Burmese Translation of "Doomed to be Cannon Fodder".
Translator - ဂွေ့
(၁၉၈) ဓားပြတွေကို ရိုက်
ရှောင်ဟွမ်နဲ့ယွိဆဲ့လိုမျိုး ပိုင်ရှန်းရှို့ကတော့ လန့်မနေတော့ဘူး။ ဒီကမ္ဘာမှာ ယောကျာ်းတွေတိုက်ကြခိုက်ကြတာကို သူမ မြင်ဖူးပြီးသားမလား။ အပြင်မှာထိုင်နေတဲ့နှစ်ယောက်က အယောင်ပြရုံထားထားတာမဟုတ်ဘူးလေ။ ဓားပြလည်း သေမှာပဲ။ ဒါပေမယ့် လိုက်ကာကိုမပြီးလှမ်းကြည့်လိုက်တဲ့ပိုင်ရှန်းရှို့တစ်ယောက် မျက်မှောင်တော့ကျုံ့လိုက်မိတယ်။ သူတို့က ဓားပြလား ဒုက္ခသည်လား။ ဓားပြတိုက်မယ့်သူတွေကိုင်ထားတဲ့လက်နက်ကလည်း လယ်စိုက်တဲ့ ပေါက်ပြားတွေ၊ တံစဥ် တွေတဲ့။ ပြီးတော့ အ၀တ်အစားတွေဆိုတာ စုတ်ပြတ်လို့။ သနားစရာတောင်ကောင်းနေသေးတယ်။
ပိုင်ရှန်းရှို့လိုပဲ မွေးကတည်းကပြည့်စုံလာတဲ့ စုန့်ကျောင်းယွဲ့တစ်ယောက်လည်း ဟုတ်ရောဟုတ်ရဲ့လားဆိုပြီး ပြန်မေးယူရတယ်။
"ခင်ဗျားတို့က ဓားပြတွေလား?"
ဒီဓားပြတွေက အခြေအနေအတော်ဆိုးဆိုးပဲ။ သူတို့သာပုံမှန်ဓားပြတွေဆို ရိုက်သတ်ပြီးတာကြာပြီ။ ဒါပေမယ့် ဒီလောက်သနားစရာကောင်းနေတဲ့လူတွေအပေါ်ကိုကျ လက်ဖျားနဲ့တောင်မထိရက်ဘူး။ သူတို့လိုလူတွေကိုကောင်းကောင်းသိတဲ့ ယွီခွမ်းကတော့ သတိပေးရှာပါတယ်။
"မသေချင်ရင်ပြေးတော့။ပိုက်ဆံအတွက်နဲ့တော့ အသက်ကိုဖက်နဲ့ထုပ်မထားချင်စမ်းနဲ့!"
ဓားပြတွေက အဆင့်အတန်းမခွဲဘူးလေ။သူတို့နယ်စပ်ကို လာတဲ့လှည်းဆိုတာ ရှားတာကိုး။အဲ့ဒါအပြင်ကို ချမ်းသာတဲ့ပုံကပေါ်နေသေးတယ်။ သူတို့ဘာစကားမှပြောမနေတော့ပဲ ၀င်ရိုက်ကြတော့တယ်။
စုန့်ကျောင်းယွဲ့နဲ့ယွီခွမ်းကတော့ အကျပ်ရိုက်နေပြီ။ အကုန်လုံးက သိုင်းတတ်နေရင် ပြဿနာမဟုတ်ပေမယ့် အခုကျ အများစုက အခြေခံအဆင့်တောင်မရှိဘူး။ ဖြစ်ချင်တော့ တစ်ယောက်စ နှစ်ယောက်စက တစ်ကွက်နှစ်ကွက်လောက်တတ်နေတယ်။ အဲ့ကျ သူတို့တွေနဲ့ပဲ တိုက်ရတော့တာပေါ့။
လက်နက်တွေက နေရာတကာက ပျံ၀ဲနေတာဆိုတော့ မြင်းတွေလည်းလန့်ပြီးကဆုန်ပေါက်ကုန်ကြတော့တာပဲ။
"အား"
ယွိဆဲ့တစ်ယောက် အော်လိုက်မိတယ်။ လှည်းအပြင်ကိုပြုတ်ကျသွားတာကိုး။
"မိန်းမတစ်ယောက်ရှိတယ်ဟေး! မြင်းကိုရပ်ကြ မြန်မြန်လေး"
မိန်းမအသံကိုသူတို့ကြားတာနဲ့ ငွေတွေဘာတွေလည်းမေ့ပြီး မိန်းမအပေါ်ကိုပဲ အာရုံစိုက်ကုန်ကြတော့တယ်။ စုန့်ကျောင်းယွဲ့ဆိုချွေးစေးတောင်ပျံတယ်။ မိန်းမကိုဘာလို့ဒီလောက်ငမ်းငမ်းတက်နေရတာလဲ? ပို်င်ရှန်းရှို့နဲ့နောက်တစ်ယောက်သာ သူတို့လက်ထဲရောက်သွားရင် ခက်ကုန်တော့မယ်။
ဘာလို့ဆို တောထဲတောင်ထဲဆိုတော့ လမ်းကခလုတ်ကန်သင်းများပါဘိနဲ့ မြင်းကကဆုန်ပေါက်ပုံမျိုးနဲ့ ပိုင်ရှန်းရှို့လဲ လှည်းအပြင်ကိုပြုတ်ကျလာနိုင်တယ်။ ကံကောင်းသွားတာက သူမ ပြုတ်ကျပေမယ့် မြက်ခင်းပေါ်ကိုကျတာမို့ ဘာမှကြီးကြီးမားမားဒဏ်ရာတော့မရလိုက်ဘူး။ ဒါပေမယ့်မြေကြီးပေါ်ကိုအရှိန်နဲ့ပြုတ်ကျတာဆိုတော့ ခဏတော့ အီစလံေ၀သွားတာပေါ့။ ကျိုးကန်းမကုန်ဖို့တော့ မျှော်လင့်ရတာပဲ။ သိပ်မကြာခင်မှာပဲ သူမဆီကိုဦးတည်လာနေတဲ့ခြေသံတွေကိုကြားလိုက် တယ်။ သူမ လှုပ်ဖို့အစီအစဥ္ကိုဖျက်လိုက်ပြီး လဲမြဲအတိုင်းဆက်လဲနေလိုက်တယ်။
"ဟေ့ကောင်တွေ ကြည့်! ဒါမိန်းကလေးမလား?"
