ကျုပ်အပိုင်{ Complete✓ }
By DayMaharMyat
229K 8.3K 614
ဒီ ficလေးကိုကြိုတောင်းပန်ချင်တာက စိတ်လွတ်ကိုယ်လွတ်ရေးသားထားတာမို့တောင်းပန်ပါတယ် အဆင်မပြေဘူးလို့ထင်ရင် လုံးဝမဖ... More
Intro
1❗
2.
3❗
4.
Hey! Hi My Readers
5❗
6.
7
8.❗
9.❗
11.
12.
13.❗
14.
15.
16.{ final }
Extra.1
Extra - 2❗
Extra-3 End
Present For My Panda ♡.
10.
7.9K 373 51
By DayMaharMyat
Uni
" ကျစ်! ဆန်ပြုတ်ခွက်မေ့လာတယ် မင်းမမလဥပဲ "
" မောင် "
ရှောင်းကျန့်တစ်ယောက် ပြာပြာသလဲတက်လာသည်မို့ ဆန်ပြုတ်ခွက်အားမေ့ကျန်နေခဲ့သည်။ပြန်လှည့်ယူရန်ပြင်သော်လည်း မောင်ဟူသည့်ခေါ်သံကြောင့်ချောင်းဟမ့်ကာပြန်လှည့်လာလိုက်ပြီး ရိပေါ်နားလာထိုင်လေသည်။
" သက်သာလား ကျုပ်ညကကြမ်းမိသွားတယ် "
" ငါသက်သာပါတယ် အာ မင်းcompanyမသွားဘူးလား "
" သွားမှာ ကျုပ်ကခင်ဗျားအတွက်နဲ့အလုပ်နားမယ်ထင်နေတာလား "
" အာ အင်းပါ ဟို ငါဒီနေ့လိုက်ခဲ့ပါ့မယ် "
" အင်း လိုက်ခဲ့ ကျုပ်ဆန်ပြုတ်ယူပေးမယ် "
" ဟုတ် "
" အလွယ်တကူ ကျုပ်ကယူပေးမယ်လို့ ခင်ဗျားထင်နေလား ယူခပေး "
" ဟင် "
ရှောင်းကျန့်ဘာပြောသည်ကိုနားမလည်သည်မို့ ရှောင်းကျန့်အားကြောင်စီစီလေးဖြင့်ကြည့်လိုက်သည်နှင့် ရှောင်းကျန့်ကသူ့နှုတ်ခမ်းအားဆူပြလာသည်မို့ ရိပေါ်သဘောကျစွာဖြင့်အသံများထွက်အောင်ရယ်မိသွားသည်။ရိပေါ်ရယ်နေသည်အားငေးနေပြီး သူဘာလုပ်မိသည်ပါမေ့လျော့နေသည့်ရှောင်းကျန့်သည် သူပါအလိုလိုလိုက်ပြုံးမိသည်။
" မင်းကအဲ့လိုလေးကျချစ်စရာလေး သိလား ဟီး "
" အင်း အဲ့တာဆိုနမ်း "
" အမ် "
" နမ်းလေ ချစ်ဖို့ကောင်းနေရင်ဆုချရတယ်လေ "
" အာ အွန့် "
အာဟူသည့်အာမေဋိတ်သံလေးအဆုံးရှောင်းကျန့်ဟာ သူ၏ဆာလောင်မှုအားဖြေသိမ့်လေသည်။အပေါ်နှုတ်ခမ်းကို ဝဝလျှင်လျှင်စားသုံးပြီးသည်နှင့်အောက်နှုတ်ခမ်းအားထွေးငုံထားသည်။ငုံထားသည့်အပြင် လျှာဖြင့်လျက်လိုက်သည်မို့ ရိပေါ်မှာဆပ်ကနဲ မတ်မတ်လေးဖြစ်သွားရသည်။ပြီးသည်နှင့်နှုတ်ခမ်းတစ်ခုလုံးအားစားသုံးလေသည်။အသက်ရှုရန်လိုအပ်သည့်အချိန်မှ ရှောင်းကျန့်ဟာလွှတ်ပေးလေသည်။
" ချိုတယ် ကျုပ်ကြိုက်တယ် ဆန်ပြုတ်သွားယူပေးမယ် "
" ဟုတ် "
