ကျုပ်အပိုင်{ Complete✓ }
By DayMaharMyat
229K 8.3K 614
ဒီ ficလေးကိုကြိုတောင်းပန်ချင်တာက စိတ်လွတ်ကိုယ်လွတ်ရေးသားထားတာမို့တောင်းပန်ပါတယ် အဆင်မပြေဘူးလို့ထင်ရင် လုံးဝမဖ... More
Intro
1❗
2.
3❗
4.
Hey! Hi My Readers
5❗
6.
7
8.❗
9.❗
10.
12.
13.❗
14.
15.
16.{ final }
Extra.1
Extra - 2❗
Extra-3 End
Present For My Panda ♡.
11.
7.1K 370 35
By DayMaharMyat
Uni
" ရှောင်းကျန့် "
" ပြော ကျန်းချန် "
" မင်းအဖေကိုချစ်လား "
" အင်း "
" မင်းအမေကိုကော "
" အင်း "
" မင်းအဘွားကိုကော "
" အင်း "
" မင်းအဘိုးကိုကော "
" အင်း "
" ရိပေါ်ကောကိုကော "
" ဟင့်အင်း "
" မေငုံးကောင် မင်းအမသွားပြော မင်းမုန်းတာသေတောင်မယုံဘူး "
" ဟ "
ရှောင်းကျန့်အစကတည်းကကျန်းချန်ဘာကိုပြောချင်လဲရိပ်မိပါသည်။သူ့အားလူလည်လုပ်လို့ရမည်ဟုထင်နေသည့် ကျန်းချန်သည် သူ့အကြောင်းမသိတာလည်းမဟုတ်။ရှောင်းကျန့်ကျန်းချန်အားပြုံးကာကြည့်လိုက်ပြီးခေါင်းခါလိုက်သည်။သူမသိတော့ပါ။တကယ်တော့ရိပေါ်ကိုသူတကယ်အရမ်းမုန်းနေခဲ့ပါသည်။သို့သော် အခုနောက်ပိုင်း မောင်လို့ခေါ်ယုံနဲ့ သူ့စကားကိုအလိုလိုနာခံမိနေခဲ့သည်။ခနခနပွေ့ချီမိသည်။လူပေါင်းသောင်းချီရှိပါလျက်နဲ့ ထိုသူတစ်ယောက်ထဲကိုပဲသူမြင်တော့သည်။
အင်း ခင်ဗျားနားက ခပ်ကွာကွာနေမှဖြစ်မယ်ထင်တယ် ခင်ဗျားရဲ့မောင်ဆိုတဲ့ခေါ်သံကဆွဲငင်အားများလွန်းနေတယ်....
ရိပေါ်တစ်ယောက်နိုးလာသည်နှင့်ရှောင်းကျန့်အားရှာမိသည်။
" ရှောင်းကျန့် "
ရှောင်းကျန့်နာမည်အားခေါ်၍ ရှောင်းကျန့်ဆီသို့လျှောက်သွားလိုက်သည်။ ပြီးသည်နှင့် ကျန်ချန်အား တွေ့သည်မို့ ရယ်ပြကာနှုတ်ဆက်လိုက်သည်။ ရှောင်းကျန့်မျက်ခုံးအစုံဟာစုကျုံ့သွားခဲ့သည်။ရိပေါ်အားပြန်ရယ်ပြ၍ ရှောင်းကျန့်အားကြည့်လိုက်တော့ အလိုမကြစွာ ရိပေါ်အားကြည့်နေသည်မို့ မျက်နှာအားမဲ့လိုက်မိသည်။
မုန်းတဲ့ကောင်ကလဲ ငယ်သူငယ်ချင်းနဲ့တောင်တိုနေတယ် ဒင်းကအကုန်တိုမယ့်ကောင်....
