ကျုပ်အပိုင်{ Complete✓ }

By DayMaharMyat

229K 8.3K 614

ဒီ ficလေးကိုကြိုတောင်းပန်ချင်တာက စိတ်လွတ်ကိုယ်လွတ်ရေးသားထားတာမို့တောင်းပန်ပါတယ် အဆင်မပြေဘူးလို့ထင်ရင် လုံးဝမဖ... More

Intro
1❗
2.
3❗
4.
Hey! Hi My Readers
5❗
7
8.❗
9.❗
10.
11.
12.
13.❗
14.
15.
16.{ final }
Extra.1
Extra - 2❗
Extra-3 End
Present For My Panda ♡.

6.

8.3K 427 46
By DayMaharMyat

Uni

" ဝမ်ရိပေါ် "

" ဟင် ရှောင်းကျန့်ဘာလို့လဲ "

" ကျုပ်ခေါင်းကိုက်တယ် "

" ဟင် ကိုယ်တော့မပူဘူး အရမ်းကိုက်နေတာလား ငါfamily doctorခေါ်လိုက်မယ် "

" နေအုံး "

အပြင်ထွက်မည့်ရိပေါ်၏လက်အားဆွဲချလိုက်သည်မှာ အားပါသည်မို့ ရိပေါ်ရှောင်းကျန့်၏ပေါင်လေးပေါ်သို့ထိုင်ရက်လေးဖြစ်သွားရသည်။ မနေ့ကသူနှင့်အတူအိပ်ရန် Company မှပြန်ခေါ်လာသော်လည်း သူနိုးလာတော့ ရိပေါ်သည်ရှိမနေတော့ပေ။အိပ်နေသည့်အချိန်ခိုးထွက်သွားသည့်အပြင် သူ့အားပစ်ထားခဲ့သည်မို့ အနည်းငယ်စိတ်ပူမလားဟူသည့် စိတ်ဖြင့် ကလေးခနဖြစ်ချင်မိလာသည်မို့ မကိုက်သည့်ခေါင်းအား ကိုက်စေလိုက်သည်။ချက်ချင်းနှာဖူးအားစမ်းကာပြာယာခတ်သွားသည်မို့ ကျေနပ်မိသွားသေးသည်။

ထိုင်ရက်လေးကျနေသောရိပေါ်၏ပုခုံးပေါ်တွင်ခေါင်းမှီကာ...

" မောင်လို့ခေါ် "

" ဟမ် "

" ကျစ်! ကျုပ်ခေါင်းကိုက်နေတယ် မောင်လို့ခေါ်ရင်ပျောက်သွားလိမ့်မယ် "

" ဟုတ်လို့လား "

" ကာယကံရှင်ဖြစ်တဲ့ကျုပ်ထက်ပိုသိနေတာလား ဘာလဲ ကျုပ်နဲ့နေ့တိုင်းလုပ်နေတယ်ဆိုပြီး ကျုပ်နဲ့ခင်ဗျားနှစ်ကိုယ့်တစိတ်ဖြစ်ချင်တာလား "

" မဖြစ်ချင်ပါဘူး "

" ဖြစ်ချင်တယ်လို့ပြော ! "

" ဘာ ဘာလို့ပြောရမှာလဲ မင်းနော် အနိုင်မကျင့်နဲ့ ငါအန်ကယ်နဲ့တိုင်မှာ "

" ကျုပ်ဆိုတဲ့ကောင်ဘယ်သူ့မှမကြောက်ဘူး တိုင်ချင်တိုင်လိုက် သောက်ဂရုကိုမစိုက်တာရှင်းလား "
အော်လိုက်တော့လန့်ကာခေါင်းပိုငုံ့သွားသည်မို့ ငုံ့နေသည့်ခေါင်းမှမေးဖျားလေးအားဆွဲကိုင်ကာမော့စေသည်။

" ကျုပ်ခေါင်းအရမ်းကိုက်နေပြီ ကျစ်! မျက်လုံးတွေဝါးလာသလိုပဲ မခေါ်ချင်လဲ ခင်ဗျားသွားတော့ အာ့ "

