေပစ်လက်ပစ် ပစ် လှဲပစ်လိုက်တယ်။
ပင်ပန်းနွယ်နယ်နေတဲ့အနေအထားက သူဒီနေ့အများကြီးလှုပ်လှုပ်ရှားရှားသွားလာထားတာကို သက်သေပြလို့နေတယ်။
တစ်ကျောင်းလုံးနီးပါးခြေတိုအောင်လျောက်လိုက်ရတာပေါ့..
ရှင်းယီက ကျောင်းအားကစားကလပ်မှာပါဝင်ဖို့ ကျောင်းသားတွေကိုမဲလိုက်ဆွယ်တဲ့ထဲ သူ့ကိုဆွဲခေါ်သွားတာကြောင့်...
သူ့ဘေးက ကျောပိုးအိတ်ကိုဆွဲယူလို့ အထဲကပစ္စည်းတစ်ချို့ကိုဆွဲထုတ်လိုက်တယ်။
လက်ထဲပါလာတဲ့ ကျောင်းကလပ်တွေရဲ့ လက်ကမ်းစာစောင်တွေက အရောင်အမျိုးမျိုး...
သူ့ကိုလည်း ပါဝင်ဖို့လာကမ်းလှမ်းထားတဲ့ ကလပ်တွေ လေးငါးဖွဲ့ရှိတယ်။
လက်ကမ်းစာရွက်တွေကို အရှေ့မှာတန်းစီချလို့ ပြန်ကြည့်တယ်။
တစ်စောင်ကိုအရောင်တစ်မျိုးနဲ့ မက်လုံးကလည်းတစ်မျိုးစီ..
သူစိတ်ဝင်စားတဲ့ သုံးခုကိုဆွဲထုတ်လိုက်တယ်။
ဂီတကလပ်၊ အကကလပ် နဲ့ ဗီဒီယိုဂိမ်းကလပ်...
ဂီတကလပ်ကတော့ အတော်လေးကိုက်ညီသလိုပဲ.. သီချင်းတွေနှစ်သက်တဲ့သူက သီချင်းတွေကို ကိုယ်တိုင်ဖန်တီးချင်တာ..
တူရိယာတွေတီးခတ်ဖို့နဲ့ သီချင်းဆိုဖို့ကတော့ သေချာသင်ယူပြီး ပြန်လေ့ကျင့်ဖို့လိုဦးမယ်။
ဗီဒီယိုဂိမ်းတွေကိုလည်း သူကြိုက်တာပဲ...
ဂိမ်းပရိုဂရမ်ပိုင်းကိုတော့ လေ့လာကြည့်ချင်တယ်...
စာစိတ်မဝင်စားတဲ့သူ့အတွက် ဒီပရိုဂရမ်ပိုင်းတွေက ခက်ခဲနေမလား...
အကကလည်း သူအတော်လေးသဘောကျတဲ့ ပညာရပ်ထဲပါတယ်။ သင်လည်း သင်ယူချင်တယ်။
ဒါပေမဲ့ အရမ်းပြင်းထန်အောင်လှုပ်ရှားလို့မဖြစ်တဲ့သူ့ကျမ်းမာရေးကြောင့် အကကလပ်တော့ စဥ်းစားရဦးမယ်။
တကယ့်ကို ဝေခွဲမရဖြစ်နေတုန်းပဲ...
"ဘာလုပ်နေတာလဲ.."
အခန်းထဲဝင်လာတဲ့အကိုက သူ့ရှေ့က လက်ကမ်းစာရွက်တွေကိုငုံ့ကြည့်တယ်။
"ဘယ်ကလပ်မှမဝင်ရသေးဘူးလား... မဆုံးဖြတ်ရသေးဘူးလား"
"ဟုတ်တယ်... ဖြစ်ချင်တာတွေများသလိုနဲ့ တကယ်ကျ ဘာဖြစ်ချင်မှန်းမသိတော့ဘူး..."
သူ့ဘေးကခုံမှာ အကိုဝင်ထိုင်လိုက်ရင်း..
"သေချာစဥ်းစားပြီး ကိုယ့်ကိုယ်ကိုအကောင်းဆုံးလုပ်နိုင်မယ်ထင်တဲ့ တစ်ခုကိုရွေး... အထက်တန်းကျောင်းသားဘဝရဲ့ အမှတ်တရတွေထဲ ဒီ activityတွေက အလှပဆုံးအမှတ်တရ ဖြစ်နေစေမှာမို့... "
အကို့စကားမှာ သူရုပ်တရက်သတိရသွားတယ်...
အကိုကလည်း သူနဲ့တစ်ကျောင်းထဲတက်ခဲ့တာပဲ...
အကိုအထက်တန်းတုန်းကလည်း ဒီလိုပဲ ဖြတ်သန်းခဲ့မှာပဲ...
"အကိုက ဘယ်ကလပ်မှာ ပါခဲ့တာလဲ.."
အကိုက သူ ရွေးချယ်မထားတဲ့အနောက်က ကလပ်တွေထဲက အဝါရောင်စာရွက်ကလေးကိုဆွဲထုတ်လိုက်တယ်..
"ဓာတ်ပုံကလပ်လား..."
"အင်း..."
အဲ့ဒီအဝါရောင်စာရွက်ကလေးကို ယူကြည့်လိုက်တယ်။
ကင်မရာပုံLogoလေးနဲ့ လုပ်ရမဲ့အပိုင်းတွေ လေ့လာနိုင်မဲ့ခေါင်းစဥ်လေးတွေရေးထားတယ်။
သေချာကြည့်မှ စိတ်ဝင်စားစရာပဲ...
အထက်တန်းကျောင်းသားရဲ့ အမှတ်တရတွေတဲ့... အကို့ရဲ့အမှတ်တရတွေရော အဲ့ဒီနေရာမှာရှိနေလိမ့်မလား...
"အကိုရော အဲ့ဒီကလပ်မှာ အမှတ်တရတွေများခဲ့လား.."
အကိုက ပြုံးတယ်။
"အင်းး.. များတယ်.."
သူရွေးချယ်လို့ရသွားပြီထင်တယ်။
"ကျွန်တော်လည်း ဓာတ်ပုံကလပ်ကိုဝင်မယ်"
အကိုက သူ့ကိုကြည့်တယ်။
"ဘာလို့လဲ.."
"ကျွန်တော့်ရဲ့ အကောင်းဆုံးအမှတ်တရတွေချန်ခဲ့မလို့..."
ပြီးတော့ အကို့ရဲ့အမှတ်တရတွေက ဘာတွေလဲ သိချင်လို့....
အကိုက ထပ်ပြုံးပြန်တယ်။
" မသိတာရှိရင် ကိုယ့်ကိုမေး..."
သူမှန်မယ်လို့ထင်တာပဲ..
ဒီတစ်လော အကို သူ့ကိုမရှောင်နေဘူး...
ဒီနေ့အကို စိတ်ကြည်နေတယ်..
"ဒါကဘာလဲ.."
သူ့လွယ်အိတ်ထဲကတစ်စွန်းတစထွက်ကျနေတဲ့ စာအိတ်ကလေးတွေကို အကိုဖြတ်ကနဲဆွဲယူလိုက််တယ်။
"...."
သူတုံ့ပြန်ချိန်တောင်မရလိုက်...
အဲ့တာက...
"အော်.... ရည်းစားစာပဲ"
အကို့မျက်ခုံးတန်း အနည်းငယ်တွန့်ချိုးသွားသလို...
