ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼...

By AvocadojuiceO_2

75.1K 8.1K 569

Start date _ 15/3/2023 End date - I don't own this novel and cover art. Just a fan translation. All credit t... More

Synopsis
1
1 Zawgyi
2 Zawgyi
3
3 Zawgyi
4
4 Zawgyi
5
5 Zawgyi
6
6 Zawgyi
7
7 Zawgyi
8
8 Zawgyi
9
9 Zawgyi
10
10 Zawgyi
11
11 Zawgyi
12
12 Zawgyi
13
13 Zawgyi
14
15
16
17
18
Story Glory
19
20
21
22
23
24
24.1 အချစ်ဆုံးသူငယ်ချင်း
25

2

2.8K 429 27
By AvocadojuiceO_2

⦅အတူတူလူပျိုကြီးလုပ်ကြမယ်⦆

*******

မနက်ခင်းတွင် ယဲ့ယောင်မျက်လုံးဖွင့်လိုက်သည့်အခါ သူ့မျက်လုံးကိုဖမ်းစားသွားသည့် ပထမဆုံးအရာမှာရင်းနှီးနေသော ယောက်ျားပီသသည့်မျက်နှာတစ်ခုပင်။

လုရွှမ်းက နိုးနေပြီဖြစ်ကာ သူ့ကိုမြဲမြံစွာစိုက်ကြည့်လို့နေပြီး သူ့မျက်လုံးတွေကနက်ရှိုင်းလို့နေလေသည်။

"မင်းဘာကိုကြည့်နေတာလဲ?" ယဲ့ယောင်ထိုလူကို အဝေးသို့တွန်းထုတ်လိုက်ပြီး မနက်စောစောစီးစီး သွေးရူးသွေးတန်းခုန်လှုပ်နေတဲ့နှလုံးသားလေးကို တည်ငြိမ်စေလျက် "လန့်လိုက်တာ၊ ဘယ်သရဲကားထဲကနေ လူတွေကိုဒီလိုနှိုးရမယ်လို့ မင်းသင်ခဲ့တာလဲ?"

လုရွှမ်းကနှုတ်ခမ်းကို ပင့်မြှောက်၍ပြုံးလိုက်ပြီး "မင်းရဲ့မျက်တောင်တွေက အထက်တန်းကျောင်းတက်တုန်းကထက် 0.02မီလီမီတာရှည်လာတယ်လို့ ခံစားရတယ်"

"......" ယဲ့ယောင် မတ်မတ်ထထိုင်လိုက်ပြီး ကုတင်ပေါ်၌လဲလျောင်းနေဆဲဖြစ်သော လုရွှမ်းအားကန်ထုတ်လိုက်တော့သည်။ "ပေါက်ကရတွေပြောနေတာ ရပ်လိုက်တော့၊ ငါအတန်းသွားတက်ရမှာ၊ မင်းရဲ့ခြေထောက်ကိုငါ့ပေါ်ကဖယ်ပြီး ငါ့ကိုအိပ်ရာပေါ်ကဆင်းခွင့်ပေးစမ်းပါ"

လုရွှမ်းက ယဲ့ယောင်ရဲ့ခြေချင်းဝတ်လေးကို သူ့ခြေဖြင့်ချိတ်လိုက်ကာ "ဘာတွေအလျင်လိုနေတာလဲ? အတူတူသွားရအောင်"

*

ယဲ့ယောင်နဲ့လုရွှမ်းက လေ့လာတဲ့မေဂျာမတူတာကြောင့် အတန်းလည်းမတူညီကြပေ။ ယဲ့ယောင်ကဥပေဒေပညာကို လေ့လာနေတဲ့အချိန် လုရွှမ်းကဘဏ္ဍာရေးအကြောင်းကို လေ့လာနေခဲ့သည်။

ယဲ့ယောင်မှာ လုရွှမ်းတစ်ယောက် မည်သို့စီမံနေမှန်းမသိပေမယ့် ဘဏ္ဍာရေးမေဂျာကျောင်းသားက သူတို့ဥပဒေအိပ်ဆောင်တွင် ပထမနှစ်ကတည်းကစတင် နေထိုင်နေခဲ့တာဖြစ်ပြီး သူက တစ်ဖက်လူနဲ့အတူရှိနေဖို့ရန် ယဲ့ယောင်ရဲ့အတန်းကိုတောင် ဆင်းလာခဲ့တာပင်။

အတန်းမစခင်၁၀မိနစ်အလိုတွင် ယဲ့ယောင်မှာစာသင်ခန်းထဲသို့ လုရွှမ်းနောက်မှလိုက်ဝင်လာခဲ့သည်။

သူနဲ့သူ့အခန်းဖော်အတွက် ထိုင်ခုံနေရာရှာတွေ့ပြီးနောက် အရှေ့တန်းမှကောင်မလေးက သူ့ကိုအပြုံးလေးတစ်ခုနှင့်စနောက်လိုက်တာကို ယဲ့ယောင်ကြားလိုက်ရသည်။ "ယဲ့ယောင် နင့်ရဲ့မိသားစုဝင်ကို အတန်းထဲခေါ်လာပြန်ပြီလား?"

