ကျတော့်ရဲ့ နဂါးကောင်လေး(MM tr...
Por mizzle69
218K 39.2K 1.1K
ကျတော့ရဲ့ gongက အမြီးအကြီးကြီးနဲ့ နဂါးကြီး Mais
ဇာတ်လမ်း အကျဥ်း
chapter 1
chapter 2
chapter 3
chapter 4
chapter 5
chapter 6
chapter 7
chapter 8
chapter 9
chapter 10
chapter 11
chapter 12
chapter 13
chapter 14
chapter 15
chapter 16
chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28 ( Uni)
Chapter 28 (Zawgyi)
Chapter 29 (part 1)
Chapter 29 (Part 2)
Chapter 30 (Part 1)
Chapter 30 ( Part 2)
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 59
Chapter 60
Chapter 61
Chapter 62
Request !! Please..🫶
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 58
2.2K 449 6
Por mizzle69
ညတုန်းက နှစ်ယောက်လုံး ကြယ်တွေနဲ့ပြည့်နေတဲ့ ကောင်းကင်ကြီးအောက်မှာ အိပ်မောကျသွားပြီး အခု မနက်ခင်းရောင်ခြည်လင်းလာပြန်တော့လည်း အတူတူနိုးထကာ နေ့သစ်တစ်ခုကို အစပြုကြတယ်..နန်ဟွိုင်လင်အတွက်တော့ ဒီထက်ပိုပြီး ပျော်ဖို့ကောင်းတာ မရှိတော့ပေ
နှစ်ယောက်လုံး မထသေးခင် အိပ်ယာထဲ ခနလောက် ပွေ့ဖက်နေကြပြီးမှ မျက်နှာသစ် သန့်ရှင်းရေးလုပ်ဖို့ ထလာကြသည်။
ဖေ့ချန်က သွားတိုက်ဆေး ညစ်နေရင်း အလေးအနက်ထားကာ ပြောလာ၏။ " မိန်းမ...ကိုယ် မနက်စာစားပြီးရင် ကိုယ့်ယောက္ခမကို လက်ထပ်ဖို့ကိစ္စအကြောင်း ပြောမလို့...အဲ့တာကြောင့် ခနရှောင်နေ..မင်းအဖေက မင်းကို နာကျင်အောင် ထပ်မလုပ်အောင် "
နန်ဟွိုင်လင် ရယ်ချင်စိတ်ကို ထိန်းထားကာ အရင်မေးကြည့်လိုက်သည်။ " ခင်ဗျားက ဘယ်လိုစပြောမှာလဲ..ဟမ်?"
" ဒီတိုင်း တန်းပြောလိုက်မယ်လေ..အဲ့ဒီအကြောင်းကိုပဲ...သွယ်ဝိုက်မနေပဲ "
" ကျတော့်အဖေက သဘောမတူဘူး ဆိုရင်ရော? "
ထိုအခါ ဖေ့ချန်က ခနတွေးနေပြီး အတည်ပြောနေတဲ့မျက်နှာဖြင့် ပြန်ဖြေလာသည်။
" အဲ့ဒါဆို ကိုယ် မင်းကို ခိုးပြေးမှာ "
ဖေ့ချန်စကားကြောင့် နန်ဟွိုင်လင် ပါးစပ်ထဲက သွားတိုက်ဆေးအမြှုပ်တွေနဲ့ ချောင်းဆိုးတော့မလို ဖြစ်သွားတာကြောင့် အမြန်ရေဆေးကျင်းလိုက်ရသည်။ ထို့နောက် နန်ဟွိုင်လင် ဖေ့ချန်ခါးကို ဆွဲဖက်ကာ ပြုံးရင်း ပြောလိုက်သည်။
" တကယ်တော့...မနေ့ညတည်းက အဖေက ကျတော့်ကို မိသားစုမှတ်ပုံတင်ပေးပြီးသွားပြီ "
" !!! " ဖေ့ချန်က သူ့ကို ကြောင်တောင်တောင်လေး စိုက်ကြည့်လာသည်။ " တကယ်? "
" တကယ်ပေါ့...ကျတော်က မမိုက်ဘူးလား? "