"ဝမ်ရိပေါ်က တော်တော်လေး လူသဘောကျခံရတဲ့ ကောင်လေးပဲ... "
"အဲ့တာ ကျွန်တော့်လွယ်အိတ်ထဲ အတင်းထည့်သွားတာ... လက်မခံဘူးပြောတာလည်း မရ.."
"ရှင်းပြစရာမလိုပါဘူး...
ဒါမင်းရဲ့ကိုယ်ရေးကိုယ်တာပဲ..."
"...."
"ဒါပေမဲ့ ကိုယ်ပြောတာတော့ မမေ့နဲ့....
အရေးမကြီးတာတွေကို ရှေ့တန်းမတင်မိစေနဲ့... "
အကိုက စာကြည့်စားပွဲဆီထသွားကာ စာအုပ်တွေထုတ်တယ်..
"အချိန်နောက်ကျသွားလိမ့်မယ်... သင်ခန်းစာဆက်ရအောင်"
ကြည့်... ရုပ်တရက်ကြီး အမူအရာပြောင်းသွားပြန်ပြီ... အကိုက အဲ့လိုခန့်မှန်းရခက်လွန်းအောင် အမြဲလုပ်တက်တယ်။
"ဘာကအရေးကြီးပြီး ဘာကအရေးမကြီးတာလဲ.. ဒါကို ဘယ်လိုဆုံးဖြတ်ရတာလဲ..."
"ဒီကိုလာတော့ ဝမ်ရိပေါ်"
သူ အကို့ဘေးနားသွားကာ ဝင်ထိုင်လို့ အကို့ကို ရဲရဲဝံ့ဝံ့ကြည့်ရင်း..
"အကယ်၍ သေခါနီးလူတစ်ယောက်ဆိုရင်ရော... သူ့အတွက်အရေးကြီးဆုံးက စာတစ်စောင် ဒါမှမဟုတ် ဒီလိုလူတစ်ယောက်လည်းဖြစ်နိုင်တာပဲ..."
အကိုကလည်း သူ့ကိုပြန်ကြည့်လာတယ်။
"ဘယ်လိုလူလဲ.."
"သူချစ်ရတဲ့လူ.."
"...."
အကိုက သူ့ဆီကအကြည့်ခွာကာ မျက်နှာလွဲလို့ ခပ်တိုးတိုးရယ်ပြန်တယ်..
"ဝမ်ရိပေါ်က တကယ့်ကိုစိတ်ကူးယဥ်တာပဲ..."
အကို့ဆီမှာ ဒီလိုခပ်ထေ့ထေ့အမူအရာရှိသေးတာလား...
ဒီလူက တကယ်ကို စိတ်ဝင်စားစရာကောင်းတာ...
အတန်းပညာရပ်တွေလေ့လာမဲ့အစား ဒီလူ့ကိုသာလေ့လာရရင် ကုန်နိုင်ပါ့မလားပဲ...
"လောလောဆယ် မင်းရောကိုယ်ရောက သေခါနီးလူ ဟုတ်မနေဘူးလေ... ဒီတော့ လူတစ်ယောက်ထက်အရေးကြီးတာတွေ ဦးစားပေးသင့်တာပေါ့.."
"ကျွန်တော်ကတော့ အကို့ကိုရှင်းပြဖို့အရေးကြီးတယ်လို့ထင်တာပဲ... အကို အထင်မလွဲသွားဖို့လိုတယ်"
"ကိုယ့်မှာ မင်းနဲ့ပတ်သတ်ပြီး ဘာခံစားချက်မှရှိမနေပါဘူး.."
သူ့ရင်ထဲ အစိုင်အခဲတစ်ခုဖြစ်တည်တယ်။
အကိုသူ့ကို သဘောမကျဘူးလို့ သိနေပေမဲ့ ဒီလိုစကားလုံးအဖြစ်ကြားရတော့ ပိုခံရခက်တယ်။
တစ်ဖက်မှာလည်း ဒီစကားတွေက အမှန်မဟုတ်ဘူးလို့ ယူဆချင်သေးတဲ့ခံစားချက်က ဘယ်လိုများလဲ...
"ကျွန်တော်သိပါတယ်... သိပေမဲ့ ကျွန်တော့စိတ်ထဲအကိုက ဦးစားပေးဖြစ်နေတုန်းပဲ..."
"ကိုယ်အနေခက်တယ်... ဒီလိုတွေမပြောပါနဲ့လား.."
"မရည်ရွယ်ပါဘူးအကို.. တောင်းပန်ပါတယ်"
"...."
"ကျွန်တော့်စိတ်ကို အကိုသိရင်ပဲ ကျေနပ်ပါပြီ..."
အခန်းထဲလေထုက တိတ်ဆိတ်သွားတယ်။
စာရွက်လှန်သံတွေသာတစ်ဖျက်ဖျက်...
သူ့နှလုံးခုန်သံတွေ ဆူညံနေတာတော့ သူပဲသိပါတယ်...
သူ ဒီလူကို ဆက်သဘောကျချင်သေးတယ်။
ဒါပေမဲ့ သူ့ကိုယ်သူမယုံရဲတော့ဘူး...
ဒီလူကိုငေးနေရရင်ကျေနပ်ပြီဆိုတဲ့စိတ်နဲ့ မရောင့်ရဲနိုင်တော့ဘူး...
ပိုင်ဆိုင်ချင်တဲ့ဘက်ခြမ်းကို ရောက်လာတယ်။
တကယ်တမ်းကျ ဒီအရာတွေကို သူခံနိုင်ရည်မရှိပါဘူး...
.
.
"ကြိုဆိုပါတယ် ဝမ်ရိပေါ်.."
"ဟုတ်.."
"မင်းက ဘယ်အပိုင်း အားသန်တာလဲ.."
"အာ... ကျွန်တော် သိပ်မသိသေးဘူး..."
"ရပါတယ်ကွာ... သင်ယူရမှာပေါ့... မင်းရုပ်ရည်က မော်ဒယ်အဆင့်မှီအောင်ချောလို့ ရွေးထားတာကွ.."
"ဟုတ်... ကျေးဇူး.."
ဓာတ်ပုံကလပ်မှာ သူအပါအဝင် အဖွဲ့ဝင်ဆယ်ယောက်ရှိတယ်။
လောလောဆယ်တော့ ကိုးယောက်ပဲရှိသေးတယ်။
တစ်ယောက်ကမလာသေးဘူး..
သူကလည်း လူသစ်ပဲလို့ပြောတယ်။
လက်ရှိတွေ့ရတဲ့ လူတွေကတော့ နွေးနွေးထွေးထွေးပဲ...
အားလုံးနီးပါးက သူ့ထက်တစ်နှစ်ကြီးတဲ့ အထက်တန်းနောက်ဆုံးနှစ် စီနီယာတွေ..
"ကဲ... နောက်ဆုံးတော့ မျှော်နေတဲ့ အသစ်လေး ရောက်လာပါပြီ... ဒီအဖွဲ့ထဲ ထူးထူးချွန်ချွန် အလှပဂေးလေးရောက်လာလို့ ကျွန်တော်ကတော့ တိမ်လွှာပေါ်ခုန်တက်ကရသလို ဂုဏ်ယူပျော်ရွှင်ပါရဲ့ဗျာ.."
