๐ฟ๐‘œ๐‘ฃ๐‘’ ๐ฟ๐‘’๐‘ก๐‘ก๐‘’๐‘Ÿ:๐‘ค๐‘Ÿ๐‘–๏ฟฝ...

By Daydream-fah

16K 1.4K 454

๐ฝ๐‘ข๐‘ ๐‘ก ๐‘“๐‘Ÿ๐‘–๐‘’๐‘›๐‘‘ ๐‘๐‘ข๐‘ก โ„Ž๐‘’'๐‘  ๐‘š๐‘–๐‘›๐‘’... More

๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-1
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-2
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-3
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-4
Happy Birthday To Me
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-6
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-7
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-8
Heyyy....
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-9
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-10
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-11
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-12
๐น๐‘–๐‘›๐‘Ž๐‘™ ๐ฟ๐‘’๐‘ก๐‘ก๐‘’๐‘Ÿ

๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-5

1K 126 21
By Daydream-fah

Unicode

ဒီနေ့နဲ့ဆို ဟိုသတ္တဗေဒမေဂျာကကျူးလုံဆိုတဲ့ကောင်ကို သူတို့မေဂျာဆောင်နားမှာတွေ့နေရတာ တစ်ပတ်ပင်ပြည့်တော့မည်။ အတန်းလာတက်တာလည်းမဟုတ် သူငယ်ချင်းကိုလာစောင့်တာလည်းမဟုတ်ပါပဲ ထိုကောင်ကရစ်သီရစ်သီဖြင့် ယောင်ချာချာလုပ်နေလေတော့ သူမျက်မုန်းကျိုးနေတာအတော်ပင်ကြာလေပြီ။ အခုလည်းပဲ သူတို့အခန်းရှေ့က ကော်ရစ်တာမှာဟိုဖက်လျှောက်လိုက် ဒီဖက်လျှောက်လိုက်ဖြင့် သူတို့ထိုင်နေတဲ့ဆီကိုခဏခဏလှမ်းချောင်းနေသည်။

ရိပေါ်ကတော့ ဒါတွေကိုဘာမှသိပုံမရပဲ စားပွဲပေါ်မှာမေးထောက်ရင်းငိုက်နေတာမို့ ရှောင်းကျန့်သူ့ခန္ဓာကိုယ်ကြီးကိုအရှေ့ကိုကုန်းလိုက်ရင်း ကျူးလုံဆိုတဲ့ကောင် ရိပေါ်ကိုချောင်းလို့မရအောင် တမင်တကာ ကွယ်ထားလိုက်သည်။ မသိမသာသခိုးချောင်း,ချောင်းနေတဲ့ကောင်က အခုတော့ ကိုယ်ကိုဟိုဖက်ယိမ်းလိုက် ဒီဖက်ယိမ်းလိုက်ဖြင့် ရုပ်ပျက်ဆင်းပျက် လည်တဆန့်ဆန့်ဖြစ်နေတာမို့ ရှောင်းကျန့်စိတ်ထဲကနေ အောင်နိူင်သူတစ်ယောက်လိုပြုံးလိုက်မိသည်။

"ဟေ့ကောင် ရှောင်းကျန့်... အရှေ့ကနေငြိမ်ငြိမ်နေစမ်း။ စာတွေနားမလည်ရတဲ့ကြားထဲ ဒင်းကိုကြည့်ပြီးမူးနောက်နေတာပဲ"

အနောက်တန်းမှာထိုင်နေတဲ့ ဟောက်ရွှမ်းတို့ဆီက မကျေမနပ်ပြောဆိုလာတဲ့စကားသံတွေကြောင့် ရှောင်းကျန့်ပေစောင်းစောင်းဖြင့်အနောက်ကိုလှည့်ကြည့်လိုက်ရင်း

"မကျေနပ်ရင်အရှေ့ဆုံးခုံမှာသွားထိုင် သဘောပေါက်လား"

ရှောင်းကျန့်ရဲ့စကားကြောင့် ဆက်ပြောချင်နေတဲ့ဟောက်ရွှမ်းခမျာ ပါးစပ်လေးအသာပြန်ပိတ်ပြီး ငြိမ်ကျသွားတော့သည်။ ဟောက်ရွှမ်းဘေးကနှစ်ကောင်ကတော့ အံတကြိတ်ကြိတ်ဖြင့် တွေ့မယ်ဆိုကာသူ့ကိုကြိမ်းနေသည်။

အခန်းရှေ့ကိုလှမ်းကြည့်လိုက်တော့ ဟိုကောင့်ကိုမတွေ့ရတော့တာမို့ လှစ်ခနဲပြုံးလိုက်မိသည်။ သို့သော် သူ့အပြုံးတွေကြာကြာမခံလိုက်။ အကြောင်းမှာတော့ အတန်းထဲကဆရာမထွက်သွားတာနဲ့ ဟိုကောင်ကမုန့်ထုပ်တွေတပွေ့တပိုက်ဖြင့် သူတို့ထိုင်နေတဲ့နားဆီတည့်တည့်လျှောက်လာနေတာကြောင့်ဖြစ်သည်။ ဟိုကောင့်ကိုရိပေါ်တွေ့မသွားခင် သူတို့အမြန်ထသွားဖို့ပြင်လိုက်ပေမယ့် သကောင့်သားကအတင့်ရဲစွာဖြင့် မတ်တပ်ထဖို့လုပ်နေတဲ့ရိပေါ်ရဲ့အရှေ့မှာဝင်ရပ်လိုက်လေသည်။

"ကိုယ့်ကိုမှတ်မိလား ရိပေါ် "

ကိုယ်.. ဘာကိုယ်လဲ ကုက္ကိုပင်လား။ စကားသံကိုက ပြီတီတီ ပြဲတဲတဲနဲ့။ ရိပေါ်တော့မသိ ဘေးမှာရပ်နေရတဲ့သူပင် ထိုကောင့်အသံကြားရုံနဲ့အွက်ခနဲအော့အန်လိုက်ချင်စိတ်ဖြစ်လာမိသည်။ ရိပေါ်ကတော့သူ့အကျင့်အတိုင်း မှုန်ကုပ်ကုပ်ဖြင့်ကြည့်နေလေသည်။ သေချာပေါက်ဒီလိုတစ်ယွမ်ဖိုးသုံးကောင်မျိုးကို ရိပေါ်ကဘယ်မှတ်မိလိမ့်မလဲ။

"သတ္တဗေဒက ကျူးလုံဟုတ်တယ်မလား"

ကိုယ့်အတွေးနဲ့ကိုယ်ကျေနပ်နေတဲ့ရှောင်းကျန့်မှာ ရုတ်တရက်ရိပေါ်ဆီကထွက်လာတဲ့စကားသံကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားမိသည်။ ရိပေါ်ဘယ်တုန်းက ဒီလောက်ဥာဏ်ကောင်းသွားတာလဲ။

"ရိပေါ်ကကိုယ့်ကိုတင်မဟုတ်ပဲ ကိုယ့်နာမည်ကိုပါမှတ်မိနေတာပဲ။ ကိုယ်တော့အရမ်းပျော်သွားပြီကွာ"

"ဟိုမှာလေ ရေးထားတာပဲ"

ရိပေါ်က ကျူးလုံလည်ပင်းမှာဆွဲထားတဲ့ ကျောင်းသားကဒ်ကိုမေးငေါ့ပြရင်း ခပ်ပြတ်ပြတ်ပြောလိုက်တဲ့စကားကြောင့် ကျူးလုံရဲ့မျက်နှာကဝမ်းသာလုံးစို့နေရာကနေ မအီမသာဖြစ်သွားတဲ့ပုံစံကိုကြည့်ပြီး ရှောင်းကျန့်မှာစိတ်ထဲကနေကြိတ်ပြီးဟားတိုက်နေမိသည်။ သူပြောပါတယ် ရိပေါ်ရဲ့မှတ်ဥာဏ်ကအဲ့လောက်ထိမကောင်းပါဘူးလို့။

"သွားမယ်လေ ရိပေါ် "

ဟိုကောင်ဘာမှထပ်ပြီးအရစ်မရှည်ခင် သူဝင်ပြောလိုက်တော့ရိပေါ်က မငြင်းဆန်ပဲလိုက်လာလို့တော်သေးသည်။ မဟုတ်ရင် အလကားသက်သက်ဒီကောင့်အရှေ့မှာသူအရှက်ကွဲဦးမယ်မဟုတ်လား။ ထိုနေရာကထွက်လာပြီး ခပ်လှမ်းလှမ်းကိုရောက်တော့မှ

"နောက်တစ်ခါအဲ့ကောင်စကားလာပြောရင် ဂရုမစိုက်နဲ့ရိပေါ်။ အဲ့ကောင်ကရိုးသားတာမဟုတ်ဘူး"

လမ်းလျှောက်နေရင်း ရုတ်တရက်ကြီးပြောချလာတဲ့ရှောင်းကျန့်ရဲ့စကားကြောင့် ရိပေါ်လမ်းဆက်မလျှောက်တော့ပဲ ခြေလှမ်းတွေကိုတုန့်ခနဲရပ်လိုက်မိသည်။ အရှေ့ကိုဆက်လျှောက်သွားရာကနေ သူ့ကိုလှည့်ကြည့်လာတဲ့ရှောင်းကျန့်ကို မျက်မှောင်ကုပ်လို့ကြည့်လိုက်ရင်း

"ဘာကိုဆိုလိုတာလဲ"

"ဟ.. ဒီလောက်သိသာနေတာကိုမသိဘူးလား။ အဲ့ကောင်ကမင်းကိုကြိုက်နေတာ"

"အော်...."