"ဒါပေမယ့် သူက ယောကျာ်းအင်္ကျီတွေ၀တ်ထားတယ်ကွ!"
"ခါးကိုကြည့်လေကွာ။ မိန်းမတွေပဲ ဒီလိုခါးမျိုးရှိတာဟ"
"ပြုတ်ကျပြီးသေပြီလားမသိဘူး?"
"ဆိုးတာပဲ။ သနားစရာလေး"
"သေချာကြည့်ကြပါဦးဟ။ မင်းတို့သိတဲ့အတိုင်းပဲ သူ့ကိုသုံးလို့ရနိုင်သေးတယ်"
'ဒီကောင်တွေ ငါ့လာစားနေတယ်။ ငါ့နား လာရဲလာကြည့်စမ်း ခေါင်းကိုရိုက်ခွဲပစ်မယ်။!'
ပိုင်ရှန်းရှို့ စိတ်ကို ခိုင်ခိုင်ထားလိုက်တယ်။ သူမရဲ့လက်က အနားမှာရှိတဲ့ သစ်ကိုင်းကို ဖြည်းဖြည်းချင်းဆွဲယူပြီး အနားကိုရောက်လာတာနဲ့ရိုက်ပစ်ဖို့ ပြင်ထားလိုက်တာပဲ။
သိပ်မကြာခင်မှာပဲ တစ်ယောက်က သူမအနားတိုးလာပြီး သေသလားရှင်သလားကြည့်ရအောင်တစ်ဖက်ကိုလှည့်လိုက်တယ်။ ပိုင်ရှန်းရှို့ကအခွင့်အရေးကို အမိအရအသုံးချပြီး ဓားပြကို သစ်ကိုင်းနဲ့ရိုက်ချပစ်လိုက်တာပဲ။
"ခွေးသူတောင်းစားတွေ! ငါနင်တို့ကို သေအောင်ရိုက်သတ်ပစ်မယ်!!"
ဒုတ်!ပိုင်ရှန်းရှို့က ဓားပြရဲ့့ပုခုံးကိုရိုက်ချပစ်လိုက်တာ။လယ်သမားတွေဆိုတော့ သိပ်ထိခိုက်မသွားပေမယ့် နာတော့နာသွားတာပဲ။ နှာဖူးကနေချွေးတွေတောင် ကျယူရတဲ့အထိပဲ။
"ခဏနေပါဦး မိန်းကလေး"
ပိုင်ရှန်းရှို့က သူ့ကိုထပ်ရိုက်ဖို့ သစ်ကိုင်းနဲ့ရွယ်ထားပြီးသား။ သူမရိုက်မှာကိုကြောက်လို့ သူ့ခမျာ ခန္ဓာကိုယ်ကို ကွေးပြီးလုံးထားရတယ်။ စိတ်ထဲမှာလည်း အော်နေမိတာပေါ့။ မိန်းမတွေက အရမ်းကြောက်စရာကောင်းတယ်။ မယူတော့ဘူး။
သူ့သူငယ်ချင်းကြောက်နေတာကိုမြင်တဲ့ တခြားတစ်ယောက်ကလညး် သူမ နားကိုအမြန်ကပ်သွားပြီးပြောရှာတာပေါ့။
"မိန်းကလေး ကျေးဇူးပြုပြီး အဲ့အတိုင်းပဲနေပါ။ ကျုပ်တို့မှာ စိတ်ယုတ်စိတ်မာမရှိ....အား ခ ခဏ ကျုပ်ကိုရော ဘာလို့ရိုက်နေတာလဲ!!!!!''
"ဘာလို့မရိုက်ရမှာလဲ ဆန်ကုန်မြေလေးဓားပြကောင်တွေရဲ့!နင်တို့ကို သေအောင်ကိုရိုက်သတ်ဦးမှာ လာခဲ့စမ်း!"