အဖွဲ့ထဲ ပျော်တက်ပုံရတဲ့ ဟောက်ရွမ်းဆိုတဲ့တစ်ယောက်ရဲ့ ရွတ်နောက်နောက်ကြိုဆိုသံကြောင့် သူစိတ်ဝင်တစားမော့ကြည့်မိတယ်။
"တွေ့ရတာဝမ်းသာပါတယ်... လျန်ချိုးဟွာပါ.."
"...."
အားလုံးက လက်ခုတ်တီးလို့ ကြိုဆိုကြတယ်။
လျန်ချိုးဟွာက သူ့ဘေးလာထိုင်လို့ နုတ်ဆက်တယ်။
"ဟိုင်း.."
"အင်း.."
"နင် ဒီကလပ်ကိုစိတ်ဝင်စားမယ်လို့မထင်ထားဘူးပဲ.."
"ဒီလိုပါပဲ.."
"ကဲကဲ... လူစုံပြီဆိုတော့ အစည်းအဝေး စရအောင်.."
စောစောက ဟောက်ရွှမ်းကပဲဆော်သြလို့ အစည်းအဝေးကိုဦးဆောင်တယ်..
"ငါတို့အဖွဲ့က ကျောင်းရဲ့Activity တွေတိုင်းလိုလိုမှာ ပါဝင်ရတယ်... ပြိုင်ပွဲတွေ..ကျောင်းပွဲတွေကအစ ကျောင်းရဲ့အရေးပါတဲ့ ကျောင်းသားမှတ်တမ်းပုံတွေအထိ ကျောင်းရဲ့နှစ်စဥ်ပုံရိပ်တွေကို အကောင်းဆုံးသိမ်းပေးနိုင်ရမယ်...
လွန်ခဲ့တဲ့နှစ်တွေက စီနီယာတွေက အကောင်းဆုံးလုပ်ခဲ့သလို ငါတို့ကလည်းပိုကောင်းအောင်လုပ်ရမယ်"
အဖွဲ့ငယ်လေးတွေပြန်ခွဲလို့ တာဝန်ပြန်ခွဲပေးကြပါတယ်။
ဂျူနီယာလည်းဖြစ် အသစ်လည်းဖြစ်တဲ့ သူနဲ့လျန်ချိုးဟွာကတော့ တိကျတဲ့တာဝန်ရယ်မရှိဘူး...
စီနီယာတွေလိုအပ်တဲ့အပိုင်းကို လိုက်ကူညီရင်း သင်ယူရမယ်တဲ့...
အပြောင်းအလဲတစ်ခုအတွက် ခြေလှမ်းတစ်ခု စတင််တယ်လို့ သူယူဆတယ်။
သူမှန်တယ်ထင်တာပဲ...
သူလူဝင်ဆံ့မှရမယ်...အပေါင်းအသင်းပိုရှိဖို့လိုတယ်လေ..
တစ်ယောက်တည်း သီချင်းနားထောင်ရင်း ခြောက်ကပ်ကပ် နေတက်တဲ့အကျင့်ကိုဖျောက်ရတော့မယ်။
သူ့အနာဂတ်အတွက် ရွေးချယ်ဖို့ လမ်းတွေလျောက်ကြည့်ရဦးမယ်လေ...
ဒါကလည်း အကိုဖြစ်စေချင်တဲ့အရာပဲနေမှာပါ...
သူ့အချိန်တိုင်းကို အကို့အကြောင်းတွေးရင်း သူ့စိတ်ကို အကို့ဆီပဲမှီခိုနေလို့မှမရပဲ...
.
.
ဒီကျောင်းကလပ်တွေမှာပါဝင်တဲ့ကျောင်းသားတွေက အတန်းပညာရေးမှာ လျော့ပေါ့ခွင့်ရှိပြီး ဒီကလပ်ရဲ့လုပ်ဆောင်မှုက ကောင်းရင်ကောင်းသလို အမှတ်ပေါင်းတာမို့ သူကောင်းကောင်းလုပ်နိုင်ရင် အထက်တန်းအောင်ဖို့ စာပဲဖိလုပ်စရာမလိုတော့ဘူး...
သင်ယူကြည့်တော့လည်း ဒီပညာရပ်က အတော်လေးစိတ်ဝင်စားစရာကောင်းပါတယ်...
ကင်မရာဆင်တာ.. ဆက်တင်ချိန်တာ... အလင်းအမှောင်.. Editing နဲ့ print ထုတ်တာအထိ အားလုံးက အနုစိပ်လုပ်ရတယ်။
အရည်အသွေးကောင်းတဲ့ ဓာတ်ပုံတစ်ပုံဖြစ်လာဖို့ ဖြတ်ကျော်ရတာတွေကလည်း အများသားရယ်...
အပေါ်ယံကြည့်တော့တာ လွယ်ကူတယ်ထင်ရတာ..
ဒါကလည်း အနုပညာပဲလေ...
သူဒီအဖွဲ့ထဲဝင်ဖြစ်တာလည်း ကောင်းတဲ့ရွေးချယ်မှုပါပဲ...
အာရုံစိုက်စရာရှိနေတော့ အကို့အကြောင်းအရင်လောက်မတွေးဖြစ်တော့ဘူး...
လူဆိုတာကလည်း လုပ်စရာတစ်ခုခုရှိနေမှ စိတ်တည်ငြိမ်တာ...
သူ နည်းနည်းတော့ရင့်ကျက်လာပြီထင်တယ်။
အရင်လောက် ခံစားချက်မပြင်းတော့ဘူး...
အချိန်ပြည့်အကို့ကို သတိရနေတာမျိုး မဖြစ်တော့ဘူး...
သူ့ကိုယ်သူ ထိန်းတက်လာပြီ...
အကိုပြောသလို သူအကို့ကို စွဲလမ်းပြီးတွယ်တာလွန်းခဲ့တာထင်ပါရဲ့....
"ဝမ်ရိပေါ်... ငါတို့ မြို့ထဲသွားရမယ်ထင်တယ်"
လျန်ချိုးဟွာက ကင်မရာကိုသန့်ရှင်းနေရင်း အသံပြုလာတယ်။
သူက laptop တစ်လုံးနဲ့ ပုံတစ်ခုကိုedit နေတာ...
"ဘာလို့လဲ.."
"စီနီယာကျိုးယီက ကလပ်အတွက် ပစ္စည်းတစ်ချို့ဝယ်ရမှာရှိနေတယ်
သူအရေးကြီးအတန်းရှိလို့ ငါ့ကိုလွဲခဲ့တယ်... နင်နဲ့သွားလိုက်တဲ့"
"aww... တခြားသူတွေကရော.."
"ဒီနေရာမှာ တခြားဘယ်သူတွေရှိနေလို့လဲ"
"အင်း.."
အားလုံးက ကိုယ်စီကိစ္စနဲ့အတန်းနဲ့ အချိန်လုပြီး ဒီကလပ်Activity ကိုလုပ်ကြတာဖြစ်တယ်။
ဒီနေရာကိုရောက်ပြီးကတည်းက သူပြေးလွားနေရတာ အခုဆိုပုံမှန်တောင်ဖြစ်နေပြီ။
"သွားတာပေါ့ အဲ့တာဆိုလည်း"
"အင်း.."
သူနဲ့လျန်ချိုးဟွာ နှစ်ယောက်တည်းသွားလာဖြစ်တဲ့ ဒုတိယအကြိမ်ဖြစ်တယ်။
လိုအပ်တဲ့ပစ္စည်းတွေက တစ်နေရာတည်းမှာမရနိုင်တော့ ရှာဖွေရတာက တကယ်ပင်ပန်းတာ..