ဒါပဲလား ရိပေါ်ရဲ့တုန့်ပြန်ပုံက။ မတုန်မလှုပ်နဲ့လုပ်နေတဲ့ပုံစံကိုက နာနာရိုက်ပစ်ချင်စရာလေး။ ထိုသို့အတွေးဝင်နေတဲ့ရှောင်းကျန့်မှာ ရိပေါ်ဆီကထပ်ပြီးကြားရတဲ့ နောက်ဆက်တွဲစကားကြောင့် ဘာမှဆက်မပြောနိူင်အောင်ပင် ကြောင်အသွားမိသည်။

"တယ်စွံတဲ့ငါပါလား ဟိဟိ"

ฅ^•ﻌ•^ฅ

"ရိပေါ် ဒီမှာသေချာကြည့်။ ငါနောက်တစ်ခါထပ်မရှင်းပြတော့ဘူးနော်"

ကျောင်းပိတ်ရက်မို့အိမ်မှာစာအတူထိုင်လုပ်နေရင်း ရှောင်းကျန့်ကအာရုံပျံ့လွင့်နေတဲ့ရိပေါ်ကို တံတောင်နဲ့ထိုးလို့ လှမ်းပြောလိုက်တာမို့ ရိပေါ်စိတ်မပါလက်မပါဖြင့် စာအုပ်ကိုငုံ့ကြည့်လိုက်မိသည်။

"အေးပါကွာ.. မင်းကလည်းငါ့ကိုစာညံ့တယ်ဆိုပြီး သိပ်နှိမ်ချင်တာပဲ"

"ဟောဗျာ... ခင်ဗျားလေးကို ရှင်းပြနေတာဒီတစ်ခါနဲ့ဆို ခြောက်ခါရှိနေပြီဗျ။ အဲ့တာကြောင့် သေချာအာရုံစိုက်လို့ပြောနေတာပေါ့။ ခဏလေးနဲ့ မေ့မေ့သွားရအောင် မင်းကငါးဦးနှောက်လား"

ရှောင်းကျန့်ရဲ့စကားအဆုံး ရိပေါ်ကစာအုပ်ကိုဝုန်းခနဲပိတ်လိုက်ပြီး ဆိုဖာပေါ်မှာသွားထိုင်နေတာမို့

"အဲ့တာဘာလုပ်နေတာလဲ"

"ငါးဦးနှောက်ကစာသင်လို့မှမရတာ... အဲ့တာကြောင့် ကိုယ့်ဖာသာကိုယ်တီဗီပဲကြည့်တော့မလို့"

ပြောပြီးတာနဲ့ ရိပေါ်ကဆိုဖာပေါ်မှာခြေထောက်နှစ်ချောင်းလုံးကိုတင်လို့ အကျအနထိုင်ရင်းတီဗီရီမုဒ်ကိုကိုင်ကာ ချန်နယ်လိုင်းတွေတစ်လိုင်းပြီးတစ်လိုင်း ပြောင်းကြည့်နေတာမို့ သူထိုနေရာကိုလျှောက်သွားကာ ရိပေါ်အရှေ့ပိတ်ရပ်လိုက်မိသည်။

"မင်းစာလုပ်လို့မပြီးမချင်း တီဗီမကြည့်ပါဘူးလို့ကတိပေးထားတယ်လေ ရိပေါ်။ လာ.... စာကိုအရင်ပြီးအောင်လုပ်ရအောင်"

"ငါးဦးနှောက်ဆိုတော့ ဘာကတိမှမမှတ်မိတော့ဘူး"

သူအမှတ်တမဲ့ပြောလိုက်မိတဲ့ ငါးဦးနှောက်ဆိုတာကို ရိပေါ်ကအတည်ကြီးစိတ်ဆိုးသွားပုံရတာမို့ ခက်ချေပြီ။ မနက်ဖြန်ကျရင် tutorialရှိတာမို့ စာမလုပ်ခိုင်းလို့ကလည်းမရပြန်။ ဒီတစ်ခါtutorialအမှတ်သာထပ်ပြီးပြုတ်ရင် စာမေးပွဲကျရင်ရိပေါ်အတွက်ဘာအမှတ်မှကျန်တော့မှာမဟုတ်ပေ။ ရိပေါ်က သူ့ကိုမသိချင်ယောင်ဆောင်ကာ ရီမုဒ်ကိုကိုင်ကာ တီဗီရှေ့မင်းမူနေတာကို အခွင့်ကောင်းယူပြီး သူရိပေါ်ရဲ့လက်ထဲကရီမုဒ်ကိုဆွဲလုလိုက်မိသည်။

ရုတ်တရက်မို့ရိပေါ်က ကြောင်သွားပြီးမှ ရှောင်းကျန့်လက်ထဲကရီမုဒ်ကမရမကလိုက်လုသည်။ သို့သော် ယုတ်မာလှတဲ့ရှောင်းကျန့်က ထန်းပင်လောက်အရပ်ကြီးကိုမှအားမနာ လက်ကိုပါမြှောက်ထားလိုက်သေးတာမို့ ရိပေါ်ကခြေဖျားထောက်လဲမမှီပဲဖြစ်နေသည်။ သူဘယ်လောက်ပဲ ကြိုးစား ကြိုးစားယူလို့မရတာမို့ ကြံရာမရတဲ့အဆုံး ရှောင်းကျန့်ခန္ဓာကိုယ်ပေါ်ခွတက်လိုက်မိသည်။

ထင်မှတ်မထားတဲ့ သူ့ရဲ့အပြုအမူကြောင့် ရှောင်းကျန့်ကကြောင်သွားပုံပင်။ အနည်းငယ်ယိုင်မလိုဖြစ်သွားပြီးမှ အရှိန်ကိုပြန်ထိန်းရင်း သူ့ကိုပြူးကြောင်လို့ကြည့်နေလေသည်။ အနေအထားအားဖြင့် သူ့ခြေထောက်နှစ်ချောင်းကရှောင်းကျန့်ရဲ့ခါးပေါ်ကို ခွယှက်ထားတာဖြစ်ပြီး ပြုတ်ကျမသွားအောင် ရှောင်းကျန့်လည်ပင်းကိုလက်နှစ်ဖက်ဖြင့် အမိအရသိုင်းဖက်ထားတာမို့ မျက်နှာချင်းကနီးကပ်လွန်းတဲ့အနေအထားဖြစ်နေလေသည်။ ရှောင်းကျန့်ကရီမုဒ်ကိုသူယူလို့မရအောင် လက်ကိုမြှောက်ထားတာမို့ သူ့ပုံစံက သစ်ပင်မှာတွယ်ကပ်နေတဲ့ခိုအားလားလေးတွေလိုဖြစ်နေသည်။

ရှောင်းကျန့်ကအသိစိတ်လွတ်နေတဲ့သူလို သူ့မျက်နှာကိုကြောင်ပြီးကြည့်နေတာမို့ ထိုအချက်ကိုအခွင့်ကောင်းယူကာ ရှောင်းကျန့်လက်ထဲကရီမုဒ်ကိုအလျင်အမြန်လုယူလိုက်မိသည်။ အဖြစ်အပျက်တွေကမြန်ဆန်လွန်းတာမို့ သူဘာမှသတိမထားလိုက်။ သူအသိဝင်လာတော့ ရိပေါ်ကသူ့ကိုယ်ပေါ်ကခုန်ဆင်းသွားပြီး ခပ်လှမ်းလှမ်းမှာသွားရပ်ကာ ရီမုဒ်ကိုလက်ကကိုင်ရင်း လျှာထုတ်လို့မျက်နှာပြောင်ပြနေလေသည်။

သူ့မှာသာ နေရာမှာတင်တောင့်တောင့်ကြီးရပ်လို့ ခဏတာလွတ်ထွက်သွားတဲ့ သူ့ရဲ့စိတ်ဝိဥာည်ကိုပြန်ခေါ်နေမိသည်။ ရိပေါ်က အရင်ထဲကဒီလိုပဲလှတာလား။ မျက်လုံးနက်နက်ဝိုင်းဝိုင်းလေးနှင့် မျက်တောင်စင်းစင်းလေးတွေက ပနံသင့်လွန်းသည်။ နှာခေါင်းလုံးလုံးလေးနဲ့နှုတ်ခမ်းဖူးရဲရဲလေးကလည်း အသည်းယားစရာပင်။ အနီးကပ်မြင်လိုက်ရတဲ့ နူးနူးညံ့ညံ့ပါးဖောင်းလေးတွေထက်က မွှေးညှင်းနုလေးတွေအကြောင်းကို တွေးမိပြန်တော့ ရင်ထဲမှာမယိုးမယွခံစားချက်ကြီးဖြင့် ကတုန်ကရင်ဖြစ်လာတာမို့ ဝဲဘက်ရင်အုံကိုလက်ဖဝါးဖြင့် အသာဖိထားလိုက်မိသည်။

သူငယ်ချင်းအပေါ်မှာ ရင်ခုန်မိလို့ငါ့မှာအပြစ်ရှိတယ်ဆို ငါ့စိတ်ကိုဒီလိုတိမ်းညွှတ်အောင် ညို့ယူနိူင်တဲ့မင်းကလည်း ပူးတွဲတရားခံပါပဲ ရိပေါ်။ ငါပြောတာ သဘာဝကျတယ်မဟုတ်လား။

ฅ^•ﻌ•^ฅ

"ငါမရှိတဲ့အချိန် ငါ့ဖုန်းကိုမင်းကိုင်မိလိုက်သေးလားရိပေါ် "

အတန်းထဲမှာထိုင်နေရင်းကနေ ရုတ်တရက်ထမေးတဲ့ရှောင်းကျန့်ရဲ့စကားကြောင့် ရိပေါ်ဂိမ်းဆော့နေရင်းကနေမော့မကြည့်ပဲ

"အရင်ကလည်း မင်းဖုန်းကိုငါယူကိုင်နေကြပဲကို ဘာတွေအခုမှအထူးအဆန်းလုပ်နေတာလဲ"