ရှောင်းကျန့်ဆန်ပြုတ်သွားယူသည်နှင့်ရိပေါ်သူ့ရင်ဘတ်အားဖိလိုက်သည်။အခုနောက်ပိုင်းအရင်နှင့်မတူစွာ ရှောင်းကျန့်နမ်းရှိုက်လာတိုင်း ရင်ကအထူးအဆန်း ခုန်လာတတ်သည်မှာ ပေါက်ထွက်မတတ်ပင်ဖြစ်နေသည်။ရှောင်းကျန့်ကိုတကယ်ပဲချစ်မိသွားသည်ထင်သည်။သူချစ်မိဖို့မသင့်တဲ့သူထဲတွင်ရှောင်းကျန့်လည်းပါသည်။ရှောင်းကျန့်ကသူ့အားမုန်းနေသည်မို့ သူရှောင်းကျန့်အားချစ်မိလျှင်ရလာမည့်အကျိုးဆက်သည်ကောင်းနိုင်မည်မဟုတ်ပေ။အကယ်၍ သူရှောင်းကျန့်ကိုချစ်ခဲ့မယ်ဆိုရင်တောင်ထုတ်ပြောဖို့စိတ်ကူးမရှိပါ။
" ဝမ်ရိပေါ် ကျုပ်ခေါ်နေတယ်လေ နားကန်းနေတာလား ထ "
" အာ အင်း အင်း "
ရိပေါ်တစ်ယောက်အတွေးလွန်နေတုန်း ရှောင်းကျန့်ခေါ်သံအားမကြားလိုက်သည်ကို ရှောင်းကျန့်ကတော့ ဘယ်သူ့အကြောင်းတွေးနေသည်မှန်းမသိတာကြောင့်စိတ်တိုနေလေသည်။သူ့သူငယ်ချင်းက ဟိုတည်တွင်သာသွားနေမည်ဟုပြောသောသူ့သူငယ်ချင်းအကြောင်းများလားဟုတွေးမိသည်နှင့်ဒေါသကထောင်းခနဲ။သို့သော်သူရိပေါ်အား သူ့သူငယ်ချင်းဟိုတည်တွင်သာနေမည်ဟုမပြောရသေးသည်အားသူအမှတ်ရလိုက်၍ သက်ပြင်းချလိုက်မိသည်။
" ခင်ဗျားသူငယ်ချင်းဟိုတည်မှာနေမယ်တဲ့ ကျုပ်နှင်ထုတ်တာမဟုတ်ဘူး သူ့သူသွားတာ ကျုပ်နဲ့ဘာမှမဆိုင်ဘူး အထင်မလွဲနဲ့ "
" အာ ငါမင်းကိုအထင်မလွဲပါဘူး "
" ခင်ဗျားအထင်လွဲလဲကျုပ်ကဂရုမစိုက်ဘူး ကုန်အောင်သောက် Company နောက်ကျနေပြီ "
" အာ အွန်း "
ရှောင်းကျန့်တစ်စွန်းချင်း‌ခပ်သောက်နေသည့်သူအားကြည့်ကာ စိတ်မရှည်တော့သည်မို့ အနားရှိခုံအားဆွဲယူကာ ကုတင်ဘေးတွင်ထိုင်လိုက်သည်။ပြီးသည်နှင့်ရိပေါ်ထံမှပန်းကန်အားယူကာ ရိပေါ်အားတိုက်ရန်ပြင်လိုက်သည်။
" ငါ့ငါသောက်မယ် ရတယ် "
" ပါးစပ်ပိတ်ထား ခင်ဗျားကိုတိုက်ချင်လွန်းလို့ထင်နေလား ကျုပ်အလုပ်နောက်ကျမဆိုးလို့ "
ရိပေါ်ငြိမ်သွားတော့သည်။ရှောင်းကျန့်စကားတိုင်းအား အခုနောက်ပိုင်းနာခံတတ်လာသည့်သူ့ကိုယ်သူလည်းအားမရပါ။ရှောင်းကျန့်သည် ရိပေါ်အားအလုပ်နောက်ကျမည်ပြောသော်လည်း သူအလုပ်မသွားသည့်ရက်တိုင်းကျန်းချန်၏ဖုန်းသံအားလျစ်လျူရှုထားတတ်သည်။ဟိုရောက်ရင်သေချာပေါက်အော်ဆဲမည့်ကျန်းချန်အားကြိုတွေးမိနေသည်။အလုပ်ကနောက်ကျနေပါပြီ။အစကတည်းကအလုပ်နောက်ကျနေသည်ကို ရိပေါ်သောက်တာနှေး၍နောက်ကျသည်ဟုထင်နေရှာသည့်သူသည် အလုပ်တောင်မသွားဘူးပြင်ထားသည့်အပြင် အရွဲ့တိုက်ချင်၍သွားမည်ဖြစ်သွားသည်ကိုတော့ သူကိုယ်တိုင်ပင်သိပါလိမ့်မည်။