ဖေ့ချန်က ကြောင်တောင်တောင်နဲ့ ယုံရခက်နေပုံပေါ်သည်။ " ဒါဆို ဘာလို့ မင်းကိုယ့်ကို မနေ့ညတည်းက မပြောတာလဲ? "
" ခင်ဗျား စိတ်လှုပ်ရှားပြီး အိပ်မပျော်မှာစိုးလို့"
ထိုအခါမှ ဖေ့ချန်က အကျယ်ကြီး ထရယ်ပြီး နန်ဟွိုင်လင်မျက်နှာကိုကိုင်ကာ သွားတိုက်ဆေးအမြှုပ်တွေပေနေတဲ့ သူ့ပါးစပ်ကြီးနဲ့ မျက်နှာအနှံ့လျှောက်နမ်းပစ်တော့သည်။
" ရပ်နော်! " နန်ဟွိုင်လင် ရယ်နေမိရင်း ခေါင်းကို အောက်ငုံ့ကာ ရှောင်တိမ်းလိုက်သည်။ " တစ်ယောက်ယောက်မြင်သွားလိမ့်မယ် "
ဘေစင်ရဲ့ ညာဖက်မှာ ပြတင်းပေါက်ရှိပြီး ဟိုဘက်အိမ်ရဲ့ ဝါရံတာကနေ လမ်းလေးတစ်ခုစာပဲ ခြားတာဖြစ်သည်။
နန်ဟွိုင်လင် ခန့်မှန်းထားသလို ဖေ့ချန်က အရမ်းကို စိတ်လှုပ်ရှားနေတော့သည်။
" မြန်မြန်လုပ်! မိသားစုမှတ်ပုံတင်ယူပြီး လက်ထပ်ဖို့သွားမယ်! "
နန်ဟွိုင်လင် သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းမှာပေနေတဲ့ သွားတိုက်ဆေးတွေကို လက်နှင့်သုတ်ရင်း ပြုံးကာပြောလိုက်သည်။ " ဒီနေ့ စနေနေ့ကြီးလေ...လက်ထပ်မှတ်ပုံတင်ရုံးက ပိတ်တယ်"
ဖေ့ချန်ရုပ်က ရုတ်တရက် ပြောင်းလဲသွားတော့သည်။ " ဒါဆို ကိုယ်တို့က နှစ်ရက်ကြီးတောင် စောင့်ရဦးမှာပေါ့ "
" အင်း "
ထိုအခါ ဖေ့ချန်က စိတ်တိုလာတော့သည်။
" ဘာကိစ္စ လက်ထပ်မှတ်ပုံတင်ရုံးက စနေ၊ တနင်္ဂနွေ အလုပ်မလုပ်ကြတာလဲ? ဘယ်လိုတောင် အ​ကျိုးအကြောင်းမသင့်တဲ့အရာကြီးလဲ...သွားတိုင်မယ်! "
နန်ဟွိုင်လင် ဖေ့ချန်မျက်နှာကို ဆွဲယူကာ အပြုံးဖွဖွလေးဖြင့် ဆိုလိုက်သည်။
" ကျတော် ဒီနှစ်ရက်အတွင်း ခင်ဗျားကို အပြင်လိုက်ပို့မယ်လေ..ခင်ဗျားပဲ ရှောင်ကျိုးကို မရောက်ဖူးသေးဘူးဆို..ဒီမှာ အရမ်းကို ပျော်စရာကောင်းတဲ့နေရာတွေ ရှိတယ် "
ထိုအခါမှ ဖေ့ချန်က စူပုပ်ပုပ်နဲ့ ခေါင်းညိမ့်လာ၏။ " အိုကေလေ "
" လင်လင်.." ကန်းရှောင်ရုံအသံက တံခါးပေါက်မှတစ်ဆင့် အခန်းထဲဝင်လာ၏။ " မနက်စာစားမယ်! "
" လာပြီ " နန်ဟွိုင်လင် အသံပြန်ပေးလိုက်ရင်း ဖေ့ချန်ကို အမြန်လုပ်ဖို့ပြောရတော့သည်။ " မြန်မြန်လုပ်..သွားပြီးအောင်တိုက်တော့..ခင်ဗျား ယောက္ခမတွေက ခင်ဗျားကို စောင့်နေပြီ "
ထိုအခါမှ ဖေချန်က ပါးစပ်ကို အမြန်ရေဆေးကျင်းနေပြီး ခေါင်းကနေ ခြေဖျားထိ သူ့ကိုယ်သူ သပ်သပ်ရပ်ရပ် ပြန်လည်ပြင်ဆင်ပြီးနောက် ချောမောခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ ကောင်လေးတစ်ယောက်အဖြစ် ပြန်လည်ရောက်ရှိသွားလေသည်။
