ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသ...

By suyinhtike

15.5K 1.3K 7

Reader လေးတစ်ယောက်က တောင်းဆိုထားလို့ပါ Both Uni and Zawgyi ************ လုခယ့်ဟာ သူ့ရဲ့အသက်သုံးဆယ်ပြည့်မွေးနေ... More

Prolouge
Chapter - 1
Chapter-2,3
Chapter-4
Chapter-5
Chapter- 6
Chapter-7
Chapter-8,9
Chapter-10,11
Chapter-14
Chapter-15
Chapter-16 (Mature)
Chapter-17
Chapter-18
Chapter-19,20
Chapter-21
The End

Chapter-12,13

575 61 0
By suyinhtike

Unicode

Chapter-12

ဧကရီ ချွန်ရုံ မေ့လဲသွားတဲ့အချိန်ကတည်းက အသက်အန္တရယ်အတွက် စိုးရိမ်‌နေရတာကြောင့် သူမ လုံးဝပြန်ကောင်းသွားတဲ့အထိ ငါသူမနဲ့အတူတူနေပေးခဲ့တယ်... သူမအသက်ကို အချိန်မီကယ်နိုင်သွားတာ တော်သေးတယ်...

ငါဧကရာဇ်ကို အဲဒီတုန်းက အကြောင်းတွေပြောပြလိုက်တော့ ဧကရာဇ်က ထွက်ပြေးသွားတဲ့အစေခံမိန်းကလေးကို ဖမ်းပြီးစစ်မေးခဲ့ပေမယ့် ထိုအစေခံက ဝန်မခံခဲ့ချေ...

ထိုနောက်မှာတော့ ဧကရီကိုအန္တရယ်ပြုခဲ့တဲ့အတွက် ဧကရာဇ်က သူမအားခေါင်းဖြတ်အပြစ်ပေးခဲ့သည်..တခုခုက မသင်္ကာစရာကောင်းနေတာကြောင့် ဒီကိစ္စကို စုံစမ်းဖို့ ငါ့လူတွေကို အမိန့်ပေးလိုက်တယ်... ဧကရာဇ်ရဲ့ကာကွယ်မှုအောက်မှာ ဧကရီကလုပ်ကြံခံခဲ့ရ‌ပေမဲ့ တရားခံကို‌တော့ အခုထိမမိသေးပေ...

ဒီကိစ္စက ခေါင်းရှုပ်စရာကောင်းပေမယ့် ငါဖြေရှင်းရမယ်... ငါ့လူတွေလဲဘာမှ မသိရဘဲပြန်လာခဲ့ကြသည်... သူတို့နေရာတိုင်းကိုသွားပေမယ့် ဘာသတင်းမှရှာလို့မရဘူး လို့ပြောတယ်... ကြည့်ရတာ ငါထက်ပိုပြီးအကောင်ကြီးတဲ့လူနဲ့ ရင်ဆိုင်နေရပြီထင်တယ်... ဒီအချိန်က ချစ်လှစွာသောအစ်မနဲ့ မမွေးရသေးတဲ့မိသားစုဝင်အသစ်လေးဆီ သွားလည်ဖို့အချိန်ရောက်ပြီလို့ ငါထင်တယ်...

သူမရဲ့အဆောင်ထဲမှာစောင့်နေတုန်း သူမဝင်လာတာကြောင့် ငါဦးညွှတ်ကာ သူမကိုအရိုအသေပေးလိုက်သည်... "မင်းဘာလိုချင်လို့လဲ" သူမက လိုရင်းကို တန်းပြောသည်... မျက်နှာဖုံးနောက်ကွယ်မှာ ငါပြုံးလိုက်ပြီး ကလေးအဝတ်အစားတွေပါတဲ့ ခြင်းတစ်ခြင်းကို သူမဆီလှမ်းပေးလိုက်၏..

"ကျွန်မက မိဖုရားရဲ့ လက်ထပ်ပွဲနဲ့ ကိုယ်ဝန်အတွက် ဂုဏ်ပြုဖို့လာခဲ့တာပါ... ဧကရီကိုပြုစုရင်းအလုပ်များနေတာမလို့ ကျွန်မဂုဏ်ပြုစကားဆိုဖို့ အချိန်မရှိဘူးဖြစ်သွားတယ်" ငါပြောပြီး ထိုင်လိုက်သည်...

သူမက ငါ့ဘေးမှာထိုင်ပြီး အစေခံတွေကတော့ အကွာအဝေးတစ်ခုမှာ ရပ်နေကြ၏... "ဧကရီ့မှာ ဧကရာဇ်ရဲ့ကလေးလွယ်ထားရပြီလို့ ကျွန်မကြားခဲ့တယ်... အဲ့တာက လျှို့ဝှက်ထားတာဆိုပေမဲ့ မိဖုရားလည်း သိသင့်တယ်ထင်လို့ပါ"ငါလိမ်ပြောလိုက်ပေမဲ့ သူမ ယုံသွားက ဒေါသထွက်လာ၏...

"အင်း... ဒီမိဖုရားက ဧကရီအတွက် ဝမ်းသာပါတယ်" သူမပြောလိုက်သည်... "အင်း... ဝမ်ရှု... ကျွန်မ ရှင့်ကိုမေးခွန်းတစ်ခုလောက်မေးလို့ရမလား" ငါလှောင်ပြုံးပြုံးလိုက်၏... သူမက မေးလို့ရကြောင်း ခေါင်းညှိမ့်ပြသဖြင့် ငါဆက်ပြောလိုက်သည်... "ရှင်က တကယ့်'မင်' မဟုတ်ဘူးဆိုတာကို ဧကရာဇ်ရှာတွေ့သွားမှာ မကြောက်ဘူးလား"

သူမငါ့ကိုကြည့်ပြီးနောက် အစေခံတွေအား အပြင်ကိုထွက်သွားခိုင်းလိုက်သည်... "ဒီမိဖုရားကို 'မင်' မဟုတ်ဘူးလို့ စွပ်စွဲရဲတယ်? ရှင်သေချင်နေပြီလား" သူမ ခြိမ်းခြောက်စကားဆိုပေမဲ့ ငါကတော့ ရီရုံသာရီလိုက်သည်...

"ကျွန်မသာ အမှန်တရားကိုထုတ်ပြောလိုက်ရင် သေရမယ့်လူက ရှင်ဖြစ်သွားမှာ" သက်တောင့်သက်သာရှိတဲ့ ထိုင်ခုံပေါ်မှာအညောင်းပြေအောင်ထိုင်ရင်း ငါပြောလိုက်သည်...

"ဧကရာဇ်က ငါ့ကိုချစ်တယ် ပြီးတော့ ငါက သူ့ကလေးကိုလွယ်ထားတာမလို့ ငါ့ကို လုံးဝသတ်မှာမဟုတ်ဘူး" သူမကိုခြောက်လှန့်မယ့် ငါ့ရည်ရွယ်ချက်ကို သူမက လှောင်ရယ်လေ၏...

"အယောင်ဆောင်တွေအားလုံးကို ဧကရာဇ်ဘာလုပ်ခဲ့လဲဆိုတာ မေ့သွားပြီလား... ကိုယ်ဝန်ရှိရှိ မရှိရှိ သူရှင့်ကို သတ်မှာ... အဲ့တာကြောင့် စကားကြီးစကားကျယ်တွေပြောမနေနဲ့တော့" ငါပြောတာမှန်တာကို သူမ သိသွားတော့ စတင်ငိုကြွေးလေတော့သည်...

