ရန်ယွီရှန့်လော့ (ဘာသာပြန်)

By Meng_L

78.5K 10.7K 526

Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title... More

မိတ်ဆက်
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄
၂၅
၂၆
၂၇
၂၈ ပ
၂၈ ဒု
၂၉
၃၀ ပ
၃၀ ဒု
၃၁
၃၃
၃၄
၃၅
၃၆ ပ
၃၆ ဒု
၃၇ ပ
၃၇ ဒု
၃၈
၃၉
၄၀
၄၁
၄၂
၄၃
၄၄
၄၅ ပ
၄၅ ဒု
၄၅ တ
၄၆
အတွဲ(၂) ကိုယ်ပျောက်နောက်ယောင်ခံလိုက်သူ ဇာတ်သိမ်း
၄၇
၄၈
၄၉
၅၀
၅၁ ပ
၅၁ ဒု
၅၂
၅၃ ပ
၅၃ ဒု
၅၄
၅၅
၅၆ ပ
၅၆ ဒု
၅၇
၅၈
၅၉ ပ
၅၉ ဒု
၆၀ ပ
၆၀ ဒု
၆၁
အတွဲ(၃) နာမကျန်းဆေးရုံ ဇာတ်သိမ်း
၆၂
၆၃

၃၂

820 178 5
By Meng_L

人鱼陷落
REN YU XIAN LUO


UNICODE


လန်ပေါမှာ အတော်လေးပင်ပန်းသွားခဲ့ရ၍ တစ်လမ်းလုံးပဲပိုင်ချူနျန်၏ပေါင်ပေါ်၌သာ အိပ်လိုက်လာခဲ့သည်။ လမ်းခုလတ်၌ ပိုင်ချူနျန်ကခြေထောက်တို့ထုံကျဉ်လာသဖြင့် အနေအထားပြောင်းချင်သော်ငြား Omega၏ငြိမ်သက်ကာအိပ်ပျော်နေသည့်မျက်နှာလေးကိုကြည့်ပြီး ကြက်သေသေလို့သွားရလျက် ထိုသူ့အားနှိုးလိုက်ဖို့ပင်မေ့သွားခဲ့ရ၏။

ပိုင်ချူနျန်က တစ်လမ်းလုံးနှစ်သိမ့်သည့်pheromoneတို့မပြတ်လွှတ်ထုတ်ပေးနေသောကြောင့် တကယ်လည်းပဲ လန်ပေါကနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျလျက်။ Alpha၏နှစ်သိမ့်သည့်pheromoneတို့က Omegaအတွက်တော့အကောင်းဆုံးသော အိပ်ဆေးပါပင်။

"မင်း ကိုယ့််အပေါ်ဘယ်လိုခံစားချက်မျိုးရှိနေတာလဲ?"

ပိုင်ချူနျန် ထိုသူ့၏ရွှေရောင်ဆံနွယ်တို့နှင့် မျက်ခုံးမွှေးပါးပါးအားပွတ်သပ်လိုက်၏။

အဖြေကိုသူမရ ၊ ပြတင်ပေါက်ဘက်သို့လှည့်ကာ မေးထောက်လျက်မှ အတွေးတို့လွင့်နေမိသည်။






သံချပ်ကာယာဉ်က မဟာမိတ်ဆေးဌာန၏ကားရပ်နားရာကွင်းထဲ မောင်းဝင်လာခဲ့သည်။ သူနာပြုဆရာမလေးများက လူနာတင်ထမ်းစင်ကိုတွန်းကာ လန်ပေါကိုလာလို့ကြို၏။ သို့တိုင်လန်ပေါက ပိုင်ချူနျန်ကိုသာဖက်တွယ်ထားလျက် မဆင်းချင်ဘဲရှိပြီး ဆွဲခေါ်လေလေအတိုက်အခံလုပ်လေလေ။

"ကိုယ်မင်းနဲ့အတူလိုက်ခဲ့ပေးမယ်။"

ပိုင်ချူနျန်မှာ လက်ထိတ်ခတ်ခံထားရသည့်လက်နှစ်ဖက်ဖြင့် ခက်ခက်ခဲခဲလန်ပေါကိုပွေ့ချီလိုက်ပြီး လူကိုကပ်နေသည့်ငါးလေးကိုပွေ့ကာ ဆေးထိုးခန်းထဲဝင်ရောက်လိုက်ပါသည်။

လန်ပေါက ဆေးရုံတွင်းကပိုးသတ်ဆေးနံ့တို့အား ရွံမုန်းလှရာ ခန္ဓာကိုယ်ကိုတွန့်လိမ်ကာရှောင်တိမ်းလျက် စမ်းသပ်မည်ကိုဘယ်လိုမှမပူပေါင်းဘဲရှိ၏။

"သူ့ကိုယ်အောက်ပိုင်းထဲပိုးဝင်နေတာက တော်တော်ပြင်းထန်တယ်။"

ပိုင်ချူနျန်က လန်ပေါအားရင်ခွင်ထဲမှီထားစေလျက် လက်ဖဝါးကလှုပ်ယမ်းနေသည့်ငါးမြီးကိုအားနဲ့ထိန်းထားလိုက်ရင်း. .

"ပြည်တည်နာတွေရော ဟက်တက်ကွဲရာတွေရောရှိတယ် အရင်ဆုံးပိုးသတ်မလား?"