ဖေ့ချန်နဲ့ယှဥ်လိုက်တော့ နန်ဟွိုင်လင်ရဲ့ အဝတ်အစားက အိမ်နေရင်း ပေါ့ပေါ့ပါးပါးပုံစံမျိုး ဝတ်ထားသလိုဖြစ်နေ၏။ သူက အိမ်နေရင်း ဆွဲသားလက်ရှည်နှင့် ဘောင်းဘီတိုလေးဝတ်ထားပြီး ဆံပင်ကလည်း ပုံသွင်းထားခြင်းမရှိပဲ ကပိုကရိုဖြစ်နေပေမယ့် အိမ်နေရင်း အပျင်းတစ်နေတဲ့ပုံစံလေးနဲ့ ချောမောနေဆဲဖြစ်သည်။ ထို့ကြောင့် ဖေ့ချန်နှင့် သူက အတူယှဥ်တွဲရပ်လိုက်တဲ့အခါ အမြင်အားဖြင့် ရိုးရိုးရှင်းရှင်းလေးဖြင့် ပသာဒဖြစ်နေပြီး လိုက်ဖက်တဲ့အတွဲလေး ဖြစ်နေတော့သည်။
မနက်ခင်းစောစောစီးစီး သူ့သားနှင့်သားမက်ကို တွဲမြင်လိုက်ရတာက နန်ဇွင်းရှန်နှင့်ကန်းရှောင်ရုံအတွက် သူ့တို့ကို မမြင်ရတဲ့နေရာတစ်ခုကနေ ချောင်းရိုက်ခံလိုက်ရသလို ခံစားလိုက်ရပြီး နှစ်ယောက်လုံး အနည်းငယ် နေရထိုင်ရခက်သွားကြ၏။ ယခုအကြိမ်က သူတို့အတွက် ပထမဆုံးအကြိမ် ယောက္ခမနေရာမှာ နေရတာကြောင့် ရှေ့ဆက်ဖြစ်လာမဲ့ အခြေအနေကို အလိုက်သင့်ပဲနေရမလား၊ ခပ်တန်းတန်းပဲနေရမလား၊ အေးတိအေးစက်ဆက်ဆံရမလား၊ ဒါမှမဟုတ် နွေးနွေးထွေးထွေးပဲ ပြောဆိုလိုက်သင့်လား တကယ်ကို မသိတော့ပေ။
ထိုအချိန်တွင် ဖေ့ချန်က ထိုင်ခုံကိုယူထိုင်ပြီး ပြုံးရွှင်စွာ နှုတ်ဆက်လာ၏။
" အဖေ...အမေ "
ကန်းရှောင်ရုံက မနေတက်စွာပြုံးပြလာပေမယ့် ထိုခေါ်ဆိုမှုကို လက်ခံတယ်လို့ မဆိုလိုပေ။
နန်ဇွင်းရှန်ကတော့ ချောင်းတစ်ချက် ထဟန့်ကာ မျက်နှာတည်တည်ဖြင့် ဆိုလာသည်။
" မင်းက အပြောကောင်းသားပဲ "
ဖေ့ချန်က ပြုံးနေဆဲဖြစ်ပေမယ့် မျက်ဝန်းထဲမှာတော့ ဝမ်းနည်းရိပ် အနည်းငယ်သန်းသွားလေသည်။
ထို့နောက် ဖေ့ချန်က အသံခပ်တိုးတိုးဖြင့် ဆိုလာသည်။
" ကျတော့်မိဘတွေက ကျတော်ငယ်ငယ်လေးတည်းက ဆုံးသွားပြီး ကျတော့်အကိုကပဲ ကျတော့်ကို စောင့်ရှောက်ခဲ့တာ​မို့လို့ မိဘရှိတဲ့သူတွေကိုတွေ့မိရင် ကျတော် အရမ်းမနာလိုမိတယ်....ကျတော့်အမြင် သူတို့က အရမ်းပျော်စရာကောင်းတယ်...ကျတော့်ကို ရိုက်ဖို့တုံ့ဆိုင်းမနေတဲ့ အကျင့်ဆိုးတဲ့အကို,ကိုပိုင်ဆိုင်ထားတဲ့ကျတော်နဲ့ လုံးဝမတူဘူး "
နန်ဟွိုင်လင်, "......"
နန်ဇွင်းရှန်, "......"
ကန်းရှောင်ရုံ, "......"
အခု ဖေ့ချန်က သရုပ်ဆောင်နေတာလား၊ တကယ်ပဲ ရင်တွင်းဖြစ်တွေပြောနေတာလားဆိုတာ နန်ဟွိုင်လင်လည်း တကယ်မဆုံးဖြတ်တော့တာကြောင့် ဘယ်လိုတုံ့ပြန်မှုမျိုးကို ပြသရမလဲမသိတော့ပေ။ ထို့ကြောင့် သူ မသိမသာလေး မိဘနှစ်ပါးရဲ့မျက်နှာကို အကဲခတ်ကြည့်လိုက်တော့ နှစ်ယောက်လုံးက အနည်းငယ် မျက်နှာမကောင်းဖြစ်နေတာကို တွေ့လိုက်ရ၏။
ထို့နောက် ကန်းရှောင်ရုံက ဒိုးနက်ပုံရွှေဝါရောင်မုန့်အချိုတစ်ခုကို ဖေ့ချန် ပန်းကန်ထဲသို့ ပြုံးပြကာ ထည့်ပေးလိုက်လေသည်။ " စားတော့လေ..."