ဟုတ်သည်။ ရိပေါ်က သူ့ဖုန်းကိုသူများကိုင်ရင်သာမကြိုက်ပေမယ့် ရှောင်းကျန့်ရဲ့ဖုန်းကိုတော့ သူ့အပိုင်လိုမကြာခဏဝင်ရောက်စပ်စုတတ်သည်။ တစ်ခါတစ်လေမှာ သူမကျေနပ်တဲ့သူတွေကို ရှောင်းကျန့်ရဲ့wechat accကနေတစ်ဆင့်သွားပြီးဆဲတတ်သလို သူကြည့်မရတဲ့သူတွေနဲ့ရှောင်းကျန့်က weiboမှာအပြန်အလှန်followထားမိရင်လည်း ဘာမှမပြောမဆိုနဲ့တစ်ဖက်ကလူရဲ့accကို blacklistသွင်းသွားတတ်သည်။ ထိုအခါတွေမှာလည်း ရှောင်းကျန့်က ဘာတစ်ခွန်းမှဝင်မပြောပဲ ရိပေါ်အလိုကျလွှတ်ထားပေးလေ့ရှိသည်။

ဒါပေမယ့် အခုကအရေးကြီးကိစ္စဖြစ်နေတာမို့

"ဖုန်းယူကိုင်တာကိုပြောတာမဟုတ်ဘူးကွာ။ ငါပြောချင်တာက ငါ့ဆီဆက်တဲ့ဖုန်းကိုများ မင်းဖြေလိုက်မိသေးလားလို့"

ရှောင်းကျန့်ရဲ့စကားကြောင့် ရိပေါ်ဂိမ်းဆော့နေရင်းကနေ မျက်လုံးလေးထောင့်ကပ်လို့စဥ်းစားဟန်ပြုရင်း

"အင်း ကိုင်လိုက်တယ်လေ။ ဟိုအရင်ရက်ကပဲ အမျိုးသမီးတစ်ယောက်ဘာတွေလာပြောနေမှန်းမသိတာနဲ့ နောက်ထပ်ပြီးမဆက်ဖို့ပြောလိုက်သေးတယ်"

"ဘာ..."

သူ့စကားဆုံးတာနဲ့ အလန့်တကြားထအော်လိုက်တဲ့ရှောင်းကျန့်ကြောင့် သူ့ခန္ဓာကိုယ်ပင်ဆတ်ခနဲတုန်သွားသလို အတန်းထဲကကျောင်းသားတွေရဲ့အကြည့်တွေကလည်း သူတို့ဆီစုပြုံလာလေသည်။ ထို့နောက် ရှောင်းကျန့်ကဖုန်းထဲမှာတစ်စုံတစ်ခုကိုအသည်းအသန်ရှာနေရင်းမှ သူ့ကိုကြည့်ရင်း

"အဲ့ဒီဖုန်းနံပါတ်ရော ဒီမှာဘာလို့မရှိတာလဲ"

ရှောင်းကျန့်ရဲ့မေးခွန်းကြောင့် ရိပေါ်အကြပ်ရိုက်သွားပြီး ခေါင်းကိုအသာကုတ်လိုက်မိသည်။

"မရှိတော့ဘူး ငါဖျက်ပစ်လိုက်ပြီ"

သူ့စကားအဆုံး စိတ်ပျက်သွားတဲ့မျက်နှာဖြင့် ကျစ်ခနဲစုတ်သတ်လိုက်တဲ့ရှောင်းကျန့်ကြောင့် ရိပေါ်စိတ်တိုသွားမိသည်။ ရှောင်းကျန့်ကအခုသူ့ကို မကျေမနပ်ဖြစ်သွားတာမဟုတ်လား။

"အဲ့ဒီအမျိုးသမီးက ဘယ်လောက်တောင်အရေးကြီးနေလို့ မင်းကအဲ့ဒီမျက်နှာဖြစ်သွားရတာလဲ။ မင်းငါ့ကိုအခု ဒေါသထွက်နေတာမဟုတ်လား"

မဆီမဆိုင်တွေပြောလာတဲ့ရိပေါ်ရဲ့စကားကြောင့် ရှောင်းကျန့်ဟင်းခနဲသက်ပြင်းချလိုက်ရင်း

"မဟုတ်ဘူး ရိပေါ် ငါက.."

"အဲ့ဒီအမျိုးသမီးရဲ့ဖုန်းနံပါတ်ကိုပြန်လိုချင်တာမဟုတ်လား။ ရတယ် အခုချက်ချင်း ငါသွားရှာမယ်"

ပြောပြောဆိုဆိုဖြင့် ရိပေါ်ကလွယ်အိတ်ကိုယူကာ အတန်းထဲကနေဒေါသတကြီးထွက်သွားတာမို့ ရှောင်းကျန့်စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းပေါ်ကဆံပင်တွေကိုထိုးဖွလိုက်မိသည်။

"အဲ့ဒီဖုန်းက ပန်းချီပြခန်းကဖုန်းလို့တော့မပြောနဲ့နော်ရှောင်းကျန့်"

သူတို့နှစ်ယောက်ရဲ့ပြဿနာဖြစ်ခန်းကို အနောက်တန်းကနေအနီးကပ်ရှုစားနေတဲ့ ဟွိုက်စန်းတို့အဖွဲ့ဆီက အလန့်တကြားမေးလာတဲ့မေးခွန်းကြောင့် ရှောင်းကျန့်ခေါင်းကိုငိုက်စိုက်ချလိုက်မိတော့သည်။ တကယ်ဆို ရိပေါ်ဖျက်ပစ်လိုက်တယ်ဆိုတဲ့ဖုန်းနံပါတ်က သူ့ပန်းချီတွေကိုပြပေးဖို့အတွက် သူ့ဘက်ကစပြီးတောင်းဆိုထားတဲ့ပြခန်းဖက်က တာဝန်ရှိသူတစ်ယောက်ရဲ့ဖုန်းဖြစ်သည်။ သူတို့ဘက်ကစပြီး ဖုန်းဆက်တယ်ဆိုကထဲက သူ့ကိုအခွင့်အရေးပေးချင်လို့ဆိုတာ နှစ်ခါပြန်တွေးစရာပင်မလို။

အဲ့ဒီပြခန်းမှာ သူ့ရဲ့ပန်းချီကားတွေပြခွင့်ရဖို့အတွက် သူ့မှာအတန်းချိန်တွေဖျက်ပြီး ထိုပြခန်းကတာဝန်ရှိသူတွေဆီမကြာခဏသွားတွေ့ခဲ့ရသလို သူ့ပန်းချီတွေကို လူအများရှေ့ချပြခွင့်ရမယ့် အခွင့်အရေးကြီးတစ်ခုလည်းဖြစ်တာမို့ သူ့အနေနဲ့အများကြီးမျှော်လင့်ထားခဲ့တာဖြစ်သည်။ ဒီကိစ္စကိုဟွိုက်စန်းတို့က သိနေတယ်ဆိုသည်မှာလည်း ဒီကိစ္စကိုသူစပြီးစီစဥ်ထဲက ရိပေါ်ကိုအရင်ဆုံးအသိပေးထားသလို နောက်ပိုင်းတွေကျမှ ဟွိုက်စန်းတို့ကိုပြောပြထားခြင်းဖြစ်သည်။

ဒီလိုတွေဖြစ်မှာစိုးလို့ သူမရှိတုန်းသူ့ဆီကို ဖုန်းနံပါတ်အစိမ်းကဆက်လာရင် သေသေချာချာလေးဖြေပေးဖို့နဲ့ သူ့ကိုအသိပေးဖို့အတန်တန်သတိပေးထားပေမယ့် ရိပေါ်ခေါင်းထဲမှာထိုအကြောင်းအရာတွေကဘာမှမရှိတော့ပုံပင်။ အခုလည်း ရိပေါ်ကိုစိတ်တိုတာမဟုတ်ပဲ သူ့လက်ထဲရောက်ခါနီးမှပြုတ်ကျသွားသလိုခံစားချက်ကြီးကြောင့် နှမြောတသဖြစ်မိခြင်းဖြစ်သည်။ ဒါကိုရိပေါ်က သူ့ကိုစိတ်တိုတယ်ထင်ပြီး ရှောင်းကျန့်ကိုပင်ပြန်ပြီးစိတ်ကောက်သွားပြန်သည်။

သူတို့နှစ်ယောက်အကြောင်းကိုသိတဲ့ ဟွိုက်စန်းတို့အဖွဲ့ကတော့ ခေါင်းတခါခါဖြင့် သက်ပြင်းကိုယ်စီချရင်းသူ့ကိုစိတ်မကောင်းလေဟန်ကြည့်နေကြလေသည်။

ฅ^•ﻌ•^ฅ

"မနေ့ကသင်လိုက်တဲ့lectureတွေမင်းမကူးရသေးဘူး မဟုတ်လားရိပေါ်။ ငါကူးပေးမယ်လေ"

ရိပေါ်ကိုလွယ်လွယ်နဲ့စိတ်ပြန်ပြေသွားမယ်ထင်ထားပေမယ့် ကောက်စိန်လေးကအိမ်မှာသူ့ကိုစကားမပြောတဲ့အပြင် ကျောင်းရောက်တဲ့အထိမသိချင်ယောင်ဆောင်နေပြန်တာမို့ မနေနိူင်တဲ့သူကပဲ စကားလမ်းကြောင်းစဖောက်ရတော့သည်။

ကိုယ်တော်ချောက စိတ်သာကောက်နေတာ သူ့စကားကိုတော့မငြင်း။ ဆူပုတ်ပုတ်ဖြင့်lectureစာအုပ်ကို သူ့အရှေ့တွန်းပေးလာသည်။ ဒါပေမယ့် သူ့ဘက်ကိုကြည့်မလာသလို စကားလည်းပြောမလာသေးပေ။ ဒါကိုသူကမကြိုက်။ ရိပေါ်သူ့ကိုစကားပြောလာစေချင်သည်။ ဟိုးငယ်ငယ်ကလေးဘဝထဲက အတူကြီးပြင်းလာခဲ့တဲ့သူငယ်ချင်းတွေမို့ပဲလားမသိ။ ရိပေါ်သူ့ကိုစိတ်ကောက်ပြီး စကားမပြောရင် သူဘယ်လိုမှမနေတတ်ပေ။