သူနာပြုက လန်ပေါ၏ဝမ်းဗိုက်အောက်ပိုင်းနားက သုံးလက်မခန့်ရှိသည့်ရေယက်အားအသာကလေးလှန်လျက် ဒဏ်ရာအခြေအနေအားကြည့်ရှုရင်း မျက်မှောင်ကြုတ်ကာလေသံတိုးတိုးဆိုလာသည်။

"တော်တော်အခြေအနေဆိုးတယ် ၊ ပြည်တွေကိုအရင်ဖယ်ပြီးမှပဲပိုးသတ်လို့ရမယ် ဟက်တက်ကွဲနေတဲ့ဒဏ်ရာကတော့ လောလောဆယ်ချုပ်လို့မရသေးဘူး။"

ကိုယ်အောက်ပိုင်းကိုဖုံးအုပ်ထားသည့်ရေယက်အား လှပ်ဖွင့်ခံလိုက်ရ၍ လန်ပေါမှာချက်ချင်းငြိမ်ကျလို့သွား၏။ ခေါင်းကိုမော့လိုက်စဉ်၌ ပိုင်ချူနျန်က မိမိကိုသာစိုက်ကြည့်နေသည်ကို တွေ့ချိန်မှာတော့ ပါးပြင်ကတဖြည်းဖြည်းနဲ့ရဲလာလျက်စောနကအတိုင်းလက်ဆန့်၍ အရှက်ရစေသည့်နေရာအားသွားလို့အုပ်ကွယ်မိရ၏။

"လျှောက်မလှုပ်နဲ့။"

ပိုင်ချူနျန်က မျက်နှာထားတင်းလျက်မှ ခပ်တိုးတိုးသူ့အားဆူလာတော့သည်။

"en?"

လန်ပေါကကြောင်အသွားရလျက် ဆက်ပြီးလက်ကိုအောက်ဘက်သို့ဆန့်၍ကာဖို့ကြိုးစားပေမယ့် ပိုင်ချူနျန်က သူ့၏သေးသွယ်သွယ်လက်ကောက်ဝတ်နှစ်ဖက်ကိုစု၍ဆုပ်ကိုင်ကာ လန်ပေါ၏ခေါင်းထက်မြှောက်တင်ထားလိုက်လျက် ချုပ်နှောင်ထားပြီးပိုးသတ်ပြီးချိန်ထိစောင့်နေလိုက်သည်။

လန်ပေါမှာ ရေယက်ကိုလှပ်၍ လိင်င်္အဂါနေရာအားကြည့်ခံရသည်ကိုမနှစ်သက်သဖြင့် စိတ်ပျက်လက်ပျက်ဖြင့်ခေါင်းကိုတစ်ဖက်သို့သာလှည့်ထားမိချေသည်။

ပိုးသတ်ဆေးရည်တို့ပါသည့်ကိရိယာစမ်းတံဖြင့်ထိုးသွင်းကာ စစ်ဆေးလာချိန်မှာတော့ လန်ပေါကတစ်ချက်တုန်ယင်သွားလျက် လည်ချောင်တွင်းမှနာကျင်သည့်စူးရှရှအော်ဟစ်သံထွက်ပေါ်လာ၏။ ခန္ဓာကိုယ်အားလည်း ခပ်ကြမ်းကြမ်းလှုပ်ယမ်းလာ၍ ပိုင်ချူနျန်ပင်လိုက်ပါလှုပ်ယမ်းသွားရလျက် ငုံ့၍ထိုသူ့ခန္ဓာအားထိန်းထားလိုက်ရသည်။

"မလှုပ်နဲ့။"

သူနာပြုလေးမှာ သည်းမခံနိုင်တော့စွာဖြင့်. .

"အထဲမှာဒဏ်ရာလေးတွေအများကြီးရှိနေတာကြောင့် ဒီလိုကတော့ဖြစ်မှာပဲ ဒါပေမယ့်မတတ်နိုင်ဘူး သူ့ကိုတောင့်ခံခိုင်းဖို့ပဲရှိတယ်။ ဘယ်လိုကြောင့် ဒီလိုမျိုးဖြစ်အောင်ထိလုပ်ထားရတာလဲ?"

"ကျွန်တော်. ."

ပိုင်ချူနျန် ဆိုမိရသည်။

"ကျွန်တော်နောက်ဆို သူ့အပေါ်ညင်သာပါ့မယ်။"

Alphaထံမှထိုသို့ပြောလာသည်ကိုကြား၍ သူနာပြုလေးမှာ မျက်မှောင်ကြုတ်မိရပြီး မကောင်းတဲ့လူနဲ့ဆုံတွေ့ရသည့် သနားစရာရေသူထီးOmegaကိုသာပိုလို့ ကရုဏာသက်မိရလျက်။ အနှီAlphaမှာဆို ရုပ်ရည်ကချောမောခန့်ညားလှရာ ဟိုဘက်ပိုင်း၌ကြမ်းတမ်းလိမ့်မည်ဟုထင်ပင်မထား။