ဖေ့ချန်, " ကျေးဇူးပါ..အမေ "
ကန်းရှောင်ရုံရဲ့ လှုပ်ရှားမှုက ခနတာရပ်တန့်သွားပြီး "အန်"ဟု ဖြေဆိုသံတစ်ခုထွက်ပေါ်လာလေသည်။
ထိုအခါ ဖေ့ချန်က ခန္ဓာကိုယ်လှုပ်ရှားခြင်းမရှိဘဲ သူ့ကို မျက်လုံးတစ်ဖက်မှိတ်ပြလာပြီး နှုတ်ခမ်းတွင်လည်း မရိုးသားသောအပြုံးသဲ့သဲ့ ထွက်ပေါ်လာလေသည်။
နန်ဟွိုင်လင် ရုတ်တရက် ရယ်ချင်လာပေမယ့် ထိုသို့ မလုပ်ရဲတာကြောင့် ခေါင်းကိုမြန်မြန်ငုံ့ကာ စားဖို့လုပ်ရတော့သည်။
မနက်စာစားပြီးနောက် နန်ဟွိုင်လင် မိဘတွေကို ခွင့်တောင်းပြီး ဖေ့ချန်ကို အပြင်လိုက်ပြဖို့ ခေါ်ထုတ်လာခဲ့သည်။ သူတို့နှစ်ယောက်ရဲ့ မျက်နှာတွေက လူကြားထဲမှာ သိသာလွန်းနေတာကြောင့် နှစ်ယောက်လုံး ဦးထုပ်နှင့်မျက်မှန်ကို အတူတကွ တပ်ဆင်လိုက်ကြသည်။
အိမ်ကနေထွက်လာပြီးနောက် ဖေ့ချန်က သူ့လက်ကိုဆွဲဖို့ တောင်းဆိုတာတာကြောင့် နန်ဟွိုင်လင် ငြင်းဆိုလိုက်သည်။ " မဆွဲသေးနဲ့ဦး..ဒီလမ်းကြားထဲက ထွက်ပြီးသွားတဲ့ထိစောင့်ဦး...ကျတော့်အကိုရော လိုက်ဖို့ ခေါ်လိုက်ရဦးမလား? "
" မခေါ်နဲ့ " ဖေ့ချန်က ပြတ်သားစွာ ငြင်းဆိုလိုက်လေသည်။ " ကိုယ် မင်းနဲ့ပဲ အချိန်ကုန်ချင်တယ်....နဂါးပေါက်လေးတွေနဲ့အကိုပြန်ရောက်လာတဲ့အချိန်ကြရင် မင်းနဲ့အတူနှစ်ယောက်တည်း အချိန်ကုန်ဆုံးဖို့က မဖြစ်နိုင်တော့ဘူး "
" ဒါနဲ့လေ..." နန်ဟွိုင်လင် မနေ့ညက ဖေ့ကျန်း၏ဖုန်းခေါ်ဆိုမှုကို သတိရသွား၏။ " မနေ့ညက ခင်ဗျားအကို ဖုန်းဆက်လို့ ကျတော်ကိုင်လိုက်တယ်...ယန်ရှင်းဗီလာဧရိယာထဲမှာရှိတဲ့အိမ်ကို ရှင်းထားလိုက်ဦးတဲ့...နဂါးပေါက်လေးတွေကို အဲ့ဒီမှာ ထားမယ်တဲ့ "
ဖေ့ချန် ခေါင်းညိမ့်လိုက်သည်။ " အဲ့တာဆို ကိုယ်တို့ လက်ထပ်မှတ်ပုံတင်လုပ်ပြီးရင် ပေကျင်းကို ပြန်ကြမယ်...သူ ဘယ်တော့ တရုတ်ကို ပြန်ရောက်မလဲဆိုတာ ပြောသေးလား? "
" တစ်ပတ်နေပြီးရင်တဲ့ "
" ကိုယ် ခန့်မှန်းထားသလိုပါပဲ...တော်သေးတယ် ကိုယ် သူ့နားမှာ မနေပဲထွက်လာလိုက်တာ မဟုတ်ရင် ဒီလိုတန်ဖိုးရှိတဲ့အချိန်လေးကို ဆုံးရှုံးရတော့မယ် "
" ခင်ဗျားသားလေးတွေကိုရော စိတ်မပူဘူးလား? "
" မပူပါဘူး...အကိုရှိတယ်လေ..သူစောင့်ရှောက်ထားလိမ့်မယ် "
" ခင်ဗျားအကိုက ခင်ဗျားကိုလည်း စောင့်ရှောက်ခဲ့တယ်..အခုလည်း ခင်ဗျားကလေးတွေကို ကြည့်ပေးနေတယ်...အဲ့တာကို သူ့အပေါ် ဘယ်လိုတောင် ပြောလိုက်တာလဲ? "
ထိုအခါ ဖေ့ချန်က ပြုံးကာဆိုလာလေသည်။ " ကိုယ့်ရဲ့ စိတ်ဆင်းရဲစရာအကြောင်းတစ်ချို့ကို ထုတ်မရောင်းရင် ကိုယ့်ယောက္ခမတွေက ဘယ်လိုလုပ် ကိုယ့်ကို သနားတော့မှာလဲ? "
" ဒါနဲ့...ခင်ဗျားအကိုက ကျတော်တို့ မင်္ဂလာဆောင်တာကို မသိသေးဘူးမလား?"