"ဟောက်ရွှမ်း မင်းမနေ့ကမေးထားတဲ့အပုဒ်ကလေ အဲ့တာဒီနေ့tutorialမှာပါမယ်ပြောတယ်။ ဆရာမသင်ပေးတုန်းက စာပိုဒ်ကရှည်နေတော့ ငါ့ဖာသာငါnotesပြန်ထုတ်ထားတယ်။ ဒီမှာကြည့် မှတ်ရတာပိုလွယ်သွားပြီမလား"

ဟောက်ရွှမ်းက'ငါဘာမှမသိဘူး'ဆိုတဲ့မျက်နှာမျိုးဖြင့် သူ့ကိုအူတိအူကြောင်ကြည့်နေတာမို့ မျက်လုံးတစ်ဖက်ကိုမှိတ်ပြရင်း ရိပေါ်ရှိရာဆီမျက်စပစ်ပြလိုက်မိသည်။ ဒီတော့မှသဘောပေါက်သွားပုံရတဲ့ဟောက်ရွှမ်းက လက်ညိုးတထိုးထိုး ခေါင်းတညိမ့်ညိမ့်ဖြင့်

"အာ.. ဟုတ်သားပဲ။ မင်းသာမပြောပြရင် ငါတော့ဒီနေ့tutorialဖြေရင်ကျတော့မှာပဲ"

ဟောက်ရွှမ်းနဲ့စကားပြောနေရင်းကနေ ရိပေါ်ဆီကိုမသိမသာလှမ်းကြည့်လိုက်တော့ ကြောင်ပေါက်လေးတွေလိုနားရွက်လေးထောင်ကာ သူတို့ပြောတာတွေကိုနားစွင့်နေပြီး သူကိုင်ထားတဲ့စာအုပ်ဆီကိုလည်း မျက်လုံးလေးကစွေကြည့်နေသေးသည်။ သူသိတာပေါ့။ ရိပေါ်ကစာလုပ်ရမှာသေလောက်အောင်ပျင်းပေမယ့် tutorialကျမှာကိုတော့အရမ်းကြောက်တယ်ဆိုတာ။ အဲ့တာကြောင့် tutorialတစ်ခါဖြေခါနီးတိုင်း သူ့ဆီကnotesတွေကိုကူးပြီး စာခိုးချနေကျဆိုတာကို။

အခုလည်း သူ့ကိုစိတ်ကောက်နေလို့သာဘာမှမပြောပေမယ့် သူ့ဆီကစာအုပ်ကိုဘယ်လောက်တောင်ကြည့်ချင်နေလိုက်မလဲဆိုတာသူခန့်မှန်းလို့ရသည်။ ဒါပေမယ့် ခက်တာကရိပေါ်က သူ့ကိုဘာမှပြောမလာသေးပေ။ ထို့ကြောင့် သူ့မှာနောက်တစ်ခုကြံရပြန်သည်။

"ဒီနေ့မှ ဗိုက်ကလည်းဆာလိုက်တာကွာ။ မင်းတို့ရော မဆာကြဘူးလား။ ငါတော့ဆရာမမလာခင် ကန်တင်းကိုခဏသွားဦးမယ်"

ရှောင်းကျန့်ကပြောပြောဆိုဆိုဖြင့် မတ်တပ်ထရပ်လိုက်တာမို့ ရိပေါ်က မတတ်သာတော့တဲ့အဆုံး ရှောင်းကျန့်လက်မောင်းကိုလက်သီးဖြင့်လှမ်းထိုးရင်း

"မင်းငါ့ကိုသက်သက်လုပ်နေတာမလား ရှောင်းကျန့်"

"နောက်ဆုံးတော့မင်းငါ့ကိုစကားပြန်ပြောပြီပေါ့"

သူ့လက်မောင်းကိုထိုးနေတဲ့ရိပေါ်ရဲ့လက်ကို ဆွဲချုပ်ရင်းပြောလိုက်တော့ ရိပေါ်ရဲ့နှုတ်ခမ်းလေးကမသိမသာဆူထော်သွားပြီး သူချုပ်ကိုင်ထားတဲ့ကြားကလက်ကိုမသိမသာရုန်းထွက်သွားရင်း

"ဘယ်သူကပြောလို့လဲ။ ဒါပေမယ့် မင်းသာဆယ့်ငါးမိနစ်အတွင်း ငါ့ဆီစတော်ဘယ်ရီနို့ယူလာပေးမယ်ဆိုရင်တော့ ပြောချင်ပြောမှာပေါ့"

ရိပေါ်ရဲ့စကားကြောင့် ရှောင်းကျန့်မှာဝမ်းသာအားရဖြစ်သွားပြီး

"မင်းတကယ်ပြောတာနော် ရိပေါ် "

ကျောပိုးအိတ်ကိုဆွဲလို့ အတန်းထဲကနေအလျင်စလိုပြေးထွက်သွားတဲ့ရှောင်းကျန့်ကိုကြည့်ရင်း ရိပေါ်မှာစိတ်ထဲကနေကြိတ်ပြီးပြုံးလိုက်မိသည်။

"ငါတို့ရှောင်းကျန့်ကြီးကို အရမ်းလည်းအနိူင်မကျင့်ပါနဲ့ရိပေါ်ရာ။ တော်ကြာ ငါတို့ကောင်ကြီးကစိတ်ကုန်သွားကာမှ မင်းတစ်ယောက်ထဲကျန်ခဲ့လိမ့်မယ်ရိပေါ်။ ငါတို့ကစေတနာနဲ့သတိပေးတာ"

ဟောက်ရွှမ်းရဲ့စကားကြောင့် ရိပေါ်မျက်နှာကိုမော်ချီရင်း ပခုံးနှစ်ဖက်ကိုအသာတွန့်ပြလိုက်မိသည်။ ရှောင်းကျန့်ကိုသူကအနိူင်ကျင့်နေတာမှမဟုတ်တာ။ ရှောင်းကျန့်ကိုယ်တိုင်ကိုက လိုလိုလားလားနဲ့သူ့ကိုအနိူင်ပေးထားတာပဲလေ။ ပြီးတော့ ရှောင်းကျန့်ကစိတ်ကုန်သွားရင် သူတစ်ယောက်ထဲကျန်ခဲ့မယ်တဲ့လား။ သူကဘယ်တော့မှတစ်ယောက်ထဲကျန်ခဲ့မှာမဟုတ်သလို ရှောင်းကျန့်ကလည်းသူ့ကိုဘယ်တော့မှစိတ်ကုန်သွားမှာမဟုတ်ဘူး။ ဘာလို့ဆို ရှောင်းကျန့်ကတစ်သက်လုံးသူ့ကိုအနိူင်ပေးလာခဲ့ပြီးသားမို့ အခုချိန်ကျမှကောက်ခါငင်ကာ စိတ်ကုန်သွားစရာအကြောင်းမရှိပေ။

သူတစ်ရက်လေးစကားမပြောရင်တောင် ကမ္ဘာပျက်မလိုဖြစ်နေတဲ့ရှောင်းကျန့်က သူ့ကိုစိတ်ကုန်သွားမယ်တဲ့လား။ ရယ်ရလိုက်တာ။ အခြားလူတွေအားလုံး သူ့အနားမှာမရှိတော့ရင်တောင် ရှောင်းကျန့်ကတောက်တဲ့တစ်ကောင်လို သူ့နားမှာတွယ်ကပ်နေဦးမှာပဲဆိုတာ သူ့စိတ်ကသေချာပေါက်ကိုသိနေသည်။



ကတိအတိုင်းအပ်ပုဒိတ်လေးပါနော်။ မွေးနေ့ဆုတောင်းပေးကြတဲ့ တစ်ယောက်ချင်းစီကိုအရမ်းချစ်သလို အရမ်းလည်းကျေးဇူးတင်ပါတယ်။ အရင်နှစ်ကမွေးနေ့မှာ အတူရှိနေပေးခဲ့ကြသလို အခုဒီနှစ်မှာလည်း ဆုတောင်းလှလှလေးတွေနဲ့အတူရှိနေပေးကြသေးတာမို့ လောဘကြီးစွာနဲ့ပဲ နောက်နှစ်တွေမှာလည်း တိတိလေးနဲ့အတူရှိနေပေးဖို့ ထပ်ပြီးတောင်းဆိုပါရစေနော်......







Zawgyi

ဒီေန႕နဲ႕ဆို ဟိုသတၱေဗဒေမဂ်ာကက်ဴးလုံဆိုတဲ့ေကာင္ကို သူတို႔ေမဂ်ာေဆာင္နားမွာေတြ႕ေနရတာ တစ္ပတ္ပင္ျပည့္ေတာ့မည္။ အတန္းလာတက္တာလည္းမဟုတ္ သူငယ္ခ်င္းကိုလာေစာင့္တာလည္းမဟုတ္ပါပဲ ထိုေကာင္ကရစ္သီရစ္သီျဖင့္ ေယာင္ခ်ာခ်ာလုပ္ေနေလေတာ့ သူမ်က္မုန္းက်ိဳးေနတာအေတာ္ပင္ၾကာေလၿပီ။ အခုလည္းပဲ သူတို႔အခန္းေရွ႕က ေကာ္ရစ္တာမွာဟိုဖက္ေလွ်ာက္လိုက္ ဒီဖက္ေလွ်ာက္လိုက္ျဖင့္ သူတို႔ထိုင္ေနတဲ့ဆီကိုခဏခဏလွမ္းေခ်ာင္းေနသည္။

ရိေပၚကေတာ့ ဒါေတြကိုဘာမွသိပုံမရပဲ စားပြဲေပၚမွာေမးေထာက္ရင္းငိုက္ေနတာမို႔ ေရွာင္းက်န့္သူ႕ခႏၶာကိုယ္ႀကီးကိုအေရွ႕ကိုကုန္းလိုက္ရင္း က်ဴးလုံဆိုတဲ့ေကာင္ ရိေပၚကိုေခ်ာင္းလို႔မရေအာင္ တမင္တကာ ကြယ္ထားလိုက္သည္။ မသိမသာသခိုးေခ်ာင္း,ေခ်ာင္းေနတဲ့ေကာင္က အခုေတာ့ ကိုယ္ကိုဟိုဖက္ယိမ္းလိုက္ ဒီဖက္ယိမ္းလိုက္ျဖင့္ ႐ုပ္ပ်က္ဆင္းပ်က္ လည္တဆန့္ဆန့္ျဖစ္ေနတာမို႔ ေရွာင္းက်န့္စိတ္ထဲကေန ေအာင္နိူင္သူတစ္ေယာက္လိုၿပဳံးလိုက္မိသည္။