>>>>
" ကျုပ်ပွေ့မယ် "
" အာရပါတယ် "
" ငြိမ်ငြိမ်နေ ပွေ့နေကြဖြစ်နေပြီ "
ရိပေါ်အားကောက်ပွေ့လိုက်ပြီး ကားပေါ်သို့တင်ပေးလိုက်သည် ခါးပတ်အားသေချာပတ်ပေးကာ ကားမောင်းသူနေရာသို့သွားထိုင်လိုက်သည်။အချိန်အတော်ကြာမောင်းနှင်ပြီးသည်နှင့် Company သို့ရောက်လာခဲ့သည်။ရိပေါ်မဆင်းခင် အမြန်ဆင်း၍ ရိပေါ်အားသွားပွေ့ပြန်သည်။
ရှောင်းကျန့်သည်ရိပေါ်အား လမ်းမလျှောက်တတ်သည့်ကလေးဟုထင်နေသလားမှတ်ရသည်။ထို့အပြင် company နှစ်ခါရောက်သည့်တိုင် နှစ်ခါလုံးသည် ရိပေါ်အားပွေ့လျက်ဝင်လာခြင်းဖြစ်သည်။ရှောင်းကျန့်အခန်းတွင်းရောက်သည်နှင့်ဆိုဖာပေါ်တွင်ထိုင်နေသော ကျန်းချန်နှင့် ဧည့်သည်ဖြစ်ပုံရသည့်အမျိုးသမီးတို့ကြောင့် ရိပေါ်အား မွေ့ယာပေါ်သို့ အရင်သွားတင်လိုက်သည်။ပြီးသည်နှင့် သူ့အလုပ်ခုံတွင်ဝင်ထိုင်ကာ ထိုအမျိုးသမီးအား ရှေ့ရှိခုံသို့ထိုင်စေလိုက်သည်။
" ပြောလို့ရပြီ "
" Lusiက LY Company ပိုင်ရှင်ရဲ့သမီးပါ ရှယ်ယာကိစ္စနဲ့ပတ်သတ်ပြီး Lusiတို့ကုမ္ပဏီမှာသာ ရှယ်ယာဝင်နိုင်မယ်ဆို Lusiတို့ဘက်ကအရမ်းကိုဝမ်းသာမိမှာပါ "
ရင်သားမပေါ်တပေါ်ထိဖော်ထားသည့်အဝတ်အစားများအပြင် ပေါင်တိုလေးနှင့်ထိုမိန်းကလေးသည် ယောက်ျားတိုင်းအမြင်တွင်ဆွဲဆောင်မှုအားကောင်းလွန်းသည်မှုအမှန်ပင်ဖြစ်သည်။ထူထပ်သည့်နှုတ်ခမ်းနှင့် ပန်းရောင်ခြယ်ထားသည့်ပါးမို့မို့လေးနှင့်ထိုအမျိုးသမီးသည်အမှန်တကယ်ကိုလှပါသည်။ရိပေါ်ရှောင်းကျန့်နှင့်စကားပြောနေသော ထိုမိန်းကလေးတို့အားသေချာကြည့်နေမိသည်။အမှန်တိုင်းပြောရလျှင်ထိုမိန်းကလေးနှင့်ရှောင်းကျန့်အားရိပေါ်တကယ်သဝန်တိုမိပါသည်။
မဆီမဆိုင်ရှောင်းကျန့်နားကပ်သွား၍ ဘေးနားကပ်ကာ ရှောင်းကျန့်အား ဖိုင်တစ်ခုကိုကပ်ပြနေသည့်အပြင် လက်များသည်လည်းရှောင်းကျန့်အင်္ကျီပေါ်ရောက်လာသည်မို့ ရိပေါ်နှုတ်ခမ်းများဆူပုတ်သွားရသည်။ရိပေါ်ဒေါသများထွက်လာ၍ ခန္ဓာကိုယ်သည်လည်းတဆက်ဆက်တုန်လာလေသည်။
အလုပ်လုပ်တာအဲ့လောက်ကပ်စရာလိုလား နှာဘူးမ ငါ့ယောက်ျားကို ငါတောင်မကိုင်တာကို ဂါး...