" ကိုယ် အခုထိ သူ့ကိုပြောဖို့ အခွင့်အရေး မရသေးလို့ " ဖေ့ချန်က သူ့ဖုန်းကို ဆွဲထုတ်လိုက်သည်။ " အခုခေါ်လိုက်မယ် "
ထို့နောက် တစ်ဖက်က လျှင်မြန်စွာပဲ ဖုန်းကိုင်လာခဲ့သည်။
" အကို...ကျတော် နန်ဟွိုင်လင်နဲ့ မင်္ဂလာဆောင်ဖို့ မှတ်ပုံတင်လုပ်နေတယ် " ထို့နောက် ဖေ့ချန်က စက္ကန့်အနည်းငယ်လောက်ရပ်သွားပြီး ထပ်ပြောလာသည်။ " အဲ့တာဆို ဒါပဲနော်..ဖုန်းချလိုက်ပြီ "
ဘေးနားက နန်ဟွိုင်လင် အနည်းငယ်တော့ ဇဝေဇဝါဖြစ်သွားရလေသည်။ ဖုန်းပြောတာက နဲနဲ မြန်လွန်းမနေဘူးလား?
" ခင်ဗျားအကိုက ဘာပြောလဲ? "
ဖေ့ချန်က ဖုန်းကိုပြန်သိမ်းလိုက်လေသည်။ " သူပြောတာက 'အိုကေ..သိပြီ'တဲ့ "
"......." နန်ဟွိုင်လင်, " ခင်ဗျားအကိုက မိုက်သားပဲ "
ဖေ့ချန်က သူ့လည်ပင်းကို လက်တစ်ဖက်ဖြင့် ဖက်လာခဲ့သည်။ " ကိုယ့်ရှေ့မှာ တခြားယောက်ျားတွေကို မချီးမွန်းနဲ့...ကိုယ့်အကိုဆိုရင်တောင် မရဘူး "
ထို့နောက် သူတို့နှစ်ယောက် မြစ်ကမ်းဘေးမှာ လမ်းလျှောက်ကာ ရယ်မော စကားပြောနေခဲ့ကြပြီး ဘေးနားက လှေတစ်စင်းဖြတ်သွားချိန်မှာ သူ ဖေ့ချန်ကို မေးလိုက်သည်။ " ခင်ဗျား လှေစီးချင်လား? ဟိုနားက ရှန်ထန်းလမ်းနားမှာ ဆိပ်ကမ်းရှိတယ် "
ဖေ့ချန်က နန်ဟွိုင်လင့် နားကို ခပ်ဖွဖွကိုက်ကာ ဆိုလာသည်။ " ကိုယ် လှေမောင်းချင်ရင်ရော ရလား? "
" နေ့ခင်းကြောင်တောင်ကြီးမှာ မမှောင်နဲ့ " သူ ဖေ့ချန်မျက်နှာကို တွန်းထုတ်ပစ်လိုက်သည် " Mr. ဖေ့ချန်..ကျေးဇူးပြုပြီး အပြောအဆို ဆင်ခြင်ပေးပါ "
" နဂါးတွေရဲ့ သဘာဝကိုက ရာဂစိတ် ပြင်းထန်တယ်လေ...မင်း မသိဘူးလား? " ဖေ့ချန်က ခပ်ဖွဖွရယ်ကာ ဆိုလာ၏။ " Mr.နန်ဟွိုင်လင်..ကျေးဇူးပြုပြီး ထလိုက်တော့ "
" အဲ့တော့ ခင်ဗျား လှေစီးမှာလား မစီးဘူးလား ပြော? " သူ လိုရင်းကိုပဲ​ကိုတန်းပြောတာက အမှတ်မထင် အလိုလိုက်ခံထားရတဲ့လူတစ်ယောက်ပုံစံမျိုးဖြစ်လို့သွားလေသည်။
ပုံမှန်ဆိုရင်တော့ နန်ဟွိုင်လင် သူ့ကိုယ်သူ စိတ်ထဲရှိရာ လိုက်မလုပ်ခိုင်းပေ။ တစ်ခုချွင်းချက်ရှိတာက အိပ်ရာထဲမှာ လွမ်းမိုးခံနေရပြီး လွတ်ပေးဖို့ ပျော့ပျောင်းတဲ့အသံနဲ့ အသနားခံနေရတဲ့အချိန်တော့ မပါဘူးပေါ့။ ဒီလိုဖြစ်တဲ့အခါတိုင်း ဖေ့ချန်က သူ့ကို ပိုပြီးတော့ အကြမ်းပတမ်းဖျက်စီးပစ်ချင်နေပြီး ငိုသွားအောင်လုပ်ချင်ပေမယ့် သူက မလုပ်နိုင်တာကြောင့် သူ့ရဲ့တောင်းဆိုချက်တွေကို အမြဲတမ်းအဖြေတွေနဲ့ပဲ အဆုံးသတ်လေ့ရှိသည်။