"ဟုတ်တယ်" မေးခွန်းထဲမှာပါသည့် ထို'မိသားစုဝင်'ဆိုသူက ယဲ့ယောင်ဘာမှမပြောရသေးခင်မှာပဲ စေတနာ့၀န်ထမ်းလုပ်ကာပြန်ဖြေပေးလာ၏။ "သူကအရမ်းကို လူကပ်တဲ့ကလေးလေးလေ။ ငါနဲ့ခွဲနေရတာကို သူကမကြိုက်ဘူး"

ပြုံးရွှင်နေတဲ့လုရွှမ်းမှာ ယဲ့ယောင်ရဲ့စိန်းစိန်းဝါးဝါးအကြည့်ကြီးနဲ့အကြည့်ခံရပြီးနောက် နာခံစွာနှင့်ပါးစပ်ပိတ်ကာ စားပွဲခုံကိုမှီလျက် နောက်လာမယ့်သင်ခန်းစာအကြောင်းအရာတွေကို ကြိုကြည့်နေတဲ့ယဲ့ယောင်ကို ကြည့်နေလိုက်သည်။

လုရွှမ်းမှာ သူတို့အတန်းမှလူမဟုတ်သော်လည်း ယဲ့ယောင်ရဲ့အတန်းတစ်ခုလုံးရှိ အတန်းဖော်တွေက သူ့တည်ရှိမှုနှင့်ကြည့်ရှူနေမှုတို့ကို ကျင့်သားရလို့နေလေပြီ။

သူတို့ဥပဒေဌာန၌ အတန်းရှိနေပြီး ဘဏ္ဍာရေးဌာန၌ အတန်းမရှိသည့်ဘယ်အချိန်မဆို ကျောင်းတွင်းနတ်ဘုရားလုရွှမ်းမှာ ယဲ့ယောင်အနားတွင် သေချာပေါက်ပေါ်လာပြီး ယဲ့ယောင်နောက်လိုက်၍ အမြဲတမ်းအတန်းလာတက်လေ၏။

အတန်းဘဲလ်မြည်လာသည့်အခါ စာသင်ခန်းတစ်ခုလုံး တိတ်ဆိတ်မှုထဲသို့ကျရောက်သွားပြီး ဆရာအိုကြီးရဲ့ဟောပြောသံနှင့် စာအုပ်တွေ၊ မှတ်စုတွေလှန်လှောနေသည့်အသံတွေရောနှောပြီး ထွက်ပေါ်လာသည်။

ယဲ့ယောင်မှာ သူ့ရဲ့စာလေ့လာမှုအပေါ် အမြဲအလေးအနက်ထားလေသည်။ သို့ပေမယ့်အဲ့လိုဆိုရင်တောင်မှ သူ့ဘေးရှိပုဂ္ဂိုလ်က စားပွဲပေါ်လှဲလျောင်း၍ အခြားဘာဆိုဘာမှမလုပ်ပဲ သူ့ကိုပဲစိုက်ကြည့်နေရင်တော့ အာရုံစူးစိုက်ဖို့ရာ အလွန်ခက်ခဲလှတယ်။

ထိုပုဂ္ဂိုလ်က သူ့ crushဆိုတာကိုပဲ ထည့်မပြောနဲ့ဦး။

ယဲ့ယောင် လက်ဆန့်ထုတ်၍ လုရွှမ်းရဲ့မျက်လုံးတွေကို အုပ်လိုက်ကာ တိုးတိုးလေးပြောလိုက်သည်။ "ငါ့ကိုစိုက်ကြည့်မနေနဲ့ သင်ခန်းစာကိုလိုက်နားထောင်"

သူ့မျက်လုံးတွေကိုကာထားတဲ့ ယဲ့ယောင်ရဲ့လက်ကို လုရွှမ်းကိုင်လိုက်ပြီး သူ့အကြည့်တွေကိုမရုပ်သိမ်းခင် ထိုလက်ကိုသူ့ပေါင်ပေါ်သို့ ဆွဲတင်လိုက်သည်။

အတန်းပြီးဆုံးကြောင်း ဘဲလ်မြည်လာပြီးနောက်အတန်းရှိသေးသည့် လုရွှမ်းမှာထရပ်လိုက်သည်။

"ငါသွားတော့မယ်။ ငါအဝေးမှာရှိနေတုန်း မင်းကိုကြိုက်နေတဲ့ကောင်မလေးတွေနဲ့ ခိုးကြောင်ခိုးဝှက်မတွေ့နဲ့နော်။ အနည်းဆုံးငါရောက်လာတဲ့အချိန်ထိ စောင့်နေ" လုရွှမ်းပြောလိုက်သည်။

ယဲ့ယောင် လုရွှမ်းကိုထွက်သွားဖို့ရန် လက်ဝှေ့ယမ်းပြလိုက်ပြီး တံခါးဝကိုဖြတ်၍ လုရွှမ်းပုံရိပ်လေး ပျောက်ကွယ်မသွားခင် လှမ်းကြည့်လိုက်သည်။

...... လုရွှမ်းသာသူဘယ်သူ့ကို ကြိုက်နေမှန်းသိသွားခဲ့ရင် သူ့ကိုဒီလိုစိတ်ရှုပ်အောင်ဧကန်မုချလုပ်တော့မှာ မဟုတ်တာအသေအချာပေ။