" ရှောင်းကျန့် ဟင့် အရမ်းကိုက်နေတာလား "

" ဟာ ဟိတ် ဘာလို့ငိုတာလဲ ခင်ဗျား "

" မောင်! ငါမသိဘူး "

" Shit တိတ်တော့ မျက်ရည်စို့နေတဲ့ခင်ဗျားမျက်လုံးတေကသောက်ရမ်းလှနေတယ် ခင်ဗျားမတိတ်ရင် တစ်ချီစမှာနော် "

" ဟင့် အင့် မောင် မင်းခေါင်းကိုက် သေးလား ဟင် "

" မကိုက်တော့ဘူး "

ချက်ချင်းအင်္ကျီဖြင့် မျက်ရည်များအားပွတ်ဆွဲနေသည်မို့ စုပ်တစ်ချက်သပ်ကာ သူ့ရှေ့မှမတ်တပ်ရပ်နေသည့်သူ၏ရှေ့တွင်ရပ်ကာ လက်မဖြင့်ပွတ်သုပ်ပေးလိုက်ပြီး တစ်ရှူးအားယူကာသုပ်ပေးလိုက်မိသည်။

" အင်္ကျီကကြမ်းတယ်လေ အသားတေပွန်းကုန်ရင်ဘယ်လိုလုပ်မလဲ ခင်ဗျားကျုပ်ကိုသောက်လုပ်ရှုပ်အောင်လာလာမလုပ်နဲ့ နောက်ဆိုမျက်ရည်ကျရင်ဖြစ်ဖြစ်၊ချွေးထွက်ရင်ဖြစ်ဖြစ်၊လက်ဆေးပြီးရင်ဖြစ်ဖြစ်တစ်ရှူးနဲ့သုတ် ကျုပ်ပြောတာကြားလား "

" ကြားတယ်လို့! ငါ့ပဲလာအော်နေတယ် "

" အအော်မခံချင် မအော်ရအောင်နေ "

*ဒုန်း*

ရှောင်းကျန့် တံခါးအားဆွဲဖွင့်ကာ ဒုန်းကနဲမြည်အောင်ဆောင့်ပိတ်ကာ အောက်ထပ်သို့ဆင်းသွားသည့်ရှောင်းကျန့်အားကြည့်ကာရိပေါ်နားမလည်နိုင်ဖြစ်မိသည်။ရှောင်းကျန့်ကသူ့ကိုဂရုစိုက်နေသည်လား သူကပဲရှောင်းကျန့်မုန်းလို့လုပ်ပေးသည်ကိုဂရုစိုက်ခံနေရသည်ဟုထင်နေသည်လားဝေခွဲ၍မရဖြစ်မိသည်အထိပင်။

" ဒေါ်လေး ဝမ်ရိပေါ်ကို အိမ်ထဲကအိမ်ပြင်မထွက်စေနဲ့ မနက်ဖြန်မှ Company ခေါ်တော့မယ် မနေ့ကလုပ်ထားတော့နာနေအုံးမယ်ထင်တယ် ဒီနေ့တော့သူ့ကိုနားခိုင်းလိုက် "

" ဟုတ်ကဲ့ သားရှောင်း "

အိမ်အကူများနှင့်အိမ်တော်ထိန်း ရှောင်းကျန့်၏တလဟောပြောသွားသည့်စကားများကြောင့်အတော်ပင်ရှက်နေကြရသည်။

>>>>>

' Hello မား '

' သား သားရှောင်းကဟိုတစ်နေ့ကမားကိုပြောတာမားမရှင်းဘူး သားအဲ့နေ့ကဘာဖြစ်သေးလဲ '

' အာ အဲ့တာက နဂါးတက်ဖိတယ်လို့ အိပ်မက်မက်လို့ပါ '

' အလို ဘယ်လိုအိပ်မက်ကြီးလဲမားမားသားရယ် '