" ထိုင်, ထိုင်, ထိုင်.." ဖေ့ချန်က ဆိုလာသည်။ " မင်း ပြောတဲ့အတိုင်းလုပ်မယ်, ကိုယ်တို့ မင်းပြောတဲ့အတိုင်းလုပ်မယ်နော်...မင်း လုပ်ချင်တဲ့အရာမှန်သမျှကို ယောက်ျားက နားထောင်မှာ"
နန်ဟွိုင်လင် အသံထွက်ကာ ရယ်လိုက်မိပြီး ပြုံးကာ ပြောလိုက်သည်။ " သွားမယ် အဲ့တာဆို.."
ဖေ့ချန်က လက်တစ်ဖက်ဆန့်တန်းလာခဲ့သည်။ " လမ်းပြ "
အခုဆို သူတို့နှစ်ယောက် လမ်းလည်းအကြာကြီး လျှောက်ပြီးသွားပြီဖြစ်ကာ သူတို့ကိုမှတ်မိလွယ်တဲ့ ပတ်ဝန်းကျင်မှာ ပြေးဖို့မသင့်တော်ဘူးလို့ နန်ဟွိုင်လင်ထင်တာကြောင့် သူ ဖေ့ချန်လက်ကို ရက်ရောစွာ ပေးကိုင်ပေးလိုက်သည်။ နှစ်ယောက်လုံး လက်တွေတွဲထားကြရင်း ရှန်ထန်းအနောက်လမ်းမဆီကနေ အရှေ့လမ်းမထိ အတူလမ်းလျှောက်လာကြပြီး လှေဆိပ်သို့ရောက်ရှိလာကာ လက်မှတ်ဝယ်ဖို့ လုပ်လိုက်ကြသည်။
နန်ဟွိုင်လင် လက်မှတ်ရောင်းတဲ့စာရေးမလေးထံ လှမ်းပြောလိုက်သည်။
" လက်မှတ်နှစ်စောင်ပေးပါ "
" မဟုတ်ဘူး " ဖေ့ချန်, " ကိုယ်က လှေတစ်စင်းလုံး ငှားချင်တာ "
နန်ဟွိုင်လင် စကားဆက်မပြောရသေးခင် လက်မှတ်အရောင်းစာရေးမလေးထံမှ စကားသံကိုကြားလိုက်ရသည်။
" ဆောရီး....လက်မှတ်တွေ အကုန်လုံးက ရောင်းကုန်သွားပါပြီရှင့်...နောက်တစ်စီးကို စောင့်မလားရှင့်? "
ဖေ့ချန် လှည့်ကြည့်လိုက်တော့ တကယ်လည်း သူတို့နဲ့ သိပ်မဝေးလှသောနေရာမှာ လူတွေအများကြီး တန်းစီနေတာကို တွေ့လိုက်ရသည်။
" ဘေဘီ...ဒီနားကစောင့် " ထိုသို့ပြောပြီးနောက် ဖေ့ချန်က အမြန်နှုန်းဖြင့် လူအတန်းကြီးရှိရာသို့ လမ်းလျှောက်သွားလေသည်။
သူတို့ကြားက အကွာအဝေးက သိပ်မဝေးလှပေမယ့် ထိုလူတွေကို ဖေ့ချန် ဘာတွေပြောပြနေလဲဆိုတာ နန်ဟွိုင်လင် မကြားရပေ။ သိပ်မကြာခင်မှာပဲ ဖေ့ချန်က ပြန်ရောက်လာပြီး လက်မှတ်စာရေးမထံ ပြန်ပြောလာလေသည်။
" ကျတော် သူတို့ကိုပြောပြီးပြီ..သူတို့က နောက်ထပ်လှေတစ်စီးကို စောင့်ချင်တယ်တဲ့...ကျေးဇူးပြုပြီး ကျတော့်ကို အခုထွက်မဲ့ လှေတစ်စင်းလုံးစာအတွက် တွက်ပေးပါ..ကျေးဇူး " ထို့သို့ပြောပြီး ဖေ့ချန်က သူ့ကဒ်ကိုဆွဲထုတ်ပြီး ကမ်း​ပေးလိုက်ရာ နန်ဟွိုင်လင် တားဖို့အချိန်တောင် မရလိုက်ပေ။