ရတဲ့ဘက်ဂျက်နဲ့ ချိန်ညှိပြီးသုံးရတာက အခက်အခဲတစ်ခု...
ဆိုင်တွေက သူတို့လိုအထက်တန်းကလေးတွေကို လှည့်စားချင်ကြသေးတာ...
လျန်ချိုးဟွာကိုင်တွယ်နိုင်လို့သာတော်သေး..
သူသာဆို တကယ်မလွယ်လောက်ဘူး...
ကျောင်းသားတစ်ယောက်ရဲ့ဘဝက ဒီလောက်ခက်ခဲမယ်မထင်ထားခဲ့တာ...
စာတော်တဲ့ကျောင်းသားမဟုတ်တာ တကယ်ပင်ပန်းတာပဲ....
"နင်က စာတော်ရဲ့သားနဲ့ ဒီကိုဘာလို့လာတာလဲ"
"ဘက်စုံထူးချွန်ချင်လို့လေ.."
"အဲ့တာကို ဘာလို့ဓာတ်ပုံကလပ်လဲ.. နင့်အရည်အချင်းနဲ့ဆို ပိုကောင်းတာတွေရှိတာပဲ.."
သူတကယ်စိတ်ဝင်စားမိတာ...
သူမရဲ့အဆင့်နဲ့အမှတ်တွေဆိုရင် ကျောင်းမှာထိပ်ပိုင်းစာရင်းနဲ့ အောင်မြင်နိုင်မှာအသေအချာပဲကို...
ဒီလိုကလပ်တွေဝင်မယ်ဆိုလည်း သူမနဲ့ပိုလိုက်ဖက်တဲ့ ဘာသာစကားကလပ်တို့ ဆေးပညာကလပ်တို့ စာပေကလပ်တို့ ဒါမှမဟုတ် ပိုမြင့်တဲ့ နိုင်ငံတကာဆက်သွယ်ရေးလိုမျိုး လုပ်သင့်တာကို...
လျန်ချိုးဟွားက ပြုံးလို့ခေါင်းခါတယ်။
"နင်ကငါ့ကို အရမ်းအထင်ကြီးနေတာလား... စာတော်တိုင်းလည်းမကောင်းပါဘူးဟာ... စာတော်တဲ့ကလေးတွေရဲ့ဖိအားကို နင်မသိပါဘူး...
ဒီကလပ်ဝင်ထားတာ ငါ့အိမ်ကမသိဘူး...
သိရင်လည်း ခွင့်ပြုမှာလည်းမဟုတ်ဘူး
ဒါက ငါ့အတွက်စိတ်ထွက်ပေါက်ပဲ.."
"အင်း... ငါမသိဘူး.."
သူမ မျက်လုံးတွေက ခံစားချက်မရှိသလို တည်ငြိမ်နေလျက်...
သူအကို့ကို မြင်ယောင်လာတယ်။
အကိုကကြိုးစားပေမဲ့ လျန်ချိုးဟွာနဲ့မတူပြန်ဘူး...
အကိုက လွပ်လပ်ပြီး ပျော်ရွှင်နေပုံပေါက်တယ်။
လျန်ချိုးဟွာကတော့ အထီးကျန်နေသလိုမျိုး...
သူမက သနားစရာတစ်မျိုးကောင်းနေတယ်လို့တောင် မြင်လာတယ်။
သူဆက်မမေးတော့ဖို့ ဆုံးဖြတ်လိုက်တယ်။
"နင်ဘာသောက်ချင်လဲ... ဟိုးရှေ့ကဆိုင်ကလေးက ကောင်းမဲ့ပုံလေး... စတော်ဘယ်ရီကြိုက်လား.."
ရှေ့မှာမြင်နေရတဲ့ စားပွဲဝိုင်းလေးတွေနဲ့ Cool drink ဆိုင်ကလေးက ချစ်စရာလေး...
သူကပဲဦးဆောင်လို့ဆိုင်ထဲဝင်သွားလိုက်တယ်..
လျန်ချိုးဟွာက ဘာမှမပြောပဲ နောက်ကလိုက်လာရဲ့...
"ငါတိုက်မယ်လေ"
သူဆိုင်ထဲအဝင်..
ဆိုင်ထဲကထွက်လာတဲ့လူတစ်ယောက်နဲ့ တိုက်မိမလိုဖြစ်ရင်း ထိပ်တိုက်ဆုံတယ်။
သူခြေယိုင်သွားလို့ ရှေ့ကလူက လှမ်းဆွဲထိန်းပေးတယ်။
အဲ့ဒီလူလက်ထဲက ကော်ဖီခွက်ကလေး အနည်းငယ် ဖိတ်စင်သွားတယ်။
"အဲ.... "
ပထမအကြိမ်ဆိုရင်တိုက်ဆိုင်မှု...
ဒုတိယအကြိမ်ဆိုရင် ရေစက်...
တတိယအကြိမ်ဆိုရင် ကံတရားပဲလို့ သတ်မှတ်လို့ရလား...
ဒါဟာ လုပ်ယူတဲ့တွေ့ဆုံမှုတွေ မဟုတ်ဘူး....
"အကို... "
"ဝမ်ရိပေါ်..."
အကို့နုတ်ခမ်းအောက်က မှဲ့ကလေး လှုပ်ရှားသွားတယ်။
အကို့အကြည့်တွေကလည်း အံ့သြနေသလို...
မျက်ခုံးတန်းတွေတွန့်ချိုးနေတယ်။
မဟုတ်ဘူး...
သူနဲ့အကိုက ပထမဆုံးအကြိမ်တွေ့ဆုံကတည်းက ကံတရားဖြစ်ခဲ့တာ...
ဒါကို သူသိတယ်။
ပထမအကြိမ်မှာကတည်းက ခုန်လှုပ်သွားခဲ့တဲ့ သူ့နှလုံးသားက သိနေတယ်။
သူထွေပြားပြီး မေ့နေခဲ့တာ...
ဒါဟာ စွဲလမ်းမှုမဟုတ်ဘူး...
သူ ရုပ်တရက်ရင်ခုန်လာတယ်။
---------------------------------------
Zawgyi;
အခန္းထဲေရာက္တာနဲ႕ ကုတင္ေပၚေျခပစ္လက္ပစ္ ပစ္ လွဲပစ္လိုက္တယ္။
ပင္ပန္းႏြယ္နယ္ေနတဲ့အေနအထားက သူဒီေန႕အမ်ားႀကီးလႈပ္လႈပ္ရွားရွားသြားလာထားတာကို သက္ေသျပလို႔ေနတယ္။
တစ္ေက်ာင္းလုံးနီးပါးေျခတိုေအာင္ေလ်ာက္လိုက္ရတာေပါ့..
ရွင္းယီက ေက်ာင္းအားကစားကလပ္မွာပါဝင္ဖို႔ ေက်ာင္းသားေတြကိုမဲလိုက္ဆြယ္တဲ့ထဲ သူ႕ကိုဆြဲေခၚသြားတာေၾကာင့္...
သူ႕ေဘးက ေက်ာပိုးအိတ္ကိုဆြဲယူလို႔ အထဲကပစၥည္းတစ္ခ်ိဳ႕ကိုဆြဲထုတ္လိုက္တယ္။
လက္ထဲပါလာတဲ့ ေက်ာင္းကလပ္ေတြရဲ႕ လက္ကမ္းစာေစာင္ေတြက အေရာင္အမ်ိဳးမ်ိဳး...
