ကျုပ်အပိုင်{ Complete✓ }
By DayMaharMyat
229K 8.3K 614
ဒီ ficလေးကိုကြိုတောင်းပန်ချင်တာက စိတ်လွတ်ကိုယ်လွတ်ရေးသားထားတာမို့တောင်းပန်ပါတယ် အဆင်မပြေဘူးလို့ထင်ရင် လုံးဝမဖ... More
Intro
1❗
2.
3❗
4.
Hey! Hi My Readers
5❗
6.
7
8.❗
9.❗
10.
11.
13.❗
14.
15.
16.{ final }
Extra.1
Extra - 2❗
Extra-3 End
Present For My Panda ♡.
12.
7.6K 395 33
By DayMaharMyat
Uni
{ အနည်းငယ်ပြင်ထားပါတယ်ဗျ ပြန်ဖတ်ပေးမယ်ဆိုအတိုင်းမသိပျော်မိမှာပါဗျာ}
ဧည့်သည်နှင့်ချိန်းထားသည်မို့ ရှောင်းကျန့်ရိပေါ်အား company တွင်ထားခဲ့လေသည်။စိတ်မချခြင်းများစွာဖြင့် ကျန်းချန်အားစောင့်ကြည့်ရန်လည်းအထပ်ထပ်မှာခဲ့သေးသည်။ရှောင်းကျန့်ဟာအရမ်းမုန်းသည်ပါးစပ်ကမချသော်လည်း ရိပေါ်ကိုသိပ်ကိုဂရုစိုက်ပါသည်။မျက်စိအောက်မှအပျောက်မခံနိုင်သည်အထိ ရှောင်းကျန့်ဟာရိပေါ်ကို ဂရုစိုက်သည်။ရိပေါ်အားရှောင်းကျန့်မည်မျှတန်ဖိုးထားသည်ကိုတော့ ရိပေါ်မသိသလို ရှောင်းကျန့်ကိုယ်တိုင်လည်းမသိပါ။
" ဝမ်ရိပေါ်မလား "
ရိပေါ်တစ်ယောက်ပျင်း၍ company အောက်ထပ်သို့ခနဆင်းလာလိုက်သည်။ထင်မှတ်မထားစွာဖြင့် သူရှောင်းကျန့်စီတွင် ကိုယ်ရံတော်မဖြစ်ခင် တစ်ကျောင်းတည်းအတူတူတက်ခဲ့သည့်သူငယ်ချင်း လျံကျင်းရီနှင့်တွေ့သည်မို့ ရိပေါ်ဝမ်သားကာ ကျင်းရိနားသို့ပြေးသွားပြီး ကျင်းရိ ‌လက်မောင်းအားရိုက်ကာ...
" ကျင်းရိ ငါမင်းကိုလွမ်းနေတာ "
" ငါကပိုလွမ်းတယ် မင်းမသိပါဘူးကွာ မင်းအရင်လိုလက်သန်ပြောင်တုန်းပဲ ရိပေါ် "
" ဟဲ "
" မင်းအိမ်ထောင်ကျသွားတာကြားတုန်းက ငါအသည်းကွဲလိုက်သေးတယ် "
" မင်းနော် ကျင်းရိ "
" ဟား ဝမ်ရိပေါ် မင်းကအခုထိလှတုန်းပဲ "
" တော်တော့ "
မျက်နှာများရဲကာရှက်နေသောရိပေါ်သည် တစ်ဘက်ရှိကားပါကင်တွင်ရောက်လာသော ပြိုင်ကားနက်လေးအားမမြင်လိုက်ပေ။
" ဝမ်ရိပေါ် "
" ဟမ် "
" မင်းအဆင်ပြေရဲ့လား ပိန်သွားတယ် "
" အင်း ပြေပါတယ် ငါသူ့ကိုမချစ်ပဲလက်ထက်လိုက်ပေမဲ့ပေါ့ "
" ဟမ် "
" ဟုတ်တယ် သူကောငါကောကမချစ်ပဲလက်ထက်ထားတာ "
" အဲ့တာဆို ငါ့အတွက်အခွင့်အရေးရှိသေးတာလား ရ်ိပေါ် ဟမ် "
