Chapter 661 ဘာကြောင့် အခွင့်အရေးကို လက်လွှတ်ရတာလဲ
Translated by Thura
လျူဖန်စားသောက်ဆိုင်ထဲမှာ ရှိနေတဲ့ လူတိုင်းက ယန်ချီကို စောင့်ကြည့်နေခဲ့ကြတယ်။ သူတို့အားလုံး ယန်ချီ ဘယ်လို ပြန်ဖြေမလဲဆိုတာ စောင့်ဆိုင်းနေကြတာပါ။
ယန်ချီကတော့ ဘာအမူအယာမှ ပြောင်းလဲခြင်းမရှိပါဘူး။
သူက ယန်မျိုးနွယ်မဟာအကြီးအကဲကို ကြည့်လိုက်ပြီး ပုံမှန်အတိုင်း ပြောလိုက်တယ်။
“ငါက မင်းတို့ကို အသက်ရှင်လွှတ်မြောက်မယ့် အခွင့်အရေးပေးခဲ့တယ်။ ဒါပေမယ့် မင်းတို့တွေက မရွေးချယ်မှတော့ ငါလည်း ဘာမှ မတက်နိုင်ဘူး”
စားသောက်ဆိုင်ထဲမှာ ရှိနေတဲ့ လူတိုင်းက ဒီစကားကို ကြားတဲ့အခါ သူတို့ရဲ့ မျက်နှာထက်မှာ အံ့အားသင့်မှုတွေ ပြည့်နှက်သွားခဲ့တယ်။
“ဟား ဟား ဟား ”
ရုတ်တရက် ယန်မျိုးနွယ်မဟာအကြီးအကဲက အေးစက်စက် နှာခေါင်းရှုံ့လိုက်တယ်။
“မင်းက ဒီလို ပြောရအောင် ဘာတွေ ဖြစ်နေလဲဆိုတာ မင်းမသိဘူးလား”
ယန်မျိုးနွယ်မဟာအကြီးအကဲရဲ့ အမြင်မှာတော့ ယန်ချီက သူတို့ ယန်မျိုးနွယ်က လူတဒါဇင်လောက်ကို သတ်ဖြတ်ခဲ့တာကြောင့် အသက်ရှင်လွှတ်မြောက်ဖို့ မဖြစ်နိုင်တော့ပါဘူး။
“ငါ ဘယ်လို အဆုံးသတ်မလဲဆိုတာတော့ ငါမသိဘူး။ ဒါပေမယ့် မင်းတို့တွေ ထွက်မသွားခဲ့ရင် ဘယ်လို အဆုံးသတ်မလဲ ဆိုတာတော့ သိတယ်”
ယန်ချီက တည်ငြိမ်စွာ ပြောလိုက်တယ်။
စားသောက်ဆိုင်ထဲမှာ ရှိနေတဲ့ လူတိုင်းက ဒီစကားကို ကြားတော့ မှင်သက်သွားကြတယ်။
သူတို့အားလုံးက ယန်ချီကို ဒီစကားမျိုးပြောလိမ့်မယ်လို့ မထင်ထားမိဘူးလေ။
“အဲ့ဒါဆို ငါတို့တွေ ထွက်မသွားခဲ့ရင် ဘာဖြစ်မလဲဆိုတာ မင်းပြောကြည့်စမ်း”
ယန်မျိုးနွယ်မဟာအကြီးအကဲက ယန်ချီကို အေးစက်စက် စူးစိုက်ကြည့်ြ့ပီးမေးလိုက်တယ်။
“သေရမယ်”
ယန်ချီက သေရမယ်ဆိုတဲ့ စကားကိုသာ ပြောလိုက်ပေမယ့်လည်း အဲ့ဒီ စကားလုံးထဲမှာ သတ်ဖြတ်ခြင်းအရှိန်အဝါတွေ ပြည့်နှက်နေခဲ့တယ်။
“ဘာ . . ဘာ . .”
ဒီစကားကို ကြားတော့ ယန်မျိုးနွယ်မဟာအကြီးအကဲ တစ်ယောက် မှင်သက်သွားခဲ့တယ်။
သူနဲ့ ရင်ဆိုင်နေရတာတောင် ဒီလူငယ်က ဒီစကားမျိုးပြောရဲသေးတယ်ပေါ့။
သူ့ရဲ့ နားနဲ့သာ ကြားခဲ့တာ မဟုတ်ရင် သူ့အနေနဲ့ ယုံကြည်မှာ မဟုတ်ပါဘူး။
“မင်းရဲ့ နောက်ခံက ဘာလဲ”
ယန်မျိုးနွယ်မဟာအကြီးအကဲက အရူးတစ်ယောက်တော့ မဟုတ်ပါဘူး။ သူက ယန်ချီကို ဒီလို မောက်မာရဲတယ် ဆိုကတည်းက အစွမ်းထက်တဲ့ နောက်ခံတစ်ခုခု ရှိနိုင်ကြောင်းတွေးမိလိုက်လို့ပါ။
“ငါ့မှာ ဘာနောက်ခံမှာ မရှိဘူး”
ယန်ချီက ခေါင်းခါပြီး ပြောလိုက်တယ်။
လျူဖန်စားသောက်ဆိုင်ထဲက လူတိုင်းကတော့ ဒီစကားတွေကို ကြာပြီးနောက် တစ်ယောက်ကိုတစ်ယောက် မယုံနိုင်စွာနဲ့ ကြည့်လိုက်ကြတယ်။
ယန်ချီရဲ့ စကားကို ကြားပြီးနောက် ယန်မျိုးနွယ် မဟာအကြီးအကဲရဲ့ အမူအယာက သုန်မှုန်သွားခဲ့တယ်။
“ငါ မင်းကို သတိပေးပြီးပြီး မင်းဘာသာမင်း ဖင် မနိုင်ပဲ ပဲကြီးဟင်း စားတာပဲ”
ယန်မျိုးနွယ်မဟာအကြီးအကဲက ယန်ချီကို ကျယ်လောင်စွာနဲ့ ပြောလိုက်တယ်။
ယန်ချီလည်း ခေါင်းခါပြီး ပြန်ပြောလိုက်တယ်။
“ငါကဖင်မနိုင်ပဲ ပဲကြီးဟင်းစားတာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ငါက ပဲဟင်း မကြိုက်လို့ပဲ”
ယန်မျိုးနွယ်မဟာအကြီးအကဲကတော့ ဒီစကားတွေကို ကြားပြီးနောက် ဒေါသတကြီး ဖြစ်သွားခဲ့တယ်။
သူ့အနေနဲ့ ဒီအချိန်က သူ့တသက်တာမှာ ဒေါသအထွက်ဆုံး ဆိုတာ ကျိန်ဆိုရဲပါတယ်။
“ကောင်လေး မင်း သေချင်နေတာပဲ”
ယန်မျိုးနွယ်မဟာအကြီးအကဲက ဟိန်းဟောက်ပြီး ပြောလိုက်တယ်။
ချက်ချင်းပင် ယန်မျိုးနွယ်မဟာအကြီးအကဲနောက်က ယန်မျိုးနွယ်အဖွဲ့ဝင်တွေအားလုံး ယန်ချီဆီကို ပြေးဝင်တိုက်ခိုက်ကြပါတော့တယ်။
“ဘုန်း . ..”
