April 15 , 2009 ( သင်္ကြန်အကြတ်နေ့ )
" ဟိုးနားက ပိတောက်ခက်လေး ။ အဲ့တာလေး အဲ့တာလေး ။ "
နှိုင်းတို့သူငယ်ချင်းတွေ အုပ်စုလိုက်ဟာ ပိတောက်ပင်နား ကားထိုးရပ်ပြီး သူငယ်ချင်းယောက်ျားလေးများက ပိတောက်ပင်ပေါ်တက်ပြီး ပိတောက်ခက်တွေ ချိုးခူးပေးနေပါတော့သည် ။ နှိုင်းအပါအဝင် သူငယ်ချင်းမိန်းကလေးများက ပစ်ချပေးသော ပိတောက်ခက်များကို အမိအရ လှမ်းဖမ်းနေပါတော့သည် ။
" ရပြီ ။ ရပြီ ။ ဒီလောက်ဆို တော်လောက်ပြီ ။ "
နှိုင်းဟာ သူမလက်ထဲက ပိတောက်ခက်များအပြင် သူငယ်ချင်းတွေလက်ထဲက ပိတောက်ခက်များကိုပါ လှမ်းယူလိုက်ပါတော့သည် ။
" ကျေးဇူးတင်တယ် ငါ့သူငယ်ချင်းတို့ ။ နှစ်ဆန်းတစ်ရက်နေ့ကျရင် ရေချိုး ခေါင်းလျှော်ပေးမယ် ။ ဟုတ်ပြီလား ။ "
" ငါတို့ အသက်မကြီးသေးဘူးနော် နှိုင်း ။ "
" အဟက်ဟက် ။ ကဲ သွားကြတော့ ။ "
" ဟယ် နင်မလိုက်ဘူးလား ။ "
" အေး မလိုက်တော့ဘူး ။ ဒီနားမှာ ဝင်စရာလေးရှိလို့ ။ နောက်မှ တွေ့ကြမယ် ။ "
" ok လေ ။ "
ပိတောက်ပင်ကဆင်းလာသော သူငယ်ချင်းယောက်ျားလေးများနဲ့ အတူတူ သူတို့ရဲ့ ရင်ခွင်ထဲဝင်လို့ အားကိုးမယ့်သူများက ကားပေါ်သို့ ကိုယ်စီတက်ပြီး လက်ပြနှုတ်ဆက်လို့ ထွက်သွားကြပါတော့သည် ။ နှိုင်းဟာ လက်ပြနှုတ်ဆက်ပြီး သူတို့ရဲ့ ဆန့်ကျင်ဘက်လမ်းသို့ ဦးတည်သွားပါတော့သည် ။
" အပျိုလေးကို အမျိုးဖြုတ်မယ် ဟေ့ ။ ဟေဟေး ။ "
ပိတောက်ပန်းတွေကို ရင်ဝယ်ပိုက်လို့ မမရှိရာ ပိတောက်လမ်းလေးထဲသို့ ဝင်လာခဲ့ပါတော့သည် ။ မနက် ၈နာရီ အချိန်သို့ ရောက်နေပြီ ဖြစ်တာကြောင့် လမ်းထဲဝယ် ကားနဲ့ပတ်တဲ့သူတွေကပတ် အုပ်စုလိုက် စက်ဘီးစီးတဲ့သူတွေက စီးသွားဖြင့် ပိတောက်လမ်းလေးမှာ လူပြည့်နေလို့ပါပဲ ။ ဘေးကပ်လျှောက်နေတဲ့ နှိုင်းကိုလည်း ကားပေါ်ကနေ ရေတွေလှမ်းပက်ကြသွားပါသေးသည် ။
အုန်းလက်မဏ္ဍပ်လေးသို့ ရောက်ခါနီး၌ ကလေးလေးတွေက နှိုင်းဆီသို့ ရေဖလားကိုယ်ဆီနှင့် အပြေးလာကြပါတော့သည် ။
" မမနှိုင်း လာပြီဟေ့ ။ "
အော်ဟစ်ကြပြီး နှိုင်းကိုရေတွေပက်ကြပါတော့သည် ။ နှိုင်းကလည်း လူငယ်ဖြစ်သည့်အလျောက် ပျော်နေပါတော့သည် ။ ရေလောင်းပြီး ကလေးလေးတွေဟာ အုန်းလက်မဏ္ဍပ်ဆီသို့ ပြန်ဝင်သွားကြပေမယ့် ကလေးလေး ၂ယောက်ကတော့ နှိုင်းအနားမှာ ရှိနေဆဲပါ ။