သူ႕ကိုလည္း ပါဝင္ဖို႔လာကမ္းလွမ္းထားတဲ့ ကလပ္ေတြ ေလးငါးဖြဲ႕ရွိတယ္။
လက္ကမ္းစာ႐ြက္ေတြကို အေရွ႕မွာတန္းစီခ်လိဳ႕ ျပန္ၾကည့္တယ္။
တစ္ေစာင္ကိုအေရာင္တစ္မ်ိဳးနဲ႕ မက္လုံးကလည္းတစ္မ်ိဳးစီ..
သူစိတ္ဝင္စားတဲ့ သုံးခုကိုဆြဲထုတ္လိုက္တယ္။
ဂီတကလပ္၊ အကကလပ္ နဲ႕ ဗီဒီယိုဂိမ္းကလပ္...
ဂီတကလပ္ကေတာ့ အေတာ္ေလးကိုက္ညီသလိုပဲ.. သီခ်င္းေတြႏွစ္သက္တဲ့သူက သီခ်င္းေတြကို ကိုယ္တိုင္ဖန္တီးခ်င္တာ..
တူရိယာေတြတီးခတ္ဖို႔နဲ႕ သီခ်င္းဆိုဖို႔ကေတာ့ ေသခ်ာသင္ယူၿပီး ျပန္ေလ့က်င့္ဖို႔လိုဦးမယ္။
ဗီဒီယိုဂိမ္းေတြကိုလည္း သူႀကိဳက္တာပဲ...
ဂိမ္းပရိုဂရမ္ပိုင္းကိုေတာ့ ေလ့လာၾကည့္ခ်င္တယ္...
စာစိတ္မဝင္စားတဲ့သူ႕အတြက္ ဒီပရိုဂရမ္ပိုင္းေတြက ခက္ခဲေနမလား...
အကကလည္း သူအေတာ္ေလးသေဘာက်တဲ့ ပညာရပ္ထဲပါတယ္။ သင္လည္း သင္ယူခ်င္တယ္။
ဒါေပမဲ့ အရမ္းျပင္းထန္ေအာင္လႈပ္ရွားလို႔မျဖစ္တဲ့သူ႕က်မ္းမာေရးေၾကာင့္ အကကလပ္ေတာ့ စဥ္းစားရဦးမယ္။
တကယ့္ကို ေဝခြဲမရျဖစ္ေနတုန္းပဲ...
"ဘာလုပ္ေနတာလဲ.."
အခန္းထဲဝင္လာတဲ့အကိုက သူ႕ေရွ႕က လက္ကမ္းစာ႐ြက္ေတြကိုငုံ႕ၾကည့္တယ္။
"ဘယ္ကလပ္မွမဝင္ရေသးဘူးလား... မဆုံးျဖတ္ရေသးဘူးလား"
"ဟုတ္တယ္... ျဖစ္ခ်င္တာေတြမ်ားသလိုနဲ႕ တကယ္က် ဘာျဖစ္ခ်င္မွန္းမသိေတာ့ဘူး..."
သူ႕ေဘးကခုံမွာ အကိုဝင္ထိုင္လိုက္ရင္း..
"ေသခ်ာစဥ္းစားၿပီး ကိုယ့္ကိုယ္ကိုအေကာင္းဆုံးလုပ္နိုင္မယ္ထင္တဲ့ တစ္ခုကိုေ႐ြး... အထက္တန္းေက်ာင္းသားဘဝရဲ႕ အမွတ္တရေတြထဲ ဒီ activityေတြက အလွပဆုံးအမွတ္တရ ျဖစ္ေနေစမွာမို႔... "
အကို႔စကားမွာ သူ႐ုပ္တရက္သတိရသြားတယ္...
အကိုကလည္း သူနဲ႕တစ္ေက်ာင္းထဲတက္ခဲ့တာပဲ...
အကိုအထက္တန္းတုန္းကလည္း ဒီလိုပဲ ျဖတ္သန္းခဲ့မွာပဲ...
"အကိုက ဘယ္ကလပ္မွာ ပါခဲ့တာလဲ.."
အကိုက သူ ေ႐ြးခ်ယ္မထားတဲ့အေနာက္က ကလပ္ေတြထဲက အဝါေရာင္စာ႐ြက္ကေလးကိုဆြဲထုတ္လိုက္တယ္..
"ဓာတ္ပုံကလပ္လား..."
"အင္း..."
အဲ့ဒီအဝါေရာင္စာ႐ြက္ကေလးကို ယူၾကည့္လိုက္တယ္။
ကင္မရာပုံLogoေလးနဲ႕ လုပ္ရမဲ့အပိုင္းေတြ ေလ့လာနိုင္မဲ့ေခါင္းစဥ္ေလးေတြေရးထားတယ္။
ေသခ်ာၾကည့္မွ စိတ္ဝင္စားစရာပဲ...
အထက္တန္းေက်ာင္းသားရဲ႕ အမွတ္တရေတြတဲ့... အကို႔ရဲ႕အမွတ္တရေတြေရာ အဲ့ဒီေနရာမွာရွိေနလိမ့္မလား...
"အကိုေရာ အဲ့ဒီကလပ္မွာ အမွတ္တရေတြမ်ားခဲ့လား.."
အကိုက ၿပဳံးတယ္။
"အင္းး.. မ်ားတယ္.."
သူေ႐ြးခ်ယ္လို႔ရသြားၿပီထင္တယ္။
"ကြၽန္ေတာ္လည္း ဓာတ္ပုံကလပ္ကိုဝင္မယ္"
အကိုက သူ႕ကိုၾကည့္တယ္။
"ဘာလို႔လဲ.."
"ကြၽန္ေတာ့္ရဲ႕ အေကာင္းဆုံးအမွတ္တရေတြခ်န္ခဲ့မလို႔..."
ၿပီးေတာ့ အကို႔ရဲ႕အမွတ္တရေတြက ဘာေတြလဲ သိခ်င္လို႔....
အကိုက ထပ္ၿပဳံးျပန္တယ္။
" မသိတာရွိရင္ ကိုယ့္ကိုေမး..."
သူမွန္မယ္လို႔ထင္တာပဲ..
ဒီတစ္ေလာ အကို သူ႕ကိုမေရွာင္ေနဘူး...
ဒီေန႕အကို စိတ္ၾကည္ေနတယ္..
"ဒါကဘာလဲ.."
သူ႕လြယ္အိတ္ထဲကတစ္စြန္းတစထြက္က်ေနတဲ့ စာအိတ္ကေလးေတြကို အကိုျဖတ္ကနဲဆြဲယူလိုက္္တယ္။
"...."
သူတုံ႕ျပန္ခ်ိန္ေတာင္မရလိုက္...
အဲ့တာက...
"ေအာ္.... ရည္းစားစာပဲ"
အကို႔မ်က္ခုံးတန္း အနည္းငယ္တြန့္ခ်ိဳးသြားသလို...
"ဝမ္ရိေပၚက ေတာ္ေတာ္ေလး လူသေဘာက်ခံရတဲ့ ေကာင္ေလးပဲ... "
"အဲ့တာ ကြၽန္ေတာ့္လြယ္အိတ္ထဲ အတင္းထည့္သြားတာ... လက္မခံဘူးေျပာတာလည္း မရ.."
"ရွင္းျပစရာမလိုပါဘူး...
ဒါမင္းရဲ႕ကိုယ္ေရးကိုယ္တာပဲ..."