ပိုင်ရှန်းရှို့ကတော့ စိတ်တွေတိုနေတာလေ။ သူမနားကပ်လာသမျှရိုက်သတ်ပစ်မယ်ဆိုတဲ့ အကြည့်တွေနဲ့။
ဓားပြနှစ်ယောက်ဆို ဖင်တုန်အောင်ကြောက်နေကြပြီ။၊သူတို့ဘ၀မှာဒီလောက် ကြမ်းတဲ့မိန်းကလေးမျိုးမတွေ့ဖူးဘူး။ အိမ်တော်တွေထဲကမိန်းကလေးတွေဆိုတာ ပျော့ဖတ်နေရမှာလေ။ လက်ကလေးနဲ့တစ်ချက်တောက်လိုက်ရုံနဲ့တင် လဲကျသွားရမှာမဟုတ်ဘူးလား။ ဘာကိစ္စဒီမိန်းကလေးကျမှ ကျားတစ်ကောင်လိုဖြစ်နေရတာလဲ? အရမ်းလှနေတာတောင် တုတ်ကို တုံ့ဆိုင်းမနေဘဲ ကောက်ကိုင်ပစ်တာ။ သူတို့သာထွက်မပြေးရင် သူက အသေပါရိုက်သတ်မယ်ထင်တယ်။
စုန့်ကျောင်းယွဲ့နဲ့ ယွီခွမ်းကတော့ ရန်သူတွေကိုအမြန်ရှင်းလင်းလိုက်ပြီး ကယ်ဖို့ရောက်လာကြတာပဲ။ ဒါပေမယ့် ထူးဆန်းတဲ့မြင်ကွင်းကြီးနဲ့ပဲ ပက်ပင်းတိုးလေတယ်။ သူတို့နှစ်ယောက် လှည်းကိုယူ၊ ကျန်တဲ့မိန်းကလေးနှစ်ယောက်ကိုခေါ်ပြီးပိုင်ရှန်းရှို့ကိုအရှာထွက်ခဲ့တာပေါ့။ ဒါပေမယ့် သူမကိုရှာတွေ့ရမယ့်အစား ဓားပြနှစ်ကောင်ကိုတုတ်နဲ့လိုက်ရိုက်နေတဲ့ ပိုင်ရှန်းရှို့ကိုပဲ တွေ့ရလေတယ်။
ဓားပြနှစ်ယောက်ဆိုတာ သူမလိုက်ရိုက်နေလို့ ဖနောင့်နဲ့တင်ပါးတစ်သားတည်းကျအောင် ပြေးနေရတာ။ ပြေးရင်းနဲ့လည်း မလုပ်ပါနဲ့ဆိုပြီးအော်နေရသေးတယ်။ အဲ့မြင်ကွင်းက စုန့်ကျောင်းယွဲ့မျက်လုံးထဲ စွဲထင်ကျန်သွားတော့တာပဲ။ ဒီပုံစံက သူမြင်ဖူးတဲ့ နူးနူးညံ့ညံ့ပိုင်ရှန်းရှို့မဟုတ်ဘူးကိုး။ မဟုတ်သေးဘူး။ ပြောရရင် ကျားမလေးတစ်ကောင်လိုပဲ။
နှစ်ယောက် တစ်ယောက်ဆိုပေမယ့် ပြေးနေတဲ့ယောကျာ်းကြီးနှစ်ယောက်နောက်ကို သူမက လိုက်နေတာ။ အဲ့နှစ်ယောက်ကတော့ သူမကိုရန်မူဖို့ဆန္ဒမရှိဘူးထင်တယ်။ သူမဆီက တုတ်ချောင်းကိုဆွဲမလုဘူး။
ယွီခွမ်းကတော့ အေးဆေးပဲ။ ပိုင်ရှန်းရှို့က သူ့ရှေ့မှာ အားနည်းတဲ့ပုံစံကိုမပြဖူးဘူးကိုး။ အနောက်က မိန်းကလေးနှစ်ယောက်ကတော့ လုံး၀ကိုအံ့သြနေတယ်။ တစ်ယောက်နဲ့တစ်ယောက်တောင်ဖက်လို့။
ပိုင်ရှန်းရှို့ရဲ့လက်ရှိပုံစံက တကယ့်ကိုကြောက်စရာ။ ရှောင်ဟွမ်က ပထမဆုံးသတိပြန်၀င်လာတဲ့သူလေ။ သူမက ခပ်တုန်တုန်နဲ့ပဲပြောရှာလေတယ်။
"သခင်မရှို့ကျွန်မကို မီးထဲက ကယ်ခဲ့တုန်းကလည်းအဲ့မျက်နှာထားပဲ။"
သူမက အတိတ်ကိုပြန်မှတ်မိဟန်နဲ့ ပြောပြတယ်။ သူမရဲ့မျက်နှာမှာ တဖြည်းဖြည်းနဲ့လေးစားတဲ့အရိပ်တွေသန်းလို့။ သူမရဲ့သခင်မက သူမရဲ့မျက်လုံးထဲမှာ တကယ့်ကိုသူရဲကောင်းမတစ်ယောက်ပဲ။
"ရပ်ကြည့်မနေနဲ့တော့လေ။ ၀င်ကယ်ရမယ်မဟုတ်ဘူးလား!"
ယွီခွမ်းက အစကတော့ ခြေလှမ်းမလို့ပဲ။ ဒါပေမယ့် ရှောင်ဟွမ်ရဲ့စကားကိုကြားလိုက်တော့ ရပ်သွားမိတယ်။
"ဘယ်သူ့ကိုကယ်ရမှာလဲ? ဓားပြတွေကိုလား!"