' မား ရှောင်းကျန့်ကသားကိုမုန်းနေတယ် မား '

' တစ်နေ့နေ့တော့ချစ်လာမှာပါ သားအရမ်းဝမ်းမနည်းနဲ့ '

' သားသူ့ကိုမချစ်ပါဘူး သူမချစ်လည်းရပါတယ် သူမုန်းတာသားမနေတတ်လို့ပြောတာပဲရှိတာပါနော် '

' အမလေးတော့အေးပါအေးပါ '

' မားနေကောင်းလား ပါးရော '

' မားမားရောပါးပါးရောနေကောင်းတယ် '

' ဟုတ်အဲ့တာဆို သားဖုန်းချတော့မယ် '

ရိပေါ်ဖုန်းအားချလိုက်ပြီးသည်နှင့် ရေချိုးရန်ပြင်ဆင်နေစဉ် ‌အိမ်တော်ထိန်းဒေါ်လေးလီ၏ဧည့်သည်ရောက်နေတယ် ဟူသည့်စကားကြောင့် အိမ်အောက်သို့ဆင်းရန်သာပြင်လိုက်တော့သည်။

" ဒေါ်လေးလီ ဘယ်သူရောက် အယ် ဟောက်ရွှမ်း "

" ရိပေါ် "

ရိပေါ်ဟောက်ရွှမ်းအားတွေ့သည်နှင့်အားကိုးရသွားသည့်နှယ်ပြေး၍ဖတ်လိုက်လေသည်။

" အမယ် မင်းငါ့ကိုလွမ်းနေတာပေါ့ဟုတ်လား "

" ငါမင်းကိုအများကြီးရင်ဖွင့်စရာရှိတယ် "

ရိပေါ်ဟောက်ရွှမ်းအား သူ၏အိပ်ခန်းသို့ခေါ်ကာရှောင်းကျန့်နှင့်သူလက်ထက်ဖြစ်၍ ရှောင်းကျန့်သူ့ကိုဘယ်လိုတွေဆက်ဆံနေသည်ပါပြောဆိုတိုင်ပင်ဖြစ်သည်။အော်ရယ်နေသောဟောက်ရွှမ်းဘာလို့ရယ်နေလဲသူကိုယ်တိုင်ပင်မသိပါ။

" ငါက ငါခံရတာတေပြောပြနေတာကိုမင်းကရယ်နေတာက လှောင်နေတဲ့အတိုင်းပဲနော် သောက်ကောင် "

" မဟုတ်ပါဘူးကွာ တစ်ယောက်ကမုန်းတယ်ဆိုပြီးဂရုစိုက်လွန်းတယ် နောက်တစ်ယောက်ကလုပ်ရပ်တွေကိုမကြိုက်ဘူးပြောပြီး ပြုံးပြီးငါ့ကိုပြောပြနေတယ် အိုကေအိုကေ ဒီမှာငါနေမယ် လုပ်စရာလေးတွေလုပ်ပေးပြီးမှပြန်တော့မယ် "

" ရှောင်းကျန့်ကိုငါဘယ်လိုပြောရမှာလဲ "

" လုပ်စမ်းပါကွာ ငါနေရမှဖြစ်မှာ နော်ရိပေါ် "

ရိပေါ်တစ်ယောက် တကယ်ကိုအကြပ်ရိုက်နေရသည်။ရှောင်းကျန့်မကြိုက်မည်ကိုသိသောကြောင့် ပို၍တုန်လှုပ်မိသည်။

" အန်ကယ်ရှောင်းကိုငါပြောလိုက်မယ် ရိပေါ်ဘာမှမတွေးတော့နဲ့ အန်ကယ်ကငါ့ကိုသိတယ်မလား "

" မေမေပြောပြထားတယ်ဆိုရင် သေချာပေါက်သိမှာပါ "

" အိုကေ အဲ့တာဆိုအဆင်ပြေပြီ ငါကဦးဆောင်မယ် မင်းကအလိုက်သင့်သာလိုက် ရှောင်းကျန့်မင်းကိုချစ်လာစေရမယ် "