ရိပေါ်ပုခုံးအားကိုင်ကာ ရိပေါ်မျက်လုံးအားသေချာစိုက်ကြည့်၍ ပြောလာသည့်ကျင်းရိကြောင့် ရိပေါ်ကြောင်သွားရသည်။ကျင်းရိသူ့ကိုမချစ်တော့ဘူးဟုသူထင်ထားခဲ့သော်လည်း ယခုထိသူ့အ‌ပေါ်ချစ်နေသေးသည့်‌ကျင်းရိကြောင့် ရိပေါ်အနည်းငယ်စိတ်မကောင်းဖြစ်မိသွားသည်။ဘယ်လိုပဲဖြစ်နေပါစေ သူရှောင်းကျန့်အပေါ်တော့သစ္စာမဖောက်နိုင်ပါ။ထို့ကြောင့် ကျင်းရိ‌လက်များအားဆယ်မည်အပြု သူ့ထက်အရင် ကျင်းရိလက်အားဆောင့်ဆွဲကာ ဆွဲထိုးလိုက်သူကရှောင်းကျန့်ဖြစ်နေသည်။
" ငါxိုး ယောက်ျားတစ်ယောက်လုံးရှိတဲ့သူကို သောက်ရှက်မရှိလိုချင်နေတယ် သောက်ရှက်မရှိဘူးဟမ်!  "
" ရှောင်းကျန့် ဘာလို့ရိုင်းရတာလဲ "
" ဝမ်ရိပေါ် ကျုပ်အပြင်ခနသွားလိုက်တာကို ခင်ဗျားကချက်ချင်းထပလူးတယ်နော် "
* ဖြောင်း *
" ငါ့သိက္ခာကိုမစော်ကားနဲ့ရှောင်းကျန့် "
" ဝမ်ရိပေါ် ခင်ဗျားလာစမ်း! "
ရှောင်းကျန့်ရိပေါ်အားခေါ်ကာသူ့ကားဆီသွားမည်အပြု ဆွဲထိုးထား၍ လဲကျနေ‌ရာမှထကာ ရိပေါ်လက်တစ်ဖက်အားဆွဲကိုင်လိုက်သည်မို့ ရှောင်းကျန့်ထပ်မဆွဲတော့ပေ။ထပ်ဆွဲလျှင်သေချာပေါက်ရိပေါ်နာမည်စိုး၍ဖြစ်သည်။
" ခင်ဗျား ကျုပ်ယောက်ျားလက်ကိုလွှတ်လိုက် "
ရှောင်းကျန့်၏စကားကြောင့် ရိပေါ်ကြောင်သွားသော်လည်း ဆွဲထားသောကျင်းရိလက်များဆီမှရုန်းထွက်လိုက်မိသည်။‌ဒေါသထွက်နေသည့် ရှောင်းကျန့်ကတော့ ထိုအရာကိုမသိလိုက်ပေ။
ရှောင်းကျန့်ရိပေါ်အားကားရှေ့ခန်းရှိ သူ့ဘေးတွင်ထိုင်စေ၍ မောင်းသူနေရာတွင်သွားဝင်ထိုင်ကာ အိမ်သို့ မောင်းနှင်လေသည်။လျှင်မြန်သည့်အရှိန်ကြောင့်အိမ်သို့ အချိန်ခနအတွင်းမှာပင်ပြန်ရောက်သွားရသည်။အိမ်သို့ပြန်ရောက်သည်နှင့်ရိပေါ်လက်အားဆေင့်ဆွဲကာ အိမ်တွင်းသို့ဝင်လေသည်။
" အ ရှောင်းကျန့် ငါလက်နာတယ် "
" တစ်ယောက်တောင်အပေါ်တက်မလာနဲ့ "
ရှောင်းကျန့်ဟာရိပေါ်အားဂရုမစိုက်စွာဖြင့် အခန်းတွင်းသို့အကြမ်းပတမ်းဆွဲကာ တံခါးအားဆောင့်ပိတ်၍ ရိပေါ်အားကုတင်ပေါ့သို့ပစ်ချလိုက်သည်။
" အဲ့ကောင်ကဘယ်သူလဲ "
" ငယ်သူငယ်ချင်း "
" ငယ်သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်နဲ့ရှောင်ချင်တိုင်းရှောင်လို့ရမယ်ထင်တာလား "
" ရှောင်းကျန့်! သူနဲ့ငါဘာမှမဟုတ်ဘူးလို့ "