ယဲ့ယောင် ကိုယ့်ကိုယ်ကိုယ်ပြုံးလိုက်ကာ၊ သူသာမိန်းကလေးတွေကို တကယ်ပဲကြိုက်ခဲ့ရင် အခုလိုသူ့ရဲ့ခံစားချက်အစစ်အမှန်တွေ ဖော်ထုတ်ခံလိုက်ရမှာကို အတောမသတ်နိုင်အောင် ကြောက်ရွံ့နေမိခဲ့မှာမဟုတ်ဘူး။

*

နေ့တစ်နေ့ရဲ့အဆုံးသတ်သည် ချောချောမွေ့မွေ့ကုန်ဆုံးသွားပြီးနောက် လုရွှမ်းမှာယဲ့ယောင်ကိုတွေ့ရန် ဥပဒေဌာနသို့သွားရမည့်အစား ဘတ်စကတ်ဘောကွင်းသို့ ရောက်လာခဲ့သည်။

ယခုအချိန်အတွင်း ဌာနပေါင်းစုံမှပြိုင်ပွဲတွေရှိပြီး ယနေ့ကဘဏ္ဍာရေးဌာနနှင့် ဥပေဒေဌာနတို့ရဲ့ ယှဥ်ပြိုင်ပွဲဖြစ်လေသည်။ လုရွှမ်းရော၊ ယဲ့ယောင်ရောက ဘတ်စကက်ဘောအသင်းဝင်တွေဖြစ်တာကြောင့် လုရွှမ်းက ကစားကွင်းသို့သွားကာစောင့်နေရန်လိုအပ်သည်။

သူ့အသင်းသားထဲကတစ်ယောက် သူ့ဘေးတွင်ထိုင်ချလာချိန်၌ လုရွှမ်းမှာကွင်းဘေးရှိခုံတန်းလျားပေါ်ထိုင်လျက် ရှုးဖိနပ်ကြိုးကိုချည်နေလေ၏။

"ညီအစ်ကိုလု ငါမင်းကိုတစ်ခုလောက် မေးပါရစေ" သူ့အသင်းဖော်ရဲ့အသံက ပဟေဠိဆန်စွာနှင့် "ငါလိုက်ပတ်ရှာပေမယ့် ဒီအကြောင်းကိုအသိဆုံးက မင်းတစ်ယောက်တည်းပဲရှိတယ်လို့ ခံစားရလို့"

လုရွှမ်းက မော့တောင်မကြည့်ပဲနှင့် "ဘာလဲ?"

ထိုအသင်းဖော်ကြီးက စိတ်လှုပ်ရှားနေသောအပြုံးကြီးပြုံးပြလာကာ "ညီအစ်ကိုလု မင်းဥပဒေဌာနကယဲ့ယောင်နဲ့ ရင်းနှီးတယ်မလား? ငါမင်းကိုမေးချင်လို့.....ယဲ့ယောင်မှာကောင်မလေးရှိလား?"

လုရွှမ်း ဖိနပ်ကြိုးချည်နေတာကို ရပ်လိုက်ပြီး သူ့အသင်းဖော်ဆီသို့ ခေါင်းလှည့်လိုက်ကာ "မင်းကဘာလို့ အဲ့ဒါကိုမေးတာလဲ?"

"ဒီလိုကွာ၊ ငါ့မှာ ယဲ့ယောင်ကိုအရမ်းသဘောကျနေတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်ကွ။ ဒါပေမယ့်ယဲ့ယောင်နဲ့စကားပြောဖို့ သူ့မှာအခွင့်အရေးကအများကြီးလည်း မရှိဘူးဆိုတော့ ဒီကစားပွဲကိုအခွင့်အရေးယူပြီး ယဲ့ယောင်ကိုသောက်စရာပေးချင်နေတာ။ အဲ့အချိန်ရောက်ရင် သူတို့ကိုစကားနည်းနည်းလောက်ပြောနိုင်အောင် ညီအစ်ကိုလုငါ့ကိုကူညီပေးလို့ရမလား?" အသင်းဖော်ကမေးလေသည်။

လုရွှမ်းက ဘာမှမပြောလာခဲ့ဘူး။ သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းလေးမှာ အောက်သို့အနည်းငယ်မဲ့ကျသွားစဥ်၌ သူ့အသင်းဖော်မှာတော့ တစ်စုံတစ်ခုမှားယွင်းနေကြောင်းမသိပဲ ပို၍အားထုတ်ကြိုးပမ်းကာ စကားကောင်းလေးတွေဆိုနေလေရဲ့ "ငါ့သူငယ်ချင်းက တကယ်လှတယ်၊ စရိုက်လေးကလည်းကောင်းတယ်။ သူတို့ကိုစကားနည်းနည်းလောက်ပြောခိုင်းတာ မကောင်းတာတော့မဟုတ်ဘူးနော်"

"သူကအခုချိန် ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့စီစဥ်နေတယ်လို့တော့ ငါမထင်ဘူး" လုရွှမ်းပြောလေ၏။

"ရပါတယ်။ မိန်းကလေးဘက်ကသာသူ့ကိုဆွယ်ရင် သူတို့နှစ်ယောက်ကြားက အကာအဝေးက တဖြည်းဖြည်းပျောက်ကွယ်သွားလိမ့်မယ်" အသင်းဖော်မှာ ပူပင်ကြောင့်ကြမဲ့စွာဖြင့် ရယ်လာခဲ့သည်။