"ကျေးဇူးပြုပြီး ဧကရာဇ်ကို မပြောပါနဲ့.. ကျွန်မရှင့်ကို ရွှေတွေ ငွေတွေပေးလို့ရပါတယ်... တန်ဖိုးကိုသာသတ်မှတ်လိုက်... ကျွန်မ ရှင့်ကိုပေးမယ်" လွှတ်ကနဲပြောထွက်သွားတဲ့ စကားလုံးတွေကို သူမ သတိမထားမိဘဲ တောင်းပန်နေလေ၏...

"ကျွန်မက လုံလုံလောက်လောက်ကိုချမ်းသာတယ်... တန်ဖိုးအနေနဲ့ ရှင့်ကိုသေစေချင်တယ်ဆိုရင် ကိုယ့်ကိုယ့်ကို သတ်သေမှာလား" ဒူးထောက်နေတဲ့ ဝမ်ရှုနားကို ငါသွားလိုက်သည်.. "မလုပ်ဘူး!!" သူမပြန်ဖြေသည်...

"အဲ့တာကျွန်မဖြစ်ချင်တာပဲ... အခု ကျွန်မမေးတဲ့မေးခွန်းကိုသာဖြေ... ရှင့်လျှို့ဝှက်ချက်ကို ထိန်းထားပေးမယ်" သူမရဲ့မျက်ရည်တွေကို သုတ်ပေးရင်း ငါရင်းနှီးစွာပြောလိုက်သည်...

"ဧကရီကို ဘယ်သူလုပ်ကြံတာလဲ" ငါအဖြေကိုလိုချင်ပေမဲ့ သူမက ပြန်မဖြေခင် တုံ့ဆိုင်းသွား၏... "မသိဘူး"

"ကောင်းပြီ" ငါထကာ တံခါးနားလျှောက်သွားလိုက်သည်..."ရှင်သိတယ်ဆိုတာ ကျွန်မသိတယ်... ဒါပေမဲ့ ကျွန်မရှင့်ကို ပြောဖို့မေ့တော့မလို့... ရှင့်ရဲ့မောင်ဖြစ်တဲ့ ဝမ်ကျင်းက ရှင့်ကို လက်စားပြန်ချေဖို့လာနေပြီ.. ကျွန်မသာ ရှင့်နေရာမှာဆိုရင် ကလေးကိုပဲ ဂရုစိုက်နေမှာ" ထို့နောက် ငါရီမောရင်း အခန်းထဲက ထွက်လာလိုက်သည်...

ငါ အဆောင်ကူး စင်္ကြံလမ်းမှာ လမ်းလျှောက်နေတုန်း ငါ့ဘယ်ဘက်ကနေ မင်းသား ဖုန်းဆွန်က သူ့အစေခံတွေနဲ့အတူလာနေတာကို မြင်လိုက်ရသည်... ပိတ်ထားတဲ့အခန်းတစ်ခုထဲ ငါအမြန်ပြေးဝင်ကာ သူဖြတ်သွားတာကို နားထောင်နေလိုက်၏...

သူဘာလို့ ဝမ်ရှုရဲ့အဆောင်ကို သွားတာလဲ... တံခါးကိုပြန်ဖွင့်ကာ ချုံပုတ်ကြားထဲတွင် သူခိုးတစ်ယောက်လိုပုန်းပြီး ဝမ်ရှုရဲ့ အဆောင်ကို ပြန်သွားလိုက်သည်...

သူမအခန်းဘေးရှိ အခန်းထဲဝင်ပြီး သူတို့စကားဝိုင်းကို နားထောင်လို့ရအောင် ဖန်ခွက်ကို နံရံတွင်ကပ်လိုက်သည်...သူတို့စကားပြောပြီးနောက် ငါ ဖန်ခွက်လွတ်ကျမလို ဖြစ်သွားသေး၏...ထို့နောက် မင်းသားဖုန်းဆွန်ပြန်ထွက်သွားတာကြောင့် ငါလည်း ပြန်ထွက်လာလိုက်သည်...

အိမ်ပြန်လမ်းမှာ ငါကြားခဲ့ရတဲ့ကိစ္စကို တွေးနေတာ မရပ်နိုင်တော့ချေ... ဝမ်ရှု ယုတ်မာတယ်ဆိုတာ ငါသိပေမဲ့ သူမရဲ့ ကောက်ကျစ်မှုက နောက်တစ်ဆင့်ထိရောက်နေလေပြီ... ငါက သူမလျှို့ဝှက်ချက်ကို သိထားတာကြောင့် သူမရဲ့နောက်ထပ်ပစ်မှတ်က ငါဖြစ်လာနိုင်တယ်...

--------------------------------

Chapter-13

ယွမ်ယွမ်လုံခြုံဖို့အတွက် သူမလေးကို ငါ့လူတွေနဲ့အတူ အရှေ့ဘက်နယ်စပ်ကို ပြန်ပို့လိုက်သည်... ငါလေးလအတွင်းပြန်မလာခဲ့ရင် သူမ လုံခြုံဖို့အတွက် ဒီနိုင်ငံနေထွက်သွားရမယ်ဆိုတာ သူမ သိတယ်...

ရက်အနည်းငယ်အတွင်း ဧကရာဇ်ထုံယန်ကလည်း စစ်ပွဲကိုသွားတော့မယ်... ဒါပေမဲ့ ဘာတွေဖြစ်တော့မှာလဲဆိုတာ ငါသူ့ကို သတိပေးရမယ်... သူ့အဆောင်ရောက်တော့ အထဲကိုဝင်ဖို့လုပ်ပေမဲ့ အစောင့်တွေက ငါ့ကိုတားလေသည်...

ဧကရာဇ်က ဘုရင်ခံတွေနဲ့ အရေးကြီးတဲ့အစည်းအဝေးလုပ်နေတာကြောင့် နှောက်ယှက်လို့မရဘူးဟုဆို၏... အထဲကိုဝင်ဖို့ ခဏခဏကြိုးစားတော့ ငါနှင်ထုတ်ခံလိုက်ရလေသည်...

ငါသူ့ကို စစ်ပွဲအကြောင်းသတိပေးရမယ်.... ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ... သူတို့က ငါ့ကို ဧကရာဇ်နား မကပ်စေချင်မှန်း သိသာနေသည်... အစောင့်တွေ နန်းတော်ထဲကနေ ငါ့ကိုနှင်ထုတ်တာ ဒီနေ့ဆို ငါးရက်ရှိပြီ...

ငါ ဧကရီကိုလည်း အဆက်အသွယ်ရဖို့ ကြိုးစားနေပေမဲ့ ဧကရီက ငါနဲ့ဘာမှလုပ်စရာမရှိဘူးဟု အစောင့်တွေကပြောသည်... ငါ့ကိုထွက်သွားဖို့ပြောပြီး နောက်တစ်ခါထပ်လာဖို့ကြိုးစားရင်း ချက်ချင်းသတ်ပစ်မယ်လို့ ခြိမ်းခြောက်၏...

ယွမ်ယွမ်လုံခြုံဖို့အတွက်လည်း ငါ့လူတွေနဲ့အတူ သူမကို အဝေးပို့ပြီးပြီ... ငါတို့အတူရှိနေသင့်တယ်ဆိုပေမဲ့ ငါမလုပ်ခဲ့ချေ.. ညရောက်တဲ့အထိစောင့်ပြီးနောက် ခေါင်မိုးပေါ်ကျော်တက်ဖို့လုပ်လိုက်သည်... မိသွားရင်တော့ ငါတကယ်အသတ်ခံရမှာ...

