"ဝန်း"
ဖုန်းဝင်သွားပြီး သိပ်မကြာခင်ပင်
သူ ဖုန်းကိုင်လာသည်။သူ့အသံက
အခုမှအိပ်ရာထခါစလို။
"ကျွန်တော် အလုပ်သွားတော့မလို့
ဖုန်းဆက်ပြောတာ"
"ဘယ်အချိန်ရှိနေပြီလဲ"
"ကိုကို အိပ်နေတုန်းလား"
"အင်း ဖုန်းသံကြားမှ နိုးလာတာ
ကိုယ် အိပ်ပျော်နေလို့"
သူဌေးတွေများ အလုပ်ကိစ္စနဲ့
သွားရလည်း ဒီအချိန်ထိအိပ်
လို့ရတယ်။
အလုပ်ကိစ္စနဲ့နေပြည်တော်ကို မနေ့
ထဲကသူရောက်နေတာလေ။
ဟိုတယ်ဇုန်မှာ။
ကျွန်တော် သူ့ကို နှိုးလိုက်မိတာပဲ။
"ကျွန်တော် နောက်ကျနေပြီ အလုပ်
သွားရတော့မယ်ဗျ"
"ရှစ်နာရီတောင် ထိုးသွားပြီပဲ"
"အင်း ကိုကိုလည်း မျက်နှာသစ်
မနက်စာဆင်းပြီး သွားစားလိုက်တော့။
နေ့လည်ကျမှပဲ ကျွန်တော် ဖုန်းထပ်
ဆက်လိုက်မယ်။အခု ဖုန်းချလိုက်
တော့မယ်နော်"
" ခဏလေး"
ပိတ်မလို့လုပ်နေသည့်
ဖုန်းကိုပြန်ကိုင်လိုက်ရသည်။
" လွမ်းတယ်"
ကျွန်တော်နှိုးလိုက်မှနိုးလာပြီး
လွမ်းတယ်ပြောလည်း တစ်ယောက်
တည်းပြုံးရပါတယ်။
"ကျွန်တော် ရောပဲ"
"မနက်ဖြန်ညနေ ပြန်လာလို့မှီရင်
မန်းလေးပြန်ဝင်ခဲ့မယ်"
" အွန်း စောင့်နေမယ် ကိုကိုပြန်လာမှ
တွေ့မယ်နော်။အဲ့တာဆိုကျွန်တော်
နောက်ကျနေလို့ ဖုန်းချလိုက်တော့
မယ်"
သူနဲ့ဖုန်းပြောပြီး အလုပ်သွားရ
တော့မှာမို့ အနောက်ပြန်လှည့်လိုက်ချိန် အခန်းတံခါးဝမှာရပ်နေတဲ့ အငယ်လေး။
ရင်ထဲထိတ်ခနဲပင် ဖြစ်သွားရသည်
"ဆုလာဘ်"
" အငယ်လေးမင်း ဘယ် ဘယ်တုန်းကရောက်နေတာလဲ"
အငယ်လေးက ကျောပိုးအိတ်လွယ်
လျက် ကျွန်တော့် အနားလျှောက်
လာသည်။
" ကိုကြီးစစ်ကြောင်းနဲ့ပဲ သွားနေ
လိုက်တော့ ဆုလာဘ်"
" ဘာတွေပြောနေတာလဲ အငယ်လေး"
"ဆုလာဘ်နဲ့ ကိုကြီးစစ်ကြောင်းနဲ့က
ချစ်သူရည်းစားတွေမလား"
အငယ်လေးက အေးအေးဆေးဆေးပင်
" မင်းဘယ်လိုသိတာလဲ"
" သားကဖြင့်သိတာကြာလှပြီ။
သားအိပ်ပျော်သွားတဲ့အချိန်မှ
စောင်ကြီးခြုံပြီး ညတိုင်းဖုန်းခိုး
ပြောနေပြီးတော့"
အပြုံးမပျက်သည့် ကျွန်တော့် ညီလေး။
ရုတ်တရတ်စကားရှာမရ။
တမင်တစ်ကာ ဖုန်းကွယ်ထားတာ
မဟုတ်ဘူး။
" သားခိုးနားထောင်တာမဟုတ်
ဘူးနော်။သားကဖြင့် ညတရေးနိုး
လာပြီ ဆုလာဘ်နဲ့ ကိုကြီးစစ်ကြောင်းက ဖုန်းပြောလို့ကိုမပြီးနိုင်ကြသေးဘူး"
"အငယ်လေး"
ကျွန်တော့်ညီလေးလက်နှစ်ဖက်ကို
အမြန်ဆွဲကိုင်လိုက်ရတော့သည်။
အငယ်လေးက ပြုံးနေပေမယ့်
မျက်ရည်ဝဲနေပြီ။
" အမေကအမြဲအော်ဟစ်နေလို့
ဆုလာဘ် သားတို့နဲ့နေရတာ မပျော်
တော့ဘူးမလား။ ကိုကြီးစစ်ကြောင်း
နဲ့ပဲသွားနေလိုက်တော့"
" ဘာတွေပြောနေတာလဲ မင်းကို
ထားပြီး ငါကဘယ်ကိုသွားရမှာလဲ"
""သားအစ်ကိုကို ဘယ်သူ့ကိုမှမပေး
ချင်ပေမယ့် ကိုကြီးစစ်ကြောင်းမို့လို့ပေးလိုက်မယ်။ ဆုလာဘ်သားတို့နဲ့
မနေနဲ့တော့။ သားကိုဘာမှစိတ်မပူနဲ့
သားက ကလေးမဟုတ်တော့ဘူး။
သားကိုကြည့်ပေးမဲ့ မလုံးလည်းရှိတယ်"
ရင်ထဲဘယ်လိုဆို့နင့်လာမှန်းမသိ။
အရွယ်နဲ့မလိုက်အောင်ကျွန်တော့်
အပေါ် တစ်အားသိတတ်တဲ့ကလေး။
ကျွန်တော့်ကို တစ် အားခင်တွယ်
တဲ့ကလေး။
" အတန်းထဲက သားသုငယ်ချင်းက
ပြောတယ်။ မင်းအကိုကျတော့
အသားဖြူပြီးတော့ချောတယ် မင်း
ကျတော့အသားညိုပြီး ရုပ်ဆိုးတယ်
တဲ့။ မင်းတို့ကညီအကိုအရင်းတွေ
မဖြစ်နိုင်ဘူးတဲ့"
" ဘယ်ကောင်ပြောတာလဲ ငါ့ညီလေး
ကိုများ ရုပ်ဆိုးတယ်လို့။ မင်းတို့
ကျောင်းကိုလိုက်ခဲ့ပြီး ငါသွားတွေ့မယ်"
သူနဲ့ကျွန်တော်က အမေမတူကြဘူး
လို့ သူနားလည်သွားတုန်းကတောင်
တညလုံးငိုနေတဲ့ကလေး။
သူ့အမေနဲ့တူလို့ အသားနည်းနည်း
ညိုတာပါ။ကျွန်တော့်ညီလေးက
ချစ်စရာကောင်းလွန်းလို့။
" သားတို့က ညီအကိုအရင်းတွေပဲနော် ဆုလာဘ်။ ဆုလာဘ်ကသားအစ်ကိုနော်"
အငယ်လေးကိုခပ်မြန်မြန်ပင် ဆွဲဖက်
လိုက်ရတော့သည်။
"ဆုလာဘ် သားတို့နဲ့မနေနဲ့တော့ ။
သွားလိုက်တော့။ ဆုလာဘ်က
အကုန်လိုက်လုပ်ပေးနေလို့ အမေက
သားကိုဂရုမစိုက်တာ။ ဆုလာဘ်မရှိမှ
သားတို့ကျေးဇူးရှင်က ဆုလာဘ်မှန်း
အမေသိမယ်။ဆုလာဘ်မရှိရင် သားတို့ဒုက္ခရောက်မှာမို့လို့အိမ်စရိတ်လေး
တော့ ပို့ပေးအုန်းနော်။ သားကြီး
လာမှ အမေနဲ့ဆုလာဘ်ကို အလုပ်
လုပ်ပြီး ပြန်ရှာကျွေးမယ်"
"မပြောနဲ့တော့။မင်းဘာလို့ဒီလောက်
တတ်နေတာလဲ။ ငါ့ညီလေးကိုထား
သွားပြီး ငါကဘယ်ကိုသွားရမှာလဲ ။
မသွားဘူးဘယ်မှမသွားဘူး"
သူ့အမေနဲ့တူလို့လားတော့မသိ ဥာဏ်ကတော်တော်ပြေးတယ်။
အငယ်လေးက ကျွန်တော့်ဖက်ထား
ရာကနေတိုးထွက်လာသည်။
" အဖေမဆုံးခင်က သားကိုမှာ
သွားတယ်။ မင်းအစ်ကို ကမင်းကို
လသားအရွယ်ထဲကလက်ပေါ်ကမချပဲ
ကြည့်ခဲ့တာ မင်းအစ်ကိုကျေးဇူးကို
သိတတ်ရမယ်တဲ့။ဆုလာဘ် သား
အတွက်ပဲမကြည့်ပါနဲ့။ ပျော်တဲ့နေ
ရာမှာသွားနေပါ။သားမှာ အမေရှိ
တယ်။ ဆုလာဘ်က ကိုကြီးစစ်ကြောင်း
နဲ့ပဲသွားနေလိုက်တော့"
ဘာမှပြန်မပြောနိုင်တော့တာမို့
အငယ်လေးကိုနောက်ထပ်တစ်ကြိမ်
ပြန်ဖက်လိုက်ရသည်။ကျွန်တော်
ဘယ်လိုလုပ်ရမလဲ။
------------
" ဆုလာဘ် ဒီမှာ အင်္ကျီ တွေကျန်သေးတယ်"
luggageထဲ အဝတ်အစားတွေ
ခေါက်ထည့်နေတာကို ကူညီပေးနေ
တဲ့ အငယ်လေးက ဘီရိုဖွင့်ပြီး
ကျွန်တော့်ကိုပြသည်။
အဝတ်အစားတွေအကုန်ယူသွားရင်
ကျွန်တော် မရှိတော့ဘူးဆိုပြီး ဝမ်း
နည်းနေမှာစိုးလို့ တစ်ချို့ကိုချန်ထား
ခဲ့တာ။
" မတော်တော့လို့ထားခဲ့တာ"
" အဲဒါဆိုသားကိုပေးလိုက်တော့
သားကြီးလာရင်ဝတ်လိုက်မယ်"
" မင်းကြီးလာရင်အသစ်တွေ
အများကြီးဝယ်ပေးမယ် ဒီကိုလာထိုင်ဦး"
ကျွန်တော့်ဘေးနား အငယ်လေးက
ခပ်ကျုံ့ကျုံ့လေး လာထိုင်သည်။
" မိုးလင်းလာရင် ငါကအလုပ်သွား
မင်းကကျောင်းသွားရတယ်။ ပြန်
ရောက်မှတွေ့ရတာ။ အခုလဲအဲ့ဒီလိုပဲ ကျောင်းဖွင့်ရက်တွေမတွေ့ရဘူးလို့ပဲ
သဘောထား။ ပိတ်ရက်တိုင်း
အပတ်တိုင်းလာခေါ်မယ် လိမ်လိမ်
မာမာနေနော်"
"ဟုတ် သားကိုဘာမှမပူနဲ့။ ဆုလာဘ်
ကိုရော ကိုကြီးစစ်ကြောင်းကိုရော
ကားနဲ့လာခေါ်ခိုင်းမှာ"
အငယ်လေးရဲ့ ဆံပင်တွေကိုပွတ်သပ်
ပေးရင်း ညီလေးကိုသနားမိရသည်။
တစ်အားလိမ်မာတဲ့ကလေး။
ကျွန်တော့်ရဲ့ တစ်ဦးတည်းသော
ညီလေး။
သူ့ကိုသူ့အမေမွေးခါစတုန်းကသူတို့
မိသားစုကို ငေးရင်း အဖေကျွန်တော့်
ကိုမချစ်တော့မှာ စွန့်ပစ်လိုက်မှာ
ကြောက်နေတဲ့စိတ်တွေနဲ့ပဲ။
တောင်းပန်ပါတယ်။ အစ်ကိုက
မင်းကိုအရမ်းချစ်တယ်နော်။
အဖေနဲ့အမေရဲ့ဘောင်သွင်းထားတဲ့
ဓါတ်ပုံရယ် အဝတ်အစားတစ်ချို့
ရယ်ဘာမှများများစားစားယူစရာမရှိ။
တစ်ကယ်ပဲအိမ်ကနေ ထွက်သွား
တော့မှာပဲ။
ဒီအိမ်မှာပဲမွေးပြီး ဒီအိမ်မှာပဲကြီးပြင်း
ခဲ့တာ။အမေနဲ့အတူတူနေခဲ့ရတဲ့ အမေ့နဲ့အမှတ်တရတွေရှိခဲ့တဲ့အိမ်လေး။
အန်တီဆွေနဲ့ စကားပြောပြီးသွားပြီ။
ထွက်သွားပြီးရင် ဒီအိမ်ကကျွန်တော်နဲ့
ဘာမှမသက်ဆိုင်တော့ဘူး။
------------
အရင်တုန်းကလည်း သူမရှိရင် သူ့
အိမ်လာပြီး လုပ်စရာရှိတာလုပ်သွား
ပေး ထားစရာရှိတာထားသွားပေး
နေကြပဲ။အ ခုကခံစားချက်ခြင်းမတူ။
ငါးနာရီခွဲကတည်းက အလုပ်ကပြန်
ရောက်သည်မို့ အိမ် သန့် ရှင်းရေးလုပ် ထမင်းဟင်းချက် ရေမိုးချိုးပြီး
ခြောက်နာရီခွဲသွားသည်။
ကျွန်တော် အိမ်မှာရှိနေတယ်ဆိုတာ
သူ့ကို ဖုန်းမဆက်ထားဘူး။
စိတ်တွေလှုပ်ရှားစွာနဲ့ပဲ အထဲ
မှာတောင် ထိုင်မစောင့်နိုင်ပဲ
အိမ်အပြင်မှာ အပင်တွေရေလောင်း
ရင်း အချိန်ဖြုန်းလိုက်သည်။
နောက်ဆို ပန်းပင်လေးတွေပါဝယ်
စိုက်မှပဲ။
နာရီတစ်ကြည့်ကြည့်နဲ့ လုပ်စရာကုန်တော့
အိမ်ရှေ့တံခါးမကြီးအပေါက်ဝမှာ
သူ့ကိုငုတ်တုတ် ထိုင်စောင့်နေမိရင်း။
7 နာရီခွဲခါနီးလောက်မှာ သူ့ကားက
ခြံရှေ့ကို ဆိုက်ရောက်လာပါတယ်။
ဒီအချိန်ကအလုပ်ပြန်ရောက်ရမဲ့အချိန်
တော့မဟုတ်ဘူး။ဘယ်သူငယ်ချင်းတွေ
ဆီဝင်ပြီးမှပြန်လာတာလဲ။
အလျင်အမြန်အပြေးထသွားရရင်း
ခြံတံခါးသွားဖွင့်ပေးရပြီး သူကကား
ကို အိမ်ရှေ့ဆင်ဝင်အောက်အထိ
မောင်းဝင်ခဲ့သည်။
ကားပေါ်ကဆင်းပြီးတာနဲ့ သူကကျနော့်
ဆီလျှောက်လာလျက်။
" ဘယ်တုန်းကရောက်နေတာလဲ"
သူ့မျက်နာက အံ့ဩကြီးနေသလို။
နှုတ်ခမ်းတွေက နှစ်နှစ်ခြိုက်ခြိုက်
ပြုံးလိုက်မိပြီး သူ့လက်မောင်းကို
တွယ်ချိတ်လိုက်သည်။
" အိမ်ထဲအရင်ဝင်ကြရအောင်လေ"
သာအလုပ်က ပြန်လာတာကို
ကြိုပြီးနောက် နှစ်ယောက်သား
အိမ်ထဲဝင်လာခဲ့ကြပြီး ဧည့်ခန်းက
ဆိုဖာပေါ်မှာကိုစစ်ကြောင်းကထိုင်ချလိုက်သည်။
ကျွန်တော်ကတော့ အကျင့်ပါနေသည့်အတိုင်းသူ့ပေါင်ပေါ်မှာနေရာယူလို့။
" ဘယ်တုန်းကရောက်နေတာလဲလို့"
" ဘာဖြစ်လို့လဲ ကျွန်တော် လာလို့မရဘူးလား"
"မဟုတ်ဘူးလေ"
"ကျွန်တော့်ကို တွေ့လိုက်ရတာမပျော်
သလိုပဲ"
"ဖြစ်စရာလား အဲ့ဒီလို"
ပြုံးမိရင်းသာ သူ့လည်တိုင်ကို
လက်နှစ်ဖက်နဲ့ သိုင်းဖက်ရင်းသူ့ပုခုံး
ပေါ်ခေါင်းမှီချထားလိုက်မိသည်။
လွမ်းနေတာရော သူနဲ့အတူရှိနေရင်
သူ့အနားပဲကပ်ချင်နေမိတာရော။
ဘယ်တုန်းက ကိုယ့်ကိုကိုယ် တွယ်ကပ်
တတ်တဲ့သူ ဖြစ်သွားမှန်းတောင်
မသိလိုက်ဘူး။
သူကလည်းကျွန်တော့်ကိုပြန်ဖက်
လာပြီး တစ်ဖွဖွနမ်းပါသည်။
"ဒီညဒီမှာပဲအိပ်ဖို့လား"
"အွန်းလေ"
အခုပြောပြလိုက်ရတော့မလား။
သူ့မျက်နှာ သိပ်မကောင်းသလိုပဲ။
"ကိုကို ရေသွားချိုးလိုက်တော့
ကျွန်တော် ထမင်းဝိုင်းပြင်ထားလိုက်
မယ် ရေချိုးပြီးရင် ထမင်းအတူတူ
စားရအောင်"
" ခဏနားအုံးမယ်"
"မေ့နေတာ ကျွန်တော် သံပရာရည်
ဖျော်ထားပေးတယ်။သွားယူလိုက်
အုံးမယ်"
သူ့အပေါ်ကထကာခပ်မြန်မြန် ထမင်း
စားခန်းထဲ ဝင်လာခဲပြီး ရေခဲသေတ္တာ
ထဲကနေ အအေးခံထားတဲ့ သံပုရာရည်
ခွက်ကိုယူခဲ့လိုက်သည်။
အိမ်ရှေ့ရောက်တော့ သူကmovie channel တခုကိုဖွင့်ထားပြီး ဆိုဖာ
ပေါ်မှာထိုင်ကာ ဆေးလိပ်သောက်နေ
တာမို့ကျွန်တော့် အပြုံးတွေရပ်တန့်
သွားရသည်။
သူကစိတ်မကြည်တဲ့ အချိန်မျိုးမှာပဲဆေးလိပ်သောက်တတ်တာ။
ကားပေါ်က ဆင်းလာထဲက သူ့မျက်နှာ
မကောင်းဘူး။
အအေးခွက်ကို သူ့ရှေ့ကဆက်တင်ခုံ
ပေါ်မှာပဲတင်၍ ကျွန်တော် သူ့ဘေးနား
မှာကပ်ထိုင်လိုက်သည်။
သံပုရာရည် တိုက်မယ်လို့ပြောထား
တဲ့ဟာကို ဆေးလိပ်သောက်နေတယ်။
" အနံ့မွှန်တယ်လေ မကပ်ထားနဲ့ "
အသားချင်းထိပြီး သူ့ဘေးကပ်ထိုင်
နေသည်ကိုမခွာမိ။
"မမွှန်ပါဘူး"
အဲဒီတော့လည်းသူကပြာခွက်ထဲမှာ ဆေးလိပ်မီးကိုသတ်လိုက်သည်။
ပြီးတာနဲ့သံပုရာရည်ခွက်ကိုယူကာ
သောက်လိုက်ပြီး
" ကျေးဇူးပဲ ကိုယ်ရေသွားချိုးလိုက်
အုံးမယ်ခဏလေးစောင့်ပေး"
ကျွန်တော့် ခေါင်းကိုကိုင်သွားကာ
ထရပ်ပြီးသူကအပေါ်ထပ်တက်သွားပါသည်။
ထိုင်နေမိရင်းသာလှေကားပေါ်တက်
သွား သူကိုလှမ်းကြည့်မိရင်း။
အရင်ကနဲ့မတူဘူး။သူ တစ်ခုခုဖြစ်
နေတယ်။
ကျွန်တော် ရောက်နေတာ သူမပျော်သလိုပဲ။
---------
ထမင်းဝိုင်းပြင်ပြီးထိုင်စောင့်နေသော်
လည်း အတော်ကြာသည် အထိ
ကိုစစ်ကြောင်းကမဆင်းလာသေး။
မစောင့်နိုင်တော့တာမို့
အပေါ်တက်သွားဖို့လုပ်ရတော့သည်။
အိမ်ပေါ်ထပ်ရောက်တာနဲ့ အခန်း
တံခါးဖွင့်လိုက်တော့ ဗီရိုရှေ့မှာ
မတ်တပ်ရပ်နေတဲ့ကိုစစ်ကြောင်း။
ရေချိုးပြီးခါစအပေါ်ပိုင်းဗလာနဲ့ခါး
အောက်ပိုင်းကသဘတ်ပတ်ထားပြီး
ဗီရိုကဖွင့်လျက်သားနဲ့ ဒီအတိုင်းရပ်နေသည်။
ဘာလုပ်နေတာလဲ အအေးပတ်တော့မှာပဲ။
" အင်္ကျီ မဝတ်ပဲ ဘာလုပ်နေတာလဲ
ကျွန်တော်ရှာပေးရမလား"
သူ့အနားသွားပြီး အဝတ်အစားယူပေးဖို့
ဗီရိုရှေ့ရပ်လိုက်တဲ့ကျွန်တော့်လက်ကို
သူကပြန်ဆွဲလ်ုက်သည်။
ပြီးတာနဲ့ ဘီရိုတစ်ဖက်ထောင့်မှာ
ကျွန်တော် ကပ်ပြီးထားထားတဲ့
Luggageကိုသူကအပြင်ဆွဲထုတ်လာသည်။
" ဒါဘာလဲ"
သူ့မျက်နှာကတည်နေလျက်။
"ကျွန်တော့်အိတ်လေ"
" မင်းအိတ်မှန်းကိုယ်သိတယ်။ အထဲမှာ
ဘာဖြစ်လို့အဝတ်အစားတွေ
အဲ့ဒီလောက်များနေတာလဲ"
" အိမ်ကနေထွက်လာတာ"
အကြည့်ချင်းဆုံနေရင်း သူတိတ်ဆိတ်
သွားသည်။
ကျွန်တော့်စိတ်တွေ လှုပ်ရှားလာရလျက်။
" ဘယ်သူဘာ ပြောလိုက်ပြန်ပြီလဲ"
" ဘယ်သူမှဘာမှမပြောဘူး။ ခင်
ဗျားနဲ့ အတူတူနေဖို့အပြီးအပိုင်ထွက်လာတာ"
စိတ်တွေလှုပ်ရှားစွာနဲ့ အလောတကြီး
ပြောလိုက်သော်လည်း တည်နေသည့်
သူ့မျက်နှာကပြောင်းလဲလာခြင်း
မရှိ။
" ဒီတစ်ညတော့နေလိုက်။ မနက်ဖြန်
ပြန်ပို့ပေးမယ်"
"ကိုကို"
မယုံနိုင်လွန်းစွာနှင့်ပင်။
" ဘာဖြစ်လို့လဲ။ဘာဖြစ်လို့ဒီတစ်ညပဲ
နေရမှာလဲ ကိုကိုနဲ့အတူတူနေဖို့ထွက်
လာတာလို့ ပြောနေတယ်လေ"
"မနက်ဖြန်ပြန်လိုက်"
ကျွန်တော် ဆက်ပြီးပြန်ပြောမည်ပြင်
ပြီးမှ သူမျက်နှာကိုကြည့်ရင်း ရပ်တန့်
သွားရသည်။
"ဝန်း"
အနားကိုကပ်လာလျက် ကျွန်တော့်
ပုခုံးတစ်ဖက်ကို သူလာကိုင်
တော့ဝမ်းနည်းစိတ်နဲ့ ရုန်းဖယ်လိုက်
မိသည်။
"ခင်ဗျားပျော်မယ်လို့ ထင်ထားတာ"
တင်းထားသော်လည်း အသံကတိမ်ဝင်
သွားရသည်။
"အဲ့ဒီလို မဟုတ်ဘူးလေ"
မျက်နှာမကောင်းစွာနဲ့ ဖြစ်နေသည့်
ကျွန်တော့်ကိုသူက တင်းကြပ်စွာ
လှမ်းဖက်လိုက်သည်။
" ကိုယ်ကတစ်ယောက်တည်းနေနေကြ
ဘာမှမဖြစ်ဘူး။ ဒီကိစ္စအတွက်စိတ်
ညစ်မခံနဲ့။ ကိုယ်စောင့်နိုင်တယ်လို့ပြော
ထားတယ်လေ။ ဘယ်လောက်ပဲကြာ
ကြာ ကိုယ်စောင့်နိုင်တယ်"
"ကျွန်တော် အခုလာနေနေပြီလေ။
