ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း...

By PinkKuuEain

741K 52.1K 2.7K

" မောင်ပိုင်တဲ့ ဂမုန်းပင်ကို သေခြင်းတရားကတောင် လုယူပိုင်ခွင့်မရှိဘူး.. " ... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
😭😭😭
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)(ဇာတ်သိမ်းပိုင်း)
အချစ်တို့ရေ
အချပ်ပို(၁)
အချပ်ပို(၂)
📖🤞
📚Book Announcement📚
📚Book cover / Details 📚

အပိုင်း(၈)

15.3K 1.2K 15
By PinkKuuEain

                       Unicode

" ဟျောင့်.... သစ်မင်းမောင် ဖြစ််ပါ့မလားကွာ ငါဆရာတော်ရဲ့ကြိမ်လုံးကိုကြောက်တယ်ကွ..မင်းဘကြီးဘုန်းကြီးရဲ့လက်စကိုမင်းသိရဲ့သားနဲ့..."

"ီးလိုပဲကွာ...ငယ်ငယ်ထဲကအခုထိ ဘုန်းဘုန်းမသိအောင် သူ့မရမ်းပင်တွေက မရမ်းသီးတွေကိုခိုးနေကျပဲ...မိတော့ရောဘာဖြစ်လဲ... နောက်ဘဝတို့သူငယ်ချင်းတွေရေစက်ဆုံအောင် အတူတူအရိုက်ခံကြတာပေါ့.."

သစ်မင်းမောင် ရဲ့စကားကိုကြားပြီး တိုးကြီး၊ပွကြီးနှင့်ဆားရေစိမ်တို့ မျက်နှာများရှုံ့တွသွားကြတယ်။
အေးလေ...ဘာပဲဖြစ်ဖြစ် ငယ်ငယ်ထဲကအတူတူနေလာကြသူတွေမို့ သွားလည်းအတူတူ၊စားလည်းအတူတူ၊ခိုးလည်းအတူတူ၊အရိုက်ခံရလည်းအတူတူပဲပေါ့။

"ပွကြီး မင်းကဒီနားမှာနေပြီး ကပိယကြီးကိုကြည့်နေ လူလာတာနဲ့"ဥသြ ဥသြ"ဆိုပြီးငှက်လိုတွန်ပြီး အချက်ပေး။တိုးကြီးနဲ့ဆားရေစိမ်က ငါနဲ့လိုက်ခဲ့.."

သူတို့သုံးယောက် ကျောင်းအနောက်မှာစိုက်ထားတဲ့ မရမ်းပင်တွေဆီချဥ်းကပ်လာကြသည်။
" ကျောင်း ပစ္စည်း အဆိပ်သီး"တဲ့ သူ့အတွက်ကတော့ ဘကြီးဘုန်းဘုန်း ပစ္စည်းဟာ သစ်မင်းမောင် ပစ္စည်း ပဲဖြစ်သည်။
အခိုင်ခိုင်သီးနေတဲ့ မရမ်းချိုပင်ကြီးကိုကြည့်ပြီး သူ့မျက်လုံးများအရောင်တောက်နေသည်။
ပုဆိုးကိုကတောင်းကျိုက်ပြီး သစ်ပင်ကိုဦးချကန်တော့ကာ ခပ်မြန်မြန်ပဲအပင်ပေါ်တတ်လိုက်တယ်။
ငယ်ငယ်ထဲက မရမ်းပင်ပေါ်ကျွမ်းကျင်စွာတတ်နေသူမို့ မိနစ်ပိုင်းလေးအတွင်းအပင်ခွဆုံသို့ရောက်သွားသည်။
အနီးအနားမှာရှိတဲ့ မရမ်းသီးမျာကို ခါးပုံစထဲသို့ထိုးသိပ်ကာထည့်သည်။

စိတ်ကြိုက်ခူးလို့ အဲ....စိတ်ကြိုက်ခိုးလို့ဝမှအပင်ပေါ်ကပြန်ဆင်းသည်။
ထိုနောက် မရမ်းသီးများကို ဆားရေစိမ်တို့ဆီတဆင့်ပြန်လွှဲပေးလိုက်သည်။
ဘုန်းဘုန်းဆီက တောင်းစရာရှိသေးတာကြောင့် သစ်မင်း ကျောင်းပေါ်တတ်ခဲ့၏။

"ဘုန်းဘုန်း...ဘုရား.."