"...."
"ဒါေပမဲ့ ကိုယ္ေျပာတာေတာ့ မေမ့နဲ႕....
အေရးမႀကီးတာေတြကို ေရွ႕တန္းမတင္မိေစနဲ႕... "
အကိုက စာၾကည့္စားပြဲဆီထသြားကာ စာအုပ္ေတြထုတ္တယ္..
"အခ်ိန္ေနာက္က်သြားလိမ့္မယ္... သင္ခန္းစာဆက္ရေအာင္"
ၾကည့္... ႐ုပ္တရက္ႀကီး အမူအရာေျပာင္းသြားျပန္ၿပီ... အကိုက အဲ့လိုခန့္မွန္းရခက္လြန္းေအာင္ အၿမဲလုပ္တက္တယ္။
"ဘာကအေရးႀကီးၿပီး ဘာကအေရးမႀကီးတာလဲ.. ဒါကို ဘယ္လိုဆုံးျဖတ္ရတာလဲ..."
"ဒီကိုလာေတာ့ ဝမ္ရိေပၚ"
သူ အကို႔ေဘးနားသြားကာ ဝင္ထိုင္လို႔ အကို႔ကို ရဲရဲဝံ့ဝံ့ၾကည့္ရင္း..
"အကယ္၍ ေသခါနီးလူတစ္ေယာက္ဆိုရင္ေရာ... သူ႕အတြက္အေရးႀကီးဆုံးက စာတစ္ေစာင္ ဒါမွမဟုတ္ ဒီလိုလူတစ္ေယာက္လည္းျဖစ္နိုင္တာပဲ..."
အကိုကလည္း သူ႕ကိုျပန္ၾကည့္လာတယ္။
"ဘယ္လိုလူလဲ.."
"သူခ်စ္ရတဲ့လူ.."
"...."
အကိုက သူ႕ဆီကအၾကည့္ခြာကာ မ်က္ႏွာလြဲလို႔ ခပ္တိုးတိုးရယ္ျပန္တယ္..
"ဝမ္ရိေပၚက တကယ့္ကိုစိတ္ကူးယဥ္တာပဲ..."
အကို႔ဆီမွာ ဒီလိုခပ္ေထ့ေထ့အမူအရာရွိေသးတာလား...
ဒီလူက တကယ္ကို စိတ္ဝင္စားစရာေကာင္းတာ...
အတန္းပညာရပ္ေတြေလ့လာမဲ့အစား ဒီလူ႕ကိုသာေလ့လာရရင္ ကုန္နိုင္ပါ့မလားပဲ...
"ေလာေလာဆယ္ မင္းေရာကိုယ္ေရာက ေသခါနီးလူ ဟုတ္မေနဘူးေလ... ဒီေတာ့ လူတစ္ေယာက္ထက္အေရးႀကီးတာေတြ ဦးစားေပးသင့္တာေပါ့.."
"ကြၽန္ေတာ္ကေတာ့ အကို႔ကိုရွင္းျပဖို႔အေရးႀကီးတယ္လို႔ထင္တာပဲ... အကို အထင္မလြဲသြားဖို႔လိုတယ္"
"ကိုယ့္မွာ မင္းနဲ႕ပတ္သတ္ၿပီး ဘာခံစားခ်က္မွရွိမေနပါဘူး.."
သူ႕ရင္ထဲ အစိုင္အခဲတစ္ခုျဖစ္တည္တယ္။
အကိုသူ႕ကို သေဘာမက်ဘဴးလို႔ သိေနေပမဲ့ ဒီလိုစကားလုံးအျဖစ္ၾကားရေတာ့ ပိုခံရခက္တယ္။
တစ္ဖက္မွာလည္း ဒီစကားေတြက အမွန္မဟုတ္ဘူးလို႔ ယူဆခ်င္ေသးတဲ့ခံစားခ်က္က ဘယ္လိုမ်ားလဲ...
"ကြၽန္ေတာ္သိပါတယ္... သိေပမဲ့ ကြၽန္ေတာ့စိတ္ထဲအကိုက ဦးစားေပးျဖစ္ေနတုန္းပဲ..."
"ကိုယ္အေနခက္တယ္... ဒီလိုေတြမေျပာပါနဲ႕လား.."
"မရည္႐ြယ္ပါဘူးအကို.. ေတာင္းပန္ပါတယ္"
"...."
"ကြၽန္ေတာ့္စိတ္ကို အကိုသိရင္ပဲ ေက်နပ္ပါၿပီ..."
အခန္းထဲေလထုက တိတ္ဆိတ္သြားတယ္။
စာ႐ြက္လွန္သံေတြသာတစ္ဖ်က္ဖ်က္...
သူ႕ႏွလုံးခုန္သံေတြ ဆူညံေနတာေတာ့ သူပဲသိပါတယ္...
သူ ဒီလူကို ဆက္သေဘာက်ခ်င္ေသးတယ္။
ဒါေပမဲ့ သူ႕ကိုယ္သူမယုံရဲေတာ့ဘူး...
ဒီလူကိုေငးေနရရင္ေက်နပ္ၿပီဆိုတဲ့စိတ္နဲ႕ မေရာင့္ရဲနိုင္ေတာ့ဘူး...
ပိုင္ဆိုင္ခ်င္တဲ့ဘက္ျခမ္းကို ေရာက္လာတယ္။
တကယ္တမ္းက် ဒီအရာေတြကို သူခံနိုင္ရည္မရွိပါဘူး...
.
.
"ႀကိဳဆိုပါတယ္ ဝမ္ရိေပၚ.."
"ဟုတ္.."
"မင္းက ဘယ္အပိုင္း အားသန္တာလဲ.."
"အာ... ကြၽန္ေတာ္ သိပ္မသိေသးဘူး..."
"ရပါတယ္ကြာ... သင္ယူရမွာေပါ့... မင္း႐ုပ္ရည္က ေမာ္ဒယ္အဆင့္မွီေအာင္ေခ်ာလို႔ ေ႐ြးထားတာကြ.."
"ဟုတ္... ေက်းဇူး.."
ဓာတ္ပုံကလပ္မွာ သူအပါအဝင္ အဖြဲ႕ဝင္ဆယ္ေယာက္ရွိတယ္။
ေလာေလာဆယ္ေတာ့ ကိုးေယာက္ပဲရွိေသးတယ္။
တစ္ေယာက္ကမလာေသးဘူး..
သူကလည္း လူသစ္ပဲလို႔ေျပာတယ္။
လက္ရွိေတြ႕ရတဲ့ လူေတြကေတာ့ ေႏြးေႏြးေထြးေထြးပဲ...
အားလုံးနီးပါးက သူ႕ထက္တစ္ႏွစ္ႀကီးတဲ့ အထက္တန္းေနာက္ဆုံးႏွစ္ စီနီယာေတြ..
"ကဲ... ေနာက္ဆုံးေတာ့ ေမွ်ာ္ေနတဲ့ အသစ္ေလး ေရာက္လာပါၿပီ... ဒီအဖြဲ႕ထဲ ထူးထူးခြၽန္ခြၽန္ အလွပေဂးေလးေရာက္လာလို႔ ကြၽန္ေတာ္ကေတာ့ တိမ္လႊာေပၚခုန္တက္ကရသလို ဂုဏ္ယူေပ်ာ္႐ႊင္ပါရဲ႕ဗ်ာ.."