အဲ့ဒီ ယန်မျိုးနွယ်အဖွဲ့ဝင်အားလုံးက ယန်ချီရဲ့ မောက်မာမှုကို သည်းမခံနိုင်ကြတော့ပါဘူး။
စားသောက်ဆိုင်ထဲမှာ ရှိတဲ့ လူတိုင်ကဒီမြင်ကွင်းကို မြင်တော့ သူတို့ရဲ့ မျက်လုံးတွေ ထိန်းချုပ်မရအောင် ပြူးကျယ်သွားခဲ့ကြတယ်။
ဘာကြောင့်လဲဆိုတော့ ယန်ချီက ဒီလောက် မောက်မာရဲတယ်ဆိုမှတော့ ဘယ်လောက်ထိ အစွမ်းရှိလဲဆိုတာကို သိချင်ခဲ့ကြတယ်။
ယန်မျိုးနွယ်အဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုက ယန်ချီရဲ့ ခန္ဓာကိုယ်ကို ထိသွားတော့မှာပါ။
အဲ့ဒီအချိန်မှာပဲ ယန်ချီကို တိုက်ခိုက်တဲ့ ယန်မျိုးနွယ်အဖွဲ့ဝင်တွေ အားလုံး ဇောက်ထိုးမိုးမျှော်လွင့်စင်သွားကြတယ်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
စားသောက်ဆိုင်ထဲမှာ ရှိနေတဲ့ လူတိုင်းကဒီမြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့ကြတယ်။
သူတို့အားလုံးက ယန်ချီ ဘယ်လို တုန့်ပြန်လိုက်လဲဆိုတာကို မမြင်ခဲ့ကြပါဘူး။
ဒါပေမယ့်လည်း ယန်မျိုးနွယ်အဖွဲ့ဝင်တွေကတာ့ လွင့်စင်သွားခဲ့ပါပြီ။
ယန်မျိုးနွယ်အဖွဲ့ဝင်တွေအားလုံး မြေပြင်ပေါ်ကို ပြင်းထန်စွာ ပြုတ်ကျသွားခဲ့ကြပြီး တိုက်ခိုက်ချင်စိတ်တွေ ပျောက်ကွယ်သွားခဲ့တယ်။
ယန်ချီလည်း သူတို့တွေကို ကြည့်ပြီးေ ခါင်းခါလိုက်တယ်။
သူက မြေပြင်ပေါ်မှာလဲကျနေတဲ့ ယန်မျိုးနွယ်အဖွဲ့ဝင်တွေကို ကြည့်ပြီး ပြောလိုက်တယ်။
“ဘာကြောင့်လဲ ။ ငါက မင်းတို့ကို အသက်ရှင်လွှတ်မြောက်မယ့် အခွင့်အရေးပေးခဲ့တယ်။ ဘာလို့ မင်းတို့တွေက လက်လွှတ်လိုက်ရတာလဲ”
စကားသံ ဆုံးသွားတဲ့အခါ ယန်ချီက အရင်နေရာမှာ မရှိတော့ပါဘူး။
ဒီအခြေအနေကို စားသောက်ဆိုင်ထဲမှာ ရှိတဲ့ လူတိုင်းလည်း မထင်ထားကြပါဘူး။
ယန်ချီတစ်ယောက် နေရာကနေ ပျောက်ကွယ်သွားတာနဲ့အတူ မြေပြင်ပေါ်မှာလဲပြိုကျနေတဲ့ ယန်မျိုးနွယ်အဖွဲ့ဝင်တွေအားလုံး အသက်သေဆုံးကုန်ကြတယ်။
🐱🐱🐱🐱🐱
Chapter 662 ယန်မျိုးနွယ်မဟာအကြီးအကဲကို သတ်ဖြတ်ခြင်း
Translated by Thura
“ဟူး.. . ”
စားသောက်ဆိုင်ထဲမှာ ရှိနေတဲ့ လူတွေက ဒီမြင်ကွင်းကြောင့် ပင့်သက်ရှိုက်မိလိုက်ကြတယ်။
ဘာကြောင့်လဲဆိုတော့ ယန်ချီကို ဒီလောက်ထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မယ်လို့ သူတို့တွေက ထင်မထားခဲ့မိဘူးလေ။
သူတို့တွေအားလုံး ယန်မျိုးနွယ်အဖွဲ့ဝင်တွေ ဘယ်လို သေဆုံးသွားလဲဆိုတာကို သေချာ မမြင်လိုက်ရတာကြောင့်ပါ။
“မင်း. . မင်း . . ”
ယန်မျိုးနွယ်မဟာအကြီးအကဲလည်း ထိတ်လန့်မှုကြောင့် မျက်နှာတွေ ဖြူလျော့သွားခဲ့တယ်။
သူက အဆင့် ၃၉ စိတ်ဝိဉာဉ်ဘုရင်အဆင့်ပါ။ သူ့အနေနဲ့ ဒီလိုမျိုးတောင် မလုပ်နိုင်ပါဘူး။
“ငါ မင်းကို အသက်ရှင်ခွင့်မပေးတော့ဘူး။ အခု ငါ အရမ်းကြောက်နေပြီ” ယန်ချီက ယန်မျိုးနွယ်မဟာအကြီးအကဲကို ကြည့်ပြီး ဆက်ပြောလိုက်တယ်။
“မင်း ဘာဆက်လုပ်မလဲ”
ယန်မျိုးနွယ် မဟာအကြီးအကဲလည်း ယန်ချီကို ကြည့်ပြီး ကြောက်လန့်တကြားပြောလိုက်တယ်။
“ငါ မင်းကို သေဖို့ အခွင့်အရေးပေးမယ်”