"......နောက်မှပြောကြတာပေါ့" လုရွှမ်းမှာထရပ်ကာ ဘေးရှိမုန့်ဆိုင်ငယ်လေးဆီသို့ လျှောက်သွားသည်။

သူ့နောက်ကွယ်မှာတော့ အသင်းဖော်တွေမှာ အလုအယက်တိုးဝှေ့၍ နောက်ပြောင်နေကြလေ၏။

"မင်းညီအစ်ကိုလုကို သူ့ဇနီးလေးနဲ့ကောင်မလေးတစ်ယောက်ကို မိတ်ဆက်ခိုင်းလိုက်တာလား? သာ့ကျွမ်း မင်းဘယ်လိုတောင် ဒီလိုလုပ်နိုင်ရတာလဲ?"

"အဲ့လိုမေးလိုက်တာက ညီအစ်ကိုလုကိုယ်တိုင် သူ့မယားကိုလင်ငယ်နေခိုင်းနေသလို ဖြစ်မနေဘူးလားကွာ?"

"မင်းပြီးပြီလား။ ငါ့ကိုလည်းကောင်မလေးတစ်ယောက်နဲ့ မိတ်မဆက်ပေးရင် မင်းဒီနေ့ကွင်းထဲကနေ ထွက်သွားရမယ်မထင်နဲ့"

အဖြောင့်ကောင်တွေ တဟားဟားနှင့်ရယ်ကုန်ကြသည်။ ဘယ်သူမှဟာသကိုအလေးအနက်ထားမနေကြဘူး၊ လုရွှမ်းကလည်းအဖြောင့်ကောင်ဆိုတာ သူတို့အားလုံးသိနေတာပဲလေ။

*

ကစားပွဲက အလွန်ပြင်းထန်လျက် ရမှတ်တွေကလည်း တစ်ချိန်လုံးနီးကပ်နေကြသည်။ သို့ပေမယ့် ဒီနှစ်ဘဏ္ဍာရေးအသင်းဘက်တွင် အကုန်လုံးကအရပ်ရှည်သောကောင်လေးတွေကြီးပဲဖြစ်တာကြောင့် အရေးသာနေလေ၏။ နောက်ဆုံးတစ်မိနစ််အလိုတွင် ဘဏ္ဍာရေးအသင်းဘက်မှ three pointဖြင့် ဘတ်စကက်ဘောဂိမ်းကိုအနိုင်ရသွားခဲ့လေသည်။

ယဲ့ယောင်မှာ အနည်းငယ်မောဟိုက်နေလျက် ကွင်းအစွန်ရှိခုံတန်းလျားပေါ်ထိုင်ချလိုက်ပြီး နဖူးပေါ်မှချွေးတွေကို လက်ကောက်ဝတ်ဖြင့်သုတ်လိုက်သည်။

သူ့အသားအရည်မှာဖြူဖွေး၍ ချွေးများဖြင့်စိုရွဲနေရင်တောင် ညစ်ပတ်နေရမည့်အစား ရေထဲနှစ်ထားသည့်ကျောက်ဖြူတုံးလေးပမာ ထူးဆန်းသည့်အလှတရားအားပိုင်ဆိုင်ထားလေ၏။

သူ့နားထဲတွင် အောင်ပွဲခံနေသည့်ပရမ်းပတာအသံများအား ကြားနေရကာ ယဲ့ယောင်အလွန်ရေငတ်လာသလို ခံစားလိုက်ရသည်။ လုရွှမ်းရဲ့ရေကို တိုက်ရိုက်ပဲသောက်လိုက်ဖူးပေမယ့် သူ့ခံစားချက်တွေက တစ်စုံတစ်ခုဖြစ်လာပြီးသူငယ်ချင်းဆက်ဆံရေးမှ ပြောင်းလဲသွားကတည်းက သူ့အပြုအမူများကို ကန့်သတ်၍လေ့ကျင့်ခဲ့ရသည်။

ထိုအချိန်၌ ရေခဲရေဘူးတစ်ဘူးကိုကိုင်ထားသော နူးညံ့လှပသည့်လက်လေးတစ်ဖက်က ယဲ့ယောင်ဆီရေခဲဘူးကိုလှမ်းပေးလာခဲ့သည်။ ယဲ့ယောင်ထိုလက်ပိုင်ရှင်ကို မော့ကြည့်လိုက်သည့်အခါ နူးညံ့ညင်သာသောအသွင်အပြင်ဖြင့် ပုခုံးလောက်ထိရှည်သောအနက်ရောင်ဆံနွယ်လေးတွေနဲ့ မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။

ကောင်မလေးက ရှက်ကိုးရှက်ကန်းလေးပြုံးကာ "ဒီမှာနင့်အတွက်ရေဘူး"

"......" ယဲ့ယောင်ရဲ့မျက်လုံးတွေက ဘေးဘက်ကိုလှည့်ပတ်ကြည့်တော့ လူအတော်များများက မျက်နှာပေါ်တွင်ရယ်ချင်နေသည့်အကြည့်များဖြင့် လှမ်းကြည့်နေတာကိုသတိပြုမိလိုက်သည်။ ကောင်မလေးကိုကြည့်ရတာ ကို့ရို့ကားယားဖြစ်နေသလိုပင်။ လူမြင်ကွင်းတွင် ထိုသို့ပြုလုပ်ခြင်းကိုမသက်မသာဖြစ်နေသည်မှာ အသိအသာပေ။