"ေဟ့ေကာင္ ေရွာင္းက်န့္... အေရွ႕ကေနၿငိမ္ၿငိမ္ေနစမ္း။ စာေတြနားမလည္ရတဲ့ၾကားထဲ ဒင္းကိုၾကည့္ၿပီးမူးေနာက္ေနတာပဲ"

အေနာက္တန္းမွာထိုင္ေနတဲ့ ေဟာက္႐ႊမ္းတို႔ဆီက မေက်မနပ္ေျပာဆိုလာတဲ့စကားသံေတြေၾကာင့္ ေရွာင္းက်န့္ေပေစာင္းေစာင္းျဖင့္အေနာက္ကိုလွည့္ၾကည့္လိုက္ရင္း

"မေက်နပ္ရင္အေရွ႕ဆုံးခုံမွာသြားထိုင္ သေဘာေပါက္လား"

ေရွာင္းက်န့္ရဲ႕စကားေၾကာင့္ ဆက္ေျပာခ်င္ေနတဲ့ေဟာက္႐ႊမ္းခမ်ာ ပါးစပ္ေလးအသာျပန္ပိတ္ၿပီး ၿငိမ္က်သြားေတာ့သည္။ ေဟာက္႐ႊမ္းေဘးကႏွစ္ေကာင္ကေတာ့ အံတႀကိတ္ႀကိတ္ျဖင့္ ေတြ႕မယ္ဆိုကာသူ႕ကိုႀကိမ္းေနသည္။

အခန္းေရွ႕ကိုလွမ္းၾကည့္လိုက္ေတာ့ ဟိုေကာင့္ကိုမေတြ႕ရေတာ့တာမို႔ လွစ္ခနဲၿပဳံးလိုက္မိသည္။ သို႔ေသာ္ သူ႕အၿပဳံးေတြၾကာၾကာမခံလိုက္။ အေၾကာင္းမွာေတာ့ အတန္းထဲကဆရာမထြက္သြားတာနဲ႕ ဟိုေကာင္ကမုန့္ထုပ္ေတြတေပြ႕တပိုက္ျဖင့္ သူတို႔ထိုင္ေနတဲ့နားဆီတည့္တည့္ေလွ်ာက္လာေနတာေၾကာင့္ျဖစ္သည္။ ဟိုေကာင့္ကိုရိေပၚေတြ႕မသြားခင္ သူတို႔အျမန္ထသြားဖို႔ျပင္လိုက္ေပမယ့္ သေကာင့္သားကအတင့္ရဲစြာျဖင့္ မတ္တပ္ထဖို႔လုပ္ေနတဲ့ရိေပၚရဲ႕အေရွ႕မွာဝင္ရပ္လိုက္ေလသည္။

"ကိုယ့္ကိုမွတ္မိလား ရိေပၚ "

ကိုယ္.. ဘာကိုယ္လဲ ကုကၠိဳပင္လား။ စကားသံကိုက ၿပီတီတီ ၿပဲတဲတဲနဲ႕။ ရိေပၚေတာ့မသိ ေဘးမွာရပ္ေနရတဲ့သူပင္ ထိုေကာင့္အသံၾကား႐ုံနဲ႕အြက္ခနဲေအာ့အန္လိုက္ခ်င္စိတ္ျဖစ္လာမိသည္။ ရိေပၚကေတာ့သူ႕အက်င့္အတိုင္း မႈန္ကုပ္ကုပ္ျဖင့္ၾကည့္ေနေလသည္။ ေသခ်ာေပါက္ဒီလိုတစ္ယြမ္ဖိုးသုံးေကာင္မ်ိဳးကို ရိေပၚကဘယ္မွတ္မိလိမ့္မလဲ။

"သတၱေဗဒက က်ဴးလုံဟုတ္တယ္မလား"

ကိုယ့္အေတြးနဲ႕ကိုယ္ေက်နပ္ေနတဲ့ေရွာင္းက်န့္မွာ ႐ုတ္တရက္ရိေပၚဆီကထြက္လာတဲ့စကားသံေၾကာင့္ ပါးစပ္အေဟာင္းသားျဖစ္သြားမိသည္။ ရိေပၚဘယ္တုန္းက ဒီေလာက္ဥာဏ္ေကာင္းသြားတာလဲ။

"ရိေပၚကကိုယ့္ကိုတင္မဟုတ္ပဲ ကိုယ့္နာမည္ကိုပါမွတ္မိေနတာပဲ။ ကိုယ္ေတာ့အရမ္းေပ်ာ္သြားၿပီကြာ"

"ဟိုမွာေလ ေရးထားတာပဲ"

ရိေပၚက က်ဴးလုံလည္ပင္းမွာဆြဲထားတဲ့ ေက်ာင္းသားကဒ္ကိုေမးေငါ့ျပရင္း ခပ္ျပတ္ျပတ္ေျပာလိုက္တဲ့စကားေၾကာင့္ က်ဴးလုံရဲ႕မ်က္ႏွာကဝမ္းသာလုံးစို႔ေနရာကေန မအီမသာျဖစ္သြားတဲ့ပုံစံကိုၾကည့္ၿပီး ေရွာင္းက်န့္မွာစိတ္ထဲကေနႀကိတ္ၿပီးဟားတိုက္ေနမိသည္။ သူေျပာပါတယ္ ရိေပၚရဲ႕မွတ္ဥာဏ္ကအဲ့ေလာက္ထိမေကာင္းပါဘူးလို႔။

"သြားမယ္ေလ ရိေပၚ "

ဟိုေကာင္ဘာမွထပ္ၿပီးအရစ္မရွည္ခင္ သူဝင္ေျပာလိုက္ေတာ့ရိေပၚက မျငင္းဆန္ပဲလိုက္လာလို႔ေတာ္ေသးသည္။ မဟုတ္ရင္ အလကားသက္သက္ဒီေကာင့္အေရွ႕မွာသူအရွက္ကြဲဦးမယ္မဟုတ္လား။ ထိုေနရာကထြက္လာၿပီး ခပ္လွမ္းလွမ္းကိုေရာက္ေတာ့မွ

"ေနာက္တစ္ခါအဲ့ေကာင္စကားလာေျပာရင္ ဂ႐ုမစိုက္နဲ႕ရိေပၚ။ အဲ့ေကာင္ကရိုးသားတာမဟုတ္ဘူး"

လမ္းေလွ်ာက္ေနရင္း ႐ုတ္တရက္ႀကီးေျပာခ်လာတဲ့ေရွာင္းက်န့္ရဲ႕စကားေၾကာင့္ ရိေပၚလမ္းဆက္မေလွ်ာက္ေတာ့ပဲ ေျခလွမ္းေတြကိုတုန့္ခနဲရပ္လိုက္မိသည္။ အေရွ႕ကိုဆက္ေလွ်ာက္သြားရာကေန သူ႕ကိုလွည့္ၾကည့္လာတဲ့ေရွာင္းက်န့္ကို မ်က္ေမွာင္ကုပ္လို႔ၾကည့္လိုက္ရင္း

"ဘာကိုဆိုလိုတာလဲ"

"ဟ.. ဒီေလာက္သိသာေနတာကိုမသိဘူးလား။ အဲ့ေကာင္ကမင္းကိုႀကိဳက္ေနတာ"

"ေအာ္...."

ဒါပဲလား ရိေပၚရဲ႕တုန့္ျပန္ပုံက။ မတုန္မလႈပ္နဲ႕လုပ္ေနတဲ့ပုံစံကိုက နာနာရိုက္ပစ္ခ်င္စရာေလး။ ထိုသို႔အေတြးဝင္ေနတဲ့ေရွာင္းက်န့္မွာ ရိေပၚဆီကထပ္ၿပီးၾကားရတဲ့ ေနာက္ဆက္တြဲစကားေၾကာင့္ ဘာမွဆက္မေျပာနိူင္ေအာင္ပင္ ေၾကာင္အသြားမိသည္။

"တယ္စြံတဲ့ငါပါလား ဟိဟိ"

ฅ^•ﻌ•^ฅ

"ရိေပၚ ဒီမွာေသခ်ာၾကည့္။ ငါေနာက္တစ္ခါထပ္မရွင္းျပေတာ့ဘူးေနာ္"

ေက်ာင္းပိတ္ရက္မို႔အိမ္မွာစာအတူထိုင္လုပ္ေနရင္း ေရွာင္းက်န့္ကအာ႐ုံပ်ံ့လြင့္ေနတဲ့ရိေပၚကို တံေတာင္နဲ႕ထိုးလို႔ လွမ္းေျပာလိုက္တာမို႔ ရိေပၚစိတ္မပါလက္မပါျဖင့္ စာအုပ္ကိုငုံ႕ၾကည့္လိုက္မိသည္။

"ေအးပါကြာ.. မင္းကလည္းငါ့ကိုစာညံ့တယ္ဆိုၿပီး သိပ္ႏွိမ္ခ်င္တာပဲ"

"ေဟာဗ်ာ... ခင္ဗ်ားေလးကို ရွင္းျပေနတာဒီတစ္ခါနဲ႕ဆို ေျခာက္ခါရွိေနၿပီဗ်။ အဲ့တာေၾကာင့္ ေသခ်ာအာ႐ုံစိုက္လို႔ေျပာေနတာေပါ့။ ခဏေလးနဲ႕ ေမ့ေမ့သြားရေအာင္ မင္းကငါးဦးေႏွာက္လား"

ေရွာင္းက်န့္ရဲ႕စကားအဆုံး ရိေပၚကစာအုပ္ကိုဝုန္းခနဲပိတ္လိုက္ၿပီး ဆိုဖာေပၚမွာသြားထိုင္ေနတာမို႔