" မမ ။ တီတီလေးဆီ လာတာလား ။ "
" အေး ဟုတ်တယ် ။ မရှိဘူးလား ။ "
" ရှိတယ် ရှိတယ် ။ အဲ့ကြောင့်ထင်တယ် ။ တီတီလေးက ဒီနေ့ဥပုသ်သွားမစောင့်ဘူး ။ "
" ဟုတ်လား ။ "
" အဲ့ပိတောက်ပန်းတွေက တီတီလေးအတွက်လားဟင် ။ "
" အင်း ဟုတ်တယ် ။ "
မမနွေသင်္ကြန်ရဲ့ တူလေး တူမလေး တွေရဲ့ မေးခွန်းတွေကို နှိုင်းမယ် စိတ်ရှည်စွာဖြေနေရပါသေးသည် ။
ကိုယ့်တူလေး ၊ တူမလေးတွေ ဖြစ်လာမှာဆိုတော့လည်း စိတ်ရှည်ရမယ် မဟုတ်လား ။
အတွေးတွေနဲ့အတူတူ ပြုံးမိရင်း ခြံဝန်းထဲသို့ ဝင်သွားပါတော့သည် ။ ခြံဝန်းထဲသို့ ရောက်သည်နှင့် မမသင်္ကြန်ဟာ ရင်ဖုံးအင်္ကျီဝမ်းဆက်အဖြူရောင်လေးနှင့် သစ်သားခုံလေးပေါ်မှာ ထိုင်ရင်း စားပွဲအရှေ့၌ ကော်ဖီလေးတစ်ခွက်ချကာ စာအုပ်လေးဖတ်နေတော့သည် ။
နှိုင်းမှာ သဘောကျစွာကြည့်ရင်း ပိုလို့ပြုံးမိသွားသည် ။ ပိတောက်ပန်းတွေကိုရင်ဝယ်ပိုက်ထားရင်း မမသင်္ကြန်အနားသို့ အပြေးလေးသွားပြီး ထိုင်လိုက်ပါတော့သည် ။
" မမ ။ "
" အို့ ။ ဘယ်လိုဖြစ်လို့ အတင်းကပ်နေတာလဲ ။ မင်းကရေစိုလာတာနော် ။ တို့ကိုပါ စိုကုန်ပြီ ။ ဟိုဘက်တိုးထိုင် ။ "
" ဟော ကပ်စီးနည်းနေသေးတယ် အပျိုကြီးကလည်း ။ "
" ဘာ ။ ဘာ အပျိုကြီး ။ "
" မှားလို့ မှားလို့ ။ အပျိုလေး ။ အဟက်ဟက် "
" မင်း ။ "
" ဒီမှာ ပိတောက်ပန်းတွေ မမအတွက် ။ "
နွေသင်္ကြန်ကို စကားတောင် ပြောခွင့်မပေးပါ ။ သူ့ချည်းပဲ အပေါ်စီးကနေ စကားတွေပြောနေလို့ရယ် ။
" အဲ့တာ ဘာလုပ်ရမှာလဲ ။ "
ဟု ငေါက်တောက်တောက်လေး ပြောလိုက်တော့သည် ။
ဟော မျက်စောင်းလေးပါ ထိုးလိုက်ပြီ ။
နှိုင်းမှာ သဘောကျစွာဖြင့် တခစ်ခစ်သာရယ်နေတော့သည် ။
" မျက်စောင်းက ခဏခဏအထိုးခံနေရတာပဲ ။
" ဟွန့် ။ "
" သေချာတယ် ။ အဲ့မျက်စောင်းလေးက ဓားသာဆိုရင် နှိုင်းတော့သေမှာပဲ ။ "
" ဖြစ်စေချင်ပါရဲ့တော် ။ "
" ဒါပေမယ့် ဘယ်လိုလုပ်မလဲ ။ မျက်စောင်းလေးက ပန်းနဲ့ပေါက်သလိုပဲ ။ "
" ဟာ ။ ဟွန့် ။ "
မမရဲ့ နွဲ့တဲ့တဲ့အမူအရာလေးက နှိုင်းရင်ထဲ တကယ့်ကို ကလိကလိပါပဲ ။
" ပိတောက်ပန်းလေး ပန်ပေးမယ် ။ "
" မပန်ဘူး ။ "
" ပန်မလား မပန်ဘူးလားလို့ မေးနေတာမဟုတ်ဘူး ။ ပန်ပေးမယ်လို့ ပြောတာ ။ "
