𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃�...

By KhinMyatOo851005

44K 1.7K 48

ငယ်.....ဟုတ်တယ်....ဒီနာမ်စားလေးကမင်းတစ်ယောက်ထဲအတွက်ရယ်ပါYiboရယ် #xiaozhan ခင်ဗျားကဘာလို့ကျွန်တော့်ကိုကူညီရတာလ... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9🔞🌚
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
💛 6ᵗʰ anni
Part 24
Part 25
Part 26 final
𝓯𝓪𝓻𝓮𝔀𝓮𝓵𝓵❤️💚

Part 23

1.1K 52 4
By KhinMyatOo851005

Unicode



"သဲငယ်လေး..ဘာတွေငေးနေတာလဲ..."

"ကိုကို ငယ်တို့လဲ သူတို့လိုcoupleဝတ်ချင်တယ်..."

ပိတ်ရက်လေးမှာ ကစားကွင်းသွားချင်တယ်ဆိုလို့
ရှောင်းကျန့်ခမျာလိုက်ပို့ရပါတယ်
အခုလဲ နံဘေးကနေဖြတ်ဖြတ်သွားတဲ့ စုံတွဲတွေကိုအားကျသလိုကြည့်ပြီး သူ့ဘက်ကိုပြုံးပြုံးကြီးပြောလာတဲ့ရိပေါ်ကို ရှောင်းကျန့်ခေါင်းငြိမ့်ပြလိုက်တယ်
ရိပေါ်တောင်းဆိုတဲ့ဘယ်အရာမဆို ဖြည့်ဆည်းပေးချင်တဲ့စိတ်လေးကဖျောက်ဖျက်လို့မရပါပဲလေ

ရှောင်းကျန့် ရိပေါ်ရဲ့လက်ကိုဆွဲကာ ဆိုင်တစ်ဆိုင်ထဲကိုဝင်လာလိုက်သည်
ယောကျ်ားလေးချောချောလေးနှစ်ယောက် လက်ချင်းတွဲပြီးဝင်လာတာမို့ ဝန်ထမ်းကောင်မလေးတွေရဲ့မျက်လုံးကစူးစမ်းချင်သလိုလို ကြည်နူးနေသလိုလို

ရိပေါ်ကရှက်သလို လက်ကိုလွှတ်ချလိုက်ပြီး အနားကိုပိုတိုးကပ်လာတာမို့ရှောင်းကျန့်ချောင်းဟန့်ကာ အခြေအနေကိုထိန်းလိုက်တယ်

"အဟမ်း..အဟမ်း..."

အဲ့တော့မှ ဆိုင်ဝန်ထမ်းမလေးတွေလဲ မျက်နှာတွေနီပြီး ပြာပြာသလဲနဲ့ သူတို့နားရောက်လာတော့တယ်

"ဟို..အကိုတို့ဘာယူကြမလဲရှင့်.."

မျက်လုံးတွေက ဘေးကသူ့နားကိုအတင်းကပ်နေတဲ့ကောင်လေးကိုကြည့်ပြီးမေးလာတာမို့ ရှောင်းကျန့် သိပ်ပြီးဘဝင်မကျချင်
မိန်းကလေးဖြစ်ပြီး လူတစ်ယောက်ကိုအဲ့လောက်ကြည့်စရာလား...
ပြီးတော့ သူတို့ကြည့်နေကြတာက သူ့ရဲ့ရင်နှစ်သည်းချာလေး
ရှောင်းကျန့်ရိပေါ်ရဲ့လက်ကိုဆွဲပြီးဆိုင်ထဲကထွက်ဖို့ပြင်လို်က်တယ်

"အယ်..အကိုတို့တောင်းပန်ပါတယ်...ဆိုင်ထဲဝင်ကြည့်သွားပါအုံးလား.."

"ရပါတယ်...မလိုဘူး..."

ရှောင်းကျန့်ရိပေါ်လက်ကိုဆွဲပြီးအပြင်ကိုထွက်ခဲ့လိုက်တယ်
ရိပေါ်ကတော့ အားနာသလိုခေါင်းငြိမ့်ပြကာ ရှောင်းကျန့်ခေါ်ရာနောက်ကိုယက်ကန်ယက်ကန်နဲ့ပါသွားသည်

"ကိုကို..ငယ်တို့ဘာမှဝယ်လဲမဝယ် ကြည့်လဲမကြည့်ရသေးဘူးလေ..."

"သိတယ်လေ...ဒီဆိုင်မှာမဝယ်ချင်လို့ နောက်တစ်ဆိုင်သွားမှာပေါ့..."

ရှောင်းကျန့်ရဲ့အပြောကြောင့် ရိပေါ်မှာမျက်စောင်းလေးထိုးကာ ပွစိပွစိနဲ့
ရှောင်းကျန့်အဲ့ပွစိပွစိပြောနေတဲ့ နှုတ်ခမ်းလေးကိုဆွဲယူပြီးနမ်းလိုက်တယ်

ရိပေါ် မျက်နှာလေရဲတက်လာကာ အရှေ့ကိုပြေးထွက်သွားတာမို့ ရှောင်းကျန့်မှာ မှီအောင်လိုက်ပြီး လက်ကလေးကိုလှမ်းတွဲလိုက်သည်

"လာ လာ ကလေးတို့..ဘာယူမလဲကြည့်နော်..."

ရှောင်းကျန့် အသက်ကြီးကြီးအမျိုးသမီးနှစ်ယောက်ရှိတဲ့ဆိုင်ကိုတမင်ဝင်လိုက်ခြင်းပင်

"ကျွန်တော်တို့ကို coupleအင်္ကျီလေးပြပေးပါဗျ..."

ရှောင်းကျန့်ရဲ့အပြောကြောင့် ထိုအမျိုးသမီးမှာ ပြုံးကာအထည်တွေကိုယူလာပြလိုက်တယ်

"ကလေးတို့က စုံတွဲတွေလား..."

ဆိုင်ရှင်အန်တီကြီးရဲ့ အမေးကြောင့် ရှောင်းကျန့်ရောရိပေါ်ရော တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်လိုက်ကြတယ်

"ကျွန်တော်တို့ကလက်ထပ်ပြီးပြီဗျ..."

"ဟယ်...ချစ်စရာလေး...ကလေးတို့ကလိုက်ဖက်လိုက်တာ...နတ်ဖက်တဲ့စုံတွဲလေးပဲ.."