ရှောင်းကျန့်မတိုသည့်နေရာရှိသည်ကိုတော့ ဝမ်ရိပေါ်မှလွဲမည်သူသိမည်နည်း။အရပ်ကိုပြောခြင်းသာဖြစ်သည်။
" ဝမ်ရိပေါ် ခင်ဗျားဒီရောက်တိုင်းအိပ်တယ်နော် "
" ငါအိပ်တာမကြိုက်လို့လား ငါနောက်ဆိုမအိပ်တော့ပါဘူး "
" နောက်ဆိုနိုးရင်ကျုပ်ကိုအရင်ကြည့် အရင်ရယ်ပြ "
" ဟင် "
" ကျုပ်ပြောတဲ့ထဲ ခင်ဗျားနားမလည်နိုင်တဲ့စကားပါသွားသလား ဝမ်ရိပေါ် "
" ကိုကိုလို့ခေါ်ပြီးပြောရင် ငါမောင်ပြောတာအကုန်နားထောင်မယ် "
" ကျစ်! ခင်ဗျားကျုပ်အလိုလိုက်နေတာနဲ့အထွန့်တက်မလာနဲ့ဝမ်ရိပေါ် ခင်ဗျားအဆင့်ကိုကျုပ်ပြပေးရမလား ဟမ်!"
" အင်း ငါနားလည်မှုလွဲသွားတယ်ရှောင်းကျန့် "
ရိပေါ်တကယ်လည်းအခေါ်ခံရဖို့မမျှော်လင့်ထားပါ။ဒီတိုင်းကြားချင်စိတ်ဖြစ်ပေါ်လာသည်မို့ ပြောလိုက်သည်ကို အခုလိုရှောင်းကျန့်ပြောလာလေတော့ တကယ်ကိုဝမ်းနည်းမိသည်။ကိုယ်နဲ့လက်ထက်ထားသည့် လင်ယောက်ျားစီမှ နာမည်အရင်းပဲကြားနေရတာကို တကယ်ကိုမနှစ်သက်သည်မို့ ခေါ်ခိုင်းလိုက်မိသော်လည်း ကြားရသည့်စကားတွေသည် အလွန်ကိုပြင်းထန်လွန်းလှသည်။
" မျက်နှာကိုမော့ထားဝမ်ရိပေါ် "
" ... "
" ခင်ဗျားကို ဘယ်ကောင့်ရှေ့မှခေါင်းမငုံ့နိုင်အောင်ကျုပ်ထားတာ ကျုပ်ရှေ့တောင်ခေါင်းမငုံ့နဲ့ ဝမ်ရိပေါ် ခင်ဗျားကြားလား! "
" ရှောင်းကျန့်တော်တော့လေ မင်းဟာက ဟိုမှာ ဝမ်းနည်းနေတာကိုစွတ်အော်နေတယ် "
ရှောင်းကျန့် သက်ပြင်းရှည်ကြီးအားချလိုက်ပြီး ထရပ်ကာ ရိပေါ်နားသွားရပ်လိုက်သည်။ပြီးသည်နှင့်မော့မလာသေးသည့်ခေါင်းကြောင့် မေးဖျားမှအသာကိုင်ကာ အပေါ်သို့မော့စေလိုက်သည်။နှုတ်ခမ်းများကိုက်ကာ အသံမထွက်အောင်အံကြိတ်ငိုနေသည်မို့ မေးဖျားလေးသည်တုန်တုန်ယင်ယင်ဖြစ်နေသည်ကိုလည်းခံစားမိပါသည်။
" နှုတ်ခမ်းမကိုက်နဲ့ နာလိမ့်မယ် မျက်ရည်မကျနဲ့ဝမ်ရိပေါ် ကျုပ်နဲ့လုပ်တဲ့အချိန်ကလွဲရင် ကျန်တဲ့ချိန်မျက်ရည်မကျနဲ့ ကျုပ်ကိုကျုပ်အပြစ်သားလိုခံစားမိအောင်မလုပ်နဲ့ ဝမ်ရိပေါ် "
ရှောင်းကျန့်ရိပေါ်အား ပွေ့ဖက်ကာ ပြောမိလေတော့ အငိုမတိတ်တော့ပဲ ဖြစ်နေသည်မို့ ရှောင်းကျန့်ပြုံးလိုက်မိသည်။
" ခင်ဗျားကလေးလားဝမ်ရိပေါ် "
" ငါ ငါကကြားချင်လို့ကို မောင် အင့် ဟင့် မောင်ကဆူတယ် အော်လည်း အင့် အော်တယ် ငါအဆင့်နိမ့်တာ အင့်သိတာမို့ ခန ခနမပြောပါနဲ့ အင့် အင့် "