ယွီခွမ်းက သူ့ရဲ့ခေါင်းကို လှည့်လိုက်ပြီးမျက်မှောင်ကျုံ့လိုက်တာပေါ့။ သူ့ကိုငတုံးလို့ထင်နေတာလား။ ဓားပြတွေကိုကယ်စရာမလိုတာသိသားပဲ။ ဒါပေမယ့်သေချာတွေးကြည့်ရင်တော့ ဓားပြတွေကိုကယ်တာပိုမှန်မယ်ထင်တယ်။
စုန့်ကျောင်းယွဲ့ကတော့ မှင်သက်နေတုန်းပဲ
ယွိဆဲ့ကသူ့ကို အသာလေးခေါ်ပြီးသတိပေးရတယ်။
"သခင်လေး....သခင်လေး....သခင်လေး"
အဲ့လိုပြောမှပဲရတော့တယ်။ သူမဘာမှထပ်မပြောဖို့ဆုံးဖြတ်လိုက်တယ်။ တကယ်တော့ ပိုင်ရှန်းရှို့ကိုငေးမနေတော့ရင်ကောင်းတာပါပဲ။ဒါပေမယ့်လည်းယွိဆဲ့အမြင်မှာ လောလောဆယ်ပိုင်ရှန်းရှို့က အရမ်းချစ်ဖို့ကောင်းနေသလိုပဲ။
ပြေးနေရုံနဲ့မလွတ်တာကိုလည်းသိရော ဓားပြနှစ်ယောက်က မြေပေါ်ကို ချက်ချင်းဒူးထောက်ပြီးတောင်းပန်တော့တာပဲ။
"မိန်းကလေး...မဟုတ်ဘူး မဟုတ်ဘူး သခင်မကြီး! ကျွန်တော်တို့ကိုချမ်းသာပေးပါဗျာ! ကျွန်တော်တို့မှာတကယ်ပဲ ခင်ဗျားကို ထိခိုက်စေလိုစိတ်မရှိပါဘူး။"
"ငါ့ကို မထိခိုက်စေချင်ဘူး ဟုတ်လား?
ဒါဆို ငါမေ့နေတုန်းက ငါ့ကိုဘာလို့အသုံးချလို့ရတယ်လို့ပြောတာလဲ? ဟမ်!!"
စုန့်ကျောင်းယွဲ့ပြုံးမိသွားတယ်။ သူမရဲ့မျက်နှာထား၊ သူမရဲ့လေသံက လုံဟန့်နဲ့တစ်ပုံစံတည်းပဲ မဟုတ်ဘူးလား။? ဒါပေမယ့် ဒီလိုမျိုးစိတ်တိုနေတာတောင် သူမကဆွဲဆောင်မှုရှိနေတုန်းပဲ။ ဒါက လက်ထပ်ထားတဲ့စုံတွဲတွေ တစ်ယောက်နဲ့တစ်ယောက်တူလာကြတယ်ဆိုတာမျိုးထင်တယ်။ အဲ့လိုလည်းတွေးမိရော စုန့်ကျောင်းယွဲ့ရင်နာမိတယ်။ သူခါးသက်သက်ပဲ ပြုံးမိတယ်။
ဓားပြနှစ်ယောက်ကတော့ သူတို့ဘာစကားမှားသွားမှန်းမသိလိုက်ဘူး။
"ဟုတ်တယ်လေ ကျွန်တော်တို့ မိန်းမတစ်ယောက်လောက်လိုနေ...အားးး"
ဓားပြA တစ်ယောက် တုတ်နဲ့အရိုက်ခံလိုက်ရလေတယ်။ နာလွန်းလို့ စကားတောင်မပြောနိုင်တော့ဘူး။
"ကျွန်တော်တို့တကယ် ဒီကမိန်းကလေးရဲ့အကူအညီကိုတကယ်လိုနေတာပါ။"
ဓားပြB က ချက်ချင်း၀င်ပြောရရှာတယ်။
"ဘာအကူအညီလဲ? ဘာနဲ့လဲ?"
ပိုင်ရှန်းရှို့လဲမောနေပြီ။ သူမလက်ထဲကတုတ်ကိုတော့ကျစ်ကျစ်ပါအောင်ဆုပ်ထားဆဲပဲ။ နောက်ထပ်လှုပ်တာနဲ့ရိုက်ဖို့အသင့်ပြင်ထားတာ။
______
[Zawgyi]
Burmese Translation of "Doomed to be Cannon Fodder".