တစ်ဖက်ကို ကျော်တက်ပြီးနောက် ချုံပုတ်ထဲကနေ တွားသွားကာ ထုံယန်ရဲ့နန်းဆောင်ကို သွားဖို့လုပ်လိုက်သည်... သို့သော် သူ ထွက်သွားလေပြီ... တစ်ခုခုများထပ်သိရမလားဟု ရှာကြည့်လိုက်တော့ ငါသိပြီးသားကိစ္စတွေကလွဲရင် ဘာမှမတွေ့ပေ...

သူ့နန်းဆောင်ကနေမြန်မြန်ပြန်လာပြီး သစ်ပင်ပေါ်တက်က ခေါင်မိုးကနေကျော်ခွပြီး ငါအိမ်ပြန်လာလိုက်တယ်... ရိုးရှင်းတဲ့အဝတ်အစားပြန်လဲလိုက်ပြီး ပုံမှန်တပ်နေကျ မျက်နှာဖုံးမဟုတ်ဘဲ မျက်နှာပါကာလို့ရသည့် ခမောက်အရှည်ဆောင်းလိုက်သည်...

ထို့နောက် ငါ မြင်းနဲ့ မြောက်ဘက်သို့သွားလိုက်၏... ဉာဉ့်နက်နေပြီဆိုပေမဲ့ သူ့ကိုမှီမယ်လို့မျှော်လင့်လျက် ငါဆက်သွားနေသည်...

ငါမြင်းစီးလာတာ နှစ်ရက်လောက်ရှိပြီဖြစ်တာကြောင့် တစ်ခုခုစားသောက်ဖို့ ရပ်လိုက်၏... စိတ်ထဲမှာတော့ နောက်ကျမသွားခင် ထုံယန်ကိုတွေ့ဖို့ ဆုတောင်းနေသည်.... ဒီတစ်လျှောက်လုံး ငါတစ်ရေးမှမအိပ်ရသေးချေ... အမြဲနိုးကြားနေအောင် ကော်ဖီသာသောက်ထားသည်...

ငါဆက်သွားနေရင်း အနည်းငယ်လှမ်းတဲ့နေရာမှာ မီးခိုးတွေကိုမြင်လိုက်တာကြောင့် မြင်းကို မြန်မြန်နှင်လိုက်၏... "မဟုတ်ဘူး! မဟုတ်ဘူး!! မဟုတ်ဘူး! ငါ နောက်မကျနိုင်ဘူး!" ငါဆက်သွားနေရင်း အော်ငိုလိုက်သည်... ထို့နောက် ကမ်းပါးထိပ်မှာရပ်ပြီး စစ်ပွဲဖြစ်နေတဲ့နေရာကို ငုံ့ကြည့်လိုက်၏...

ငါ့ရှေ့တွင် အလောင်းပေါ် အလောင်းဆင့်နေတဲ့ မြင်ကွင်းရှိနေသည်.. သွေးတွေက အစိမ်းရောင်မြက်ခင်းပြင်ပေါ်တွင် ပျံ့ကြဲနေပြီး လင်းတတွေ ကျီးကန်းတွေက သေနေတဲ့ အလောင်းကောင်တွေရဲ့အသားတွေကို စားသောက်နေကြ၏... ငါနောက်ကျသွားပြီ... ဘာတွေဖြစ်လာမလဲဆိုတာ ငါသိပါရက်နဲ့ သူတို့ကိုသေစေခဲ့တယ်...

ဓားချင်းထိခတ်သံတွေက ငါ့အတွေးတွေကို လှုပ်နှိုးလိုက်ပြီး အသံလာရာနေရာဆီ ငါအမြန်သွားလိုက်သည်... ထို့နောက်မှာတော့ ထုံယန်နဲ့ သူ့ရဲ့အမတ်ကြီးတိုက်ခိုက်နေတာကို မြင်လိုက်ရ၏.. ငါမြင်းပေါ်ကဆင်းလာတဲ့အချိန်မှာတော့ ထုံယန် သူ့ကိုသတ်နိုင်သွားသည်...

ငါထုံယန့်နားရောက်သွားချိန် ငါ့အား သူ့ဓားနဲ့ လွှဲခုတ်လိုက်၏... လက်မောင်မှာဒဏ်ရာအနည်းငယ်ရသွားပေမဲ့ ငါရှောင်လိုက်နိုင်သည်... "ကျွန်တော် ကျိရော့ပါ" သူငါ့ကို ဓားနဲ့မထိုးခင် ငါအော်လိုက်၏...

ထုံယန်မှာ ဓားကိုဆုပ်ကိုင်ထားရင်း နောက်တစ်လှမ်းဆုတ်ကာ ငါ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်... "ကျွန်တော်ပါ... ကျိရော့" သွေးထွက်နေတဲ့ ငါ့လက်ကိုဖိထားရင်း သူ့ကိုထပ်ပြောလိုက်၏...

"မင်းဒီမှာဘာလာလုပ်တာလဲ" အလေးအနက်ဖြစ်နေတဲ့အသံနှင့် သူပြောသည်... "ချုံခိုတိုက်ခိုက်မယ့်အကြောင်းကို လာသတိပေးတာ... နန်းတော်ထဲဝင်ပြီး ခင်ဗျားကိုပြောဖို့ကြိုးစားခဲ့ပေမဲ့ ခင်ဗျားရဲ့လူတွေက ကျွန်တော့်ကို ဝင်ခွင့်မပေးဘူး" ငါသူ့နားတိုးသွားရင်း ပြောလိုက်သည်...

"အဲ့ဒါကို မင်းဘယ်လိုသိတာလဲ" သူက တိုက်ခိုက်တော့ပုံစံနှင့် ဓားကိုမြှောက်ကာ ပြောသည်... "ဝမ်ရှုဆီသွားလည်တော့ ဖုန်းဆွန်နဲ့ သူမ ပြောနေတဲ့စကားကို ကျွန်တော်ချောင်းနားထောင်ခဲ့တာ"

ထို့နောက် ထုံယန် အေးစက်စွာရယ်မောလိုက်ပေမဲ့ ဓားကိုတော့ ပစ်ချလိုက်သည်... ငါ သူ့ဆီအပြေးသွားပြီး စစ်ဆေးကြည့်လိုက်တော့ သွေးခုန်နှုန်းဟာ အလွန်အားနည်းနေ၏... သူ့ကို မြင်းပေါ်တင်ပေးတော့မယ့်အချိန်မှာပဲ ငါ အကြံတစ်ခုရလိုက်သည်...

သူ့ရဲ့ ချပ်ဝတ်တန်ဆာတဲ့ အင်္ကျီတွေကို ချွတ်ပစ်လိုက်ပြီး သေနေတဲ့ အလောင်းတစ်ခုဆီဝတ်ပေးကာ မီးရှို့လိုက်၏... သူတို့ရောက်လာပြီး ထုံယန့်ကို ရှာမတွေ့ရင် လိုက်ဖမ်းလိမ့်မယ်.. ဒါပေမဲ့ သူမီးလောင်သွားပြီဆိုရင်တော့ သူတို့ပြန်သွားကြမှာ...