လန်ပေါ၏မျက်နာရဲရဲလေးမှာ နာကျင်လွန်းမှုကြောင့်ဖြူဖတ်ဖြူရော်ဖြစ်၍လာရပြီး သွယ်လျလျလက်ကောက်ဝတ်အား ပိုင်ချူနျန်၏လက်ထဲမှရုန်းကန်နေမိ၍ အေးစက်ဖြူအုနေသည့်အသားအရေထက် နီရဲသည့်အမှတ်အသားတို့ထင်း၍လာသည်။

"မင်း. . .  . . . စကားနားထောင်နော်။"

ပိုင်ချူနျန်က ကိုယ်ကိုငုံ့ကိုင်းလျက်ခန္ဓာကိုယ်ဖြင့် ထိုသူ့ကိုဖိထားလိုက်ပြီး ငုံ့ကာထိုသူ့နှာသီဖျားလေးနှင့် မျက်ဝန်းတို့ထက်အနမ်းတို့ချွေမိလျက် နှစ်သိမ့်သည့်pheromoneတို့လွှတ်ထုတ်ကာ လန်ပေါနားအနားကပ်၍ ခပ်တိုးတိုးချော့မော့မိရ၏။

"ပေါင်ပေါင်း။"

လန်ပေါ၏မျက်ရည်စတို့စိုစွတ်နေသည့် မျက်တောင်ဖျားထက်မှ ပုလဲလုံးလေးတစ်လုံးအားသူပါးစပ်ဖြင့်ကောက်ယူမိလိုက်သည်။

လန်ပေါက ရုန်းကန်မှုတို့ရပ်တန့်သွားလျက် ထိုနားထောင်ကောင်းလှသည့်အခေါ်အဝေါ်လေးအား တစိမ့်စိမ့်သဘောတွေကျလျက်ရှိ၏။ ထို့နောက် လှည့်ကာပိုင်ချူနျန်၏လည်တိုင်ကိုဖက်တွယ်ထားလျက် ပိုင်ချူနျန်ထံကျောပြင်ကိုထိုးပေးကာ မိမိကျောပြင်ထက်ကဆူးတောင်ရေယက်အားပွတ်သပ်စေ၏။

ပိုင်ချူနျန်လည်း လန်ပေါ၏ကျောကိုပုတ်လို့ပေးကာ ကျောပြင်ထက်ကသိမ်းဆည်းထားသည့်ဆူးတောင်ရေယက်လေးအားပွတ်သပ်လို့ပေးမိရသည်။

တကယ်တမ်းကြ ဖခင်ရဲ့ထွေးပွေ့မှုကိုလိုအပ်နေသေးသည့်ငါးပေါက်ကလေးပဲဟာကို ဘာကိုအသက်ရှင်လာတာကြာပြီဆိုတဲ့စကားမျိုးပြောရတာပါလိမ့် ၊ ကလေးလေးတွေအကုန် လူကြီးကွဆိုပြီးဟန်ဆောင်ရတာကို သဘောကျကြတာပဲနော်။ ပိုင်ချူနျန် စိတ်အေးသွားရလျက် နှစ်သိမ့်သည့်pheromoneတို့သာ ဆက်လက်လွှတ်ထုတ်ပေးနေလိုက်သည်။

ပိုးသတ်တာက (၁၀)မိနစ်ခန့်လောက်ကြာ၏။ လန်ပေါမှာနာလွန်း၍ သူနာပြုလေးထပ်အနားကပ်မည်ကိုပင်ဇွတ်အတိုက်အခံလုပ်ကာ ဘောလုံးလိုလုံးကွေးလျက်ကုတင်ထက်လှိမ့်နေတော့၏။

ပိုင်ချူနျန်က စိတ်ရှည်စွာဖြင့်ကုတင်ဘေးတွင်ထိုင်ကာ သူ့ကိုအဖော်ပြုပေးနေရင်း ကုတင်ပေါ်လျှောက်လှိမ့်နေသည့်ငါးအလုံးကြီးအား အောက်ပြုတ်ကျမသွားအောင် ခန္ဓာကိုယ်ဖြင့်အိပ်ရာဘေးအားကာပေးထားမိသည်။





လူနာဆောင်တံခါးမှနေ ခပ်တိုးတိုးအသံနှစ်ချက်မည်လာ၍ ပိုင်ချူနျန်တံခါးချပ်ကအပေါက်ငယ်လေးကိုလှည့်ကြည့်မိချိန်၌ ရင်းနှီးလျက်ရှိသည့်မျက်နှာတစ်ခုက တံခါးအပြင်မှာရှိနေ၏ ၊ Omegaမဟာမိတ်အဖွဲ့အစည်းရဲ့ဥက္ကဌရောက်လာခြင်းပါပေ။

ပိုင်ချူနျန်မှာ တံခါးအပြင်ဘက်မှနေလာချောင်းသည့်အတန်းပိုင်ထံမှမိသွားသကဲ့သို့ သတိဖြင့်ထရပ်မိချေသည်။ ယန်ယိက တံခါးကိုအသာတွန်းဖွင့်ဝင်ရောက်လာကာ လက်ထဲ၌အဖြူရောင်ဆူးနှင်းဆီတစ်စီးကိုကိုင်ထားလျက် လန်ပေါ၏လူနာကုတင်ဘေးက ဗီရိုအပုလေးပေါ်တင်ပေးလာသည်။

"ဘော့စ်။"