ယန်ချီက ယန်မျိုးနွယ်မဟာအကြီးအကဲကို ပုံမှန်အတိုင်း ပြောလိုက်တယ်။
ဒီစကားကြောင့် ဆိုင်တစ်လုံး တိတ်ဆိတ်သွားခဲ့တယ်။
စားသောက်ဆိုင်ထဲမှာ ရှိတဲ့ လူတိုင်းကလည်း ဒီစကားကို ကြားပြီ ချွေးစေးတွေ ပြန်လာခဲ့တယ်။
ယန်မျိုးနွယ်မဟာအကြီးအကဲရဲ့ ခန္ဓာကိုယ်ကလည်း တုန်ယင်သွားခဲ့တယ်။
“ကြည့်ရတာတော့မင်းက အသက်ရှင်လွှတ်မြောက်မယ့် အခွင့်အရေးကို မယူဘူးမှတ်လား”
ယန်ချီက ယန်မျိုးနွယ်မဟာအကြီးအကဲကို မေးလိုက်တယ်။
ဒီအချိန်မှာတော့ ယန်မျိုးနွယ်မဟာအကြီးအကဲက ဝိဉာဉ်လွင့်ထွက်သွားမတက် ကြောက်လန့်နေခဲ့ပါပြီ။
“ငါ. . ငါ ..ငါ. .က ယန်မျိုးနွယ်မဟာအကြီးအကဲပဲ ။ မင်းငါ့ကို တစ်ခုခု လုပ်ရဲ့ရင် ငါတို့ယန်မျိုးနွယ်က မင်းကို အလွတ်ပေးမှာမဟုတ်ဘူး”
ယန်မျိုးနွယ် မဟာအကြီးအကဲအနေနဲ့ ယန်ချီက သူ့ပြိုင်ဖက်မဖြစ်နိုင်မှန်း သိပါတယ်။
ဒီအချိန်မှာတော့ သူ့ရဲ့ မျုိးနွယ်ကို သုံးပြီး ယန်ချီကို နောက်ပြန်ဆုတ်ဖို့ ခြိမ်းခြောက်လိုက်တယ်။
ယန်မျိုးနွယ်မဟာအကြီးအကဲ ဒီလိုခြိမ်းခြောက်လိုက်တဲ့အခါ ယန်ချီက နောက်ပြန်ဆုတ်သွားလိမ့်မယ်လို့ ထင်လိုက်မိတယ်။
“ဒီကိုလာခဲ့စမ်းပါ” ယန်ချီက ယန်မျိုးနွယ်မဟာအကြီးအကဲကို လက်ညိုးထိုးပြီး ကွေးညွှတ်ကာ ပြောလိုက်တယ်။ “ငါ မင်းကို သတ်ပေးမယ်”
ယန်မျိုးနွယ်မဟာအကြီးအကဲလဲ ဘာမှ ဆက်မလုပ်ရဲပဲ ဒူဒူကြီး ရပ်နေခဲ့တယ်။
သူသာ တစ်ခုခု လုပ်လိုက်မယ်ဆိုရင် အသတ်ခံရလိမ့်မယ်ဆိုတာ သေချာနေခဲ့တယ်။
“မင်း .. မင်း. မင်း .”
ဒါပေမယ့် ယန်မျိုးနွယ်မဟာအကြီးအကဲရဲ့ စကားမဆုံးခင်မှာပဲ သူ့မှာ ဆက်ပြောမယ့် အခွင့်အရေး မရှိတော့ပါဘူး။
ဘာကြောင့်လဲဆိုတော့ ယန်ချီက ကောင်းကင်အဆင့် အဆင့်မြင့် အမြန်နှုန်းနည်းစနစ် မိုးကြိုးမှော်အရိပ်ခြေလှမ်းကို အသုံးပြုလိုက်တာကြောင့်ပါ။
ယန်မျိုးနွယ်မဟာအကြီးအကဲရဲ့ နောက်ဆုံးအခိုက်အတန့်မှာ မှော်အရိပ်များစွာကို မြင်လိုက်ရတယ်။
“အား .. .”
အဲ့ဒီနောက်တော့ ယန်မျိုးနွယ်မဟာအကြီးအကဲရဲ့ ခြောက်ခြားဖွယ်အော်မြည်သံ ထွက်ပေါ်လာခဲ့တယ်။
ဒီခြောက်ခြားဖွယ်အော်မြည်သံ ဆုံးသွားတဲ့အခါ ယန်မျိုးနွယ်မဟာအကြီးအကဲက မြေပေါ်ကို လဲပြိုကျသွားခဲ့ပြီး သေဆုံးသွားခဲ့တယ်။
လျူဖန်စားသောက်ဆိုင်ထဲမှာ ရှိတဲ့ လူတိုင်းကတော့ ဒီမြင်ကွင်းကြောင့် အလွန်တရာ ကြောက်လန့်သွားကြတယ်။
သူတို့တွေအနေနဲ့ ဂုဏ်သရေရှိ ယန်မျိုးနွယ်မဟာအကြီးအကဲက ယန်ချီအရှေ့မှာ ဒီလို သနားစဖွယ်ကောင်းအောင် သေဆုံးသွားလိမ့်မယ်လို့ မထင်ထားမိပါဘူး။
ယန်ချီက ယွင်ရုန်အာကို လှည့်ကြည့်လိုက်တယ်။
ယွင်ရုန်အာကတော့ နေရာမှာတင် ကျောက်ရုပ်အလား ကြောင်အမ်းနေတာကို မြင်လိုက်ရတယ်။
သူမအနေနဲ့ဒီလို မြင်ကွင်းမျိုးကို တခါမှ မမြင်ဖူးပါဘူး။
“သွားကြစို့ .. ”
ယန်ချီက ယွင်ရုန်အာကို ပြောလိုက်တယ်။
ယွင်ရုန်အာလည်း ယန်ချီရဲ့ စကားကို ကြားပြီးနောက် သတိပြန်ဝင်လာခဲ့တယ်။
“စီနီယာ.. ကျွန်.. မတို့တွေက ဘယ်ကို သွားကြမလဲ”
“ယန်မျိုးနွယ်ဆီကို . .”