ထုံယန့်ကိုမြင်းပေါ်တင်ကာ ဒီနေရာက ထွက်လာလိုက်သည်... လှိုဏ်ဂူတစ်ခုရှေ့မှာ ရပ်ပြီး မြင်းကို အပြင်ဘက်တွင်ချည်ကာ သူ့ကို အထဲသယ်လိုက်၏... မီးမွှေးပြီးနောက် ငါ့နေရာလွတ်ကနေ စောင်ထုတ်ပြီး သူ့ကို သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးလိုက်သည်...

"ကျွန်တော် ခင်ဗျားကိုထပ်ကယ်ရပြန်ပြီ... ခင်ဗျားကျွန်တော့်ကို အသက်ကြွေးတင်နေပြီနော်... ကံကြမ္မာအရပဲဖြစ်မယ်... ဒါပေမဲ့ သုံးကြိမ်မြောက်ရှိလာအုံးမှာလား" အိပ်ပျော်နေတဲ့ ထုံယန်ကို ငါမေးလိုက်သည်...

"အတူတူပဲ... အဲ့ညက မြစ်ဘေးမှာ တွေ့ခဲ့ရတဲ့ပုံစံနဲ့ အတူတူပဲ.. ခင်ဗျားကျွန်တော့်ကို မမုန်းဘူးလို့တော့မျှော်လင့်ပါတယ်... ခင်ဗျားသိသွားတဲ့နေ့ကျရင်လည်း ကျွန်တော့်ကိုခွင့်လွှတ်ပါ... ကျွန်တော်က မင်ပါ... ခင်ဗျားချစ်ရတဲ့မင်ပါ" ထို့နောက် သူ့ဒဏ်ရာကို သန့်ရှင်းပေးကာ ဆေးထည့်ပေးလိုက်၏...

သူ့ကိုစောင်ခြုံပေးနေရင်း မနက်ရောက်ရင် အားလုံးဝန်ခံရတော့မယ်ဆိုတာ ငါသိလိုက်သည်... ရေနည်းနည်းသောက်ပြီးနောက် လှိုဏ်ဂူနံရံကိုမှီကာ မျက်လုံးတွေမှိတ်လိုက်တော့၏...

**ခင်ဗျားသိခဲ့ရင်**

အိပ်ဟန်ဆောင်နေတဲ့ လူတစ်ယောက်က မျက်လုံးတွေဖွင့်လိုက်ပြီး ကျိရော့အိပ်နေတဲ့နေရာကို ကြည့်လိုက်သည်... သူ့အပေါ်ခြုံထားတဲ့စောင်ကိုဖယ်ကာ အပေါ်ဝတ်ရုံကို ပြန်ဝတ်လိုက်၏...

ကျိရော့နားကို သွားကြည့်လိုက်တော့ လက်မောင်းကဒဏ်ရာကို ဆေးမထည့်ထားတာကြောင့် သူလုပ်ပေးလိုက်သည်... ကျိရော့ မဟုတ်ဘူး မင်လို့ပဲပြောရမလား ဝမ်ကျင်းလို့ပဲပြောရမလား သူ့ရဲ့ မျက်နှာ ဘယ်လိုပုံရှိလဲဆိုတာ မြင်ရဖို့ ခမောက်ကို ဖယ်ပစ်ချင်တယ်...

သူအမြဲတမ်း သိချင်နေခဲ့ပေမဲ့ လက်ကိုပြန်ရုတ်လိုက်သည်... သူ့ဖွင့်ပြောလာမှာကို စောင့်ချင်ပေမဲ့ ဒီလူသား သူ့ရှေ့ကနေထပ်ပြီး ပျောက်ကွယ်သွားမှာစိုးတာကြောင့် နောက်ဆုံးတော့ ခမောက်ကို ဆွဲချွတ်လိုက်၏...

ထို့နောက်မှာတော့ နူးညံ့တဲ့အသွင်အပြင်ရှိတဲ့ မျက်နှာလေးနဲ့ အမျိုးသားငယ်လေးတစ်ယောက်ကို မြင်လိုက်ရလေသည်... မျက်ကွင်းတွေညိုနေပေမဲ့လည်း ထုံယန်ဟာ ဝမ်ကျင်းကို ပြုံးပြီးကြည့်နေဆဲပင်...

"ဒါဆိုရင် မင်းရဲ့နာမည်အရင်းက ဝမ်ကျင်းပေါ့... မင်းက အမျိုးသားတစ်ယောက်ဖြစ်နေရင်တောင် ကိုယ်ချစ်နေတုန်းပါပဲ.. ကိုယ့်အချစ်တွေက အကန့်အသတ်မရှိ ထိန်းချုပ်လို့မရတော့ဘူး... ကိုယ်မင်းကို ဘယ်တော့မှမမုန်းသလို မင်းထိအောင်လည်း လုံးဝမလုပ်ပါဘူး... ဟိုမိန်းမကို မင်းလို့ထင်ခဲ့မိတာ ကိုယ်တော်တော်တုံးတာပဲနော်... မင်း ဘယ်လောက်တောင် ခံစားခဲ့ရလဲဆိုတာ ကိုယ်မသိခဲ့တာကြောင့် ကိုယ်ကသာ မင်းကို တောင်းပန်ရမှာပါ" သူပြောရင်း ဝမ်ကျင်းရဲ့ ဖြူဖျော့နေတဲ့ ပါးလေးကို ပွတ်သပ်လိုက်သည်...

"မစိုးရိမ်ပါနဲ့... ကိုယ့်ရဲ့နောက်ဆုံးထွက်သက်ထိ ကိုယ်မင်းကို ကာကွယ်ပေးမှာပါ.. ပြီးတော့ မင်းကိုယ့်ကိုပြန်ချစ်လာဖို့ ကိုယ်ဆက်စောင့်နေမယ်" ထို့နောက် ဝမ်ကျင်းရဲ့နှုတ်ခမ်းလေးအား နွေး‌ထွေးတဲ့အနမ်းလေးပေးလိုက်၏... သူမျက်လုံးပြန်ဖွင့်လိုက်တော့ ဝမ်ကျင်းဟာ အိပ်ပျော်နေဆဲပင်..







Zawgyi

Chapter-12

ဧကရီ ခြၽန္ရံု ေမ့လဲသြားတဲ့အခ်ိန္ကတည္းက အသက္အႏၲရယ္အတြက္ စိုးရိမ္‌ေနရတာေၾကာင့္ သူမ လံုးဝျပန္ေကာင္းသြားတဲ့အထိ ငါသူမနဲ႔အတူတူေနေပးခဲ့တယ္... သူမအသက္ကို အခ်ိန္မီကယ္ႏိုင္သြားတာ ေတာ္ေသးတယ္...

ငါဧကရာဇ္ကို အဲဒီတုန္းက အေၾကာင္းေတြေျပာျပလိုက္ေတာ့ ဧကရာဇ္က ထြက္ေျပးသြားတဲ့အေစခံမိန္းကေလးကို ဖမ္းၿပီးစစ္ေမးခဲ့ေပမယ့္ ထိုအေစခံက ဝန္မခံခဲ့ေခ်...

ထိုေနာက္မွာေတာ့ ဧကရီကိုအႏၲရယ္ျပဳခဲ့တဲ့အတြက္ ဧကရာဇ္က သူမအားေခါင္းျဖတ္အျပစ္ေပးခဲ့သည္..တခုခုက မသကၤာစရာေကာင္းေနတာေၾကာင့္ ဒီကိစၥကို စံုစမ္းဖို႔ ငါ့လူေတြကို အမိန႔္ေပးလိုက္တယ္... ဧကရာဇ္ရဲ့ကာကြယ္မႈေအာက္မွာ ဧကရီကလုပ္ႀကံခံခဲ့ရ‌ေပမဲ့ တရားခံကို‌ေတာ့ အခုထိမမိေသးေပ...