ဥက္ကဌယန်အတွက် ပိုင်ချူနျန်ကထိုင်ခုံတစ်လုံးဆွဲယူပေးလိုက်ပြီး ကိုယ်တိုင်ကတော့သတိကလေးနှင့်ပြတင်ပေါက်ဘောင်ဘေးရပ်နေလိုက်သည်။ အကြည့်တို့ကဂနာမငြိမ်စွာဖြင့် ခဏခဏပြတင်းအပြင်ဘက်ကိုသာကြည့်နေမိချေသည်။

ယန်ယိက စားပွဲမျက်နှာပြင်ကိုတစ်ချက်ပုတ်လာချိန်မှာတော့ ပိုင်ချူနျန်မှာအလိုလိုကိုယ်ကိုမတ်မတ်ရပ်မိရပြီး လှည့်၍အားတင်းကာယန်ယိ၏မျက်ဝန်းတို့နှင့်အကြည့်ချင်းဆုံလိုက်ပါသည်။

"ကျွန်တော်မှားမှန်းသိပါပြီ။"

"မင်းမသိသေးပါဘူး ရှောင်ပိုင်။"

ယန်ယိ ထိုင်ခုံနောက်မှီကိုအသာမှီလိုက်ရင်း လက်ချောင်းတို့က စားပွဲပြင်ကိုအသာခေါင်းရင်းမှ. .

"စည်းကမ်းရော ငါ့အမိန့်ကိုရောချိုးဖောက်ရုံမက ထိုကိစ္စကိုလူသိရှင်ကြားဖြစ်အောင်ပါလုပ်ပစ်တယ် ၊ သစ္စာဖောက်တဲ့အပြစ်နဲ့သေချင်နေတာလား။"

ပိုင်ချူနျန် မျက်လွှာချလျက်အသံမထွက်မိ။

ဝင်ရောက်လာသည့်Omegaထံမှ မကောင်းတဲ့ရောင်ဝါလက္ခဏာမျိုးကို လန်ပေါခံစားမိ၍ ငါးဖယ်လုံးသဖွယ်လုပ်ထားသည့်ခန္ဓာကိုယ်အားချက်ချင်းဖြည်ကာ ယန်ယိထံကိုယ်ကိုကိုင်း၍ကျောပြင်ထက်က ဆူးတောင်ရေယက်တို့ထိုးထွက်လာလျက် တစ်ကိုယ်လုံးကလည်းသတိပေးဟန်နီရဲလာ၏ ၊ ဒါ့အပြင်ချွန်ထက်နေသည့်လက်သည်းချွန်တို့ပါထုတ်၍ ခြိမ်းခြောက်လို့လာပါသည်။

ထိုင်ခုံထက်တည်ငြိမ်စွာထိုင်နေသည့်ဥက္ကဌက ဖျော့တော့ကာချိုမြမွှေးပျံ့သည့် ဖိနှိပ်သည့်pheromoneကိုသာထုတ်လွှတ်လိုက်ပါသည်။

ထိုချိုမြသည့်ရနံ့နှင့်ဖိနှိပ်ချုပ်ချယ်သည့်pheromoneက ဂလင်းကိုလာရောက်ထိတွေ့သည့်အခိုက်မှာပဲ လန်ပေါကချက်ချင်းထောင်လွှားစွာလှစ်ပြထားသည့် ကျောဘက်ကဆူးတောင်ကိုသိမ်းကာ ဒေါသတို့ဖြင့်အန္တရာယ်ရှိစွာနီရဲနေသည့်ငါးအမြီးကြီးကလည်း အပြာရောင်သို့ပြန်ပြောင်းသွားခဲ့၏။ ထို့နောက်သိတတ်လိမ္မာစွာဖြင့်ဘောလုံးလိုပြန်လုံးကာ ကုတင်ထောင့်သို့လှိမ့်သွားလိုက်ပြီး စောင်အားအခေါင်းပေါက်လိုလုပ်ကာထိုအထဲမြုပ်နေအောင်ဝင်နေလျက် ဘာမှမဖြစ်ခဲ့သလိုသာနေနေလိုက်ပါတော့သည်။


(T/N : လန်ပေါကတကယ်အတတ်လေး ယန်ယန်ကသူ့ထက်အင်အားကြီးတော့ မချနိုင်မှန်းသိတာနဲ့ချက်ချင်းကောက်လိမ္မာသွားတဲ့ငါးကလေးပါ ချစ်ဖို့တအားကောင်း😆💙)







ZAWGYI

၃၂


လန္ေပါမွာ အေတာ္ေလးပင္ပန္းသြားခဲ့ရ၍ တစ္လမ္းလုံးပဲပိုင္ခ်ဴန်န္၏ေပါင္ေပၚ၌သာ အိပ္လိုက္လာခဲ့သည္။ လမ္းခုလတ္၌ ပိုင္ခ်ဴန်န္ကေျခေထာက္တို႔ထုံက်ဥ္လာသျဖင့္ အေနအထားေျပာင္းခ်င္ေသာ္ျငား Omega၏ၿငိမ္သက္ကာအိပ္ေပ်ာ္ေနသည့္မ်က္ႏွာေလးကိုၾကည့္ၿပီး ၾကက္ေသေသလို႔သြားရလ်က္ ထိုသူ႔အားႏွိုးလိုက္ဖို႔ပင္ေမ့သြားခဲ့ရ၏။

ပိုင္ခ်ဴန်န္က တစ္လမ္းလုံးႏွစ္သိမ့္သည့္pheromoneတို႔မျပတ္လႊတ္ထုတ္ေပးေနေသာေၾကာင့္ တကယ္လည္းပဲ လန္ေပါကႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေမာက်လ်က္။ Alpha၏ႏွစ္သိမ့္သည့္pheromoneတို႔က Omegaအတြက္ေတာ့အေကာင္းဆုံးေသာ အိပ္ေဆးပါပင္။

"မင္း ကိုယ့္္အေပၚဘယ္လိုခံစားခ်က္မ်ိဳးရွိေနတာလဲ?"