ယန်ချီက ပုံမှန်အတိုင်းပြောလိုက်တယ်။
သူက ယန်မျိုးနွယ် မဟာအကြီးအကဲကို သတ်လိုက်ပြီဆိုတော့ ယန်မျိုးနွယ်ကိုလည်း တခါထဲ ရှင်းပစ်လိုက်မယ်လို့ တွေးလိုက်မိတယ်။
အဲ့ဒီအတွက် ယန်မျိုးနွယ်စံအိမ်ဆီကို ဦးတည်ထွက်လာခဲ့ကြတယ်။
ယွင်ရုန်အာကတော့ သူ့စကားတွေကို ကြားတော့ ထိတ်လန့်သွားခဲ့တယ်။
“စီနီယာ .. ကျွန်မတို့ . .. ”
ယွင်ရုန်အာ စကားပြောလို့ မပြီးသေးခင်မှာပဲ ယန်ချီက စားသောက်ဆိုင်အပြင်ဖက်ဆီကို လမ်းလျှောက်သွားခဲ့တယ်။
သူမလည်း ယန်ချီအနောက်ကို အပြေးလေး လိုက်သွားခဲ့တယ်။
“စီနီယာ ရှင်က ကျွန်မအတွက် လက်စားချေ ပေးနေတာလား”
ယွင်ရုန်အာက ယန်ချီကို မေးလိုက်တယ်။
သူမရဲ့ ဖြူလွှလွှ မျက်နှာထက်မှာ အလွန်တရာ ကျေးဇူးတင်တဲ့ အမူအယာ အပြည့်နဲ့ပါ။
အစောပိုင်းကတော့ ယန်ချီက ယန်မျိုးနွယ်တစ်ခုလုံးနဲ့ ရင်မဆိုင်နိုင်ဘူးလို့ တွေးထားခဲ့တယ်။ ဒါပေမယ့်အခုတော့ သူမ အဲ့ဒီလို မတွေးမိတော့ပါဘူး။
“အင်း မင်း ထင်တဲ့ အတိုင်းပဲ”
ယန်ချီက ပုံမှန်အတိုင်း ပြောလိုက်တယ်။
🐱🐱🐱🐱🐱
Chapter 663 ရန်လာစတဲ့ သူတိုင်း သေရမယ်
Translated by Thura
ယန်ချီနဲ့ ယွင်ရုန်အာတို့နှစ်ယောက်က ယန်မျိုးနွယ်စံအိမ်ဆီကို လျှောက်လာခဲ့ကြတယ်။
သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက်က ယန်မျိုးနွယ်စံအိမ်အရှေ့ကို ရောက်ရှိလာကြတယ်။
ဒီအချိန်မှာတော့ ယန်မျိုးနွယ်စံအိမ်အရှေ့မှာ ယန်မျိုးနွယ်အဖွဲ့ဝင်တွေ ရှိနေခဲ့ကြတယ်။ သူတို့တွေက ယန်ချီနဲ့ ယွင်ရုန်အာတို့နှစ်ယောက် ကို မြင်တဲ့အခါ အံ့အားသင့်သွားကြတယ်။
“ယွင် . . . ယွင်ရုန်အာ”
ယန်မျိုးနွယ် အဖွဲ့ဝင်တွေအနေနဲ့ ယန်ချီနဲ့ ယွင်ရုန်အာကို ဒီနေရာ ရောက်လာလိမ့်မယ်လို့ မထင်မိထားကြပါဘူး။
“သူတို့တွေက သေဖို့ ရောက်လာကြတာလား”
“မင်းတို့ မျိုးနွယ်ခေါင်းဆောင်ကို သွားပြောလိုက်စမ်း။ ငါက မင်းတို့ယန်မျိုးနွယ် မဟာအကြီးအကဲကို သတ်လိုက်ပြီလို့”
ယန်ချီက စံအိမ်အရှေ့မှာ ရှိနေတဲ့ ယန်မျိုးနွယ် အဖွဲ့ဝင်တွေက အဓိပ္ပါယ်မရှိတာတွေ ပြောမနေချင်တော့ပါဘူး။
ယန်မျိုးနွယ်အဖွဲ့ဝင်တွေကတော့ ယန်ချီရဲ့ စကားကို ကြားတဲ့အခါ အံ့သြတုန်လှုပ်သွားခဲ့ကြတယ်။ ယန်ချီက ဒီစကားကို ပြောလိမ့်မယ်လို့ သူတို့တွေ မထင်မိထားဘူးလေ။
“မင်း . . မင်း ဘာပြောလိုက်တာလဲ”
ယန်မျိုးနွယ် အဖွဲ့ဝင်တစ်ယောက်က ယန်ချီကို မေးလိုက်တယ်။
“ငါ ပြောလိုက်တာ မင်း ရှင်းရှင်းလင်းလင်း မကြားလိုက်ဘူးလား”
ယန်ချီက ယန်မျိုးနွယ် အဖွဲ့ဝင်ကို မထူးခြားတဲ့ အမူအယာနဲ့ ကြည့်ပြီးမေးလိုက်တယ်။
ဒီစကားကြောင့် ယန်မျိုးနွယ်အဖွဲ့ဝင်တွေက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြတယ်။
“ဟား ဟား ”
ရုတ်တရက် ယန်မျိုးနွယ် အဖွဲ့ဝင်တွေက ယန်ချီကို လှောင်ပြောင် ရယ်မောလိုက်ပြီး ပြောလိုက်တယ်။ “မင်းပြောတာတွေကို ငါတို့ ယုံမယ်များ ထင်နေတာလား”
ယန်ချီကတော့ ဒီယန်မျိုးနွယ် အဖွဲ့ဝင်တွေနဲ့ ဆက်ပြီး မပြောချင်တော့ပါဘူး။
“ဂျွတ် ”
ရုတ်တရက် စကားဦးဆောင်ပြောနေတဲ့ ယန်မျိုးနွယ်အဖွဲ့ဝင်က လည်ပင်းရိုးကျိုးသွားခဲ့ပြီး ခေါင်းပြုတ်သွားခဲ့တယ်။
“ဟူး. . . ”
ဒီမြင်ကွင်းကြောင့် အခြား ယန်မျိုးနွယ် အဖွဲ့ဝင်တွေလည်း ထိတ်လန့်သွားကြတယ်။
“အခု ချက်ချင်း မင်းတို့ယန်မျိုးနွယ် ခေါင်းဆောင်ကို သွားပြောစမ်း။ မင်းတို့ ယန်မျိုးနွယ် မဟာအကြီးအကဲကို ငါ သတ်လိုက်ပြီလို့ သွား. . သွားပြောစမ်း”
ယန်ချီက သူ့အရှေ့မှာ ရှိနေတဲ့ ယန်မျိုးနွယ် အဖွဲ့ဝင်တွေကို ကြည့်ပြီး ပြောလိုက်တယ်။
ထိတ်လန့်စရာ မြင်ကွင်းကြောင့် ယန်မျိုးနွယ် အဖွဲ့ဝင်တွေလည်း ယန်ချီအရှေ့မှာ ခဏတောင် ဆက်ပြီး မနေရဲတော့ပဲ အတွင်းထဲ ပြေးဝင်သွားခဲ့တယ်။
“မျိုးနွယ်ခေါင်းဆောင် မျိုးနွယ် ခေါင်းဆောင်”