ကိုကိုဘာကို စောင့်စရာလိုသေးလို့လဲ"
" ညီလေးကငယ်သေးတယ်လေ။
မင်းမရှိပဲဘယ်လိုနေမှာလဲ။မင်းမရှိရင်
ညီလေးကိုအဲ့ဒီအိမ်မှာတစ်ယောက်တည်းစိတ်မချဘူးဆို။ဒီမှာလာနေပြီးညီလေး
ကိုလွမ်းနေရရင် ကိုယ်နဲ့အတူရှိနေရင်
လည်းပျော်မှာ မဟုတ်ဘူး။မင်း
ညီလေးကိုဒီလောက်ချစ်တာ ကိုယ်
မခွဲထားချင်ဘူး"
သူ့ ရင်ခွင်ထဲကနေ အမြန်ပင်
တိုးထွက်ရသည်။
အဲဒါကြောင့်ကျွန်တော့်ကို လက်မခံ
ချင်တာလား။ကျွန်တော့်ညီလေးကို
ထားခဲ့ရပြီးသူနဲ့လာနေလို့။
" ညီလေးအတွက်အကုန်စိတ်ချရအောင် လုပ်ထားခဲ့ပေးပြီးသား။ကိုကိုအဲ့တာ
ကြောင့်ဆိုရင် ဘာမှပူစရာမလိုဘူး။
ကျွန်တော် ကိုယ်တိုင်အဆင်ပြေလို့
ကိုကိုနဲ့လာနေတာ"
အလောတကြီးပြောလိုက်တာတောင်
သူ့ကငြိမ်သက်လျက် တုံ့ပြန်မှုမရှိ
သည်မို့ စိတ်တွေလှုပ်ရှားနေရရင်းနဲ့ပဲ။
"ကိုကို"
သူ့ မျက်နှာလုံးဝ မကောင်းပါ။
"အိမ်ကို စိတ်ဖြတ်ပြီးမှ ထွက်လာခဲ့တာသေချာလား"
"သေချာတယ်"
"မင်းကိုလွတ်လပ်ခွင့်ပေး ထားတာ
ကိုယ်က သိပ်လိုက်လျောတတ်
တဲ့သူလို့ မထင်နဲ့ ။မချုပ်ချယ်ချင်လို့"
"ကျွန်တော့်ဘက်က သေချာတယ်
အိမ်ကနေ အပြီးအပိုင်ထွက်လာခဲ့ပြီ။
ညီလေးကိုလည်းစိတ်ချရအောင်
လုပ်ထားပေးခဲ့ပြီးသား၊။ကိုကိုဘာမှ
စိတ်ပူစရာမလိုဘူး"
သူ့မျက်နှာကိုလိုက်ကြည့်ရင်း လက်
တစ်ဖက်ကိုဆုပ်ကိုင်ရလျက် သူဘာ
တွေ စိတ်မချဖြစ်နေတာလဲပူတက်လာရသည်။
ကျွန်တော့် ရင်နာရတယ်။မျက်နှာ
မကောင်းဖြစ်နေတာတောင် မမြင်ချင်ဘူး။
"ကျွန်တော့်ကို လက်ခံပေးမယ်မလားဟင်"
မျက်နှာငယ်နဲ့သူ့ကိုပြောလိုက်တော့။
"ကိုယ်တစ်ယောက်ထဲလွတ်လွတ်
လပ်လပ်နေလာခဲ့တာကြာပြီ တစ်ခါမှ
ဒီအိမ်မှာနေရတာတစ်ယောက်ထဲ
အထီးကျန်တယ်လို့မခံစားရဖူးဘူး။
ဒီမှာ မင်းတစ်ချက်လေးလာနေပြီး
ပြန်သွားရင်တောင် ကိုယ်ဘယ်လောက်
လွမ်းပြီးကျန်ခဲ့ရတယ်ထင်လဲ"
ခင်ဗျားရယ်လို့သာ ကျွန်တော့် စိတ်ထဲ
ကနေပဲ အားနာမိရင်းတောင်းပန်ရတော့တယ်။
ကျွန်တော့်ကြောင့် စိတ်ညစ်နေခဲ့ရတာပဲ။
ဟုတ်ပါရဲ့။ကျွန်တော်ကပဲ သွားလိုက်
ပြန်လိုက်လုပ်နေတာ ကျွန်တော်ပဲ
အတူတူနေချင်တယ်ခဏခဏပြော
ပြီးရင်အိမ်ပြန်သွားပြီး သူ့ကိုကျွန်တော်
ကပဲ တစ်ယောက်ထဲနေခိုင်းထားမိသည်။
"ကိုယ့်ဆီမှာတစ်ရက်နှစ်ရက်လောက်
နေပြီးမှ မင်းအိမ်ကိုစိတ်မချလို့
ပြန်သွားမယ်ဆိုရင် ကိုယ်ဘယ်လိုမှ
ခံစားနိုင်မှာမဟုတ်ဘူး။ကိုယ့်ဆီလာ
နေပြီးမှ မင်း အိမ်မှာဘာကိစ္စပဲ
အကြောင်းပြပြ ကိုယ်က
ပြန်ခွင့်ပြုမှာမဟုတ်ဘူး။ဝင်လာပြီးရင်
ပြန်ထွက်ခွင့်မရှိဘူး။ အဲ့တာကြောင့်
သေချာပြန်စဉ်းစား"
" ပြန် စဉ်းစားစရာမလိုတော့ဘူး။"
ကျွန်တော်ဘယ်တော့မှပြန်တော့မှာ
မဟုတ်ဘူး။ခင်ဗျားနဲ့ တစ်သက်လုံး
နေဖို့ဆုံးဖြတ်ပြီးမှထွက်လာခဲ့တာ ။
ကျွန်တော့် ဆုံးဖြတ်ချက်ကိုပြင်မှာ
မဟုတ်ဘူး"
စကားအကုန်ပင် သူ့ကိုပြောရသည်။
ကျွန်တော့်ဘက်ကိုပဲ တွေးပြီးတော့
အကုန်လိုက်လျောပေးထားတာ။
သူ့ကိုဒီထပ်ပိုပြီးတစ်ယောက်တည်း
ထပ်နေခိုင်းတော့မှာမဟုတ်ဘူး။
" အမေ့အိမ်ကနေအပြီး အပိုင်ထွက်
လာခဲ့ပြီ။ကိုကို့အိမ်ကကျွန်တော့်ကို
လက်ခံပေးမယ်မလား"
မျက်နှာငယ်နဲ့တောင်းဆိုသလိုပြော
လိုက်သည့်ကျွန်တော့်ရဲ့စကားသံနောက်
သူကကျွန်တော့်ကို ဒီအတိုင်းစူးစိုက်
ကြည့်နေလျက်။
"ကိုယ်ကမင်းကိုအပြီးအပိုင် ခေါ်ထား
တော့မှာ ဘယ်တော့မှပြန်ထွက်ခွင့်မရှိဘူး"
"ကျွန်တော်ကလည်း ပြန်ထွက်မှာ
မဟုတ်ဘူး"
တွေဝေခြင်းမရှိအဖြေပေးပြီးတဲ့နောက်
ကျွန်တော့်ကို ချက်ချင်းပင်ဆွဲဖက်
ပြီးနောက် တင်းတင်းကြပ်ကြပ်ပင်
ဖက်ထားပြီး နားသယ်စပ်ကိုဖိကပ်နမ်းသည်။
တစ်ခဏအကြာမှ သူ့ရင်ခွင်ထဲကနေ
ထုတ်ပြီး နှုတ်ခမ်းတွေကို
ထိတွေ့စေပြီးသူစနမ်းပါတော့သည်။
ကြမ်းသည်လို့ပြောလို့ရသည့်ရုတ်
တရက်ဆန်သည့် သူ့အနမ်းတွေကို ပြန်
လည်တုန့်ပြန်ရရင်းသူကကျွန်တော့်ကို
ပွေ့ချီလျက်ကုတင်ပေါ်တင်လိုက်သည်။
ကျွန်တော့် နှုတ်ခမ်းတွေကို လုံးဝ
အလွတ်မပေးပဲ ခပ်ပြင်းပြင်းနမ်း
ရှိုက်နေပြီး အသက်ရှုရန်လိုအပ်လာမှ
သူ့အနမ်းတွေက ကျွန်တော့်လည်ပင်း
သားတွေဆီရောက်သွားသည်။
ခပ်ကြမ်းကြမ်းပင်သူနမ်းနေပြီး
ကျွန်တော့်လည်တိုင်ကိုသူကိုက်မလို့
လုပ်နေပြီးမှ အသက်ရှုသံတွေပြင်းနေပြီး ပြန်လွှတ်လိုက်သည်။
သတိထားမိသလောက်
ကျွန်တော့်လည်ပင်းကို ဘယ်တော့မှအမှတ်အသားမလုပ်။
ကျွန်တော့် ရှပ်အင်္ကျီ အဖြူက
လျှင်မြန်စွာချွတ်နေတဲ့သူကြောင့်
ကြယ်သီးအကုန်ပြုတ်ခါနီး ဖြစ်နေ
တဲ့အခါမှာတော့ အသိစိတ်ပြန်ဝင်
လာပြီး သူ့ကိုအသာတွန်းလျက် ခွာရတော့သည်။
"ကိုကို ခ ခဏလေး"
မျက်နှာတွေပူတက်လာပြီး ရင်တွေအဆမတန်ခုန်နေရပေမဲ့။
"ကျွန်တော်ထမင်းဝိုင်းပြင်ထားတယ်
အေးကုန်မှာစိုးလို့။ထမင်းအရင်"
ကျွန်တော့်စကားကို သူကကြားပုံမရပါ။
ကျွန်တော့်ကိုသူ့ရှေ့က ပျောက်ကွယ်
သွားမှာစိုးရိမ်နေသည့်အလား။
"ချစ်တယ် ကလေး။ကိုယ်မင်းကို
အရမ်းချစ်တာ သိရဲ့လား"
ရင်ဘတ်ထဲ တစ်ချက်အောင့်ခနဲတောင်
ဖြစ်သွားရသည်။
ဒီတစ်ခါ သူ့ကိုဆွဲဖက်ပြီးနမ်းလိုက်ကာ ရှေ့ဆက်စေလိုက်သည်က ကျွန်တော်ကိုယ်တိုင်။
အပေါ်ပိုင်းဗလာ ဖြစ်နေတဲ့
သူ့ဘယ်ဘက်လက်အတွင်းဘက်မှာ
ကျွန်တော့်နမယ်ထိုးထားသည့်တက်တူးစာတန်းတွေရှိပြီး ညာဘက်လက်မောင်း
မှာတော့ သူ့စိတ်ကြိုက်ထိုး
ထားသည့် တက်တူးတွေရှိသည်။
ဒီနေ့ညက သူ့အိမ်ကိုဝင်လာတဲ့ပထမ
ဆုံးည။သူနဲ့အတူတူ ဘဝတစ်ခုကို
ထူထောင်ဖို့အသစ်စတင်လိုက်သည့်
ပထမဆုံးည။
ကျွန်တော့်ကို ခင်ဗျားစိတ်တိုင်းကျ
ဒီထက်ပိုပြီးချည်နှောင်ထားပေးပါ။
-----------
ကားပေါ်ကဆင်းဆင်းချင်း ပင်
အိမ်ထဲကိုမဝင်ရဲလောက်အောင်ဖြစ်
နေပြီ။
ခြံအကျယ်ကြီးနဲ့ သုံးထပ်တိုက်ကြီးက ခမ်းနားစွာ။ ကိုစစ်ကြောင်းရဲ့မိဘတွေ
အိမ်။ ဒါသူငယ်ငယ်ထဲကနေခဲ့တဲ့
အိမ်ပေါ့။
"ကျွန်တော် မဝင်ရဲဘူး"
" ကိုယ်တစ်ယောက်လုံးရှိတယ်လေ
အဖေနဲအမေစောင့်နေတယ်"
ကျွန်တော့် ပုခုံးကိုကိုင်ပြီးသူက
အိမ်ထဲခေါ်လာသည်။ကြောက်နေပေ
ရပေမဲ့လည်း.....။
ဧည့်ခန်းမှာထိုင်ပြီး
သတင်းစာဖတ်နေတဲ့ ကိုစစ်ကြောင်းဖေဖေ။
ကျွန်တော် တို့ကိုတွေ့တော့ သတင်း
စာကိုချလိုက်ပြီး စားပွဲပေါ်တင်လိုက်
သည်။
" ရောက်လာကြပြီလား။သားတို့ကို
စောင့်နေတာ။လာ ထိုင်ကြ"
ကျွန်တော့် မျက်နှာပူလှပါသည်။
ကိုစစ်ကြောင်း ဖေဖေက ဘေးချင်းကပ်ထိုင်
နေသည့် ကျွန်တော်နဲ့ ကိုစစ်ကြောင်းကို
ကြည့်နေတာမို့ ။
" အဖေ ဒါအဖေ့ရဲ့သားငယ်"
သူ့အဖေကကျွန်တော့်ထက် သူ့သား
ကိုကြည့်ရင်း အသာပြုံးလိုက်သည်။
သူ့အမေနဲ့တွေ့တုန်းကလိုမျိုး
များများစားစားပြောပြီး မမိတ်ဆက်
ပေးပဲ လိုရင်းပင်။ သူ့အဖေကို ကိုစစ်ကြောင်း ဘယ်လောက်လေးစားမှန်းကျွန်တော် တွေ့လိုက်ရပါသည်။
" အဖေ့ကိုနှုတ်ဆက်လိုက်ဦးလေ"
" တွေ့ရတာဝမ်းသာပါတယ် အန်ကယ်"
" အန်ကယ်လည်း ဝမ်းသာပါတယ်။
သားကိုတွေ့ချင်နေတာကြာပြီ အခုမှပဲ
အိမ်ကိုရောက်လာတော့တယ်"
"ဟုတ် ဟုတ်ကဲ့"
" အဖေနဲ့အမေကိုတွေ့ဖို့ မလာရဲဘူး
ဖြစ်နေတာ။အခုတောင်အတင်းခေါ်
လာခဲ့ရတယ်"
" အသက်ဘယ်လောက်ရှိသွားပြီလဲ
သားက"
"နှစ်ဆယ့်တစ်ပါ"
" သားရဲ့ညီလေး အရွယ်ပေါ့"
ကိုစစ်ကြောင်းဖေဖေက ကျွန်တော့်ကိုကြည့်ပြီး
ပြုံးလျက်ပင်။
"စစ်ကြောင်းက ငယ်ငယ်ထဲက
အန်ကယ်တို့ကိုညီလေးလိုချင်တယ်
ဆိုပြီး ပူဆာနေကြ။အစ်ကိုတစ်အား
ဖြစ်ချင်တာလေ သားက။ သူ့ထက်
အငယ်တွေဆိုရင်ညှာတတ်တော့
စိတ်တော့မပူရဘူး။သားက စိတ်ညစ်
အောင်လုပ်တာပဲဖြစ်ဖြစ် အဆင်မပြေ
တာမျိုးရှိရင် ဖြစ်ဖြစ်အန်ကယ်တို့ကို
ပြောပြလို့ရတယ် ကြားလား"
"ဟုတ် ဟုတ်ကဲ့"
အန်ကယ်က ကျွန်တော့်ဘက်တောင်လိုက်ပြီး အေးအေးဆေးဆေးပင်။
အဲဒီလောက်ထိ တရင်းတနှီးဖြစ်နေကြ
သူတွေလိုမျိုး စကားပြောပေးလိမ့်မယ်
လို့ မထင်ထားတာ။
" အဖေလို့ခေါ်လိုက်တော့လေ"
"ဗျာ"
သူက ကျွန်တော့်အနားတီးတိုးနဲ့။
"ခေါ်လိုက်လေ"
"နောက် နောက်မှ"
ကျွန်တော် မရဲပါဘူးဆိုမှ။မျက်နှာပူနေ
ပါတယ်ဆိုမှ ဖေဖေ့ရှေ့မှာ။
ကိုစစ်ကြောင်းနဲ့ကျွန်တော် တီးတိုး
ပြောနေကြတာကို အန်ကယ်က
သဘောကျနေသလိုနဲ့ပြုံးလျက်ပင်။
သူ့အဖေကိုလည်း ကိုကိုဘာတွေပြော
ထားလည်း မသိဘူး။
ဖေဖေက သဘောကောင်းတဲ့ပုံပါပဲ။
ကျွန်တော်ကသာနေရခက်နေပေမဲ့
ဖေဖေကအေးအေးဆေးဆေးနဲ့ပြော
သွားတာ လိုရင်းပင်။
" ကြီးကြီးတူလေးတို့ရောက်လာကြပြီလား"
"မင်းအကြီးနဲ့ညီမ မင်းအဘွားကို
လာကြည့်တာ မနက်ထဲကအိမ်
ရောက်နေတာ"
ကိုစစ်ကြောင်းကို ဖေဖေကဝင်ပြောသည်။
အောက်ထပ်ကအခန်းတစ်ခန်းထဲမှာ
ပင် အဘွားတစ်ယောက် လက်ကို
ကိုင်ပြီးထွက်လာတဲ့ အကြီးတယောက်
နဲ့အစ်မတစ်ယောက်။ကိုစစ်ကြောင်းဝမ်းကွဲညီမလား။
သူကထသွားပြီး အဲ့အကြီးဆီကနေအဘွားကိုတွဲပေးလိုက်သည်။
ကိုစစ်ကြောင်း အဘွားဖြစ်မယ်။
ကျွန်တော့်မှာတော့ ထိုင်ရမလိုထရမလိုနဲ့။
"ဒါကိုယ့်အဘွားနဲ့ကိုယ့်အကြီး
ဒါကကြီးကြီးရဲ့ သမီးကြီး ကိုယ့်ညီမ"
"ငါ့မြေးလည်းရှားရှားပါးပါး အခုမှဘဲ
အိမ်ကပ်တော့တယ်။ ဒါဒီနေ့အိမ်ကို
လာမယ်ဆိုတဲ့ကလေးလား"
အဘွားကဆိုဖာပေါ်မှာထိုင်လိုက်တဲ့
အချိန်ကျွန်တော်လည်းရိုသေတမှုနဲ့
ကိုစစ်ကြောင်းဘေးမှာသွားရပ်လိုက်သည်။
"ဟုတ်တယ် အဘွားရဲ့မြေးဖြစ်လာမဲ့
သူလေ ဘယ်လိုလဲအဘွား"
"ခပ်ချောချောလေးပဲ။ချစ်ချင်စရာ
လည်းကောင်းတယ်။ ဘွားမြေးက
အမြင်ရှိပြီးသား"
ထပ်ပြီး မနေတတ်ဖြစ်ရသည်။ဖေဖေ့
လိုပဲအဘွားကလည်း ပုံမှန်အတိုင်းပင်။
ကိုစစ်ကြောင်းကို သူ့မိသားစုက
အရမ်းချစ်ကြတယ် ထင်ပါတယ်
သူ့မြေးစိတ်ချမ်းသာအောင်များပြော
ပေးနေတာလား။အဘွားက ကျန်းမာ
ရေးသိပ်မကောင်းဘူးတဲ့။
ကိုစစ်ကြောင်းအဖေကလည်းပြုံးနေပြီး
ကျွန်တော် ကတော့ သူ့အမျိုးတွေများ
နေလို့ နေသားမကျ။
" တူလေးတယောက် ထပ်တိုးတာပေါ့။
ကြီးကြီးတို့မိသားစုကနေကြိုဆိုတယ်
နော်သား"
ကိုစစ်ကြောင်းအကြီးဖြစ်သူကကျွန်တော့်ကိုပြုံးပြသည်။
လူကြီးတွေက ထိုင်နေကြပြီးကိုစစ်ကြောင်းရဲ့ညီမဝမ်းကွဲဖြစ်သူကတော့ အဘွားဘေးမှာ
မတ်တပ်ရပ်နေလျက်ပင်။
" တို့အစ်ကို ငယ်ငယ်ချောချောကောင်
ကလေးကိုဆွေပြမျိုးပြအိမ်ခေါ်လာ
တယ်လို့ ကိုကြီးတို့ ကိုငယ်တို့ရော
မောင်နှမတွေအားလုံး သိအောင်
family chatထဲသတင်းပို့ရမယ်"
ကိုစစ်ကြောင်းညီမက သူ့လက်ထဲက
ဖုန်းကိုထုတ်ပြီးကျွန်တော့်ကိုပြုံးပြရင်း
ပြောတော့ ။
"လျှောက်မလုပ်နဲ့အုံး။နင်တို့လွယ်တာမဟုတ်ဘူး"
"ညီမထပ်တော့ ငယ်မယ်ထင်တယ်နော်"
"ငယ်တယ် အကုန်လုံးထက်။နင့်ညီမ
ထက်တောင်ငယ်တယ်"
"ဒါဆိုမောင်နှမတွေအားလုံးထဲမှာ
အငယ်ဆုံးပေါ့။အစ်မတို့ကြိုဆိုတယ်
နော် မောင်လေး"
ကျွန်တော်လည်းအဲ့အစ်မကိုပြန်ပြီး
ပြုံးသာပြလိုက်ရသည်။
" အန်တီက ထမင်းစားလို့ရပြီ။အားလုံး
ထမင်းစားခန်းထဲ လာခဲ့ကြပါတော့တဲ့"
ကောင်မလေးတစ်ယောက်က အိမ်ရှေ့
ထွက်လာပြီး လူကြီးတွေကိုရိုရိုသေ
သေနှင့်ပင် ထမင်းစားဖို့ လာခေါ်သည်။
အကူထင်ပါတယ်။
"ကဲ ထမင်းစားကြရအောင်။သားတို့
လာမယ်ဆိုလို့ မင်းတို့
အမေကသူကိုယ်တိုင် ချက်ပြုတ်
နေတာ။သားငယ်ကို ခေါ်လာခဲ့"
ဖေဖေက သူ့ကို ပြောပြီးလူကြီး
တွေကဦးဆောင်ကာ အိမ်အထဲကို
ဝင်သွားသည်။
" အဘွားကိုလာကြည့်တာ သူများ
မိသားစု ထမင်းဝိုင်းနဲ့ဆုံနေတယ်။
အတူတူစားလို့ရတယ်ဟုတ် မောင်လေး"
"ဗျာ ရ ရပါတယ် "
သူ့ညီမကို သူက မစနဲ့လို့တီးတိုး
ပြောပြီး ထမင်းစားခန်းထဲ သွားခိုင်း
လိုက်သည်။
" အဘွားကိုလာကြည့်ကြတာ အိမ်
လည်းနီးတယ်လေ။အဲ့တာ ကြီးကြီးရဲ့
သမီး။တစ်ခြား ကိုယ့်အစ်ကိုတွေ
အစ်မတွေအများကြီး ရှိသေးတယ်။
အခုတစ်ခါထဲရင်းနှီးသွားတာပေါ့။
ရတယ်မလား စိတ်ညစ်နေပြီလား"
" ဘာလို့်စိတ်ညစ်ရမှာလဲ မညစ်ပါဘူး"
ဒီအစ်မကကိုစစ်ကြောင်းအဖေ ရဲ့အစ်မ
ကြီးကြီးရဲ့သမီး။ကျွန်တော် ဆေးခန်း
ပြသွားတဲ့အစ်မက သူ့ဦးလေးရဲ့
ချွေးမ။သူ့အဖေကမောင်နှမလေး
ယောက်ရှိတော့ကိူစစ်ကြောင်းမှာလည်း
တဝမ်းကွဲမောင်နှမတွေများသည်။
"လာ အမေက ဝန်းလာမယ်ဆိုလို့ သူကိုယ်တိုင် ထမင်းဟင်းတွေ အများကြီး
ချက်ထားပေးတယ်တဲ့။ အဲဒါကြောင့်
ထွက်မလာအားတာဖြစ်မယ်"
ကျွန်တော့ပုခုံးကိုကိုင်ပြီး ထမင်းစား
ခန်းထဲကိုသူခေါ်ခဲ့ပေးသည်။
----------------
စားပွဲထိပ်မှာဖေဖေထိုင်နေပြီး ဘေး
တစ်ဖက်တချက်မှာ အဘွားနဲ့မေမေ။
ပြီးတော့ကြီးကြီး။
ကျွန်တော် ဘယ်သူ့ကိုမှမကြည့်ရဲပါ။
ကိုယ့်ထမင်းပန်းကန်သာကိုယ် မျက်နှာ
မူကာ စားနေရပြီး သူဌေးအိမ်မှာ
ထမင်းစားရတာ နေသားမကျ။
ဘာမှမပြောရဲ။
အထူးသဖြင့် မေမေ။
ဟင်းပွဲတွေကတော့ စားပွဲအပြည့်
တစ်ကယ်များပါတယ်။ တကယ်ပဲ
ကျွန်တော်လာမယ်ဆိုလို့ မေမေ
ကိုယ်တိုင်ချက်ထားတာလား။
"များများစားနော်သား ။ဟင်းတွေ
ထည့်ပေး လိုက်အုံး"
အဘွားက ကျွန်တော့်ကိုလှမ်းကြည့်
ရင်ူသူ့ဘေးကကိုစစ်ကြောင်းကိုဟင်းထည့်ခိုင်းသည်။
အခုတောင်ကျွန်တော့် ပန်းကန်ထဲမှာ
ကိုစစ်ကြောင်းထည့်ပေးထားတဲ့ ဟင်းတွေကထမင်းထက်ကိုများနေပြီ။ဖေဖေက