ဒီကိစၥက ေခါင္းရႈပ္စရာေကာင္းေပမယ့္ ငါေျဖရွင္းရမယ္... ငါ့လူေတြလဲဘာမွ မသိရဘဲျပန္လာခဲ့ၾကသည္... သူတို႔ေနရာတိုင္းကိုသြားေပမယ့္ ဘာသတင္းမွရွာလို႔မရဘူး လို႔ေျပာတယ္... ၾကၫ့္ရတာ ငါထက္ပိုၿပီးအေကာင္ႀကီးတဲ့လူနဲ႔ ရင္ဆိုင္ေနရၿပီထင္တယ္... ဒီအခ်ိန္က ခ်စ္လွစြာေသာအစ္မနဲ႔ မေမြးရေသးတဲ့မိသားစုဝင္အသစ္ေလးဆီ သြားလည္ဖို႔အခ်ိန္ေရာက္ၿပီလို႔ ငါထင္တယ္...

သူမရဲ့အေဆာင္ထဲမွာေစာင့္ေနတုန္း သူမဝင္လာတာေၾကာင့္ ငါဦးၫႊတ္ကာ သူမကိုအရိုအေသေပးလိုက္သည္... "မင္းဘာလိုခ်င္လို႔လဲ" သူမက လိုရင္းကို တန္းေျပာသည္... မ်က္ႏွာဖံုးေနာက္ကြယ္မွာ ငါၿပံဳးလိုက္ၿပီး ကေလးအဝတ္အစားေတြပါတဲ့ ျခင္းတစ္ျခင္းကို သူမဆီလွမ္းေပးလိုက္၏..

"ကြၽန္မက မိဖုရားရဲ့ လက္ထပ္ပြဲနဲ႔ ကိုယ္ဝန္အတြက္ ဂုဏ္ျပဳဖို႔လာခဲ့တာပါ... ဧကရီကိုျပဳစုရင္းအလုပ္မ်ားေနတာမလို႔ ကြၽန္မဂုဏ္ျပဳစကားဆိုဖို႔ အခ်ိန္မရိွဘူးျဖစ္သြားတယ္" ငါေျပာၿပီး ထိုင္လိုက္သည္...

သူမက ငါ့ေဘးမွာထိုင္ၿပီး အေစခံေတြကေတာ့ အကြာအေဝးတစ္ခုမွာ ရပ္ေနၾက၏... "ဧကရီ့မွာ ဧကရာဇ္ရဲ့ကေလးလြယ္ထားရၿပီလို႔ ကြၽန္မၾကားခဲ့တယ္... အဲ့တာက လ်ိႈ႔ဝွက္ထားတာဆိုေပမဲ့ မိဖုရားလည္း သိသင့္တယ္ထင္လို႔ပါ"ငါလိမ္ေျပာလိုက္ေပမဲ့ သူမ ယံုသြားက ေဒါသထြက္လာ၏...

"အင္း... ဒီမိဖုရားက ဧကရီအတြက္ ဝမ္းသာပါတယ္" သူမေျပာလိုက္သည္... "အင္း... ဝမ္ရႈ... ကြၽန္မ ရွင့္ကိုေမးခြန္းတစ္ခုေလာက္ေမးလို႔ရမလား" ငါေလွာင္ၿပံဳးၿပံဳးလိုက္၏... သူမက ေမးလို႔ရေၾကာင္း ေခါင္းၫွိမ့္ျပသျဖင့္ ငါဆက္ေျပာလိုက္သည္... "ရွင္က တကယ့္'မင္' မဟုတ္ဘူးဆိုတာကို ဧကရာဇ္ရွာေတြ့သြားမွာ မေၾကာက္ဘူးလား"

သူမငါ့ကိုၾကၫ့္ၿပီးေနာက္ အေစခံေတြအား အျပင္ကိုထြက္သြားခိုင္းလိုက္သည္... "ဒီမိဖုရားကို 'မင္' မဟုတ္ဘူးလို႔ စြပ္စြဲရဲတယ္? ရွင္ေသခ်င္ေနၿပီလား" သူမ ၿခိမ္းေျခာက္စကားဆိုေပမဲ့ ငါကေတာ့ ရီရံုသာရီလိုက္သည္...

"ကြၽန္မသာ အမွန္တရားကိုထုတ္ေျပာလိုက္ရင္ ေသရမယ့္လူက ရွင္ျဖစ္သြားမွာ" သက္ေတာင့္သက္သာရိွတဲ့ ထိုင္ခံုေပၚမွာအေညာင္းေျပေအာင္ထိုင္ရင္း ငါေျပာလိုက္သည္...

"ဧကရာဇ္က ငါ့ကိုခ်စ္တယ္ ၿပီးေတာ့ ငါက သူ႔ကေလးကိုလြယ္ထားတာမလို႔ ငါ့ကို လံုးဝသတ္မွာမဟုတ္ဘူး" သူမကိုေျခာက္လွန႔္မယ့္ ငါ့ရည္ရြယ္ခ်က္ကို သူမက ေလွာင္ရယ္ေလ၏...

"အေယာင္ေဆာင္ေတြအားလံုးကို ဧကရာဇ္ဘာလုပ္ခဲ့လဲဆိုတာ ေမ့သြားၿပီလား... ကိုယ္ဝန္ရိွရိွ မရိွရိွ သူရွင့္ကို သတ္မွာ... အဲ့တာေၾကာင့္ စကားႀကီးစကားက်ယ္ေတြေျပာမေနနဲ႔ေတာ့" ငါေျပာတာမွန္တာကို သူမ သိသြားေတာ့ စတင္ငိုေႂကြးေလေတာ့သည္...

"ေက်းဇူးျပဳျပီး ဧကရာဇ္ကို မေျပာပါနဲ႔.. ကြၽန္မရွင့္ကို ေရႊေတြ ေငြေတြေပးလို႔ရပါတယ္... တန္ဖိုးကိုသာသတ္မွတ္လိုက္... ကြၽန္မ ရွင့္ကိုေပးမယ္" လႊတ္ကနဲေျပာထြက္သြားတဲ့ စကားလံုးေတြကို သူမ သတိမထားမိဘဲ ေတာင္းပန္ေနေလ၏...

"ကြၽန္မက လံုလံုေလာက္ေလာက္ကိုခ်မ္းသာတယ္... တန္ဖိုးအေနနဲ႔ ရွင့္ကိုေသေစခ်င္တယ္ဆိုရင္ ကိုယ့္ကိုယ့္ကို သတ္ေသမွာလား" ဒူးေထာက္ေနတဲ့ ဝမ္ရႈနားကို ငါသြားလိုက္သည္.. "မလုပ္ဘူး!!" သူမျပန္ေျဖသည္...

"အဲ့တာကြၽန္မျဖစ္ခ်င္တာပဲ... အခု ကြၽန္မေမးတဲ့ေမးခြန္းကိုသာေျဖ... ရွင့္လ်ိႈ႔ဝွက္ခ်က္ကို ထိန္းထားေပးမယ္" သူမရဲ့မ်က္ရည္ေတြကို သုတ္ေပးရင္း ငါရင္းႏွီးစြာေျပာလိုက္သည္...