ဆယ်စောင်တွဲ ပရိတ်ကြီးစာအုပ်ကို ပါဝါမျက်မှန်ကြီးတတ်ပြီးဖတ်နေသော ဘုန်းဘုန်းကမျက်မှန်ကြီးအောက်ကကြည့်သည်။

"ကြားသားမိုးကြိုး...သစ်မင်းမောင် ကျောင်းကိုလာပါလားဝေ့.."

"ဟဲ...ဟဲ...သား ဘုန်းဘုန်း ဆီတောင်းစရာရှိလို့ ဘုရား!"

"ဟေ!!ဆိုစမ်းပါဦး... ငါးမွေထိုး..သောကြာသားလိုချင်တဲ့ ဘုန်းကြီးကျောင်းကအရာ.."

"ဟဲ..ဟဲ..သားကိုဘုန်းဘုန်းစိုက်ထားတဲ့ ဂမုန်း ပင်ပျိုးလေး ပေးပါလား ဘုရား! သားအိမ်မှာစိုက်ချင်လို့..."

"အံမယ်....ကြားသားမိုးကြိုး ပန်းစိုက်ဦးမယ်တဲ့...ဘာလဲ ယမကာဂမုန်း လို ဂမုန်းပန်းကြိုက်တယ်လို့တော့မပြောနဲ့နော် သစ်မင်းမောင် "

"အင်းးးးအမှန်တော့အဲ့လိုပဲပြောရမယ် ဘုရား! ဂမုန်းပန်းကြိုက်တာချင်းတူပေမယ့် အဲ့ခွေး...အဲ သူနဲ့ကကြိုက်နှစ်သက်ခြင်းရဲ့ အဓိပါယ်ကမတူပါဘူး ဘုရား!"

"ဟေ...ကဗျာတွေစာတွေနဲ့ပါလား...ဆိုစမ်းပါဦး.."

ဆရာတော်ကေဝလ တူတော်မောင်၏စကား စကေးတွေကိုပြန်လည်နားကြား၏။
ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီထားရာမှ တစ်ပြင်ခွေ..ပြင်ထိုင်ပြီးလက်ဟန်ခြေဟန်နှင့် သာလိကာတစ်ကောင်လို ဆိုလိုက်တဲ့စကား။

"သားက ကြိုက်တယ်ဆိုတာထက် ဂမုန်းပန်းကိုပိုပြီးမြတ်နိုးတယ်။ဂမုန်းပင်ကို ခြံဝိုင်းထဲမှာစိုက်ပျိုးထားရင် စီးပွားတတ်မယ် ၊ အဆိပ်ရှိတဲ့ကောင်တွေရန်ကကာကွယ်နိုင်မယ် (ဥပမာ...မြွေပွေးဂမုန်းနှင့် မြွေဟောက်ဂမုန်း)မသကာယုံဗျာ ဘုရားစင်မှာပန်းထိုးဖို့မရှိရင်တောင် ရွက်လှဂမုန်းတို့ကို ချိုးပြီးဘုရားကပ်လို့ရတယ်..."

"ဟုတ်ပါပြီ... ဟုတ်ပါပြီ ထားပါတော့ လာ...ဘုန်းဘုန်းနောက်ကလိုက်ခဲ့..."

ဖတ်နေတဲ့ ပရိတ်စာတွေလည်းဘယ်နားရောက်မှန်းမသိတော့ချေ။ဒီသကောင့်သားကို မြန်မြန်ပြန်အောင်လုပ်နိုင်တာကတော့ သူလိုချင်တာကိုပေးလိုက်ခြင်းပင်။
မဟုတ်ရင် အနားမှာတပူပူတဆာဆာလုပ်လွန်းအားကြီးလှသည်။