" အင်းကျုပ်မှားပါတယ် နောက်ဆိုမအော်မိအောင်နေမယ် ခင်ဗျားကကျုပ်ကိုပဲကြည့်ဝမ်ရိပေါ် "
" အင့် ဟုတ် "
" လိမ်မာတယ် ချိုချဉ်ဝယ်ကျွေးမယ် "
" ငါစတော်ဘယ်ရီစားချင်တာ အင့် "
" အင်း အခုမှာပေးမယ် တိတ်တော့ "
" ဟုတ် "
ရှိုက်သံလေးများနှင့် စားချင်သည်အား တောင်းဆိုလေပြန်တော့ ကျန်းချန်အားသွားဝယ်ရန် ရှောင်းကျန့်မှာရပြန်လေသည်။အခုထိအံ့ဩနေသည်ကကျန်းချန်ပင်ဖြစ်သည်။ခုနတင် မျက်နှာများရဲကာဒေါသထွက်နေသူသည် အခုတော့ဖြင့် ရိပေါ်အား ချော့ကာပွေ့ဖက်ထားသည့်အပြင် တင်ပါးလေးအားပုတ်ပေးနေသေးသည်။
အရင်သူသိသည့ရှောင်းကျန့်မှဟုတ်ရဲ့လားဟုတွေးမိသည်။
အရင်ရှောင်းကျန့်သည် ဒေါသထွက်နေလျှင် သူ့ရှေ့မည်သူရှိနေပါစေ တစ်ခုခုနှင့်ကောက်ပါလျှင်ပေါက် မဟုတ်လျှင်တောင် သူတစ်ယောက်တည်းနေပြီး ကျန်လူများအားနှင်ထုတ်တတ်သည်။ ရှောင်းကျန့်သည်ချက်ချင်းဒေါသပြေသူတစ်ယောက်မဟုတ်လို ချော့တတ်သည်ကလည်းသူ့ပုံစံလုံးဝဟုတ်မနေပါ။ရှောင်းကျန့်သည် ဖခင်အရင်းခေါက်ခေါက်ကသူ့အားစိတ်တိုလျှင်တောင် ဘာစကားမှမပြောပဲရှောင်နေတတ်သည်။သူမှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ရှောင်းကျန့်သမိုင်းတွင် အလျော့ပေးသည်ဟူ၍မရှိခဲ့ပါ။သို့သော်ယခုတော့ ရှောင်းကျန့်မဟုတ်သခိုပင်ဖြစ်နေသည်။
ဘာလဲ ခုန ဒင်းသေ‌ချာပေါက်ဒေါသထွက်နေတာ တကယ် ငါအဲ့လိုမြင်လိုက်တာပါ...
" ဟျောင့် ကျန်းချန်! "
" ဟမ် ဟေ ဟေ "
" ငုပ်တုတ်သေသွားတာလား စတော်ဘယ်ရီမှာလိုက် လတ်ဆက်တာလိုချင်တယ်လို့ပါပြော "
" အော် အေး အေး "
ကျန်းချန်တစ်ယောက် အူကြောင်ကြောင်လေးဖြင့် ပြေးမှာရလေသည်။ရိပေါ်ကတော့အခုထိရှုိက်သံလေးများထွက်နေဆဲပင်ဖြစ်သည်။ရှောင်းကျန့်တစ်ယောက်သက်ပြင်းတစ်ချက်ချလိုက်သည်နှင့် ရင်ခွင်ထဲမှ ခေါင်းလုံးလေးသည် မော့လာကာ သူ၏ပါးစပ်အားလှမ်းနမ်းလိုက်သည်မို့ ရှောင်းကျန့်ကြောင်အသွားရသည်။
" နောက်ဆို  သက်ပြင်းမချနဲ့ အသက်တိုတတ်တယ်  "
လုပ်ချင်ရာလုပ် ပြောချင်ရာပြောပြီးသည်နှင့် ရှောင်းကျန့်အားဖတ်ကာ ရင်ခွင်ထဲတိုးဝင်လာပြန်သည်။ရှောင်းကျန့် လူယုတ်မာပြုံးကြီးအား ရိပေါ်မသိအောင်ခိုးပြုံးလိုက်သည်။ပြီးသည်နှင့် ချောင်းတစ်ချက်ဟန့်ကာ...