များစွာသော ယန်မျိုးနွယ် အဖွဲ့ဝင်တွေက ခန်းမထဲကို တခါတည်း ပြေးဝင်လာခဲ့ကြတယ်။
မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန်နဲ့ အကြီးအကဲတွေက ပြေးဝင်လာတဲ့ ယန်မျိုးနွယ်အဖွဲ့ဝင်တွေကို ကြည့်လိုက်တယ်။
“ဘာတွေ ဖြစ်နေတာလဲ။ ကောင်းကင်က ပြိုကျလာလို့လား”
မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန်က ပြေးဝင်လာတဲ့ ယန်မျိုးနွယ် အဖွဲ့ဝင်တွေကို မကျေမနပ်နဲ့ မေးလိုက်တယ်။
ယန်မျိုးနွယ် အဖွဲ့ဝင်တွေလည်း တံတွေးကိုယ်စီ မြိုချလိုက်ပြီး ပြောလိုက်တယ်။
“မျိုးနွယ်ခေါင်းဆောင် ကေင်းကင်က . . ကောင်းကင်က တကယ်ပြိုကျပြီ”
ယန်မျိုးနွယ် အဖွဲ့ဝင်တစ်ယောက်က ယန်ပန်ဖိန်ကို ပြောလိုက်တယ်။
“ဘာ. ..”
ယန်မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန်လည်း အံ့အားသင့် သွားခဲ့တယ်။ ယန်မျိုးနွယ် အဖွဲ့ဝင်တွေအနေနဲ့ ဒီစကားကို ပြောလိမ့်မယ်လို့ သူ လုံးဝကို မတွေးမိပ့ါဘူး။
“ဘာတွေ ဖြစ်နေတာလဲ”
မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန်ရဲ့ အမူအယာကပိုပြီး အေးစက်စက် ဖြစ်သွားခဲ့တယ်။
“မျိုးနွယ်ခေါင်းဆောင် ယွင်ရုန်အာနဲ့ လူငယ်တစ်ယောက်က ကျွန်တော်တို့ စံအိမ်အပြင်ဖက်မှာ ရောက်နေကြပြီး။ လူငယ်လေး ပြောတာကတော့ သူက မဟာအကြီးအကဲကို သတ်လိုက်တယ်ဆိုပဲ”
“ဘာ. . .”
ဒီစကားကို ကြားမိလိုက်တော့ ယန်မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန်နဲ့ အကြီးအကဲတွေအားလုံး ထိတ်လန့်သွားကြတယ်။
“မင်း. . မင်း ဘာပြောလိုက်တာလဲ”
မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန်က ယန်မျိုးနွယ် အဖွဲ့ဝင်ကို သတိလက်လွှတ် စူးစိုက်ကြည့်လိုက်မိတယ်။
“မျိုးနွယ်ခေါင်းဆောင် ကျွန်တော်လည်း အဲ့ဒီလူငယ် ပြောတာကို မယုံကြည်ပါဘူး။ သူက ဘယ်လိုလုပ်ပြီး မဟာအကြီးအကဲကို သတ်နိုင်မှာလဲ။ ဒါပေမယ့် ကျွန်တော်တို့တွေ ရှင်းရှင်းလင်းလင်း မမြင်ရသေးခင်မှာပဲ သူ့လက်ထဲမှာ ကျွန်တော်တို့ အဖွဲ့ဝင်တစ်ယောက် သေသွားရတယ်”
ယန်မျိုးနွယ်အဖွဲ့ဝင်က ထပ်ပြောလိုက်တယ်။
ဒီစကားကို ကြားတော့ ခန်းမထဲမှာ ရှိနေတဲ့ အကြီးအကဲတွေအားလုံး ထိတ်လန့်သွားကြပြီး တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်ကြတယ်။
သူတို့တွေအနေနဲ့ ယွင်ရုန်အာဘေးမှာ ရှိတဲ့ လူငယ်လေးက ဒီလောက် အစွမ်းထက်လိမ့်မယ်လို့ မထင်ထားမိပါဘူး။
လက်ရှိမှာတော့ ယန်မျိုးနွယ် ခေါင်းဆောင် ယန်ပန်ဖိန်တစ်ယောက် အလွန်တရာ ဒေါသ ထွက်နေခဲ့တယ်။
“အားလုံးပဲ ငါတို့ ယန်မျိုးနွယ်ကို ရန်လာစတဲ့ သူတိုင်း သေရမယ်။ သူတို့တွေကို အသက်ရှင်လျက် ပြန်လွှတ်ပေးဖို့ ငါတို့မှာ ဘာအကြောင်းပြချက်မှာ မရှိဘူး။ မင်းတို့အားလုံး ကြားကြရဲ့လား”
မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန်က ခန်းမထဲမှာ ရှိတဲ့ယန်မျိုးနွယ် အကြီးအကဲတွေကို တချက်ကြည့်ပြီး ပြောလိုက်တယ်။
“ဟုတ်ကဲ့ပါ မျိုးနွယ်ခေါင်းဆောင်”
အကြီးအကဲတွေအားလုံး ဖြေကြားပြီးနောက် ထိုင်ခုံကနေ ထရပ်လိုက်ကြတယ်။
ချက်ချင်းပင် ယန်မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန်က အကြီးအကဲတွေခြံရံပြီး ခန်းမထဲကနေ အပြင်ကို ထွက်သွားခဲ့တယ်။
ဒီအချိန်မှာတော့ ယန်မျိုးနွယ် စံအိမ်ဝန်းထဲမှာ ရှိနေကြတဲ့ ယန်မျိုးနွယ် အဖွဲ့ဝင်တွေက ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို မသိကြသေးပါဘူး။
🐱🐱🐱🐱🐱
Chapter 664 မသည်းခံချင်တော့ ဘာဖြစ်လဲ
Translated by Thura
ယန်မျိုးနွယ် စံအိမ်ဝန်းထဲမှာရှိနေကြတဲ့ လူတိုင်းကတော့ ဘာတွေ ဖြစ်နေလဲဆိုတာကို မသိကြသေးပါဘူး။ သူတို့တွေက မျိုးနွယ်ခေါင်းဆောင်နဲ့ အကြီးအကဲတွေ အြ့ပင်ကို အတူတကွ ထွက်လာတာကိုမြင်တော့ သူတို့အားလုံးရဲ့ မျက်နှက်ထက်မှာ နားမလည်နိုင်မှုတွေ ပြည့်နှက်နေခဲ့တယ်။