ယဲ့ယောင် ရေဘူးကိုယူလိုက်သည်။ "ကျေဇူးပဲနော်"

"ရပါတယ်" မိန်းကလေးက ပြုံးကာ "နင်ငါ့ကိုမှတ်မိသေးလား? နောက်ဆုံးတစ်ခေါက်တုန်းက စာကြည့်တိုက်နားမှာငါဒုက္ခရောက်နေတော့ နင်ကူညီပေးခဲ့တာလေ"

"လမ်းကြုံလို့ကူညီပေးရုံပါပဲ။ စိတ်ထဲထိထားစရာမလိုပါဘူး" ရေငတ်နေသော်လည်း လောကဝတ်အရရေဘူးကို ယူလိုက်ပေမယ့် ယဲ့ယောင်မှာမသောက်ခဲ့ပေ။

"ဒါဆိုငါနင့်ကိုကျေးဇူးတင်ချင်လို့၊ နင်ဒီညအားလား......?"

ကောင်မလေးရဲ့စကား အဆုံးမသတ်ခင် စက္ကန့်ပိုင်းလောက်မှာပဲ အဖုံးဖွင့်ထားသည့်အားဖြည့်အချိုရည်မှာ ယဲ့ယောင်နံဘေး၌နေရာချခံလိုက်ရပြီး ထိုဘူးကတစ်ဝက်လောက်ထိ အသောက်ခံထားရလေတယ်။

လက်အကြီးကြီးတစ်ဖက်က ပုခုံးပေါ်ကျလာတာကို ယဲ့ယောင်ခံစားလိုက်ရပြီး ထိုလက်အကြီးကြီးရဲ့ပိုင်ရှင်က ယဲ့ယောင်ဘေး၌ထိုင်ချလိုက်ကာ "မင်းအတွက်ဝယ်လာတာ၊ မင်းအကြိုက်ဆုံးအရသာလေ၊ ညီအစ်ကိုကောင်းပီသတယ်မလား?"

ယဲ့ယောင်မှာ လုရွှမ်းကိုတုံ့ပြန်ဖို့စိတ်မဝင်စားပေ။ အရမ်းရေဆာနေတာကြောင့် လုရွှမ်းပေးသည့် အားဖြည့်အချိုရည်ကိုကောက်ယူကာ သောက်လိုက်သည်။ သို့ပေမယ့် သူ့စိတ်ထဲတွင်မေးခွန်းတစ်ခုကရုတ်တရတ်ကြီး လျှပ်တပျက်ပေါ်လာခဲ့တယ်။

အချိုရည်ဘူးတစ်ဝက်ကို လုရွှမ်းသောက်ခဲ့သည်မှာ အသိအသာပေ။ ဒါဆိုအခုသူသောက်လိုက်တာက လုရွှမ်းကိုသွယ်ဝိုက်ပြီးနမ်းလိုက်တာပဲမဟုတ်လား? သူသောက်နေတဲ့အချိန် သူ့အမူအရာကိုမထိန်းချုပ်နိုင်ခဲ့ရင် သူ့ပုံစံကပုံမှန်မဟုတ်သလိုဖြစ်နေလိမ့်မယ်မလား?

ထိုအတွေးကယဲ့ယောင်ကို ခဏလောက်တုံ့ဆိုင်းသွားစေသည်။ ထိုတုံ့ဆိုင်းခြင်းရဲ့နောက်တွင် လုရွှမ်းရဲ့လက်ကသူ့လည်ပင်းကိုကိုင်ကာ သူ့အနားသို့ဆွဲခေါ်လိုက်သည်။

"ငါ့တံတွေးကိုမကြိုက်လို့လား? မင်းရဲ့တံတွေးတွေကိုတော့ ငါမျိုချခဲ့တာဘယ်နှစ်ခါမှန်းတောင် မမှတ်မိတော့ဘူး" လုရွှမ်းက အသံဩဩနှင့်ဆိုလေသည်။

လုရွှမ်းရဲ့အသံက အရမ်းမကျယ်ပေမယ့် သူတို့ရှေ့၌ရပ်နေသောသူကို ရှင်းလင်းစွာကြားရအောင်တော့ လုံလုံလောက်လောက်ကျယ်လေသည်။ ကောင်မလေးရဲ့အမူအရာမှာ မှင်တက်နေခဲ့ပြီး ယဲ့ယောင်ကိုကြည့်လိုက်၊ လုရွှမ်းကိုကြည့်လိုက်နှင့် သူမတစ်စုံတစ်ခုကိုနားလည်သွားသလို ရုတ်တရတ်သဘောပေါက်လာခဲ့သည်။

"ကြားဝင်မိလို့တောင်းပန်ပါတယ်။ နင်တို့နှစ်ယောက်ပျော်ရွှင်ပါစေနော်!"