" သက်ပြင်းချချင်လာပြန်ပြီ ဘယ်လိုလုပ်မလဲ "
မွ
ရိပေါ်သည် သက်ပြင်းချချင်သည်တစ်ခါပြောတိုင်း ရှောင်းကျန့်နှုတ်ခမ်းအားလှမ်းနမ်းပေးသည်။ကြာလာသည်နှင့်အမျှ ရိပေါ်သည်ဆူပုတ်ပုတ်လေးဖြစ်လာလေသည်။ရိပေါ်အားကယ်လိုက်သည်ကတော့ ကျန်းချန်ပင်ဖြစ်သည်။စတော်ဘယ်ရီဘူးလေးအား ချပေးပြီး ပြုံးပြလိုက်သော်လည်း မျက်လုံးစိမ်းများဖြင့်ကြည့်လာသော ရှောင်းကျန့်ကြောင့် ကျန်းချန် ကြက်သည်းများပင်ထသွားရသည်။အခြေအနေမကောင်းသည်မို့ ကျန်းချန်အပြင်သို့ မြန်မြန်ထွက်လာလိုက်သည်။
" စတော်ဘယ်ရီစားတော့မယ် "
" ကျုပ်လည်းစားမယ် "
" အွန်း ငါနည်းနည်းကျွေးမယ် "
" အာ စတော်ဘယ်ရီကဘယ်လိုဝါးရတာလဲ "
" အမ် "
" ဝါးနည်းမသိတော့ဘူး "
ရိပေါ်သည် စားပွဲပေါ်တင်ထားသော စတော်ဘယ်ရီဘူးလေးအားသွားယူသော်လည်း နောက်မှဖက်ကာပြောလာသည်က မဖြစ်နိုင်သောစကားမို့ ရိပေါ်ပင်ကြောင်သွားရသည်။ဝါးနည်းမေ့သည့်လူဟူ၍ သူ့တစ်သက်နဲ့တစ်ကိုယ်တစ်ခါမျှပင်မတွေ့ဘူးပါ။ထို့ကြောင့် ရိပေါ် မျက်နှာအားမဲ့၍ စိတ်ထဲမှာလည်း ရှောင်းကျန့်အား အနည်းငယ်ဆဲလိုက်မိသည်။
လူဆိုးကောင် နမ်းချင်ရင်နမ်းချင်တယ်မပြောဘူး တကယ်ပဲ ဘာမှန်းမသိဘူး...
" ဝါးခွံ့ "
" အမ် "
" ခင်ဗျားဝါးခွံ့ စတော်ဘယ်ရီကိုဆေးစရာရေလည််းမရှိဘူး အဲ့တာကြောင့်ဝါးခွံ့ခိုင်းတာ ရေမဆေးပဲမစားတတ်လို့ "
ရှောင်းကျန့်သည် ဘေးရှိရေသန့်ဘူးအား မသိမသာအမှိုက်ပုံးထဲပစ်လိုက်၍ပြောလေသည်။ ရိပေါ်သိသော်လည်း မသိချင်ယောင်ဆောင်လိုက်ပါသည်။
" အာ ငါသွားတိုက်လိုက်အုံးမယ် "
" ရတယ် မရွံတတ်ဘူး "
" ဒါပေမဲ့ အွန့် "
ဆက်ပြောမယ့်ရိပေါ်စကားအားနားမထောင်ပဲ စတော်ဘယ်ရီတစ်လုံးအား ရိ‌ပေါ်ပါးစပ်ထဲထည့်၍ သူပါရိပေါ်ပါးစပ်ထဲရှိ စတော်ဘယ်ရီသီးအားလှမ်းဆုပ်လိုက်သည်။ကျွမ်းကျင်သောစားသောက်မှုများတွင် စတော်ဘယ်ရီသီးလေးသည် အရည်ပျော်သွားရသည်။
" အဲ့လိုခွံ့ခိုင်းတာ မဆိုးဘူး ပိုချိုတယ် ချိုတယ်မလား "
" ... "
" ချိုပါတယ် လာဒီတစ်ခါ ကျုပ်ပါးစပ်ထဲကနေစား "
" ဟင် ရေမဆေးပဲမစားတတ်ဘူးဆို "
" ခင်ဗျားရူးနေတာလား မှာထားတာ လတ်လတ်ဆတ်ဆတ်လေ ရေကဟိုကဆေးပေးပြီးသား ဒီမယ်အပေါ်ကအစိမ်းလေးတေတောင်မပါဘူးနွှာထားပြီးသား "
" ဘာ! အဲ့ဆို "
" ခင်ဗျားစကားကိုများတယ် "
" အွန့် "