သောကြာသား များလိုက်တဲ့စကား။ဆိုးပေလိုက်တာလဲ ယမကာဂမုန်း နဲ့တွေ့ရင်ခွေးနဲ့ကြောင်လိုပဲ အမြဲရန်ဖြစ်မမြင်ရင်ချောင်းကြည့်။
သူကြီး မနိုင်လို့ ရွာဦးကျောင်းဆရာတော်ဖြစ်တဲ့သူကိုယ်တိုင် ကြိမ်လုံး၃ ချောင်းပူးပြီးရိုက်တာတောင် 'တပည့်တော်တို့ အာမမခံပါဘူး ဘုရား' တဲ့လေ။
တစ်ရွာလုံးက ကြောက်သလောက် သစ်မင်းမောင် နှင့်ယမကာဂမုန်းတို့မပါဝင်ချေ။
ဒါတောင်ဟိုဘက် ကတွယ်ရွာ က ပေဖူးလွှာဆိုတဲ့ကရင်ကောင်လေးမပါသေးဘူး။

သူတို့အဖွဲ့၃ဖွဲ့သာ တစ်ရွာတည်းနေရင် ဒီဘုန်းကြီးခေါင်းကရိတ်နေစရာတောင်လိုမယ်မထင်။
ကျောင်းအရှေ့ဘက်ကို သစ်မင်းမောင် ကိုခေါ်လာပြီး အတတ်တွေထွက်နေတဲ့ ရှင်သီဝလိဂမုန်း၊မယ်တော်ကြီးဂမုန်းနှင့်ဘောဂကြီးဂမုန်းအပါအဝင် မျက်နှာပွင့်စေတဲ့ အိမ်တွင်းမဂ်လာဂမုန်းပင်လေးကို အိတ်ဖြင့်အသာထုတ်ပိုးပြီးပျိုးပေးလိုက်သည်။

သောကြာသား လိုချင်တာရသွားတော့ မှိုရတဲ့မျက်နှာဖြင့်အမြန်ပြန်ပြေးသည်။
ဆရာတော်ကေဝလလည်း ဘယ်နားရောက်မှန်းမေ့သွားတဲ့ ပရိတ်စာကိုအစမှပြန်လည်ကာရွတ်ဆို၏။
သစ်မင်းမောင် ဂမုန်းပန်းပျိုးတွေသယ်လာတာကို ဟိုခွေးသူတောင်းစား ဂမုန်းပင်ကို တွေ့မြင်ချင်စမ်းပါဘိ။
ဒီကောင်က ဂမုန်းပင်မြင်ရင် တစ်ဖတ်လူမနေနိုင်အောင် ပြုံးတတ်သည်။
ဘုန်းဘုန်းပေးလိုက်တဲ့ ဂမုန်းပင်လေးတွေကို သစ်မင်းမောင် အိုးလေးတွေဖြင့်သေချာစိုက်ပျိုးထားလိုက်၏။
လယ်ထဲဆင်းရန်ရှိသေးတာကြောင့် နေ့လယ်စာကိုစားပြီး လယ်ထဲဆင်းရန်ပြင်သည်။
အိမ်ရှေ့အိမ်ကိုမျှော်ကြည့်တော့
စောမူလား(ဖိုးခွား)လေးမှလွဲ၍ မည်သူမှရှိမနေချေ။

ညနေကျရင်တော့ ဘုန်းကြီးကျောင်းကခိုးလာတဲ့ မရမ်းသီးကိုငပိဖြင့်ထောင်းစားမည်။အင်းးးးးးဗိုက်ထဲတော့ထမင်းဘယ်နှစ်ပန်းကန်လောက်ဝင်မလဲတော့ မခန်းမှန်းတော့ပါချေ။

🍁🍁🍁🍁

ကျမပြန်လာပါပြီ🤸‍♀️🤸‍♀️ ဖိုးခွားလေးရဲ့ နာမည်အရင်းက "စောမူလား" ပါနော်...အားလုံးပဲဂွေးနိုက်ပါ😛😛

                       Zawgyi

" ေဟ်ာင့္.... သစ္မင္းေမာင္ ျဖစိပါ့မလားကြာ ငါဆရာေတာ္ရဲ႕ႀကိမ္လုံးကိုေၾကာက္တယ္ကြ..မင္းဘႀကီးဘုန္းႀကီးရဲ႕လက္စကိုမင္းသိရဲ႕သားနဲ႕..."