"ဧကရီကို ဘယ္သူလုပ္ႀကံတာလဲ" ငါအေျဖကိုလိုခ်င္ေပမဲ့ သူမက ျပန္မေျဖခင္ တံု႔ဆိုင္းသြား၏... "မသိဘူး"

"ေကာင္းၿပီ" ငါထကာ တံခါးနားေလ်ွာက္သြားလိုက္သည္..."ရွင္သိတယ္ဆိုတာ ကြၽန္မသိတယ္... ဒါေပမဲ့ ကြၽန္မရွင့္ကို ေျပာဖို႔ေမ့ေတာ့မလို႔... ရွင့္ရဲ့ေမာင္ျဖစ္တဲ့ ဝမ္က်င္းက ရွင့္ကို လက္စားျပန္ေခ်ဖို႔လာေနၿပီ.. ကြၽန္မသာ ရွင့္ေနရာမွာဆိုရင္ ကေလးကိုပဲ ဂရုစိုက္ေနမွာ" ထို႔ေနာက္ ငါရီေမာရင္း အခန္းထဲက ထြက္လာလိုက္သည္...

ငါ အေဆာင္ကူး စႄကၤံလမ္းမွာ လမ္းေလ်ွာက္ေနတုန္း ငါ့ဘယ္ဘက္ကေန မင္းသား ဖုန္းဆြန္က သူ႔အေစခံေတြနဲ႔အတူလာေနတာကို ျမင္လိုက္ရသည္... ပိတ္ထားတဲ့အခန္းတစ္ခုထဲ ငါအျမန္ေျပးဝင္ကာ သူျဖတ္သြားတာကို နားေထာင္ေနလိုက္၏...

သူဘာလို႔ ဝမ္ရႈရဲ့အေဆာင္ကို သြားတာလဲ... တံခါးကိုျပန္ဖြင့္ကာ ခ်ံဳပုတ္ၾကားထဲတြင္ သူခိုးတစ္ေယာက္လိုပုန္းၿပီး ဝမ္ရႈရဲ့ အေဆာင္ကို ျပန္သြားလိုက္သည္...

သူမအခန္းေဘးရိွ အခန္းထဲဝင္ၿပီး သူတို႔စကားဝိုင္းကို နားေထာင္လို႔ရေအာင္ ဖန္ခြက္ကို နံရံတြင္ကပ္လိုက္သည္...သူတို႔စကားေျပာၿပီးေနာက္ ငါ ဖန္ခြက္လြတ္က်မလို ျဖစ္သြားေသး၏...ထို႔ေနာက္ မင္းသားဖုန္းဆြန္ျပန္ထြက္သြားတာေၾကာင့္ ငါလည္း ျပန္ထြက္လာလိုက္သည္...

အိမ္ျပန္လမ္းမွာ ငါၾကားခဲ့ရတဲ့ကိစၥကို ေတြးေနတာ မရပ္ႏိုင္ေတာ့ေခ်... ဝမ္ရႈ ယုတ္မာတယ္ဆိုတာ ငါသိေပမဲ့ သူမရဲ့ ေကာက္က်စ္မႈက ေနာက္တစ္ဆင့္ထိေရာက္ေနေလၿပီ... ငါက သူမလ်ိႈ႔ဝွက္ခ်က္ကို သိထားတာေၾကာင့္ သူမရဲ့ေနာက္ထပ္ပစ္မွတ္က ငါျဖစ္လာႏိုင္တယ္...

--------------------------------

Chapter-13

ယြမ္ယြမ္လံုၿခံဳဖို႔အတြက္ သူမေလးကို ငါ့လူေတြနဲ႔အတူ အေရ႔ွဘက္နယ္စပ္ကို ျပန္ပို႔လိုက္သည္... ငါေလးလအတြင္းျပန္မလာခဲ့ရင္ သူမ လံုၿခံဳဖို႔အတြက္ ဒီႏိုင္ငံေနထြက္သြားရမယ္ဆိုတာ သူမ သိတယ္...

ရက္အနည္းငယ္အတြင္း ဧကရာဇ္ထံုယန္ကလည္း စစ္ပြဲကိုသြားေတာ့မယ္... ဒါေပမဲ့ ဘာေတျြဖစ္ေတာ့မွာလဲဆိုတာ ငါသူ႔ကို သတိေပးရမယ္... သူ႔အေဆာင္ေရာက္ေတာ့ အထဲကိုဝင္ဖို႔လုပ္ေပမဲ့ အေစာင့္ေတြက ငါ့ကိုတားေလသည္...

ဧကရာဇ္က ဘုရင္ခံေတြနဲ႔ အေရးႀကီးတဲ့အစည္းအေဝးလုပ္ေနတာေၾကာင့္ ေနွာက္ယွက္လို႔မရဘူးဟုဆို၏... အထဲကိုဝင္ဖို႔ ခဏခဏႀကိဳးစားေတာ့ ငါႏွင္ထုတ္ခံလိုက္ရေလသည္...

ငါသူ႔ကို စစ္ပြဲအေၾကာင္းသတိေပးရမယ္.... ဒါေပမဲ့ ဘယ္လိုလုပ္ရမလဲ... သူတို႔က ငါ့ကို ဧကရာဇ္နား မကပ္ေစခ်င္မွန္း သိသာေနသည္... အေစာင့္ေတြ နန္းေတာ္ထဲကေန ငါ့ကိုႏွင္ထုတ္တာ ဒီေန့ဆို ငါးရက္ရိွၿပီ...

ငါ ဧကရီကိုလည္း အဆက္အသြယ္ရဖို႔ ႀကိဳးစားေနေပမဲ့ ဧကရီက ငါနဲ႔ဘာမွလုပ္စရာမရိွဘူးဟု အေစာင့္ေတြကေျပာသည္... ငါ့ကိုထြက္သြားဖို႔ေျပာၿပီး ေနာက္တစ္ခါထပ္လာဖို႔ႀကိဳးစားရင္း ခ်က္ခ်င္းသတ္ပစ္မယ္လို႔ ၿခိမ္းေျခာက္၏...

ယြမ္ယြမ္လံုၿခံဳဖို႔အတြက္လည္း ငါ့လူေတြနဲ႔အတူ သူမကို အေဝးပို႔ၿပီးၿပီ... ငါတို႔အတူရိွေနသင့္တယ္ဆိုေပမဲ့ ငါမလုပ္ခဲ့ေခ်.. ညေရာက္တဲ့အထိေစာင့္ၿပီးေနာက္ ေခါင္မိုးေပၚေက်ာ္တက္ဖို႔လုပ္လိုက္သည္... မိသြားရင္ေတာ့ ငါတကယ္အသတ္ခံရမွာ...

တစ္ဖက္ကို ေက်ာ္တက္ၿပီးေနာက္ ခ်ံဳပုတ္ထဲကေန တြားသြားကာ ထံုယန္ရဲ့နန္းေဆာင္ကို သြားဖို႔လုပ္လိုက္သည္... သို႔ေသာ္ သူ ထြက္သြားေလၿပီ... တစ္ခုခုမ်ားထပ္သိရမလားဟု ရွာၾကၫ့္လိုက္ေတာ့ ငါသိၿပီးသားကိစၥေတြကလြဲရင္ ဘာမွမေတြ့ေပ...