ဆိုကာ ပိတောက်တစ်ခက်ကို ချိုးလိုက်ပါတော့သည် ။
" မင်း ပန်ပေးတိုင်း လက်ခံစရာလား ။ "
" ဟော ။ ဒီမှာဖြင့် ပိတောက်တစ်ခက်ချိုးပြီးပြီ ။ "
နှိုင်းဟာ မျက်ခုံးလေးပင့်ရင်း မမကိုဘုကြည့် ကြည့်မိတော့ မမသင်္ကြန်ဟာ သက်ပြင်းလေးချရင်း ။
" ဒီလိုဆိုမှတော့ လက်ခံရမှာပေါ့ ။ မင်းက သိပ်ကိုအလုပ်ရှုပ်တဲ့ မိန်းကလေးပဲ ။ ဟွန့် ။ "
" မျက်စောင်းထိုးတတ်တဲ့ အမျိုးသမီးလေးနဲ့မှ အလုပ်ရှုပ်နေတဲ့ နှိုင်းကိုနှိုင်းလည်း အံ့သြမိပါတယ် ။ "
ဟု ဆိုကာ ပိတောက်ပန်းလေးကို နွေသင်္ကြန်ရဲ့ခေါင်းထက်၌ ပန်းဆင်ပေဖို့ ဟန်ပြင်ချိန် ယောက်ျားလေးတစ်ယောက်ဟာ ရေဖလားနဲ့ရေတွေလှမ်းပက်လိုက်တာကြောင့် နှိုင်းဟာ မမကို စိုသွားမည်ကို စိုးရိမ်တကြီးဖြင့် သူမရဲ့ခန္ဓာကိုယ်နဲ့ ကွယ်ပေးလိုက်ပါတော့သည် ။
ဗွမ်း ...
" အမလေး ။ "
ရုတ်တရက်ကြီး သူမအရှေ့ကို ရောက်လာပြီး မျက်နှာချင်းအနီးကပ်ဆုံးအကွာအဝေးကို နှိုင်းရောက်လာတာကြောင့် မမနွေသင်္ကြန်မှာ အလန့်တဖြန့်ကို ဖြစ်သွားရှာပါတော့သည် ။
နှိုင်းဟာ မဖယ်မိသည် ။ မျက်ဝန်းလေးများ ဝိုင်းဆက်ပြီး မမကိုသာ ငေးကြည့်နေမိသည် ။ မမကလည်း ရှက်နေသည် ။ လက်တွေက ခုံကိုလှမ်းကိုင်လိုက်ပေမယ့်လို့ မမနွေသင်္ကြန်ရဲ့ ခန္ဓာကိုယ်လေးကို ထိကပ်နေပြန်ပြီ ။
" ဖယ် ဖယ်ပေးတော့လေကွယ် ။ "
" အာ ။ ဟုတ်ကဲ့ ။ "
နှိုင်းဟာ ဘေးဘက်ခုံမှာ ပြန်ထိုင်လိုက်ရင်း မမကို လှည့်ကြည့်ပြန်သည် ။
" အဆင်ပြေရဲ့လား မမ ။ "
" ပြေပါတယ် ။ "
" ရေစိုသွားသေးလား ။ "
" ဟင့်အင်း ။ မင်းကာပေးလိုက်တော့ မစိုသွားပါဘူး ။ "
နှိုင်းဟာ ပြုံးရင်း ခေါင်းလေးငုတ်လိုက်ချိန် ။
" ဟာ သွားပါပြီ ။ "
" ဘာဖြစ် ဘာဖြစ်လို့လဲ ။ "
" မမအတွက် ပိတောက်ပန်းတွေ အောက်ကိုပြုတ်ကျသွားပြီ ။ နှိုင်း မကောင်းတာ ။ နမောနမဲ့နိုင်လိုက်မိတာ ။ "
နှိုင်းသည် ထိုယောက်ျားကို မော့ကြည့်ကာဖြင့် ဒေါသထွက်ပါတော့သည် ။
" ဒီမှာ ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ ။ "
" ဟေ့ အချောလေး ။ ကိုယ့်ကို မမှတ်မိဘူးလား ။ "
မျက်မှန်လေး အောက်စိုက်လို့ ကြည့်သည် ။ ပြီးနောက် မျက်မှန်ကို အသာပင့်ကာဖြင့် ဘုကြည့် ကြည့်တော့သည် ။
" ဟင့်အင်း ။ မမှတ်မိချင်ဘူး ။ "