လည်းကျွန်တော့်ကို များများထည့်
စား ဆိုတာကြီးပဲ။
မျက်နှာတစ်ချက်မော့လိုက်တော့
မေမေနဲ့ အကြည့်ချင်းဆုံသွားချိန်
ကြောက်ပြီး မျက်လွှာပြန်ချလိုက်
ရတယ်။
မေမေက ဘာမှမပြောဘူးလေ။
" သားကမောင်နှမဘယ်နှစ်ယောက်
လောက်ရှိလဲ"
" နှစ်ယောက်ပါ အဘွား။ကျွန်တော့်မှာ
ညီလေးတစ်ယောက် ရှိတယ်"
"အော် ဘယ်အရွယ်လောက်ရောက်နေပြီလဲ"
"ရှစ်နှစ်ပါ သုံးတန်းတက်နေပါတယ်"
" ငယ်ငယ်လေးပဲရှိသေးတာပဲ။သားနဲ့ အသက်က တော်တော်ကွာမယ်ထင်
တယ်။အမေကအသက်ကြီးမှမွေးလို့လား"
"ဘွား ဒီအရွက်ကျော်ကြိုက်တယ်
မလား။မောနေအုံးမယ် စကားမပြောပဲ
ဖြေးဖြေးစား"
သူ့အဘွားပန်းကန်ထဲကို ကိုစစ်ကြောင်းက
အရွက်ကြော် ခပ်ထည့်ပေးလိုက်ပြီး
စကားစဖြတ်လိုက်သည်။
သူ့ကို ကျွန်တော်အားနာလိုက်တာ။
" အိမ်သာလာခဲတာ သူ့အဘွား
အကြိုက်ကတော့ သိနေတုန်းပဲ"
ဖေဖေ့ကိုမရဲတရဲနဲ့ကြည့်လိုက်တော့
ဖေဖေကကျွန်တော့်ကိုအသံတိတ်ပြုံးပြလျက်သာ။
မေမေကတော့ မျက်နှာတည်နေသည်။
" အဖေနဲ့အမေကရော ကျန်းမာရေးတွေကောင်းကြလား။အသက်အရွယ်ဘယ်လောက်ရှိကြလဲ"
အဘွားက ကျွန်တော့်ကိုထပ်မေးသည်။
အဘွား မသိဘူးထင်ပါတယ်။
"အမေ စကားအများကြီးပြောရင်
ထပ်ပြီးမောနေဦးမယ်။ထမင်းစားပြီး
မှပဲ အမေ့မြေးတွေကိုခေါ်ပြီးအေးအေးဆေးဆေး ပြောလေ"
ဒီတစ်ခါ အဘွားကိုစကားစဖြတ်
လိုက်တာက မေမေ။
"အေးအေး ဟုတ်သားကွယ်"
မေမေ့ကို ကြောက်ကြောက်နှင့်ပင်
တစ်ချက်ကြည့်ရင်း ကိုစစ်ကြောင်း သူ့အဘွားကိုဟင်းထည့်ပေးပြီး ကျွန်တော့်
ဘက်ပြန်လှည့်လာချိန် အသာပြုံးပြလိုက်
ရသည်။
သူကကျွန်တော့် အတွက်ပဲ စိတ်ပူနေတာ။
" သမီးတို့ခဏခဏလာတာ
အဘွားက ဘယ်မှာစကားများများ
ပြောလို့လဲ"
ကိုစစ်ကြောင်းညီမက ထမင်းစားနေရင်း
စိတ်ဆိုးသလိုနှင့် အဘွားကို လှမ်း
ပြောလိုက်တော့။
"သူ့မြေးအသစ်လေးကို ချစ်လို့နေ
မယ်။နော်သား"
ကြီးကြီးက အပြုံးလေးနှင့်ပင်။
ကျွန်တော်နေရမခက်အောင် အကုန်
လုံးက ဂရုစိုက်ကြပါတယ်။
အဘွားကလည်း ကျွန်တော်မနေတတ်
မှာစိုးလို့ စကားရှာပြီးမေးနေတာ။
-----------
" အဖေ ဆုံးသွားတာဘယ်နှစ်နှစ်
လောက်ရှိသွားပြီလဲ"
" လေးနှစ်လောက်ရှိပါပြီ"
" ဖြစ်မှဖြစ်ရလေ"
အဘွားက တစ်ကယ်ကစိတ်မကောင်း
ဖြစ်နေသည့်ပုံ။
ကျွန်တော့်လက်တစ်ဖက်ကို ကိုင်ထားပြီး
နှစ်ယောက်ထဲ စကားပြောပေးနေတာ။
"အမေက ရော"
"ကျွန်တော် ငါးတန်းလောက်ကပါ"
" အိုကွယ် အမေကိုမှတ်မိနေမှာပဲ"
အဘွားကိုအသာပြုံးပြသည့်တိုင်
အဘွားက ကျွန်တော့်ကိုအားနာ
နေသည်။
" အဘွားက တစ်ကယ်မသိလို့ကွယ်။
ကိုယ့်မြေးဖြစ်လာမဲ့သူ အကြောင်း
သိချင်လို့ မေးပါတယ်ဆို မမေးသင့်
တာတွေပဲ မေးလိုက်သလိုဖြစ်သွားတယ်"
" ရပါတယ် အဘွားရဲ့။ကျွန်တော်
ဘာမှမဖြစ်ပါဘူး"
"ညီလေးကို တော်တော်လေးချစ်
တယ်ဆို။အဲ့စိတ်ထားလေးကို အဘွား
သဘောကျတယ်။တော်တယ်"
ကျွန်တော့်လက်ကိုခပ်ဖွဖွပုတ်ပေး
သည်။
ထမင်းစားပြီးတော့ ကျွန်တော့်မိသားစု
အကြောင်း အဘွားကိုမေမေပြောပြ
လိုက်တယ်ထင်ပါတယ်။
"အဘွားတို့ရှိတယ် ဘာမှအားမငယ်နဲ့
သိလား။မြေးကရော ဂရုစိုက်ရဲ့လား"
မျက်နှာပူသွားပေမဲ့ ဒီအိမ်မာအဘွားနဲ့
စကားပြောရတာ သက်တောင့်သက်တာ
အရှိဆုံးပဲ။
"ဟုတ်ကဲ့ဘွား သူဂရုစိုက်ပါတယ်"
"မြေးအမေကလည်း သားကိုဂရုစိုက်ပါတယ်။ဒီတစ်မနက်လုံး သားအတွက်
ထမင်းဟင်းတွေချက်နေတာ။သူဆူရင်လည်း ဝမ်းမနည်းနဲ့ ကြားလား။
မိန်းကလေး ယောက်ျားလေးရယ်လို့
မဟုတ်ဘူး သူ့သားကိုဘယ်သူ့ကိုမှ
မပေးချင်တာ။ သိတယ်မလား သား
တစ်ယောက်တည်းမွေးထားတော့။
သားက ဘာမှအားမငယ်နဲ့"
စတွေ့ထဲက ဖော်ရွေစွာပင် ဆက်ဆံ
ပေးတဲ့အဘွားက အသက်ကြီးနေပင်မဲ့နားလည်ပေးနိုင်တာပဲ။သူ့မြေးကိုချစ်
လို့လည်းဖြစ်မည်။
" ဆေးသောက်ရမယ့်အချိန် ရောက်
နေပြီလေ အမေ"
ဧည့်ခန်းထဲကို မေမေနဲ့ အနောက်ကကောင်မလေးတစ်ယောက်ကလက်
ထဲမှာ ခွက်တစ်ခွက်နဲ့ဝင်လာပြီး
ကျွန်တော့်ရှေ့ကစားပွဲပေါ်ချပေးသည်။
"အေး ဟုတ်သား။သမီးသတိပေးမှပဲ။
ကလေးရေ အဘွား သိပ်ကြာကြာ
မထိုင်နိုင်ဘူး သွားနားတော့မယ်။
ညနေမှပြန်ကြနော်"
" အဘွားကိုအခန်းထဲ လိုက်ပို့ပေးပြီး
ဆေးတိုက်လိုက်"
ကျွန်တော့်လက်ကိုပုတ်ကာနှုတ်ဆက်
သွားပြီး အဘွားကအစ်မတယောက်
နဲ့အတူထွက်သွားသည်။ကျွန်တော်ဖြင့်
အဘွားနဲ့ပဲလိုက်သွားချင်လိုက်တာ။
ကျွန်တော့်ဘေးမှာ မေမေ့လာထိုင်တော့ သတိအနေအထားနဲ့ နေနေပြီးသား။
"ထမင်းစားနေတုန်းက အဘွားက
မသိလို့ မေးလိုက်တာ ဘာမှစိတ်
မကောင်းမဖြစ်နဲ့"
"ကျွန်တော် ဘာမှမဖြစ်ပါဘူးအန်တီ"
ဟန်ကိုယ့်ဖို့ မေမေ့ရှေ့မတ်မတ်ထိုင်
လိုက်သည်။
မိသားစု အားနည်းချက်နဲ့တော့
ကျွန်တော့်ကို သနားစရာမလိုပါဘူး။
မေမေကလည်း ကိုယ့်အားကိုယ်ကိုးပြီး
စိတ်ကိုမြင့်တင်ထားတတ်တဲ့သူမျိုးကိုမှ
သဘောကျတာ။သူ့ရှေ့သွားပျော့နေလို့
မရဘူး။
" သားနဲ့အတူတူနေနေကြပြီဆို။အန်တီ
ပြောလိုက်တဲ့ စကားကြောင့်လား
။ အန်တီပြောတာက အဲဒီအဓိပ္ပာယ်
မဟုတ်ဘူးလေ။ မင်းညီလေးကို ထား
ခဲ့လို့ရရဲ့လား"
" ညီလေးကို အဆင်ပြေအောင်လုပ်
ပေးခဲ့ပါတယ်။ ပိတ်ရက်တွေကျရင်
လည်းအပတ်တိုင်းသွားခေါ်မှာပါ
အန်တီ"
" မင်းတို့အဆင်ပြေကျရင်လည်း
ပြီးတာပဲ"
မေမေနဲ့ နှစ်ယောက်တည်းထိုင်နေ
ရတာနေရခက်နေတုန်း ဧည့်ခန်းကို
ရောက်လာတဲ့ ကလေးနှစ်ယောက်။
ယောက်ျားလေးတစ်ယောက်
မိန်းကလေးတစ်ယောက်။
မေမေလှမ်းခေါ်လိုက်တော့ ကျွန်တော့်
ကို ကြည့်နေကြပြီးမေမေ့အနားကပ်
နေကြသည်။
"သား အစ်မကြီးရဲ့ကလေးတွေလေ။
အစ်ကိုကိုနှုတ်ဆက်လိုက်ကြ"
" မင်္ဂလာပါ ခင်ဗျာ"
"ထမင်းစားပြီးကြပြီလား"
မေမေက ကလေးတွေကိုမေးလိုက်သည်။
"စားပြီးပြီ။ဒေါ်ငယ်ကဘွားတို့အိမ်မှာ
အစ်ကိုချောချောလေးရောက်နေတယ်
ဆိုလို့ လာကြည့်တာ"
မေမေ့ကိုပြန်ကြည့်ရင်း မျက်နှာပူသွားရသည်။ကိုကို့ညီမပြောပြတာထင်ပါတယ်။
သူတို့အမျိုးတွေကလည်းနှစ်အိမ်သုံး
အိမ်ပဲခြားကြတယ်။ကြီးကြီးနဲ့အစ်မ
လည်းပြန်သွားပြီ။အကြီးအိမ်ခဏသွား
မယ်ဆိုပြီးကျွန်တော့်ကိုပါခေါ်တာ
မလိုက်သွားခဲ့တာ။ကိုစစ်ကြောင်း
အိမ်လည်နေတယ်။
"ဟုတ်လား ဘယ်လိုနေလဲချောလား"
မေမေကကလေးတွေကိုငုံ့မေးတော့။
"ချောတယ် အစ်ကိုချောချောလေး"
ကလေးတွေက အခုမှတွေ့တော့ရှက်
နေကြတယ်ထင်ပါတယ်။အိမ်ပြန်ကြ
တော့မယ်ဆိုပြီး မေမေ့ကိုနှုတ်ဆက်ပြီးထွက်ပြေးသွားကြသည်။
ကလေးတွေထွက်သွားတော့ အတွေး
ဝင်လာတာမို့မေမေ့ကိုအားနာမိရရင်း။
"ကလေးတွေက မင်းကိုတွေ့ဖူးချင်လို့
လာတာ။မင်းရဲ့တူလေးတူမလေးတွေပဲ"
အန်တီ ကျွန်တော့်ကိုသတိထားမိ
သွားသည်လား။
"မြေးတွေကအခုတောင်များနေပြီ။
ရှိတာတွေတောင်ထိန်းမနိုင်ဘူး။ထပ်
မရှိလည်းဖြစ်တယ်"
ကျွန်တော့်ကိုမျက်နှာလွှဲပြီး မေမေပြော
တာပင်။
မေမေ့မျက်နှာကို ကြောင်အကာ
ဒီအတိုင်းကြည့်နေမိချိန်။
ကျွန်တော့်ရှေ့က ခွက်ကိုမေမေက
အဖုံးဖွင့်လိုက်သည်။အနံ့မွှေးမွှေးလေး
ထွက်လာတဲ့ မလိုင်တက်နေတဲ့နွားနို့ပူပူလေးပင်။
"သောက်လိုက် နေမကောင်းဖြစ်
ထားတော့ အားရှိအောင်"
"ဗျာ"
မေမေ့ကိုတစ်လှည့် နွားနို့ခွက်ကို
တစ်လှည့် ကြည့်မိရင်း။
ငယ်ငယ်တုန်းက ကျွန်တော် နေမကောင်းဖြစ်ရင်လည်း ကျွန်တော့်မေမေက
နွားနို့တိုက်နေကြ။
"သောက်လိုက် အခုပဲအန်တီကြိုလာတာ နွားနို့စစ်စစ်က ရှာရခက်နေပြီ"
"အန်တီ"
"သောက်လိုက်"
နွားနို့ခွက်နွေးနွေးကိုယူလိုက်ရင်း
မေမေ့ကို မရဲတရဲကြည့်ရင်း။
ကျွန်တော့်ရင်ထဲမှာနွေးလို့ ထွေးလို့။
--------------
" အဖေနဲ့အမေကိုကန်တော့ပါတယ်။ကာယကံ ဝစီကံ မနောကံနဲ့ပြစ်မှားမိ
တာရှိပါကကျွန်တော်တို့ကို ခွင့်လွှတ်ပါ"
ကိုစစ်ကြောင်းက အသံထွက်ပြီးပြော
နေပေမဲ့
ကျွန်တော်ကတော့ တိုးတိုးလေးသာ
သူ့အတိုင်း သံယောင်လိုက်၍လိုက်
ဆိုပြီး လက်အုပ်ချီကာ ဖေဖေနဲ့မေမေ
ကိုသူနဲ့အတူ ဦးချကန်တော့လိုက်
သည်။
"ကဲ အဖေ့ သားနှစ်ယောက်လုံးလိုအင်
ဆန္ဒတွေ တစ်လုံးတစ်ဝကြီးပြည့်စုံပါစေ"
ဖေဖေက လိုရင်းတိုရှင်းပင် ဆုပေးပြီး မေမေကတော့အသံတိတ်နေရင်းမှ။
"သားသား"
"အမေ ခေါ်နေတယ်လေ ဝန်း "
ခေါင်းငုံ့နေသည့် ကျွန်တော့်အနားကပ်
လာပြီး သူအသိပေးလာချိန် ကြောင်
အပြီး ဆိုဖာပေါ်မှာထိုင်နေသည့်မေမေ့
ကို တစ်ချက်မော့ကြည့်လိုက်မိရင်း
မယုံနိုင်စွာနဲ့သူ့ကို ပြန်ကြည့်လိုက်
မိသည်။
မေမေက သားသားဆိုတော့ သူ့သားကို
ကိုစစ်ကြောင်းကို ခေါ်တယ်လို့ ထင်နေတာလေ။
"ကျွန်တော့်ကို...ဟုတ်လို့လား"
နှစ်ထဲကကြားရုံတီးတိုး သူ့အနား
ကပ်လျက် ပြန်မေးရသည်။
"ဒီကိုလာအုံး သားငယ်"
ကျွန်တော့် မျက်လုံးတွေပြူးသွားရပြီး
ကိုစစ်ကြောင်းက ကျွန်တော့်ပုခုံးကိုကိုင်ကာ
အားပေးနေပြီး မေမေ့အနား သွားခိုင်းသည်။
မတ်တပ်ရပ်၍ထကာ ခေါင်းငုံ့ကာပင် လူကြီးတွေအနားတရိုတသေ သွားရပြီး
မေမေထိုင်နေသည့်ဆိုဖာအရှေ့မှာ
ဒူးနှစ်ဖက်ထောက်၍ထိုင်ချလိူက်ရသည်။
မေမေက ကျွန်တော့် လက်တစ်ဖက်ကို
ဆွဲယူ၍ လက်ဖမိုးကိုကိုင်ထားပြီး။
" အဖေနဲ့အမေကို အခုလိုကန်တော့တဲ့အတွက်ကြောင့် သားငယ် အသက်ရှည်
စွာအနာကင်းဝေး စိတ်၏ချမ်းသာ ကိုယ်၏ကျန်းမာခြင်း သွားလေရာ
လာလေရာ ဘေးအန္တရာယ်ခပ်သိမ်း
ကင်းဝေးပြီးလိုအင်ဆန္ဒမှန်သမျှ
အလုံးစုံ ပြည့်ဝပါစေ"
ဆုတွေ အများကြီးပေးပြီးနောက်
မေမေက ကျွန်တော့်ခေါင်းကိုပါကိုင်၍
ဆုတောင်းပေးပြီး ဆံပင်တွေကိုပါ
ပွတ်သပ်ပေးသည်။
ခေါင်းကိုသာငုံ့ ထားမိရင်း ရင်ထဲမှာ
ပျော်တယ်ဆိုတာထက် ဝမ်းနည်းစိတ်
ကပင် ပြည့်တက်လာရသည်။
"ကျေး ကျေးဇူးပါအန်တီ"
"အခုချိန်ကနေစပြီး သားငယ်ကအမေ
တို့ရဲ့မိသားစုဝင်ပဲ။အမေကတော့
အမြင်မတော်တာရှိရင်ဆုံးမမယ် လိမ္မာ
ရင်ဒီ့ထက်ပိုချစ်မယ်။အဖေနဲ့အမေက
ဒီနေ့ဒီအချိန်ကစ မင်းရဲ့အုပ်ထိန်းသူ
မိဘတွေပဲ။သားက တော်ပြီးသား။
ကိုယ့်ကိုကိုယ် ဘာမှစိတ်အားမငယ်နဲ့
အမေပြောတာကြားလား"
နောက်ဆုံးစကားကို ကျွန်တော့်ခေါင်း
ကိုပွတ်ပေးပြီး နှစ်ယောက်ထဲကြားရုံ
မေမေ ငုံ့ပြီးပြောတာပင်။
ခေါင်းကို ညိတ်လိုက်ရရင်းသာ
စိတ်ကိုတင်းထားလိုက်ရတာ သိပ်
မလွယ်ကူ။မေမေက အားမငယ်နဲ့တဲ့။
" ပြီးခဲ့တဲ့လပိုင်းတုန်းက သားမွေးနေ့
ဆို။နောက်ကျနေပေမယ့် အဖေနဲ့အမေ
က မွေးနေ့လက်ဆောင်ပေးမလို့ ဘာ
လိုချင်လဲ"
မေမေ့ဘေးမှာထိုင်နေတဲ့ဖေဖေက
ပြောတော့ မနေတတ်ရင်း အားနာမိစွာနဲ့ပင်။
"ကျ ကျွန်တော်ဘာမှမလိုပါဘူး"
"မလိုတာတော့ မဟုတ်သေးဘူးလေ။
သားနဲ့ မုန့်ဖိုးလွှဲပေးလိုက်မယ်။ ကိုယ်
လိုချင်တာကိုဝယ်လိုက် ကြားလား"
" အဖေနဲ့အမေကို ကျေးဇူးတင်တယ်
လို့ပြောလိုက်လေ ဝန်း"
ကိုစစ်ကြောင်းက ဖေဖေ့ဘေးမှာ လာထိုင်ပြီးကျွန်တော် မနေတတ်တာကိုသူသိနေသည်။
ကျွန်တော့်ကို လက်ခံပေးထား
ကြတာနဲ့တင် တစ်ကယ်ကျေးဇူးတင်
နေပါပြီ။
သူခေါ်ခဲ့လို့သာ အားတင်းပြီးလာ
ခဲ့ရတာ
ဒီလောက်ကြီးတစ်ရင်းတစ်နှီးနဲ့ဂရုစိုက်
ပေး ဒီနေရာကိုအသိအမှတ်ပြုပြီးပေး
ဖို့မမျှော်လင့်ခဲ့ဘူး။
လူကြီးတွေကို တစ်ကယ်အားနာမိရတယ်။
" ကျေးဇူးတင်ပါတယ် အန်ကယ်နဲ့အန်တီ"
"အဖေနဲ့အမေလို့ ခေါ်ရတော့မှာ
မလား။ ဘယ်တော့မှခေါ်မလို့လဲ"
"ဗျာ"
မေမေ့ကို မယုံနိုင်စွာနဲ့ နောက်တစ်ကြိမ်
ပြန်မော့ကြည့်ရသည်။
ကိုစစ်ကြောင်းကတော့ ကျွန်တော့်ကို
အသံမထွက်ပဲ "ခေါ်လိုက်လေ"ဆိုပြီး
အားအင်တွေပေးနေသည်။
"ကျွန်တော် တစ်ကယ်ကိုကျေးဇူးတင်ပါတယ်"
ခေါင်းငုံ့နေရရင်း အသံတွေသိမ်မဝင်သွားအောင်ကြိုးစားယူလိုက်ရသည်။
"ဖေဖေ နဲ့ မေမေ"
ဝမ်းနည်းစိတ်ကြောင့် ခေါင်းကိုတွင်တွင်
သာငုံ့ထားမိတော့သည်။
စိတ်ထဲမှာတော့ ကိုကိုနဲ့ ကောင်းကောင်း
မွန်မွန် နေသွားပါ့မယ်လို့အများကြီး
ပြောချင်နေပေမဲ့ လူကြီးတွေရှေ့မှာ ကျေးဇူးတင်တယ်ကလွဲပြီးထွက်
မလာနိုင်။အဖေနဲ့အမေလို့ခေါ်လို့ရ
တယ်တဲ့လား။
"လာပါအုံး အမေဖက်ထားချင်လို့ ဒီမှာ
လာထိုင်"
ခေါင်းကိုငုံ့ထားတဲ့ကျွန်တော့်လက်ကို
မေမေကဆွဲကိုင်ပြီးသူ့ဘေးမှာထိုင်
စေသည်။
ကျွန်တော့်ကိုဖက်လာပေးပြီးကျောပြင်
ကိုပုတ်ပေးလာတဲ့မေမေ။
"ချစ်ဖို့ကောင်းတယ် အမေ့သားငယ်က"
ကျွန်တော် အခု အိမ်မက်မက်နေတာများလား။
"မင်းအမေကလည်း သားချစ်တာနဲ့
တုန်နေတော့မှာပဲ"
"အမေ ကျွန်တော်ဒီမှာပဲထားခဲ့ရတော့
မလား"
ဖေဖေနဲ့ကိုစစ်ကြောင်းရဲ့စကားသံ။
ဖေဖေနဲ့ကိုကိုကတစ်ဖက် မေမေနဲ့
ကျွန်တော်ကတစ်ဖက်။
မေမေဖက်ထားပေးသည်ကိုမရဲတရဲနဲ့
ငြိမ်ငြိမ်လေးနေရင်း ရင်ထဲဆို့လာရ
သည်။ကျွန်တော်က သူတို့ရဲ့မိသားစု
ဝင်တဲ့။
မေမေ့ရင်ခွင်ထဲကနေ သူ့ကိုလှမ်း
ကြည့်တော့ ကျွန်တော့်ထက်ကိုသူက
ပိုပြီးတော့တောင် ပျော်နေသေးသည်။
မိသားစုတဲ့။အမေမရှိတော့တဲ့အချိန်ထဲ
ကကျွန်တော့်ဆီမှာ ပျောက်ကွယ်သွား
တဲ့အသိုက်အမြုံ။ကျွန်တော့်မှာလည်း
မိသားစု ရှိတယ်တဲ့လား။
---------------
မေမေ့အနားပဲ ကပ်နေသည့်ကျွန်တော့်
ကို ညနေစောင်း အိမ်ပြန်ချိန်မေမေက
အိမ်ရှေ့အထိထွက်ပို့သည်။
"သားမပါလည်း အိမ်ကိုအမြဲလာလို့
ရတယ် ဘာစားချင်လည်းအမေ့ကို