ဒေါသထွက်လိုက်တာ တကယ်ပါပဲ....
ရိပေါ်စိတ်ထဲတွင်သာပြောနေမိသည်။အပြင်တွင်တော့သူ၏မျက်နှာသည် လုံးဝကိုမသာမယာဖြစ်လာသည့်အပြင် နှုတ်ခမ်းများအားကိုက်ထားမိသည်။ဝမ်ရိပေါ်သည်လည်းစိတ်တိုလျှင်လုံးဝမရသည့်လူမျိုးထဲတွင်ပါပါသည်။
ရှောင်းကျန့် သူနှင့်အရမ်းကပ်နေသည့်အမျိုးသမီးကြောင့် ရိပေါ်အားလှမ်းကြည့်လိုက်တော့ နှုတ်ခမ်းများကိုက်ထား၍ ဒေါသထွက်နေပုံပေါ်သည်မို့ ရှောင်းကျန့် မတ်တပ်ထရပ်လိုက်မိသည်။
" မပူးပေါင်းတော့ဘူး "
" Mr.Xiao အခွင့်အလမ်းတွေအများကြီးရှိတာမို့သေချာစဉ်းစားပါအုံး "
" ကျစ်! မင်းကိုလူလိုပြောနေတယ်မလား သွားတော့ "
" ကောင်းပြီလေ Mr.Xiaoကအဆင်မပြေရင်တော့ခွင့်ပြုပါအုံး "
ရှောင်းကျန့် ထိုအမျိုးသမီးထွက်သွားသည်နှင့် ချောင်းဟန့်ကာ ဘောင်းဘီအိတ်ကပ်နှစ်ဖက်ထဲသို့ တစ်ဖက်စီလက်ထည့်၍ စတိုင်ကျကျရိပေါ်နားလျှောက်သွားလိုက်သည်။ဟိုဘက်လှည့်သွားသည့် ရိပေါ်ကြောင့် ရှောင်းကျန့်ဟိုဘက်လိုက်ရပ်လေသည်။ရှောင်းကျန့်ရပ်သည့်ဘက်မလှည့်ဘဲ တစ်ဘက်ဘဲလှည့်နေသူကြောင့် ရှောင်းကျန့်မတ်တပ်ရပ်‌နေသည့် ကျန်းချန်းအားကြည့်ကာ မေးငေါ့ပြလိုက်တော့ သကောင့်သားကပုခုံးတွန့်ပြသည်။သူလည်းမသိဘူးပေါ့။
" အား!!! ဝမ်ရိပေါ်ကယ်ပါအုံး "
" ဟင်ရှောင်းကျန့်ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ "
" ကျုပ်xီးကြီးမရှိတော့ဘူး "
" ဘာရယ်! "
" ခင်ဗျားဖင်ထဲဝင်သွားပြီ "
" ရှောင်ရှောင်းကျန့်! "
" ဒီသောက်ကောင်ကတော့ "
ကျန်းချန်တစ်ယောက် ထအော်သည့်ရှောင်းကျန့်ကြောင့်လန့်သွားသော်လည်း ထပ်ပြောလာသည့်စကားများကြောင့် ဆဲဆိုကာအပြင်သို့ထွက်သွားလေတော့သည်။
" မင်းမရှက်ဘူးလား "
" ခင်ဗျားမှကျုပ်ကိုမကြည့်တာ "
" အဲ့လိုမကြည့်တာနဲ့ ပရမ်းပတာပြောစရာလား "
" ကျုပ်ပြောချင်လို့ပြောတာ "
" ငါမင်းကိုဒီလောက်ပြောနေတာကိုမင်းနားမထောင်ဘူးမောင် မင်းတကယ်ပဲ မင်းအတွင်းရေးမှုးပဲရှိလို့တော်သေးတယ် ပြီးတော့ငါကြိုပြောထားမယ် မင်းနားကိုခုနလိုလာကပ်ရင် တန်းဖယ် သူတို့နဲ့အဲ့လိုပူးကပ်နေတာငါတကယ်မကြိုက်ဘူးနော် မောင် "
" နောက်မလုပ်တော့ဘူး "
" ‌ငါယုံရမှာလား မောင် "
" ခင်ဗျားယောက်ျားကျုပ်က အပြည့်အဝယုံ "
" ပြီးရော နောက်ဆိုအဲ့လိုတေမပြောနဲ့ လူတေရှေ့ ငါ ငါသဝန်တိုတယ်မောင် မင်းဟာကိုလူတေရှေ့မပြောနဲ့ မိန်းကလေးတေနားလည်းမကပ်ပါနဲ့ "
" အင်း ကျုပ်မကပ်တော့ဘူး "
" ဟီး "
" ဝမ်ရိပေါ် "
" ဟင် "
" ဘာမှမဟုတ်တော့ဘူး "