"ီးလိုပဲကြာ...ငယ္ငယ္ထဲကအခုထိ ဘုန္းဘုန္းမသိေအာင္သူ႕မရမ္းပင္ေတြက မရမ္းသီးေတြကိုခိုးေနက်ပဲ...မိေတာ့ေရာဘာျဖစ္လဲ... ေနာက္ဘဝတို႔သူငယ္ခ်င္းေတြေရစက္ဆုံေအာင္ အတူတူအရိုက္ခံၾကတာေပါ့.."

သစ္မင္းေမာင္ ရဲ႕စကားကိုၾကားၿပီး တိုးႀကီး၊ပြႀကီးႏွင့္ဆားေရစိမ္တို႔ မ်က္ႏွာမ်ားရႈံ႕တြသြားၾကတယ္။
ေအးေလး...ဘာပဲျဖစ္ျဖစ္ ငယ္ငယ္ထဲကအတူတူေနလာၾကသူေတြမို႔ သြားလည္းအတူတူ၊စားလည္းအတူတူ၊ခိုးလည္းအတူတူ၊အရိုက္ခံရလည္းအတူတူပဲေပါ့။

"ပြႀကီး မင္းကဒီနားမွာေနၿပီး ကပိယႀကီးကိုၾကည့္ေန လူလာတာနဲ႕"ဥၾသ ဥၾသ"ဆိုၿပီးငွက္လိုတြန္ၿပီး အခ်က္ေပး။တိုးႀကီးနဲ႕ဆားေရစိမ္က ငါနဲ႕လိုပ္ခဲ့.."

သူတို႔သုံးေယာက္ ေက်ာင္းအေနာက္မွာစိုက္ထားတဲ့ မရမ္းပင္ေတြဆီခ်ဥ္းကပ္လာၾကသည္။
" ေက်ာင္း ပစၥည္း အဆိပ္သီး"တဲ့ သူ႕အတြက္ကေတာ့ ဘႀကီးဘုန္းဘုန္း ပစၥည္းဟာ သစ္မင္းေမာင္ ပစၥည္း ပဲျဖစ္သည္။
အခိုင္ခိုင္သီးေနတဲ့ မရမ္းခ်ိဳပင္ႀကီးကိုၾကည့္ၿပီး သူ႕မ်က္လုံးမ်ားအေရာင္ေတာက္ေနသည္။
ပုဆိုးကိုကေတာင္းက်ိဳက္ၿပီး သစ္ပင္ကိုဦးခ်ကန္ေတာ့ကာ ခပ္ျမန္ျမန္ပဲအပင္ေပၚတတ္လိုက္တယ္။
ငယ္ငယ္ထဲက မရမ္းပင္ေပၚကြၽမ္းက်င္စြာတတ္ေနသူမို႔ မိနစ္ပိုင္းေလးအတြင္းအပင္ခြဆုံသို႔ေရာက္သြားသည္။
အနီးအနားမွာရွိတဲ့ မရမ္းသီးမ်ာကို ခါးပုံစထဲသို႔ထိုးသိပ္ကာထည့္သည္။

စိတ္ႀကိဳက္ခူးလို အဲ....စိတ္ႀကိဳက္ခိုးလို႔ဝမွအပင္ေပၚကျပန္ဆင္းသည္။
ထိုေနာက္ မရမ္းသီးမ်ားကို ဆားေရစိမ္တို႔ဆီတဆင့္ျပန္လႊဲေပးလိုက္သည္။
ဘုန္းဘုန္းဆီက ေတာင္းစရာရွိေသးတာေၾကာင့္ သစ္မင္း ေက်ာင္းေပၚတတ္ခဲ့၏။

"ဘုန္းဘုန္း...ဘုရား.."

ဆယ္ေစာင္တြဲ ပရိတ္ႀကီးစာအုပ္ကို ပါဝါမ်က္မွန္ႀကီးတတ္ၿပီးဖတ္ေနေသာ ဘုန္းဘုန္းကမ်က္မွန္ႀကီးေအာက္ကၾကည့္သည္။

"ၾကားသားမိုးႀကိဳး...သစ္မင္းေမာင္ ေက်ာင္းကိုလာပါလားေဝ့.."