ကောင်မလေးက အလျင်အမြန်ပဲထွက်ခွာသွားတော့ လုရွှမ်းရဲ့ပါးစပ်ထောင့်စွန်းလေးကညွှတ်ကိုင်းနေရာမှ နောက်ဆုံးတွင် အပြုံးယောင်ယောင်လေးအဖြစ် အပေါ်သို့ကွေးတက်သွားတော့သည်။

ယဲ့ယောင် : "မင်းဂေးလို့ အထင်လွဲခံရပြန်ပြီ"

"အထင်လွဲတော့လည်း အထင်လွဲတာပေါ့။ ငါကတကယ်ဂေးလိုမှ မဟုတ်တာ" ယဲ့ယောင်ကသူ့ရဲ့အားဖြည့်အချိုရည်တစ်ဝက်ကို လုံးဝအရေးထားမနေပဲသောက်လိုက်တာကို ကျေနပ်အားရစွာနှင့်စောင့်ကြည့်ရင်း လုရွှမ်းပြောလိုက်သည်။

*

အားကစားကွင်းက အိပ်ဆောင်အဆောက်အဦးနှင့် အနည်းငယ်တော့လှမ်းလေသည်။ ထို့ကြောင့် လမ်းလျှောက်ရန်အပျင်းထူလွန်းသည့် ယဲ့ယောင်နှင့်လုရွှမ်းမှာ တစ်စီးတည်းသာကျန်ရစ်နေသည့် အငှားစက်ဘီးကို အလစ်သုတ်လာခဲ့တော့သည်။

(T/N: share-bikeတွေက စျေးသက်သက်သာသာနဲ့ ငှားစီးလို့ရတာမျိုးပါ။ လန်ဒန်တို့၊ ပဲရစ်တို့မှာဆို နေရာတိုင်းရှိပါတယ်။ တရုတ်မှာလည်းရှိတယ်တဲ့။ ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ ပါကင်ထိုးလို့ရတဲ့နေရာတိုင်းမှာ ငှားလို့ရပါတယ်။ အဲ့ဒါကြောင့်ကိုယ်ကအငှားစက်ဘီးလို့ပဲ ဘာသာပြန်လိုက်ပါမယ်နော်"

အပြန်လမ်းပေါ်၌ သူ့ရှေ့မှစက်ဘီးနင်းနေသည့် လုရွှမ်းရဲ့ခါးကိုယဲ့ယောင်လက်တွေဖြင့်ရစ်ဖက်ထားကာ ပင်ပန်းစွာဖြင့်သန်းဝေလိုက်သည်။

ယဲ့ယောင်အရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် လုရွှမ်းမှာရှားရှားပါးပါး တိတ်ဆိတ်နေကာ စက်ဘီးလေးမှာသီးခြားခွဲထွက်နေသော လမ်းငယ်လေးသို့မရောက်ခင်အထိပင်။ နောက်ဆုံးတွင်တော့ လုရွှမ်းပါးစပ်ဖွင့်ဟလာသည်။

"ကျောင်းသားယဲ့ ဝန်ခံခြင်းက သက်ညှာမှုကိုဖြစ်စေသလို ခုခံခြင်းက ပြစ်ဒဏ်ကိုသာဖြစ်စေပါတယ်" လုရွှမ်းကဆိုလေ၏။ "တစ်စုံတစ်ခုများရှိနေရင် ဒီမှာပဲရှင်းရှင်းလင်းလင်းရှင်းပြပေးဖို့ ကျွန်တော်ကအကြံပြုပါတယ်။ မဟုတ်ရင်တော့ မင်းအပေါ်မညှာတာမိတဲ့အခါ ကျွန်တော့်ကိုအပြစ်မတင်ပါနဲ့"

"ရှင်းပြရမယ် ဘာကိုလဲ?" ယဲ့ယောင်ကမှုန်ကုပ်ကုပ်နှင့် မေးလိုက်သည်။

လုရွှမ်းက ခက်ထန်စွာပြောကာ "မင်းဘယ်လိုတောင် အဲ့ကောင်မလေးနဲ့တွေ့ပြီး ဒီလောင်စစ်ရဲ့နောက်ကွယ်မှာ တိတ်တိတ်လေးချစ်ဖို့လုပ်နေတာလဲ?"

"မလုပ်ပါဘူး" ယဲ့ယောင်ပြန်ပြောလိုက်သည်။ "မင်းအတန်းမတက်ခင်တစ်ခါက ငါစာအုပ်ငှားဖို့စာကြည့်တိုက်ကိုသွားတော့ အဲ့ကောင်မလေးက ကျောင်းပြင်ပကလူတွေနှောင့်ယှက်တာခံနေရတော့ ငါလည်းရပ်ပြီးကူညီပေးလိုက်တာ"

လုရွှမ်းမှာ တစ်ခဏတိတ်ဆိတ်သွားကာ: "မင်းခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေရလာတုန်းက ငါမေးတော့ စားပွဲထောင့်စွန်းကိုမတော်တဆတိုက်မိတာလို့ မင်းဖြေခဲ့တယ်။ ဆိုတော့ အဲ့ဒါကြောင့်နဲ့ မင်းငါ့ကိုလိမ်ခဲ့တာလား?"