" ဟာ ။ ကိုယ်လေ ။ မင်းခန့်အောင် ။ "
" မမှတ်မိချင်ဘူးလို့ ပြောနေရင် အလိုက်သိပေါ့ ။ "
ကလေးနှစ်ယောက်ရဲ့ အဆင်မပြေမှုများကို မမဟာ ကြားဝင်ဖြေရှင်းပေးချင်ပေမယ့်လို့ နှုတ်မှ တစ်ခွန်းတစ်လေမျှတောင် ထွက်၍မလာခဲ့ပါပေ ။
" အိမ်ရှေ့က ဖြတ်သွားတာ နှိုင်းနဲ့တူပါတယ်ဆိုပြီး ကြည့်နေတာ ။ နှိုင်းက မမသင်္ကြန်နဲ့ သိနေတာပဲ ။ "
" သိရုံတင်ဘယ်ကမလဲ ။ အတော်အခြေအနေ ကောင်းနေပြီ ။ ခင်ဗျား လာရှုပ်လို့ ဖြစ်ရတာ ။ "
" ဟောဗျာ ။ "
" ကဲ ကဲ နေကြပါဦး ။ ကိုခန့် မောင်လေးကို လာခေါ်တာ မဟုတ်လား ။ "
" ဟုတ်တယ် မမသင်္ကြန် ။ ဒီနေ့ အမုန်းလည်မလို့လေ ။ အဟား ။ "
" သူများတွေ ကြားရင် အရင်နေ့တွေကလည်း အမုန်းမလည်ဘူးလို့ ထင်ကုန်တော့မှာပဲ ။ မောင်လေး အိမ်ထဲမှာ ရှိတယ် ။ သွားခေါ်လိုက် ။ "
" ဟုတ်ကဲ့ဗျ ။ "
မင်းခန့်အောင်ဟာ နှိုင်းအား မျက်ခုံးတစ်ဖက်ပင့်ကာ သွားတက်လေးပေါ်အောင် ရယ်ပြလို့ အိမ်ထဲသို့ အဝင်သွားပါတော့သည် ။
" ဟွန့် ။ ယောက်ျားတွေများ ။ "
" မင်းက ယောက်ျားတွေနဲ့ အလက်ဂျစ်ရှိတဲ့ပုံပဲ ။ "
" ဒီလိုရာသီမှာ နှာဘူးကလွဲပြီး ဘယ်သူ့မှမရှိနိုင်ဘူးလေ ။ မမလည်း ဥပုသ်စောင့်ရင် သတိထားသွား ။ အဖော်ခေါ်သွားနော် ။ မဟုတ်ရင် ယောက်ျားတွေ လာဘူးကုန်လိမ့်မယ် ။ "
နှိုင်းဟာ ခုံပေါ်၌ ပြန်ထိုင်လိုက်တော့သည် ။ ထိုအချိန် မမ၏ မေမေဟာ မုန့်လုံးရေပေါ်ပန်းကန် နဲ့ သွားကြားထိုးတံလေး တစ်ချောင်းအား ယူလာခဲ့တော့သည် ။
" ဟော ။ တို့ရဲ့ လူကြီးကလေး ရောက်လာပြီပဲ ။ ရော့ ။ ဒီမှာ မုန့်လုံးရေပေါ် လာပို့ထားလို့ တီတီက သမီးလေးအတွက် ဖယ်ထားပေတယ် ။ "
" ဟာ ။ တီတီက တကယ့်ချစ်စရာကြီးကွာ ။ နှိုင်းရဲ့ မေမေနဲ့ နေရာချင်းသာ လဲလိုက်ချင်တယ် ။ နှိုင်း မေမေက မမလိုပဲ အပျော်တွေဘာတွေ နားလည်တာမဟုတ်ဘူး ။ ရေခံတုံးကြီး ။ "
" တီတီကလည်း ဒီလို သမီးလေးမျိုးကို လိုချင်နေတာကွဲ့ ။ "
" အို ။ မေမေကပါ ဘာလို့ သူ့ဘက်ပါနေရတာလဲ ။ တကယ်ပါပဲနော် ။ စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ ။ "
ဟု ဆိုကာဖြင့် လက်ထဲက စာအုပ်ကို စားပွဲပေါ်သို့ ဗုန်းခနဲချကာ ထွက်သွားတော့သည် ။ တီတီ နဲ့ နှိုင်းကတော့ လူစိတ်တိုမမနွေသင်္ကြန်ကို တိတ်တခိုးလေး တခစ်ခစ် ရယ်ကြတော့သည် ။