ဆိုင်ရှင်အမျိုးသမီးနှစ်ယောက်ရဲ့အပြောကြောင့် ရှောင်းကျန့်​ပေျာ်မိသွားတာတော့အမှန် ဘယ်သူမဆို ကိုယ်ချစ်တဲ့သူနဲ့လိုက်ဖက်တယ်ပြောရင် ပျော်တာကတော့သဘာဝပဲမို့လား

"ကျေးဇူးပါဗျ..."

ရှောင်းကျန့်ရောရိပေါ်ပါ ခေါင်းငုံ့ပြီးအရိုအသေပြုလိုက်တယ်
ဆိုင်ရှင်အမျိုးသမီးနှစ်ယောက်လဲ တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ထားကာ

"ပတ်ဝန်းကျင်နဲ့တိုက်ခိုက်ခဲ့ရမှာပဲနော်...အန်တီတို့လဲလက်ထပ်ထားတာကြာပါပြီ..ဒါတွေကိုအန်တီနားလည်ပါတယ်ကွယ်..."

ထိုအမျိုးသမီးရဲ့စကားကြောင့် ရှောင်းကျန့်
ပြုံးလို်က်ပြီး
ရိပေါ်ရဲ့လက်ကိုဆုပ်ကိုင်ထားရင်း

"အချစ်စစ်နဲ့သာဆို အရာရာကိုကျော်ဖြတ်နိုင်တယ်လေ ဟုတ်တယ်မို့လားအန်တီ..."

"ဒါပေါ့ကွယ်...ရော့ ရော့...ဒီအထည်တွေကိုကြည့်ပါအုံး..စိတ်ကြိုက်ကြည့်ကြနော်ကလေးတို့...အန်တီတို့လဲမင်းတို့အရွယ်တုန်းက ဒီလိုအင်္ကျီလေးတွေဝတ်ခဲ့သေးတယ်..."

ဆိုင်ရှင်အန်တီရဲ့စကားကြောင့် ရှောင်းကျန့်ရောရိပေါ်ပါပြုံးလိုက်သည်

လောကမှာ ကိုယ်ချစ်ခင်ရတဲ့သူနဲ့ပေါင်းသင်းနေထိုင်နိုင်ခြင်းကလဲ သူတို့အတွက်ဘုရားပေးတဲ့လက်ဆောင်ပဲလေ
အချစ်စစ်ဆိုတာ ယောကျ်ားလေးနဲ့မိန်းကလေးကြားထဲမှာမှဖြစ်ပေါ်လာတာကိုပဲ ခေါ်လို့ရတာမဟုတ်ပါဘူး
ကိုယ်ချစ်တဲ့သူကယောကျ်ားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ်
သစ္စာရှိရှိ ရဲရဲဝံ့ဝံ့နဲ့ချစ်သွားဖို့ပဲလိုအပ်တာပါ
အာ့ကြောင့် အချစ်စစ်ဆိုတာကိုမေးလာရင်
ရှောင်းကျန့်အတွက်ကတော့လွယ်လွယ်လေးရယ်
သူ့ဘဝရဲ့အချစ်စစ်က သူချစ်ရတဲ့သူမြတ်နိုးရတဲ့ ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးပါပဲ

ဒီတစ်ဘဝရဲ့ကြင်ဖက်က နောင်ခုနစ်ဘဝတိုင်အောင်ပေါင်းသင်းရမယ်ဆိုရင်တောင်
ရှောင်းကျန့်ကပျော်ပျော်ကြီးပေါင်းဖက်မှာ
ခုနစ်ဘဝတင်မကဘူး ဘဝဆက်တိုင်းသူ့တစ်ယောက်တည်းကိုပဲပိုင်ဆိုင်ချင်တာ ရှောင်းကျန့်ရဲ့ဆန္ဒပါလေ...

"ကဲပါ...အန်တီတို့ကမင်းတို့ရဲ့အချစ်ကိုလေးစားတဲ့အနေနဲ့ အန်တီတို့ကိုယ်တိုင် မင်းတို့အတွက်အင်္ကျီလေးရွေးပေးမယ်..."

အမျိုးသမီးနှစ်ယောက်ကခေါင်းလေးပုတ်ပြီးပြောလာတာမို့ ရှောင်းကျန့်တို့ခေါင်းကိုငြိမ့်ပြလိုက်တယ်
ပြီးတော့ အန်တီတို့နှစ်ယောက်ရွေးပေးတဲ့အင်္ကျီတွေကိုဝတ်ကြည့်လိုက်ကြတယ်

"ဟယ်...လှလိုက်တာ... "

ရှောင်းကျန့် အင်္ကျီလေးကိုကြည့်ပြီးပြုံးလိုက်တယ်
အင်္ကျီအနီလေးပေါ်မှာ အစိမ်းရောင်ဝတ်ထားတဲ့ကောင်လေးက အစိမ်းရောင်ပူဖောင်းလေးကိုင်ထားပြီး စာသားလေးက '永远爱你❤️' (forever love you❤️)တဲ့လေ

"ဒီအင်္ကျီလေးနဲ့ပိုလိုက်ဖက်နေရောပဲ...မင်းတို့ရဲ့အချစ်တွေထာဝရတည်မြဲပါစေကွယ်.."

"ကျေးဇူးတင်ပါတယ်ဗျ..ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်အမြဲတမ်းချစ်သွားမှာမို့ အန်တီ့ရဲ့ဆန္ဒပြည့်မှာပါ..." ဆိုပြီး ရှောင်းကျန့်ရိပေါ်ကိုဖက်ထားလို်က်တယ်

"ဟုတ်...သွားခွင့်ပြုပါအုံးခင်ဗျ..."

"ကောင်းပါပြီကွယ်..."

ရှောင်းကျန့်ရော ရိပေါ်ပါ အမျိုးသမီးနှစ်ယောက်လုံးကိုပိုက်ဆံရှင်းပြီး အရိုအသေပေးကာထွက်လာခဲ့ကြတယ်

"ကိုကို့သဲငယ်လေး အင်္ကျီကိုသဘောကျရဲ့လား..."

"အွန်း ကြိုက်တယ် ကိုကိုနဲ့ဆင်တူမို့လို့ပိုကြိုက်တယ်...ငယ်ဒါကိုလေ တစ်သက်လုံးသိမ်းထားမှာသိလား..."