"အင်း" ယဲ့ယောင်ဝန်ခံလိုက်တယ်။

လုရွှမ်းမှာ ဒီဝေးလံသောလမ်းကြောင်းလေးမှ မောင်းထွက်မလာခင်အထိ တစ်ဖန်တိတ်ဆိတ်သွားပြီးနောက်မှ သူ့ပါးစပ်ကိုထပ်ဖွင့်ဟလိုက်တယ်။

လုရွှမ်းရဲ့အသံက ခပ်အုပ်အုပ်ထွက်ခဲ့သည်။ "အဲ့တော့ မင်းသူ့ကိုကြိုက်လား?"

ထိုစကားကိုကြားတော့ ယဲ့ယောင်နောက်ဆုံးတွင် မျက်လုံးပင့်လိုက်ပြီး လုရွှမ်းကိုမော့ကြည့်လိုက်သည်။ ခေါင်းအနောက်ဘက်မှ ဆံပင်တွေမှာလေထဲ၌တဖျပ်ဖျပ်လွင့်ခါနေတာတောင် ထိုလူကကြည့်လို့ကောင်းနေလေ၏။

သူ့နှလုံးသားကိုဘာဆိုဘာမှမသိတဲ့ ချစ်မြတ်နိုးရသူမှာ တစ်ခြားမိန်းကလေးတွေအပေါ်သူ့ရဲ့ခင်တွယ်မှုအကြောင်းကို မေးခွန်းထုတ်နေလေရဲ့။

"မဟုတ်ပါဘူး။ မဖြစ်နိုင်တဲ့ရယ်စရာတွေမပြောစမ်းပါနဲ့" ယဲ့ယောင်ဖြည်းညင်းစွာပြန်ဖြေလိုက်သည်။ "အရင်ကလည်း ငါမင်းကိုဒီလိုမျိုးကူညီခဲ့ဖူးတယ်လေ.....အဲ့လိုဆို ငါကမင်းနဲ့အတွဲ ဖြစ်သွားပြီလား?"

လုရွှမ်း သက်သာရာရသွားပြီး နောက်ပြောင်လာတယ် "ငါနဲ့တွဲဖို့ကမလွယ်ဘူးနော်။ ဒီညပဲမင်္ဂလာဆောင်ပြီး ငါ့အိပ်ရာထဲမှာအိပ်ကြမယ်ဆိုရင်ရော ဘယ်လိုလဲ?"

လုရွှမ်းသည် ယဲ့ယောင်ဆီမှ သတိပေးသည့်အနေဖြင့် ကျောကုန်းကိုအချက်ရေအနည်းငယ်လောက်အရိုက်ခံလိုက်ရသည်။ သို့ပေမယ့် သူဂရုမစိုက်ပေ။ လေထုကပိုပြီးလန်းဆန်းလာသလိုပင် ခံစားလိုက်ရသည်။

သူသည် ပုန်ကန်တတ်သောဆယ်ကျော်သက်ဘဝတုန်းက အရာအားလုံးကိုသင်ယူနိုင်ပေမယ့် အမှန်အမှားတွေကိုတော့မသိခဲ့ဘူး။ သူကပြဿနာကလေးဖြစ်လာတာမြင်တော့ သူ့မိသားစုကသူ့ကို တောင်ပိုင်းရှိမြို့ငယ်လေးသို့ပို့ကာ ပညာသင်ကြားစေ၍ ခက်ခဲသည့်ဘဝကသူ့ကိုချေဖျက်ကာ ပုန်ကန်နေသည့်မိမိကိုယ်ကို ပြောင်းလဲလိမ့်မယ်ဟုမျှော်လင့်ခဲ့ကြလေသည်။

ယဲ့ယောင်က သူပြောင်းရွှေ့ခဲ့သည့်ကျောင်းမှ အတန်းခေါင်းဆောင်ဖြစ်ကာ ထိုအချိန်တွင်သူ့မျက်လုံး၌ ယဲ့ယောင်မှာရိုးရှင်းပြီး စိတ်ဝင်စားစရာမကောင်းသောကျောင်းသားကောင်းတစ်ယောက်ဖြစ်ပြီး သူ့လက်ချောင်းတစ်ချောင်းထဲနဲ့တင် သေအောင်သတ်လို့ရသည့်ပုံစံနှင့်ပင်။

တစ်နေ့တွင် ကိုယ်ခံပညာတောင်မတတ်သည့်လမ်းဘေးအနိုင်ကျင့်သူတွေနှင့် သူထိပ်တိုက်တွေ့သည့်အခါ လူအများကြီးကသူ့ကိုတိုက်ခိုက်လာကြသည်။ အခြေအနေဆိုးလာသည့်အချိန်၌ အလုပ်နေရာသို့စက်ဘီးစီးသွားသောယဲ့ယောင်မှာ အနားမှဖြတ်သွားပြီးသူ့ကိုကူညီပေးပြီးနောက် သူ့ကိုကြည့်တောင်မကြည့်၊ စကားတစ်ခွန်းတောင်ပြောခွင့်မပေးပဲ ထွက်သွားခဲ့သည်။တကယ့်ကိုအရမ်းမိုက်လွန်းတယ်။