နှိုင်းဟာ မမရဲ့ မေမေ နဲ့ စကားတွေ ထိုင်ပြောနေသည်မှာ အတိုင်အဖောက်ကို ညီလွန်းနေသည် ။ သူမရဲ့ မေမေဟာ ဘယ်လိုဆိုသည်ကာ တစ်ကြောင်း ။ သူမရဲ့ စနောက်မှုတွေကြောင့် မေမေနဲ့ ရန်ဖြစ်ရသည်တို့ကို ပြောပြခဲ့သလို မမနွေသင်္ကြန်ရဲ့ အကြောင်းကိုပါ တီတီ့ဆီမှ အကုန်ကြားသိခဲ့ရပါသည် ။
" နှိုင်းရဲ့မမကို မွေးခါနီးကြီးပေါ့ကွယ် ။ အခုလို သင်္ကြန်အချိန်မျိုးမှာတောင် ရန်ကုန်တစ်မြို့လုံးကို ပတ်ပြီး ရေပက်ခံထွက်တာလေ ။ အားလုံးက ဒီကလေးတော့ လူပြည်ကို ထွက်လာရင် ထိန်းမနိုင်သိမ်းမနိုင် အကဲစိန် ဖြစ်တော့မယ်ဆိုပြီး နိမိတ်ကောက်ခဲ့ကြတာပေါ့ ။ အတတ်နေ့ အိမ်ပြန်တော့မှ လမ်းမှာဗိုက်အောင့်လို့ ဆေးရုံပြေးရတဲ့အဖြစ် ။ ဟော ။ ထွက်လာတော့ ရေခဲတုံးကြီး ။ ကြည့်စမ်း ။ "
" အဟားဟား ။ "
" နွေသင်္ကြန်က သူ့အဖေမျိုးရိုးနဲ့ တစ်ထေရာတည်း ။ မျိုးနဲ့ရိုးနဲ့ကို ရေခဲတုံးတွေလေ ။ သူ့အဖေကို တီတီပဲ လိုက်ပိုးခဲ့ရတာ ။ "
" ဝါး ။ တီတီဆီက ပညာတွေ သင်မှရတော့မယ် ။ နှိုင်းလည်း လူတစ်ယောက်ကို လိုက်ပိုးနေတာလေ ။ သိတဲ့အတိုင်း နှိုင်းရဲ့ ပြောင်ချော်ချော် လုပ်ရပ်တွေကြောင့် သူက အမြင်မကြည်ဖူးရယ် ။ "
" ရေခဲတုံးကို ဘယ်လို အရည်ပျော်သွားအောင် လုပ်ခဲ့သလဲ ပြောပြမယ် ပြောပြမယ် ။ "
" အရှက်မရှိ ဒီအကြောင်းတွေပဲ ပြောနေတယ် ။ "
တီတီ့ရဲ့ စကားပြောအရှိန်ဟာ မမကြောင့် ပျက်သွားခဲ့ရသည် ။ နှိုင်းလည်း လည်ဂုတ်လေး ပုကာဖြင့် ခေါင်းကုတ်တော့သည် ။
သူမကိုတော့ မထိမဲ့မြင် လုပ်နေပြီး မေမေနဲ့ကျတော့ အတိုင်အပေါက် ညီနေပုံများ အမြင်ကတ်ချင်စရာပါ ။
တံခါးမကြီးကိုမှီလို့ လက်ပိုက်ကာဖြင့်
" မင်း မပြန်သေးဘူးလား ။ ဘယ်အချိန်ထိ အာလူးဖုတ်နေဦးမှာလဲ ။ "
" ဟာ ။ မမကလည်း အစောကြီးပဲ ရှိသေးတာကို ။ ဒီမှာ ကဲတောင် မကဲရသေးဘူး ။ "
" ဒီလိုအခြေအနေမျိုးမှာ လူဖြစ်တုန်းလေးမှာ ဥပုသ်လေးစောင့် ကုသိုလ်ယူပါလား ။ "
တရားလာဟောနေသည့် အပျိုကြီးရဲ့ ဒါဏ်ကို မေမေဟာ မခံနိုင်တော့သည်ကြောင့် အိမ်ထဲသို့ တိတ်တိတ်ကလေး ခိုးဝင်သွားတော့သည် ။
" ကောင်းတာလေး ပြောလိုက်ရင် ထွက်ပြေးတော့တာပဲနော် ။ "