အင်္ကျီလေးကိုကို်င်ပြီး တပြုံးပြုံးလုပ်နေတဲ့ကောင်လေးရဲ့ဆံပင်ကိုရှောင်းကျန့်ဖွလိုက်သည်
အချိန်ပြည့်ကိုချစ်စရာကောင်းအောင်လုပ်နေတော့တာပဲ

"ကိုကို..ငယ်ရေခဲမုန့်စားချင်တယ်..."

"ခနလေးနော်...ကိိုကိုအခုခကြျခငြျး သွားဝယ်ပေးမယ်နော်...ဟိုနားကခုံပေါ်မှာစောင့်နေဟုတ်ပြီလား...strawberryပဲလား.."

"ဟုတ်.."

ရှောင်းကျန့် ရိပေါ်အတွက်ရေခဲမုန့်ဝယ်ပြီးပြန်လာတော့ နံရံလေးကိုခြေဆင်းမှီနေပြီး သူဆောင်းလာတဲ့ဦးထုပ်လေးကိုခပ်ပြီးအမောဖြေနေတာမို့ ရှောင်းကျန့်မှာအပြေးသွားရတယ်

"ပူနေလို့လား ဟင်..."

"ဟုတ်.... "

ရှောင်းကျန့်ရေခဲမုန့်ကို နှစ်နှစ်ခြိုက်ခြိုက်နဲ့စားနေတဲ့ကောင်လေးကိုရင်ခွင်ထဲမှီစေပြီး ဦးထုပ်လေးကိုဘေးချထားလိုက်တယ်

"ကိုကိုပူလို့ပါဆို.."

ခေါင်းလေးမော့လာပြီး ရန်ထောင်နေတဲ့ကောင်လေးကိုကြည့်ပြီး ရှောင်းကျန့်တံတွေးမျိုချမိတယ်
ချယ်ရီရောင်နှုတ်ခမ်းဖူးဖူးလေးပေါ်မှာ ကပ်နေတဲ့ရေခဲမုန့်ပန်းရောင်လေးတွေ..

ရှောင်းကျန့်ရိပေါ်ရဲ့နှုတ်ခမ်းမှာပေနေတဲ့ရေခဲမုန့်တွေကို အလျင်အမြန်ငုံ့ကာ လျှာနဲ့ယက်လိုက်တယ်
ရုတ်တရက်ရှောင်းကျန့်က သူ့နှုတ်ခမ်းကိုလာယက်နေတာမို့ ရိပေါ်မှာမျက်လုံးအဝိုင်းသားနဲ့

"ကိုကိုနော်...လူကြားထဲကို အရှက်ကိုမရှိဘူး..."

ရှောင်းကျန့်မှာ ရိပေါ်ရဲ့နှုတ်ခမ်းကိုနမ်းလိုက်တိုင်း ဆူပူပြောလာတဲ့ကလေးကိုသဘောတကျပြုံးလိုက်သည်
သူ့ရဲ့ရင်နှစ်သည်းချာလေးက သူအဲ့လိုလုပ်ပြီးတိုင်း မဆူမပူရင်သူ့မှာမနေတတ်တော့

"ဘာဖြစ်လဲ ကိုယ့်ယောကျ်ားကိုနမ်းတာပဲကို..."

ရှောင်းကျန့်ခေါင်းကိုငုံ့ကာ ရိပေါ်ရဲ့နှာခေါင်းလေးကိုပွတ်ပြီးပြောလိုက်သည်
ဒီလိုဆိုတော့လဲ ကလေးငယ်ကသဘောတကျနဲ့ရယ်နေသေးတယ်

"ဟုတ်ပါပြီီယောကျ်ားကြီးရယ်..."

ရှောင်းကျန့်ရဲ့ပါးနှစ်ဖက်ကိုညစ်ပြီးပြောနေတဲ့ ရိပေါ်ကိုရှောင်းကျန့် ရင်ခွင်ထဲဖက်ကာတင်းကျပ်စွာဖက်ထားလိုက်သည်

"ဒါနဲ့ မနက်ဖြန်မားရဲ့မွေးနေ့သိလား အဲ့တာကိုကိုနဲ့အတူမနက်ဖြန်ကျပစ္စည်းလေးသွားဝယ်ရအောင်လေ...ငယ်လိုက်မလား..."

"ဟုတ်လား..လိုက်မှာပေါ့ မနက်ဖြန်မလုပ်နဲ့..အခုအပြင်ရောက်လက်စနဲ့တစ်ခါတည်းဝယ်ကြမယ်လေ..."

ရှောင်းကျန့်သူ့ထက်တောင်တက်ကြွနေတဲ့ရိပေါ်ကိုကြည့်ပြီး သဘောတကျရယ်လိုက်သည်
တက်ကြွနေလိုက်တာများ ခုနကမောလို့နားနေတဲ့သူမဟုတ်တဲ့အတိုင်းပဲ

"ကိုကိုခါတိုင်းဘာပေးလဲ ရှောင်းမားကဘာကြိုက်တတ်လဲဟင်..."

"အင်း ဒီလိုပါပဲ မားကြိုက်တတ်တဲ့မုန့်လေးတွေဂယ်ပေးလိုက်တယ် မားကမွေးနေ့မှာအထူးတလည်ဘာမှမဝယ်ခိုင်းဘူး သူချက်ကျွေးတဲ့ဟင်းတွေကိုကောင်းကောင်းစားနေရင်ကျေနပ်နေတော့တာ..."

ရှောင်းကျန့်ရဲ့အဖြေကို ရိပေါ်ကသဘောမကျဟန်နဲ့ မျက်မှောင်ကျုံ့ပြီး သူ့ကိုကြည့်နေလိုက်တယ်

"ဟင် ဒါကဘယ်လိုလုပ်ကောင်းမှာလဲ မိဘဆိုတာကိုယ့်သားသမီးကပေးတဲ့လက်ဆောင်ဆိုအမြတ်တနိုးနဲ့သိမ်းကြတဲ့ဟာ...မရဘူးဒီနှစ်တော့ရှောင်းမားကိုကောင်းကောင်းလေးလက်ဆောင်ပေးရမယ်..မုန့်နဲ့တင်မရဘူး..."

"ဟုတ်ပါပြီဗျာ ငယ့်စိတ်တိုင်းကျဖြစ်စေရပါ့မယ် ဟုတ်ပြီလား..ဒါဆိုအခုသွားဝယ်ကြမလား..."