"အဲ့တာဘာလုပ္ေနတာလဲ"

"ငါးဦးေႏွာက္ကစာသင္လို႔မွမရတာ... အဲ့တာေၾကာင့္ ကိုယ့္ဖာသာကိုယ္တီဗီပဲၾကည့္ေတာ့မလို႔"

ေျပာၿပီးတာနဲ႕ ရိေပၚကဆိုဖာေပၚမွာေျခေထာက္ႏွစ္ေခ်ာင္းလုံးကိုတင္လို႔ အက်အနထိုင္ရင္းတီဗီရီမုဒ္ကိုကိုင္ကာ ခ်န္နယ္လိုင္းေတြတစ္လိုင္းၿပီးတစ္လိုင္း ေျပာင္းၾကည့္ေနတာမို႔ သူထိုေနရာကိုေလွ်ာက္သြားကာ ရိေပၚအေရွ႕ပိတ္ရပ္လိုက္မိသည္။

"မင္းစာလုပ္လို႔မၿပီးမခ်င္း တီဗီမၾကည့္ပါဘူးလို႔ကတိေပးထားတယ္ေလ ရိေပၚ။ လာ.... စာကိုအရင္ၿပီးေအာင္လုပ္ရေအာင္"

"ငါးဦးေႏွာက္ဆိုေတာ့ ဘာကတိမွမမွတ္မိေတာ့ဘူး"

သူအမွတ္တမဲ့ေျပာလိုက္မိတဲ့ ငါးဦးေႏွာက္ဆိုတာကို ရိေပၚကအတည္ႀကီးစိတ္ဆိုးသြားပုံရတာမို႔ ခက္ေခ်ၿပီ။ မနက္ျဖန္က်ရင္ tutorialရွိတာမို႔ စာမလုပ္ခိုင္းလို႔ကလည္းမရျပန္။ ဒီတစ္ခါtutorialအမွတ္သာထပ္ၿပီးျပဳတ္ရင္ စာေမးပြဲက်ရင္ရိေပၚအတြက္ဘာအမွတ္မွက်န္ေတာ့မွာမဟုတ္ေပ။ ရိေပၚက သူ႕ကိုမသိခ်င္ေယာင္ေဆာင္ကာ ရီမုဒ္ကိုကိုင္ကာ တီဗီေရွ႕မင္းမူေနတာကို အခြင့္ေကာင္းယူၿပီး သူရိေပၚရဲ႕လက္ထဲကရီမုဒ္ကိုဆြဲလုလိုက္မိသည္။

႐ုတ္တရက္မို႔ရိေပၚက ေၾကာင္သြားၿပီးမွ ေရွာင္းက်န့္လက္ထဲကရီမုဒ္ကမရမကလိုက္လုသည္။ သို႔ေသာ္ ယုတ္မာလွတဲ့ေရွာင္းက်န့္က ထန္းပင္ေလာက္အရပ္ႀကီးကိုမွအားမနာ လက္ကိုပါျမႇောက္ထားလိုက္ေသးတာမို႔ ရိေပၚကေျခဖ်ားေထာက္လဲမမွီပဲျဖစ္ေနသည္။ သူဘယ္ေလာက္ပဲ ႀကိဳးစား ႀကိဳးစားယူလို႔မရတာမို႔ ႀကံရာမရတဲ့အဆုံး ေရွာင္းက်န့္ခႏၶာကိုယ္ေပၚခြတက္လိုက္မိသည္။

ထင္မွတ္မထားတဲ့ သူ႕ရဲ႕အျပဳအမူေၾကာင့္ ေရွာင္းက်န့္ကေၾကာင္သြားပုံပင္။ အနည္းငယ္ယိုင္မလိုျဖစ္သြားၿပီးမွ အရွိန္ကိုျပန္ထိန္းရင္း သူ႕ကိုျပဴးေၾကာင္လို႔ၾကည့္ေနေလသည္။ အေနအထားအားျဖင့္ သူ႕ေျခေထာက္ႏွစ္ေခ်ာင္းကေရွာင္းက်န့္ရဲ႕ခါးေပၚကို ခြယွက္ထားတာျဖစ္ၿပီး ျပဳတ္က်မသြားေအာင္ ေရွာင္းက်န့္လည္ပင္းကိုလက္ႏွစ္ဖက္ျဖင့္ အမိအရသိုင္းဖက္ထားတာမို႔ မ်က္ႏွာခ်င္းကနီးကပ္လြန္းတဲ့အေနအထားျဖစ္ေနေလသည္။ ေရွာင္းက်န့္ကရီမုဒ္ကိုသူယူလို႔မရေအာင္ လက္ကိုျမႇောက္ထားတာမို႔ သူ႕ပုံစံက သစ္ပင္မွာတြယ္ကပ္ေနတဲ့ခိုအားလားေလးေတြလိုျဖစ္ေနသည္။

ေရွာင္းက်န့္ကအသိစိတ္လြတ္ေနတဲ့သူလို သူ႕မ်က္ႏွာကိုေၾကာင္ၿပီးၾကည့္ေနတာမို႔ ထိုအခ်က္ကိုအခြင့္ေကာင္းယူကာ ေရွာင္းက်န့္လက္ထဲကရီမုဒ္ကိုအလ်င္အျမန္လုယူလိုက္မိသည္။ အျဖစ္အပ်က္ေတြကျမန္ဆန္လြန္းတာမို႔ သူဘာမွသတိမထားလိုက္။ သူအသိဝင္လာေတာ့ ရိေပၚကသူ႕ကိုယ္ေပၚကခုန္ဆင္းသြားၿပီး ခပ္လွမ္းလွမ္းမွာသြားရပ္ကာ ရီမုဒ္ကိုလက္ကကိုင္ရင္း လွ်ာထုတ္လို႔မ်က္ႏွာေျပာင္ျပေနေလသည္။

သူ႕မွာသာ ေနရာမွာတင္ေတာင့္ေတာင့္ႀကီးရပ္လို႔ ခဏတာလြတ္ထြက္သြားတဲ့ သူ႕ရဲ႕စိတ္ဝိဥာည္ကိုျပန္ေခၚေနမိသည္။ ရိေပၚက အရင္ထဲကဒီလိုပဲလွတာလား။ မ်က္လုံးနက္နက္ဝိုင္းဝိုင္းေလးႏွင့္ မ်က္ေတာင္စင္းစင္းေလးေတြက ပနံသင့္လြန္းသည္။ ႏွာေခါင္းလုံးလုံးေလးနဲ႕ႏႈတ္ခမ္းဖူးရဲရဲေလးကလည္း အသည္းယားစရာပင္။ အနီးကပ္ျမင္လိုက္ရတဲ့ ႏူးႏူးညံ့ညံ့ပါးေဖာင္းေလးေတြထက္က ေမႊးညွင္းႏုေလးေတြအေၾကာင္းကို ေတြးမိျပန္ေတာ့ ရင္ထဲမွာမယိုးမယြခံစားခ်က္ႀကီးျဖင့္ ကတုန္ကရင္ျဖစ္လာတာမို႔ ဝဲဘက္ရင္အုံကိုလက္ဖဝါးျဖင့္ အသာဖိထားလိုက္မိသည္။

သူငယ္ခ်င္းအေပၚမွာ ရင္ခုန္မိလို႔ငါ့မွာအျပစ္ရွိတယ္ဆို ငါ့စိတ္ကိုဒီလိုတိမ္းၫႊတ္ေအာင္ ညို႔ယူနိူင္တဲ့မင္းကလည္း ပူးတြဲတရားခံပါပဲ ရိေပၚ။ ငါေျပာတာ သဘာဝက်တယ္မဟုတ္လား။

ฅ^•ﻌ•^ฅ

"ငါမရွိတဲ့အခ်ိန္ ငါ့ဖုန္းကိုမင္းကိုင္မိလိုက္ေသးလားရိေပၚ "

အတန္းထဲမွာထိုင္ေနရင္းကေန ႐ုတ္တရက္ထေမးတဲ့ေရွာင္းက်န့္ရဲ႕စကားေၾကာင့္ ရိေပၚဂိမ္းေဆာ့ေနရင္းကေနေမာ့မၾကည့္ပဲ

"အရင္ကလည္း မင္းဖုန္းကိုငါယူကိုင္ေနၾကပဲကို ဘာေတြအခုမွအထူးအဆန္းလုပ္ေနတာလဲ"

ဟုတ္သည္။ ရိေပၚက သူ႕ဖုန္းကိုသူမ်ားကိုင္ရင္သာမႀကိဳက္ေပမယ့္ ေရွာင္းက်န့္ရဲ႕ဖုန္းကိုေတာ့ သူ႕အပိုင္လိုမၾကာခဏဝင္ေရာက္စပ္စုတတ္သည္။ တစ္ခါတစ္ေလမွာ သူမေက်နပ္တဲ့သူေတြကို ေရွာင္းက်န့္ရဲ႕wechat accကေနတစ္ဆင့္သြားၿပီးဆဲတတ္သလို သူၾကည့္မရတဲ့သူေတြနဲ႕ေရွာင္းက်န့္က weiboမွာအျပန္အလွန္followထားမိရင္လည္း ဘာမွမေျပာမဆိုနဲ႕တစ္ဖက္ကလူရဲ႕accကို blacklistသြင္းသြားတတ္သည္။ ထိုအခါေတြမွာလည္း ေရွာင္းက်န့္က ဘာတစ္ခြန္းမွဝင္မေျပာပဲ ရိေပၚအလိုက်လႊတ္ထားေပးေလ့ရွိသည္။

ဒါေပမယ့္ အခုကအေရးႀကီးကိစၥျဖစ္ေနတာမို႔

"ဖုန္းယူကိုင္တာကိုေျပာတာမဟုတ္ဘူးကြာ။ ငါေျပာခ်င္တာက ငါ့ဆီဆက္တဲ့ဖုန္းကိုမ်ား မင္းေျဖလိုက္မိေသးလားလို႔"

ေရွာင္းက်န့္ရဲ႕စကားေၾကာင့္ ရိေပၚဂိမ္းေဆာ့ေနရင္းကေန မ်က္လုံးေလးေထာင့္ကပ္လို႔စဥ္းစားဟန္ျပဳရင္း

"အင္း ကိုင္လိုက္တယ္ေလ။ ဟိုအရင္ရက္ကပဲ အမ်ိဳးသမီးတစ္ေယာက္ဘာေတြလာေျပာေနမွန္းမသိတာနဲ႕ ေနာက္ထပ္ၿပီးမဆက္ဖို႔ေျပာလိုက္ေသးတယ္"

"ဘာ..."