" ဟက်! ကျုပ်သာရောက်မလာရင် ခင်ဗျားလက်ခံမှာမလားဝမ်ရိပေါ် ကျုပ်တို့ကမချစ်ဖို့လက်ထက်ထားတာကအစတင်ပြနေရအောင် အဲ့ကောင်ကဘာမို့လို့လဲ ဟမ် ဘာလဲ ခင်ဗျားကနောက်မီးလင်းချင်တာလား "
" ရှောင်ရှောင်းကျန့်! "
" ခင်ဗျားကအလွတ်ပေးလို့ကိုမရဘူးပဲဝမ်ရိပေါ် "
" အာ့ "
လည်ပင်းအားငုံခဲကာကိုက်လိုက်သည်မှာ ပေါက်သွားသည်အထိပင်ဖြစ်သွားရသည်။ရှောင်းကျန့်သည် ရိပေါ်၏နှူတ်ခမ်းများကိုလည်း နမ်းရှိုက်လာလေသည်။နူးညံ့မှုအလျင်းမရှိသည့် အနမ်းများကြားရိပေါ်မောပန်းလာရသည်။အင်္ကျီတေပါအတင်းဆွဲကာချွတ်နေသည်မို့ ရိပေါ်ဇွတ်ရုန်းနေမိသည်။
" ငါသူ့ကိုသူငယ်ချင်းထက်မပိုပါဘူးလို့ပြောနေတာကို ဘာလို့ခုလိုတေလုပ်နေတာလဲ "
" ခင်ဗျားမပိုလဲ အဲ့ကောင်ကပိုနေတာမသိဘူးလား ဟမ် "
" သူကပုခုံးလေးပဲကိုင်တာပါ နောက်ကိုငါဘယ်သူထိတာမှမခံတော့ပါဘူး အဲ့တာကြောင့် အခုလိုတေမလုပ်ပါတော့နဲ့ "
" အေးကျုပ်ကိုစိတ်တိုအောင်ခင်ဗျားပဲဆွတာမဟုတ်ဘူးလား ဟမ်! ခင်ဗျားနဲ့စကားပြောတဲ့ဘယ်ကောင်မဆို စောက်လုံးကိုအောက်မြေကြီးကိုပဲကြည့်ခိုင်း ခင်ဗျားမျက်နှာကြည့်တာမြင်တာနဲ့ အဲ့ကောင်အသက်ကိုကျုပ်အာမမခံနိုင်ဘူး ရှင်းလား "
" ငါကြားတာမလို့ဖယ်ပေးတော့ အင်္ကျီတေကိုမဆွဲနဲ့တော့ "
" မရဘူးစလက်စနဲ့ကျုပ်ခင်ဗျားကိုလွှတ်မပေးနိုင်တော့ဘူး လက်သမားလုပ်ရတာ ကျုပ်ဝါသနာမပါဘူး "
" မောင် ကျေးဇူးပြုပြီး "
" Shit! မင်းမေခွေးဖင်ပြေးxိုးလိုက်တော့ ခင်ဗျားဆဲတာမဟုတ်ဘူး "
ရှောင်းကျန့်ဟာမျက်ရည်များစွာဖြင့်တောင်းဆိုလာသောရိပေါ်အပေါ်မှဖယ်ကာ coat အင်္ကျီအားဆွဲကာ ထွက်သွားလေသည်။ရိပေါ်တစ်ယောက်ရှိုက်ကြီးတငင်ကိုငိုမိသည်။ရှောင်းကျန့်ကသူ့ကိုမယုံဘူးဟူသည့်အမှန်တရားကဘာလို့ယခုလောက်နာကျင်စေတာလဲ သူမသိပါ။သူယခုသိချင်သည်ကရှောင်းကျန့်ဘယ်သွားလဲဆိုတာပင်ဖြစ်သည်။ရှောင်းကျန့်အရမ်းဒေါသထွက်နေသည်ကို‌အသေအချာသိသည်မို့ ရှောင်းကျန့်အရက်မသောက်မိစေရန်သာသူဆုတောင်းမိသည်။
နာရီအနည်းငယ်အကြာတွင်‌တော့ ရိပေါ်စိတ်ပူလာလေသည်။ ရှောင်းကျန့်ကိုယ်ရံတော်လုပ်ခဲ့သည်မို့ ရှောင်းကျန့်စိတ်ညစ်လျှင် ဘယ်Barသွားပြီး ဘယ်လောက်အထိသောက်လဲကအစ သိသည်မို့ မနေနိုင်သည့်ရိပေါ်မှာ မျက်ရည်များအားသုတ်ကာ ထိုBarသို့သွားရန်သာပြင်ရတော့သည်။‌