ရှောင်းကျန့်ရိပေါ်ရဲ့လက်ကိုအတူဆွဲရင်း ကုန်တိုက်ကိုသွားလိုက်တယ်
ရိပေါ်သူပေးချင်တာလေးတွေရွေးရင်း ရှောင်းမားကကြိုက်ပါ့မလားလို့စိုးရိမ်ရသေးတာ
နောက်ဆုံးရှောင်းမားကို ဆွဲကြိုးလေးပေးချင်တယ်ဆိုလို့ဆိုင်ကိုခေါ်သွားရသေးတယ်
မားဆီမှာဆွဲကြိုးတွေများနေလို့ မလိုပါဘူးလို့ပြောတာကို ဒီသားမက်ကလေးကပေးတဲ့ပထမဆုံးလက်ဆောင်ပဲဟာ ပေါ့ပေါ့လုပ်လို့ဘယ်ကောင်းမလဲတဲ့
ရှောင်းကျန့် ကလေးငယ်စိတ်ချမ်းသာအောင် သူပြောသမျှကိုသာခေါင်းငြိမ့်ပြလိုက်တော့တယ်

.

.

.
"အယ်...ရိပေါ်လေး လာလာ..မားတို့ကမျှော်နေတာ..."

ရှောင်းကျန့်သူနဲ့အတူတူဝင်လာတဲ့ရိပေါ်ကိုပဲရှောင်းမားကလက်ကလေးဆွဲပြီးခေါ်သွားတာမို့ မားကိုဆူပုတ်ကာကြည့်နေလိုက်သည်
သူ့ခမျာမှာတော့လက်ဆောင်ပစ္စည်းတွေနဲ့
နေစမ်းပါအုံး သားအရင်းကငါရောဟုတ်ရဲ့လား?!!

ရိပေါ်နောက်ကရှောင်းကျန့်ပါမလာလို့လှည့်ကြည့်လိုက်တော့ တံခါးပေါက်ဝမှာ ဆူပုတ်ပြီးရပ်နေတဲ့ရှောင်းကိိုကိုလေး

"ကိုကို လာလေ..ဘာဖြစ်လို့လဲ..."

"သားကျန့်လေး ဘာဖြစ်တာလဲ..."

"မားက မားသားမက်လေးရောက်လာတော့ ကျန့်ကျန့်ကိုမေ့သွားပြီပေါ့လေ.... "

ရှောင်းကျန့်ရဲ့အဖြေကြောင့် ရိပေါ်နဲ့ရှောင်းမားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ရယ်လိုက်ကြတယ်
ရိပေါ်နဲ့အပြိုင်ကလေးစိတ်ဝင်နေတဲ့ သုံးနှစ်သားကျန့်ကျန့်လေးပါ

"လာပါသားကျန့်ရယ်... လူကဖြင့်၃၀ရှိတော့မယ် ကလေးကလားလုပ်မနေနဲ့တော့...သားကျန့်ထက်ငယ်တဲ့ရိပေါ်လေးကိုလဲအားနာပါအုံး...လာလာ အိမ်ထဲမှာဧည့်သည်ရောက်နေတယ်သိလားသားကျန့်ရဲ့..."

ရှောင်းမားရဲ့အပြောကြောင့် ရှောင်းကျန့်စိတ်ဝင်စားသွားတယ်
ကျဲကလဲကိုရီးယားမှာဆိုတော့ မွေးနေ့ကိုအတူဖြတ်သန်းနိုင်မှာမဟုတ်
ရှောင်းမားကမွေးနေ့ကိုမိသားစုတွေပဲဖြတ်သန်းနေကြမို့ အိမ်ကိုဘယ်သူမှသိပ်မလာတည့်ကြဘူး

"ဧည့်သည်...ဘယ်ကဧည့်သည်လဲ..."

"သားကျန့်မြင်ရင်သိမှာပေါ့...မလာတာကြာတဲ့ဧည့်သည်လေ..."

ရှောင်းမားကအရှေ့ကအရင်သွားနှင့်သည်မို့ ရှောင်းကျန့် နောက်ကအသာလိုက်သွားတယ်
ရိပေါ်ရှောင်းကျန့်ရဲ့လက်ကိုဆွဲပြီးအိမ်ထဲကိုအတူဝင်လိုက်တယ်

"ပါး ကျွန်တော်တို့ရောက်လာပြီ..."

"ဟာ သားကျန့်တို့တောင်လာပြီ...ဒီမှာကြည့်ပါအုံး ဘယ်သူရောက်နေလဲဆိုတာ..."

ရိပေါ်တို့အိမ်ထဲရောက်တာနဲ့ရှောင်းပါးကိုအရင်နှုတ်ဆက်လိုက်တာမို့ ဘေးနားကလူကိုသတိမထားမိ
ရှောင်းပါးရဲ့အပြောကြောင့် နှစ်ယောက်လုံးလှည့်ကြည့်လိုက်ပြီး ပြိုင်တူရေရွတ်မိလိုက်တယ်

"ကျောက်မင်လျန့်!!.." "ကျောက်မင်လျန့်!!..."

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

ပြီးတော့မယ်ပြောပြီး နည်းနည်းထပ်ဆွဲလိုက်အုံးမယ် ဟဲ ဟဲ😅...

14.3.23
#ʟᴜɴᴀʷᵃⁿᵍ85🦁







Zawgyi

"သဲငယ္ေလး..ဘာေတြေငးေနတာလဲ..."

"ကိုကို ငယ္တို႔လဲ သူတို႔လိုcoupleဝတ္ခ်င္တယ္..."