Translator - ေဂြ့
(၁၉၈) ဓားျပေတြကို ရိုက္
ေရွာင္ဟြမ္နဲ႔ယြိဆဲ့လိုမ်ိဳး ပိုင္ရွန္းရိႈ႔ကေတာ့ လန္႔မေနေတာ့ဘူး။ ဒီကမ႓ာမွာ ေယာက်ာ္းေတြတိုက္ၾကခိုက္ၾကတာကို သူမ ျမင္ဖူးၿပီးသားမလား။ အျပင္မွာထိုင္ေနတဲ့ႏွစ္ေယာက္က အေယာင္ျပရံုထားထားတာမဟုတ္ဘူးေလ။ ဓားျပလည္း ေသမွာပဲ။ ဒါေပမယ့္ လိုက္ကာကိုမၿပီးလွမ္းၾကည့္လိုက္တဲ့ပိုင္ရွန္းရိႈ႔တစ္ေယာက္ မ်က္ေမွာင္ေတာ့က်ံဳ႔လိုက္မိတယ္။ သူတို႔က ဓားျပလား ဒုကၡသည္လား။ ဓားျပတိုက္မယ့္သူေတြကိုင္ထားတဲ့လက္နက္ကလည္း လယ္စိုက္တဲ့ ေပါက္ျပားေတြ၊ တံစဥ္ ေတြတဲ့။ ၿပီးေတာ့ အ၀တ္အစားေတြဆိုတာ စုတ္ျပတ္လို႔။ သနားစရာေတာင္ေကာင္းေနေသးတယ္။
ပိုင္ရွန္းရိႈ႔လိုပဲ ေမြးကတည္းကျပည့္စံုလာတဲ့ စုန္႔ေက်ာင္းယြဲ႔တစ္ေယာက္လည္း ဟုတ္ေရာဟုတ္ရဲ့လားဆိုၿပီး ျပန္ေမးယူရတယ္။
"ခင္ဗ်ားတို႔က ဓားျပေတြလား?"
ဒီဓားျပေတြက အေျခအေနအေတာ္ဆိုးဆိုးပဲ။ သူတို႔သာပံုမွန္ဓားျပေတြဆို ရိုက္သတ္ၿပီးတာၾကာၿပီ။ ဒါေပမယ့္ ဒီေလာက္သနားစရာေကာင္းေနတဲ့လူေတြအေပၚကိုက် လက္ဖ်ားနဲ႔ေတာင္မထိရက္ဘူး။ သူတို႔လိုလူေတြကိုေကာင္းေကာင္းသိတဲ့ ယြီခြမ္းကေတာ့ သတိေပးရွာပါတယ္။
"မေသခ်င္ရင္ေျပးေတာ့။ပိုက္ဆံအတြက္နဲ႔ေတာ့ အသက္ကိုဖက္နဲ႔ထုပ္မထားခ်င္စမ္းနဲ႔!"
ဓားျပေတြက အဆင့္အတန္းမခြဲဘူးေလ။သူတို႔နယ္စပ္ကို လာတဲ့လွည္းဆိုတာ ရွားတာကိုး။အဲ့ဒါအျပင္ကို ခ်မ္းသာတဲ့ပံုကေပၚေနေသးတယ္။ သူတို႔ဘာစကားမွေျပာမေနေတာ့ပဲ ၀င္ရိုက္ၾကေတာ့တယ္။
စုန္႔ေက်ာင္းယြဲ႔နဲ႔ယြီခြမ္းကေတာ့ အက်ပ္ရိုက္ေနၿပီ။ အကုန္လံုးက သိုင္းတတ္ေနရင္ ျပႆနာမဟုတ္ေပမယ့္ အခုက် အမ်ားစုက အေျခခံအဆင့္ေတာင္မရိွဘူး။ ျဖစ္ခ်င္ေတာ့ တစ္ေယာက္စ ႏွစ္ေယာက္စက တစ္ကြက္ႏွစ္ကြက္ေလာက္တတ္ေနတယ္။ အဲ့က် သူတို႔ေတြနဲ႔ပဲ တိုက္ရေတာ့တာေပါ့။
လက္နက္ေတြက ေနရာတကာက ပ်ံဝဲေနတာဆိုေတာ့ ျမင္းေတြလည္းလန႔္ၿပီးကဆုန္ေပါက္ကုန္ၾကေတာ့တာပဲ။
"အား"
ယြိဆဲ့တစ္ေယာက္ ေအာ္လိုက္မိတယ္။ လွည္းအျပင္ကိုျပဳတ္က်သြားတာကိုး။
"မိန္းမတစ္ေယာက္ရိွတယ္ေဟး! ျမင္းကိုရပ္ၾက ျမန္ျမန္ေလး"
မိန္းမအသံကိုသူတို႔ၾကားတာနဲ႔ ေငြေတြဘာေတြလည္းေမ့ၿပီး မိန္းမအေပၚကိုပဲ အာရံုစိုက္ကုန္ၾကေတာ့တယ္။ စုန္႔ေက်ာင္းယြဲ႔ဆိုေခြၽးေစးေတာင္ပ်ံတယ္။ မိန္းမကိုဘာလို႔ဒီေလာက္ငမ္းငမ္းတက္ေနရတာလဲ? ပို္င္ရွန္းရိႈ႔နဲ႔ေနာက္တစ္ေယာက္သာ သူတို႔လက္ထဲေရာက္သြားရင္ ခက္ကုန္ေတာ့မယ္။
ဘာလို႔ဆို ေတာထဲေတာင္ထဲဆိုေတာ့ လမ္းကခလုတ္ကန္သင္းမ်ားပါဘိနဲ႔ ျမင္းကကဆုန္ေပါက္ပံုမ်ိဳးနဲ႔ ပိုင္ရွန္းရိႈ႔လဲ လွည္းအျပင္ကိုျပဳတ္က်လာႏိုင္တယ္။ ကံေကာင္းသြားတာက သူမ ျပဳတ္က်ေပမယ့္ ျမက္ခင္းေပၚကိုက်တာမို႔ ဘာမွႀကီးႀကီးမားမားဒဏ္ရာေတာ့မရလိုက္ဘူး။ ဒါေပမယ့္ေျမၾကီးေပၚကိုအရိွန္နဲ႔ျပဳတ္က်တာဆိုေတာ့ ခဏေတာ့ အီစလံေဝသြားတာေပါ့။ က်ိဳးကန္းမကုန္ဖို႔ေတာ့ ေမ်ွာ္လင့္ရတာပဲ။ သိပ္မၾကာခင္မွာပဲ သူမဆီကိုၪီးတည္လာေနတဲ့ေျခသံေတြကိုၾကားလိုက္ တယ္။ သူမ လႈပ္ဖို႔အစီအစဥၠိုဖ်က္လိုက္ၿပီး လဲၿမဲအတိုင္းဆက္လဲေနလိုက္တယ္။
"ေဟ့ေကာင္ေတြ ၾကည့္! ဒါမိန္းကေလးမလား?"