" လာ ။ ဒီမှာလာထိုင် ။ မမ ပြောတာကို နှိုင်း နားထောင်ပေးမယ် ။ "
" ပြောတော့ ဒိတ္ထိဆို ။ တရားဟောတိုင်း ပေါက်မတဲ့လား ။ "
" ပေါက်ချင်လည်း ပေါက်သွားနိုင်တာပဲလေ ။ အပျိုကြီးရဲ့ လေသံနုနုတွေမှာ သာယာမှုကို ရှာတွေ့နိုင်တာပဲ ။ လာ လာ ။ အနားမှာ လာထိုင် ။ "
" တို့ကို အပျိုကြီးလို့ လာမခေါ်နဲ့ ။ ယောက်ျားမယူချင်လို့ ခါချထားတာ ရှင်းလား ။ "
နွေသင်္ကြန်ဟာ မျက်စောင်းထိုးလို့ အနားလာထိုင်ပါသည် ။ နှိုင်းရဲ့ အမြင်ကတ်စရာ မျက်နှာပေးမှာ အပြုံးနုနုတွေ ချိတ်တွဲထားလေသည် ။
ခုံအနောက်မှာ လက်ကိုတင် ခေါင်းကို ထောက်ကိုင်ထားပြီး ဘေးအနားက နွေသင်္ကြန်ကို မျက်တောင်မခတ် ငေးလို့ ကြည့်သည် ။ နွေသင်္ကြန်၏ တရားကို စိတ်ရှည်လက်ရှည် နားထောင်ပေးနေသည် ။ ဒါပေမယ့် နှိုင်းရဲ့ မျက်ဝန်းထဲမှာတော့ နွေသင်္ကြန်ကိုသာ မြင်နေသည် ။
" ဘုရားတရား လုပ်တယ်ဆိုတာ နိဗ္ဗာန်ကို ရောက်ဖို့ လမ်းကြောင်းပဲ ။ တံခါးနားရောက်ဖို့ဆိုတာ ကိုယ့်ရဲ့ အားထုတ်မှု လိုတယ် ။ ဒါကို ရှင်းလား ။ "
နှိုင်းဟာ မူလပုံမပျက်ဘဲ ပြုံးကြည့်နေသည်လေ ။
" ပြောတာကို ရှင်းလားလို့ ။ "
" မမက ချစ်စရာလေး ။ နှိုင်းရဲ့ ချစ်သူလေး ဖြစ်ရင် ကောင်းမယ် ။ အဟင်း ။ "
" ဘာ ။ "
" စဉ်းစားပေးချင်လား ။ "
အမြင်ကတ်စရာ မျက်နှာပေးနဲ့ မျက်ခုံးပင့် ပြောနေသည့် နှိုင်းကို အမှုန့်ကြိတ်ပစ်ချင်သည် ။
" အချိန်ယူပြီး စဉ်းစားနော် ။ ဒါပေမယ့် နှစ်ဆန်းတစ်ရက်နေ့တော့ မကျော်စေနဲ့ ။ နှိုင်းက အကြာကြီး မစောင့်နိုင်ဘူး ။ ညကျရင် တယ်လီဖုန်း ဆက်လိုက်မယ် ။ ယောက္ခမကြီးဆီက ဖုန်းနံပါတ် ရပြီးပြီ ။ "
ဆိုကာဖြင့် အမြင်ကတ်စရာကောင်းလောက်အောင် မျက်ခုံးပင့်ကာ ပြောနေသည် ။
နွေသင်္ကြန်သည်တော့ ဘာတွေဘယ်လို ဖြစ်ပျက်သွားသည်မှန်းကို မသိလိုက် ။ အူတူတူ ဖြစ်နေသည် ။
" တယ်လီဖုန်း အနားမှာ စောင့်နေနော် ။ "
နွေသင်္ကြန်၏ ပါးပြင်တစ်ဖက်ကို အနမ်းပေးလို့ ထထွက်ပြေးပါတော့သည် ။ မိမိမိုက်မိုက် မိန်းကလေး၏ အနမ်းတစ်ပွင့်ကြောင့် သင်္ကြန်သီချင်းများ၏ beat အတိုင်း မမရဲ့ အသည်းနှလုံးများ ဆူညံ့သွားသည် ။
နှိုင်းကတော့ဖြင့် မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည် ။ ကျောက်ရုပ်ကြီးသဖွယ် ကျန်ရစ်နေခဲ့သူမှာ မမတစ်ယောက်တည်းသာပင် ။