ပိုင္ခ်ဴန်န္ ထိုသူ႔၏ေရႊေရာင္ဆံႏြယ္တို႔ႏွင့္ မ်က္ခုံးေမႊးပါးပါးအားပြတ္သပ္လိုက္၏။

အေျဖကိုသူမရ ၊ ျပတင္ေပါက္ဘက္သို႔လွည့္ကာ ေမးေထာက္လ်က္မွ အေတြးတို႔လြင့္ေနမိသည္။






သံခ်ပ္ကာယာဥ္က မဟာမိတ္ေဆးဌာန၏ကားရပ္နားရာကြင္းထဲ ေမာင္းဝင္လာခဲ့သည္။ သူနာျပဳဆရာမေလးမ်ားက လူနာတင္ထမ္းစင္ကိုတြန္းကာ လန္ေပါကိုလာလို႔ႀကိဳ၏။ သို႔တိုင္လန္ေပါက ပိုင္ခ်ဴန်န္ကိုသာဖက္တြယ္ထားလ်က္ မဆင္းခ်င္ဘဲရွိၿပီး ဆြဲေခၚေလေလအတိုက္အခံလုပ္ေလေလ။

"ကိုယ္မင္းနဲ႔အတူလိုက္ခဲ့ေပးမယ္။"

ပိုင္ခ်ဴန်န္မွာ လက္ထိတ္ခတ္ခံထားရသည့္လက္ႏွစ္ဖက္ျဖင့္ ခက္ခက္ခဲခဲလန္ေပါကိုေပြ႕ခ်ီလိုက္ၿပီး လူကိုကပ္ေနသည့္ငါးေလးကိုေပြ႕ကာ ေဆးထိုးခန္းထဲဝင္ေရာက္လိုက္ပါသည္။

လန္ေပါက ေဆး႐ုံတြင္းကပိုးသတ္ေဆးနံ႔တို႔အား ရြံမုန္းလွရာ ခႏၶာကိုယ္ကိုတြန့္လိမ္ကာေရွာင္တိမ္းလ်က္ စမ္းသပ္မည္ကိုဘယ္လိုမွမပူေပါင္းဘဲရွိ၏။

"သူ႔ကိုယ္ေအာက္ပိုင္းထဲပိုးဝင္ေနတာက ေတာ္ေတာ္ျပင္းထန္တယ္။"

ပိုင္ခ်ဴန်န္က လန္ေပါအားရင္ခြင္ထဲမွီထားေစလ်က္ လက္ဖဝါးကလွုပ္ယမ္းေနသည့္ငါးၿမီးကိုအားနဲ႔ထိန္းထားလိုက္ရင္း. .

"ျပည္တည္နာေတြေရာ ဟက္တက္ကြဲရာေတြေရာရွိတယ္ အရင္ဆုံးပိုးသတ္မလား?"

သူနာျပဳက လန္ေပါ၏ဝမ္းဗိုက္ေအာက္ပိုင္းနားက သုံးလက္မခန့္ရွိသည့္ေရယက္အားအသာကေလးလွန္လ်က္ ဒဏ္ရာအေျခအေနအားၾကည့္ရွုရင္း မ်က္ေမွာင္ၾကဳတ္ကာေလသံတိုးတိုးဆိုလာသည္။

"ေတာ္ေတာ္အေျခအေနဆိုးတယ္ ၊ ျပည္ေတြကိုအရင္ဖယ္ၿပီးမွပဲပိုးသတ္လို႔ရမယ္ ဟက္တက္ကြဲေနတဲ့ဒဏ္ရာကေတာ့ ေလာေလာဆယ္ခ်ဳပ္လို႔မရေသးဘူး။"

ကိုယ္ေအာက္ပိုင္းကိုဖုံးအုပ္ထားသည့္ေရယက္အား လွပ္ဖြင့္ခံလိုက္ရ၍ လန္ေပါမွာခ်က္ခ်င္းၿငိမ္က်လို႔သြား၏။ ေခါင္းကိုေမာ့လိုက္စဥ္၌ ပိုင္ခ်ဴန်န္က မိမိကိုသာစိုက္ၾကည့္ေနသည္ကို ေတြ႕ခ်ိန္မွာေတာ့ ပါးျပင္ကတျဖည္းျဖည္းနဲ႔ရဲလာလ်က္ေစာနကအတိုင္းလက္ဆန့္၍ အရွက္ရေစသည့္ေနရာအားသြားလို႔အုပ္ကြယ္မိရ၏။

"ေလၽွာက္မလွုပ္နဲ႔။"

ပိုင္ခ်ဴန်န္က မ်က္ႏွာထားတင္းလ်က္မွ ခပ္တိုးတိုးသူ႔အားဆူလာေတာ့သည္။

"en?"