လုရွှမ်းနေလာတာကြပြီ ဒါပေမယ့်ကောင်းတဲ့အရာကိုလုပ်သွားပြီး နှုတ်ဆက်ဖို့တောင်စိတ်ရှုပ်ခံမနေတဲ့ တစ်စုံတစ်ယောက်နဲ့ကြုံဆုံရတာ ဒါပထမဆုံးအကြိမ်ပင်။ သူအရမ်းစူးစမ်းချင်လာပြီး ဒီကျောင်းသားကောင်းကို တဖြည်းဖြည်းနဲ့သိချင်လာမိ၏။

ရင်းနှီးကျွမ်းဝင်မှုအဆင့်မှာ ရံဖန်ရံခါစကားလုံးအနည်းငယ်ပြောရာမှစ၍ နေ့တိုင်းစကားပြောခြင်းအဖြစ်သို့ ရောက်လာပြီး လုရွှမ်းမှာယဲ့ယောင်ကို တစ်နေ့မတွေ့ရရင်ပင် မနေနိုင်တော့သည့်အဆင့်အနေအထားသို့ပင် ရောက်ရှိသွားခဲ့တော့သည်။

အချစ်ဆုံးသူငယ်ချင်းနှင့် နေခွင့်ရရန်အလို့ငှာ လုရွှမ်းမှာယဲ့ယောင်နှင့် တက္ကသိုလ်တစ်ခုတည်းအတူတက်နိုင်ဖို့အရေးကြိုးစားခဲ့လေတော့၏။

ယခုတွင်လည်း ဒီလိုကောင်းမွန်နေတဲ့ဘဝထဲသို့ မမျှော်လင့်ထားသည့်အန္တရာယ်တစ်ခုရောက်ရှိလာခဲ့သည်။

အထက်တန်းကျောင်းမှာတုန်းက ယဲ့ယောင်မှာစာကြိုးစားတာကြောင့် ရည်းစားထားဖို့ဆိုတာ သေချာပေါက်ကိုမဖြစ်နိုင်သည့်အရာပေ။ ဒါပေမယ့်တက္ကသိုလ်မှာတော့ ကွာခြားလေသည်၊ ချစ်မိသွားဖို့ဆိုတာက သဘာဝတစ်ခုပဲဖြစ်၏။

"ယဲ့ယောင်" လုရွှမ်းကလေးလေးနက်နက်ဆိုလေ၏။ "ရည်းစားမထားနဲ့ဦး၊ ငါလည်းအဲ့အကြောင်းမပြောတာ မင်းမြင်တာပဲ"

"ဘာလို့လဲ" ယဲ့ယောင် လုရွှမ်းရဲ့ခါးပေါ်မှသူ့လက်ကိုရုပ်သိမ်းလိုက်ကာ "အစ်ကိုကြီးလုက အချစ်အကြောင်းမပြောဘူးဆိုတော့ ဒီကညီငယ်လေးက မင်းထက်အရင်ပြောလို့မရလို့လား?"

လုရွှမ်းက ယဲ့ယောင်ရဲ့လက်ကိုသူ့ခါးပေါ်သို့ပြန်တင်ကာ "မင်းကငါ့ညီငယ်လေးမဟုတ်ဘူး။ ငါ့ရဲ့ဘိုးဘေးဘီဘင်ပဲ။ ငါကအဲ့အကြောင်းမပြောရင် မင်းလည်းမပြောနဲ့။ မင်းမပြောဘူးဆို ငါလည်းမပြောဘူး"

ယဲ့ယောင်မျက်လုံးတွေကိုမှိတ်ကာ နားထဲလေတိုးသံလေးတွေကို နားထောင်ရင်းနှင့် "ဒါဆိုမင်းအခွင့်အရေး ဆုံးရှုံးသွားမှာပေါ့။ မင်းကကျောင်းတွင်းနတ်ဘုရားလေ"

"ဘာကြီးလဲ? ဟာသလုပ်ပြီး ပေါက်ကရတွေပြောမနေနဲ့။ မင်းသဘောတူလား၊ မတူဘူးလားဆိုတာပဲ ငါ့ကိုပြော" လုရွှမ်းမေးလိုက်၏။

"အသေအချာပဲပေါ့" ယဲ့ယောင်သဘောတူကြောင်းပြောလိုက်ပေမယ့် သူ့နှလုံးသားထဲတွင်တော့ လုရွှမ်းရဲ့စကားလုံးတွေကိုအလေးအနက်မထား,ထားဘူး။

အဆုံးတွင်တော့ ဒါကသာ ကတိအတိုင်းဖြစ်လာလျှင် ...... လုရွှမ်းကသူ့ဘဝတစ်ခုလုံး လူလွတ်အနေဖြင့် သူ့နောက်သို့လိုက်နေလိမ့်မည်ပင်။

×××××××
Thanks for Reading

2/4/2023

Continue Reading

You'll Also Like

9.4K 514 16
ကြာပန်းဖြူလေးများမှ ဘာသာပြန်ဆိုသည်
5.5M 489K 98
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
65.6K 1K 27
I was human my brothers were vampires it wasn't a very good match. They ruined my life every moment they could with no intent of stopping until one d...
11.5K 1.2K 28
Mm Name- ୧မတော်တဆရန်သူနိုင်ငံကမင်းသားရဲ့ ကလေးကိုလွယ်ထားရပြီꪆ ୧မတော်တဆရန်သူနိုင်ငံကမင်းသားရဲ့ ကလေးကိုလွယ်ထားရပြီꪆ Name- Accidentally having a baby wit...