ရှောင်းကျန့်သည်ငယ်စဉ်ကတည်းက စိတ်ညစ်တိုင်းထိုBarသို့သွားတတ်သည်။ကောင်မလေးများနှင့်နေတတ်သည်။ထို့ကြောင့် ထိုကောင်မလေးများနှင့်အလွန်အကျွံမဖြစ်ရန် ရိပေါ်အမြဲဝင်ဟန့်တားရလေ့ရှိသည်။
>>>>>
" ရှောင်ရှောင်းကျန့်ရှိလား "
" ဟုတ်ကဲ့ အခန်းနံပါတ် xxxမှာပါဗျ "
" ကျေးဇူးပါညီလေး "
ကောင်တာရှိ ဝန်ထမ်းလေးအားမေး၍ရှောင်းကျန့်အခန်းအားရှာမိသည်။ထိုBarသည် အခန်းတစ်ခန်းစီတိုင်းတွင် မိန်းမသုံးယောက်ထားပေးသည့်အပြင် ဝန်ဆောင်မှုအရမ်းကောင်းလွန်းသည်။ရှောင်းကျန့်သည် အရက်မူးတိုင်းသူ့ရဲ့ဟန်ဆောင်မှုတွေအကုန်ပျောက်ပြီး ကလေးလေးဖြစ်သွားတတ်သည်။ထိုသို့ဖြစ်သွားချိန်တိုင်းရှောင်းကျန့်ဟာအရမ်းချစ်ဖို့ကောင်းလွန်းသည်မို့ ရိပေါ်တစ်ယောက်ဘာလို့မှန်းမသိ အရမ်းစိုးရိမ်နေမိသည်။
" အာ့ မဆိုးနဲ့လေ "
" တို့ကောပြုစုပေးရမလား "
" တို့ကောနော် "
ရိပေါ်အခန်းတွင်းမဝင်ခင်မှာတင်ကြားရသောအသံများကြောင့်ဒေါသကထောင်းခနဲဖြစ်သွားရသည်။ချက်ချင်းတံခါးအားဆောင့်ကန်ကာဝင်လိုက်သည်နှင့် မူးနေပြီဖြစ်သောရှောင်းကျန့်အား ရင်ခွင်ထဲထည့်ထားသော မိန်းကလေးတစ်ယောက်နှင့် ကျန်နှစ်ယောက်တွင် တစ်ယောက်ကရှောင်းကျန့်ဘောင်းဘီအားချွတ်ရန်ပြင်နေသည်မို့ ရိပေါ်အော်ပစ်လိုက်မိသည်။
" မင်းတို့အကုန်ထွက်သွား! "
ရိပေါ်အော်လိုက်သည်နှင့် လန့်ဖြန့်ကာထွက်ပြေးသွားသောမိန်းကလေးသုံးယောက်အပြင်ထွက်သွားသည်နှင့် တံခါးအားပိတ်ကာရှောင်းကျန့်နားသွားလိုက်သည်။
" ငါမှားတာသိပါတယ် ဒါပေမဲ့အခုလိုတေဘာလို့လုပ်ရတာလဲ "
" ဝမ်ရိပေါ်လား "
" အင့် မုတ်ဘူး မင်းယောက်ျား "
" ကိုကို "
" အင့် အီး ဟီး ငါ့ကိုအဲ့လိုမခေါ်နဲ့ ငါမင်းကိုဆူမလို့ အဲ့လိုခေါ်လိုက်တော့ မင်းကိုငါဘယ်လိုဆူရမလဲမသိတော့ဘူး ဟင့် "
ရိပေါ်တစ်ယောက် ကိုကိုဟူသည့်ခေါ်သံလေးကြားသည်နှင့် ရှောင်းကျန့်အားအော်ဟစ်ပြစ်မည်ဟုကြိမ်းထားကာ စီထားသောစာများဘယ်စီကိုလွှင့်မြောသွားမှန်းမသိလိုက်ပါ။ချက်ချင်းငိုချပစ်ကာ မျက်ရည်များအားဆွဲသုတ်နေသော ရိပေါ်အားရှောင်းကျန့်သူ့ရင်ခွင်ထဲထည့်လိုက်ပြီးသည်နှင့် အပေါ်မှဆံသားလေးများအားငုံ့နမ်းကာ...