ရှောင်းကျန့်ဟာစတော်ဘယ်ရီသီးများအား တစ်ခါပြီးတစ်ခါထည့်ကာ ရိပေါ်နှင့်အတူတူစားသောက်လေတော့သည်။ company ခန်းသည် စတော်ဘယ်ရီအရသာအနမ်းလေးများနှင့် တစ်ပြွတ်စ်ပြွတ်စ်မည်သံလေးများဖြင့် လှပနေလေသည်။အပြင်ဘက်ရှိကျန်းချန်သည် လက်မှတ်ထိုးခိုင်းရန်လာသော်လည်း အသံများကြောင့် တံခါးအားပြန်ပိတ်ကာ သူ့နေရာသူပြန်သွားထိုင်လေသည်။ကံတရားကြီးကလုံးဝကိုမကောင်းပါ။သူ့လိုလူပျိုကြီးသည် ဒင်းတို့ချစ်ကြည်နူးနေချိန်တိုင်း မြင်ရကြားရနေသည်မို့ တကယ်ကိုအဆင်ပြေမနေပါ။
နောက်တစ်ခါအဲ့လိုတေမမြင်ပါရစေနဲ့ဘုရား တပည့်တော်ကျန်းချန်ကို သနားပါဘုရား...
#Day
တကယ်တော့ဒီနေ့အနားယူမို့ပါ ကျွန်တော့် ပန်ဒါလေးတွေကျွန်တော့်ကြောင့်နဲ့စောင့်နေရမဆိူးလို့လာတင်တာပါဗျာ ပေါ့သွားရင်လည်းစိတ်မဆိုးပါနဲ့ ဖတ်ရှုပေးတဲ့တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ဗျ
Thank For Your Vote & Ment ♡.
Zawgyi
" ရှောင်းကျန့် "
" ပြော ကျန်းချန် "
" မင်းအဖေကိုချစ်လား "
" အင်း "
" မင်းအမေကိုကော "
" အင်း "
" မင်းအဘွားကိုကော "
" အင်း "
" မင်းအဘိုးကိုကော "
" အင်း "
" ရိပေါ်ကောကိုကော "
" ဟင့်အင်း "
" ဟ "
" ရှောင်းကျန့် "
" ဟင် "
" ... "
" အင့် ဟုတ် "
" ဟုတ် "
" ဟျောင့် ကျန်းချန်! "
" ဟမ် ဟေ ဟေ "
" အော် အေး အေး "
မွ
" ကျုပ်လည်းစားမယ် "
" အမ် "
" ဝါးနည်းမသိတော့ဘူး "
" ဝါးခွံ့ "
" အမ် "
" ခင်ဗျားဝါးခွံ့ စတော်ဘယ်ရီကိုဆေးစရာရေလည်းမရှိဘူး အဲ့တာကြောင့်ဝါးခွံ့ခိုင်းတာ ရေမဆေးပဲမစားတတ်လို့ "
" ရတယ် မရွံတတ်ဘူး "
" ဒါပေမဲ့ အွန့် "
" ... "
" ဘာ! အဲ့ဆို "
" အွန့် "
#Day
တကယ်တော့ဒီနေ့အနားယူမို့ပါ ကျွန်တော့် ပန်ဒါလေးတွေကျွန်တော့်ကြောင့်နဲ့စောင့်နေရမဆိုးလို့လာတင်တာပါဗျာ ပေါ့သွားရင်လည်းစိတ်မဆိုးပါနဲ့ ဖတ်ရှုပေးတဲ့တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ဗျ
Continue Reading
You'll Also Like
114K 2.2K 25
> How did straw hats crew appear in y/n l/n world? > will Luffy like the "new" world. > There will be no pirate era. > Does luffy want to go back to...
865K 40.2K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
4K 145 43
ကလေးကိုယ့်ဆီက ထွက်သွားရင် ကိုယ့်သေမှာ
274K 12.9K 40
In wich a one night stand turns out to be a lot more than that.