လမ်းအသွယ်သွယ်များကို ခုန်ပေါက်ကို ပြေးဆော့နေသည့် နှိုင်းကတော့ မမရဲ့ပါးကို အာဘွားပေးခဲ့သည်ကြောင့် အူမြူးနေသည်လေ ။
" အပျိုကြီးပါးက အိတုန်နေတာပဲကွာ ။ ဝါးစားချင်တဲ့ ငါ့စိတ်တွေကို မနည်းထိန်းခဲ့ရတယ် ဟေ့ ။ "
ဟု အော်ဟစ်ကာဖြင့် ပိတောက်ပင်၏ သစ်ကိုင်းများကို ခုန်ကာဖြင့် ဆွဲချကာ လှုပ်ခါစေခဲ့သည် ။ ပိတောက်ပင်မှာ တွဲခိုနေသော ရေစက်များဟာ နှိုင်း၏ ခန္ဓာကိုယ်နှင့် မြေကြီးများပေါ်သို့ ခစားသက်ဆင်းကြသည် ။
ထို့နေ့ညက မမဆီကို တယ်လီဖုန်းခေါ်ပေမယ့်လို့ မမဟာ တယ်လီဖုန်းကို မကိုင် ။ မမရဲ့ မေမေသာ ကိုင်သည်ကြောင့် နှိုင်းဟာ စိတ်မသက်မသာ ဖြစ်ခဲ့ရသည် ။
" တီတီ ပြောသလို ဖွင့်ပြောပြီး အာဘွားပေးခဲ့တာပဲ ။ ကြည့်ရတာ ရင်မခုန်သွားဘဲ စိတ်ဆိုးသွားသလား မသိဘူး ။ "
' မဖြစ်နိုင်ပါဘူးကွာ ။ နွေသင်္ကြန် ရင်ခုန်နေမှာ ကျိန်းသေတယ် ။ အခုထိ အခန်းအောင်းနေတာ ။ ညစာတောင် ထွက်မစားဘူး ။ '
" မမက ရေခဲတုံးကြီးပါ ။ "
' သူ့အဖေကိုလည်း ဒီလို လိုက်ခဲ့တာပဲ ။ အဲ့သလိုပဲ စာပို့တာကို ပြန်မပို့ဘူးလေ ။ နောက်နေ့ သူ့အိမ်ကို လိုက်သွားလိုက်တော့တယ် ။ '
" ဝါး ။ လက်သွက်ချက်ပဲ တီတီရာ ။ မနက်ဖြန် အစောကြီး အိမ်လာခဲ့မယ် ။ တံခါးဖွင့်ပေးနော် ။ "
' လူခေါ်ဘဲလ်သာ တီးလိုက် ။ ပန်းကန်လုံးစီးပြီးကိုသာ အပြေးထွက်လာခဲ့မယ် ။ အဟားဟား ။ '
" တီတီက တကယ့် မြှားနတ်မောင်ကြီး ။ ချစ်လိုက်တာ ။ ချစ်လိုက်တာ ။ "
' နွေသင်္ကြန် ယောက်ျားမရလည်း ဖြစ်တယ် ။ နှိုင်းသာ အပိုင်သိမ်းသွားလိုက်တော့ ။ သု့ကြောင့် သင်္ကြန်ကို နန့်ရတယ်လို့ မရှိပါဘူး ။ '
" ယောက္ခမကြီးဆီက ပါမစ်ရပြီဆိုမှတော့ ဘာလိုသေးလဲ ။ ဟဲဟဲ ။ "
' တီတီလို့ မခေါ်နဲ့ ။ မေမေလို့ ခေါ်လိုက်တော့ ။ '
" ဟာ ။ ရှက်စရာကြီး ။ မေမေ ။ "
နှိုင်း၏ မေမေဟာ ယောင်းမကြီးကိုင်ကာဖြင့် နှိုင်းအနောက်သို့ ရောက်ရှိနေသည် ။ ဒါကို နှိုင်းဟာမသိ ။ ယောက္ခနဲ့ စကားပြောကောင်းနေသည်လေ ။
" တယ်လီဖုန်းချတော့မယ် မေမေ ။ အိမ်က မားသားကြီးက သူ့ယောင်းမကြီးနဲ့ နှိုင်းကို ဗျင်းတော့မှာ အာရုံထဲ ရောက်လာသလိုပဲ ။ "