အဖြဲ႕ထဲ ေပ်ာ္တက္ပုံရတဲ့ ေဟာက္႐ြမ္းဆိုတဲ့တစ္ေယာက္ရဲ႕ ႐ြတ္ေနာက္ေနာက္ႀကိဳဆိုသံေၾကာင့္ သူစိတ္ဝင္တစားေမာ့ၾကည့္မိတယ္။
"ေတြ႕ရတာဝမ္းသာပါတယ္... လ်န္ခ်ိဳးဟြာပါ.."
"...."
အားလုံးက လက္ခုတ္တီးလို႔ ႀကိဳဆိုၾကတယ္။
လ်န္ခ်ိဳးဟြာက သူ႕ေဘးလာထိုင္လို႔ ႏုတ္ဆက္တယ္။
"ဟိုင္း.."
"အင္း.."
"နင္ ဒီကလပ္ကိုစိတ္ဝင္စားမယ္လို႔မထင္ထားဘူးပဲ.."
"ဒီလိုပါပဲ.."
"ကဲကဲ... လူစုံၿပီဆိုေတာ့ အစည္းအေဝး စရေအာင္.."
ေစာေစာက ေဟာက္႐ႊမ္းကပဲေဆာ္ၾသလို႔ အစည္းအေဝးကိုဦးေဆာင္တယ္..
"ငါတို႔အဖြဲ႕က ေက်ာင္းရဲ႕Activity ေတြတိုင္းလိုလိုမွာ ပါဝင္ရတယ္... ၿပိဳင္ပြဲေတြ..ေက်ာင္းပြဲေတြကအစ ေက်ာင္းရဲ႕အေရးပါတဲ့ ေက်ာင္းသားမွတ္တမ္းပုံေတြအထိ ေက်ာင္းရဲ႕ႏွစ္စဥ္ပုံရိပ္ေတြကို အေကာင္းဆုံးသိမ္းေပးနိုင္ရမယ္...
လြန္ခဲ့တဲ့ႏွစ္ေတြက စီနီယာေတြက အေကာင္းဆုံးလုပ္ခဲ့သလို ငါတို႔ကလည္းပိုေကာင္းေအာင္လုပ္ရမယ္"
အဖြဲ႕ငယ္ေလးေတြျပန္ခြဲလို႔ တာဝန္ျပန္ခြဲေပးၾကတယ္။
ဂ်ဴနီယာလည္းျဖစ္ အသစ္လည္းျဖစ္တဲ့ သူနဲ႕လ်န္ခ်ိဳးဟြာကေတာ့ တိက်တဲ့တာဝန္ရယ္မရွိဘူး...
စီနီယာေတြလိုအပ္တဲ့အပိုင္းကို လိုက္ကူညီရင္း သင္ယူရမယ္တဲ့...
အေျပာင္းအလဲတစ္ခုအတြက္ ေျခလွမ္းတစ္ခု စတင္္တယ္လို႔ သူယူဆတယ္။
သူမွန္တယ္ထင္တာပဲ...
သူလူဝင္ဆံ့မွရမယ္...အေပါင္းအသင္းပိုရွိဖို႔လိုတယ္။
တစ္ေယာက္တည္း သီခ်င္းနားေထာင္ရင္း ေျခာက္ကပ္ကပ္ ေနတက္တဲ့အက်င့္ကိုေဖ်ာက္ရေတာ့မယ္။
သူ႕အနာဂတ္အတြက္ ေ႐ြးခ်ယ္ဖို႔ လမ္းေတြေလ်ာက္ၾကည့္ရဦးမယ္ေလ...
ဒါကလည္း အကိုျဖစ္ေစခ်င္တဲ့အရာပဲေနမွာပါ...
သူ႕အခ်ိန္တိုင္းကို အကို႔အေၾကာင္းေတြးရင္း သူ႕စိတ္ကို အကို႔ဆီပဲမွီခိုေနလို႔မွမရပဲ...
.
.
ဒီေက်ာင္းကလပ္ေတြမွာပါဝင္တဲ့ေက်ာင္းသားေတြက အတန္းပညာေရးမွာ ေလ်ာ့ေပါ့ခြင့္ရွိၿပီး ဒီကလပ္ရဲ႕လုပ္ေဆာင္မႈက ေကာင္းရင္ေကာင္းသလို အမွတ္ေပါင္းတာမို႔ သူေကာင္းေကာင္းလုပ္နိုင္ရင္ အထက္တန္းေအာင္ဖို႔ စာပဲဖိလုပ္စရာမလိုေတာ့...
သင္ယူၾကည့္ေတာ့လည္း ဒီပညာရပ္က အေတာ္ေလးစိတ္ဝင္စားစရာေကာင္းပါတယ္...
ကင္မရာဆင္တာ.. ဆက္တင္ခ်ိန္တာ... အလင္းအေမွာင္.. Editing နဲ႕ print ထုတ္တာအထိ အားလုံးက အႏုစိပ္လုပ္ရတယ္။
အရည္အေသြးေကာင္းတဲ့ ဓာတ္ပုံတစ္ပုံျဖစ္လာဖို႔ ျဖတ္ေက်ာ္ရတာေတြကလည္း အမ်ားသားရယ္...
အေပၚယံၾကည့္ေတာ့တာ လြယ္ကူတယ္ထင္ရတာ..
ဒါကလည္း အႏုပညာပဲေလ...
သူဒီအဖြဲ႕ထဲဝင္ျဖစ္တာလည္း ေကာင္းတဲ့ေ႐ြးခ်ယ္မႈပါပဲ...
အာ႐ုံစိုက္စရာရွိေနေတာ့ အကို႔အေၾကာင္းအရင္ေလာက္မေတြးျဖစ္ေတာ့ဘူး...
လူဆိုတာကလည္း လုပ္စရာတစ္ခုခုရွိေနမွ စိတ္တည္ၿငိမ္တာ...
သူ နည္းနည္းေတာ့ရင့္က်က္လာၿပီထင္တယ္။
အရင္ေလာက္ ခံစားခ်က္မျပင္းေတာ့ဘူး...
အခ်ိန္ျပည့္အကို႔ကို သတိရေနတာမ်ိဳး မျဖစ္ေတာ့ဘူး...
သူ႕ကိုယ္သူ ထိန္းတက္လာၿပီ...
အကိုေျပာသလို သူအကို႔ကို စြဲလမ္းၿပီးတြယ္တာလြန္းခဲ့တာထင္ပါရဲ႕....
"ဝမ္ရိေပၚ... ငါတို႔ ၿမိဳ႕ထဲသြားရမယ္ထင္တယ္"
လ်န္ခ်ိဳးဟြာက ကင္မရာကိုသန့္ရွင္းေနရင္း အသံျပဳလာတယ္။
သူက laptop တစ္လုံးနဲ႕ ပုံတစ္ခုကိုedit ေနတာ...
"ဘာလို႔လဲ.."
"စီနီယာက်ိဳးယီက ကလပ္အတြက္ ပစၥည္းတစ္ခ်ိဳ႕ဝယ္ရမွာရွိေနတယ္
သူအေရးႀကီးအတန္းရွိလို႔ ငါ့ကိုလြဲခဲ့တယ္... နင္နဲ႕သြားလိုက္တဲ့"
"aww... တျခားသူေတြကေရာ.."
"ဒီေနရာမွာ တျခားဘယ္သူေတြရွိေနလို႔လဲ"
"အင္း.."