ပြော။အမေချက်ကျွေးမယ်"
"ဟုတ်ကဲ့ မေမေ"
"နေကောင်းအောင်နေ ခဏခဏမဖျားစေနဲ့"
"ဟုတ်ကဲ့ပါ မေမေ"
ကျွန်တော့် ရှပ်အင်္ကျီလက်နှစ်ဖက်ကို
ခေါက်တင်ပေးပြီး အင်္ကျီ ကော်လံကိုပါ သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပေး၍
မေမေက နှုတ်ဆက်နေသည်။
ကျွန်တော် အိမ်မက်မက်နေတာမဟုတ်ဘူး။
" မခွဲနိုင်ဘူးဆိုရင် ဒီမှာပဲအမေနဲ့နေခဲ့
တော့မလား။အမေ ကျွန်တော် ထားခဲ့
ရမလား"
ကားဘေးမှာရပ်စောင့်၍ သူ
က ကျေကျေနပ်နပ်ကြီးပြုံးနေလျက်ပင်။
"မေမေ"
ကျွန်တော်တစ်ချိန်လုံးခေါ်နေမိပြီလား။
"ပြောလေ သားသား။ပြောချင်တာကိုပြော"
" မပြန်ခင် ကျွန်တော့်ကို တစ်ခါလောက်
ထပ်ပြီးတော့ဖက်ပေးလို့ရမလား "
မေမေ့ကိုရှိန်နေသေးသော်လည်း
အရဲစွန့်ပြီး ခပ်တိုးတိုးတောင်းဆိုလိုက်မိသည်။
မမျှော်လင့်ပဲ ရခဲ့တဲ့နွေးထွေးမှုက
ကျွန်တော် ငတ်မွတ်နေခဲ့ရသည့်...။
မေမေကပြုံးလျက်ပင် ကျွန်တော့်ကို
နောက်ဆုံးတကြိမ်ထပ်ပြီး ဖက်ထား
ပေးပြီးတော့ ကျောပြင်ကိုပုတ်ပေးသည်။နွေးထွေးလိုက်တာ။
မေမေ။
စိတ်ထဲမှာပင် အကြိမ်ကြိမ် အခါခါ
ခေါ်ပြီး ဒီထက်ပိုပြီးဝမ်းမနည်းမိအောင်
ကိုယ့်စိတ်ကိုယ်တင်းထားရသည်။
မိဘမရှိတဲ့သူက ကျွန်တော်တစ်ယောက်
ထဲမဟုတ်ပါဘူး။ဒါပေမဲ့မိဘမရှိတဲ့သူ
တိုင်းကတော့ ဒီခံစားချက်ကိုသိလိမ့်မည်။
မေမေလို့ခေါ်ရမဲ့သူမရှိတာ အရမ်း
ကြာခဲ့ပြီမို့လို့ပါ။
"ပြန်ကြတော့...မိုးမချုပ်ခင်။ အိမ်ပြန်
ရောက်ရင် အမေ့ကိုဖုန်းဆက်ပြီး
ပြောပြ သားငယ်"
"ကျွန်တော် ပြန်ရောက်တာနဲ့ ချက်ချင်း
ဆက်လိုက်မယ်နော် မေမေ"
မေမေကအပြုံးလေးနှင့်ပင် အဖြေပြန်ပေးသည်။
ကျေးဇူးတင်ပါတယ်။
မေမေဆုံးမထားတဲ့ စကားတွေကို
မှတ်ထားပြီး ကိုယ့်ကိုယ်ကိုပိုပြီး သန်မာ
တဲ့သူတယောက် ဖြစ်အောင်နေသွား
ပါ့မယ်။
ကားထဲကိုဝင်လိုက်ချိန် အပြုံးတွေ
ရပ်မရတော့။
ကားမောင်းနေတဲ့သူ လက်တစ်ဖက်
ကိုဆွဲကိုင်ထားမိပြီး စကားပြောမလို့
လုပ်လိုက် ရင်ထဲပြည့်နေလို့ပြန်တိတ်
သွားလိုက်ဖြစ်နေတဲ့ ကျွန်တော့်ကို။
ဖေဖေ မေမေနဲ့ကိုစစ်ကြောင်းကိုပါ
တစ်ကယ်အားနာမိပေမဲ့ ကျွန်တော်
ဒီမိသားစုထဲကိုကို့ဘေးက
နေရာကိုဝင်ပါရစေ။
----------------------
ညလေထုအေးတွေက အိမ်အပြင်ဘက်
ဖြစ်လို့ ပို၍ပင်တိုက်ခတ်နေလျက်။အေးချမ်းလှသည်။
အိမ်အပေါ်ထပ် ဝရန်တာမှာ ညနက်နေသော်လည်းမအိပ်သေးပဲ ဆေးလိပ်
သောက်နေတဲ့ ကိုစစ်ကြောင်းနဲ့အတူတူ
ထိုင်ရင်း။တစ်ကယ်တော့ လိုက်ရှုပ်တာပါ။
ခင်ဗျားဘာလုပ်လုပ် ဘေးကနေ
လိုက်ရှုပ်မယ်။
ဘေးမှာထိုင်ခုံသုံးလေးခုံရှိသော်လည်း
တစ်ခုံထဲမှာပဲသူ့အပေါ်မှာဘေး
တစ်စောင်းထိုင်နေလျက်ဘီယာအ
တူတူသောက်နေရင်း သူ့အပေါ်ကနေ
မဆင်း။
ဘီယာတစ်ဘူးကျွန်တော် သောက်မလို့ဖောက်ထားတာ ကျွန်တော့်လက်ထဲကို
သိပ်တော့မရောက်။
"ကျွန်တော့် ကိုပြန်ပေးအုံးလေ"
တောင်းလိုက်မှပင် သူမော့သောက်
နေရာကနေကျွန်တော့်ကို ပြန်
ပေးသည်။
ဘီယာဘူးကတဝက်ပင် ကျိုးနေပြီ။
ကျွန်တော့်လက်ထဲ ပြန်ရောက်လာတုန်း
အမြန်ပင်မော့ချရသည်။
တစ်ဆက်ထဲလည်းအကုန်မသောက်နိုင်။
တစ်ငုံနှစ်ငုံပဲသောက်ရသေးတယ်
သူကကျနော့်လက်ထဲကနေပြန်ယူလိုက်
တာမို့။
" နည်းနည်းပဲသောက်ရသေးတယ်လေ။ကျွန်တော့်အတွက်ချန်ထားပေးအုံး"
နောက်တစ်ဘူးမဖောက်ဘဲ ကျွန်တော့်
ဘူးကိုပဲယူသောက်နေတာ။
"ကျွန်တော့် အတွက်ချန်ထားပါဦးဆို"
မကျေမနပ်နှင့်ပင် ပြန်ကြည့်လိုက်ရ
သည်။
ကျွန်တော့်လက်ထဲ ဘီယာဘူး ပြန်ရောက်လာတဲ့အချိန် အခွံသာကျန်
တော့တယ်လေ။
" နောက်တစ်ဘူးထပ်ဖောက်လိုက်မယ်"
ဘေးကထိုင်ခုံမှာတင်ထားတဲ့ဘီယာဘူးအသစ်ကိုယူပြီး ဖောက်မလို့လုပ်တော့
ကျွန်တော့်လက်ကို သူကပြန်ဆွဲထား
သည်။
" တော်ပြီ မသောက်နဲ့တော့ "
" နည်းနည်းပဲသောက်ရသေးတယ်လေ
ကျွန်တော့်ဘူးကို ကိုကိုပဲ
ယူသောက်နေပြီးတော့"
"မသောက်နဲ့တော့။ တစ်ခါသောက်
တစ်ဘူးပဲ ဘီယာထပ်အဆင့်ထပ်
တက်ဖို့လဲ မစဉ်းစားနဲ့။စကားနားထောင်"
ကျွန်တော့်လက်ထဲက အသစ်စက်စက်ဘီယာဘူးကိုယူပြီး သူကကြမ်းပြင်
ပေါ်ချလိုက်သည်။
တစ်ခါသောက် တစ်ဘူးတဲ့။ အဲ့တစ်ဘူးတောင် သူပါသောက်နေပြီးတော့။
ကျွန်တော့် မျက်နှာဆူပုတ်မိတော့သူက
ကျွန်တော့်ပါးတစ်ဖက်ကိုဖြစ်ညစ်
သည်။
"နာတယ်လေ "
ရယ်လျက် သူက ဆေးလိပ်ကိုဆက်ပြီး
ရှိုက်ဖွာလိုက်သည်။
"ကျွန်တော်လည်း ဆေးလိပ်သောက်
ကြည့်ချင်တယ်"
"ဘာ"
" တစ်ခါလောက် စမ်းသောက်ကြည့်
ချင်တယ်ဆို"
" လုံးဝပဲ။မရဘူး။စဉ်းတောင်မစဉ်းစားနဲ့"
ဆေးလိပ်မီးကို သူကချက်ချင်းသတ်
လိုက်ပြီး ကျွန်တော့်ကိုပြန်ကြည့်လာ
တော့ ပြုံးနေမိသည့်မျက်နှာကိုခပ်
တည်တည်ပြန်နေလိုက်ရသည်။
" နောက်ခါမင်းရှေ့မှာ မသောက်မှပဲ။
မူးလာရင်ကိုယ်လုပ်သမျှ အကုန်
လိုက်လုပ်ချင်နေတော့တာပဲ"
" တစ်ခါတစ်လေတော့လည်းတွေး
မိတယ် ခင်များကကျနော့်ကို အသက်
မပြည့်တဲ့ကောင်လေး တယောက်လို
ပဲမြင်နေသေးတာပဲလို့"
"ကိုယ်က ဘယ်တုန်းက"
ခပ်တည်တည် နေလိုက်တော့
ကျွန်တော့်ပါးကိုထပ်ပြီး ဖြစ်ညစ်သည်။
"နာပါတယ်ဆို"
" အသက်ပြည့်တာမပြည့်တာနဲ့
ဘာဆိုင်လဲ မကောင်းတာကိုအစ
မလုပ်စေချင်တာလေ"
"မသိဘူး"
ခပ်ကြာကြာမှ သူ့အပေါ်ပြန်ပြီးစကား
နိုင်လုမိခြင်း။
စိတ်တွေကလည်း လွတ်လပ်နေသည်လေ။
"အသက်မပြည့်တဲ့ကောင်လေးလို
မမြင်ကြောင်းသက်သေတွေ ပြထား
ပြီးပြီထင်တာပဲ"
"ခင်ဗျား"
မျက်နှာတွေပူတက်လာသည်ကိုပင်
သူက သဘောတကျကြည့်နေသေးသည်။
ကိုယ့်စကားနဲ့ကိုယ် ပြန်ပိတ်မိခြင်း။
ကျွန်တော့်ကို တင်းတင်းကြပ်ကြပ်
ပင် ဖက်ထားပြီးကျွန်တော့်
ဆံပင်တွေကိုတစ်ဖွဖွပွတ်သပ်
နေသည့်သူ။
"ဝန်း
"ဗျာ"
" ကျေးဇူးပဲ ကိုယ်နဲ့လာနေပေးတဲ့အတွက်"
"ကျွန်တော်က ကျေးဇူးတင်
ရမှာပါ။ကျွန်တော့်ကိုခင်ဗျားရဲ့ အဖေ
အမေဆီ ခေါ်သွားပေးတာ"
" ကိုယ့်မိဘတွေက မင်းရဲ့မိဘတွေ
ပဲလေ။ အဖေနဲ့အမေလည်းရှိတယ်
ကိုယ်လည်းရှိတယ် ကိုယ်တို့ကမင်းရဲ့ မိသားစုဝင်တွေပဲ။အမေကအခုကိုယ့်ကို
ဖုန်းဆက်တိုင်း သူ့သားငယ်အကြောင်း
ကမပါမဖြစ်ပဲ"
"မေမေ ဘာတွေပြောသေးလဲ"
"ကောင်လေးကို စိတ်အားမငယ်စေနဲ့။
ဂရုစိုက်ပေးလိုက်ပါတဲ့။
သူ့ပုခုံးပေါ်ခေါင်းမှီချရရင်း စကား
ဆက်မဆိုနိုင်။
ဝမ်းနည်းဝမ်းသာနဲ့ပဲ စိတ်ထဲကနေ အထပ်ထပ်အခါခါကျေးဇူးတင်ရတယ်။
သူနဲ့တင်ပြည့်စုံနေပါပြီ။သူ့မိဘတွေဆီ
ကပါမေတ္တာတွေပေးပြီး အဘက်ဘက်က
နေကျွန်တော့်ကိုစိတ်မညှိုးအောင်ထားတာ။
ကျွန်တော်ချစ်တယ်ဆိုတာ ခင်ဗျားနဲ့
ယှဥ်ဖို့ဝေးစွ ဘယ်လိုလုပ်ပြီးလိုက်
တောင်မှီနိုင်ပါ့မလဲ။
" ဖေဖေပြောခဲ့တာ ခင်ဗျားကညီလေးအရမ်းလိုချင်ခဲ့တာဆိုဟုတ်လား "
" ဟုတ်တယ်လေ"
" အဲဒါကြောင့်ကျွန်တော့်ကို လူကြီးလို
မမြင်တာဖြစ်မယ်"
" ကိုယ်ကဘယ်တုန်းက"
ခေါင်းပြန်မတ်လိုက်ရင်း သူ့ကိုရစ်ဖို့ပြင်လိုက်သည်။
"ဒီလိုပါပဲ။ ကျွန်တော့်ကို လိုက်ပြီး
စိတ်ပူနေတာက ချစ်သူတစ်ယောက်
လိုမျိုးထက် ညီလေးတစ်ယောက်လို
မျိုး သွန်သင်ဆုံးမချင်တဲ့စိတ်က
ခင်ဗျားဆီမှာပိုများနေသလိုပဲ"
သူက ဘာတွေရစ်ခံရတော့မှာလည်းပုံစံနဲ့။
"မူးနေပြီပဲ"
"ဒီလောက်လေးနဲ့မမူးပါဘူးနော်"
" ကိုယ့်ညီလေးမဖြစ်ချင်ဘူးလား"
" မဖြစ်ချင်ပါဘူး"
"စတွေ့တုန်းကအတိုင်းပဲ ကိုယ့်ပုခုံး
အောက်ကအရပ်လေးကမမြင့်လာဘူး။အရပ်မှမမြင့်လာတာ ညီလေးပဲလုပ်ပေါ့"
"နည်းနည်းမြင့်လာတယ်လေ"
"တစ်လက်မလား"
"ကိုစစ်ကြောင်း ခင်ဗျားနော်"
နှစ်နှစ်ခြိုက်ခြိုက်ကိုရယ်နေတာ။
ကျွန်တော့်ကို စလိုက်ရရင်ကို ပျော်နေ
တဲ့စိတ်ကအရင်ထဲကရှိထားပြီးသား။
" အဖေနဲ့အမေကလည်း ချစ်နေကြပြီ
ဆိုတော့ အဖေနဲ့အမေကိုမွေးစားခိုင်း
လိုက်မယ်လေ။ ကိုယ့်ညီလေးလုပ်မလား"
"မလုပ်ဘူးနော်။ညီလေး လုံးဝမလုပ်ဘူး"
ကျွန်တော့်ကို မူးနေပြီထင်ပြီးသူစနေပါ
ပြီ။
တစ်ကယ်တော့ ကျွန်တော်ရီဝေဝေ
ဖြစ်နေရုံ။မမူးသေး။
ညီလေးမလုပ်ဘူး။ခင်ဗျားကောင်လေး
ပဲ လုပ်မှာ။
" ညီလေးမဖြစ်ချင်ရင် ဒီကိုနမ်း"
သူ့ပါးတစ်ဖက်ကို လက်ညှိုးထိုးပြသည်။
ခပ်မြန်မြန်ပင်သူ့လည်တိုင်ကို လက်
နှစ်ဖက်နဲ့သိုင်းဖက်ပြီး ဘယ်ဘက်ပါး
ကိုအနမ်းပေးလိုက်သည်။
"ဒီဘက်ရော"
နောက်တစ်ဖက်ပါ နမ်းလိုက်ရတဲ့အချိန် နီးကပ်နေတဲ့ အငွေ့အသက်တွေနဲ့
ကျွန်တော့် ရင်ခုန်နှုန်းတွေအဆမတန်
မြန်လို့။
" ကိုယ့်ကို ချစ်လား"
ခေါင်းကိုထပ်ခါ ညိတ်ပြတော့ ကျွန်တော့်မျက်နှာကိုတစ်ခဏစူးစိုက်ကြည့်နေလျက်
လက်တွေကိုဆုပ်ကိုင်လိုက်ပြီး ကျွန်တော့်
လက်ဖမိုးကိုနမ်းသည်။
"ကိုယ်ပျော်အောင်ထားမယ်နော်"
သူ့အနား မျက်နှာမထားတတ်တော့
လောက်အောင် ရင်ခုန်နှုန်းတွေ
မြန်လာရခြင်း။စကားလုံးတွေ
မလိုအပ်တော့ပါဘူး။
သူ့အပေါ်ကနေဆင်းပြီး ဘေးနားမှာ
ထောင်ထားတဲ့ဂီတာကိုယူကာ သူ့ကိုပေး
လိုက်သည်။
"ကျွန်တော့်ကို သီချင်းဆိုပြ"
သူ့ဘေးနားကထိုင်ခုံမှာဝင်ထိုင်လိုက်
ရင်း ဂီတာကြိုးညှိနေသူကိုငေးရင်း။
"ဒီအတိုင်းတော့ မရဘူး"
"သီချင်းတစ်ပုဒ်ဆိုပြရင် ခင်ဗျားပါးကိုတစ်ခါ နမ်းမယ်"
ဂီတာကြိုးကိုအသံစမ်းနေရင်း သူက
ကျွန်တော့်ကိုပြန်ကြည့်လာသည်။
မူးနေပြီထင်နေတာကို အခွင့်ကောင်း
ယူလိုက်ခြင်း။
ကျွန်တော့်စကားကို ဂီတာတီးနေရင်း
သဘောတကျနဲ့သူခိုးပြုံးလိုက်တာကို
မြင်ဖြစ်အောင်မြင်လိုက်ရသည်။
သူ့ကိုငေးနေရရင်း အကြိမ်ကြိမ်ကြွေမိ
နေရတာ ကျွန်တော့်အလွန် မဟုတ်ဘူး။
ဒီနေ့ညလမသာသလို ကြယ်တွေ
လည်းမလင်းပါ။ကျွန်တော်တို့
ယောကျာ်းလေးနှစ်ယောက်က
လည်း ညသန်းခေါင်မအိပ်သေးပဲ
အိမ်အပေါ်ထပ် ဝရန်တာမှာ ကိုယ့်
ကမ္ဘာနဲ့ကိုယ်။
ဂီတာကိုတီးခတ်ရင်း ကျွန်တော့်ကို
သီချင်းဆိုပြနေတဲ့ တီရှပ်အမည်း
ဝတ်ထားတဲ့ သူ့ကိုအကြည့်
မလွှဲစတမ်း ထိုင်ငေးရင်း။
အမှတ်တရများစွာကို လွမ်းဆွေးရင်း
လက်ရှိအချိန်တွေကိုတန်ဖိုးထားရင်း။
သူကတော့ သူကအဲ့လောက်ထိကောင်း
တဲ့သူမဟုတ်ပါဘူးတဲ့။ကျွန်တော်တွေ့
ကြုံခဲ့ရသမျှထဲမှာတော့ ခင်ဗျားက
ကျွန်တော့်အတွက် အပြစ်အကင်းဆုံး
သူပဲ။
ကျွန်တော့်ရဲ့ ကိုမင်းစစ်ကြောင်း။
The End.
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
Extraတွေဒီမှာပြီးပါပြီ။typeနေတာတစ်ဝက်ကျော်လောက်ရောက်မှမှား
ဖျက်တဲ့ထဲပါသွားလို့ပြန်typeနေရ
တာကြောင့်ရက်ကြာသွားတာပါ ။
extraတွေကစာတွေများလို့အရှည်ကြီးtypeရပါတယ်။ကိုယ့်ကောင်လေး
တွေကိုပြည့်ပြည့်စုံစုံလေးထားခဲ့ချင်
တဲ့ဆန္ဒလေးပြည့်သွားပါပြီ။(ကိုယ့်
ပေါက်စကိုအစ်ကိုကြီးတို့ဘက်ပို့ခဲ့
ချင်တာလေးအပါအဝင်)
(ဒီအပိုဒ်ကနောက်ဆုံးဆိုတော့စိတ်ခံစားချက်လေးတစ်ခု)
အများကြီးမပြောချင်ပေမဲ့လည်း
ကျေးဇူးတင်တုန်းကဘာမှများများ
စားစား မပြောခဲ့ဘူးဆိုတော့ ကိုယ့်ကို
ကိုယ် တာဝန်မကျေသလို ခံစားရလို့ပါ။အထူးသဖြင့်(ဝန်း)။
အစ်ကိုကြီးနဲ့စကားပြောချင်တယ်
ဆိုရင် ဝန်းကတော့ကိုယ်ဖက်ထားပေး
ချင်တဲ့ကောင်လေးပါပဲ။ဝန်းက
စစ်ကြောင်း နဲ့သာမတွေ့ခဲ့ရင် ဘယ်လို
ပြောရမလဲသူဘဝနဲ့သူရပ်တည်နေရလို့
ငယ်သေးတဲ့အရွယ်မို့လို့
ကောင်မလေး မထားရင်သာမထားမယ် အချစ်ရေးကိစ္စတွေ စိတ်မဝင်စားတဲ့
အစထဲကလုံးဝstraightတစ်ယောက်
ပါ။ကိုဇော်နဲ့လည်းစစ်ကြောင်းနဲ့
မတွေ့ခဲ့ရင်လည်းbrother zone
ကထွက်ဖို့ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
ကိုဇော်ဘက်ကအရောင်စွန်းနေပေမဲ့
ဝန်းနဲ့အဆင့်မတက်ချင်သလိုဝန်း
ဘက်ကတော့100%အစ်ကိုပါ။
comလေးတစ်ခုဖတ်လိုက်ရပါတယ်
"ဆယ်ကျော်သက်အရွယ်မှာဖြစ်လေ့
ဖြစ်ထရှိတဲ့ဝေဖန်ပိုင်းခြားနိုင်မှု
စွမ်းအားမမြင့်သေးတာတဲ့"(အရမ်း
သေဘာကျပါတယ်)
အဲ့ဒီလိုပါပဲ။အစ်ကိုကြီးဘက်ကို
စိတ်ယိုင်နေပေမဲ့သူ့ကိုယ်သူမသိပဲယောက်ျားလေးချင်းဆို
တဲ့စိတ် အခြေအနေကွာဟမှုဆိုတဲ့
စိတ်ကရှိနေတော့ ကြားလူဝင်လာ
တဲ့အခါမှားခဲ့မိတဲ့အမှားပါ။
ပြီးတော့ကျေးဇူးတရားဆိုတာထက်
ကိုဇော်တို့မိသားစုကိုသူ[တွယ်] တာပါ။
ဘာဖြစ်လို့လဲဆိုတာတော့ဝန်းကို
ချစ်ရင်သိမယ်ထင်ပါတယ်။
လူတစ်ယောက်စိတ်တစ်မျိုးပါပဲ။
ကိုယ့်ကောင်လေးအတွက်စိတ်မကောင်း
ဖြစ်နေရလို့ စိတ်ဆိုးနေကြသေးသူ
တွေရှိရင် မချစ်လာနိုင်ရင်တောင်
နားလည်ပေးစေချင်ပါတယ်။
ကိုဇော်က အတ္တတော့ရှိခဲ့တာပေါ့။
ဝန်းကိုလိုချင်တာမဟုတ်ဘဲ ငါပြောတဲ့အတိုင်း ငါ့ပုံစံခွက်ထဲမှာပဲ နေရမယ်
ဆိုတဲ့အစ်ကိုတစ်ယောက်ရဲ့အတ္တ။
ကိုယ့်အစ်ကိုကြီး အကြောင်းကတော့
fic တစ်ပုဒ်လုံးလည်း ရေးခဲ့ပြီးပြီမို့
ဘာမှများများစားစားမပြောချင်
တော့ပါဘူး။
နဂိုထဲက တွဲတဲ့သူဘက်ကိုcaring
ဖြစ်ပြီး ညှာတတ်တဲ့သူမျိူးပါ။ဒါပေ
မယ့် ဝန်းနဲ့မတွေ့ခင်အချိန်ထိ
မိန်းကလေးတွေနဲ့ပဲတွဲခဲ့သူဖြစ်သလို
သူ့ဘက်က လက်ပြန်မပြနိုင်ခဲ့တာ
လည်း တစ်ယောက်မှမရှိခဲ့ပါဘူး။
သူ့ကိုလာလာရှုပ်တဲ့တစ်ယောက်က
လွဲလို့ :(
တက္ကသိုလ်ကျောင်းသားဘဝ ရင်ခုန်
စရာဇာတ်လမ်းလေး
ရေးမယ်ဆိုပြီးရေးဖြစ်ခဲ့တာပါ။ ကိုယ်
ပေးချင်တဲ့ခံစားချက်ကို နည်းနည်း
လေးပဲရခဲ့မယ်ဆိုရင်တောင်ကျေနပ်