"ဒါေပမယ့္ သူက ေယာက်ာ္းအက်ႌေတြ၀တ္ထားတယ္ကြ!"
"ခါးကိုၾကည့္ေလကြာ။ မိန္းမေတြပဲ ဒီလိုခါးမ်ိဳးရိွတာဟ"
"ျပဳတ္က်ၿပီးေသၿပီလားမသိဘူး?"
"ဆိုးတာပဲ။ သနားစရာေလး"
"ေသခ်ာၾကည့္ၾကပါၪီးဟ။ မင္းတို႔သိတဲ့အတိုင္းပဲ သူ႔ကိုသံုးလို႔ရႏိုင္ေသးတယ္"
'ဒီေကာင္ေတြ ငါ့လာစားေနတယ္။ ငါ့နား လာရဲလာၾကည့္စမ္း ေခါင္းကိုရိုက္ခြဲပစ္မယ္။!'
ပိုင္ရွန္းရိႈ႔ စိတ္ကို ခိုင္ခိုင္ထားလိုက္တယ္။ သူမရဲ့လက္က အနားမွာရိွတဲ့ သစ္ကိုင္းကို ျဖည္းျဖည္းခ်င္းဆြဲယူၿပီး အနားကိုေရာက္လာတာနဲ႔ရိုက္ပစ္ဖို႔ ျပင္ထားလိုက္တာပဲ။
သိပ္မၾကာခင္မွာပဲ တစ္ေယာက္က သူမအနားတိုးလာၿပီး ေသသလားရွင္သလားၾကည့္ရေအာင္တစ္ဖက္ကိုလွည့္လိုက္တယ္။ ပိုင္ရွန္းရိႈ႔ကအခြင့္အေရးကို အမိအရအသံုးခ်ၿပီး ဓားျပကို သစ္ကိုင္းနဲ႔ရိုက္ခ်ပစ္လိုက္တာပဲ။
"ေခြးသူေတာင္းစားေတြ! ငါနင္တို႔ကို ေသေအာင္ရိုက္သတ္ပစ္မယ္!!"
ဒုတ္!ပိုင္ရွန္းရိႈ႔က ဓားျပရဲ့႔ပုခံုးကိုရိုက္ခ်ပစ္လိုက္တာ။လယ္သမားေတြဆိုေတာ့ သိပ္ထိခိုက္မသြားေပမယ့္ နာေတာ့နာသြားတာပဲ။ ႏွာဖူးကေနေခြၽးေတြေတာင္ က်ယူရတဲ့အထိပဲ။
"ခဏေနပါၪီး မိန္းကေလး"
ပိုင္ရွန္းရိႈ႔က သူ႔ကိုထပ္ရိုက္ဖို႔ သစ္ကိုင္းနဲ႔ရြယ္ထားၿပီးသား။ သူမရိုက္မွာကိုေၾကာက္လို႔ သူ႔ခမ်ာ ခႏၶာကိုယ္ကို ေကြးၿပီးလံုးထားရတယ္။ စိတ္ထဲမွာလည္း ေအာ္ေနမိတာေပါ့။ မိန္းမေတြက အရမ္းေၾကာက္စရာေကာင္းတယ္။ မယူေတာ့ဘူး။
သူ႔သူငယ္ခ်င္းေၾကာက္ေနတာကိုျမင္တဲ့ တျခားတစ္ေယာက္ကလညး္ သူမ နားကိုအျမန္ကပ္သြားၿပီးေျပာရွာတာေပါ့။
"မိန္းကေလး ေက်းဇူးျပဳျပီး အဲ့အတိုင္းပဲေနပါ။ က်ဳပ္တို႔မွာ စိတ္ယုတ္စိတ္မာမရိွ....အား ခ ခဏ က်ဳပ္ကိုေရာ ဘာလို႔ရိုက္ေနတာလဲ!!!!!''
"ဘာလို႔မရိုက္ရမွာလဲ ဆန္ကုန္ေျမေလးဓားျပေကာင္ေတြရဲ့!နင္တို႔ကို ေသေအာင္ကိုရိုက္သတ္ၪီးမွာ လာခဲ့စမ္း!"