ပိတ္ရက္ေလးမွာ ကစားကြင္းသြားခ်င္တယ္ဆိုလို႔
ေရွာင္းက်န့္ခမ်ာလိုက္ပို႔ရပါတယ္
အခုလဲ နံေဘးကေနျဖတ္ျဖတ္သြားတဲ့ စုံတြဲေတြကိုအားက်သလိုၾကည့္ၿပီး သူ႕ဘက္ကိုၿပဳံးၿပဳံးႀကီးေျပာလာတဲ့ရိေပၚကို ေရွာင္းက်န့္ေခါင္းၿငိမ့္ျပလိုက္တယ္
ရိေပၚေတာင္းဆိုတဲ့ဘယ္အရာမဆို ျဖည့္ဆည္းေပးခ်င္တဲ့စိတ္ေလးကေဖ်ာက္ဖ်က္လို႔မရပါပဲေလ

ေရွာင္းက်န့္ ရိေပၚရဲ႕လက္ကိုဆြဲကာ ဆိုင္တစ္ဆိုင္ထဲကိုဝင္လာလိုက္သည္
ေယာက်္ားေလးေခ်ာေခ်ာေလးႏွစ္ေယာက္ လက္ခ်င္းတြဲၿပီးဝင္လာတာမို႔ ဝန္ထမ္းေကာင္မေလးေတြရဲ႕မ်က္လုံးကစူးစမ္းခ်င္သလိုလို ၾကည္ႏူးေနသလိုလို

ရိေပၚကရွက္သလို လက္ကိုလႊတ္ခ်လိဳက္ၿပီး အနားကိုပိုတိုးကပ္လာတာမို႔ေရွာင္းက်န့္ေခ်ာင္းဟန့္ကာ အေျခအေနကိုထိန္းလိုက္တယ္

"အဟမ္း..အဟမ္း..."

အဲ့ေတာ့မွ ဆိုင္ဝန္ထမ္းမေလးေတြလဲ မ်က္ႏွာေတြနီၿပီး ျပာျပာသလဲနဲ႕ သူတို႔နားေရာက္လာေတာ့တယ္

"ဟို..အကိုတို႔ဘာယူၾကမလဲရွင့္.."

မ်က္လုံးေတြက ေဘးကသူ႕နားကိုအတင္းကပ္ေနတဲ့ေကာင္ေလးကိုၾကည့္ၿပီးေမးလာတာမို႔ ေရွာင္းက်န့္ သိပ္ၿပီးဘဝင္မက်ခ်င္
မိန္းကေလးျဖစ္ၿပီး လူတစ္ေယာက္ကိုအဲ့ေလာက္ၾကည့္စရာလား...
ၿပီးေတာ့ သူတို႔ၾကည့္ေနၾကတာက သူ႕ရဲ႕ရင္ႏွစ္သည္းခ်ာေလး
ေရွာင္းက်န့္ရိေပၚရဲ႕လက္ကိုဆြဲၿပီးဆိုင္ထဲကထြက္ဖို႔ျပင္လို္က္တယ္

"အယ္..အကိုတို႔ေတာင္းပန္ပါတယ္...ဆိုင္ထဲဝင္ၾကည့္သြားပါအုံးလား.."

"ရပါတယ္...မလိုဘူး..."

ေရွာင္းက်န့္ရိေပၚလက္ကိုဆြဲၿပီးအျပင္ကိုထြက္ခဲ့လိုက္တယ္
ရိေပၚကေတာ့ အားနာသလိုေခါင္းၿငိမ့္ျပကာ ေရွာင္းက်န့္ေခၚရာေနာက္ကိုယက္ကန္ယက္ကန္နဲ႕ပါသြားသည္

"ကိုကို..ငယ္တို႔ဘာမွဝယ္လဲမဝယ္ ၾကည့္လဲမၾကည့္ရေသးဘူးေလ..."

"သိတယ္ေလ...ဒီဆိုင္မွာမဝယ္ခ်င္လို႔ ေနာက္တစ္ဆိုင္သြားမွာေပါ့..."

ေရွာင္းက်န့္ရဲ႕အေျပာေၾကာင့္ ရိေပၚမွာမ်က္ေစာင္းေလးထိုးကာ ပြစိပြစိနဲ႕
ေရွာင္းက်န့္အဲ့ပြစိပြစိေျပာေနတဲ့ ႏႈတ္ခမ္းေလးကိုဆြဲယူၿပီးနမ္းလိုက္တယ္

ရိေပၚ မ်က္ႏွာေလရဲတက္လာကာ အေရွ႕ကိုေျပးထြက္သြားတာမို႔ ေရွာင္းက်န့္မွာ မွီေအာင္လိုက္ၿပီး လက္ကေလးကိုလွမ္းတြဲလိုက္သည္

"လာ လာ ကေလးတို႔..ဘာယူမလဲၾကည့္ေနာ္..."

ေရွာင္းက်န့္ အသက္ႀကီးႀကီးအမ်ိဳးသမီးႏွစ္ေယာက္ရွိတဲ့ဆိုင္ကိုတမင္ဝင္လိုက္ျခင္းပင္

"ကြၽန္ေတာ္တို႔ကို coupleအကၤ်ီေလးျပေပးပါဗ်..."

ေရွာင္းက်န့္ရဲ႕အေျပာေၾကာင့္ ထိုအမ်ိဳးသမီးမွာ ၿပဳံးကာအထည္ေတြကိုယူလာျပလိုက္တယ္

"ကေလးတို႔က စုံတြဲေတြလား..."

ဆိုင္ရွင္အန္တီႀကီးရဲ႕ အေမးေၾကာင့္ ေရွာင္းက်န့္ေရာရိေပၚေရာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ ရယ္လိုက္ၾကတယ္

"ကြၽန္ေတာ္တို႔ကလက္ထပ္ၿပီးၿပီဗ်..."

"ဟယ္...ခ်စ္စရာေလး...ကေလးတို႔ကလိုက္ဖက္လိုက္တာ...နတ္ဖက္တဲ့စုံတြဲေလးပဲ.."

ဆိုင္ရွင္အမ်ိဳးသမီးႏွစ္ေယာက္ရဲ႕အေျပာေၾကာင့္ ေရွာင္းက်န့္ပေျာ်မိသွားတာတော့အမှန် ဘယ္သူမဆို ကိုယ္ခ်စ္တဲ့သူနဲ႕လိုက္ဖက္တယ္ေျပာရင္ ေပ်ာ္တာကေတာ့သဘာဝပဲမို႔လား

"ေက်းဇူးပါဗ်..."

ေရွာင္းက်န့္ေရာရိေပၚပါ ေခါင္းငုံ႕ၿပီးအရိုအေသျပဳလိုက္တယ္
ဆိုင္ရွင္အမ်ိဳးသမီးႏွစ္ေယာက္လဲ တစ္ေယာက္လက္တစ္ေယာက္ဆုပ္ကိုင္ထားကာ

"ပတ္ဝန္းက်င္နဲ႕တိုက္ခိုက္ခဲ့ရမွာပဲေနာ္...အန္တီတို႔လဲလက္ထပ္ထားတာၾကာပါၿပီ..ဒါေတြကိုအန္တီနားလည္ပါတယ္ကြယ္..."