" မငိုပါနဲ့ ကိုကိုငိုတာမြင်ရင် ရင်ဘက်ကမီးနဲ့အရှို့ခံနေရသလိုပဲ "
" ဟင့် မသိဘူး မင်းမကောင်းဘူး ငါမလာရင်ဘယ်လိုလုပ်မလဲ သူတို့ကဘောင်းဘီကိုချွတ်ဖို့လုပ်နေတာ "
" သိတယ် "
" အမ် "
" ကိုကိုလာမှာကိုသိလို့ သူတို့ကိုလွှတ်ပေးထားတာ "
ရိပေါ်မျက်ရည်များအားသုတ်လိုက်ကာ ရှောင်းကျန့်အားတွန်းဖယ်ကာမတ်တပ်ထရပ်လိုက်သည်။
" ပြန်တော့မယ် "
ရိပေါ်လှည့်ထွက်ရန်ပြင်လိုက်သည်နှင့် သူ့နောက်ကျောဘက်မှဖက်ကာဂုတ်ရှိမှည့်လေးများအားနမ်း၍ ဂုတ်ပေါ်မှီချလိုက်သည့်ရှောင်းကျန့်ကြောင့် ရိပေါ်တွန့်ကနဲဖြစ်သွားရသည်။
" မပြန်ပါနဲ့အုံး ကိုကို့ကိုကျွန်တော်အရမ်းစိတ်ဆိုးနေတယ် အနားမှာနေပေး "
ရှောင်းကျန့်ရိပေါ်အားဖက်လျက်ပင် ထိုသို့ပြောလိုက်သည်နှင့်ရိပေါ်ကရှောင်းကျန့်လက်အားကိုင်ကာ ရှောင်းကျန့်ဘက်သို့လှည့်လိုက်သည်။
" နောက်ဆိုအခုလိုမလုပ်နဲ့မောင် ငါအရမ်းစိတ်ဆိုးမှာ "
" အင်း ကိုကိုမကြိုက်ရင်မလုပ်တော့ဘူး အနားမှာနေပေးမယ်မလား "
" အွန်း "
ရိပေါ်အပြောကြောင့်ရှောင်းကျန့်ပြုံးကာ ရိပေါ်လက်အားဆွဲ၍ ဆိုဖာပေါ်တွင်ထိုင်လိုက်သည်။ပြီးသည်နှင့်သူသည် လှဲချလိုက်ကာ ရိပေါ်ပေါင်ပေါ်သို့ခေါင်းအုံးကာ ရိပေါ်အင်္ကျီလေး‌အတွင်းသို့ခေါင်းဝင်လိုက်ပြီး ရိပေါ်ခါးအားဖက်လိုက်သည်။
" ကြောက်သွားခဲ့တာ "
" ဟင် "
" ကိုကိုကသူ့ကိုငြင်းမထုတ်ခဲ့တော့ သူ့နောက်ကို က်ိုကိုပါသွားမှာကိုအရမ်းကြောက်နေခဲ့တာ အလုပ်သွားဆွေးနွေးတာ အချိုးမပြေလို့ အဆင်မပြေဖြစ်လာတာ စိတ်အရမ်းရှုပ်နေတဲ့အရှိန်ကို ကို့ကိုအဲ့ကောင်နဲ့မြင်လိုက်တော့ ဒေါသတွေကိုထိန်းလို့မရတော့ဘူး "
" ငါတောင်းပန်ပါတယ် "
" မတောင်းပန်ပါနဲ့ ကိုကိုကကျွန်တော့်နားမှာနေပေးရင်ရပြီ နောက်ကိုအဲ့ကောင်နဲ့မပတ်သတ်ပါနဲ့ "
" ငါမပတ်သတ်တော့ပါဘူး "
ရှောင်းကျန့်ကရိပေါ်အင်္ကျီလေးထဲမှခေါင်းထွက်လာလေတော့ မျက်ရည်လေးများဝဲနေသည်မို့ ရိပေါ်စိတ်မကောင်းဖြစ်သွားရသည်။ရှောင်းကျန့်ယခုလိုအားနည်းနေတာ သူပထမဆုံးမြင်ဘူးခြင်းမို့ ရှောင်းကျန့်၏ မကျလာသေးသောမျက်ရည်လေးများအားသုပ်ကာ ရှောင်းကျန့်၏ခေါင်းလေးအားငုံ့နမ်းလိုက်သည်။