ပိုင္ရွန္းရိႈ႔ကေတာ့ စိတ္ေတြတိုေနတာေလ။ သူမနားကပ္လာသမ်ွရိုက္သတ္ပစ္မယ္ဆိုတဲ့ အၾကည့္ေတြနဲ႔။
ဓားျပႏွစ္ေယာက္ဆို ဖင္တုန္ေအာင္ေၾကာက္ေနၾကၿပီ။၊သူတို႔ဘ၀မွာဒီေလာက္ ၾကမ္းတဲ့မိန္းကေလးမ်ိဳးမေတြ့ဖူးဘူး။ အိမ္ေတာ္ေတြထဲကမိန္းကေလးေတြဆိုတာ ေပ်ာ့ဖတ္ေနရမွာေလ။ လက္ကေလးနဲ႔တစ္ခ်က္ေတာက္လိုက္ရံုနဲ႔တင္ လဲက်သြားရမွာမဟုတ္ဘူးလား။ ဘာကိစၥဒီမိန္းကေလးက်မွ က်ားတစ္ေကာင္လိုျဖစ္ေနရတာလဲ? အရမ္းလွေနတာေတာင္ တုတ္ကို တံု႔ဆိုင္းမေနဘဲ ေကာက္ကိုင္ပစ္တာ။ သူတို႔သာထြက္မေျပးရင္ သူက အေသပါရိုက္သတ္မယ္ထင္တယ္။
စုန္႔ေက်ာင္းယြဲ႔နဲ႔ ယြီခြမ္းကေတာ့ ရန္သူေတြကိုအျမန္ရွင္းလင္းလိုက္ၿပီး ကယ္ဖို႔ေရာက္လာၾကတာပဲ။ ဒါေပမယ့္ ထူးဆန္းတဲ့ျမင္ကြင္းႀကီးနဲ႔ပဲ ပက္ပင္းတိုးေလတယ္။ သူတို႔ႏွစ္ေယာက္ လွည္းကိုယူ၊ က်န္တဲ့မိန္းကေလးႏွစ္ေယာက္ကိုေခၚၿပီးပိုင္ရွန္းရိႈ႔ကိုအရွာထြက္ခဲ့တာေပါ့။ ဒါေပမယ့္ သူမကိုရွာေတြ့ရမယ့္အစား ဓားျပႏွစ္ေကာင္ကိုတုတ္နဲ႔လိုက္ရိုက္ေနတဲ့ ပိုင္ရွန္းရိႈ႔ကိုပဲ ေတြ့ရေလတယ္။
ဓားျပႏွစ္ေယာက္ဆိုတာ သူမလိုက္ရိုက္ေနလို႔ ဖေနာင့္နဲ႔တင္ပါးတစ္သားတည္းက်ေအာင္ ေျပးေနရတာ။ ေျပးရင္းနဲ႔လည္း မလုပ္ပါနဲ႔ဆိုၿပီးေအာ္ေနရေသးတယ္။ အဲ့ျမင္ကြင္းက စုန႔္ေက်ာင္းယြဲ႔မ်က္လံုးထဲ စြဲထင္က်န္သြားေတာ့တာပဲ။ ဒီပံုစံက သူျမင္ဖူးတဲ့ ႏူးႏူးညံ့ညံ့ပိုင္ရွန္းရိႈ႔မဟုတ္ဘူးကိုး။ မဟုတ္ေသးဘူး။ ေျပာရရင္ က်ားမေလးတစ္ေကာင္လိုပဲ။
ႏွစ္ေယာက္ တစ္ေယာက္ဆိုေပမယ့္ ေျပးေနတဲ့ေယာက်ာ္းႀကီးႏွစ္ေယာက္ေနာက္ကို သူမက လိုက္ေနတာ။ အဲ့ႏွစ္ေယာက္ကေတာ့ သူမကိုရန္မူဖို႔ဆႏၵမရိွဘူးထင္တယ္။ သူမဆီက တုတ္ေခ်ာင္းကိုဆြဲမလုဘူး။
ယြီခြမ္းကေတာ့ ေအးေဆးပဲ။ ပိုင္ရွန္းရိႈ႔က သူ႔ေရ႔ွမွာ အားနည္းတဲ့ပံုစံကိုမျပဖူးဘူးကိုး။ အေနာက္က မိန္းကေလးႏွစ္ေယာက္ကေတာ့ လံုး၀ကိုအံ့ၾသေနတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ေတာင္ဖက္လို႔။
ပိုင္ရွန္းရိႈ႔ရဲ့လက္ရိွပံုစံက တကယ့္ကိုေၾကာက္စရာ။ ေရွာင္ဟြမ္က ပထမဆံုးသတိျပန္၀င္လာတဲ့သူေလ။ သူမက ခပ္တုန္တုန္နဲ႔ပဲေျပာရွာေလတယ္။
"သခင္မရိႈ႔ကြၽန္မကို မီးထဲက ကယ္ခဲ့တုန္းကလည္းအဲ့မ်က္ႏွာထားပဲ။"
သူမက အတိတ္ကိုျပန္မွတ္မိဟန္နဲ႔ ေျပာျပတယ္။ သူမရဲ့မ်က္ႏွာမွာ တျဖည္းျဖည္းနဲ႔ေလးစားတဲ့အရိပ္ေတြသန္းလို႔။ သူမရဲ့သခင္မက သူမရဲ့မ်က္လံုးထဲမွာ တကယ့္ကိုသူရဲေကာင္းမတစ္ေယာက္ပဲ။
"ရပ္ၾကည့္မေနနဲ႔ေတာ့ေလ။ ၀င္ကယ္ရမယ္မဟုတ္ဘူးလား!"