"ဟဲ...ဟဲ...သား ဘုန္းဘုန္း ဆီေတာင္းစရာရွိလို႔ ဘုရား!"

"ေဟ!!ဆိုစမ္းပါဦး... ငါးေမြထိုးေသာၾကာသားလိုခ်င္တဲ့ ဘုန္းႀကီးေက်ာင္းကအရာ.."

"ဟဲ..ဟဲ..သားကိုဘုန္းဘုန္းစိုက္ထားတဲ့ ဂမုန္း ပင္ပ်ိဳးေလး ေပးပါလား ဘုရား! သားအိမ္မွာစိုက္ခ်င္လို႔..."

"အံမယ္....ၾကားသားမိုးႀကိဳး ပန္းစိုက္ဦးမယ္တဲ့...ဘာလဲ ယမကာဂမုန္း လို ဂမုန္းပန္းႀကိဳက္တယ္လို႔ေတာ့မေျပာနဲ႕ေနာ္ သစ္မင္းေမာင္ "

"အင္းးးးအမွန္ေတာ့အဲ့လိုပဲေျပာရမယ္ ဘုရား! ဂမုန္းပန္းႀကိဳက္တာခ်င္းတူေပမယ့္ အဲ့ ေခြး...အဲေကာင္နဲ႕ႀကိဳက္ႏွစ္သက္ျခင္းရဲ႕ အဓိပါယ္ကမတူပါဘူး ဘုရား!"

"ေဟ...ကဗ်ာေတြစာေတြနဲ႕ပါလား...ဆိုစမ္းပါဦး.."

ဆရာေတာ္ေကဝလ တူေတာ္ေမာင္၏စကား စေကးေတြကိုျပန္လည္နားၾကား၏။ေဆာင့္ေၾကာင့္ထိုင္ကာ လက္အုပ္ခ်ီထားရာမွ တစ္ပ်င္ေခြျပင္ထိုင္ၿပီးလက္ဟန္ေျခဟန္ႏွင့္ သာလိကာတစ္ေကာင္လို ဆိုလိုက္တဲ့စကား။

"သားက ႀကိဳက္တယ္ဆိုတာထက္ ဂမုန္းပန္းကိုပိုၿပီးျမတ္နိုးတယ္။ဂမုန္းပင္ကို ၿခံဝိုင္းထဲမွာစိုက္ပ်ိဳးထားရင္ စီးပြားတတ္မယ္ ၊ အဆိပ္ရွိတဲ့ေကာင္ေတြရန္ကကာကြယ္နိုင္မယ္ (ဥပမာ.ေႁမြေပြးဂမုန္းႏွင့္ ေႁမြေဟာက္ဂမုန္း)မသကာယုံဗ်ာ ဘုရားစပ္မွာပန္းထိုးဖို႔မရွိရင္ေတာင္ ႐ြက္လွဂမုန္းတို႔ကို ခ်ိဳးၿပီးဘုရားကပ္လို႔ရတယ္..."

"ဟုတ္ပါၿပီ... ဟုတ္ပါၿပီ ထားပါေတာ့ လာ...ဘုန္းဘုန္းေနာက္ကလိုက္ခဲ့..."

ဖတ္ေနတဲ့ ပရိတ္စာေတြလည္းဘယ္နားေရာက္မွန္းမသိေတာ့ေခ်။ဒီသေကာင့္သားကို ျမန္ျမန္ျပန္ေအာင္လုပ္နိုင္တာကေတာ့ သူလိုခ်င္တာကိုေပးလိုက္ျခင္းပင္။
မဟုတ္ရင္ အနားမွာတပူပူတဆာဆာလုပ္လြန္းအားႀကီးလွသည္။