ပါတယ်။ကိုယ်လည်းအနားယူပါပြီ
နှုက်ဆက်ခဲ့ပါတယ်နော် အားလုံးကိုကျေးဇူးတင်ပါတယ်။
________________________________
"ဝန္း"
ဖုန္းဝင္သြားၿပီး သိပ္မၾကာခင္ပင္
သူ ဖုန္းကိုင္လာသည္။သူ႕အသံက
အခုမွအိပ္ရာထခါစလို။
"ကြၽန္ေတာ္ အလုပ္သြားေတာ့မလို႔
ဖုန္းဆက္ေျပာတာ"
"ဘယ္အခ်ိန္႐ွိေနၿပီလဲ"
"ကိုကို အိပ္ေနတုန္းလား"
"အင္း ဖုန္းသံၾကားမွ ႏိုးလာတာ
ကိုယ္ အိပ္ေပ်ာ္ေနလို႔"
သူေဌးေတြမ်ား အလုပ္ကိစၥနဲ႔
သြားရလည္း ဒီအခ်ိန္ထိအိပ္
လို႔ရတယ္။
အလုပ္ကိစၥနဲ႔ေနျပည္ေတာ္ကို မေန႔
ထဲကသူေရာက္ေနတာေလ။
ဟိုတယ္ဇုန္မွာ။
ကြၽန္ေတာ္ သူ႕ကို ႏိႈးလိုက္မိတာပဲ။
"ကြၽန္ေတာ္ ေနာက္က်ေနၿပီ အလုပ္
သြားရေတာ့မယ္ဗ်"
"႐ွစ္နာရီေတာင္ ထိုးသြားၿပီပဲ"
"အင္း ကိုကိုလည္း မ်က္ႏွာသစ္
မနက္စာဆင္းၿပီး သြားစားလိုက္ေတာ့။
ေန႔လည္က်မွပဲ ကြၽန္ေတာ္ ဖုန္းထပ္
ဆက္လိုက္မယ္။အခု ဖုန္းခ်လိုက္
ေတာ့မယ္ေနာ္"
" ခဏေလး"
ပိတ္မလို႔လုပ္ေနသည့္
ဖုန္းကိုျပန္ကိုင္လိုက္ရသည္။
" လြမ္းတယ္"
ကြၽန္ေတာ္ႏိႈးလိုက္မွႏိုးလာၿပီး
လြမ္းတယ္ေျပာလည္း တစ္ေယာက္
တည္းျပဳံးရပါတယ္။
"ကြၽန္ေတာ္ ေရာပဲ"
"မနက္ျဖန္ညေန ျပန္လာလို႔မွီရင္
မန္းေလးျပန္ဝင္ခဲ့မယ္"
" အြန္း ေစာင့္ေနမယ္ ကိုကိုျပန္လာမွ
ေတြ႕မယ္ေနာ္။အဲ့တာဆိုကြၽန္ေတာ္
ေနာက္က်ေနလို႔ ဖုန္းခ်လိုက္ေတာ့
မယ္"
ကိုကိုနဲ႔ဖုန္းေျပာၿပီး အလုပ္သြားရ
ေတာ့မွာမို႔ အေနာက္ျပန္လွည့္လိုက္ခ်ိန္ အခန္းတံခါးဝမွာရပ္ေနတဲ့ အငယ္ေလး။
ရင္ထဲထိတ္ခနဲပင္ ျဖစ္သြားရသည္
"ဆုလာဘ္"
" အငယ္ေလးမင္း ဘယ္ ဘယ္တုန္းကေရာက္ေနတာလဲ"
အငယ္ေလးက ေက်ာပိုးအိတ္လြယ္
လ်က္ ကြၽန္ေတာ္႕ အနားေလွ်ာက္
လာသည္။
" ကိုႀကီးစစ္ေၾကာင္းနဲ႔ပဲ သြားေန
လိုက္ေတာ့ ဆုလာဘ္"
" ဘာေတြေျပာေနတာလဲ အငယ္ေလး"
"ဆုလာဘ္နဲ႔ ကိုႀကီးစစ္ေၾကာင္းနဲ႔က
ခ်စ္သူရည္းစားေတြမလား"
အငယ္ေလးက ေအးေအးေဆးေဆးပင္
" မင္းဘယ္လိုသိတာလဲ"
" သားကျဖင့္သိတာၾကာလွၿပီ။
သားအိပ္ေပ်ာ္သြားတဲ့အခ်ိန္မွ
ေစာင္ႀကီးျခဳံၿပီး ညတိုင္းဖုန္းခိုး
ေျပာေနၿပီးေတာ့"
အျပဳံးမပ်က္သည့္ ကြၽန္ေတာ္႕ ညီေလး။
႐ုတ္တရတ္စကား႐ွာမရ။
တမင္တစ္ကာ ဖုန္းကြယ္ထားတာ
မဟုတ္ဘူး။
" သားခိုးနားေထာင္တာမဟုတ္
ဘူးေနာ္။သားကျဖင့္ ညတေရးႏိုး
လာၿပီ ဆုလာဘ္နဲ႔ ကိုႀကီးစစ္ေၾကာင္းက ဖုန္းေျပာလို႔ကိုမၿပီးႏိုင္ၾကေသးဘူး"
"အငယ္ေလး"
ကြၽန္ေတာ္႕ညီေလးလက္ႏွစ္ဖက္ကို
အျမန္ဆြဲကိုင္လိုက္ရေတာ့သည္။
အငယ္ေလးက ျပဳံးေနေပမယ့္
မ်က္ရည္ဝဲေနၿပီ။
" အေမကအၿမဲေအာ္ဟစ္ေနလို႔
ဆုလာဘ္ သားတို႔နဲ႔ေနရတာ မေပ်ာ္
ေတာ့ဘူးမလား။ ကိုႀကီးစစ္ေၾကာင္း
နဲ႔ပဲသြားေနလိုက္ေတာ့"
" ဘာေတြေျပာေနတာလဲ မင္းကို
ထားၿပီး ငါကဘယ္ကိုသြားရမွာလဲ"
""သားအစ္ကိုကို ဘယ္သူ႕ကိုမွမေပး
ခ်င္ေပမယ့္ ကိုႀကီးစစ္ေၾကာင္းမို႔လို႔ေပးလိုက္မယ္။ ဆုလာဘ္သားတို႔နဲ႔
မေနနဲ႔ေတာ့။ သားကိုဘာမွစိတ္မပူနဲ႔
သားက ကေလးမဟုတ္ေတာ့ဘူး။
သားကိုၾကည့္ေပးမဲ့ မလုံးလည္း႐ွိတယ္"
ရင္ထဲဘယ္လိုဆို႔နင့္လာမွန္းမသိ။
အ႐ြယ္နဲ႔မလိုက္ေအာင္ကြၽန္ေတာ္႕
အေပၚ တစ္အားသိတတ္တဲ့ကေလး။
ကြၽန္ေတာ္႕ကို တစ္ အားခင္တြယ္
တဲ့ကေလး။
" အတန္းထဲက သားသုငယ္ခ်င္းက
ေျပာတယ္။ မင္းအကိုက်ေတာ့
အသားျဖဴၿပီးေတာ့ေခ်ာတယ္ မင္း
က်ေတာ့အသားညိဳၿပီး ႐ုပ္ဆိုးတယ္
တဲ့။ မင္းတို႔ကညီအကိုအရင္းေတြ
မျဖစ္ႏိုင္ဘူးတဲ့"
" ဘယ္ေကာင္ေျပာတာလဲ ငါ့ညီေလး
ကိုမ်ား ႐ုပ္ဆိုးတယ္လို႔။ မင္းတို႔
ေက်ာင္းကိုလိုက္ခဲ့ၿပီး ငါသြားေတြ႕မယ္"
သူနဲ႔ကြၽန္ေတာ္က အေမမတူၾကဘူး
လို႔ သူနားလည္သြားတုန္းကေတာင္
တညလုံးငိုေနတဲ့ကေလး။
သူ႕အေမနဲ႔တူလို႔ အသားနည္းနည္း
ညိဳတာပါ။ကြၽန္ေတာ္႕ညီေလးက
ခ်စ္စရာေကာင္းလြန္းလို႔။
" သားတို႔က ညီအကိုအရင္းေတြပဲေနာ္ ဆုလာဘ္။ ဆုလာဘ္ကသားအစ္ကိုေနာ္"
အငယ္ေလးကိုခပ္ျမန္ျမန္ပင္ ဆြဲဖက္
လိုက္ရေတာ့သည္။
"ဆုလာဘ္ သားတို႔နဲ႔မေနနဲ႔ေတာ့ ။
သြားလိုက္ေတာ့။ ဆုလာဘ္က
အကုန္လိုက္လုပ္ေပးေနလို႔ အေမက
သားကိုဂ႐ုမစိုက္တာ။ ဆုလာဘ္မ႐ွိမွ
သားတို႔ေက်းဇူး႐ွင္က ဆုလာဘ္မွန္း
အေမသိမယ္။ဆုလာဘ္မ႐ွိရင္ သားတို႔ဒုကၡေရာက္မွာမို႔လို႔အိမ္စရိတ္ေလး
ေတာ့ ပို႔ေပးအုန္းေနာ္။ သားႀကီး
လာမွ အေမနဲ႔ဆုလာဘ္ကို အလုပ္
လုပ္ၿပီး ျပန္႐ွာေကြၽးမယ္"
"မေျပာနဲ႔ေတာ့။မင္းဘာလို႔ဒီေလာက္
တတ္ေနတာလဲ။ ငါ့ညီေလးကိုထား
သြားၿပီး ငါကဘယ္ကိုသြားရမွာလဲ ။
မသြားဘူးဘယ္မွမသြားဘူး"
သူ႕အေမနဲ႔တူလို႔လားေတာ့မသိ ဥာဏ္ကေတာ္ေတာ္ေျပးတယ္။
အငယ္ေလးက ကြၽန္ေတာ္႕ဖက္ထား
ရာကေနတိုးထြက္လာသည္။
" အေဖမဆုံးခင္က သားကိုမွာ
သြားတယ္။ မင္းအစ္ကို ကမင္းကို
လသားအ႐ြယ္ထဲကလက္ေပၚကမခ်ပဲ
ၾကည့္ခဲ့တာ မင္းအစ္ကိုေက်းဇူးကို
သိတတ္ရမယ္တဲ့။ဆုလာဘ္ သား
အတြက္ပဲမၾကည့္ပါနဲ႔။ ေပ်ာ္တဲ့ေန
ရာမွာသြားေနပါ။သားမွာ အေမ႐ွိ
တယ္။ ဆုလာဘ္က ကိုႀကီးစစ္ေၾကာင္း
နဲ႔ပဲသြားေနလိုက္ေတာ့"
ဘာမွျပန္မေျပာႏိုင္ေတာ့တာမို႔
အငယ္ေလးကိုေနာက္ထပ္တစ္ႀကိမ္
ျပန္ဖက္လိုက္ရသည္။ကြၽန္ေတာ္
ဘယ္လိုလုပ္ရမလဲ။
------------
" ဆုလာဘ္ ဒီမွာ အက်ႌ ေတြက်န္ေသးတယ္"
luggageထဲ အဝတ္အစားေတြ
ေခါက္ထည့္ေနတာကို ကူညီေပးေန
တဲ့ အငယ္ေလးက ဘီ႐ိုဖြင့္ၿပီး
ကြၽန္ေတာ္႕ကိုျပသည္။
အဝတ္အစားေတြအကုန္ယူသြားရင္
ကြၽန္ေတာ္ မ႐ွိေတာ့ဘူးဆိုၿပီး ဝမ္း
နည္းေနမွာစိုးလို႔ တစ္ခ်ိဳ႕ကိုခ်န္ထား
ခဲ့တာ။
" မေတာ္ေတာ့လို႔ထားခဲ့တာ"
" အဲဒါဆိုသားကိုေပးလိုက္ေတာ့
သားႀကီးလာရင္ဝတ္လိုက္မယ္"
" မင္းႀကီးလာရင္အသစ္ေတြ
အမ်ားႀကီးဝယ္ေပးမယ္ ဒီကိုလာထိုင္ဦး"
ကြၽန္ေတာ္႕ေဘးနား အငယ္ေလးက
ခပ္က်ံဳ႕က်ံဳ႕ေလး လာထိုင္သည္။
" မိုးလင္းလာရင္ ငါကအလုပ္သြား
မင္းကေက်ာင္းသြားရတယ္။ ျပန္
ေရာက္မွေတြ႕ရတာ။ အခုလဲအဲ့ဒီလိုပဲ ေက်ာင္းဖြင့္ရက္ေတြမေတြ႕ရဘူးလို႔ပဲ
သေဘာထား။ ပိတ္ရက္တိုင္း
အပတ္တိုင္းလာေခၚမယ္ လိမ္လိမ္
မာမာေနေနာ္"
"ဟုတ္ သားကိုဘာမွမပူနဲ႔။ ဆုလာဘ္
ကိုေရာ ကိုႀကီးစစ္ေၾကာင္းကိုေရာ
ကားနဲ႔လာေခၚခိုင္းမွာ"
အငယ္ေလးရဲ႕ ဆံပင္ေတြကိုပြတ္သပ္
ေပးရင္း ညီေလးကိုသနားမိရသည္။
တစ္အားလိမ္မာတဲ့ကေလး။
ကြၽန္ေတာ္႕ရဲ႕ တစ္ဦးတည္းေသာ
ညီေလး။
သူ႕ကိုသူ႕အေမေမြးခါစတုန္းကသူတို႔
မိသားစုကို ေငးရင္း အေဖကြၽန္ေတာ္႕
ကိုမခ်စ္ေတာ့မွာ စြန္႔ပစ္လိုက္မွာ
ေၾကာက္ေနတဲ့စိတ္ေတြနဲ႔ပဲ။
ေတာင္းပန္ပါတယ္။ အစ္ကိုက
မင္းကိုအရမ္းခ်စ္တယ္ေနာ္။
အေဖနဲ႔အေမရဲ႕ေဘာင္သြင္းထားတဲ့
ဓါတ္ပုံရယ္ အဝတ္အစားတစ္ခ်ိဳ႕
ရယ္ဘာမွမ်ားမ်ားစားစားယူစရာမ႐ွိ။
တစ္ကယ္ပဲအိမ္ကေန ထြက္သြား
ေတာ့မွာပဲ။
ဒီအိမ္မွာပဲေမြးၿပီး ဒီအိမ္မွာပဲႀကီးျပင္း
ခဲ့တာ။အေမနဲ႔အတူတူေနခဲ့ရတဲ့ အေမ့နဲ႔အမွတ္တရေတြ႐ွိခဲ့တဲ့အိမ္ေလး။
အန္တီေဆြနဲ႔ စကားေျပာၿပီးသြားၿပီ။
ထြက္သြားၿပီးရင္ ဒီအိမ္ကကြၽန္ေတာ္နဲ႔
ဘာမွမသက္ဆိုင္ေတာ့ဘူး။
------------
အရင္တုန္းကလည္း သူမ႐ွိရင္ သူ႕
အိမ္လာၿပီး လုပ္စရာ႐ွိတာလုပ္သြား
ေပး ထားစရာ႐ွိတာထားသြားေပး
ေနၾကပဲ။အ ခုကခံစားခ်က္ျခင္းမတူ။
ငါးနာရီခြဲကတည္းက အလုပ္ကျပန္
ေရာက္သည္မို႔ အိမ္ သန္႔ ႐ွင္းေရးလုပ္ ထမင္းဟင္းခ်က္ ေရမိုးခ်ိဳးၿပီး
ေျခာက္နာရီခြဲသြားသည္။
ကြၽန္ေတာ္ အိမ္မွာ႐ွိေနတယ္ဆိုတာ
သူ႕ကို ဖုန္းမဆက္ထားဘူး။
စိတ္ေတြလႈပ္႐ွားစြာနဲ႔ပဲ အထဲ
မွာေတာင္ ထိုင္မေစာင့္ႏိုင္ပဲ
အိမ္အျပင္မွာ အပင္ေတြေရေလာင္း
ရင္း အခ်ိန္ျဖဳန္းလိုက္သည္။
ေနာက္ဆို ပန္းပင္ေလးေတြပါဝယ္
စိုက္မွပဲ။
နာရီတစ္ၾကည့္ၾကည့္နဲ႔ လုပ္စရာကုန္ေတာ့
အိမ္ေ႐ွ႕တံခါးမႀကီးအေပါက္ဝမွာ
သူ႕ကိုငုတ္တုတ္ ထိုင္ေစာင့္ေနမိရင္း။
7 နာရီခြဲခါနီးေလာက္မွာ သူ႕ကားက
ျခံေ႐ွ႕ကို ဆိုက္ေရာက္လာပါတယ္။
ဒီအခ်ိန္ကအလုပ္ျပန္ေရာက္ရမဲ့အခ်ိန္
ေတာ့မဟုတ္ဘူး။ဘယ္သူငယ္ခ်င္းေတြ
ဆီဝင္ၿပီးမွျပန္လာတာလဲ"
အလ်င္အျမန္အေျပးထသြားရရင္း
ျခံတံခါးသြားဖြင့္ေပးရၿပီး သူကကား
ကို အိမ္ေ႐ွ႕ဆင္ဝင္ေအာက္အထိ
ေမာင္းဝင္ခဲ့သည္။
ကားေပၚကဆင္းၿပီးတာနဲ႔ သူကက်ေနာ္႕
ဆီေလွ်ာက္လာလ်က္။
" ဘယ္တုန္းကေရာက္ေနတာလဲ"
သူ႕မ်က္နာက အံ့ဩႀကီးေနသလို။
ႏႈတ္ခမ္းေတြက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္
ျပဳံးလိုက္မိၿပီး သူ႕လက္ေမာင္းကို
တြယ္ခ်ိတ္လိုက္သည္။
" အိမ္ထဲအရင္ဝင္ၾကရေအာင္ေလ"
ကိုကိုအလုပ္က ျပန္လာတာကို
ႀကိဳၿပီးေနာက္ ႏွစ္ေယာက္သား
အိမ္ထဲဝင္လာခဲ့ၾကၿပီး ဧည့္ခန္းက
ဆိုဖာေပၚမွာကိုကိုကထိုင္ခ်လိုက္သည္။
ကြၽန္ေတာ္ကေတာ့ အက်င့္ပါေနသည့္အတိုင္းသူ႕ေပါင္ေပၚမွာေနရာယူလို႔။
" ဘယ္တုန္းကေရာက္ေနတာလဲလို႔"
" ဘာျဖစ္လို႔လဲ ကြၽန္ေတာ္ လာလို႔မရဘူးလား"
"မဟုတ္ဘူးေလ"
"ကြၽန္ေတာ္႕ကို ေတြ႕လိုက္ရတာမေပ်ာ္
သလိုပဲ"
"ျဖစ္စရာလား အဲ့ဒီလို"
ျပဳံးမိရင္းသာ ကိုကို႔လည္တိုင္ကို
လက္ႏွစ္ဖက္နဲ႔ သိုင္းဖက္ရင္းသူ႕ပုခုံး
ေပၚေခါင္းမွီခ်ထားလိုက္မိသည္။
လြမ္းေနတာေရာ သူနဲ႔အတူ႐ွိေနရင္
သူ႕အနားပဲကပ္ခ်င္ေနမိတာေရာ။
ဘယ္တုန္းက ကိုယ့္ကိုကိုယ္ တြယ္ကပ္
တတ္တဲ့သူ ျဖစ္သြားမွန္းေတာင္
မသိလိုက္ဘူး။
သူကလည္းကြၽန္ေတာ္႕ကိုျပန္ဖက္
လာၿပီး တစ္ဖြဖြနမ္းပါသည္။
"ဒီညဒီမွာပဲအိပ္ဖို႔လား"
"အြန္းေလ"
အခုေျပာျပလိုက္ရေတာ့မလား။
သူ႕မ်က္ႏွာ သိပ္မေကာင္းသလိုပဲ။
"ကိုကို ေရသြားခ်ိဳးလိုက္ေတာ့
ကြၽန္ေတာ္ ထမင္းဝိုင္းျပင္ထားလိုက္
မယ္ ေရခ်ိဳးၿပီးရင္ ထမင္းအတူတူ
စားရေအာင္"
" ခဏနားအုံးမယ္"
"ေမ့ေနတာ ကြၽန္ေတာ္ သံပရာရည္
ေဖ်ာ္ထားေပးတယ္။သြားယူလိုက္
အုံးမယ္"
သူ႕အေပၚကထကာခပ္ျမန္ျမန္ ထမင္း
စားခန္းထဲ ဝင္လာခဲၿပီး ေရခဲေသတၱာ
ထဲကေန အေအးခံထားတဲ့ သံပုရာရည္
ခြက္ကိုယူခဲ့လိုက္သည္။
အိမ္ေ႐ွ႕ေရာက္ေတာ့ သူကmovie channel တခုကိုဖြင့္ထားၿပီး ဆိုဖာ
ေပၚမွာထိုင္ကာ ေဆးလိပ္ေသာက္ေန
တာမို႔ကြၽန္ေတာ္႕ အျပဳံးေတြရပ္တန္႔
သြားရသည္။
သူကစိတ္မၾကည္တဲ့ အခ်ိန္မ်ိဳးမွာပဲေဆးလိပ္ေသာက္တတ္တာ။
ကားေပၚက ဆင္းလာထဲက သူ႕မ်က္ႏွာ
မေကာင္းဘူး။
အေအးခြက္ကို သူ႕ေ႐ွ႕ကဆက္တင္ခုံ
ေပၚမွာပဲတင္၍ ကြၽန္ေတာ္ သူ႕ေဘးနား
မွာကပ္ထိုင္လိုက္သည္။
သံပုရာရည္ တိုက္မယ္လို႔ေျပာထား
တဲ့ဟာကို ေဆးလိပ္ေသာက္ေနတယ္။
" အနံ႔မႊန္တယ္ေလ မကပ္ထားနဲ႔ "
အသားခ်င္းထိၿပီး သူ႕ေဘးကပ္ထိုင္
ေနသည္ကိုမခြာမိ။
"မမႊန္ပါဘူး"
အဲဒီေတာ့လည္းသူကျပာခြက္ထဲမွာ ေဆးလိပ္မီးကိုသတ္လိုက္သည္။
ၿပီးတာနဲ႔သံပုရာရည္ခြက္ကိုယူကာ
ေသာက္လိုက္ၿပီး
" ေက်းဇူးပဲ ကိုယ္ေရသြားခ်ိဳးလိုက္
အုံးမယ္ခဏေလးေစာင့္ေပး"
ကြၽန္ေတာ္႕ ေခါင္းကိုကိုင္သြားကာ
ထရပ္ၿပီးသူကအေပၚထပ္တက္သြားပါသည္။
ထိုင္ေနမိရင္းသာေလွကားေပၚတက္
သြား သူကိုလွမ္းၾကည့္မိရင္း။
အရင္ကနဲ႔မတူဘူး။သူ တစ္ခုခုျဖစ္
ေနတယ္။
ကြၽန္ေတာ္ ေရာက္ေနတာ သူမေပ်ာ္သလိုပဲ။
---------
ထမင္းဝိုင္းျပင္ၿပီးထိုင္ေစာင့္ေနေသာ္
လည္း အေတာ္ၾကာသည္ အထိ
ကိုစစ္ေၾကာင္းကမဆင္းလာေသး။
မေစာင့္ႏိုင္ေတာ့တာမို႔
အေပၚတက္သြားဖို႔လုပ္ရေတာ့သည္။
အိမ္ေပၚထပ္ေရာက္တာနဲ႔ အခန္း
တံခါးဖြင့္လိုက္ေတာ့ ဗီ႐ိုေ႐ွ႕မွာ
မတ္တပ္ရပ္ေနတဲ့ကိုကို။
ေရခ်ိဳးၿပီးခါစအေပၚပိုင္းဗလာနဲ႔ခါး
ေအာက္ပိုင္းကသဘတ္ပတ္ထားၿပီး
ဗီ႐ိုကဖြင့္လ်က္သားနဲ႔ ဒီအတိုင္းရပ္ေနသည္။
ဘာလုပ္ေနတာလဲ အေအးပတ္ေတာ့မွာပဲ။
" အက်ႌ မဝတ္ပဲ ဘာလုပ္ေနတာလဲ
ကြၽန္ေတာ္႐ွာေပးရမလား"
သူ႕အနားသြားၿပီး အဝတ္အစားယူေပးဖို႔
ဗီ႐ိုေ႐ွ႕ရပ္လိုက္တဲ့ကြၽန္ေတာ္႕လက္ကို
သူကျပန္ဆြဲလ္ုက္သည္။
ၿပီးတာနဲ႔ ဘီ႐ိုတစ္ဖက္ေထာင့္မွာ
ကြၽန္ေတာ္ ကပ္ၿပီးထားထားတဲ့
Luggageကိုသူကအျပင္ဆြဲထုတ္လာသည္။
" ဒါဘာလဲ"
သူ႕မ်က္ႏွာကတည္ေနလ်က္။
"ကြၽန္ေတာ္႕အိတ္ေလ"
" မင္းအိတ္မွန္းကိုယ္သိတယ္။ အထဲမွာ
ဘာျဖစ္လို႔အဝတ္အစားေတြ
အဲ့ဒီေလာက္မ်ားေနတာလဲ"
" အိမ္ကေနထြက္လာတာ"
အၾကည့္ခ်င္းဆုံေနရင္း သူတိတ္ဆိတ္
သြားသည္။
ကြၽန္ေတာ္႕စိတ္ေတြ လႈပ္႐ွားလာရလ်က္။
" ဘယ္သူဘာ ေျပာလိုက္ျပန္ၿပီလဲ"
" ဘယ္သူမွဘာမွမေျပာဘူး။ ခင္
ဗ်ားနဲ႔ အတူတူေနဖို႔အၿပီးအပိုင္ထြက္လာတာ"
စိတ္ေတြလႈပ္႐ွားစြာနဲ႔ အေလာတႀကီး
ေျပာလိုက္ေသာ္လည္း တည္ေနသည့္
သူ႕မ်က္ႏွာကေျပာင္းလဲလာျခင္း
မ႐ွိ။
" ဒီတစ္ညေတာ့ေနလိုက္။ မနက္ျဖန္
ျပန္ပို႔ေပးမယ္"
"ကိုကို"
မယုံႏိုင္လြန္းစြာႏွင့္ပင္။
" ဘာျဖစ္လို႔လဲ။ဘာျဖစ္လို႔ဒီတစ္ညပဲ
ေနရမွာလဲ ကိုကိုနဲ႔အတူတူေနဖို႔ထြက္
လာတာလို႔ ေျပာေနတယ္ေလ"
"မနက္ျဖန္ျပန္လိုက္"
ကြၽန္ေတာ္ ဆက္ၿပီးျပန္ေျပာမည္ျပင္
ၿပီးမွ သူမ်က္ႏွာကိုၾကည့္ရင္း ရပ္တန္႔
သြားရသည္။
"ဝန္း"
အနားကိုကပ္လာလ်က္ ကြၽန္ေတာ္႕
ပုခုံးတစ္ဖက္ကို သူလာကိုင္
ေတာ့ဝမ္းနည္းစိတ္နဲ႔ ႐ုန္းဖယ္လိုက္
မိသည္။
"ခင္ဗ်ားေပ်ာ္မယ္လို႔ ထင္ထားတာ"
တင္းထားေသာ္လည္း အသံကတိမ္ဝင္
သြားရသည္။
"အဲ့ဒီလို မဟုတ္ဘူးေလ"
မ်က္ႏွာမေကာင္းစြာနဲ႔ ျဖစ္ေနသည့္
ကြၽန္ေတာ္႕ကိုသူက တင္းၾကပ္စြာ
လွမ္းဖက္လိုက္သည္။
" ကိုယ္ကတစ္ေယာက္တည္းေနေနၾက
ဘာမွမျဖစ္ဘူး။ ဒီကိစၥအတြက္စိတ္