လန္ေပါကေၾကာင္အသြားရလ်က္ ဆက္ၿပီးလက္ကိုေအာက္ဘက္သို႔ဆန့္၍ကာဖို႔ႀကိဳးစားေပမယ့္ ပိုင္ခ်ဴန်န္က သူ႔၏ေသးသြယ္သြယ္လက္ေကာက္ဝတ္ႏွစ္ဖက္ကိုစု၍ဆုပ္ကိုင္ကာ လန္ေပါ၏ေခါင္းထက္ေျမႇာက္တင္ထားလိုက္လ်က္ ခ်ဳပ္ေႏွာင္ထားၿပီးပိုးသတ္ၿပီးခ်ိန္ထိေစာင့္ေနလိုက္သည္။

လန္ေပါမွာ ေရယက္ကိုလွပ္၍ လိင္အၤဂါေနရာအားၾကည့္ခံရသည္ကိုမႏွစ္သက္သျဖင့္ စိတ္ပ်က္လက္ပ်က္ျဖင့္ေခါင္းကိုတစ္ဖက္သို႔သာလွည့္ထားမိေခ်သည္။

ပိုးသတ္ေဆးရည္တို႔ပါသည့္ကိရိယာစမ္းတံျဖင့္ထိုးသြင္းကာ စစ္ေဆးလာခ်ိန္မွာေတာ့ လန္ေပါကတစ္ခ်က္တုန္ယင္သြားလ်က္ လည္ေခ်ာင္တြင္းမွနာက်င္သည့္စူးရွရွေအာ္ဟစ္သံထြက္ေပၚလာ၏။ ခႏၶာကိုယ္အားလည္း ခပ္ၾကမ္းၾကမ္းလွုပ္ယမ္းလာ၍ ပိုင္ခ်ဴန်န္ပင္လိုက္ပါလွုပ္ယမ္းသြားရလ်က္ ငုံ႔၍ထိုသူ႔ခႏၶာအားထိန္းထားလိုက္ရသည္။

"မလွုပ္နဲ႔။"

သူနာျပဳေလးမွာ သည္းမခံနိုင္ေတာ့စြာျဖင့္. .

"အထဲမွာဒဏ္ရာေလးေတြအမ်ားႀကီးရွိေနတာေၾကာင့္ ဒီလိုကေတာ့ျဖစ္မွာပဲ ဒါေပမယ့္မတတ္နိုင္ဘူး သူ႔ကိုေတာင့္ခံခိုင္းဖို႔ပဲရွိတယ္။ ဘယ္လိုေၾကာင့္ ဒီလိုမ်ိဳးျဖစ္ေအာင္ထိလုပ္ထားရတာလဲ?"

"ကၽြန္ေတာ္. ."

ပိုင္ခ်ဴန်န္ ဆိုမိရသည္။

"ကၽြန္ေတာ္ေနာက္ဆို သူ႔အေပၚညင္သာပါ့မယ္။"

Alphaထံမွထိုသို႔ေျပာလာသည္ကိုၾကား၍ သူနာျပဳေလးမွာ မ်က္ေမွာင္ၾကဳတ္မိရၿပီး မေကာင္းတဲ့လူနဲ႔ဆုံေတြ႕ရသည့္ သနားစရာေရသူထီးOmegaကိုသာပိုလို႔ က႐ုဏာသက္မိရလ်က္။ အႏွီAlphaမွာဆို ႐ုပ္ရည္ကေခ်ာေမာခန့္ညားလွရာ ဟိုဘက္ပိုင္း၌ၾကမ္းတမ္းလိမ့္မည္ဟုထင္ပင္မထား။

လန္ေပါ၏မ်က္နာရဲရဲေလးမွာ နာက်င္လြန္းမွုေၾကာင့္ျဖဴဖတ္ျဖဴေရာ္ျဖစ္၍လာရၿပီး သြယ္လ်လ်လက္ေကာက္ဝတ္အား ပိုင္ခ်ဴန်န္၏လက္ထဲမွ႐ုန္းကန္ေနမိ၍ ေအးစက္ျဖဴအုေနသည့္အသားအေရထက္ နီရဲသည့္အမွတ္အသားတို႔ထင္း၍လာသည္။

"မင္း. . .  . . . စကားနားေထာင္ေနာ္။"

ပိုင္ခ်ဴန်န္က ကိုယ္ကိုငုံ႔ကိုင္းလ်က္ခႏၶာကိုယ္ျဖင့္ ထိုသူ႔ကိုဖိထားလိုက္ၿပီး ငုံ႔ကာထိုသူ႔ႏွာသီဖ်ားေလးႏွင့္ မ်က္ဝန္းတို႔ထက္အနမ္းတို႔ေခၽြမိလ်က္ ႏွစ္သိမ့္သည့္pheromoneတို႔လႊတ္ထုတ္ကာ လန္ေပါနားအနားကပ္၍ ခပ္တိုးတိုးေခ်ာ့ေမာ့မိရ၏။

"ေပါင္ေပါင္း။"

လန္ေပါ၏မ်က္ရည္စတို႔စိုစြတ္ေနသည့္ မ်က္ေတာင္ဖ်ားထက္မွ ပုလဲလုံးေလးတစ္လုံးအားသူပါးစပ္ျဖင့္ေကာက္ယူမိလိုက္သည္။