သူ႔နန္းေဆာင္ကေနျမန္ျမန္ျပန္လာၿပီး သစ္ပင္ေပၚတက္က ေခါင္မိုးကေနေက်ာ္ခြၿပီး ငါအိမ္ျပန္လာလိုက္တယ္... ရိုးရွင္းတဲ့အဝတ္အစားျပန္လဲလိုက္ၿပီး ပံုမွန္တပ္ေနက် မ်က္ႏွာဖံုးမဟုတ္ဘဲ မ်က္ႏွာပါကာလို႔ရသၫ့္ ခေမာက္အရွည္ေဆာင္းလိုက္သည္...

ထို႔ေနာက္ ငါ ျမင္းနဲ႔ ေျမာက္ဘက္သို႔သြားလိုက္၏... ဉာၪ့္နက္ေနၿပီဆိုေပမဲ့ သူ႔ကိုမွီမယ္လို႔ေမ်ွာ္လင့္လ်က္ ငါဆက္သြားေနသည္...

ငါျမင္းစီးလာတာ ႏွစ္ရက္ေလာက္ရိွၿပီျဖစ္တာေၾကာင့္ တစ္ခုခုစားေသာက္ဖို႔ ရပ္လိုက္၏... စိတ္ထဲမွာေတာ့ ေနာက္က်မသြားခင္ ထံုယန္ကိုေတြ့ဖို႔ ဆုေတာင္းေနသည္.... ဒီတစ္ေလ်ွာက္လံုး ငါတစ္ေရးမွမအိပ္ရေသးေခ်... အၿမဲႏိုးၾကားေနေအာင္ ေကာ္ဖီသာေသာက္ထားသည္...

ငါဆက္သြားေနရင္း အနည္းငယ္လွမ္းတဲ့ေနရာမွာ မီးခိုးေတြကိုျမင္လိုက္တာေၾကာင့္ ျမင္းကို ျမန္ျမန္ႏွင္လိုက္၏... "မဟုတ္ဘူး! မဟုတ္ဘူး!! မဟုတ္ဘူး! ငါ ေနာက္မက်ႏိုင္ဘူး!" ငါဆက္သြားေနရင္း ေအာ္ငိုလိုက္သည္... ထို႔ေနာက္ ကမ္းပါးထိပ္မွာရပ္ၿပီး စစ္ပြဲျဖစ္ေနတဲ့ေနရာကို ငံု႔ၾကၫ့္လိုက္၏...

ငါ့ေရ႔ွတြင္ အေလာင္းေပၚ အေလာင္းဆင့္ေနတဲ့ ျမင္ကြင္းရိွေနသည္.. ေသြးေတြက အစိမ္းေရာင္ျမက္ခင္းျပင္ေပၚတြင္ ပ်ံ့ႀကဲေနၿပီး လင္းတေတြ က်ီးကန္းေတြက ေသေနတဲ့ အေလာင္းေကာင္ေတြရဲ့အသားေတြကို စားေသာက္ေနၾက၏... ငါေနာက္က်သြားၿပီ... ဘာေတျြဖစ္လာမလဲဆိုတာ ငါသိပါရက္နဲ႔ သူတို႔ကိုေသေစခဲ့တယ္...

ဓားခ်င္းထိခတ္သံေတြက ငါ့အေတြးေတြကို လႈပ္ႏိႈးလိုက္ၿပီး အသံလာရာေနရာဆီ ငါအျမန္သြားလိုက္သည္... ထို႔ေနာက္မွာေတာ့ ထံုယန္နဲ႔ သူ႔ရဲ့အမတ္ႀကီးတိုက္ခိုက္ေနတာကို ျမင္လိုက္ရ၏.. ငါျမင္းေပၚကဆင္းလာတဲ့အခ်ိန္မွာေတာ့ ထံုယန္ သူ႔ကိုသတ္ႏိုင္သြားသည္...

ငါထံုယန႔္နားေရာက္သြားခ်ိန္ ငါ့အား သူ႔ဓားနဲ႔ လႊဲခုတ္လိုက္၏... လက္ေမာင္မွာဒဏ္ရာအနည္းငယ္ရသြားေပမဲ့ ငါေရွာင္လိုက္ႏိုင္သည္... "ကြၽန္ေတာ္ က်ိေရာ့ပါ" သူငါ့ကို ဓားနဲ႔မထိုးခင္ ငါေအာ္လိုက္၏...

ထံုယန္မွာ ဓားကိုဆုပ္ကိုင္ထားရင္း ေနာက္တစ္လွမ္းဆုတ္ကာ ငါ့လႈပ္ရွားမႈတိုင္းကို ေစာင့္ၾကၫ့္ေနသည္... "ကြၽန္ေတာ္ပါ... က်ိေရာ့" ေသြးထြက္ေနတဲ့ ငါ့လက္ကိုဖိထားရင္း သူ႔ကိုထပ္ေျပာလိုက္၏...

"မင္းဒီမွာဘာလာလုပ္တာလဲ" အေလးအနက္ျဖစ္ေနတဲ့အသံႏွင့္ သူေျပာသည္... "ခ်ံဳခိုတိုက္ခိုက္မယ့္အေၾကာင္းကို လာသတိေပးတာ... နန္းေတာ္ထဲဝင္ၿပီး ခင္ဗ်ားကိုေျပာဖို႔ႀကိဳးစားခဲ့ေပမဲ့ ခင္ဗ်ားရဲ့လူေတြက ကြၽန္ေတာ့္ကို ဝင္ခြင့္မေပးဘူး" ငါသူ႔နားတိုးသြားရင္း ေျပာလိုက္သည္...

"အဲ့ဒါကို မင္းဘယ္လိုသိတာလဲ" သူက တိုက္ခိုက္ေတာ့ပံုစံႏွင့္ ဓားကိုေျမႇာက္ကာ ေျပာသည္... "ဝမ္ရႈဆီသြားလည္ေတာ့ ဖုန္းဆြန္နဲ႔ သူမ ေျပာေနတဲ့စကားကို ကြၽန္ေတာ္ေခ်ာင္းနားေထာင္ခဲ့တာ"

ထို႔ေနာက္ ထံုယန္ ေအးစက္စြာရယ္ေမာလိုက္ေပမဲ့ ဓားကိုေတာ့ ပစ္ခ်လိုက္သည္... ငါ သူ႔ဆီအေျပးသြားၿပီး စစ္ေဆးၾကၫ့္လိုက္ေတာ့ ေသြးခုန္ႏႈန္းဟာ အလြန္အားနည္းေန၏... သူ႔ကို ျမင္းေပၚတင္ေပးေတာ့မယ့္အခ်ိန္မွာပဲ ငါ အႀကံတစ္ခုရလိုက္သည္...

သူ႔ရဲ့ ခ်ပ္ဝတ္တန္ဆာတဲ့ အက်ႌေတြကို ခြၽတ္ပစ္လိုက္ၿပီး ေသေနတဲ့ အေလာင္းတစ္ခုဆီဝတ္ေပးကာ မီးရိႈ႔လိုက္၏... သူတို႔ေရာက္လာၿပီး ထံုယန႔္ကို ရွာမေတြ့ရင္ လိုက္ဖမ္းလိမ့္မယ္.. ဒါေပမဲ့ သူမီးေလာင္သြားၿပီဆိုရင္ေတာ့ သူတို႔ျပန္သြားၾကမွာ...

ထံုယန႔္ကိုျမင္းေပၚတင္ကာ ဒီေနရာက ထြက္လာလိုက္သည္... လိႈဏ္ဂူတစ္ခုေရ႔ွမွာ ရပ္ၿပီး ျမင္းကို အျပင္ဘက္တြင္ခ်ည္ကာ သူ႔ကို အထဲသယ္လိုက္၏... မီးေမႊးၿပီးေနာက္ ငါ့ေနရာလြတ္ကေန ေစာင္ထုတ္ၿပီး သူ႔ကို သက္ေတာင့္သက္သာျဖစ္ေအာင္ လုပ္ေပးလိုက္သည္...