“ဘာတွေ ဖြစ်နေတာလဲ”
“ငါလဲ မသိဘူး။ တစ်ခုခုများ ဖြစ်နေတာလား”
“မသိဘူးလေ”
အခြေအနေကို မသိသေးတဲ့ ယန်မျိုးနွယ် အဖွဲ့ဝင်တွေက တီးတိုးပြောဆိုနေကြတယ်။
“ယန်မျိုးနွယ်က လူတိုင်း ငါ့နောက် လိုက်ခဲ့”
ရုတ်တရက် ယန်မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန်က ယန်မျိုးနွယ် အဖွဲ့ဝင်တွေကို ပြောလိုက်တယ်။
ယန်မျိုးနွယ် အဖွဲ့ဝင်တွေ ဘာတွေ ဖြစ်နေလဲဆိုတာကို မသိပေမယ့်လည်း မျိုးနွယ်ခေါင်းဆောင်ရဲ့ စကားအတိုင်း သူ့နောက်ကနေ လိုက်လာခဲ့ကြတယ်။
ယန်မျိုးနွယ်က လူတိုင်း စံအိမ်ဝန်းဝင်ပေါက်အရှေ့ကို ရောက်လာခဲ့ကြတယ်။
စံအိမ်ဝန်း ဝင်ပေါက်မှာတော့ လူငယ်တစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရတယ်။
သူတို့တွေကတော့ ယန်ချီနဲ့ ယွင်ရုန်အာတို့ပါပဲ။
“ယွင်ရုန်အာ”
ယန်မျိုးနွယ်အဖွဲ့ဝင်တွေက ယွင်ရုန်အာကို မြင်လိုက်တဲ့အခါ မှင်သက်သွားကြတယ်။
သူတို့တွေက ယန်ချီကို မသိပေမယ့်လည်း ယွင်ရုန်အာကိုတော့ သိကြပါတယ်။
“မင်းက ငါတို့ ယန်မျိုးနွယ် မဟာအကြီးအကဲကို သတ်လိုက်တဲ့ သူ မှတ်လား” မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန်က ယွင်ရုန်အာဘေးက ယန်ချီကို စူးစိုက်ကြည့်ပြီးမေးလိုက်တယ်။
ယန်မျိုးနွယ် အဖွဲ့ဝင်တွေက ဒီစကားကို ကြားတဲ့အခါ အံ့သြတုန်လှုပ်သွားကြပါတယ်။
“မဟာအကြီးအကဲက အသတ်ခံလိုက်ရပြီလား”
“အဲ့ဒါက ဘာများ ထူးဆန်းလို့လဲ”
ယန်ချီက ယန်မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန်ကို ကြည့်ပြီး ပြောလိုက်တယ်။
ယန်မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန်လည်း ယန်ချီရဲ့ စကားကို ကြားပြီးနောက် ဒေါသထွက်သွားခဲ့တယ်။
“ဂျူနီယာ မင်းက ငါတို့ ယန်မျိုးနွယ်က အကြီးအကဲ တစ်ယောက်ကိုသတ်လိုက်တယ်ဆိုတော့ မင်းကို အကြီးအကဲအတွက် သဂြိုလ်ပေးရမယ်”
စကားသံ ဆုံးသွားတာနဲ့ မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန်က ယန်ချီကို လက်သီးတစ်ချက် ထိုးလွှတ်လိုက်တယ်။
ယန်မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန်ရဲ့ လက်သီးဆီကနေ အနည်းငယ် အစွမ်းထက်တဲ့ စိတ်ဝိဉာဉ်စွမ်းအင်တွေ လွင့်မြော ထွက်ပေါ်လာခဲ့တယ်။
အဲ့ဒီ စိတ်ဝိဉာဉ်စွမ်းအားတွေက ယန်ချီဆီကို ထိမှန်သွားခဲ့တယ်။
ယန်ချီကတော့ သူ့ကို တိုက်ခိုက်တဲ့ စိတ်ဝိဉာဉ်စွမ်းအားကို ကြည့်ပြီး ခေါင်းခါယမ်းလိုက်မိတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစိတ်ဝိဉာဉ်စွမ်းအား က သူ့အတွက်တော့ တကယ်ကို အားနည်းလွန်းပါတယ်။
ဒီစိတ်ဝိဉာဉ်စွမ်းအားတွေက သူ့ကို ထိမှန်ခဲ့မယ်ဆိုရင်တော့ မည်သည့် ထိခိုက်ဒဏ်ရာကိုမှ ရစေမှ မဟုတ်ပါဘူး။
ယန်မျိုးနွယ်က လူတိုင်းကတော့ ယန်ချီတစ်ယောက် မရှောင်တိမ်းတာကို မြင်တော့ မှင်သက်သွားခဲ့တယ်။
“မဟာအကြီးအကဲကို သတ်လိုက်တဲ့ သူက မျိုးနွယ်ခေါင်းဆောင်ရဲ့ တိုက်ခိုက်မှုကို မရှောင်တိမ်းနိုင်ဘူးလား”
သူတို့တွေက စိတ်ဝိဉာဉ်စွမ်းအားသာ ယန်ချီကို ထိမှန်သွားမယ်ဆိုရင် ယန်ချီက အသက်ရှင် လွှတ်မြောက်နိုင်တော့မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့ကြတယ်။
အနည်းငယ် ကြောက်မက်ဖွယ်ကောင်းပြီး အစွမ်းထက်တဲ့ စိတ်ဝိဉာဉ်စွမ်းအားက ယန်ချီနဲ့ အနည်းငယ်ပဲ လိုတော့တဲ့ အချိန်အထိ ယန်ချီက မရှောင်တိမ်းခဲ့ပါဘူး။
လူတိုင်းက ယန်ချီတစ်ယောက် မကြာခင်မှာ အလောင်း ဖြစ်တော့မယ်လို့ တွေးမိလိုက်ကြပါပြီ။
တကယ်တို့ သူတို့အားလုံးရဲ့ မျက်နှာထက်မှာ မည်သည့် သနားကြင်နာမှုမှ ရှိမနေခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ယန်ချီက ဒီလို ဖြစ်လာဖို့ တောင်းဆိုခဲ့လို့ပါ။
“ဘုန်း ”