ညစ္မခံနဲ႔။ ကိုယ္ေစာင့္ႏိုင္တယ္လို႔ေျပာ
ထားတယ္ေလ။ ဘယ္ေလာက္ပဲၾကာ
ၾကာ ကိုယ္ေစာင့္ႏိုင္တယ္"
"ကြၽန္ေတာ္ အခုလာေနေနၿပီေလ။
ကိုကိုဘာကို ေစာင့္စရာလိုေသးလို႔လဲ"
" ညီေလးကငယ္ေသးတယ္ေလ။
မင္းမ႐ွိပဲဘယ္လိုေနမွာလဲ။မင္းမ႐ွိရင္
ညီေလးကိုအဲ့ဒီအိမ္မွာတစ္ေယာက္တည္းစိတ္မခ်ဘူးဆို။ဒီမွာလာေနၿပီးညီေလး
ကိုလြမ္းေနရရင္ ကိုယ္နဲ႔အတူ႐ွိေနရင္
လည္းေပ်ာ္မွာ မဟုတ္ဘူး။မင္း
ညီေလးကိုဒီေလာက္ခ်စ္တာ ကိုယ္
မခြဲထားခ်င္ဘူး"
သူ႕ ရင္ခြင္ထဲကေန အျမန္ပင္
တိုးထြက္ရသည္။
အဲဒါေၾကာင့္ကြၽန္ေတာ္႕ကို လက္မခံ
ခ်င္တာလား။ကြၽန္ေတာ္႕ညီေလးကို
ထားခဲ့ရၿပီးသူနဲ႔လာေနလို႔။
" ညီေလးအတြက္အကုန္စိတ္ခ်ရေအာင္ လုပ္ထားခဲ့ေပးၿပီးသား။ကိုကိုအဲ့တာ
ေၾကာင့္ဆိုရင္ ဘာမွပူစရာမလိုဘူး။
ကြၽန္ေတာ္ ကိုယ္တိုင္အဆင္ေျပလို႔
ကိုကိုနဲ႔လာေနတာ"
အေလာတႀကီးေျပာလိုက္တာေတာင္
သူ႕ကၿငိမ္သက္လ်က္ တုံ႔ျပန္မႈမ႐ွိ
သည္မို႔ စိတ္ေတြလႈပ္႐ွားေနရရင္းနဲ႔ပဲ။
"ကိုကို"
သူ႕ မ်က္ႏွာလုံးဝ မေကာင္းပါ။
"အိမ္ကို စိတ္ျဖတ္ၿပီးမွ ထြက္လာခဲ့တာေသခ်ာလား"
"ေသခ်ာတယ္"
"မင္းကိုလြတ္လပ္ခြင့္ေပး ထားတာ
ကိုယ္က သိပ္လိုက္ေလ်ာတတ္
တဲ့သူလို႔ မထင္နဲ႔ ။မခ်ဳပ္ခ်ယ္ခ်င္လို႔"
"ကြၽန္ေတာ္႕ဘက္က ေသခ်ာတယ္
အိမ္ကေန အၿပီးအပိုင္ထြက္လာခဲ့ၿပီ။
ညီေလးကိုလည္းစိတ္ခ်ရေအာင္
လုပ္ထားေပးခဲ့ၿပီးသား၊။ကိုကိုဘာမွ
စိတ္ပူစရာမလိုဘူး"
သူ႕မ်က္ႏွာကိုလိုက္ၾကည့္ရင္း လက္
တစ္ဖက္ကိုဆုပ္ကိုင္ရလ်က္ သူဘာ
ေတြ စိတ္မခ်ျဖစ္ေနတာလဲပူတက္လာရသည္။
ကြၽန္ေတာ္႕ ရင္နာရတယ္။မ်က္ႏွာ
မေကာင္းျဖစ္ေနတာေတာင္ မျမင္ခ်င္ဘူး။
"ကြၽန္ေတာ္႕ကို လက္ခံေပးမယ္မလားဟင္"
မ်က္ႏွာငယ္နဲ႔သူ႕ကိုေျပာလိုက္ေတာ့။
"ကိုယ္တစ္ေယာက္ထဲလြတ္လြတ္
လပ္လပ္ေနလာခဲ့တာၾကာၿပီ တစ္ခါမွ
ဒီအိမ္မွာေနရတာတစ္ေယာက္ထဲ
အထီးက်န္တယ္လို႔မခံစားရဖူးဘူး။
ဒီမွာ မင္းတစ္ခ်က္ေလးလာေနၿပီး
ျပန္သြားရင္ေတာင္ ကိုယ္ဘယ္ေလာက္
လြမ္းၿပီးက်န္ခဲ့ရတယ္ထင္လဲ"
ခင္ဗ်ားရယ္လို႔သာ ကြၽန္ေတာ္႕ စိတ္ထဲ
ကေနပဲ အားနာမိရင္းေတာင္းပန္ရေတာ့တယ္။
ကြၽန္ေတာ္႕ေၾကာင့္ စိတ္ညစ္ေနခဲ့ရတာပဲ။
ဟုတ္ပါရဲ႕။ကြၽန္ေတာ္ကပဲ သြားလိုက္
ျပန္လိုက္လုပ္ေနတာ ကြၽန္ေတာ္ပဲ
အတူတူေနခ်င္တယ္ခဏခဏေျပာ
ၿပီးရင္အိမ္ျပန္သြားၿပီး သူ႕ကိုကြၽန္ေတာ္
ကပဲ တစ္ေယာက္ထဲေနခိုင္းထားမိသည္။
"ကိုယ့္ဆီမွာတစ္ရက္ႏွစ္ရက္ေလာက္
ေနၿပီးမွ မင္းအိမ္ကိုစိတ္မခ်လို႔
ျပန္သြားမယ္ဆိုရင္ ကိုယ္ဘယ္လိုမွ
ခံစားႏိုင္မွာမဟုတ္ဘူး။ကိုယ့္ဆီလာ
ေနၿပီးမွ မင္း အိမ္မွာဘာကိစၥပဲ
အေၾကာင္းျပျပ ကိုယ္က
ျပန္ခြင့္ျပဳမွာမဟုတ္ဘူး။ဝင္လာၿပီးရင္
ျပန္ထြက္ခြင့္မ႐ွိဘူး။ အဲ့တာေၾကာင့္
ေသခ်ာျပန္စဥ္းစား"
" ျပန္ စဥ္းစားစရာမလိုေတာ့ဘူး။"
ကြၽန္ေတာ္ဘယ္ေတာ့မွျပန္ေတာ့မွာ
မဟုတ္ဘူး။ခင္ဗ်ားနဲ႔ တစ္သက္လုံး
ေနဖို႔ဆုံးျဖတ္ၿပီးမွထြက္လာခဲ့တာ ။
ကြၽန္ေတာ္႕ ဆုံးျဖတ္ခ်က္ကိုျပင္မွာ
မဟုတ္ဘူး"
စကားအကုန္ပင္ သူ႕ကိုေျပာရသည္။
ကြၽန္ေတာ္႕ဘက္ကိုပဲ ေတြးၿပီးေတာ့
အကုန္လိုက္ေလ်ာေပးထားတာ။
သူ႕ကိုဒီထပ္ပိုၿပီးတစ္ေယာက္တည္း
ထပ္ေနခိုင္းေတာ့မွာမဟုတ္ဘူး။
" အေမ့အိမ္ကေနအၿပီး အပိုင္ထြက္
လာခဲ့ၿပီ။ကိုကို႔အိမ္ကကြၽန္ေတာ္႕ကို
လက္ခံေပးမယ္မလား"
မ်က္ႏွာငယ္နဲ႔ေတာင္းဆိုသလိုေျပာ
လိုက္သည့္ကြၽန္ေတာ္႕ရဲ႕စကားသံေနာက္
သူကကြၽန္ေတာ္႕ကို ဒီအတိုင္းစူးစိုက္
ၾကည့္ေနလ်က္။
"ကိုယ္ကမင္းကိုအၿပီးအပိုင္ ေခၚထား
ေတာ့မွာ ဘယ္ေတာ့မွျပန္ထြက္ခြင့္မ႐ွိဘူး"
"ကြၽန္ေတာ္ကလည္း ျပန္ထြက္မွာ
မဟုတ္ဘူး"
ေတြေဝျခင္းမ႐ွိအေျဖေပးၿပီးတဲ့ေနာက္
ကြၽန္ေတာ္႕ကို ခ်က္ခ်င္းပင္ဆြဲဖက္
ၿပီးေနာက္ တင္းတင္းၾကပ္ၾကပ္ပင္
ဖက္ထားၿပီး နားသယ္စပ္ကိုဖိကပ္နမ္းသည္။
တစ္ခဏအၾကာမွ သူ႕ရင္ခြင္ထဲကေန
ထုတ္ၿပီး ႏႈတ္ခမ္းေတြကို
ထိေတြ႕ေစၿပီးသူစနမ္းပါေတာ့သည္။
ၾကမ္းသည္လို႔ေျပာလို႔ရသည့္႐ုတ္
တရက္ဆန္သည့္ သူ႕အနမ္းေတြကို ျပန္
လည္တုန္႔ျပန္ရရင္းသူကကြၽန္ေတာ္႕ကို
ေပြ႕ခ်ီလ်က္ကုတင္ေပၚတင္လိုက္သည္။
ကြၽန္ေတာ္႕ ႏႈတ္ခမ္းေတြကို လုံးဝ
အလြတ္မေပးပဲ ခပ္ျပင္းျပင္းနမ္း
႐ိႈက္ေနၿပီး အသက္႐ႈရန္လိုအပ္လာမွ
သူ႕အနမ္းေတြက ကြၽန္ေတာ္႕လည္ပင္း
သားေတြဆီေရာက္သြားသည္။
ခပ္ၾကမ္းၾကမ္းပင္သူနမ္းေနၿပီး
ကြၽန္ေတာ္႕လည္တိုင္ကိုသူကိုက္မလို႔
လုပ္ေနၿပီးမွ အသက္႐ႈသံေတြျပင္းေနၿပီး ျပန္လႊတ္လိုက္သည္။
သတိထားမိသေလာက္
ကြၽန္ေတာ္႕လည္ပင္းကို ဘယ္ေတာ့မွအမွတ္အသားမလုပ္။
ကြၽန္ေတာ္႕ ႐ွပ္အက်ႌ အျဖဴက
လွ်င္ျမန္စြာခြၽတ္ေနတဲ့သူေၾကာင့္
ၾကယ္သီးအကုန္ျပဳတ္ခါနီး ျဖစ္ေန
တဲ့အခါမွာေတာ့ အသိစိတ္ျပန္ဝင္
လာၿပီး သူ႕ကိုအသာတြန္းလ်က္ ခြာရေတာ့သည္။
"ကိုကို ခ ခဏေလး"
မ်က္ႏွာေတြပူတက္လာၿပီး ရင္ေတြအဆမတန္ခုန္ေနရေပမဲ့။
"ကြၽန္ေတာ္ထမင္းဝိုင္းျပင္ထားတယ္
ေအးကုန္မွာစိုးလို႔။ထမင္းအရင္"
ကြၽန္ေတာ္႕စကားကို သူကၾကားပုံမရပါ။
ကြၽန္ေတာ္႕ကိုသူ႕ေ႐ွ႕က ေပ်ာက္ကြယ္
သြားမွာစိုးရိမ္ေနသည့္အလား။
"ခ်စ္တယ္ ကေလး။ကိုယ္မင္းကို
အရမ္းခ်စ္တာ သိရဲ႕လား"
ရင္ဘတ္ထဲ တစ္ခ်က္ေအာင့္ခနဲေတာင္
ျဖစ္သြားရသည္။
ဒီတစ္ခါ သူ႕ကိုဆြဲဖက္ၿပီးနမ္းလိုက္ကာ ေ႐ွ႕ဆက္ေစလိုက္သည္က ကြၽန္ေတာ္ကိုယ္တိုင္။
အေပၚပိုင္းဗလာ ျဖစ္ေနတဲ့
သူ႕ဘယ္ဘက္လက္အတြင္းဘက္မွာ
ကြၽန္ေတာ္႕နမယ္ထိုးထားသည့္တက္တူးစာတန္းေတြ႐ွိၿပီး ညာဘက္လက္ေမာင္း
မွာေတာ့ သူ႕စိတ္ႀကိဳက္ထိုး
ထားသည့္ တက္တူးေတြ႐ွိသည္။
ဒီေန႔ညက သူ႕အိမ္ကိုဝင္လာတဲ့ပထမ
ဆုံးည။သူနဲ႔အတူတူ ဘဝတစ္ခုကို
ထူေထာင္ဖို႔အသစ္စတင္လိုက္သည့္
ပထမဆုံးည။
ကြၽန္ေတာ္႕ကို ခင္ဗ်ားစိတ္တိုင္းက်
ဒီထက္ပိုၿပီးခ်ည္ေႏွာင္ထားေပးပါ။
-----------
ကားေပၚကဆင္းဆင္းခ်င္း ပင္
အိမ္ထဲကိုမဝင္ရဲေလာက္ေအာင္ျဖစ္
ေနၿပီ။
ျခံအက်ယ္ႀကီးနဲ႔ သုံးထပ္တိုက္ႀကီးက ခမ္းနားစြာ။ ကိုစစ္ေၾကာင္းရဲ႕မိဘေတြ
အိမ္။ ဒါကိုကိုငယ္ငယ္ထဲကေနခဲ့တဲ့
အိမ္ေပါ့။
"ကြၽန္ေတာ္ မဝင္ရဲဘူး"
" ကိုယ္တစ္ေယာက္လုံး႐ွိတယ္ေလ
အေဖနဲအေမေစာင့္ေနတယ္"
ကြၽန္ေတာ္႕ ပုခုံးကိုကိုင္ၿပီးကိုကိုက
အိမ္ထဲေခၚလာသည္။ေၾကာက္ေနေပ
ရေပမဲ့လည္း.....။
ဧည့္ခန္းမွာထိုင္ၿပီး
သတင္းစာဖတ္ေနတဲ့ ကိုကို႔ေဖေဖ။
ကြၽန္ေတာ္ တို႔ကိုေတြ႕ေတာ့ သတင္း
စာကိုခ်လိုက္ၿပီး စားပြဲေပၚတင္လိုက္
သည္။
" ေရာက္လာၾကၿပီလား။သားတို႔ကို
ေစာင့္ေနတာ။လာ ထိုင္ၾက"
ကြၽန္ေတာ္႕ မ်က္ႏွာပူလွပါသည္။
ကိုကို႔ ေဖေဖက ေဘးခ်င္းကပ္ထိုင္
ေနသည့္ ကြၽန္ေတာ္နဲ႔ ကိုစစ္ေၾကာင္းကို
ၾကည့္ေနတာမို႔ ။
" အေဖ ဒါအေဖ့ရဲ႕သားငယ္"
ကိုကို႔ အေဖကကြၽန္ေတာ္႕ထက္ သူ႕သား
ကိုၾကည့္ရင္း အသာျပဳံးလိုက္သည္။
သူ႕အေမနဲ႔ေတြ႕တုန္းကလိုမ်ိဳး
မ်ားမ်ားစားစားေျပာၿပီး မမိတ္ဆက္
ေပးပဲ လိုရင္းပင္။ သူ႕အေဖကို ကိုစစ္ေၾကာင္း ဘယ္ေလာက္ေလးစားမွန္းကြၽန္ေတာ္ ေတြ႕လိုက္ရပါသည္။
" အေဖ့ကိုႏႈတ္ဆက္လိုက္ဦးေလ"
" ေတြ႕ရတာဝမ္းသာပါတယ္ အန္ကယ္"
" အန္ကယ္လည္း ဝမ္းသာပါတယ္။
သားကိုေတြ႕ခ်င္ေနတာၾကာၿပီ အခုမွပဲ
အိမ္ကိုေရာက္လာေတာ့တယ္"
"ဟုတ္ ဟုတ္ကဲ့"
" အေဖနဲ႔အေမကိုေတြ႕ဖို႔ မလာရဲဘူး
ျဖစ္ေနတာ။အခုေတာင္အတင္းေခၚ
လာခဲ့ရတယ္"
" အသက္ဘယ္ေလာက္႐ွိသြားၿပီလဲ
သားက"
"ႏွစ္ဆယ့္တစ္ပါ"
" သားရဲ႕ညီေလး အ႐ြယ္ေပါ့"
ကိုကို႔ေဖေဖက ကြၽန္ေတာ္႕ကိုၾကည့္ၿပီး
ျပဳံးလ်က္ပင္။
"စစ္ေၾကာင္းက ငယ္ငယ္ထဲက
အန္ကယ္တို႔ကိုညီေလးလိုခ်င္တယ္
ဆိုၿပီး ပူဆာေနၾက။အစ္ကိုတစ္အား
ျဖစ္ခ်င္တာေလ သားက။ သူ႕ထက္
အငယ္ေတြဆိုရင္ညႇာတတ္ေတာ့
စိတ္ေတာ့မပူရဘူး။သားက စိတ္ညစ္
ေအာင္လုပ္တာပဲျဖစ္ျဖစ္ အဆင္မေျပ
တာမ်ိဳး႐ွိရင္ ျဖစ္ျဖစ္အန္ကယ္တို႔ကို
ေျပာျပလို႔ရတယ္ ၾကားလား"
"ဟုတ္ ဟုတ္ကဲ့"
ကိုကို႔ေဖေဖက ကြၽန္ေတာ္႕ဘက္ေတာင္
လိုက္ၿပီး ေအးေအးေဆးေဆးပင္။
အဲဒီေလာက္ထိ တရင္းတႏွီးျဖစ္ေနၾက
သူေတြလိုမ်ိဳး စကားေျပာေပးလိမ့္မယ္
လို႔ မထင္ထားတာ။
" အေဖလို႔ေခၚလိုက္ေတာ့ေလ"
"ဗ်ာ"
ကိုကို႔က ကြၽန္ေတာ္႕အနားတီးတိုးနဲ႔။
"ေခၚလိုက္ေလ"
"ေနာက္ ေနာက္မွ"
ကြၽန္ေတာ္ မရဲပါဘူးဆိုမွ။မ်က္ႏွာပူေန
ပါတယ္ဆိုမွ ေဖေဖ့ေ႐ွ႕မွာ။
ကိုစစ္ေၾကာင္းနဲ႔ကြၽန္ေတာ္ တီးတိုး
ေျပာေနၾကတာကို ကိုကို႔အေဖက
သေဘာက်ေနသလိုနဲ႔ျပဳံးလ်က္ပင္။
သူ႕အေဖကိုလည္း ကိုကိုဘာေတြေျပာ
ထားလည္း မသိဘူး။
ေဖေဖက သေဘာေကာင္းတဲ့ပုံပါပဲ။
ကြၽန္ေတာ္ကသာေနရခက္ေနေပမဲ့
ေဖေဖကေအးေအးေဆးေဆးနဲ႔ေျပာ
သြားတာ လိုရင္းပင္။
" ႀကီးႀကီးတူေလးတို႔ေရာက္လာၾကၿပီလား"
"မင္းအႀကီးနဲ႔ညီမ မင္းအဘြားကို
လာၾကည့္တာ မနက္ထဲကအိမ္
ေရာက္ေနတာ"
ကိုကို႔ကို ေဖေဖကဝင္ေျပာသည္။
ေအာက္ထပ္ကအခန္းတစ္ခန္းထဲမွာ
ပင္ အဘြားတစ္ေယာက္ လက္ကို
ကိုင္ၿပီးထြက္လာတဲ့ အႀကီးတေယာက္
နဲ႔အစ္မတစ္ေယာက္။ကိုကို႔ဝမ္းကြဲညီမလား။
ကိုကိုကထသြားၿပီး အဲ့အႀကီးဆီကေနအဘြားကိုတြဲေပးလိုက္သည္။
ကိုကို႔ အဘြားျဖစ္မယ္။
ကြၽန္ေတာ္႕မွာေတာ့ ထိုင္ရမလိုထရမလိုနဲ႔။
"ဒါကိုယ့္အဘြားနဲ႔ကိုယ့္အႀကီး
ဒါကႀကီးႀကီးရဲ႕ သမီးႀကီး ကိုယ့္ညီမ"
"ငါ့ေျမးလည္း႐ွား႐ွားပါးပါး အခုမွဘဲ
အိမ္ကပ္ေတာ့တယ္။ ဒါဒီေန႔အိမ္ကို
လာမယ္ဆိုတဲ့ကေလးလား"
အဘြားကဆိုဖာေပၚမွာထိုင္လိုက္တဲ့
အခ်ိန္ကြၽန္ေတာ္လည္း႐ိုေသတမႈနဲ႔
ကိုကို႔ေဘးမွာသြားရပ္လိုက္သည္။
"ဟုတ္တယ္ အဘြားရဲ႕ေျမးျဖစ္လာမဲ့
သူေလ ဘယ္လိုလဲအဘြား"
"ခပ္ေခ်ာေခ်ာေလးပဲ။ခ်စ္ခ်င္စရာ
လည္းေကာင္းတယ္။ ဘြားေျမးက
အျမင္႐ွိၿပီးသား"
ထပ္ၿပီး မေနတတ္ျဖစ္ရသည္။ေဖေဖ့
လိုပဲအဘြားကလည္း ပုံမွန္အတိုင္းပင္။
ကိုကို႔ကို သူ႕မိသားစုက အရမ္းခ်စ္ၾက
တယ္ ထင္ပါတယ္
သူ႕ေျမးစိတ္ခ်မ္းသာေအာင္မ်ားေျပာ
ေပးေနတာလား။အဘြားက က်န္းမာ
ေရးသိပ္မေကာင္းဘူးတဲ့။
ကိုကို႔အေဖကလည္းျပဳံးေနၿပီး
ကြၽန္ေတာ္ ကေတာ့ သူ႕အမ်ိဳးေတြမ်ား
ေနလို႔ ေနသားမက်။
" တူေလးတေယာက္ ထပ္တိုးတာေပါ့။
ႀကီးႀကီးတို႔မိသားစုကေနႀကိဳဆိုတယ္
ေနာ္သား"
ကိုကို႔အႀကီးျဖစ္သူကကြၽန္ေတာ္႕ကိုျပဳံးျပသည္။
လူႀကီးေတြက ထိုင္ေနၾကၿပီးကိုကို႔ညီမဝမ္းကြဲျဖစ္သူကေတာ့ အဘြားေဘးမွာ
မတ္တပ္ရပ္ေနလ်က္ပင္။
" တို႔အစ္ကို ငယ္ငယ္ေခ်ာေခ်ာေကာင္
ကေလးကိုေဆြျပမ်ိဳးျပအိမ္ေခၚလာ
တယ္လို႔ ကိုႀကီးတို႔ ကိုငယ္တို႔ေရာ
ေမာင္ႏွမေတြအားလုံး သိေအာင္
family chatထဲသတင္းပို႔ရမယ္"
ကိုကို႔ညီမက သူ႕လက္ထဲကဖုန္းကို
ထုတ္ၿပီးကြၽန္ေတာ္႕ကိုျပဳံးျပရင္း
ေျပာေတာ့ ။
"ေလွ်ာက္မလုပ္နဲ႔အုံး။နင္တို႔လြယ္တာမဟုတ္ဘူး"
"ညီမထပ္ေတာ့ ငယ္မယ္ထင္တယ္ေနာ္"
"ငယ္တယ္ အကုန္လုံးထက္။နင့္ညီမ
ထက္ေတာင္ငယ္တယ္"
"ဒါဆိုေမာင္ႏွမေတြအားလုံးထဲမွာ
အငယ္ဆုံးေပါ့။အစ္မတို႔ႀကိဳဆိုတယ္
ေနာ္ ေမာင္ေလး"
ကြၽန္ေတာ္လည္း ကိုကို႔ညီမကိုျပန္ၿပီး
ျပဳံးသာျပလိုက္ရသည္။
" အန္တီက ထမင္းစားလို႔ရၿပီ။အားလုံး
ထမင္းစားခန္းထဲ လာခဲ့ၾကပါေတာ့တဲ့"
ေကာင္မေလးတစ္ေယာက္က အိမ္ေ႐ွ႕
ထြက္လာၿပီး လူႀကီးေတြကို႐ို႐ိုေသ
ေသႏွင့္ပင္ ထမင္းစားဖို႔ လာေခၚသည္။
အကူထင္ပါတယ္။
"ကဲ ထမင္းစားၾကရေအာင္။သားတို႔
လာမယ္ဆိုလို႔ မင္းတို႔
အေမကသူကိုယ္တိုင္ ခ်က္ျပဳတ္
ေနတာ။သားငယ္ကို ေခၚလာခဲ့"
ေဖေဖက ကိုကို႔ကို ေျပာၿပီးလူႀကီး
ေတြကဦးေဆာင္ကာ အိမ္အထဲကို
ဝင္သြားသည္။
" အဘြားကိုလာၾကည့္တာ သူမ်ား
မိသားစု ထမင္းဝိုင္းနဲ႔ဆုံေနတယ္။
အတူတူစားလို႔ရတယ္ဟုတ္ ေမာင္ေလး"
"ဗ်ာ ရ ရပါတယ္ "
သူ႕ညီမကို ကိုကိုက မစနဲ႔လို႔တီးတိုး
ေျပာၿပီး ထမင္းစားခန္းထဲ သြားခိုင္း
လိုက္သည္။
" အဘြားကိုလာၾကည့္ၾကတာ အိမ္
လည္းနီးတယ္ေလ။အဲ့တာ ႀကီးႀကီးရဲ႕
သမီး။တစ္ျခား ကိုယ့္အစ္ကိုေတြ
အစ္မေတြအမ်ားႀကီး ႐ွိေသးတယ္။
အခုတစ္ခါထဲရင္းႏွီးသြားတာေပါ့။
ရတယ္မလား စိတ္ညစ္ေနၿပီလား"
" ဘာလို႔္စိတ္ညစ္ရမွာလဲ မညစ္ပါဘူး"
ဒီအစ္မကကိုကို႔အေဖ ရဲ႕အစ္မ
ႀကီးႀကီးရဲ႕သမီး။ကြၽန္ေတာ္ ေဆးခန္း
ျပသြားတဲ့အစ္မက ကိုကို႔ဦးေလးရဲ႕
ေခြၽးမ။ကိုကို႔အေဖကေမာင္ႏွမေလး
ေယာက္႐ွိေတာ့ကိူကို႔မွာလည္း တဝမ္းကြဲေမာင္ႏွမေတြမ်ားသည္။
"လာ အေမက ဝန္းလာမယ္ဆိုလို႔ သူကိုယ္တိုင္ ထမင္းဟင္းေတြ အမ်ားႀကီး
ခ်က္ထားေပးတယ္တဲ့။ အဲဒါေၾကာင့္
ထြက္မလာအားတာျဖစ္မယ္"
ကြၽန္ေတာ့ပုခုံးကိုကိုင္ၿပီး ထမင္းစား
ခန္းထဲကိုသူေခၚခဲ့ေပးသည္။
----------------
စားပြဲထိပ္မွာေဖေဖထိုင္ေနၿပီး ေဘး
တစ္ဖက္တခ်က္မွာ အဘြားနဲ႔ေမေမ။
ၿပီးေတာ့ႀကီးႀကီး။
ကြၽန္ေတာ္ ဘယ္သူ႕ကိုမွမၾကည့္ရဲပါ။
ကိုယ့္ထမင္းပန္းကန္သာကိုယ္ မ်က္ႏွာ
မူကာ စားေနရၿပီး သူေဌးအိမ္မွာ
ထမင္းစားရတာ ေနသားမက်။
ဘာမွမေျပာရဲ။
အထူးသျဖင့္ ေမေမ။
ဟင္းပြဲေတြကေတာ့ စားပြဲအျပည့္
တစ္ကယ္မ်ားပါတယ္။ တကယ္ပဲ
ကြၽန္ေတာ္လာမယ္ဆိုလို႔ ေမေမ
ကိုယ္တိုင္ခ်က္ထားတာလား။
"မ်ားမ်ားစားေနာ္ ။ဟင္းေတြ
ထည့္ေပး လိုက္အုံး"
အဘြားက ကြၽန္ေတာ္႕ကိုလွမ္းၾကည့္
ရင္ူသူ႕ေဘးကကိုကို႔ကိုဟင္းထည့္ခိုင္းသည္။
အခုေတာင္ကြၽန္ေတာ္႕ ပန္းကန္ထဲမွာ
ကိုကိုထည့္ေပးထားတဲ့ ဟင္းေတြက