"ကြၽန္ေတာ္ ခင္ဗ်ားကိုထပ္ကယ္ရျပန္ၿပီ... ခင္ဗ်ားကြၽန္ေတာ့္ကို အသက္ေႂကြးတင္ေနၿပီေနာ္... ကံၾကမၼာအရပဲျဖစ္မယ္... ဒါေပမဲ့ သံုးႀကိမ္ေျမာက္ရိွလာအံုးမွာလား" အိပ္ေပ်ာ္ေနတဲ့ ထံုယန္ကို ငါေမးလိုက္သည္...

"အတူတူပဲ... အဲ့ညက ျမစ္ေဘးမွာ ေတြ့ခဲ့ရတဲ့ပံုစံနဲ႔ အတူတူပဲ.. ခင္ဗ်ားကြၽန္ေတာ့္ကို မမုန္းဘူးလို႔ေတာ့ေမ်ွာ္လင့္ပါတယ္... ခင္ဗ်ားသိသြားတဲ့ေန့က်ရင္လည္း ကြၽန္ေတာ့္ကိုခြင့္လႊတ္ပါ... ကြၽန္ေတာ္က မင္ပါ... ခင္ဗ်ားခ်စ္ရတဲ့မင္ပါ" ထို႔ေနာက္ သူ႔ဒဏ္ရာကို သန႔္ရွင္းေပးကာ ေဆးထၫ့္ေပးလိုက္၏...

သူ႔ကိုေစာင္ၿခံဳေပးေနရင္း မနက္ေရာက္ရင္ အားလံုးဝန္ခံရေတာ့မယ္ဆိုတာ ငါသိလိုက္သည္... ေရနည္းနည္းေသာက္ၿပီးေနာက္ လိႈဏ္ဂူနံရံကိုမွီကာ မ်က္လံုးေတြမိွတ္လိုက္ေတာ့၏...

**ခင္ဗ်ားသိခဲ့ရင္**

အိပ္ဟန္ေဆာင္ေနတဲ့ လူတစ္ေယာက္က မ်က္လံုးေတြဖြင့္လိုက္ၿပီး က်ိေရာ့အိပ္ေနတဲ့ေနရာကို ၾကၫ့္လိုက္သည္... သူ႔အေပၚၿခံဳထားတဲ့ေစာင္ကိုဖယ္ကာ အေပၚဝတ္ရံုကို ျပန္ဝတ္လိုက္၏...

က်ိေရာ့နားကို သြားၾကၫ့္လိုက္ေတာ့ လက္ေမာင္းကဒဏ္ရာကို ေဆးမထၫ့္ထားတာေၾကာင့္ သူလုပ္ေပးလိုက္သည္... က်ိေရာ့ မဟုတ္ဘူး မင္လို႔ပဲေျပာရမလား ဝမ္က်င္းလို႔ပဲေျပာရမလား သူ႔ရဲ့ မ်က္ႏွာ ဘယ္လိုပံုရိွလဲဆိုတာ ျမင္ရဖို႔ ခေမာက္ကို ဖယ္ပစ္ခ်င္တယ္...

သူအၿမဲတမ္း သိခ်င္ေနခဲ့ေပမဲ့ လက္ကိုျပန္ရုတ္လိုက္သည္... သူ႔ဖြင့္ေျပာလာမွာကို ေစာင့္ခ်င္ေပမဲ့ ဒီလူသား သူ႔ေရ႔ွကေနထပ္ၿပီး ေပ်ာက္ကြယ္သြားမွာစိုးတာေၾကာင့္ ေနာက္ဆံုးေတာ့ ခေမာက္ကို ဆြဲခြၽတ္လိုက္၏...

ထို႔ေနာက္မွာေတာ့ ႏူးညံ့တဲ့အသြင္အျပင္ရိွတဲ့ မ်က္ႏွာေလးနဲ႔ အမ်ိဳးသားငယ္ေလးတစ္ေယာက္ကို ျမင္လိုက္ရေလသည္... မ်က္ကြင္းေတြညိုေနေပမဲ့လည္း ထံုယန္ဟာ ဝမ္က်င္းကို ၿပံဳးၿပီးၾကၫ့္ေနဆဲပင္...

"ဒါဆိုရင္ မင္းရဲ့နာမည္အရင္းက ဝမ္က်င္းေပါ့... မင္းက အမ်ိဳးသားတစ္ေယာက္ျဖစ္ေနရင္ေတာင္ ကိုယ္ခ်စ္ေနတုန္းပါပဲ.. ကိုယ့္အခ်စ္ေတြက အကန႔္အသတ္မရိွ ထိန္းခ်ဳပ္လို႔မရေတာ့ဘူး... ကိုယ္မင္းကို ဘယ္ေတာ့မွမမုန္းသလို မင္းထိေအာင္လည္း လံုးဝမလုပ္ပါဘူး... ဟိုမိန္းမကို မင္းလို႔ထင္ခဲ့မိတာ ကိုယ္ေတာ္ေတာ္တံုးတာပဲေနာ္... မင္း ဘယ္ေလာက္ေတာင္ ခံစားခဲ့ရလဲဆိုတာ ကိုယ္မသိခဲ့တာေၾကာင့္ ကိုယ္ကသာ မင္းကို ေတာင္းပန္ရမွာပါ" သူေျပာရင္း ဝမ္က်င္းရဲ့ ျဖဴေဖ်ာ့ေနတဲ့ ပါးေလးကို ပြတ္သပ္လိုက္သည္...

"မစိုးရိမ္ပါနဲ႔... ကိုယ့္ရဲ့ေနာက္ဆံုးထြက္သက္ထိ ကိုယ္မင္းကို ကာကြယ္ေပးမွာပါ.. ၿပီးေတာ့ မင္းကိုယ့္ကိုျပန္ခ်စ္လာဖို႔ ကိုယ္ဆက္ေစာင့္ေနမယ္" ထို႔ေနာက္ ဝမ္က်င္းရဲ့ႏႈတ္ခမ္းေလးအား ေနြး‌ေထြးတဲ့အနမ္းေလးေပးလိုက္၏... သူမ်က္လံုးျပန္ဖြင့္လိုက္ေတာ့ ဝမ္က်င္းဟာ အိပ္ေပ်ာ္ေနဆဲပင္..

Continue Reading

You'll Also Like

111K 11.9K 62
စစ်ဟွိုင်ရှီး သည် နောက်ဆုံးသောနေ့ရက်များတွင် ဖုတ်ကောင်များကို တိုက်ခိုက်ရန် ငြီးငွေ့နေသောကြောင့် သူဖတ်ရန် ဝတ္ထုတစ်ပုဒ်ကို ကောက်ယူခဲ့သည်။ ဤဝတ္ထုကို "I...
10.7K 1.5K 22
သူက အရမ်း ချွဲလွန်းတယ် ပိုင်ချန် book 2ပါရှင့်
119K 4.5K 33
Warnings: DISCONTINUED I'M SORRY Major character death Angst (now has unexpected crack) probably very slow updates you will get the big sad hopefully...
40.3K 945 12
You, a girl who is socially awkward, undeniably introverted and a bit shy. Meets a guy who's explosive, aggressive personality and straightforwardnes...