ထိုအမ်ိဳးသမီးရဲ႕စကားေၾကာင့္ ေရွာင္းက်န့္
ၿပဳံးလို္က္ၿပီး
ရိေပၚရဲ႕လက္ကိုဆုပ္ကိုင္ထားရင္း

"အခ်စ္စစ္နဲ႕သာဆို အရာရာကိုေက်ာ္ျဖတ္နိုင္တယ္ေလ ဟုတ္တယ္မို႔လားအန္တီ..."

"ဒါေပါ့ကြယ္...ေရာ့ ေရာ့...ဒီအထည္ေတြကိုၾကည့္ပါအုံး..စိတ္ႀကိဳက္ၾကည့္ၾကေနာ္ကေလးတို႔...အန္တီတို႔လဲမင္းတို႔အ႐ြယ္တုန္းက ဒီလိုအကၤ်ီေလးေတြဝတ္ခဲ့ေသးတယ္..."

ဆိုင္ရွင္အန္တီရဲ႕စကားေၾကာင့္ ေရွာင္းက်န့္ေရာရိေပၚပါၿပဳံးလိုက္သည္

ေလာကမွာ ကိုယ္ခ်စ္ခင္ရတဲ့သူနဲ႕ေပါင္းသင္းေနထိုင္နိုင္ျခင္းကလဲ သူတို႔အတြက္ဘုရားေပးတဲ့လက္ေဆာင္ပဲေလ
အခ်စ္စစ္ဆိုတာ ေယာက်္ားေလးနဲ႕မိန္းကေလးၾကားထဲမွာမွျဖစ္ေပၚလာတာကိုပဲ ေခၚလို႔ရတာမဟုတ္ပါဘူး
ကိုယ္ခ်စ္တဲ့သူကေယာက်္ားေလးပဲျဖစ္ျဖစ္ မိန္းကေလးပဲျဖစ္ျဖစ္
သစၥာရွိရွိ ရဲရဲဝံ့ဝံ့နဲ႕ခ်စ္သြားဖို႔ပဲလိုအပ္တာပါ
အာ့ေၾကာင့္ အခ်စ္စစ္ဆိုတာကိုေမးလာရင္
ေရွာင္းက်န့္အတြက္ကေတာ့လြယ္လြယ္ေလးရယ္
သူ႕ဘဝရဲ႕အခ်စ္စစ္က သူခ်စ္ရတဲ့သူျမတ္နိုးရတဲ့ ဝမ္ရိေပၚဆိုတဲ့ေကာင္ေလးပါပဲ

ဒီတစ္ဘဝရဲ႕ၾကင္ဖက္က ေနာင္ခုနစ္ဘဝတိုင္ေအာင္ေပါင္းသင္းရမယ္ဆိုရင္ေတာင္
ေရွာင္းက်န့္ကေပ်ာ္ေပ်ာ္ႀကီးေပါင္းဖက္မွာ
ခုနစ္ဘဝတင္မကဘူး ဘဝဆက္တိုင္းသူ႕တစ္ေယာက္တည္းကိုပဲပိုင္ဆိုင္ခ်င္တာ ေရွာင္းက်န့္ရဲ႕ဆႏၵပါေလ...

"ကဲပါ...အန္တီတို႔ကမင္းတို႔ရဲ႕အခ်စ္ကိုေလးစားတဲ့အေနနဲ႕ အန္တီတို႔ကိုယ္တိုင္ မင္းတို႔အတြက္အကၤ်ီေလးေ႐ြးေပးမယ္..."

အမ်ိဳးသမီးႏွစ္ေယာက္ကေခါင္းေလးပုတ္ၿပီးေျပာလာတာမို႔ ေရွာင္းက်န့္တို႔ေခါင္းကိုၿငိမ့္ျပလိုက္တယ္
ၿပီးေတာ့ အန္တီတို႔ႏွစ္ေယာက္ေ႐ြးေပးတဲ့အကၤ်ီေတြကိုဝတ္ၾကည့္လိုက္ၾကတယ္

"ဟယ္...လွလိုက္တာ... "

ေရွာင္းက်န့္ အကၤ်ီေလးကိုၾကည့္ၿပီးၿပဳံးလိုက္တယ္
အကၤ်ီအနီေလးေပၚမွာ အစိမ္းေရာင္ဝတ္ထားတဲ့ေကာင္ေလးက အစိမ္းေရာင္ပူေဖာင္းေလးကိုင္ထားၿပီး စာသားေလးက '永远爱你❤️' (forever love you❤️)တဲ့ေလ

"ဒီအကၤ်ီေလးနဲ႕ပိုလိုက္ဖက္ေနေရာပဲ...မင္းတို႔ရဲ႕အခ်စ္ေတြထာဝရတည္ၿမဲပါေစကြယ္.."

"ေက်းဇူးတင္ပါတယ္ဗ်..ကြၽန္ေတာ္တို႔ႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္အၿမဲတမ္းခ်စ္သြားမွာမို႔ အန္တီ့ရဲ႕ဆႏၵျပည့္မွာပါ..." ဆိုၿပီး ေရွာင္းက်န့္ရိေပၚကိုဖက္ထားလို္က္တယ္

"ဟုတ္...သြားခြင့္ျပဳပါအုံးခင္ဗ်..."

"ေကာင္းပါၿပီကြယ္..."

ေရွာင္းက်န့္ေရာ ရိေပၚပါ အမ်ိဳးသမီးႏွစ္ေယာက္လုံးကိုပိုက္ဆံရွင္းၿပီး အရိုအေသေပးကာထြက္လာခဲ့ၾကတယ္

"ကိုကို႔သဲငယ္ေလး အကၤ်ီကိုသေဘာက်ရဲ႕လား..."

"အြန္း ႀကိဳက္တယ္ ကိုကိုနဲ႕ဆင္တူမို႔လို႔ပိုႀကိဳက္တယ္...ငယ္ဒါကိုေလ တစ္သက္လုံးသိမ္းထားမွာသိလား..."

အကၤ်ီေလးကိုကို္င္ၿပီး တၿပဳံးၿပဳံးလုပ္ေနတဲ့ေကာင္ေလးရဲ႕ဆံပင္ကိုေရွာင္းက်န့္ဖြလိုက္သည္
အခ်ိန္ျပည့္ကိုခ်စ္စရာေကာင္းေအာင္လုပ္ေနေတာ့တာပဲ

"ကိုကို..ငယ္ေရခဲမုန့္စားခ်င္တယ္..."