" ခင်ဗျား သူတို့ကို ဘာပြောလိုက်တာလဲ? " နန်ဟွိုင်လင် အရမ်းသိချင်နေမိသည်။
" လှေပေါ်ရောက်ရင် ပြောပြမယ် " ဖေ့ချန်က ပြုံးရယ်ကာ ပြောလာသည်။
လက်မှတ်ဝယ်ပြီးပြီးချင်းပဲ ဆိပ်ကမ်းက လှေကလည်း ထွက်ခွါဖို့ပြင်နေပြီဖြစ်သည်။
ဖေ့ချန်က သူ့လက်ကိုဆွဲပြီး လှေဆီကိုသွားတော့ စီးတန်းနေတဲ့လူအုပ်ကြီးထံမှ အားပေးသံတွေ အဟုန်ထိုး ထွက်ပေါ်လာတာကြောင့် နန်ဟွိုင်လင် ခေါင်းကိုငုံ့ထားလိုက်မိပြီး လူတွေ သတိပြုမိသွားမှာ စိုးရိမ်နေမိသည်။
လှေပေါ်ရောက်တော့ အနည်းငယ်ပိုကျယ်တဲ့နေရာကို ရှာလိုက်ပြီး သူ ဖေ့ချန်ကို ချက်ချင်း မမေးဘဲမနေနိုင်တော့ပေ။ " ခင်ဗျား သူတို့ကို ဘာပြောလိုက်တာလဲ? "
ထိုအခါ ဖေ့ချန်က ပြုံးနေပြီး " ဘာပြောလိုက်လဲဆိုတော့....ကိုယ်က ကိုယ့်ကောင်လေးကို လက်ထပ်ခွင့်တောင်းမလို့ လှေတစ်စင်းလုံးငှားချင်နေတယ်လို့...အဲ့တာနဲ့ သူတို့က ပျော်ပျော်ရွှင်ရွှင်ပဲ သဘောတူလိုက်ကြတယ် "
နန်ဟွိုင်လင် တကယ်ကို ခနလောက်ထိ ပြောစရာစကား​ပျောက်ရှသွားရပါ၏။
"...တကယ်ကို ရွှေရောင်နှလုံးသားနဲ့ နဂါးကြီး"
လှေက ဆိပ်ကမ်းကနေလည်း ထွက်လာရော ဖေ့ချန်က သူ့ကို တစ်ခါတည်း ပေါင်ပေါ်ဆွဲတင်ကာ ဖက်ထားပြီး ခေါင်းကို စောင်းကာ အနမ်းပေးတော့သည်။
ဧပြီလရဲ့ နွေနှောင်းပိုင်းမှာ တိုက်ခက်နေတဲ့လေညှင်းက တကယ်ကိုလှပလွန်းလှပြီး ကမ်းဘေးမှာပေါက်နေတဲ့ ပန်းများကလည်း အနီရောင်..အစိမ်းရောင်များဖြင့် မြင်ကွင်းကို ခြယ်သထားကြသည်။ ပတ်ဝန်းကျက်တစ်ခွင်က အရမ်းကို မျက်စိပသာဒရှိနေပြီး နာမည်ကြီးသီချင်းသံ တိုးဖျဖျကိုလည်းကြားနေရသည်။
ဖေ့ချန်ရဲ့လက်မောင်းတွေကြားမှာ သူက ထိုင်ရက်သားရောက်နေပြီး အနမ်းတွေက နူးညံ့မှု၊ ကြင်နာမှု၊ ချိုမြိန်မှု၊ ကြည်နူးမှုများစွာ ရောယှက်နေလေသည်။
အနမ်းအရှည်ကြီးကို ဖြတ်သန်းပြီးနောက် နန်ဟွိုင်လင်က မောပန်းနေဟန်ဖြင့် အသက်ရှုသံ မတည်မငြိမ်ဖြင့် ပြောလာလေသည်။
" ခင်ဗျား ဒီလိုလုပ်ဖို့ လှေတစ်စီးလုံး ငှားလိုက်တာလား? အပြင်ကရှုခင်းလေးက အရမ်းလှကို အကျိုးမရှိအောင် လုပ်မိသလိုဖြစ်နေပြီ "
ထိုအခါက ဖေ့ချန် အက်ရှသောအသံနှင့်အတူ ဆိုလာသည်။ " အကောင်းဆုံးရှုခင်းဆိုတာတွေတောင် မင်းနဲ့တွေ့ရင် ကောင်းတော့ဘူး "