သူ႕စကားဆုံးတာနဲ႕ အလန့္တၾကားထေအာ္လိုက္တဲ့ေရွာင္းက်န့္ေၾကာင့္ သူ႕ခႏၶာကိုယ္ပင္ဆတ္ခနဲတုန္သြားသလို အတန္းထဲကေက်ာင္းသားေတြရဲ႕အၾကည့္ေတြကလည္း သူတို႔ဆီစုၿပဳံလာေလသည္။ ထို႔ေနာက္ ေရွာင္းက်န့္ကဖုန္းထဲမွာတစ္စုံတစ္ခုကိုအသည္းအသန္ရွာေနရင္းမွ သူ႕ကိုၾကည့္ရင္း

"အဲ့ဒီဖုန္းနံပါတ္ေရာ ဒီမွာဘာလို႔မရွိတာလဲ"

ေရွာင္းက်န့္ရဲ႕ေမးခြန္းေၾကာင့္ ရိေပၚအၾကပ္ရိုက္သြားၿပီး ေခါင္းကိုအသာကုတ္လိုက္မိသည္။

"မရွိေတာ့ဘူး ငါဖ်က္ပစ္လိုက္ၿပီ"

သူ႕စကားအဆုံး စိတ္ပ်က္သြားတဲ့မ်က္ႏွာျဖင့္ က်စ္ခနဲစုတ္သတ္လိုက္တဲ့ေရွာင္းက်န့္ေၾကာင့္ ရိေပၚစိတ္တိုသြားမိသည္။ ေရွာင္းက်န့္ကအခုသူ႕ကို မေက်မနပ္ျဖစ္သြားတာမဟုတ္လား။

"အဲ့ဒီအမ်ိဳးသမီးက ဘယ္ေလာက္ေတာင္အေရးႀကီးေနလို႔ မင္းကအဲ့ဒီမ်က္ႏွာျဖစ္သြားရတာလဲ။ မင္းငါ့ကိုအခု ေဒါသထြက္ေနတာမဟုတ္လား"

မဆီမဆိုင္ေတြေျပာလာတဲ့ရိေပၚရဲ႕စကားေၾကာင့္ ေရွာင္းက်န့္ဟင္းခနဲသက္ျပင္းခ်လိဳက္ရင္း

"မဟုတ္ဘူး ရိေပၚ ငါက.."

"အဲ့ဒီအမ်ိဳးသမီးရဲ႕ဖုန္းနံပါတ္ကိုျပန္လိုခ်င္တာမဟုတ္လား။ ရတယ္ အခုခ်က္ခ်င္း ငါသြားရွာမယ္"

ေျပာေျပာဆိုဆိုျဖင့္ ရိေပၚကလြယ္အိတ္ကိုယူကာ အတန္းထဲကေနေဒါသတႀကီးထြက္သြားတာမို႔ ေရွာင္းက်န့္စိတ္ရႈပ္ေထြးစြာျဖင့္ ေခါင္းေပၚကဆံပင္ေတြကိုထိုးဖြလိုက္မိသည္။

"အဲ့ဒီဖုန္းက ပန္းခ်ီျပခန္းကဖုန္းလို႔ေတာ့မေျပာနဲ႕ေနာ္ေရွာင္းက်န့္"

သူတို႔ႏွစ္ေယာက္ရဲ႕ျပႆနာျဖစ္ခန္းကို အေနာက္တန္းကေနအနီးကပ္ရႈစားေနတဲ့ ဟြိုက္စန္းတို႔အဖြဲ႕ဆီက အလန့္တၾကားေမးလာတဲ့ေမးခြန္းေၾကာင့္ ေရွာင္းက်န့္ေခါင္းကိုငိုက္စိုက္ခ်လိဳက္မိေတာ့သည္။ တကယ္ဆို ရိေပၚဖ်က္ပစ္လိုက္တယ္ဆိုတဲ့ဖုန္းနံပါတ္က သူ႕ပန္းခ်ီေတြကိုျပေပးဖို႔အတြက္ သူ႕ဘက္ကစၿပီးေတာင္းဆိုထားတဲ့ျပခန္းဖက္က တာဝန္ရွိသူတစ္ေယာက္ရဲ႕ဖုန္းျဖစ္သည္။ သူတို႔ဘက္ကစၿပီး ဖုန္းဆက္တယ္ဆိုကထဲက သူ႕ကိုအခြင့္အေရးေပးခ်င္လို႔ဆိုတာ ႏွစ္ခါျပန္ေတြးစရာပင္မလို။

အဲ့ဒီျပခန္းမွာ သူ႕ရဲ႕ပန္းခ်ီကားေတြျပခြင့္ရဖို႔အတြက္ သူ႕မွာအတန္းခ်ိန္ေတြဖ်က္ၿပီး ထိုျပခန္းကတာဝန္ရွိသူေတြဆီမၾကာခဏသြားေတြ႕ခဲ့ရသလို သူ႕ပန္းခ်ီေတြကို လူအမ်ားေရွ႕ခ်ျပခြင့္ရမယ့္ အခြင့္အေရးႀကီးတစ္ခုလည္းျဖစ္တာမို႔ သူ႕အေနနဲ႕အမ်ားႀကီးေမွ်ာ္လင့္ထားခဲ့တာျဖစ္သည္။ ဒီကိစၥကိုဟြိုက္စန္းတို႔က သိေနတယ္ဆိုသည္မွာလည္း ဒီကိစၥကိုသူစၿပီးစီစဥ္ထဲက ရိေပၚကိုအရင္ဆုံးအသိေပးထားသလို ေနာက္ပိုင္းေတြက်မွ ဟြိုက္စန္းတို႔ကိုေျပာျပထားျခင္းျဖစ္သည္။

ဒီလိုေတြျဖစ္မွာစိုးလို႔ သူမရွိတုန္းသူ႕ဆီကို ဖုန္းနံပါတ္အစိမ္းကဆက္လာရင္ ေသေသခ်ာခ်ာေလးေျဖေပးဖို႔နဲ႕ သူ႕ကိုအသိေပးဖို႔အတန္တန္သတိေပးထားေပမယ့္ ရိေပၚေခါင္းထဲမွာထိုအေၾကာင္းအရာေတြကဘာမွမရွိေတာ့ပုံပင္။ အခုလည္း ရိေပၚကိုစိတ္တိုတာမဟုတ္ပဲ သူ႕လက္ထဲေရာက္ခါနီးမွျပဳတ္က်သြားသလိုခံစားခ်က္ႀကီးေၾကာင့္ ႏွေျမာတသျဖစ္မိျခင္းျဖစ္သည္။ ဒါကိုရိေပၚက သူ႕ကိုစိတ္တိုတယ္ထင္ၿပီး ေရွာင္းက်န့္ကိုပင္ျပန္ၿပီးစိတ္ေကာက္သြားျပန္သည္။

သူတို႔ႏွစ္ေယာက္အေၾကာင္းကိုသိတဲ့ ဟြိုက္စန္းတို႔အဖြဲ႕ကေတာ့ ေခါင္းတခါခါျဖင့္ သက္ျပင္းကိုယ္စီခ်ရင္းသူ႕ကိုစိတ္မေကာင္းေလဟန္ၾကည့္ေနၾကေလသည္။

ฅ^•ﻌ•^ฅ

"မေန႕ကသင္လိုက္တဲ့lectureေတြမင္းမကူးရေသးဘူး မဟုတ္လားရိေပၚ။ ငါကူးေပးမယ္ေလ"

ရိေပၚကိုလြယ္လြယ္နဲ႕စိတ္ျပန္ေျပသြားမယ္ထင္ထားေပမယ့္ ေကာက္စိန္ေလးကအိမ္မွာသူ႕ကိုစကားမေျပာတဲ့အျပင္ ေက်ာင္းေရာက္တဲ့အထိမသိခ်င္ေယာင္ေဆာင္ေနျပန္တာမို႔ မေနနိူင္တဲ့သူကပဲ စကားလမ္းေၾကာင္းစေဖာက္ရေတာ့သည္။

ကိုယ္ေတာ္ေခ်ာက စိတ္သာေကာက္ေနတာ သူ႕စကားကိုေတာ့မျငင္း။ ဆူပုတ္ပုတ္ျဖင့္lectureစာအုပ္ကို သူ႕အေရွ႕တြန္းေပးလာသည္။ ဒါေပမယ့္ သူ႕ဘက္ကိုၾကည့္မလာသလို စကားလည္းေျပာမလာေသးေပ။ ဒါကိုသူကမႀကိဳက္။ ရိေပၚသူ႕ကိုစကားေျပာလာေစခ်င္သည္။ ဟိုးငယ္ငယ္ကေလးဘဝထဲက အတူႀကီးျပင္းလာခဲ့တဲ့သူငယ္ခ်င္းေတြမို႔ပဲလားမသိ။ ရိေပၚသူ႕ကိုစိတ္ေကာက္ၿပီး စကားမေျပာရင္ သူဘယ္လိုမွမေနတတ္ေပ။

"ေဟာက္႐ႊမ္း မင္းမေန႕ကေမးထားတဲ့အပုဒ္ကေလ အဲ့တာဒီေန႕tutorialမွာပါမယ္ေျပာတယ္။ ဆရာမသင္ေပးတုန္းက စာပိုဒ္ကရွည္ေနေတာ့ ငါ့ဖာသာငါnotesျပန္ထုတ္ထားတယ္။ ဒီမွာၾကည့္ မွတ္ရတာပိုလြယ္သြားၿပီမလား"