"ခနေလးေနာ္...ကိိုကိုအခုခကြျခငြျး သြားဝယ္ေပးမယ္ေနာ္...ဟိုနားကခုံေပၚမွာေစာင့္ေနဟုတ္ၿပီလား...strawberryပဲလား.."

"ဟုတ္.."

ေရွာင္းက်န့္ ရိေပၚအတြက္ေရခဲမုန့္ဝယ္ၿပီးျပန္လာေတာ့ နံရံေလးကိုေျခဆင္းမွီေနၿပီး သူေဆာင္းလာတဲ့ဦးထုပ္ေလးကိုခပ္ၿပီးအေမာေျဖေနတာမို႔ ေရွာင္းက်န့္မွာအေျပးသြားရတယ္

"ပူေနလို႔လား ဟင္..."

"ဟုတ္.... "

ေရွာင္းက်န့္ေရခဲမုန့္ကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္နဲ႕စားေနတဲ့ေကာင္ေလးကိုရင္ခြင္ထဲမွီေစၿပီး ဦးထုပ္ေလးကိုေဘးခ်ထားလိုက္တယ္

"ကိုကိုပူလို႔ပါဆို.."

ေခါင္းေလးေမာ့လာၿပီး ရန္ေထာင္ေနတဲ့ေကာင္ေလးကိုၾကည့္ၿပီး ေရွာင္းက်န့္တံေတြးမ်ိဳခ်မိတယ္
ခ်ယ္ရီေရာင္ႏႈတ္ခမ္းဖူးဖူးေလးေပၚမွာ ကပ္ေနတဲ့ေရခဲမုန့္ပန္းေရာင္ေလးေတြ..

ေရွာင္းက်န့္ရိေပၚရဲ႕ႏႈတ္ခမ္းမွာေပေနတဲ့ေရခဲမုန့္ေတြကို အလ်င္အျမန္ငုံ႕ကာ လွ်ာနဲ႕ယက္လိုက္တယ္
႐ုတ္တရက္ေရွာင္းက်န့္က သူ႕ႏႈတ္ခမ္းကိုလာယက္ေနတာမို႔ ရိေပၚမွာမ်က္လုံးအဝိုင္းသားနဲ႕

"ကိုကိုေနာ္...လူၾကားထဲကို အရွက္ကိုမရွိဘူး..."

ေရွာင္းက်န့္မွာ ရိေပၚရဲ႕ႏႈတ္ခမ္းကိုနမ္းလိုက္တိုင္း ဆူပူေျပာလာတဲ့ကေလးကိုသေဘာတက်ၿပဳံးလိုက္သည္
သူ႕ရဲ႕ရင္ႏွစ္သည္းခ်ာေလးက သူအဲ့လိုလုပ္ၿပီးတိုင္း မဆူမပူရင္သူ႕မွာမေနတတ္ေတာ့

"ဘာျဖစ္လဲ ကိုယ့္ေယာက်္ားကိုနမ္းတာပဲကို..."

ေရွာင္းက်န့္ေခါင္းကိုငုံ႕ကာ ရိေပၚရဲ႕ႏွာေခါင္းေလးကိုပြတ္ၿပီးေျပာလိုက္သည္
ဒီလိုဆိုေတာ့လဲ ကေလးငယ္ကသေဘာတက်နဲ႕ရယ္ေနေသးတယ္

"ဟုတ္ပါၿပီီေယာက်္ားႀကီးရယ္..."

ေရွာင္းက်န့္ရဲ႕ပါးႏွစ္ဖက္ကိုညစ္ၿပီးေျပာေနတဲ့ ရိေပၚကိုေရွာင္းက်န့္ ရင္ခြင္ထဲဖက္ကာတင္းက်ပ္စြာဖက္ထားလိုက္သည္

"ဒါနဲ႕ မနက္ျဖန္မားရဲ႕ေမြးေန႕သိလား အဲ့တာကိုကိုနဲ႕အတူမနက္ျဖန္က်ပစၥည္းေလးသြားဝယ္ရေအာင္ေလ...ငယ္လိုက္မလား..."

"ဟုတ္လား..လိုက္မွာေပါ့ မနက္ျဖန္မလုပ္နဲ႕..အခုအျပင္ေရာက္လက္စနဲ႕တစ္ခါတည္းဝယ္ၾကမယ္ေလ..."

ေရွာင္းက်န့္သူ႕ထက္ေတာင္တက္ႂကြေနတဲ့ရိေပၚကိုၾကည့္ၿပီး သေဘာတက်ရယ္လိုက္သည္
တက္ႂကြေနလိုက္တာမ်ား ခုနကေမာလို႔နားေနတဲ့သူမဟုတ္တဲ့အတိုင္းပဲ

"ကိုကိုခါတိုင္းဘာေပးလဲ ေရွာင္းမားကဘာႀကိဳက္တတ္လဲဟင္..."

"အင္း ဒီလိုပါပဲ မားႀကိဳက္တတ္တဲ့မုန့္ေလးေတြဂယ္ေပးလိုက္တယ္ မားကေမြးေန႕မွာအထူးတလည္ဘာမွမဝယ္ခိုင္းဘူး သူခ်က္ေကြၽးတဲ့ဟင္းေတြကိုေကာင္းေကာင္းစားေနရင္ေက်နပ္ေနေတာ့တာ..."

ေရွာင္းက်န့္ရဲ႕အေျဖကို ရိေပၚကသေဘာမက်ဟန္နဲ႕ မ်က္ေမွာင္က်ဳံ႕ၿပီး သူ႕ကိုၾကည့္ေနလိုက္တယ္

"ဟင္ ဒါကဘယ္လိုလုပ္ေကာင္းမွာလဲ မိဘဆိုတာကိုယ့္သားသမီးကေပးတဲ့လက္ေဆာင္ဆိုအျမတ္တနိုးနဲ႕သိမ္းၾကတဲ့ဟာ...မရဘူးဒီႏွစ္ေတာ့ေရွာင္းမားကိုေကာင္းေကာင္းေလးလက္ေဆာင္ေပးရမယ္..မုန့္နဲ႕တင္မရဘူး..."