အားလုံးက ကိုယ္စီကိစၥနဲ႕အတန္းနဲ႕ အခ်ိန္လုၿပီး ဒီကလပ္Activity ကိုလုပ္ၾကတာျဖစ္တယ္။
ဒီေနရာကိုေရာက္ၿပီးကတည္းက သူေျပးလြားေနရတာ အခုဆိုပုံမွန္ေတာင္ျဖစ္ေနၿပီ။
"သြားတာေပါ့ အဲ့တာဆိုလည္း"
"အင္း.."
သူနဲ႕လ်န္ခ်ိဳးဟြာ ႏွစ္ေယာက္တည္းသြားလာျဖစ္တဲ့ ဒုတိယအႀကိမ္ျဖစ္တယ္။
လိုအပ္တဲ့ပစၥည္းေတြက တစ္ေနရာတည္းမွာမရနိုင္ေတာ့ ရွာေဖြရတာက တကယ္ပင္ပန္းတာ..
ရတဲ့ဘက္ဂ်က္နဲ႕ ခ်ိန္ညွိၿပီးသုံးရတာက အခက္အခဲတစ္ခု...
ဆိုင္ေတြက သူတို႔လိုအထက္တန္းကေလးေတြကို လွည့္စားခ်င္ၾကေသးတာ...
လ်န္ခ်ိဳးဟြာကိုင္တြယ္နိုင္လို႔သာေတာ္ေသး..
သူသာဆို တကယ္မလြယ္ေလာက္ဘူး...
ေက်ာင္းသားတစ္ေယာက္ရဲ႕ဘဝက ဒီေလာက္ခက္ခဲမယ္မထင္ထားခဲ့တာ...
စာေတာ္တဲ့ေက်ာင္းသားမဟုတ္တာ တကယ္ပင္ပန္းတာပဲ....
"နင္က စာေတာ္ရဲ႕သားနဲ႕ ဒီကိုဘာလို႔လာတာလဲ"
"ဘက္စုံထူးခြၽန္ခ်င္လို႔ေလ.."
"အဲ့တာကို ဘာလို႔ဓာတ္ပုံကလပ္လဲ.. နင့္အရည္အခ်င္းနဲ႕ဆို ပိုေကာင္းတာေတြရွိတာပဲ.."
သူတကယ္စိတ္ဝင္စားမိတာ...
သူမရဲ႕အဆင့္နဲ႕အမွတ္ေတြဆိုရင္ ေက်ာင္းမွာထိပ္ပိုင္းစာရင္းနဲ႕ ေအာင္ျမင္နိုင္မွာအေသအခ်ာပဲကို...
ဒီလိုကလပ္ေတြဝင္မယ္ဆိုလည္း သူမနဲ႕ပိုလိုက္ဖက္တဲ့ ဘာသာစကားကလပ္တို႔ ေဆးပညာကလပ္တို႔ စာေပကလပ္တို႔ ဒါမွမဟုတ္ ပိုျမင့္တဲ့ နိုင္ငံတကာဆက္သြယ္ေရးလိုမ်ိဳး လုပ္သင့္တာကို...
လ်န္ခ်ိဳးဟြားက ၿပဳံးလို႔ေခါင္းခါတယ္။
"နင္ကငါ့ကို အရမ္းအထင္ႀကီးေနတာလား... စာေတာ္တိုင္းလည္းမေကာင္းပါဘူးဟာ... စာေတာ္တဲ့ကေလးေတြရဲ႕ဖိအားကို နင္မသိပါဘူး...
ဒီကလပ္ဝင္ထားတာ ငါ့အိမ္ကမသိဘူး...
သိရင္လည္း ခြင့္ျပဳမွာလည္းမဟုတ္ဘူး
ဒါက ငါ့အတြက္စိတ္ထြက္ေပါက္ပဲ.."
"အင္း... ငါမသိဘူး.."
သူမ မ်က္လုံးေတြက ခံစားခ်က္မရွိသလို တည္ၿငိမ္ေနလ်က္...
သူအကို႔ကို ျမင္ေယာင္လာတယ္။
အကိုကႀကိဳးစားေပမဲ့ လ်န္ခ်ိဳးဟြာနဲ႕မတူျပန္ဘူး...
အကိုက လြပ္လပ္ၿပီး ေပ်ာ္႐ႊင္ေနပုံေပါက္တယ္။
လ်န္ခ်ိဳးဟြာကေတာ့ အထီးက်န္ေနသလိုမ်ိဳး...
သူမက သနားစရာတစ္မ်ိဳးေကာင္းေနတယ္လို႔ေတာင္ ျမင္လာတယ္။
သူဆက္မေမးေတာ့ဖို႔ ဆုံးျဖတ္လိုက္တယ္။
"နင္ဘာေသာက္ခ်င္လဲ... ဟိုးေရွ႕ကဆိုင္ကေလးက ေကာင္းမဲ့ပုံေလး... စေတာ္ဘယ္ရီႀကိဳက္လား.."
ေရွ႕မွာျမင္ေနရတဲ့ စားပြဲဝိုင္းေလးေတြနဲ႕ Cool drink ဆိုင္ကေလးက ခ်စ္စရာေလး...
သူကပဲဦးေဆာင္လို႔ဆိုင္ထဲဝင္သြားလိုက္တယ္..
လ်န္ခ်ိဳးဟြာက ဘာမွမေျပာပဲ ေနာက္ကလိုက္လာရဲ႕...
"ငါတိုက္မယ္ေလ"
သူဆိုင္ထဲအဝင္..
ဆိုင္ထဲကထြက္လာတဲ့လူတစ္ေယာက္နဲ႕ တိုက္မိမလိုျဖစ္ရင္း ထိပ္တိုက္ဆုံတယ္။
သူေျခယိုင္သြားလို႔ ေရွ႕ကလူက လွမ္းဆြဲထိန္းေပးတယ္။
အဲ့ဒီလူလက္ထဲက ေကာ္ဖီခြက္ကေလး အနည္းငယ္ ဖိတ္စင္သြားတယ္။
"အဲ.... "
ပထမအႀကိမ္ဆိုရင္တိုက္ဆိုင္မႈ...
ဒုတိယအႀကိမ္ဆိုရင္ ေရစက္...
တတိယအႀကိမ္ဆိုရင္ ကံတရားပဲလို႔ သတ္မွတ္လို႔ရလား...
ဒါဟာ လုပ္ယူတဲ့ေတြ႕ဆုံမႈေတြ မဟုတ္ဘူး....
"အကို... "
"ဝမ္ရိေပၚ..."
အကို႔ႏုတ္ခမ္းေအာက္က မွဲ႕ကေလး လႈပ္ရွားသြားတယ္။
အကို႔အၾကည့္ေတြကလည္း အံ့ၾသေနသလို...
မ်က္ခုံးတန္းေတြတြန့္ခ်ိဳးေနတယ္။
မဟုတ္ဘူး...
သူနဲ႕အကိုက ပထမဆုံးအႀကိမ္ေတြ႕ဆုံကတည္းက ကံတရားျဖစ္ခဲ့တာ...
ဒါကို သူသိတယ္။
ပထမအႀကိမ္မွာကတည္းက ခုန္လႈပ္သြားခဲ့တဲ့ သူ႕ႏွလုံးသားက သိေနတယ္။
သူေထြျပားၿပီး ေမ့ေနခဲ့တာ...
ဒါဟာ စြဲလမ္းမႈမဟုတ္ဘူး...
သူ ႐ုပ္တရက္ရင္ခုန္လာတယ္။
---------------------------------------