သံသယ ဖြစ်စရာ မလိုပဲ စိတ်ဝိဉာဉ်စွမ်းအင်တွေက ယန်ချီရဲ့ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့တယ်။
ဒါပေမယ့်လည်း နောက်ထပ် ဖြစ်ပျက်လာမယ့် မြင်ကွင်းကိုတော့ မည်သူမှ မစဉ်းစားမိပါဘူး။
ဘာကြောင့်လဲဆိုတော့ စိတ်ဝိဉာဉ်စွမ်းအားတွေက ယန်ချီရဲ့ ခန္ဓာကိုယ်ကို ထိမှန်သွားတဲ့အခါ ယန်ချီတစ်ယောက် အသက်မသေဆုံးရုံမက နောက်ကိုခြေလှမ်းဝက်တောင် ဆုတ်မသွားခဲ့ပါဘူး။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ယန်မျိုးနွယ်က လူတိုင်းရဲ့ မျက်နှာထက်မှာ ထိတ်လန့်မှုတွေ ပြည့်နှက်နေခဲ့တယ်။
လူတိုင်းက အမြင်များ မှားနေသလားဆိုပြီး မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်ကြည့်လိုက်ကြတယ်။
ဒါပေမယ့်လည်း ရလဒ်ကတော့ ပြောင်းမသွားခဲ့ပါဘူး။
“မင်းရဲ့ ခုခံနိုင်စွမ်းက. . . .”
ယန်မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန်လည်း ယန်ချီကို ကြောက်လန့်တကြား ကြည့်လိုက်မိတယ်။
သူ့အနေနဲ့ ယန်ချီရဲ့ ခုခံနိုင်စွမ်းက ဒီလောက်ကြီး အစွမ်းထက်လိမ့်မယ်လို့ မထင်ထားမိဘူးလေ။
“အစောပိုင်းမှာ ငါက မင်းတို့ယန်မျိုးနွယ်ရဲ့ မဟာအကြီးအကဲကို သတ်လိုက်တယ်လို့ ပြောဖို့လာတာ။ ဒါပေမယ့် အခု မင်းတို့က ငါကို တိုက်ခိုက်တယ်ဆိုတော့ အခြေအနေက ဒီအတိုင်း သည်းခံပေးလို့ မရတော့ဘူး”
ယန်ချီက ယန်မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန်ကို ကြည့်ပြီး ပြောလိုက်တယ်။
“မသည်းခံချင်တော့ ဘာဖြစ်လဲ”
ယန်မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန်လည်း ယန်ချီကို ကြည့်ပြီး မေးလိုက်တယ်။
ယန်ချီက ယန်မျိုးနွယ်တစ်ခုလုံးကိုတော့ အနိုင်မယူနိုင်ဘူးလို့ သူက ယုံကြည်နေခဲ့တယ်။
🐱🐱🐱🐱
Chapter 665 ယန်မျိုးနွယ်တွေရဲ့ ထိတ်လန့်မှု
Translated by Thura
ယန်မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန်က ယန်ချီကို ကြည့်လိုက်တယ်။
သူတွေးထားတာက အတော်ရိုးရှင်းပါတယ်။ ယန်ချီရဲ့ ခုခံနိုင်စွမ်းက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ယန်မျိုးနွယ်တစ်ခုလုံးနဲ့ ရင်ဆိုင်ရတဲ့အခါ အဆုံးသတ်ကတော့ သေခြင်းမှတပါး မရှိပါဘူး။
“ကြည့်ရတာ မင်းတို့ယန်မျိုးနွယ်ရဲ့ စွမ်းအားကို အတော် ယုံကြည်နေပုံရတယ်”
ယန်ချီက ယန်မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန်ကို ကြည့်ပြီး ပြောလိုက်တယ်။
“ဒါပေါ့ ”
ယန်မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန်က ယန်ချီကို အထင်သေးစွာနဲ့ ပြောလိုက်တယ်။
ယန်ချီကတော့ အခုအချိန်ထိ အမူအယာ ပြောင်းလဲခြင်း မရှိသေးပါဘူး။
“တကယ်တော့ ငါ မင်းကို သတ်လိုက်မယ်ဆိုရင် မင်းရဲ့ ယန်မျိုးနွယ် အဖွဲ့ဝင်တွေ အားကိုးရာ မရှိတော့ဘူးပေါ့”
ဒီစကားကို ကြားတော့ ယန်မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန်တစ်ယောက် ဒေါသအကြီးအကျယ် ထွက်သွားခဲ့တယ်။
ယန်မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန်သာမက ယန်မျိုးရဲ့ လူတိုင်းက ယန်ချီကို အလွန်မောက်မာတယ် လို့ တွေးနေခဲ့တယ်။
သူတို့တွေအနေနဲ့ မွေးကတည်းကနေ အခုအချိန်ထိ အမောက်မာဆုံး လူတစ်ယောက်ကို မမြင်ဖူးဘူးဆိုတာကို ကျိန်ဆိုရဲပါတယ်။
“မင်းက တကယ်ကို မောက်မာလွန်းပါလား”
ယန်မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန်က ယန်ချီကို ဒေါသတကြီးနဲ့ ပြောလိုက်တယ်။
“မင်းက မင်းရဲ့ အမြင်ကိုတကယ် ယုံကြည်တာလား”
ယန်ချီက ယန်မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန်ကို ကြည့်ပြီးမေးလိုက်တယ်။
ဒီစကားကို ကြားတော့ ယန်မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန် တစ်ယောက် အံ့အားသင့်သွားခဲ့တယ်။
သူ့အနေနဲ့ ယန်ချီရဲ့ ဆိုလိုရင်းကို နားမလည်ခဲ့ကြပါဘူး။