ထမင္းထက္ကိုမ်ားေနၿပီ။ေဖေဖက
လည္းကြၽန္ေတာ္႕ကို မ်ားမ်ားထည့္
စား ဆိုတာႀကီးပဲ။
မ်က္ႏွာတစ္ခ်က္ေမာ့လိုက္ေတာ့
ေမေမနဲ႔ အၾကည့္ခ်င္းဆုံသြားခ်ိန္
ေၾကာက္ၿပီး မ်က္လႊာျပန္ခ်လိုက္
ရတယ္။
ေမေမက ဘာမွမေျပာဘူးေလ။
" သားကေမာင္ႏွမဘယ္ႏွစ္ေယာက္
ေလာက္႐ွိလဲ"
" ႏွစ္ေယာက္ပါ အဘြား။ကြၽန္ေတာ္႕မွာ
ညီေလးတစ္ေယာက္ ႐ွိတယ္"
"ေအာ္ ဘယ္အ႐ြယ္ေလာက္ေရာက္ေနၿပီလဲ"
"႐ွစ္ႏွစ္ပါ သုံးတန္းတက္ေနပါတယ္"
" ငယ္ငယ္ေလးပဲ႐ွိေသးတာပဲ။သားနဲ႔ အသက္က ေတာ္ေတာ္ကြာမယ္ထင္
တယ္။အေမကအသက္ႀကီးမွေမြးလို႔လား"
"ဘြား ဒီအ႐ြက္ေက်ာ္ႀကိဳက္တယ္
မလား။ေမာေနအုံးမယ္ စကားမေျပာပဲ
ေျဖးေျဖးစား"
သူ႕အဘြားပန္းကန္ထဲကို ကိုကိုက
အ႐ြက္ေၾကာ္ ခပ္ထည့္ေပးလိုက္ၿပီး
စကားစျဖတ္လိုက္သည္။
ကိုကို႔ကို ကြၽန္ေတာ္အားနာလိုက္တာ။
" အိမ္သာလာခဲတာ သူ႕အဘြား
အႀကိဳက္ကေတာ့ သိေနတုန္းပဲ"
ေဖေဖ့ကိုမရဲတရဲနဲ႔ၾကည့္လိုက္ေတာ့
ေဖေဖကကြၽန္ေတာ္႕ကိုအသံတိတ္ျပဳံးျပလ်က္သာ။
ေမေမကေတာ့ မ်က္ႏွာတည္ေနသည္။
" အေဖနဲ႔အေမကေရာ က်န္းမာေရးေတြေကာင္းၾကလား။အသက္အ႐ြယ္ဘယ္ေလာက္႐ွိၾကလဲ"
အဘြားက ကြၽန္ေတာ္႕ကိုထပ္ေမးသည္။
အဘြား မသိဘူးထင္ပါတယ္။
"အေမ စကားအမ်ားႀကီးေျပာရင္
ထပ္ၿပီးေမာေနဦးမယ္။ထမင္းစားၿပီး
မွပဲ အေမ့ေျမးေတြကိုေခၚၿပီးေအးေအးေဆးေဆး ေျပာေလ"
ဒီတစ္ခါ အဘြားကိုစကားစျဖတ္
လိုက္တာက ေမေမ။
"ေအးေအး ဟုတ္သားကြယ္"
ေမေမ့ကို ေၾကာက္ေၾကာက္ႏွင့္ပင္
တစ္ခ်က္ၾကည့္ရင္း ကိုကို သူ႕အဘြား
ကိုဟင္းထည့္ေပးၿပီး ကြၽန္ေတာ္႕ဘက္
ျပန္လွည့္လာခ်ိန္ အသာျပဳံးျပလိုက္
ရသည္။
သူကကြၽန္ေတာ္႕ အတြက္ပဲ စိတ္ပူေနတာ။
" သမီးတို႔ခဏခဏလာတာ
အဘြားက ဘယ္မွာစကားမ်ားမ်ား
ေျပာလို႔လဲ"
ကိုကို႔ညီမက ထမင္းစားေနရင္း
စိတ္ဆိုးသလိုႏွင့္ အဘြားကို လွမ္း
ေျပာလိုက္ေတာ့။
"သူ႕ေျမးအသစ္ေလးကို ခ်စ္လို႔ေန
မယ္။ေနာ္သား"
ႀကီးႀကီးက အျပဳံးေလးႏွင့္ပင္။
ကြၽန္ေတာ္ေနရမခက္ေအာင္ အကုန္
လုံးက ဂ႐ုစိုက္ၾကပါတယ္။
အဘြားကလည္း ကြၽန္ေတာ္မေနတတ္
မွာစိုးလို႔ စကား႐ွာၿပီးေမးေနတာ။
-----------
" အေဖ ဆုံးသြားတာဘယ္ႏွစ္ႏွစ္
ေလာက္႐ွိသြားၿပီလဲ"
" ေလးႏွစ္ေလာက္႐ွိပါၿပီ"
" ျဖစ္မွျဖစ္ရေလ"
အဘြားက တစ္ကယ္ကစိတ္မေကာင္း
ျဖစ္ေနသည့္ပုံ။
ကြၽန္ေတာ္႕လက္တစ္ဖက္ကို ကိုင္ထားၿပီး
ႏွစ္ေယာက္ထဲ စကားေျပာေပးေနတာ။
"အေမက ေရာ"
"ကြၽန္ေတာ္ ငါးတန္းေလာက္ကပါ"
" အိုကြယ္ အေမကိုမွတ္မိေနမွာပဲ"
အဘြားကိုအသာျပဳံးျပသည့္တိုင္
အဘြားက ကြၽန္ေတာ္႕ကိုအားနာ
ေနသည္။
" အဘြားက တစ္ကယ္မသိလို႔ကြယ္။
ကိုယ့္ေျမးျဖစ္လာမဲ့သူ အေၾကာင္း
သိခ်င္လို႔ ေမးပါတယ္ဆို မေမးသင့္
တာေတြပဲ ေမးလိုက္သလိုျဖစ္သြားတယ္"
" ရပါတယ္ အဘြားရဲ႕။ကြၽန္ေတာ္
ဘာမွမျဖစ္ပါဘူး"
"ညီေလးကို ေတာ္ေတာ္ေလးခ်စ္
တယ္ဆို။အဲ့စိတ္ထားေလးကို အဘြား
သေဘာက်တယ္။ေတာ္တယ္"
ကြၽန္ေတာ္႕လက္ကိုခပ္ဖြဖြပုတ္ေပး
သည္။
ထမင္းစားၿပီးေတာ့ ကြၽန္ေတာ္႕မိသားစု
အေၾကာင္း အဘြားကိုေမေမေျပာျပ
လိုက္တယ္ထင္ပါတယ္။
"အဘြားတို႔႐ွိတယ္ ဘာမွအားမငယ္နဲ႔
သိလား။ေျမးကေရာ ဂ႐ုစိုက္ရဲ႕လား"
မ်က္ႏွာပူသြားေပမဲ့ ဒီအိမ္မာအဘြားနဲ႔
စကားေျပာရတာ သက္ေတာင့္သက္တာ
အ႐ွိဆုံးပဲ။
"ဟုတ္ကဲ့ဘြား သူဂ႐ုစိုက္ပါတယ္"
"ေျမးအေမကလည္း သားကိုဂ႐ုစိုက္ပါတယ္။ဒီတစ္မနက္လုံး သားအတြက္
ထမင္းဟင္းေတြခ်က္ေနတာ။သူဆူရင္လည္း ဝမ္းမနည္းနဲ႔ ၾကားလား။
မိန္းကေလး ေယာက်္ားေလးရယ္လို႔
မဟုတ္ဘူး သူ႕သားကိုဘယ္သူ႕ကိုမွ
မေပးခ်င္တာ။ သိတယ္မလား သား
တစ္ေယာက္တည္းေမြးထားေတာ့။
သားက ဘာမွအားမငယ္နဲ႔"
စေတြ႕ထဲက ေဖာ္ေ႐ြစြာပင္ ဆက္ဆံ
ေပးတဲ့အဘြားက အသက္ႀကီးေနပင္မဲ့နားလည္ေပးႏိုင္တာပဲ။သူ႕ေျမးကိုခ်စ္
လို႔လည္းျဖစ္မည္။
" ေဆးေသာက္ရမယ့္အခ်ိန္ ေရာက္
ေနၿပီေလ အေမ"
ဧည့္ခန္းထဲကို ေမေမနဲ႔ အေနာက္ကေကာင္မေလးတစ္ေယာက္ကလက္
ထဲမွာ ခြက္တစ္ခြက္နဲ႔ဝင္လာၿပီး
ကြၽန္ေတာ္႕ေ႐ွ႕ကစားပြဲေပၚခ်ေပးသည္။
"ေအး ဟုတ္သား။သမီးသတိေပးမွပဲ။
ကေလးေရ အဘြား သိပ္ၾကာၾကာ
မထိုင္ႏိုင္ဘူး သြားနားေတာ့မယ္။
ညေနမွျပန္ၾကေနာ္"
" အဘြားကိုအခန္းထဲ လိုက္ပို႔ေပးၿပီး
ေဆးတိုက္လိုက္"
ကြၽန္ေတာ္႕လက္ကိုပုတ္ကာႏႈတ္ဆက္
သြားၿပီး အဘြားကအစ္မတေယာက္
နဲ႔အတူထြက္သြားသည္။ကြၽန္ေတာ္ျဖင့္
အဘြားနဲ႔ပဲလိုက္သြားခ်င္လိုက္တာ။
ကြၽန္ေတာ္႕ေဘးမွာ ေမေမ့လာထိုင္ေတာ့ သတိအေနအထားနဲ႔ ေနေနၿပီးသား။
"ထမင္းစားေနတုန္းက အဘြားက
မသိလို႔ ေမးလိုက္တာ ဘာမွစိတ္
မေကာင္းမျဖစ္နဲ႔"
"ကြၽန္ေတာ္ ဘာမွမျဖစ္ပါဘူးအန္တီ"
ဟန္ကိုယ့္ဖို႔ ေမေမ့ေ႐ွ႕မတ္မတ္ထိုင္
လိုက္သည္။
မိသားစု အားနည္းခ်က္နဲ႔ေတာ့
ကြၽန္ေတာ္႕ကို သနားစရာမလိုပါဘူး။
ေမေမကလည္း ကိုယ့္အားကိုယ္ကိုးၿပီး
စိတ္ကိုျမင့္တင္ထားတတ္တဲ့သူမ်ိဳးကိုမွ
သေဘာက်တာ။သူ႕ေ႐ွ႕သြားေပ်ာ့ေနလို႔
မရဘူး။
" သားနဲ႔အတူတူေနေနၾကၿပီဆို။အန္တီ
ေျပာလိုက္တဲ့ စကားေၾကာင့္လား
။ အန္တီေျပာတာက အဲဒီအဓိပၸာယ္
မဟုတ္ဘူးေလ။ မင္းညီေလးကို ထား
ခဲ့လို႔ရရဲ႕လား"
" ညီေလးကို အဆင္ေျပေအာင္လုပ္
ေပးခဲ့ပါတယ္။ ပိတ္ရက္ေတြက်ရင္
လည္းအပတ္တိုင္းသြားေခၚမွာပါ
အန္တီ"
" မင္းတို႔အဆင္ေျပက်ရင္လည္း
ၿပီးတာပဲ"
ေမေမနဲ႔ ႏွစ္ေယာက္တည္းထိုင္ေန
ရတာေနရခက္ေနတုန္း ဧည့္ခန္းကို
ေရာက္လာတဲ့ ကေလးႏွစ္ေယာက္။
ေယာက်္ားေလးတစ္ေယာက္
မိန္းကေလးတစ္ေယာက္။
ေမေမလွမ္းေခၚလိုက္ေတာ့ ကြၽန္ေတာ္႕
ကို ၾကည့္ေနၾကၿပီးေမေမ့အနားကပ္
ေနၾကသည္။
"သား အစ္မႀကီးရဲ႕ကေလးေတြေလ။
အစ္ကိုကိုႏႈတ္ဆက္လိုက္ၾက"
" မဂၤလာပါ ခင္ဗ်ာ"
"ထမင္းစားၿပီးၾကၿပီလား"
ေမေမက ကေလးေတြကိုေမးလိုက္သည္။
"စားၿပီးၿပီ။ေဒၚငယ္ကဘြားတို႔အိမ္မွာ
အစ္ကိုေခ်ာေခ်ာေလးေရာက္ေနတယ္
ဆိုလို႔ လာၾကည့္တာ"
ေမေမ့ကိုျပန္ၾကည့္ရင္း မ်က္ႏွာပူသြားရသည္။ကိုကို႔ညီမေျပာျပတာထင္ပါတယ္။
သူတို႔အမ်ိဳးေတြကလည္းႏွစ္အိမ္သုံး
အိမ္ပဲျခားၾကတယ္။ႀကီးႀကီးနဲ႔အစ္မ
လည္းျပန္သြားၿပီ။အႀကီးအိမ္ခဏသြား
မယ္ဆိုၿပီးကြၽန္ေတာ္႕ကိုပါေခၚတာ
မလိုက္သြားခဲ့တာ။ကိုကို အိမ္လည္
ေနတယ္။
"ဟုတ္လား ဘယ္လိုေနလဲေခ်ာလား"
ေမေမကကေလးေတြကိုငုံ႔ေမးေတာ့။
"ေခ်ာတယ္ အစ္ကိုေခ်ာေခ်ာေလး"
ကေလးေတြက အခုမွေတြ႕ေတာ့႐ွက္
ေနၾကတယ္ထင္ပါတယ္။အိမ္ျပန္ၾက
ေတာ့မယ္ဆိုၿပီး ေမေမ့ကိုႏႈတ္ဆက္ၿပီးထြက္ေျပးသြားၾကသည္။
ကေလးေတြထြက္သြားေတာ့ အေတြး
ဝင္လာတာမို႔ေမေမ့ကိုအားနာမိရရင္း။
"ကေလးေတြက မင္းကိုေတြ႕ဖူးခ်င္လို႔
လာတာ။မင္းရဲ႕တူေလးေတြပဲ"
အန္တီ ကြၽန္ေတာ္႕ကိုသတိထားမိ
သြားသည္လား။
"ေျမးေတြကအခုေတာင္မ်ားေနၿပီ။
႐ွိတာေတြေတာင္ထိန္းမႏိုင္ဘူး။ထပ္
မ႐ွိလည္းျဖစ္တယ္"
ကြၽန္ေတာ္႕ကိုမ်က္ႏွာလႊဲၿပီး ေမေမေျပာ
တာပင္။
ေမေမ့မ်က္ႏွာကို ေၾကာင္အကာ
ဒီအတိုင္းၾကည့္ေနမိခ်ိန္။
ကြၽန္ေတာ္႕ေ႐ွ႕က ခြက္ကိုေမေမက
အဖုံးဖြင့္လိုက္သည္။အနံ႔ေမႊးေမႊးေလး
ထြက္လာတဲ့ မလိုင္တက္ေနတဲ့ႏြားႏို႔ပူပူေလးပင္။
"ေသာက္လိုက္ ေနမေကာင္းျဖစ္
ထားေတာ့ အား႐ွိေအာင္"
"ဗ်ာ"
ကိုကို႔ေမေမကိုတစ္လွည့္ ႏြားႏို႔ခြက္ကို
တစ္လွည့္ ၾကည့္မိရင္း။
ငယ္ငယ္တုန္းက ကြၽန္ေတာ္ ေနမေကာင္းျဖစ္ရင္လည္း ကြၽန္ေတာ္႕ေမေမက
ႏြားႏို႔တိုက္ေနၾက။
"ေသာက္လိုက္ အခုပဲအန္တီႀကိဳလာတာ ႏြားႏို႔စစ္စစ္က ႐ွာရခက္ေနၿပီ"
"အန္တီ"
"ေသာက္လိုက္"
ႏြားႏို႔ခြက္ေႏြးေႏြးကိုယူလိုက္ရင္း
ေမေမ့ကို မရဲတရဲၾကည့္ရင္း။
ကြၽန္ေတာ္႕ရင္ထဲမွာေႏြးလို႔ ေထြးလို႔။
--------------
" အေဖနဲ႔အေမကိုကန္ေတာ့ပါတယ္။ကာယကံ ဝစီကံ မေနာကံနဲ႔ျပစ္မွားမိ
တာ႐ွိပါကကြၽန္ေတာ္တို႔ကို ခြင့္လႊတ္ပါ"
ကိုကိုက အသံထြက္ၿပီးေျပာေနေပမဲ့
ကြၽန္ေတာ္ကေတာ့ တိုးတိုးေလးသာ
ကိုကို႔အတိုင္း သံေယာင္လိုက္၍လိုက္
ဆိုၿပီး လက္အုပ္ခ်ီကာ ေဖေဖနဲ႔ေမေမ
ကိုကိုကိုနဲ႔အတူ ဦးခ်ကန္ေတာ့လိုက္
သည္။
"ကဲ အေဖ့ သားႏွစ္ေယာက္လုံးလိုအင္
ဆႏၵေတြ တစ္လုံးတစ္ဝႀကီးျပည့္စုံပါေစ"
ေဖေဖက လိုရင္းတို႐ွင္းပင္ ဆုေပးၿပီး ေမေမကေတာ့အသံတိတ္ေနရင္းမွ။
"သားသား"
"အေမ ေခၚေနတယ္ေလ ဝန္း "
ေခါင္းငုံ႔ေနသည့္ ကြၽန္ေတာ္႕အနားကပ္
လာၿပီး ကိုကိုအသိေပးလာခ်ိန္ ေၾကာင္အၿပီး ဆိုဖာေပၚမွာထိုင္ေနသည့္ေမေမ့
ကို တစ္ခ်က္ေမာ့ၾကည့္လိုက္မိရင္း
မယုံႏိုင္စြာနဲ႔ကိုကိူ႕ကို ျပန္ၾကည့္လိုက္
မိသည္။
ေမေမက သားသားဆိုေတာ့ သူ႕သားကို
ကိုကို႔ကို ေခၚတယ္လို႔ ထင္ေနတာေလ။
"ကြၽန္ေတာ္႕ကို...ဟုတ္လို႔လား"
ႏွစ္ထဲကၾကား႐ုံတီးတိုး ကိုကို႔အနား
ကပ္လ်က္ ျပန္ေမးရသည္။
"ဒီကိုလာအုံး သားငယ္"
ကြၽန္ေတာ္႕ မ်က္လုံးေတြျပဴးသြားရၿပီး
ကိုကိုက ကြၽန္ေတာ္႕ပုခုံးကိုကိုင္ကာ
အားေပးေနၿပီး ေမေမ့အနား သြားခိုင္းသည္။
မတ္တပ္ရပ္၍ထကာ ေခါင္းငုံ႔ကာပင္ လူႀကီးေတြအနားတ႐ိုတေသ သြားရၿပီး
ေမေမထိုင္ေနသည့္ဆိုဖာအေ႐ွ႕မွာ
ဒူးႏွစ္ဖက္ေထာက္၍ထိုင္ခ်လိူက္ရသည္။
ေမေမက ကြၽန္ေတာ္႕ လက္တစ္ဖက္ကို
ဆြဲယူ၍ လက္ဖမိုးကိုကိုင္ထားၿပီး။
" အေဖနဲ႔အေမကို အခုလိုကန္ေတာ့တဲ့အတြက္ေၾကာင့္ သားငယ္ အသက္႐ွည္
စြာအနာကင္းေဝး စိတ္၏ခ်မ္းသာ ကိုယ္၏က်န္းမာျခင္း သြားေလရာ
လာေလရာ ေဘးအႏၲရာယ္ခပ္သိမ္း
ကင္းေဝးၿပီးလိုအင္ဆႏၵမွန္သမွ်
အလုံးစုံ ျပည့္ဝပါေစ"
ဆုေတြ အမ်ားႀကီးေပးၿပီးေနာက္
ေမေမက ကြၽန္ေတာ္႕ေခါင္းကိုပါကိုင္၍
ဆုေတာင္းေပးၿပီး ဆံပင္ေတြကိုပါ
ပြတ္သပ္ေပးသည္။
ေခါင္းကိုသာငုံ႔ ထားမိရင္း ရင္ထဲမွာ
ေပ်ာ္တယ္ဆိုတာထက္ ဝမ္းနည္းစိတ္
ကပင္ ျပည့္တက္လာရသည္။
"ေက်း ေက်းဇူးပါအန္တီ"
"အခုခ်ိန္ကေနစၿပီး သားငယ္ကအေမ
တို႔ရဲ႕မိသားစုဝင္ပဲ။အေမကေတာ့
အျမင္မေတာ္တာ႐ွိရင္ဆုံးမမယ္ လိမၼာ
ရင္ဒီ့ထက္ပိုခ်စ္မယ္။အေဖနဲ႔အေမက
ဒီေန႔ဒီအခ်ိန္ကစ မင္းရဲ႕အုပ္ထိန္းသူ
မိဘေတြပဲ။သားက ေတာ္ၿပီးသား။
ကိုယ့္ကိုကိုယ္ ဘာမွစိတ္အားမငယ္နဲ႔
အေမေျပာတာၾကားလား"
ေနာက္ဆုံးစကားကို ကြၽန္ေတာ္႕ေခါင္း
ကိုပြတ္ေပးၿပီး ႏွစ္ေယာက္ထဲၾကား႐ုံ
ေမေမ ငုံ႔ၿပီးေျပာတာပင္။
ေခါင္းကို ညိတ္လိုက္ရရင္းသာ
စိတ္ကိုတင္းထားလိုက္ရတာ သိပ္
မလြယ္ကူ။ေမေမက အားမငယ္နဲ႔တဲ့။
" ၿပီးခဲ့တဲ့လပိုင္းတုန္းက သားေမြးေန႔
ဆို။ေနာက္က်ေနေပမယ့္ အေဖနဲ႔အေမ
က ေမြးေန႔လက္ေဆာင္ေပးမလို႔ ဘာ
လိုခ်င္လဲ"
ေမေမ့ေဘးမွာထိုင္ေနတဲ့ေဖေဖက
ေျပာေတာ့ မေနတတ္ရင္း အားနာမိစြာနဲ႔ပင္။
"က် ကြၽန္ေတာ္ဘာမွမလိုပါဘူး"
"မလိုတာေတာ့ မဟုတ္ေသးဘူးေလ။
သားနဲ႔ မုန္႔ဖိုးလႊဲေပးလိုက္မယ္။ ကိုယ္
လိုခ်င္တာကိုဝယ္လိုက္ ၾကားလား"
" အေဖနဲ႔အေမကို ေက်းဇူးတင္တယ္
လို႔ေျပာလိုက္ေလ ဝန္း"
ကိုကိုက ေဖေဖ့ေဘးမွာ လာထိုင္ၿပီး
ကြၽန္ေတာ္ မေနတတ္တာကိုသူသိေနသည္။
ကြၽန္ေတာ္႕ကို လက္ခံေပးထား
ၾကတာနဲ႔တင္ တစ္ကယ္ေက်းဇူးတင္
ေနပါၿပီ။
ကိုကိုေခၚခဲ့လို႔သာ အားတင္းၿပီးလာ
ခဲ့ရတာ
ဒီေလာက္ႀကီးတစ္ရင္းတစ္ႏွီးနဲ႔ဂ႐ုစိုက္
ေပး ဒီေနရာကိုအသိအမွတ္ျပဳၿပီးေပး
ဖို႔မေမွ်ာ္လင့္ခဲ့ဘူး။
လူႀကီးေတြကို တစ္ကယ္အားနာမိရတယ္။
" ေက်းဇူးတင္ပါတယ္ အန္ကယ္နဲ႔အန္တီ"
"အေဖနဲ႔အေမလို႔ ေခၚရေတာ့မွာ
မလား။ ဘယ္ေတာ့မွေခၚမလို႔လဲ"
"ဗ်ာ"
ေမေမ့ကို မယုံႏိုင္စြာနဲ႔ ေနာက္တစ္ႀကိမ္
ျပန္ေမာ့ၾကည့္ရသည္။
ကိုကို႔ကေတာ့ ကြၽန္ေတာ္႕ကို အသံ
မထြက္ပဲ "ေခၚလိုက္ေလ"ဆိုၿပီး
အားအင္ေတြေပးေနသည္။
"ကြၽန္ေတာ္ တစ္ကယ္ကိုေက်းဇူးတင္ပါတယ္"
ေခါင္းငုံ႔ေနရရင္း အသံေတြသိမ္မဝင္သြားေအာင္ႀကိဳးစားယူလိုက္ရသည္။
"ေဖေဖ နဲ႔ ေမေမ"
ဝမ္းနည္းစိတ္ေၾကာင့္ ေခါင္းကိုတြင္တြင္
သာငုံ႔ထားမိေတာ့သည္။
စိတ္ထဲမွာေတာ့ ကိုကိုနဲ႔ ေကာင္းေကာင္း
မြန္မြန္ ေနသြားပါ့မယ္လို႔အမ်ားႀကီး
ေျပာခ်င္ေနေပမဲ့ လူႀကီးေတြေ႐ွ႕မွာ ေက်းဇူးတင္တယ္ကလြဲၿပီးထြက္
မလာႏိုင္။အေဖနဲ႔အေမလို႔ေခၚလို႔ရ
တယ္တဲ့လား။
"လာပါအုံး အေမဖက္ထားခ်င္လို႔ ဒီမွာ
လာထိုင္"
ေခါင္းကိုငုံ႔ထားတဲ့ကြၽန္ေတာ္႕လက္ကို
ေမေမကဆြဲကိုင္ၿပီးသူ႕ေဘးမွာထိုင္
ေစသည္။
ကြၽန္ေတာ္႕ကိုဖက္လာေပးၿပီးေက်ာျပင္
ကိုပုတ္ေပးလာတဲ့ေမေမ။
"ခ်စ္ဖို႔ေကာင္းတယ္ အေမ့သားငယ္က"
ကြၽန္ေတာ္ အခု အိမ္မက္မက္ေနတာမ်ားလား။
"မင္းအေမကလည္း သားခ်စ္တာနဲ႔
တုန္ေနေတာ့မွာပဲ"
"အေမ ကြၽန္ေတာ္ဒီမွာပဲထားခဲ့ရေတာ့
မလား"
ေဖေဖနဲ႔ကိုကို႔ရဲ႕စကားသံ။
ေဖေဖနဲ႔ကိုကိုကတစ္ဖက္ ေမေမနဲ႔
ကြၽန္ေတာ္ကတစ္ဖက္။
ေမေမဖက္ထားေပးသည္ကိုမရဲတရဲနဲ႔
ၿငိမ္ၿငိမ္ေလးေနရင္း ရင္ထဲဆို႔လာရ
သည္။ကြၽန္ေတာ္က သူတို႔ရဲ႕မိသားစု
ဝင္တဲ့။
ေမေမ့ရင္ခြင္ထဲကေန ကိုကို႔ကိုလွမ္း
ၾကည့္ေတာ့ ကြၽန္ေတာ္႕ထက္ကိုသူက
ပိုၿပီးေတာ့ေတာင္ ေပ်ာ္ေနေသးသည္။
မိသားစုတဲ့။အေမမ႐ွိေတာ့တဲ့အခ်ိန္ထဲ
ကကြၽန္ေတာ္႕ဆီမွာ ေပ်ာက္ကြယ္သြား
တဲ့အသိုက္အျမဳံ။ကြၽန္ေတာ္႕မွာလည္း
မိသားစု ႐ွိတယ္တဲ့လား။
---------------
ေမေမ့အနားပဲ ကပ္ေနသည့္ကြၽန္ေတာ္႕
ကို ညေနေစာင္း အိမ္ျပန္ခ်ိန္ေမေမက
အိမ္ေ႐ွ႕အထိထြက္ပို႔သည္။
"သားမပါလည္း အိမ္ကိုအၿမဲလာလို႔
ရတယ္ ဘာစားခ်င္လည္းအေမ့ကို
ေျပာ။အေမခ်က္ေကြၽးမယ္"
"ဟုတ္ကဲ့ ေမေမ"