လန္ေပါက ႐ုန္းကန္မွုတို႔ရပ္တန့္သြားလ်က္ ထိုနားေထာင္ေကာင္းလွသည့္အေခၚအေဝၚေလးအား တစိမ့္စိမ့္သေဘာေတြက်လ်က္ရွိ၏။ ထို႔ေနာက္ လွည့္ကာပိုင္ခ်ဴန်န္၏လည္တိုင္ကိုဖက္တြယ္ထားလ်က္ ပိုင္ခ်ဴန်န္ထံေက်ာျပင္ကိုထိုးေပးကာ မိမိေက်ာျပင္ထက္ကဆူးေတာင္ေရယက္အားပြတ္သပ္ေစ၏။

ပိုင္ခ်ဴန်န္လည္း လန္ေပါ၏ေက်ာကိုပုတ္လို႔ေပးကာ ေက်ာျပင္ထက္ကသိမ္းဆည္းထားသည့္ဆူးေတာင္ေရယက္ေလးအားပြတ္သပ္လို႔ေပးမိရသည္။

တကယ္တမ္းၾက ဖခင္ရဲ့ေထြးေပြ႕မွုကိုလိုအပ္ေနေသးသည့္ငါးေပါက္ကေလးပဲဟာကို ဘာကိုအသက္ရွင္လာတာၾကာၿပီဆိုတဲ့စကားမ်ိဳးေျပာရတာပါလိမ့္ ၊ ကေလးေလးေတြအကုန္ လူႀကီးကြဆိုၿပီးဟန္ေဆာင္ရတာကို သေဘာက်ၾကတာပဲေနာ္။ ပိုင္ခ်ဴန်န္ စိတ္ေအးသြားရလ်က္ ႏွစ္သိမ့္သည့္pheromoneတို႔သာ ဆက္လက္လႊတ္ထုတ္ေပးေနလိုက္သည္။

ပိုးသတ္တာက (၁၀)မိနစ္ခန့္ေလာက္ၾကာ၏။ လန္ေပါမွာနာလြန္း၍ သူနာျပဳေလးထပ္အနားကပ္မည္ကိုပင္ဇြတ္အတိုက္အခံလုပ္ကာ ေဘာလုံးလိုလုံးေကြးလ်က္ကုတင္ထက္လွိမ့္ေနေတာ့၏။

ပိုင္ခ်ဴန်န္က စိတ္ရွည္စြာျဖင့္ကုတင္ေဘးတြင္ထိုင္ကာ သူ႔ကိုအေဖာ္ျပဳေပးေနရင္း ကုတင္ေပၚေလၽွာက္လွိမ့္ေနသည့္ငါးအလုံးႀကီးအား ေအာက္ျပဳတ္က်မသြားေအာင္ ခႏၶာကိုယ္ျဖင့္အိပ္ရာေဘးအားကာေပးထားမိသည္။





လူနာေဆာင္တံခါးမွေန ခပ္တိုးတိုးအသံႏွစ္ခ်က္မည္လာ၍ ပိုင္ခ်ဴန်န္တံခါးခ်ပ္ကအေပါက္ငယ္ေလးကိုလွည့္ၾကည့္မိခ်ိန္၌ ရင္းႏွီးလ်က္ရွိသည့္မ်က္ႏွာတစ္ခုက တံခါးအျပင္မွာရွိေန၏ ၊ Omegaမဟာမိတ္အဖြဲ႕အစည္းရဲ့ဥကၠဌေရာက္လာျခင္းပါေပ။

ပိုင္ခ်ဴန်န္မွာ တံခါးအျပင္ဘက္မွေနလာေခ်ာင္းသည့္အတန္းပိုင္ထံမွမိသြားသကဲ့သို႔ သတိျဖင့္ထရပ္မိေခ်သည္။ ယန္ယိက တံခါးကိုအသာတြန္းဖြင့္ဝင္ေရာက္လာကာ လက္ထဲ၌အျဖဴေရာင္ဆူးႏွင္းဆီတစ္စီးကိုကိုင္ထားလ်က္ လန္ေပါ၏လူနာကုတင္ေဘးက ဗီရိုအပုေလးေပၚတင္ေပးလာသည္။

"ေဘာ့စ္။"

ဥကၠဌယန္အတြက္ ပိုင္ခ်ဴန်န္ကထိုင္ခုံတစ္လုံးဆြဲယူေပးလိုက္ၿပီး ကိုယ္တိုင္ကေတာ့သတိကေလးႏွင့္ျပတင္ေပါက္ေဘာင္ေဘးရပ္ေနလိုက္သည္။ အၾကည့္တို႔ကဂနာမၿငိမ္စြာျဖင့္ ခဏခဏျပတင္းအျပင္ဘက္ကိုသာၾကည့္ေနမိေခ်သည္။

ယန္ယိက စားပြဲမ်က္ႏွာျပင္ကိုတစ္ခ်က္ပုတ္လာခ်ိန္မွာေတာ့ ပိုင္ခ်ဴန်န္မွာအလိုလိုကိုယ္ကိုမတ္မတ္ရပ္မိရၿပီး လွည့္၍အားတင္းကာယန္ယိ၏မ်က္ဝန္းတို႔ႏွင့္အၾကည့္ခ်င္းဆုံလိုက္ပါသည္။

"ကၽြန္ေတာ္မွားမွန္းသိပါၿပီ။"

"မင္းမသိေသးပါဘူး ေရွာင္ပိုင္။"

ယန္ယိ ထိုင္ခုံေနာက္မွီကိုအသာမွီလိုက္ရင္း လက္ေခ်ာင္းတို႔က စားပြဲျပင္ကိုအသာေခါင္းရင္းမွ. .