ယြီခြမ္းက အစကေတာ့ ေျခလွမ္းမလို႔ပဲ။ ဒါေပမယ့္ ေရွာင္ဟြမ္ရဲ့စကားကိုၾကားလိုက္ေတာ့ ရပ္သြားမိတယ္။
"ဘယ္သူ႔ကိုကယ္ရမွာလဲ? ဓားျပေတြကိုလား!"
ယြီခြမ္းက သူ႔ရဲ့ေခါင္းကို လွည့္လိုက္ၿပီးမ်က္ေမွာင္က်ံဳ႔လိုက္တာေပါ့။ သူ႔ကိုငတံုးလို႔ထင္ေနတာလား။ ဓားျပေတြကိုကယ္စရာမလိုတာသိသားပဲ။ ဒါေပမယ့္ေသခ်ာေတြးၾကည့္ရင္ေတာ့ ဓားျပေတြကိုကယ္တာပိုမွန္မယ္ထင္တယ္။
စုန္႔ေက်ာင္းယြဲ႔ကေတာ့ မွင္သက္ေနတုန္းပဲ
ယြိဆဲ့ကသူ႔ကို အသာေလးေခၚၿပီးသတိေပးရတယ္။
"သခင္ေလး....သခင္ေလး....သခင္ေလး"
အဲ့လိုေျပာမွပဲရေတာ့တယ္။ သူမဘာမွထပ္မေျပာဖို႔ဆံုးျဖတ္လိုက္တယ္။ တကယ္ေတာ့ ပိုင္ရွန္းရိႈ႔ကိုေငးမေနေတာ့ရင္ေကာင္းတာပါပဲ။ဒါေပမယ့္လည္းယြိဆဲ့အျမင္မွာ ေလာေလာဆယ္ပိုင္ရွန္းရိႈ႔က အရမ္းခ်စ္ဖို႔ေကာင္းေနသလိုပဲ။
ေျပးေနရံုနဲ႔မလြတ္တာကိုလည္းသိေရာ ဓားျပႏွစ္ေယာက္က ေျမေပၚကို ခ်က္ခ်င္းဒူးေထာက္ၿပီးေတာင္းပန္ေတာ့တာပဲ။
"မိန္းကေလး...မဟုတ္ဘူး မဟုတ္ဘူး သခင္မႀကီး! ကြၽန္ေတာ္တို႔ကိုခ်မ္းသာေပးပါဗ်ာ! ကြၽန္ေတာ္တို႔မွာတကယ္ပဲ ခင္ဗ်ားကို ထိခိုက္ေစလိုစိတ္မရိွပါဘူး။"
"ငါ့ကို မထိခိုက္ေစခ်င္ဘူး ဟုတ္လား?
ဒါဆို ငါေမ့ေနတုန္းက ငါ့ကိုဘာလို႔အသံုးခ်လို႔ရတယ္လို႔ေျပာတာလဲ? ဟမ္!!"
စုန္႔ေက်ာင္းယြဲ႔ၿပံဳးမိသြားတယ္။ သူမရဲ့မ်က္ႏွာထား၊ သူမရဲ့ေလသံက လံုဟန္႔နဲ႔တစ္ပံုစံတည္းပဲ မဟုတ္ဘူးလား။? ဒါေပမယ့္ ဒီလိုမ်ိဳးစိတ္တိုေနတာေတာင္ သူမကဆြဲေဆာင္မႈရိွေနတုန္းပဲ။ ဒါက လက္ထပ္ထားတဲ့စံုတြဲေတြ တစ္ေယာက္နဲ႔တစ္ေယာက္တူလာၾကတယ္ဆိုတာမ်ိဳးထင္တယ္။ အဲ့လိုလည္းေတြးမိေရာ စုန္႔ေက်ာင္းယြဲ႔ရင္နာမိတယ္။ သူခါးသက္သက္ပဲ ၿပံဳးမိတယ္။
ဓားျပႏွစ္ေယာက္ကေတာ့ သူတို႔ဘာစကားမွားသြားမွန္းမသိလိုက္ဘူး။
"ဟုတ္တယ္ေလ ကြၽန္ေတာ္တို႔ မိန္းမတစ္ေယာက္ေလာက္လိုေန...အားးး"
ဓားျပA တစ္ေယာက္ တုတ္နဲ႔အရိုက္ခံလိုက္ရေလတယ္။ နာလြန္းလို႔ စကားေတာင္မေျပာႏိုင္ေတာ့ဘူး။
"ကြၽန္ေတာ္တို႔တကယ္ ဒီကမိန္းကေလးရဲ့အကူအညီကိုတကယ္လိုေနတာပါ။"
ဓားျပB က ခ်က္ခ်င္း၀င္ေျပာရရွာတယ္။
"ဘာအကူအညီလဲ? ဘာနဲ႔လဲ?"
ပိုင္ရွန္းရိႈ႔လဲေမာေနၿပီ။ သူမလက္ထဲကတုတ္ကိုေတာ့က်စ္က်စ္ပါေအာင္ဆုပ္ထားဆဲပဲ။ ေနာက္ထပ္လႈပ္တာနဲ႔ရိုက္ဖို႔အသင့္ျပင္ထားတာ။