“မင်းက ဘာကို ပြောချင်တာလဲ”
ယန်မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန် က ယန်ချီကို စူးစိုက်ကြည့်ပြီ မေးလိုက်တယ်။
“မင်းက မင်းရဲ့ အမြင်ကိုမယုံကြည်သင့်ဘူး။ ဘာကြောင့်လဲဆိုတော့ အမြင်က တခါတလေမှာ မှားယွင်းဆုံးဖြတ်တက်တယ်”
“ဟား ဟား ဟား ”
ယန်မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန် တစ်ယောက် မွေးကတည်းကနေ အခုအချိန် အရယ်ရဆုံး စကားတစ်ခွန်းကို ကြားလိုက်ရသလို အားပါးတရ ရယ်မောလိုက်မိတယ်။
“ဂျူနီယာ ငါက င့ါရဲ့ အမြင်အာရုံကို မယုံဘူးဆိုရင် မင်းရဲ့ အမြင်ကို ယုံကြည်မှာလား”
ယန်မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန် အနောက်မှာ ရှိနေတဲ့ ယန်မျိုးနွယ်က လူတိုင်းကတော့ ယန်ချီကို လှောင်ပြောင် နှာခေါင်းရှုံ့မိလိုက်တယ်။ ယန်ချီက ရယ်စရာ စကားတွေကို ပြောနေတယ်လို့ သူတို့တွေ ခံစားမိတာကြောင့်ပါ။
ယန်ချီလည်း ယန်မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန် ရဲ့ စကားတွေကို ကြားပြီးနောက် တိတ်တဆိတ် ခေါင်းခါလိုက်မိတယ်။ သူ အမှန်တရားကို ပြောတဲ့အခါတိုင်း လူတွေက ဘာကြောင့် မယုံကြည်တာလဲဆိုတာကို သိချင်နေခဲ့မိတယ်။
“မင်းက မင်းရဲ့ အမြင်အာရုံကို ယုံကြည်တယ်ဆိုမှတော့ ဘာကို စောင့်နေတာလဲ”
ယန်ချီက ယန်မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန် ကို ပြောလိုက်တယ်။
ယန်ပန်ဖိန်က ယန်ချီတစ်ယောက် ယုံကြည်ချက် ရှိနေတာကို မြင်တဲ့အခါ အလွန်တရာ ဒေါသထွက်နေခဲ့တယ်။
“သူ့ကို သတ်စမ်း”
ယန်မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန် တစ်ယောက် ယန်ချီရဲ့ မောက်မာမှုတွေကို ဆက်ပြီး သည်းမခံနိုင်တော့ပါဘူး။
ယန်မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန် ရဲ့ အမိန့်ကို ကြားတော့ ယန်မျိုးနွယ်အဖွဲ့ဝင်တွေ ယန်ချီဆီကို ပြေးဝင်လာခဲ့ကြတယ်။
သူတို့တွေက ယန်ချီကို သူတို့အရှေ့မှာ ဒီလောက် မောက်မောက်မာမာနဲ့ ရင်ဆိုင်နေတာကို မလိုချင်ပါဘူး။
သူတို့ယန်မျိုးနွယ်က လျူဖန်မြို့မှာ အစွမ်းအထက်ဆုံး မျိုးနွယ်တစ်ခုပါ။ ဆယ်ကျော်သက် လူငယ်တစ်ယောက် အနေနဲ့ သူတို့အရှေ့မှာ ဒီလောက်မောက်မာနေတာကို ဘယ်လိုမှ သည်းမခံနိုင်တော့ပါဘူး။
ယန်မျိုးနွယ် အဖွဲ့ဝင်တွေ ပြေးဝင်လာတာကို မြင်တော့ ယန်ချီက ခေါင်းခါမိလိုက်တယ်။
သူ့အနေနဲ့ အစောပိုင်းမှာ ယန်မျိုးနွယ်ဆီကို လာရတာက ယန်မျိုးနွယ် မဟာအကြီးအကဲကို သတ်လိုက်တဲ့ သတင်းကို ပြောပြဖို့ပါ။
ဒါပေမယ့် အခုတော့ ကြည့်ရတာ ဒီပုရွတ်ဆိတ်တွေက အသက်ရှင် လွှတ်မြောက်ချင်ပုံမရပါဘူး။
ဒီအတွက် သူက ဘာအတွက်ကြောင့် လူကောင်း ဖြစ်ရဦးမှာလဲ။
ရာချီတဲ့ ယန်မျိုးနွယ်အဖွဲ့ဝင်တွေ ယန်ချီဆီကို ပြေးဝင်လာတဲ့အခါ ယန်ချီက နောက်ကျောမှာ လွယ်ထားတဲ့ ဓါးသွားတစ်ထောင် မှော်ဓါးကို ဆွဲထုတ်လိုက်တယ်။
“ဝှစ် ”
နေရာတခုလုံး အေးစက်စက် အလင်း ဖျတ်ခနဲ လက်သွားခဲ့တယ်။
ယန်ချီက ဓါးသွားတစ်ထောင်မှော်ဓါးကို ဆွဲထုတ်လိုက်တာပါ။
ရာချီတဲ့ ယန်မျိုးနွယ်အဖွဲ့ဝင်တွေက ယန်ချီရဲ့လက်ထဲက ဓါးသွားတစ်ထောင်မှော်ဓါးကို ကြည့်ပြီး သူတို့ရဲ့ ခြေလှမ်းတွေကို အဆောတလျင် ရပ်တန့်လိုက်ကြတယ်။
ဘာကြောင့်လဲဆိုတော့ ယန်ချီရဲ့ လက်ထဲမှာ ရှိတဲ့ ဓါးသွားတစ်ထောင်မှော်ဓါးပေါ်မှာ အနီရောင်သုံးကွင်း ကို မြင်လိုက်ရတာကြောင့်ပါ။
အနီရောင်သုံးကွင်းဆိုတာ ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှု လက်နက်ကို ကိုယ်စားပြုပါတယ်။
“ကောင်းကင်အဆင့် . . အဆင့်မြင့် ဆက်နွယ်မှု လက်နက်”
ရာချီတဲ့ ယန်မျိုးနွယ်အဖွဲ့ဝင်တွေက ယန်ချီမှာ ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှု လက်နက် ရှိနေလိမ့်မယ်လို့ တကယ်ကို မထင်ထားမိပါဘူး။