ေဟာက္႐ႊမ္းက'ငါဘာမွမသိဘူး'ဆိုတဲ့မ်က္ႏွာမ်ိဳးျဖင့္ သူ႕ကိုအူတိအူေၾကာင္ၾကည့္ေနတာမို႔ မ်က္လုံးတစ္ဖက္ကိုမွိတ္ျပရင္း ရိေပၚရွိရာဆီမ်က္စပစ္ျပလိုက္မိသည္။ ဒီေတာ့မွသေဘာေပါက္သြားပုံရတဲ့ေဟာက္႐ႊမ္းက လက္ညိုးတထိုးထိုး ေခါင္းတညိမ့္ညိမ့္ျဖင့္

"အာ.. ဟုတ္သားပဲ။ မင္းသာမေျပာျပရင္ ငါေတာ့ဒီေန႕tutorialေျဖရင္က်ေတာ့မွာပဲ"

ေဟာက္႐ႊမ္းနဲ႕စကားေျပာေနရင္းကေန ရိေပၚဆီကိုမသိမသာလွမ္းၾကည့္လိုက္ေတာ့ ေၾကာင္ေပါက္ေလးေတြလိုနား႐ြက္ေလးေထာင္ကာ သူတို႔ေျပာတာေတြကိုနားစြင့္ေနၿပီး သူကိုင္ထားတဲ့စာအုပ္ဆီကိုလည္း မ်က္လုံးေလးကေစြၾကည့္ေနေသးသည္။ သူသိတာေပါ့။ ရိေပၚကစာလုပ္ရမွာေသေလာက္ေအာင္ပ်င္းေပမယ့္ tutorialက်မွာကိုေတာ့အရမ္းေၾကာက္တယ္ဆိုတာ။ အဲ့တာေၾကာင့္ tutorialတစ္ခါေျဖခါနီးတိုင္း သူ႕ဆီကnotesေတြကိုကူးၿပီး စာခိုးခ်ေနက်ဆိဳတာကို။

အခုလည္း သူ႕ကိုစိတ္ေကာက္ေနလို႔သာဘာမွမေျပာေပမယ့္ သူ႕ဆီကစာအုပ္ကိုဘယ္ေလာက္ေတာင္ၾကည့္ခ်င္ေနလိုက္မလဲဆိုတာသူခန့္မွန္းလို႔ရသည္။ ဒါေပမယ့္ ခက္တာကရိေပၚက သူ႕ကိုဘာမွေျပာမလာေသးေပ။ ထို႔ေၾကာင့္ သူ႕မွာေနာက္တစ္ခုႀကံရျပန္သည္။

"ဒီေန႕မွ ဗိုက္ကလည္းဆာလိုက္တာကြာ။ မင္းတို႔ေရာ မဆာၾကဘူးလား။ ငါေတာ့ဆရာမမလာခင္ ကန္တင္းကိုခဏသြားဦးမယ္"

ေရွာင္းက်န့္ကေျပာေျပာဆိုဆိုျဖင့္ မတ္တပ္ထရပ္လိုက္တာမို႔ ရိေပၚက မတတ္သာေတာ့တဲ့အဆုံး ေရွာင္းက်န့္လက္ေမာင္းကိုလက္သီးျဖင့္လွမ္းထိုးရင္း

"မင္းငါ့ကိုသက္သက္လုပ္ေနတာမလား ေရွာင္းက်န့္"

"ေနာက္ဆုံးေတာ့မင္းငါ့ကိုစကားျပန္ေျပာၿပီေပါ့"

သူ႕လက္ေမာင္းကိုထိုးေနတဲ့ရိေပၚရဲ႕လက္ကို ဆြဲခ်ဳပ္ရင္းေျပာလိုက္ေတာ့ ရိေပၚရဲ႕ႏႈတ္ခမ္းေလးကမသိမသာဆူေထာ္သြားၿပီး သူခ်ဳပ္ကိုင္ထားတဲ့ၾကားကလက္ကိုမသိမသာ႐ုန္းထြက္သြားရင္း

"ဘယ္သူကေျပာလို႔လဲ။ ဒါေပမယ့္ မင္းသာဆယ့္ငါးမိနစ္အတြင္း ငါ့ဆီစေတာ္ဘယ္ရီနို႔ယူလာေပးမယ္ဆိုရင္ေတာ့ ေျပာခ်င္ေျပာမွာေပါ့"

ရိေပၚရဲ႕စကားေၾကာင့္ ေရွာင္းက်န့္မွာဝမ္းသာအားရျဖစ္သြားၿပီး

"မင္းတကယ္ေျပာတာေနာ္ ရိေပၚ "

ေက်ာပိုးအိတ္ကိုဆြဲလို႔ အတန္းထဲကေနအလ်င္စလိုေျပးထြက္သြားတဲ့ေရွာင္းက်န့္ကိုၾကည့္ရင္း ရိေပၚမွာစိတ္ထဲကေနႀကိတ္ၿပီးၿပဳံးလိုက္မိသည္။

"ငါတို႔ေရွာင္းက်န့္ႀကီးကို အရမ္းလည္းအနိူင္မက်င့္ပါနဲ႕ရိေပၚရာ။ ေတာ္ၾကာ ငါတို႔ေကာင္ႀကီးကစိတ္ကုန္သြားကာမွ မင္းတစ္ေယာက္ထဲက်န္ခဲ့လိမ့္မယ္ရိေပၚ။ ငါတို႔ကေစတနာနဲ႕သတိေပးတာ"

ေဟာက္႐ႊမ္းရဲ႕စကားေၾကာင့္ ရိေပၚမ်က္ႏွာကိုေမာ္ခ်ီရင္း ပခုံးႏွစ္ဖက္ကိုအသာတြန့္ျပလိုက္မိသည္။ ေရွာင္းက်န့္ကိုသူကအနိူင္က်င့္ေနတာမွမဟုတ္တာ။ ေရွာင္းက်န့္ကိုယ္တိုင္ကိုက လိုလိုလားလားနဲ႕သူ႕ကိုအနိူင္ေပးထားတာပဲေလ။ ၿပီးေတာ့ ေရွာင္းက်န့္ကစိတ္ကုန္သြားရင္ သူတစ္ေယာက္ထဲက်န္ခဲ့မယ္တဲ့လား။ သူကဘယ္ေတာ့မွတစ္ေယာက္ထဲက်န္ခဲ့မွာမဟုတ္သလို ေရွာင္းက်န့္ကလည္းသူ႕ကိုဘယ္ေတာ့မွစိတ္ကုန္သြားမွာမဟုတ္ဘူး။ ဘာလို႔ဆို ေရွာင္းက်န့္ကတစ္သက္လုံးသူ႕ကိုအနိူင္ေပးလာခဲ့ၿပီးသားမို႔ အခုခ်ိန္က်မွေကာက္ခါငင္ကာ စိတ္ကုန္သြားစရာအေၾကာင္းမရွိေပ။

သူတစ္ရက္ေလးစကားမေျပာရင္ေတာင္ ကမာၻပ်က္မလိုျဖစ္ေနတဲ့ေရွာင္းက်န့္က သူ႕ကိုစိတ္ကုန္သြားမယ္တဲ့လား။ ရယ္ရလိုက္တာ။ အျခားလူေတြအားလုံး သူ႕အနားမွာမရွိေတာ့ရင္ေတာင္ ေရွာင္းက်န့္ကေတာက္တဲ့တစ္ေကာင္လို သူ႕နားမွာတြယ္ကပ္ေနဦးမွာပဲဆိုတာ သူ႕စိတ္ကေသခ်ာေပါက္ကိုသိေနသည္။




ကတိအတိုင္းအပ္ပုဒိတ္ေလးပါေနာ္။ ေမြးေန႕ဆုေတာင္းေပးၾကတဲ့ တစ္ေယာက္ခ်င္းစီကိုအရမ္းခ်စ္သလို အရမ္းလည္းေက်းဇူးတင္ပါတယ္။ အရင္ႏွစ္ကေမြးေန႕မွာ အတူရွိေနေပးခဲ့ၾကသလို အခုဒီႏွစ္မွာလည္း ဆုေတာင္းလွလွေလးေတြနဲ႕အတူရွိေနေပးၾကေသးတာမို႔ ေလာဘႀကီးစြာနဲ႕ပဲ ေနာက္ႏွစ္ေတြမွာလည္း တိတိေလးနဲ႕အတူရွိေနေပးဖို႔ ထပ္ၿပီးေတာင္းဆိုပါရေစေနာ္......

Continue Reading

You'll Also Like

5.6K 410 15
Poetry of Islam, about Islam and for Islam
17.6K 4 1
... YOU'RE ON MY MIND TONIGHT!
3M 118K 75
"แ€˜แ€ฑแ€ธแ€แ€ผแ€ถแ€€แ€œแ€ฌแ€•แ€ผแ€ฑแ€ฌแ€แ€šแ€บ แ€„แ€œแ€ปแ€พแ€„แ€บแ€œแ€พแ€ฏแ€•แ€บแ€žแ€ฝแ€ฌแ€ธแ€œแ€ญแ€ฏแ€ทแ€แ€ฒแ€ท.... แ€™แ€Ÿแ€ฏแ€แ€บแ€›แ€•แ€ซแ€˜แ€ฐแ€ธแ€—แ€ปแ€ฌ...... แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บ แ€”แ€พแ€œแ€ฏแ€ถแ€ธแ€žแ€ฌแ€ธแ€€ แ€žแ€ฐแ€ทแ€”แ€ฌแ€™แ€Šแ€บแ€œแ€ฑแ€ธแ€€แ€ผแ€ฝแ€ฑแ€€แ€ปแ€แ€ฌแ€•แ€ซ.... แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บแ€›แ€„แ€บแ€แ€ฏแ€”แ€บแ€žแ€ถแ€แ€ฝแ€ฑแ€€...
4.3M 287K 61
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...