"ဟုတ္ပါၿပီဗ်ာ ငယ့္စိတ္တိုင္းက်ျဖစ္ေစရပါ့မယ္ ဟုတ္ၿပီလား..ဒါဆိုအခုသြားဝယ္ၾကမလား..."

ေရွာင္းက်န့္ရိေပၚရဲ႕လက္ကိုအတူဆြဲရင္း ကုန္တိုက္ကိုသြားလိုက္တယ္
ရိေပၚသူေပးခ်င္တာေလးေတြေ႐ြးရင္း ေရွာင္းမားကႀကိဳက္ပါ့မလားလို႔စိုးရိမ္ရေသးတာ
ေနာက္ဆုံးေရွာင္းမားကို ဆြဲႀကိဳးေလးေပးခ်င္တယ္ဆိုလို႔ဆိုင္ကိုေခၚသြားရေသးတယ္
မားဆီမွာဆြဲႀကိဳးေတြမ်ားေနလို႔ မလိုပါဘူးလို႔ေျပာတာကို ဒီသားမက္ကေလးကေပးတဲ့ပထမဆုံးလက္ေဆာင္ပဲဟာ ေပါ့ေပါ့လုပ္လို႔ဘယ္ေကာင္းမလဲတဲ့
ေရွာင္းက်န့္ ကေလးငယ္စိတ္ခ်မ္းသာေအာင္ သူေျပာသမွ်ကိုသာေခါင္းၿငိမ့္ျပလိုက္ေတာ့တယ္

.

.

.
"အယ္...ရိေပၚေလး လာလာ..မားတို႔ကေမွ်ာ္ေနတာ..."

ေရွာင္းက်န့္သူနဲ႕အတူတူဝင္လာတဲ့ရိေပၚကိုပဲေရွာင္းမားကလက္ကေလးဆြဲၿပီးေခၚသြားတာမို႔ မားကိုဆူပုတ္ကာၾကည့္ေနလိုက္သည္
သူ႕ခမ်ာမွာေတာ့လက္ေဆာင္ပစၥည္းေတြနဲ႕
ေနစမ္းပါအုံး သားအရင္းကငါေရာဟုတ္ရဲ႕လား?!!

ရိေပၚေနာက္ကေရွာင္းက်န့္ပါမလာလို႔လွည့္ၾကည့္လိုက္ေတာ့ တံခါးေပါက္ဝမွာ ဆူပုတ္ၿပီးရပ္ေနတဲ့ေရွာင္းကိိုကိုေလး

"ကိုကို လာေလ..ဘာျဖစ္လို႔လဲ..."

"သားက်န့္ေလး ဘာျဖစ္တာလဲ..."

"မားက မားသားမက္ေလးေရာက္လာေတာ့ က်န့္က်န့္ကိုေမ့သြားၿပီေပါ့ေလ.... "

ေရွာင္းက်န့္ရဲ႕အေျဖေၾကာင့္ ရိေပၚနဲ႕ေရွာင္းမားတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္း ရယ္လိုက္ၾကတယ္
ရိေပၚနဲ႕အၿပိဳင္ကေလးစိတ္ဝင္ေနတဲ့ သုံးႏွစ္သားက်န့္က်န့္ေလးပါ

"လာပါသားက်န့္ရယ္... လူကျဖင့္၃၀ရွိေတာ့မယ္ ကေလးကလားလုပ္မေနနဲ႕ေတာ့...သားက်န့္ထက္ငယ္တဲ့ရိေပၚေလးကိုလဲအားနာပါအုံး...လာလာ အိမ္ထဲမွာဧည့္သည္ေရာက္ေနတယ္သိလားသားက်န့္ရဲ႕..."

ေရွာင္းမားရဲ႕အေျပာေၾကာင့္ ေရွာင္းက်န့္စိတ္ဝင္စားသြားတယ္
က်ဲကလဲကိုရီးယားမွာဆိုေတာ့ ေမြးေန႕ကိုအတူျဖတ္သန္းနိုင္မွာမဟုတ္
ေရွာင္းမားကေမြးေန႕ကိုမိသားစုေတြပဲျဖတ္သန္းေနၾကမို႔ အိမ္ကိုဘယ္သူမွသိပ္မလာတည့္ၾကဘူး

"ဧည့္သည္...ဘယ္ကဧည့္သည္လဲ..."

"သားက်န့္ျမင္ရင္သိမွာေပါ့...မလာတာၾကာတဲ့ဧည့္သည္ေလ..."

ေရွာင္းမားကအေရွ႕ကအရင္သြားႏွင့္သည္မို႔ ေရွာင္းက်န့္ ေနာက္ကအသာလိုက္သြားတယ္
ရိေပၚေရွာင္းက်န့္ရဲ႕လက္ကိုဆြဲၿပီးအိမ္ထဲကိုအတူဝင္လိုက္တယ္

"ပါး ကြၽန္ေတာ္တို႔ေရာက္လာၿပီ..."

"ဟာ သားက်န့္တို႔ေတာင္လာၿပီ...ဒီမွာၾကည့္ပါအုံး ဘယ္သူေရာက္ေနလဲဆိုတာ..."

ရိေပၚတို႔အိမ္ထဲေရာက္တာနဲ႕ေရွာင္းပါးကိုအရင္ႏႈတ္ဆက္လိုက္တာမို႔ ေဘးနားကလူကိုသတိမထားမိ
ေရွာင္းပါးရဲ႕အေျပာေၾကာင့္ ႏွစ္ေယာက္လုံးလွည့္ၾကည့္လိုက္ၿပီး ၿပိဳင္တူေရ႐ြတ္မိလိုက္တယ္

"ေက်ာက္မင္လ်န့္!!.." "ေက်ာက္မင္လ်န့္!!..."

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

ၿပီးေတာ့မယ္ေျပာၿပီး နည္းနည္းထပ္ဆြဲလိုက္အုံးမယ္ ဟဲ ဟဲ😅...

14.3.23
#ʟᴜɴᴀʷᵃⁿᵍ85🦁

Continue Reading

You'll Also Like

1.4M 35.4K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
7K 296 6
#Zhanyi one short collection
4K 378 6
အတိတ်စာမျက်နှာ​တွေကို ပြန်လှန်ကြည့်တဲ့အခါ.. -JAYHOON Fanfiction -Written in Burmese (Unicode Only)
6.5K 361 6
This story on Pakhi Exit Sab ki ye complain rhi h pakhi ko itne kand krne ke baad bina punishment ke bahar nikal diya