မျက်လုံးတစ်ဖက်မှိတ်ပြသည့်ဟောက်ရွှမ်းကြောင့် ရိပေါ်မှာကြက်သည်းများထလာရသည်။

>>>>>

" ဝမ်ရိပေါ် "

" ဟင် ရှောင်းကျန့်ဘာလို့လဲ "

ထမင်းစားခန်းအတွင်း အခုမှရောက်လာသည့်သူ၏နှုတ်ခမ်းအား သုပ်ပေးနေသည့်အပြင် မျက်နှာချင်းဆိုင်အနေအထားဖြစ်နေသည်မို့ ရှောင်းကျန့်၏ဒေါသများဟာ ငယ်ထိပ်အထိပင်ရောက်နေလေပြီ။

" သူကလက်ပြတ်နေတဲ့ကောင်မဟုတ်ပဲ ခင်ဗျားကဘာလို့သုတ်ပေးနေတာလဲ "

" ဟမ် "

" ဟိုလူ ခင်ဗျား ထစမ်း! "

ဟောက်ရွှမ်း၏ကော်လံအားကိုင်ကာ သူ့မျက်နှာနားကပ်၍ မျက်လုံးစိမ်းများဖြင့်ကြည့်ကာ လက်သီးဖြင့်ရွယ်လိုက်သည်မို့ ရိပေါ်ရှောင်းကျန့်နာမည်အားအော်၍ ရှောင်းကျန့်အားတွန်းထုတ်လိုက်သည်။

" မင်းသူ့ကိုတစ်ချက်ထိုးရင် မင်းကိုငါပြန်ထိုးမှာ ရှောင်းကျန့် သူကဧည့်သည် မင်းကအိမ်ရှင်လေ မင်းဘာဖြစ်နေတာလဲ "

" အဲ့ကောင်ကဘာမို့ ခင်ဗျားကကျုပ်ကိုထိုးမယ်လို့ပြောတာလဲ ဟမ်! ထိုးလေ လာစမ်း! ခင်ဗျားဒီနေ့ကျုပ်ကိုထိုး ဆယ်ရက်ဆက်တိုက် ကျုပ်ကပြန်ထိုးမယ် စိတ်မပူပါနဲ့ လက်မသုံးဘူး မဟုတ်လည်း ကျုပ်တစ်ရက်ခြားခင်ဗျားကိုဆောင့်ထိုးဖြစ်ပါတယ် ခင်ဗျားလည်းကောင်းခဲ့တယ်မလား "

" ရှောင်းကျန့်! "

" ဘာလဲ ဟမ်! ခင်ဗျားကိုကျုပ်နာမည်ကိုအော်အော်မခေါ်နဲ့လို့ ကျုပ်ဘယ်နှစ်ခါပြောရမလဲ ဟမ်!"

" မင်းစကားပြောဆင်ခြင် "

" မဆင်ခြင်တော့ ခင်ဗျားဘာလုပ်ခြင်လဲ "

" ငါ ငါမင်းကို လက်သန်းနဲ့ဆောင့်ထိုးမှာ "

" ခွီး ဟား ဟား "

တစ်ချိန်လုံးငြိမ်ကာရပ်နေသည့် ဟောက်ရွှမ်းမှာ ထရယ်မိသည်အထိပင်ဖြစ်သွားရသည်။

ဘယ်လိုတောင်လဲ ဝမ်ရိပေါ်ရာ...