" ခင်ဗျားက အရမ်းဆိုးတာပဲ " နန်ဟွိုင်လင် ခေါင်းလှည့်ကာ ဘေးကို လှမ်းကြည့်လိုက်သည်။ " ကျတော် ရှန်ထန်းမြစ်နားမှာ ကြီးပြင်းလာပေမယ့် လှေစီးဖူးတာ အခုက ပထမဆုံးပဲ...လှေပေါ်မှာရှိနေတာက ကမ်းဘေးမှာရှိနေတဲ့ခံစားချက်နဲ့ လုံးဝမတူဘူးပဲ "
ဖေ့ချန်ကတော့ ရှုခင်းကိုကြည့်ဖို့ စိတ်မဝင်စားပေ။ သူ စိတ်ဝင်စားတာက သူ့မိန်းမကိုကြည့်ဖို့ပဲဖြစ်ပြီး အခုကြည့်နေရတာတောင် အားမရသလို ခံစားနေရ၏။
နန်ဟွိုင်လင် ဖုန်းထုတ်ကာ ရှုခင်းပုံတွေ ဓာတ်ပုံရိုက်နေလိုက်သည်။ ထို့နောက် ကင်မရာကိုလှည့်ပြီး ဘေးမှာထိုင်နေတဲ့ ဖေ့ချန်ဦးခေါင်းနဲ့အတူ ဆယ်ဖီရိုက်ဖို့ ပြင်လိုက်သည်။
နန်ဟွိုင်လင် ခေါင်းလှည့်လိုက်တဲ့အချိန်မှာ ဖေ့ချန်က သူ့မျက်နှာကို အနမ်းပေးလိုက်တာကြောင့် ထိုပုံလေးကို သူ မထင်မှတ်ပဲ ရိုက်ယူလိုက်မိသည်။
ထိုပုံလေးကို ပြန်ကြည့်ပြီး နန်ဟွိုင်လင် အရမ်းကို သဘောကျနေပေမယ့် တဖက်မှာတော့ ဖေ့ချန်က မပျော်မရွှင်ဖြစ်နေပြီး သူ့ဖုန်းကို သိမ်းသွားကာ လှေက ဆိပ်ကမ်းကို မရောက်ခင်ထိ အနမ်းတွေ ပြန်ပေးနေလေသည်။
ထို့ကြောင့် နန်ဟွိုင်လင် ညူစူလိုက်သည်။ " ခင်ဗျား ဒီလိုပဲ တစ်ချိန်လုံး လုပ်နေတော့မယ်ဆိုရင် ဟိုတယ်သွားပြီး အခန်းတစ်ခုယူလိုက်တာမှ ကောင်းဦးမယ် "
" အဲ့အကြံကောင်းတယ်.." ဖေ့ချန်က အတည်ပြောတယ်ထင်ပြီး အမြန်တုံ့ပြန်လာ၏။ " အခု သွားကြမယ်လေ "
" ခင်ဗျားဘာသာပဲသွား " နန်ဟွိုင်လင် မျက်နှာလှည့်ကာ အရှေ့ကို အရင်လျှောက်သွားလိုက်သည်။ " ကျတော်ကတော့ ကွမ်ချန်းလမ်းမှာ မုန့်သွားစားတော့မှာ "
" ဒါလည်း မဆိုးဘူး " ဖေ့ချန်က ပြုံးကာဆိုလာသည်။ " မင်း ဝသွားမှပဲ ကိုယ် မင်းကိုစားတော့မယ် "
ဒီတစ်ကြိမ်တွင်တော့ နန်ဟွိုင်လင် တကယ် ဒေါသထွက်လာတော့သည်။
" ခင်ဗျားက အကြီးစား ဏှာဘူးနဂါးပဲ! "
___________
25. 3. 23 ( Sat)
TN/ ဖေ့ချန်ရဲ့ တော်ကီတွေအောက်မှာ ဘယ်သူတွေနိုင်ဘူးလဲ....သိရင်ပြောကြပါဦး.....လူ အထူးအဆန်းဆို မြင်ဘူးချင်လို့~~
-----------
zawgyi
" အင်း "
" အဖေ...အမေ "
နန်ဟွိုင်လင်, "......"
နန်ဇွင်းရှန်, "......"
ကန်းရှောင်ရုံ, "......"
ဖေ့ချန်, " ကျေးဇူးပါ..အမေ "
" တစ်ပတ်နေပြီးရင်တဲ့ "