"ေနေကာင္းေအာင္ေန ခဏခဏမဖ်ားေစနဲ႔"
"ဟုတ္ကဲ့ပါ ေမေမ"
ကြၽန္ေတာ္႕ ႐ွပ္အက်ႌလက္ႏွစ္ဖက္ကို
ေခါက္တင္ေပးၿပီး အက်ႌ ေကာ္လံကိုပါ သပ္သပ္ရပ္ရပ္ျဖစ္ေအာင္လုပ္ေပး၍
ေမေမက ႏႈတ္ဆက္ေနသည္။
ကြၽန္ေတာ္ အိမ္မက္မက္ေနတာမဟုတ္ဘူး။
" မခြဲႏိုင္ဘူးဆိုရင္ ဒီမွာပဲအေမနဲ႔ေနခဲ့
ေတာ့မလား။အေမ ကြၽန္ေတာ္ ထားခဲ့
ရမလား"
ကားေဘးမွာရပ္ေစာင့္၍ ကိုကိုက ေက်ေက်နပ္နပ္ႀကီးျပဳံးေနလ်က္ပင္။
"ေမေမ"
ကြၽန္ေတာ္တစ္ခ်ိန္လုံးေခၚေနမိၿပီလား။
"ေျပာေလ သားသား။ေျပာခ်င္တာကိုေျပာ"
" မျပန္ခင္ ကြၽန္ေတာ္႕ကို တစ္ခါေလာက္
ထပ္ၿပီးေတာ့ဖက္ေပးလို႔ရမလား "
ေမေမ့ကို႐ွိန္ေနေသးေသာ္လည္း
အရဲစြန္႔ၿပီး ခပ္တိုးတိုးေတာင္းဆိုလိုက္မိသည္။
မေမွ်ာ္လင့္ပဲ ရခဲ့တဲ့ေႏြးေထြးမႈက
ကြၽန္ေတာ္ ငတ္မြတ္ေနခဲ့ရသည့္...။
ေမေမကျပဳံးလ်က္ပင္ ကြၽန္ေတာ္႕ကို
ေနာက္ဆုံးတႀကိမ္ထပ္ၿပီး ဖက္ထား
ေပးၿပီးေတာ့ ေက်ာျပင္ကိုပုတ္ေပးသည္။ေႏြးေထြးလိုက္တာ။
ေမေမ။
စိတ္ထဲမွာပင္ အႀကိမ္ႀကိမ္ အခါခါ
ေခၚၿပီး ဒီထက္ပိုၿပီးဝမ္းမနည္းမိေအာင္
ကိုယ့္စိတ္ကိုယ္တင္းထားရသည္။
မိဘမ႐ွိတဲ့သူက ကြၽန္ေတာ္တစ္ေယာက္
ထဲမဟုတ္ပါဘူး။ဒါေပမဲ့မိဘမ႐ွိတဲ့သူ
တိုင္းကေတာ့ ဒီခံစားခ်က္ကိုသိလိမ့္မည္။
ေမေမလို႔ေခၚရမဲ့သူမ႐ွိတာ အရမ္း
ၾကာခဲ့ၿပီမို႔လို႔ပါ။
"ျပန္ၾကေတာ့...မိုးမခ်ဳပ္ခင္။ အိမ္ျပန္
ေရာက္ရင္ အေမ့ကိုဖုန္းဆက္ၿပီး
ေျပာျပ သားငယ္"
"ကြၽန္ေတာ္ ျပန္ေရာက္တာနဲ႔ ခ်က္ခ်င္း
ဆက္လိုက္မယ္ေနာ္ ေမေမ"
ေမေမကအျပဳံးေလးႏွင့္ပင္ အေျဖျပန္ေပးသည္။
ေက်းဇူးတင္ပါတယ္။
ေမေမဆုံးမထားတဲ့ စကားေတြကို
မွတ္ထားၿပီး ကိုယ့္ကိုယ္ကိုပိုၿပီး သန္မာ
တဲ့သူတေယာက္ ျဖစ္ေအာင္ေနသြား
ပါ့မယ္။
ကားထဲကိုဝင္လိုက္ခ်ိန္ အျပဳံးေတြ
ရပ္မရေတာ့။
ကားေမာင္းေနတဲ့ ကိုကို႔လက္တစ္ဖက္
ကိုဆြဲကိုင္ထားမိၿပီး စကားေျပာမလို႔
လုပ္လိုက္ ရင္ထဲျပည့္ေနလို႔ျပန္တိတ္
သြားလိုက္ျဖစ္ေနတဲ့ ကြၽန္ေတာ္႕ကို။
ေဖေဖ ေမေမနဲ႔ကိုစစ္ေၾကာင္းကိုပါ
တစ္ကယ္အားနာမိေပမဲ့ ကြၽန္ေတာ္
ဒီမိသားစုထဲကိုကို႔ေဘးကေနရာကို
ဝင္ပါရေစ။
----------------------
ညေလထုေအးေတြက အိမ္အျပင္ဘက္
ျဖစ္လို႔ ပို၍ပင္တိုက္ခတ္ေနလ်က္။ေအးခ်မ္းလွသည္။
အိမ္အေပၚထပ္ ဝရန္တာမွာ ညနက္ေနေသာ္လည္းမအိပ္ေသးပဲ ေဆးလိပ္
ေသာက္ေနတဲ့ ကိုကိုနဲ႔အတူတူ ထိုင္ရင္း။
တစ္ကယ္ေတာ့ လိုက္႐ႈပ္တာပါ။
ခင္ဗ်ားဘာလုပ္လုပ္ ေဘးကေန
လိုက္႐ႈပ္မယ္။
ေဘးမွာထိုင္ခုံသုံးေလးခုံ႐ွိေသာ္လည္း
တစ္ခုံထဲမွာပဲထိုင္ေနလ်က္ဘီယာအ
တူတူေသာက္ေနရင္း သူ႕အေပၚကေန
မဆင္း။
ဘီယာတစ္ဘူးကြၽန္ေတာ္ ေသာက္မလို႔ေဖာက္ထားတာ ကြၽန္ေတာ္႕လက္ထဲကို
သိပ္ေတာ့မေရာက္။
"ကြၽန္ေတာ္႕ ကိုျပန္ေပးအုံးေလ"
ေတာင္းလိုက္မွပင္ သူေမာ့ေသာက္
ေနရာကေနကြၽန္ေတာ္႕ကို ျပန္
ေပးသည္။
ဘီယာဘူးကတဝက္ပင္ က်ိဳးေနၿပီ။
ကြၽန္ေတာ္႕လက္ထဲ ျပန္ေရာက္လာတုန္း
အျမန္ပင္ေမာ့ခ်ရသည္။
တစ္ဆက္ထဲလည္းအကုန္မေသာက္ႏိုင္။
တစ္ငုံႏွစ္ငုံပဲေသာက္ရေသးတယ္
သူကက်ေနာ့္လက္ထဲကေနျပန္ယူလိုက္
တာမို႔။
" နည္းနည္းပဲေသာက္ရေသးတယ္ေလ။ကြၽန္ေတာ္႕အတြက္ခ်န္ထားေပးအုံး"
ေနာက္တစ္ဘူးမေဖာက္ဘဲ ကြၽန္ေတာ္႕
ဘူးကိုပဲယူေသာက္ေနတာ။
"ကြၽန္ေတာ္႕ အတြက္ခ်န္ထားပါဦးဆို"
မေက်မနပ္ႏွင့္ပင္ ျပန္ၾကည့္လိုက္ရ
သည္။
ကြၽန္ေတာ္႕လက္ထဲ ဘီယာဘူး ျပန္ေရာက္လာတဲ့အခ်ိန္ အခြံသာက်န္
ေတာ့တယ္ေလ။
" ေနာက္တစ္ဘူးထပ္ေဖာက္လိုက္မယ္"
ေဘးကထိုင္ခုံမွာတင္ထားတဲ့ဘီယာဘူးအသစ္ကိုယူၿပီး ေဖာက္မလို႔လုပ္ေတာ့
ကြၽန္ေတာ္႕လက္ကို သူကျပန္ဆြဲထား
သည္။
" ေတာ္ၿပီ မေသာက္နဲ႔ေတာ့ "
" နည္းနည္းပဲေသာက္ရေသးတယ္ေလ
ကြၽန္ေတာ္႕ဘူးကို ကိုကိုပဲ
ယူေသာက္ေနၿပီးေတာ့"
"မေသာက္နဲ႔ေတာ့။ တစ္ခါေသာက္
တစ္ဘူးပဲ ဘီယာထပ္အဆင့္ထပ္
တက္ဖို႔လဲ မစဥ္းစားနဲ႔။စကားနားေထာင္"
ကြၽန္ေတာ္႕လက္ထဲက အသစ္စက္စက္ဘီယာဘူးကိုယူၿပီး သူကၾကမ္းျပင္
ေပၚခ်လိုက္သည္။
တစ္ခါေသာက္ တစ္ဘူးတဲ့။ အဲ့တစ္ဘူးေတာင္ သူပါေသာက္ေနၿပီးေတာ့။
ကြၽန္ေတာ္႕ မ်က္ႏွာဆူပုတ္မိေတာ့သူက
ကြၽန္ေတာ္႕ပါးတစ္ဖက္ကိုျဖစ္ညစ္
သည္။
"နာတယ္ေလ "
ရယ္လ်က္ သူက ေဆးလိပ္ကိုဆက္ၿပီး
႐ိႈက္ဖြာလိုက္သည္။
"ကြၽန္ေတာ္လည္း ေဆးလိပ္ေသာက္
ၾကည့္ခ်င္တယ္"
"ဘာ"
" တစ္ခါေလာက္ စမ္းေသာက္ၾကည့္
ခ်င္တယ္ဆို"
" လုံးဝပဲ။မရဘူး။စဥ္းေတာင္မစဥ္းစားနဲ႔"
ေဆးလိပ္မီးကို သူကခ်က္ခ်င္းသတ္
လိုက္ၿပီး ကြၽန္ေတာ္႕ကိုျပန္ၾကည့္လာ
ေတာ့ ျပဳံးေနမိသည့္မ်က္ႏွာကိုခပ္
တည္တည္ျပန္ေနလိုက္ရသည္။
" ေနာက္ခါမင္းေ႐ွ႕မွာ မေသာက္မွပဲ။
မူးလာရင္ကိုယ္လုပ္သမွ် အကုန္
လိုက္လုပ္ခ်င္ေနေတာ့တာပဲ"
" တစ္ခါတစ္ေလေတာ့လည္းေတြး
မိတယ္ ခင္မ်ားကက်ေနာ့္ကို အသက္
မျပည့္တဲ့ေကာင္ေလး တေယာက္လို
ပဲျမင္ေနေသးတာပဲလို႔"
"ကိုယ္က ဘယ္တုန္းက"
ခပ္တည္တည္ ေနလိုက္ေတာ့
ကြၽန္ေတာ္႕ပါးကိုထပ္ၿပီး ျဖစ္ညစ္သည္။
"နာပါတယ္ဆို"
" အသက္ျပည့္တာမျပည့္တာနဲ႔
ဘာဆိုင္လဲ မေကာင္းတာကိုအစ
မလုပ္ေစခ်င္တာေလ"
"မသိဘူး"
ခပ္ၾကာၾကာမွ သူ႕အေပၚျပန္ၿပီးစကား
ႏိုင္လုမိျခင္း။
စိတ္ေတြကလည္း လြတ္လပ္ေနသည္ေလ။
"အသက္မျပည့္တဲ့ေကာင္ေလးလို
မျမင္ေၾကာင္းသက္ေသေတြ ျပထား
ၿပီးၿပီထင္တာပဲ"
"ကိုကို႔"
မ်က္ႏွာေတြပူတက္လာသည္ကိုပင္
သူက သေဘာတက်ၾကည့္ေနေသးသည္။
ကိုယ့္စကားနဲ႔ကိုယ္ ျပန္ပိတ္မိျခင္း။
ကြၽန္ေတာ္႕ကို တင္းတင္းၾကပ္ၾကပ္
ပင္ ဖက္ထားၿပီးကြၽန္ေတာ္႕
ဆံပင္ေတြကိုတစ္ဖြဖြပြတ္သပ္
ေနသည့္သူ။
"ဝန္း
"ဗ်ာ"
" ေက်းဇူးပဲ ကိုယ္နဲ႔လာေနေပးတဲ့အတြက္"
"ကြၽန္ေတာ္က ေက်းဇူးတင္
ရမွာပါ။ကြၽန္ေတာ္႕ကိုခင္ဗ်ားရဲ႕ အေဖ
အေမဆီ ေခၚသြားေပးတာ"
" ကိုယ့္မိဘေတြက မင္းရဲ႕မိဘေတြ
ပဲေလ။ အေဖနဲ႔အေမလည္း႐ွိတယ္
ကိုယ္လည္း႐ွိတယ္ ကိုယ္တို႔ကမင္းရဲ႕ မိသားစုဝင္ေတြပဲ။အေမကအခုကိုယ့္ကို
ဖုန္းဆက္တိုင္း သူ႕သားငယ္အေၾကာင္း
ကမပါမျဖစ္ပဲ"
"ေမေမ ဘာေတြေျပာေသးလဲ"
"ေကာင္ေလးကို စိတ္အားမငယ္ေစနဲ႔။
ဂ႐ုစိုက္ေပးလိုက္ပါတဲ့။
သူ႕ပုခုံးေပၚေခါင္းမွီခ်ရရင္း စကား
ဆက္မဆိုႏိုင္။
ဝမ္းနည္းဝမ္းသာနဲ႔ပဲ စိတ္ထဲကေန အထပ္ထပ္အခါခါေက်းဇူးတင္ရတယ္။
သူနဲ႔တင္ျပည့္စုံေနပါၿပီ။သူ႕မိဘေတြဆီ
ကပါေမတၱာေတြေပးၿပီး အဘက္ဘက္က
ေနကြၽန္ေတာ္႕ကိုစိတ္မညိႇဳးေအာင္ထားတာ။
ကြၽန္ေတာ္ခ်စ္တယ္ဆိုတာ ခင္ဗ်ားနဲ႔
ယွဥ္ဖို႔ေဝးစြ ဘယ္လိုလုပ္ၿပီးလိုက္
ေတာင္မွီႏိုင္ပါ့မလဲ။
" ေဖေဖေျပာခဲ့တာ ခင္ဗ်ားကညီေလးအရမ္းလိုခ်င္ခဲ့တာဆိုဟုတ္လား "
" ဟုတ္တယ္ေလ"
" အဲဒါေၾကာင့္ကြၽန္ေတာ္႕ကို လူႀကီးလို
မျမင္တာျဖစ္မယ္"
" ကိုယ္ကဘယ္တုန္းက"
ေခါင္းျပန္မတ္လိုက္ရင္း သူ႕ကိုရစ္ဖို႔ျပင္လိုက္သည္။
"ဒီလိုပါပဲ။ ကြၽန္ေတာ္႕ကို လိုက္ၿပီး
စိတ္ပူေနတာက ခ်စ္သူတစ္ေယာက္
လိုမ်ိဳးထက္ ညီေလးတစ္ေယာက္လို
မ်ိဳး သြန္သင္ဆုံးမခ်င္တဲ့စိတ္က
ခင္ဗ်ားဆီမွာပိုမ်ားေနသလိုပဲ"
သူက ဘာေတြရစ္ခံရေတာ့မွာလည္းပုံစံနဲ႔။
"မူးေနၿပီပဲ"
"ဒီေလာက္ေလးနဲ႔မမူးပါဘူးေနာ္"
" ကိုယ့္ညီေလးမျဖစ္ခ်င္ဘူးလား"
" မျဖစ္ခ်င္ပါဘူး"
"စေတြ႕တုန္းကအတိုင္းပဲ ကိုယ့္ပုခုံး
ေအာက္ကအရပ္ေလးကမျမင့္လာဘူး။အရပ္မွမျမင့္လာတာ ညီေလးပဲလုပ္ေပါ့"
"နည္းနည္းျမင့္လာတယ္ေလ"
"တစ္လက္မလား"
"ကိုစစ္ေၾကာင္း ခင္ဗ်ားေနာ္"
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကိုရယ္ေနတာ။
ကြၽန္ေတာ္႕ကို စလိုက္ရရင္ကို ေပ်ာ္ေန
တဲ့စိတ္ကအရင္ထဲက႐ွိထားၿပီးသား။
" အေဖနဲ႔အေမကလည္း ခ်စ္ေနၾကၿပီ
ဆိုေတာ့ အေဖနဲ႔အေမကိုေမြးစားခိုင္း
လိုက္မယ္ေလ။ ကိုယ့္ညီေလးလုပ္မလား"
"မလုပ္ဘူးေနာ္။ညီေလး လုံးဝမလုပ္ဘူး"
ကြၽန္ေတာ္႕ကို မူးေနၿပီထင္ၿပီးသူစေနပါ
ၿပီ။
တစ္ကယ္ေတာ့ ကြၽန္ေတာ္ရီေဝေဝ
ျဖစ္ေန႐ုံ။မမူးေသး။
ညီေလးမလုပ္ဘူး။ခင္ဗ်ားေကာင္ေလး
ပဲ လုပ္မွာ။
" ညီေလးမျဖစ္ခ်င္ရင္ ဒီကိုနမ္း"
သူ႕ပါးတစ္ဖက္ကို လက္ညိႇဳးထိုးျပသည္။
ခပ္ျမန္ျမန္ပင္သူ႕လည္တိုင္ကို လက္
ႏွစ္ဖက္နဲ႔သိုင္းဖက္ၿပီး ဘယ္ဘက္ပါး
ကိုအနမ္းေပးလိုက္သည္။
"ဒီဘက္ေရာ"
ေနာက္တစ္ဖက္ပါ နမ္းလိုက္ရတဲ့အခ်ိန္ နီးကပ္ေနတဲ့ အေငြ႕အသက္ေတြနဲ႔
ကြၽန္ေတာ္႕ ရင္ခုန္ႏႈန္းေတြအဆမတန္
ျမန္လို႔။
" ကိုယ့္ကို ခ်စ္လား"
ေခါင္းကိုထပ္ခါ ညိတ္ျပေတာ့ ကြၽန္ေတာ္႕မ်က္ႏွာကိုတစ္ခဏစူးစိုက္ၾကည့္ေနလ်က္
လက္ေတြကိုဆုပ္ကိုင္လိုက္ၿပီး ကြၽန္ေတာ္႕
လက္ဖမိုးကိုနမ္းသည္။
"ကိုယ္ေပ်ာ္ေအာင္ထားမယ္ေနာ္"
သူ႕အနား မ်က္ႏွာမထားတတ္ေတာ့
ေလာက္ေအာင္ ရင္ခုန္ႏႈန္းေတြ
ျမန္လာရျခင္း။စကားလုံးေတြ
မလိုအပ္ေတာ့ပါဘူး။
သူ႕အေပၚကေနဆင္းၿပီး ေဘးနားမွာ
ေထာင္ထားတဲ့ဂီတာကိုယူကာ သူ႕ကိုေပး
လိုက္သည္။
"ကြၽန္ေတာ္႕ကို သီခ်င္းဆိုျပ"
သူ႕ေဘးနားကထိုင္ခုံမွာဝင္ထိုင္လိုက္
ရင္း ဂီတာႀကိဳးညႇိေနသူကိုေငးရင္း။
"ဒီအတိုင္းေတာ့ မရဘူး"
"သီခ်င္းတစ္ပုဒ္ဆိုျပရင္ ခင္ဗ်ားပါးကိုတစ္ခါ နမ္းမယ္"
ဂီတာႀကိဳးကိုအသံစမ္းေနရင္း သူက
ကြၽန္ေတာ္႕ကိုျပန္ၾကည့္လာသည္။
မူးေနၿပီထင္ေနတာကို အခြင့္ေကာင္း
ယူလိုက္ျခင္း။
ကြၽန္ေတာ္႕စကားကို ဂီတာတီးေနရင္း
သေဘာတက်နဲ႔သူခိုးျပဳံးလိုက္တာကို
ျမင္ျဖစ္ေအာင္ျမင္လိုက္ရသည္။
သူ႕ကိုေငးေနရရင္း အႀကိမ္ႀကိမ္ေႂကြမိ
ေနရတာ ကြၽန္ေတာ္႕အလြန္ မဟုတ္ဘူး။
ဒီေန႔ညလမသာသလို ၾကယ္ေတြ
လည္းမလင္းပါ။ကြၽန္ေတာ္တို႔
ေယာက်ာ္းေလးႏွစ္ေယာက္က
လည္း ညသန္းေခါင္မအိပ္ေသးပဲ
အိမ္အေပၚထပ္ ဝရန္တာမွာ ကိုယ့္
ကမ႓ာနဲ႔ကိုယ္။
ဂီတာကိုတီးခတ္ရင္း ကြၽန္ေတာ္႕ကို
သီခ်င္းဆိုျပေနတဲ့ တီ႐ွပ္အမည္း
ဝတ္ထားတဲ့ ကိုကို႔ကိုအၾကည့္
မလႊဲစတမ္း ထိုင္ေငးရင္း။
အမွတ္တရမ်ားစြာကို လြမ္းေဆြးရင္း
လက္႐ွိအခ်ိန္ေတြကိုတန္ဖိုးထားရင္း။
သူကေတာ့ သူကအဲ့ေလာက္ထိေကာင္း
တဲ့သူမဟုတ္ပါဘူးတဲ့။ကြၽန္ေတာ္ေတြ႕
ၾကဳံခဲ့ရသမွ်ထဲမွာေတာ့ ခင္ဗ်ားက
ကြၽန္ေတာ္႕အတြက္ အျပစ္အကင္းဆုံး
သူပဲ။
ကြၽန္ေတာ္႕ရဲ႕ ကိုမင္းစစ္ေၾကာင္း။
The End.
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
Extraေတြဒီမွာၿပီးပါၿပီ။typeေနတာတစ္ဝက္ေက်ာ္ေလာက္ေရာက္မွမွား
ဖ်က္တဲ့ထဲပါသြားလို႔ျပန္typeေနရ
တာေၾကာင့္ရက္ၾကာသြားတာပါ ။
extraေတြကစာေတြမ်ားလို႔အ႐ွည္ႀကီးtypeရပါတယ္။ကိုယ့္ေကာင္ေလး
ေတြကိုျပည့္ျပည့္စုံစုံေလးထားခဲ့ခ်င္
တဲ့ဆႏၵေလးျပည့္သြားပါၿပီ။(ကိုယ့္
ေပါက္စကိုအစ္ကိုႀကီးတို႔ဘက္ပို႔ခဲ့
ခ်င္တာေလးအပါအဝင္)
(ဒီအပိုဒ္ကေနာက္ဆုံးဆိုေတာ့စိတ္ခံစားခ်က္ေလးတစ္ခု)
အမ်ားႀကီးမေျပာခ်င္ေပမဲ့လည္း
ေက်းဇူးတင္တုန္းကဘာမွမ်ားမ်ား
စားစား မေျပာခဲ့ဘူးဆိုေတာ့ ကိုယ့္ကို
ကိုယ္ တာဝန္မေက်သလို ခံစားရလို႔ပါ။အထူးသျဖင့္(ဝန္း)။
အစ္ကိုႀကီးနဲ႔စကားေျပာခ်င္တယ္
ဆိုရင္ ဝန္းကေတာ့ကိုယ္ဖက္ထားေပး
ခ်င္တဲ့ေကာင္ေလးပါပဲ။ဝန္းက
စစ္ေၾကာင္း နဲ႔သာမေတြ႕ခဲ့ရင္ ဘယ္လို
ေျပာရမလဲသူဘဝနဲ႔သူရပ္တည္ေနရလို႔
ငယ္ေသးတဲ့အ႐ြယ္မို႔လို႔
ေကာင္မေလး မထားရင္သာမထားမယ္ အခ်စ္ေရးကိစၥေတြ စိတ္မဝင္စားတဲ့
အစထဲကလုံးဝstraightတစ္ေယာက္
ပါ။ကိုေဇာ္နဲ႔လည္းစစ္ေၾကာင္းနဲ႔
မေတြ႕ခဲ့ရင္လည္းbrother zone
ကထြက္ဖို႔ဘယ္လိုမွမျဖစ္ႏိုင္ပါဘူး။
ကိုေဇာ္ဘက္ကအေရာင္စြန္းေနေပမဲ့
ဝန္းနဲ႔အဆင့္မတက္ခ်င္သလိုဝန္း
ဘက္ကေတာ့100%အစ္ကိုပါ။
comေလးတစ္ခုဖတ္လိုက္ရပါတယ္
"ဆယ္ေက်ာ္သက္အ႐ြယ္မွာျဖစ္ေလ့
ျဖစ္ထ႐ွိတဲ့ေဝဖန္ပိုင္းျခားႏိုင္မႈ
စြမ္းအားမျမင့္ေသးတာတဲ့"(အရမ္း
သေဘာက်ပါတယ္)
အဲ့ဒီလိုပါပဲ။အစ္ကိုႀကီးဘက္ကို
စိတ္ယိုင္ေနေပမဲ့သူ႕ကိုယ္သူမသိပဲေယာက်္ားေလးခ်င္းဆို
တဲ့စိတ္ အေျခအေနကြာဟမႈဆိုတဲ့
စိတ္က႐ွိေနေတာ့ ၾကားလူဝင္လာ
တဲ့အခါမွားခဲ့မိတဲ့အမွားပါ။
ၿပီးေတာ့ေက်းဇူးတရားဆိုတာထက္
ကိုေဇာ္တို႔မိသားစုကိုသူ[တြယ္] တာပါ။
ဘာျဖစ္လို႔လဲဆိုတာေတာ့ဝန္းကို
ခ်စ္ရင္သိမယ္ထင္ပါတယ္။
လူတစ္ေယာက္စိတ္တစ္မ်ိဳးပါပဲ။
ကိုယ့္ေကာင္ေလးအတြက္စိတ္မေကာင္း
ျဖစ္ေနရလို႔ စိတ္ဆိုးေနၾကေသးသူ
ေတြ႐ွိရင္ မခ်စ္လာႏိုင္ရင္ေတာင္
နားလည္ေပးေစခ်င္ပါတယ္။
ကိုေဇာ္က အတၱေတာ့႐ွိခဲ့တာေပါ့။
ဝန္းကိုလိုခ်င္တာမဟုတ္ဘဲ ငါေျပာတဲ့အတိုင္း ငါ့ပုံစံခြက္ထဲမွာပဲ ေနရမယ္
ဆိုတဲ့အစ္ကိုတစ္ေယာက္ရဲ႕အတၱ။
ကိုယ့္အစ္ကိုႀကီး အေၾကာင္းကေတာ့
fic တစ္ပုဒ္လုံးလည္း ေရးခဲ့ၿပီးၿပီမို႔
ဘာမွမ်ားမ်ားစားစားမေျပာခ်င္
ေတာ့ပါဘူး။
နဂိုထဲက တြဲတဲ့သူဘက္ကိုcaring
ျဖစ္ၿပီး ညႇာတတ္တဲ့သူမ်ိဴးပါ။ဒါေပ
မယ့္ ဝန္းနဲ႔မေတြ႕ခင္အခ်ိန္ထိ
မိန္းကေလးေတြနဲ႔ပဲတြဲခဲ့သူျဖစ္သလို
သူ႕ဘက္က လက္ျပန္မျပႏိုင္ခဲ့တာ
လည္း တစ္ေယာက္မွမ႐ွိခဲ့ပါဘူး။
သူ႕ကိုလာလာ႐ႈပ္တဲ့တစ္ေယာက္က
လြဲလို႔ :)
တကၠသိုလ္ေက်ာင္းသားဘဝ
ရင္ခုန္စရာဇာတ္လမ္းေလး
ေရးမယ္ဆိုၿပီးေရးျဖစ္ခဲ့တာပါ။ ကိုယ္
ေပးခ်င္တဲ့ခံစားခ်က္ကို နည္းနည္း
ေလးပဲရခဲ့မယ္ဆိုရင္ေတာင္ေက်နပ္
ပါတယ္။ကိုယ္လည္းအနားယူပါၿပီ
ႏႈက္ဆက္ခဲ့ပါတယ္ေနာ္ အားလုံးကိုေက်းဇူးတင္ပါတယ္။
________________________________