ရှောင်းကျန့်ခေါင်းအားခါရမ်းမိသည်။ပြုံးတော့မပြုံးဖြစ် ဒေါသထွက်နေချိန်အတွင်းရှောင်းကျန့်ဆိုသည့်သူသည် ဘာအကြောင်းကြောင့်မှမရယ်တတ်ပေ။

" ခင်ဗျားရယ်တာရပ်တော့ ဟိုမှာရှက်နေပြီ ခင်ဗျားသောက်လုံးကန်းနေလား "

" ဟ မင်းကလဲငါ့ငါရယ်တာလေကွာ "

" ခင်ဗျားကိုနှင်ချလို့မရလို့သာ ခင်ဗျားကျပ်ကျပ်သတိထား "

ပုခုံးအားတွန့်ပြသည့်သူ၏သောက်ခွက်အားထိုးချင်နေသည့်စိတ်အား ရှောင်းကျန့်ထိန်းချုပ်ကာ ဝမ်ရိ‌ပေါ်အားကြည့်လိုက်သည်။မျက်နှာတစ်ပြင်လုံးရဲကာချစ်ဖို့ကောင်းနေသည်မို့ တစ်ခြားကောင်တေထိုချစ်စရာလူသားအားမမြင်စေရန် သာပြင်ရတော့သည်။

" ဝမ်ရိပေါ်ခင်ဗျား ဒီလာ "

လာဟုသာခေါ်သော်လည်း ရိပေါ်မလာခင်မှာပင် လက်အားဆွဲကာရင်ခွင်တွင် မျက်နှာအပ်စေသည်။ပြီးသည်နှင့်ရိပေါ်အားခေါ်ကာအိမ်ပေါ်သို့တက်သွားလေသည်။

ရှောင်းကျန့်သည် တကယ်တော့ company တွင်အစည်းအဝေးရှိသည်အားဖျက်လာခြင်းပင်ဖြစ်သည်။သူမွေးရန်ကြိုးပမ်းပေးခဲ့သောဖခင်၏မခေါ်စဖူးခေါ်လာသည့်ဖုန်းကြောင့် အနည်းငယ်ပျော်မိသော်လည်း 'သားဝမ်ရဲ့အချစ်ဆုံးသူငယ်ချင်းအိမ်မှာ နှစ်လလောက်နေလိမ့်မယ် မင်းနှင်ချဖို့မစဉ်းစားနဲ့ မင်းနှင်ချတာနဲ့ သားဝမ်ကိုငါဒီခေါ်ထားမယ် 'ဟူသော မနှစ်မြို့ဖွယ်စကားကြောင့် အနားကပျောက်လျှင်အမုန်းပြယ်မည့်အဖြစ်မဖြစ်ချင်သည်မို့ မနှင်ချတော့ခြင်းသာဖြစ်သည်။အိမ်ရောက်တော့လည်း ဟိုကောင့်ပါးစပ်ကိုသုပ်ပေးနေတာကြောင့်ဒေါသထပ်ပိုစိတ်တိုသွားသည့် သူ့ကောင်ကြီးက တောင်ခနဲပဲဆန္ဒပြလာလေသည်ကိုတော့ ရှောင်းကျန့်သာလျှင်သိပေလိမ့်မည်။

>>>>

" ဝမ်ရိပေါ် "

" ဘာလဲ "

" ငြင်ငြင်သာသာထူးလေ ပြန်ထူး! "

" xီးလား "

" ခင်ဗျားကိုအဲ့လိုရိုင်းရမယ်လို့ဘယ်ကောင်ပြောတာလဲ ခုနကောင်လား "

" မသိဘူး မင်းကြောင့် ငါ့အရှက်တေရောသိက္ခာတေပါမရှိတော့ဘူး "

" ကျုပ်လဲမရှိပါဘူး သုတ်ရည်တေနဲ့အတူပါသွားပြီ "

" ရှောင်ရှောင်းကျန့်! "

" ပြော "

" မင်းအဲ့လိုတေမပြောနဲ့ "

" ကျုပ်ပါးစပ်နဲ့ကျုပ်ပြောတာ ခင်ဗျားလျှာမရှည်နဲ့ "

ဝမ်ရိပေါ်တစ်ယောက်တစ်ကယ်ကိုစိတ်တိုလာလေပြီမို့ ရှောင်းကျန့်အားအော်မိတော့လေသည်။

" မင်းစကားကိုဆင်ခြင်လို့ငါပြောနေတယ်နော် မောင့်! ငါမင်းထက်ကြီးတယ်သိလား "