ေသာၾကာသား မ်ားလိုက္တဲ့စကား။ဆိုးေပလိုက္တာလဲ ယမကာဂမုန္း နဲ႕ေတြ႕ရင္ေခြးနဲ႕ေၾကာင္လိုပဲ အၿမဲရန္ျဖစ္မျမင္ရင္ေခ်ာင္းၾကည့္။
သူႀကီးမနိုင္လို႔ ႐ြာဦးေက်ာင္းဆရာေတာ္ျဖစ္တဲ့သူကိုယ္တိုင္ ႀကိမ္လုံး၃ ေခ်ာင္းပူးၿပီးရိုက္တာေတာင္ 'တပည့္ေတာ္တို႔ အာမမခံပါဘူး ဘုရား' တဲ့ေလ။
တစ္႐ြာလုံးက ေၾကာက္သေလာက္ သစ္မင္းေမာင္ ႏွင့္ယမကာဂမုန္းတို႔မပါဝင္ေခ်။
ဒါေတာင္ဟိုဘက္ ကတြယ္႐ြာ က ေပဖူးလႊာဆိုတဲ့ကရင္ေကာင္ေလးမပါေသး။

သူတို႔အဖြဲ႕၃ဖြဲ႕သာ တစ္႐ြာတည္းေနရင္ ဒီဘုန္းႀကီးေခါင္းကဆံပင္ေမႊးေတာင္ ေပါက္လာပါ့မလားေတြးမိသည္။
ေက်ာင္းအေရွ႕ဘက္ကို သစ္မင္းေမာင္ ကိုေခၚလာၿပီး အတတ္ေတြထြက္ေနတဲ့ ရွင္သီဝလိဂမုန္း၊မယ္ေတာ္ႀကီးဂမုန္းႏွင့္ေဘာဂႀကီးဂမုန္းအပါအဝင္ မ်က္ႏွာပြင့္ေစတဲ့ အိမ္တြင္းမဂ္လာဂမုန္းပင္ေလးကို အိတ္ျဖင့္အသာထုတ္ပိုးၿပီးပ်ိဳးေပးလိုက္သည္။

ေသာၾကာသား လိုခ်င္တာရသြားေတာ့ မွိုရတဲ့မ်က္ႏွာျဖင့္အျမန္ျပန္ေျပးသည္။
ဆရာေတာ္ေကဝလ လည္းဘယ္နားေရာက္မွန္းေမ့သြားတဲ့ ပရိတ္စာကိုအစမွျပန္လည္ကာ႐ြတ္ဆို၏။
သစ္မင္းေမာင္ ဂမုန္းပန္းပ်ိဳးေတြသယ္လာတာကို ဟိုေခြးသူေတာင္းစား ဂမုန္းပင္ကို ေတြ႕ျမင္ခ်င္စမ္းပါဘိ။
ဒီေကာင္က ဂမုန္းပင္ျမင္ရင္ တသ္ဖတ္လူမေနနိုင္ေအာင္ ၿပဳံးတတ္သည္။
ဘုန္းဘုန္းေပးလိုက္တဲ့ ဂမုန္းပင္ေလးေတြကို သစ္မင္းေမာင္ အိုးေလးေတြျဖင့္ေသခ်ာသိုက္ပ်ိဳးထားလိုက္၏။
လယ္ထဲဆင္းရန္ရွိေသးတာေၾကာင့္ ေန႕လယ္စာကိုစားၿပီး လယ္ထဲဆင္းရန္ျပင္သည္။
အိမ္ေရွ႕အိမ္ကိုေမွ်ာ္ၾကည့္ေတာ့
ေစာမူလား(ဖိုးခြား)ေလးမွလြဲ၍ မည္သူမွရွိမေနေခ်။

ညေနက်ရင္ေတာ့ ဘုန္းႀကီးေက်ာင္းကခိုးလာတဲ့ မရမ္းသီးကိုငပိျဖင့္ေထာင္းစားမည္။အင္းးးးးးဗိုက္ထဲေတာ့ထမင္းဘယ္ႏွစ္ပန္းကန္ေလာက္ဝင္မလဲေတာ့ မခန္းမွန္းေတာ့ပါေခ်။

🍁🍁🍁🍁

က်မျပန္လာပါၿပီ🤸‍♀️🤸‍♀️ ဖိုးခြားေလးရဲ႕ နာမည္အရင္းက "ေစာမူလား" ပါေနာ္...အားလုံးပဲေဂြးနိုက္ပါ😛😛

Continue Reading

You'll Also Like

190K 31.9K 87
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
222K 8.3K 37
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
216K 5.3K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
352K 35.7K 110
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်