ရှောင်းကျန့်အကြောင်းအရာတစ်ခုအားသေချာချင်နေသည်ာသို့သော်မဟုတ်လောက်ပါဘူးဆိုသည့်အတွေးကြောင့်သူပြောမည့်စကားများအားမပြောတော့ခြင်းသာဖြစ်သည်။နူးညံ့သောစကားအားရှောင်းကျန့်မပြောတတ်သလို နူးညံ့သောအပြုအမူများလည်း ရှောင်းကျန့်မလုပ်တတ်ခဲ့ပေ။သို့သော် သူအရမ်းမုန်းသည့်ထိုလူ့ကိုတော့ နူးညံ့ပေးမိသည်။မောင်ဟုခေါ်သည်နှင့် လောကကြီးတစ်ခုလုံးတွင် ထိုလူသားကိုသာမြင်တတ်တော့သည်။ထိုအခြင်းအရာများဟာ ဘာကြောင့်ဟူ၍ သူတကယ်ကိုနားမလည်တော့ပေ။
ရှောင်းကျန့် ရိပေါ်နားကထွက်လာ၍ လုပ်ရမည့်အလုပ်များကိုသာဆက်လုပ်နေလိုက်သည်။ပြောချင်တာပြောပြီး အိပ်နေသူကတော့ရိပေါ်ပေဖြစ်သည်။ရှောင်းကျန့်အလုပ်လုပ်နေရင်း ရိပေါ်အားစောင်သွားခြုံပေးရန်လည်းမမေ့လျော့ခဲ့ပါ။အရမ်းကိုပင်ပန်းလျှင်လည်း ရှောင်းကျန့်သည် ရိပေါ်နားသွားကာ ရိပေါ်၏နှုတ်ခမ်းလေးအားအနမ်းခြွေတတ်သေးသည်။တစ်ခုတည်းသော သူအမောပြေရာ၊အေးချမ်းသည့်နေရာလေးသည် အရမ်းမုန်းသည်ဟုသူကြွေးကြော်တတ်သည့် ထိုလူသားနှင့်အနီးဆုံးနေရာလေးဖြစ်နေလေသည်။
ချစ်မိသွားတာလား...
ဖြစ်နိုင်လို့လား.....
'မုန်းတယ်'ဆိုသည့်စကားသည်
'ချစ်တယ်'ဆိုသည့်စကားထက်
ပို၍လေးနက်နေလေသလား...?
#Day
Thank For Your Vote & Ment ♡.
19.3.2023
Zawgyi
" မောင် "
" ဟုတ် "
" ဟင် "
" အင်း အဲ့တာဆိုနမ်း "
" အမ် "
" အာ အွန့် "
" ဟုတ် "
" အာ အင်း အင်း "
" အာ အွန်း "
" ငါ့ငါသောက်မယ် ရတယ် "
>>>>
" ကျုပ်ပွေ့မယ် "
" အာရပါတယ် "
" ပြောလို့ရပြီ "
" မပူးပေါင်းတော့ဘူး "
" ဘာရယ်! "
" ရှောင်ရှောင်းကျန့်! "
" ဒီသောက်ကောင်ကတော့ "
" မင်းမရှက်ဘူးလား "
" နောက်မလုပ်တော့ဘူး "
" ‌ငါယုံရမှာလား မောင် "
" ဟီး "
" ဝမ်ရိပေါ် "
" ဟင် "
" ဘာမှမဟုတ်တော့ဘူး "
ချစ်မိသွားတာလား...
ဖြစ်နိုင်လို့လား.....
ပို၍လေးနက်နေလေသလား...?
#Day
19.3.2023
Continue Reading
You'll Also Like
2.8K 80 11
Rose is an 18 year old girl who is just finishing high school. Barely passing her classes, she didn't get accepted into college. She has been abused...
114K 2.2K 25
> How did straw hats crew appear in y/n l/n world? > will Luffy like the "new" world. > There will be no pirate era. > Does luffy want to go back to...
573K 12.8K 40
In wich a one night stand turns out to be a lot more than that.
1.1M 44.3K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...