" အင်း နောက်ဆိုဆင်ခြင်မယ် "

ဒေါသသံဖြင့်အော်မိသည့်အပြင် မောင်ဟုအမှတ်မထင်ထွက်သွားသော်လည်း ဘာမှမပြောတော့ပဲ စကားနားထောင်၍ အနည်းငယ်အံ့ဩသွားမိသည်။နောက်ဆိုယခုလိုတေမပြောဖို့အတတ်နိုင်ဆုံးသူတားရမည်။ရှောင်းကျန့်ဒီလိုတေအမြဲ ပြောနေတာ မိဘတေသာပြန်လာရင်ဘယ်လိုများအဆင်‌ ပြေမည်နည်း။ company နှင့် လူရှေ့ပါမရှောင်ပြောနေသည့်ရှောင်းကျန့်ကြောင့် သူတကယ်ကိုရှက်နေမိသည်။ထိုအရာကိုမသိသည့်အလားရှောင်းကျန့်သည် ပြောဆိုနေတတ်သည်မို့ နောက်ဆိုဆင်ခြင်ရန်ခနခနပြောရမည်။ရှောင်းကျန့်မရှက်တတ်လျှင်တောင်သူကတော့ရှက်တတ်ပါသည်။ကိုယ်ရံတော်လုပ်ခိုင်းမယ်ဆိုပြီးလည်း company တွင်သူတို့နှစ်ယောက် ဟိုဟာဖြစ်မိခဲ့သည်လေ။ထိုအချိန်ကတည်းကရိပေါ်မျက်နှာပူနေခြင်းပင်ဖြစ်သည်မို့ company အားလိုက်မသွားခြင်းပေဖြစ်သည်။

#Day

နှစ်ရက်ခြား၊သုံးရက်ခြားပဲအပ်တော့မယ်ဗျာ အာဆေးအဖြစ် comment များရင်တော့ တစ်နေ့တစ်ပိုင်းအပ်ဖို့ကျွန်တော်ပြန်စဉ်းစားပါ့မယ်

Bye ♡.

15.3.2023

Zawgyi

" ဝမ်ရိပေါ် "


" ကျုပ်ခေါင်းကိုက်တယ် "


" နေအုံး "



" မောင်လို့ခေါ် "

" ဟမ် "


" ဟုတ်လို့လား "


" မဖြစ်ချင်ပါဘူး "

" ဖြစ်ချင်တယ်လို့ပြော ! "






" မောင်! ငါမသိဘူး "



" မကိုက်တော့ဘူး "





*ဒုန်း*



" ဟုတ်ကဲ့ သားရှောင်း "


>>>>>

' Hello မား '







' အမလေးတော့အေးပါအေးပါ '






" ရိပေါ် "














>>>>>

" ဝမ်ရိပေါ် "




" ဟမ် "

" ဟိုလူ ခင်ဗျား ထစမ်း! "




" ရှောင်းကျန့်! "


" မင်းစကားပြောဆင်ခြင် "



" ခွီး ဟား ဟား "











>>>>

" ဝမ်ရိပေါ် "

" ဘာလဲ "


" xီးလား "




" ရှောင်ရှောင်းကျန့်! "

" ပြော "







#Day


Bye ♡.

15.3.2023

Continue Reading

You'll Also Like

129K 1.6K 50
She's new to the house, moved in after a messy breakup with a fellow 'Tik-Tok StAr'. She isn't shy, and enjoys a good time, but easily irritated. She...
42.6K 1.9K 14
ယောင်္ကျားလေးတစ်ယောက်က အခြားယောက်ျားလေးကို ပုံမှန်ထက်ပိုပြီးသဘောကျတာဖြစ်နိုင်လို့လား?
4.2K 146 43
ကလေးကိုယ့်ဆီက ထွက်သွားရင် ကိုယ့်သေမှာ
2.8K 80 11
Rose is an 18 year old girl who is just finishing high school. Barely passing her classes, she didn't get accepted into college. She has been abused...