" ပြန်ရအောင် "
" အိမ်ရောက်ရင်ကိုကိုချော့သိပ်မယ်ကတိပေးမှာလား "
" အွန်း ကတိပေးတယ် "
" အင်း အဲ့ဆိုအိမ်ပြန်ကြမယ် "
ရိပေါ်ရှောင်းကျန့်အားထိန်းကိုင်ကာ ကားဆီသွားလိုက်ပြီး သူကိုယ်တိုင်ကားမောင်းကာအိမ်သို့ပြန်လာလိုက်တော့သည်။
မကောင်းတဲ့အရက်ကြောင့်နဲ့ ချိုမြိန်တဲ့အမှတ်တရတွေဖြစ်ပေါ်လာတတ်တယ်....
#Day
ချစ်လား
ဘာမှမဟုတ်ပါဘူး
ကျွန်တော်အချစ်ခံရမလားလို့မေးကြည့်တာ
Bye Pr Byar ♡.
21.3.2023
Zawgyi
" ဝမ်ရိပေါ်မလား "
" ဟဲ "
" မင်းနော် ကျင်းရိ "
" တော်တော့ "
" ဝမ်ရိပေါ် "
" ဟမ် "
" ဟမ် "
" အဲ့တာဆို ငါ့အတွက်အခွင့်အရေးရှိသေးတာလား ရိပေါ် ဟမ် "
* ဖြောင်း *
" အဲ့ကောင်ကဘယ်သူလဲ "
" ငယ်သူငယ်ချင်း "
" ရှောင်ရှောင်းကျန့်! "
" အာ့ "
" မောင် ကျေးဇူးပြုပြီး "
>>>>>
" ကျေးဇူးပါညီလေး "
" အာ့ မဆိုးနဲ့လေ "
" တို့ကောနော် "
" ဝမ်ရိပေါ်လား "
" ကိုကို "
" သိတယ် "
" အမ် "
" ပြန်တော့မယ် "
" အွန်း "
" ကြောက်သွားခဲ့တာ "
" ဟင် "
" ကိုကိုကသူ့ကိုငြင်းမထုတ်ခဲ့တော့ သူ့နောက်ကို ကိုကိုပါသွားမှာကိုအရမ်းကြောက်နေခဲ့တာ အလုပ်သွားဆွေးနွေးတာ အချိုးမပြေလို့ အဆင်မပြေဖြစ်လာတာ စိတ်အရမ်းရှုပ်နေတဲ့အရှိန်ကို ကို့ကိုအဲ့ကောင်နဲ့မြင်လိုက်တော့ ဒေါသတွေကိုထိန်းလို့မရတော့ဘူး "
" ငါတောင်းပန်ပါတယ် "
" ငါမပတ်သတ်တော့ပါဘူး "
" ပြန်ရအောင် "
" အွန်း ကတိပေးတယ် "
#Day
ချစ်လား
ဘာမှမဟုတ်ပါဘူး
Bye Pr Byar ♡.
21.3.2023
Continue Reading
You'll Also Like
129K 1.6K 50
She's new to the house, moved in after a messy breakup with a fellow 'Tik-Tok StAr'. She isn't shy, and enjoys a good time, but easily irritated. She...
126K 3.3K 14
ပေါ့ပေါ့ပါးပါးနဲ့ ခံစားရမယ့် ficလေးပါ နော်😘
57.3K 2.3K 41
I had to give it a try ♥️
7.1K 952 13
I have a secret obsession. You probably may wonder why it's a secret when I've made it pretty obvious on the gram. Everyone knows about my obsession...