"စည္းကမ္းေရာ ငါ့အမိန့္ကိုေရာခ်ိဳးေဖာက္႐ုံမက ထိုကိစၥကိုလူသိရွင္ၾကားျဖစ္ေအာင္ပါလုပ္ပစ္တယ္ ၊ သစၥာေဖာက္တဲ့အျပစ္နဲ႔ေသခ်င္ေနတာလား။"

ပိုင္ခ်ဴန်န္ မ်က္လႊာခ်လ်က္အသံမထြက္မိ။

ဝင္ေရာက္လာသည့္Omegaထံမွ မေကာင္းတဲ့ေရာင္ဝါလကၡဏာမ်ိဳးကို လန္ေပါခံစားမိ၍ ငါးဖယ္လုံးသဖြယ္လုပ္ထားသည့္ခႏၶာကိုယ္အားခ်က္ခ်င္းျဖည္ကာ ယန္ယိထံကိုယ္ကိုကိုင္း၍ေက်ာျပင္ထက္က ဆူးေတာင္ေရယက္တို႔ထိုးထြက္လာလ်က္ တစ္ကိုယ္လုံးကလည္းသတိေပးဟန္နီရဲလာ၏ ၊ ဒါ့အျပင္ခၽြန္ထက္ေနသည့္လက္သည္းခၽြန္တို႔ပါထုတ္၍ ၿခိမ္းေျခာက္လို႔လာပါသည္။

ထိုင္ခုံထက္တည္ၿငိမ္စြာထိုင္ေနသည့္ဥကၠဌက ေဖ်ာ့ေတာ့ကာခ်ိဳျမေမႊးပ်ံ႕သည့္ ဖိႏွိပ္သည့္pheromoneကိုသာထုတ္လႊတ္လိုက္ပါသည္။

ထိုခ်ိဳျမသည့္ရနံ႔ႏွင့္ဖိႏွိပ္ခ်ဳပ္ခ်ယ္သည့္pheromoneက ဂလင္းကိုလာေရာက္ထိေတြ႕သည့္အခိုက္မွာပဲ လန္ေပါကခ်က္ခ်င္းေထာင္လႊားစြာလွစ္ျပထားသည့္ ေက်ာဘက္ကဆူးေတာင္ကိုသိမ္းကာ ေဒါသတို႔ျဖင့္အႏၲရာယ္ရွိစြာနီရဲေနသည့္ငါးအၿမီးႀကီးကလည္း အျပာေရာင္သို႔ျပန္ေျပာင္းသြားခဲ့၏။ ထို႔ေနာက္သိတတ္လိမၼာစြာျဖင့္ေဘာလုံးလိုျပန္လုံးကာ ကုတင္ေထာင့္သို႔လွိမ့္သြားလိုက္ၿပီး ေစာင္အားအေခါင္းေပါက္လိုလုပ္ကာထိုအထဲျမဳပ္ေနေအာင္ဝင္ေနလ်က္ ဘာမွမျဖစ္ခဲ့သလိုသာေနေနလိုက္ပါေတာ့သည္။


(T/N : လန္ေပါကတကယ္အတတ္ေလး ယန္ယန္ကသူ႔ထက္အင္အားႀကီးေတာ့ မခ်နိုင္မွန္းသိတာနဲ႔ခ်က္ခ်င္းေကာက္လိမၼာသြားတဲ့ငါးကေလးပါ ခ်စ္ဖို႔တအားေကာင္း😆💙)

Continue Reading

You'll Also Like

59.5K 8.3K 12
𝕋𝕚𝕥𝕝𝕖 - 𝕋𝕙𝕖 ℂ𝕦𝕥𝕖𝕤𝕥 ℍ𝕚𝕘𝕙𝕥 𝔻𝕚𝕗𝕗𝕖𝕣𝕖𝕟𝕔𝕖, 最萌身高差 𝔸𝕦𝕥𝕙𝕠𝕣 - 碳酸, ℂ𝕒𝕣𝕓𝕠𝕟𝕚𝕔 𝔸𝕔𝕚𝕕, 𝕋𝕒𝕟 𝕊𝕦𝕒𝕟 𝔼𝕟𝕘 𝕋𝕣𝕒𝕟𝕤�...
83K 10.9K 52
It's just a translation. All credits to original author,English translator and publisher. English title-First Love Choose Me, I'm Super Sweet Authors...
1.7M 94.7K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...
61.3K 8.2K 8
အခုတေလာ ငါ့ရဲ႕ငယ္သူငယ္ခ်င္းက အရမ္းကိုဒြိဟျဖစ္ေစတဲ့ လကၡဏာေတြျပေနတယ္။ သူ ငါ့ကိုေဂးသြားေအာင္ႀကိဳးစားေနတာလား..? အခုတလော ငါ့ရဲ့ငယ်သူငယ်ချင်းက အရမ်းကိုဒွိ...