' ခမည်းခမက်ကြီးကလည်း နှိုင်းလိုပဲ ဖြစ်ရမယ် ။ အဟားဟား ။ '
" အမှန်ပဲပေါ့ မေမေရယ် ။ အဟားဟား ။ "
နှုတ်ဆက်ကောင်းကောင်းနဲ့ နှုတ်ဆက်ကြလို့ ဖုန်းချလိုက်ချိန်
" အဟားဟား ။ ရှက်စရာကြီး မေမေရယ် ။ "
ဆိုသော အသံလုံး နက်နက်ကြီးက အနောက်မှ ထွက်လာသည်ကြောင့် နှိုင်းတစ်ယောက် အော်ဟစ်ကာ လန့်သွားခဲ့သည် ။ သူ့၏ အာရုံထဲက အတိုင်း ယောင်းမကြီး ကိုင်ကာ ခါးထောက်ထားသည့် မေမေ့ကို မြင်လိုက်သည် ။
" ဟာ ။ မေမေ ။ မေမေ ။ အဖွားယောင်းမကြီးကိုင်ပြီး ဘာလုပ်မလို့လဲ ။ ညကြီးအချိန်မတော် ဟင်းချက်မလို့လား ။ သြော် ။ မနက်ဖြန်အတွက် ဆွမ်းဟင်းချက်ဖို့ ထင်တယ် ။ အဟဲဟဲ ။ "
" ဒီယောင်းမက နင့်ကို ရိုက်မလို့ဟေ့ ။ နင့်ကို ရိုက်မလို့ ။ "
" ဟာ ။ မေမေကလည်း ။ အဖွားရဲ့ယောင်းမကြီးကို ကျိုးကြေသွားအောင် မလုပ်ချင်ပါနဲ့ ။ ဒီလိုယောင်းမမျိုးက အခုခေတ်မှာ မရှိတော့ဘူးနော် ။ ရှိရင်တောင် အပေါစားတွေပဲ ရတော့မှာ ။ "
" နှိုင်းယှဉ်မြင့်မိုရ် ။ "
မေမေ့ရဲ့ ယောင်းမလွှဲချက်ကို ကြောက်လွန်းလို့ ထိုင်မနေဘဲ ထထွက်ပြေးမိသည် ။ လွတ်အောင်ပြေးမှ ။ မေမေ့ရဲ့လက်သံပြောင်ချက်ကြောင့် ခေါင်းကွဲရင်ကွဲ ။ မကွဲရင် ဖင်စုတ်ပါပြီ ။
" ကြောက်ပါတယ်လို့ ။ "
အော်ဟစ်ကာဖြင့် အပေါ်ထပ်သို့ အပြေးတက်သည် ။
" လူမွေးထားတာမဟုတ်ဘူး ။ မျောက်မွေးထားမိတာ ။ အမေရေ ။ သမီးဘဝကို လာကြည့်စမ်းပါဦး ။ ဒီမျောက်မကို ထိန်းနေရတဲ့ သမီးကို လာကြည့်ပါဦး မေမေရယ် ။ "
ယောင်းမကိုကြည့်လို့ စကားပြောနေသည့် မေမေ၏ ရင်တွင်းစကားသံများကြောင့် နှိုင်းတစ်ယောက် အခန်းထဲ ဝင်ကာဖြင့် ခွက်ထိုးခွက်လန်ရယ်မိပါတော့သည် ။
" အဟားဟား ။ ငါ့မေမေကတော့လေ ။ တကယ် ရယ်ရတာပဲ ။ "
အူနာ ဗိုက်နာအောင် ရယ်နေရင်းမှ ရုတ်တရက်ကြီး နှလုံးသားလေးထဲကို မမနွေသင်္ကြန်၏ မျက်စောင်းလှလှလေး တိုးဝင်လာသည်ကြောင့် နှလုံးသားလေးအခုန်မြန်လာတော့သည် ။
" မျက်စောင်းထိုးတာကို ရင်ခုန်မိသွားတယ်တဲ့ ။ ငါ့နှယ့် ရယ်တောင် မရယ်နိုင်တော့ဘူး ။ အဟားဟား ။ "
ကုတင်ပေါ်မှာ လူးလိမ့်ရင်းသာ မနက်ဖြန် အတတ်နေ့အတွက် ရင်ခုန်နေရှာပါတော့သည် ။
" မမရော ။ ငါ့လိုပဲ ရင်ခုန်နေမလား ။ "
× × × × ×
morA_nyein
3.4.2022